Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 7 June 2009

Sunday, June 7, 2009
မဲဆောက် ချစ်ကြည်ရေး တံတားတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဒုတိယအကြိမ် ဆန္ဒပြပွဲ ပြုလုပ်(ဓါတ်ပုံများကြည့်ရန် ဤနေရာတွင်နှိပ်ပါ)






ဓာတ်ပုံသတင်း - ကိုလတ် (၇-၆-၀၉၊ မွန်းတည့် ၁၂ နာရီ)



အပြည့်အစုံသို့...





ပြန်ခေါက်ထားပါ...




(ဒုတိယ ဆလိုက်ရှိုးကို ဒေါက်တာလွဏ်းဆွေ ဘလော့မှ ကူးယူဖေါ်ပြပါသည်)
ယနေ့နံနက် ၁၁နာရီ ၁၅မိနစ်က မဲဆောက်မြန်မာ ချစ်ကြည်ရေးတံတားရှေ့တွင် JAC (Joint Action Committee) မှ ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ တခုကို ဒုတိယအကြိမ် ကျင်းပခဲ့ကြ ပါသည်။

ထိုဆန္ဒပြပွဲကို လူတရာနီးပါးခန့် တက်ရောက်ပါဝင်ခဲ့ကြပြီး ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြခြင်း၊ ကမ္ဘာ မကြေဘူး သီချင်းကို သီဆိုကြခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ထိုဆန္ဒပြပွဲ အပြီးတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အဘီဆစ် ဝိဇ္ဇာဇီဝကို အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း ပေးအပ်ခဲ့ပါသည်။ ထိုပေးစာတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနေဖြင့် လက်ရှိ ထိုင်းနိုင်ငံ အာစီယံ ဥက္ကဌ အဖြစ်ဆောင်ရွက်နေရချိန်တွင် ဒေါ်အောင်ဆန်း စုကြည်အား မတရားအမှုဆင်စွဲဆိုနေခြင်းကို ရပ်တန့်ရန် အတွက်ဖိအားပေး ဆောင်ရွက်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ဖိအားပေးဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

ထိုဆန္ဒပြပွဲ၏ ထူးခြားချက်မှာ ဆန္ဒပြသူများတွင် သံဃာတော်များ နိုင်ငံရေး အကျဉ်းသားများ၊ တက်ကြွ လှုပ်ရှားသူများ သာမက မဲဆောက်ဒေသရှိ ရွေ့ပြောင်းအလုပ်သမားများပါ တခဲနက်ပါဝင် တောင်းဆို ကြွေးကြော် ခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုင်းဝန်ကြီးချုပ်သို့ JAC မှ ပေးပို့ခဲ့သောအိတ်ဖွင့်ပေးစာ


No comments: