Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 24 May 2009

(၂၀၀၉) ခုနှစ်၊ မေလ (၂၄) ရက်
ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူအပေါင်းနှင့် နိုင်ငံတကာ ဒီမိုကရေစီအင်အားစုများခင်ဗျား-
၂၀၀၉-ခုနှစ်၊ မေလ (၂၄) ရက်သည် (၁၉) ကြိမ်မြောက် ဗမာဒီမိုကရေစီ ရွေးကောက်ပွဲ
နေ့ ဖြစ်ပါသည်။
လွန်ခဲ့သော (၁၉) နှစ်က စစ်အာဏာသိမ်းအဖွဲ့  (န၀တ) သည် (၈၈) ခုနှစ် ဒီမိုကရေစီတိုက်ပွဲမှ ပေါ်ထွက်လာသည့် နိုင်ငံရေးပါတီပေါင်း (၂၄၆) ပါတီကို ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ထိုစဉ်က န-၀-တ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမောင်က အနိုင်ရပါတီကို နိုင်ငံတော်အာဏာလွှဲအပ်ပြီး စစ်တန်းလျားပြန်မည်ဟု ကတိပြုခဲ့သည်။ စစ်ကျွန်ပြုဖွဲ့ စည်းပုံနှင့်လည်း ချုပ်နှောင်ထားခြင်းမရှိပါ။ သို့  သောလည်း ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ရေးသမားအများစုကိုတော့ ထောင်သွင်းအကျဉ်းချခဲ့သည်။
ထိုစဉ်က အမျိုးသားပြည်သူလူထုတစ်ရပ်လုံးသည် အသဲကြားမဲပြားများကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD သို့  ပုံအောထောက်ခံခဲ့ကြသည်။ ထို့ ကြောင့် NLD ပါတီသည် ပြည်သူ့ အာဏာနှင့် ဂန္ဒီညီလာခံ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (C.R.P.P)၊ ပြည်ထောင်စု ညွန့်  ပေါင်းအစိုးရ (N.C.G.U.B) စသည့် နိုင်ငံရေးလုပ်ငန်းစဉ်များချမှတ်ပြီး ဒီမိုကရေစီထူထောင်ရေးအတွက် လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲတို့ ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
သို့ သော်လည်း အာဏာသိမ်းစစ်အစိုးရ နှုတ်ကတိကျွန်ခဲ့သည် ဗိုလ်စောမောင်ကို ဖယ်ရှားပြီး ဗိုလ်သန်းရွှေနှင့်အစားထိုးခြင်း၊ န-၀-တ ကို န-အ-ဖ အဖြစ်အစားထိုးခြင်း၊ ၁၁/၉၂ - အမိန့် နှင့် စစ်အာဏာရှင် အမျိုးသားညီလာခံကျင်းပခြင်း၊ စစ်ကျွန်ပြုအဖွဲ့ အစည်းရေးဆွဲခြင်း၊ စစ်ဘုရင်ရွေးကောက်ပွဲ အသစ်တစ်ခုထပ်မံပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။
၎င်းအပြင် အတိုက်အခံ ဒီမိုကရေစီအင်အားစုများဧ။် (၉၀) ခုနှစ် အင်းစိန်ထောင်တိုက်ပွဲ၊ (၉၁) ခုနှစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသမားများ လွတ်မြောက်ရေးအဖွဲ့ ၊ (၉၆) ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ (၉၉၉၉) နှစ်ပတ်လည် ကျောင်းသားလှုပ်ရှားမှု၊ (၂၀၀၇) ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတို့ ကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ချေမှုန်းခဲ့သည်။ နိုင်ငံရေးသမား ထောင်ပေါင်းများစွာကိုလည်း အကျဉ်းချသတ်ဖြတ်ခဲ့သည်။
(၉၀) ခုနှစ် ပြည်သူ့ ဒီမိုကရေစီအောင်ပွဲကို ထောက်ခံခဲ့သည့် တိုင်းရင်းသား ဒီမိုကရေစီတော်လှန်ရေး အင်အားစုများကိုလည်း ဖေါက်ပြန်စစ်ဖြင့် အကြမ်းဖက်သတ်ဖြတ်ချေမှုန်းခဲ့သည်။
(၂၀၀၈) ခုနှစ်တွင် စစ်အစိုးရသည် မင်းကျင့်တရားပျက်၍ သဘာဝနာဂစ်မုန်တိုင်းခံရသော ပြည်သူ့  ဒုက္ခကို လျစ်လျူရှူကာ စစ်ကျွန်ပြုဖွဲ့ စည်းပုံကို ပြည်သူ့ ဆန္ဒမပါပဲ စစ်အာဏာဖြင့် အဓမ္မ အတည်ပြုခဲ့သည်။
လာမည့် (၂၀၁၀) ခုနှစ်တွင်လည်း ဒေါ်အောင်ဆန်းဆုကြည့်နှင့် ဒီမိုကရေစီအင်အားစုများကို ထောင်သွင်းအကျဉ်းချလုပ်ကြံမှု၊ (၉၀) ခုနှစ်ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းမှုတို့ ကို ပြုလုပ်ပြီး စစ်ကျွန်ပြုဖွဲ့ စည်းပုံနှင့် စစ်ဘုရင်ရွေးကောက်ပွဲကို အဓမ္မပြုလုပ်ပေတော့မည်။
ထို့ ကြောင့် အမျိုးသားပြည်သူဒီမိုကရေစီအင်အားစုအားလုံးသည် နိုင်ငံတကာ ဒီမိုကရေစီအင်အားစုများနှင့်အတူ
1. ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးပြန်လွှတ်ရေး၊
2. စစ်ကျွန်ပြုဖွဲ့ စည်းပုံဆန့် ကျင်ရေး၊
3. (၂၀၁၀)ခုနှစ် စစ်ဘုရင်ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊
4. (၉၀) ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီအစိုးရ ဖော်ဆောင်ရေးတို့ ကို ပြတ်ပြတ်သားသား ကြိုးပမ်းဆောင်ရွက်သွားကြပါရန်၊ ဗမာ့ဒီမိုကရေစီကြိုးပမ်းဆောင်ရွက်ရေးအဖွဲ့ ကြီး Burma Democratic Concern (B.D.C) မှ နှိုးဆော်သ၀ဏ်လွှာပါးလိုက်ပါသည်။

လေးစားစွာဖြင့် -
(ဗမာ့ဒီမိုကရေစီကြိုးပမ်းဆောင်ရွက်ရေးအဖွဲ့ ကြီး)

Burma Democratic Concern (B.D.C)
U.S.A
For more Information please contact,

U Tint Swe Thiha
(GSC.KoThiHa88)
WA-99336,U.S.A.
Ph;5095823261
[United States]

Aye Mar Gyi
001 509 586 8309
[United States]

Khin Maung Win
Telephone:
001- 941-961-2622
[United States]

No comments: