ဖိနှိပ်မှု့အောက်မှ မြန်မာ့ဂုဏ် (Burma Grace Under Pressure) ခေါင်းစဉ်ဖြင့် Geoffrey Hiller ရဲ့ မြန်မာပြည်ခရီးစဉ် ဓာတ်ပုံ မှတ်တမ်းလေးပါ။ မြန်မာပြည်သူများ၏ ဘဝသရုပ်မှန်ကို မီးမှောင်းထိုးပြပြီး၊ ချစ်ခင်လေးစားဖွယ် မြန်မာ့ကျေးလက်၊မြို့ပြနေ ပြည်သူများရဲ့ နေ့စဉ်ရုန်းကန် ဖြတ်သန်းနေရသော ဂရုဏာဖြစ်ဖွယ် မြင်ကွင်းများအား ကြည်နူးဖွယ်မြန်မာ့တေးဂီတကို နောက်ခံ၍ Flash Player ဖြင့် ဖေါ်ပြထားသော Web Site လေးဖြစ်ပါသည်။စာဖတ်သူ ကျနော့်မိတ်ဆွေများအတွက် မျှဝေပေးလိုက်ပါသည်။ အဝေးရောက် မြန်မာလူများအတွက် ပြန်လည်အောင့်မေ့သတိရဖွယ် အမိမြေရဲ့နေစဉ်ပုံရိပ်များအား အမှတ်ရစေရန်ရည်ရွယ်ပါသည်။
သွားရောက်ကြည့်ရှု့ရန်
မှတ်ချက်- ဓာတ်ပုံများအား ကူးယူအသုံးပြုလိုပါက ခွင့်ပြုချက် ရယူစေလိုပါသည်။
ကျေးဇူးတင်စွာဖြင့်
BDC



No comments:
Post a Comment