Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 17 January 2009

ဘလောက်ဂါဆိုဒ်ကိုဝင်မရအောင်တားပြီ

ရေးသူ..ညွန့်သက်ထားဦး(Freedom News Group)

၂၀၀၇ခုနှစ်ကုန်ပိုင်းထဲကBlogger ဆိုသည့် ဘလောက်ပို(စ်)များတင်၍ရသည့်ဆိုတ်ကို တားမြစ်ထားသော်လည်း ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် မြန်မာဘလောက်ပို(စ်) တင်သူများလှည့်ဝင်၍ရသည့် https://www2.blogger.com ကိုပါပိတ်ချလိုက်သည် ဟုရန်ကုန်အခြေစိုက် ဘလောက်ဂါတစ် ဦးထံမှကြားရသည်။
၁၄ ရက်နေ့တွင် ထူးဆန်းအံ့သြဖွယ်ရာ www.blogger.com မှပြန်တင်၍ရသည်အထိ ဆိုက်ကိုပိတ်ဆို့ထားခြင်းများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၂၄နာရီအတွင်းမှာပင် မည်သည့်ပရောက်စီနှင့်မှ ကြည့်ရှု၍မရအောင် ပြန်လည်ပိတ်ဆို့လိုက်သည်ဟုသိရသည်။
မည်သူ့ဆီက ပို့မှန်းမသိသော အီမေးတစ်ခုမှနေ၍လည်း ပြည်တွင်းအခြေစိုက် ဘလောက်ဂါတစ်ချို့ထံ ဘလောက်ကို ပိတ်ပစ်ရန်ခြိမ်းခြောက်သောစာများပို့ခဲ့သည်ဟု ကြားသိရသည်။
ဘလောက်ဂါတစ်ဦးလည်းဖြစ်ပရိုဂရမ်မာတစ်ဦးလည်းဖြစ်သည့်ကိုကျော်ကျော်(နာမည်ရင်းမဟုတ်ပါ) က “ကြားရတာတော့ ဘလောက်စစ်ဆင်ရေးလုပ်မယ်၊ သူတို့အခုလုပ်နေတဲ့ပုံက IP တွေကိုစောင့်ဖမ်း တဲ့ ပုံစံလုပ်နေတာ”ဟုရှင်းပြသွားသည်။
www.blogger.com သည်မြန်မာနိုင်ငံတွင်အသုံးအများဆုံးဘလောက်ဆိုတ်တစ်ခုဖြစ်ကာမြန်မာ ဘလောက်ဂါများ၏ ၈၀ရာခိုင်နှန်းကသုံးကြသည်ဟု သိရသည်။

No comments: