Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 28 April 2009

လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု

လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု

နအဖစစ်အစိုးရ၏ ၂၀၁၀ တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရန် BURMA DEMOCRATIC CONCNERN (BDC) မှ လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု နည်းဗျူဟာ ကိုဖော်ဆောင်သွားမည် ဖြစ်သည်။

ဆရာကြီး ဦးဝင်းတင် မှ လက်ဖက်ရည်ဆိုင် စကားဝိုင်း နှင့် စတင်ကြရန် ပြောကြားသွားခဲ့သည်။ မြန်မာပြည်တွင် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုသည်အလွန် အရေးပါလှပါသည်။ မြို့တိုင်း၊ရွာတိုင်း လိုလိုတွင် လက်ဖက်ရည်ဆိုင် များရှိကြပါသည်။ လူတိုင်းလူတိုင်း လက်ဖက်ရည်ဆိုင်ထိုင် ၍ လက်ဖက်ရည် သောက်ရင်း သတင်းစကားများ ဖလှယ်ရင်းအချင်းချင်း ဆွေးနွေးကြပါသည်။ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်ရန် အချင်းချင်းတိုက်တွင်းနှိုးဆော်၍ ရပါသည်။ ဘာကြောင့် ဆန့်ကျင်သင့်သလဲ ဟု ဆိုသော် ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့် အစိုးရသစ်တွင် ၂၅% နှုန်းကို စစ်အစိုးရ မှ ပါလီမန် အမတ်နေရာများကို အလိုလို ရယူထားမည်ဖြစ်သည်။ မြန်မာပြည်သည်စစ်အာဏာရှင် အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်း (၂၀) ကျော် ကြာတိုင်အောင် ဒုက္ခမျိုးစုံ ကိုခါးဆီးခံခဲ့ကြရပါသည်။

စစ်အာဏာရှင် စနစ်ကို တရားဝင် အသိအမှတ်ပြုထားသည့် ၂၀၁၀ ရွေးကောက်ပွဲ နှင့် စစ်အာဏာရှင် စနစ်ကို မဆန့်ကျင်ခဲ့လျှင်ဘယ်သောအခါ မှ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်မည် မဟုတ် ။ မြည်မာပြည်၏ နေရာအနှံ့အပြားတွင် လက်ဖက်ရည်ဆိုင်များ ရှိပါသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် ထိုင်ရင်း အချင်းချင်း တိုက်တွန်းနှိုးဆော်ကြရန် လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် တနင်္ဂနွေ နေ့တိုင်းတွင် အင်္ကျီအဖြူရောင်ဝတ်၍ စစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်သည့်စကားများကို အချင်းချင်းတိုက်တွန်း နှိုးဆော်ကြရန်လိုအပ်ပါသည်။

လက်ဖက်ရည်ဆိုင်များသည် တော်လှန်ရေးဖြစ်လာခဲ့လျှင် ချက်ခြင်းလူစုဝေးရာ ဋ္ဌာနဖြစ်လာနိုင်ပါသည်။ သတင်းစကား ဖြန့်ဖြူးရာ နေရာလည်းဖြစ်သည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် များသည် တော်လှန်ရေး ၏မြစ်ဖျားခံရာနေရာများဖြစ်လာစေရန် တိုက်တွန်းလိုက်ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက် ဖျက်ရန် လူထု ဆန္ဒပြပွဲများ ၊ လူထု အုံကြွမှုများ ဖြစ်ပေါ်လာရန် ၀ိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်ပါသည်။

ဤနေရာတွင် ခေါင်းဆောင်မှုသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ လူထု ဆန္ဒပြပွဲများ ၊ လူထု အုံကြွမှုများ ဖြစ်ပေါ်လာလျှင် ခေါင်းဆောင်များသည် ရှေ့တန်းမှ နေ၍ ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ပေးကြပါရန်၊ ခေါင်းဆောင်မှုပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။ စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုအားဖြင့် လက်ဖက်ရည်ဆိုင် လှုပ်ရှားမှုအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀ိုင်းဝန်းတိုက် ဖျက်ကြရန် BURMA DEMOCRATIC CONCNERN (BDC) မှ တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

No comments: