Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 19 January 2009

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

ကိုယ်ဝန်ဆောင်တောင် မရှောင်နိုင်တဲ့ နအဖ..တရားဥပဒေဆိုတာ ဘယ်မလဲ???
ယုတ်မာမှု့က တရိစ္ဆာန်တွေထက် အောက်တန်းကျတယ်

Sunday, January 18, 2009
ရေးသူ..တင်ကျော်ကျော်စိုး

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မကေသီအောင်မှာ ဒီဇင်ဘာလ ၂၉ ရက် နေ့က ကိုယ်ဝန်ခြောက်လအရွယ်တွင် သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည် ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်က စစ်ကြောရေးမှ နှိပ်စက်မေးမြန်းသည့်ဒဏ်၊ ထောင်ဝင်စာတွေ့ခွင့် (ဒီဇင်ဘာလက) မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်း မွန်ခြင်း တို့ကြောင့် ဒီဇင်ဘာလထဲတွင် ထောင်ဒဏ်ချမှတ်ခံရပြီးသည့်နောက် သွေးအားနည်းပြီး မူးမေ့ လဲကျရာမှ ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ယခုအခါတွင် ဆေးဝါးအလုံအလောက်မရှိသည့် အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု သိရသော်လည်း မကေသီအောင်၏ လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ် ပါစိုးရိမ်ရကြောင်း မန္တလေး အိုးဘို ထောင်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းက Freedom News Group သို့ပြောပြသည် ခင်ပွန်းဖြစ်သူ အထက်ဗမာပြည် ဗကသအဖွဲ့ဝင် ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် ကိုထွန်းထွန်းကို ငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီး တံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက် ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကို ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထောင်ဒဏ်၂၆ နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ မကေသီအောင်မှာ ဖမ်းဆီးခံရ သည့်အချိန်ကအသက် ၂၂နှစ်သာရှိသေးသည်။

မြန်မာပြည်အကျဉ်းထောင်များတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံရသည့် အမျိုးသမီး များမှာ အကျဉ်းထောင်တွင်း ဆင်းရဲကျပ်တည်းစွာနေရသည်။ ၁၉၉၈ခုနှစ် ပြည့်သူ့လွှတ်တော်ပေါ်ပေါက် ရေးအတွက် ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူ မဇင်မာအောင်မှာ လည်း နှလုံးရောဂါနှင့် အာရုံကြောအားနည်းခြင်း ဝေဒနာကိုကာလကြာရှည်စွာ ခံစားနေရကြောင်း သိရသည်။

No comments: