Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 21 September 2009

သံတွဲထောင်မှ နိုင်ငံရေး အကျဉ်းသမား ၂ ဦး လွှတ်မြှောက်

9/20/2009
ရခိုင်ပြည်နယ် သံတွဲထောင်မှ နိုင်ငံရေး အကျဉ်းသမား ၂ ဦး ယမန်နေ့က လွှတ်မြှောက်လာခဲ့သည်။

သူတို့မှာ ရန်ကုန်မှ မျိုးရန်နောင်သိန်းနှင့် တောင်တွင်းကြီးမှ ကိုထွန်းထွန်းဝင်းတို့ ဖြစ်သည်။

၎င်းပြင် သံတွဲထောင်မှ သူတို့နှစ်ဦး အပါအ၀င် အကျဉ်းသား ၅၃ ဦးကို ယမန်နေ့က စစ်အာဏာပိုင်များက လွှတ်ပေးခဲ့သည်။

သံတွဲထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၁ ဦးခန့်ရှိပြီး ထိုအထဲတွင် စမ်းချောင်း ကိုကိုကြီးလည်း ပါဝင်သည်။

ဒေသခံများ အပြောရ အကျဉ်သားများကို စက်တင်္ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ လွတ်ပေးမည် ဖြစ်သည်ဟု သတင်း ဖြစ်ပေါ်နေသဖြင့် မည်သူများ နောက်ထပ် လွှတ်လာမလဲဆိုကာ လူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြသည် သိရသည်။

http://www.narinjara.com/detailsbur.asp?id=2094

No comments: