Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 21 September 2009

သံတွဲထောင်မှ နိုင်ငံရေး အကျဉ်းသမား ၂ ဦး လွှတ်မြှောက်

9/20/2009
ရခိုင်ပြည်နယ် သံတွဲထောင်မှ နိုင်ငံရေး အကျဉ်းသမား ၂ ဦး ယမန်နေ့က လွှတ်မြှောက်လာခဲ့သည်။

သူတို့မှာ ရန်ကုန်မှ မျိုးရန်နောင်သိန်းနှင့် တောင်တွင်းကြီးမှ ကိုထွန်းထွန်းဝင်းတို့ ဖြစ်သည်။

၎င်းပြင် သံတွဲထောင်မှ သူတို့နှစ်ဦး အပါအ၀င် အကျဉ်းသား ၅၃ ဦးကို ယမန်နေ့က စစ်အာဏာပိုင်များက လွှတ်ပေးခဲ့သည်။

သံတွဲထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၁ ဦးခန့်ရှိပြီး ထိုအထဲတွင် စမ်းချောင်း ကိုကိုကြီးလည်း ပါဝင်သည်။

ဒေသခံများ အပြောရ အကျဉ်သားများကို စက်တင်္ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ လွတ်ပေးမည် ဖြစ်သည်ဟု သတင်း ဖြစ်ပေါ်နေသဖြင့် မည်သူများ နောက်ထပ် လွှတ်လာမလဲဆိုကာ လူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြသည် သိရသည်။

http://www.narinjara.com/detailsbur.asp?id=2094
Myanmar DCR Co., Ltd မှဝန်ထမ်းရွေးချယ်မှုနှင့်ပက်သက်သော ရှင်းလင်းပွဲ
IT နှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အခွင့်အလမ်း

နေ့ရက် - ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်(တနင်္ဂနွေ)
ပထမအကြိမ်ရှင်းလင်းပွဲ - ၁၀း၀၀ မှ ၁၂း၀၀ နာရီ (Reception Time ၉း၃၀ နာရီ)
ဒုတိယအကြိမ်ရှင်းလင်းပွဲ - ၁၄း၀၀ မှ ၁၆း၀၀ နာရီ (Reception Time ၁၃း၃၀ နာရီ)
နေရာ - CHATRIUM Hotel (အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်)၊ (ယခင်Nikko Hotel)

ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ အတူတူပင်ဖြစ်သည်။

ဂျပန်နိုင်ငံရှိ Daiichi Computer Resources (DCR) ကုမ္ပဏီလီမိတက် (၀န်ထမ်းဦးရေ ၁၄၀၀၊ ၂၀၀၈ခုနှစ်အတွက်ရောင်းအား $128M) မှ ၁၄.၇.၂၀၀၈ တွင် ရန်ကုန်မြို့တွင် ဂျပန်လူမျိုးပိုင် Myanmar DCR ကုမ္ပဏီလီမိတက်ကိုတည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိတွင် ဂျပန်လူမျိုးဝန်ထမ်း(၄)ဦး၊ မြန်မာလူမျိုးဝန်ထမ်း (၁၅၀)ဦး (Regular၀န်ထမ်းနှင့်Intern၀န်ထမ်း) ဖြင့်လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။
အဓိကလုပ်ငန်းမှာ ဂျပန်နိုင်ငံမှ System Development လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်မီသောဝန်ထမ်းကောင်းများကိုလည်းနောင်တွင်ဂျပန်-မြန်မာအသွားအပြန်ပြုလုပ်ကာအလုပ်လုပ်ဆောင်နိုင်မည့် အခွင့်အရေးများလည်း ရရှိမည် ဖြစ်ပါသည်။ ယခုရှင်းလင်းပွဲတွင် ရန်ကုန်ရှိ ကျော်ကြားသောဂျပန်စာသင်ကျောင်းများဖြစ်သည့် Win Japanese Language Schoollနှင့် Momiji Japanese Language Centerတို့မှလည်းပူးပေါင်းပါဝင်မည်ဖြစ်သည်။
တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသောသူများသာ ရှင်းလင်းပွဲခန်းမအတွင်းသို့ ၀င်ခွင့် ပြုမည်ဖြစ်သည်။
သတ်မှတ်ထားသော အရည်အချင်းများ
* Regular ၀န်ထမ်း (ယခုနှစ် Intern ၀န်ထမ်းမရွေးချယ်ပါ။)
- ITတွင်စိတ်ဝင်စားပြီး Programmer/System Analyst/Consultant အဖြစ်အလုပ်လုပ်ကိုင်ချင်သော၊ ဂျပန်စာတွင် စိတ်ဝင်စား လေ့လာချင်သောသူ
- ကွန်ပျူတာတက္ကသိုလ်မှကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)
- ဆေးတက္ကသိုလ်မှကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)
- အခြားတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)
အသက်ကန့်သတ်ချက်အနေဖြင့်
၂၀၁၀ခုနှစ် မတ်လ ၃၁ရက်နေ့တွင်
- တက္ကသိုလ်ကျောင်းသားကျောင်းသူများ ၂၁ နှစ် (ယခုနှစ် ၂၀နှစ်နှင့်အောက်)
- Thesis ကျောင်းသားကျောင်းသူများ ၂၃ နှစ် (ယခုနှစ် ၂၂နှစ်နှင့်အောက်)
- ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူများ ၂၅ နှစ် (ယခုနှစ် ၂၄နှစ်နှင့်အောက်)
* Thesis ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀၁၀ခုနှစ် မတ်လ ၃၁ရက်နေ့တွင် Thesis ပြီးဆုံးနိုင်မည့်သူဖြစ်ရမည်။
** အထက်ပါကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံတွဲများမှ အနည်းဆုံးဂုဏ်ထူး(၂)ခု ရရှိသူများသာလျှောက်ထားနိုင်ပါသည်။
** ယခင်နှစ်များတွင် Myanmar DCR မှကျင်းပခဲ့သော ၀န်ထမ်းရွေးချယ်ပွဲများတွင် ၀င်ရောက်ဖြေဆိုဖူးခြင်း မရှိသောသူ ဖြစ်ရမည်။
**ရှင်းလင်းပွဲတက်ရောက်ရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများ
- မှတ်ပုံတင်ကတ် မူရင်းနှင့်မိတ္တူ
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
(၀န်ထမ်းရွေးချယ်မှုတွင် အသက်အကန့်အသတ်ရှိပါသဖြင့် မပျက်မကွက်ယူဆောင်လာပါရန်)
ကန့်သတ်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ ၀န်ထမ်းအဖြစ်ဝင်ရောက်ကြောင်းသိရှိလျှင် ၀န်ထမ်းအဖြစ်မှချက်ချင်းရပ်ဆိုင်းမည်ဖြစ်ပါသည်။
*** ရှင်းလင်းပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားပါသဖြင့်အောက်ဖော်ပြပါလိပ်စာတွင် (၂၂.၉.၂၀၀၉)မှစတင်၍ ကြိုတင်စာရင်းပေးသွင်းပါရန်

Myanmar DCR Co., Ltd.
အခန်းအမှတ် (၄၀၈(B))၊ ယုဇနတာဝါ၊
ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း- ၀၁-၅၅၈၂၂၉
စာရင်းလက်ခံချိန် ။ ။ ၉း၀၀ မှ ၁၁း၃၀ နာရီ
၁၃း၃၀ မှ ၁၆း၃၀ နာရီ