Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday, 22 November 2010

There's Hope Again in Burma

Tyler Chapman
2010-11-19

Our correspondent found Burmese people realistic and hopeful after Suu Kyi's release

RFA/Tyler Chapman
Posters of Aung San Suu Kyi appeared on Rangoon's street two days before her release on Nov. 13, 2010

RANGOON—After 48 years under an oppressive and often brutal military dictatorship, the Burmese people know better than to think the release of Aung San Suu Kyi from house arrest is going to change their lives any time soon, if at all.

But now there’s a glimmer of hope that she may be willing to reconcile with the government and try to work together to improve peoples’ economic prospects.

One third of the country’s 55 million people are mired in grinding poverty, living a day-to-day existence. For many of the rest, it’s not much better.

“I’m going to work for national reconciliation,” Suu Kyi told her first news conference. “That is a very important thing. There is nobody I cannot talk to. I am prepared to talk with anyone. I have no personal grudge toward anybody.”

Hope

It was a message many here were hoping to hear, for it may have signified a departure from her steadfast resistance to compromise with a regime that annulled her election as the nation’s leader in 1990 and kept her under house arrest most of the time since.

An indicator of her new-found flexibility may be her decision, shortly before her release, to drop her long-held opposition to foreign tourists visiting, and bringing their money to, Burma. This after her National League for Democracy had refused to take part in Burma’s tainted Nov. 7 elections and urged people not to vote.

The regime is under no obligation to respond to Suu Kyi, but many Burmese are hoping it will.

“The government should approach her and offer her some kind of role,” a businessman told me. “This situation has to change. We need change. We need to move the country forward.”

Sanctions

Specifically, people in the streets want the West to lift economic sanctions against Burma, and they know it will happen only if Suu Kyi approves, such is her influence in Western capitals. It is one of her trump cards in dealing with the government.

“If people really want sanctions lifted, I will consider this,” she said at her news conference. “This is the time Burma needs help.”

The sanctions were imposed after Suu Kyi’s election was disallowed but have had no effect on the junta’s human rights policies or the plight of some 2,200 political prisoners. If anything, the sanctions left an economic vacuum that China has been more than happy to fill.

Lifting the sanctions would renew trade with the West, open the way for western aid and investment and, according to economists, boost employment in Burma and help it start catching up with its Southeast Asia neighbors. Right now, the average income in Burma is little more than a dollar a day.

What would entice Suu Kyi to acquiesce on sanctions is anyone’s guess. But the country’s newly elected civilian government, though dominated by former generals, may find a way to open a new chapter in relations with the daughter of the country’s revered founding father. The new government won’t take effect until early February.

No more orders

“As civilians, they will need to stop giving orders and listen to the people,” my businessman friend said.

“The government is in a no-win situation with Suu Kyi,” a political analyst told me. “It had to release her because there was no more reason to hold her. And if it arrests her again, there is bound to be trouble in the streets.”

The outpouring of support for Suu Kyi demonstrated her popularity is undiminished. Thousands packed the streets for her initial public appearances, many of them young people hoping she can force change for the better. Others flocked to satellite television to watch the images on the BBC and the outlawed Democratic Voice of Burma.

State-controlled Myanmar Television carried a brief announcement of Suu Kyi’s release, without pictures. But the New Light of Myanmar, the regime’s mouthpiece newspaper, said she was freed by police officials who told her “that they want the nation to be peaceful and tranquil in the future and that they stand ready to give her any help she needs.”

Whether the regime will try to confound her plans to travel around the country for town meetings is yet to be seen. She insisted before she was released that there could be no limits on her freedom of movement.

Massacre

In the back of her supporters’ minds is the “Depayin massacre,” on May 30, 2003, during Suu Kyi’s previous period of freedom. Her convoy and supporters were attacked by government-backed thugs during a countryside visit. As many as 70 were killed. Suu Kyi narrowly escaped unhurt in what her aides described as an assassination attempt.

Senior General Than Shwe, Burma’s dictator, has never shown a willingness to compromise with his opponents. Perhaps he will go along if the new civilian government suggests talking with Suu Kyi. But make no mistake: the army and its feared intelligence apparatus will still pull the strings.

“I hate to say this,” a friend close to the army told me. “But I don’t think anything will change until the top two generals (Than Shwe and Maung Aye) are dead.”

Than Shwe is 75. Maung Aye is 72.

Aung San Suu Kyi is 65.

TYLER CHAPMAN was in Burma witnessing the Nov. 7 general elections, the first in two decades, and during the subsequent release from house arrest of democracy icon Aung San Suu Kyi.

http://www.rfa.org/english/commentaries/suu-11192010163136.html

Yan Win (Taung Da Gar) – Kanchay zeyar oo

Posted by Ko Oo | 6:09 PM | Culture, Variety Article | 0 comments »



အလွမ်းမပြေတဲ့ ကမ်းခြေဇေယျာဦး
ရန်ဝင်း (တောင်တံခါး)
နိုဝင်ဘာ ၂၁၊ ၂၀၁၀

“ကြည်နူးမှုရဲ့အရိပ်ဝယ်
နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ
ကမ်းခြေဇေယျာဦးဝယ်
အလွမ်းတွေမပြေပါဘူးကွယ်”
ကမ်းခြေဇေယျာဦး၊ ကိုလှမိုး
မူလတေးသံရှင် ကိုခင်လတ်

အလွမ်းတွေမပြေတဲ့ ကမ်းခြေဇေယျာဦးကို တသက်တာ မမေ့နိုင်တော့ပါလေပြီ။ တန်ဆောင်မုန်းလ ရောက်ပြန်ပြီဆိုမှဖြင့် စစ်ကိုင်းတောင်နဲ့ ကမ်းခြေဇေယျာဦးကို ပိုလို့ သတိရ လွမ်းဆွတ်ရပြန်တော့တယ်။

Suu becomes national leader to hold 2nd Pin Lon Conference to form true federal union of Burma

Posted by MoeMaKa | 5:53 PM | Local News Headlines | 0 comments »
နိုဝင်ဘာ ၂၁၊ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများက ဦးဆောင်သူအဖြစ် အသိအမှတ်ပြု

ယမန်နေ့က ရန်ကုန်မြို့ သခင်သိန်းဖေအိမ်တွင်ပြုလုပ်သော ဝါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲကျင်းပရာ တက်ရောက်ကြသော ဝါရင့်နိုင်ငံရေးသမားကြီးများ၊ စီအာရ်ပီပီအဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများက ၎င်းတို့ စုဝေးလက်မှတ်ထိုးထားသော စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ရေး ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် သဘောတူကြောင်း စာတမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ပြီး ဒုတိယ ပင်လုံညီလာခံကြီး အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ကြောင်း အတည်ပြုမှုကို ထုတ်ဖော်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူပြီး အားလုံး၏ ဝိုင်းဝန်းဆောင်ရွက်မှုနှင့် ဆောင်ရွက်ကြမည်ဟု ပြောဆိုသည်။






လက်မှတ်ပေါင်း ၁၀၀ ကျော်ဖြင့် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် လက်မှတ်ရေးထိုးမှုကို ချင်းပြည်နယ် ကလေးမြို့တွင် ဇိုမီးတိုင်းရင်းသားနိုင်ငံရေးပါတီ ထူထောင်မှု ၂၂ နှစ်ပြည့် အခမ်းအနားတွင် စတင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ နိုင်ငံရေး အင်အားစု၊ အဖွဲ့အစည်းပေါင်း ၅၀ ကျော်က လက်ခံကြောင်း ထောက်ခံခဲ့သည်။ ယနေ့ အခမ်းအနားတွင် ဝါရင့် သက်ကြီး နိုင်ငံရေးသမား ဦးရေ ၂၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် လူကြီး၊ လူငယ် နိုင်ငံရေးမျိုးဆက်များက ကန်တော့ခဲ့ကြသည်။






(ဓာတ်ပုံများ၊ နို ၂၀၊ ၂၀၁၀၊ ရန်ကုန်။ ဝါရင့်နိုင်ငံရေး သက်ကြီးပူဇော်ပွဲ၊ (အင်တာနက်))

21st Nov 2010 - MoeMaKa Daily - part 1

တာရာဝေယံ
နိုဝင်ဘာ ၂၁၊ ၂၀၁၀


ဒေါ်အောင်ဆန်းစုကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြု
တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစုများက ဒုတိယပင်လုံ ကို အတည်ပြုကြ

မြန်မာဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီက ပါရမီလမ်းမှာ ရှိတဲ့ သခင်သိန်းဖေနေအိမ်မှာ ၀ါရင့်နိုင်ငံရေးသမားကြိးများကို ဂါရ၀ပြု တွေ့ဆုံကန်တော့ခဲ့ပါတယ်။



ဂါရ၀ပြု တွေ့ဆုံပွဲမှာ ဦးခင်မောင်ကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများကို တဦးချင်းစီ မိတ်ဆက်ခဲ့ပေးပြီး “အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ ဒီမိုကရေစီအင်အားစုများ” ရဲ့ “သက်ကြီးဝါရင့် နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြ မေတ္တာရပ်ခံချက်” ကို ဖတ်ကြားခဲ့ပါတယ်။




(ဖြိုးမင်းသိန်း၊ တိုက်ပုံနှင့်၊ အောက်ဆုံး၊ လက်ယာဒေါင့် ဓာတ်ပုံ)

ဗကသကျောင်းသားခေါင်းဆောင်၊ ၂၀၁၀ ရွေးကောက်ပွဲ ကျောခိုင်းခဲ့သူ၊ ကိုဖြိုးမင်းသိန်းက သက်ကြီးဝါရင့် နိုင်ငံရေးသမားများအား ကန်တော့ကြိုးကို ဖတ်ကြားခဲ့ပါတယ်။



အင်န်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဇိုမီးအမျိုးသားကွန်ဂရက် ၂၂ နှစ်မြော် မွေးနေ့ ကျင်းပစဉ်က တိုင်းရင်းသားအင်အားစုများ၊ အင်န်အယ်ဒီပါတီဝင်များ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအတွက် လိုအပ်နေဆဲဖြစ်တဲ့ ဒုတိယပင်လုံညီလာခံ ဆောင်ရွက်ရန်အတွက် ကလေးမြို့ကြေညာစာတမ်းပါ အချက်များ အတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း အားလုံးပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။


ဝါရင့်နိုင်ငံရေးသမားကြီးများကိုယ်စား သခင်သိန်းဖေက အမှာစကားပြောကြားခဲ့ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာမှာ
အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယပင်လုံညီလာခံ ဆောင်ရွက်နိုင်ရေးကို ဦးတည်ပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း” ကဗျာထဲကလို တော်လှန်ရေးသမားကြီးတယောက်ရဲ့ တော်လှန်ရေးအပေါ်မှာ ထားတဲ့သဘောထားမျိုး (သူရဲ့ နောက်ဆုံးအချိန်မှာ တော်လှန်ရေးကို ကိုယ်လုပ်ခဲ့တာတွေကို မပြောဘဲ၊ သူလုပ်နိုင်ခဲ့သလာက် လုပ်ခဲ့တာအတွက်၊ မပြီးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်တဲ့အတွက် ခွင့်လွှတ်ဖို့) ဆိုတဲ့ သဘောထားမျိုး ရှိဖို့ လိုကြောင်း ပြောကြားသွားပါတယ်။

(ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ)



စီအာရ်ပီပီ အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျဉ်ရှင်းခန်က ဒုတိယပင်လုံညီလာခံ သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းတာဝန်များကို ဒေါ်အောင်ဆန်းစုကြည်အား လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။



သခင်ချန်ထွန်း၊ သခင်သိန်းမောင်



နိုင်ငွေသိန်း၊ ဦးဝင်းတင်

သက်ကြီး ၀ါရင့် နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲမှာ လူကြီး ၂၈ ဦးကို ဖိတ်ကြားခဲ့ရာ အဝေးရောက်နဲ့ ကျန်းမာရေးကြောင့် မလာနိုင်သူ ၈ ဦး ရှိပါတယ်။ လူကြီး ၂၀ ဦး လာရောက်ခဲ့တာကို တွေ့ရပါတယ်။
တက်ရောက်ခဲ့ကြသူတွေထဲမှာ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်း၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်း၊ မြောင်းမြဘဆွေ၊ ဦးအုန်းမောင်၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးထွေးမြင့် အစရှိသူများ ဖြစ်ကြောင်း သိရပါတယ်။







သက်ကြီး ၀ါရင့် နိုင်ငံရေးသမားကြီးများ ပူဇော် ကန်တော့ပွဲအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအင်အားစု အသီးသီးက စုစည်း ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ မတက်ရောက်နိုင်တဲ့ လူကြီးများဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဆရာဒဂုန်တာရာတို့ထံ နိုင်ငံရေးအကျဉ်းသားများက လိုက်လံ ပို့ဆောင် ကန်တော့ကြမယ်လို့ သိရပါတယ်။





ဆရာဒုဂုန်တာရာက ပြောဆိုရာမှာ …
“ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မယ့် ဒုတိယအကြိမ်ပင်လုံညီလာခံကို ကျနော်က သဘောတူတယ်။ နိုင်ငံအတွက် ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆောင်ရွက်တာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရဖို့ဆိုတာ ညီညွတ်ရေး ရှိမှ ဖြစ်တာ။ ညီညွတ်ရေး ရရှိဖို့ ဆောင်ရွက်တာဟာ နိုင်ငံအတွက် ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတာ ဖြစ်တယ်” လို့ ပြောလိုက်ပါတယ်။


သည်နေရာမှာ အခမ်းအနားမှာ ဖတ်ခဲ့ကြတဲ့ မေတ္တာရပ်ခံစာနဲ့ ကန်တော့ကြိုး၊ ကဗျာ စသည်တို့ကို သည်နေရာမှာ ကြည့်နိုင်ပါပြီ။
(ဓာတ်ပုံများ၊ နို ၂၀၊ ၂၀၁၀၊ ရန်ကုန်၊ ပါရမီ၊ သခင်သိန်းဖေ နေအိမ်၊ သက်ကြီးပူဇော်ပွဲ (တာရာဝေယံ))

21st Nov 2010 - MoeMaKa Daily - part 2

မိုးမခ
နိုဝင်ဘာ ၂၀၊ ၂၀၁၀
သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ဆူးညှောင့်ခလုတ်တွေလား

ဒီတရက်မှာ သတင်းစာဆရာကြီးနဲ့ ဆက်ပြီး စကားပြောဖြစ်တယ်။ မြန်မာပြည်တွင်းမှာ လက်ကိုင်ဖုန်းတွေ သက္ကရာဇ် ၂၀၀၀ အကျော်မှာ အတော် ပေါများလာတယ်။ အင်တာနက်တွေ မပွင့်တပွင့် ဖြစ်လာတယ်။ အဲသည်တုန်းက လက်ဝါးကြီးအုပ်ထားတယ် ဆိုတဲ့ ဗိုလ်နေ၀င်းမိသားစုတွေကို စစ်ဗိုလ်ချုပ်တွေက ဖယ်ရှားလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုတို့ဟာ အကျယ်ချုပ်ချထားစဉ်မှာ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ကြတယ် ဆိုတာမျိုးတွေကို ပြည်သူတွေက မီဒီယာများကတဆင့် သဲ့သဲ့ကြားနေရပြီး အသေးစိတ်တော့ ပြည်သူတွေက မသိခဲ့ကြရဘူး။

ကဲ … ၂၁ ရာစုအ၀င်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးရေချိန်ကို ပြောပြပါလား ဆရာ။
၂၁ ရာစုအ၀င်မှာတော့ အချို့သောပြည်သူတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဝေးကွာသွားတဲ့ သဘောရှိပါတယ်။ နိုင်ငံရေးနိုးကြားမှုတွေ အေးစက်နေတဲ့ကာလလို့ ပြောရင်တောင် ရမယ်။ ဒေါ်စုနဲ့ အင်န်အယ်ဒီတို့ရဲ့ စစ်အစိုးရနဲ့ကြား တွေ့ဆုံဆွေးနွေးကြတာတွေ၊ ဥပဒေကြောင်းအရ ရွေးကောက်ပွဲရလဒ်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာတွေဟာ သာမန်လူတွေအတွက် အသေးစိတ်နားလည်သိရှိမှုတွေ မရနိုင်တဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။ သာမန်ပြည်သူတွေအဖို့ ကြောက်ရွံစိုးရိမ်မှုတွေ ရှိနေတယ်။ ပြီးတော့ အဲသည်တုံးက နိုင်ငံရေး လှုပ်ရှားလာမှုတွေကို ဥာဏ်မမီကြဘူး ဆိုပြီး ကြည့်နေရတဲ့ သဘောလို့ ပြောရမယ် ထင်ပါတယ်။

အဲသည်အချိန်တုန်းက တချို့ဖြစ်ရပ်တွေ မီးမောင်းထိုးပြပါလား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမွေဆိုင်အဖြစ် အောင်ဆန်းဦးတို့ လင်မယားက တရားစွဲတယ်။ အဲသည်တုန်းက အတွင်းရေးမှုး ၂ နဲ့ စစ်ဗိုလ်ချုပ်အချို့ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးတယ်။ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသား၊ တပ်မတော်နဲ့ ဒေါ်စုဦးဆောင်တဲ့ အင်န်အယ်ဒီတို့ ၃ ပွင့်ဆိုင် ဆွေးနွေးသင့်တယ်ဆိုတာတွေ ပြည်တွင်း ပြည်ပမှာ ပြောလာကြတယ်။ တပ်မတော်ကို လုပ်ကြံတယ်ဆိုပြီးတော့ ဦးနေ၀င်းရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ် လျို့ဝှက်ဆွေးနွေးပွဲတွေ လုပ်နေသော်လည်း ထူးခြားတဲ့ ပွင့်လင်းမှုတွေကို လူထုက မမြင်ကြရဘူး။ မြန်မာပြည်ရဲ့ တပါတီအာဏာရှင်ကြီး ဦးနေ၀င်း ဆုံးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တယ်။ အဲသည်လိုမျိုး ၂၀၀၁ ကနေ ၂၀၀၂ အတွင်းကို ပြောရမယ် ထင်ပါတယ်။

၂၀၀၃ မေလမှာ မြန်မာပြည်အနှံ့ကို စည်းရုံးရေးခရီးစဉ်တွေ ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံပေးနေတဲ့ အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။ မြန်မာပြည်သူတွေအားလုံးကော၊ နိုင်ငံတကာက လူထုတရပ်လုံး အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ပြည်တွင်းမှာ သတင်းမှောင်ချထားပြီး အကြီးအကျယ်ဖိနှိပ်ချုပ်ချယ်ထားလို့ သတင်းတွေ ဖြစ်ရပ်မှန်တွေကို လူတွေက မသိကြရဘူး။ ပြည်ပမှာလည်း အခုလိုလုပ်ကြံမှုကြီးကို ဖော်ထုတ်အရေးယူနိုင်ဖို့လည်း ဖြစ်မလာခဲ့ဘူး။ အများက မျှော်လင့်နေတဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်တွေဆီကလည်း ပွင့်လင်းတဲ့ ထုတ်ဖော်ပြောဆိုမှုတွေ မရခဲ့ကြဘူးလို့ ထင်ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဘာဖြစ်လာသလဲ။
၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံ ပြန်တက်ဖို့ကို စစ်အစိုးရနဲ့ အင်န်အယ်ဒီကြားထဲမှာ ပြန်ညှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သဘောတူတယ်။ အဲသည်တော့ ဗိုလ်ခင်ညွန့်နဲ့ ညှိနှိုင်းတာမှာ အောင်မြင်သွားတယ်။ အင်န်အယ်ဒီဖက်က လူရွေးပြီးသွားပြီလို့ သိရတယ်။ သို့သော် ဗိုလ်သန်းရွှေက အဲဒီကောင်တွေ မမြင်ချင်ဘူးကွာလို့ ပြောလိုက်တာ။ အဲသည်မှာ အောက်ကလူတွေက အင်န်အယ်ဒီမလာပါနဲ့လို့ ပြောရတော့တာပဲ။ သိပ်မကြာပါဘူး။ ဗိုလ်ခင်ညွန့်လည်း ရာထူးက ဖယ်ရှားခံရတော့တာပဲ။
အမျိုးသားညီလာခံကို တက်ဖို့ ညှိတဲ့နေရာမှာ အင်န်အယ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေကို ပါ လိုက်လံညှိနှိုင်းခဲ့တာ ဖြစ်တယ်လို့ သိရတယ်။ အင်န်အယ်ဒီက အထုတ်ခံထားရတဲ့ အမတ်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အမတ်တွေဆိုတာက လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အမတ်တွေကိုယ်တိုင်ကလည်း အလေးအနက်ထားကြတယ်လို့ သိရတယ်။ သို့သော်လည်း အမတ်တွေကလည်း တညီတညွတ်တည်းပဲ ပါတီက ကိုယ်စားလှယ်အဖြစ် ရွေးပေးလို့ အမျိုးသားညီလာခံကို တက်ကြရတာမျိုး လိုလားတယ်လို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုတယ်။ အဲသည်လိုမျိုး နိုင်ငံရေးအခြေအနေတရပ် ဖြစ်ပေါ်လာမယ်လို့ ဖြစ်လာစဉ်မှာပဲ ဗိုလ်သန်းရွှေက ဒီကောင်တွေ မမြင်ချင်ဘူးလို့ ပြောလိုက်တာမှာ ပျက်ပြယ်သွားတာပဲ။

အဲသည်နောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ လူကြီးတွေ၊ လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုက ပြန်လည် ပေါ်ပေါက်လာတယ်လို့ ထင်ပါတယ်။ အဲသည်မှာ လူထုတွေရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တယောက်တလက် နိုင်ငံရေးအလုပ်တွေ၊ လူမှုရေးအလုပ်တွေ လုပ်ကြဖို့ စိတ်တွေ ဖြစ်လာတယ်။ အဲသည်ကို ဦးတည်လာကြတယ်လို့ မြင်မိတယ်။ ဘယ်လို ပြောချင်သလဲ။

ဒေါ်စုမပါဘဲနဲ့ နိုင်ငံရေးလုပ်ရမယ်၊ အပြောင်းအလဲတွေ လုပ်ရမယ်ဆိုတဲ့ အင်အားစုတွေ၊ အတွေးအမြင်တွေကတော့ လူတစုမှာ၊ လူတချို့မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ သူတို့တတွေက ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ဒီအတွေးအမြင်ကို သွေးတိုးစမ်းတယ်။ ထုတ်ဖော်ပြောဆိုတယ်။ လူထု အများစုကြီးက ဒေါ်စုမပါဘဲနဲ့ လုပ်ကြမယ်ဆိုတဲ့ နိုင်ငံရေးအတွေးအမြင် မရှိဘူးလို့ ဆိုရမယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ခံထားရချိန်မှာ၊ သူတို့ကို တိုက်ရိုက်ဦးဆောင်မှု မပေးနိုင်ချိန်မှာ လူကြီး လူငယ် နိုင်ငံရေးလှုပ်ရှားသူတွေက၊ တက်ကြွလာသူတွေကိုယ်တိုင်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တယောက်တလက်နိုင်ငံရေး ဆိုလို့ ပြောနိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။

၂၀၀၄ နဲ့ ၂၀၀၅ နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတယ်။ သူတို့တတွေက ၈၈ မျိုးဆက်ကျောင်းသားများဆိုတဲ့ အစုအဖွဲ့နဲ့ လှုပ်ရှားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတွေကို တောင်းဆိုတယ်။ နောက်တော့ လှုပ်ရှားမှုတွေဟာ အင်န်အယ်ဒီပါတီက လူငယ်တွေနဲ့ လက်တွဲပြီး လှုပ်ရှားမှုတွေ ဖြစ်လာတယ် လို့ မြင်ပါတယ်။ အဲသည်လိုမျိုး စုဖွဲ့မှုတွေဟာ စစ်အစိုးရရဲ့ သဘောထား တင်းမာမှု၊ ရန်လိုမှုတွေနဲ့ပဲ ရင်ဆိုင်ရတယ်လို့ ထင်ပါတယ်။ ဥပမာ အာဇာနည်နေ့ အလေးပြုဖို့ သွားရောက်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေက တားမြစ်တာတွေ၊ စသည်ဖြင့် …

ဟုတ်ပါတယ်။ အဲသည်တုန်းက အမှတ်ရတာလေး တခုပြောရရင်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေကို အတိုက်အခံနိုင်ငံရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ဆွေးနွေးပေးနိုင်တဲ့ အင်အားစုအဖြစ် ရပ်တည်ပေးကြပါလားလို့ အကြံဥဏ်ပေးကြတာမျိုးတွေ ကြားရတယ်။ စစ်အုပ်စုနဲ့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်စုဦးဆောင်တဲ့ နို်င်ငံရေး အင်အားစုတွေ ကြားထဲမှာပေါ့နော်။ ဒါပေမယ့် ၈၈ မျိုးဆက် ကျောင်းသားတွေကိုယ်တိုင်လည်း ၂၀၀၇ သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ နိုင်ငံရေးလှုပ်ရှားမှုထဲကို ၀င်ရောက်လာကြတော့တာပဲ။
အဲသည်မှာ နောက်ထပ် အမှတ်ရတာတခုပြောရရင် ၁၉၈၉ မှာ မင်းကိုနိုင်တို့ အင်းစိန်ထောင်ထဲမှာ ရှိနေတုန်းက ၈၈မျိုးဆက် ကျောင်းသားတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေးတော်ပုံရဲ့ ရဲဘော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေလို သဘောထားတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အခု ၁၀ စုနှစ် အကျော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်တဦးအဖြစ် သူတို့ ၈၈မျိုးဆက်တွေက သဘောထားလိုက်ကြတယ်။ အင်န်အယ်ဒီလူငယ်တွေနဲ့ အတူ လက်ချင်းချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ တီရှပ်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေက စစ်အစိုးရကို ရင်ဆိုင်နေရတာကို တွေ့ကြရတယ် လို့ ပြောချင်ပါတယ်။
နောက် အမှတ်ရတာတွေ ပြောရရင် ခုနင်ကပြောတဲ့ တယောက်တလက်နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ဖြူဖြူသင်းတို့က အေအိုင်ဒီအက်စ်၊ အိပ်ခ်ျအိုင်ဗီ လူနာတွေ စောင့်ရှောက်မှု၊ မစုစုနွေးတို့ရဲ့ အဓမ္မလုပ်အားပေးအမှုတွေကို ထုတ်ဖော်တွန်းလှန်မှုတွေ၊ မသန်းမြင့်အောင်တို့ စာပေအနုပညာရှင်တွေရဲ့ လူမှုရေးလုပ်ငန်းတွေ၊ တကိုယ်တော် ဆန္ဒပြတဲ့သူတွေ၊ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးအေးမြင့်၊ ဦးမြင့်အေးတို့က လူ့အခွင့်အရေးဆိုင်ရာ အမှုအခင်းတွေ ရင်ဆိုင် ထုတ်ဖော်လာတာတွေ ရှိလာတယ်။ မီဒီယာတွေမှာ အထူးသဖြင့် ပြည်ပရေဒီယိုတွေမှာ ပြည်တွင်းကနေပြီး အစိုးရကို ပြန်ဝေဖန်တဲ့သူတွေ ရှိလာတယ်။ လူထုဒေါ်အမာတို့လို လူထုဦးစိန်ဝင်းတို့ကိုယ်တိုင်က မြန်မာပြည်အရေးကို ပြောဆိုမှုတွေ အများကြီးပဲ။ နောက်တော့ ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်လို့ဆိုပြီး အပိတ်ခံရတယ်။ ဒါတွေဟာ တယောက်တလက်နိုင်ငံရေးလှုပ်ရှားမှုတွေ လို့ ပြောရမယ် ထင်တယ်။ အော် နောက်ပြီးတော့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း လှုပ်ရှားမှုတွေလည်း လူငယ်တွေက စိတ်ဝင်စားကြတယ်ဗျ။

ဟုတ်ကဲ့ပါဆရာ။ နောက်တခု ထပ်ပြောချင်တာက အင်တာနက်ဆက်သွယ်ရေးက မွေးဖွားလိုက်တဲ့ လှိုင်းသစ်ပေါ့နော်။ ဘလော့ဂ်တွေ၊ ဇော်ဂျီဖောင့်နဲ့ အင်တာနက်မှာ တိုက်ရိုက် မြန်မာလို ရေးသားလာကြတာတွေက အစပျိုးနေပြီလေ။ ၂၀၀၇ မတိုင်ခင်ကတည်းက လူငယ်တွေကိုယ်တိုင်က သူုတို့ ခံစားချက်တွေ အတွေးအမြင်တွေကို လွတ်လပ်စွာ ဖော်ထုတ် တင်ပြတာတွေ၊ ဆွေးနွေး ငြင်းခုံကြတာတွေ ရှိလာနေပြီလို့ ပြောလို့ ရမယ် ထင်တယ် ဆရာ။

ဟုတ်တယ်။ ခင်ဗျားတို့ ၂၀၀၇ မှာ ရွှေဝါရောင် တော်လှန်ရေးဖြစ်လာတာကို ခင်ဗျားတို့ မျှော်လင့်ထားသလား။ ဆူးလေးဘုရားလမ်းမကြီးမှာ သံဃာတော်တွေက မေတ္တာသုတ်တွေ ရွတ်ဆိုပြီး ကြွချီလာကြတယ်။ မျိုးဆက်သစ်လူငယ်တွေက ဘေးကနေ လက်တွေ စီတန်း ချိတ်လို့ လိုက်ပါလာတာဗျာ။ ကျနော်တို့မှာ ကြက်သီးတွေ တဖြန်းဖြန်းထတယ်။ ရင်ထဲမှာ တုန်လိုက်တာလေ။ မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းမယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့မယ်၊ ညီညွတ်ကြတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အရမ်းကို မြင့်မားလာခဲ့တယ်လေ။
ဒါပေမယ့် ကျနော်တို့ မျက်စိရှေ့မှာ ဂျပန်သတင်းထောက် ကို စစ်အုပ်စုက ပစ်သတ်လိုက်တယ်။ သတင်းတွေကလည်း ဘယ်လောက်မြန်သလဲဆိုရင် ကျနော်တို့က ရန်ကုန်မှာ မျက်ဝါးထင်ထင် တွေ့နေရသလိုမျိုး အင်တာနက်မှာ သတင်းတွေ တက်နေပြီ။ မြန်မာပြည်အနှံ့ကလူတွေက အယ်ဂျာဇီးရားက သတင်းတွေကို ကြည့်နေရပြီ။
ဒါပေမယ့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ချေမှုန်းခဲ့သလိုမျိုးပဲ၊ အခုပေါ်ထွက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးက အင်အားစုတွေ၊ လှုပ်ရှားမှုတွေကို ချေမှုန်းခဲ့တာ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ ပြောချင်တာ တခုက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင်းဆိုနေတာတွေက တိုင်းပြည်ကို ပျက်စီးစေတဲ့ ဆူးညှောင့်ခလုပ်တွေမို့လို့ စစ်အုပ်စုက ဖယ်ရှားပစ်လိုက်တာလားလို့ မေးချင်စရာဖြစ်လာတယ်။

တကယ်တမ်းကတော့ ဆရာရယ်၊ ကျနော်တို့မြင်တာကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေကို အဲသည်တုန်းက စစ်အုပ်စုက သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ ဖမ်းတယ်။ စုစုနွေးတို့၊ ကိုထင်ကျော်တို့လူတွေကို ဖမ်းတယ်။ စက်တင်ဘာ ရွှေဝါရောင်မှာ ဘုန်းကြီးကျောင်းတွေကို စီး၊ သံဃာတွေကို နှင်ထုတ်၊ ရွှေဝါရောင်အရေးအခင်းကြောင့် လူတွေ၊ သံဃာတွေဟာ တိုင်းတပါးအထိ ထွက်ပြေးကြရတယ်။ ကိုကျော်သူတို့၊ ဖြူဖြူသင်းတို့၊ သန်းမြင့်အောင်တို့ကို ရန်ရှာတယ်။ ပိတ်ဆို့တယ်။ ကိုဇာဂနာကို တွေ့ဆုံဆွေးနွေးတယ် ဆိုပြီး ခေါ်ယူ ထိန်းသိမ်းလိုက်တယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ၊ လူငယ်တွေ၊ ဘုန်းကြီးတွေကို ၂၀၀၈ မှာ ထောင်ဒဏ် နှစ် ရှည်တွေ ချတယ်။ ဒါတွေကို ပြောမယ်ဆိုရင် ဆုံးမယ် မထင်ပါဘူး။ ဒါပေမယ့် အဲသည်မှာ တယောက်တလက် နိုင်ငံရေးက တကယ်တန်းမှာ ဘယ်ကိုပဲ လမ်းကို ဦးတည်သလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုပဲ အားလုံးရဲ့ အာရုံက ပြန်ရောက်သွားတယ် မဟုတ်လား ဆရာ။ နိုင်ငံရဲ့ အဖြေဟာ နိုင်ငံရေးအကြပ်အတည်းရဲ့ ထွက်ပေါက်က ဒေါ်အောင်ဆန်းစုကြည် ပတ်သက်မှုကိုပဲ ပြန်ဦးတည်တယ် မဟုတ်လား။

၂၀၀၇ မျိုးဆက်တွေကို အမှတ်ရတာ ပြောရရင် သူတို့ဟာ အသက် ၂၀ နဲ့ ၃၀ ကြား ကလေးတွေ၊ လူငယ်လေးတွေ ဖြစ်တယ်။ ၈၈ အရေးအခင်းတုန်းက သူတို့က မွေးခါစ၊ သို့မဟုတ် ငယ်ငယ်ပဲ ရှိဦးမယ်။ သူတို့မျိုးဆက်က သံဃာ့အရေးအခင်းမှာ ပထမဦးဆုံး သံဃာတွေကို လက်ဆင့်ကမ်းချိတ်ပြီး ချီတက်လာတယ်။ ဒါဟာ စစ်အစိုးရကို သူတို့အနေနဲ့ ပထမဦးဆုံး ဆန့်ကျင်ကန့်ကွက်တဲ့ အတွေ့အကြုံပဲ။ ဒါပေမယ့် သူတို့ ဘာဆက်လုပ်ရမှန်းမသိဘူး။ ဘာဆက်လုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းက အချင်းချင်းကြားမှာ မေးကြတယ်။ ပြည်ပက အဆက်အသွယ်တွေကိုလည်း မေးမြန်းကြတယ်။ သူတို့အသိုင်းအ၀ိုင်းမှာ တကယ်တန်းကျတော့ ဒီကနေ ဘယ်ဆက်လုပ်ရမယ် ဆိုတာက အဖြေမရှိဘူး။
အဲသည်မှာ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ဘာမှ ပတ်သက်လာတာမျိုး မရှိဘူးလေ။ ဒီတော့ နောက်ဆုံးမှာ ချီတက်ကြရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတဲ့ အိမ်ကို သံဃာတော်တွေ၊ လူငယ်တွေ ရောက်သွားတယ်။ အဲဒါဟာ ရွှေဝါရောင်အရေးတော်ပုံရဲ့ ထွက်ပေါက်ဆိုတာရဲ့ နမိတ်ပုံပဲ လို့ ပြောကြရမယ်။
ဒီလိုနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ နိုင်ငံတကာအလယ်မှာ ဖြေရှင်းရဖို့ ဖြစ်လာတော့ ပြည်သူတွေ ကိုယ်တိုင်က၊ ဒေါ်အောင်ဆန်းစုကြည်ဆီကို သံဃာတော်တွေနဲ့ ရွှေဝါရောင်တုန်းက ချီတက်ခဲ့သလိုမျိုး၊ နိုင်ငံတကာက ဒီအရေးအခင်းမှာ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့က ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်ခဲ့တာကို တွေ့ရပါတယ်။ စစ်အုပ်စုက ဗိုလ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်တယ်။ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ပေးတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို နိုင်ငံတကာကို ထပ်ဆင့် ဖြန့်ချိတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဒေါ်စုက မြန်မာပြည်အရေးကို ဖြေရှင်းဖို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိလာတယ်လေ။
ဒါပေမယ့် ဒေါ်စုဟာ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် အဖြေရှာနိုင်ဖို့ လိုအပ်ချက်ဖြစ်တယ်။ ဆူးညှောင့်ခလုတ်မဟုတ်ဘူးဆိုတာ အဲသည်မှာ ပေါ်လွင်လာတယ်လို့ ပြောချင်ပါတယ်။
ကဲ … ဒီမှာ ခဏ နားကြပါစို့ဗျာ။ ကျနော်တို့ ရန်ကုန်မှာက ဖုံးတွေကို အကြာကြီး ဒါမျိုး ပြောလို့ သိပ်ကောင်းတာ မဟုတ်ဘူး။

Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

___________________________________________________________
You're receiving this Newsletter because you have subscribed
to the Newsletter Service at http://moemaka.com.
To unsubscribe please click here: http://moemaka.com/index.php?option=com_letterman&task=unsubscribe&Itemid=1

E-mail: moncrate@gmail.com



--
Myo Thein
Director
Burma Democratic Concern (BDC)
myothein19@gmail.com
myothein@bdcburma.org
+44 208 493 9137
+44 787 788 2386
Skype: myo.thein19
Gtalk: myothein19

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း



“ကျွန်မတို့တိုင်းရင်းသားတွေဟာ ကျွန်မတို့ရဲ့
လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ပြရမယ်။ ကျွန်မတယောက်တည်း
ကျွန်မသဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။ အခုဒီမှာ ရောက်နေတာက
မျိုးဆက်တွေကလည်းစုံတယ်။

လူကြီးတွေ၊ အခုလာပြီးပြောနေတဲ့ ဘဘတို့ ရဲ့ မျိုးဆက်တွေ၊
ကျွန်မတို့ရဲ့မျိုးဆက်တွေ၊ ကျွန်မတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈
ထက်ငယ်တဲ့ လူငယ်တွေ၊ မျိုးဆက်တွေ၊ ဒီမျိုးဆက်တွေ၊ မျိုးဆက်တွေက
ဒီတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားရမယ်။ ညီလာခံတခုထက် အရေးကြီးတာက
စိတ်ဓာတ်ပဲ။

ကျွန်မတို့က ပင်လုံစိတ်ဓာတ်ကို ဆက်ပြီးရှင်သန်အောင်လုပ်သွားဖို့က
နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီလာခံတခုနဲ့
ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့
ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီး ကျွန်မတို့နိုင်ငံအတွက်
ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက် တခုနဲ့
မပြီးသွားဘူး။

မျိုးဆက်တွေ၊ မျိုးဆက်တွေ ဆက်ပြီးတော့လုပ်ရဦးမယ်။
တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့လုပ်ရမယ်။ အခုဒီလို
ဝါရင့်နိုင်ငံရေးသမားကြီးတွေ ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စတွေအတွက်
ဆုံဆည်းပြီးလုပ်ကြတာ အင်မတန်မှ သင့်တော်တယ်လို့ ကျွန်မထင်တယ်။
တစ်နည်းအားဖြင့် ဆိုလို့ရှိရင် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊
လူကြီးများက ကျွန်မတို့ကို လက်ဆင့်ကမ်းပြီး တာဝန်ပေးလိုက်တဲ့သဘောပဲ။

အဲဒီတော့ ကျွန်မတို့ကလည်း အခုထက်တောင်ပိုပြီး လုပ်ဆောင်ရမှာပေါ့။
ကျွန်မတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွား
ရမယ်။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိဘူး။ နိုင်ငံရေးဆိုတာ
လူတိုင်း ဘယ်သူနဲ့မှလည်း ကင်းတယ်လို့ မရှိဘူး။ ဘယ်တော့မှ
ပြီးဆုံးသွားတယ်လို့လည်း မရှိဘူး။

ဒုတိယပင်လုံလို့ပဲပြောပြော ကျွန်မ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁
ရာစုနှစ်အမြင်တွေနဲ့လည်းကိုက်အောင်၊ ၂၁ ရာစုမှာ ရမယ့်အခွင့်အရေးတွေ၊
လုပ်ပုံလုပ်နည်း၊ လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျွန်မက
လုပ်လိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆိုတဲ့စကားကို
ဖယ်ရှားတဲ့သဘောလည်းမဟုတ်ပါဘူး။ ထပ်ပြီး တော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့
မြင်စေချင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ တကယ့် ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ လူတိုင်းမှာ
တာဝန်ရှိပါတယ်။ ဟုတ်တာတော့ ကျွန်မက ပြောရမှာပဲ။ ကျွန်မက ဗမာဆိုတော့
ဒီလိုအခြေအနေမှာ ပြောလို့မကောင်းပါဘူး။ လူများစု ဖြစ်တဲ့ ဗမာတွေက
ပိုပြီးတော့ကြိုးစားရမယ်။ ငါတို့က လူများစုဆိုတာ အခွင့်အရေးယူဖို့
မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲသလိုပဲမြင်ပါတယ်။ ကိုယ့်မှာ
အင်အားပိုပြီးတော့များ လို့ရှိရင် တာဝန်ပိုပြီးတော့ ယူရမယ်။
အခွင့်အရေးကို လျှော့ပြီးတော့ယူရမယ်။

ဒါမှ လူ့သိက္ခာနဲ့ညီတဲ့ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေ
ဖြစ်နိုင်မှာပါ။ တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆိုတဲ့အခါမှာ
ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း ” ဆိုတဲ့ ကဗျာပေါ်အခြေခံပြီးတော့
ပြောချင်တယ်။ တော်လှန်ရေးသမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင်၊
နောက်ဆုံးစွန်းတိုင်၊ အဲဒီကဗျာကို ဖတ်ဖူးတဲ့သူတွေ ၊ မှတ်မိတဲ့သူတွေ
သိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားကြီးက တော်လှန်ရေးမပြီးခင်
ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်၊ အားနာပါတယ်၊ လမ်းဆုံး ကို
သူမမီ တော့ဘူး။ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိုတာ
ပြောမယ့်အစား ကိုယ်ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို
မကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန် ပါတယ်ဆိုတဲ့
စိတ်ဓာတ်အားလုံးမှာ ရှိရမယ်။ အဲဒီလို စိတ်ဓာတ်မျိုးနဲ့လုပ်သွားရမယ်။

အခုဆိုရင် ကမ္ဘာကြီးမှာ နောက်ဆုံးတော်လှန်ရေးကို IT တော်လှန်ရေးပေါ့နော်၊
ဒီလို သူတို့ ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့။ အရင်တုန်းက စက်မှု
တော်လှန်ရေးလည်း ရှိခဲ့ တယ်။ တော်လှန်ရေးအမျိုးမျိုးရှိခဲ့တယ်။
တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။
အဲဒီလို အပြောင်းအလဲတွေက ကျွန်မတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။
ကျွန်မတို့အားလုံးမှာ တော်လှန်ရေးစိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကို
ပြောတာပဲ။ ခေတ်နဲ့အညီ ကိုယ်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး
ထမ်းဆောင်သွားချင်တဲ့စိတ်ပဲ။

အခု ကျွန်မတို့က ခေတ်နဲ့အညီ ပြည်ထောင်စုစိတ်ဓာတ်တွေ ကို ဘယ်တော့မဆို
ခိုင်မြဲသထက် ပိုပြီးတော့ ခိုင်မြဲအောင်လုပ်သွားရမှာ၊
အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ပင်လုံညီလာခံ၊
ဒုတိယပင်လုံညီလာခံ ခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာမျိုးမဟုတ်ဘူး။
ပင်လုံညီလာခံကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို အကောင် အထည်ဖော်ရမယ်၊ ဆက်ပြီး
ဆက်ပြီးတော့ ပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာအောင်၊ ပိုပြီးတော့
ကျယ်ပြန့်လို့ ကြိုးစားသွားရမယ်၊ ကျွန်ခပ်တိုတိုပဲပြောပါရစေ။

ပေးလိုက်တဲ့ တာဝန်တွေ၊ အခုပေးတဲ့တာဝန်တွေကို ကျေပွန်အောင်ကြိုးစားပါ့မယ်။
ဒီလိုကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ အကူအညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။
သဘောမတူရင်လည်း သဘောမတူဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့
သဘောမတူတာလဲ၊ ကျွန်မလုပ်ပုံကိုင်ပုံတွေကို သဘောမတူတာလား၊ ဘာဖြစ်လို့
သဘောမတူတာလဲ ဆိုတာကို ပြောကြပါ။ ကျွန်မက အဲဒီ ဘာဖြစ်လို့ ဆိုတဲ့မေးခွန်းက
အင်မတန်အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။
ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ
အကြောင်းအချက် ခိုင်ခိုင်မာမာရှိရမယ်။ အဲဒီတော့မှ တဘက်က နားလည်နိုင်မယ်။
ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာ သဘောပေါက်မယ်။

ဒီတာဝန်ထမ်းဆောင်ဖို့ ၀ါရင့်နိုင်ငံသမားကြီးများဖြစ်တဲ့ လူကြီးများ၊
ကျွန်မတို့နဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ ကျွန်မတို့ ထက်ငယ်တဲ့
၈၈ မျိုးဆက်လို့ ပဲဆိုပါတော့၊ လူလတ်ပိုင်း၊ နောက်ပြီးတဲ့ တက်သစ်စဖြစ်တဲ့
လူငယ်ပိုင်းတွေက အားလုံး ၀ိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့
လုပ်ကြပါ။ အားလုံးရဲ့တာဝန်က တယောက်ချင်း ၊ တဦးချင်း ရဲ့
တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။ ကျွန်မတို့မှာ
အားနည်းချက်တွေ ရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင်တယ်၊
အောင်မြင်မှု ကလည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။
တချို့ကျတော့ အားနည်းချက်ဆိုရင် ငါနဲ့မဆိုင်ဘူး၊ အောင်မြင်မှုဆိုရင်တော့
သူတို့ပဲ၊ သူတို့ပဲ ဆိုတာတွေ ကတော့ မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကို
ကျွန်မတို့ ဖယ်ရှားရမယ်။ ပုဂ္ဂိုလ်တဦးချင်း ၊ တယောက်ချင်းကလည်း ဒီလို
စိတ်ဓာတ်ထားရမယ်၊ အဖွဲ့အစည်းတခုချင်းကလည်း အဲလိုစိတ်ဓာတ်ထားရမယ်။
ကျွန်မတို့ လုပ်တာအောင်မြင်ရင် ဒို့ NLD ကွ ဆိုပြီး အဲလို ပြောတာက
အင်မတန်မှ မှားတယ်။ တချို့ကျတော့လည်း နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်တာ
သိပ်အားမရလို့ရှိရင် အဲဒါ NLD ပဲ ဆိုပြီး လက်ညိုးထိုးတာလည်းရှိတယ်။
အဲဒီနှစ်ခုစလုံးက မမှန်ဘူး။

အားလုံးတကယ်ပဲ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော်လှန်ရေးကြီးကို
အောင်အောင်မြင်မြင်လုပ်ချင်တယ်ဆိုလို့ရှိရင် အားနည်းချက်တွေကိုလည်း
အားလုံးနဲ့ ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်၊ အောင်မြင်ချက်တွေကိုလည်း
အားလုံးနဲ့ ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ ဒါက တကယ်ကို ညီညွတ်ရေးရဲ့
အခြေခံပဲ။ ကျွန်မတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင်
ကျွန်မတို့တိုင်းရင်းသားအားလုံး၊တိုင်းရင်းသားထဲမှာ ဗမာကို
ထည့်ပြီးပြောလိုက်မယ်၊ ဗမာနဲ့ တိုင်းရင်းသားဆိုတာ
သိပ်ပြီးပြောစရာမလိုဘူး။ ကျွန်မတို့လည်း တိုင်းရင်းသားလူမျိုးပဲ။
တိုင်းရင်းသားထဲက တစုပဲ။ ကျွန်မတို့ တိုင်းရင်းသား အားလုံးရဲ့
လုပ်ဆောင်ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ရှေးရှုပြီးတော့
စဉ်းစားသွားပါ မယ်လို့ ကျွန်မကတိပြုတယ်ပဲ ပြောပါရစေ။ ကျွန်မ
ကတိပြုတယ်လည်း သိပ်ပြီးမပြောချင်ဘူး။ ကတိဆိုတာ
သေချာတည်နိုင်တယ်ဆိုတဲ့အာမခံချက်ရှိမှ။ ကျွန်မလုပ်နိုင်သလောက်လုပ်သွား
မယ်။ ကျွန်မ တတ်နိုင်သလောက် ဒီတာဝန်ကို ကျေပွန်အောင် လုပ်သွားပါမယ်လို့ပဲ
ပြောပါရစေ။ ။ ”

ဒေါ်အောင်ဆန်းစုကြည်ကို သုံးရောင်ခြယ်အဖွဲ့ဝင်တို့က သွားရောက်ဂါရ၀ပြု

မိုးမခအထောက်တော် နိုဝင်ဘာ ၂၁၊ ၂၀၁၀



၈၈ အရေးတော်ပုံကာလ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတွင် စတင်ဝင်ရောက်ချိန်ကတည်းက စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် နေအိမ်ကို ကာကွယ်မှု၊ စောင့်ရှောက်မှုများ ပေးခဲ့သည့် သုံးရောင်ခြယ်အဖွဲ့လူငယ်အဖွဲ့တို့က ယခုဒေါ်စုလွတ်မြောက်လာချိန်တွင် သွားရောက်တွေ့ဆုံပြီး ဂါရ၀ပြု ကန်တော့ခဲ့ကြသည်ဟု သိရသည်။ ယမန်နေ့က ညနေ ၆ နာရီမှာ ၈ နာရီအထိ နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ပထမဦးဆုံးအကြိမ် ကျစဉ်အချိန်ကတည်းက သုံးရောင်ခြယ်လူငယ်များမှာ အင်န်အယ်ဒီပါတီဝင်များ၊ နိုင်ငံရေးအင်အားစုများကဲ့သို့ ဖမ်းဆီးခြင်း ဖိနှိပ်ခြင်းများ ခံခဲ့ရသည်။ အချို့မှာ မြန်မာပြည်တွင်းတွင် ကျန်ရစ်ပြီး အချို့မှာ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ယခုကဲ့သို့ သွားရောက်တွေ့ဆုံချိန်တွင် လူငယ် ၇ ဦး သာ ရှိတော့သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ သူတို့နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ပြီး ပြန်လည်တွေ့ဆုံရသဖြင့် အလွန် ၀မ်းသာကြောင်း၊ မိမိ၏ သားများကို ပြန်ပြောင်း သတိရစေပြီး မိမိသားများကိုလည်း ယခုကဲ့သို့ တွေ့ဆုံချင်သည်ဟု ပြောကြောင်း၊ မိမိမှာ အဝေးမှာ ရောက်နေရသဖြင့် ထိုသို့ ကြားရသည်ကိုပင် ၀မ်းနည်း ၀မ်းသာဖြစ်ပြီး မျက်ရည်ကျမတတ်ဖြစ်ရကြောင်း ဆန်ဖရန်စစ္စကိုရောက် သုံးရောင်ခြယ်လူငယ်တဦးဖြစ်သူ ကိုမိုးကျော်က မိုးမခသို့ ပြောပြသည်။

သုံးရောင်ခြယ်လူငယ်များမှာ ဒေသအသီးသီးသို့ ရောက်ရှိနေသည့်တိုင် အဆက်အသွယ်မပြတ် ထိတွေ့လျက်ရှိပြီး မြန်မာပြည်အရေး တတ်နိုင်သည့်ဖက်က ကူညီလုပ်ကိုင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပီစီကွန်ပျူတာ နုတ်ဘွတ်တလုံးနှင့် မိတ်ဆက်ပြသမှုများ ပြုခဲ့ကြပြီး ဒေါ်စုက မိမိမှာ အက်ပဲကွန်ပျူတာကို ယခင်က သုံးစွဲနေကျ ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ သုံးရောင်ခြယ်လူငယ်များ နှစ်ပေါင်းများစွာ ချစ်ခင်ညီညွတ်လျက် အဆက်မပြတ်ရှိနေခြင်းအတွက် ၀မ်းသာဂုဏ်ယူကြောင်း ပြောကြားသည်ဟု သိရသည်။

(ဓာတ်ပုံ - နို ၂၀၊ ၂၀၁၀၊ ရန်ကုန်၊ ဒေါ်စုအိမ်၊ သုံးရောင်ခြယ်လူငယ်များ (သုံးရောင်ခြယ်)

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

November 20, 2010 စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

၎င်းက “အဲဒီရွာတွေဟာ ဗမာစစ်သားတွေ တက်လာတဲ့လမ်းအတိုင်း ဖြစ်နေတယ်လေ။ တိုက်ပွဲဖြစ်ရင် သူတို့တွေပဲ အထိနာမှာ ဆိုတော့ သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာတွေမှာ တိမ်းရှောင်သွားတာ အယောက်(၂၀၀)လောက် ရှိတယ်လို့ ပြော ကြတယ်။”ဟု မိန့်ကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ ဘုရားသုံးဆူမြို့အတွင်း ဒီကေဘီအေနှင့် နအဖစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ ယခုအချိန်အထိ နအဖ စကခ(၈)နှင့် စကခ(၁၂)လက်အောက်ခံ တပ်ရင်း ၅ရင်းမှ စစ်သည်အင် အား ၅၀၀ကျော်တိုးလာသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆)ကလည်း အတည်ပြု ပြောဆိုသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ခွဲ(၂) ဒုခွဲမှူး စောဘူ့ဂေက “ဘုရားသုံးဆူ ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်ကစပြီး နအဖက တော့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာတာ ကနေ့အထိပဲ။ အခုဆိုရင် စကခ(၈)က ခမရ(၄၀၁)၊ (၄၀၂)၊ (၄၀၅)၊ (၄၀၆) နဲ့ စကခ(၁၂)က ခလရ(၂၈၃)။ အဲဒီတပ်ရင်း (၅)ရင်းဆိုရင် အင်အား ၅၀၀ရှိပြီ။ ဒီနေ့လည်း စကခ(၈)က နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးသိန်းဇော် ဘုရားသုံးဆူကို ရောက်လာပြီ။”ဟု ပြောသည်။

ယမန်နေ့က ဘုရားသုံးဆူဂွင်တနေရာတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က သက်ဆိုင်ရာ ရွာသူကြီးနှင့် သံဃာတော်များအား တွေ့ဆုံခဲ့ပြီး ထွက်ပြေးခဲ့ကြသည့် ရွာသားများအား ရွာအတွင်းသို့ ပြန်လည် နေထိုင်ခိုင်းရာတွင် ရွာသားအချို့မှာ ပြန်လည်နေထိုင်ခဲ့သော်လည်း အချို့မှာ တိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် နအဖစစ်တပ်များ တပ်အင်အား တိုးချဲ့လာသည့်တချိန်တည်းတွင် စစ်ပစ္စည်းနှင့် တပ်ရိက္ခာများကို သယ်ယူပို့ဆောင် ရန်အတွက် ရွာသားများ၏ နွားလှည်းများကို ခေါ်ယူအသုံးပြုသည့်အပြင် ရွာသားကိုယ်တိုင်လည်း ပေါ်တာထမ်းပေးရကြောင်း ရွာခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၁၅ရက်နေ့က ဗမာစစ်သားတွေ ရွာထဲကိုဝင်လာတော့ ရွာမှာ ယောက်ျားတွေ အကုန် ထွက်ပြေးခဲ့ကြတယ်။ နအဖက ပြောတယ် ယောက်ျားတွေ ပြန်မလာလို့ရှိရင် အိမ်မှာကျန်တဲ့ မိန်းမတွေကိုပဲ ပေါ်တာခေါ်မယ်လို့ ပြောတော့ ယောက်ျားတွေ အကုန်ပြန်ပြီး ပေါ်တာထမ်းရတယ်။” ဟု ပြောသည်။

အဆိုပါ နအဖတပ်များသည် လက်ရှိအချိန်တွင် ဘုရာသုံးမြို့ပြင် ပတ်ပတ်လည်နှင့် ယခင် ဒီကေဘီအေတပ်ဖွဲ့များ၏ စခန်း၊ ဂိတ်များတွင် ၀င်ရောက်နေရာယူထားသော်လည်း ထူးခြားသည့် စစ်ရေးလှုပ်ရှားမှု တစုံတရာ လုပ်ဆောင်ခြင်းမရှိသေးပေ။

မြို့တက် SSA မြောက်ပိုင်း အမာခံများ အားစောင့်ဖမ်းရန် လားရှိုး တိုင်းစစ်ဌါနချုပ်ညွှန်ကြား

November 20, 2010 သျှမ်းသံတော်ဆင့်

အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ထိန်းချုပ်နယ်မြေအတွင်းမှ မြို့ပေါ်သွားလေ့ရှိသော သျှမ်းတပ်နှင့် ဆက်စပ်နှီးနွယ်သူများအား စောင့်ကြည့်ဖမ်းဆီးရန် လားရှိုးတိုင်းစစ်ဌါနချုပ်မှ ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရပါသည်။

“သျှမ်းပြည်တပ်မတော်ဌါနချုပ်အခြေစိုက်တဲ့ ဝမ့်ဟိုင်းဘက်ကပြည်သူအချို့ရော၊ SSA မြောက်ပိုင်းနဲ့ဆက်နွယ်ဖူးတဲ့ သူတွေရော မြို့ထဲဝင်လာတာ စုံစမ်းသိရှိရရင် စောင့်ကြည့်စစ်ဆေးဖို့ညွှန်ကြားထားတယ်” ဟု လားရှိုးဒေသခံတစ်ဦးက ပြောပါသည်။

လားရှိုးတိုင်းစစ်ဌါနချုပ်က သျှမ်းပြည်တပ်မတော်ထဲက မိသားစုအသိုင်းအဝိုင်းဖြစ်စေ၊ မကင်းရာမကင်းကြောင်း ရပ်ရွာ လူထုဖြစ်စေ၊ ကုန်သည်ပွဲစားဖြစ်စေ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ ကျေးသီးနှင့် မိုင်းရှုးမြို့များအတွင်း ဝင်ထွက်သွား လာမှုကို စောင့်ကြည့်စစ်ဆေး ဖမ်းဆီးရန်ု ညွှန်ကြားထားသည်ဟုဆို၏။

တဖက်၌လည်း သျှမ်းပြည်တပ်မတော်မှ အမှတ် (၁) စစ်ဒေသတပ်မှူး ဒု-ဗိုလ်မှူးကြီးငေါင်းဖှ က မိုင်းနန်းအုပ်စု ဝမ့်အစ်နှင့် တူယားအုပ်စု မိုင်းခန်၊ တူယားကျေးရွာများအနီး နှစ်ရှည်လများ တဲထိုးစခန်းလုပ်နေရာယူထားသော မိမိတပ်ဖွဲ့များအား နိုဝင်ဘာ ၁၄ ရက်၌ မီးရှို့ဖျက်ဆီး၍ တောတွင်း၌သာနေခိုင်းကြောင်းသိရှိရသည်။

“အဲဒီနောက်ပိုင်း နိုဝင်ဘာ ၁၅ ရက်ကစပြီး နအဖစစ်သားတွေ ညပိုင်းစစ်ကြောင်းလှည့် မွှေနှောက်တာ သိပ်မရှိ တော့ဘူး။ ဝမ့်ဟိုင်းအနီးတ၀ိုက်နေရာယူထားတဲ့ နအဖတပ်အားလုံး မိုင်းနောင်ဖက်ပြန်ဆုတ်ခွါသွားတယ်။ ဝမ့်ဇန့်နဲ့ စိန်ကျော့ ဘက်ဘဲကျန်တော့တယ်” ဟု အမည်မဖော်လိုကျေးရွာအကြီးအကဲတစ်ဦးကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းယန်းတွင်မူ ဧပြီ ၇ မှစ၍ ည ၇ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရ နေဝင်မီးငြိမ်းအမိန့် ယနေ့တိုင်ထုတ်ပြန်ထားကြောင်း တာချီလိတ်ရောက် မိုင်းယန်းနအဖစစ်သား တစ်ဦးက ဤကဲ့သို့ပြောပါသည်။

“မိုင်းလားဘက်ကဝင်လာတဲ့ ပြည်သူတွေကို စောင့်ကြည့်စစ်ဆေးတာတို့ မရှိပါဘူး။ ကျနော်တို့ဘက်က စစ်မျက်နှာ စဖွင့်ဖို့လဲ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ဘဲရှိပါတယ်။ မိုင်းလားဘက် ဝမ်းစာအတွက် ရှာဖွေစားသောက်နေရ တော့ စတိုက်ရင် ကျနော်တို့ဘဲထမင်းငတ်မှာ”

မိုင်းယန်းမြို့၌ ခလရ ၂၇၉ နှင့် ၂၈၁ တပ်ရင်းနှစ်ရင်းသာရှိပြီး အင်အား ၂၅၀ သာရှိကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပိုထည့်လို့ ဂျာနယ်ထုတ်ဝေခွင့် ယာယီအပိတ်ခံရ

2010-11-21

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို စာပေစိစစ်ရေးက သတ်မှတ်ထားထာထက် ပိုမို ဖော်ပြခဲ့တဲ့ ပြည်တွင်းဂျာနယ် နှစ်စောင်ကို မနေ့က နေပြည်တော်အမိန်နဲ့ ဆိုပြီး သက်ဆိုင်ရာက သီတင်းသုံးပတ်စီ ရပ်နားခိုင်းလိုက်တယ်လို့ ဂျာနယ် တာဝန်ခံတွေက အာအက်ဖ်အေကို ပြောပါတယ်။
ရပ်နားခိုင်းလိုက်တဲ့ ဂျာနယ်တွေကတော့ ဒီအပတ် ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို မျက်နှာဖုံး အပြည့်တင်ပြီး ဆောင်းပါးရေးသားခဲ့တဲ့ 7 Days ဂျာနယ် နဲ့ Hot News ဂျာနယ်တို့ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ First Eleven အားကစားဂျာနယ်က - စု လွတ်ပြီ၊ စည်းလုံးကြ- လို့ အဓိပ္ပါယ် ကောက်နိုင်တဲ့ အင်္ဂလိပ်စာသားတွေ ဖော်ပြခဲ့လို့ ထုတ်ဝေခွင့် နှစ်ပတ် ရပ်နား အပြစ်ပေးအပြီးမှာ ဒီ ဂျာနယ်နှစ်စောင်ကို သုံးပတ်စီ ရပ်နားခိုင်းခဲ့တာမို့ ဒီတပတ် အတွင်းမှာဘဲ စစ်အစိုးရ စာပေစိစစ်ရေးက ရပ်နားလိုက်တဲ့ ဂျာနယ် သုံးစောင် ရှိသွားပြီ ဖြစ်ပါတယ်။

ဂျာနယ် ထုတ်ဝေခွင့် မရပ်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းကို လိုအပ်တာထက် ပိုထည့်တယ် ဆိုပြီး မြန်မာပိုစ့် အပါအ၀င် ဂျာနယ် အများအပြားလည်း ပြင်းပြင်းထန်ထန် သတိပေး ခံခဲ့ရတယ်လို့ ရန်ကုန်မြို့က မီဒီယာသမားတွေက ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းဟာ ပြည်သူတွေအကြား ရေပန်း အစားဆုံး သတင်းဖြစ်နေပြီး သတင်းပါတဲ့ ဂျာနယ်ကို အလုအယက် ၀ယ်ယူတာကြောင့် စာပေစိစစ်ရေးက တားထားတဲ့ ကြားကပဲ ဂျာနယ်သမားတွေက ထည့်ကြတာလို့  ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀န်းက ပြောကြပါတယ်။


ပြည်တွင်းမီဒီယာ တခုဖြစ်သည့် Eleven Media Group အင်တာနက် စာမျက်နှာတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် သတင်းနှင့် ဓာတ်ပုံ ဖော်ပြထားသည်ကို တွေ့ရပုံ။ (Image: RFA)

ဒေါ်အောင်ဆန်းစုကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများအား ဂါရ၀ပြု

တာရာဝေယံ
နိုဝင်ဘာ ၂၁၊ ၂၀၁၀



မြန်မာဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီက ပါရမီလမ်းမှာ ရှိတဲ့ သခင်သိန်းဖေနေအိမ်မှာ ၀ါရင့်နိုင်ငံရေးသမားကြိးများကို ဂါရ၀ပြု တွေ့ဆုံကန်တော့ခဲ့ပါတယ်။

ဂါရ၀ပြု တွေ့ဆုံပွဲမှာ ဦးခင်မောင်ကြည်က ၀ါရင့်နိုင်ငံရေးသမားကြီးများကို တဦးချင်းစီ မိတ်ဆက်ခဲ့ပေးပြီး “အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ ဒီမိုကရေစီအင်အားစုများ” ရဲ့ “သက်ကြီးဝါရင့် နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြ မေတ္တာရပ်ခံချက်” ကို ဖတ်ကြားခဲ့ပါတယ်။
ဗကသကျောင်းသားခေါင်းဆောင်၊ ၂၀၁၀ ရွေးကောက်ပွဲ ကျောခိုင်းခဲ့သူ၊ ကိုဖြိုးမင်းသိန်းက သက်ကြီးဝါရင့် နိုင်ငံရေးသမားများအား ကန်တော့ကြိုးကို ဖတ်ကြားခဲ့ပါတယ်။

အင်န်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဇိုမီးအမျိုးသားကွန်ဂရက် ၂၂ နှစ်မြော် မွေးနေ့ ကျင်းပစဉ်က တိုင်းရင်းသားအင်အားစုများ၊ အင်န်အယ်ဒီပါတီဝင်များ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအတွက် လိုအပ်နေဆဲဖြစ်တဲ့ ဒုတိယပင်လုံညီလာခံ ဆောင်ရွက်ရန်အတွက် ကလေးမြို့ကြေညာစာတမ်းပါ အချက်များ အတိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း အားလုံးပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာမှာ
အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုတိယပင်လုံညီလာခံ ဆောင်ရွက်နိုင်ရေးကို ဦးတည်ပြီး ဆရာကြီးမင်းသုဝဏ်ရဲ့ “သူ့မှာတမ်း” ကဗျာထဲကလို တော်လှန်ရေးသမားကြီးတယောက်ရဲ့ တော်လှန်ရေးအပေါ်မှာ ထားတဲ့သဘောထားမျိုး (သူရဲ့ နောက်ဆုံးအချိန်မှာ တော်လှန်ရေးကို ကိုယ်လုပ်ခဲ့တာတွေကို မပြောဘဲ၊ သူလုပ်နိုင်ခဲ့သလာက် လုပ်ခဲ့တာအတွက်၊ မပြီးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်တဲ့အတွက် ခွင့်လွှတ်ဖို့) ဆိုတဲ့ သဘောထားမျိုး ရှိဖို့ လိုကြောင်း ပြောကြားသွားပါတယ်။

(ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ)
စီအာရ်ပီပီ အဖွဲ့ဝင် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျဉ်ရှင်းခန်က ဒုတိယပင်လုံညီလာခံ သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းတာဝန်များကို ဒေါ်အောင်ဆန်းစုကြည်အား လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

သက်ကြီး ၀ါရင့် နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲမှာ လူကြီး ၂၈ ဦးကို ဖိတ်ကြားခဲ့ရာ အဝေးရောက်နဲ့ ကျန်းမာရေးကြောင့် မလာနိုင်သူ ၈ ဦး ရှိပါတယ်။ လူကြီး ၂၀ ဦး လာရောက်ခဲ့တာကို တွေ့ရပါတယ်။
တက်ရောက်ခဲ့ကြသူတွေထဲမှာ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်း၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်း၊ မြောင်းမြဘဆွေ၊ ဦးအုန်းမောင်၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးထွေးမြင့် အစရှိသူများ ဖြစ်ကြောင်း သိရပါတယ်။

သက်ကြီး ၀ါရင့် နိုင်ငံရေးသမားကြီးများ ပူဇော် ကန်တော့ပွဲအတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအင်အားစု အသီးသီးက စုစည်း ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ မတက်ရောက်နိုင်တဲ့ လူကြီးများဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဆရာဒဂုန်တာရာတို့ထံ နိုင်ငံရေးအကျဉ်းသားများက လိုက်လံ ပို့ဆောင် ကန်တော့ကြမယ်လို့ သိရပါတယ်။

ဆရာဒုဂုန်တာရာက ပြောဆိုရာမှာ …
“ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မယ့် ဒုတိယအကြိမ်ပင်လုံညီလာခံကို ကျနော်က သဘောတူတယ်။ နိုင်ငံအတွက် ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆောင်ရွက်တာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရဖို့ဆိုတာ ညီညွတ်ရေး ရှိမှ ဖြစ်တာ။ ညီညွတ်ရေး ရရှိဖို့ ဆောင်ရွက်တာဟာ နိုင်ငံအတွက် ကြီးမားတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတာ ဖြစ်တယ်” လို့ ပြောလိုက်ပါတယ်။

သည်နေရာမှာ အခမ်းအနားမှာ ဖတ်ခဲ့ကြတဲ့ မေတ္တာရပ်ခံစာနဲ့ ကန်တော့ကြိုး၊ ကဗျာ စသည်တို့ကို သည်နေရာမှာ ကြည့်နိုင်ပါပြီ။
(ဓာတ်ပုံများ၊ နို ၂၀၊ ၂၀၁၀၊ ရန်ကုန်၊ ပါရမီ၊ သခင်သိန်းဖေ နေအိမ်၊ သက်ကြီးပူဇော်ပွဲ (တာရာဝေယံ))

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်

2010-11-20



အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ်လိုက်ကြပါတယ်

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။

ဒီပွဲနဲ့ ပတ်သက်လို့ NLD ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်တဲ့ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများကနေပြီး ဒုတိယအကြိမ် ပင်လုံသဘောတူညီချက် အောင်မြင်စွာ ပေါ်ထွက်လာတဲ့အထိ တိုင်းရင်းသားအားလုံးကို စည်းရုံးပြီးတော့ တတိုင်းပြည်လုံး၊ ဒီမိုကရေစီ အင်အားစုများ အားလုံးကို စည်းရုံးပြီးတော့ ဆောင်ရွက်ပေးဖို့ တာဝန်လွှဲအပ်ပါရစေလို့ မေတ္တာရပ်ခံတယ်။ အဲဒီလို မေတ္တာရပ်ခံပြီးတော့ ဇိုမီးအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်ကို အမျိုးသား ပြန်လည်သ့င့်မြတ်ရေး လိုလားတဲ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ မူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးစာတမ်းကို ပေးအပ်ပါတယ်။

မျိုးဆက်အသီးသီးက ဝိုင်းဝန်း တာဝန်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံပြီး၊ ဒီကိစ္စတွေ အကောင်အထည်ဖော်ဖို့ သူတယောက်တည်း စွမ်းဆောင်နိုင်မှာ မဟုတ်တဲ့အတွက် အားလုံးက ဝိုင်းဝန်းပါဝင် ကူညီဖို့ ပြန်လည် မေတ္တာရပ်ခံ ခဲ့ပါတယ်။ သက်ကြီးဝါကြီးတွေကို ကန်တော့ပြီး နောက်ပိုင်းမှာ မျိုးဆက်သစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက်နဲ့ ၈၈ မျိုးဆက်တွေ ပါဝင်ခဲ့ကြပါတယ်။ ကန်တော့ခံပုဂ္ဂိုလ် အယောက် ၂၀ ကျော်ရှိပြီး တက်ရောက်ကြတဲ့ အင်အား ၂ ရာကျော် ရှိတယ်လို့ သိရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကိုဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ဘာကြောင့်လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက'ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊မြန်မာပြည်မှာဆိုပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေအများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…''တဲ့။မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့်ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်းအပြစ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့်ဘာသာတရားမှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။ အထူးသဖြင့်ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်းဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ်မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့်မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။ လူလူချင်းအတူတူခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်းတစ်ချို့က ရင်ဖွင့်လာကြပါတယ်။

တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါအစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေဖြစ်နေတာပါ။ ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာအမျိုးသားများလို လွတ်လပ်မှုမရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန်ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။ သေချာတာကတော့ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ထင်ရှားအောင်ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။ဗုဒ္ဓဘာသာလာကမ္မနိယာမသဘောတရားအရကြည့်ရင်အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့အကျိုးတွေ ပိုများလို့ပါ။ မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့်ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။ အမရပူရ ဆရာတော်ကြီးကတော့အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကိုပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်းအမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ်ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကိုရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။

ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ခွဲခြားမှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့
သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း လူသားများအဖြစ်လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။ အမျိုးသားများ သောတာပန်ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်းရဟန္တာ ဖြစ်နိုင်ပါတယ်။ အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလိုအမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံးအမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့်အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကိုခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ
အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့်ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။

ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူးဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကိုသိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရအမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။ ယုတ်ညံ့တဲ့
သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီးကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီးအကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များနည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။

သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှုစတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျင့်သီလမြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးကအမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ်ချီးကျူးတော်မူပါတယ်။ အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင်ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။ ဘုရားရှင်ရဲ့
ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက ``မောဃပုရိသ- မဂ်ဖိုလ်မပြီးအချည်းနှီးသော ယောက်ျား`` ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်းဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယားကသီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲအကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။ ဒါတွေကို
ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကိုနှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။

အချုပ်အားဖြင့် ပြောချင်တာက ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်းအနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့် စစ်မှန်တဲ့
သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေနိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။ အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့်ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်းအမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့
အမှန်တရားဖြစ်ပါတယ်။ ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကိုရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေရှိနေကြတဲ့အတွက် အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။ ဒီနိမ့်ကျမှုကတော့အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ
ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာအမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်
အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကိုလိုက်နာကျင့်သုံးနေမယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးကအမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲအမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊ အမျိုးသားများထက်အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာကြိုးစားသင့်ပါကြောင်း…


တရားအသိကိုပေးလှူပါသည်

တို့ ဗုဒ္ဓဘာသာဝင်တွေ ငွေရေးကြေးရေးကိုသာကြည့်ပြီး ဘာသာမပြောင်းကြပါရန်။

စားရကယ်တစ်နပ် ဇွဲမလျော့နဲ့ဝတ်ရတယ် အစုတ် အဟုတ်မငုတ်ပါဘူး။ချမ်းသာဆင်းရဲ ကိုယ်လုပ်သည့်ကံ ပြန်လှန်အမှန်ဒီဘ၀ဆင်းရဲ နောင်ဘ၀ ချမ်းသာရစေ ကောင်းမှုအထွေထွေ
မပြတ်အမှန်ပြုလုပ်နေမှ နောင်ဘ၀ ချမ်းသာပေမည်။အကြောင်းရှိသော အကျိုးမပြီး
ကိုယ်စားဖို့တောင် လက်မလှုပ် ပါးစပ်မလှုပ်ကဘယ်က ဘယ်လို ၀င်လေမည်မသိ။
အကြောင်းရှိမှအကျိုးပြီးမည်။ကံသည်အလုပ် အဟုတ်လုပ်မှ
အဟုတ်ရသည်.. ......................
တကယ်တော့ ကောင်းတာလုပ်တိုင်းလဲ ကောင်းသည့် ဘုံကိုရောက်ခဲပါတယ်။ အစွဲလမ်းက တူသောအကျိုးပေးတယ်။ ကောင်းတာလုပ်ပေမယ့်လည်း သေသည့်အခါ မကောင်းတာကို စွဲလမ်းနေသေးလျှင်တော့ မကောင်းတဲ့အစွဲအလမ်းက သင့်အတွက် တကယ် လမ်းပြမှာမဟုတ်တော့ဘူး။ မိစာအယူသာရှိ ကမ္ဘာကျေတောင် ငရဲမကျေဘူးတဲ့။ စေတနာအကျိုးမျှော်လို့ နှိုးဆော်လိုက်ပါတယ်။

မြတ်ဗုဒ္ဓနိုင်ငံတော် အခန်း(၃) လှမြင့်ဆွေ

http://snapshot-news.com/images/stories/HomeStories/3_8_4.jpg

ဗုဒ္ဓနှင့် မြန်မာနိုင်ငံ၊ သုဝဏ္ဏဘူမိ လူ၏အဖြစ်ကို ရခဲ၏။ သတ္တဝါတို့၏ အသက်ရှည်ရခြင်းသည် ခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရခဲ၏။ ဘုရားအဖြစ်ကို (ဘုရားဖြစ်ရာ ကာလကို) ရခဲ၏။ ( ဓမပ္မပဒ ၁၈၂ ) ဗုဒ္ဓစာပေ၊ ရှေးဟောင်းသမိုင်း၊ နိုင်ငံတကာ မှတ်တမ်းတို့၌ ဖော်ပြပါ ရှိသော သုဝဏ္ဏဘူမိနိုင်ငံတော်ကြီးသည် အလွန်ကျယ်ဝန်းသောဒေသကြီး တစ်ခုဖြစ်သည်။ ထိုရှေးဟောင်းကျမ်းများအရ သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း၊ ရှေးရာမညတိုင်းနှင့် တနသာင်္ရီကျွန်းဆွယ် အပါအဝင် မာလာယု ကျွန်းဆွယ်၊ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုချိုင်းနားကျွန်းဆွယ်၊ ဆူမတြားကျွန်း၊ ဂျာဗားကျွန်း၊ ဗော်နီယိုကျွန်းတို့အထိ ပါဝင်သည်။ ထိုသုဝဏ္ဏဘူမိနိုင်ငံတော်ကြီး၏ အချက်အခြာ နေပြည်တော်ကိုလည်း သုဝဏ္ဏဘူမိဟု ခေါ်သည်။ ကျွန်တော်တို့မြန်မာတို့ အလိုအရမူ သုဝဏ္ဏဘူမိသည် ရှေး သထုံပြည်ကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာတို့က ရှေးသထုံပြည်ကို သုဝဏ္ဏဘူမိ ဟုခေါ်ဆိုခြင်း၏အထောက်အထားမှာ ဓမ္မစေတီမင်းတည်ခဲ့သော ကလျာဏီ ကျောက်စာအရ ဖြစ်သည်။ ထိုကျောက်စာအရ သုဝဏ္ဏဘူမိဟူသော သထုံပြည်သည် ယခုမွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီလင်းမြို့နယ် တောင်စွန်းကျေးရွာအနီးရှိ ကေလာသ တောင်ခြေရင်း၌ တည်ရှိသော ရက်ကန်းသည်မနှင့် ဝင်းကကျေးရွာ ဝန်းကျင်တစ်ဝိုက်တွင် တည်ရှိသည်။ မြန်မာနိုင်ငံရှေးဟောင်း သုတေသနဦးစီး ဌာနမှ ထိုကျေးရွာတစ်ဝိုက်ရှိ သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းကို တူးဖော်သုတေသန ပြုလုပ်ခဲ့ပြီး၊ ဘီစီ၇ဝဝခန့်က တည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်ကို ပထမဦးဆုံး ယူဆောင်ခဲ့သူများမှာ သုဝဏ္ဏဘူမိတိုင်း၊ အသိတဉ္စန၊ ပေါက္ခရဝတီမြို့သား၊ တပုဿနှင့်ဘလ္လိက ကုန်သည် ညီနောင်တို့ဖြစ်သည်။ အဆိုပါကုန်သည် ညီနောင်နှစ်ဦးသည် မြန်မာနိုင်ငံသုဝဏ္ဏဘူမိမှ အိန္ဒိယနိုင်ငံ၊ မဇ္စိုမဒေသသို့ ကုန်ရောင်းဝယ်ရန် ရောက်လာစဉ် ရှေးအတိတ်ဘဝက ဆွေမျိုးတော်စပ်ခဲ့သော နတ်သားက လမ်းညွှန်သဖြင့် ဥရုဝေလာတော (ယခု-ဗုဒ္ဓဂယာ)တွင်းရှိ ''ရာဇာယတန'' မည်သော လင်းလွန်းပင်ရင်း၌ သီတင်းသုံးနေသော ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားထံ ရောက်လာကြသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သဗ္ဓညုတညဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ထိုဒေသတစ်ဝိုက်ရှိ ဌာနခုနှစ်ဌာနတွင် တစ်ဌာနလျှင်ခုနှစ်ရက်စီ သတ္တသတ္တာဟ ကျင့်တော်မူချိန်ဖြစ်သည်။ ဤသို့ကျင့်ပြီး (၄၉) ရက်အလွန် (၅ဝ)ရက်နေ့တွင် အဆိုပါ ''ရာဇာယတန'' မည်သော လင်းလွန်းပင်ရင်း၌ ဖလသမာပတ် (အရဟတ္တဖိုလ်) ချမ်းသာကို ခံစားတော်မူစဉ် ကုန်သည်ညီနောင်တို့ ရောက်ရှိလာပြီး အလွန်အမင်း ကြည်ညိုသဒ္ဓါ ဖြစ်ပွားလာကာ မိမိတို့တွင်ပါရှိလာသော မုန့်ကျွပ်ကျစ်နှင့် ပျားမုန့်ဆုပ်ဆွမ်းတို့ကို ကပ်လှူကြသည်။ ထို့နောက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသဖြင့် ဘုရားနှင့်တရားတို့ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ သရဏဂုံတည်သော ဥပသကာများ အဖြစ်သို့ ရောက်ရှိကြသည်။ ညီနောင်နှစ်ပါးသည် မြတ်စွာဘုရားအပါးမှ မခွာရက်အောင် ဖြစ်နေကြသဖြင့် မြတ်စွာဘုရားထံမှ ကိုးကွယ်ရာကို တောင်းခံကြသည်။

http://snapshot-news.com/images/stories/HomeStories/3_8_4-2.jpg

မြတ်စွာဘုရားသည် ကုန်သည်ညီနောင်ကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ အနာဂတ်တွင် သာသနာတော် ထွန်းလင်းလာမည့် အကြောင်းကို သိမြင်တော်မူသဖြင့် လက်ယာလက်တော်ဖြင့် ဦးသျှောင်တော်ကို သပ်တော်မူရာ လက်တော်၌ ပါလာသော ဆံတော်ရှစ်ဆူတို့ အားကိုးကွယ်ဖို့ရန် ပေးသနား တော်မူခဲ့သည်။ ထို့အပြင် ဤဆံ တော်ရှစ်ဆူတို့အား နောင်တော် ဘုရားသုံးဆူ ဖြစ်ကြကုန်သော ''ကကုသန်'' မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ''ကောဏဂုံ'' မြတ်စွာဘုရား၏ ရေသနုပ် (သင်္ကန်းတော်)၊ ''ကဿပ'' မြတ်စွာဘုရား၏ ရေစစ်တော်ဟူသော ဓာတ် တော်မွေတော် (၃)ဆူတို့ တည်ရှိရာ ဥတ္တရတိုင်း၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ရန်လည်း ဗျာဒိတ်စကား မြွက်ကြားတော်မူခဲ့သည်။ ကုန်သည်ညီနောင်တို့သည် မြတ်စွာ ဘုရား ချီးမြင့်တော်မူလိုက်သည့် ဆံတော်ရှစ်ဆူတို့ကို ပင့်ဆောင်လျှက် မိမိတို့နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း အတိသဉ္စစနမြို့သို့ ပြန်လည်ရောက် ရှိပြီး ဖခင်သူဌေးကြီးမှတစ်ဆင့် ဥက္ကလာပမင်းကြီးထံ ဆံတော်မြတ် ပင့်ဆောင်လာကြောင်း လျှောက်ထား ခဲ့သည်။ ဥက္ကလာပမင်းကြီးသည် မူးမတ်သေနာပတိခြံရံပြီး ကိုယ်တော် တိုင်ထွက်၍ဆံတော်မြတ်ကို ကြိုဆိုပင့်ဆောင်ပြီး မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း နောင်တော်ဘုရားသုံးဆူတို့၏ ဓါတ်တော်မွေတော်များကိန်းဝပ်ရာ သိင်္ဂုတ္တရ ကုန်းတော်တွင် ဆံတော်ရှစ်ဆူအား ဘုရားသုံးဆူ၏ ဓာတ်တော်မြတ်များနှင့်အတူ ဌာပနာ၍ မဟာသက္ကရာဇ်၁ဝ၃ခုနှစ် တပေါင်းလ ပြည့်နေ့တွင် မြတ်ဘုရားရွှေတိဂုံကို တည်ထားတော်မူခဲ့သည်။ မြတ်ဘုရားရွှေတိဂုံ သည် ဥက္ကလာပမင်းကြီး တည်ထားစဉ် အခါက (၄၄)တောင်သာ ရှိသော်လည်း သာသနာကို မြတ်နိုးကုန်သော ဘုရားမင်း အဆက်ဆက်နှင့် ပြည်သူအဆက်ဆက်တို့၏ ပြုပြင်မွမ်းမံမှုများကြောင့် ဥာဏ်တော်အမြင့် (၃၂၆)ပေအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ရှေးမင်းနှင့် ပြည်သူအဆက်ဆက်တို့၏ ကုသိုလ်ကောင်းမှုဖြင့် လှူဒါန်းပူဇော်သည့်စိန်၊ ကျောက်၊ရွှေ၊ငွေ၊ရတနာများသည် အဖိုးမဖြတ်နိုင်လောက်အောင် အနဂ္ဂထိုက်တန်လှသည်ဖြစ်ရာ ယနေ့ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ အထွတ်အမြတ်ထားရာ ရွှေရောင်တဝင်းဝင်းဖြင့် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော စေတီတော်ကြီးတစ်ဆူ ဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည်များ အတွက်လည်း အံ့သြဖွယ်ရာ ဗုဒ္ဓအမွေအနှစ် သာသနိက အဆောက်အအုံအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြားလျှက် ရှိပေသည်။

http://snapshot-news.com/images/stories/HomeStories/3_9_4.jpg

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် ဗုဒ္ဓသာသနာတော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု အကြွင်းမဲ့ ယုံကြည် လက်ခံ ထားကြပါသည်။ ထိုအချိန်က မြန်မာ နိုင်ငံသည် သုဝဏ္ဏဘူမိတိုင်း အပရန္တတိုင်း (သုနာပရန္တတိုင်း)၊ ယောနကတိုင်း ဟူသော တိုင်းကြီးသုံးတိုင်းအတွင်း ပါဝင်သည်ဖြစ်ရာ သာသနာတော်သည် ထိုတိုင်းကြီးသုံးတိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် ကြွရောက်ခဲ့သည်ဟုလည်း မွန်ရာဇဝင်၊ ရခိုင်ရာဇဝင်များတွင် ဖွင့်ဆိုထားခဲ့ကြသည်။ သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ဗုဒ္ဓမြတ်စွာဘုရားသည် အရှင်ဂဝမုတိမထေရ်၏ လျှောက်တင်ချက်အရ ဝါတော် (၈)ဝါရချိန်တွင် ကြွရောက်ခဲ့ပြီး သထုံဘုရင် သီရိမာသောကမင်း၏ လျှောက်ထားချက်အရ ဗုဒ္ဓ၏ကိုယ်စား ရွှေဆင်းတုတစ်ဆူ ထုလုပ်၍ စတင်ကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင်ဓမ္မစေတီမင်း၏ ကလျာဏီကျောက်စာတွင် ရာမညဒေသ၏ ဗုဒ္ဓဘာသာ သမိုင်းအကျဉ်းကို ဖော်ပြပါရှိသည့်အပြင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနှင့် ရှင်ဥတ္တရမထေရ်မြတ် အမှူးပြုသော ရဟန္တာငါးပါး သာသနာပြု ကြွလာပုံများကို ဖော်ပြပါရှိသည်။

ထိုကျောက်စာတွင်ဖော်ပြချက်အရ အဆိုပါအရှင်မြတ်တို့ ကြွလာချိန်တွင် သုဝဏ္ဏဘူမိတိုင်း၌ သီရိမာသောကမင်း အုပ်ချုပ်လျှက်ရှိပြီး မင်းအိမ်၌ မွေးဖွားလာသော ကလေးငယ်များကို ရက္ခိုက်ဘီလူးမကအမြဲလာရောက်စားလေ့ ရှိသည်ဟုဆိုသည်။ ထိုအရှင်မြတ်တို့သည် လူ့ဦးခေါင်းတစ်ခု ခြင်္သေ့ကိုယ်ခန္ဓာ နှစ်ခုပါသောပုံသဏ္ဌာန် (မနုသီဟ)ကို ဖန်ဆင်း၍ ဘီလူးမကို ခြောက်လှန့် နှင်ပစ်နိုင်ခဲ့သည်။ ထိုအထိမ်းအမှတ် အဖြစ် ထိုမနုသီဟပုံသဏ္ဌာန် ကျောက်ရုပ်များကို မြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်တွင်ထားခဲ့ကြရာ ဓမ္မစေတီမင်း လက်ထက်တိုင်အောင် ထင်ရှားစွာ တည်ရှိနေသေးကြောင်း ထိုကျောက်စာတွင် ဖော်ပြထားရှိသည်။ ထို့အပြင် ထိုရုပ်ပုံသဏ္ဌာန်ကို ထန်းရွက်၊ ပေရွက် စသည်တို့ပေါ် တွင်ရေး၍ ဖွားမြင်စ ကလေးသူငယ်တို့၏ ဦးခေါင်းပေါ်တွင် တင်စေကာ ရက္ခိုက်ဘီလူးတို့ရန်မှ အရံအတား ပြုလုပ်လေ့ရှိသော အစဉ်အလာ ဓလေ့ထုံးစံကိုလည်း ထိုကျောက်စာတွင် ဖော်ပြခဲ့သည်။ ထိုအစဉ်အလာအရ မြန်မာနိုင်ငံရှိစေတီ ပုထိုးများတွင် အဆိုပါမနုသီဟပုံသဏ္ဌန်များအား ထုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင်မြတ်စွာဘုရားနှင့် ပရိနိဗ္ဗာန်စံတော်မူပြီး အလောင်းတော်ကို ရှင်မဟာကဿပမထေရ်က ပူဇော်မှုကိစ္စအပြီး တေဇောဓာတ်လောင် ကျွမ်းနေစဉ်ပင် ရှေးယခင်သုဝဏ္ဏဘူမိ သထုံပြည်သို့ဘုရားရှင်ကြွတော်မူစဉ်က ဗျာဒိတ်တော်ပေးခဲ့သည့် အတိုင်း အရှင်ဂဝမ္ပတိမထေရ်သည် လောင်နေသော မီးအတွင်းမှ သွားတော် ၃၃ချောင်းကို တန်ခိုးတော်ဖြင့် ယူထုတ်ပြီး သထုံဘုရင် သီရိမာသောကမင်းအား ပေးအပ်ရာ ထိုသွားတော် (၃၃)ချောင်းကို ကျောက်စေတီ(၃၃)ဆူ တည်ထားကိုးကွယ် ခဲ့သည်ဟု မွန်ရာဇဝင်နှင့် သထုံရာဇဝင်များက ဖော်ပြကြသည်။

http://snapshot-news.com/images/stories/HomeStories/3_9_4-2.jpg

ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ဘီစီ(၂၅ဝ)ခန့်တွင် မောရိယပြည့်ရှင် သီရိဓမ္မာသောက မင်းကြီး၏ ဗုဒ္ဓသာသနာပြုအဖွဲ့များ စေလွတ်ခဲ့ရာ တွင် အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှုပြုသော ရဟန်း တော်များသည် သုဝဏ္ဏဘူမိတိုင်း သထုံပြည်သို့ ရောက်လာခဲ့ရာ အဆိုပါ အရှင်နှစ်ပါး၏ လမ်းညွှန်ချက်ဖြင့် အတိသဉ္စနမြို့၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် ဥက္ကလာပမင်းကြီး တည်ထားခဲ့သော ရွှေတိဂုံစေတီတော်ကို ချုံနွယ် ပိတ်ပေါင်းများ ရှင်းလင်း၍ စေတီတော်ကို ပြုပြင်ခြင်း ပြာဿဒ်များ တည်ဆောက်ခြင်း တို့ကို ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။

အေဒီ၎ရာစုနှစ်တွင် သုဝဏ္ဏဘူမိမှ ရှင်ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းမှ ဗုဒ္ဓမြတ်စွာဘုရား၏ ဒေသနာတော်၊ ပိဋကတ်တော်များကို သီဟိုဠ်အက္ခရာမှ မွန်အက္ခရာဖြင့် ကူးယူခဲ့ပြီး ဗုဒ္ဓသာသနာတော် ထွန်းလင်းပြန့်ပွားအောင် ဆောင်ရွက်ခဲ့ရာ သုဝဏ္ဏဘူမိတိုင်း သထုံပြည်တွင် ဗုဒ္ဓစာပေကျမ်းဂန် တတ်ကျွမ်းသော မွန်ရဟန်းပညာရှိ ၊မွန်လူပညာရှိများ များပြားလာခဲ့သည်။ စာပေကျမ်းဂန်တတ် မွန်ရဟန်းတော်များက မွန်အမျိုးသားများအား ဗုဒ္ဓတရား တရားတော်၏ ဆုံးမသြဝါဒများကို အခါမလပ် ဟောကြားလမ်းညွှန်လေ့ ရှိကြသောကြောင့် မွန်လူမျိုးတို့သည် ဘုရား၊တရား၊သံဃာ၊ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ခဲ့ကြပြီး မွန်ပြည်နယ်အတွင်း စေတီပုထိုးပေါင်း မြောက်မြားစွာကို တည်ထားကိုးကွယ်ကြသည်။

အမှန်စင်စစ် သုဝဏ္ဏဘူမိသထုံပြည် အပါအဝင် ဇမ္ဗူဒီပကျွန်းတွင် သာသနာတော် နှစ်(၉ဝဝ)ကျော်အထိ ပိဋကတ်တော်များ အက္ခရာဖြင့် မရှိခဲ့ သေးပဲ နှစ်ပေါင်း(၉၅ဝ)ကျော်မှ ရှင်ဗုဒ္ဓဃောတကသီဟိုဠ်ကျွန်းမှ သီဟိုဠ် အက္ခရာဖြင့် မှတ်တမ်းတင်ထားသော ပိဋကတ်တော်များကို မွန်အက္ခရာသို့ ကူးယူနိုင်ခဲ့သည်မှ ရာမညတိုင်း တစ်ခုလုံးသို့ ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။ သုဝဏ္ဏ ဘူမိသထုံပြည်သို့ ပိဋကတ်တော်များ ရောက်လာသောအခါ ရာမညတိုင်း တစ်ခုလုံးရှိ မင်း၊မိဘုရား၊ ပြည်သူပြည်သား၊ ရဟန်းရှင်လူအပေါင်းသည် အထူး ထူးသော သဘင်ပွဲလမ်း ပူဇော်လှူဒါန်းခြင်းတို့ဖြင့် ကြိုဆိုခဲ့ကြပြီး နန်းတော်ဦးတွင် သုဓမ္မာမဏ္ဍပ်ဆောက်၍ ပိဋကတ်တော်ဟူသော စေတီတော်ကို ကောင်းမွန်စွာ တည်ထားခဲ့ကြသည်။ သုဝဏ္ဏဘူမိသထုံတွင် တတိယသင်္ဂါယနာတင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့ တပည့်အရှင် အနောမဒဿီတာသည် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြန်မာပြည်၊ မွန်ပြည်၊ ရခိုင်ပြည်၊ ရှမ်းပြည်၊ ယွန်းပြည်၊ လင်းဇင်းပြည်၊ သောက္ကတဲပြည်တို့မှ ရဟန်းသံဃာတော်များ ကြွရောက်လာပြီး ဆရာအဆက်ဆက် နှုတ်တက်သာ ဆောင်ကုန်သော ပါဋိတော်နှင့် ညီညွတ်စွာ အဌကထာနှင့်တကွ သင်ကြားရ၍ သာသနာတော်ပြန့် ပွားလာခဲ့သည်။

http://snapshot-news.com/images/stories/HomeStories/3_9_4-3.jpg

ထိုမှတဖန် ပုဂံတွင်အနော်ရထာမင်းသည် မြန်မာသက္ကရာဇ်(၄ဝ၆) ခုနှစ်၊ သာသနာနှစ် ၁၅၈၈ခုနှစ် (အေဒီ-၁ဝ၄၄)တွင် နန်းတက်ခဲ့ပြီး ပထမမြန်မာ နိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သည်။ အနော်ရထာမင်း နန်းတက်အပြီး (၉)နှစ် အကြာတွင် သက္ကရာဇ် (၄၁၅)ခုနှစ်တွင် သထုံမှရှင်အရဟံသည် ပုဂံသို့ ရောက်ရှိလာပြီး ဗုဒ္ဓ၏ဒေသနာတော်များကို ဟောကြားတော်မူခဲ့သည်။ အနော်ရထာမင်းသည် ဗုဒ္ဓသာသနာတော်ကို အကြွင်းမဲ့ယုံကြည်လာပြီး သာသနာတော် (၁၆ဝ၁)ခုနှစ်တွင် သထုံမှ ပိဋကတ်တော်များကို ပုဂံသို့ပင့်ဆောင်ခဲ့ပြီး ဗုဒ္ဓသာသနာတော် ထွန်းလင်း ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ရှင်အရဟံသည် သက်တော် (၂ဝ)ခန့်တွင် ပုဂံသို့ရောက်ရှိခဲ့ပြီး အနော်ရထာ၊ စောလူး၊ ကျန်စစ်မင်းကြီး၊ အလောင်းစည်သူမင်း စသည့်မင်းလေးဆက်တိုင် ဗုဒ္ဓသာသနာတော်ကိုမှီ၍ တိုင်းပြည်နှင့် မြန်မာလူမျိုးတို့၏ အကျိုး၊ လူသားတို့၏ အကျိုးကို အဆုံးအမပေး၍ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်သွားသော မြန်မာပြည်သားများ၏ အနှိုင်းမဲ့ကျေးဇူးရှင် ရဟန္တာမထေရ်မြတ်ပင် ဖြစ်တော့သည်။

ကမ္မဌာန်းတရားအားထုတ်ခြင်းကြောင့်လူဦးနှောက်အရွယ်အစားကြီး

တရားအားထုတ်သူတို့ ၏ဦးနှောက်သည် တရားအားမထုပ်သူတို့၏ဦးနှောက်ထက်ပိုမိုကြီးထွားဖွံဖြိုးသည်။
တရားအားထုတ်ခြင်းသည် လူ့ဦးနှောက်၏ အရွယ်အစား၊တည်ဆောက်ပုံကိုပြောင်းလဲနိုင်ကြောင်း ဟားဗက်တက္ကသိုလ်၊ယေးတက္ကသိုလ်နှင့်မန်ဆာချူးဆက်တက္ကသိုလ်သုတေသနများမှဖော်ထုပ်တွေ့ ရှိခဲ့သည်။
လူကြီးများ၏ဦးနှောက်အရွယ်ကြီးထွားနှုန်းသည် လူငယ်များ၏ကြီးထွားနှုန်းထက်ပိုမိုထင်ရှားသည်။

ကျမတို့၏လေ့လာတွေ့ ရှိချက်များအရ တရားအားထုတ်ခြင်းဖြင့်ဦးနှောက်၏ ခံစားမှု့ဆိုင်ရာလုပ်ဆောင်ချက်များ၊စဉ်းစားတွေးခေါ်မှု့ဆိုင်ရာလုပ်ဆောင်ချက်များကိုဖြစ်စေသောဧရိယာနေရာတို့်၌ တိုးတက်ဖွံဖြိုးလာနိုင်ကြောင်းဟားဗက်ဆေးတက္ကသိုလ်၏ သုတေသနအဖွဲ့ ခေါင်းဆောင်ဆာရာလာဇာကပြောခဲ့သည်။ သူမ၏တွေ့ ရှိချက်များသည် တခြားသောသက်သေပြချက်များနှင့်လည်းကိုက်ညီနေသည်။ တူရိယာပညာရှင်၏ဦးနှောက်သည် တေးဂီတဆိုင်ရာလုပ်ဆောင်ချက်များဆောင်ရွက်သောဧရိယာနေရာ၌ပိုမိုကြီးထွားလေ့ရှိသည်။ထပ်ခါထပ်ခါလေ့ကျင့်ခြင်းဖြင့်အရွယ်ရောက်ပြီးသောလူ့ တစ်ယောက်၏ဦးနှောက်တည်ဆောက်ပုံကိုပြောင်းလဲနိုင်သည်။

ပုံမှန်တရားထိုင်လေ့ရှိသောယောဂီ

အယောက်၂၀တို့၏ဦးနှောက်စကန်မှတ်တမ်း(Brain Scan) နှင့် လုံးဝတရားအားမထုတ်ဘူးသောသာမာန်လူ ၁၅ယောက်၏ ဦးနှောက်စကန်မှတ်တမ်း(Brain Scan)များကိုနှိုင်းယှဉ်လေ့လာခဲ့သည်။ ယောဂီလေးဦးသည်တရားသမားများ(သို့)ယောဂလေ့ကျင့်သူများဖြစ်သည်။ ထိုအယောက်၂၀အားလုံးမှာတောရဆောက်တည်ပြီးကမ္မဌာန်းတရားပွားများနေသောရဟန်းတော်များမဟုတ်ပါ။
ကျန်၁၆ယောက်မှာရှေ့နေ၊သတင်းသမားနှင့်ကျန်းမားရေးဝန်ထမ်းများဖြစ်ကြသည်။အစမ်းသပ်ခံသူများအားလုံးသည်လူဖြူလူမျိုးများဖြစ်ကြသည်။ ဦးနှောက်စကန်မှတ်တမ်း(Brain
Scan)များကိုရယူနေစဉ်ယောဂီများအားလုံးမှာတရားအားထုတ်နေကြပြီး တရားမထိုင်ဖူးသည်သာမာန်လူများအားလုံးမှာမိမိတို့ နှစ်သက်ရာကိုတွေးတောနေခဲ့ကြသည်။

ခံစားမူဆိုင်ရာအတွေ့ အကြုံ၏အတွေးများ(thoughts) ထက် ခံစားမူဆိုင်ရာအတွေ
့အကြုံများကိုအာရုံပြုခြင်း(attention) လေ့လာရန်ရည်ရွယ်ခဲ့သည်ဟုလာဇာကရှင်းပြသည်။ ဥပမာ အသံတစ်သံကြားတာနှင့်တပြိုင်နက် (အသံအကြောင်းမစဉ်းစားခင်)
အရင်နားထောင်တတ်ကြသည်။
ချော်လဲတာနှင့်တပြိုင်နက်နာကျင်တာကိုချက်ချင်းသတိပြုမိပါသည်။ ကျွမ်းကျင်စွာတရားအားထုတ်နိုင်သည့်ယောဂီတစ်ယောက်သည်တွေးတောစိတ်ကူးယဉ်နေလေ့မရှိပါ။

အစမ်းသပ်ခံယောဂီများသည် နေ့ စဉ် မိနစ်၄၀ခန့်တရားထိုင်လေ့ရှိသည်။
တစ်နှစ်ကျော်တရားအားထုတ်ထားယောဂီမှ ၁၀နှစ်ကျော်အားထုတ်ဖူးသော ယောဂီများပါဝင်ကြသည်။ ကမ္မဌာန်းအာရုံ၌
စိတ်၏နှစ်မြုတ်ထားနိုင်စွမ်းကိုအသက်ရူနှုန်းမည်မျှနှေးသွားသည်ဆိုသည်နှင့်တိုင်းတာပါသည်။ ကမ္မဌာန်းအာရုံ၌ စိတ်ကိုစူးစိုက်နစ်ထားနိုင်ကြောင်းကို ယောဂီတို့၏ဦးနှောက်၌ကြီးမားတဲ့ပြောင်းလဲမူတွေကသက်သေပြခဲ့သည်။ ဦးနှောက်၏တည်ဆောက်ပုံ(Brain Structure
)ပြောင်းလဲမူသည်တရားဘာဝနာအားထုတ်ခြင်းကြောင့်ဖြစ်သည်။


လွန်ခဲ့သည့်၁၀နှစ်ကျော်ကတည်းက လာဇာ စတင် တရားအားထုတ်ခဲ့သည်။တပတ်လျှင်သုံးခါတရားအားထုတ်ဖြစ်သည်။ အစကတော့ဘာမျှသိပ်နားမလည်ခဲ့ပါ။စိတ်ပင်ပန်းမှုတွေသိသိသာသာလျှော့နည်းလာတယ်၊ပိုမိုရှင်းလင်းပြတ်သားတဲ့စိတ်ကူးကောင်းတွေရလာသည်၊
ခက်ခဲတဲ့အကြပ်အတည်းတွေကြားမှာအာရုံစူးစိုက်နှိုင်စွမ်းမြင့်မားလာတယ်လိုလာဇာကရှင်းပြခဲ့သည်။

http://www.dhammaweb.net/meditation/image/59.jpg

Sara Lazar (center) talks to research assistant Michael Treadway and technologist Shruthi Chakrapami about the results of experiments showing that meditation can increase brain size. (Staff
photo Kris Snibbe/Harvard News Office)

ဗရမ်းဗတာအတွေးများကိုတားမြစ်ခြင်း (Controlling random thoughts )

ဝိပဿနာဘာဝနာကိုအချိန်မရွေး၊နေရာမရွေးအားထုတ်နိုင်ပါသည်။ အားထုတ်နေကြ ယောဂီတစ်ယောက်သည်ဗရမ်းဗတာအတွေးတွေခေါင်းထဲကိုဝင်လာပြီဆိုတာနှင့်တစ်ပြိုင်နက်ချက်ချင်းသတိထားမိပါသည်။

အရေးကြီးတဲ့ deadline တွေလွဲချော်သွားရတော့မည့်အခါ၊ အလုပ်ရှင်(သို့)မန်နေဂျာက မိမိ၏လုပ်ဆောင်မူတွေကိုမကြိုက်သည့်အခါတွေမှာ လူတွေကအလွန်စိုးရိမ်ပူပန်တတ်ကြသည်။
အဲဒီအချိန်မှာလူတွေဟာကိုယ်ကိုကိုယ် စိုးရိမ်ပူပန်မူတွေနှင့်ခြောက်ခြားရူးသွတ်စေပြီး မိမိရဲ့စွမ်းဆောင်ရည်တွေကျဆင်းသွားစေသည်။ အဲဒီစိုးရိမ်ပူပန်မူတွေအစား လက်ရှိပစ္စုပန်မှာအခုဘာလုပ်သင့်သလဲဘာဖြစ်နေသလဲဆိုတာတွေအာရုံစိုက်မိရင်ပူပန်မူဖြေပျောက်သွားတတ်သည်။ထိုအခိုက်၌ရှောရှောရုရူအလုပ်တွေပြီးသွားတတ်ကြောင်းကိုလည်း လာဇာကပြောခဲ့သည်။

ဦးနှောက်ကြီးထွားလာတဲ့ပမာဏကတစ်လက်မရဲ့တစ်ထောင်ပုံ၎ပုံမှ၈ပုံအတွင်းရှိပါတယ်။
တစ်လက်မ၏တစ်ထောင်ပုံပုံမှပုံခန့်အထိကြီးထွားလာသည့်ဦးနှောက်ပမာဏသည်ယောဂီတစ်ယောက်ရဲ့တသက်တာအတွင်းတရားထိုင်ခဲ့တဲ့အချိန်စုစုပေါင်းနှင့်တိုက်ရိုက်အချိုးကျပါသည်ဟုလာဇာကပြောခဲ့သည်။ထိုပမာဏကို ကမ္မဌာန်တးရား အပြင်းအထန်အားထုတ်စဉ်ကရရှိခဲ့ခြင်းဖြစ်သည်။ ၁၀ရက်၊၁ပါတ်အားထုတ်ပြီးယောဂီလိုအမည်တပ်ခံရရုံသက်သက်နှင့်တော့ဦးနှောက်ကကြီးထွားလာမှာမဟုတ်ပါဘူး။

အလွန်သေးငယ်သည့်ပမာဏပဲကြီးထွားပါစေ။ထိုကြီးထွားခြင်းက ကမ္မဌာန်းတရားအားထုတ်ခြင်းကြောင့် ဖြစ်သည်ထိုကြီးထွားခြင်းကြောင့်ဘယ်လိုကျန်းမားရေးတွေတိုးတက်ကောင်းမွန်လာတယ်၊အိုမင်းရင့်ရော်ခြင်းတွေကိုဘယ်လိုနှေးကွေးစေတယ်ဆိုတဲ့ လေ့လာမှုတွေကိုဦးဆောင်ပါလိမ့်ဦးမည်။

မည်သည့်အရာကဦးနှောက်ကိုကြီးထွားလာစေလဲ။တရားအားထုတ်ခြင်းနှင့်ဦးနှောက်ရဲ့ဆဲလ်တွေ(သို့မဟုတ်)သွေးလွတ်ကြော၊သွေးပြန်ကြောတို့နှင့်ဆက်သွယ်မူရှိမရှိ။ထိုကြီးထွားခြင်းကနေ့စဉ်ပြုမူပြောဆိုလုပ်ကိုင်ပုံတွေကိုဘယ်လိုလွှမ်းမိုးချူပ်ကိုင်သလဲ။
ဦးနှောက်၏စဉ်းစားတွေးခေါ်မှု့ပိုင်းဆိုင်ရာဧရိယာနေရာနှင့်ခံစားမှု့ပိုင်းဆိုင်ရာဧရိယာနေရာတို့အပြန်အလှန်ဆက်သွယ်ချက်တွေဘယ်လိုကောင်းမွန်လာသလဲ...စတဲ့အခြေခံမေးခွန်းတွေကိုများစွာကိုအဖြေရှာရန်လိုအပ်ပါသည်။
မန်ဆာချူးဆက်အထွေထွေဆေးရုံကြီး၌ ထိုမေးခွန်းများစွာတို့ကိုဖြေဆိုရန်အတွက် အလွန်ကျယ်ပြန့်တဲ့လေ့လာမူများကိုပြုလုပ်ရန် စီစဉ်ခဲ့ပါသည်။

ရရှိထားတဲ့ရလာဒ်တွေကအရမ်းကိုအားရကျေနပ်စရာကောင်းပါတယ်။ ပိုများတဲ့ယောဂီတွေနှင့်အကြိမ်ပေါင်းများစွာထပ်မံစမ်းသပ်ရန်လိုအပ်ပါတယ်။ယောဂီတစ်ယောက်တရားစတင်အားမထုပ်ခင်ကဦးနှောက်နှင့်

ကျွမ်းကျင်စွာတရားအားထုတ်နိုင်တဲ့ဦးနှောက်ကိုနှိုင်းယှဉ်လေ့လာရန်အခုကျမတို့အဖွဲ့ စီစဉ်နေပါပြီ ဟုလာဇာကပြောကြားခဲ့သည်။

ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင်

ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူပူဇော်ပါသည်။ ။

ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ
စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့
နှုတ်မစောင့်စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့အရင်ဆုံးဆင်ခြင်ပါ။ ပြီးရင် ပြောသင့်တာကိုပဲပြောပါ။ မပြောသင့်တာကို လုံးဝမပြောပါနဲ့။ ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။ လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးမပြောပါနဲ့။ မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။ အမှားတွေလည်းပါလာတတ်ပါတယ်။

တချို့က သတင်းအချက်အလက်လေးတစ်ခု ရလိုက်ပြီဆိုတာ နဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။
လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ။ပြောဖို့လိုသလား ၊
မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့်
ပြောဖို့မလိုတာတွေပဲ ပြောနေတတ်ကြတာပါ။


ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ်တာကိုတော့ သတိကြီးကြီး ၊
ဉာဏ်ကြီးကြီးနဲ့ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။

တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ ၊ တို့ကပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်းအစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။
အဲဒီလို စိတ်မနိုင်နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိလွှတ်ကနဲပြောတတ်တဲ့သူတွေဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည်အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား ၊ တစ်ဖက်သားအကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား
စိတ်ဆင်းရဲသွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့
အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှအကျိုးထူးမသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့ ။ အလကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာ စကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ် ။ သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက
တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရား ပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်းရှိတဲ့စကားကို ခေါ်ပါတယ် ။

မှန်ကန်၍အကျိုးရှိသောစကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါထပ်ခါပွားများရင်းနဲ့ ငါလည်းမှန်တာပဲပြောမယ်။ မှန်တိုင်းမပြောဘူး၊
အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး ။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ၊
ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ
ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။


ဘာစကားပဲဖြစ်ဖြစ်

လိုအပ်မှပြောတာပဲကောင်းပါတယ်။ လောလောဆယ်ပြောဖို့မလိုအပ်သေးရင်တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ် လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။
နောက်တစ်နာရီမှပြောသင့်တဲ့စကားနောက်တစ်နာရီမှပြောပါ။ သတိရတုန်းဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။နောက်တစ်ရက်မှပြောသင့်တဲ့စကား
နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိသူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင်မှန်နေတောင်မှလုံးမပြောပါနဲ့။လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။

အမေစုရဲ့ peaceful revolution ကို အကောင်အထည်ဖော်ကြဆို့

by Thein Aung on Sunday, 21 November 2010 at 11:45

ပြည်တွင်းပြည်ပ မှာ အမေစုလမ်းကြောင်းကို အတက်နိုင်သမျှ ပံ့ပိုးပါလို့ပြောခြင်ပါတယ် အစိုးရက ဥပဒေ ပြုမှုကို လုံးဝအထိမခံဘူးဖြစ်နေတယ် အမေစုနဲ့ ပြည်သူ ထိတွေ့မှာပါ ပိတ်ပင်မှုတွေ သွယ်ဝိုက်ပြီး လုပ်လာပြီလေ အင်မတန် ညင်သာ ပြီး သတိထားမှ တော်ရုံကြမယ် ပြည်သူတွေ အကျိုးမြတ်ရဘို့အဓိက ကျပါတယ်အမေစုကိုတကယ်ယုံကြည်တယ်ဆိုရင် အခုသွားနေတဲ့ အမေစုရဲ့လမ်းကြောင်းကို လက်တွေ့ကျကျ လိုက်နာ ဆောင်ရွက်တက်ဘို့လိုပါတယ် ရင်ထဲမှာမှာ ပြောနေလို့မရပါဘူး အခုဆိုရင် မြန်မာပြည်မှာ HIV ဝေတနာရှင်ပေါင် ၄ သိန်းလောက်ရှိတယ်အမေစု ကဒီလိုဝေဒနာသည်တွေကို ကူညီခြင်တယ်၊ ရှိတဲ့လူတွေ အားလုံးဝိုင်ဝန်းပြီး ထောက်ပံ့ပေးနိုင်အောင်ကျိုးစားတာကလဲ အမေစုရဲ့လမ်းစဉ်ကို လိုက်ရာရောက်ပါတယ်တဖြေးဖြေးနဲ့ အမျိုးသားပြည်လည်သင့်မြတ်ရေးကို လူမှုရေးကွန်ယက် ကနေပြီး စတင်အကောင်အထည်ဖော်နေပါပြီ တက်နိုင်တဲ့ ဘက်က ဝိုင်ဝန်းပါဝင် ကူညီနိုင်ပါစေလို တိုက်တွန်းပရစေတခုတော့ရှိတယ် အများအကျိုးဆောင်ရင်တော့ ကိုယ်ကျိုးအရင်စွန့်လွတ်နိုင်ရမယ် ကိုယ်ကျိုးစွန့်ဆိုတာ အသက်ရှင်ဘို့ နေထိုင်နိုင်ဘို့အတွက်တော့ လုပ်ရမှာပေါ့နော် တို့နိုင်ငံ စီးစနစ်မရှိလို့ လူတွေ လွတ်ကုန်ကြတာပါ အဲဒီတော့ စီးစနစ်ရှိအောင် ကိုယ်ကိုတိုင်လဲ ကျင့်ကြံ သူများကိုလဲ နည်းပေးပါ၊စိတ်တွေကို ဘောင်တခုအတွင်းမှာပဲထားပါ၊ ဘယ်တော့မှ လွတ်မပေးပါနဲ့ တခြားနိုင်ငံတွေမှာ စိတ်တွေ လွတ်သွားပြီး မဟုတ်တာတွေလုပ်ရင် ဥပဒေ ကောင်းကောင်းနဲ့ လူတွေကို ထိန်းချုပ်ထားတယ်၊ တို့နိုင်ငံမှာ မရှိသေးဘူး ။ အားလုံး လုပ်ပိုင်ခွင့် တွေနဲ့ပဲ လဒ်စားမှုတွေ က ကြီးစိုးနေတယ် ဥပဒေ ဆိုတာ စာအုပ်ထဲမှာပဲရှိနေသလို တချိ့သောဥပဒေ တွေက မြန်မာပြည်နိုင်ငံသူနိုင်ငံသား အားလုံးတန်းတူ မရတာတွေရှိနေတယ်၊ အခုတို့တွေ ကြိုးစားနေတယ်ဆိုတာ ဥပဒေကောင်းတခုပေါ်ပေါက်လာဘို့ဖြစ်တယ် ။ အမေစု သွားနေတာလဲ ဒီလမ်းကြောင်းဘဲ ၊ အဓိက ကိုပြောတာပေါ့နော်၊ ဒါပေမဲ အခုအချိန်မှာ ဒီအဆင့်ထိရောက်ဘို့ မလွယ်သေးဘူး အားလုံးညီညွတ်ပြီး ပေါ်င်းဆီးနိုင်မှ ဖြစ်မှာ ဒါကြောင့် အမေစု အမျိုးသားပြည်လည်သင့်မြတ်ရေး ၊ ညီညွတ်ရေး၊ပေါင်းစီးရေးကို လုပ်နေတာပါ ဒါဟာ တို့နိုင်ငံရဲ့အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်နေပါတယ်

လုပ်ပိုင်ခွင့်လို့ခေါ်တဲ့ ဗီတိုအာဏာပေါ့နော် ကုလသမဂ အထိရှိတယ်၊ ဒါကြောင့်နိုင်ငံတကာ လူကြီးတွေက အမေစုရဲ့လမ်းစဉ်ကို လေးစားကြတာ ၊ ဒါကြောင့် အမေစုလဲ နိုဘယ်ဆုရှင်တစ်ယောက်ဖြစ်လာတာပေါ့ လုပ်ပိုင်ခွင့်အဏာကို ပြည်သူအတွက် (အကျိုးစီးပွား) အသုံးပြုမယ်ဆိုရင် အဲဒိနိုင်ငံဟာ အရမ်းတိုးတက် တဲ့နိုင်ငံဖြစ်လာမှာပါ ဒါပေမဲ အာဏာဆိုတာ ရှိနေရင် ယစ်မူးတက်တယ်၊ ဒါကြောင့်ဒီမိုကရေစီစနစ်မှာ တာဝန်လွဲပြောင်းမှုဆိုတာ ၄/၅နှစ်တကြိမ် ပြောင်းပေးရတာပေါ့နော်၊ ရစ်မူးပြီး မဟုတ်တာလုပ်တဲ့ သူကိုပြည်သူက မကြိက်ရင် ခေါင်ဆောင်မဖြစ်ဘူးပေါ့နော်၊ ဒီသဘောပါဘဲ ဒါကြောင်း စီရုံးရေးတွေ ဟောပြောပွဲတွေ လုပ်ရတာပေါ့နော်ကိုယ်တွေက ဘယ်လိုနည်းစနစ်ကျကျ နဲ့ လက်တွဲပြီး လုပ်နိုင်မယ် ဆိုတာ ကိုအကောင်အထည်ဖော်ပြီး အထက်က ပြောခဲ့ တာတွေနဲံ့လိုက်နာဆောင်ရွက်မယ် ဆိုရင် အေးချမ်းတဲ့ ၊ လူ့အခွင့်ရေးပြည့်ဝတဲ့ ၊ ခေတ်မီတိုးတက်တဲ့ ၊ နိုင်ငံတခုဖြစ်လာမှာပါ ကိုယ်အလုပ်လုပ်နေရင်းနဲ့ နိုင်ငံရေးဆိုတာ ကိုလုပ်ရတာပါ၊ ဥပမာ အလုပ်ခွင်ထဲမှာ မတရားတာတွေကိုတွေ့ရင် လိမ်မာပါးနပါစွာနဲ့ အများအကျိုး ကို ရအောင်ဆောင်ရွက်တာလဲ နိုင်ငံရေးပါပဲ နိုင်ငံရေးဆိုတာ နားလည်ဘို့မလိုဘူး နောက်တခုက သတင်းတွေ ဖက်နေတာ ကောင်းပါတယ်၊ ဒါပေမဲ့ သတင်းဆိုတာ အခြေအနေကိုသိဘို့သုံးသတ်နိုင်ဘို့လောက်ပါဘဲ ၊ ရင်ထဲမှာ ရှိတဲ့ အရာတွေကိုမပြောင်းနိုင်ပါဘူး ၊ အဓိက လုပ်ရမှာက သိထားတဲ့ အခြေခံသဘောတရားတွေကို လက်တွေကျကျ လိုက်နာဆောင်ရွက်ပြီဆိုရင် ကိုယ်ကိုတိုင်ကိုက သတင်းတခုဖြစ်လာပါလိမ့်မယ်၊ ကိုယ်ရဲ့ပြောသမျှဆိုသမျှတွေဟာ သတင်းတွေဖြစ်လာလိမ့်မယ်။