Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 3 September 2009

သူ့တဦးတည်းအနေနဲ့ ၀င်ဝင် မ၀င်ဝင် ဗမာပြည်ကြီး ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။

ထူးခြားတာက ဌေးဇော် - အင်းဝ ရဲ့ ရပ်တည်ချက်ပါ။ ပါးစပ်ကပြောတော့ အန်တီ အန်တီနဲ့
တကယ်လက်တွေ့မှာတော့ လုပ်နေ ပြောနေ ရေးနေတာတွေက သောက်တလွဲတွေ။
အန်အယ်ဒီ ကိုရွေးကောက်ပွဲဝင်ဖို့ တောခြောက်ပေးနေတဲ့အထဲမှာ ဌေးဇော် အင်းဝ ပါပါတယ်။

ဌေးဇော် - အင်းဝ ရေးတဲ့ အဆင်ပြေရင်၂ဒယ် မှာဖတ်ကြည့်။
နိုင်ငံရေးကို အမွေဆိုင်အိမ်ကြီးလို ဥပမာပေးပြီး အန်အယ်ဒီကို ရွေးကောက်ပွဲဝင်ရမယ်လို့ နှပ်ကြောင်းပေး တွန်းပို့ထားတယ်။


အန်အယ်ဒီက ရွှေဂုံတိုင်ကြေညာစာတမ်းထုတ်ပြီး တရားဝင်ပြောထားပြီးပြီ

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိလွှတ်ပေးလျှင်
၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်
၃။ အားလုံးပါဝင်နိုင်မည့် လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျှင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်ရွေးကောက်ပွဲဥပဒေတို့ကို
လေ့လာပြီး အလေးထားစဉ်းစားကာ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်သည် ဆိုတာ

အန်အယ်ဒီ ပြောပြီးပြီ။


ကျနော်တို့ဘက်က ပြောစရာရှိတာက

အန်အယ်ဒီ တောင်းဆိုထားတဲ့အချက်တွေဟာ ကျိုးကြောင်းဆီလျှော်မှုရှိတယ်။ အကြောင်းအချက်ပြည့်စုံခိုင်လုံတယ်။
တရားမျှတမှုရှိတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွက် အဆိုပြုချက်တွေဖြစ်တယ်။

ခေါင်းဆောင်တွေဖမ်းခံထားရတဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ ရွေးကောက်ပွဲကို ဘယ်လို ၀င်မှာလဲ။
အဲဒီလို သင်းကွပ်ခံထားရတာကရောတရားမျှတရဲ့လား။ လွှတ်မပေးတဲ့အပြင် ဒေါ်စုကို အမှုဆင်ပြီး
စီရင်ချက်တွေချ နေအိမ်အကျယ်ချုပ်ထပ်ထားလိုက်တာကရော။ (ဒီနေရာမှာ နအဖ သန်းရွှေတို့ရဲ့ လုပ်ရပ်က
စစ်သားမဆန်ဘူး။ အင်မတန်အောက်ကျနိုင်ကျနိုင်တယ်။ စစ်သား စစ်စစ် ဒါမျိုး ဘိန်းပစ်ဖမ်းတာမျိုးမလုပ်ရဘူး။
ဘိန်းပစ်ဖမ်းတာ ကလေကချေ ရပ်ကွက် ပုလိပ်တွေ လုပ်လေ့လုပ်ထရှိတာ။)

စစ်သားမှ စစ်သား။ စစ်သားမှ တိုင်းပြည်ချစ်တာ။ စစ်သားမှ တိုင်းပြည်ကို အုပ်ချုပ်ရမယ်။ စစ်သားမှ သမ္မတလုပ်လို့ရမယ်
ဆိုတဲ့ စစ်သားမှစစ်သားဆိုတဲ့စိတ်ကို ဖွဲ့စည်းပုံထဲထည့်ထားတာကလည်း စစ်သားမဆန်ပြန်ဘူး။ စစ်သားဆိုတာ ဒမြကျင့် ဒမြကြံမကြံရဘူး။
နိုင်ငံရေးဝေစုကို ဒမြတွေသေနတ်ပြပြီး အကျပ်ကိုင် တောင်းနေလို့မရဘူး။
တရားမျှတခြင်း ရိုးသားခြင်းနဲ့ ယှဉ်ပြိုင်ရယူနိုင်ရမယ်။ သတ္တိရှိရှိ စစ်တပ်ကထွက်ပြီး အရပ်သားဘ၀နဲ့ ယှဉ်ပြိုင်ရဲရမယ်။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ဟာ ဗိုလ်ကျစိုးမိုးလိုတဲ့စိတ်ဘဲ။
စစ်သားမှစစ်သားဆိုတဲ့စိတ်ဟာ ဗမာပြည်ကြီးမှာ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်စေတဲ့ စိတ်ပုတ်စိတ်ယုတ်ဖြစ်တယ်။


ဌေးဇော်-အင်းဝ ဒီအချက်တွေမပြောဘဲ အန်အယ်ဒီကိုဘဲ မဲပြီးရွေးကောက်ပွဲဝင်ခိုင်းနေတာ
ဘာရည်ရွယ်ချက်လဲ။

No comments: