Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 20 May 2009


ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့---!
ယနေ့မြန်မာနိုင်ငံသည် အားလုံးတက်ညီလက်ညီဖြင့်အထွေထွေသပိတ်ဆင်နွှဲရမည့်အချိန်ရောက်နေပါပြီ။

န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။
ပြည်သူလူထူကြီးတရပ်လုံးရှိခိုးပူဇော်ရာဖြစ်သောသံဃာတော်
များကိုပင် စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်းထုတ်နဲ့ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ
ယုတ်မာချင်တိုင်းယုတ်မာနေကြပါသည်။ ယခုထိသံဃာတော်အများအပြား န.အ.ဖ
အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။
ယခုအခါအပြစ်မရှိဘဲ ဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု
ကြည်အား မေလ ၃၀ရက်နေ့တွင်မဖြစ်မနေလွတ်ရမည်ဖြစ်သောကြောင့် မလွှတ်ချင်
သည့်အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို
တခြားလွဲချကာ အကောက်ဥာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်
ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု
ပြည်သူတစ်ရပ်လုံးကိုစော်ကားရာ စိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု
န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန်ဆိုးရွားနေပါသောကြောင့်
လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာ တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီး ဆင်နွှဲမည်အားလုံးအသင့်ပြင်ထား ကြပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့


PS.....(မြန်မာနိုင်ငံသား မှန် ပါ က အထက် ပါ စာအား ပြန် လည် ဖြန့် ဝေ ပေးပါ.

No comments: