Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 15 November 2008

White Campaign

Burma need your helps to change 50 millions of people's will, so why are you waiting for, while you have a good chance to do so?

In October 2006, 88-Generation Students launched the 'White Expression Campaign" and "Multi-faith prayer campaign", calling for the Burmese people to show their support by wearing white clothes and praying for national reconciliation and release of all political prisoners.

In April 2007, 88-Generation Students launched the "Sunday White Campaign," calling for the release of all political prisoners and encouraged Burmese people to show their support by wearing whiteclothes on Sunday.

Now they are in prisons. It is our duty to keep up the flame alight in order to restore democracy in Burma.

As Daw Aung San Suu Kyi once said that "Everyone can play their parts in democratisation process of Burma. When you see injustice, do not sit tight and just look. Do not ignore unjust to let it happen. When you see injustice, try your best to stand by with justice. Do something and voice for justice".

Burma Democratic Concern (BDC) call for people around the world; men and women, journalists and musicians, students and government employees, lay men and religious leaders, to wear white every Saturdays starting on Burmese National Day, 22nd November 2008 (Saturday) until 27th December 2008 (Saturday), as the expression of solidarity with everyone who are working to restore justice, human rights and democracy in Burma.
For Buddhist monks, soldiers, policemen and fire brigade members, we would like to urge to hold white small towel.
Who
All People Who Love Justice
What
To Wear White
When
Starting On Burmese National Day 22nd November 2008, 29th Nov 2008,
6th Dec 2008, 13th Dec 2008, 20th Dec 2008, Until 27th Dec 2008
Where
Everywhere, Pagodas, Temples, Churches, Mosques
Why

To Show Solidarity With Everyone Who Sacrifice Their Lives For Freedom Of Burma
How
Six Saturdays Until 27th Dec 2008

We would like to encourage everyone to promote and coordinate people around the world both inside and outside Burma.

ပြန်လာမှာပါ …..

ဆောင်းပါးကောင်းလေး တစ်ပုဒ်ကို သူငယ်ချင်းတစ်ယောက်က forward လုပ်ပေးတာနဲ့ မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက် ပြန်ပြီး share လိုက်ပါတယ်...
ခုခေတ်မှာ လူငယ်အများစုက အမျိုးမျိုးသော အကြောင်းတရားတို့နဲ့ နိုင်ငံခြားကို ထွက်ကြပါတယ်...
နိုင်ငံရပ်ခြားရောက်လို့ တိုးတက်သင့်သလောက် တိုးတက်သွားတဲ့ လူတွေရှိသလို အဆင်မပြေတဲ့ လူတွေလည်း ရှိကြပါတယ်....
ဒါပေမယ့် သေချာတာတစ်ခုကတော့ အများစုက မပျော်ကြပါဘူး... အခြေအနေပေးရင် အမိမြန်မာပြည်ကို ပြန်ချင်ကြတဲ့လူတွေချည်းပါ... မြန်မာပြည်ဟာ ကျွန်တော်/ကျွန်မတို့ ရဲ့အိမ်ပါ … သေချာပါတယ်... တစ်နေ့နေ့တော့ ပြန်လာကြမှာပါ..

အစ်ကို ရေ…

အစ်ကိုလည်း ဆီမီနာတွေ၊ ၂၀၀၉ အတွက်အစီအစဉ်သစ်တွေနဲ့ အလုပ်တွေများနေပါရောလား။ စာကောင်းလေးတွေတွေ့ထားရင်ပြောစမ်းပါဗျာဆိုပြီး သတိပေးထားတဲ့ အစ်ကို့အတွက် ဆောင်းပါးတစ်ပုဒ်ကို ညွှန်းချင်ပါတယ်ဗျာ။

ပြီးခဲ့တဲ့ တနလာင်္နေ့တုန်းက ဦးစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ဖတ်လိုက်ရတယ်။ ကောင်းလွန်တယ်ဗျာ။ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားမိတယ်။ တစ်ဆက်တည်းမှာပဲ အခုတလော မြင်နေတွေ့နေရတဲ့ ဆောင်းပါးတွေထဲမှာ မောင်စူးစမ်းဆောင်းပါးတစ်ချို့ရယ်၊ ဦးစိန်ဝင်းဆောင်းပါးတစ်ချို့ရယ်၊ ကျော်စောမင်း(ကြည်မင်း)ရဲ့ ဆောင်းပါးတစ်ချို့ရယ်တွေက အရမ်းကိုသက်ရောက်မှုရှိလွန်းနေတာ သတိထားမိတယ်ဗျ။ သူတို့တွေရဲ့အဆိုကို ကျွန်တော့်အနေနဲ့လည်း စောဒဂတက်ကန့်ကွက်စရာမရှိအောင်
စိမ့်ဝင်ကူးယူခံစားမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်ပါတယ်။

ဒီလိုဗျာ။ ဦးစိန်ဝင်းဆောင်းပါးက "သူတို့ပြန်လာကြမှာပါ"တဲ့။ ဆောင်းပါးကိုတွဲတင်ပေးပါမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းအခုန်အတော်များများကို ကျွန်တော်လုပ်ခဲ့ဖူးတယ်ဗျ။ သွားနေတဲ့လူတွေသိပ်များတယ်။ သူတို့ဆီက ကျွန်တော်တို့ဘာတွေအကျိုးပြုနိုင်မလဲဆိုတာတွေ။ ဆရာကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောထားပုံရပါတယ်။ ကျွန်တော်ကတော့ ရာခိုင်နှုန်းပြည့်ယုံကြည်ပေးဖို့ရာ ခက်ခဲနေပါတယ်။ ကြား၊သိ နေရာတာတွေကြောင့်ပဲ ဆိုပါတော့ဗျာ။ အစ်ကိုလည်း သိမှာပေါ့လေ။

ဒီလိုပြောလို့ နိုင်ငံခြားရောက်နေတဲ့သူတိုင်း ဒီစိတ်တွေရှိနေကြတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။
တစ်ချို့တလေ( အတော်တောင်များလာပြီလိုဆိုရမယ်။) အတွက်ပေါ့ဗျာ။ တစ်ချို့တွေများဆို အပြင်ကနေပြီး အတွင်းမှာရှိနေတဲ့လူတွေကို ပျင်းလိုက်တာ၊ ဖျင်းလိုက်တာ၊ အဆင့်မရှိလိုက်တာ၊ ဒီလောက်လေးတောင်မတတ်ဘူးလား၊ မသိဘူးလား၊ တစ်ကယ်တုံးတဲ့ကောင်တွေပဲ၊ စလို့ စလို့ ပေါ့လေ၊ ခိုင်းနှိုင်းပြောဆိုလာတာတွေရှိလာတာကိုတော့ လက်သင့်ခံစရာမရှိပါဘူး။
ဒါကြောင့်ပဲ ဦးစိန်ဝင်းကိုယ်တိုင်က"နိုင်ငံရပ်ခြားရောက် ပြည်တွင်းဖြစ်ကိုရွှေဗမာများသို့"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးတာ တွေ့ရတယ်လေ။ အခုလိုပြောနေလို့ မင်းက ဘာကောင်မို့ ဒီလို ပြောသလဲဆိုတာတွေ ပြောကြမယ်။ အဆုံးဗျာ၊ ဆဲရေးတိုင်းထွာကြမယ်။ ရှိပါစေတော့။

မကြာသေးခင်က ရှရွတ်ခန်းပါတဲ့ My Country ဆိုတဲ့ဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျ။ သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ရှရွတ်ခန်ရဲ့ သူ့တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်ကလေးကျွန်တော်တို့လူငယ်တွေအားလုံးမှာ ရှိနေကြရင်ဖြင့် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိတယ်။ အတ္တကိုတော့ အရောင်တင်ခဲ့ကြတာပါပဲဗျာ။ အရောင်တင်တဲ့အတ္တတွေက တန်ဖိုးတစ်ခုထွက်လာဖို့ လိုအပ်တယ်ဆိုတာပါ။

ခေတ်ကြောင့်ပါမယ်။ စနစ်ကြောင့်ပါမယ်။ ဒီကျောက်တုံးကို တွန်းလို့မရသေးရင် အောက်ပြန်မလိမ့်အောင် ဘယ်လိုလုပ်ကြမလဲ။ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ ထိရောက်ပြီး အမှန်တကယ်အကျိုးသက်ရောက်မှုရှိတဲ့အရာတွေ မလုပ်နိုင်ကြသေးတာပဲ။ကိုယ်ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ပေးလို့ရမလဲ၊ လုပ်နိုင်သလောက်လုပ်ပေးကြဖို့သာ အရေးကြီးတယ်။

အစ်ကိုရေ၊ ပြည်တွင်းမှာတင် နိုင်ငံခြားသွားလို့ရပေမယ့် မသွားပဲ၊ ကျားကုတ်ကျားခဲ ရုန်းကန်လှုပ်ရှား နေတဲ့ လူငယ်တွေကို အားပေးသင့်တယ်၊ အပြစ်မမြင်သင့်ဘူး၊ လိုတာတွေကို ၀ိုင်းကူပေးရမယ်လို့ ကျွန်တော်ပြောခဲ့တုန်းက အစ်ကိုတောင်ပြုံးနေခဲ့သေးတယ်မဟုတ်လား။ ဒါပါပဲဗျာ။

"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ"

ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါအစ်ကိုရေ။ အစ်ကိုရော ဘာတွေလုပ်နေသလဲ၊ ကျွန်တော်ရော ဘာတွေလုပ်နေသလဲ၊ သူတို့တွေရော ဘာတွေလုပ်နေသလဲ။

ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတဲ့ စကားအရဆို ကျွန်တော်တို့တွေဟာ ပြိုင်တူတွန်းနိုင်စွမ်း မရှိသေးဘူးလို့ပဲ ၀န်ခံရမှာပါခင်ဗျာ။ ကျွန်တော်လည်း ညံ့ဖျင်းနေဆဲပါပဲ အစ်ကို။
===============================================
သူတို့ပြန်လာကြမှာပါ

ရေးသူ- လူထုစိန်ဝင်း

'ဘရိန်းဒရိန်း'လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်း လူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။

စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွား ခဲ့ကြတဲ့ တရုတ်လူမျိုးပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတစ်ဖွဲဖွဲနဲပြန်ရောက်လာကြသလို၊ မြန်မာတွေပြန်လာကြပါ့မလားလို့လည်း သူကမေးပါတယ်။
ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ ပြန်မလာကြ တော့ဘူးလို့ လည်းပြောပြီး အပြစ်တင်ပါတယ်။မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။

ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခု စတင်ဖွင့်လှစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါးသင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာ လူငယ်ပညာတတ်ကလေးတွေချည့်ပါ။

ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေက အများစုဖြစ်တယ်။အားလုံးရဲ့ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။

ဟုမ်းဆွိဟုမ်း(Home Sweet Home)
--------------------------------------------
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ခုလောက်လည်း ပတ်စပို့တို့ဗီဇာတို့ရဖို့ မလွယ်တာတောင်၊တစ်လ ကို သုံး၊ လေးခေါက်တော့တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကိုရောက်နေရတယ်။အဲဒီအချိန်ကကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။
ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ကဗျာလေးကို အမြဲသင်ပေးပြီးထွက်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့ စာတန်းထိုးထားတဲ့ ကောက်ရိုးပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။

ဘရိန်းဒရိုင်းတောင်ဖြစ်နိုင်
----------------------------------
သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။ကိုယ်ကဖြင့် ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်ကလူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်းအလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီ'ဘရိန်းဒရိန်း'အကြောင်း ရောက်သွားလေ့ရှိတယ်။ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့ အခါမှာလည်း လယ်ယာလုပ်သားရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။

ဒါပေမယ့် ဂျာနယ်သမားလူငယ်စိတ်ပူသလို 'သူတို့ပြန်လာကြပါ့မလား'လို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။
ပဋိရူပဒေသ
-----------------
ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့အတွေ့အကြုံကြောင့် ပြော တာဖြစ်တယ်။
ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။

ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်း မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာသူတို့အား လုံးသိနေကြလို့ပါပဲ။တပည့်တော်တော်များများကတော့ သူတို့ ရောက်နေတဲ့နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင် 'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင် လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။

ငတ်လို့ထွက်တာမဟုတ်ဘူး
-------------------------------------
နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်းရှိသေးတယ်။ တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ 'ပါးရှား'လွန်းလို့ ထွက်သွားကြတာ။မြန်မာနိုင်ငံကထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်း
ပညာလောက်တော့တတ်ထားကြသူတွေဖြစ်တယ်။ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ဘယ်သူမဆိုရှာနိုင်ကြတယ်။
ကျောင်းသားလူငယ်တွေနဲ့ လက် ပွန်းတတီးအရှိဆုံးသူတစ်ယောက်အနေနဲ့ပြောရရင် အကြောင်းနှစ်ခုနဲ့ သူတို့ထွက်ချင်ကြတာဖြစ်တယ်။

ပညာသင်ချင်လို့ဆိုတဲ့အကြောင်းနဲ့ မိဘတွေကိုကောင်းကောင်းကျေးဇူးဆပ်ချင်လို့ ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာဖြစ်တယ်။ ပညာသင်ချင်တာနဲ့မိဘကျေးဇူး ဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးလား။

မပူနဲ့စိတ်ချနေ
---------------------
ဂျာနယ်တိုက်က လူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။ ဘာမှစိတ်မပူနဲ့၊သူတို့ပြန်လာကြမှာပါလို့။ နိုင်ငံခြားထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အ သေအချာပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့လုပ်ခမျိုး၊ တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။
'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။
တကယ်ပါ။ မပူပါနဲ့။ တစ်နေ့သူတို့ပြန်လာကြမှာပါ။ ။
=================================

ပြန်လာမှာပါ … တစ်နေ့နေ့တော့ ပြန်လာကြမှာပါ …
------------------------------------------------------------------
အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် …
လူဆိုတာကတော့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာ ပိုပျော်တတ်တာ သဘာဝပါပဲ …။

ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို လှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ အများကြီးပါ …၊
ဒါပေမယ့် … ကျောင်းမှာ လေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကို ကျက်ခဲ့ရတဲ့ သူတွေအတွက် internet ကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို ခဏလေး adapt လုပ်နိုင်ပါတယ် … ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်းလို့ ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ… လူတော်တွေဘယ်လောက်များလည်း မသိသေးလို့ပါ …။

တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ…ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ … အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေ လာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့ တစ်ယောက်မှ မရှိသေးဘူး …။ အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေ တနင့်တပိုးဆောင်နေရတာတောင် မြန်မာပြည်ပြန်ချင်လို့ Citizen မခံတဲ့သူတွေ … Singapore မှာတော့ အများကြီးပါ … ။

ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။
ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။
ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက် များနေပါသေးတယ် …။

အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကို စုပြီးတွက်လိုက်ရင် … brain drain ဖိုးကျေလောက်ပါတယ် … ။ အပြင်ရောက်နေတဲ့ Technicians တွေကြောင့် ပြည်းတွင်းက Technicians တွေလည်း အများကြီး အထောက်အကူ ရပါတယ် … ။ ဒါတွေကို ပြန်မကြည့်ရင်တော့ Brain Drain … ပဲ အော်နေရတော့မှာပေါ့ .. India ကခေါင်းဆောင် တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is better than Brain in the drain… တဲ့..

ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ်…၂.၂ သန်းဆုပေါက်တာ နဲ့ ..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTC တစ်ခုခုမှာ … ဒါမှမဟုတ် … University of Computer Science မှာ … Lecturer လုပ်မယ် … ။
Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ ကျွန်တော်တို့ ရဲ့အိမ်ပါ … ။
Home-sick ဆိုတဲ့ခြင်တစ်မျိုးက အပြင်ရောက်နေသူတိုင်းကို ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ … ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ … အိမ်ပြန်ဖို့ အမြဲ အသင့်ဖြစ်နေတာပါ …. ။

ကျွန်တော်တို့ ပြန်လာမှာပါ …..
သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။
မှတ်ချက်....ဆောင်းပါးပါ တစ်ချို့အကြောင်းအရာများသည် လက်တွေ့နှင့်အနည်းငယ်ကွာခြားနေသော်လည်း မူရင်း မပြောက်ပျက်စေလို၍ ထည့်သွင်းဖော်ပြထားပါသည်။
မကြာတော့ပါဘူး "ကျတော်တို့ ပြန်ကြရမှာပါ"

တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်

သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 21:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အများစုအပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ယနေ့တွင် တရားရုံးအသီးသီးက ၁၆ နှစ်အထိ ရှည်လျားသော ထောင်ချမှုများ ပြုလုပ်လိုက်ပြန်သည်။တံခါးပိတ်ကျင်းပသည့် ကျောက်တံတားမြို့နယ် တရားရုံးက ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပြီး မောင်ကျော်ကျော်လင်းကို ၁၃ နှစ်၊ မကြည်ကြည်ဝါကို ၁၁ နှစ်နှင့် ကိုနေဇာမျိုးဝင်း (ဒေါပုံ)၊ ကိုအောင်ဇော်ဦး (တောင်ကြီး) တို့အား ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက လှိုင်သာယာမြို့နယ်မှ ပါတီဝင်လူငယ် ကိုသန်းဇော်မြင့်၊ ကိုစန်းဝင်း ၊ ကိုသန့်ဇင်မျိုး တို့ကို ၉ နှစ်ခွဲနှင့် ဒေါ်ငယ်မ၊ ကိုကျော်စိုးဝင်း ၊ ကိုသိုက်မင်းတို့အား ၇ နှစ်ခွဲစီ ထောင်ဒဏ်ချမှတ်သည်။ "အဖမ်းခံရသူ မိသားစုတွေက လာပြီးတော့ ထောင်အ၀မှာ စောင့်နားထောင်တယ်လေ… ဒီကနေ ထောင်အရာရှိတဦးကို ဖုန်းဆက်ပြီး မေးခိုင်းကြည့်တယ်။ သူတို့ကို နှစ် ဘယ်လောက် ချလိုက်တယ်ပေါ့။ အဲဒါကြောင့် သူတို့ သိခဲ့ရတာ" ဟု ထောင်ချခံရသူတဦး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဇာမျိုးဝင်း၏ ဖခင်က "သားသမီး အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ ၀မ်းနည်းခြင်းတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ ယုံကြည်ချက်နဲ့ သူတို့ ရွေးချယ်ရာ လမ်းပေါ့ဗျ။ သူတို့ ဒီလမ်းကို လျှောက်တဲ့ ကိစ္စဖြစ်လို့ ဒီလိုဖြစ်တာပါပဲ" ဟု ပြောသည်။

ထို့အပြင် အင်းစိန် အထူးတရားရုံးမှ မန္တလေးတိုင်း အန်အယ်ဒီ ပါတီဝင်များဖြစ်သည့် ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ကိုဇော်ဝင်းတို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် တဦးလျှင် ၄ နှစ်စီ ချမှတ်သည်။ သူတို့ အကုန်လုံးပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော စီတန်းလှည့်လည် မေတ္တာပို့သော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရသူခြင်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆုတောင်းပွဲများတွင် ပါဝင်၍ အဖမ်းခံရခြင်း ဖြစ်သည်။

ထို့အပြင် ဒဂုံမြို့နယ်မှ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား တောင်ဒဂုံတရားရုံးတွင် ယနေ့ ညနေ ၃ နာရီခန့်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက စစ်အစိုးရက မေလအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့်အနေဖြင့် NO အကျီဝတ်ဆင်ကာ သင်္ကြန်တွင် လည်ပတ်သည့်အတွက် ဖမ်းဆီးခံရသူများ ဖြစ်သည်။

ယနေ့ စီရင်ချက် ချသူများထဲမှ ကိုစန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်းတို့သည် ယမန်နေ့ကလည်း စွဲဆိုထားသော အမှုအချို့ဖြင့် စီရင်ချက် ချခံရသူများဖြစ်ပြီး ယနေ့တွင်လည်း အမှုတွဲများဖြင့် ထောင်ဒဏ် တိုးခံရသူများ ဖြစ်သည်။