Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 17 April 2009

ဆိုင်ကလုံး မုန်တိုင်းတခု မြန်မာနိုင်ငံကို ဦးတည်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘီဂျလီ Bijli ဟု အမည်ပေးထားသော ဆိုင်ကလုံး မုန်တိုင်းတခုသည် ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်တည်လျက်ရှိပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသကို ဦးတည်ရွေ့လျားနေသည်ဟု သိရသည်။

ပင်လယ်အော်အတွင်း အိန္ဒိယနိုင်ငံ သြရသျှ ပြည်နယ်ကမ်းလွန်တွင် ဗဟိုပြုနေသော မုန်တိုင်းသည် သြရသျှ ကမ်းရိုးတန်းအတိုင်း အရှေ့မြောက်ဘက် အရပ်သို့ ရွေ့လျားနေကာ စနေနေ့တွင် မြန်မာနှင့် ဘင်္ဂလားနယ်စပ်သို့ ကျရောက်ဖွယ် ရှိသည်ဟု ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အထက်ပိုင်းနှင့် ချင်းပြည်နယ် အောက်ပိုင်းများကို စနေနေ့ နှောင်းပိုင်းတွင် ဝင်ရောက်သည့်အခါ တနာရီ ၇၅ မိုင်နှုန်းအထိ အားကောင်းလာဖွယ်ရှိပြီး မိုးသည်ထန်စွာ ရွာသွန်းကာ ရေကြီးနိုင်ကြောင်း အမေရိကန် ရေတပ်စခန်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြသည်။

နာဂစ်မုန်တိုင်း နှစ်ပတ်လည်အချိန်နီး ကျရောက်လာသည့် မုန်တိုင်းနှင့် ပတ်သက်၍ ယခုလင့်ခ်တွင် သွားရောက် ကြည့်ရှု့နိုင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လခြမ်းနီအဖွဲ့က လုပ်အားပေး ၄၃ဝဝဝ ကို လိုအပ်လျင် အရေးပေါ် ကယ်ဆယ်မှုများလုပ်ရန် အသင့် အနေအထား ပြင်ထားစေသည်။

ဆိုင်ကလုံး မုန်တိုင်း 1B သည် ဘင်္ဂလား ပင်လယ်အော်အတွင်း အပူပိုင်း မုန်တိုင်းအဖြစ် အားကောင်းလာခဲ့သည့်အတွက် ဘီဂျလီဟု အမည်မှဲ့ခေါ်ထားခြင်း ဖြစ်သည်။

No comments: