Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday, 4 January 2009

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ


သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။

သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။( ဆက်ဖတ်ရန် ) ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။

ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။် လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။ ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။

စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။ ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။

သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။

ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။ ၄င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။

အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။ များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။ ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။

ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။ ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။ မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။

ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။

လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။ တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။

(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)

ဒီနှစ်အတွင်း ငါတို့နိုင်မည်

ဒီနှစ်အတွင်း - ငါတို့နိုင်မည်

ဇန်န၀ါရီ ၃၊ ၂၀၀၈

ပလ္လင်ပေါ် ခွေးတက်လို့

ပြေးရက်ကနီးလာ၊

လက်နက်နဲ့ခြိမ်းခြောက်ကာ၊

ဟိန်းဟောက်တာ ဆယ်နှစ်၊

ခွေးကိုမှ ဆရာတင်၊

ရာဇ၀င်ရိုင်းတဲ့တခေတ်၊

ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊

ပိုင်ဆိုင်တာအမှန်ဖြစ်ပေမဲ့၊ စနစ်ကဗြောင်းပြန်၊

စစ်ဗိုလ်တွေပြုသမျှ၊ နုရတဲ့ဘ၀အမှန်၊

(ခ)သုံးလုံးပုံသဏ္ဌာန်၊ ငုံ့ခံလျှင်ပိုလို့ဆိုးမှာမို့၊

ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊

ဒီနှစ်အတွင်း ငါတို့နိုင်မည်၊ စိတ်သံတိုင်ထူစိုက်စို့လေး။

မောင်နု

[ မူရင်း - တော်လှန်ရေးသတင်းစဉ် အတွဲ ၁၊ အမှတ်စဉ် ၄၊ ၁၉၇၂ ဇူလိုင်လ ]

Wake-up Call

အို … အရှင်တို့ လာလော့

ဇန်န၀ါရီ ၂၊ ၂၀၀၉

ပြောင်းလဲခြင်းအမှုကိုသာ ပေးပါလော့ …

နှစ်လိုဖွယ်ရာ ပြောင်းလဲခြင်းများသာ

ဖြစ်ရပါစေတော့။

နှစ်ဟောင်းတွေရဲ့

သိမ်ဖျင်းပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့

ရက် ရာ ပေါင်းများစွာတို့ဟာ

ငါနဲ့ ငါတို့ရဲ့ြ့ပည်သူတွေပေါ်ကို

ပြိုကျ ဖိထားနေဆဲပါ။

ရုန်းထွက်လို့မရဘူး ၊

ဘယ်လိုမှ ရုန်းထွက်လို့ကို မရနိုင်သေးဘူး။

ဆာလောင်နေတဲ့

အစာအိမ်ခေါင်း သန်းပေါင်းများစွာကလည်း

ကယ်တင်ရှင် ဆိုသူများကို

မရဲတရဲ မျှော်လင့်နေကြဆဲပါ။

ဘယ်မှာလဲ သူတို့ဘယ်မှာလဲ

ကယ်တင်ရှင်တွေက ဘယ်မှာပါလဲ။

ဒီမြေကို ငါနဲ့ ငါ့မိသားစုသာ ပိုင်တယ်ကွ … ဆိုတဲ့

မိစ္ဆာအယူမှား တစုက

ဒီမြေမှာ ရမ်းချင်တိုင် ရမ်း ကြဲချင်တိုင်း ကြဲ

ငါနဲ့ ပြည်သူတွေမှာ ခေါင်း မဖေါ်ဝံ့ဘူး

ကယ်တင်ရှင်တွေ ဘယ်မှာလဲ …

အခုတော့ ကယ်တင်ရှင်တွေ ဘယ်မှာလဲကွယ်။

စပါးတွေ မစိုက်ချင်တော့ဘူး

မောင်းလည်း မထောင်းချင်တော့ဘူး

ကွန် မပစ်ချင်တော့ဘူး

ငှက်လည်း မထောင်ချင်တော့ဘူး

လက်ဖက် မဆွတ်ချင်တော့ဘူး

ဖျင်လည်ဲး ရက်မနေချင်တော့ဘူး

အိုး မခတ်ချင်တော့ဘူး

စာလည်း မတတ်ချင်တော့ဘူး

အဆိုးဆုံးက ရုံး မတက်ချင်တော့တာ။

နယ်စပ်မျဉ်းတွေကို ခွ ကျော်ဖြတ်သန်းရင်း

ပြည်တော်နဲ့ ဝေးသထက် ဝေးရာကို ပြေးရဖို့ပဲ ရှိတော့တာလား

ကယ်တင်ရှင်တွေ ဘယ်မှာလဲ

သူတိုႚ အခု ဘယ်မှာလဲကွယ်။

ဂိုဉာဏ်

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်

Saturday, 3 January 2009

Friday, 2 January 2009

ဗုဒ္ဓ ဓမ္မ ရံသီ ဘုန်းကြီးကျောင်း(ယာယီ) ဖွင့်လှစ်ခြင်း

ဗုဒ္ဓ ဓမ္မ ရံသီ ဘုန်းကြီးကျောင်း(ယာယီ) ဖွင့်လှစ်ခြင်း


Saturday, 03 January 2009



Life behind bars in Burma

Living and working in Burma is tough. Writing stories and poetry, telling jokes or criticising the military regime risks a Draconian jail sentence. In early November a prison court sentenced 14 activists to 65-year jail sentences.

One Burmese man has made it his life's work to ensure these prisoners will not be forgotten.
Bo Kyi
Bo Kyi at the AAPP office
In a small wooden house inside a tree-lined compound in the Thai border town of Mae Sot a group of men and women tap computer keyboards, talk on cell phones and show guests around a tiny airless room filled with photos. It is a reconstructed Burmese prison cell. The men and women work for the Association Assisting Political Prisoners (AAPP) and all are former prisoners. Their sentences ranged from fourteen years for writing leaflets to five years for attending a student protest.

Award
A founding member and now secretary of AAPP, Bo Kyi was jailed three times for a total of seven years and three months. Since his release from jail in 1998, Bo Kyi has campaigned to free all Burmese political prisoners and for this work he was recently recognized by the New York based Human Rights Watch and accredited with their Human Rights Defender award.

Bo Kyi says while it is nice to receive awards, it is critically important to continue to keep international pressure on the regime to release all Burma's political prisoners:

"Burma is a silent killing field. By putting political opponents in jail they [the military regime] are systematically killing our activists, our writers, our poets and our artists. In jail there is no hospital care and no doctors. Prisoners are being put in jails in remote areas far from their families. Many are sick and can't get help."He was jailed for the first time in 1990 for leading a demonstration for the release of political prisoners.
"I was sentenced to three years hard labour. I was interrogated and tortured for 36 hours. I was given no food or water and was kept handcuff and blindfolded."
Blood spots

Bo Kyi was denied access to his family and says they did not know what had happened to him.
"I was put in a small cell, I could see blood spots and many names, including those of my friends. I was not allowed to shower for nine days."

Bo Kyi
Bo Kyi: "Jail taught me to live in the present"

In spite of the torture and beatings he was determined to stay positive.
"I wanted to study. I had an English dictionary smuggled in. I ate the pages as I learnt them. I ate a lot of dictionary when I was in jail", he laughs, adding on a more serious note, "I also learnt I had no future. It [jail] taught me to live in the present, other wise I would have gone crazy thinking about the future."
Cynical stunt

The Burmese regime's State Peace and Development Council (SPDC) rules Burma with an iron fist. The Association Assisting Political Prisoners estimates Burma currently has 2,123 political prisoners in its jail.

In spite of international condemnation the regime continues to jail its opponents, in September this year 140 people were arrested for political reasons.

In what was seen as a cynical stunt to disrupt international events planned to commemorate last year's monk and civilian protests in Rangoon, the regime released 9002 prisoners, only seven of these were political, the rest were classified by AAPP as ‘petty criminals'.

In spite of his experiences in jail, Bo Kyi is not after revenge.
"Those who tortured me are also victims of the system. Sooner or later Burma will change, the people want change, but in the meantime people will have to speak out. International NGOs working inside Burma have been silenced, but they have to speak out. We can't let our brothers and sisters rot in jail because they had the courage to protest for change."

Article by-
Phil Thornton

နှစ်သစ်အကြို

နှစ်သစ် ၂၀၀၉ ခုနှစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက celeberation တွေလုပ်ပြီး ကြိုဆိုကြပုံတွေကို internet မှာရှာဖွေကြည့်ရင်း ဟောဒီလန်ဒန်မြို့ရဲ့ video clip လေးကိုလည်းတွေ့ရှိခဲ့ပါတယ်။ အံ့မခန်း fireworks တွေရဲ့ ဖန်တီးမှု့က နိုင်ငံဂုဏ်ကိုဆောင်နေပါတယ်။ သောင်းနဲ့ချီတဲ့ပြည်သူများရဲ့ အားပေးချီးကျူးသံတွေကိုလည်း ကြားနိုင်ပါတယ်။ ဒီ ၁၁ မိနစ်ကြာ video clip လေးကိုကြည့်ရင်း ဝမ်းနည်းမိတာကတော့... ငါတို့ရဲ့ တိုင်းပြည်မှာရော ဒို့ပြည်သူတွေ နှစ်သစ်ကို ဘယ်လိုများကြိုဆိုနေကြပါလိမ့်? နိုင်ငံခေါင်းဆောင်ကြီးများဟု နာမည်ခံဓားပြကြီးများကရော ဒို့ပြည်သူတွေအတွက် ဘယ်လိုနှစ်သစ်ကြိုဆိုပွဲတွေ ကျင်းပပေးနေပါသလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့ ရူးရူးမိုက်မိုက် မြန်မာပြည်ရဲ့နှစ်သစ်အကြိုဆိုပြီး Internet မှာရှာကြည့်လိုက်မိတယ်... တွေ့လိုက်ရတဲ့ result တွေကတော့ မြင်ကြရတဲ့အတိုင်းပါပဲ လို့သာပြောရင်း..........
ဓာတ်ပုံ-မိုးမခ
သူတို့တွေအတွက်လည်း Happy New Year ပါလို့ဆုတောင်းပေးလိုက်ပါတယ်။

Thursday, 1 January 2009

8888 People Power News

အမိမြေသို့

အမိမြေသို့
မာမာအေး

အို … အမိမြေ
လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့်
လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။

ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ
ကျောသား ရင်သား၊ မခြား ကြည်ဖြူ
တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊
ပြည်သူ့ ချစ်ခဲ့။

ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့်
စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း
ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း
ငရဲလမ်းပြ၊ လူ့အန္ဓတို့
ပိတ်ကြ တားကြ၊ ပညာပြလို့
ပြန်ရသေးဘူး …
ကျေးဇူးသစ္စာ၊ အမိမြန်မာကို
စောင့်မှာစိတ်ချ ဒေါင်းမမ။

မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး

ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

မြန်မာပြည်သူများအတွက် ၂၀၀၉ နှစ်ဆန်း သြ၀ါဒကထာမြွက်ကြားပါရန် ခေတ်ပြိုင်မှ လျှောက်ထားရာ ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယက ယခုကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။

ပရိတ်ကြီးနိဒါန်းလာ သမဂ္ဂါ ဆိုသည့်အတိုင်း ညီညီညွတ်ညွတ်ရှိကြရန် ဆရာတော်ဘုရားကြီးက တိုက်တွန်းလိုက်သည်။ ယင်းသို့ ညီညွတ်ရေး ဆုံးမခြင်းကိုပင် အချို့က နိုင်ငံရေးလုပ်သည်ဟု ဆရာတော်ကြီးအပေါ် အထင်မှားနေကြောင်းကိုလည်း ယခုကဲ့သို့ မိန့်ကြားသည်။

“ဒါကြောင့် ဘုန်းကြီးကတော့ မန္တလေးမှာ တခါတခါ ပြောပါတယ်။ တို့က ညီညွတ်ရေးပြောဟော မင်းတို့ အဲဒါ နိုင်ငံရေးထင်နေ ခက်တယ်ကွလို့။ ဘယ်သူ့ရယ်လို့မဟုတ်ဘူး အဲဒါတွေ တခါတခါ ထည့်ပြောဖူးတယ်။ ညီညွတ်ရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးတော့ နိုင်ငံရေးလုပ်မှာပေါ့ကွလို့။ ရုံးတွေဘာတွေ ထိုင်ရအောင် လုပ်မှာပေါ့ကွလို့။ လူထွက်ပြီးတော့လည်း နိုင်ငံရေးမလုပ်ပါဘူးလို့။ သင်္ကန်းဝတ်နဲ့လည်း နိုင်ငံရေးလုပ်တာမှုတ်ဘူး။ ညီညွတ်ရေးပြောတာကွလို့။ ညီညွတ်ရေးနဲ့ နိုင်ငံရေးနဲ့ ကွဲပြားဖို့ အရေးကြီးတယ်လို့။ အမေအဖေနဲ့ သားသမီးတည့်အောင်ပြောနေတာ မင်္ဂလာတရားနဲ့ နိုင်ငံရေးတရားနဲ့ မတူဘူးကွလို့။ တို့ကတော့ ဘယ်ပါတီ ကောင်းစားပါစေ၊ ဘယ်သူကတော့ တက်ပါစေ၊ ဘယ်သူက ထိပ်တန်းကျပါစေ။ တို့ကတော့ မျှတတယ်ကွလို့” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။

သို့သော် မြန်မာ့နိုင်ငံရေးမှာ စစ်အစိုးရနှင့် အတိုက်အခံ ယခုထိ ညီညွတ်ပုံမရဟု ဆရာတော်ကြီးက ယူဆသည်။ စားပွဲထိုင်ပြီး မဆွေးနွေးနိုင်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးအခြေအနေကို ရည်ညွှန်းပြီး “အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စားပွဲကြီးတခုပေါ်မှာ နှစ်ဘက်က တက်ရင် ဟိုဘက် (၄) ယောက် ဒီဘက်က (၄) ယောက် လက်ဖက်ရည်သောက်နေတာ၊ ပေါင်မုန့်အတူစားနေတာ တို့က ကြိုက်တာပါ။ မုန့်ပြားသလက် အတူတူစားနေတာ ကြိုက်တာပါ။ ခုတော့ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို လူ (၈) ယောက် (၉) ယောက် ၀ိုင်းမစားနိုင်တဲ့အဖြစ်ရောက်နေရတာ အဲဒါဝမ်းနည်းတာပါကွလို့။ ကိုယ့်နိုင်ငံကထွက်တဲ့ မုန့်ပြားသလက်လေးကို စားကြည့်စမ်းပါ ညီညီညွတ်ညွတ်နဲ့။ အချင်းချင်းကွာ” ဟု ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ကြီးက တိုက်တွန်းလိုက်သည်။

မန္တလေးမြို့ ဘုန်းကြီးကျောင်းများမှ လိုင်စင်မဲ့ကားများ သိမ်းသည့်အချိန်တွင် ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယကျောင်းမှ ကားများကိုလည်း စစ်အစိုးရ သိမ်းယူထားရာ ယခုထိ ပြန်မပေးသေးကြောင်း ဆရာတော်က အမိန့်ရှိသည်။ နိုင်ငံခြားရေဒီယိုအချို့နှင့် ဆရာတော်ကြီး တချိန်က မေးမြန်းလျှောက်ထားချက်အချို့နှင့် ပတ်သက်ပြီး စစ်အစိုးရကို ပုတ်ခတ်သည်ဟု အစွပ်စွဲခံရမှုများနှင့် ပတ်သက်၍လည်း “မင်းကို တို့က ပုတ်ခတ်တာမဟုတ်ဘူး။ အစိုးရကို ပုတ်ခတ်တာမဟုတ်ပါဘူး၊ အစိုးရကို တို့က မြှင့်တင်တာပါ။ အစိုးရကို တို့က ဂုဏ်ပြုတာ။ ကံနဲ့တောင်တူတဲ့မင်း။ မင်းနဲ့တူတဲ့ကံ။ ကံမင်းပြုက ခံရရှာသည်။ အဲတော့ ကံက မင်းနဲ့တူလိုက်၊ ဆရာနဲ့တူလိုက်၊ အဖေနဲ့တူလိုက်၊ အမေနဲ့တူလိုက်၊ ဘာနဲ့တူလိုက်၊ ညာနဲ့တူလိုက်နဲ့။ ဒီလိုဆိုရင် ကံက ဘယ်ကစဖြစ်တာလဲ။ ကံဘယ်က စပေါ်တာလဲ။ ကံမင်းပြုတာ ခံရရှာသည်။ ကံဟာ ဘယ်ကဖြစ်ကုန်ကြဟု တွေးဆသောခါ ကံဖြစ်ရာသည် ကိုယ်သာပြုသည့်အမှုတည်း--တဲ့” ဟု ဆရာတော်က ရှင်းပြသည်။

သတင်း-ခေတ်ပြိုင်

Junta Determined to 'Guide' 2010 Polls


BANGKOK, Dec 31 (IPS) - Burma’s military regime ended 2008 with greater resolve to steamroll over opposition voices in order to pave the way for a junta-friendly government when the country holds general elections in 2010.

On Dec. 30, nine supporters of pro-democracy leader Aung San Suu Kyi were arrested when they staged a protest in Rangoon, the former capital, calling for her release. Some of the protesters were wearing the colours of the National League for Democracy (NLD), the party that she heads.

The risk these activists took in placing their lives on the side of political freedom has been heightened in the wake of harsh judgements delivered against leading voices of the country’s struggling democracy movement in November. Some of them were given long jail terms and Min Ko Naing, a widely respected former university student leader, was put away for 65 years.

The November verdicts, which saw 215 political activists sentenced, were largely linked to the peaceful, pro-democracy street protests, led by thousands of Buddhist monks, held in September 2007.

Buddhist monks who were in the vanguard of the protests, which was crushed by the junta, were not spared. U Gambria, a leader of the All Burma Monks’ Alliance, was sentenced to 68 years in jail.

The verdicts delivered by a military-controlled court inside Rangoon’s notorious Insein prison were as harsh on Burmese who led a humanitarian effort to aid the victims of the powerful Cyclone Nargis, which tore through the country’s Irrawaddy Delta in early May, killing tens of thousands and affecting millions.

Zarganar, a well-known comedian who was arrested for leading a team of entertainers to help the cyclone victims, was slapped with a 59-year sentence.

‘’This is all part of an aggressive campaign to jail good, pro-democracy activists who could run in the 2010 elections,’’ says Debbie Stothard of ALTSEAN, a regional human rights group monitoring abuse in Burma. ‘’Anybody who could be a viable opposition figure has been locked up. There are no signs of the regime easing up.’’

Even token pressure from marginal voices in the country is being stifled, she revealed in an IPS interview. ‘’The New Year will see more arrests. They are creating another Zimbabwe.’’

Such ability to crush an already beleaguered people has become possible given the ease with which the junta succeeded in bullying and bluffing the United Nations through the year.

Other members of the international community, including giants China and Russia, also played their part to help the Burmese military dictatorship impose its roadmap for a ‘’discipline flourishing democracy.’’

The junta’s success at reducing the world body to a minor irritant became more evident after U.N. Secretary-General Ban Ki-Moon cancelled plans to visit Burma, or Myanmar, in December. That the junta was in no mood for Ban -- or for a push by his office for concrete issues to be discussed during such a visit -- was hardly a surprise.

Ban’s predicament highlighted a defining feature of how the Burmese regime was responding to international pressure. In May, Ban became the first U.N. chief to visit Burma following the devastating Cyclone Nargis. But all the assurances he got from the military regime for more openness to enable humanitarian assistance to the victims amounted to little.

The U.N. received another embarrassing snub from the junta in August, when Ibrahim Gambari, the world body’s special envoy to Burma, was treated like an unwelcome guest and relegated to meeting minor officials during a visit aimed to prod the regime towards democratic reform. Earlier in 2008, Gambari had received a tongue-lashing from Burma’s information minister, removing all doubt about the contempt with which the junta views the Nigerian diplomat.

Yet at the same time, sections of the international community still place faith in the U.N. to deliver. In early December, for instance, a group of more than 100 former heads of governments and states wrote a letter to Ban, asking him to travel to Burma to secure the release of Suu Kyi and the over 2,100 political prisoners by Dec. 31.

‘’It is important that Secretary-General Ban Ki-moon travel to the country himself and engage in serious dialogue with the military regime and impress on them the calls by leaders and lawmakers from Asia and around the world for the release of all political prisoners,’’ Kraisak Choonhavan, a Thai parliamentarian, said at the time.

Among the leaders who signed this unprecedented petition were former U.S. presidents George H. W. Bush and Jimmy Carter, former Australian prime minister John Howard, former Japanese prime minister Junichiro Koizumi and former Philippines president Corazon Aquino.

The petition to Ban drew attention to developments in the U.N. Security Council in October 2007, when a presidential statement had urged the prompt release of all political prisoners in Burma.

Yet what has prevailed since that rare pressure on the junta from the U.N.’s most powerful body illustrates the aggressive and defiant position Burma’s military regime is pursuing. In mid-2007, the number of political prisoners stood at 1,200; now it has nearly doubled to over 2,100.

The military regime ‘’will stop at nothing to prevent people from joining demonstrations or be influenced by the voices of the democracy activists,’’ says Bo Kyi, a former political prisoner who heads the Assistance Association for Political Prisoners in Burma, a human rights group based on the Thai-Burma border. ‘’They want to create a greater climate of fear among the general public.’’

It is all part of the junta’s plan to be certain of victory at the 2010 polls ‘’even before the elections,’’ Bo Kyi explained in an interview. ‘’They want to avoid a repeat of the 1990 elections.’’

At that poll, held after the regime brutally crushed a pro-democracy uprising in 1988, where close to 3,000 activists were shot to death, the NLD trounced the junta-backed National Unity Party with a thumping majority. But the regime refused to recognise the results and began targeting the elected parliamentarians.

Burmese political activists like Bo Kyi believe that only the international community in 2009 can stall the junta’s plans to hijack the 2010 polls. ‘’The international community needs to exert real pressure that they will not accept the results of the 2010 elections without the release of all political prisoners and a free environment for the polls.’’


News- IPS

Wednesday, 31 December 2008

ပျော်ရွှင်သောနှစ်သစ်များ ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။


နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့တိုင်းမှာ နောက်နေ့ New Year နေ့အတွက် လူတိုင်းရင်ခုံစွာစောင့်စားရင်း Happy New Year ပါလို့ ဆုတောင်းပြုကြပါတယ်...ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်သူတွေအတွက် ဒီဆုတောင်းမပြည့်ခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ တစ်နှစ်ပြီး တစ်နှစ်၊ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ဒုက္ခပေးနေတဲ့ မိစ္ဆာစစ်အစိုးရရဲ့ ဖိနိပ်မှု့အောက်မှာ ဒို့ပြည်သူတွေ ခါးစည်းခံနေရပါတယ်။
ဒီခါးသီးမှု့ဒဏ်တွေကို တိုက်ခိုက်ပြောင်းလဲပစ်မည့် ၂၀၁၀ အတွက် ချည်းကပ်ခြေလှမ်းဖြစ်တဲ့ ၂၀၀၉ ရဲ့ New Year မှာတော့ မြန်မာပြည်သူတစ်ရပ်လုံးအတွက် အကောင်းတက အကောင်ဆုံး Happy New Year တွေပိုင်ဆိုင်ဖို့ အတူလက်တွဲတိုက်ပွဲဝင်ရင်း စစ်ဖိနပ်အောက်မှ ရုံးထွက်ကြပါစို့လို့ တိုက်တွန်းရင်း.....
ကျနော်တို့ BDC အဖွဲ့သားများအားလုံးမှ မြန်မာပြည်သူများနှင့် ထပ်တူ Happy New Year ပါလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

New Year မှာ အားတင်းထားပါ


ကေတီဦး

မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲဟာ ဘာလိုလိုနဲ့ နှစ်ပေါင်း ၂၀ တောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကစလို့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်း ကြိုးစားခဲ့ကြတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးမှာလဲ ပြည်သူလူထုအားလုံး တခဲနက် ပါဝင်တောင်းဆိုခဲ့ကြတာ အထင်အရှားရှိပါတယ်။

ပြည်သူလူထုက ဆိုးရွားလှတဲ့၊ ညံ့ဖျင်းလှတဲ့ လူနေမှု၊ အုပ်ချုပ်ရေးစနစ်ဟောင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှု အုပ်ချုပ်ရေးစနစ်သစ် တခုနဲ့ အစားထိုးဖို့ ဘယ်လိုပင် တောင်းဆိုသော်လည်း Army autocracy ပုံစံကိုသာ အလိုရှိတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ တချက်ကလေးမှ အလျှော့မပေးခဲ့တာလည်း အများအသိပါပဲ။ ဒါကလဲ အဆန်းတကျယ်တောဖြင့် မဟုတ်ရပါဘူး။ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ ရက်စက်ကြမ်းတမ်းတဲ့ အုပ်စိုးသူ လူတန်းစားတို့ရဲ့ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပါတယ်။ မိမိတို့ရဲ့အာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အများပြည်သူ မည်မျှ ဒုက္ခရောက်ပါစေ၊ ဆင်းရဲကြပ်တည်းနေပါစေ အလျှော့မပေးဘူး။ တော်လှန်ပုန်ကန်မှုကို ကန့်သတ်မယ်၊ ချုပ်ချယ်မယ်၊ ဖိနှိပ်မယ်ဆိုတာတွေဟာ အစွန်းရောက် အာဏာရှင်တို့ရဲ့ လက်သုံးလုပ်ရပ်တွေသာ ဖြစ်ပါတယ်။

ဒီလို ဆိုးရွားကြမ်းတမ်းတဲ့သဘောရှိတဲ့ အာဏာရှင်တို့ရဲ့ သဘောထားကို ချေဖျက်တိုက်ပွဲဝင်ကြရမဲ့ တော်လှန်ရေးသမားတွေ အတွက်တော့ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ဂရုစိုက်စရာမလိုဘူးလို့ ထင်မြင်မိပါတယ်။ ဖိနှိပ်မှုဆိုတဲ့ စကာလုံးဟာ အာဏာရှင်တို့ရဲ့ လက်သုံးစကားဖြစ်သလို တော်လှန်ရေးဆိုတာဟာလဲ ဖိနှိပ်ခံ ပြည်သူ၊ ဖိနှိပ်မှုကို မလိုလားသူ၊ လွတ်လပ်ရေးကို မြတ်နိုးသူတို့ရဲ့ စကာလုံးသာ ဖြစ်ပါတယ်။

ပြင်သစ်ပြည်မှာ ပြင်သစ်တော်လှန်ရေး မဖြစ်မီက အော်တိုကရေစီဘုရင်စနစ် ထွန်းကားခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) က "ဘုရင်နှင့် တိုင်းပြည်သည် ခြားနားခြင်းမရှိ၊ ငါသည် ဘုရင်ဖြစ်သည်၊ ထို့ကြောင့် ငါသည် တိုင်းပြည်ဖြစ်သည်”ဟု ဆိုခဲ့ပါတယ်။ အခုလဲ မြန်မာ နအဖစစ်အစိုးရဟာ သူတို့ရဲ့ အသုံးချခံ စစ်တပ်ဖွဲ့ဝင်တွေကို “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ပြောနေတယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ "နိုင်ငံတော် နိုင်ငံတော်” ဆိုတဲ့ စကာလုံးကို ရေလဲသုံးပြီး တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေကို လက်ခုပ်ထဲက ရေလို သဘောထားနေပါတယ်။ အဲဒီလို သဘောထားကြောင့် ပြည်သူပြည်သားတွေအပေါ်မှာ လူတဦးချင်း ရရှိခံစားထိုက်တဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို ပိတ်ဆို့ဟန့်တား ခြိမ်းခြောက်မှုတွေနဲ့ သွန်ချင်သလိုသွန်၊ မှောက်ချင်သလိုမှောက် လုပ်နေပါတယ်။ သူတို့ရဲ့ဖိနှိပ်မှုဟာ အထူးသဖြင့်တော့ လူထုရဲ့ ဆန္ဒအမှန်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုပေးခဲ့ကြတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ်မှာ စုပြုံကျရောက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်ပေါင်း မြောက်များစွာ၊ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဝင်တွေ၊ ပြီးတော့ သံဃာ့ ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနဲ့ သူ့ရဲ့နောက်ပါ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် ထောင်ချအရေးယူထားတယ်။ အခြားသော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ ရှေ့နေတွေ၊ ကျောင်းသားတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမာတွေ၊ ဘလော်ဂါတွေကိုလဲ ဖမ်းဆီးထောင်ချ အရေးယူထားတယ်။ ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပိုမိုပြင်းထန်တဲ့ ရက်စက်ခြိမ်းခြောက်မှု အသွင်သဏ္ဌာန်နဲ့ မိသားစုနဲ့ဝေးကွာရာ နယ်စပ်ဒေသက အကျဉ်းထောင်တွေဆီကို ပို့ဆောင်ခဲ့ပြန်တယ်။

ပြည်ပမှာဆိုရင်ကော။ ပြည်ပက မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေအပေါ်မှာလဲ နအဖစစ်အစိုးရဟာ လက်လှမ်းမှီသမျှနဲ့ ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေတာပါပဲ။ နိုင်ငံရေးတက်ကြွသူတွေကို ရောက်ရှိရာနိင်ငံတွေမှာ ရပ်တည်လို့မရအောင် နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်မှု ဖျက်သိမ်းမှုတွေ လုပ်တယ်။ အမိမြေကိုပြန်လာချိန်မှာ ဖမ်းဆီးမှုတွေလုပ်တယ်။ ရောက်ရှိနေတဲ့ နိုင်ငံတွေက နိုင်ငံအစိုးရတွေ အထင်အမြင်လွဲမှားအောင် ဖိအားပေးမှုတွေ လုပ်တယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေပြုပြီး မြန်မာ့ဒီမိုကရေစီရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်လှုပ်ရှားနေသူတွေအပေါ်မှာဆိုရင် သက်ဆိုင်ရာ ထိုင်းအစိုးရနဲ့ International police (Interpol) အဖွဲ့လို အဖွဲ့မျိုးက အထင်အမြင်လွဲမှားအောင် လက်နက်မှောင်ခိုမှု၊ ဖောက်ခွဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေအဖြစ် စွပ်စွဲပြောဆို တိုင်တန်းမှုတွေရှိနေတယ်လို့ ကြားသိနေရပါတယ်။ ဒီလို စွပ်စွဲပြောဆို တိုင်တန်းမှုတွေဟာ အမှန်တကယ်တော့ နအဖစစ်အစိုးရရဲ့ ရိုင်းစိုင်းရက်စက်မှု၊ မဟုတ်မမှန် လီဆယ်ပြီး သူတို့ အာဏာတည်မြဲရေး လုပ်ဆောင်မှုတွေသာဖြစ်ကြောင်း ကမ္ဘာပြည်သူတွေနဲ့ အစိုးရတွေဟာ နားလည်သဘောပေါက်သင့်ပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားသူတွေအားလုံးအနေနဲ့ကတော့ နအဖစစ်အစိုးရရဲ့ ဖိနှိပ်မှုပုံစံအမျိုးမျိုးကို နားလည်သဘောပေါက်ပြီး ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒီမိုကရေစီစနစ်ရဲ့ရှေ့ဆောင် အမေရိကန်နဲ့ ဥရောပနိုင်ငံကြီးတွေရဲ့ သမိုင်းကြောင်းမှာရှိတဲ့ ဒီမိုကရေစီတော်လှန်ရေး ကာလတွေဟာလဲ ဒီကနေ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းမျိုးထက် လျော့နည်းခဲ့မယ်လို့ မထင်မိပါဘူး။
အမေရိကန်မှာ လွတ်လပ်ရေးနဲ့ တန်းတူညီမျှရေး တိုက်ပွဲအတွက် စစ်ရေးနည်းနဲ့ ရှစ်နှစ်ကြာ တိုက်ခဲ့တာတောင် အမှန်တကယ် တန်းတူညီမျှရေးဟာ လူမည်းတွေအတွက် ကွက်ကျန်ခဲ့လို့ သမ္မတကြီး လင်ကွန်းဟာ လူမည်းတွေရဲ့ လွတ်လပ်ရေးအတွက် ဦးဆောင်အရေးဆိုခဲ့ရာမှာ အမေရိကန်တောင်ပိုင်းသားတွေက လက်မခံနိုင်ခဲ့ကြလို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ ခြောက်နှစ်ကြာခဲ့ပါတယ်။ လူမည်းအရေးအတွက် ဖြစ်ခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ပြည်တွင်းစစ်လို့ ဆိုပါတယ်။ စစ်ကြီးပြီးတဲ့နောက် လူမည်းတွေ လွတ်လပ်ခဲ့ပေမဲ့ လူတွေကြားက အဖြူအမဲ ခွဲခြားဆက်ဆံမှုဟာ ပြီးသွားတာမဟုတ်သေးလို့ မာတင်လူသာကင်းတို့လို ပုဂ္ဂိုလ်တွေက ဆက်လက်တိုက်ပွဲဝင်ခဲ့ရတာ နှစ်ကာလတွေ အကြာကြီးပါပဲ။ အခုအချိန်မျာတော့ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကြီးမှာ လူမည်းနွယ် သမ္မတလောင်း အိုဘားမားက လူဖြူသမ္မတလောင်း ဂျွန်မက်ကိန်းကို မဲအပြတ်အသတ်နဲ့ နိုင်ပြီး အောင်ပွဲဆင်နိုင်ခဲ့ပါပြီ။

အင်္ဂလန်မှာလည်း အလားတူပါပဲ။ ဒီမိုကရေစီရေးနဲ့ လူအချင်းချင်း တန်းတူညီမျှရေးတိုက်ပွဲဟာ အတော်ကို အချိန်ယူခဲ့ကြရပါတယ်။ (၁၇-၁၈) ရာစုကာလတွေမှာ အင်္ဂလန်က ဘုရင်နဲ့ မှူးမတ်တွေရဲ့ ဘတပြန် ကျားတပြန် တိုက်ပွဲတွေ၊ မြေရှင်ကြီးတွေနဲ့ မှူးမတ်တွေရဲ့ တိုက်ပွဲတွေ၊ စက်မှုဖွံ့ဖြိုးလာပြီးနောက် အရင်းရှင်တွေနဲ့ မှူးမတ်အာဏာပိုင်တွေရဲ့ တိုက်ပွဲတွေ၊ အရင်းရှင်နဲ့ အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ ပြင်းထန်ရုံမက ရှည်လျှားခဲ့တာပါပဲ။ အင်္ဂလန်မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းမှုအစက အိမ်ပိုင်ယာပိုင်မရှိရင် မဲပေးခွင့်မရှိခဲ့ကြပါဘူး။ အလုပ်သမားတွေလဲ မဲပေးခွင့်မရခဲ့ကြပါဘူး။ ဒါတွေကိုလဲ အချိန်ယူ တိုက်ပွဲဝင်ခဲ့ရတာပါ။ အင်္ဂလန်မှာ အမျိုးသမီးတွေ မဲပေးခွင့်မရသေးခင်က အင်္ဂလိပ်အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေး ရရှိရေးအတွက် အမျိုးသား လွှတ်တော်အမတ်တွေ လွှတ်တော်ထဲကထွက်လာရင် လမ်းမပေါ်မှာ တုံးလုံးလှဲပြီး လမ်းပိတ်ဆို့သူက ပတ်ဆို့၊ ငြုပ်ကောင်းမှုန့်တွေ၊ ငြုပ်သီးမှုန့်တွေနဲ့ ပက်သူက ပက်၊ ကြာပွတ်နဲ့ ဆီးရိုက်သူက ရိုက်၊ အဲဒီလိုလုပ်တော့ ဖမ်းဆီးထောင်ချ၊ ထောင်ချတော့လည်း အမျိုးသမီးတွေက မလျော့ဘဲ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြကြနဲ့၊ အဲဒီလို တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်္ဂလိပ်အမျိုးသမီးတွေရဲ့ အောင်ပွဲဟာ (၂၀) ရာစုရောကတော့ မာဂရက်သက်ချာလို အမျိုးသမီးဝန်ကြီးချုပ်တယောက်က သက်တမ်း သုံးကြိမ်တောင်မှ အင်္ဂလန်လွှတ်တော်မှာ ကြီးစိုးနိုင်ခဲ့ပါတယ်။

တော်လှန်ရေးနဲ့ပတ်သက်ရင် တောင်အာဖရိက,က လူဖြူလူမည်းတန်းတူရေး တိုက်ပွဲတွေဟာလည်း သင်္ခန်းစာယူစရာတွေပါပဲ။ လူမည်းခေါင်းဆောင် မစ္စတာ မန်ဒဲလားနဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ ရှည်ကြာလှတဲ့ အကျဉ်းထောင်သက်တမ်းတွေနဲ့ တိုက်ပွဲဝင်အပြီးမှာ နောက်ဆုံးတော့လဲ အောင်ပွဲဆင်နိုင်ခဲ့တာပါဘဲ။

တော်လှန်ရေးဆိုတာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတဲ့ အရာတွေအတွက် အမှန်တကယ် ကြီးကျယ်မြင့်မြတ်သူတို့သာ လုပ်ဆောင်နိုင်ကြတာပါ။ တော်လှန်ရေးဟာ ကြာချင်ကြာမယ်၊ မြန်ချင်မြန်မယ်၊ ဘဝတွေ ပါချင်ပါမယ်၊ အသက်တွေ ပါချင်ပါမယ်၊ ဒါပေမဲ့ တော်လှန်ရေးကြီးဟာ ကြီးကျယ်မြင့်မြတ်သူတို့ရဲ့လမ်းဖြစ်ပါတယ်။ မကြီးကျယ် မမြင့်မြတ်သူတို့နဲ့ မသက်ဆိုင်ဘဲ အမှန်တကယ် ကြီးကျယ်မြင့်မြတ်လိုသူတိုင်း ပါဝင်ဆင်နွဲရမဲ့ လမ်းဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘယ်လိုမှ ရလဒ်ကောင်းမထွက်နိုင်တော့တဲ့ အလွန့်အလွန်ဆိုးရွားလှတဲ့ “Army autocracy” စစ်အာဏာရှင် စနစ်လမ်းဟောင်းကနေ “By the people, for the people” ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ ကြီးကျယ်မြင့်မြတ်သူတွေ အများကြီးရှိနေကြပါပြီ။

ဖိနှိပ်သူ စစ်အစိုးရက အဘယ်မျှ ဖိနှိပ်ပါစေ၊ ကန့်သတ်ပါစေ၊ နှောင့်ယှက်ဟန့်တားပါစေ တော်လှန်ရေးလမ်းကြောင်းကတော့ ပြောင်းလို့မဖြစ်ပါဘူး။ အခုတော့ ခံနေကြရဆဲပါ။ ခံနေကြရတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးသမားတွေကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းထဲမှာ ပြုလုပ်ခဲ့တဲ့ ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းလေးကို ပြန်လည်ပြောပါရစေ။ သူပြောခဲ့တာက“လက်နက်ကိုင်ပြီး လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ဘာလက်နက်မှ မပါဘဲ ခံရဲတာမှ သတ္တိ” ဆိုတဲ့ စကားပါပဲ။

အလူးအလဲခံနေရတဲ့ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံရေးတက်ကြွသူတွေဟာ ခံရဲတဲ့သတ္တိတွေ ရှေ့ကို တိုးမွေးမြူကြရဦးမှာမို့ လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားပါ။ သမိုင်းဘီးဟာ နောက်ပြန်မလည်ပါဘူး။ အခုချိန်မှာတော့ “အားတင်းထားပါ” လို့ အားလုံး အားလုံးကို တိုက်တွန်းလိုက်ပါရစေ။ ။

ဒေါ်စန္ဒာဝင်း သတင်း နောက်ဆက်တွဲ


Happy New Year ပါ စာဖတ်သူများခင်ဗျား။ ၂၀၀၈ခုနစ်ကုန်ခါနီးမှာ ကျနော်တို့ ရဲ့ ပြည်တွင်း ကွန်ယက်တွေက ပေးပို့လာတဲ့ သတင်းကိုတင်ပြလိုက်ပါတယ်။
သတင်းကတော့ဒေါ်စန္ဒာဝင်းရဲ့ သတင်းဖြစ်ပါတယ်။ ဒေါ်စန္ဒာဝင်း ကို သန်းရွှေက ပြန်မလွတ်ပေးခင်မှာ အချက် ၅ ချက်လိုက်နာရင် ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။
ဒါတွေကတော့

၁- ဦးနေ၀င်းနာမည်ကို ဘယ်တော့မှ မပြောနဲ့ ၊
၂- သတင်းထောက်တွေနဲ့  မဆက်သွယ်နဲ့ ၊
၃- စစ်တပ်က အရာရှိတွေနဲ့ မဆက်သွယ်နဲ့ ၊
၎- အလှူတွေ၊ ပွဲလမ်းတွေ ( Social gathering ) မသွားရ၊ မလုပ်ရ၊
၅- နိင်ငံခြားသားတွေနဲ့ မဆက်သွယ်နဲ့၊ ဆိုတာတွေဖြစ်ပါတယ်။

သူမက လိုက်နာ မယ်ဆိုတဲ့အတွက် သူမကို ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။ လက်တွေ့မှာတော့ သူမဟာ မဆလအနွယ်ဟောင်းများ၊ထောက်လှမ်းရေးဟောင်းများနဲ့ တပ်မတော်ထဲမှာ သူမကို လိုလားသူတွေ ရှိနေတယ်လို့ သိရပါတယ်။ သူမကလည်း သန်းရွှေထံ ကို အချက် ၃ချက် ပြန်လည် တောင်းဆိုတယ်လို့ သိရပါတယ်။ ဒါတွေကတော့ -

၁- သူမကို လုံခြုံရေး (Security detail) ပေးပါ ။ မပေးနိင်ဘူးလို့ သန်းရွှေက အကြောင်းပြန်ပါတယ်။

၂- သူမရဲ့ ခင်ပွန်း သားတွေကို ထောင်ဝင်စာတွေ့ခွင့် ပေးပါ။ သန်းရွှေက စဉ်းစားမယ်။ ဒါပေမဲ့ မျှော်လင့်မထားပါနဲ့ ။

၃- သူမကို တယ်လီဖုန်းလိုင်းပြန်ဆက်ပေးပါ။ တယ်လီဖုန်းတပ်ဆင်ပေးပါ။ ဒီအချက်ကိုလည်း သန်းရွှေက စဉ်းစားပေးမယ်လို့ ဆိုပါတယ်။


သန်းရွှေက ဒေါ် စန္ဒာဝင်းကို ဖြတ်လေးဖြတ်လုပ်ထားတယ်။ သူမ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ်ကလည်း ငွေမထုတ်နိင်တဲ့အတွက် သူမဟာ နေ့စဉ် စားဝတ်နေရေးတောင် အခက်ခဲရှိနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကတော် အတော်များများ က ဒေါ်စန္ဒာဝင်းကို ကြည်ညို ကြတယ်လို့ သိရတယ်။ တချို့ က သူမနဲ့  မက်သရစ်ကျောင်းနေဖက်တွေဖြစ်ခဲ့တာရယ်၊ ဦးနေ၀င်းသားသမီးတွေက သန်းရွှေသားသမီးတွေ လောက်မဆိုးဘူး။ ယဉ်ကျေးကြတယ်လို့ မဆလလူဟောင်းများ နဲ့ ဗိုလ်ချုပ်ဟောင်းများ ကဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီအက်စ်အေ အရာရှိသင်တန်းဆင်းပွဲမှာ သူမြေး မျောက်မူးလဲကို ပွဲထုတ်တဲ့ကိစ္စကို တပ်မတော် အသိုင်းဝိုင်းက အတော့လေးကို မကြေမနပ်ဖြစ်ကြပါတယ်။ ဒီအက်စ်အေ ဆိုတာက သူတို့ တပ်မတော်ရဲ့  အမြင့်ဆုံး တန်ဖိုး ( Paradigm ) ကို သန်းရွှေ က ခြေနဲ့ နင်းချေ လိုက် တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ငါ့ အမိန့်  ကို နာခံ သလို င့ါမြေး ရဲ့ အမိန့် ကိုလည်း နာခံရမယ်လို့ သွယ်ဝိုက်ပြောလိုက်တာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ဗိုလ်လောင်းတဦး က ဆိုပါတယ်။ ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတဲ့အပေါ်မှာတော့ တပ်မတော်အတွင်းက ဦးနေ၀င်း လက်ထက်က လူဟောင်း တွေရဲ့ မျိုးဆက်တွေနဲ့  ထောက်လှမ်းရေး အဟောင်းတွေက အားတက်နေကြတယ် လို့ ဆိုပါတယ်။ သူတို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲတွေ ၂၀၁၀ ရွေးကောက်ပွဲ တွေကို သိပ်စိတ်ဝင်စားမှုမရှိကြပါဘူး။ မပိုင်သေးရင် ငြိမ်နေကြ ပိုင်ရင်တော့ သန်းရွှေကို ရှင်းပြစ်ဆိုတဲ့ အယူဆကို လက်ကိုင်ထားကြသူ တွေဖြစ်ပါတယ်။
သတင်း-ကိုမိုးသီး

Tuesday, 30 December 2008

ပီနန်ဆရာတော်ဘုရားကြီး၏ ဟောကြားချက်

တိုင်းပြည်ကို တကယ်တမ်းကောင်းမွန်အောင် ဘာလို့မလုပ်နိုင်ကြသလဲ?

NLD လူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှောက် ဒေါ်စုလွှတ်ပေးရေး တောင်းဆို

30 Dec 2008

ယနေ့  နေ့လယ် (၂) နာရီခွဲခန့်က ရန်ကုန် မြေနီကုန်းတွင် အန်အယ်လ်ဒီ အဖွဲ့ဝင် (၉) ဦး ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒပြကြကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဘာ့ကြောင့် ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေထဲမှာ ယောက်ျားတွေက တိုက်ပုံတွေ ကိုယ်စီဝတ်ထားတာတွေ့ပါတယ်။ အမျိုးသမီးက များတယ်။ (၃) နာရီလောက်လဲကျရော သူတို့ကို ရဲတွေက လာဖမ်းသွားတော့တာပဲ” ဟု မြေနီကုန်း မီးပွိုင့်အနီးနေသူတဦးက ပြောသည်။ သို့သော် လမ်းလျှောက်ဆန္ဒပြသူများ အဖမ်းခံရခြင်း ရှိမရှိ ယခုအချိန်ထိ သီးခြားအတည်ပြုချက် မရရှိသေးပေ။

အန်အယ်လ်ဒီ ပြောခွင်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကမူ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများထဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ကိုထွန်းထွန်းဝင်းတို့လည်း ပါဝင်သည်ဟုကြားရကြောင်း ခေတ်ပြိုင်ကို ပြောသည်။ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အန်အယ်လ်ဒီလူငယ်များမှာ ကိုထွန်းထွန်းဝင်း (စမ်းချောင်းမြို့နယ်) မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ရဲနီဦး၊ ပြေပြေ၊ အောင်ဖြိုးဝေ၊ မင်းသိန်း၊ ၀င်မြင့်မောင် (ခ) ပဲပြုတ်၊ ကောင်းထက်နိုင်နှင့် သက်မောင်ထွန်းတို့ဖြစ်သည်ဟု အေအေပီပီက ထုတ်ပြန်ထားသည်။

မျက်မြင်သက်သေအချို့၏ ပြောဆိုချက်အရ အဆိုပါလမ်းလျှောက်ဆန္ဒပြသူများသည် အန်အယ်လ်ဒီရုံးရှေ့မှ စတင်ထွက်ခွာပြီး ဒဂုံစင်တာရှေ့မှ ဖြတ်ကာ စမ်းချောင်း လွှတ်တော်သို့ အသွား အဖမ်းခံရခြင်းဖြစ်သည်။

သတင်း- ခေတ်ပြိုင်

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်၏ ကြေငြာချက်

Independence Day Statement by Free Burma Federation-1

Assistance Association for Political Prisoners Breaking News

December 30, 2008 ·Today, the National League for Democracy (NLD) party held a ceremony to mark the 61st anniversary of Burma Independence Day at their headquarters. After the event, nine NLD Youth members marched from NLD headquarters to Sanchaung Township, Rangoon, holding photographs and placards with Daw Aung San Suu Kyi’s image. They called for the release of all political prisoners, and demanded national reconciliation.
When they arrived at the public square in Sanchaung Township, they were arrested by members of the Swan Arr Shin (People’s Power Force) the regime’s hired thugs, and brutally beaten. Their whereabouts are now unknown.
The nine are:
Tun Tun Win (from Sanchaung Township), Htet Htet Oo Way (from Shwepyithar Township), Ye Ni Oo, Pyae Pyae, Aung Phyo Wai, Min Thein, Win Myint Maung (aka) Pe Pyoat, Kaung Htet Naing, and Thet Maung Tun.

Monday, 29 December 2008

စစ်တပ်မှအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ပေါ်ထွက်လာ

Sunday, 28 December 2008
ဗထူး
နာဂစ်မုန်တိုင်းအလွန် စစ်အစိုးရ၏ လေးလပတ်အစည်းအဝေးအပြီး တပ်မတော် ထိပ်ပိုင်းတာဝန်များယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး (၅) ဦးအနက် (၄) ဦးမှာ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပေါ်ထွက်လာသည်။

စစ်ရေးအကဲခတ်သူများအကြား အဆိုပါ (၅) ဦးအား အငြိမ်းစားပေးလိုက်ပြီဟု သတင်းများထွက်ပေါ်နေခဲ့ပြီး (၅) လအကြာ ၎င်းတို့လှုပ်ရှားမှုများ ပျောက်ကွယ်နေပြီးနောက် (၄) ဦး၏ လှုပ်ရှားမှု စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

"တပ်ထဲမှာလည်း မေးစရာတွေဖြစ်ခဲ့တယ်၊ တကယ်စာရင်းထွက်လာခဲ့ကတည်းက ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းကို ကျန်းမာရေးအရ အနားပေးလိုက်တာဖြစ်ပြီး ကျန်တဲ့ (၄) ယောက်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တွဲဘက်ဆိုပြီး ထွက်ခဲ့တာပါ" ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်မှ တပ်မတော်အရာရှိတဦးက ပြောသည်။

သားဖြစ်သူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် အကျဉ်းရုံးစစ်ဆေးခံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အား စစ်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုလည်း အနားပေးလိုက်သည်ဟု တပ်တွင်း ပြန့်နှံ့နေခဲ့သော်လည်း အမှန်တကယ်မှာ အရေးယူခြင်းမရှိဟု အဆိုပါအရာရှိက ဆက်လက်ပြောဆိုသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယမန်နေ့ကပြုလုပ်ခဲ့ရာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများဖြစ်ပြီး အနားယူသွားပြီဟု အများသုံးသပ်နေသော ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်ထွေးတို့ တက်ရောက်ခဲ့ကြသည်။

"ကျနော်သုံးသပ်တာတော့ လွှတ်တော်မှာ တပ်မတော်ကကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာမို့ သူတို့က အလိုလို အဲ့ဒီနေရာကို ဝင်လာပါလိမ့်မယ်၊ တပ်ချုပ်က သူ့ကို ရာသက်ပန်ကာကွယ်ပေးမဲ့သူတွေ လိုအပ်နေတာမဟုတ်လား"ဟု အဆိုပါ တပ်မတော်အရာရှိက ဆက်လက်ပြောဆိုသွားသည်။
သတင်း- ရိုးမ.၃

The Generation Waves – Free Burma Poster

The Generation Waves – Free Burma Poster
December 29th, 2008

အ ရှက် ဖြေ လင်္ကာ
ခြောက်တီးခြောက်ချက် စားကျက်မြေဟာ
ဖုန်းဆိုးငွေ့တသင်းသင်းနဲ့
သွေးညှီနံ့တွေမရှင်းသေးဘူးအမေ…

ကျွန်တော့်သူငယ်ချင်းတွေလည်းလေ…
နံရံနောက်မှာ ခွေလို့ ခေါက်လို့
ကျွန်တော့်သူငယ်ချင်းတွေလေ…
မ၀ရေစာ ညစာကြမ်းကြမ်းတွေနဲ့
ကျွန်တော့်သူငယ်ချင်းတွေ
ကျွန်တော်တို့ကိုလွမ်းနေတော့မှာပဲအမေ
အမေကကျွန်တော့ကိုလွမ်းသလို
သူတို့လည်းကျွန်တော့်ကို လွမ်းနေကြတော့မှာပဲအမေ
ကျွန်တော်တို့ကိုယုံကြည်တာလေးတခုနဲ့
သူတို့ဘ၀ကို စိတ်ချလက်ချအပ်ထားခဲ့တဲ့သူတွေ
အိပ်ကပ်အစုတ်ထဲက အိပ်မက်အရုပ်လေးကို
တယုတယ ထုတ်ထုတ်ကြည့်လို့
အလွမ်းပေါ်အလွမ်းဆင့် အလွမ်းနင့်နေကြမှာပဲအမေ

သံခြေချင်းတန်းလန်းကြီးနဲ့တောင်
နိုင်ငံကြီးကောင်းစားတာမြင်ချင်သေးသတဲ့
လူပီသလိုက်ကြပုံများ တပြားသားမှစိတ်ကိုမလျော့ဘူးအမေ
သူငယ်ချင်းတွေလေ ကျွန်တော့်သူငယ်ချင်းတွေပေါ့
ဒီကောင်တွေကို ဒီထောင်တွေထဲ
ကျွန်တော်ဘယ်အချိန်ထိ နေခွင့်ပြုရဦးမလဲအမေ

နရသိန်တံခါးကို ရိုက်ချိုးမဖွင့်နိုင်သေးသရွေ့
လက်ဖ၀ါးတွေလည်း လူမြင်မခံဝံ့ဘူးလေ
စိတ်အနာ အစာမကြေသမျှ
(ခဏလေးဖြစ်ဖြစ်ပေါ့)
ကျွန်တော့်ပါးနှစ်ဖက်ကိုပဲကျွန်တော်
အားရပါးရ ပြန်ရိုက်လိုက်ပါရစေဦးအမေ
အရှက်လေးများပြေလိုပြေငြား…


မတရားအမိန့်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူငယ်ချင်းများအတွက်ရေးဖွဲ့သည်။


မိုဃ်းသွေး
Generation Wave

ပွင့်လင်း မြင်သာမှုရှိရန်လိုသည်

မောင်သုတ

ရုရှနိုင်ငံ၏ အကူ အညီ ဖြင့် မြန်မာ နိုင်ငံက နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရန် စီစဉ် နေသည်ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သည်။ ဤ အချက်ကြောင့်ပင် ပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အုပ်စုများအကြား၊ စစ် အစိုးရကို ဝေဖန်နေကြ သူများအကြား၊ နောက်ဆုံး အမေရိကန် အစိုးရ၏ အချို့သော ဌာနများ၊ အရာရှိများ ကြားတွင် ပွက်လော ရိုက်သွားရသည်။ ဆွေးနွေးငြင်းခုန်စရာတွေ ဖြစ်လာခဲ့သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ ၁၀ မီဂါဝပ် အပူပေးသုတေသနဓာတ်ပေါင်းဖိုတခုနှင့် ၎င်းနှင့် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးမည်ဖြစ်သည်။ ဤသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှ စစ်အစိုးရ၏ နျူကလီးယားအစီအစဉ် ရည်ရွယ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ စစ်အစိုးရကိုယ်နှိုက်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆိုးရွားသော လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် နေခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်မှုများရှိနေသည့်အပြင် တိုင်းပြည်စီးပွားရေးအရလည်း ကျဆင်းနေသည်။ အနောက်ကမ္ဘာ နှင့်လည်း သင့်လျော်သော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပျက်ကွက်နေခြင်း ကြောင့် ကာလကြာရှည် အငြင်းပွားနေရမှုများကြောင့်လည်း ဖြစ်သည်။( ဆက်ဖတ်ရန် ) နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သူမှာ စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သစ္စာရှိသော နောက်လိုက် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပြီး ၎င်းက စစ်အစိုးရ၏ ဒုတိယ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စစ်တက္ကသိုလ်တွင် တတန်းတည်းကျောင်းနေဘက် သူငယ်ချင်းဟောင်းလည်း ဖြစ်သည်။ တဘက်က ရုရှနိုင်ငံ အဏုမြူအေဂျင်စီဝန်ကြီးဌာန လက်အောက်ခံ ကုန်ပစ္စည်း ရောင်းချသောကုမ္မဏီဖြစ်သည့် AtomStory Export က လက်မှတ်ရေးထိုးခဲ့သည်။ စစ်အစိုးရက ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါမည်ဟု ပြောသည့်အပေါ် သံသယရှိသူကမရှား။ ထို့အပြင် အချို့သူများက စစ်အစိုးရက နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် စိုင်းပြင်းလာနိုင်သည်ဟု လော၍ ကောက်ချက်ချနေကြသည်။

သို့သော်လည်း သံသယရှိနေသူများနှင့် မီးလှန့်သံချောင်းခေါက်နေသူများ သတိမမူမိသည့် နောက်ကွယ်အကြောင်းအရာများလည်း ရှိနေသေးသည်။ ၎င်းမှာ မြန်မာပြည်အနေဖြင့် ကာလကြာရှည်ကပင် အဏုမြူနည်း ပညာပိုင်ဆိုင်ရေးအတွက် ဆန္ဒရှိပြီး ကြိုးပမ်းအားထုတ်ခဲ့ကြသည်ဟူသော နျူကလီးယားနည်းပညာ ရှာပုံတော်ဆိုင်ရာ သမိုင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်ခန့်က ဦးနု၊ ဦးဘဆွေတို့နှင့် သုံးပွင့်ဆိုင် နိုင်ငံအုပ်ချုပ်ရေးတွင် ဦးဆောင်နေသူ တဦးဖြစ်သည့် ဦးကျော်ငြိမ်းသည် လက်တွေ့ကျကျမြင်တက်သော ခေတ်မီရေးဝါဒီတဦးဖြစ်သည်။ သူက မြန်မာ နိုင်ငံ၏ ထွန်းသစ်စ စက်မှုဖွံ့ဖြိုးရေးကို နောက်ကွယ်မှ အဓိကမောင်းနှင်ပေးသူ တဦးလည်း ဖြစ်ခဲ့သည်။ ထိုကာလတွင်ပင် အမေရိကန်နိုင်ငံ လက်နက်သုတေသနဖောင်ဒေးရှင်း (American Armour Research Foundation) နှင့် တွဲဖက်၍ စက်မှုဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့ကို ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဦးကျော်ငြိမ်းက ကြီးကြပ်လာခဲ့သည်။

၁၉၅၅ ခုနှစ်အကုန်ပိုင်းတွင် အဏုမြူစွမ်းအင်ဌာနနှင့် အဏုမြူဆိုင်ရာ တွင်းထွက်သယံဇာတများဌာနကို တည် ထောင်ခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့ ထူးချွန်သော လူငယ်ပညာရှင်များနှင့် နည်းပညာရှင်များကို စေလွှတ်ခဲ့ကြသည်။ သင်ကြားရသည့်ဘာသာရပ်များမှာ ဘွဲ့လွန်အဆင့် ကျန်းမာရေး ရူပဗေဒ၊ နျူကလီးယား ရူပဗေဒ၊ သတ္တုဗေဒဆိုင်ရာ နှင့် ဓာတ်သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာပညာရပ်တို့ အပြင် ကရိယာပစ္စည်းများ ထုတ်လုပ်ရာ ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းများတွင် နျူကလီးယားနည်းပညာ အသုံးချမှုဆိုင်ရာ နည်းပညာသင်တန်းများကို လည်း တက်ရောက်စေခဲ့သည်။ စာသင်သွားသူအများစုက မြန်မာပြည်သို့ပြန်လာခဲ့ပြီး UBARI ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး သုတေသနသိပ္ပံများတွင် ၀င်ရောက်အမှုထမ်းခဲ့ကြသည်။ AEC ခေါ် အဏုမြူစွမ်းအင်ဌာနကို ဦးဆောင်သည့် ဦးလှညွှန့်က ရှေ့ဆောင်သင်ပြခဲ့ပြီး ၎င်း၏ လမ်းညွှန်မှုမှုအောက် တွင် နိုင်ငံတော် ပညာတော်သင်အပတ်စဉ်ဆင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဦးလှညွန့်က လွတ်လပ်ရေး မရမီ ကတည်းက ဂျပန်နိုင်ငံတွင် ပညာဆည်းပူးနေခဲ့သူလည်း ဖြစ်သည်။

ဤသို့သော ပထမအသုတ် ပညာတော်သင် များအနက် ဦးသိန်းဦးဖိုးစောလည်း အပါအ၀င်ဖြစ်ပြီး သူတဦးသာလျှင် လက်ရှိစစ်အစိုးရအောက်တွင် ဆက်လက်၍ အမှုထမ်းနေဆဲ လည်း ဖြစ်သည်။ ဦးသိန်းဦးဖိုးစောက ယခုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေး တဦး ဖြစ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ်တွင်လည်း တွဲဖက်ပါမောက္ခတဦးအဖြစ် တာဝန်ယူလျှက်ရှိသည်။ ၁၉၅၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသည် ဂျနီဗာ၌ကျင်းပသော အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး နိုင်ငံ တကာညီလာခံကို တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တည်ထောင်သော အခါတွင်လည်း ယင်းအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ များမကြာမီပင် မြန်မာနိုင်ငံ၏ AEC ခေါ် အဏုမြူစွမ်းအင်ဌာနအား “ပြည်ထောင်စုမြန်မာနိုင်ငံ အဏုမြူစွမ်းအင် စင်တာ” (UBAEC) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများသည် အဏုမြူခေတ်သစ်အတွက် ရောင်ခြည်သန်းနေဆဲကာလဖြစ်သည်။ ဤ ကာလတွင် မြန်မာနိုင်ငံ၏ UBAEC တွင်ဝန်းရံ ဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ၏ နျူကလီးယားပညာရှင် ထိပ်သီး များတွင် မြန်မာ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတော်သစ်ဆီသို့ မောင်းတင်ပေးနိုင်သည်ကို သံသယလုံးဝ မရှိခဲ့ကြပေ။

စွမ်းအင် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပညာရေးနယ်ပယ်များတွင် အပတ် တကုတ် သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် အကြွားသန်ခဲ့ကြသော “ပြည်တော်သာစီမံကိန်း”၏ ကျရှုံးမှုနှင့်အတူ နှစ်အနည်းငယ်အတွင်း နျူကလီးယား ရည်မှန်းချက်၏ ပထမအဆင့်ကာလသည်လည်း အိပ်မက်ပြိုကွဲ တုန့်ဆိုင်းသွားခဲ့ရသည်။ UBAEC ၏နာယကဖြစ်သူ ဦးကျော်ငြိမ်းလည်း နိုင်ငံရေးဂိုဏ်းဂဏ အကွဲအပြဲများ၊ ဝေဖန်မှုများအောက်တွင် အရှက်ရခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်စေလိုက်သည်။ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြားဦးစားပေးကိစ္စများသို့ ပြောင်းသွားခဲ့သည်။ အဏုမြူအသိပညာ၊ အဏုမြူပါဝါ ရှာပုံတော်ဆီသို့ ဦးမလှည့်နိုင်တော့။ ဤသို့နှင့် တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော UBAEC ၏ ကံတောက်ပမှုသည်လည်း ကွယ်ပျောက်ခဲ့ရသည်။

စစ်အေးတိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဈေးပေါပေါဖြင့် အဏုမြူပါဝါ ရရှိမည်ဟူသော ကိစ္စများမှာ မဖြစ်နိုင်တော့။ ပို၍ ခက်ခဲလာသည်နှင့်အတူ မြန်မာနိုင်ငံ၏ အဏုမြူရည်မှန်းချက်ကိုလည်း ရင်ထဲသိမ်းထုတ်ထားလိုက်ရတော့သည်။ တိုင်းပြည် တော်တော်များများက နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုများနှင့် နျူကလီးယားစက်ရုံများ တည် ဆောက်နိုင်ခွင့်ရရှိခဲ့ ကြသော်လည်း မြန်မာနိုင်ငံ၏ အတိအကျ ဘက်မလိုက်ကြားနေရေးမူဝါဒကြောင့် အမေရိကန် ပြည်ထောင်စုထံမှရော၊ ရုရှနိုင်ငံ နှစ်နိုင်ငံစလုံးမှပါ နျူကလီးယားဆိုင်ရာ အကူအညီများ ရယူနိုင်ခြင်း မရှိခဲ့ပါ။ ဤအခွင့်အရေးများ လက်လွတ်ဆုံးရှုံး ခဲ့ရပြန်သည်။ နောက်ပိုင်းတွင် ဦးလှညွှန့်သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တွင် အကြီးတန်းအရာရှိအဖြစ် ဆက်လက်အလုပ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ပြည်ပတွင်ပင် သူကွယ်လွန်ခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံခြားတိုင်းပြည်များတွင် ပညာသင်ကြားခဲ့ကြသော တက္ကသိုလ်ကြီးများတွင် တာဝန်ထမ်းဆောင် နေကြသည့် ပထမနှင့် ဒုတိယမျိုးဆက်၊ လက်တဆုပ်စာ ရူပဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ (UBARI) တို့သည် အခြေခံ နျူကလီးယားသိပ္ပံ အသုံးချ သုတေသနကို ဆက်လက် သင်ကြားဆဲ၊ လေ့လာဆောင်ရွက်ဆဲ ပြုနေခဲ့သည်။

နျူကလီးယား သုတေသနစင်တာ တခုတည်ဆောက်ရေးအပြင် (IAEA) နှင့် အစိုးရအထောက်အပံ့များဖြင့် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ရေး မျှော်လင့်ချက်ကိုလည်း ဆက်လက်ကိန်းအောင်းနေခဲ့ကြသည်။ (IAEA) နှင့်ရင်းနှီးသော အစိုးရများ၏ နည်းပညာအကူအညီများနှင့် ၁၉၆၀ ခုနှစ်အစောပိုင်းကာလများမှစ၍ ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်တွင် ဘွဲ့ကြိုတန်းကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသန ပညာရှင်များ အတွက် နျူကလီးယားဓာတ်ခွဲခန်းတခု တည်ဆောက်လည်ပတ်ထားခဲ့သည်။ ဘွဲ့ကြိုဂုဏ်ထူးတန်း သင်ခန်းစာများတွင် နျူကလီးယား ရူပဗေဒအား မသင်မနေရဘာသာရပ်တခုအဖြစ် သင်ကြားစေခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင် ကျင့်သုံးခဲ့သော အဓိက ဦးစားပေး ဘာသာ “မေဂျာ”ယူရသော ပညာရေးစနစ်သစ်အောက်ရှိ မဟာဘွဲ့များတွက် စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်သော ဘာသာရပ်တခုအဖြစ် သင်ကြားပြသခဲ့ကြသည်။

နောက်နှစ်များတွင် မန္တလေးတက္ကသိုလ်ကလည်း အလားတူ သင်ကြားမှု ပုံစံမျိုး ဆက်လက်ကျင့်သုံးခဲ့ကြသည်။ အလားတူပင် (UBARI) ကလည်း ၁၉၅၀ ခုနှစ်များတွင် သုတေသနစာကြည့်တိုက်နှင့် သတင်းအချက်အလက်စင်တာများကို တည်ထောင်ခဲ့ပြီး ထိန်းသိမ်းဖွင့်လှစ်ထားခဲ့သည်။ ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ရေဒီယိုအိုင်ဆိုတုပ် အသုံးချ ဘာသာရပ်၊ ကျန်းမာရေးရူပဗေဒဘာသာရပ်၊ ဓာတ်သတ္တိကြွထိန်းချုပ်မှုဘာသာရပ်၊ စက်မှုလုပ်ငန်းအသုံးချ ဘာသာ ရပ်များနှင့် ဓာတ် သတ္တု ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဘာသာရပ် နယ်ပယ်များတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် အခြား ဖြစ်ထွန်းဖွံ့ဖြိုးစေမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ (IAEA) ၏ ရုပ်ဝထ္ထုပစ္စည်း၊ သင်တန်းအထောက်အပံ့နှင့် ကျွမ်းကျင်မှုနည်းပညာအထောက်အပံ့စသော နည်းပညာအကူအညီများ ဆက်လက်ရယူ နေခဲ့သည်။ ၁၉၆၀ နှောင်းပိုင်းနှစ်များတွင် တော်လှန်ရေးကောင်စီသည် သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ဟု ခေါ်ဝေါ်သော ၀န်ကြီးအဆင့် သုတေသနကြီးကြပ်ရေးအဖွဲ့တခုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများနှင့် ဖွဲ့စည်းလာ ခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏စီမံမှုအောက်တွင် အဏုမြူစွမ်းအင်ကော်မတီကို ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ၁၉၇၀ ခုနှစ်များ အတွင်းတွင် ၎င်းကော်မတီက မြန်မာနိုင်ငံ နျူကလီးယားသုတေသနလုပ်ငန်းများ အားလုံးကို ကြီးကြပ်ခဲ့သည်။

နျူကလီးယားဓာတ်ပေါင်းဖို အသေးစားတခုတည်ဆောက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဤကော်မတီတွင် ဆွေးနွေးခဲ့ ကြသည်။ အဆင့်နှိမ့်ထားသော သင်တန်း၊ သုတေသနဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေးနှင့် အထွေထွေ အက်တမ်ပိုင်းဆိုင်ရာ အမေရိကန်ပုံစံ အစီအစဉ် American TRIGA (Training, Research Isotope Production, General Atomic) တခုကို ဒေါ်လာ ၅ သိန်းအောက်တန်ဖိုးမျှဖြင့် တည်ဆောက်နိုင်ရေးအတွက် ကမ်းလှမ်းရန် ထိုအချိန်က စဉ်းစားခဲ့ကြသေး သည်။ သို့သော် လက်တွေ့တွင် အကောင်အထည် ပေါ်မလာခဲ့ပေ။ အကြောင်းမှာ နိုင်ငံခြားငွေ မရှိသလောက် ပြတ်တောက်နေ ခြင်းနှင့် တပါတီဆိုရှယ်လစ်အစိုးရ၏ အာဏာအ၀န်းအ၀ိုင်းထဲတွင် ဤအစီအစဉ်အတွက် စည်းရုံးပေးမည့် ဦးကိုင်ဖခင် တဦးမျှ မရှိသောကြောင့် ဖြစ်သည်။ ယခုဆိုလျှင် ဦးသောင်းက ဤအဏုမြူအစီအစဉ်အတွက် ဦးကိုင်ဖခင်ဖြစ်လာခဲ့သည်။ စစ်အုပ်စု၏ခေါင်းဆောင် ဗိုလ်ချုပ် မှုးကြီးသန်းရွှေကိုလည်း နားချထားနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သဘာဝဓာတ်ငွေ့ရောင်းရငွေများမှ နိုင်ငံခြားငွေ အမြောက် အများလည်း လှိမ့်၍ရနေချိန် ဖြစ်သည်။ ၁၉၉၇ ခုနှစ် သူ၏၀န်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော အဏုမြူစွမ်းအင်ဌာနသည်လည်း ဓာတ်ပေါင်းဖိုကို အခြေခံသော နျူကလီးယားသုနေသန ဌာနတခု တည်ဆောက်ရန် တာဝန်ကို အထမြောက်အောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်အပြည့် ရှိနေပုံ ရသည်။ (ဦးသောင်း၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တနှစ်စော၍ ဖွဲ့စည်းခဲ့သည်။) မြန်မာပြည်တွင် နျူကလီးယားသုတေသနလုပ်ငန်းများကို ထိရောက်လုံခြုံစွာ၊ ဘေးကင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိပါ သလားဟု မေးခွန်းမေးလာပါကလည်း မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာကတည်းက သန္ဓေတည်လာခဲ့သော နျူကလီးယား သုနေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြရန်ရှိနေသည်။

၎င်းတို့လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ကြာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်း (အဓိကအားဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ)နှင့် နိုင်ငံခြားပြည်ပ (ရုရှနိုင်ငံ) များတွင် နျူကလီးယား အတတ်ပညာရှင်များကို လေ့ကျင့် ပေးနေခဲ့သည်မှာ ဆယ်စုနှစ်တခုပင် ရှိတော့မည်ဖြစ်သည်။ ဤအချက်များကို ဦးသောင်းက မလွဲမသွေ ထောက်ပြနိုင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အရေးကြီးလှသောမေးခွန်းမှာ နျူကလီးယားလုပ်ငန်းများကို လုပ်နိုင်စွမ်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤအစီအစဉ်၏ ပွင့်လင်းမြင်သာမှုပင် ဖြစ်ပါသည်။

ထို့အပြင် ခက်ခဲပင်ပန်းစွာရထားသော နိုင်ငံခြား ငွေမာများကို မည်သို့မည်ပုံ စီမံသုံးစွဲသနည်းဟူသော သူတို့၏ ချင့်ချိန်စဉ်းစားမှုကိုလည်း မေးရန် ရှိပါသည်။ ဤ အဏုမြူ လုပ်ငန်းများအတွက် နှစ်စဉ်ကုန်ကျစရိတ် ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်းကုန်ကျပါလိမ့်မည်။ အမေရိကန် ဒေါ်လာ ဆယ်သန်းမှ သန်း တစ်ရာအထိလည်း ရှိနိုင်ပါသည်။ ဆင်းရဲသော မိမိတို့တိုင်းပြည်တွင် အခြေခံ လိုအပ်ချက်များဖြစ်သည့် သောက်ရေသန့်နှင့် လျှပ်စစ်မီးမှန်မှန် မပေးနိုင်သေးသောအချိန်၌ ဤကဲ့သို့သော အရေးပေါ် လိုအပ်ချက်များအတွက် နိုင်ငံတော်၏ ငွေမာများကို ပို၍အကျိုးရှိရှိအသုံးချရန် သင့်ပါကြောင်း တင်ပြလိုပေသည်။

မောင်သုတသည် နိုင်ငံရပ်ခြားတွင်နေထိုင်လျှက်ရှိသော မြန်မာပညာရှင်တဦးဖြစ်သည်။၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ မောင်သုတရေးသားသော Transparency Needed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Saturday, 27 December 2008

Myanmar cyclone survivors struggle to rebuild lives

by Tun Aung

KUNGYANGON, Myanmar (AFP) — With tents still serving as homes and schools seven months after Cyclone Nargis lashed Myanmar, survivors say they are struggling to rebuild their lives as international aid trickles in.

Fisherman Htein Lin Aung, a father of three, says a new roof is out of the question as he fixes the engine of his boat beneath the tarpaulin covering of his bamboo tent outside the town of Kungyangon.

"We have been in difficulties since Nargis. The weather is also unusual now," said Htein Lin Aung, 37, whose house was one of hundreds of thousands destroyed by the cyclone.

The storm left 138,000 people dead or missing and affected more than 2.5 million, while Myanmar's military junta provoked outrage by initially hampering international aid efforts with red tape.

The military government relented after a visit from UN Secretary General Ban Ki-moon. But rebuilding the southwestern Irrawaddy Delta, which suffered the brunt of the cyclone, is dragging on.

A UN appeal for 477 million dollars is only 64 percent funded, with agriculture and early recovery the least funded sectors with only 25 per cent and 39 per cent of needs met respectively, according to the latest figures.

Htein Lin Aung said his income fell to 100,000 kyats (83 dollars) per month after the cyclone, half what he used to earn, while the cost of living in impoverished Myanmar has risen.

"My business is not good, the weather is also not good. We get enough for our daily expenses but no extra money," he said, adding that "unusual" weather since the cyclone had kept fishermen off the sea.

His neighbours all have tarpaulin roofs as they cannot afford to buy new materials.

Survivors in the area around Kungyangon, which is about three hours drive from the country's former capital Yangon, say donors are not coming any more to provide rehabilitation assistance.

"We cannot stay like this in the rainy season," said housewife Khin Win, 46, as she sewed a fishing net for her husband inside the makeshift tarpaulin cover tent they currently call home.

"We lost everything in the cyclone. The water rose from beneath, it rained from the sky and the wind blew from all directions."

-- "Urgent needs still to be met" --

Farmers who survived the cyclone said they faced similar difficulties.

"The weather has been so bad here after the cyclone," said 51-year-old rice farmer Mya Aung. "The paddy seeds that we cultivated decreased in production and also we got low prices after we harvested."

Relief work in the disaster zone is currently being coordinated by a so-called tripartite group gathering the United Nations, the 10-member Association of Southeast Asian nations, and Myanmar's military government.

An assessment released this month and endorsed by the group said that while recovery efforts have begun, there are "urgent needs still to be met" for cyclone survivors.

"There are chronic needs in food security and nutrition. We need to increase the support particularly in the western delta and some of the larger towns," UN resident and humanitarian coordinator Bishow Parajuli was quoted as saying.

In a small sign of progress this week, a ceremony was held in Kungyangon to mark a 500,000-dollar donation from a Taiwan-based Buddhist monk, through the Taiwan Red Cross, to build two primary schools and water wells.

"We are still cooperating with the International Federation of the Red Cross and the Myanmar Red Cross," said Taiwan Red Cross secretary general Steven Chen, adding that it was spending another one million dollars on cooperative projects.

But for tearful primary school teacher Lei Lei Oo the road ahead is long.

"The important thing is schools for children to learn. My school children from third grade cannot come to school if the weather is bad," Lei Lei Oo said at the ceremony.

"We are still in many difficulties," she said.

The Saffron Revolution must not be forgotten.


26 Dec 2008, by Min Zaw

On Nov. 28 my brother, Thet Zin, a Burmese journalist brave enough to remain in his country, was sentenced to seven years in prison by the military junta there. His crime? Possession of a U.N. report about the military's crackdown on demonstrations by monks and democracy activists in September 2007 -- known around the world as the "Saffron Revolution."

He's not alone. In the past two months the junta has sentenced more than 230 political detainees to lengthy prison sentences, some as long as 68 years. The total number of political prisoners in Burma is now more than 2,100, up sharply from nearly 1,200 in June 2007, before last year's protests, according to Amnesty International and other human-rights groups.

The terrible irony is that when I tell my Burmese friends and colleagues about my brother's sentence the typical response is, "Only seven years?" How far we've fallen that we consider anything less than decades in prison to be somehow a blessing.

My brother is the editor in chief of a weekly journal you've likely never heard of called the Myanmar Nation. On Feb. 15, the military raided his office and dragged him and his office manager, Sein Win Maung, away. They were eventually charged with crimes against the state under the regime's Printing and Publishing Law. All this for being in possession of a U.N. report widely available on the Internet.

Torture and interrogations followed. He was sent to Burma's notorious Insein prison. He nearly died there when Cyclone Nargis hit Burma in May, claiming more than 80,000 lives. Now he's facing a term in a filthy, disease-ridden prison that could result in his death.

The reality is that my brother did get a lighter sentence -- the maximum under the law which he was charged with violating. Nowadays, high-profile dissidents usually receive prison sentences from 20 to 70 years. Since November, the special courts held inside the Insein prison compound have rushed to complete the hearings against Burmese democracy activists, Buddhist monks, student leaders, ethnic minority youth, labor activists, journalists, poets, bloggers, and even comedians and musicians who were arrested during and after last year's peaceful protests.

These hearings and sentencing continue in the absence of their attorneys. Worse yet, three defense lawyers were imprisoned for between four and six months for contempt of court after transmitting their clients' complaints of an unfair trial. (Another defense lawyer convicted of contempt of court fled to the Thai border to evade arrest.) Four other defense lawyers were barred from representing their clients.

The military is immediately transferring those who receive sentences to prisons in remote areas. Earlier this month, my brother was sent to a prison in Kalay, 680 miles from his home in Rangoon in Burma's northwestern frontier -- far from all those who care about him.

The goal of such harsh punishments is clear: to eliminate potential opposition in the run-up to the 2010 election, which is the last step in the junta's "Seven-Point Roadmap to Democracy."

The junta is mocking the U.N. Security Council, which issued a statement in October 2007 calling for the release of all political prisoners, including Nobel Prize winner Aung San Suu Kyi, who remains under house arrest. In response, 112 former presidents and prime ministers from more than 50 countries signed a letter this month urging U.N. Secretary-General Ban Ki-Moon to return to Burma for the first time since his visit after Cyclone Nargis and press for the release of political prisoners.

Indeed, Mr. Ban, who recently expressed his "disappointment" and "frustration" with progress in Burma, should go back and tell junta leader Gen. Than Shwe what he told the press not long ago -- that the "status quo ante is not acceptable and politically unsustainable," and that all political prisoners must be released by 2010.

Meanwhile, my brother and thousands of other political prisoners in Burma continue to languish behind bars. The world was watching during the "Saffron Revolution." Is it still?

Min Zin, a Burmese journalist in exile, is a teaching fellow at the University of California, Berkeley, School of Journalism

ခွေးသားကပါမက ခွေးမြေးကပါ ခွေးပါးဝနေပုံ

ဗိုလ်ချုပ်မှူးကြီးမြေးကို ထိုင်ကန်တော့တောင်းပန်ခဲ့ရ
နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည် စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင် နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့ တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

နေရွှေသွေးအောင်

နိုင်ငံတော်အခမ်းအနားတခုတွင်တွေ့ရသည့် နေရွှေသွေးအောင်(ခ)ဖိုးလပြည့် (အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသူ)

“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့ သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေးအိမ်ကို သွားပြီး ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ထိုည (၁) နာရီ မိနစ် (၂၀) ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့ ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင် ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့ ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။

ဖိုးလပြည့်နှင့်အတူ လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့် အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့ တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင် စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသူက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့ ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု ဆက်လက်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ် ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။