Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday, 16 September 2009

15 September News

Tuesday, 15 September 2009

Joint Statement 88G+ABFSU 1_2009_Eng
Joint Statement 88G+ABFSU 1_2009_Bur
14 September News
177 Chinas Myanmar Dilemma
news on Sep 14
Myanmar's Federal
ICBL Report
Document 1
Apk Cartoon Thu and Thuma
Aaharasazaung Issue 103

Monday, 14 September 2009


တိုင်းရင်းသားတွေ ထောက်ခံခံ မခံခံ
ငါတို့ကတော့ ... ကိုယ့်မြင်းကိုယ်စီး၊ ကိုယ့်ဆိုင်းကိုယ်တီးမှာပဲ။

နိုင်ငံရေးပါတီတွေ လက်ခံခံ မခံခံ
ငါတို့ကတော့ ... ကိုယ့်စည်းကိုယ့်မျဉ်း၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်မှာပဲ။

ပြည်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက်
ငါတို့ကတော့ ... ကိုယ့်အမိန့် ကိုယ့်အာဏာနဲ့ ကိုယ့်ကြိုက်သလို အုပ်ချုပ်မှာပဲ။

ဘယ်သူတွေ ဘာပဲပြောပြော
ငါတို့ကတော့ ... ၂၀၁၀ ရွေးကောက်ပွဲသာလျှင် ကိုယ့်အတွက် အသက်ကယ်ဆေးပဲ။

အဲ့ဒါ ... ဘာလဲ ... သိလား
အဲ့ဒါ ... နွားပါးတယောထိုး ... (နွားအဖွဲ့-နအဖ) ပဲ ။ ။

ရောင်နီဦး
news on Sep 13
A view

Burma: US Should Complete Policy Review

Source: Human Rights Watch
Reuters and AlertNet are not responsible for the content of this article or for any external internet sites. The views expressed are the author's alone.
(New York) - The Obama administration should promptly conclude its Burma policy review and adopt initiatives to make its policies on diplomacy, sanctions and humanitarian aid more effective, Human Rights Watch said in a letter to Secretary of State Hillary Rodham Clinton released today.
"Delays in announcing a new Burma policy could encourage Burmese military leaders to believe the US is weakening its commitment to human rights and pluralism," said Brad Adams, Asia director at Human Rights Watch. "Although the situation in Burma seems intractable, an energetic and revitalized approach to Burma from the Obama administration could help bring positive change."
Human Rights Watch recommended that the United States appoint its own special envoy on Burma, who would have a direct line to the secretary of state and specific instructions to engage in a principled way with the Burmese government and key bilateral and multilateral actors. Vigorous diplomacy is specifically needed with China, India, Thailand, Indonesia, Malaysia, and Japan.
Human Rights Watch also recommended the establishment of a Burma Contact Group or similar form of multilateral grouping to meet and regularly discuss diplomatic engagement with the Burmese government on a range of issues. This could have the effect of converging the views and policies of China, India, Thailand, Indonesia, Japan, the European Union, and the United Nations, and gradually minimize the ability of Burma to play states off against each other. There is considerable common ground on a range of issues, including the need for political reform and credible elections involving the political opposition, concern over Burma's trafficking in heroin and methamphetamines, and the need for a regional approach to the HIV/AIDS epidemic. Such a grouping would demand that the US remain firm on fundamental human rights principles and not engage in diplomatic horse-trading on core issues of reform.
As the UN has long been the focal point for diplomacy on Burma, Human Rights Watch urged the US to support the continuation of a special envoy of the secretary-general. It is crucial that the secretary-general and the special envoy not accept access or high-level meetings as the goal or a sign of progress in Burma, as they have in the past. The envoy should be an individual with the principles, skills, and backing of the international community to make an impact.
"More high-level diplomacy is welcome, so long as the US stands by its principles to uphold the basic rights of the Burmese people and work for a genuine and credible process of political reform," said Adams. "But there should be no wishful thinking or illusions that more conciliatory talk from the US and others will somehow cause Burma's generals to alter their plans."
Human Rights Watch said that generalized sanctions on Burma that have had little or no impact and have not been targeted on key decision-makers and human rights abusers should be reconsidered and phased out at an appropriate time. At the same time, properly imposed, targeted sanctions - such as financial sanctions on individuals and entities, investment and trade sanctions that are specifically focused on companies or economic sectors of greatest concern, arms embargoes, restrictions on military assistance, and travel bans on individuals -should be tightened, as they can be effective in bringing about improvements in human rights.
Human Rights Watch particularly urged the United States to expand, strengthen, and fully implement financial sanctions. The US should take the lead in coordinating efforts among the US, EU, Switzerland, Australia, and Canada to target key individuals, both military and civilian, who bear responsibility for abuses; their business interests; and the individuals and entities whose considerable financial support of the Burmese government could undermine these sanctions. These individuals are at the apex of the system inside Burma and susceptible to this kind of pressure. More effective coordination could also lead to greater support from other key states, such as Japan and Singapore. EU states have been noticeably slow to implement full financial sanctions; the US should take the lead and then press European countries to follow suit. Slow implementation by the US and poor coordination internationally have undermined financial and other sanctions, and kept them from realizing their potential.
"The US has legal tools it is not yet using - for example, to deny foreign banks access to the US financial system if they are holding targeted Burmese accounts or otherwise undermining US measures, and going after transactions by the oil and gas authority, the key revenue-generating entity in Burma," said Adams. "This requires the dedication of intelligence resources and continual monitoring and adjustment by US officials."
Human Rights Watch has long called for increased assistance to deal with acute humanitarian needs in Burma. US and other donor funding should increase, but in a coordinated and realistic manner. The military government spends next to nothing on the welfare of its people. Combined social spending is estimated to be a paltry 0.8 percent of GDP for 2008-2009, making public expenditures on health and education in Burma among the lowest in the world. Huge numbers of Burmese live in grinding poverty, resulting from decades of government economic mismanagement and corruption. Donors will need to stress the importance of transparency and accountability in the delivery of humanitarian aid, including the need for approaches that strengthen civil society rather than existing corrupt power structures and that respond to the views and needs of ordinary people.
"The US and other donors offer to provide more humanitarian aid with appropriate oversight, but they should also insist that their contributions are matched by a genuine commitment from the military government to use its vast revenues from natural resources to help the Burmese people," said Adams.

Sunday, 13 September 2009

11 September News
ဆည်းပူးလေ့လာ နိုင်ငံရေးပညာ အပိုင်း (၁)

အခန်း (၁)

နိုင်ငံရေးဆိုရာဝယ်

နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ လူအများကို စိတ်လှုပ်ရှားစေတဲ့ စကားလုံးလေးတခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတဦးနဲ့တဦး၊ လူ့အဖွဲ့အစည်းတခုနဲ့ တခု၊ လူမျိုးတမျိုးနဲ့ တမျိုး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံတို့အကြားမှာ သဘောမတူညီမှုတွေရှိနေလို့ပါပဲ။ လူ့လောကမှာ ဘယ်လိုနေထိုင်ကြမလဲ၊ ဘယ်သူတွေက ဘာတွေကို ရသင့် သလဲ၊ ပါဝါနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေ သုံးစွဲမလဲ၊ လူ့အဖွဲ့အစည်းမှာ ပဋ္ဋိပက္ခတွေ ရှိသင့်သလား၊ ပူးပေါင်း ဆောင်ရွက်သင့်သလား၊ ဘယ်သူ့ဆီမှာ ပြောရေးဆိုပိုင်ခွင့်ရှိသလဲ၊ ဆုံးဖြတ်ချက်တွေကို လူတယောက်က ချသင့် သလား၊ လူအများက ချသင့်သလား စတဲ့ အထွေထွေ အကြောင်းအရာမျိုးစုံမှာ တွေးခေါ်မှုတွေ ကွဲပြားပြီး၊ အမြင် မတူမှုတွေ ရှိနေတတ်ပါတယ်။ ဒီလို အမြင်မတူမှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေ၊ ထောက်ပြဝေဖန်မှုတွေကနေ တဆင့် ပိုမိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ၊ အကျိုးစီးပွားဖြစ်ထွန်းမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေး တွေးခေါ် ပညာရှင် အရစ္စတိုတယ်က နိုင်ငံရေးဆိုတာ လူသားတွေရဲ့ ဘ၀တိုးတက်မှုကို ဖြစ်ထွန်းစေတဲ့၊ လူ့အဖွဲ့အစည်းကို ကောင်းကျိုးချမ်းသာပေးတဲ့ ကြီးကျယ်မြင့်မားသောသိပ္ပံပညာကြီးတရပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးတော့ နိုင်ငံရေးဆိုတဲ့ သဘောတရားမှာ ဒိုင်ယာလော့ခ်ဆိုတဲ့ သဘောတရားပါဝင်နေပြီး ဖြစ်ပါတယ်။ လူတဦးတယောက်တည်းရှိနေတဲ့အခါမှာ နိုင်ငံရေး မရှိနိုင်ပါဘူး။ လူတဦးတယောက်ဟာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရမှာဖြစ်တဲ့အတွက် ရိုးရှင်းတဲ့ စီးပွားရေးအဆောက်အအုံကို တည်ဆောက်နိုင်ပါတယ်။ အနုပညာတွေ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် နောက်ထပ် လူတဦးထပ်ရောက်လာမှသာ နိုင်ငံရေးအပြုအမူတွေကို ဖန်တီးဆောင်ရွက်လို့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပညာရှင်တွေက ရော်ဘင်ဆန် ခရူးဆိုး ဥပမာကို ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။

ရော်ဘင်ဆန်ခရူးဆိုးနှင့် နိုင်ငံရေး

(၁၇၁၉) ခုနှစ်မှာ ရော်ဘင်ဆန်ခရူးဆိုး၏ ဘ၀နှင့် ထူးဆန်းသော စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို ဒယ်နီရယ်ဒီဖိုး ဆိုသူက ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒါကတော့ လူသူကင်းမဲ့နေတဲ့ ကျွန်းတကျွန်းပေါ်မှာ ရေမျောကမ်းတင်ဖြစ်နေတဲ့ အင်္ဂလိပ်လူမျိုးတယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အထီးကျန်ဖြစ်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးဟာ နှစ်ပေါင်း (၁၅)နှစ်ကြာအောင် ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း နေသားတကျဖြစ်အောင် လုပ်ယူခဲ့ရပါတယ်။ အဲဒီ အထီးကျန်ကာလအခြေအနေမှာ ကျွန်းပေါ်မှာ နိုင်ငံရေးဆိုတဲ့ စကားလုံး ပျောက်ကွယ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်းပေါ်မှာ အသံထွက်စကားပြောနိုင်သူဆိုလို့ ခရူးဆိုးတယောက်ပဲ ရှိလို့ပါ။

ဒီလိုနဲ့နှစ်ပေါင်းများစွာ နေလာရာကနေ တနေ့ကျတော့ ပင်လယ်ကမ်းစပ်တလျှောက်မှာ လမ်းလျှောက်နေရင်း ခရူးဆိုးဟာ လူ့ခြေရာအစုံကို စပြီး တွေ့ခဲ့ပါတယ်။ “ကျွန်ုပ်သည် မိုးကြိုးပစ်ခံလိုက်ရသော လူတယောက်ကဲ့သို့ ရပ်နေမိသည်“ ဆိုပြီး ခရူးဆိုးက ရေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နောင် (၁၃) နှစ်အကြာ ကျွန်းပေါ်မှ လွတ်မြောက်ချိန်အထိ ခရူးဆိုးတယောက် နိုင်ငံရေး ပြဿနာမျိုးစုံကို ရင်ဆိုင်ရပါတော့တယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ ဘယ်သူလဲ။ မိတ်ဆွေလား ရန်သူလား။ အဲဒီ အသိနဲ့ သူ့ဘာသာသူ ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်သစ်တွေ ပြုလုပ်ရပါတော့တယ်။ ခရူးဆိုးလုပ်ခဲ့တာကတော့ ယနေ့ခေတ်အခေါ် လက်နက်တပ်ဆင်ရေး၊ ကာကွယ်ရေး စီမံချက်ပါပဲ။ ပထမဦးဆုံး သူနေတဲ့နေရာကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်တယ်။ နောက်တော့ ပုန်းခိုရာနေရာများ၊ ပြောင်းချောသေနတ်များချထားရန် နေရာများ သတ်မှတ်တယ်။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားတယ်။ သူခြေရာတွေ့ခဲ့တဲ့ လူဟာ သူ့အပေါ်ကို အန္တရာယ်ရှိချင်မှရှိမယ်။ မဟုတ်ပဲ အန္တရာယ် ရှိချင်လဲ ရှိလာနိုင်တယ်ဆိုတဲ့ အမြော်အမြင်၊ ဆင်ခြင်တုံတရားနဲ့ ကာကွယ်ရေး မူဝါဒကို ပြဌာန်းထားခဲ့ပါတယ်။

နောက်ပိုင်းမှာ ခရူးဆိုးဟာ ကျွန်းပေါ်မှာ လူတယောက်တည်းတင်မကပဲ လူအများ ရောက်ရှိလာတယ်ဆိုတာကို သဲလွန်စရသွားတယ်။ အဲဒီလူတွေဟာ လူသားစားလူရိုင်းများဖြစ်တာလဲ သိပြီးနောက်ပိုင်း ကိုယ့်ဘက်တင်သာမက အခြားတဘက်ကိုပါ စတင်မေးခွန်းထုတ်လာရတယ်။ သူ့ရဲ့ ကာကွယ်ရေးမူဝါဒ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလား၊ ဖမ်းဆီးစားသောက်ခံရခြင်းကနေ လွတ်မြောက်မှာလား၊ မလွတ်မြောက်ဘူးလားကို သူကိုယ်တိုင် သေချာမသိပါဘူး။ ဒါပေမယ့် အသက်ရှင်ရပ်တည်ရေးအတွက် ကြိုးစားဖို့ သူစိတ်ပိုင်းဖြတ်ထားလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ သူ့ဘာသာသူ ကာကွယ်ရေးနည်းလမ်း များ တိုးတက်လာဖို့ အစွမ်းကုန်ကြိုးစားတယ်။

ခရူးဆိုးမှာ တယောက်တည်းဖြစ်ပြီး၊ လူသားစားလူရိုင်းများကတော့ အများနှင့်ဖြစ်တာကြောင့် ခရူးဆိုးရဲ့ ရပ်တည်ရေးမူက တတ်နိုင်သမျှ အဲဒီလူတွေကို ရှောင်ရှားရန်ဖြစ်တယ်။ ဒီလူတွေရဲ့ အခြေအနေကို လေ့လာစူးစမ်းပြီး၊ မိမိတည်ရှိနေမှုကို မသိအောင် ပုန်းကွယ်နေတဲ့ နည်းနဲ့ တိုက်ခိုက်လာမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီလို လေ့လာစူးစမ်းနေရင်း သူ့မူကို ပြောင်းလဲရတော့မယ့် အခြေအနေတခု ဖြစ်ပွားလာပါတော့တယ်။ အဲဒါကတော့ လူသားစားလူရိုင်းတွေရဲ့ သားကောင်တယောက် အသတ်မခံရမီ လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။

“ကျွန်ုပ်၏ အသိဥာဏ်များလင်းလက်သွားသည်။ ကျွနိုပ်၌ အခိုင်းအစေတယောက်၊ ဖြစ်နိုင်လျှင် အပေါင်းအဖော်တယောက်၊ လက်ထောက်တယောက် ရရှိရန် အချိန်ရောက်လာပြီဟု ယူဆလိုက်သည်။ ထိုယူဆချက်သည် သနားစရာကောင်းသော ထိုသူအား ကယ်ဆယ်ရန် စေ့ဆော်လိုက်သည်“ လို့ သူကဆိုခဲ့တယ်။ အဲဒီစေ့ဆော်ချက်ရှိလာတာနဲ့ ခရူးဆိုးဟာ လက်နက်စွဲကိုင်ပြီး လိုက်လံဖမ်းဆီးသူတွေနဲ့ အလိုက်ခံရသူကြားကို ၀င်ရောက်နေရာယူလိုက်တယ်။ လူသားစားလူရိုင်းတယောက်ကို အလဲထိုးချ လိုက်တော့ နောက်တယောက်က ခရူးဆိုးကို မြှားနှင့်ချိန်ရွယ်လို့ အဲဒီလူကိုပါ သတ်ပစ်လိုက်ရတယ်။

ဒီလိုနဲ့ နောက်ပိုင်းကျတော့ ခရူးဆိုးဟာ လူသားနှစ်ယောက်ပါတဲ့ လူ့အဖွဲ့အစည်းတရပ်ကို ထူထောင်လိုက်တယ်။ လူရိုင်းများလက်က ကယ်တင်လာတဲ့သူကို ဖရိုင်းဒေးလို့ အမည်ပေးလိုက်တယ်။ သူ့ကို သခင်လို့ ခေါ်ဖို့ ခရူးဆိုးက ဖရိုင်းဒေးကို သင်ထားတယ်။ အစပိုင်းမှာ ဖရိုင်းဒေးကို စိတ်ချယုံကြည်မှု အပြည့်အ၀မရှိခဲ့ဘူး။ ညအိပ်ရင် တံခါးပိတ်အိပ်တယ်။ သူ့မျက်စိရှေ့မှာ ရှိနေချိန်ကလွဲရင် ဖရိုင်းဒေးလက်ထဲမှာ လက်နက်တွေ မရှိဖို့ သူသတိထားတယ်။ အဲဒီကနေ တဖြည်းဖြည်းချင်း သူတို့နှစ်ယောက်ကြားမှာ တဦးပေါ်တဦး စိတ်ချယုံကြည်မှုတွေ တိုးတက်လာတယ်။ ဆက်ဆံရေး အခြေအနေမှာ သခင်နဲ့ ကျွန်ဆက်ဆံရေးပဲ ဖြစ်ပေမယ့် အတူတကွ မိတ်ဆွေ၊ အပေါင်းအသင်းလို နေထိုင်ဖို့ သူတို့ နှစ်ယောက် တယောက်ကိုတယောက် စတင်လေ့လာစပြုလာတယ်။

ဒီလိုအခြေအနေမှာ လူသားနှစ်ဦးသာရှိတဲ့ လူ့အဖွဲ့အစည်းထဲကို အခြားလူသားနှစ်ဦး ထပ်မံရောက်ရှိလာတယ်။ လူသားစားလူရိုင်းတွေလက်က ထွက်ပြေးလွတ်မြောက်လာသူတွေပဲဖြစ်တယ်။ “ကျွန်ုပ်၏ ကျွန်းပေါ်၌ လူသားများ တိုးတက်လာသည်နှင့်အမျှ၊ ကျွန်ုပ်၌ တစတစ ပြီးပြည့်စုံလာသည်ဟု ခံစားရသည်။ မိမိကိုယ်ကိုလဲ ရှင်ဘုရင်ကဲ့သို့ ထင်မြင်လာသည်။ ပထမဦးစွာ တိုင်းပြည်တခုလုံးအား ကျွန်ုပ်ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်း အဖြစ်သို့ သွတ်သွင်းရသည်။ သို့မှသာ ကျွန်ုပ်၏ အုပ်ချုပ်မှု အာဏာတည်မြဲမည်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်၏ နိုင်ငံသားများအလုံးစုံ သစ္စာ ခံစေရန် ဆောင်ရွက်ရသည်။ ကျွန်ုပ်သည်သာ အရှင်သခင်၊ ဥပဒေပြုသူဖြစ်သည်။ ၄င်းတို့သည် အသက်နှင့် ခန္ဓာကို ကျွန်ုပ်ထံ၌ ပေးလှူထားရပြီး၊ ကျွန်ုပ်သည်သာ သက်ဦးဆံပိုင်ဖြစ်သည်“ ဟူ၍ ခရူးဆိုးက ရေးသားခဲ့ပါတယ်။

အဲဒီကျွန်းလေးမှာ ထပ်ဖြစ်လာတဲ့ နောက်တဆင့် နိုင်ငံရေးကြောင့် ခရူးဆိုးလွတ်မြောက်ပြီး အင်္ဂလန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီတကြိမ် ကျွန်းပေါ်ကို ထပ်ရာက်လာသူတွေကတော့ အင်္ဂလိပ်သင်္ဘောသားတွေပါ။ လူသားစားလူရိုင်းတွေလိုပဲ သင်္ဘောသားတွေကလဲ နှစ်အုပ်စုကွဲနေတယ်။ စားမည့်သူနဲ့ အစားခံရမည့်သူတွေတော့ မဟုတ်ဘူး။ ပုန်ကန်ဖီဆန်သူများနဲ့ ဓားစားခံဖြစ်နေတဲ့ အရာရှိနှစ်ဦးနဲ့ ခရီးသည်များ ဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။ အဲဒီ အခြေအနေမှာ ခရူးဆိုးက အရေးနိမ့်သူတွေဘက်က ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုဆုံးဖြတ်ပြီး ပုန်ကန်သူသင်္ဘောသားတွေ ကျွန်းပေါ်မှာ စူးစမ်းလေ့လာနေတုန်း အရာရှိအုပ်စုကို သူချဉ်းကပ်ပြီး သူ့ရဲ့ အဆိုပြုချက်ကို တင်သွင်းတယ်။ အဲဒီအဆိုပြုချက်က ကမ်းလှမ်းချက်နှစ်ရပ်ကို လိုက်လျောရင် ရန်သူလက်က လွတ်မြောက်ဖို့ အကူအညီပေးမယ်လို့ဆိုတာဖြစ်တယ်။ ကမ်းလှမ်းချက် အမှတ်(၁)က ကျွန်းပေါ်မှာ နေထိုင်စဉ်ကာလတလျှောက် သူ့အာဏာတည်မှုကို မငြင်းဆန်ဖို့နဲ့ ကမ်းလှမ်းချက် (၂)က သင်္ဘောကို ပြန်သိမ်းပိုက်နိုင်ရင် သူနဲ့ သူ့လူတွေကို အင်္ဂလိပ်ရေလက်ကြားကို ပို့ဆောင်ပေးဖို့ဖြစ်တယ်။

ကမ်းလှမ်းချက်ကို လက်ခံတဲ့အတွက် ခရူးဆိုးက သူတို့တွေကို လက်နက်တပ်ဆင်ပေးပြီး ပုန်ကန်သူတွေကို အတူတကွ ၀ိုင်းဝန်းနှိမ်နင်းပြီး ခေါင်းဆောင်ကို ကြိုးပေးသတ်လိုက်တယ်။ ငယ်သားတွေကို လက်နက်ဖြုတ်သိမ်းပြီး ကျွန်းပေါ်မှာ နေရစ်ခဲ့မည်လား (သို့မဟုတ်) သံခြေကျင်းခတ်ကာ အင်္ဂလန်သို့ ခေါ်ဆောင်ပြီး ကြိုးပေးရမည်လား ဆိုပြီး ရွေးချယ်ခိုင်းတယ်။ အသက်ရှင်မှုကို ရွေးချယ်ကြလို့ ကျွန်းပေါ်တွင် ထားရစ်ခဲ့တယ်။ ဒီလိုနဲ့ ခရူးဆိုးနဲ့ သူ့ မဟာမိတ်တွေဟာ အင်္ဂလန်ကို ချောမောစွာ ပြန်ရောက်ခဲ့ကြတယ်။

ဒီဥပမာဟာ ဖရိုင်းဒေးဆိုတဲ့ နောက်ထပ်လူသားတယောက် ပေါ်ထွက်လာချိန်မှာ နိုင်ငံရေး စတင်ပေါ်ထွက်လာခဲ့တာ၊ ရန်သူလား၊ မိတ်ဆွေလား မသိတဲ့ နောက်ထပ်လူတယောက် ကျွန်းပေါ်မှာ ရှိနေပြီလို့ သိလာတဲ့ အချိန်မှာ မိမိကိုယ်ကို ကာကွယ်ရေး မူတွေ ချမှတ်လာတွေ၊ လူအများရောက်လာချိန်မှာ အပေးအယူလုပ်တာတွေ၊ အရေးနိမ့်သူဘက်က ရပ်တည်ပေးရင်း ကိုယ့်အတွက် အကျိုးရှိမယ့် ရလာဒ်ကိုပါ တွက်ချက်စဉ်းစားတာတွေကို မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ လူတဦးတယောက်ထက် ပိုလာတဲ့ အချိန်အခါမျိုးမှာ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဒိုင်ယာလော့ခ်သဘောတရားတွေ၊ အာဏာကျင့်သုံးမှုတွေ ပါဝင်နေပြီးသားလို့ ပညာရှင်တွေက အဆိုပြုထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးရဲ့ သဘောတရားတွေကို လူနှစ်ဦးနှစ်ယောက်ကနေ ကျော်လွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ကြည့်ကြရအောင်ပါ။

နိုင်ငံရေး အား အဓိပ္ပာယ်ဖွင့်ဆိုခြင်း

နိုင်ငံရေးဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ ပြဿနာနှစ်ရပ်နဲ့ ကြုံကြရတယ်လို့ နိုင်ငံရေးပညာရှင် အင်ဒရူးဟေးဝဒ်က ရေးသားခဲ့ဖူးပါတယ်။ ပထမပြဿနာတရပ်ကတော့ နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်တမျိုးနဲ့ သဘောပေါက်နေကြတာမျိုးပါ။ တချို့က ဒါကို ပညာရပ်နယ်ပယ်တခုလို့ သဘောထားကြတယ်။ တချို့ကျတော့လဲ နိုင်ငံရေးဆိုတာကို မိမိလိုရာ အမြင်၊ အတွေးတွေနဲ့ ဆွဲယူနားလည်ထားကြတယ်။ ပိုဆိုးတာကတော့ နိုင်ငံရေးဆိုတာကို ညစ်ညမ်းတဲ့ စကားလုံး၊ ရှုပ်ထွေးတဲ့ စကားလုံး အဖြစ် ရှုမြင်သူတွေ ရှိနေတာပါ။ နိုင်ငံရေးဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ စစ်ပွဲတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ နိုင်ငံတကာ ပြဿနာတွေ၊ အကျဉ်းထောင်တွေ၊ လိမ်ညာလှည့်ဖျားမှုတွေကိုပဲ ဆက်စပ်တွေးမိနေကြသူတွေ ရှိပါတယ်။ နိုင်ငံရေးဆိုတဲ့ သဘောတရား တွေထဲမှာ ဒီအကြောင်းအရာတွေ ပါဝင်တာမှန်ပေမယ့် တခြားအကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေး၊ လူအများအကျိုးသယ်ပိုးဆောင်ရွက်ရေး၊ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေး မူဝါဒများ ချမှတ်ရေး စတာတွေနဲ့လဲ ဆက်စပ်နေတာဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် အဒရီယန် လက်ဘ်ဝစ်ခ်ျ ကတော့ နိုင်ငံရေးဆိုတာ စုပေါင်းလုပ်ဆောင်တဲ့ လူမှု လုပ်ငန်းဆောင်တာတွေအားလုံးရဲ့ ဗဟိုချက်မဖြစ်ပြီး၊ မိသားစုတွင်းမှာလဲ မိသားစုနိုင်ငံရေး၊ မိတ်ဆွေသူငယ်ချင်းအုပ်စုမှာလဲ မိတ်ဆွေအုပ်စုနိုင်ငံရေး၊ လူမျိုးတွေမှာလဲ အမျိုးသားနိုင်ငံရေး၊ ကမ္ဘာကြီး တခုလုံးမှာလဲ ကမ္ဘာ့ နိုင်ငံရေး စသဖြင့် အလွှာမျိုးစုံ၊ နေရာစုံမှာ နိုင်ငံရေးဆိုတဲ့ သဘောတရား ပါဝင်ပတ်သက်နေတယ် လို့ ဆိုထားခဲ့ပါတယ်။

နိုင်ငံရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ နောက်ထပ်ကြုံကြတဲ့ ပြဿနာတရပ်ကတော့ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး နားလည်မှုအမြင်တွေ အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။ တချို့က နိုင်ငံရေးဆိုတာကို အာဏာကျင့်သုံးမှုလို့ နားလည်ကြတယ်။ တချို့ကကျတော့ အများစုပေါင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်မှုလို့ မြင်ကြတယ်။ တချို့ကကျတော့ ရှားပါးတဲ့ အရင်းအမြစ်တွေကို ခွဲဝေအသုံးချမှုလို့ ယူဆကြတယ်။ တချို့ကကျတော့ နိုင်ငံရေးဆိုတာ လိမ်ညာလှည့်ဖျားတဲ့ အနုပညာတရပ်လို့ တွေးမြင်ကြပြန်တယ်။ နိုင်ငံရေးလောကဆိုတာ ရှုပ်ထွေးတယ်၊ ပါးနပ်လိမ်မာမှရမယ်၊ ကွက်ကျော်ရိုက်နိုင်မှ ရမယ်ဆိုတဲ့ အဆိုတွေဟာ ဒီနောက်ဆုံး အတွေးအခေါ်ကနေ မြစ်ဖျားခံလာတာဖြစ်တယ်။ နိုင်ငံတနိုင်ငံက လူအများဆီမှာ ဒီအတွေးအခေါ်၊ အမြင်တွေ ရှိလာရင် သိပ်အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတဲ့ စကားလုံးနောက်ကွယ်က လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်စေတဲ့ ကြီးကျယ်မြင့်မြတ်သော သဘောတရားတွေကို မရှုမြင်နိုင်တော့လို့ပဲဖြစ်ပါတယ်။ မျက်စိတဘက်ရဲ့ အလင်းရောင်ကို အမှောင်ဖုံးသွားတာနဲ့ အတူတူပဲ ဖြစ်သွားတတ်တာကြောင့် အဆိုးနဲ့ စမြင်တဲ့အခါ ကောင်းမွန်တာတွေကို မမြင်နိုင်တော့ပါဘူး။ ဘယ်အကြောင်းအရာမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ အချက်အလက်၊ မှန်ကန်တဲ့သဘောတရားကို အဆိုးဘက်ကကော၊ အကောင်းဘက်ကပါ သိရှိနားလည်ဖို့ လိုအပ်လှပါတယ်။

ယေဘုယျအားဖြင့် နိုင်ငံရေးဆိုတဲ့ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုကြရမှာ အမြင်လေးမျိုးကွဲပြားခြားနားပါတယ်။ ပထမတမျိုးကတော့ နိုင်ငံရေးဆိုတာ အစိုးရဖွဲ့စည်းခြင်း၊ အုပ်ချုပ်ခြင်း အနုပညာတရပ်လို့ မြင်ကြတာဖြစ်ပါတယ်။ ဒုတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ ပြည်သူ့ရေးရာ (public affairs) လို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ တတိယတမျိုးကတော့ နိုင်ငံရေးဆိုတာ အပေးအယူ၊ အလျှော့အတင်း ပြုလုပ်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ တနည်းဆိုရင် ဖြစ်နိုင်ချေတွေကို ပြုလုပ်တဲ့ အနုပညာ တရပ်ကို တွေးမြင်ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုလို့ ရှုမြင်တာဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)

Friday, 11 September 2009

ERI Press Release (Eng)
ERI Press Lease (Bur)
Highlights Asia 9-9-09

Uncensored Burma - Daily News ( Sep 10 )

Uncensored Burma - Daily News ( Sep 10 )

ဝန်ကြီးဌာနများတွင် အင်တာနက်သုံးစွဲမှု ကန့်သတ်

အောင်သက်ဝိုင်း ဧရာဝတီ
ပြည်ပသတင်းဌာနများသို့ အစိုးရနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ စီးဆင်းနေမှုအား တားဆီး ထိန်းချုပ်ရန် ၀န်ကြီးဌာနများတွင် အင်တာနက် အသုံးပြုခြင်းကို စတင် ကန့်သတ် ပိတ်ပင်နေကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂၀၀၈ ခုနှစ် မြောက်ကိုရီးယား ခရီးစဉ် မှတ်တမ်း၊ နေပြည်တော်တွင် လိုဏ်ဂူကြီးများ တည်ဆောက်နေမှု စသည့် အစိုးရ၏ လျှို့ဝှက် စီမံကိန်းများ၊ သတင်းများ ပြည်ပ သတင်းဌာနများသို့ ပေါက်ကြားနေသဖြင့် ထိုသို့ ကန့်သတ်ပိတ်ပင်ခြင်း ဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်းများထံမှ သိရသည်။

အင်တာနက် မဖြစ်မနေ အသုံးပြုရမည် ဆိုပါက ညွှန်ကြားရေးမှူးအဆင့် အရာရှိများကိုသာ တာဝန်ခံပြီး သုံးစွဲခွင့် ပေးသည်ဟု စုံစမ်းသိရှိရသည်။
“ရုံးက ကွန်ပျူတာတွေမှာ အင်တာနက် ချိတ်ထားတာကို ညွှန်ချုပ် အမိန့်နဲ့ ကန့်သတ်လိုက်တယ်။ ၀န်ထမ်းတွေ အရင်ကလို အင်တာနက် သုံးလို့ မရတော့ဘူး” ဟု နေပြည်တော်ရှိ ၀န်ကြီးဌာန တခုမှ

အရာရှိငယ် တဦးက ပြောသည်။

ပိတ်ပင်ရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေးနှင့် အခွန်၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး၊ နိုင်ငံခြားရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ အမှတ် (၁) စက်မှု စသည့် ၀န်ကြီးဌာနများ ပါဝင်သည်ဟု နေပြည်တော် ၀န်ထမ်းများထံမှ သိရှိရသည်။

နေပြည်တော်ရှိ ၀န်ကြီးဌာန ရုံးများတွင်သာမက ပြည်နယ်တိုင်း အသီးသီးရှိ ၀န်ကြီးဌာန ရုံးခွဲများတွင်လည်း ထိုသို့ ပိတ်ပင်ထားသည်ဟု သိရသည်။

“ဒီနှစ်ထဲမှာ အစိုးရ ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားက လာရောက်တဲ့ အရေးကြီး သံတမန်တွေ၊ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြတဲ့ အသေးစိတ် သတင်း အချက်အလက် ဖိုင်တွေ ပြည်ပမီဒီယာတွေကို

အီးမေးလ်တွေက တဆင့် ပေါက်ကြားတာတွေ အရမ်းများလာလို့ အဲဒီလို အင်တာနက် သုံးခွင့်ပိတ်တာလို့ ပြောတယ်” ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ထမ်း တဦးက ရှင်းပြသည်။
သုံးစွဲခွင့် ပြုထားသော ၀န်ကြီးဌာနများတွင်မူ နိုင်ငံတကာ၌ တွင်ကျယ်နေသည့် ဂျီမေးလ် ကဲ့သို့သော အခမဲ့ အီးမေးလ်များ သုံးစွဲခြင်းကို ပိတ်ပင်ထားပြီး အစိုးရ ထံတွင် မှတ်ပုံတင်ထားသည့် အီးမေးလ်များကိုသာ သုံးစွဲရန် ညွှန်ကြားထားသည်ဟု သိရသည်။ ပိတ်ပင်မှုထဲတွင် ဂျီတော့ပ် အသုံးပြုခြင်းလည်း ပါဝင်သည်။

ကန့်သတ် ပိတ်ပင်မှုများ၏ ရလဒ်ကြောင့် ဌာနဆိုင်ရာ လုပ်ငန်းများ နှောင့်နှေး၊ ခက်ခဲလာကြောင်း နေပြည်တော်ရှိ ၀န်ထမ်းများက ဆိုသည်။

နိုင်ငံတကာတွင် အုပ်ချုပ်ရေး ယန္တရား ပိုမို မြန်ဆန် လွယ်ကူရေး အတွက် အင်တာနက် အသုံးပြုမှု တိုးမြှင့် လုပ်ဆောင်နေချိန်တွင် မြန်မာ စစ်အစိုးရက ယခုကဲ့သို့ ကန့်သတ်နေခြင်းမှာ ခေတ်နောက်ပြန်ဆွဲခြင်းပင် ဖြစ်ကြောင်း ရန်ကုန်မြို့မှ အိုင်တီပညာရှင် လူငယ်တဦးက သုံးသပ်သည်။

“အစိုးရအနေနဲ့ e-government စနစ်ကို အကောင်အထည်ဖော်မယ်လို့ မကြာခဏ ဆိုသလို ကြွေးကြော်နေတယ်။ ဒီလို e-government စနစ်ကို အကောင်အထည် ဖော်မယ် ဆိုရင် အင်တာနက် သုံးစွဲခွင့်ကို ကန့်သတ် ပိတ်ပင်တာတွေ မလုပ်သင့်ဘူး” ဟု ထို အိုင်တီပညာရှင်လူငယ်က ပြောသည်။

အာဏာပိုင်တို့သည် ၀န်ကြီးဌာနများအတွင်း အင်တာနက်သုံးစွဲခွင့် ကန့်သတ်ထားရုံ သာမက ပြည်သူများ သုံးစွဲနေသည့် အင်တာနက်လိုင်းများ နှေးကွေးစေရန် စီစဉ်ခြင်း၊ ဂျီမေးလ် နှင့် အများသုံး အင်တာနက် စာမျက်နှာများသို့ ၀င်ရောက်မှု မပြုနိုင်စေရန် ပိတ်ဆို့ထားခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံရေး မတည်မငြိမ် ဖြစ်လာချိန်တွင် အင်တာနက် မြန်နှုန်း ကျဆင်းသွားခြင်း သို့မဟုတ် အင်တာနက် အချိတ်အဆက် လုံးဝ ပြတ်တောက်သွားခြင်းများနှင့်လည်း ကြုံနေရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နှစ်ခန့်မှစ၍ အင်တာနက် အသုံးပြုမှု စတင်ခဲ့သည်။ ဈေးနှုန်း ကြီးမြင့်သောကြောင့် အများပြည်သူ အလွယ်တကူ သုံးစွဲ၍ မရနိုင်ပေ။ ၂၀၀၀ ပြည့်နှစ်တွင် မှတ်ပုံတင်ပြီး အီးမေးလ် သုံးစွဲသူ ၅၈ ဦးသာ ရှိကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ နောက်ပိုင်းတွင် အင်တာနက်ကဖေးများ ပေါ်ပေါက်လာပြီး အင်တာနက် အသုံးပြုမှု ပိုမို ကျယ်ပြန့်လာသည်။

ဓာတ်ငွေ့ရောင်းရငွေများကို စစ်အစိုးရက စင်္ကာပူတွင် သိမ်းထားဟုဆို

သန်းထိုက်ဦး ဧရာဝတီ
မြန်မာစစ်အစိုးရက သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိသည့် ၀င်ငွေများကို စင်ကာပူနိုင်ငံရှိ ဘဏ်ကြီး နှစ်ခုတွင် လျှို့ဝှက် သိမ်းဆည်းထားသည်ဟု စုံစမ်း သိရှိရကြောင်း လူ့အခွင့်အရေး နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ (ERI)က ယနေ့ ပြောဆိုလိုက်သည်။
ဒေါ်လာ ဘီလီယံ အများအပြားကို Overseas Chinese Banking Corporation (OCBC) နှင့် DBS group (DBS) ဘဏ် တို့တွင် သိမ်းဆည်းထားသည်ဟု ERI အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာ ၂ စောင်တွင် ဖော်ပြထားသည်။
“ကိုယ့်ပြည်သူလူထုရဲ့ လူမှုရေး အသုံးစရိတ် အာရှမှာ အနိမ့်ဆုံး၊ အဆင်းရဲဆုံး ဖြစ်နေချိန်မှာ ဗိုလ်ချုပ်ကြီးတွေကတော့ နိုင်ငံရဲ့ဝင်ငွေ ဒေါ်လာ ဘီလီယံပေါင်း များစွာကို စင်္ကာပူမှာ သွားပြီးတော့ လျှို့ဝှက် အပ်ထားတယ်” ဟု ERI မှ ပြောရေးဆိုခွင့်ရှိသူ Matthew Smith က ပြစ်တင် ဝေဖန်လိုက်သည်။
ကမ္ဘာ့ ငွေကြေးဈေးကွက်တွင် ထိုသို့ တရားမ၀င်သည့် ၀င်ငွေများအား တားဆီးရန်၊ စစ်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်သည့် အဖွဲ့အစည်း လုပ်ငန်းရှင်များအား ဖိအား ပေးရန်၊ စစ်အစိုးရ၏ ဘဏ် စာရင်းသို့ ငွေကြေး ၀င်ထွက်မှုများကို တင်းကျပ်ပေးရန် ERI အဖွဲ့က နိုင်ငံတကာသို့ တိုက်တွန်းလိုက်သည်။
မြန်မာပြည်တွင် ရင်းနှီး မြှုပ်နှံသည့် Total နှင့် Chevron ရေနံကုမ္ပဏီကြီးများက မြန်မာစစ်အစိုးရ ခေါင်းမာလာစေရေး အတွက် အကူအညီ ပေးနေကြောင်း၊ ထိုဝင်ငွေများကြောင့် စစ်အစိုးရအပေါ် ဖိအားပေးနေမှုများ ထိရောက်မှု လျော့နည်းခဲ့ရကြောင်း ERI အဖွဲ့၏ အစီရင်ခံစာက ဆိုသည်။
မြန်မာ စစ်အစိုးရသည် ထို ကုမ္ပဏီ ၂ခု၏ ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာ ၄.၈၃ ဘီလီယံ ရခဲ့သည်ဟု ဆိုသည်။ ထိုအထဲမှ အနည်းဆုံး ၄.၈၀ ဘီလီယံကို နိုင်ငံတော် ဘဏ္ဍာငွေတွင် ထည့်သွင်းထားခြင်း မရှိဟု ဖော်ပြထားသည်။
အဆိုပါ စီမံကိန်း၏ တနင်္သာရီတိုင်း အတွင်း မိုင် ၂ဝဝ ကျော်ရှည်သည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သွားရာ လမ်းတလျှောက်တွင် မွန်၊ ကရင် နှင့် ထားဝယ် ရွာသားများ လုပ်အားပေးရခြင်း၊ လယ်ယာ မြေ အသိမ်းခံရခြင်း၊ ရွာပြောင်းရွှေ့ရခြင်းများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ စီမံကိန်း လုံခြုံရေးကို တာဝန်ယူသည့် မြန်မာ့ တပ်မတော်က ထိုဒေသတွင် လူသတ်မှုများ၊ မုဒိမ်းမှုများ ကျူးလွန်သည်ဟုလည်း လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲထားသည်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် ERI အဖွဲ့၏ အစီရင်ခံစာ ၂ ခုတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ အကြောင်းကို အဓိကထားပြီး ပြုစုထားသည်။
နယ်ခြားစောင့် အရေး ကချင်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ထပ်မံဆွေးနွေး

ဖနိဒါ ကြာသပတေးနေ့၊ စက်တင်ဘာလ 10

ချင်းမိုင်(မဇ္ဈိမ)။ ။ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ငြင်းဆိုနေသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်အစိုးရ ကိုယ်စားလှယ်များအကြား ယမန်နေ့က ထပ်မံ ဆွေးနွေးခဲ့ သည်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် အဖွဲ့နှင့် ဒုဥက္ကဌ ဦးဂေါင်ရီဇော်ဆိုင်းက ဦးဆောင်သည့် KIO ကိုယ်စားလှယ် ၈ ဦးတို့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးတွင် ဆွေးနွေးကြခြင်းဖြစ်သည်။
“အသွင်ကူးပြောင်းရေး transformation နဲ့ ပတ်သက်ပြီးတော့ ထပ်ဆွေးနွေးကြတယ်။ ၉ နာရီ လောက်ကနေ ၁၁ နာရီမှာ ပြီးသွားတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
သို့သော် ကေအိုင်အို ဗဟိုဌာနချုပ်မှ တာဝန်ရှိသူများကို ပြန်လည်ရှင်းပြရခြင်း မရှိသေးသဖြင့် ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိပါ။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် BGF အဖြစ် ပြန်လည်ဖွဲ့စည်းရန် တွန်းအားပေးနေပြီး ကချင် KIO အဖွဲ့က လက်မခံနိုင်ကြောင်း ယခုနှစ် ဇူလိုင်လကတည်းက နေပြည်တော်သို့ အကြောင်းကြားထားပြီး ဖြစ် သည်။

သို့သော် စစ်အစိုးရကမူ သဘောထားပြောင်းလိုဟန်မရှိပဲ နယ်ခြားစောင့်တပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် လာမည့်လ နောက်ဆုံးထား ဆုံးဖြတ်ရန် KIO အား သတိပေးထားသည်။
ယခုလ ၅-၆ ရက်နေ့များတွင် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသည့် ကချင်လူထု ကိုယ်စားလှယ် ၃၂၄ ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ တက်ရောက်သော အစည်းအဝေးကလည်း စစ်အစိုးရ၏ ထိန်းချုပ်မှုခံရမှာ ဖြစ်သော တပ်အသွင်ပြောင်းရေးကို ပယ်ချခဲ့သည်။

ယင်းအစည်းအဝေးက ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိရန် လိုလားကြောင်း၊ ရွေးကောက်ပွဲပြီးပါက ဖြစ်ပေါ်လာမည့် ကချင်ပြည်နယ်အစိုးရနှင့် KIO အကြား ပြုပြင်ပြောင်းလဲရေး ကိစ္စများ ဆွေးနွေးမည်ဖြစ်ကြောင်း သဘောတူကြသည်။

အသစ်ဖြစ်ပေါ်လာမည့် ကချင်ပြည်နယ်အစိုးရ၌လည်း KIO ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲမဝင်ပဲ ပါဝင်လိုကြောင်း၊ ထို့အပြင် KIO ၏ လက်နက်ကိုင်တပ် KIA ကိုလည်း ကချင်ဒေသ လုံခြုံရေးတပ် Kachin State Guard Force အဖြစ် ပြည်နယ်အစိုးရ လက်အောက်တွင် ဖွဲ့စည်းလိုကြောင်း ဆုံးဖြတ်လိုက်ကြသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အိုတို့ ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ နှစ်ဖက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ကချင်ကိုယ်စားလှယ်များထဲတွင် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော် မပါသဖြင့်ဟု ဆိုကာ စစ်အစိုးရဘက်မှ ရက်ရွေှ့ဆိုင်းခဲ့ပြီး ယမန်နေ့မှသာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း KIO နှင့် နီးစပ် သူများကပြောသည်။
ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်သည် ၂၀၁၀ခု ရွေးကောက်ပွဲဝင်ရန် ပါတီထောင်မည့် KIO မှ ဒုဥက္ကဌ တာဝန်ယူခဲ့သူ ဒေါက်တာတူးဂျာနှင့်လည်း ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း ဒေါက်တာတူးဂျာက မဇ္ဈိမကိုပြောသည်။ သို့သော် မကြာမှီဖွဲ့စည်းရန်ရှိသည့် ကချင်ပြည်နယ်တိုးတက်သောပါတီ Kachin State Progressive Party (KSPP) နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း မရှိကြောင်း သူက ဆက်ပြော သည်။

ဒေါက်တာတူးဂျာ အပါအဝင် KIO ခေါင်းဆောင် (၆) ဦးတို့သည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ယခုလ ၂ ရက်နေ့၌ KIO ၏ စည်းမျဉ်းနှင့်အညီ အဖွဲ့မှ နှုတ်ထွက်ခဲ့ ကြသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးသက်ပုံ နှင့်အဖွဲ့သည် ကိုးကန့်ဒေသကို မကြာသေးမီက တိုက်ခိုက်ရခြင်းသည် မူးယစ်ဆေးနှင့် လက်နက်ထုတ်လုပ်မှုတို့ကြောင့်ဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ လာရောက်ရှင်းပြခဲ့သည်။
ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် KIO အဖွဲ့အား တွေ့ဆုံပြီးနောက်" ဝ" ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် "ဝ" ခေါင်းဆောင်များနှင့် တွေ့ဆုံကြမည် ဖြစ်ကြောင်း "ဝ" အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။




ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး အကြောင်းမပြန်

မြင့်မောင် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 09 ရက်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကိစ္စ ဆွေးနွေးရန် ရှေ့နေများက အာဏာပိုင်များထံ တွေ့ဆုံခွင့်ပြုရေးအတွက် ယမန်နေ့က တောင်းဆိုခဲ့ရာ ယခုတိုင် အကြောင်း မပြန်သေးကြောင်း သိရသည်။

ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး၌ အယူခံအတွက် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ထိုနေ့မတိုင်မီ အမှုသည်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းပပ ထံ သွားရောက်ခွင့်ပြုရန် ရှေ့နေများက တောင်းဆိုခဲ့ရာ အကြောင်းမပြန်သေးခြင်း ဖြစ်သည်။
“အခုအချိန်ထိတော့ ဘာမှ အကြောင်းပြန်စာ မရသေးပါဘူး။ အမှုသည် ကာယကံရဲ့ ညွှန်ကြားချက် ယူရမယ်။ အမှုက ၁၈ ရက်နေ့မှာ ကြားနာမယ်။ အဲဒီအတွက် အမှုသည် ကာယကံရှင်တွေနဲ့ တွေ့ခွင့်ရဖို့ လိုတယ်” ဟု အမှုအတွက် ရှေ့နေ ၄ ဦးထဲမှ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယခုလ ၄ ရက်နေ့က တိုင်းတရားရုံးတွင် အယူခံခွင့်ပြုရန် လျှောက်လဲချက်ပေးရာ တရားရုံးက လက်ခံခဲ့ပြီး၊ ယခုလ ၁၈ နေ့တွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန် လျှောက်လဲရန် ချိန်းဆိုခဲ့သည်။
ဦးဥာဏ်ဝင်းက “အယူခံနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တာပေါ့ဗျာ။ ကျနော်တို့က ဆုံးဖြတ်ခွင့် ရတာမဟုတ်ဘူး။ သို့သော် ဥပဒေ အချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်က ဘာအပြစ်မှ မကျူးလွန်ဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ သေသေချာချာ လျှောက်လဲချက် ပေးမှာပါ။ ဒေါ်စုနဲ့ ဒေါ်ခင်ခင်ဝင်း သားအမိ နှစ်မှုစလုံးအတွက် လျှောက်လဲချက်ပေးရမှာ ဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ကို မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ပျက်ပြယ်ပြီးဖြစ်သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ စီရင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ခရိုင်တရားရုံး လျှောက်လဲခဲ့ကြသေးသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ ၌ ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခု အခြေခံဥပဒေ ရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြသည့်အပြင် ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီး ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောဆိုခဲ့သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။
စစ်ပွဲသစ်များ မကြာမီ ဖြစ်ပွားလာနိုင်ဟု အကဲခတ်များ ပြောဆို

ကျော်ခ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 09

ချင်းမိုင် (မဇ္ဈိမ)။ ။ MNDAA ကိုးကန့်တပ်ကို တိုက်ခိုက်ပြီးနောက် ဒေသတွင်းသို့ စစ်အစိုးရ တပ်ဖွဲ့များ ပိုမို ဖြည့်တင်းထားသဖြင့် တရုတ်-မြန်မာ နယ်စပ်တွင် နောက်ထပ်စစ်ပွဲများ မကြာမီ ဖြစ်ပွားလာဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ပြောသည်။
စစ်အစိုးရ တပ်များသည် ဝ' တို့ အမာခံ တပ်စွဲထားသည့် ဝ' နယ်မြေမြောက်ပိုင်း ဟိုပန်းမြို့မှ မိုင် ၂၀ ခန့်ဝေးသော သံတုံးမြို့နယ် မိုင်းဆတ်မြို့အနီးတဝိုက်၊ ဝ' နယ်မြေအလယ်ပိုင်း ကျိုင်းတုံအရှေ့မြောက်တွင် အာပီဂျီ လောင်ချာ၊ မော်တာနှင့် သံချပ်ကာ ကားများ အပါအဝင်ဖြင့် လွန်ခဲ့သည့် သီတင်းပတ်ကတည်းက တပ်စွဲလာခဲ့သည်ဟု ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) သတင်းရပ်ကွက်များအရ သိရသည်။

ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေသူ ရှမ်းသံတော်ဆင့် သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ”စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးကနေ ပင်းကူကိုအသွား၊ အဲဒီလမ်းတလျှောက်မှာ စစ်ကားအစီး ၄၆ စီး၊ Escort အစောင့်အရှောက် တပ်စိတ်တစိတ်ပဲပါတယ်။ အကုန်လုံး မိုးကာအုပ်ထားတယ်။ … လက်နက်ကြီးတွေ၊ ကျည်ဆံတွေ၊ လောင်စာတွေလို့ ပြောတယ်။ အဲဒီကားတွေက ကျိုင်းတုံရောက်တော့ ထက်ဝက်စီခွဲပြီး ထက်ဝက်က ပင်းကူရဲ့ အရှေ့မြောက်ဘက်ကို တက်သွားတယ်။ နောက်တဝက်က ကျိုင်းတုံရဲ့ အရှေ့တောင်ဘက်ကို ဆင်းသွားတယ်။ အဲဒါက မိုင်းယောင်းမြို့နယ်” ဟု ပြောသည်။

နေပြည်တော်စစ်ရုံးနှင့်နီးစပ်သော သတင်းရပ်ကွက်တခုက စစ်အစိုးရအနေဖြင့် စစ်ပွဲများအတွက် ပြင်ဆင်မှုများ ရှိနေသည်ဟု ဆိုသည်။
အရှေ့မြောက်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်သည် ကိုးကန့်ဒေသ လောက်ကိုင်တွင် အခြေစိုက်ပြီး၊ တပ်များကို ကွပ်ကဲလျက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မင်းအောင်လှိုင်သည်လည်း ဒေသတွင်းသို့ လှည့်လည်လျက် ရှိသည်။

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက လူအများ စစ်ပွဲကို အာရုံစိုက်နေခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကို မှေးမှိန်သွားစေပြီး၊ လုပ်ကိုင်ခွင့် အခွင့်လမ်း သာစေသည်ဟု ယူဆနေကြောင်း အဆိုပါသတင်းရပ်ကွက်က ပြောသည်။

အပစ်အခတ်ရပ် ဝ' ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် - UWSA ကလည်း နယ်မြေအတွင်း တပ်လှန့်မှုများ ပြုလုပ်ထားပြီး၊ စစ်သားဟောင်းများကို ပြန်လည်ခေါ်ယူခြင်းနှင့် လိုအပ်လျှင် တအိမ်တယောက်နှုန်း စစ်သားစုဆောင်းမည်ဟု မှာကြားထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ယခုလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဝ' ဒေသ မြို့နယ် ၁၂ မြို့နယ်တွင်း အစည်းအဝေးများ ခေါ်ယူခဲ့ကာ၊ လိုအပ်လျှင် တအိမ်တယောက် စစ်ထဲလိုက်ရန် ဆင့်ခေါ်မည်ဟု ပြောကြားထားကြောင်း ဒေသခံများကို ကိုးကား၍ အာအက်ဖ်အေ မြန်မာပိုင်းအစီအစဉ် သတင်းတရပ်တွင် ပါရှိသည်။

လူဦးရေ ၄ သိန်းကျော်ရှိ ဝ' ဒေသတွင် စစ်သည်အင်အား အနည်းဆုံး ၂ သောင်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။
အစဉ်အလားအားဖြင့် အခြေခံစစ်ပညာနှင့် ဝ' လူငယ်အများစု ကျွမ်းဝင်ကြသည်။ လက်ရှိအချိန်တွင် ဝ' ခေါင်းဆောင်များက အရန်စစ်သည်အင်အား ၄ သောင်းကျော်ကို ဆင့်ခေါ်ထားပြီးဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။
အခြားသော စစ်ရုံးသတင်းရပ်ကွက်တခုက ထွက်ပြေးတိမ်းရှောင်သွားသော ကိုးကန့်ခေါင်းဆောင်သည် ဝ' နယ်မြေအတွင်း ရောက်ရှိနေသည်ဆိုကာ ပြန်လည်လွှဲပေးရန် နအဖက တောင်းဆိုထားသည်ဟု ဆိုသည်။

ဝ' နှင့် တိုက်ပွဲများ ဖြစ်ပွားလျှင် ရှမ်းနှင့် ဝ' ဒုက္ခသည် ၅ သောင်းကျော်အထိ ထိုင်းနိုင်ငံထဲ ထွက်ပြေးနိုင်ကြောင်းနှင့် တရုတ် နိုင်ငံဘက်ကိုတော့ ထိုပမာဏထက် ပိုနိုင်သည်ဟု အကဲခတ်များက တွက်ဆထားကြသည်။
ရေကာတာတည်ဆောက်မှုကြောင့် ငါးလုပ်ငန်းကျဆင်း

အင်းလုပ်သားများ စီးပွားရေးကျပ်တည်း

အောင်ထက် / ၁၀ စက်တင်ဘာ ၂၀၀၉ ခေတ်ပြိုင်
ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖို၊ မိုးညိုမြို့တို့၏ အင်းလုပ်ကွက်များတွင် ဧရာဝတီမြစ်ရေ မတိုးသည်မှာ ကြာမြင့်နေပြီး ယခုနှစ် အဆိုးဝါးဆုံးအခြေအနေဖြစ်လာကာ အင်းလုပ်ငန်းရှင်များ အရှုံးပေါ်နေကြသည်။
အင်းလုပ်ငန်းရှင်များကို မှီခိုနေရသည့် မိုးညိုမြို့နယ် အောက်ရွာလေး၊ ထန်းပင်ကုန်း၊ နန်းပေါက်၊ အင်းဘွားကြီး၊ ငကျီးကျေးရွာများ၊ အုတ်ဖိုမြို့နယ် တက်ဆွဲ၊ မှက္ကတန်၊ ကြို့ပင်ကောက်မြို့နယ် ဘိသလွန်ကျေးရွာတို့ရှိ အင်းလုပ်သား အများစုသည် စားဝတ်နေရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။

၂၀၀၂ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ယခုတိုင် မပြီးဆုံးသေးသည့် ရေကာတာကြီးက သဘာဝအရင်းအမြစ် ဧရာဝတီမြစ်ရေကို တားဆီးလိုက်ခြင်းကြောင့် အဆိုပါဒေသ၏ ငါးလုပ်ငန်းများ တနှစ်ထက်တနှစ် ကျဆင်းလာရသည်ဟု ဒေသခံများက ပြောသည်။
တည်ဆောက်ဆဲ ရေကာတာကြီးသည် အမြင့်ပေ (၂၀) ခန့်ရှိပြီး မျက်နှာဝအကျယ် (၁၈) ပေခန့်ရှိကာ တာရိုးအရှည် မိုင် (၂၀) ခန့်ရှိပြီး မိုးညိုအပိုင် မြစ်သာရွာမှ ကင်ကျောင်းကုန်း၊ ငကျီး၊ ထန်းပင်ကုန်း၊ ဂလောက်ရွာများကို ဖြတ်ကာ မိုးသစ္စာရွာအထိ တာထိုးထားသည်။
ရေနက်ကွင်းလယ်ယာမြေ ပြန်လည်ဖော်ဆောင်ပေးရန် အဆိုပါရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို နအဖအာဏာ ပိုင်များက အကောင်အထည်ဖော်ခဲ့သော်လည်း လက်ရှိတွင် အင်းသူကြီးများ၊ အင်းလုပ်သားများ အထိနာလျက်ရှိသည်။
ရေကာတာမတည်ဆောက်ခင်က မိုးညိုမြို့၏ အနိမ့်ပိုင်းဒေသများသည် ရာသီချိန်၌ ဧရာဝတီမြစ်ရေတိုးကာ ရေပြင်ကျယ်ဖြစ်လေ့ရှိခဲ့သည့်အတွက် အင်းလုပ်သားများ ငါးအထိအမိ များခဲ့သည်။

သီတင်းကျွတ်-တန်ဆောင်မုန်း ရေကျအပြီး ဧရာဝတီရေပြင်ကျယ်မှ ငါးများသည် ချောင်းရိုး၊ မြောင်းရိုးများတွင် စုပြုံတိုးကြသဖြင့် တပေါင်း-တန်ခူး၌ ငါးဖော်ကြပြီး အင်းအနေအထားပေါ်မူတည်၍ တနေ့ ငါးပိဿာ (၇၀၀-၈၀၀) ခန့်အထိ ရတတ်ကြောင်း၊ သို့သော် အဆိုပါရေကာတာတည်ဆောက်ကာ မြစ်ရေတားဆီးမှုကြောင့် ယင်းဒေသ၌ ငါးလုပ်ငန်းကျဆင်းကာ အင်းသူကြီးများ ရင်းနှီးငွေပင် အနိုင်နိုင်ဖြစ်နေကြကြောင်း သိရသည်။

အင်းဖော်ရာသီတွင် အင်းတအင်းအတွက် အင်းသူကြီးဖြစ်သူသည် သိန်းရာချီ ရင်းနှီးမြှုပ်နှံရပြီး အင်းလုပ်သားဦးရေ အများအပြား အသုံးပြုရသည့်အပြင် အင်းလုပ်ပိုင်ခွင့်လိုင်စင်ကျမှ လုပ်ခွင့်ရသည်ဟု လှေချောင်းအင်းသူကြီးက ပြောသည်။`

၎င်းက “အဲဒီ တိုက်ရိုက်လေလံ၊ တိုက်ရိုက်အင်းလိုင်စင်ကို အင်းသူကြီးတွေက နိုင်ငံတော်သွင်းငွေအပြင် အမြတ်ငွေပေး ၀ယ်ယူကြရတယ်။ (၃-၄) သိန်းမှ သိန်း (၂၀၀၀-၃၀၀၀) အထိ အင်းတန်ဖိုးရှိတယ်” ဟု ပြောသည်။

တိုက်ရိုက်အင်းများတွင် မပါဝင်သည့် တန်ဖိုးနည်းအင်းများကိုမူ မြို့နယ်လေလံ၊ ခရိုင်လေလံအဖြစ် ငါးဦးစီးရုံးမှ အခြေခံဈေး သတ်မှတ်ပေးထားပြီး လေလံတင်ကာ အင်းသူကြီးများအား ဈေးပြိုင်စနစ် လေလံဝင်ဆွဲစေခြင်းဖြစ်သည်။ ဈေးပြိုင်စနစ်လေလံသည် အင်းသူကြီးများတွက် ရင်းနှီးငွေနှင့် အကျိုးအမြတ် ခုသာခံသာရှိသည်ဟု သိရသည်။
တိုက်ရိုက် အင်းလိုင်စင်ရထားသူထံမှ ယခင် (တနှစ်) သိန်း (၅၀-၆၀) အမြတ်ပေးဝယ်နေရသော မိုးညိုမြို့နယ်၊ ကျွဲထိုးစစ်ပင်ရိုး၊ ဆယ်ကျိုး-ကြူတော၊ အင်းဝင်းကြီး၊ ရွာသာယာလွှတ်အင်းတို့သည် ယခုကဲ့သို့ ရေကာတာ ကာဆီးမှုကြောင့် အမြတ်ငွေ (၁၀) သိန်းခန့်ပင် မပေးနိုင်တော့ကြောင်း အင်းသူကြီးတဦးက ပြောသည်။
“လက်ရှိအခြေအနေအရဆို အင်းသူကြီးကို အမှီပြုနေရတဲ့ ပိုက်ကွန်သမား၊ ယင်းထွန်းသမား၊ ကျွမ်းကျင်အင်းလုပ်သားတွေဆို အလုပ်လက်မဲ့ဖြစ်နေကြတယ်” ဟု ဘိသလွန်ရွာသားတဦးက ပြောသည်။
မိရိုးဖလာအင်းလုပ်ငန်းလုပ်ကိုင်သူများ ထိုသို့ အခက်အခဲများ ကြုံတွေ့နေသော်လည်း ဒီဇယ်အသုံးပြုရေကာတာ တည်ဆောက်ရေးလုပ်ငန်းခွင် ၀န်ထမ်းတို့မှာမူ လုပ်ငန်းခွင်ပြင်ပတွင် ဒီဇယ်ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ဖြစ်ထွန်း နေကြသည်ဟု ဒေသခံများက ပြောသည်။
မြေမြှုပ်မိုင်းကြောင့် နေရပ်ပြန်ရန် ဒုက္ခသည်များ ကြောက်ရွံ့နေကြ

ဝီရ / ၁၀ စက်တင်ဘာ ၂၀၀၉ ခေတ်ပြိုင်
စစ်အစိုးရတပ်နှင့် ပူးပေါင်းတပ်ဖြစ်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တို့၏ မြေမြှုပ်မိုင်းထောင်မှုများ ဆက်လက်တည်ရှိ နေသောကြောင့် စစ်ပြေးကရင်ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြီးမားသည့် အဟန့်အတားတရပ် ဖြစ်နေသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ Field Assistant ကိုအယ်ဘတ်က “ဒီကေဘီအေတို့ဘက်က မိုင်းထောင်နေတာက မြေပုံနဲ့ အတိအကျ သတ်မှတ်ထားတာ မရှိဘူး။ Landmines (မြေမြှုပ်မိုင်း) တွေ ထပ်ထောင်နေတဲ့ကိစ္စက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် အန္တရာယ် များလွန်းနေတယ်။ ကေအန်အယ်လ်အေဘက်ကရော နှစ်ဘက်စလုံးက မထင်မှတ်ထားတဲ့ နေရာတွေမှာ Landmines တွေ အသုံးပြုထားကြတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဇွန်လဆန်းပိုင်းမှစ၍ တပ်မဟာ (၇) ထိုးစစ်ကြောင့် နေရပ်စွန့်ခွာပြီး ထိုင်းဘက်ကမ်း ထာ့ဆောင်ရမ်းမြို့နယ်သို့ ထွက်ပြေးခိုလှုံလာသည့် ကရင်စစ်ပြေးဒုက္ခသည် (၅) ထောင်ခန့်အား ထိုင်းအာဏာပိုင်နှင့် ဒုက္ခသည်ကူညီရေးအဖွဲ့တို့၏ သဘောတူညီချက်အရ မိုးရာသီ ကုန်ဆုံးချိန်အထိသာ ထိုင်းဘက်ကမ်းတွင် ဆက်လက်ထားရှိမည်ဟု သိရသည်။
၂၀၀၉ ခု စက်တင်ဘာ (၈) ရက်၌ KHRG မှ ထုတ်ပြန်လိုက်သည့် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် “Exploitative Abuse” အစီရင်ခံစာတွင် ကေအန်အယ်လ်အေက ၎င်းတို့၏ တပ်မဟာ (၇) ကျရှုံးပြီးနောက် ပြောက်ကျားစစ်ဆင်ရေး ဆက်လက် ဆင်နွှဲရာတွင် တပ်စခန်း၏ အပြင်ဘက်၌ မြေမြှုပ်မိုင်း တပ်ဆင်ထားမှုများ ရှိသည်ဟု ဆိုထားသည်။

ဆက်လက်၍ “ဒုက္ခသည်တွေကိုယ်တိုင်က နေရပ်ပြန်ချင်ကြပါတယ်။ မြန်မာပြည်ဘက်ကမ်းမှာ သူတို့လယ်တွေ၊ ခြံတွေ ရှိတာကိုး၊ ဒါပေမယ့် ဒီ Landmine ထောင်ထားတဲ့ကိစ္စ၊ ကျေးရွာပြန်ရောက်ရင် ဒီကေဘီအေက အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေတာတို့၊ ပေါ်တာဆွဲတာတို့နဲ့ စစ်သားအသစ် စုဆောင်းတာ ခံရမှာ ကြောက်နေကြတယ်။ ဒါကြောင့် သူတို့ကို နေရပ်ပြန်ပို့ဖို့ ဆွေးနွေးကြရင် ထိုင်းအာဏာပိုင်နဲ့ အကူအညီပေးတဲ့ အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ထက် ဒီစစ်ပြေးဒုက္ခသည်တွေရဲ့ စိုးရိမ်ရတဲ့ အခြေအနေကို ထည့်သွင်း စဉ်းစားသင့် တယ်။ ဒုက္ခသည်အရေး ပေါ်လစီအသစ်တွေထုတ်ရင် ဒီဒုက္ခသည်တွေရဲ့ ခံစားချက်တွေ၊ အမြင် သဘောထား တွေကိုလည်း ထပ်စဉ်းစားသင့်တယ်လို့ ကျနော်တို့က အာဏာပိုင်တွေကို တောင်းဆိုထားတယ်” ဟု ကိုအယ်ဘတ်က ပြောသည်။
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများမှ နေရပ်ပြန်သည့် လမ်းခရီးများတွင်သာမက လုပ်ငန်းခွင်ရှိရာ လယ်ယာခြံမြေများတွင်လည်း မြေမြှုပ်မိုင်း အန္တရာယ်ရှိသဖြင့် နေရပ်ပြန်မည့် ရွာသားများအား ဒီကေဘီအေတို့က မိုင်းရှင်းလင်းရေးအတွက် Human Minesweepers အနေဖြင့် အသုံးပြုမည်ကို ကရင်လူ့အခွင့်အရေးအဖွဲ့က စိုးရိမ်လျက်ရှိသည်။
“ဒီကေဘီအေတို့က သူတို့စစ်သားတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့ ရွာသားတွေကို တိရစ္ဆာန်တွေလို ဆက်ဆံတယ်။ ရွာသားတွေကို တိရစ္ဆာန်တွေသတ်သလို သတ်နေတယ်။ လူ တယောက်ကို ဘာမှမမေးမြန်းဘဲ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ သူတို့သတ်တယ်” ဟု သြဂုတ်လအတွင်း ထိုင်း ဘက်ကမ်းသို့ ထပ်မံရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များအနက် အသက် (၄၁) နှစ်ရှိ ရွာသားတဦး၏ ပြောကြားချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့က ပေါ်တာဆွဲခြင်း၊ စစ်သားအသစ် စုဆောင်းခြင်းတို့ကြောင့်လည်း စစ်ပြေးဒုက္ခသည် သစ်များ ဆက်လက်ရောက်ရှိနေခြင်းဖြစ်သည်။
မြေမြှုပ်မိုင်း ရှင်းလင်းရေး တာဝန်ယူထားသည့် ဒီကေဘီအေ အရာရှိတဦးက စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ် တို့၏ လက်အောက် ကျရောက်ခဲ့သည့် တပ်မဟာ (၇) စခန်း ပတ်ဝန်းကျင်တွင် ကေအန်အယ်လ်အေ က မြေမြှုပ်မိုင်း အလုံးပေါင်း (၃,၀၀၀) ခန့် ထောင်ထားသည်ဟု ခန့်မှန်းပြောဆိုသည်။
ကိုးကန့် (သို့မဟုတ်) အမျိုးသားပြန်လည်တိုက်ခိုက်ရေးပြယုဂ်

၁၀ စက်တင်ဘာ ၂၀၀၉ ကျော်ဗလ ခေတ်ပြိုင်
နှစ်ပေါင်းနှစ်ဆယ်ကြာ ငြိမ်းချမ်းတည်ငြိမ်နေခဲ့တဲ့ ကိုးကန့်ဒေသရဲ့ လောက်ကိုင်ကွင်းပြင်ကျယ်ကြီးထဲမှာ သြဂုတ်လ (၂၈) ရက်နေ့ကတော့ သေနတ်သံတွေ၊ ဗုံးအမြောက်သံတွေ ဆူညံစွာ ပြန်လည်ပေါက်ကွဲ ထွက်ပေါ် လာခဲ့ပြန်ပါပြီ။ လောက်ကိုင်ကွင်းထဲက စတင်ထွက်ပေါ်လာတဲ့ သေနတ်သံတွေဟာ ချင်းရွှေဟော်နယ်စပ် အထိ ကိုးကန့်တခွင်တပြင်လုံး ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ အဓိကတော့ ကိုးကန့်ရှမ်းပြည်အထူးဒေသ (၁) မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA) ရဲ့ ဥက္ကဋ္ဌ ဦးဖုန်ကြားရှင်ရဲ့ ဂိုဒေါင်ကို ရဲအဖွဲ့ လက်နက်တက်ရှာရာက စတယ်လို့ဆိုပါတယ်။ တကယ်တော့ ဒါဟာ နအဖက အစီအစဉ်ရှိရှိ ပြဿနာရှာတာပါ။ ဒီလိုပြဿနာရှာနိုင်အောင်လည်း အခုတလော အမေရိကန်နဲ့ ပလူးပလဲလုပ်တာများနေတဲ့ နအဖကို တရုတ်က မျက်နှာလိုအားရ သတင်းပေးခဲ့လို့ပါ။
ပြောရရင် အမေရိကန်နိုင်ငံသား ယက်တောကိစ္စလိုပဲ ပြသာနာရှာချင်လို့ ဇာတ်လမ်းဆင်ခဲ့ကြတာပါ။ ဒါကြောင့်လည်း ကိုးကန့် MNDAA အဖွဲ့ ဒု-ဥက္ကဋ္ဌနဲ့ လက်နက်ကိုင်အင်အားတချို့က အစိုးရတပ်နဲ့ လာရောက်ပူးပေါင်းပြီး ဦးဖုန်ကြားရှင်အဖွဲ့ကို ပြန်လည်တိုက်ခိုက်နေပြီဆိုတဲ့ နအဖရဲ့ ထိုးဇာတ်၊ လုပ်ဇာတ်တွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။
အခုလို နအဖတပ်တွေနဲ့ ဒု-ဥက္ကဋ္ဌအဖွဲ့တို့က ပူးပေါင်းပြီး ဦးဖုန်ကြားရှင်ကို ၀ိုင်းဝန်းတိုက်ခိုက်နေကြပြီ ဆိုတော့လည်း သူနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ UWSA တပ်ဖွဲ့တွေကလည်း ဦးဖုန်ကြားရှင်ဘက်က ပါဝင်ကူညီတိုက်ခိုက်ကြတော့မှာပေါ့။ ဒီလိုနဲ့ တိုက်ပွဲအရှိန်အဟုန် ကျယ်ပြန့်ပြင်းထန်လာခဲ့ပြီး ကိုးကန့်နဲ့ဝ နယ်စပ်အထိ ပျံ့နှံ့သွားခဲ့ရပါတယ်။ အကြမ်းဖျင်း စာရင်းချုပ်လိုက်တော့ စစ်သားနဲ့ ရဲ (၃၀) ထက်မနည်းကျဆုံးပြီး (၁၀၀) ကျော်ကျော်ခန့် ဒဏ်ရာရခဲ့ကြတယ်လို့ဆိုပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ကိုးကန့်လူထု (၃) သောင်းကျော် တရုတ်ပြည်ထဲကို ထွက်ပြေးခိုလှုံသွားခဲ့ကြပြီး ဒီအထဲမှာ ရဲသား (၇) ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို ကိုးကန့်ဒေသမှာ တိုက်ပွဲဖြစ်လိုက်တဲ့ နိုင်ငံရေးအဓိပ္ပာယ်ကတော့ နအဖနဲ့ MNDAA တို့အကြား အနှစ်နှစ်ဆယ်ခန့် ထိန်းသိမ်းတည်ဆောက်လာခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားသွားခဲ့ပြီဖြစ်ကြောင်း ဗြောင်အတိအလင်း ကြေညာလိုက်တာပါပဲ။
တကယ်တော့ ကိုးကန့်ဒေသဟာ န၀တခေတ် ၁၉၈၉ ခုနှစ်မှာ ပထမဆုံး စစ်ရပ်စဲလိုက်ပြီး ပထမဆုံး ငြိမ်းချမ်းရေးရယူခဲ့တဲ့ ဒေသပါ။ န၀တရဲ့ အမျိုးသားလက်နက်ကိုင်အဖွဲများနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ သမိုင်းခရီးစဉ်ဟာ ကိုးကန့်ကစပြီး တာထွက်ခဲ့ရ တာပါ။ ၁၉၈၉ ခု နှစ်ဆန်းပိုင်းမှာ ဦးဖုန်ကြားရှင်အဖွဲ့ဟာ န၀တအဖွဲ့နဲ့ လျှို့ဝှက်ဆက်သွယ်ချိတ်ဆက်ခဲ့ပြီးမှ ၀အဖွဲ့၊ မိုင်းလားအဖွဲ့တို့နဲ့ ညှိနှိုင်းသဘောတူညီမှုရယူပြီး ဗကပကို ပုန်ကန်တော်လှန်ခဲ့ကြတာပါ။ ဒါကြောင့် ကိုးကန့်အဖွဲ့ ငြိမ်းချမ်းရေး ရယူသွားချိန်မှာ သံလွင်မြစ်အနောက်ကမ်းမှာ တပ်ချထားတဲ့ ကိုးကန့်တပ်မဟာက ဗကပ မြောက်ပိုင်းဗျူရိုကိုသိမ်းပြီး ‘မုန်းကိုး’ ဒေသကိုပါ ငြိမ်းချမ်းရေး ရယူပေးခဲ့ပါတယ်။ ဧပြီလထဲမှာ ၀တပ်ဖွဲ့တွေကလည်း ဗကပတွေကို မောင်းထုတ်လိုက်ပြီးနောက် မကြာခင် ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ ၀ အဖွဲ့နဲ့ မရှေးမနှောင်းဆိုသလို ဦးစိုင်းလင်းခေါင်းဆောင်တဲ့ မိုင်းလားအဖွဲ့ကလည်း န၀တနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ ဒီလိုနဲ့ အရှေ့မြောက်ဒေသတခုလုံးမှာ ကိုးကန့်အဖွဲ့က စတင်ထွန်းညှိလိုက်တဲ့ ငြိမ်းချမ်းရေးပွဲတော်ကြီးကို ပျော်ပျော်ပါးပါး ကျင်းပနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် နအဖ အဖွဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအသက်ဝင်လာချိန်မှာ လက်နက်စွန့်ကြဖို့ ကိုးကန့်၊ ၀ အဖွဲ့နဲ့ မိုင်းလားဒေသ စတဲ့ ဗကပ ခွဲထွက်အဖွဲ့တွေကို ချော့တခါ ခြောက်တလှည့်နဲ့ ဖိအားပေးလာခဲ့တာ တနှစ်နီးပါးရှိနေပါပြီ။ နအဖ အမျိုးသားညီလာခံမှာ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့်တောင်မရခဲ့တဲ့ ငြိမ်းအဖွဲ့တွေအနေနဲ့ လက်နက်မရှိရင် ဘာအမျိုးသားအခွင့်အရေးမှ မရှိဘူးဆိုတာ သဘောပေါက်နေကြပါပြီ။ ဒါကြောင့် ကိုးကန့်၊ ၀ နဲ့ မိုင်းလားအဖွဲ့အားလုံးက လက်နက်စွန့်ရေးဆိုတာကို ခါးခါးသီးသီး ငြင်းဆန်ကြပါတယ်။ ဒီအခါမှာ နအဖအဖွဲ့က “နယ်ခြားစောင့်တပ်ဖွဲ့” အမည်နဲ့ အသွင်ပြောင်းပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကို ဆွဲသွင်းဝါးမြိုပစ်နိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ နအဖရဲ့ ဒီလိုအကြံယုတ်၊ ပရိယာယ်အစုတ်ပလုတ်တွေကို ငြိမ်းအဖွဲ့ (၃) ဖွဲ့စလုံးက တညီတညွတ်တည်း ပုတ်ခါချလိုက်ကြပြန်ပါတယ်။ ဒီတော့လည်း နအဖ အနေနဲ့ “ပြဿနာရှာ အင်အားသုံး-ဖြိုခွဲ-ချေမှုန်းရေး” ပေါ်လစီကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒီပေါ်လစီကို လက်တွေ့ချပြီး ကျင့်သုံးဖို့အတွက် အဓိကပစ်ကွင်းကိုရှာရာမှာ နအဖအတွက် ကိုးကန့်ဒေသဟာ အသင့်လျော်ဆုံးပါပဲ။ ဘာကြောင့် ကိုးကန့်ဒေသဟာ နအဖရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာရပါသလဲ။
ဘာကြောင့်လဲဆိုတော့ ကိုးကန့်၊ ၀၊ မိုင်းလားဒေသ (၃) ခုထဲမှာ ကိုးကန့်ဒေသဟာ အားအနည်းဆုံး၊ အပျော့ဆုံးနေရာ ဖြစ်နေလို့ပါပဲ။ လူဦးရေအရ ၀ နယ်မှာ (၅) သိန်းနီးပါးရှိပြီး မိုင်းလားမှာ တသိန်းဝန်းကျင်ရှိနေပေမယ့် ကိုးကန့်မှာတော့ တသိန်းနီးပါးပဲရှိခဲ့တယ်။ တိုက်ခိုက်ရေးအင်အားအရလည်း ၀ နယ်မြေမှာ (၂ - ၃၀၀၀၀) ခန့်ရှိနေပြီး မိုင်းလားမှာ (၃,၅၀၀) ခန့် ရှိခဲ့ပေမယ့် ကိုးကန်မှာတော့ အင်အား (၂) ထောင်ဝန်းကျင်လောက်ပဲရှိပါတယ်။ ဗကပခေတ်မှာကတည်းက ၀ တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေဟာ တိုက်ရည်ခိုက်ရည်ကောင်းပြီး မိုင်းယမ်း၊ မိုင်းယောင်းတိုက်ပွဲကြီးတွေမှာ စစ်ရေစွမ်းရည်ပြနိုင်ခဲ့တဲ့ အဖွဲ့တွေပါပဲ။ ကိုးကန့်ဒေသကတော့ အဓိက အရောင်းအ၀ယ်ကောင်းပြီး စီးပွားရေးလှုပ်ရှားမှုများတဲ့ နယ်မြေဖြစ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးအခွင့်အာဏာကို အကြောင်းပြုပြီး ကိုးကန့်ခေါင်းဆောင်ပိုင်းထဲမှာ မကြာမကြာဆိုသလို အာဏာလုပွဲတွေ၊ ဂိုဏ်းခွဲမှုတွေ ပေါ်ပေါက်ခဲ့လေ့ရှိပါတယ်။ ဒီအခြေအနေတွေကြောင့်လည်း ကိုးကန့်နယ်မြေဟာ နအဖရဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေးကာလ” က ပထမဆုံး ငြိမ်းချမ်းရေး မဟာမိတ်ဖြစ်ခဲ့သလို အခု နအဖရဲ့ “အမျိုးသားပြန်လည် တိုက်ခိုက်ရေးကာလ” မှာလည်း ပထမဆုံး ရန်သူဖြစ်လာခဲ့ရတာပါပဲ။
တချိန်တည်းမှာ ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကလည်း တနေ့ နအဖနဲ့ ဒီလိုပြန်လည်တိုက်ခိုက်ရဦးမယ်ဆိုတာ ခါးသီးနာကြည်းစရာ ငြိမ်းချမ်းရေးအတွေ့အကြုံအရ သဘောပေါက်ထားပြီးသားဖြစ်လို့ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ တကယ်တော့ ကိုးကန့်အဖွဲ့ဟာ နအဖရဲ့ ငြိမ်းချမ်းရေးအရသာကို ပထမဆုံး မြည်းစမ်းခွင့်ရခဲ့သလို နအဖရဲ့ “သပ်လျှိုဖြိုခွဲ-အင်အားသုံး-ချေမှုန်း” ဆိုတဲ့ “အမျိုးသားပြန်လည်တိုက်ခိုက်ရေး” ပေါ်လစီကို ပထမဆုံး နာနာကြည်းကြည်း ခါးစည်းခံခဲ့ရတဲ့ အဖွဲ့လည်းဖြစ်တယ်ဆိုတာကိုတော့ မြန်မာကရော ကမ္ဘာကပါ သိခဲ့ကြမှာမဟုတ်ပါဘူး။
၁၉၈၉ ခုနှစ် ဗကပတွေကို တော်လှန်ပုန်ကန်ချိန်က ကိုးကန့်အဖွဲ့ဟာ သံလွင်အနောက်ဘက်ကမ်းရှိ ကိုးကန့်တပ်မဟာမှူး လီနမင် အုပ်ချုပ်နေခဲ့တဲ့ တပ်မဟာလက်အောက်ရှိ မုန်းကိုးဒေသကိုပါ အပိုဆုအဖြစ် အုပ်ချုပ်ခွင့်ရခဲ့ကြတာပါ။
မုန်းကိုးဒေသကို ကိုးကန့်တွေ အုပ်ချုပ်ခွင့်ရနေခဲ့ကြပေမယ့် ဒေသခံပြည်သူလူထုအများကတော့ ဂျိန်းဖောနဲ့ မရူ၊ လရှီးမျိုးနွယ်တွေသာ ဖြစ်ကြပါတယ်။ ဒီအားနည်းချက်ကို နအဖက အသုံးချကာ အုပ်ချုပ်သူ ကိုးကန့်တွေနဲ့ ဒေသခံ ကချင်မျိုးနွယ်တွေအကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားအောင် တို့မီးလျှို့မီးတွေ မွေးပေးခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကိုးကန့်အုပ်ချုပ်သူတွေနဲ့ ဒေသခံတွေအကြား၊ အချင်းများခဲ့ကြပြီး နအဖ အကူအညီနဲ့ မုန်းကိုးဒေသဟာ ကိုးကန့်လက်အောက်က ခွဲထွက်သွားခဲ့ကြပါတယ်။ နအဖ ကလည်း ချက်ချင်းဆိုသလို ဒေသခံ ဦးမုန်ဆာလ ဦးဆောင်တဲ့ မုန်းကိုးငြိမ်းချမ်းရေးအဖွဲ့ကို လက်ခံအသိအမှတ်ပြုလိုက်ကြပါတယ်။ ဒါပေမယ့် မုန်းကိုးဒေသလေးဟာ ငြိမ်းချမ်းတည်ငြိမ်မှု မရခဲ့ရှာပါဘူး။ ဦးမုန်ဆာလရဲ့အဖွဲ့နဲ့ ကိုးကန့်လက်ကျန်တပ်မတော်တို့အကြား ဆက်လက်ဖြစ်ပွားခဲ့ကြတဲ့ ပဋိပက္ခတွေကြောင့် အပြန်အလှန်အာဏာသိမ်းမှုတွေ၊ နယ်မြေလုပွဲတွေ ဆက်ပြီးပေါ်ပေါက်နေခဲ့ကြပါတယ်။ ဒီအခြေအနေကို နအဖ ဗိုလ်ချုပ်ဓားပြကြီးတွေက လားရှိုးမြို့ကနေ အလစ်ချောင်းပြီး အချိန်အခါကောင်းကို စောင့်နေခဲ့ကြပါတယ်။
၂၀၀၃ နိုဝင်ဘာ ယာလည်းညက် ကြက်လည်းပန်းချိန်ရောက်မှ နအဖ အရှေ့မြောက်တိုင်းရဲ့တပ်ရင်း (၉) ရင်းက အကြောင်းမကြား သတင်းမပါးဘဲ မုန်းကိုးဒေသထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ တပ်ရင်းတချို့က မုန်းကိုးကွင်းကို စီးနင်းသိမ်းပိုက်လိုက်ပြီး ငြိမ်းအဖွဲ့ ဒု-ဥက္က၏ ဦးမုန်ဆာလကို ဖမ်းဆီးလိုက်ကြပါတယ်။ တောင်ပေါ်က “ဟေမုန်လုံ” ရွာကြီးမှာ အေးဆေးစွာ တပ်ချအနားယူနေတဲ့ ကိုးကန့်တပ်မတော်ဟောင်းကိုတော့ နအဖရဲ့ တပ်ရင်း (၄) ရင်းက ရုတ်တရက် အလစ်အငိုက် ၀င်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းလိုက်ကြတယ်။ နအဖရဲ့ “သုံ့ပန်းမယူ၊ အရှင်မထားရေး” ပေါ်လစီအရ တပ်မဟာမှူး လီနမင် အပါအ၀င် အနည်းဆုံး ကိုးကန့်သား (၃၅၀) ကျော်မျှ လှံစွပ်ထိုး ပစ်ခတ်သတ်ဖြတ် ခံလိုက်ကြရတယ်။ ဒီလိုနဲ့ ကိုးကန့်တပ်မဟာကြီးက ဟေမုန်လုံသွေးအိုင်ထဲမှာ နစ်မွန်းပျောက်ကွယ်သွားခဲ့ရပြီး မုန်းကိုးငြိမ်းချမ်းရေး ဥက္ကဋ္ဌ ဦးမုန်ဆာလကတော့ ထောင်ဒဏ်နှစ် (၆၀) ကျော်မျှ ကျခံခဲ့ရရှာပါတယ်။ မုန်းကိုးငြိမ်းချမ်းရေး အဖွဲ့ကြီးကတော့ နအဖရဲ့ ကာကွယ်ရေးဘ၀ကို ကူးပြောင်းရောက်ရှိသွားခဲ့ပါပြီ။ ငြိမ်းအဖွဲ့ကို ကာကွယ်ရေးအသွင်ပြောင်းရာမှာ အုပ်ချုပ်စီမံမှုကောင်းတဲ့ ရမခတိုင်းမှူး သီဟသူရ တင်အောင်မြင့်ဦးကတော့ တွင်း (၁) အဖြစ် သူကောင်းပြုခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် အဆင့်နေရာနဲ့ အကျိုးစီးပွားအဆိပ်တွေ ထိပ်တက်နေကြတဲ့ ကိုးကန့် ငြိမ်းခေါင်းဆောင်တွေအကြားမှာ အမှတ်သည်းခြေ ကြီးကြီးမားမား ရှိကြပုံတော့မရပါဘူး။ ကိုးကန့် ငြိမ်းအဖွဲ့ခေါင်းဆောင်တွေထဲမှာလည်း ဖုန်ဂိုဏ်းနဲ့ ရန်ဂိုဏ်းရဲ့ ပဋိပက္ခက အလွန်ကြီးမားပြင်းထန်ခဲ့ကြပါတယ်။ ဖုန်ဂိုဏ်းရဲ့ အဓိကပုဂ္ဂိုလ်တွေက ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးတို့ ညီအစ်ကိုဖြစ်ပြီး ရန်ဂိုဏ်းရဲ့ အဓိက ပုဂ္ဂိုလ်တွေကတော့ ရန်မိုးလျှံနဲ့ ရန်မော်အန်းတို့ပါပဲ။ ဖုန်ဂိုဏ်းညီအစ်ကိုတို့က အဓိက စစ်ရေးခေါင်းဆောင်မှုမှာ ထူးချွန်ပြီး နအဖနဲ့ ပထမဆုံး ဆက်သွယ်ကမ်းလှမ်းခဲ့သူများဖြစ်ပါတယ်။ ရန်ဂိုဏ်းညီအစ်ကိုကတော့ စီးပွားရေးကျွမ်းကျင်ပြီး ဗကပ လက်ထက်ကတည်းက ကိုးကန့်မှာ အကြွယ်ဝအချမ်းသာဆုံး ပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြပါတယ်။
ပြောရရင် သူ့နည်းသူ့ဟန်နဲ့သူ ကိုးကန့်မှာ အရှိန်အ၀ါသြဇာကြီးနေတဲ့ ဖုန်ဂိုဏ်းနဲ့ ရန်ဂိုဏ်းတို့ဟာ ဂူတဂူထဲမှာ နှစ်ကောင်မအောင်းနိုင်ကြပါဘူး။ ဒီအကြော၊ ဒီအထာကို နားလည်နေတဲ့ ဗိုလ်ခင်ညွန့်တို့အဖွဲ့က သပ်လျှိုမီးတို့ပေးလိုက်တာနဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ လက်နက်ကိုင်ပေါက်ကွဲမှုတွေ ထဖြစ်ကုန်ကြတာပါပဲ။ ကျွဲနှစ်ကောင် အသေအကျေ ခတ်ကြချိန်မှာတော့ နအဖလည်း တောင်ပေါ်က ထိုင်ကြည့်နေတာပေါ့။ နောက်ဆုံးတော့ စစ်ရေးအရ ‘ဖုန်ဂိုဏ်း’ ကို မယှဉ်သာလို့ ကိုးကန့်က ထွက်ခွာလာရတဲ့ ‘ရန်ညီအစ်ကို’ ကို ဗိုလ်ခင်ညွန့်က ကြိုဆိုပြီး နောင်ချိုမြို့နားမှာ ‘ငြိမ်းချမ်းရေး’ ရွာ တည်ထားပါတယ်။ ရွာနာမည်က ‘ရွှေပြည်ညွန့်’ ပါ။ အခုလို နအဖနဲ့ ဖုန်တို့အဖွဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ကြပြီဆိုမှတော့ ‘ရွှေပြည်ညွန့်မှာ’ အခွင့်အခါစောင့်နေခဲ့တဲ့ ရန်အဖွဲ့ကလည်း စစ်အစိုးရဘက်က ပါဝင်တိုက်ခိုက်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။
အမှန်ပါပဲ။ အင်အားထောင်ဂဏန်းမျှသာရှိတဲ့ ကိုးကန့်အဖွဲ့အနေနဲ့ တပ်ရင်းပေါင်း (၃၀) ကျော်ပါဝင်တဲ့ နအဖ ထိုးစစ်ကို ဘယ်လိုမှ ယှဉ်နှိင်မှာမဟုတ်ပါဘူး။ အချိန်တိုအတွင်း ကိုးကန့်နယ်ထဲက ဆုတ်ခွာပေးကြရမှာပါ။ ဒါပေမယ့် တိုက်ပွဲကတော့ ပြီးဆုံးငြိမ်းသေသွားမှာ မဟုတ်ပါဘူး။ ပြောက်ကျားစစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။ ဒါ့အပြင် ကိုးကန့်ပြီးရင် သူတို့အလှည့်ပဲလို့ သဘောပေါက်နေတဲ့ ၀တပ်ဖွဲ့ ထောင်ဂဏန်းအချို့လည်း ဖုန်အဖွဲ့ဘက်က ပါဝင်တိုက်ခိုက်တယ်လို့ သိရပါတယ်။ ဖုန်ကြားရှင်ရဲ့ သမက် အရင်းကြီးဖြစ်တဲ့ စိုင်းလင်းရဲ့ မိုင်းလားက တပ်ရင်း (၃) ရင်းလည်း ၀ နယ်မြေထဲမှာ အသင့်ရှိနေကြပါပြီ။ မဟာမိတ်ဖွဲ့ထားတဲ့ KIA ကလည်း အတော်အလှမ်းဝေးတာတောင် ပါဝင်ကူညီ တိုက်ခိုက်ဖို့ တပ်ရင်း (၂) ရင်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ သေချာတာ ဗမာပြည်အရှေ့မြောက်ပိုင်းမှာ ပြည်တွင်းစစ်သံသရာ ပြန်လည်တော့မှာပါ။
ဒီလိုဖြစ်ရတာ အဓိကအားဖြင့် နအဖမှာ တကယ်တမ်း တိုင်းရင်းသားများနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထား မရှိလို့ပါ။ ဒါကြောင့်လည်း နအဖက ငြိမ်းအဖွဲ့တွေကြားမှာ “သွေးခွဲသပ်လျှို အင်အားသုံးချေမှုန်းရေး” ပေါ်လစီကို တလျှောက်လုံး ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ နအဖရဲ့ ဒီမူဝါဒကြောင့် ရလလဖအဖွဲ့ အစိတ်စိတ်အမြွှာမြွှာပြိုကွဲခဲ့ရပြီး SSA အဖွဲ့လည်း (၄) ဖွဲ့ ကွဲခဲ့ကြရပြီ။ KNU တောင် (၄) မျိုးလောက်ဖြစ်နေပါပြီ။ နအဖ မွေးထားတဲ့ ပဒေါင်ကာကွယ်ရေးကလည်း (၃) ဖွဲ့လောက်ရှိနေပါပြီ။ ငြိမ်းအဖွဲ့ငယ်လေးတွေအပေါ် ဒီပေါ်လစီကျင့်သုံးပြီး ဖြိုခွဲဖျက်ဆီးနေသလို အင်အားကြီးမားတဲ့ KIA၊ ၀ အဖွဲ့ စတာတွေကိုတော့ နအဖက ဖွဲ့စည်းပုံဘောင်အတွင်းဝင်အောင် အဓမ္မအတင်းရိုက်သွင်းနေပါတယ်။

ဗမာပြည်မှာ အမျိုးသားပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ မကြိုးပမ်းဘဲ အခုလို အင်အားသုံး ဖြေရှင်းနေသမျှ ဘယ်တော့မှ အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ရမှာမဟုတ်ပါဘူး။ ပြည်တွင်းစစ်သံသရာသာ ဆက်လည်နေပါလိမ့်မယ်။ အဓိကအကြောင်းရင်းကတော့ နအဖအဖွဲ့မှာ ဗမာအမျိုးသားအချင်းချင်းအတွင်းရော၊ တိုင်းရင်းသားတွေအပေါ်မှာပါ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထားလုံးဝမရှိဘဲ အမျိုးသားပြန်လည်တိုက်ခိုက်ရေးစိတ်ဓာတ်သာ ထက်သန်ပြင်းထန်နေလို့ပါပဲ။ တကယ်တော့ ကိုးကန့်အရေးအခင်းဟာ နအဖ “အမျိုးသားပြန်လည်တိုက်ခိုက်ရေးမူဝါဒ” ရဲ့ အကောင်းဆုံး ပြယုဂ်တခုသာဖြစ်ပါတယ်။
ဆဲဗင်းကော်နာ ကော်ဖီဆိုင် ဖျက်ဆီးခံရမှု ရန်ကုန်မြို့ခံများ စိတ်ဝင်စား

သန်းဝင်းထွဋ် ၉ စက်တင်ဘာ ၂ဝဝ၉ - DVB
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေး စိန်မျောက်မျောက်လို့ လူတွေက ခေါ်ကြတဲ့ ဖိုးလပြည့်ရဲ့ အမိန့်နဲ့ ရန်ကုန်မြို့ ကမြာအေးလမ်းမပေါ်ရှိ ဆဲဗင်းကော်နာလို့ အမည်ရတဲ့ ကော်ဖီဆိုင် ဖျက်ဆီးခံရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောဆိုနေကြပါတယ်၊ အဲဒီဆိုင်ဟာ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး။ ဦးစိုးသာ။ ဗိုလ်ချုပ်ကြီးသာအေး တို့ရဲ့ သားသမီးတွေ အစုအစပ် တည်ထောင်ထားတာ ဖြစ်လို့ ဆိုင်ဖျက်ရတဲ့အထိ ဖြစ်တဲ့ ပြ၏နာကို ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစု အချင်းချင်း စီးပွားရေးပဋိပက္ခလို့ ရှုမြင်ပြီး ဝမ်းသာတဲ့သူတွေက ဝမ်းသာကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်၊

“တယောက်နဲ့တယောက် နိုင်ထက်စီနင်း အုပ်ချုပ်နေတယ်ဆိုတာ အရမ်းသိသာတယ်၊ သူတို့အချင်းချင်း ဖြစ်တာကို လူတွေက ဝမ်းသာနေကြတာပေါ့၊ ဆိုင်ကို ဖျက်လို့တောင် မပြီးသေးဘူး၊ နံရံကြီးတွေတော့ ကျန်သေးတယ်၊”
အဲဒီဆိုင်နေရာကို ဖိုးလပြည့် (ခေါ်) နေရွှေသွေးအောင် လိုချင်တုန်းက မရဘဲ နောက်မှ သီဟသူရ တင်အောင်မြင့်ဦး သား ယူသွားတဲ့အတွက် သီဟသူရတင်အောင်မြင့်ဦး နဲ့ ငြိလို့။ မကြည်လို့ ပိတ်ခိုင်းလိုက်တာလို့ လည်း ရန်ကုန်မြို့ခံတဦးက ပြောပါတယ်၊

“ဖိုးလပြည့် လုပ်တယ်ဆိုပြီး သတင်း ထွက်လာတယ်၊ အဲ့ဒီနေရာကို ဖိုးလပြည့် ယူမယ်လို့ ပြောတယ်၊”

ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး ဖိုးလပြည့် ထင်ရာလုပ်လို့ရတဲ့ အခြေအနေကို စိုးရိမ်ပူပန်သူတွေလည်း ရှိပါတယ်၊

“စီးပွားရေးလုပ်တဲ့ လူတိုင်းက ကြောက်ပြီး အခြေအနေ ကြည့်နေရတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းမှာ ဒီလိုပုံစံချည်း အမြဲတမ်း ဖြစ်သွားရင် ဒါ မကောင်းဘူး၊ အတုံ့အလှည့်ဆိုတာ ရှိတယ်၊ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အဲဒါတွေ ပေါ်လာရင် ကြားထဲလူတွေက ဒုကျှရောက်ကြမယ်၊
“သားသမီး အလိုလိုက်တယ် ဆိုတာက သူတို့အချင်းချင်း ထခွပ်ကြတာ တမျိုးလေ၊ ဒါကတော့ လူတွေကကြိုက်ကြတယ်၊ ဒါပေမယ့် သာမန်ပြည်သူတွေ လာထိသွားပြီ နစ်နစ်နာနာတွေ ဖြစ်ကြပြီဆိုလို့ရှိရင် မကောင်းဘူး၊ ရင့်ကျက်ပြည့်ဝတဲ့ လူကြီးတယောက်အနေနဲ့ မှန်မှန်ကန်ကန် လုပ်သင့်သလား ဆိုတာကို ပြန်စဉ်းစားသင့်တယ်၊”

ဖိုးလပြည့်ရဲ့ အခုလို ရမ်းကားမှုတွေကို အရေးမယူနိုင်တာကတဆင့် အမှိုက်ကစ ပြာသာဒ် မီးလောင်တဲ့ အခြေအနေတွေ ရောက်လာနိုင်တယ်လို့ ထိုင်းမြန်မာနယ်စပ်က စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်ပါတယ်၊
“ဦးနေဝင်းရဲ့ မြေး ကျော်နေဝင်း။ ဇွဲနေဝင်းတို့ လက်ထက်တုန်းက ဖြစ်ခဲ့သလိုပဲ နေရွှေသွေးအောင် လက်ထက်မှာလည်း သူတို့အဘိုးရဲ့ အရှိန်အဝါကို အသုံးပြုပြီး အပြင်မှာ မောက်မာရိုင်းစိုင်းတာတွေ။ အနိုင်ကျင့်ဗိုလ်ကျတာတွေ လုပ်နေတဲ့ သတင်းတွေ ကျနော်တို့ ကြားနေရပါတယ်၊ သူ့ကိုတော့ အခု အရေးယူ အပြစ်ပေးတာမျိုး မလုပ်နိုင်သေးဘူးပေါ့၊ သူနဲ့ ပတ်သက်တဲ့ တခြားသူတွေသာ အပြစ်ပေးခံနေရတဲ့ အနေအထားတွေ ရှိတယ်၊”

ဒီဆိုင်ကို လွန်ခဲ့တဲ့ ၂ လလောက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီဇိုင်းကို ခမ်းခမ်းနားနားဖြစ်အောင် ပြင်ဆင်ထားတဲ့အပြင် အင်တာနက်ပါ အသုံးပြုလို့ရတယ်လို့ ရောက်ဖူးသူတွေက ပြောပါတယ်၊






စုစည်းညီညွှတ်မှု ပျက်ပြားအောင် သပ်လျှိုဖြိုခွဲတာပဲ

Thu 10 Sep 2009, အာကာ monnews-imna.com


ပြည်တွင်းဖေါက်ခွဲရေးကိစ္စ စွပ်စွဲချက်နှင့် ပတ်သတ်၍ မွန်ပြည်သစ်ပါတီ ဗဟိုအတွင်းရေးမှူး နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းချက်


မေး။ ။ ကျိုက်မရောမြို့နယ် (မယက) ရုံးကနေ (၁၄၊ ၈၊ ၀၉) ရက်နေ့ က သက်ဆိုင်ရာ ကျေးရွာ ကောင်စီတွေကို ညွှန်ကြားစာတစောင် ထုတ် ထားတယ်။ အဲဒီမှာ (မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင် လှုပ်ရှားရေးအဖွဲ့) က လူအယောက် (၆၀) ကို ဖေါက်ခွဲရေးနဲ့ ဝါဒဖြန့်ချိရေး လုပ်ဖို့ ပြည်တွင်းကို စေလွှတ်လိုက်တယ် ဆိုတဲ့အကြောင်းနဲ့ အဲဒီလုပ်ငန်းကို ဦးဆောင်တဲ့ အဖွဲ့ ထဲမှာ အတွင်းရေးမှူး နာမည်လည်း ပါဝင်နေတယ်ဆိုတဲ့အကြောင်း ကြား သိပြီး ဖြစ်ပါလိမ့်မယ်၊ အဲဒီကိစ္စ ပြောပြပေးပါလား?
ဖြေ။ ။ ကြားပြီးပြီ၊ နယ်ကသတင်း ပေးပို့လာလို့ သိရတယ်။ ကြားသိပြီး တော့ သေချာအောင် အဲဒီစာကို ရှာပို့ပေးဖို့ မှာလိုက်တယ်။ စာကိုတွေ့ရပြီး ပြီ။ အဲဒီစာထဲမှာ မော်လမြိုင် (ခယက) ရုံးရဲ့ (၁၀၊ ၈၊ ၀၉) ရက်နေ့က ညွှန်ကြားချက်အရ မြို့နယ် (မယက) ရုံးကနေ ကျေးရွာ/ရပ်ကွက်တွေကို ထပ်ဆင့်ညွှန် ကြားတယ်လို့ ဖော်ပြထားတယ်။

ဒီလိုအသေအချာတွေ့ရှိပြီးတော့ ကျနော်တို့လူတွေကနေတဆင့် သက်ဆိုင် ရာအာဏာပိုင်တွေကို မေးခိုင်းထားတယ်။ သူတို့ပြောထားတဲ့ ကျနော်အပါ အဝင် ဦးဆောင်အဖွဲ့ဝင် (၇) ဦး တွေ့ဆုံပြီး စီစဉ်စေလွှတ်တယ်ဆို တဲ့ကိစ္စ မှာ ဘယ်မှာတွေ့ဆုံကြတယ်။ ဘယ်နေ့က တွေ့ကြတယ်။ အခြားဘာအ ထောက်အထားတွေ ဘယ်လောက်ရထားတယ်ဆိုတာ မေးခိုင်းထားတယ် ခင်ဗျာ့။ ဒါတွေ သူတို့မဖြေကြားနိုင်ဘူး။ ဘာမှ အထောက်အထား မပြနိုင် ခဲ့ဘူး။

မေး။ ။ ဘာကြောင့် သူတို့ကို ဒီလိုမေးရတာလဲ?

ဖြေ။ ။ သိက္ခာရှိတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတခုအနေနဲ့ အရမ်းမစွပ်စွဲဖို့၊ တိကျသေချာမှ ပြောဖို့ဆိုတာကို ထောက်ပြချင်လို့ တကြောင်း၊ ပြီးတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိ လုပ်ကြံထားတဲ့ ကိစ္စဆိုတာ ရှင်းပြချင်လို့ ဖြစ်တယ်။

မေး။ ။ အတွင်းရေးမှူးဘက်က ဘယ်လိုရှင်းပြချင်လဲ?

ဖြေ။ ။ သူတို့ပြောတဲ့ (၈) လေးလုံး နှစ်ပတ်လည်အချိန်မှာ ပြန်လည် နိုးထလာရေးကိစ္စက သြဂုတ်လဆန်းမှာဆိုတော့ အဲဒီအချိန်က ကျနော်ဗ ဟိုဌာနချုပ်မှာ ရှိနေတာဗျ။ ဇူလိုင်လနှောင်းပိုင်းကတည်းက အရေးပေါ်ဗ ဟိုကော်မတီ အစည်းအဝေးရှိလို့ ကျနော်ဗဟိုကို ရောက်နေပါပြီ။ အဲဒီအ ချိန်မတိုင်မီ တစ်လနှစ်လလောက်ကလည်း ကျနော် ဒီဝန်းကျင်မှာ မရှိဘူး၊ အဝေးကြီးက ပြည်ပနိုင်ငံအချို့ကို ရောက်နေတယ်။ ပြည်ပက ရောက်လာ တာနဲ့ မကြာခင်မှာ ဗဟိုဌာနချုပ်ကို ရောက်သွားတာပဲ။ သူတို့ပြောထားတဲ့ လူတွေနဲ့ သွားတွေ့ဖို့ဆိုတာ အချိန်လည်း မရှိဘူး။ ဒါကြောင့် သူတို့စွပ်စွဲ သလို မဖြစ်နိုင်ဘူး ဆိုတာ ကျနော်တို့ အဖွဲ့ဝင်တွေရော အပြင်ကလူတွေပါ လူတော်တော်များများ သိပါတယ်။

မေး။ ။ ဒါဆိုရင် ဘာကြောင့်ဒီလို စွပ်စွဲရတယ်လို့ ထင်မြင်ပါသလဲ?

ဖြေ။ ။ ကျနော်မြင်တာက ကျနော်တို့အဖွဲ့အစည်းကို နယ်ခြားစောင့် တပ် ဖြစ်ဖြစ်၊ ပြည်သူ့စစ်ဖြစ်ဖြစ်၊ အသွင်ပြောင်းဖို့ ပြောတာကို ကျနော် တို့ဘက်က လက်မခံလို့ ကျနော်တို့အဖွဲ့အစည်းအတွင်းမှာ တဦးအပေါ် တဦး မကျေနပ်မှုတွေ ဖြစ်၊ အထင်အမြင်တွေ မှားပြီး စုစည်းညီညွှတ်မှု ပျက်ပြားအောင် သပ်လျှိုဖြိုခွဲတာပဲလို့ မြင်တယ်။

အနိမ့်ဆုံးအဆင့် အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေနဲ့ အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားလိုတဲ့ လူတွေ ကျနော့်အပေါ် ဆန့်ကျင်တိုက် ခိုက်လာမယ်လို့ သူတို့တွက်ထားပုံ ပေါ်တယ်။ တကယ်လို့ ကျနော်တို့အ ဖွဲ့ထဲမှာ ကျနော့်အပေါ် အမြင်ရှင်းပြီး တစုံတရာ အရေးမယူဘူးဆိုရင် အဖွဲ့ အစည်းအနေနဲ့ ဒီမလုပ်သင့်တဲ့ ကိစ္စတွေကို ဖုံးကွယ် အကာအကွယ်ပေး နေတယ်။ အလိုတူ အလိုပါဖြစ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပြီး သူတို့ဘက်က အရေးယူလာရင် သူတို့အလွန်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်အောင် လုပ်တာပဲလို့ မြင်တယ်။
မေး။ ။ မွန်ပြည်သစ်ပါတီဝင် အများကြီးထဲမှာ အတွင်းရေးမှူးတဦးကိုပဲ ရွေးပြီး ဒီလိုလုပ်တာ ဘာကြောင့်လို့ ထင်ပါသလဲ?

ဖြေ။ ။ ကျနော်ဟာ သူတို့ရဲ့ မမှန်ကန်တဲ့လုပ်ရပ်တွေအပေါ်မှာ မကြာခ ဏ ဝေဖန်ထောက်ပြတာတွေ လုပ်ခဲ့တယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲ ထားပေမဲ့ သူတို့နဲ့ သွားလာဆက်ဆံရင်းနှီးအောင် မပေါင်းသင်းပဲ ရှင်းရှင်း နေတာလည်း ပါမယ်လို့ ထင်ပါတယ်။
မေး။ ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ အတွင်းရေးမှူး ဘယ်လိုမြင်ပါသလဲ?

ဖြေ။ ။ အပစ်အခတ်ရပ်စဲရေးရဲ့ ပင်ကိုယ်သဘောက စစ်ရေးနည်းနဲ့ ဖြေရှင်းနေတာ နှစ်ဖက်စလုံးအတွက် နစ်နာဆုံးရှုံးမှုများလွန်းပြီး ပြေလည် စရာလည်း လမ်းမမြင်လို့ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဖြစ် တယ်။ ဒါမျိုးကို ကျနော် သဘောတူလက်ခံတယ်။ အခုဖြစ်နေတာက နိုင်ငံ ရေးအရလည်း မဆွေးနွေးဘူး။ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြိုကွဲပျက်စီးအောင် လုပ်နေတာမျိုးကိုတော့ မှန်ကန်တဲ့ လုပ်ရပ်ရယ်လို့ ကျနော်မခံယူနိုင်ဘူး။
မေး။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်မှာဖြစ်ရှိနေတဲ့ အခြေအနေအပါအဝင် အများပြည်သူကို အတွင်းရေးမှူးဘာ ပြောချင် သလဲ?

ဖြေ။ ။ ကိုးကန့်အဖွဲ့အပေါ်မှာ သူတို့ဖြစ်စေချင်တဲ့ နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ်ပုံစံကို လက်မခံလို့ တစိပ်ရရ၊ တဖဲ့ရရ သူတို့လက် ကိုင်ဒုတ်အဖြစ် ဖဲ့ထုတ်မွေးယူပြီး ရန်တိုက်ပေးဖို့ လုပ်တာပဲလို့ မြင်တယ်။ တခြားအပစ် ရပ်အဖွဲ့တွေအပေါ်မှာလည်း ဒီလိုခပ်ဆင်ဆင် နည်းမျိုးနဲ့ လုပ် လာမှာပဲ၊ ဒါက အစပဲလို့မြင်တယ်။ ဒီအပေါ်မှာ သတိကြီးကြီးထားဖို့ လို တယ်။

အများပြည်သူကို ချင့်ချိန်နိုင်အောင် ပြောပြလိုတာက ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ် အနှစ် (၆၀) ကျော် ဖြစ်နေခဲ့လို့ ကျနော်တို့နိုင်ငံ ဘယ် လောက်အထိ အောက်ကျနောက်ကျ ဖြစ်နေရတယ်ဆိုတာ အများသိပါ တယ်။ အပစ်အခတ်ရပ်စဲခဲ့ကြလို့ ပြည်တွင်းစစ်မီး အရှိန်လျော့လာတယ်။ ရင်းနှီးမှု ယုံကြည်မှုအချို့ ရလာတယ်။ ဒါကိုမမြင် သင်္ခဏ်းစာမယူနိုင်သေးပဲ လက်နက်နည်းနဲ့ ဖြေရှင်းမယ်၊ မမှန်မကန်တဲ့နည်းနဲ့ ဖြေရှင်းဦးမယ်ဆိုရင် ကျနော်တို့ပြည်ထောင်စုဟာ ရှေ့တဆင့်မှာ ပြိုကွဲပျက်စီးသွားမယ့် အခြေ အနေကို ရောက်သွားမယ်လို့ ကျနော်မြင်တယ်။ ဒီကိစ္စ လေးလေးနက်နက် သုံးသပ်ကြပါလို့ပဲ ပြောချင်တယ်။ ။

စော်ဘွားကြီးကုန်းတွင် မီးလောင်

ကြာသပတေးနေ့၊ စက်တင်ဘာလ 10

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေး ကားဂိတ်ဟောင်း ပွဲရုံပစ္စည်း သိုလှောင်ခန်းတွင် မီးလောင်မှု ယနေ့မွန်းလွဲက ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဌာနနှင့် မျက်မြင်သက်သေများက ပြောသည်။

နီလာလမ်းထဲရှိ အဝေးပြေး ကားဝင်းဟောင်းပွဲရုံ၏ မွေးမြူရေး အစားအစာ သိုလှောင်ခန်းတခုတွင် (၁) နာရီခန့်မှ စတင်ကာ ၄၅ မိနစ်ကြာ မီးလောင်သွားခဲ့ခြင်း ဖြစ်သည်ဟု အင်းစိန်မီးသတ်ဌာနက ပြောသည်။
ကားဝင်းအတွင်း နေထိုင်သူတစ်ဦးက မဇ္ဈိမသို့ တယ်လီဖုန်းဖြင့် ဖြေကြားရာတွင် ဂိုဒေါင်သီးသန့် လောင်သွားခြင်း ဖြစ်ပြီး မီးသတ်ကား နှင့် ရေသယ်ကား အနည်းဆုံး တဒါဇင်ကျော် ရောက်လာခဲ့သည်ဟု ဆိုသည်။

======================
ဒါဘဲ

Webb to Chair Hearing on U.S. Policy Toward Burma

Webb to Chair Hearing on U.S. Policy Toward Burma

Washington, DC- Senator Jim Webb (D-VA) today announced his intention to hold a hearing on the impact and effectiveness of United States policy toward Burma. Webb serves as chairman of the East Asia and Pacific Affairs Subcommittee of the Senate Committee on Foreign Relations.

The announcement today follows the Senator’s two-week trip to five countries that comprise much of the Southeast Asia mainland. Webb, who also visited Thailand and Vietnam, was the first U.S. Senator in six years to visit Laos, the first member of Congress to visit Cambodia in two years and the first Member of Congress to visit Burma in ten years. He also was the first American official ever to meet with Burmese national leader Senior General Than Shwe, he held a separate meeting with Daw Aung San Suu Kyi, and during his visit he secured the release of convicted American prisoner Jon Yettaw.

Senator Webb intends a comprehensive hearing to examine Burma’s current economic and political situation and to seek testimony regarding that country’s long history of internal turmoil and ethnic conflicts. The hearing will evaluate the effectiveness of U.S. policy toward Burma, with a focus on U.S.-imposed economic sanctions that have not been matched by other countries, will discuss what role the United States can and should play in promoting democratic reform in Burma, and hear testimony on how to frame a new direction for U.S.-Burma relations.

Senator Webb has called upon the United States and other nations to carefully review the sanctions policies against Myanmar. During his recent visit, he also recommended to key leaders in Thailand, Laos, Cambodia, and Vietnam that the ASEAN nations join together in calling for the Myanmar leadership to free Aung San Suu Kyi from house arrest and to allow her to fully participate in that country’s elections, now scheduled for 2010.

As chairman of the East Asia and Pacific Affairs Subcommittee, Webb oversees U.S. relations with countries in East Asia, Southeast Asia, the Pacific Rim, and Oceana. The subcommittee also oversees regional organizations such as the Association of Southeast Asian Nations (ASEAN) and the Asia-Pacific Economic Cooperation (APEC).

For more information on Senator Webb’s recent trip to the region, please visit: http://webb.senate.gov/pdf/Highlights_Asia_9-9-09.pdf

Background info on Kyaw Zaw Lwin aka Nyi Nyi Aung

Background info on Kyaw Zaw Lwin aka Nyi Nyi Aung:



Mr. Kyaw Zaw Lwin has been a member of Free Burmese Political Prisoners Now campaign, working from Thailand since 2005. With other delegation members, he traveled to New York in June of this year to deliver the global petition calling upon the UN for the release of all political prisoners. During this trip he met with the UN Special Envoy Mr. Gambari as well as Ambassadors and diplomats of the EU missions.
Prior to working with the Free Burmese Political Prisoners Now campaign, he participated in several democratic activist activities in the United States in support of the peaceful movement toward national reconciliation in Burma. As one of the ‘1988 Students’ who had to flee the military government’s oppression, he continued his support of the 88 Generation Students’ Group under the leadership of his colleagues Ko Min Zeya and Ko Htay Kywe, now incarcerated in Burma.

For peaceful participation in the September 2007 Saffron Revolution, Kyaw Zaw Lwin’s mother and cousins were arrested. To this day they remain in prison under very harsh conditions.

Kyaw Zaw Lwin was granted refugee status to the United States in October 1993 after which he worked as a Research Assistant at Refugees International, an advocacy organization. He also served as an intern with the Burma Debate magazine.

While he was in exile in Thailand, Lwin was arrested by the Thai authorities and held in the Immigration jail for his role in protesting the Thai government’s deals with Burma’s military junta. In May 1992 after his release, he assisted in a Public Health project sponsored by the Harvard School of Public Health. This public health survey was an investigation on the impact in the health of the exile Burmese students living in Thailand.

In 1989 and 1990 he co-founded the Burmese Students Committee for Social Affairs under the Jesuit Refugee Service in Thailand. The committee provided humanitarian and medical assistance to not only Burmese students living in exile but also to the illegal immigrants.
During the 1988 popular uprising in Burma, Kyaw Zaw Lwin suffered arrest and torture for his active participation in the nation-wide demonstrations. However, he continued his participation in the democratic movement organizing high school students for boycotts and subsequently helped form the “Four Eights” (8-8-88) general strike committee. The country under martial law staged a coup and declared a new government, the State Law and Order Restoration Council (SPDC) in September 1988.

Thursday, 10 September 2009

US Should Complete Policy Review

US Should Complete Policy Review

Principled Diplomacy, Aid, and Targeted Sanctions Can Spur Change
(New York) - The Obama administration should promptly conclude its Burma policy review and adopt initiatives to make its policies on diplomacy, sanctions and humanitarian aid more effective, Human Rights Watch said in a letter to Secretary of State Hillary Rodham Clinton released today.

"Delays in announcing a new Burma policy could encourage Burmese military leaders to believe the US is weakening its commitment to human rights and pluralism," said Brad Adams, Asia director at Human Rights Watch. "Although the situation in Burma seems intractable, an energetic and revitalized approach to Burma from the Obama administration could help bring positive change."

Human Rights Watch recommended that the United States appoint its own special envoy on Burma, who would have a direct line to the secretary of state and specific instructions to engage in a principled way with the Burmese government and key bilateral and multilateral actors. Vigorous diplomacy is specifically needed with China, India, Thailand, Indonesia, Malaysia, and Japan.

Human Rights Watch also recommended the establishment of a Burma Contact Group or similar form of multilateral grouping to meet and regularly discuss diplomatic engagement with the Burmese government on a range of issues. This could have the effect of converging the views and policies of China, India, Thailand, Indonesia, Japan, the European Union, and the United Nations, and gradually minimize the ability of Burma to play states off against each other. There is considerable common ground on a range of issues, including the need for political reform and credible elections involving the political opposition, concern over Burma's trafficking in heroin and methamphetamines, and the need for a regional approach to the HIV/AIDS epidemic. Such a grouping would demand that the US remain firm on fundamental human rights principles and not engage in diplomatic horse-trading on core issues of reform.

As the UN has long been the focal point for diplomacy on Burma, Human Rights Watch urged the US to support the continuation of a special envoy of the secretary-general. It is crucial that the secretary-general and the special envoy not accept access or high-level meetings as the goal or a sign of progress in Burma, as they have in the past. The envoy should be an individual with the principles, skills, and backing of the international community to make an impact.

"More high-level diplomacy is welcome, so long as the US stands by its principles to uphold the basic rights of the Burmese people and work for a genuine and credible process of political reform," said Adams. "But there should be no wishful thinking or illusions that more conciliatory talk from the US and others will somehow cause Burma's generals to alter their plans."

Human Rights Watch said that generalized sanctions on Burma that have had little or no impact and have not been targeted on key decision-makers and human rights abusers should be reconsidered and phased out at an appropriate time. At the same time, properly imposed, targeted sanctions - such as financial sanctions on individuals and entities, investment and trade sanctions that are specifically focused on companies or economic sectors of greatest concern, arms embargoes, restrictions on military assistance, and travel bans on individuals -should be tightened, as they can be effective in bringing about improvements in human rights.

Human Rights Watch particularly urged the United States to expand, strengthen, and fully implement financial sanctions. The US should take the lead in coordinating efforts among the US, EU, Switzerland, Australia, and Canada to target key individuals, both military and civilian, who bear responsibility for abuses; their business interests; and the individuals and entities whose considerable financial support of the Burmese government could undermine these sanctions. These individuals are at the apex of the system inside Burma and susceptible to this kind of pressure. More effective coordination could also lead to greater support from other key states, such as Japan and Singapore. EU states have been noticeably slow to implement full financial sanctions; the US should take the lead and then press European countries to follow suit. Slow implementation by the US and poor coordination internationally have undermined financial and other sanctions, and kept them from realizing their potential.

"The US has legal tools it is not yet using - for example, to deny foreign banks access to the US financial system if they are holding targeted Burmese accounts or otherwise undermining US measures, and going after transactions by the oil and gas authority, the key revenue-generating entity in Burma," said Adams. "This requires the dedication of intelligence resources and continual monitoring and adjustment by US officials."

Human Rights Watch has long called for increased assistance to deal with acute humanitarian needs in Burma. US and other donor funding should increase, but in a coordinated and realistic manner. The military government spends next to nothing on the welfare of its people. Combined social spending is estimated to be a paltry 0.8 percent of GDP for 2008-2009, making public expenditures on health and education in Burma among the lowest in the world. Huge numbers of Burmese live in grinding poverty, resulting from decades of government economic mismanagement and corruption. Donors will need to stress the importance of transparency and accountability in the delivery of humanitarian aid, including the need for approaches that strengthen civil society rather than existing corrupt power structures and that respond to the views and needs of ordinary people.

"The US and other donors offer to provide more humanitarian aid with appropriate oversight, but they should also insist that their contributions are matched by a genuine commitment from the military government to use its vast revenues from natural resources to help the Burmese people," said Adams.