Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 31 December 2008

ပျော်ရွှင်သောနှစ်သစ်များ ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။


နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့တိုင်းမှာ နောက်နေ့ New Year နေ့အတွက် လူတိုင်းရင်ခုံစွာစောင့်စားရင်း Happy New Year ပါလို့ ဆုတောင်းပြုကြပါတယ်...ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်သူတွေအတွက် ဒီဆုတောင်းမပြည့်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ တစ်နှစ်ပြီး တစ်နှစ်၊ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ဒုက္ခပေးနေတဲ့ မိစ္ဆာစစ်အစိုးရရဲ့ ဖိနိပ်မှု့အောက်မှာ ဒို့ပြည်သူတွေ ခါးစည်းခံနေရပါတယ်။
ဒီခါးသီးမှု့ဒဏ်တွေကို တိုက်ခိုက်ပြောင်းလဲပစ်မည့် ၂၀၁၀ အတွက် ချည်းကပ်ခြေလှမ်းဖြစ်တဲ့ ၂၀၀၉ ရဲ့ New Year မှာတော့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် အကောင်းတက အကောင်ဆုံး Happy New Year တွေပိုင်ဆိုင်ဖို့ အတူလက်တွဲတိုက်ပွဲဝင်ရင်း စစ်ဖိနပ်အောက်မှ ရုံးထွက်ကြပါစို့လို့ တိုက်တွန်းရင်း.....
ကျနော်တို့ BDC အဖွဲ့သားများအားလုံးမှ မြန်မာပြည်သူများနှင့် ထပ်တူ Happy New Year ပါလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

No comments: