Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday, 23 December 2009



http://burmese.dvb.no/news.php?id=9349

Burma Constitutional Conference Held In London


22 December, 2009: A two-day seminar entitled 'Burma Constitutional Conference' was held at South Bank University in London on 19 and 20 December 2009, discussing on the unilaterally adopted junta's 2008 constitution and its consequences.

The seminar also looked into possibilities and ways for ending impunity in Burma and seeking criminal accountability to bring Burma's regime to International Criminal Court.

The event, organised by FBE (Forum of Burmese in Europe) in partnership with UK-based Burma Democratic Concern (BDC) and Burma Initiative Coordination Committee (BICC), had General Secretary of Burma Lawyers' Council (BLC), U Aung Htoo, as its special speaker.

A seminar paper by U Aung Htoo said the SPDC will be transformed into the NDSC (National Defense and Security Council), which is a new bottle with the old wine, and it will endeavour to rule the country indefinitely in accordance with the constitution.

About 70 people including representatives of various political organisations and Burma's ethnic nationalities attended the seminar.

Chin pastor Rev. Shwekey Hoipang said: "This conference is very informative and helpful in order to have a better understanding of the SPDC's 2008 constitution and its consequences. The speaker makes a clear comparison and explanation on the previous constitutions drafted in 1947 and 1974. The seminar has an insighful analysis and discussion on the 2008 constitution and also highlights the negative impacts of the constitution and how they can poison the future of our country."

"There is a serious concern for all the ethnic nationalities in Burma because the 2008 constitution is lack of equality, self-determination and federalism. It is not a constitution that protects and promotes the rights, identities and religions of the ethnic nationalities," added the Christian pastor of Southern Chin State.

The Forum of Burmese in Europe (FBE), founded in the 1990s by senior Burmese exiles from Germany and the UK, represents a network of Burmese communities across Europe and is advocating for democracy, social justice and human rights in Burma. It strongly rejects the military dictatorial rule in Burma and has been working closely with the democratic forces around the world.
နယူးဒေလီ (မဇ္စျိမ)။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည်ဟု ဗြိတိန်ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြောဆိုသည်။

သူတို့က ယခုလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ‘မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ညီလာခံ’ ကို ကျင်းပခဲ့ပြီးနောက်၊ စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေသည် တိုင်းရင်းသား လူမျိုးများ၏ အခြေခံ ရပိုင်ခွင့်နှင့် တန်းတူညီမျှမှု မရှိခြင်း၊ နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ညီလာခံတက်ရောက်သည့် Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိမ်းက ပြောသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရရအောင် ကျနော်တို့ ဖျက်ရမယ်။ ဘယ်လို အတိုင်းအတာပဲဖြစ်ဖြစ် မရရအောင် ဖျက်ကိုဖျက်ရမှာက ကျနော်တို့ တာဝန်ဖြစ်တယ်” ဟု သူက ဆိုသည်။

“ဒီဥပဒေကို အတည်ပြုလိုက်ပြီး အသက်သွင်းလို့ရှိရင် ပြည်သူတွေ စစ်အာဏာရှင် စနစ်အောက်မှာ တသက်လုံး ကျွန်ဆက်ခင်းသွားရမယ် ဆိုတဲ့ဟာကို ပြည်သူတွေ အားလုံး ပိုမိုသိရှိပြီးတော့ ကိုယ့်အခွင့်အရေးကို ပိုပြီး တိုက်ယူရဲလာအောင်၊ တောင်းယူရဲအောင် သတင်းတွေကို ဖြန့်ဖြူး လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု သူက ဆိုသည်။

ဗြိတိန် အခြေစိုက် ချင်းလူမျိုးများနှင့် မြန်မာခရစ်ယာန် ဘာသာဝင်များကို ကိုယ်စားပြု တက်ရောက်ခဲ့သည့် သိက္ခာတော်ရ ရွှီကီးဟွေပန် (Rev. Shwekey Hoipang) ကလည်း တိုင်းရင်းသား လူမျိုးများကို မကာကွယ်နိုင်သဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြုပြင်သင့်ကြောင်းနှင့် မပြုပြင်လျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြောသည်။

"ဒီဖွဲ့စည်းပုံက ကျနော်တို့ ချင်းတိုင်းရင်းသားများပါမက တိုင်းရင်းမျိုးနွယ်စုတွေကို လုံခြုံမှု၊ ကာကွယ်မှု မပေးနိုင်ဘူး။ ဒါကြောင့် မြန်မာပြည်အတွက် အကျိုးမရှိတဲ့အတွက် ပြုပြင်ရမယ်။ မပြုပြင်ရင် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး" ဟု သူက မဇ္စျိမကို ပြောသည်။

ညီလာခံကို ဗြိတိန် အခြေစိုက် ဥရောပနိုင်ငံများရှိ မြန်မာလူမျိုးများဖိုရမ် (Forum of Burmese in Europe - UK) မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုဖိုရမ်ထဲတွင် BDC လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

BDC သည် လန်ဒန်အခြေစိုက် အဖွဲ့တခုဖြစ်ပြီး၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ၊ ကျောင်းသားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နာယကများအဖြစ် ဆရာတော် ဦးဥတ္တရ၊ ဒေါက်တာ ဆလိုင်း ထွန်းသန်း၊ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်၊ ကချင်အမျိုးသား ဒူးဝါး M Zaw Aung ၊ ဒေါက်တာ ခင်ဝင်းနွယ်၊ ဒေါက်တာ ခင်စိန် စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

ညီလာခံသို့ Burma Campaign UK ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB (ဥရောပ) ၊ မြန်မာမူဆလင်အဖွဲ့ BMA ၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ IBMO ၊ မြန်မာရိုဟင်ဂျာအဖွဲ့၊ မြန်မာအမျိုးသမီးများ (ဗြိတိန်) စသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ဗြိတိန်အခြေစိုက် တိုင်းရင်းသား ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ရာ လူအင်အား ၆၀ ခန့် ရှိသည်။

၂၀၀၈ အခြေခံ ဥပဒေတွင် အုပ်ချုပ်ရေး ကဏ္ဍတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးပါက စစ်တပ်ကြီးစိုးသည့် နိုင်ငံရေး စနစ်မျိုးကိုသာ ဖော်ဆောင်လိမ့်မည်ဟု ညီလာခံ တက်ရောက်သူများက ယုံကြည်ကြသည်။ ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့်ပါ ကိုက်ညီမှု မရှိသဖြင့် ပြန်လည် ပြုပြင်သင့်ကြောင်း သုံးသပ်ခဲ့ကြသည်။

“အခြေခံ ဥပဒေကြီး ဒီအတိုင်းဖြစ်နေရင် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုမှ မဝင်သင့်ဘူးဆိုတဲ့ အခြေခံမူက ရှိတယ်ခင်ဗျ။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေက တညီတညွတ်တည်း သဘောတူထားတယ်ခင်ဗျ။ ပြည်သူတွေဘက်ကလည်း ဒီကိစ္စတွေဟာ တရားသလား၊ မတရားဘူးလားဆိုတဲ့ အချက်အပေါ် သေချာ ဆုံးဖြတ်နိုင်အောင် ကျနော်တို့ သတင်းစကား ပေးသွားမှာပါ” ဟု ဦးမျိုးသိမ်းက ပြောသည်။

ယခုလ ၂၁ နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်မူ လာမည့်နှစ်တွက် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည် မဟုတ်ကြောင်း ရေးသားထားသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း လမ်းပြမြေပုံပါ ၇ ချက်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု မကြာသေးခင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် မည်သည့်အချိန်တွင် ကျင်းပမည်ကို သူက အတိအကျ မပြောသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများလည်း ထုတ်ပြန်ခြင်း မရှိသေးပါ။

၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးဆုံးလျှင် စစ်တန်းလျား ပြန်မည်ဟု ကတိပြုခဲ့သည့် စစ်အစိုးရ၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ရန် ဦးမျိုးသိမ်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ အနိုင်ရတော့ အာဏာ လွှဲမပေးတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့ဆက်လုပ်ဖို့ လုပ်နေတာဟာ အဓိပ္ပာယ်ရှိပါသလား၊ ပြောနေတဲ့လူတွေရဲ့ စကားကရော Credibility (ယုံကြည်လက်ခံနိုင်စွမ်း) ရှိပါသလား၊ accountability (တာဝန်ခံမှု) ရှိပါရဲ့လားဆိုတာ ဒါကို ပြန်သုံးသပ်ဖို့ လိုပါမယ်” ဟု သူက ဆိုသည်။

ထိုညီလာခံကို လာမည့်လအတွင်း ဥရောပနိုင်ငံများရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံကာ လုပ်ငန်းများ ခွဲဝေပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး လှုပ်ရှားမှုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

http://www.mizzimaburmese.com/news/regional/4428-2009-12-22-12-33-06.html

Tuesday, 22 December 2009

An Analysis of the Forthcoming 2010 Election in Burma
vcd

Monday, 21 December 2009



http://komoethee.blogspot.com/

2009-12-20 Free Zay Yar Thaw Thaw

UN asked not to recognise 2010 Myanmar election

UN asked not to recognise 2010 Myanmar election
Follow us on Twitter | Share This | RSS | Font Problem?

Lalit K Jha

Washington, Dec 11 Three dissident Burmese groups have asked the United Nations and the international community not to recognise the scheduled 2010 elections in Myanmar unless all political prisoners including Aung San Suu Kyi are released by the country' military junta.

On the occasion of International Human Rights Day, the groups- All Burma Monks' Alliance, 88 Generation Students, and All Burma Federation of Student Unions - have asked the international community to put more pressure on junta leader to hold a meaningful dialogue with the democratic opposition.

"We urge the international community to not recognise the 2010 election, if there is no release of all political prisoners, including Aung San Suu Kyi, no sustainable political dialogue with democratic opposition and ethnic minorities, and no national reconciliation first," they said in a joint statement.
- (Agencies)
Dec 11, 2009

Sunday, 20 December 2009

VOB741KK
KyaukKwin1
U Thant Funeral Uprising

Thursday, 17 December 2009

Moe Thee Zun on 2010 Elections

၂၀၁၀ရွေးကောက်ပွဲ သုံးသပ်ချက်

မိုးသီးဇွန်
Thursday, December 17, 2009
နိဒါန်း
၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဦးတည်နေပြီလို့ ကျနော် မယုံကြည်ပါဘူး။ ဒါဟာ အဆိုး မြင်နဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲက ဒီမိုကရေစီ အင်အင်အားစုများအတွက် ထွက်ပေါက်မဟုတ်သလို တပ်မတော်အ တွက်ရော တိုင်းရင်သားလူမျိုးစုတွေအတွက်ပါ ထွက်ပေါက် မဟုတ် ဘူး ဆိုတာပါပဲ။ ဒါဖြင့်ရင်ဘယ်သူအတွက် လည်းဆိုတဲ့အမေးအ တွက်အဖြေကတော့....
တစ်- သန်းရွှေအတွက်
နှစ်- သန်းရွှေအတွက်
သုံး-သန်းရွှေအတွက် လို့ပဲပြောပါရစေတော့။
၂၀၁၀ ရွေးကောက်ပွဲထက်ပိုပြီးအလေးထား ဆောင်ရွက်ရမှာကတော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြုပြောင်းလဲမှုတွေဖြစ်ပါ တယ်။

၂၀၁၀ ဝေစု
၂၀၁၀ မှာစစ်တပ်က ရွေးကောက်ပွဲပြုလုပ်ပေးမယ်။ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲစည်းတော့မယ်ဆိုတဲ့ သတင်းထွက်နေတယ်။ ဒီမိုက ရေစီအင်အားစုများ ကြားမှာစိုးရိမ်ပူပန်မှုတွေ တိုးပွားနေတယ်။ တချို့ကတော့ ဒါကိုထွက်ပေါက်တခုလို့ တိုးတိုးတမျိုးကျယ်ကျယ်တမျိုး ဆိုသလိုပြောနေကြတယ်။ ရွေးကောက်ပွဲကိုထွက်ပေါက်လို့ပြောပြီး ၀င်ဖို့တာစူနေကြတယ်။ ဒီလူတွေထဲမှာ အပစ်အခတ်ရပ်စဲရေးလုပ် ထားတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကိုယ်ကျိုးရှာသူတွေလည်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ငကြင်းငါးလိုဆူဖြိုးနေတဲ့ မြန်မာပြည်ကို စားပွဲတင်ပြီးမြေးခွေးက ဝေခွဲပေးမှာဖြစ်ပါတယ်။ ဒီတော့ ဝေစုအကြီးအသေးကိုကြည့်ရင် သန်းရွှေက ဗိုက်သားကိုယူ မယ်။ တခြားကိုယ်ကျိုးရှာ အဖွဲ့တွေကိုဝေစုခွဲပေးမယ်။ ကုန်သည်ပွဲစားတွေနဲ့ လုပ်စားနိင်ငံရေးသမားတချို့က အတွက်ဝေစုတစုရမယ်။ သူများမြောက်ပေးလို့ ရွေးကောက်ပွဲဝင်မိတဲ့ ခပ်အအနိင်ငံရေးသမားတွေကတော့ ထောင်မကျရင် ကံကောင်းလို့ မှတ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့  ၂၀၁၀ ရွေးကောက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်ကတော့ကနေ့အထိ ၂၀၁၀ ရွေးကောက်ပွဲကိုဘယ်လို သဘောထားမလဲဆိုတာ ရှင်းရှင်းလင်း လင်းပြောနိုင်တဲ့ အနေထားမှာမရှိသေးဘူး။ တကယ့်ကိုပေါ်လစီ အကြပ်အတည်း (Policy Dilemma ) ဖြစ်နေပုံရတယ်။ အခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ပေးပါလို့ပါလို့ လေသံခပ်လျောလျောပြောနိင်တဲ့ အနေထားကိုရောက်နေတယ်။၂၀၁၀ ရွေးကောက်ပွဲကို ၀င်မိရင် တော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပုလင်းထဲထည့်ပြီး ရေစုံမျှောပေးလိုက်ရသလို ဖြစ်သွားမယ်။ ၂၀၁၀ ကို မ၀င်ဘူးဆိုရင်တော့ ဘေးကတတ်ယောင်ကား နိုင်ငံရေးသုတေသီတွေပြောနေတဲ့ "နိုင်ငံရေးဘေးရောက်မှု'' ဆိုတာကို စိုးရိမ်နေပုံရတယ်။ ဒီတော့ ၁၉၉၀ တုန်းက ဦးနုလုပ်သလိုများ လုပ်လာနိင်တယ်လို့လဲ ယူဆနိင်တယ်။ (ဦးနုက သူကိုယ်တိုင် ရွေးကောက်ပွဲမ၀င်တော့ပဲ သူလူများကို ဒီငြိမ်းနာမည်နဲ့ ၀င်စေခဲ့တယ်။ )

ခုလည်း ဒီချုပ်အနေနဲ့မဟုတ်ဘူး။ ဒီချုပ်ထဲကခေါင်းဆောင်တချို့ကို ခွဲထုတ်ပြီးရွေးကောက်ပွဲ ကံစမ်းမဲထိုးသလို ထိုးလာနိင်ခြင်းဖြစ် ပါတယ်။ ဒါကြောင့် ဒီချုပ်အနေနဲ့ကတော့ လက်ရှိအနေထား အတိုင်းရပ်ခံသွားတော့မဲ့ အခြေအနေမှာရှိပါတယ်။ ဒါတွေကတော့ ၉၀ ရွေးကောက်ပွဲကို ဆုတ်ကိုင်ရုံဆုတ်ကိုင် အသက်သွင်းနိင်အောင်မကြိုးစား၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိုတောင်းဆို အနေထားတက် ပိုမိုတိုးတက်တဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်လာမဲ့ အနေထားမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။ ဒီအခြေအနေကိုကျရောက် စေတာကတော့.....
• ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးက အထိန်းသိမ်းခံနေရတယ်။
• လက်ရှိအဖွဲ့ ချုပ် အလုပ်အမှုဆောင်တွေက အသက်အရွယ်ကြီးရင့်မှု ၊ သူတို့ နေရာကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားမထိုးကြတာ။
• နအဖ က အောက်တန်းကျကျ ဖိနှိပ်ထားတာတွေကြောင့် ဖြစ်ပါတယ်။

အပစ်ရပ်အဖွဲ့များနဲ့  ၂၀၁၀ ရွေးကောက်ပွဲ
အပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ တိုင်းရင်းသားခေါင်ဆောင်တချို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်ကျင့်သုံးတဲ့ ပေါ်လစီကတော့ ရေလိုက် ငါးလိုက် ပေါ်လစီ ဖြစ်လာလိမ့်မယ်။
• သူတို့ ဟာ ရွေးကောက်ပွဲပေါ်ယုံကြည်မှုမရှိဘူး။
• ရွေးကောက်ပွဲမှာ မဖြစ်မနေပါရမယ်လို့ နအဖ က ဖိအားပေးလာရင် ရွေးကောက်ပွဲကိုတချို့က ၀င်ကြလိမ့်မယ်။ ပါတီနာမည်တွေအ သစ်နဲ့ဝင်တာမျိုးတွေလည်း ရှိလာနိင်တယ်။
• သူတို့ကို လက်နက်လမ်းစဉ်ကို အပြီးတိုင်စွန့်လွှတ်ဖို့ ဖိအားပေးလာနိင်တယ်။
အဖွဲ့ငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သွားလိမ့်မယ်။ အဖွဲ့ကြီးတွေအတွက်တော့ ဘေးကြပ်နံကြပ်စတင်ဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ အပစ်ရပ်အဖွဲ့ တွေအတွင်းမှာ ဆက်တိုက်သူ၊ ရာသက်ပန်လက်နက်ချမဲ့သူ၊ အနားယူသွားမဲ့သူတွေ နဲ့ရှုပ်ရှက်ခတ်နေအောင်ရှိမှာပါ။ ပြန်လည်တိုက်ပွဲ ဆင်လာမဲ့အနေထားကတော့ အနည်းတက အနည်းဆုံးပဲဖြစ်လာလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ တိုင်းရင်းသားလူမျိုးစု ဒေသတွေရဲ့ဖွံ့ဖြိုးရေးကိုရော လုံခြုံရေးကိုပါဘာမှ သိသာတဲ့ပြောင်းလဲတိုးတက်မှု တွေဖြစ်လာမှာမဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါ တယ်။

၂၀၁၀ မျက်နာသစ်များ
၁၉၉၀ ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရှိတယ်။ ၀င်မယ့်ခါင်းဆောင်တွေရှိတယ်။ သူတို့မှာ Transparency and Accountability တွေရှိခဲ့တယ်။ ဆိုလိုတာကတော့ သူတို့ကဘယ်သူတွေလည်း ဘာတွေလုပ်ခဲ့လဲဆိုတာကို လူထုကသိခွင့်မြင်ခွင့် ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေဝင်မှာလဲ၊ သူတို့ကဘယ်သူတွေလဲ၊ သူတို့ပေါ်လစီတွေက ဘာလဲဆိုတာကိုခု ထိလူထုက မသိရသေးဘူးဖြစ်ပါတယ်။ ဒါကလဲ နအဖရဲ့ အကွက်ဖြစ်ပါတယ်။ ပါတီနဲ့ခေါင်းဆောင်တွေကို လူထု ရင်းနှီးမိတ်ဆက်ခွင့်ကို ကြာကြာမပေးလေ ကောင်းလေဆိုတာကို၊ ပူတင်လက်ထက် ရုရှားရွေးကောက်ပွဲများ၊ မဟာသီယာလက်ထက်မလေးရှား ရွေးကောက် ပွဲများ၊ ထိုင်းနိင်ငံ တပ်ဆင်လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ သင်ခန်းစာတွေက ရှိထားပါတယ်။

ရွေးကောက်ပွဲတွေဆိုတာကလည်း လူသစ်တွေထွက်ပေါ်လာတတ်တဲ့ အစဉ်အလာကလဲ ရှိထားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာထူး ခြားတာတခုကတော့ ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှု တွေမှာပါဝင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေနေရာမှာ လူသစ်တွေအစား ထိုးရွေးချယ်ခံခဲ့ရပါတယ်။ ဒါကတော့မဟာ ၈၈ လှုပ်ရှားမှုကြီးရဲ့အရှိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်တို့ကြောင့်ဖြစ်တယ်။ လူထုက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးလိုက်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်တွေက လူထုကိုငရဲနဲ့နိဗ္ဗာန်မှာ ဘယ်လမ်းကိုသွားရမယ်ဆို တာကို မရွေးချယ်ပေးနိင်ခဲ့ပါဘူး။ ဒီတော့လူထုက ၂၀၁၀ ရွေးကောက်ပွဲကို ထွက်ပေါက်တခုဖြစ်လာနိင်မလားဆိုတဲ့ မျှော်လင့်ချက်က တော့ ၉၀ တုန်းကလို အားကောင်းကောင်းရှိမှာ မဟုတ်တော့တာသေချာနေပြီ။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲဝင်မဲ့သူတွေဟာ မျက်နာ သစ်တွေဖြစ်လာနိင်ပါတယ်။ သူတို့က ၁၉၉၀ တုန်းကမျက်နာသစ်တွေလို မဟုတ်တော့ပါဘူး။ သူတို့ကတော့ပြည်တွင်းရှိ ပညာတတ် လူငယ်တချို့နဲ့  ကုန်သည်အသိုင်းဝိုင်း တချို့ ဖြစ်တယ်။ သူတို့တွေရွေးကောက်ပွဲကိုဝင်မယ်။ လက်ရှိအခြေအနေပေါ်မှာသူတို့ ရူမြင်ပုံက

• သူတို့ကလက်ရှိမြန်မာပြည်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ သန်းရွေစစ်အုပ်စုရဲ့ အုပ်ချုပ်ရေးညံဖျင်းမှုကြောင့်လို့မြင်တယ်။
• လက်ရှိနိင်ငံရေးပြဿနာကို အကောင်းဆုံးဖြေရှင်းနိင်တာက အာဏာကိုစစ်တပ်ကကိုင်ထား၊ အုပ်ချုပ်ရေးနဲ့စီးပွားရေးကို ငါတို့ကိုပေး ကိုင်မယ်။
• ဒီမိုကရေစီ တဖြည်းဖြည်းတော့ ဖြစ်လာမယ်ဆိုတဲ့ပေါ်လစီ။

ဒီလူတွေက လူတွေနဲ့တွေ့ရင် သန်းရွေမကောင်းဘူး၊ ဒီချုပ်ကလည်း အရည်အချင်းမရှိဘူးလို့ ပြောလေ့ရှိကြတယ်။ သန်းရွေနဲ့တွေ့ရင် တော့ရနိင်သမျှ အခွင့်အရေးတွေကိုတောင်းယူလေ့ရှိကြသူတွေပါ။ ဒေါ်စုကိုတော့တခါမှ တွေ့ဖို့မကြိုးစား၊ လွှတ်ပေးပါလို့မတောင်းဆို၊ နအဖရဲ့ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ လာဘ်စားမှုတွေအပေါ်မှာ တုံနိဘာဝေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လေသံတောင်မဟဘူး သူတွေပါ။ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ဖင်တကြွကြွအဖြစ်ဆုံးကသူတို့ ဖြစ်နေတာတော့ ဆိုးတာပဲ။

သန်းရွှေခေါင်းမာဂိုဏ်းရဲ့အကြံ
သန်းရွှေခေါင်မာဂိုဏ်းရဲ့ အမြင်က ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းဟာ တရားဝင်မှု ( Legitimate Crisis ) လို့ယူဆကြတယ်။ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို တရားဝင်ရယူနိင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခြေခံဥပဒေကိုအသက်သွင်းတယ်။ နောက်ဆုံးအဆင့် ကတော့ တရားဝင်ရွေးကောက်ပွဲနဲ့ အာဏာရတဲ့ပုံစံကို ဖန်တီးဖို့လိုလာပါတယ်။ စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်နေတာ သန်းရွှေ ဖြစ်ပါ တယ်။ ဒီနေ့ နအဖပြောနေတဲ့  လမ်းပြမြေပုံ ၇ ဆင့်ဆိုတာတွေဟာ သန်းရွှေရဲ့အကြံတွေသာဖြစ်တယ်။ ဒီနေ့ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး သန်းရွှေ လုပ်မှာကတော့.....
၁- သူဟာ တပ်ထဲမှာတပ်ချုပ်ကြီးရာထူးကိုဆက်ယူထားမယ်။
၂- ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ပေးမယ်။ ( သူကိုယ်တိုင်ကတော့  ယူနီဖေါင်းချွတ်ပြီး ရွေးကောက်ပွဲကိုဝင်မှာ မဟုတ်ဘူး။ )
၃- စစ်တပ်က ပါတီတခုကိုဖွဲ့ပေးမယ်။ ဒီပါတီကိုယ်စားလှယ်တွေအဖြစ် လက်ရှိအစိုးရထဲက ၀န်ကြီးတချို့နဲ့ စစ်တပ်ထဲကတချို့ကိုရွေး ကောက်ပွဲဝင်စေမယ်၊ ( ပါတီနာမည်တောင်မှန်းလို့ရသေးရဲ့။ ဖွံ့ဖြိုးရေးတို့၊ တိုင်းရင်းသားညီညွတ်ရေး စတဲ့စာလုံးတွေပါတဲ့ နာမည်မျိုး တွေပါပါလိမ့်မယ်။ )
၎- အရပ်သားတွေထဲ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရွေးကောက်ပွဲပေးဝင်မယ်။
၅- စစ်ဗိုလ်ထဲကထောင်နဲ့ချီပြီး အထက်အမိန့်နဲ့ ယူနီဖေါင်းချွတ်ခိုင်းပြီး ပုလိပ်ဖက်၊ မ၀တ ဖက်တွေစတဲ့အရေးမပါတဲ့ နေရာတွေကိုအ စားထိုးမယ်။ သူတို့ က ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်ပေးရဦးမယ်။
၆- အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားပါတီတွေကို လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင်စွန့် ခိုင်းမယ်။ လူမျိုးစုတွေထဲက တချို့ ခါင်းဆောင်တွေက ဘာညာကွီကွ နာမည်တွေနဲ့ ရွေးကောက်ပွဲကိုဝင်လာကြလိမ့်မယ်။
၇-ရွေးကောက်ပွဲမှာ စစ်တပ်က ကျောထောက်နောက်ခံပြုတဲ့ပါတီကို အနိင်ရစေမယ်။
၈- ယူနီဖေါင်းချွတ်များ၊ နိင်ငံရေးလူပြက်များတွေနဲ့ ညောင်စေးကျအောင် ရောသမမွေပြီးတဲ့အခါမှာ အတုအယောင်လွှတ်တော်ခေါ် ရုပ် သေးအစိုးရကိုဖွဲ့ စည်းစေမယ်။
၉- ပြီးတဲ့အခါမှာ တော့ သူက ၂၀၀၉ ခုနစ်အခြေခံဥပဒေအရ နိင်ငံတော်သမ္မတဟာ တပ်မတော်အကြီးအကဲ ဖြစ်ရမယ်ဆိုတဲ့မူနဲ့ သူဟာ ရုပ်သေးဆရာကြီးအဖြစ် နဲ့  အစိုးရအဖွဲ့ ရော စစ်တပ်ကိုပါ ကြိုးကိုင်နိင်ဖို့ ကြိုးပမ်းမှုမျှသာတည်း။

၂၀၁၀ နဲ့  ဒီမိုကရေစီမရနိင်
ဆရာကြီး ဦးဝင်းတင်ပြောသလို ၂၀၁၀ လမ်းကိုလိုက်ရင် ငရဲပဲရောက်မယ်ဆိုသလိုပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ့်ဖက်က နိုင်ခြေမရှိ ပါ။ ဘာဖြစ်လို့လဲ ဆိုတာကတော့ရှင်းတယ်။ ခေါင်းဆောင်တွေထောင်ထဲမှာ၊ အောက်ခြေကလှုပ်လို့မရဘူးဖြစ်နေတယ်။ ဒီတော့စစ်တပ် က လက်ကိုင်ဒုတ်ပါတီ နိုင်မယ်။ ဒီတော့သူတို့ဟာ တရားဝင်မှုရသွားပြီ။ ငါတို့တော့သွားပါပြီလို့ ယူဆချင်သူတွေရှိတယ်။ ဒါဆိုမှားမယ်။ အဖြေက စစ်တပ်က ခုလည်းနိုင်နေတာပဲမဟုတ်လား။ ခုလည်းနိင်ငံတော်အာဏာ သုံးရပ်စလုံးကို ချုပ်ကိုင်ထားတာပဲမဟုတ်လား။ သူတို့ကနိုင်လိုက်လို့ ဥုံဖွဆိုပြီး အရာခပ်သိမ်း တိုးတက်ပြောင်းလဲမှုတွေဖြစ်မလာပါဘူး။ နိုင်ငံတကာက ထောက်ခံမှုတွေရလာဖို့ကတော့ အတွက်စံနှုန်းတွေရှိပါတယ်။
• ရွေးကောက်ပွဲဟာ တရားမျှတမှုရှိရဲ့ လား
• လူအခွင့်အရေး ချိုးဖေါက်ခံရမှုတွေဘယ်လောက် တိုးတက်လာသလဲ။
• နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီလား
• စီးပွားရေးတိုးတက်မှုတွေဘယ်လောက်အထိရှိလာသလဲ
စတဲ့စံနှုန်းတွေကို ပြည့်မီအောင် ၂၀၁၀ မှာဘာမှမပါလာဘူး။ ၂၀၀၈ အခြေခံဥပဒေမှာ ဘာမှပြဋ္ဌာန်းမထားဘူး။ စစ်တပ်ကနိုင်ပြီလို့ နိုင်ငံ တကာကထောက်ခံလိုက်ပြီလို့ ကျနော်လုံးဝမယုံပါဘူး။

ကျနော်တို့ ဘာလုပ်ကြမလဲ
ကျနော်တို့လုပ်ရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုပြတ်ပြတ်သားသား သပိတ်မှောက်ဖို့ဖြစ်ပါတယ်။ စီးပွားရေးမှာတင်မမြင်ရတဲ့ လက် ရှိနေတာမဟုတ်ဘူး။ နိုင်ငံရေးမှာလည်း မမြင်ရတဲ့ လှိုင်းလုံးကြီးရှိနေတတ်ပါတယ်။ မင်းကိုနိုင်နဲ့ ၈၈ ကျောင်းသားတွေ ဓါတ်ဆီဈေးကျဖို့ ချီတက်ဆန္ဒပြကြတော့ သံဃာလှုပ်ရှားမှုကြီးဖြစ်လာမယ်လို့ မတွက်ခဲ့ကြပါဘူး။ သံဃာလှုပ်ရှားမှုကြီးကို နအဖက နှိမ်နင်းလိုက်တော့ နာဂစ် မုန်တိုင်းကြီးဖြစ်လာမယ်လို့ ဘယ်သူကမှ မစဉ်းစားမိခဲ့ကြဘူး။ နအဖကို ပွဲသိမ်းစေတဲ့လှိုင်းလုံးကြီးတွေပါ။ ကျနော်တို့လက်ဦးမှု ကင်းမဲ့ခဲ့တယ်။

ဒီတခါလည်း ဧရာမလှိုင်းလုံးကြီးကလာနေပါပြီ။ လှိုင်းလုံးကြီးကတော့ စီးပွားရေးပျက်ကပ်လှိုင်းလုံးကြီးဖြစ်ပါတယ်။ အမေရိကန်နယူး ယောက်မြို့က စတော့ရှယ်ရှာဈေးကွက် ပျက်ရာကစလိုက်တဲ့ ငွေကြေးအကြပ်ရိုက်မှုကတကမ္ဘာလုံးကို အပြင်းထန်ရိုက်ခတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလှိုင်းကအမေရိကန်ကိုလည်း မညှာသလို တရုတ်ကိုလည်းအလွတ်မပေးပါဘူး။ အမေရိကန်ဈေးကွက်ကိုရော၊ တရုတ် ဈေးကွက်ကိုလည်း မညှာပါဘူး။ အမေရိကန်ဈေးကွက်ဝယ်လိုအား ကျဆင်းမယ်။ တရုတ်ပြည်မှာစက်ရုံတွေ ထုတ်လုပ်မှုကျဆင်းလာ နိုင်တယ်။ မြန်မာပြည်လို ကုန်ကြမ်းပို့စားနေတဲ့ နိုင်ငံတွေရဲ့ကုန်ကြမ်းတွေ (သစ်၊ဆန်၊ ပဲ၊ ရေနံ၊ သဘာဝဓါတ်ငွေ့) ဒလဟောဈေးကျ ဆင်းလာတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရလဒ်ကတော့အာရှမှာ အလုပ်လက်မဲ့ပြသာနာက နိင်ငံရေးမတည်မငြိမ်မှုတွေ အဆက်မ ပြတ်ဖြစ်လာမှာပဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနိင်ခြင်းမနိင်ခြင်းကို ကျနော်စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာကတော့ မဟာစီးပွားပျက်ကပ် အတွက် နအဖ မှာ ဘာအစီစဉ်မှာ မရှိဘူးဖြစ်နေခြင်းဖြစ်ပါတယ်။ နပိုလီယံပြောခဲ့သလိုပဲ စစ်တပ်က အစာအိမ်နဲ့ချီတက်တာဆိုတာကို ဒီနေ့ဗိုလ်ချုပ်တွေမေ့နေပါတယ်။ နအဖ ၀န်ကြီးချုပ်သိန်းစိန်ကတော့ မြန်မာပြည်မှာအလုပ်အကိုင်တွေ အများကြီးရှိတယ်။ အလုပ်သ မားတွေပြန်လာနိင်တယ်လို့ ဆိုပါတယ်။ အလုပ်တွေပေါတာသေချာတယ်။ ဒါပေမဲ့အလုပ်ထက်ပိုပေါတာကတော့ လုပ်အားခဖြစ်နေခြင်း ဖြစ်ပါတယ်။ တနေကုန်လုပ်လို့ ထမင်းတနပ်ဖိုး မရတဲ့လုပ်ခဖြစ်နေပါတယ်။ ဒီတော့ သိန်းစိန်ပြောသလို့ အလုပ်သမားတွေပြန်လာမှာပါ။ ရိုးရိုးလာမှာတော့မဟုတ်ဘူး။ သူခေါင်းကိုရိုက်ခွဲဖို့ ပေါက်တူးတွေ၊ တူးရွင်းတွေကိုင်ပြီးပြန်လာခဲ့တော့မှာ မဝေးတော့ဘူးလို့ဆိုပါရစေ တော့။

မမြင်ရတဲ့ လှိုင်းကြီးလုံးကြီးက ပစိဖတ်သမုဒ္ဒရာကိုဖြတ်ပြီး မြန်မာပြည်ကိုဦးတည်နေပါပြီ။ ဒီလှိုင်းကြီးကြွလာမယ်။ ဒီလှိုင်းကြီးကိုပစ် မှတ်ကိုထိအောင် ကျနော်တို့ ဦးတည်ပေးရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝမဲမပေးကြနဲ့အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ကျနော်တို့ လှုံ့ဆော်ရမှာဖြစ်ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ထွက်ပေါက်မဟုတ်။ ထွက်ပေါက်အမှန်ကတော့ စစ်အာဏာရှင်စနစ် ကိုဖြိုချပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုတဲ့ လူထုလှုပ်ရှားမှုအတွက် ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းကြရမယ်။

မိုးသီးဇွန်
(ဒီဇင်ဘာ၊ ၂၀၀၈)
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့ E Book မှ
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ငင်းတောင်းဆိုချက်
ကျော်ဗလ
၁၅ ဒီဇင်ဘာ ၂၀၀၉


ဒီလပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံရေးလောကကို ဂယက်ထသွားစေတဲ့ လှုပ်ရှားမှုလေးတွေ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့တယ်လို့ ဆိုရမလိုပါပဲ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကနေ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ် ခရီးစဉ်အထိပေါ့။ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Sanction နဲ့ ပတ်သက်တဲ့ ဗိုလ်သန်းရွှေထံပေးစာ၊ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဆွေးနွေးမှု၊ စီအီးစီအဖွဲ့နဲ့ တွေ့ဆုံခွင့်၊ ကာ့တ်ကမ်ဘဲလ်အဖွဲ့နဲ့ ဆွေးနွေးမှု … စတဲ့လှုပ်ရှားမှု တွေဟာလည်း ရှိနေခဲ့တယ်။ ခုနောက်ဆုံး တိုင်းပြည်ရဲ့ ကောင်းရာကောင်းကြောင်း အတွက် နအဖနဲ့ ပူးဆောင်ရွက်နိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေး ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့လိုက်တယ်လို့ မီဒီယာတွေက ဆိုပြန်ပါတယ်။ ဒီသတင်း မီဒီယာတွေထဲ ပါလာချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာမိတ္တူကို စီအီးစီအနေနဲ့ လက်ခံဆွေးနွေးရခြင်း မရှိကြသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ နအဖပြန်ကြားရေးအဖွဲ့ရဲ့ ရေနှောက် ငါးခြောက်လိုက်တဲ့ လှန့်လုံးတွေကြောင့် မြန်မာ့နိုင်ငံရေး အင်အားစုတွေ အတွင်းမှာ ‘အချက်မသိတော့ သမက်သူခိုးထင်’ ဆိုတာလို ယုံထင်ကြောင်ထင် အမြင်တွေ ပေါ်လာခဲ့ပါတယ်။ နအဖနဲ့ အန်အယ်လ်ဒီ ပူးပေါင်းဆောင်ရွက်ကြတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး Sanction ကိုလည်း ရုပ်သိမ်းကြတော့မယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီလည်း ပါဝင်တော့မယ် … စတဲ့ ထင်ယောင်ထင်မှား စကားများစွာ ကြားလာခဲ့ကြရပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးပေးစာဆိုတာ ဗိုလ်သန်းရွှေဆီကို သီးသန့်လိပ်မူထားတဲ့ တဦးချင်း ပုဂ္ဂိုလ်ရေး မေတ္တာရပ်ခံစာ မဟုတ်ပါဘူး။ Sanction ပြဿနာဖြေရှင်းရေးအတွက် နောက်ဆက်တွဲ အကြောင်းကြား အသိပေးစာ သာ ဖြစ်ပါတယ်။ ဒီစာထဲမှာ အဓိကတင်ပြထားတဲ့ အကြောင်းအချက် (၂) ရပ် ရှိပါတယ်။

၁။ အန်အယ်လ်ဒီပါတီကို ပြန်လည်စည်းရုံးဖွဲ့စည်းခွင့်ရရှိရေး။

၂။ တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးအလို့ငှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေးတို့ ဖြစ်ပါတယ်။

ပထမကိစ္စဖြစ်တဲ့ အန်အယ်လ်ဒီပါတီကို ပြန်လည်စည်းရုံးဖွဲ့စည်းခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတယ် ဆိုတာ အလုပ်မရှိဘဲ ကြောင်ရေချိုးပေးတာ မဟုတ်ပါဘူး။ အကြောင်းရှိပါတယ်။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေး အတွင်း မီဒီယာဆရာများနဲ့ တွေ့ဆုံရာမှာ နအဖရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဆိုသူက ‘တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကသာ ပါတီစည်းရုံးရေး တခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်ဖို့ သဘောတူတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဆိုတာ ဖြစ်နိုင်ပါတယ်’ လို့ ပြောသွားခဲ့ပါတယ်။

ဒီသဘောထားကို အကြောင်းပြုပြီး မလွဲမသွေဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ပါတီပြန်လည်စည်းရုံးဖွဲ့စည်းရေး လုပ်ပိုင်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က အမိအရ တောင်းဆိုလိုက်ပုံရပါတယ်။ ဒီလိုပါတီစည်းရုံးဖွဲ့စည်းခွင့်ကို တောင်းဆိုရာ မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကိစ္စ (၂) ရပ်ကို အလေးထားတင်ပြခဲ့ပါတယ်။ တခုက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နဲ့ စီအီးစီအဖွဲ့ဝင် ဦးလွန်းတင်တို့ကို သွားရောက်ဂါရ၀ပြုခွင့်ပေးဖို့ပါ။ ဆိုလိုတာကတော့ အသက် (၉၀) တန်းတိုင်သည်အထိ ပါတီတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး အရွယ်နဲ့ကျန်းမာရေးအရ အနားပေးသင့်ပြီဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို သွားရောက်ဂါရ၀ပြုလိုတဲ့ဆန္ဒ ဖြစ်ပုံရပါတယ်။

နောက်ကိစ္စတခုကတော့ ပါတီပြန်လည်စည်းရုံးဖွဲ့စည်းရေးအတွက် အမြဲတမ်း စီအီးစီအဖွဲ့ဝင်တွေနှင့် တွေ့ဆုံဆွေးနွေးခွင့်ရဖို့ပါ။ ဒီအထဲမှာ မူလစီအီးစီလက်ကျန် (၄) ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ တိုးချဲ့ (၂) ဦးနဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ ပါဝင်နိုင်ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်ရဲ့ မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအီးစီတို့ တွေ့ဆုံဆွေးနွေးခွင့်ပေးရာမှာ ဦးတင်ဦးကို ပါဝင်ခွင့်မပေးခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဖို့ ငြင်းပယ်ခဲ့ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦးကို စီအီးစီအဖွဲ့ဝင်ထဲမှာ မဖြစ်မနေ ပါဝင်စေပါလိမ့်မယ်။ အာဆီယံမှာ ဦးသိန်းစိန် ပြောတဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အတော်ပျော့ပျောင်းသွားပါပြီ’ ဆိုတဲ့ မှတ်ချက်ဟာ ဟန်ပန်သဘောထားအနေနဲ့ မှန်ကောင်းမှန်နိုင်ပါတယ်။ မူအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့အထိ ရှင်းလင်းပြတ်သားဆဲသာ ဖြစ်ပါတယ်။

ဒုတိယအကြောင်းအချက်ဖြစ်တဲ့ ‘တိုင်းပြည်ရဲ့ကောင်းရာကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုရေး တောင်းဆိုချက်’ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ရဲဝံ့စွာကမ်းလှမ်းလိုက်တဲ့ လက်ဖြစ်ပါတယ်။ အခုလို ရဲဝံ့၊ ပြည့်ဝစွာ ကမ်းလှမ်းလိုက်တဲ့ ရွှေလက်ကို ရိုင်းပျကြမ်းတမ်းစွာ ခါချလိုက်မယ်ဆိုရင်တော့ တိုင်းပြည်ဟာ အမျိုးသားအထွေထွေပျက်သုဉ်းရေးဆီကို မုချ ဦးတည်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မတိုး၊ နောက်မဆုတ်သာနဲ့ သောင်မတင်ရေမကျ ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရေးအတွက် သော့ချက်ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်မှု တည်ဆောက်နိုင်ရေး ဖြစ်နေလို့ပါပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ပထမဆုံးလှမ်းရမယ့် ခြေလှမ်းဟာ တွေ့ဆုံဆွေးနွေးရေး Dialogue သာဖြစ်ပါတယ်။ အခုလို နိုင်ငံရေးပြဿနာတွေ အချိန်မီ ဖြေရှင်းနိုင်ဖို့ အရေးတကြီး လိုအပ်နေချိန်မျိုးမှာ ကြားပွဲစားတွေ ထားမနေဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့လို အဆုံးအဖြတ်ပေးနိုင်သူချင်း မျက်နှာချင်းဆိုင် စကားပြောလိုက်ကြတာ အကောင်းဆုံးနည်းလမ်းပါပဲ။

Dialogue လုပ်ကြပြီဆိုရင် အပြန်အလှန် နားလည်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ ပျော့ပျောင်းအပေးအယူရှိမှု စတဲ့ အခြေခံသဘောထားတွေ နှစ်ဦးနှစ်ဘက်မှာ ရှိကြဖို့လိုပါလိမ့်မယ်။ ဒီသဘောထားအခြေခံပေါ်မှာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဘာတွေတောင်းဆိုပြီး ဘာတွေ လိုက်လျောမှာလဲဆိုတဲ့ အပေးအယူကိစ္စဟာ အခရာကျသလို ဘယ်လောက်တောင်းဆိုပြီး ဘယ်လောက် လိုက်လျောမှာလဲဆိုတဲ့ အတိုင်းအတာကိစ္စကလည်း အရေးပါနိုင်ပါတယ်။ Dialogue မလုပ်ခင်မှာ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေ ရှင်းလင်းထားဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီအီးစီအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းခွင့်ကို တောင်းဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖြစ်ထွန်းစေချင်သူတွေအနေနဲ့ သမာသမတ် ကျစွာ ဘက်မလိုက်ဘဲ ပြောကြစတမ်းဆိုရင် ‘သူမသာ ကိုယ်မနာ’ သဘောထားနဲ့ ရိုးသားစွာ ပူးပေါင်းဆောင်ရွက်လိုတဲ့သဘောထား အမှန်သာရှိကြရင် မအောင်မြင်နိုင်စရာ ဘာမှမရှိပါဘူး။ ‘ငါ့စကား နွားရ’ သဘောထားနဲ့ အထက်စီးကနေ ‘ကျားကျားမီးယပ်’ ပဲ လုပ်နေကြရင်တော့ အဆင်မပြေနိုင်ပါဘူး။ တကယ်တမ်း နအဖနဲ့ အန်အယ်လ်ဒီတို့ အပေးအယူညှိနှိုင်းလုပ်ကြရမယ့် အရင်းခံပြဿနာဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ ရွှေဂုံတိုင်ကြေညာချက်ပါ။ သဘောထားအကြား ကွာဟချက်တွေ စေ့စပ်ညှိနှိုင်းယူကြဖို့ပါ။ တကယ်တော့ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို ပြည်သူ (၉၀) ရာခိုင်နှုန်းကျော်က ထောက်ခံထားတာဖြစ်သလို ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ဆိုတာကလည်း ပြည်သူ (၈၀) ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးထားတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြဿနာကို သုံးသပ်ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်သလို ၉၀ ပြည့်နှစ် ရလဒ်ကိုလည်း တစုံတရာ အသိအမှတ်ပြုရေးအတွက် ဆွေးနွေးညှိနှိုင်းကြဖို့ မုချလိုအပ်ပါလိမ့်မယ်။ ဒီနိုင်ငံရေး ဆက်ထုံးကို ပြေလည်အောင် ညှိနှိုင်းဆွေးနွေး၊ အပေးအယူလုပ်နိုင်ကြပြီဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အောင်မြင်ပါလိမ့်မယ်။

နအဖမှာ တကယ်တမ်း အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောထားရှိရိုးမှန်ရင် ဒီဆက်ထုံးကို ဖြေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၉၀ ပြည့်နှစ်ရလဒ်ကို ကိုယ်စားပြုထားတဲ့ ‘လွှတ်တော်ကိုယ်စားပြုကော်မတီ’ ဆိုတာ ရှိထားပြီးဖြစ်ပါတယ်။ နအဖအနေဖြင့် ဒီလွှတ်တော်ကိုယ်စားပြုကော်မတီကို အသိအမှတ်ပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ညှိနှိုင်းရေးအတွက် စီစဉ်ဆောင်ရွက်ပေးလို့ရပါတယ်။ ၉၀ ပြည့်နှစ်က ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒသဘောထားမပါဘဲ ဇွတ်အဓမ္မ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရွှေပန်းကန်လို သဘောထားပြီး တပြားသားမှ အပွန်းအပဲ့မခံဘူးလို့ ပိုင်းဖြတ်ထားရင်တော့ ဘယ်နိုင်ငံရေးပြဿနာမှ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ဖြေရှင်းလို့မရတဲ့အပြင် အခြေအနေတွေသာ ပိုမိုဆိုးဝါးရှုပ်ထွေး ပြင်းထန်လာစရာရှိပါတယ်။

တကယ်တော့ ကိုးကန့်ဒေသပြဿနာဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံက မွေးထုတ်ပေးလိုက်တဲ့ အရှုပ်အထုပ်တွေရဲ့ ပွဲဦးထွက် စံနမူနာတရပ်သာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ပါလာမယ့် ပြဿနာပေါင်းများစွာကလည်း တန်းစီစောင့်နေပါပြီ။ ပြည်တွင်းစစ် သံသရာ ပြန်လည်စေမည့် အမျိုးသားပြန်လည်တိုက်ခိုက်ရေးကို ရှောင်ရှားချင်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရပါလိမ့်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို သုံးသပ်ပြင်ဆင် ရပါလိမ့်မယ်။ ဒါဟာ တိုင်းပြည်ရဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအင်အားစုအသီးသီးက လိုလားနေကြတဲ့ လက်ငင်း တောင်းဆိုချက်သာ ဖြစ်ပါတယ်။


http://www.khitpyaingnews.org/articles/Dec09/151209.php
WTO by Khin Ma Ma Myo

Syardaw U Zawana


အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ

မန္တလေးကျောင်း၊ ရွှေပြည်သာမြို့ ၊ ရန်ကုန်တိုင်း
Sayardaw U Zawana was born in DikeU.U Zawana is the Abbot of the Shwe Pyi Thar Monestry in Yangon.He had been sentenced to prison in Taungoo prison for tweleve years.The authorities shut down the monestry and didn't allow the Sayardaw his monestry.Sayardaw had been abused by the local authorities and military inteligence and finall escaped to Thailand.Sayardaw had to faced a lot of difficulties and We would like to request to donate Sayardaw U Zawana.For more information on Sayardaw U Zawana,please contact Khin Maung Win at -
001- 941-961-2622

Also you can doante to Sayardaw U Zawana through Burma Democratic Concern (BDC)and Please do contact us.

You can watch Sayadaw Ashin Zawana's video on the following URL

http://www.dhammadownload.com/Ashin-Zawana-Video.html

SONG WRITER YAR PYAY PASSED AWAY AT SF GENERAL HOSPITAL





Burma Democratic Concern's deepest condolecences on the loss of the song writer singer Ko yar pyay who is the writer of the famous Burmese songs Pan khayanpyar,"Amay" sung by Htoo Ein Thin.
He is also the close friends of famous singers Ko Mon Aung,Ko Khin Mg Too and Ko Khine Htoo.One of his close friend Ko Khin Mg win ,who is also the director of Burma Democratic Concern (BDC) in USA said that they will wait for ninety days until all of his friends from all around the world could heard this news. He and his colleagues can manage for those who want to come to USA for Ko Yar pyay's funeral. The funeral services will commence after ninety days.

Friends of Ko Yar Pyay and all who wants to know more information on this can contact
Ko Khin maung win -
274 Capp St. Mission, Between 17th & 18th Street. San Francisco

Please kindly pass this message to Ko Yar Pyay's friends.Thank you very much.

SONG WRITER YAR PYAY PASSED AWAY AT SF GENERAL HOSPITAL



တေးရေး ရာပြည့် (၅၃ နှစ်) ဆန်ဖရန်စစ္စကိုဆေးရုံကြီးတွင် ကွယ်လွန်



မိုးမခရွာဆော်ကြီး



ဒီဇင်ဘာ ၉၊ ၂၀၀၉



၎င်း၏ မိတ်ဆွေတဦးဖြစ်သူ (ကို)ခင်မောင်ဝင်းက အကြောင်းကြားသဖြင့် အောက်ပါအတိုင်း တင်ပ်ြလိုက်ပါသည်။ ယခင် ၁၉၈၈ မတိုင်မီက မြန်မာပြည်တွင် မဇ္ဈိမလှိုင်းဂီတ၀ိုင်းတော်သားများ၊ အဆိုတော် ခိုင်ထူး၊ အဆိုတော် မွန်းအောင်တို့နှင့်အတူ တေးရေးဆရာတဦးအဖြစ် ရပ်တည်ခဲ့သူ (ကို) ရာပြည့်သည် ယနေ့နေ့ခင်း ၂ နာရီခွဲခန့်တွင် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားနယ်၊ ဆန်ဖရန်စစ္စကိုပြည်သူ့ဆေးရုံကြီးတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားသည်ဟု ဆိုသည်။




ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်ခန့် ရှိပြီဟု ခန့်မှန်းသည်။ တေးရေးဆရာတဦးဖြစ်သူ (ကို) ရာပြည့်သည် ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားအရေးအခင်းတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးသီချင်းများ စတင်ရေးသားခဲ့သည်ဟု ဆိုသည်။ ထိုအရေးအခင်းကို အစွဲပြုပြီး ရာပြည့်ဟု အနုပညာအမည်ကို ယူခဲ့သည်ဟု မကွယ်လွန်မီ ၆ လခန့်က ၎င်းငှားရမ်းနေထိုင်သည့် အခမ်းနီးဖော် (ကို) ခင်မောင်ဝင်းကို ပြောခဲ့သည်ဟု ဆိုသည်။ အဆိုတော် (ကို) မွန်းအောင်၊ တေးရေး ကိုရဲလွင်တို့နှင့် အလွန်ရင်းနှီးသည်ဟု ပြောခဲ့သည်ဟု သိရသည်။ ၁၉၈၈ နောက်ပိုင်း အမေရိကန်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ကြောင်း၊ အိမ်ထောင်ကွဲခဲ့ပြီး ဖြစ်သည်ဟု ထင်ကြောင်း ၎င်းနောက်ဆုံးအချိန် ဆေးရုံတွင် အဖော်ပြု စောင့်ရှောက်ပေးသူ မိတ်ဆွေ ကိုခင်မောင်ဝင်းက ပြောသည်။


ဆန်ဖရန်ဆေးရုံကြီးက ၎င်းမိသားစုဝင်များ၊ သက်ဆိုင်သူများ လာရောက်သဂြိုလ်နိုင်ရန် အချိန် ၃ လ အထိ ရုပ်အလောင်းကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း၊ မိမိတို့ အခမ်းဖော်မိတ်ဆွေများ စုဝေးကြပြီး သက်ပျောက်ဆွမ်းနှင့် ရက်လည်ဆွမ်း သွတ်နိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ကိုခင်မောင်ဝင်းက မိုးမခသို့ ပြောကြားသည်။



ထင်ရှားသောသီချင်းများအနက် အချို့မှာ နဒီမင်္ဂလာ၊ အဝေးဆုံးနှင့် လမ်းနှစ်သွယ် တို့ဖြစ်သည်။ ၎င်းရေးသားခဲ့ပြီး ထူးအိမ်သင် သီဆိုခဲ့သော ထင်ရှားသည် သီချင်းတပုဒ်ကို အမှတ်တရအဖြစ် သည်မှာ ကြည့်နိုင်သည်။ သီချင်းခေါင်းစဉ် - အမေ၊



http://entertainment.phoewa.com/entertainment/music-lyrics.aspx?id=alb4&link_id=alb4-11



SONG WRITER YAR PYAY PASSED AWAY AT SF GENERAL HOSPITAL



INVITATION TO SWAN OFFERING FOR THE PASSING OF YAR PYAY


နာရေး


Thursday, 10 December 2009


တေးရေး တေးဆို “ရာပြည့်” ကွယ်လွန်ခြင်း ရက်လည်ဆွမ်းကျွေး ဖိတ်ကြားစာ



အဖ ဦးဘာဘာ၊ မိခင်ဒေါ်တင်တင်လှတို့၏ သားအငယ်ဆုံး၊ ကိုခင်မောင်ဆွေ၊ မမြင့်မြင့်ဆွေ၊ ကိုဖုန်းမြင့်ဆွေ၊ မမူမူဆွေတို့၏ မောင်၊ ညီငယ် ဖြစ်သူ - တေးရေး တေးဆို ဂီတပညာရှင် “ရာပြည့်” - ဒီဇင်ဘာ ၉ ရက်နေ့က အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် ကွယ်လွန်ခဲ့ကို ရည်စူးပြီး ကျန်ရစ်သူ အဝေးရောက်မိသားစုများကိုယ်စား၊ ဆန်ဖရန်မြို့နေ မိတ်ဆွေ သူငယ်ချင်း မြန်မာမိသားစုများက မြန်မာဗုဒ္ဓဘာသာ ထုံးတမ်းနှင့်အညီ ရက်လည်ဆွမ်းသွတ် တရားနာကြမည် ဖြစ်ရာ ဆွမ်းကျွေးသို့ မိတ်ဆွေများအား လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။



ဒီဇင်ဘာ ၁၅၊ ၂၀၀၉၊ အင်္ဂါနေ့၊



ဆွမ်းကပ် တရားနာ - မနက် ၁၀ နာရီမှ ၁၂ နာရီ



နေရာ - 274 Capp St. Mission, Between 17th & 18th Street. San Francisco.



ရက်လည် ဆွမ်းကျွေး - တနေ့တာ နေ့လည်စာနှင့် ညစာ မြန်မာထမင်းဟင်း ကျွေးပါမည်



နေရာ - Little Yangon Burmese Restaurant, 6318 Mission St, Daly City, CA 94014



ထမင်းဟင်း ဆွမ်း အလှူရှင် - ကိုဂရိတ်၊ မချယ်ရီ



ဆက်သွယ်ရန် - ကိုခင်မောင်ဝင်း၊ ဖုံး - ၉၄၁ - ၉၆၁ - ၂၆၂၂






Thanks to Moemaka for the Ko Yar Pyae Biography-
http://moemaka.com/index.php option=com_content&task=view&id=5370&Itemid=113

Wednesday, 16 December 2009

Invitation Letter of Burma Conference in London

Dear All,

Please spread this event for us,as we apologise for the short notice due to unforeseen circumstances.Than you very much.


Invitation to Burma Conference on “SPDC 2008 Constitution & its Consequences” to be held in London, UK on D...

Tuesday, 15 December 2009

Unodc Report
VOB740KK
ITUC Report

Monday, 14 December 2009

Gw 8-2009 Statement Bur
National Liberation Struggle by Free Burma Federation

Please support This

လာမယ့် ၂၀ . ၁၂ . ၂၀၀၉ (တနင်္ဂနွေနေ့) မှာ ကျွန်တော်တို့ DOI Poetry Club က လူငယ်တွေစုပေါင်းပြီးတော့
“အလင်းပျိုးမယ့်လက်များ” ကဗျာရွတ်ပွဲလေးကို ကျင်းပပါမယ်။ ဒီကဗျာရွတ်ပွဲဟာ HIV AIDS ရောဂါဝေဒနာကို ခံစားနေကြရတဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေအားလုံးကို ရည်စူးတဲ့ ရန်ပုံငွေပွဲလေးတစ်ပွဲဖြစ်လာမှာပါ။
ကျွန်တော်တို့ ဒီကလေးငယ်တွေအတွက် စာနာနားလည်မှုနဲ့ရေးထားတဲ့ ကဗျာလေးတွေရွတ်ကြပါမယ်။ နောက်ပြီး ဒီပွဲအတွက် အမှတ်တရ T-Shirt တွေရောင်းပေးပါမယ်။ T-Shirt ရောင်းရငွေတွေကို ၂၅ ရက်နေ့မှာ “သုခရိပ်မြုံ မိဘမဲ့ကလေးဂေဟာ” ကိုသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် အလှူငွေသီးသန့်ထည့်ချင်တယ် ဆိုရင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ ကဗျာရွတ်ပွဲနေ့မှာ တက်ရောက်လာသူတွေကို ကော်ဖီတိုက်ပါမယ်။ နောက်ပြီး တက်ရောက်သူတွေပါ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်နိုင်မယ့် “ထူးထူးခြားခြား Performance” အစီအစဉ်လေးတစ်ခုကိုလည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ကဗျာရွတ်ပွဲကို တက်ရောက်ဖို့အတွက် ဖိတ်စာနဲ့တကွ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။ နေရာက စိမ်းလန်းစိုပြေဥယျာဉ်ထဲက Zephyr မှာပါ။
SYCB Monthly Bulletin for November(Vol.3, Issue-34)

For Students From Myanmar

SGPA Application 2010-2011

Friday, 11 December 2009

The Best Manure 2
NLD CEC BIO

Myo Thein Speech on International Human Rights Day

မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး
via ပုထုဇဉ် မှတ်တမ်း by Pu-htu-zin on 8/24/07

(က) မိတ်ဆက်

စာရှုသူ အပေါင်း ခေါင်းစဉ်ကိုဖတ်ပြီး “ဘာကြီးပါလိမ့်” လို့ ထင်စရာ ရှိပါတယ်။ နပ်သူ၊ လျင်သူ စာဖတ်သူများကတော့ “ငပုတစ်ယောက် အပေါက်ဖာ နေပြီ” လို့ သိကြမှာပါ။ ဘယ်အပေါက် ဖာတယ် ထင်ပါသလဲ၊ ရှင်းပါတယ်၊ အခုတလော ကျွန်တော့် ဘလောဂ်မှာ အရေးများတဲ့ “မြန်မာပြည်မှာ သွားသွားလာလာ” လိုစာမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စတချို့ပေါ့။ ဒါဖြင့်ရင် ဘာအပေါက်လဲ၊ ကျွန်တော်ဆိုလိုတဲ့ “အပေါက်” pitfall ဆိုတာက ကျွန်တော်တို့တတွေ မြန်မာပြည် နိုင်ငံရေး (စကားလုံးကတော့ အကြီးကြီးပဲ၊ အမှန်ဆိုလိုတာက ကျွန်တော်တို့လို သာမန်ပြည်သူများ အနေနဲ့ သိသင့် သိထိုက်တဲ့ ကိစ္စရပ်တွေကိုသာ ဆိုလိုတာပါ၊ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး) အကြောင်း လေ့လာတဲ့ ခရီးမှာ ကြမ်းကျွံပြီး အန္တရာယ်ဖြစ်နိုင်တဲ့ တွင်းပေါက် ထောင်ချောက်များ အကြောင်းပါ၊ အဲဒီအပေါက်တွေကို ဖာထေးဖို့၊ မဖာနိုင်တောင် အနည်းဆုံးတော့ ရှိကြောင်း အသိပေးချင်လို့၊ ဒီတခါတော့ လူပုသလောက် အမြင့်ကြီး မှန်းပြီး ကြိုးစား လက်တည့် စမ်းကြည့်လိုက်ပါတယ်။ ကျွန်တော်က ဒီ “မြန်မာပြည်မှာ သွားသွားလာလာ” လို စာမျိုးကို ဘာသာပြန်တယ်၊ ဟိုဟာ သိသင့်တယ်၊ ဒီဟာ သိသင့်တယ်၊ လူငယ်တွေ လေ့လာရမယ်၊ ဘာဘာညာညာ လျှောက်ပြောမိတဲ့အတွက် လေ့လာရင်လည်း လေ့လာတဲ့ ခရီးလမ်းမှာ ဖြစ်တတ်တဲ့၊ တချို့ ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးတဲ့၊ အန္တရာယ်တွေ အကြောင်းကိုပါ ရေးဖို့ တာဝန်ရှိတယ်လို့ ထင်လို့ ဒီလိုစာမျိုး ရေးတာပါ။ ဒါ့ကြောင့်လည်း “မသိခြင်းနှင့် သိခြင်းတို့၏ အန္တရာယ်များနှင့် လေ့လာမှုခရီး” လို့ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်လိုက်မိတာပါ။

(ခ) မသိခြင်း၏ အန္တရာယ်

မသိခြင်း၏ အန္တရာယ်ကတော့ ရှင်းပါတယ်၊ မြန်မာပြည်မှာ ဖြစ်နေတဲ့ အကျပ်အတည်း၊ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ အကျပ်အတည်း၊ အကြောင်း မသိတဲ့လူတွေ များလေလေ၊ အဲဒီ မသိသူ ကျွန်တော်တို့လို သာမန်ပြည်သူအများရဲ့ အကြားအမြင် ဗဟုသုတ နည်းပါးမှုအပေါ် အခွင့်ကောင်းယူပြီး လက်တစ်ဆုပ်စာ လူတစ်စုက သူတို့ လုပ်ချင်တာလုပ်လို့ “ကျော” သွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့တတွေရဲ့ ဒုက္ခကို အလေးမထားဘဲ သူတို့အတွက်၊ သူတို့လုပ်ချင်ရာသာ လုပ်သွားကြမှာပဲ။ အဲဒီလို အလုပ်မခံနိုင်ဘူး၊ အဲဒီလို အကျော မခံချင်ဘူး ဆိုရင် ကျွန်တော်တို့အနေနဲ့ သိသင့် သိထိုက်တာတွေကို သိရမယ်၊ လေ့လာရမယ်။ “မ အ အောင် သမိုင်းသင်ရမယ်” လို့လည်း ဆရာတွေက ပြောခဲ့ကြတယ် မဟုတ်လား၊ “သမိုင်းထဲမှာ အိပ်ပဲ မနေဖြစ်အောင်” တော့ သတိထားရမှာပေါ့။ မသိခြင်းရဲ့ အန္တရာယ်က ရှင်းလွန်းတော့ ဒါနဲ့ ပတ်သက်ပြီး ဘာဆက်ရေးရမှန်းကို မသိတော့ပါ။

(ဂ) သိခြင်း၏အန္တရာယ်များနှင့် လေ့လာမှုခရီး

အဲဒီလို မသိခြင်းရဲ့ အန္တရာယ်တွေကို ရှောင်ရှားလိုလို့ သိဖို့ လေ့လာတဲ့ အခါမှာလည်း အဲဒီ လေ့လာတဲ့ ခရီးမှာ အန္တရာယ် တွင်းပေါက်တွေက ရှိနေပြန်တယ်။ မြန်မာ့ နိုင်ငံရေးကို လေ့လာတဲ့ သာမန်ပြည်သူ လူကြီးလူငယ်မရွေး၊ အထူးသဖြင့် ပညာတတ် လူလတ်တန်းစားများ၊ ဖြစ်လေ့ရှိတဲ့၊ ဖြစ်ရိုးဖြစ်စဉ်လို့တောင် ပြောလို့ရတဲ့ ပုံစံကို ကျွန်တော် မြင်သလို ပြောကြည့်ပါမယ်။ ဘယ်လောက်ထိ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သလဲဆိုတာ စာရင်းနဲ့ အင်းနဲ့တော့ ကျွန်တော် သုတေသန လုပ်မပြနိုင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော့် ပြည်တွင်း ပြည်ပ ပတ်ဝန်းကျင်မှာ တွေ့နေရတာတွေကို ပြောပြတာပါ။

ပထမအဆင့်က မသိခြင်းနဲ့ လက်ရှိဘ၀ကို မကျေနပ်ခြင်းက စ ပါတယ်၊ ဘာတွေ ဖြစ်နေသလဲ သိပ်မသိပါ၊ ဒါပေမယ့် လက်ရှိဘ၀ကိုတော့ မကျေနပ်ပါ၊ ဒုက္ခသုက္ခတွေက သိသာ ထင်ရှားလွန်းပါတယ်၊ (အသက်ငယ်သူတချို့၊ ကျွန်တော် ထပ်ပြောပါတယ် တချို့ လိုပဲ ပြောတာပါ၊ ဆိုရင် လက်ရှိ အခြေအနေဟာ ပုံမှန်လို့ပဲ ထင်တယ်၊ ဘာလို့လဲဆိုတော့ လက်ရှိကလွဲလို့ တခြားနေရာ၊ တခြားဖြစ်နိုင်ခြေ စတာတွေကို ဘာမှမသိလို့၊ အင်္ဂလိပ်လို ပြောကြတာကတော့ they don’t know any better ဆိုပါတော့၊ အဲဒါကိုတော့ ပထမအဆင့် မတိုင်မီ သုည အဆင့်လို့ပဲ ခေါ်ကြပါစို့။ ကျွန်တော်တို့လည်း မဆလခေတ် ကလေးဘ၀တုန်းက ဒီလိုပဲ ထင်ခဲ့ကြတာ မဟုတ်ပါလား။)

ဒုတိယအဆင့်က ပထမအဆင့်မှာ ရောက်နေတဲ့ လူလတ်တန်းစား မြန်မာတွေဟာ လက်ရှိဘ၀က ဒုက္ခတွေကို ကျော်လွှားရင်ဆိုင်ဖို့ ပြဿနာကို လေ့လာခြင်းက စပါတယ်၊ အထူးသဖြင့် နိုင်ငံရေး အကျပ်အတည်းအကြောင်း၊ သတင်းတွေ၊ စာအုပ်တွေ တတ်နိုင်သလောက်ဖတ်တယ်၊ ပြည်ပမှာ ရောက်နေတဲ့ သူတွေဆိုရင် လေ့လာစရာ စာအုပ်စာတမ်းကအစ တပုံတပင်၊ ပြည်တွင်းမှာကတော့ ရေဒီယိုတွေ နားထောင်တယ်၊ အစိုးရသတင်းစာတွေက ပြောတာကို စားသင့်တာစား၊ မြှောက်သင့်တာမြှောက်၊ ပြောင်းပြန်ယူသင့်တာယူပြီး အမှန်နဲ့ နီးစပ်အောင် လေ့လာကြတယ်။ (အစိုးရပြောတိုင်း ယုံလို့မရဘူး ဆိုတဲ့ ဘ၀ပေး အသိက ရှိတာကိုး။) အဲဒီ အဆင့်ကတော့ ဒုတိယအဆင့်ပေါ့၊

အဲဒီ ဒုတိယအဆင့်မှာ သိတန်သလောက် သိပြီးနောက်ကျတော့ လေ့လာသူရဲ့ ပင်ကိုယ် စရိုက်၊ မွေးဖွားကြီးပြင်းရာ ပတ်ဝန်းကျင်၊ လက်ရှိဘ၀ထဲက ပုဂ္ဂလိက အကျိုးစီးပွား စတာတွေအပေါ် မူတည်ပြီး လေ့လာသူတွေ လေ့လာမှုအပေါ် တုံ့ပြန်ပုံက မတူတော့ပါ။ အဲဒီ ဒုတိယအဆင့် သိတန်သလောက် သိပြီးနောက်မှာ အောက်ပါ အန္တရာယ်များကို ရင်ဆိုင်မိကြတယ်လို့ ထင်ပါတယ်။ အောက်ဖော်ပြပါ အန္တရာယ် တွင်းပေါက် လေးမျိုးထဲက တချို့ထဲကို ကျွန်တော် လုံးလုံးလျားလျားလည်း ကျဖူးတယ်၊ တချို့ထဲကို ကျွန်တော် ကျတော့မလိုလည်း ဖြစ်ဖူးတယ်၊ အစကတည်း ရှောင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီလိုပဲ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းများလည်း တွင်းအမျိုးမျိုးထဲကို ကျပုံ ကျနည်း အမျိုးမျိုးနဲ့ ကျကြတယ်။

(ဃ - ၁) ပထမ အန္တရာယ်တွင်းပေါက် (“ရှုပ်နေတာပဲ”)

ပထမဆုံး ကျွန်တော် သတိထားမိတဲ့ တွင်းပေါက်ကတော့ လန့်ပြီး ထုံသွားခြင်းပဲ။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအကြောင်း မသိလို့ သိအောင်လေ့လာတယ်၊ သိတော့ အကျပ်အတည်းက ကိုယ်ထင်ထားတာတက် အများကြီး ရှုပ်ထွေးတယ်၊ အန္တရာယ်များတယ် ဆိုတာ သိရတဲ့ အခါကျတော့ ထုံ သွားတယ်၊ လန့်သွားတယ်၊ နောက်ဆုတ်သွားတယ်။ ဥပမာ အခု ကျွန်တော် ဘာသာပြန်ပြန်နေတဲ့ “မြန်မာပြည်မှာ သွားသွားလာလာ” ကို ကြည့်ပါ၊ “ဗမာ အများစုဟာ ဒီမိုကရေစီရေးသည် တစ်ခုတည်းသော ပြဿနာ လို့ ထင်နေကြတယ် […] ကျုပ်တို့ အမြင်ကတော့ ဘယ်အစိုးရတက်တက် ဂရုမစိုက်ဘူး၊ အားနည်းလေ ကောင်းလေပဲ” ဆိုတဲ့ တိုင်းရင်းသား တစ်ယောက်ရဲ့ ပြောစကားကို ဖတ်မိသူ ပြည်မက ဗမာလူငယ်တစ်ဦးအနေနဲ့ ဘယ်လို ခံစားမိမလဲ၊ သူပြောတာ ဟုတ်သားပဲ၊ ဒီမိုကရေစီခေတ် ဆိုတဲ့ အချိန်ကတည်းက ပြည်တွင်းစစ်ကြီးက ဖြစ်ခဲ့တာ၊ မြန်မာ့ အကျပ်အတည်းက စစ်တပ်က အာဏာသိမ်းမှ စခဲ့တာ မဟုတ်၊ ရှေးကတည်း စခဲ့၊ ဖြစ်ခဲ့တာ၊ ပြဿနာက နိုင်ငံတော်အာဏာ တရားမ၀င် ယူထားတဲ့ အစိုးရ တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလာရင် ဘယ်လို ခံစားရမယ် ထင်ပါသလဲ၊ သေချာတာပေါ့၊ “အင်း… မလွယ်ပါလား” ဆိုတာက ပါလာမှာပါပဲ။ မလွယ်ပါလားရဲ့ နောက်ကနေ “ကိစ္စတွေ၊ လူတွေက ငါထင်သလောက် မရိုးရှင်းပါလား၊ ရှုပ်နေတာပဲ၊ ငါ့လို့ လူတစ်ယောက် ဘာများ လုပ်နိုင်မှာမို့လဲ၊ တော်ပါပြီ၊ ပိုနေမြဲ ကျားနေမြဲပဲ ကောင်းပါတယ်” ဆိုတဲ့ဆင်ခြေရလာပြီး လေ့လာတဲ့ ကိစ္စကို ရပ်ပစ်လိုက်တယ်၊ “Ignorance is a bliss” ဆိုတဲ့ စကားကို လိုက်နာပြီး မေ့ပစ်လိုက်ကြတယ်။ မသိတုန်းကလည်း မသိလို့၊ သိတဲ့အခါကျတော့လည်း ရှုပ်လို့ ဆိုပြီး ဒီကိစ္စကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ကြတယ်။ အဲဒီလို ဖြစ်သွားတာကို ကျွန်တော်ကတော့ လေ့လာမှုခရီးမှာ ပထမ အပေါက်ကျွံတယ်လို့ ပြောချင်တယ်။

ဒီအတွက် ကျွန်တော် ပြောချင်တာကတော့ ရိုးရိုးလေးပါပဲ၊ “ဇွဲ မလျှော့ပါနဲ့။” ရှုပ်တာ မှန်ပါတယ်၊ ကိုယ်က ရှင်းရှင်းလေး မြင်တတ်ဖို့ကသာ အရေးကြီးတယ်၊ အကုန်လုံးကို လိုတာထက် ပိုပြီး ရှင်းပစ်ဖို့၊ oversimplify လုပ်ပစ်ဖို့ ပြောတာမဟုတ်ပါ၊ ဒါပေမယ့် အနည်းဆုံး ကိုယ့်ရပ်တည်ချက်နဲ့ ပတ်သက်လို့ကတော့ ကိုယ်က ရှင်းနိုင်ရင် ရှင်းပါတယ်၊ မရှုပ်ပါ။ ဒီ ပထမ pitfall အပေါက်ထဲ ကျွံပြီး ဆက် မလေ့လာလို့ကတော့ အရင် လေ့လာသမျှလည်း အလကားဖြစ်၊ လက်တွေ့လည်း ဘာမှ အလုပ်မဖြစ်ဘဲ အဟောသိကံ ဖြစ်မှာပဲ။ ဇွဲမလျှော့ဘဲ ဆက်လေ့လာရင် ကိုယ်က ဘယ်လိုရပ်တည်ချက် ရှိရှိ၊ အမြင်တွေ ဘယ်လောက် ကွဲပြားကွဲပြား၊ “လက်ရှိ အခြေအနေသည် လက်မခံနိုင်သော အခြေအနေ” “လမ်းကြောင်းမှားနေတဲ့ အခြေအနေ” ဆိုတာကို လက်ခံလာလိမ့်မယ်၊ “လက်ရှိ ပုံစံနဲ့တော့ အနာဂတ် ချောက်ကျ ကြမယ်” ဆိုတဲ့ အသိကို ဆက်လက် လေ့လာသူ လူတိုင်း ရလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒီပို့စ်ရဲ့ နိဂုံးပိုင်းမှာလည်း ဒီအကြောင်း နည်းနည်း ထပ်ရေးပါဦးမယ်၊ အဲတော့ ဒီ ပထမတွင်းပေါက်နဲ့ ပတ်သက်လို့ကတော့ “ဇွဲမလျှော့ပါနဲ့၊ ဆက်လေ့လာပါ” လို့။ လျှော့လိုက်ရင်တော့ ကုန်ခဲ့သမျှ စွမ်းအင်တွေ အလဟဿဖြစ်ပြီး “လုပ် အလကား” ကြီး ဖြစ်တော့မှာပဲ။

(ဃ - ၂) ဒုတိယ အန္တရာယ်တွင်းပေါက် (“ဒီပုပ်ထဲက ဒီပဲ”)

နောက်တစ်ခုကတော့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ အန္တရာယ် တွင်းပေါက် ဖြစ်ပါတယ်။ လေ့လာရင်းနဲ့ အစိုးရ မကောင်းတာတွေအပြင် အစိုးရကို နည်းအမျိုးမျိုးနဲ့ အတိုက်အခံလုပ်နေတဲ့ အင်အားစုတွေထဲက တချို့ရဲ့ အားနည်းချက်တွေ၊ အမှားတွေကိုပါ လေ့လာသိမြင်သွားတယ်၊ ပြဿနာတွေရဲ့ အတိမ်အနက်ကို မှန်းမိလာတဲ့အခါ အစိုးရပြောတဲ့ တချို့ အမြင်တွေက မှန်သယောင်ယောင် ဖြစ်လာတတ်တယ်၊ အထူးသဖြင့် ဒီအစိုးရ တပြားသားမှ မကောင်းဘူးဆိုတဲ့ ဒေါသစိတ်အခံ တဘက်စွန်းရှိခဲ့ရင် အတိုက်အခံဘက်ကလည်း တချို့က မကောင်းတာ၊ အားနည်းတာလေးတွေကို သိလာတဲ့အခါ အရင်က အစွန်းရောက်ခဲ့အယူက တန်ပြန်သက်ရောက်ပြီး အားလုံး ဒီပုပ်ထဲက ဒီပဲဆိုတဲ့ ကောက်ချက်ကို အလွယ်လေးပဲ ချကြပါတော့တယ်။ အစိုးရနဲ့ အတိုက်အခံကို အာဏာလုနေတဲ့ ကျွဲနှစ်ကောင်၊ တိုင်းရင်းသားတွေပါ ပါရင် သုံးကောင်၊ လို့ ယူဆလိုက်ပြီး ကိုယ့်ကိုကိုယ်ကျတော့ သနားစရာ မြေစာပင်ပေါ့။ အဲဒီလို အပြစ် တစ်ပိဿာနဲ့ အပြစ် တစ်ကျပ်သားကို အတူတူလို့ သဘောထားတဲ့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ ချိန်ခွင်ပျက် စကားထဲမှာ စိတ်ပျက်အားလျော့တာ၊ ကိုယ့်ကိုကိုယ် ပြုသမျှ နုရမယ့် မြေစာပင်လို သဘောထားတာ၊ တနည်း ကိုယ့်ကိုကိုယ် တန်ဖိုးမထားတာ၊ ကိုယ့်ကိုကိုယ် victimize လုပ်တာ၊ စ တဲ့ အရိပ်အယောင် undertone တွေ ပါ ပါတယ်။ မွေးကတည်း နေ့စဉ်နဲ့အမျှ ကြားခဲ့ရတဲ့ အစိုးရရဲ့ ၀ါဒဖြန့်မှုတွေကလည်း ဒီနေရာမှာ အစွမ်းပြပါတယ်။

ဒီအတွက် ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လောကမှာ လူကောင်းနဲ့ လူဆိုး နှစ်မျိုးတည်း မရှိပါ၊ အများအားဖြင့် ကောင်းလေ့ရှိသူနဲ့ အများအားဖြင့် ဆိုးလေ့ ရှိသူလို့ ခွဲဖို့တောင် ကိုယ်က ဘယ်စံနဲ့ ကြည့်မလဲ ဆိုတဲ့အပေါ် မူတည်ပြန်တယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချိန်၊ အရေးကြီးတဲ့ ကိစ္စတွေမှာ လူကောင်း လူဆိုး ကွဲပြားမှုဟာ ပြတ်သားလာတတ်တယ်၊ အဲဒီ အချိန်မျိုးကို စောင့်ကြည့်လို့ရတယ်၊ ကိုယ်ပိုင် ဉာဏ်အားနဲ့ ပိုင်းခြားလို့ရတယ်၊ ဘယ်သူမှ ပြီးပြည့်စုံ ကောင်းမွန်တယ်ရယ်လို့ မရှိဘူးဆိုတာကို လက်ခံပြီးတဲ့ နောက်မှာတော့ “ဒီပုပ်ထဲက ဒီပဲ” ဆိုတဲ့ ချိန်ခွင်ပျက်စကားကို ပယ်ရှားနိုင်ဖို့က၊ လွယ်လွယ်လေးပဲ။ လက်တွေ့ အဖြစ်အပျက်တွေကိုသာ ကြည့်လိုက်ပါ၊ ဘယ်သူက မတရားလုပ်နေသလဲ၊ ဘယ်သူတွေ မတရားခံနေရသလဲ၊ အဖြေက ရှင်းလာပါလိမ့်မယ်။

ဒီလိုပြောလို့ ကိုယ်ကြိုက်တဲ့၊ ထောက်ခံတဲ့ ဘက်မှာ အကျင့်ပျက်တွေ ရှိရင် မဝေဖန်ရဘူးလို့ မဆိုလိုပါ၊ ဝေဖန်နိုင်ပါတယ်၊ ကိုယ့်ဝေဖန်မှုရဲ့ ရည်ရွယ်ချက်ကို သန့်စင်အောင် ဆေးကြောပြီးရင်၊ ကိုယ့်ဝေဖန်မှုရဲ့ အကျိုးအပြစ် အဆက်ဆက်ကို ချင့်ချိန်ပြီးရင် ဝေဖန်နိုင်တယ်၊ ဝေဖန်ဖို့လည်း တာဝန်ရှိပါတယ်။ အစိုးရနဲ့ နိုင်ငံရေး သမားတွေ အားလုံး ဒီပုပ်ထဲက ဒီပဲ ပါပဲ၊ ငါတို့ကသာ မြေစာပင် ဖြစ်ရတယ်လို့ ပြောရင်၊ ကိုယ်က တကယ့်ကို မြေစာပင် ဖြစ်မှာပဲ၊ ခိုင်မာတဲ့ ရပ်တည်ချက်ထားပြီး ကိုယ်နိုင်သလောက် လုပ်မှသာ မြေစာပင်ဘ၀က သက်သာရာ ရမှာပဲ။

(ဃ - ၃) တတိယ အန္တရာယ်တွင်းပေါက် (“သူတို့ လုပ်နေပုံ မဟုတ်လို့ ငါဝင်မလုပ်တာပေါ့”)

ဒီအန္တရာယ် တွင်းပေါက်ကတော့ မာန တမျိုးမျိုးကို လိုတာထက် ပိုထားမိတဲ့ လေ့လာသူတွေ၊ ကိုယ့်ကိုကိုယ် အသားကုန် ကာကွယ်တတ်သူတွေ ကျတတ်တဲ့ တွင်းလို့ မြင်ပါတယ်။ အတော်လေး တတ်သိနားလည်လာတဲ့ လူလတ်တန်းစား ပညာတတ် ပြည်သူတချို့မှာ အများအားဖြင့် တွေ့ရလေ့ ရှိတယ်။ ရှားရှားပါးပါး ကျွန်တော် တခါမှ မကျဖူးတဲ့ တွင်းလည်းဖြစ်တယ်။ ကိုယ်တိုင် မကျဖူးလို့လား မသိဘူး၊ ဒီတွင်းထဲကို ကျတတ်သူများကို ကျွန်တော် သိပ် အသည်းယားတယ်။

ဒီတွင်းကတော့ လေ့လာရင်း ကိုယ်သိတာတွေ များလာတယ်၊ ကိုယ့်မှာ လက်ရှိ နိုင်ငံရေးသမားတွေ လုပ်ဆောင်ပုံနဲ့ ကွဲပြားတဲ့ အကြံတွေ ဉာဏ်တွေ ပေါ်လာတတ်တယ်။ အဲဒီအခါမှာ ကြာညောင်းလာတဲ့ တော်လှန်ရေးထဲက နိုင်ငံရေး အင်အားစုတွေ လုပ်ပုံကိုင်ပုံကို ကြည့်ပြီး “သူတို့ လုပ်နေပုံ မဟုတ်ဘူး၊ ဒီလို လုပ်လို့မရဘူး၊ ဒီလို အချိုးမပြေတဲ့ ကောင်တွေကြောင့် ငါဝင်မလုပ်တာပေါ့၊” ဆိုတဲ့ ဆင်ခြေ ပေးမိခြင်းပဲ။ ပညာတတ်သူများကလည်း ဒီတော်လှန်ရေးသမားတွေ ဘာမှမတတ်ဘဲ လျှောက်လုပ်နေတယ်၊ ဒါလေးတောင် မသိဘဲ လျှောက်အော်နေတယ်၊ ဒီလို လုပ်လို့ မရဘူး၊ ဒါ့ကြောင့် ကျွန်တော်/ကျွန်မတို့က ၀င်မလုပ်တာပေါ့ ဆိုပြီး ပြောကြတယ်။

ကျွန်တော့် သဘောကတော့ ဒီတော်လှန်ရေးဆိုတာကို ကျဆုံးသွားတယ် ပြောပြော၊ တန့်နေတယ် ပြောပြော၊ မအောင်မြင်သေးတာတော့ အမှန်ပဲဆိုတာ လက်ခံပါတယ်။ နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မရသေးဘူး၊ မအောင်မြင်ရသေးခြင်း အကြောင်းရင်းတွေ အများကြီးရှိမှာပဲ၊ ထောက်ပြပါ၊ ဝေဖန်ပါ၊ အကြံပေးပါ။ သူ့ကြောင့်၊ ကိုယ့်ကြောင့်၊ “ကြောင့်” တွေ တပုံတပင် ထွက်လာ ပါလိမ့်မယ်။ (လက်ရှိ လုပ်နေတဲ့ တော်လှန်ရေး သမားများကလည်း အပြုသဘော ထောက်ပြ ဝေဖန် အကြံပေးတာတွေကို ခံနိုင်တဲ့ အရည်အချင်း ရှိသင့်တယ်လို့ မြင်ပါတယ်။) ဒါပေမယ့် ဒီ “ကြောင့်” တွေဟာ “ငါ ၀င်မလုပ်ရခြင်း” ရဲ့ အကြောင်းရင်းတော့ ဟုတ် ကို မဟုတ်ဘူး။ ငါ ၀င်မလုပ်ရခြင်းရဲ့ တကယ့် “ကြောင့်”က “ငါ ကြောက်သောကြောင့်၊ ငါ မလုပ်ရဲသောကြောင့်၊ ငါ မစွန့်ရဲသောကြောင့်” ပဲ ဖြစ်တယ်ဆိုတာ မိမိ ကိုယ်ကို ရိုးရိုးသားသား ဝေဖန်ကြည့်ရင် တွေ့ပါလိမ့်မယ်။

စဉ်းစားကြည့်ပါ၊ လက်ရှိ လုပ်နေတဲ့ သူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ဘူးပဲထား၊ (ဟုတ်တာတွေ ရှိသလို မဟုတ်တာတွေလည်း ရှိနိုင်တယ်ဆိုတာ ကျွန်တော် လက်ခံတယ်) ဒါတွေကို မှန်တဲ့ လုပ်ပုံကိုင်ပုံ သိပါတယ်ဆိုတဲ့ သူက ဝေဖန်ပြောပြပြီး ကိုယ်တိုင် ၀င်လုပ်ဖို့ လိုတယ် မဟုတ်ဘူးလား၊ သိရင် သိတဲ့သူက လုပ်ပြရမှာပေါ့။ ကိုယ်သိတဲ့၊ နားလည်တဲ့ အချက်ကို မသိသေး၊ နားမလည်သေးသူတွေကို နားဝင်အောင် ရှင်းပြရမှာ ကိုယ့်တာဝန်ပဲပေါ့။ ဒါကို ရှင်းမပြရင်၊ ဒါမှမဟုတ် တခါနှစ်ခါလောက် ကြိုးစားပြီး မရရင်၊ ငါပြောသားပဲ သူတို့မှ လက်မခံတာ တော်ပါပြီ၊ ငါ ဘာမှ မလုပ်တော့ပါဘူး ဆိုပြီး နေလိုက်ရော။ အခြေအနေ အချိန်အခါအရ နားသင့်လို့ နားတယ်ဆိုရင် လက်ခံပါတယ်၊ ဒါပေမယ့် “ဒီလူတွေ လုပ်ပုံမဟုတ်လို့ ငါ ၀င် မလုပ်တာ” ဆိုတဲ့ ဆင်ခြေကြီးကတော့ ကိုယ့် အကြောက်တရားကို မ၀န်ခံရဲဘဲ မရိုးသားရာ ကျပါတယ်။

မသိစိတ်က စွန့်ရမှာ ကြောက်နေတယ်၊ မလုပ်ရဲဘူး၊ အဲဒီတော့ ကိုယ် မလုပ်ရဲတာကို သူတပါးအပြစ်ကြောင့်လို့ လက်ညှိုးထိုးဖို့ ဆင်ခြေရှာတဲ့အခါ “နိုင်ငံရေးသမားတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်လို့” ဆိုတဲ့ ဆင်ခြေကို ရှာတွေ့သွားတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ပါ၊ အဲဒါ လေ့လာမှုခရီးရဲ့ အန္တရာယ် တွင်းကြီးပဲ။ “လုပ်ပုံ ကိုင်ပုံ မဟုတ်ရင်၊” “လုပ်ပုံ ကိုင်ပုံ အမှန်ကို သိတယ်” ဆိုတဲ့ လူက လုပ်ပြရမှာပဲ မဟုတ်ဘူးလား။

ကျွန်တော်နဲ့ အမြင် သိပ်မတူသူ နိုင်ငံရေး သမား တချို့ အကြောင်းကို ဖတ်ဖူး ကြားဖူးပါတယ်၊ သူတို့က လက်ရှိ ပင်မ နိုင်ငံရေးအင်အားစုတွေ လုပ်နေ ကိုင်နေပုံတချို့ကို သဘောမကျပါ၊ အဲဒီတော့ သူတို့ မှန်တယ်ထင်တာကို လုပ်ပြတယ်၊ သူများတကာကို လက်ညှိုးထိုး အပြစ်ဖို့ပြီး ဆင်ခြေကန်မနေဘူး၊ ကျွန်တော် သူတို့ အမြင်တချို့ကို လက်မခံနိုင်ပေမယ့် သူတို့ ဒီလို လုပ်ပြတာကို သဘောကျတယ်၊ လေးစားတယ်။

တခုတော့ ရှိပါတယ်၊ ရိုးသားဖို့တော့ အများကြီး လိုပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း (က) နဲ့ (ခ) နှစ်မျိုးရှိတယ် ဆိုပါစို့၊ (က) က အဖြစ်သင့်ဆုံး၊ အထိရောက်ဆုံး လုပ်နည်းဖြစ်ပြီး လုပ်သူအတွက် အန္တရာယ်ကတော့ များတယ်၊ (ခ) ကတော့ (က)နဲ့စာရင် ထိရောက်မှုအား အင်မတန်နည်းပေမယ့် လုပ်သူအတွက် အန္တရာယ်ကတော့ မရှိသလောက်ပဲ၊ အဲဒီ အခါမှာ (ခ) ကို ရွေးပြီး လုပ်တာက အပြစ်မဟုတ်၊ (ခ) ကို ရွေးရခြင်းသည် “ငါ (က) ကို မလုပ်ရဲလို့” ဆိုတဲ့ ကိစ္စကို ရိုးရိုးသားသား ၀န်ခံသင့်တယ်၊ ကိုယ် လုပ်ရဲတဲ့ အလုပ်ပဲ လုပ်တာက အပြစ်မဟုတ်၊ ကိုယ်က (ခ) ပဲ လုပ်ရဲလို့ (ခ)ပဲ လုပ်တာကို (က) က လုပ်ပုံမဟုတ်လို့ ဆိုတဲ့ ဆင်ခြေမျိုး မရိုးမသား ပေးမိရင်သာ အပြစ်ဖြစ်တယ်။ အဲဒီတော့ ဒီ တတိယတွင်းပေါက်နဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောချင်တာကတော့ “ရိုးသားပါ၊ ကိုယ်ကိုကိုယ့် မညှာတမ်း ဝေဖန်ပါ။”

(စကားကြုံလို့၊ အန္တရာယ် ဘယ်လောက်များများ လုပ်ရဲသူတွေ ရဲရဲတောက်တွေကို တောင်းပန်ချင်တာကတော့ ကျွန်တော်တို့လို သာမန်ပြည်သူတွေက ခင်ဗျားတို့ ရဲရဲတောက်တွေလို သတ္တိမရှိဘူး၊ မစွန့်ရဲဘူး၊ အဲဒီတော့ အဲဒီလို သတ္တိ အလုံအလောက် မရှိသူတွေ သတ္တိရှိမလာခင် လောလောဆယ် လျှောက်နိုင်တဲ့ လမ်းကိုလည်း ပြကြပါ၊ သတ္တိမရှိသူတွေကို ကိုယ့်လောက်မှ သတ္တိမရှိရကောင်းလားလို့ ဝေဖန်ပြစ်တင်နေရုံနဲ့ သတ္တိတွေ ရှိလာမဟုတ်ဘူး၊ အလုပ်မဖြစ်ဘူးဆိုတာ သိစေချင်ပါတယ်။ ဥပမာ - ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး စတဲ့၊ ၈၈ ကျောင်းသားတွေ လုပ်သလို “ပြည်သူလူထု အများ လိုက်ပါနိုင်တဲ့ နည်းလမ်း” ရှာဖွေ လုပ်ကိုင်ခြင်း နဲ့ “အနည်းဆုံးတော့ နိုင်ငံရေးသမားတွေနဲ့ လူမှုရေး ဆက်ဆံပါ” စတဲ့ guideline ချပေးခြင်း စသည်တို့လိုမျိုး လုပ်ပေးကြပါ။)

(ဃ - ၄) စတုတ္ထ အန္တရာယ်တွင်းပေါက် (“ငါ့တသက်တော့ လွတ်လမ်းမမြင်ပါ”)

ဒီတွင်းကတော့ ပထမ “ရှုပ်နေတာပဲ” ဆိုတဲ့ အန္တရာယ်တွင်းနဲ့ ဆက်စပ်ပါတယ်။ လေ့လာမှု များလေလေ၊ ပြဿနာ အတိမ်အနက်ကို သိလေလေ ဖြစ်လာပြီး ကိုယ်က မှန်ရာကို လုပ်ရဲတဲ့ သတ္တိ အလုံအလောက် မရှိတာကိုလည်း မချင့်မရဲ ဖြစ်လာတဲ့အခါ “ငါအပါအ၀င် လူတွေ ဒီလိုသာ ကြောက်နေလို့ကတော့ ငါတို့ တသက်တော့ လွတ်လမ်း မမြင်ဘူး” ဆိုပြီး စိတ်ပျက် အားလျော့ ဖြစ်လာတတ်တဲ့ အန္တရာယ်ပဲ။ ကျွန်တော် ခဏခဏ၊ တဖုတ်ဖုတ် ပြုတ်ကျတဲ့ တွင်းပေါ့။

ဒါနဲ့ပတ်သတ်ရင်တော့ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် အမြဲပဲ သတိပေးပါတယ်၊ သူများတကာက ထောင်တန်း အကျခံ၊ ဘ၀ပျက်ခံပြီး ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ အချိန်မှာ ကိုယ်က စိတ်ပျက် အားလျော့ နေမိတာ ရှက်ဖွယ်လိလိ ဖြစ်တယ်၊ လုပ်နိုင်သလောက် လုပ်ရဲ သလောက် လုပ်ရမယ် ဆိုတာကိုပေါ့။ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်မှာ မအောင်မြင်ခဲ့လို့ ကျွန်တော်တို့ ခံရတယ်၊ ကျွန်တော်တို့ မအောင်မြင်ရင် နောက်မျိုးဆက်တွေ ခံရမယ်လို့ ခေါင်းဆောင်တွေ မကြာမကြာ ပြောလေ့ရှိကြတယ် မဟုတ်လား။ “ငါ့တသက် လွတ်လမ်း မမြင်” လည်း နောက်လူတွေအတွက် လုပ်ရဲသလောက်၊ လုပ်နိုင်သလောက် လုပ်သင့်တယ်၊ “ငါ ဘာလုပ်နိုင်သလဲ” လို့ အမြဲပဲ ကိုယ့်ကိုကိုယ် မေးပြီး လုပ်နိုင်တာကို လုပ်နေသင့်တယ်လို့ ယူဆကြောင်းပါ။ (အပြောလွယ်ပြီး အလုပ်ခက်ပါတယ်၊ ဒါ့ကြောင့်လည်း ကျွန်တော် အပါအ၀င် မိတ်ဆွေသူငယ်ချင်းများ ဒီအန္တရာယ်တွင်းထဲ တဖုတ်ဖုတ် ပြုတ်ကျကြတာပေါ့။)

(င) မျှော်မှန်းမိသော လေ့လာမှု၏ စတုတ္ထအဆင့် နဲ့ နိဂုံး မဟုတ်သော နိဂုံး

မြန်မာပြည်မှာ သွားသွားလာလာကို ဘာသာပြန်ရင်း ကျွန်တော် တာဝန်မကင်း ဖြစ်လာတယ်လို့ ယူဆမိတဲ့အတွက် မသိခြင်းရော သိခြင်းရောရဲ့ အန္တရာယ်တွေကို ကျွန်တော် အပါအ၀င် မိတ်ဆွေ ပြည်သူတွေရဲ့ အတွေ့အကြုံတွေ အပေါ် မူတည်ပြီး ရေးလိုက်ပါတယ်။ သိလွန်း တတ်လွန်းလို့ ရေးနေတာ မဟုတ်ဘူးဆိုတာ ဒီစာကို ဖတ်လိုက်ရင်ပဲ သိသူ၊ တတ်သူ စာဖတ်သူအချို့ ကောင်းကောင်းသိပါတယ်။ သတ္တိ ဘယ်လောက် ရှိပြီး ဘာတွေ လက်တွေ့ လုပ်နေလို့ ဒါတွေ ပြောရတာလဲလို့ မေးရင် “ကျွန်တော် ကြောက်လို့ ပုဆိုးခြုံထဲကပဲ လက်သီးပြရဲတာသာ ကြည့်ပါတော့” လို့ ဖြေရမှာပဲ။ ကျွန်တော်က လေ့လာသင့်တယ် ပြောမိလို့၊ လေ့လာဖို့ စာတချို့ ဘာသာပြန်မိလို့၊ အဲဒီစာတွေ၊ လေ့လာမှုတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ပြောဖို့လည်း ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ယူဆလို့ ပြောခြင်း သက်သက်ပါ။

အကျဉ်းချုပ်ပြောရရင်တော့၊ မသိခြင်းဟာ အန္တရာယ် ကြီးသလို၊ သိခြင်းကြောင့်လည်း အန္တရာယ်တွေ ဖြစ်နိုင်တယ်၊ ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့က “ဇွဲမလျှော့ပါနဲ့”၊ “ပြတ်သား ခိုင်မာတဲ့ ရပ်တည်ချက်ထားပြီး လုပ်နိုင်သလောက် လုပ်မှသာ မြေစာပင်ဘ၀က သက်သာရာရမယ်”၊ “မိမိကိုယ်ကို ရိုးရိုးသားသား ဝေဖန်ပါ”၊ “ငါဘာလုပ်နိုင်သလဲ၊ ငါဘာလုပ်လို့ ရသလဲ” လို့ အမြဲပဲ မေးနေ လုပ်နေပါ။

အဲဒီလို သိခြင်း၏ အန္တရာယ်တွေကို ကျော်လွှားနိုင်ရင် လေ့လာသူ အားလုံးဟာ နောက်ဆုံးမှာ “လက်ရှိ အခြေအနေသည် ပုံမှန်မဟုတ်၊ မှားနေတယ်၊ ဒါ့ထက် အများကြီး ကောင်းနိုင်ရက်သားနဲ့ လမ်းကြောင်းလွဲနေတယ်၊ ငါတို့ လုပ်နိုင်သလောက် တခုခုတော့ လုပ်မှ ဖြစ်မယ်” ဆိုတဲ့ ဘုံ သဘောတူညီချက် ရပြီး တက်ညီလက်ညီ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လေ့လာမှုတစ်ခုဟာ၊ (ကြီးကြီးကျယ်ကျယ် ပြောရရင် “ဘ၀” ဆိုတာကြီးကပါ) နိဂုံးတစ်ခု၊ ပန်းတိုင် တစ်ခုတော့ မဟုတ်ပါ၊ ခရီးတစ်ခု ဖြစ်ပါတယ်။ (ဒီစကားမျိုး ကြားရလွန်းလို့ နားခါးပြီးတောင် ဖြစ်လောက်ပြီ။) ပြီးပြည့်စုံခြင်း ဆိုတာကလည်း ဘယ်တော့မှ ဆိုက်ရောက်မှာမဟုတ်ပါ၊ ဒါပေမယ့် ပြီးပြည့်စုံခြင်းကို ဦးတည်ပြီး အမြဲပဲ သွားလာနေဖို့တော့ လိုပါတယ်၊ ဒါမှ မဆုတ်ယုတ်မှာပါ။ မြန်မာပြည်နိုင်ငံရေးဟာ ဘာနဲ့တူသလဲဆိုတော့ ရေစီးသန်တဲ့ မြစ်ကို ဆန်နေသလိုပဲ၊ မြစ်ဖျားထိတော့ ရောက်ချင်မှ ရောက်မယ်၊ ရောက်မှာ မဟုတ်လို့ ဆန်နေတာကို ရပ်လိုက်ရင်တော့ တခါတည်း ဟိုးအောက်ထိ စုန်ဆင်းသွားမှာပဲ၊ တပ်မတော် အစိုးရရဲ့ လက်ရှိအခြေအနေဟာ ဆန်ရမယ့် ကိစ္စကို မဆန်ဘဲ၊ ရပ်နေတဲ့ အဆင့်တောင် မဟုတ်ဘဲ၊ အားရပါးရ စုန်ဆင်းနေတယ် ဆိုတာကို လေ့လာသူများ မြင်နိုင်ရင်၊ ဆန်တက်နိုင်ဖို့ တတပ်တအား ကြိုးစားကြမယ် ဆိုရင် ရေးရကျိုးနပ် ပါကြောင်း။

(ဟူး… မောလိုက်တာ... :D)

ရေးသူ- ပုထုဇဉ်
(8/24/07)
မျိုးဆက်ကွာဟမှု
အခုတလော သူ့ ဖခင်ဖြစ်သူကို သတိရနေမိသည်။ ဖခင်ကရော သူ့ကို သတိရနေမည်လား။ သူ မသိပါ။ သူသိသည်က သူ့ဖခင်သည် သူ့လိုသိပ် နူးနူးညံ့ညံ့ မဟုတ်ခြင်းပင်။ စကားပြောလျှင် ခပ်ကျယ်ကျယ်၊ ခပ်ပြတ်ပြတ် ပြောလေ့ရှိသူ။ လုပ်စရာရှိသမျှကိုလည်း တရစပ် လုပ်နေတတ်သူ။ လုပ်စရာ မရှိလျှင်လည်း စာတခုခု ဖတ်နေတတ်သူ။ စည်းကမ်းကလည်း အလွန်တရာကြီးသူလည်း ဖြစ်သည်။

သူမှတ်မိနေသေးသည့် အဖြစ်အပျက် တခု ရှိသည်။ သင်္ကြန်တခုတွင် ဖြစ်သည်။ သူတို့ ညီအကိုက ဖွားအေဖြစ်သူ အိမ်တွင် ရေသွားကစားကြသည်။ ဖခင်က ညနေ ၆ နာရီ နောက်ဆုံးထားပြီး အိမ်ပြန်လာရန် အကိုကြီးကို မှာလိုက်သည်။ သို့သော်လည်း အဖွားက ညနေစာ စားပြီးမှ ပြန်ခိုင်းသဖြင့် ညနေ ၆ နာရီ ကျော်သွားသည်။ ည ၇ နာရီလောက်မှာတော့ ဖခင်သည် အဖွားအိမ်သို့ ပေါက်ချလာသည်။ အကိုကြီးအပေါ် ဒေါသူပုန်ထနေတော့သည်။ သူကတော့ အငယ်မို့ အရိုက်မခံလိုက်ရသော်လည်း အကိုကြီးကတော့ စည်းနဲ့ကမ်းနဲ့ ပြန်လာရန် မှာထားသည်ကို မလိုက်နာသဖြင့် အဆော် ခံလိုက်ရသည်။ အကိုကြီးကလည်း သည်ကိစ္စကို မကျေနပ်ပါ။ သည်လိုနဲ့ သည်အဖြစ်အပျက်မှ စတင်ပြီး အကိုကြီးနှင့် ဖခင်အကြား ကွဲလွဲမှုတွေက များလာသည်။ သူကတော့ ဗုဒ္ဓဘာသာ အဆုံးအမအတိုင်း အနန္တောအနန္တငါးပါးထဲ ပါနေသည့် ဖခင် ပြောသမျှ လိုက်နာခဲ့သည်ချည်း။ အကိုကြီးနဲ့ ဖခင်ကတော့ ကြာလေ နားလည်မှု လွဲလေ ဖြစ်နေတော့သည်။

ဥပမာ- ဖခင်ဖြစ်သူ လုပ်နေသော နိုင်ငံရေးကိစ္စများကို အကိုကြီးဖြစ်သူက သဘောမကျ။ ဖခင်သည် မိသားစု အရေးကို ဦးစား မပေးပဲ နိုင်ငံရေး အလုပ်ကိုသာ အဓိက လုပ်နေသည်၊ သည့်အတွက်ကြောင့် မိသားစုမှာ ဆင်းရဲချို့ငဲ့နေရသည်-ဟု ထိုစဉ်က အကိုကြီးက နားလည်ယူဆနေသည်။

သည်အဖြစ်အပျက်များကို ပြန်တွေးမိရင်း မျိုးဆက်ကွာဟမှု (Generation Gap) ဆိုသည်ကို သူ စဉ်းစားနေမိသည်။

ယေဘုယျအားဖြင့် မျိုးဆက်တခုကို မိဘနှင့် သားသမီး အနေဖြင့် သတ်မှတ်ကြသည်။ မိဘသည် ပထမမျိုး ဆက်ဖြစ်ပြီး သားသမီးတို့သည် နောက်မျိုးဆက်သစ်ဖြစ်သည်။ ဒုတိယ မျိုးဆက်ဖြစ်သည်။ သားသမီးတို့မှ မွေးဖွားလာကြသော မြေးများသည် တတိယ မျိုးဆက် ဖြစ်မည်။ အကြမ်းဖြင်းအားဖြင့် အနှစ် ၂၀-၂၅ နှစ် သည် မျိုးဆက်တခုနှင့် တခုအကြား အချိန်ကလ အကွာအဝေးဖြစ်သည်။

ဤလောကကြီးတွင် အသစ်နှင့် အဟောင်းသည် ရှိခဲ့သည်၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်။ ခေတ်ဟောင်း စနစ်ဟောင်းနှင့် ခေတ်သစ် စနစ်သစ်သည်လည်း ရှိနေခဲ့သည်၊ ရှိနေသည်၊ ရှိနေလိမ့်ဦးမည်။ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းသည်လည်း ထိုသို့ပင် ဖြစ်ပေသည်။

သည်အခါ မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်း ဟူသည့် မတူညီသော မျိုးဆက်များ အကြား ကြည့်မြင် ယူဆပုံ မတူညီခြင်း၊ အပြန်အလှန် နားလည်မှု ကင်းမဲ့လာစေသည့် မတူညီသော သဘောထားများ ရှိခြင်း၊ ဘ၀ စံထားမှု မတူညီခြင်း၊ နေထိုင်မှု ပုံသဏ္ဍာန် ကွဲပြားလာခြင်းနှင့် အပြန်အလှန် တန်ဖိုးထားမှုများ ကင်းမဲ့လာခြင်း-တို့ ဖြစ်ပေါ်လာသည့်အခါ မျိုးဆက်ကွာဟမှု (Generation Gap) ရှိနေသည်-ဟု ပြောဆိုကြပေသည်။ ထိုအခါ လူငယ်များနှင့် ၄င်းတို့၏မိဘများ (သို့မဟုတ် - အရှေ့ မျိုးဆက်များ) အကြား (မလိုလားအပ်စွာ ကံမကောင်း အကြောင်းမလှစွာ) အယူအဆ ၂ မျိုး၊ အမြင် ၂ မျိုး၊ အခြေအနေ ၂ မျိုး ဖြစ်နေလေတော့သည်။

မျိုးဆက်တခုကို ထိုမျိုးဆက်နောက်မှ ပေါ်ပေါက်လာသည့် မျိုးဆက် အသစ်တခုမှ ကွဲပြားသွားစေအောင် ခွဲခြားလိုက်သည့် နှစ်ကာလများသည် အရေးပါလေသည်။၊ အထူးသဖြင့် ထို နှစ်ကာလများက ထိုမျိုးဆက် ၂ ခု အကြားတွင် နားလည်မှု မရှိခြင်း၊ အမြင်ကွဲပြားခြင်းတို့ကို ကိုယ်စားပြုနေသည်။

သည်နေရာတွင် ကွာဟမှု (Gap) ဆိုသည်မှာ အလွန်ကျယ်ပြန့်သည့် အချက်အလက်များ ပါဝင်သည်-ဟု သူ စဉ်းစားမိသည်။ အဓိကကျသည့် ကြည့်မြင် ယူဆပုံ မတူညီခြင်း၊ ကွဲပြားသော သဘောထားများ ရှိခြင်း၊ ဘ၀အပေါ် စံထားမှုများ မတူညီခြင်း၊ နေထိုင်မှု ပုံသဏ္ဍာန် ကွဲပြားခြင်း၊ အပြန်အလှန် တန်ဖိုးထားမှုများ ကင်းမဲ့ခြင်းတို့မှာ အဓိက ကျသော်လည်း ကျန် အချက်အလက်များ ဖြစ်သည့် ထိုမျိုးဆက်များ ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင် ရေမြေအခြေအနေ၊ နိုင်ငံရေး အနေအထား၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ၏ လွှမ်းမိုးမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်-ဟု သူ တွေးထင်မိသည်။

လူတဦးစီအပေါ် အတွေးအခေါ်အရ လွှမ်းမိုးမှုသည် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်တိုင် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အတွေးအခေါ်တခုခုကိုတော့ ကိုင်စွဲ ကြီးပြင်းလာကြသည်ချည်း ဖြစ်သည်။ ထို အတွေးအခေါ်ကို မိုင်ထောင်ချီဝေးသောအရပ်မှ ရရှိခဲ့ခြင်း မဟုတ်ပါ။ ထိုလူတဦး ရှင်သန်ကြီးပြင်းလာရာ ပတ်ဝန်းကျင်က ပေးလိုက်ခြင်းသာဖြစ်ပါသည်။ ထိုအခါ အထက်တွင် သူ စဉ်းစားမိသော ကျန် အချက်အလက်များ၏ လွှမ်းမိုးမှုက ထိုလူတယောက်ကို အတွေးအခေါ်တခုကို ကိုင်စွဲလိုက်စေသည်၊ လားရာတခုသို့ ဦးတည်သွားစေသည်-ဟု သူ ယူဆသည်။

သည်အခါ ယေဘုယျပြောရလျှင် မျိုးဆက် တမျိုးဆက်တည်းဖြစ်လျှင် အတွေးအခေါ်အရ ကွာဟမှုက သိပ်မရှိကြ၊ မျိုးဆက်တူများသည် အချိန်ကာလတခုကို အတူတူ ဖြတ်သန်းလာရသဖြင့် ပတ်ဝန်းကျင် ရေမြေအခြေအနေ၊ နိုင်ငံရေး အနေအထား၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ၏ လွှမ်းမိုးမှုကို အတူတကွ ခံစားကြရသည့်အတွက် ကွဲလွဲမှု များများ စားစား မရှိ။

သိုသော်လည်း မျိုးဆက် မတူသည့်အခါ ကွဲလွဲမှုများက အလို အလျောက်ကို ရှိလာတော့သည်။ မတူညီသည့် အချိန်ကာလကို ဖြတ်သန်းလာရသဖြင့် နေ့စဉ်နေထိုင်မှု ဘ၀မှာပင် မျိုးဆက်ဟောင်းများ မကြုံတွေ့ရသည်များကို မျိုးဆက်သစ်များက ကြုံတွေ့ရသည်။ သည်အခါ မတူညီသော အတွေ့အကြုံများက မတူညီသော အမြင်များကို မွေးထုတ်ပေးလိုက်တော့သည်။ ပြဿနာ တရပ်ကို ရှုမြင်ကြသည့်အခါ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်အကြားတွင် ကွဲလွဲမှုများ ရှိလာသည်။ သို့သော်လည်း ဤအခြေအနေသည် သဘာဝကျစွာ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ဤအခြေအနေသည် မျိုးဆက်ကွာဟမှု (Generation Gap) ကို မဖြစ်စေသေး။

သို့သော်လည်း ဤအခြေအနေမှတဆင့် တက်ပြီး နယ်ပယ်အားလုံးတွင် မျိုးဆက်များ အကြား အပြန်အလှန် နားလည်မှုများ ကျယ်ပြန့်စွာ ကင်းမဲ့လာသည့် အခြေအနေသို့ ရောက်လာပြီဆိုလျှင်မူ မျိုးဆက်ကွာဟမှု ရှိနေပြီ-ဟု အတိအကျ ဆိုနိုင်ပါမည်။

သူ စဉ်းစားမိနေသည်က အမိဗမာပြည်မှာလည်း မျိုးဆက်ကွာဟမှု ရှိနေပြီလား။
အမိဗမာပြည်မှာ မျိုးဆက်ကွာဟမှု ရှိမရှိကို မည်သို့ တိုင်းတာမည်နည်း။

ဆိုပါစို့- ၁၉၇၄ ဦးသန့်အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများနှင့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှာမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများ အကြားတွင် ၂၂ နှစ်-ဟူသော အချိန်ကာလ ကွာခြားချက် ရှိသည်။ မျိုးဆက်တခု၏ ယေဘုယျ သတ်မှတ်ချက်အရ ထို မျိုးဆက် ၂ ခုကို မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်အဖြစ် သတ်မှတ်နိုင်သည်။ ထိုမျိုးဆက် ၂ ခု အကြားမှာ မျိုးဆက်ကွာဟမှု ရှိခဲ့ပါသလား။ ထိုမျိုးဆက် ၂ ခုလုံးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်၊ ဒီမိုကရေစီရေးအတွက် စွန့်လွှတ် တိုက်ပွဲဝင်ခဲ့ကြသည်။ မတရားမှုကို လက်ပိုက် ကြည့်မနေခဲ့ကြ၊ မတရားမှန်းသိလျက် ခေါင်းငုံ့မခံခဲ့ကြ၊ သည်သို့ ဆိုလျှင် ထို မျိုးဆက် ၂ ခုမှာ နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု မရှိ-ဟု သူထင်သည်။ ကျန်သည့် ကွာဟမှုများတော့ ရှိနိုင်လေသည်ပေါ့။ ဥပမာ- ကြိုက်နှစ်သက်ကြသော ဂီတပုံစံ၊ အ၀တ်အစား ၀တ်ဆင်ပုံ- စသည်ဖြင့်။

ထို့အတူ ၁၉၆၂ ခုနှစ် မျိုးဆက်များ၊ ၈၈ မျိုးဆက်များ- စသည်ဖြင့် သူ ဆက်စပ် စဉ်းစားနေမိသည်။ သူ့အနေဖြင့်တော့ အမိဗမာပြည်မှာ နိုင်ငံရေးအရ မျိုးဆက်ကွာဟမှု ရှိသည်-ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် အမိဗမာပြည်၏ နိုင်ငံရေး ၀န်ရိုးကြီးကို တလျှောက်လုံး တွန်းလှည့်လာခဲ့သည့် ကျောင်းသားထုကြီးသည် မျိုးဆက်တခုပြီးတခု ပြောင်းခဲ့သော်လည်း တလက်တည်းသော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို လက်ဆင့်ကမ်း သယ်ဆောင်လာနေခဲ့သည်မှာ ယနေ့အထိပင် မဟုတ်လား။

(အောင်သာငယ်)

http://aungthange.blogspot.com/2009/12/blog-post_09.html

Thursday, 10 December 2009