Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 16 December 2008

အကောင်းဆုံးမြေသြဇာ၏ လှုပ်ရှားမှုများ

သတင်း-မျိုးချစ်မြန်မာ


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် = လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ ကို အတိုကောက်ရေးထားသော F B F = T B M စာပါသော ထောင်တွေ ဖွင့် ၊ တရားရုံးတွေ ပိတ် ဆိုတဲ့ ပို့စကဒ်များ မန္တလေးမြို့ ၂၆ လမ်း၊ ၇၀ X ၇၁ လမ်းကြား 66,25x26 between ကျုံးအရှေ့တောင်ဒေါင့် ဆီဒိုးနားဟိုတယ်နား ၆၆ လမ်း၊ ၂၅x၂၆ လမ်းကြား 66.14x15between ဆိုတာက ကျုံးအရှေ့ဘက်ခြမိးု ၆၆ လမ်း၊ ၁၄X ၁၅ လမ်းကြား 66.25x26 က ခုနက ဆီဒိုးနားဟိုတယ်နာုးုံ ရန်-မန်း လမ်းပေါ်က ပုံတွေကတော့ ဆိုင်ကယ်စီးရင်း ကြဲခဲ့ပါတယ်။

ဒီပို့စကဒ်တွေ ဝေခြင်း ၊ ကြဲခြင်း ၊ ကပ်ခြင်း ရည်ရွယ်ချက်များကတော့ မြန်မာပြည်တွင် လက်ရှိ ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်နေသော ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မြေသြဇာ လူငယ်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား မတရားပုဒ်မတွေတပ်ပြီး မဟားဒရား နှစ်ရှည်ထောင်ဒါဏ်တွေ ချပစ်နေသော တရားရုံးများ ပိတ်ပေးဖို့လိုတယ်ဆိုတာပြသသလို ထို တရားရုံးများမှတဆင့်ရောက်ရှိသွားသည့်ထောင်တွေကိုလည်းပိတ်ပေးဖို့လိုတယ်လို့ အဓိပ္ပါယ်ရတဲ့ ပို့စကဒ်တွေကို လိုက်လံ ဝေခြင်း၊ ကပ်ခြင်း၊ ကြဲခြင်းများ ပြုလုပ်ရခြင်းဖြစ်ပါတယ်။

နောက်နောင်များတွင်လည်း နအဖ စစ်အာဏာရှင် လက်တဆုတ်စာတစုမှ မည်သို့ပင် နှီပ်စက်၊ဖမ်းဆီး ၊ ညှင်းပန်း၊နှစ်ရှည်ထောင်ဒါဏ်တွေ ချနေပါစေ၊ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်နှင့်အတူ လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့လူငယ်များမှ ရတဲံအချိန်၊ရတဲ့နေရာ များမှ အချိန်တိုင်း တော်လှန်ဖယ်ရှားရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း နအဖ စစ်အာဏာရှင်တစုအား စိမ်ခေါ်တိုက်ပွဲစလိုက်သည်။

မည်သည့်စစ်အာဏာရှင်မှလူထုကိုမအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ

ကျော်ကျော်(တာဝန်ခံ)

No comments: