It was on January 20th of last year, the first African-American was sworn in as the 44th president of the United States of America. I was one among the hundreds of thousands of people braving the chilling wintry weather who were crowded at the National Mall in the heart of Washington, D.C.
Like millions around the world, I was eager to hear the inaugural speech of the energetic Barack H. Obama. His eloquent speech of transforming America's image around the world thereby engaging with friends and foes alike received enthusiastic attention.
Though distasteful to some dictatorial regimes, it was heartening to hear when Obama said, "To those who cling to power through corruption and deceit and the silencing of dissent, know that you are on the wrong side of history; but that we will extend a hand if you are willing to unclench your fist."
Since Obama won the primary elections to become a nominee of the democratic party, there had been debates how effectively Washington should approach Burma. Many Burmese opposition groups in exile were largely in favor of president George W. Bush's sanction and isolation policy.
In the midst of numerous opinions and suggestions, the Obama administration was noticeably consulting a variety of groups, including academics who were considered to be experts on Burma. I was one of the few who advocated that the U.S. should move beyond sanctions by pursuing engagement policy.
In 28 November 2008 article in China Post entitled 'U.S. should move beyond just using sanctions in its relations with Burma', I argued the ineffectiveness of conflicting approaches: "It must be difficult for the U.S. government to abandon its traditional policy of isolating the Burmese generals and start engaging with them. But they have to realize that sanction alone is not effective in resolving Burma's crisis when there is engagement on the other end."
Then came February 2009 when Hillary Clinton made her first visit to Asia as secretary of state. In her public statement on the Obama's administration policy on Burma, Clinton stated that "Clearly, the path we have taken in imposing sanctions hasn't influenced the Burmese junta," and added that the route taken by Burma's neighbors of "reaching out and trying to engage them has not influenced them, either."
In the final weeks of his presidency in November 2008, the Bush administration unsuccessfully nominated a special envoy for Burma. The idea was welcomed by many analysts and observers.
In 18 August 2009 opinion piece in Washington Times entitled 'A possible way out', I argued the importance of a special envoy who could lead a coordinated international approach by stating that: "A special envoy who knows and understands the region would be a wise option, but the new ambassador for East Asia, Kurt Campbell, also could be assigned. Isolation has been applied unsuccessfully for many years, and it is time to give engagement a chance."
Then came September 2009 when the Obama administration announced its 9-month long policy review to start engaging the military leadership while retaining sanctions.
In welcoming the move, I wrote an article in Korea Times entitled 'US Must Understand Myanmar's Diversity' on 6 October 2009 discussing that: "The new policy will provide a platform for the U.S. government to have access to both the engagement and isolation groups. With the engagement agenda, the Obama administration can now work with members of Association of Southeast Asian Nations, China, India, and Russia. With the continued sanction policy, the administration can still work together with the European Union, its traditional ally."
Currently, Washington's priorities on both domestic and international fronts seem to keep the Burma issue at the back burner. The continued challenging wars in Afghanistan and Iraq; the increasing political turmoil in Iran, and the confrontational nuclear proliferation in North Korea and Iran have overshadowed other issues.
Domestically, the slow pace of economic recovery and the uncertainty of healthcare agenda are the burning issues for the administration. A successful planning for this year's upcoming congressional and gubernatorial elections is also high on the agenda. Losing of a senate seat, held for years by late Edward M. Kennedy barely a day before the president's one year anniversary in office, is also a wake up call for the administration.
Meanwhile, the Burmese military junta is planning to move ahead with the proposed 2010 general election, though neither electoral laws nor election date is announced. The National League for Democracy, main opposition party, is also undecided yet whether to participate or allowed to take part.
Though uncertainty still remains with Burma's political future, it is important that the U.S. government continues to engage. A meaningful dialogue between the military leader, Than Shwe, and the opposition leader, Aung San Suu Kyi, must be encouraged with an ultimate goal to paving the way for national reconciliation.
The U.S. should also continue to put pressure on the military generals to release political prisoners, and to address the country's more than half a century's old ethnic minority problems.
Because of the historical and ethno-political nature of Burma's conflicts, finding a resolution will require in-depth analysis, a systematic approach, and comprehensive remedial measures.
http://www.huffingtonpost.com/nehginpao-kipgen/a-review-of-us-one-year-p_b_436108.html
Wednesday, 27 January 2010
နှစ်ထောင့်ကိုး နှစ်ထောင့်တဆယ် တ၀ဲလည်လည်
မောင်ရစ်
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
၂၀၁၀ နှစ်ဆန်းမှာ အမေရိကန်ပြည်ကြီးခင်ဗျာ စီးပွားကျဆင်းမှုက ရုန်းထွက်နိုင်ပြီဟဲ့ … လို့ လက်ခမောင်းများ မခတ်နိုင်ရှာပါ။ အိုဘားမားအစိုးရ ကယ်တင်ရှင်ကြီးလုပ်လိုက်တဲ့ ဘဏ်တွေ၊ ငွေကြေးလုပ်ငန်းတွေကသာ အမြတ်တွေ တထောင်းထောင်းထလို့ စံပြအလုပ်သမားခေါင်းတွေကို ဘိုးနပ်ဆိုတဲ့ ဆုကြေး ဒေါ်လာ ဂဏန်း ၈ လုံး ( ×, 00, 000, 000 ) ပေးတော့မယ်ဆိုပြီး တဖောင်းဖောင်း လက်ခမောင်းသံ ထွက်လာပါတယ်။
ဗိုက်ဟောင်းလောင်းနဲ့ အလယ်အလတ် လူတန်းစားတွေမှာ ၂၀၁၀ ဇန်န၀ါရီအထိ အမွဲပုံကြီးထဲက မထနိုင်သော်ငြား၊ အကြွေးသံသရာဝဲသြဃထဲ တလည်လည် ဖြစ်နေသော်ငြား၊ အမေရိကန်အစိုးရကယ်တင်လိုက်တယ်ဆိုတဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေက စတော့ရှယ်ယာတွေ ထိုးတက်၊ အမြတ်တွေ ထွက်ဆိုတော့ အမေရိကန်ပြည်တွင်းမှာ အလုပ်အကိုင်တွေ တောင်ကျရေများ စီးသလို ပေါများကုန်လာပြီလား ဆိုတော့ “အင့်ဟင် …” အလုပ်အကိုင်တွေက ရှားဆဲ၊ အလုပ်လက်မဲ့နှုန်းက လူ သန်း ၃၀ ဖြစ်နေဆဲပါပဲ။
၂၀၀၉ ခုနှစ် အစပိုင်း ၆ လ မှာ လက်ဝဲဆန်တဲ့ ဒီမိုကရက်တွေက အမေရိကန်ပြည်ကြီးမှာ တိုးတက်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ် အမူအကျင့်တွေ အားကောင်းပြီ၊ ခေတ်ဆန်းပြီ၊ လက်ယာဆန်တဲ့ ရီပတ်ဘလီကန်တွေရဲ့ ရှေးရိုးဆန်တဲ့ သမရိုးကျ အတွေးအခေါ်တွေ၊ ထုံးတမ်းအစဉ်အလာတွေ အားကုန်လာပြီလို့ ဟေးလားဝါးလား လုပ်လို့မှ အားမရနိုင်သေးခင် ၂၀၀၉ နောက်ပိုင်း ၆ လမှာတော့ လက်ယာဆန်သူ ရီပတ်ဘလီကန်ပါတီကြီးဟာ စီးပွားပျက် မွဲတေနေသူ အလုပ်သမားလူတန်းစား၊ လူလတ်တန်းစားများရဲ့ ဒေါသအိုးကို ကျောခွစီး မောင်းနှင်ပြီး အမေရိကန်နိုင်ငံရေးရဲ့ ရှေ့တန်းကို ပြန်ရောက်လာပါတော့တယ်။
အလုပ်အကိုင်တွေ ရှား၊ အလုပ်လက်မဲ့တွေ များ၊ အကြွေးဆုံး၊ အိမ်ဆုံး၊ စီးပွားပျက်နေသူ အမေရိကန်လူများစုဟာ ၂၀၀၉ မှာမှ စီးပွားပျက်ကပ်ကြီးထဲ ပူပူနွေးနွေးအာဏာရလာသူ အိုဘားမားအစိုးရကြီးတခုလုံးကို ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့၊ အမေပုပ္ပားမယ်တော်တို့လို အထင်တွေ မှားပြီး ၀ လုံးတွေကနေ ရွှေဖြစ် ငွေဖြစ်လို့ စီးပွားပျက်ကပ်ကြီးထဲကနေ ၀ုန်းဆို မည်သို့လုပ်လိုက်သည်မသိ သားရွှေအိုးထမ်းပြီးသား သုဝဏသာမလို ဖြစ်လာတော့မလို မျှော်လင့်ချက်တောင်ပို့ကြီး ထားခဲ့ကြတာကြောင့် ၂၀၀၉ နှစ်ကုန်ချိန်မှာ မဲဆန္ဒရှင်လူထုရဲ့ ဒေါသူပုန်ကို ရင်ဆိုင်ရတော့တာ ဖြစ်ပါတယ်။
သို့သော်လည်း ၂၀၀၉ ခုနှစ်မှာ ထူးခြားတာကတော့ သာမန်ပြည်သူတွေဟာ သူတို့အစိုးရယန္တယားကို မျက်လုံးဒေါက်ထောက်ကြည့်မှုနှုန်း ပိုမြင့်မားလာပါတယ်။ ပြည်နယ်နဲ့ အစိုးရကြီးရဲ့ အမတ်တွေ၊ ဆီနိတ်တာတွေ၊ ဘတ်ဂျက်တွေ၊ ပေါ်လစီတွေ၊ အပြောနဲ့ အလုပ်တွေကို ပိုမိုပြီးတော့ မေးခွန်းတွေ ထုတ်၊ ဝေဖန်စမ်းစစ်မှုတွေ လုပ်လာကြပါတယ်။ အစိုးရတွေ ချမှတ်လိုက်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေကို နည်းလမ်းမျိုးစုံနဲ့ ပြန်လည် ထောက်ပြဆွေးနွေး ဆန္ဒပြုကြ၊ ဆန္ဒပြကြတာတွေ လုပ်လာတာကြောင့် ၂၀၀၉ ခုနှစ်တခုလုံး စာနယ်ဇင်းတွေပေါ်မှာ အရပ်သတင်း၊ မိုးလေ၀သတင်းထက် တိုင်းရေးပြည်ရေး သတင်းတွေ များလာတယ်လို့ သုံးသပ်ကြပါတယ်။
အဲသည်လို မဲဆန္ဒရှင်ပြည်သူတွေရဲ့ နိုးကြားမှုတွေ တက်ကြွလာတာနဲ့ တန်းတူဆိုသလိုပဲ နိုင်ငံကြီးတခုလုံးကို ကြိုးကိုင်နေတဲ့၊ ကြိုးဆွဲနေတဲ့၊ အဆုံးအဖြတ်ပေးနေတယ်ဆိုတဲ့ လက်ဝါးကြီးအုပ် လက်ယာ အာဏာသမားများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကလည်း မဲဆန္ဒရှင်တွေကို သူတို့ဖက်ကို ဆွဲဆောင် စည်းရုံး သိမ်းသွင်းဖို့ကို အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြ၊ ငွေကုန်ကြေးကျတွေ ခံလာကြတာကိုလည်း တွေ့ရပါတယ်။
ဆေးဝါးကုမ္ပဏီ၊ ကျန်းမာရေးအာမခံလုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်မားရေးဆိုင်ရာ အကျိုးဆောင်များကလည်း အိုဘားမားအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး စီမံကိန်းကို နည်းမျိုးစုံနဲ့ ဝေဖန်၊ တားမြစ်၊ အချိန်ဆွဲ၊ ပျက်ပြားသွားဖို့ နှစ်ဖက်သော လက်ဝဲ၊ လက်ယာပါတီဝင်များ၊ အမတ်များ၊ ဆီနိတ်တာများကို ပေးကမ်း စွန့်ကြဲ၊ မြို့ထဲ ရွာထဲက အသင်းအဖွဲ့များကို မြှောက်ပင့် သွေးထိုး အားပေးပြုလုပ်နဲ့ ဆောင်ရွက်ခဲ့ကြတယ်လို့ MSNBC လို လက်ဝဲဆန်တဲ့ သတင်းဌာနများက စွတ်စွဲကြသလို၊ လက်ယာဆန်တဲ့ Fox News Agency ကလည်း အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဆိုတာ ပြည်သူလူထုကို ဆေးထက်လေးစေတယ်လို့ အသံကုန်ဟစ်ပြီး ဆန့်ကျင်ခဲ့တာကို သာဓကအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ အဲသည်အတွက် အထက်ပါလုပ်ငန်းကြီးများက စာနယ်ဇင်းများပေါ်မှာ သုံးစွဲခဲ့တဲ့ ကြော်ငြာဖိုးက ဒေါ်လာသန်း ရာနဲ့ ချီပါသတဲ့။
မည်သို့ပင်ဖြစ်စေကာမူ ၂၀၁၀ မှာ အမေရိကန်ပြည်ကြီး အောင်မြင်မှု သရဖူပြန်ဆောင်းနိုင်ဖို့ကတော့ နှစ်ဖက်သော အာဏာရများ၊ အတိုက်အခံများ အားလုံးပေါ်မှာ မူတည်နေသလို၊ အရင်းမဲ့လူတန်းစားကြီးနဲ့ အရင်းရှင်လူတန်းစားလက်တဆုပ် - နှစ်ဖက်စလုံးပေါ်မှာ အားလုံး မူတည်နေတာကိုတော့ ၀န်ခံကြရပါလိမ့်မယ်။ “ဘယ်သူ့လက်ထဲ တိုင်းပြည်ပျက်ပျက် - ပျက်တဲ့တိုင်းပြည် ငါတို့အားလုံးရဲ့တိုင်းပြည် …” ဆိုတဲ့ အရေးကြီးတဲ့ ဆောင်ပုဒ်ကို အလေးဂရုပြုတဲ့ နိုင်ငံကြီးသားများဖြစ်တဲ့အညီ အိုဘားမားအစိုးရကလည်း ပညာဉာဏ် ဆင်ခြင်မှုအပြည့်နဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်သလို လူနည်းစု အတိုက်အခံပါတီ ရီပတ်ဘလီကန်များကလည်း အဆိုးဆုံးထဲက အကောင်းဆုံကို ၀ိုင်းပြုပြင်ကြလိမ့်မယ်ဆိုတာကို မျှော်လင့်မိပါတယ်။
၂၀၀၉ ကနေ ၂၀၁၀ ကို အကူး အထက်ပါ တွေးမိသမျှ အာဘော်ကို တင်ပြရင်းနဲ့ ကျနော်တို့ရဲ့ ရွှေပြည်တော် - ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အကြည့်ရွှေ့ပြောင်းလိုက်မိပြန်တော့ ပြုပြင်ကြဖို့၊ ပြောင်းလဲကြဖို့၊ ရင်ကြားစေ့ကြဖို့၊ လွှတ်တော်၊ ရုန်းတော် ဆိုပြီး ကုန်းအော်နေကြရတာက ကျနော်တို့တတွေရဲ့ ဒီမိုကရေစီဘက်တော်သား အတိုက်အခံများနဲ့ စာနယ်ဇင်းသမားတွေသာ ဖြစ်နေပြီးတော့၊ အလုံးစုံသော အာရုံကို ပိတ်၊ တုံဏိဘာဝေ၊ ဆိတ်ဆိတ်နေပြီး မောင်းတင်ထားတဲ့ သေနတ်ပြောင်းကို ပြည်သူဖက်လှည့်ထားတာကတော့ စစ်အစိုးရမင်းများနဲ့ စီးပွားဖက်၊ အာဏာဖက် အပေါင်းအပါ အသိုင်းအ၀ိုင်းများ ဖြစ်နေကြတာကို တွေ့ရတာမို့ တဆိပ်ကလေးမျှ အားရှိဖို့တောင် မဖြစ်မိကြောင်းပါ။
အနောက်ပြည်မှာကတော့ မဲဆန္ဒရှင်တွေကို ငွေနဲ့ပေါက်၊ ပညာနဲ့ပေါက်၊ အခွင့်အရေးတွေနဲ့ ပေါက်၊ သတင်းတွေနဲ့ ကြော်ငြာတွေနဲ့ ပေါက်ပြီး စည်းရုံးတယ်။ ကျနော်တို့ဆီမှာကတော့ ပေါက်စရာက တမျိုးတည်းပဲ ရှိတယ်ထင်ပါရဲ့။ မျက်ရည်ယိုဗုံးတို့၊ ကျည်ဆံတို့ …
ဘာပဲဖြစ်ဖြစ် - မင်္ဂလာနှစ်သစ် ဖြစ်ပါစေသတည်းပေါ့ …
http://moemaka.com/index.php?option=com_content&task=view&id=5777&Itemid=1

ရွေးကောက်ပွဲထက် အခြေခံဥပဒေပြင်ဆင်ရေးသာ အဓိက
၂၆ ဇန်န၀ါရီ ၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေညာချက်စာတမ်းပါ အခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အဓိက တောင်းဆိုချက် (၃) ရပ်ကို နအဖစစ်အစိုးရက အလွယ်တကူ လိုက်လျောမယ့်လက္ခဏာ ခုချိန်ထိ မပြသသေးပါဘူး။ သူတို့ကတော့ စစ်တပ်ထုံးစံအတိုင်း ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ် ဆိုတဲ့လမ်းကြောင်းကို ဆက်သွားမယ့်သဘောပါပဲ။
အန်အယ်လ်ဒီက တောင်းဆိုထားချက် (၃) ချက်ကို လိုက်လျောမယ်ဆိုရင်လည်း သူ့တို့အနေနဲ့ အခြေခံဥပဒေကို ပြင်ကိုပြင်ဆင်ရမယ့် အနေထားရောက်လာပါလိမ့်မယ်။ ဒီတော့ သူတို့ လိုက်လျောဖို့က ရာခိုင်နှုန်းမရှိသလောက် နည်းပါတယ်။ ဒီအခြေခံဥပဒေဟာ တကယ်တမ်းကျတော့ စစ်တပ်ကသာလျှင် အရာရာထိပ်မှာ နေမယ်ဆိုတာကို ပြဋ္ဌာန်းထားတဲ့ဥပဒေဆိုတာ အများသိဖြစ်ပါတယ်။
ဒီလို အဓိကကျတဲ့ အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေကို အသာလေးထားပြီးတော့ သူတို့အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်ရမယ်ဆိုပြီး နအဖက ကမ္ဘာ့အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါဝင် အားလုံးကို ထပ်မံလှည့်စားဖို့ ကြိုးစားနေပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲကိုသာ အာရုံစိုက် အဓိကထား ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကြုံတွေ့နေရတဲ့ ပြည်တွင်းပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့၊ ဒီမိုကရေစီစံတွေနဲ့မညီတဲ့၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ရေးဆွဲထားတဲ့ ဒီလို နအဖရဲ့ အခြေခံဥပဒေအရ ပြုလုပ်မယ့်ရွေးကောက်ပွဲကိုသာ ဘာကြောင့် အဓိကအကြောင်းရာအဖြစ် ဆွေးနွေးနေသလဲ။ ဘာကြောင့် ဒီရွေးကောက်ပွဲမှာ ရသလောက်အမတ်နေရာ ၀င်ယူ ပူးသတ်မယ်ဆိုတဲ့ အတွေးခေါ်မျိုးတွေ ရှိနေသလဲဆိုတာကို မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။
အန်အယ်လ်ဒီအပါအ၀င် အတိုက်ခံအင်အားစုတွေအနေနဲ့ အခြေခံဥပဒေဟာ မြန်မာပြည်သူတွေအတွက် ဘယ်လောက်ဆိုးဝါးမယ့် အကျိုးဆက်တွေ ပါတယ်၊ စစ်အစိုးရတရားဝင်ဖြစ်ရေးနဲ့ ဒီမိုကရေစီကို ပျက်ရယ်ပြုထားတဲ့ အခြေခံဥပဒေဖြစ်တယ်၊ လူ့အခွင့်အရေးကို အခြေခံဥပဒေထဲမှာ တရားဝင်ချိုးဖောက်ထားတယ် ဆိုတာတွေကို သိပါလျက်နဲ့ ထိထိရောက်ရောက် ပြောဆိုတင်ပြဖို့အတွက် မပြောရဲလေသလား၊ ပြောမထွက်လေသလား၊ ဒေါ်စုကနေ တပ်ချုပ်ကြီးကို ပေးထားတဲ့စာပေါ် မျှော်လင့်ပြီးတော့ပဲ နေလေသလား ဆိုတာကိုတော့ ဝေခွဲမရ ဖြစ်ရပါတယ်။ အန်အယ်လ်ဒီအနေနဲ့လည်း စဉ်းစားသင့်တာ စဉ်းစားပြီးတော့ ဘုံရပ်တည်ချက်တခုကို ဖော်ထုတ်ပြသရမယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကတော့ နအဖကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ မြန်မာပြည်သူတွေအတွက် မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်မဟုတ်ဘူး၊ နိုင်ငံရေး အဖြေရဖို့ဆို နအဖအနေနဲ့ ဒီမိုကရေစီအင်အားစုနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆိုတာထက် အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိကကျတဲ့အတွက် ပြည်သူတွေကို ထပ်မံနှိပ်စက်မယ့် ဒီနအဖရဲ့ အခြေခံဥပဒေကို အစဉ်တစိုက်ဆန့်ကျင်ကြဖို့လိုအပ်ကြောင်း သတိပေးတင်ပြအပ်ပါတယ်။
သုရင်သစ် (ရန်ကုန်)
http://www.khitpyaing.org/online/2010/January/26110.php

Subscribe to:
Posts (Atom)