Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 3 August 2009


မြန်မာပြည်တွင် ၁၉၈၈-ခုနှစ် မတ်လမှာ အင်းစိန်မြို့ ကြို့ကုန်းရပ်ကွက်ထဲကလဘက်ရည်ဆိုင် လေး အတွင်း…. အာဏာပိုင် ဥက္ကဋ္ဌဆိုတဲ့ လူကြီး သားရဲ့ ဥပဒေမဲ့ ရမ်းကားမှု-အာဏာပိုင်တွေ ရဲ့ လူကြီးသား ဖြစ်လို့ ဥပဒေ လမ်းကြောင်းအရ အရေးမယူပဲ နစ်နာခဲ့တဲ့ ကျောင်းသားများ၏
တောင်းဆိုမှုကို လက်မခံပဲ လက်နက်အားကိုးနဲ့ ဖြေရှင်းခဲ့တဲ့အတွက် ကျောင်းသား ကိုဖုန်းမော်
အသက်သေဆုံးခဲ့ရပြီး ကျောင်းသားများလဲ ဒဏ်ရာများ ရရှိခဲ့မှုတွေကြောင့်-- မဟုတ်လျှင် မခံ တတ်တဲ့ စိတ်ဓာတ် မတရားမှုများကို ရွံရှာမုန်းတီးတတ်တဲ့ စိတ်ဓာတ်တွေရှိကြတဲ့ အစဉ်အလာ
အတိုင်း စက်မှုတက္ကသိုလ်ကျောင်းသားတို့ရဲ့ မခံမရပ်နိုင်အောင် ပေါက်ကွဲမှုတွေကနေ တဆင့်
ကျောင်းသားပြည်သူ ရဟန်းသံဃာ တပ်မတော်သားများနှင့် ဝန်ထမ်းပေါင်းစုံအထိ တနိုင်ငံလုံး
ပြန့်နှံ့ကာ ဆန္ဒပြတောင်းဆိုမှုများကြောင့် ၁၉၆၂-ခုထဲက (၂၆)နှစ်တိုင်တိုင် စစ်အာဏာရှင်ကြီး ဦးနေဝင်းရဲ့ လက်အောက်မှာ ပြာဖုံးပြီး ငုံ့ရှိုး နေခဲ့ကြတဲ့ ပြည်သူလူထုရဲ့တော်လှန်ရေး စိတ် ဓာတ် တွေဟာ နိုးကြား ရှင်သန်လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနေ့ကို (၈၈၈၈) ရှစ်လေးလုံးဆိုပြီး မြန်မာပြည်မှာရော ကမ္ဘာမှာပါ ယနေ့ အချိန် အ
ထိ သမိုင်းတွင်တဲ့ တော်လှန်ရေးတရပ်အဖြစ် ဖြစ်တည်နေတယ်လေ။
ဒီ (၈၈)တော်လှန်ရေးကြီးအတွင်းမှာ ကျောင်းသားတွေနှင့် ရဟန်းရှင်လူ ပြည်သူတွေရဲ့
ဘဝတွေ ချွေးတွေ သွေးတွေ အသက်ပေါင်းများစွာတွေ စတေးခဲ့ရ ပေးဆပ်ခဲ့ရပြီး(၂၆)နှစ်တိုင်
အုပ်စိုးလာခဲ့တဲ့ ဦးနေဝင်းရဲ့ စစ်အာဏာရှင် အုပ်စိုးမှု မဟာဗျူဟာကြီးလဲ ပြိုကွဲခဲ့တယ်။
ဒီလို အာဏာရှင် ဦးနေဝင်းရဲ့ စစ်အာဏာရှင် စနစ်ကြီး ပြိုလဲခဲ့ရတာဟာ ကျောင်းသား
ထုနဲ့ အလွှာစုံက ပြည်သူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တပ်မတော်သားတွေ သံဃာတော်အ
ရှင်မြတ်တွေရဲ့ စည်းလုံးမှု လက်တွဲညီညီ တိုက်ပွဲဝင်တော်လှန်ခဲ့ကြလို့ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်ရဲ့ ဒုတိယအကြိမ် တော်လှန်ရေးသမိုင်းသစ်ကို ဖွင့်လှစ်ပေးခဲ့တာ
ဟာ (၈၈)ခုနှစ်ရဲ့ ကျောင်းသားထုပါ။
ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဟာ အမြစ်မပြတ်ပဲ ပြန်လည် ရှင်သန်လာခဲ့သလို (၈၈)ရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေကလဲ လက်ရှိအချိန်အထိ ရှင်သန်နေကြဆဲပါ။
(၈၈)မှာ ပေးဆပ်ခဲ့ရတဲ့ ကတ္တရာလမ်းပေါ်က သွေးစက်တွေဟာ ခြောက်သွေ့ အေးစက်မနေ
ခဲ့ပဲ ကြားကာလတွေ တလျှောက်လုံး အခြေနေပေးရင် ပေးသလို တိုက်ပွဲတွေ ဆင်နွှဲရင်း ဆက်
နွယ် စီးဆင်း လာခဲ့တာဟာ ဆိုရင် တံတားဖြူက တံတားနီ ဖြစ်ခဲ့သလို- မည်းနက်တဲ့ ကတ္တရာ
လမ်းတွေက ကတ္တရာနီဖြစ်ခဲ့ရတဲ့ အကြိမ်တွေ- သံဃာတော်တွေရဲ့ လှန်ဖုံးထားတဲ့သပိတ်တွေ
ကို မှောက်ခဲ့ရတဲ့အကြိမ်တွေနဲ့ သွေးနီတွေလွှမ်းပြီး မျိုးဆက်သစ်တွေက သမိုင်း မပြတ်အောင်
ဝိုင်းဆက်ခဲ့တယ်ဆိုတာ စက်တင်ဘာက သက်သေ ထပ်ထူလိုက်ပါတယ်။
ဒီသမိုင်းတွေကို မိုက်ရိုင်းစွာ ပုံဖော် တုန့်ပြန်ပြီး ငြိမ်ပိ ငုတ်ရှိုးစေနေတာကတော့ စစ်အာ
ဏာရှင်တွေနဲ့ နောက်လိုက်ခွေး လက်ပါးစေတွေပါပဲ။ ဒါပေမယ့် အမှန်တရား လိုလားတဲ့ သူရဲ
ကောင်း အာဇာနည်မျိုးဆိုတာ ဘယ်တော့မှ သေရိုးထုံးစံ မရှိပါဘူး။
ကျောင်းသားပြည်သူ ရဟန်းသံဃာတွေရဲ့သွေးစက်တွေဟာ ကတ္တရာလမ်းတွေပေါ်မှာ
နာကျင်စွာ မှေးစက်ရင်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ရင်ထဲ နှလုံသားတွေထဲကို စီး
ဆင်းပြီး နိုးကြားနေဆဲပါ။ ဒီသွေးတွေရဲ့သမိုင်းကြွေးတွေကို ဆပ်ဖို့ သမိုင်းပေးတာဝန်ကို ကျေ
ပြွန်စွာ လက်ဆင့်ကမ်း ထမ်းရွက်ဖို့ဆိုတာ -- လက်ရှိ လွတ်လပ်မှုကို မြတ်နိုးသူ ကျောင်းသား
ပြည်သူ ရဟန်းသံဃာတွေရဲ့ တာဝန်ပါ။
လက်ရှိကျန်နေသူတွေက တာဝန်မကျေကြဘူးဆိုရင်တော့… ပြည်သူတွေရဲ့လွတ်လပ်မှု တွေ.. ဒီမိုကရေစီရဲ့ အရသာတွေ.ခံစားနေပုံကို မျှော်လင့် စောင့်ကြည့်နေမယ့် ပေတရာပေါ်က
သွေးစက်တွေရဲ့ ဝိညာဉ်တွေက သင်တို့ကို ကျိန်ဆဲနေမလား ကဲ့ရဲ့လေမလားဆိုတာ…..
ဒါကြောင့် (၈၈) ရဲ့ စာတင် သမိုင်းကို ရာဇဝင် မရိုင်းရလေအောင် လက်တွဲညီညီနဲ့ အာ ဏာရှင် စနစ် အမြစ်ပြတ်အောင် တော်လှန် တိုက်ပွဲဝင်ကြပါစို့ ….။

မြတ်နိုး(B.S.R.O)

http://sanghaalliance.blogspot.com/
http://allburmamonksalliance.org/

ဒါပေမယ့် သူတို့ က ဘယ်လိုပဲ အမွေပေးပစ်ခဲ့ပေစေ သူတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ အရက်သောက် မိန်းမလိုက် ဖဲရိုက်နေတဲ့ လူဆိုးတွေဆိုရင် ဒီအမွေဟာ ဒီလူဆိုးတွေ လက်ထဲမှာ ကြာရှည်မနေဘူး။ နောက်ပြီးတော့လည်း သူတို့ ရဲ့ သားသမီးမြေးမြစ်တွေဟာ လူပျင်းတွေ လူဖျင်းတွေဖြစ်ပြီး ဒီအမွေတွေကို တိုးပွါးအောင် မလုပ်နိုင်ပြန်ရင်လဲ ဒီအမွေတွေဟာ ဒီလူပျင်းတွေ လူဖျင်းတွေရဲ့ လက်ထဲမှာ ကြာရှည်မနေဘူး။

နောက်ပြီးတော့လဲ သူတို့ရဲ့သားသမီးတွေဟာ ဒီအမွေ ကို လူဆိုး သူခိုး ဒမြတွေရဲ့ ဘေးအန္တရာယ်တွေကနေ လွတ်ကင်းအောင် အကာအကွယ် မစောင့်ရှောက်ဝံ့တဲ့ လူညံ့တွေ လူကြောက်တွေ လူ့သူရဲဘောနည်းတွေရဲ့ လက်ထဲမှာလည်း ကြာရှည်မနေဘူး။

ဒီမိုကရေစီဆိုတာ အခြားဟာ မဟုတ်ဘူး။ ကျွန်တော်တို့ ရဲ့ အာဇာနည်အဆက်ဆက် မျိုးချစ်ပုဂ္ဂိုလ် အဆက်ဆက်တွေက သူတို့ရဲ့  သားစဉ်မြေးဆက် နောင်လာနောက်သားတွေဟာ ကမ္ဘာ့အလည်မှာ လူတန်းစေ့စေ့ နေကြရပါစေ၊ လူရင့်မကြီးတွေဖြစ်ပြီး နဖားကြိုးထိုးခံထားရတဲ့နွားတွေလို လူဖြစ်ကျိုး မရှုံးကြပါစေနဲ့ ဆိုတဲ့ တကယ့်မေတ္တာ တကယ့်စေတနာ
တကယ့်ဂရုဏာကြီးတွေနဲ့ ဒုက္ခအမျိုးမျိုးခံ၊ အမျိုးမျိုး စွန့်စားပြီး ကျွန်တော်တို့ ကို ပေးပစ်ခဲ့တဲ့ အမွေဘဲ ဖြစ်တယ်။

ဒီမိုကရစီအမွေကလည်း သူ့ ကို မချစ်ခင် မနှစ်သက် မမြတ်နိုးတဲ့ လူတွေရဲ့ လက်ထဲမှာ ကြာရှည် မနေဘူး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ကိုယ်ကျိုးရှာသမားတွေရဲ့  လက်ထဲမှာလည်း ကြာရှည်မနေဘူး။ နှောင့်ယှက်ဖျက်စီးမယ့်သူတွေ ပေါ်နေသည့်တိုင်အောင် မကာကွယ်ရဲဘဲ ရေသာခိုပြီးလိုက်နေမဲ့ လူသူရဲဘော၊ လူညံ့၊ လူကြောက်တွေရဲ့ လက်ထဲမှာလည်း ကြာရှည်မနေဘူး။

ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့ မျှသာ တည်သလို ဗိုလ်ချုပ်အောင်ဆန်းကအစ ကျွန်တော်တို့ ရဲ့  အာဇာနည်အဆက်ဆက်၊ မျိုးချစ်ပုဂ္ဂိုလ်အဆက်ဆက်တို့ စွန့်စွန့်စားစား ရှာဖွေပြီး ပေးခဲ့တဲ့ ဒီမိုကရေစီအမွေကြီးဟာလည်း ဒီမိုကရေစီကို အသက်နဲ့ ထပ်တူချစ်မြတ်နိုးတဲ့ လူတွေ၊ မျိုးချစ်တွေ၊ သတ္တရှိတဲ့လူတွေရဲ့ လက်ထဲမျာသာ ကြာရှည်နေတယ်။

နှလုံးရည်တိုက်ပွဲဝင်မယ့်လူဟာ သတ္တိအကြောင်းကို ကောင်းကောင်းသိထားဖို့ လိုတယ်။ တချို့  သူများကို ချရဲတာမှ သတ္တိလို့ ထင်ကြတယ်။ ဒါ မှားတယ်။ အမှန်တရားအောင်မြင်ရေးအတွက် သူများချတာကိုခံရဲတာမှ သတ္တိအစစ် ဖြစ်တယ်။

လက်နက်နဲ့ အာဏာကို ကိုင်ထားပြီး၊ လက်နက်မဲ့ အာဏာမဲ့ တယောက်ကို နိုင်လိုမင်းထက် ပါးရိုက်ရဲတဲ့လူနဲ့ ၊ ဒီလို ပါးရိုက်တာကို မှားတယ်လို့ လည်း ပြောရဲတယ်၊ နောက်ပြီးတော့ ဒေါသမပြေသေးလို့ ရိုက်ချင်သေးရင် ထပ်ရိုက်ပါအုံးဆိုပြီး၊ အခြား ပါးတဖက်ကိုလည်း လှည့်ပေးရဲတဲ့ လူကို ယှဉ်ကြည့်မယ်ဆိုရင် ပဌမလူက မိုက်တဲ့လူ ဖြစ်တယ်။ ဒုတိယလူက သတ္တိရှိတဲ့လူ ဖြစ်တယ်။

နှလုံးရည်တိုက်ပွဲဝင်တဲ့ လူတွေ အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ အသတ်ခံရတာဟာ ရိုးရိုးသာမန်ကိစ္စအတွက် အဖမ်းခံရတာ မဟုတ်ဘူး။ သာမန်ကိစ္စအတွက် အနှိပ်စက်ခံရတာ မဟုတ်ဘူး။ သာမန်ကိစ္စအတွက် အသတ်ခံရတာ မဟုတ်ဘူး။ ဒီမိုကရေစီကာကွယ်ရေးအတွက် အဖမ်းခံရတာ၊ အနှိပ်စက်ခံရတာ၊ အသတ်ခံရတာ။

အခုခေတ်ကြီးမှာ အဖမ်းခံရတာအစ အနှိပ်စက်ခံရတာအလယ် အသတ်ခံရတာအဆုံး ဘာမဆိုဖြစ်နိုင်တယ်။ ဒီမိုကရေစီကို အစွမ်းကုန်ကာကွယ်ဘို့ အတွက် အခုပြောခဲ့တဲ့ဘေးအန္တရာယ်တွေထဲက ဘယ်ဘေး ဘယ်ရန် ဘယ်အန္တရာယ်တွေနဲ့ မဆို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဘို့  ကျွန်တော်ကိုယ်တိုင်သန္ဓိဌာန် ချပြီးပါပြီ။ ပြင်းပြင်းထန်ထန် ချပြီးပါပြီ။ အဲဒီတော့ အဖမ်းခံရ၊ အနှိပ်စက်ခံရ အသတ်ခံရတာဟာ ကျွန်တော်ပဲဖြစ်ဖြစ် ရပ်ကွက်ခေါင်းဆောင်တဦးပဲဖြစ်ဖြစ် တခုခု ဖြစ်တိုင်း ဖြစ်တိုင်း ငိုင်တိုင်တိုင် ဖြစ်မနေကြပဲ၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ လစ်လပ်သွားတဲ့ ခေါင်းဆောင်နေရာကို ချက်ချင်းတက်နိုင်အောင် အစီအစဉ်တွေ လုပ်ထားပါ။

ဒီနေရာမှာ တခုတော့ သတိပေးချင်တယ်။ အခုနှလုံးရည်တိုက်ပွဲမှာ တပွဲတိုးနည်းနဲ့  အောင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး မမွေးကြစေလိုဘူး။ ဒီတိုက်ပွဲမှာ သတ္တျရှိသလောက် ဇွဲလည်းလိုတယ်။ ရေရှည်ကြိတ်ရမယ်ဆိုရင် ဘယ်လောက်ပဲ ကြိတ်ရကြိတ်ရ ကြိတ်နိုင်တဲ့ဇွဲမျိုးလည်း လိုတယ်။

ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီကာကွယ်ရေး နှလုံးရည်တိုက်ပွဲ ဘယ်လောက်ထိ လုပ်ရမလဲ၊ ဒီမေးခွန်းရဲ့အဖြေကို ခင်ဗျားတို့ အားလုံး သိထားဘို့  လိုတယ်။

၁။ ကိုယ်ကြိုက်တဲ့အစိုးရကို တကယ်လွတ်လပ်ပြီး တကယ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကြီးနဲ ရွေးကောက်တင်မြောက်နိုင်တဲ့ ဒီမိုကရေစီအခွင့်အရေးကြီးကို ပြည်သူလူထုကြီးတရပ်လုံးက ပြန်ပြီးရတဲ့ နေ့ အထိ ဒီနှလုံးရည်တိုက်ပွဲကို လုပ်ရမယ်။

၂။ အခုပြောခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကြီးကို ပြည်သူလူထုကြီးတရပ်လုံးက ပြန်လည်ရရှိဘို့ ဆိုတာကလည်း -

(က) လွတ်လပ်စွာ ဟောပြောမှု၊
(ခ) လွတ်လပ်စွာ ရေးသားမှု၊
(ဂ) လွတ်လပ်စွာ စည်းရုံးမှု၊
(ဃ) လွတ်လပ်စွာ ကိုးကွယ်မှု၊
(င) တရားရုံးတော်ရဲ့ လွတ်လပ်စွာ တရားစီစဉ်နိုင်မှုတွေအပေါ်မှာ ရာခိုင်နှုန်းအပြည့် တည်ရှိနေတဲ့အတွက် ပြည်သူလူထုကြီး တစ်ရပ်လုံး (က) စပြီး (င) အထိ ဒီမိုကရေစီအခွင့်အရေးတွေကို ဒင်ပြည့်ကျပ်ပြည့် ပြန်လည်ရရှိနေတဲ့အထိ ကျွန်တော်တို့ ရဲ့ နှလုံးရည်တိုက်ပွဲကို လုပ်ရမယ်။

ဒီနေရာမှာ နောက်တခု သတိပေးချုင်သေးတယ်။ နှလုံးရည်တိုက်ပွဲဝင်တွေ အဖမ်းခံရတိုင်း အနှိပ်စက်ခံရတိုင်း အသတ်ခံရတိုင်း တခုခု အရေးယူခံရတိုင်း ပြည်သူလူထုကတော့ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်အပျက်အစုံအလင်ကို စာနဲ့ ရေးပြီး မှတ်တမ်းတင်ထားကြပါ။ ဒီမှတ်တမ်းတွေကိုလည်း တနေ့ လိုချင်တဲ့အခါ ရအောင် လုံလုံခြုံခြုံ သိမ်းထားကြပါ။

ပြည်ထောင်စုသူ ပြည်ထောင်စုသားအပေါင်းတို့ ။

လူထုနဲ့ ဆန့်ကျင်ဘက်ဂိုဏ်းတွေ ဆန့်ကျင်ဘက်လှုပ်ရှားမှုတွေ ဆန့်ကျင်ဘက်လမ်းစဉ်တွေဟာ သေနတ်နဲ့ ဘဲ ထောက်ထား ထောက်ထား၊ အမြှောက်နဲ့ ဘဲ ထောက်ထား ထောက်ထား၊ အနုမြုဗုံးနဲ့ ဘဲ ထောက်ထား ထောက်ထား ဘယ်နည်းနဲ့ မှ မတည်မြဲနိုင်ပါဘူး။ ပြိုပျက်ကြရမှာဘဲ။ ဒီအချက်ကို ရာဇ၀င်အစောင်စောင်က ထောက်ခံနေပါတယ်၊ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ကမ္ဘာ့ရာဇ၀င်တွေကို ကြည့်လိုက်ပြန်ရင်လည်း အနှိပ်စက်အခံရဆုံးအဖွဲ့ ဟာ ခဏတဖြုတ်တော့ ကစင့်ကရဲဖြစ်သွားတာကို တွေ့ ရတာဘဲ။ နောင်တော့ နှိပ်စက်တဲ့အဖွဲ့ တွေ ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး၊ အနှိပ်စက်ခံရတဲ့အဖွဲ့ ဟာ အောင်မြင်တာဘဲဆိုတာ သမိုင်းရာဇ၀င်အစောင်စောင်က သက်သေခံနေတာဘဲ မဟုတ်ဘူးလား။

အဲဒါကြောင့် ပြည်သူလူထု အခုလို အဖိအနှိပ်ခံနေရတာဟာ နောင်တနေ့  မှာ အောင်မြင်ဘို့ အတွက်ဆိုတာ တထစ်ချ ယုံကြည်ထားကြဖို့  ကျွန်တော် လေးနက်စွာတိုက်တွန်းလိုပါတယ်။

ဒီမိုကရေစီအရေး ----- ဒို့အရေး၊
ဖက်စစ်ဝါဒ ----- ကျဆုံးရမည်၊
အာဏာရှင်ဝါဒ ----- ကျဆုံးရမည်၊
နှလုံးရည်တိုက်ပွဲ ----- အောင်ရမည်။

(ဆက်လက်၍ တင်ပြပါဦးမည်)။

(၁၉၅၉ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့  “ဒီမိုကရေစီ ကာကွယ်ကြ” စာအုပ်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

ဒီစာအုပ်အား စာရိုက်၍ ပြန်လည်ဖေါ်ပြပေးသော ရွှေဆည်းဆာအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်)။