Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 9 September 2009

"ဥပေးခ်ိန္ခြင္လွ်ာ ဘယ္ဖက္ကို အေလးသာ"


တရားဥကဒေစိုးမိုးရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးဆိုတာကျွန်တော်တို့သနပ်ပင်မြို့နယ်ကုလားချောင်းကြီးကျေးရွာ အပိုင်ကိုချန်လှပ်ပြီးထားလေသလား။ ရွာရဲ့သောက်ရေကန်သစ်ဘေးမှာ ကြက်ပွဲက တချိန်းချိန်း ၊ရွာအနီးလယ်ယာတွေမှာလည်း နွားတိုက်ပွဲက တစ်ရုန်းရုန်းဒီလို ဥပဒေမဲ့လောင်းကစားဝိုင်းတွေ ရှိမှတော့ခိုးမှု ၊ လုယက်မှု စတဲ့ ဒုစရိုက်မှုတွေကလည်း ရေတွက်မဆုံးပေါ့၊ ဒီလောင်းကစားဝိုင်းတွေကို ငွေကြေးကောက်ခံပြီး ခွင့်ပြုပေးနေတဲ့လူတွေ ကိုလည်းကြည့်ဦး ။ကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းတင်၊အဖွဲ့ဝင် ဦးတင်စိန် နှင့် ကူညီပါရေစေဆိုတဲ့ ဒုရဲအုပ် ကျော်ကျော် နိုင် ၊ ဘယ်သူ့ကိုပိုင်သလဲတော့ မသိဘူး ဘယ်နေရာတိုင်တိုင် ဂရုမစိုက်ဘူးဆိုဘဲ။ ရွာသူ ရွာသားတွေကတော့ မိမိတို့ရဲ့ကျောင်းနေအရွယ်ကလေး တွေ ဒီလောင်းကစားဝိုင်းတွေကြောင့် အကျင့်စာရိတ္တပျက်ပြားမှာကို စိုးရိမ်နေကြရပြီး ရွာရဲစခန်းကို တိုင်တော့လည်း ဒုရဲအုပ် ကျော်ကျော်နိုင် ကိုယ်တိုင်က အရေးယူချင်တိုင်း ယူလို့မရဘူးတယ့်။ အနိမ့်ဆုံးအာဏာပိုင် နှာစေးနေတော့လည်း အမြင့်ဆုံး အာဏာပိုင်ပြည်ထဲရေးဝန်ကြီးဋ္ဌာန နေပြည်တော်ကို လိပ်စာတပ် ပြီး (၈.၀၆.၂၀၀၉) နေ့ရက်စွဲနဲ့ တိုင်ကြားစာပေးပို့ခဲ့ပါတယ်။ တိုင်ကြားစာမှာ နွားတိုက်ပွဲရဲ့ နေ့ရက် ၊ တိုက်နွားရဲ့ အမည် ၊ ကျင်းပသည့်နေရာ ၊ လောင်းကြေးငွေကအစ အတိအကျ တိုင်ကြားထားပြီး တိုင်ကြားသူတွေကလည်း တိုင်ကြားမှုမမှန်ဘူးဆိုရင် သူတို့ကို အရေးယူဆောင်ရွက်ဖို့ သူတို့အမည်တွေနဲ့လက်မှတ်ရေးထိုးတိုင်ကြားခဲ့တာပါ။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး (၂၁.၀၆.၂၀၀၉ ) ရက်နေ့မှာ တိုင်ကြားသူတွေနဲ့ ရယက လူကြီးက ရွေးချယ် ပြီးလွှတ်တဲ့ ရွာသားတစ်ချို့ကို ပဲခူးခရိုင် ဒုစရိုက် နှိမ်နှင်းရေးအဖွဲ့ က ပဲခူးမြို့မှာ ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ပေ မယ့် ယခုအချိန်ထိ တစုံတစ်ရာ မျှအရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် တိုင်ကြားသူများက ပင်ပြန်လည်စိုးရိမ်စရာများ ဖြစ်နေရသည့် နိုင်ငံတော် အကြီးအကဲ လူကြီးမင်းများ အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး နှင့် ဥပဒေ စိုးမိုးရေးကို အမှန်တကယ် အလိုရှိပါက ဥပဒေ ချိန်ခွက်လျှာကို ဥပဒေ ဖောက်ဖျက်သူများ ဖက်မှ အလေးသားမပေးကြ ပါနဲ့ လို့သတိပေးလိုက်ပါရစေ။


ကုလားချောင်းရွာသား

No comments: