Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 15 August 2009

အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိနေ


`အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ် ရပ်နားခြင်းအပါအဝင် ဒေသတွင်း သွားရောက်လည်ပတ်မှုကို ကျနော်တို့ ကြိုဆိုပါတယ်´ ဟု အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ဟင်းမား (Mike Hammer) က ဝါရှင်တန်တွင် သောကြာနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ `ဒီမိုကရေစီရေး၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် သူတို့ ဘယ်လမ်းကို လျှောက်လှမ်းဘို့ လိုတယ်ဆိုတဲ့ ခိုင်မာပြင်းထန်သည့် အမြင်ကို မြန်မာခေါင်းဆောင်များ ကြားသိရန် အရေးကြီးသည်´ ဟု သူက ပြောသည်။

No comments: