Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday, 23 July 2009

ဒီနှစ် ကမ္ဘာအဆိုးဝါးဆုံးအာဏာရှင် ၁၀ ဦးစာရင်းကိုထုတ်ပြန်ရာ
နံပါတ်တစ်အနေဖြင့် ဇင်ဘာဘွေ မှ မူဂါဘီက ပထမ နေရာယူခဲ့ပါသည်။ ယမန်နှစ်
တွင်မူ မူဂါဘီသည် နံပါတ် ၆ သာ ချိတ်ခဲ့ပြီး ဤနှစ်၌ ပထမစွဲခဲ့သည်။ မူဂါဘီ
သည် ၁၉၈၀ မှစတင်၍ အာဏာယူခဲ့ပြီး နောက် ငွေကြေးဖောင်းပွနှုံး
အဆိုးဝါးဆုံးသို့ရောက်ခဲ့သည်။ သန်း၅သောင်း တန် ငွေစက္ကူကို
ပှုံနှိပ်သုံးစွဲ သည့်အထိ ဖြစ်နေခဲ့ပြီး အလုပ်လက်မဲ့နှုံးမှာလည်း
၈၅ရာခိုင်နှုံးထိ တိုးတက်မြင့်မားလာခဲ့သည်။ ၎င်းအစိုးရ၏ နှိပ်ကွပ်မှုကြောင့်
အတိုက်အခံ ၁၆၃ယောက်သေဆုံးခဲ့ပြီး လူ၅၀၀၀ ကျော်ဖမ်း ဆီးညှမ်းပန်း
ခံခဲ့ရသည်။ အစိုးရ၏မျက်ကွယ်ပြုမှုကြောင့် ၀မ်းရောဂါဖြင့် လူပေါင်း ၄၀၀၀
နီးပါး လွန်ခဲ့သည့် နှစ် သြဂုတ်လမှ စတင်၍ သေဆုံးခဲ့ရသည်။ မကြာခဏ
အတိုက်အခံများ နှင့် အာဏာခွဲဝေ အုပ်ချုပ်ရန် သဘောတူညီ ဆိုင်းထိုးမှုများ
ရှိခဲ့သော်လည်း မူဂါဘီသည် အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပါသည်။

2. Omar al-Bashir
Sudan
Age: 65
In power since: 1989
Last year's rank: 2

အဆိုးဝါးဆုံး အာဏာရှင် ဒုတိယဆုကို ဆူဒန်မှ အိုမာအယ်ဘရှား
ကိုပေးအပ်ခဲ့ပါသည်။ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (International Criminal
Court) မှ အယ်ဘရှား ကို ဖမ်းဆီးရန် ဒီလအတွင်း ၀ရမ်း ထုတ်ခဲ့ပါသည်။ ၎င်း၏
ပြစ်မှုများမှာ လူသတ်မှု၊ မုဒိန်းမှု၊နှိပ်စက်ညှင်းပန်းမှု၊ အတင်းရွေ
့ပြောင်းနေရာချမှု၊ ပြည်သူပစ္စည်းများ ကို အဓမ္မ သိမ်းဆည်းမှု တို့ဖြင့်
ဝရမ်းထုတ်ခြင်းခံခဲ့ရပါသည်။ ယမန်နှစ်ကလည်း ဒုတိယနေရာမှာသာ ချိတ်ခဲ့ပါသည်။
အိုမာ၏ အာဏာရှင်သက်မှာ အနှစ် ၂၀ ရှိပါသည်။

3. Kim Jong-Il
North Korea
Age: 67
In power since: 1994
Last year's rank: 1

တတိယ အဆိုးရွားဆုံး အာဏာရှင် မှာမူ ယမန်နှစ်က ပထမစွဲ ခဲ့သော
မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီး အား ပေးအပ်ခဲ့ပါသည်။ ကင်ဂျုံအီး မှာ
ဤနှစ်အတွင်း ကျမ်းမာရေး သိတ်မကောင်းလှဟု နိုင်ငံတကာမှ
ခန့်မှန်းကြသော်လည်း ၎င်း၏ ဖိနှိပ်မှုများမှာ ပုံမှန်အတိုင်း ဖြစ်နေခဲ့ပါသည်။
ကင်၏ အာဏာရှင်သက်မှာ ၁၅ နှစ်ရှိပါသည်။

4. Than Shwe
Burma (Myanmar)
Age: 76
In power since: 1992
Last year's rank: 3

စတုတ္ထ အဆိုးဝါးဆုံး အာဏာရှင် အဖြစ် မြန်မာကို ကမ္ဘာသိအောင်(
အဆိုးနည်းဖြင့်) လုပ်ပေးနေသူ သန်းရွှေ အား တံဆိပ်ကပ်ခဲ့သည်။ သန်းရွှေ၏
ဤနှစ် ပုဒ်မ မှာ နာဂစ်မုန်တိုင်း ကြောင့် လူပေါင်း တသိန်း၎သောင်းကျော်
သေကြေပျောက်ဆုံးမှုနှင့် အိုးမဲ့အိမ်မဲ့ ၂သန်းကျော် အား နိုင်ငံတကာမှ
ဝိုင်းဝန်းကူညီရန်ကြိုးပမ်းခဲ့ မှုကို အချိန်ဆွဲဖင်နှေးခဲ့ခြင်း နှင့်
တချိန်တည်းမှာ ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုမူ မြန်မာသမိုင်းတွင် အဆိုးဝါးဆုံး
မှတ်တမ်းဝင်ခဲ့သော နာဂစ်မုန်တိုင်း ကြီး ကြားမှပင် ဗန္ဓုလ မိုးတွင်းကြီး
ရခိုင်ရိုးမကိုဖြတ်ကာ ဓနုဖြူဆင်းသကဲ့သို့ ပြီးမြောက်အောင်
လုပ်ပြခဲ့ခြင်းအတွက် နိုင်ငံတကာမှ ရင်သပ်ရှုမော အံ့သြ အောချခဲ့ရသည်။
သန်းရွှေသည် ယမန်နှစ် လည်း ငြိမ်းချမ်းစွာ သပိတ်မှောက်သော ရွှေဝါရောင်
ကိုယ်တော်များအား သုတ်သင်ချေမှုန်းမှု့ကြောင့် အဆိုးဆုံး အာဏာရှင် တတိယနေရာ
ရခဲ့ပါသည်။

5. King Abdullah
Saudi Arabia
Age: 85
In power since: 1995
Last year's rank: 4

ပဉ္စမ အာဏာရှင်ဆိုးကြီး အဖြစ် ဆော်ဒီအာရေးဗီးယားမှ ဘုရင် အဗ္ဗဒူလာ အား
သမုတ်ခဲ့ပါသည်။ ဆော်ဒီ ဘုရင်ကြီးသည် အမျိုးသမီးအခွင့်အရေးများ ကို ဆက်လက်
ပိတ်ပင် တားမြစ်နေခြင်း ကိုခွင့်ပြုထားသဖြင့် အာဏာရှင်ဆိုးတဦး
စာရင်းဝင်ခဲ့ခြင်းဖြစ်ပါသည်။ ဆော်ဒီအမျိုးသမီးများမှာ
မှတ်ပုံတင်ကိုင်ဆောင်ခွင့်ပင် မရကြဘဲ ဘယ်သွားသွား၊ဘယ်လာ လာ၊ဘာလုပ်လုပ်
အမျိုးသား များ၏ အုပ်ထိန်းမှုအောက်မှသာ လုပ်ခွင့် ရကြပါသည်။
အမျိုးသမီးများ အတွက် လူအခွင့်အရေး ကော်မရှင် တခု ကို ဆော်ဒီအစိုးရမှ
ဖွင့်လှစ်ပေးခဲ့ သော်လည်း ထိုရုံး၌ အလုပ်လုပ်သူအားလုံးမှာ
အမျိုးသားများသာလျှင်ဖြစ်ပါသည်။ ဆော်ဒီဘုရင် အဗ္ဗဒူလာ သည် ယမန်နှစ်ကလည်း
အာဏာရှင်ဆိုး အဖြစ် စတုတ္ထချိတ်ခဲ့ ပါသည်။

6. Hu Jintao
China
Age: 66
In power since: 2002
Last year's rank: 5

ဆဌမ အဆိုးဝါးဆုံး အာဏာရှင်အား တရုပ်မှ ဟူဂျင်းတောင် အား ပေးအပ်ခဲ့ပါသည်။
ဟူဂျင်းတောင် သည် ၂၀၀၈ အိုလံပစ်ပွဲ ကံထရိုက် ဆွဲနိုင်ရန်အတွက်
အခြေခံလူအခွင့်အရေး များ မြှင့်တင် သွားမည် ဟု နိုင်ငံတကာ နှင့်
အိုလံပစ်ကော်မတီကို နားလှည့် ပါးရိုက် ဂတိပေးခဲ့သော်လည်း လက်တွေ့တွင်မူ
လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့်နှင့် ပြောဆိုပိုင်ခွင့် တို့အား
ပိုမိုတင်းကြပ် ချုတ်ချယ်လာခဲ့ပါသည်။ တိဘက်နှင့် တခြား လူနည်းစု
တိုင်းရင်းသား အပေါ် ပိုမိုဖိနှိပ်လာပြီး နိုင်ငံရေး၊ဘာသာရေး အတိုက်အခံ
များအား တရားစီရင်ချက် မချဘဲ “အလုပ်ကြမ်းမှပြန်လည်ပညာပေးခြင်း” ရဲဘက်
စခန်းများသို့ ၄နှစ်ထိတိုင်ပို့၍ မောင်းခြင်းများ ပြုလုပ်ခဲ့ ပါသည်။
ဟူဂျင်းတောင် သည် ယမန်နှစ်က အဆိုးဝါးဆုံး အာဏာရှင် နံပါတ် ၅
ချိတ်ခဲ့ပါသည်။

7. Sayyid Ali Khamenei
Iran
Age: 69
In power since: 1989
Last year's rank: 7

သတ္တမ အဆိုးဝါးဆုံး အာဏာရှင်အဖြစ် အီရန် မှ ဆာရဒ် အာလီ ခါမေနီ မှ
ရရှိခဲ့ပါသည်။ ယမန်နှစ် က ခါမေနီသည် သတ္တမပင် ချိတ်ခဲ့ပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ အမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်သူများ၊
လူနည်းစုတိုင်းရင်းသား များ နှင့် ဘာသာရေး အစုအဖွဲ့လေးများ၊ သတင်းဂျာနယ်
သမားများကို ဖိနှိပ်ညှင်းပန်းမှု များ ကြောင့် ဟုစွဲချက်တင်ကြပါသည်။ ၂၀၀၈
ခုနှစ်အထိ တကမ္ဘာလုံးတွင် အီရန်တနိုင်ငံတည်းသာ ကလေး များ အား
သေဒဏ်အပြစ်ပေးခြင်း ကို လက်ခံကျင့်သုံးနေဆဲဖြစ်ပါသည်။ အီရန်ဥပဒေမှ
ယောင်္ကျားလေး ၁၅ နှစ်နှင့်အထက်၊ မိန်းခလေး ၉နှစ်နှင့်အထက်အား
သေဒဏ်အပြစ်ပေးနိုင် သည်ဟု သတ်မှတ်ထားပါသည်။

8. Isayas Afewerki
Eritrea
Age: 63
In power since: 1991
Last year's rank: 10

အဌမ အဆိုးဝါးဆုံး အာဏာရှင်အဖြစ် အီယစ်တရီယား (၁၉၅၂ခုနှစ်တွင်
အီသီယိုပီးယားမှ ခွဲထွက်လာသော နိုင်ငံငယ်) မှ အိုင်စာရစ် အဖီဝါကီ အား
ပေးခဲ့ပြီး ၎င်းသည် မနှစ်က အဆင့်၁၀ ချိတ်ခဲ့ပါသည်။ အဖီဝါကီ သည် ၂၀၀၈ မေလ
တွင် ရွေးကောက် ပွဲ ပြုလုပ်ခြင်းကြောင့် တိုင်းပြည်အတွင်း
ကွဲပြားခြားနားမှုများ ပေါ်ပေါက် လာစေနိုင်သည် ဟူသော အကြောင်းပြချက်ဖြင့်
ရွေးကောက်ပွဲအား အနဲဆုံး အနှစ် ၃၀ မှ ၄၀ ကျော်မှသာ၊ သို့မဟုတ်
ဤထက်ပိုမိုကြာမြင့်မှသာ ပြုလုပ်မည် ဟု ကျေညာခဲ့သည်။ သတင်းဌာနများကို
၎င်းအစိုးရမှသာ တိုက်ရိုက်ချုပ်ကိုင်ခဲ့ပြီး အနည်းဆုံး သတင်းသမား
၁၀ယောက်ကျော်အား ၂၀၀၁ ခုမှ စတင်ထိန်းသိမ်းခဲ့ပါသည်။

9. Gurbanguly Berdymuhammedov
Turkmenistan
Age: 51
In power since: 2006
Last year's rank: Unranked

န၀မ အဆိုးဝါးဆုံးအာဏာရှင် အဖြစ် တာခ်မန်းနိစတင်မှ ဂါဘန်ဂူလီ
ဘာဒီမူဟာမက်ဒေါ့ ဤနှစ်မှ စတင် ရရှိခဲ့ပါသည်။
နိုင်ငံရေးအတိုက်အခံများ၊သတင်းသမားများ၊ ဘာသာရေး သမား များအား
ဖိနှိပ်ညှင်းပန်းခဲ့ပြီး မတ်၊ဧပြီ အစရှိသော လ နံမည်များအား သူနံမည် နှင့်
သူအမေ နံမည် ပေး၍ ခေါ်ဝေါ်စေခဲ့ခြင်းများ အစရှိသည့် အလားတူ အာဏာရှင်ရူးများ
ပြုလုပ်နေကျ အူကြောင်ကြောင် အပြုအမူများကိုပြုလုပ်ခဲ့ပါသည်။

10. Muammar al-Qaddafi
Libya
Age: 66
In power since: 1969
Last year's rank: 11

ဒဿမ အဆိုးဝါးဆုံးအာဏာရှင်ကြီး အဖြစ် အနှစ် ၄၀ အာဏာသက်
ပြည့်လုခါနီးဖြစ်သော လစ်ဗျား မှ ကဒါဖီ အား ပေးအပ်ခဲ့ပါသည်။
သက်ဦးဆံပိုင်ရာဇသွေး မပါ သော အုပ်ချုပ်သူများ အနက် ဂါဘွန် ရှိ အိုမာ
ဘွန်ဂို တယောက်သာ ကဒါဖီ ၏ ရှေ့၌ နှစ်အများဆုံး အာဏာရှင်သက်တမ်း
ချိုးထားနိုင်ခဲ့ပါသည်။ လစ်ဗျားအစိုးရ၏ သတင်းများကို ဖြန့်ချိပါက
လစ်ဗျားနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ဖျက်ဆီးစေသည် ဟူသော စွဲချက်များ ဖြင့်
ထောင်ဒဏ်အပြစ်ပေးနိုင်ပါသည်။ ကဒါဖီ သည် ယမန်နှစ်က အဆင့် ၁၁ သာ
ချိတ်ခဲ့ပါသည်။

PARADE's annual World's Worst Dictators list:2009.

အဆိုးဝါးဆုံး အာဏာရှင်ဖြစ်စေနိုင်သည့် အမှတ်ပေးစည်းမျည်းများမှာ
လူအခွင့်အရေးချိုး ဖောက်မှုများ၊ ၎င်းတို့အုပ်ချုပ်မှုလက်အောက်၌
ပြည်သူပြည်သားများ ခံစား နေရသော ဒုက္ခအ၀၀များ၊ အာဏာကို
တဦးတည်းလက်ဝါးကြီးအုပ်ချယ်လှယ်မှုများ အစရှိသည် တို့ပါဝင်ပါသည်။
အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေးဌာန၊ လူအခွင့်အရေးစောင့်ကြည့်မှု
ကော်မရှင်၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေး အဖွဲ့၊ နယ်နိမိတ်မဲ့
သတင်းထောက်များ အဖွဲ့တို့ မှ ရရှိပါသည်။

Joint Communiqué of the 42nd AMM

Joint Communiqué of the 42nd AMM


July 20, 2009

On 20 July 2009, Mr. Kasit Piromya, Minister of Foreign Affairs of Thailand held a press conference on behalf of the ASEAN Chair, on the outcome of the 42nd ASEAN Foreign Ministers' Meeting, which is reflected in the Joint Communiqué of the 42nd AMM. Gist of the Joint Communiqué is as follows:
1. The establishment of the ASEAN Human Rights Body and Dispute Settlement Mechanisms
The ASEAN Foreign Ministers formally adopted the Terms of Reference of the ASEAN Human Rights Body, which will be called "the ASEAN Intergovernmental Commission on Human Rights". They also recommended to the ASEAN Leaders that the Commission be launched during the 15th ASEAN Summit to be held in October this year.
The adoption of the TOR is the beginning of an evolving process. The TOR provides ASEAN with a platform for furthering ASEAN"s efforts in the promotion and protection of human rights. Hence, as part of the review process of the TOR in 5-years" time after it enters into force.
After this, each ASEAN country will proceed to appoint its representative to the Commission so that we can convene the inaugural Commission meeting during the 15th ASEAN Summit.
The Foreign Ministers also endorsed ad referendum the draft agreement on privileges and immunity of ASEAN and agreed to extend the mandate of the High-Level Legal Experts" Group (HLEG) so that they can finalize their work on dispute settlement mechanisms and other legal issues under the ASEAN Charter for the Foreign Ministers" consideration.
2. On regional and international issues
The ASEAN Foreign Ministers discussed, among others, the post Cyclone Nargis situation in Myanmar and the role of the Tripartite Core Group. They also discussed the issue of illegal migrants in the Indian Ocean and the situation in Myanmar, following the recent UN Secretary-General"s visit. From all these discussions, there emerged a general feeling that now that ASEAN has the Charter in place and is moving towards becoming a Community, ASEAN Member States should do more to help one another and to resolve ASEAN"s internal problems within the ASEAN family without recourse to the international community.
Another issue discussed was the situation related to the Korean Peninsula. The ASEAN Foreign Ministers recalled the ASEAN leader"s statement in June 2009 in which they reiterated the condemnation of the recent underground nuclear test and missile launches undertaken by the Democratic People"s Republic of Korea. They urged the DPRK to fully comply with its obligations and relevant UNSC resolutions. At the same time, ASEAN will do what it can to keep the DPRK engaged, particularly through the ASEAN Regional Forum (ARF), and explore how ASEAN could serve as a bridge between the DPRK and the world.
3. On ASEAN Community Building
The ASEAN Foreign Ministers also discussed issues related to the implementation of the ASEAN Charter. These include the division of labour between the existing mechanisms such as the senior officials and the director-generals of ASEAN, and the new mechanisms. The idea is to make ASEAN work more efficiently without duplication of work.

They agreed to work closely together to enable ASEAN to play an increasingly proactive and leading role in the regional architecture.
They will also make greater use of the ASEAN Committees in Third Countries in representing ASEAN and interacting with host countries. The ASEAN Foreign Ministers further agreed to form such a committee in countries where there are five or more ASEAN embassies.
4. On external relations
The ASEAN Foreign Ministers approved the accreditation of 28 Ambassadors from countries outside ASEAN, which include all 10 dialogue partners and other regions. They also endorsed guidelines for the procedures for the accreditation of non-ASEAN Ambassadors to ASEAN prepared by the Committee on Permanent Representatives to ASEAN.
5. On the Treaty of Amity and Cooperation in Southeast Asian (TAC)
The ASEAN Foreign Ministers looked forward to the United States" forthcoming accession to the TAC, which will send a strong signal of its commitment to peace and security in the region.
6. Other matters
The ASEAN Foreign Ministers exchanged views on how to further develop infrastructure linkages among ASEAN countries as well as linkages between ASEAN and India and China to promote connectivity in the region.
Finally, the Ministers noted the tentative dates proposed by Viet Nam for the 43rd AMM next year, which is in July 2010.

Wednesday, 22 July 2009

Myo Yan Naung Thein- July Dream



၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

ဇူလိုင် ၇ ရက်နေ့ အလည်တခေါက် ပြန်ရောက်လာပြန်ပြီ။ ဒီတစ်ခါတော့ အင်္ဂါနေ့ပေါ့။ ဇူလိုင်အိပ်မက်လည်း ဒုတိယနှစ်ထဲ ၀င်လာပြီ။ မြန်မာ့သမိုင်းမှာ ဒေါင်းပျိုတွေ သွေးမြေခခဲ့တဲ့ ဒီနေ့ရက်ကို မမေ့နိုင်ကြသေးသလို အခုချိန်ထိ တိုက်ပွဲဝင်ဆဲ နှစ် ၂၀ က ဒေါင်းပျိုတွေလည်း အိုတော့ပါမယ်။ မျိုးဆက်သစ် ဒေါင်းပျိုတွေလည်း သမိုင်းတာဝန် လက်ဆင့်ကမ်း ယူနေကြတာလည်း တွေ့ရမှာပါ။ နေ့တွေညတွေ တစ်လှည့်စီ ဖြတ်သန်းပြီး အချိန်တွေ ကုန်သွားခဲ့ပေမယ့် လုပ်ရပ်တိုင်းဟာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ခဲ့မှာတော့ ငြင်းမရပါဘူး။

ဒီနေရာမှာ ကိုယ်ရေးကိုယ်တာတွေ ရေးနေတာ များတော့လည်း အကြွားပိုတယ်ဆိုပြီး အမြင်ကပ်တဲ့သူလည်း ကပ်လောက်ပါပြီ။ ဓါတ်ပုံတွေ ရိုက်ပြီး ရေးချင်တာတွေ လျှောက်ရေးနေခဲ့လို့ မျက်စိနောက်နေတဲ့လူလည်း ရှိလောက်ပါပြီ။ ခြံစည်းရိုး ခွထိုင်လို့ဆိုပြီး ဆဲတဲ့သူတွေလည်း ဆဲကြပါတယ်။ ပေါတောတော လုပ်လိုက် ခပ်တည်တည်ကြီး နေလိုက်နဲ့ စာဖတ်သူတွေလည်း အရူးလင်လုပ်ရသလို ဖြစ်နေပါပြီ။ အဲဒီလို သည်းခံခဲ့ရတဲ့ မကောင်းသူရော ကောင်းသူရော၊ ရှိရှိသမျှ ပုပုကွကွ သွယ်သွယ်လျလျ အိုကြီးရွတ်တွ နုပျိုလှပ စာဖတ်သူ ဆဲသူ သောက်မြင်ကပ်သူ အားလုံးကို ကျွန်တော်ဇူလိုင် ကျေးဇူးမတင် ဖင်လှန်ပြတာမျိုး မဖြစ်ရလေအောင် ကျေးဇူးတင် စကားတော့ ပြောချင်မိပါတယ်။ ဒါပေမယ့် ကျေးဇူးတင်စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်လို့ လိုရင်တိုရှင်းပဲ ပြောလိုက်ပါတော့မယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ဒီနေ့ဒီရက်မှာတော့ ကျောင်းတော်ကြီးက သူငယ်ချင်းကြီးကို သတိတော့ ရမိသားဗျ။ သူလည်း အကျဉ်းစံ ဒေါင်းပျိုပဲလေ။ အခုချိန်မှာတော့ အင်းစိန် ထောင်တွင်း တစ်နေရာရာမှာပေါ့။ သူက ကျွန်တော့်ထက် အသက် ခုနစ်နှစ်ကျော် ကြီးတယ်။ ကံတရားက မထင်မှတ်ပဲ ဆုံတွေ့ခွင့် ပေးခဲ့တော့လည်း ဟိုမရောက် ဒီမရောက် ဘာမှကို မဟုတ်တဲ့ ကျွန်တော့်လိုကောင်နဲ့ သူငယ်ချင်း လာဖြစ်ကြတယ်။ သူဆိုတာက မျိုးရန်နောင်သိန်းပါ။ စက်မှုတက္ကသိုလ် ဗိသုကာ ကျောင်းသားပေါ့။ ကျွန်တော်တို့ကတော့ သူ့ကို S One (S1) လို့ ခေါ်ပါတယ်။ အတွင်းရေးမှူး ၁ ပေါ့ဗျာ။ သူက ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်လုပ်ခဲ့လို့ ၁၉၉၇ မှာ ထောင် ခုနစ်နှစ် ချခံလိုက်ရပါတယ်။




Photo Credit: Facebook

၂၀၀၃ မှာ ကျွန်တော် နယူးဒေလီက ပြန်လာတော့ သူ... ထောင်က ပြန်လွှတ်လာပြီ။ သူက စတုတ္ထနှစ်မှာ ထောင်ကျသွားတာဆိုတော့ ထောင်က လွှတ်လာတော့ ၀ိုင်တီယူမှာ စတုတ္ထနှစ်ကနေ ပြန်တက်ခွင့်ရပါတယ်။ ကံကောင်းချင်တော့ နည်းပညာတက္ကသိုလ်မှာ နောက်ဆုံးအသုတ်က စတုတ္ထနှစ်ဖြစ်နေပါပြီ။ သူသာ ၂၀၀၄ မှ ထောင်က ထွက်လာရရင် တက်စရာအတန်း မရှိတော့ပါဘူး။ ၀ိုင်အိုင်တီမှာ ဒုတိယနှစ်၊ တတိယနှစ် တက်ရင်းနဲ့ ထောင်ကျခဲ့တဲ့ သူတွေမှာ တက်စရာ အတန်းမရှိတော့လို့ ကျောင်း ဆက်မတက်ဖြစ်တော့ပါဘူး။

ကျွန်တော်လည်း ကုလားပြည်က ပြန်လာတာဆိုတော့ ကျောင်းစာတွေ မစုံပါဘူး။ စာမေးပွဲက နောက်အပတ် တနလာင်္နေ့။ ပြန်ရောက်တာက သောကြာနေ့။ ကြားထဲမှာ စာလုပ်ဖို့ ၃ ရက်ပဲ အချိန်ရှိတယ်။ အဲဒီတော့ မေဂျာတူ သူငယ်ချင်းအရင်းတွေကို အပူကပ်ရတာပေါ့။ မိုင်နာဘာသာတွေအတွက် မြို့ပြအင်ဂျင်နီယာဌာနက ဆရာစိုးစိုးကို အပီအပြင် ဒုက္ခပေးခဲ့တယ်။ ဆရာ့အိမ်မှာပဲ အိပ်ပြီး စာလုပ်ခဲ့တယ်။ စာမေးပွဲ ပြီးတော့လည်း ဒီဇိုင်းပရောဂျက်တွေ လုပ်ဖို့ ကျန်သေးတယ်။ မူလတန်းကျောင်းရယ် စာကြည့်တိုက်ရယ် ဆေးရုံရယ် ဒီဇိုင်း ဆွဲရမယ်။ အဲဒီမှာ မဗေဒါရဲ့အစ်မလတ် နေ့မနား ညမနား ပုံကူဆွဲပေးခဲ့ရှာတယ်။ စာတမ်းတွေလည်း တင်ရသေးတယ်။ ဒီလိုနဲ့ စတုတ္ထနှစ် အောင်စာရင်း ထွက်လာရော။ ကျွန်တော်ကတော့ လွတ်လွတ်ကျွတ်ကျွတ် အောင်ပါတယ်။

အဲဒီမှာ ကိုရန်နောင်ကြီး ကျပါတယ်။ အဲဒီလို ကျတဲ့သူတွေကို စာမေးပွဲ နောက်တစ်ခါ ပြန်ဖြေခွင့် ပေးပါတယ်။ အဲဒီအတွက် သူ ကြိုးပမ်းရှာပါတယ်။ သူငယ်ချင်းတစ်ယောက်က ချိတ်ပေးလို့ သူ့ ကျွန်တော်ဆီမှာ အကူအညီ တောင်းပါတယ်။ ကျောင်းစာတွေ ရှင်းပြပေးဖို့။ စာတမ်းမှာ ၀ိုင်းကူပေးဖို့။ ဒီဇိုင်းတွေအတွက် ပုံကူဆွဲပေးဖို့။ ကျွန်တော်ကလည်း စတုတ္ထနှစ်မှာ ကျောင်းတက်ထားတာ မဟုတ်တော့ သူ့ကို ကူညီပေးဖို့ ခက်လှပါတယ်။ ဒါပေမယ့် ကျွန်တော်က အတန်းထဲက တခြားသူငယ်ချင်းတွေကို သူ့အတွက် အကူအညီ တောင်းပေးနိုင်မှန်း သူသိထားတယ်။ အတန်းထဲက လူတွေက ထောင်ထွက် သူ့ကို နည်းနည်းစိမ်းနေသလားပဲ။ အဆက်အဆံ သိပ်မရှိလှဘူးလို့ ထင်မိတယ်။။ အဲဒီတော့ ကျွန်တော်က ကြားပွဲစား လုပ်ပေးလိုက်ပါတယ်။

စာတော်တဲ့ သူငယ်ချင်းတွေဆီက ကျောင်းစာတွေ မိတ္တူဆွဲပါတယ်။ စာမေးပွဲအတွက် အဓိက လေ့လာရမယ့် အပိုင်းလောက်ပဲ မိတ္တူကူးပြီး တွက်ချက်ပုံတွေကို တခါတည်း ရှင်းပြခိုင်းတယ်။ ပြီးတော့ ကျွန်တော်က ကိုရန်နောင်ကို ပြန်ရှင်းပေးပါတယ်။ စာတမ်းအတွက် သူငယ်ချင်း အချို့ကို ကူခိုင်းပါတယ်။ ကျွန်တော်က စာစီပေးပါတယ်။ ဒီဇိုင်းအတွက်တော့ မယ်ကိုးတို့ မဗေဒါအစ်မတို့ ၀ိုင်းဆွဲပေးကြပါတယ်။ အဲဒါတွေ အချိန်မှီ ပြီးဖို့အတွက် ကြားထဲကနေ တောင်ပြေး မြောက်ပြေး လုပ်ခဲ့ပေးတာကတော့ ကျွန်တော်ဇူလိုင်ပါပဲ။ ကျွန်တော် လုပ်နိုင်သလောက် သူ့ကို လုပ်ပေးလိုက်တာ သူ စတုတ္ထနှစ် စာမေးပွဲ အောင်သွားပါတယ်။ ဌာနက ဆရာ ဆရာမတွေရဲ့ စေတနာလည်း သူ့အပေါ် ရှိကြမှာပါ။ ဒီလိုနဲ့ တစ်တန်းပြီး တစ်တန်း တက်လာခဲ့လိုက်တာ ကိုရန်နောင်တစ်ယောက် နည်းပညာတက္ကသိုလ်ကနေ ဗိသုကာဘွဲ့ ရသွားပါတယ်။

ထောင်ကနေ ထွက်လာအပြီးမှာ ထောင်ကျဆိုပြီး သိမ်ငယ်မနေပဲ ကိုယ့်အောက် အသက်အများကြီး ငယ်တဲ့ အတန်းဖော်တွေရဲ့ အကူအညီနဲ့ ဗိသုကာဘွဲ့ကို ရအောင်ယူပြသွားတဲ့ သူ့ကို လေးစားမိပါတယ်။ ဒူးမထောက် လက်မမြှောက်တတ်တဲ့ သူ့ရဲ့ စိတ်ဓါတ်ကို သဘောကျမိပါတယ်။ သူက စကားပြောရင်လည်း နှိမ့်နှိမ့်ချချ ပြောတတ်ပါတယ်။ သူ့ကို အားကျမိတဲ့ နောက်တစ်ခုက ဘာသာစကား ကျွမ်းကျင်မှုပါ။ အင်္ဂလိပ် ပြင်သစ် စပိန် ဘာသာသုံးမျိုးကို မွှတ်နေအောင် ပြောနိုင်ပါတယ်။ လှည်းတန်းက သူ့အိမ်မှာလည်း စကားပြော သင်တန်းလေး ဖွင့်ထားပါသေးတယ်။

တခါတလေ လှည်းတန်းဘူတာမှာ ဆရာရွှေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ကိုရန်နောင်လည်း ပါတတ်တယ်။ ကျောင်းပြီးတဲ့ နောက်ပိုင်းမှာလည်း သူ့အိမ်ကို အလည်အပတ် ရောက်ဖြစ်သေးတယ်။ သူ့ဆီ သွားလည်တိုင်း သူ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် လိုက်တိုက်လေ့ရှိတယ်။ လက်ဖက်ရည်ဆိုင် သွားရင် သူ့ရဲ့တူလေးကို ခေါ်လာတတ်တယ်။ ချမ်းသာလွန်းတာလည်း မဟုတ်ပဲနဲ့ အမြဲတမ်းလိုလို လက်ဖက်ရည်ဖိုး ရှင်းနေလို့ တခါတလေမှာ ကျွန်တော်တို့က လုပြီး ပိုက်ဆံ ရှင်းနေရတယ်။

သူ့ပုံစံက ကာတွန်းဝိဇ္ဇာရေးတဲ့ တာယာပွကြီး ဆိုတဲ့ ဇာတ်ကောင်နဲ့တောင် တူသလိုလိုပဲ။ အဲဒီလိုဆိုတော့လည်း သွားခေါခေါနဲ့ ရုပ်ဆိုးတဲ့ ကျွန်တော်က နေထက်ပူပြင်း ဆိုတဲ့ ဇာတ်ကောင်နဲ့ တူသွားပြန်ရောဗျ။ အခုချိန်မှာ ဗိုက်ကလည်း ပူနေတဲ့အပြင် အပျင်းကလည်း ကြီးနေတော့ ပူပြင်းဆိုတဲ့ ဇာတ်ကောင်နဲ့ ကျွန်တော့်ပုံစံ ကွက်တိဖြစ်နေပြီပေါ့လေ။

သူနဲ့ ပတ်သက်ပြီး သတိထားမိတာက ကျွန်တော်တို့ကို နိုင်ငံရေးအကြောင်း သိပ်မပြောပါဘူး။ နိုင်ငံရေး ဆွယ်တရားတွေလည်း မဟောပါဘူး။ သူ့စကားထဲမှာ လက်ရှိအစိုးရကို အမြင်မကြည်တဲ့ အကြောင်းတော့ အရိပ်အမြွတ်လောက် ပါတာမျိုးပဲ ရှိတယ်။ ဒါတောင် မကျေနပ်ချက်တွေ များလွန်းလို့ ပွင့်အန်ထွက်လာတဲ့ တစ်ခွန်းစ နှစ်ခွန်းစ စကားတွေပါ။ သုမနကျောမှာ အရှိုးရာတွေ မနည်းခဲ့တဲ့ သူဆိုတော့လည်း စကားကို အတော်လေး ထိန်းပြောပါတယ်။ တခါတလေလည်း ဆေးပေါ့လိပ်ခဲပြီး တစ်ခုခုကို တွေးငေးနေတတ်တယ်။

သူ့ကျေးဇူးနဲ့ပဲ ပြည်လမ်းက ကျောင်းမှာ ပြင်သစ်စကား လေ့လာခွင့် ရလိုက်တယ်။သူ့ကျေးဇူးနဲ့ပဲ သံရုံးက ဦးစီးကျင်းပတဲ့ ပွဲလမ်းသဘင်တွေ တက်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ရုပ်သေးပွဲတွေ ကြည့်ဖူးသွားတယ်။ သူ့ကျေးဇူးနဲ့ပဲ ဂီတသံစဉ်တချို့ကို ထိတွေ့ခွင့်ရခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ထောင်တွင်း အတွေ့အကြုံတွေ ကြားဖူးနားဝ ရှိသွားတယ်။

သူ့ကျေးဇူးနဲ့ပဲ ကျွန်တော် မျက်လုံးတွေအောက် ရောက်ခဲ့ရတယ်။ သူ့ကျေးဇူးနဲ့ပဲ ရဲစခန်း ရောက်သွားခဲ့တယ်။ သူ့ကျေးဇူးနဲ့ပဲ ဒုရဲအုပ်ရှေ့မှာ စစ်ချက် ပေးခဲ့ဖူးတယ်။

သူ... ထောင်က ထွက်လာခဲ့တုန်းက ခြေမသန်တော့ဘူး။ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေတယ်။ ဆေးပေါ့လိပ်ကလည်း သောက်သေးတယ်။ ဒီတော့လည်း ချောင်းကလည်း ဆိုးတာပေါ့။ ကျန်းမာရေးလည်း ထူထူထောင်ထောင် မရှိလှဘူး။ မြင်လိုက်ရရင် ယဲ့တဲ့တဲ့လေးပါပဲ။ အဲဒီလောက် ဖြစ်နေတာတောင် ၂၀၀၇ စက်တင်ဘာမှာ လမ်းလျှောက် ထွက်လိုက်သေးတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်နဲ့ခန္ဓာကို ချိုးနှိမ်ထားထား ဦးမကျိုးတဲ့ ပုံစံဆိုတာ ဒါမျိုးပဲလား။

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တဲ့အမှုနဲ့ ကိုရန်နောင်တစ်ယောက် ၂၀၀၇ ဒီဇင်ဘာမှာ ပြန်အဖမ်းခံလိုက်ရတယ်။ ဒုတိယအကြိမ်မြောက် ထောင်ကျသွားပြန်တယ်။ အခုတော့ အင်းစိန် ထောင်ထဲမှာပေါ့။ သေချာပါတယ် သူ... လုံးဝ ဒူးမထောက် လက်မမြှောက်ပါဘူး။ ကျွန်တော်တို့ တစ်နေ့နေ့မှာ ပြန်ဆုံအုံးမှာပါဗျာ။

၂၀၀၉ ဆဲဗင်း ဇူလိုင် အမှတ်တရလေးပါ။


http://moemaka.com/index.php?option=com_content&task=view&id=4422&Itemid=41
တစ်ကမ္ဘာလုံးက စောင့်စားနေကြတဲ့ သြဂုတ်လ ၂၇ရက်နေ့
မနက် ၁၂နာရီခွဲ

ကဲ...သူငယ်ချင်းတို့ရေ...
သတင်းထူးလေးတခုကို လက်တို့ပြီးတော့ ပြောရဦးမယ်။
၂၀၀၉ သြဂုတ်လမှ စတင်ကာ မိုးကောင်းကင်မှာ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မယ်..တဲ့။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ..တဲ့။ အဲဒါအပြင် သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာ ကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles အထိ နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထားပါတယ်..တဲ့။ဒ့ါကြောင့် သြဂုတ်လ ၂၇ ရက် 12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို ကြည့်သူတိုင်း တွေ့မြင်ကြ ရမှာပါ..တဲ့။ဒီတကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို၊ ခရစ်နှစ် ၂၂၈၇ခုနှစ်အထိ၊ (နောက်နှစ်ပေါင်း ၁၇၇နှစ်အထိ) စောင့်ကြရမှာပါတဲ့..နော်။ ကဲ..သူငယ်ချင်းတို့ရေ.... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး လနှစ်စင်းပြိုင်လင်းမယ့် သတင်းထူးလေးကို ဖြန့်ဝေပေးလိုက်ကြပါဦးနော်.. ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်ကြာ ဒီတကြိမ် မကြည့်လိုက်ရရင်.. သက္ကရာဇ် 2287 ခုနှစ်ထိကို အသက်ရှည် မရှည် မသေချာဘဲ..စောင့်စားနေရမှာစိုးလို့ပါနော်။
ကြည့်ဖြစ်သူတွေလည်း ဓါတ်ပုံ၊ဗွီဒီယို မှတ်တမ်းလေးတွေ ရိုက်ထားကြဦးနော်..။ဟိုး တလောက လမင်းပြုံုးတုန်းကလို မှတ်တမ်းတင်ထားနိုင်သူတွေရဲ့ ကျေးဇူးကြောင့် မကြည့်ဖြစ်လိုက်ရသူတွေလည်း အင်တာနက်မှာ ...you tube မှာ ပြန်ကြည့်လို့ရနိုင်တာပေါ့နော်..။ဒီတခေါက်လည်း လနှစ်စင်း ပြိုင်လင်းတာကို မှတ်တမ်းတင်နိုင်သူတွေ ကျေးဇူးကြောင့် မကြည့်ဖြစ်သူတွေအတွက်..မုဒိတာပွားစရာ တခုပဲပေါ့နော်..။
အော်..မေ့နေမှာစိုးလို့..ကောင်းကင်ကိုကြည့်ရှုမှတ်တမ်းတင်ရမယ့်
နေ့ရက်က၂၀၀၉ သြဂတ်စ်လ 27ရက၊်ကြာသပတေးနေ့။အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်း ပြိုင်တူလင်းတာကို စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်။
ပေးပို့သူ
(၂၀၀၉ ဇူလိုင် ၁၆ရက် ၊ ဂျီမေးလ်မှရရှိခဲ့သော သတင်းထူးဖြစ်ပါသည်။)


--
စာဖတ်ပရိသတ်များခင်ဗျား

ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိတစ်ဦး ပေးပို့လာတဲ့
သူ့ကိုယ်တွေ့ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့
တင်ပြပေးလိုက်ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက်ပိုပြီး
ထောက်ပံ့ကာ အနာဂတ်အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့
လူမျိုးအတွက် အမှန်တကယ် အသုံးဝင်အောင် အဓိပ္ပါယ်ရှိရှိ မွေးမြူသင့်ပါတယ်။
တပ်မတော်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ
သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း
အခုလို တာဝန်ထမ်းဆောင်ဆဲမှာပင် ရေးသားပေးပို့လာတဲ့ ရုရှားပြန်
မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး
ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့  အင်အား
ဝက်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ
ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)


၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး
တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင်
မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ
အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့်
မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။

သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏
စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော
ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။
နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။
အလွန်ကောင်းပါသည်။

ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို
ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ
ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ
ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊
ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး
ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု
လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ
မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။

ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။
ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။
အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး
ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။
ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။
ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ
ဝင်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။

ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော
လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်
သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး
မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့်
ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး
ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…”
ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ
မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့်
တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ
ပြောကာ ချွေးသိပ်လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့်
ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့်
ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့်
ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ
နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊
တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင်
နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည်
ဖြစ်ကြောင်း ပြောကြပါတော့သည်။

ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ
အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း
အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ
ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့်
ဝယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန်
ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည်
ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း
စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ
အားလုံး သိကြပါသည်။


ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို
တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက
အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး
ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့်
မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။

ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး
မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က
အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို
ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။
နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို
ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။

အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည်
အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ
နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ
ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင်
၎င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့
သဘောပေါက်မိခဲ့ကြပါသည်။

ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ်
ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့
ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန်
ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော
စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။

ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။
မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့်
မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား
တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း
ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို
မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။



ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း
ဗိုလ်မှူးချုပ် တင်စိုး


အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက်
ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ
ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ
နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ
ဖြစ်ကြရသည်။

အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး
ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင်
ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။
(ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)


ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏
တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို
မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို
ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့်
သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင်
ဝိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ
ဖြစ်သွားခဲ့ရသည်။

ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး
ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။
ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့်
ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊
ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့
ပြန်ပို့တတ်ပါသည်။

ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ
ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို
ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။
အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို
မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ
သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report
ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား
တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။
ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့
စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department
များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။

ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ်
အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင်
မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။

(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။
သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ
သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ
ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက်
ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့်
မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင်
ကျောင်းတက်နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင်
လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု
မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့်
အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)

ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက
ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန်
ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန်
ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို
ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။
ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး
တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက
ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။

နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့်
ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ်
လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊
ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ
ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။

တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို
ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့်
ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း
ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင်
မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင်
အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင်
ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို
ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ
ပေးရတာမျိုးပါ။

အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။
ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။
သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့
ပြန်ကြပါသည်။

မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော
အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး
ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော
ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊
ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ
ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။
သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး
အနားပေးခံရပြီးပါပြီး။

ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။
သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။
မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင်
ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ
လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့
များသို့ သွားရန် ကြိုးစားနေကြသည်။

ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့
နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။
ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို
ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို
အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့်
ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း
အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။

ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသောပညာရှင်များနှင့် ထုတ်လုပ်ရန်
စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။

အထက်ပါ စာမူအား တင်ပြခဲ့တဲ့ နေ့ရက်ကတော့ Sunday, June 7th, 2009 ဖြစ်ပြီး
အချိန် 2:46 am မှာ ဖြစ်ပါတယ်။ ဒီ စာမူရဲ့ အမျိုးအစား ကတော့ အတွေ့အကြုံ
ဖြစ်ပါတယ်။ သင့်အနေနဲ့ သဘောထား အမြင် အယူအဆများကို ပေးသွားလို့ ရပါတယ်။
ယခုလို အားပေး ကြည့်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။

12 Responses to “နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ”
hlalaysein says on June 7th, 2009 at 2:19 pm :

_င်သာပြေးခံလိုက် မောင်အေးရေ။။။

ဝေယံ says on June 7th, 2009 at 5:40 pm :

ဆောင်းပါးက အကြောင်းအရာတွေမှန်ပါတယ်။ သံအမတ် တင်စိုးက
ဆန်တောင်ရောင်းစားတာပဲ။ ကျောင်းသားတစ်ယောက်ကို တစ်လ ဆန်တစ်အိတ်
မ၀ယ်မနေရ၀ယ်ရတယ်။ သူက ပွဲခရတာကိုး။ အဲဒါကြောင့် အခုသူ တာမွေမှာ
ဆန်ရောင်းနေရပြီ။

Pyi Thu says on June 7th, 2009 at 6:22 pm :

Very nice post! I read twice

ဦးဗိုလ်သခင်ဆ၇ာ says on June 7th, 2009 at 6:38 pm :

ထပ်ခါတလဲလဲ ပြောမယ် ရရှားရောက်စစ်သည်တို့ ။
မြန်မာပြည်ကို ကယ်တင်ပါ။ ဗိုလ်ချုပ်တို့ ရဲဘော်သုံးကျိတ်( အယောက်၃၀)နဲ့
ဂျပန်စစ်ပညာတွေသင်ပြီး မြန်မာပြည်သိမ်းဖို့ပြန်ခဲ့ကြတာပါ။
ရဲဘော်တို့..
ရုရှားက အမေရိကန်သံရုံးကိုဆက်သွယ်ပါ။ အမေရိကမှာ ဆက်လက်ပညာသင်ယူပါ။

မြန်မာပြည်လူထု ဘာလဲဘယ်လဲ ရဲဘော်တို့ သိပါတယ်။

နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ « Save Burma says
on June 7th, 2009 at 7:42 pm :

[...] သက်သေခံ အဖြစ်မှန်များကို စည်းလုံးခြင်းရဲ့အင်အား (ဖိုးတရုတ်)၏
ဘလော့ဂ်မှ [...]

Ko Gyi Kyaw says on June 8th, 2009 at 9:21 am :

Congratulation ! You are Great soldier due to dare to post this experience.

ကောင်းမြတ်မင်း says on June 8th, 2009 at 12:27 pm :

ကျနော်လည်း ရုရှားမှခေါင်းမာနေသော သူငယ်ချင်းများကို သနားတယ်..
အွန်လိုင်းမှာတွေရင် ကျနော်အမြဲတမ်းပြောပါတယ် သူတို့ ပြောတော့ ဟိုမှာအား
လုံးအဆင်ပြေတယ် တပ်ချုပ်ကြီးက ဘယ်လို့ ဘယ်ချမ်းသာအမြဲတမ်းပြောပါတယ်
ကျနော်အထင် ဒီလို့ ကောင်းမျိုးတွေပဲ ရရှားမှာ ပညာတော်သင်ရတယ်ထင်ခဲ့တာပါ
အခုလို့ အမျှော်အမြင်ရှိတဲ့ တပ်မတော်သားကောင်းတွေ တွေ့ ရလို
့အားရဝမ်းသားပါတယ် အခုလိုကိုယ့်အတွေ့ အကြုံကိုပြောပြပေးတဲ့ ရရှားမှ အကို
(သို့ ) ညီ ကိုကြိုဆိုပါတယ် လေးလဲ လေးစားပါတယ်

soe says on June 8th, 2009 at 12:43 pm :

nice job.

အနော်ရထာ says on June 9th, 2009 at 10:36 pm :

အမှန်တွေချည်း ရေးသွားတာပါ.. လိုတာပဲရှိတယ်.. မပိုပါဖူး..
လူပါးဝတဲ့ကောင်တွေုကီးစိုးတဲ့ စစ်တပ်ုကီးထဲမှာ ပြည်သူ့ ရင်သွေး
စစ်စစ်တွေ ရှိပါသေးတယ်.. စီနီယာုကီးကို တကယ်လေးစားပါတယ်…

leveller says on June 11th, 2009 at 1:49 pm :

သန်းရွှေတို့၊မောင်အေးတို့ ရေ …
_င်သာပြေးခံလိုက် … မင်းတို့ ” နအဖ ” စစ်တပ်က ညူကလီးယားလက်နက် ရအောင်လုပ်မယ် !!!
ခွေးပါးစပ်တွေက နတ်စကားတွေ ထွက် လို့ … ဟေ့ ကောင်တွေ နောက်ဆယ်သက်
ကြိုးစားလိုက်အုံး … ဘယ်တော့မှ ရမှာမဟုတ်ဘူး ဟေ့ …. မင်းတို့ တွေ
_င်ခံတာတောင်ရမှာမဟုတ်ဘူး …

သိုးငယ် says on June 12th, 2009 at 11:40 pm :

လူဆိုး လူညစ် လူစိတ်မရှိတဲ့  ကောင်တွေ …
ဘယ်တော့ မှ ရမှာမဟုတ်ဘူးကွ …

စံဖောင်း says on June 20th, 2009 at 10:59 pm :

အကိုဝမ်းကွဲတစ်ယောက်…ရုရှားရောက်နေတယ်အဆက်အသွယ်မရဘူး…သူ့  မိဘကိုလဲမပြောရက်
ဘူး….အတွေ့အကြုံကိုတွေ့ခွင့်ရတဲ့အတွက်.၀မ်းသာပါတယ်..၀မ်းလဲနည်းမိတယ်.




--
Amy
May all beings peace & harmony,
ဒေါ်အောင်ဆန်းစုကြည်အတွက် “ငါတို့အမေ” သီချင်း




အေးလဲ့ | ဧရာဝတီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အတွက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) က “ငါတို့ အမေ” အမည်ရှိ သီချင်းတပုဒ်ကို စတင် ဖြန့်ဝေလိုက် သည်။

GW အဖွဲ့ဝင်များဖြစ်သော AK နှင့် 9 KT တို့က ဒေါ်အောင်ဆန်းစုကြည်ကို အားပေး၊ ဂုဏ်ပြုသည့်အနေဖြင့် ၎င်းသီချင်းကို Hip Hop ပုံစံ ရေးစပ်၊ သီဆိုထားကာ အာဇာနည်နေ့တွင် စတင်ဖြန့်ဝေ လိုက်ကြောင်းသိရသည်။

9KT က “ဒေါ်စုကို အရမ်းလေးစားတယ်၊ အဲဒီအတွက် သူခွန်အားဖြစ်အောင်၊ သူကြားရင်လည်း လူငယ် အားလုံးက သူ့ကို လေးစားတယ်၊ အရမ်းယုံတယ် ဆိုတာ သိအောင် စပ်ဆိုထားတာပါ” ဟု ပြောသည်။

၎င်း သီချင်းထဲတွင် “အမေ အာဏာရှင်တွေလက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ ပေးဆပ်လို့  ဂုဏ်ယူမယ့်နေ့၊ ဒီမိုကရေစီတိုက်ပွဲဟာ တို့သမိုင်းပါ ကျနော့်သီချင်းများဟာ အမေ့အတွက်မို့  အင်အားတခုပဲ .. ပြည်သူတွေရဲ့ ရင်ထဲမှာ .. ကြေကွဲစရာ အမေ့စည်းရိုးမှာ နားစွင့်လို့ ပြန်လာမယ့်နေ့ ….” ဟု ရေးဖွဲ့ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်များ အတွင်းမှ မိန့်ခွန်းတခုထဲတွင် ပါရှိ ခဲ့ဖူးသော “လူငယ်တွေရဲ့ အင်အားဟာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတယ်” ဆိုသည့် မူရင်းအသံကိုလည်း ထည့်သွင်းထား သည်။

“ရည်ရွယ်ချက်က ဒေါ်စု အကျဉ်းကျနေရာကနေ အမြန်ဆုံး လွတ်မြောက်အောင်၊ ဒေါ်စုရဲ့ ရဲစွမ်းသတ္တိ နဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ရေးစပ်သီဆိုရခြင်း ဖြစ်ပါတယ်” ဟု GW မှ ပြောရေးဆိုခွင့် ရှိသူ ကိုမိုဃ်းသွေးက ပြောသည်။

GW မှ ယခုကဲ့သို့ နိုင်ငံရေးနှင့် သက်ဆိုင်သည့် သီချင်းများကို ထုတ်လုပ် ဖြန့်ဝေလျှက်ရှိရာ “နိုးထလော့ အိုမြန်မာ” နှင့် “ကမ္ဘာမကြေဘူး” ဆိုသည့် သီချင်းများ အပါအဝင် ယခု အမေ သီချင်းက ၃ ပုဒ် မြောက်ဖြစ်သည်။

အခက်အခဲတချို့ကြောင့် ယခု သီချင်းကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လွန်ကာ တလခန့် နောက်ကျပြီးမှ ဖြန့်ဝေနိုင်ကြောင်းလည်း ၎င်းတို့အဖွဲ့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီးတွင် တရားစွဲဆို ခံနေရချိန် ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

“ငါတို့ အမေ” သီချင်းကို ဤနေရာတွင် ရယူနိုင်ပါသည်။
--
လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

http://myochitmyanmar.org/
http://myochitmyanmar.blogspot.com/

NLD celebration on Martyrs Day

Tuesday, 21 July 2009

Day 36: Aung San Suu Kyi on "Dialogue"

21 July 2009

Day 36: Aung San Suu Kyi on "Dialogue"

If they(junta) really want dialogue they would be ready at any time. As long as they don't want dialogue they will come up with some excuse and this is just one of the many.

(Aung San Suu Kyi, Burma's Elected Legitimate Leader)


In honour of Burma's Legitimate Leader Aung San Suu Kyi's 64th Birthday, Burma Democratic Concern (BDC) will recall Aung San Suu Kyi's dictum for 64 days.

Burma Democratic Concern (BDC) is the global campaigning and lobbying organisation to restore democracy, human rights and rule of law in Burma where everyone can enjoy freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights.

For more information please visit

1. http://www.bdcburma.org
2. http://bdc-burma.blogspot.com/
3. http://www.gcast.com/u/bdcburma/main
4. http://www.youtube.com/user/bdcburma
5. http://birmanie-dmocratique-concern.blogspot.com/ (French)
6. http://birma-demokratischen-konzern.blogspot.com/ (German)
7. http://bdc-cn.blogspot.com/ (Chinese)
8. http://russiasupports-burmademocracy.blogspot.com/ (Russian)
9. http://burmademokratiskbekymring.blogspot.com/ (Norwegian)
10. http://birmaniademocraticaconsidera.blogspot.com/ (Spanish)
11. http://burmademocraticconcern.blogspot.com/ (Hindi/ India)
12. http://birmnia-democrtica-preocupao.blogspot.com/ (Portuguese)
13. http://birmania-democratica-preoccupazione.blogspot.com/ (Italian)
14. http://bdcburmadeutsch.wordpress.com/ (Dutch)
15. http://burmademokratiskbetydelse.blogspot.com/ (Swedish)
16. http://bdcburma-japanese.blogspot.com/ (Japanese)
17. http://buffalohair.wordpress.com/ (News and Entertainment Portal)
18. http://www.flickr.com/photos/bdcburma/

Monday, 20 July 2009

20.7.09
၆၂-နှစ်မြောက် အာဇာနည်နေ့ ပြည်တွင်းလှုပ်ရှားမှု တချို့



ဒီနေ့ မနက် အာဇာနည်နေ့ မှာ လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်လို့ ပြည်တွင်းက ပေးပို့ တဲ့ သတင်းများ အရကတော့...။
အာဏာပိုင်တွေက အာဇာနည်ကုန်းပေါ်ကိုတက်ရောက် အလေးပြုကြတဲ့ လူငယ်တွေကို စောင့်ကြည့် နေခဲ့ပါတယ်။ လူငယ်တွေ ဝတ်ဆင်လာခဲ့တဲ့ အာဇာနည်ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံပါအကျီ င်္တချို့ နဲ့လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံပါ အကျီ င်္ တွေကို အာဏာပိုင်းတွေက စွပ်ကျယ်အကျီ င်္ ပေး လဲလှယ် ဝတ်ဆင်စေပြီးမှတက် ရောက် ခွင့်ပေးခဲ့ပါတယ်။ ရိုးရိုးအကျီ င်္ဝတ် ဆင်သူတွေကိုတော့ ဟန့်တားမှု မရှိပဲတက်ရောက်ခွင့်ပေးခဲ့ပါတယ်။
တချို့လူငယ်များဟာ အကျီ င်္ လဲလှယ်မှုမလုပ်ချင်တဲ့ အတွက် အာဇာနည်ကုန်းပေါ်ကိုမတက်ပဲ အဝေမှအလေးပြု ပြန်လာကြပါတယ်။ တချို့က ပန်းစီးတွေပါလာကြပါတယ်။ တက်ရောက်သွားတဲ့ လူငယ်တွေကတော့အပေါ်အဖြူ ရောင်နဲ့ အောက်ကတော့ ယောအနက်ကိုဝတ်ဆင်ကြတာတွေ့ခဲ့ရပါတယ်။





ကိုကျော်သူတို့ နာရေးကူညီမှု့ အသင်းကလည်း ဒီနေ့မှာ အာဇာနည်နေ့ အတွက်အခမ်းအနား ပြုလုပ်ခဲ့တယ်။လုံခြုံ
ရေး ယူပေးခဲ့တဲ့ အဖွဲ့ချုပ်က လူငယ်တွေကို ထမင်းကျွေး၊ကော်ဖီ များတိုက်ကျွေးမွေး ခဲ့တယ်လို့သိရှိရပါတယ်။

၆၂ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောက်ပန်းတောင်း မြို့နယ်တွင်းရှိ လူငယ်များ၊ အလုပ်သမားများပါဝင်သော အင်အား ၆၀ ကျော်ခန့်သည်၊ ထန်းရွက်ဖြင့်ပြု လုပ်ထားသော ဦးထုတ်(သိုင်းကြိုး အနီရောင်) ကိုကိုယ်စီဆောင်းခဲ့ကြသည်။
လူငယ်များအခြေခံအလုပ်သမားများသည် ကျောင်းတိုက် ၄ တိုက်များဖြစ်သော ခေမာ သီဝံကျောင်းတိုက်၊ စိတ္တပါလဂူကျောင်း ၊ သုခ၀တီကျောင်းတိုက်၊ အောင်မြေရတနာ ကျောင်းတိုက်တို့သွားရောက်၍ သံဃာတော်များ အားဆွမ်းကပ်ခြင်းကုသိုလ်ပြုခြင်းတို့ ဖြင့် အာဇာနည်ကြီးများအားရည်စူး၍ တရားနာအမျှပေးဝေခဲ့ကြပါတယ်။ တလူငယ်များက မဟာစေတီကြီး ဘုရားသို့သွားရောက်၍ ဆုတောင်းမေတ္တာများပို့သခဲ့ကြတယ်။

ဆိုင်ကယ်ဖြင့်သွားသူများက ဆိုင်ကယ်ဦးထုတ်မဆောင်းလျှင်အဖမ်းအဆီးများရှိနေသ ဖြင့် ထန်းဖူးဦးထုပ် အား သိုင်းထားခဲ့ကြပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းပါတယ်။ တချို့ ကလမ်းလျှောက်ရင်း ထန်းဖူး ဦးထုပ် ဆောင်းခဲ့ကြပါသည်။

စုရပ် အဖြစ် မြို့မရပ်ကွက်ကျောင်း ရှေ့ ရှိ ဗိုလ်ချုပ်ကြေးရုပ် ရှိရာသို့ စုရပ် လုပ်ခဲ့ကြသော်လည်း ဗိုလ်ချုပ်ကြေးရုပ်ဝန်း အား အားဏာပိုင်များက ပိတ်ထားခဲ့သည်။ လူငယ်များ၊ အလုပ်သမားများသည် ဗိုလ်ချုပ်ကြေးရုပ်အား အလေးပြုခွင့် မရဘဲပြန် ခဲ့ကြရသည်။ ( ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင်စသည် အင်အား ၁၀၀ ကျော်ကလိုက်လံ စောင့်ကြည့် အင်အား ပြခဲ့သော်လည်း အဖမ်းအဆီးမရှိ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

လှုပ်ရှားမှုကို နံက် ၉ နာရီ၄၅ မှစတင်ခဲ့ပြီး နေ့လည် တနာရီခွဲခန့်တွင်ပြီးဆုံးခဲ့သည်။ ရလဒ်အဖြစ် အာဇာနည်ခေါင်း ဆောင်ကြီးများကို အားအလေးပြုရန်ကိစ္စဖြစ်နေသည့်အတွက် အာဏာပိုင်များ မှ တစ်စုံတစ်ရာ ဖမ်းဆီမှုမပြုလုပ် ခဲ့ခြင်း ဖြစ်နိုင်ပါသည် ။ ပါဝင်လှုပ်ရှားခဲ့သည့် လူသစ်များ အားအင် ဖြစ်ခဲ့သည်။သို့သော် ဗိုလ်ချုပ်ကြေးရုပ်အား ရည်ရွယ်ချက်အတိုင်း အလေးမပြုရ သည့်အတွက် ခံပြင်းစိတ်များဖြစ်ပေါ်ခဲ့ကြ သည်ဟူသိရှိခဲ့ရပါတယ်။

ပြည်တွင်းမှ ပေးပို့ချက်များကို စုစည်းတင်ပြထားပါသည်။


Special thanks to Ko moe thwe nge for this post -http://www.ngunngemoe.co.cc/
NLD statement on 19th July 2009
News on July 19
Thant Myint U

( ၂၀၀၈ ဧပြီလ ၅ ရက်နေ့ထုတ် Straits Time သတင်းစာက ဆရာ သန့်မြင့်ဦးရဲ့ UN's 'good offices' must be nurtured ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။ )

ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂမ်ဘာရီအနေဖြင့် ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာနိုင်ငံ နှင့်ပတ်သက်ပြီး ထူးထူးကဲကဲအောင်မြင်မှု ရအောင်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းအပေါ် အချို့သူများက မကျေ မလည်ဖြစ်ခဲ့ကြသည်။ မကြာမီကာလအတွင်းကလည်း ဂမ်ဘာရီ၏ အခန်းကဏ္ဍကို အဆုံးသတ် လိုက်သင့်သည် ဆိုသည့် ပြောဆိုမှုများလည်း ရှိလာသည်ကို တွေ့ရ၏။

သို့သော်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍကိုအဆုံးသတ်လိုက်ခြင်းသည် အားလုံးအတွက် အကျိုးယုတ်မည့်ကိစ္စဖြစ်သောကြောင့် ထိုကဏ္ဍကိုပြည်ဖုံးကားမချမီ အတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍအစစ်အမှန်မှာ မည်ကဲ့သို့ဖြစ်သည်ကို နားလည်ရန်အရေးကြီးလှသည်။ လွန်ခဲ့သည့် နှစ်နှစ် ကျော်ခန့်က မြန်မာနိုင်ငံအတွက် ပထမဆုံးနှင့် တစ်ဦးတည်းသော အထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးလ် သည် ပြည်ဝင်ဗီဇာကို အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးနောက် ရာထူးမှအနားယူသွားခဲ့သည်။ သူ အနားယူမှု နှင့်အတူ ၂၀၀၀ ပြည့်နှစ်ထဲက သူစတင်ဆောင်ရွက်လာခဲ့သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်လည်း နိဂုံးချုပ် သွားခဲ့ပေသည်။

ထိုအချိန်ကအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်နေသူ ကိုဖီအာနန်က ကြားဝင်ဖြန်ဖြေမှု အခန်းကဏ္ဍ ကို ပြန်လည်စတင်နိုင်မည့် အခွင့်အရေးမရှိလှဟု သုံးသပ်ခဲ့ပါသည်။ ထို့ကြောင့် ကိုဖီအာနန်က အထူး ကိုယ်စားလှယ်တစ်ဦးထပ်မံခန့်အပ်မည့်အစား လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် (နိုင်ငံရေးရာ) မစ္စတာဂမ်ဘာရီကို မြန်မာ့အခြေအနေကို စောင့်ကြည့်ရန်နှင့် အစိုးရရော၊ အတိုက်အခံနှင့်ပါ ပြန်လည် ဆက်သွယ်ဆက်ဆံနိုင်မည့် နည်းလမ်းများကို ရှာဖွေရန် တာဝန်ပေးအပ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ်တွင် ဘန်ကီမွန်းအတွင်းရေးမှူးချုပ်ဖြစ်လာသည့်အခါတွင်မူ ဂမ်ဘာရီကို အီရတ်နှင့် အခြားကိစ္စများဆိုင်ရာ အထူးအကြံပေးအရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာ့အရေးမှာ ထိုအခြားကိစ္စများ တွင် တစ်ခုအပါအ၀င်သာဖြစ်သည်။ ထိုအချိန်မှစပြီး ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ သည်။ မြန်မာအစိုးရက သူ၏အချို့အဆိုပြုချက်များကို လက်ခံခဲ့သော်လည်း ကျန်အချက်များကိုမူ အစိုးရဘက်မှ ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတွင်အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အဓိကနိုင်ငံရေးအတိုက်အခံ အဖွဲ့များအကြားတွင် ဆန္ဒနှင့် သဘောထားများမှာ ကြီးမားစွာကွာဟလျှက်ရှိသည်။ အစိုးရအနေဖြင့် အခြေ အနေကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားနိုင်ပြီး ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံကို သော်လည်းကောင်း၊ အစိုးရနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်သည်ဟု ယူဆသည့်အချက်များအပေါ် အပေးအယူလုပ်ရန်ကို သော်လည်းကောင်း စိတ်ဝင်စားမှုမရှိလှပေ။ ထိုအခြေအနေကို ပိုမိုရှုတ်ထွေး စေသည်က နှစ်ဒါဇင်ကျော်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးမျိုးကွဲပြားနေသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွားများ ပင်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂမှ ၀င်ရောက်ဆောင်ရွက်ပေးရမည့် ကဏ္ဍမှာ မြန်မာနိုင်ငံ တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပေါ်စေရန်အတွက် အခြေအနေများဖန်တီးပေးရန်ဖြစ်သည်။ ထိုလုပ်ငန်း မှာ ပြည်တွင်းစစ်ရပ်စဲစေရန် ဆောင်ရွက်ခြင်းနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် ညှိနှိုင်းခြင်းတို့ထက်ပိုမို ရှုတ်ထွေးပြီး ကုလသမဂ္ဂအနေဖြင့် ရှားရှားပါးပါး တစ်ခါ တစ်ရံမှသာ ဆောင်ရွက်လေ့ရှိသည့် လုပ်ငန်းဖြစ်သည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အတော်များများကလည်း ထိုလုပ်ငန်းမျိုးကို စိတ်ပါ လက်ပါ မရှိလှသည်ကို တွေ့ရသည်။ ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၉၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မှန်မှန်အတည်ပြုခဲ့သော်လည်း ထိုအဆိုများမှာ အနောက်အုပ်စုက ဦးဆောင်ဦးရွက်လုပ်ခဲ့သည့်အဆိုများဖြစ်သည့်အပြင် အနောက်အုပ်စုပြင်ပနိုင်ငံအနည်းငယ်ကသာ စိတ်ပါ လက်ပါ ပါဝင်ဆောင်ရွက်လိုစိတ်ရှိသည်ကို တွေ့ရသည်။

ထိုကဲ့သို့ဖြစ်နေခြင်းမှာ မြန်မာ့အရေးတစ်ခုတည်းအတွက်သာမဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံအများစုက ကုလသမဂ္ဂပဋိဉာဏ်တွင် ပြဋ္ဌာန်းထားသည့် ပြည်တွင်းရေးတွင် ၀င်ရောက်စွတ်ဖက်ခြင်းမပြုရဆိုသည့် အချက်ကို ကျော်လွန်ဆောင်ရွက်လာသည့်အခြေအနေများအပေါ် စိတ်မသက်မသာဖြစ်နေခြင်း ဖြစ်သည်။ နိုင်ငံအတော်များများက စစ်အစိုးရနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများအကြားအားပြိုင်မှုကို ပြည်တွင်းရေးကိစ္စ အဖြစ် မြင်နေကြဆဲဖြစ်သည်။

အကယ်၍သာ မြန်မာ့အိမ်နီးချင်းနိုင်ငံများက မြန်မာ့အရေးကို လုံခြုံရေးကောင်စီက ကိုင်တွယ် ဖြေရှင်း ပေးရန် ပြောလာခဲ့လျှင်မူ အခြေအနေက တစ်မျိုးဖြစ်နိုင်သည်။ သို့သော် ထိုနိုင်ငံများအနေနှင့်လည်း ထိုကဲ့သို့ ပြောမည့်အရိပ်လက္ခဏာမရှိပေ။ ထို့ကြောင့် လုံခြုံရေးကောင်စီက ပိုမိုပြင်းထန်သည့် ဆုံးဖြတ်ချက်ချရန် အလှမ်းဝေးသကဲ့သို့ အထွေထွေညီလာခံဆုံးဖြတ်ချက်ကြောင့် မြန်မာ့နိုင်ငံရေးတွင် အပြောင်းအလဲများ ပေါ်ပေါက်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်သည်ကိုတွေ့ရသည်။

ဒီမိုကရေစီရေးတိုက်ပွဲဝင်သူအချို့ကမူ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အရေးယူဆောင်ရွက် မှုသာလျှင် ဂမ်ဘာရီ၏ သံတမန်နည်းလမ်းကို အစားထိုးသင့်သည့် နည်းလမ်းအဖြစ် ယူဆနေဆဲဖြစ်သည်။ သို့သော် လုံခြုံရေးကောင်စီ၏ အနေအထားကို လေ့လာပါက ထိုနည်းလမ်းမှာ လက်တွေ့ကျသည့် နည်းလမ်း မဟုတ်သည်မှာ ထင်ရှားလှသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကာလက ဗြိတိသျှတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုမူကြမ်းကို တရုတ်နှင့် ရုရှားတို့ ဗီတိုအာဏာသုံးပယ်ချခဲ့ခြင်းက လုံခြုံရေးကောင်စီ အတွင်း နက်နက်ရှိုင်းရှိုင်းသဘောထားကွဲလွဲနေမှုကို ဖော်ပြခဲ့ပြီးဖြစ်ကာ ယခုအချိန်အထိ ထိုအခြေအနေမှ ပြောင်းလဲလာခြင်းမရှိသေးပေ။

လုံခြုံရေးကောင်စီအဖွဲ့ဝင်အများအပြားက မြန်မာ့အရေးသည် နိုင်ငံတကာ လုံခြုံရေးနှင့် ငြိမ်းချမ်း ရေးကို ထိခိုက်သည်ဆိုသည့်အချက်အား လက်ခံခြင်းမရှိသကဲ့သို့ တရုတ်နိုင်ငံဆိုပါက မြန်မာ့အရေးကို လုံခြုံရေးကောင်စီအစီအစဉ်တွင် ထည့်သွင်းခြင်းကိုပင် သဘောမတူခဲ့သည်ကို တွေ့နိုင်သည်။ လုံခြုံရေး ကောင်စီအနေဖြင့် မြန်မာ့အရေးကို ဆွေးနွေးခြင်း၊ ဂမ်ဘာရီ၏ တင်ပြချက်များကို ကြားနာခြင်း တို့ကို ဆက်လက်ဆောင်ရွက်နေမည်ဖြစ်သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်သည့် ပျော့ပျော့ပြောင်းပြောင်း ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်နိုင်ရန်ပင် မဖြစ်နိုင်သလောက်ရှိပေသည်။

ထို့ကြောင့်လည်း မိမိတို့အနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ အခန်းကဏ္ဍကို အားကိုး နေရခြင်းဖြစ်သည်။ ကုလသမဂ္ဂပဋိဉာဏ်အရ အထွေထွေအတွင်းရေးမှူးချုပ်ရုံးသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့် များရှိသည့် နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းပင်ဖြစ်ပြီး အတွင်းရေးမှူးချုပ်အဆက်ဆက်သည် ထိုရုံး၏ လုပ်ပိုင်ခွင့်ဘောင်ထဲမှ ကုလသမဂ္ဂပဋိဉာဏ်စာချုပ်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင် အောင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အထူးအာဏာများ မရှိ သကဲ့သို့ တပ်အင်အားသုံးခြင်း၊ ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းများကို ၎င်း၏ သဘောတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရပါ။ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သူ၏ အရာရှိများသည် စေ့စပ်ညှိနှိုင်းဖြေရှင်းသူ၊ အခြေအနေကောင်းများပေါ်ထွက်အောင် ဖန်တီးပေးသူများသာဖြစ်ပြီး ကာယကံရှင်နိုင်ငံ၏ သဘောတူမှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် သူတို့လုပ်ငန်းများကို အကောင်အထည်ဖော်နေရခြင်းသာဖြစ်ပါသည်။ ထို့ပြင် မြန်မာ့အရေးကဲ့သို့ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအတွင်း သဘောထားကွဲလွဲ နေသည့်အခြေအနေမျိုးတွင် အတွင်းရေးမှူးချုပ်ရုံးက လုပ်နိုင်သည့်အခွင့်အရေး အနည်းငယ်သာ ရှိပေ သည်။

သို့သော် အထွေထွေအတွင်းရေးမှူးချုပ်ရုံး၏ ကဏ္ဍကို လက်မြှောက်စွန့်ပစ်ခြင်း မပြုမီ အတွင်းရေးမှူးချုပ်၏ လုပ်ငန်းများသည် မပြီးနိုင်၊ မဆုံးနိုင် အကြိမ်ကြိမ်တွေ့ဆုံမှုများ၊ တစ်ခါတစ်ရံ သံတမန်ရေးအရ အလုပ်မဖြစ်နိုင်လောက်အောင် ထွက်ပေါက်ပိတ်နေမှုများကို ကျော်ဖြတ်ပြီးမှသာ အောင်မြင်မှု အသီးအပွင့်များရခဲ့သည်ကို မမေ့ရန်အရေးကြီးပါသည်။ ထို့ပြင် တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ ဆွေးနွေး ငြင်းခုန်နေရာမှ နိုင်ငံရေးအခြေအနေ ရုတ်ချည်းပြောင်းလဲသွားပြီး အတိတ်က တွေ့ဆုံဆွေးနွေး ခဲ့မှုများ၏ ရလဒ်က ချက်ခြင်းအသက်ဝင်လာသည်ကိုလည်း တွေ့နိုင်ပါသည်။ ထိုအဖြစ်အပျက် များကို အရှေ့တီမောနှင့် နီပေါနိုင်ငံတို့တွင်တွေ့နိုင်သည်။ ထိုနိုင်ငံများတွင် ကုလသမဂ္ဂသည် စိတ်ရှည်ရှည်နှင့် တိတ်တိတ်ဆိတ်ဆိတ် ချဉ်းကပ်ဆွေးနွေးနေရာမှာ ရုတ်ချည်းပင် တက်ကြွစွာ ကြားဝင် ဆောင်ရွက်နိုင်သည့်အခွင့်အရေးများ ရလာခဲ့ သည်ကို တွေ့နိုင်သည်။

ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် ချက်ခြင်းရလဒ်ကောင်းများ မရနိုင်သည့်တိုင် ဆွေးနွေးခွင့် ရသမျှ ဆွေးနွေးဆောင်ရွက်နေခြင်းဖြင့် နောင်ပေါ်ပေါက်လာမည့် အခွင့်အရေးများအတွက် အသင့်ရှိနေ သင့်ပေသည်။ ထို့ပြင် နိုင်ငံတစ်ခုခြင်း၊ သို့မဟုတ် အာဆီယံကဲ့သို့သော ဒေသဆိုင်ရာအဖွဲ့အစည်းများ ကလည်း ဆက်လက် ဆောင်ရွက်နေသင့်သည်။ တစ်ချိန်တည်း၌ပင် လူမှုဂရုဏာအကူအညီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှ ရလဒ်ကောင်းများပေါ်ထွက်လာစေရန်လည်း ဆောင်ရွက်ရပေမည်။

တစ်ချိန်တွင်မြန်မာနိုင်ငံ၌အခွင့်အလမ်းသစ်များပေါ်ထွက်လာမည်ဖြစ်ပြီး ထိုအချိန်တွင် အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် အပြောင်းအလဲများကို မြန်မြန်ဆန်ဆန်ရှေ့တိုးဆောင်ရွက်ရာတွင် မရှိမဖြစ် အရေးပါ လာပေလိမ့်မည်။ ထို့ကြောင့် အတွင်းရေးမှူးချုပ်ရုံး၏ မြန်မာနိုင်ငံအခန်းကဏ္ဍကို ဆက်လက်ကာကွယ် ထိန်းသိမ်းထားသင့်ပေသည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် အကုန်အကျမများလှသည့်အပြင် အခြားရွေးချယ် စရာနည်းလမ်းများလည်း မရှိသည်ကို သိထားရပေမည်။

သန့်မြင့်ဦး

( ဆရာသန့်မြင့်ဦးဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေးဖြစ်ပါတယ်။ ယခင်က ထရီနီတီကောလိပ်မှ အမှုထမ်းခဲ့ပြီး သူ့ရဲ့ The River Of Lost Footsteps ဆိုတဲ့ မြန်မာ့ သမိုင်းအပေါ် သုံးသပ်ချက်စာအုပ်ဟာ ဝေဖန်ရေးဆရာများရဲ့ ချီးမွမ်းကို ခံရပါတယ်။ )

Saturday, 18 July 2009

U RAZAK,MARTYR OF BURMA

U Razak Inside Web[1]

အောင်ဆန်းပေးတဲ့ မြန်မာပြည်..
>
> လူ့လောကထဲ သူနေခဲ့ရတာက
> ၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
> ၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
> နက်မောက်ဦးသောဘိတကျောင်း..
> ရေနံချောင်း အမျိုးသားကျောင်း...
> ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
> ၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
> နိုင်ငံရေးဘဝစတင်
> နိုင်ငံရေးလုပ်သက်၁၃နှစ်
> အဓိကဖြတ်သန်းမှု့တွေကတော့
> မြန်မာ့လွတ်လပ်ရေး(သို့)
> စတုတ္ထမြန်မာနိုင်ငံတော်....။
>
> အရပ်ပုပု
> မျက်မှောင်ကုတ်ကုတ်
> ပိုသီပတ်သီ အညာသား။
> ဘီအေကျောင်းသား
> စကားမပြော
> ပြောရင်မရပ်
> ညှင်းသိုးသိုးအရိုးးခံ
> ခေါင်းအမာဆုံး
> ဇွဲအရှိ့ဆုံး
> စိတ်ဓာတ်အပြင်းထန်ဆုံးလူသား...။
>
> သူမသိနားမလည်တာတွေက အများသား
> ရေမကူးတက်ဘူး...
> စက်ဘီးမစီးတက်ဘူး...
> စန္ဒရားမတီးတက်ဘူး...
>
သီချင်းကောင်းကောင်းနားမထောင်ခဲ့ရဘူး...
> မိန်းမမပိုးတတ်ဘူး...။
>
> ဘိလပ်ပြန်သန်းကို
> မေရှင်သီချင်းဆိုခိုင်းခဲ့သူ..
> ချစ်ရတဲ့နာစ့်မလေးကြည်ကို
> လူငှားနဲ့ပိုးခဲ့ရသူ..
> VIP ဆိုတဲ့စာတန်းကို
> အလွန်စက်ဆုပ်ရွံရှာသူ..
> လမ်းဘေးမှာ..
> ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်..
> မင်္ဂလာဆောင်မှာ..
> ခဲဖိုးတောင်းတာနားမလည်တဲ့သူ...
> လွတ်လပ်ရေးကိုစဉ်းစားရင်း..
> စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ..
> လွတ်လပ်ရေးကိုစဉ်းစားရင်း..
> ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ...
> တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့
> ရွာသားတွေနဲ့
> အတူ လမ်းဘေးမှာ အကြော်စားတဲ့
> ဝန်ကြီးချုပ်....
> သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ်
> ခံယူတဲ့ဝန်ကြီးချုပ်....။
>
> ပြည်သူတွေကြားမှာ
> ၀င့်ဝင့်ထွားထွား
> သူရဲကောင်းပေမဲ့
> အိမ်ထောင်ရှင်ဖခင်
> ဇနီးကို ချစ်တတ်တဲ့သူ......။
>့ 
> " ကြည်.....ပဲပြုပ်နဲ့နံပြားရရင်
> စားချင်တယ် "
> မိန်းမကို မနက်စာပြင်ခိုင်းတဲ့
> သူ့ရဲ့ ကမ္ဘာကျော်စာ
> ဗိုလ်ချုပ်အဆင့်ရဲ့အမှားနဲ့
> သာမန်ရဲဘော် အဆင့်ရဲ့အမှန်ကို
> ကွဲကွဲပြားပြားသိသူ
> လူငယ်ဘဝ ၊ လူ့ဘဝရဲ့စည်းစိမ်အရသာတွေ
> ခံစားဖို့အချိန်မရခဲ့တဲ့သူ
> သူ့ဖြတ်သန်းမှု့မှာ
> လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
> ပကတိရိုးစင်း သန့်စင်ခဲ့တဲ့သူ
> သူ့ကိုဒဂုန်တာရာက ကင်ပွန်းတပ်
> " အောင်ဆန်း(သို့) အရိုင်း" တဲ့...။
>
> လုပ်သက်ကခပ်နုနု
> ကျောင်းသားပေါက်စ
> သခင်ပေါက်စ
> စစ်သားပေါက်စ
> နိုင်ငံရေးသမားပေါက်စ
> ဘဝတွေကအဖုံဖုံ
> အသက်က၃၀မရှိ့တရှိ့...။
>
> စစ်ပြီးရင်
> မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးရင်
> သူလုပ်ချင်တာက
> လူရယ်ချင်စရာဗျာ
> စာရေးဆရာ...တဲ့......။
>
> လွတ်လပ်ရေးရရင် အနားယူ
> ကဗျာတွေ ၊ စာတွေရေးမယ်..တဲ့
> အားရင်အားသလို
> သတင်းစာတွေ ၊မဂ္ဂဇင်းတွေမှာ
> ဆောင်းပါးတွေ ၊ စာတွေရေးနေတဲ့သူ...
> ကြည်ညိုလို့ရော..
> စာကောင်းလို့ရော..
> ထိုခေတ်က ဆောင်းပါးကြေး
> အမြင့်ဆုံးရတဲ့လူ.......။
>
> ကြမ်းတမ်းရင့်ထော်
> လူစိတ်မှ ရှိရဲ့လားလို့
> အထင်မမှားပါနဲ့...
> လွတ်လပ်ရေးအတွက်
> သူ ရဲရင့်ရပေမဲ့..
> စတုတ္ထမြောက်ရင်သွေး
> သမီးကလေး
> ရက်သားလေးနဲ့ ကြွေလွင့်ခဲ့ရတော့
> မျက်ရည်တွေဝဲ
> သူ စိတ်ဆင်းရဲခဲ့ဖူးတယ်....။
>
> ဒီ အောင်ဆန်းလက်တောက်လေးကို
> ဘာကြောင့်
> နေမဝင်အင်ပါယာကြီး
> ဒူးထောက်ခဲ့ရပါသလဲ........။
>
> တကယ်ဆိုတော့
> ငါတို့အောင်ဆန်းက
> နယ်နယ်ရရမဟုက်
> ရိုးသားတဲ့မြန်မာတွေထက်
> ပိုရိုးသားတဲ့အောင်ဆန်း
> သတ္တိပြောင်တဲ့မြန်မာတွေထက်
> ပိုသတ္တိရှိ့တဲ့အောင်ဆန်း
> ဒီလိုအောင်ဆန်း
> သူ့သွေးသားအရိုးအချည်တွေအားလုံး
> လွတ်လပ်ရေးတခုတည်းနဲ့အပြီး
> စုစည်းတည်ဆောက်ပြတဲ့အောင်ဆန်း
> တကယ့်အရိုးခံအောင်ဆန်းပေါ့.....။
>
> ရိုးတာမှအလွန်ရိုး
> ဂျပန်မှာ ဗိုလ်ကြီး ဆူဇူကီးက
> မိန်းမခေါ်ဦးမလား ဆိုလို့
> ရှက်သွေးဖြာခဲ့ဖူးတဲ့သူ.......။
>
> ပိုက်ဆံမရှိလို့
> ထမင်းအကြွေးမစားဖူးတဲ့ဆိုင်မရှိ..
> ငါးမူးတန်းက ရုပ်ရှင်ကြည့်ခဲ့ဖူးတယ်..
> ကားပျက်နေတာတောင်
> အခွင့်အရေးတောင်းသူတွေကိုမုန်းလို့
> သူတို့ကားအကူအညီ မယူပဲ
> ရုံးကို
လမ်းလျှောက်သွားတဲ့သူ.........။
>
> ဒီအောင်ဆန်းကို
> လွတ်လပ်ရေးလမ်းဝမှာ
> ဘွားကနဲမြင်လိုက်ရရုံပဲ
> အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း ၊ မြ
> ၊ ချို တို့ကအစ
> "ငါတို့ အားကိုးပါရစေ" ဆိုလာကြ...
> ရှေးဘိုးဘွားမိဘပြည်သူတွေက
> "ငါတို့ကယ်မယ့်မင်းလောင်းပေါ်ပြီ"
> "ပြုံးပျော်ကြ"
> လူငယ်သွေးသောက်မြန်မာတွေက...
> " ငါတို့စွန်ပါရစေ "
ဆိုပြီးရှေ့ထွက်လာကြ
> စုကြ ၊ ရုံးကြ ၊ စည်းရုံးကြ
> တကယ့်ဗမာတွေ........
> မဟာအောင်ဆန်းနောက်က
> ပြည်သူ့ဒီလှိုင်းလုံးကြီးတွေရဲ့
> တဝုန်းဝုန်းရိုက်ခတ်သံဟာ
> အဲဒီအချိန်က
> ဝိတိုရိယဘုရင်မကြီးကိုတောင်
> အိမ်မက်တွေအေးခဲစေခဲ့သပေါ့....။
>
> အောင်ဆန်းရှေ့ရောက်ရင်
> ရှမ်းတွေက ရှမ်းစကားမဆိုကြ...
> ကချင်တွေကလည်း ကချင်စကားမဟကြ...
> အောင်းဆန်းကိုယုံကြည်စွာနဲ့
> သူတို့သခင်အဖြစ် အသိမှတ်ပြုကြ
> အားလုံးသောတိုင်းရင်းသားတွေ....။
>
> ဒီပြည်လုံးကျွတ်
> အားကိုးစုစည်းနိုင်ခဲ့လို့လည်း
> အင်္ဂလိပ်တွေက ဒီအောင်ဆန်း
> လက်တောက်လောက်နဲ့
> တစ်စားပွဲထဲ ဝိုင်းထိုင်ခဲ့ကြပေါ့
> အကင်းပါးသူတွေပီပီ
> မတိုက်မှီက ရှုံးနေတဲ့ ဒီစစ်ကို
> ဒင်းတို့မတိုက်ဝံ့ကြ...
> မျက်နှာမပျက်
> အောင်မြင်စွာဆုက်ခွာမယ့်လမ်းကို
> သူတို့ရွေးခဲ့ကြ....
> အောင်ဆန်းနဲ့အတွေ့မှာပေါ့......။
>
> ယုံကြည်အားတဲ့
> မျက်လုံးပေါင်းသန်း၆၀
> အောင်ဆန်းမှာရှိ့တယ်.၊
> လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
> နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိ့တယ်..၊
> အောင်ဆန်းသေဆို သေပြဝံ့တဲ့သူ
> အောင်ဆန်းမှာ တပြည်လုံးရှိ့တယ်..၊
> ဒီမျက်နှာ နှလုံးအသက်
> ဗို့အားသိန်းသန်းချီပြီး
> မီးဆလိုက်အားတွေနဲ့
> နေမဝင်အင်ပါယာကို
> ပြက်ပြက်သားသားလှမ်းထိုးလိုက်တဲ့အခါ
> အခြောက်တိုက် ဘဝင်မြင့်နေသူတွေ
> အားလုံးအရည်ပျော်သွားခဲ့ကြ......။
>
> ဘယ်ရာဇဝင်မှာ ခင်ဗျားတို့တွေ့ဖူးလည်း
> ဂျပန်ဆိုတာ မနှုးမနပ်မဟုက်ဘူး။
> အင်္ဂလိပ်ဆိုတာဝေလာဝေး
> သူငယ်နှပ်စားမဟုက်ဘူး။
> ဒင်းတို့တွေတောင်
> ရအောင်စည်းရုံးနိုင်တဲ့ အောင်ဆန်း
> ဒီအောင်ဆန်းက စစ်ကိုမလို
> ဒါပေမယ့် " ရရင်ရ မရရင်ချ "ဆိုတာ
> အောင်ဆန်းဝါဒ....
> လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
> အဲ့ဒီအချိန် ပြည်သူတွေရဲ့
> တစ်သီးတည်းသောကိုယ်စားလှယ်
> ငါတို့အောင်ဆန်းပေါ့.....။
>
> ဗိုလ်ရူးလို့ပြောတဲ့လူတွေကို
> ဂရုမစိုက်ပဲ
> မြန်မာနိုင်ငံသားတွေကို
> အင်္ဂလိပ်စာတတ်စေချင်ခဲ့လူ
> သူ ကိုယ်တိုင်..
> အမျိုးသားကျောင်းထွက်
> ဒါပေမဲ့ အင်္ဂလိပ်စာကို
> ထုံးလိုချေ ၊ ရေလိုနှောက်တဲ့သူ.....။
>
> အင်္ဂလိပ်စာတတ်ရင်
> ဘာထူးလဲလို့မေးတဲ့လူတွေကို
> စေ့စေ့ကြည့်ရင်း
> "အနည်းဆုံး အင်္ဂလိပ်တွေကို
> အင်္ဂလိပ်လို ဆဲလို့ရတာပေါ့ " လို့
> ခပ်ရင့်ရင်ပြောခဲ့တဲ့သူ........။
>
> မြန်မာမှာရော
> ကမ္ဘာမှာပါ..
> ရှာမှရှား အမျိုးသား
> အင်္ဂလိပ်လိုရေးပြီး
> ဒီမိန့်ခွန်းကို ကြည့်ပြီး
> မြန်မာလို လက်တန်းပြောခဲ့တဲ့သူ......။
>
> ဗိုလ်အောင်ဆန်း
> ဒီအချိန်ဆို (၉၃)နှစ်ရှိ့ပြီ
> (အောင်ဆန်းပြောမယ်)
> အဘိုးရဲ့စကားနားထောင်......။
>
> "မမေ့နဲ့......မင်းတို့ကနေ့ရှုနေတဲ့လေဟာ
> ငါတို့....မနေ့က
> ချွေးစက်တွေဆိုတာ...မမေ့နဲ့...
> မင်းတို့မြန်မာဆိုတဲ့ စကားတခွန်းရဖို့
> ငါတို့.... ဗုံးပေါလအော
> ကျဆုံးပေးခဲ့ရတာ...မမေ့နဲ့....
> မင်းတို့ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
> ငါတို့.....အလောင်းကောင်တွေဆင့်ပြီး
> ထမ်းတင်ပေးခဲ့တာ....
> မမေ့နဲ့...........။
>
> မြန်မာလူမျိုးတိုင်းမှာ
> အဖေနှစ်ယောက်ရှိ့တယ်
> တစ်ယောက်က
> ကိုယ့်သွေးသားအဖေ
> ကျန်တစ်ယောက်က
> မြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ
> မြန်မာလူမျိုးရဲ့အဖေ
> မြန်မာ့အဖေ
> အောင်ဆန်းပေါ့.....။
>
> ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
> အောင်ဆန်းက ကျုပ်အဖိုး
> ကျုပ်သားက အောင်ဆန်းမြစ်ပေါ့
> သူ့အဘိုးကို သူလွမ်းတက်နေပြီ...၊
> သူ့သားကြရင်လည်း သူ့အဘေးနဲ့
> ပေးတွေ့နိုင်ဖို့
> အခုကတည်းက အသေအချာ
> ကျုပ်မှာထားရအုံးမယ်။ ။
>
>
> နောက်ဆက်တွဲ ။ ။ ဤကဗျာနှင့်အတူပါသော သီချင်းလေးမှာ လေးဖြူ၏ အဖေ
> သီချင်းလေးဖြစ်ပါတယ်။
> မထူးခြားဘူးထင်ပေမဲ့ ဤသီချင်းလေးဟာ
> ဗိုလ်ချုပ်ကိုရည်ရွယ်၍ ရေးစပ်ခဲ့သော
> သီချင်းလေး ဖြစ်ပါတယ်...။ VCD ရိုက်ကူးရာမှာ
> ဗိုက်ချုပ်နောက်ခံနဲ့ ဇာတ်ဝင်ခန်း
> ထည့်ဖို့အငြင်း ခံခဲ့ရဖူး(ဆင်ဆာမရ)သော
> သီချင်းလေးပါ...။ သေသေချာချာ
> ပြန်နားထောင်ကြည့်ပါဦး။





ဤကဗျာနှင့် ဗိုလ်ချုပ်အောင်ဆန်းပုံများကို
http://images.zaw357.multiply.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Thanks to the email Sender for this poem and link
Poem for Martyrs' Day by Khin Ma Ma Myo
Gen Thura Shwe Mann Visit to N Korea Photos
Newsletter 07-17-09



Copy From Yeyingnge Blogspot

Friday, 17 July 2009

EU Annual Report for Instrument for Stability
BBKN's Article
From Golden Triangle to Rubber Belt
kan-ko-pyin

ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

Thursday, 16 July 2009



Copy from Arzarni Blogspot
http://arzarni.blogspot.com/

Wednesday, 15 July 2009

H1N1



ခုတလော ကမ္ဘာ့တလွှား ခေတ်စားနေသော ကူးစက်မြန် ရော ဂါဆိုး ၀က်တုတ်ကွေး ထိုင်းနိုင်ငံသို့ ရောက်ရှိပျံ့နှံ့နေပြီဖြစ် သောကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကျနော်တို့ SAW အထက်တန်းကျောင်းတွင်လည်း ၀က်တုတ်ကွေး ပညာပေးမှု များကို အတန်းလိုက် နားလည်းလွယ်သည့် နည်းလမ်းများဖြင့် ပြုလုပ် သင်ကြားပေးနေရသည်။

အဓိကကတော့ ၀က်တုတ်ကွေးဆိုတာ ဘာလဲ ...
ဘာကြောင့်ဖြစ်တာလဲ ...
ရောဂါလက္ခဏာတွေကဘာတွေလဲ ...
ဘယ်လိုကူးစက်နိုင်သလဲ ...
ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကို သင်ကြားပေးတာပါပဲ။
မူလတန်းအဆင့်မှာဆိုရင်တကိုယ်ရေသန့်ရှင်းရေးနဲ့ ကာကွယ်ရေးတွေကို အဓိကထားသင်ပြီး အလယ် တန်းနဲ့ အထက်တန်းအဆင့်မှာဆိုရင် ၀က်တုတ်ကွေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များ AH1N1 ဗိုင်းရပ်ပိုး၏ သဘောသဘာဝများကိုပါ ထည့်သွင်းဆွေးနွေးသင်ကြားပါတယ်။
…………………………………………………….
စတုတ္ထတန်း
ကျန်းမာရေးအချိန် …..

ဝက်တုတ်ကွေးနှင့် ပတ်သက်သော အကြောင်းအရာများကို ၀က်အဖျားတက်နေသည့် ပုံကိုဆွဲလိုက် အဖျားတက်နေသော လူပုံစံ သရုပ်ဆောင်ခိုင်းလိုက်နှင့် ပျော်ပျော်ပါးပါး သင်ကြားပြီး အဓိကကျသည့် ကာကွယ်ရေးပိုင်းကိုရောက်လာသည်။
စနစ်ကျဘို့ လိုအပ်လာပြီ …
အချိန်က သိပ်မကျန်တော့ IRC ထုတ်သော ကျောင်းကျန်းမာရေး သင်ခန်းစာထဲမှ လက်ဆေးနည်း (၇) မျိုးကိုတော့ နောက်တပတ်ကျမှ သေသေချာချာ လက်တွေ့သင်မည် လက်ဆေးနည်းပုံတွေကို ပလတ်စ တစ်လောင်းပြီး အိမ်သာနှင့် ရေသုံးသည့်ရေရာများတွင် ကပ်ထားပေမည်။
ကျန်သေးသည့် အချိန်လေးတွင် အခြားကာကွယ်ရေးနည်းလမ်းများကို သွားမည်။

“အခု သားတို့ သမီးတို့ ဆရာသင်ကြားခဲ့တဲ့အတိုင်း ၀က်တုတ်ကွေးအကြောင်းကို သိပြီနော် ”
“သိ ပါ ပြီ”
“ရပြီ ဆရာ ရပြီ”
ကျောင်းသားတွေဖြေတဲ့အသံက တညီတညာနှင့် အသံတည်းမထွက်
“OK OK နောက်တပတ်ပြန်မေးရင်ကော့”
“ရပါတယ်”
“ဆရာ ကြိုက်တဲ့အချိန်မေး ရတယ်”
“ကူးစက်တတ်တဲ့ နည်းလမ်းတွေ သိပြီဆိုရင် ကာကွယ်ဘို့ မလွယ်ဘူးလား”
“လွယ်ပါတယ်”
“ဟေ့ .. တင်ဝင်း မင်း ၀က်ချေးတွေကို လက်နဲ့ မကိုင်နဲ့ ကြားလား”
“အောင်မာ .. ဘာလို့ ကိုင်ရမလဲ မင်းပဲစား”
“ဝေါ့” “ထွီ”
စသည် စသည်ဖြင့် ယောက်ကျားလေးများဘက်မှ တယောက်တပေါက် ထကြပြန်သည်။ သည်အတိုင်း လွှတ်ပေးလိုက်ရင် ကိုယ်ပြောချင်တာ မပြောလိုက်ရဘဲ အချိန်တွေ ကုန်သွားလိမ့်မည်။ ဆူညံလာ သည်ကို ခဏထိန်းပြီး ၀က်မှ လူသို့ မကူးအောင် နေထိုင်းနည်းများ၊ လူ မှ လူ သို့ မကူး အောင်နေထိုင်နည်းများ ပြောပြပြီး၊
“တကယ်လို့ သားတို့ သမီးတို့ လူကြားထဲမှာ နှာချေတာတို့ ချောင်းဆိုးတာတို့ဆိုရင် ဘယ်လို့လုပ်ပြီး နှာချေ ချောင်းဆိုး လုပ်ပြစမ်း”
“ဟတ်ချိုး ဟတ်ချိုး”
“အဟမ်း အဟမ်း အဟွတ် အဟွတ် ဖြောင်း”
ပါးစပ်နှင့် နှာခေါင်းကို လက်များနှင့် အုပ်ပြီး လုပ်ပြကြသည်။
ထူးထူးခြားခြား “ဖြောင်း”ဆိုသည့် အသံလာရာသို ကြည့်လိုက်ရာ နန္ဒဦး က သူများနှင့် မတူပဲ နှာချေ ချောင်းဆိုးတာ လုပ်နေသည်။
“ကဲ သား နန္ဒဦး ထပြီး ဆရာ့ကို နှာချေ ချောင်းဆိုး လုပ်ပြပါအုံး”
နန္ဒဦး ထရပ်လိုက်ပြီးတော့…
“ဟတ်ချိုး ဖြောင်း”
“အဟမ်း ဖြောင်း”
အဟွတ် ဖြောင်း”
နှာတခါချေလျှင် ပါးစပ်နှင့် နှာခေါင်းရှေ့တွင် လက်ခုပ်တခါတီးသည်၊ ချောင်းဆိုးလျှင်လည်း ထိုကဲ့သို တခါတီးသည်။
ကျနော်က မေးကြည့်တော့ သူပြန်ဖြေတဲ့ အဖြေက …
“ဆရာ နှာချေတာတို့ ချောင်းဆိုးတာတို့ဆိုတာ ကိုယ့်မှာ ပိုးရှိရင် ပါလာပြီး သူများဆီ ကူးတာလေ အဲဒါကြောင့် ထွက်လာ တဲ့ ပိုးတွေ သေအောင်လို့ လက်နှစ်ဘက်နဲ့ ရိုက်သတ်နေတာ” တဲ့ …
ကျနော် ဘာပြန်ပြောရမည် မသိခင်မှာပဲ အချိန်ပြောင်း ခေါင်းလောင်းသံက မြည်လာသည်။

စစ်မုန်းသွေး(SAW)
http://socialactionforwomen.blogspot.com/