Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 29 November 2010

မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)

ငါးမင်းဆွေ သို့….



ခင်ဗျားပြောသလိုပဲပေါ့ဗျာ… ။

ကျွန်တော်ဟာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ သဘောထား ဆန္ဒတွေကို ကျွန်တော့်သဘောနှင့်ကျွန်တော် လွတ်လပ်စွာ ပြန်ရေးသားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ ဒီစာကို ရေးခြင်းဖြစ်တယ်ဆိုတာ ခင်ဗျားသိစေချင်တယ်ဗျ...။ ဆိုလိုတာကတော့ နောက်ကွယ်ကနေ မြှောက်ပင့်အားပေးနေတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာပဲဗျ။



"မစု ကြွေးကြော်ခဲ့တာက မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဖြစ်ပါတယ်။ မစု လုပ်ဆောင်ကြိုးပမ်းခဲ့တာကလည်း မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေးဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်သူတွေရဲ့ လိုအင် ဆန္ဒက ဒီမိုကရေစီထက် မိမိတို့ စားဝတ်နေရေး ဖူလုံချောင်လည်ဖို့၊ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်လျှင် မစုရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ တခြားစီဖြစ်နေတာကို ရှင်းလင်းစွာသိမြင်နိုင်ပါတယ် မစု"



ဒါခင်ဗျားရေးခဲ့တဲ့စာပါ.......။ ဟုတ်တယ်နော်....။



Democracy ဆိုတာဘာမှန်းမသိတဲ့ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေအတွက် တောင်းဆိုလုပ်ဆောင်ပေးနေတာကို မှားယွင်းတဲ့လုပ်ရပ်လို့ ခင်ဗျားစွပ်စွဲတာဟာ ခင်ဗျားရဲ့ေ_ာက်သုံးမကျတဲ့ မိုက်မဲမှုပဲ....။



အဲ့တော့ Democracy ဆိုတာ ဘာလဲဆိုတာကို ခင်ဗျားအရင်လေ့လာသင့်တယ်ဗျာ။ သိပ်အများကြီးတော့ မပြောတော့ဘူး..။ Democracy ရဲ့ အခြေခံကျတဲ့ အချက်တွေထဲက ၄ ချက်ကိုပဲ ခင်ဗျားကိုပြောပြမယ်။



၁။ ။လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် ရှိရမယ်….။



၂။ ။ပြည်သူလူထု လွတ်လပ်စွာ ပါဝင်လှုပ်ရှားနိုင်တဲ့ တိုင်းပြည်တည်ဆောက်ရေး၊လူမှုရေး၊ နိုင်ငံရေး

လုပ်ဆောင်မှုတွေ ရှိရမယ်။



၃။ ။ပြည်သူအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရမယ်။



၎။ ။ဥပဒေစည်းကမ်း တွေကိုလည်း၊ထုတ်ပြန်သူရော ပြည်သူပြည်သားရော အားလုံးညီတူညီမျှ လိုက်နာရမယ်..။



အကျယ်တ၀င့် ဆက်ပြောမနေတော့ဘူးဗျာ…။ ဆက်ပြောလည်း လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတာတွေနဲ့ တခုမှ ကိုက်ညီတာမရှိဘူးဗျ…။

ကဲ…..ကြည့်ရအောင်…ဒီလေးချက်ထဲက ဘယ်အချက်နဲ့ ကိုက်ညီသလဲ ဆိုတာ။ ဒီအချက် ၄ ချက်နဲ့ တိုင်းပြည် တိုးတက်မှုနဲ့ ဘယ်လိုဆိုင်သလဲဆိုတာ ခင်ဗျားသေချာလေ့လာပေါ့ဗျာ။

ဒီအချက်တွေရဲ့ အရေးပါပုံကို ခင်ဗျားလို ငတုံးတွေ နားလည်အောင် ဥပမာတွေနဲ့ပြောပြမယ်။

ပြီးရင်ဒေါ်အောင်ဆန်းစုကြည်က မှားလား၊ခင်ဗျားက ဦးနှောက်မရှိတာလား...သေသေချာချာစဉ်းစားပေါ့ဗျာ။





လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် ရှိရမယ်….။



ကဲအခု ပြီးသွားတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကိုပဲကြည့်ပေါ့ဗျာ။

ဘယ်နေရာမှာများ လွတ်လပ်မျှတခဲ့လို့လဲ…။ မဲလိမ် မဲခိုးပြီး အာဏာရူးတွေကပဲ အာဏာရ နေရာရအောင် လုပ်သွားတယ်။

မဟုတ်ဘူးလို့ ခင်ဗျာငြင်းဖို့ မကြိုးစားနဲ့။

ဒီလို မတရား မဲလိမ်မဲခိုး သွားတဲ့အတွက် ပြည်သူလူထုအတွက် အမှန်တကယ် အလုပ်လုပ်ပေးမဲ့၊ပြောရဲဆိုရဲတဲ့ ကိုယ်စားလှယ်တွေ နေရာမရတော့ပါဘူး။လွှတ်တော်ထဲမှာ အတိုက်အခံတွေ နေရာမရတဲ့အတွက်၊လူနည်းစုဖြစ်တဲ့အတွက် အစိုးရလုပ်သမျှကို ကန့်ကွက်ရာမှာ အရာမရောက်နိုင်တော့ပါဘူး။ဒါကြောင့် လူအများစုဖြစ်တဲ့အစိုးရ ဥာဏ်နည်းရင် နည်းသလောက် ၊အသုံးမကျရင် အသုံးမကျသလောက် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းပါတယ်။တိုင်းပြည် မတိုးတက်နိုင်ပါဘူး။အစိုးရ ဥာဏ်မွဲသလောက် ပြည်သူတွေလည်း မွဲနေဦးမှာပါ။

(ပြောမဲ့သာပြောရတာပါ။ပြည်သူ့ကိုယ်စားလှယ်တွေပဲ အနိုင်၇ရင်တောင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆို ဘာဆိုဘာမှ လုပ်လို့မရပါဘူး)





ပြည်သူလူထု လွတ်လပ်စွာ ပါဝင်ဦးဆောင်လှုပ်ရှားနိုင်တဲ့ တည်ဆောက်ရေး၊လူမှုရေး၊ နိုင်ငံရေး လုပ်ဆောင်မှုတွေရှိရမယ်။



ဒီမှာကော….ဘယ်နေရာမှာပြည်သူက ၀င်ပါ လို့ရပါသလဲ ?

နာဂစ်ကိစ္စကို ကြည့်..။ပြည်သူက တည်ဆောက်ရေး၊လူမှုရေးကယ်ဆယ်ရေး တွေလုပ်တယ်၊လုပ်ချင်တယ်။

လုပ်တဲ့သူတွေ ထောင်ထဲအထဲ့ခံရတယ်။လုပ်ချင်တဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ဘာမှ လုပ်ခွင့်မရဘူး။

အချောင်နာမည်ယူချင်တော့ အစိုးရကတဆင့် လှူခိုင်းတယ်။ ပထမ ပြည်သူကယုံကြည်စွာလှူပါသေးတယ်..။ေ_ာက်သုံးမကျတဲ့ အစိုးရက ပစ္စည်းတွေ ခိုးရောင်းတယ်၊ကိုယ်ကျိုးအတွက်သုံးတယ်၊ေ_ာက်ကျင့်ယုတ်ပြီး အခြေခံဥပဒေ အတွက် ထောက်ခံမဲနဲ့ ရိက္ခာနဲ့လဲတယ်။

နောက်ပိုင်း ပြည်သူလူထုက ဆက်မလှူချင်တော့ဘူး…။အဲ့ဒါတွေကြောင့် မုန်တိုင်းသင့်သူတွေ မသေသင့်ပဲသေကြရတယ်၊ဒုက္ခ မရောက်သင့်ပဲ ပိုဒုက္ခ ရောက်ကြရတယ်။ (အဲ့အချိန်ခင်ဗျားပါးစပ်နဲ့ လက် ဘာဖြစ်နေလဲ…?)

နိုင်ငံရေးနဲ့ပါတ်သတ်လို့ကတော့ ဘယ်သူမှမပြောရဲအောင်ကိုလုပ်ထားတယ်။ နိုင်ငံရေးအကြောင်းပြော၊နားမျက်စိပွင့်လာမှာစိုးလို့….။ ဒီနိုင်ငံသားက ဒီနိုင်ငံရေးအကြောင်း၊ တိုင်းပြည်အကြောင်း ဆွေးနွေးပြောဆိုကြပါမှ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း လမ်းစပေါ်လာတော့မှာပေါ့ဗျ…။ ခုတော့….တိုင်းပြည်တိုးတက်စေမဲ့ လမ်းစကို ပိတ်ထားတာပဲဗျ။ တိုင်းပြည်အပေါ်၊ပြည်သူအပေါ် စေတနာမရှိတဲ့ အစိုးရလက်အောက်မှာ ပြည်သူတွေလည်း ဆက်ပြီးဒုက္ခရောက်နေကြဦးမှာပါပဲ…။





ပြည်သူလူထုအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရမယ်။



ဘယ်မလဲ…ပြည်သူတွေအတွက် လူ့အခွင့်အရေး…?

ကျေးလက်တွေ၊နယ်တွေ ဘက်မှာ မြေတွေကို မတရားသိမ်း၊ အမျိုးသမီးတွေ မုဒိန်းကျင့်၊ရွာတွေမီးရှို့၊ လူငယ်တွေပေါ်တာဆွဲ၊ ကလေးသူငယ်တွေ အဓ္ဓမ စစ်ထဲထဲ့…ပြောရရင်မကုန်နိုင်ပါဘူးဗျာ…။

မြေအမျိုးအစား၊ရာသီဥတုဘာမှနားမလည်ပဲ အရူးအပေါထပြီး ယတြာချေဖို့ အတင်း အပင်စိုက်ခိုင်းတာတွေကရှိသေးတယ်။

အဲ့ဒီ ဘာမဟုတ်တဲ့ အပင်တွေစိုက်ခဲ့ရတဲ့ အတွက် ပြည်သူတွေရဲ့ လုပ်အား၊ အချိန်၊ ငွေကြေး၊ စိတ်ဓာတ်ပျော်ရွှင်မှု၊ ကမ္ဘာမြေရဲ့ မြေဆီလွှာ.... စတာတွေ ဘယ်လောက်အထိ ဆုံးရှုံး နစ်နာ ခဲ့တယ်ဆိုတာ ခင်ဗျားလို ငတုံး တွေးတော နားလည် ခံစားတတ်မှာ မဟုတ်ပါဘူး။

မြို့တွေမှာဆိုရင်လဲ ဧည့်စာရင်းတဲ့၊ခရီးသွားဖို့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတဲ့….။

ပြီးတော့ ..အလကားလည်းမဟုတ်ဘူး။ ပိုက်ဆံမရရင် မလုပ်ပေးဘူး။

ပြည်သူတွေဆီက မရ ရသလောက် ပြန်တောင်းစားနေတဲ့ အစိုးရလက်အောက်မှာ ဘယ်ပြည်သူက စိတ်ချမ်းသာ စွာနေကြရမှလဲ…? ဘယ်တိုင်းပြည်ကကော တိုးတက်ဖွံ့ဖြိုးမှာလဲ…?





ဥပဒေစည်းကမ်း တွေကိုလဲ၊ထုတ်ပြန်သူရော ပြည်သူပြည်သားအားလုံး ညီတူညီမျှ လိုက်နာရမယ်..။



မြန်မာနိုင်ငံမှာ အဆင်း၇ဲဆုံးအချက်ပဲ…။

ညီတူညီမျှ လိုက်နာမှုသာ မရှိတာ။ ပေါလိုက်တဲ့ဥပဒေတွေဆိုတာ…။ဒီနေ့ နဲ့ မနက်ဖြန်တောင် မတူဘူး။ ထုတ်ချင်တိုင်းထုတ်နေလိုက်ကြတာ။ တမျိုးပြီးတမျိုး မရိုးရအောင်ကို ထုတ်နေတာ။

ကားမှန်တွေကို စတစ်ကာအနက်မတပ်ရတဲ့…၊လူတွေက လိုက်ကာလေးတွေသုံးတော့ လိုက်ကာလည်းမတပ်ရတဲ့…။သူတို့သုံးနေတာတင်မဟုတ်ဘူး..။သူတို့ သားသမီးတွေပါ သုံးသမျှ ကားမှန်တွေ အကုန် စတစ်ကာအနက် တွေနဲ့..။

၇န်ကုန်နယ်နမိတ်မှာ ဆိုင်ကယ်မစီးရတဲ့…၊စီးနေတော့ သူတို့လူတွေချည်းပဲ…။

ဒါက အသေးအမွှားလေးတွေ..။အကြီးအမားတွေရှိသေးတယ်။ သစ်တစ်ပင်ခုတ် ထောင် ၃ နှစ်တဲ့…။ဒေါ်ကြိုင်ကြိုင် ကျတော့ တစ်တောလုံး တစ်တောင်လုံးကို ပြောင်ရှင်းသွားအောင် ရောင်းစားလည်း ဘာမှမဖြစ်ဘူး…။

ပြည်သူလူထုအတွက်ကျတော့ အကျိုးရှိအောင် လုပ်မပေး၊ကိုယ်တိုင်လုပ်ချင်လည်း လုပ်မရ။

ဥပဒေက ပြည်သူတွေပဲလိုက်နာရမှာလား..?

မယုံရင် စမ်းကြည့်ပါလား…?သန်းရွှေနဲ့ ကြိုင်ကြိုင်တို့ကို အသာထားဦး… ဆောင်းပါးတပုဒ်လောက်ရေးပြီး လမ်းတ၀က်ခင်း အောင်သိန်းလင်းအိမ်ရှေ့ကို ခင်ဗျား NLD ရုံးချုပ်အရှေ့မှာ လုပ်ခဲ့သလိုမျိုး သွားလုပ်ကြည့်ပါလား…? တရားမျှတမှု ရှိ မရှိ လက်တွေ့သိရတာပေါ့…။

ဒီလို တရားဥပဒေ မမျှတမှုတွေရှိနေသရွေ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေကြရဦးမှာပါပဲ….။



ခင်ဗျားပြောသလို ပြည်သူလူထု စားဝတ်နေရေး ဖူလုံချောင်လည်ဖို့၊ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဒီလိုဖြစ်ရပ်မျိုးတွေ မရှိဖို့လိုတယ်။ မှတ်ထား...!!!!



ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေးကို လုပ်ဆောင်ကြိုးပမ်းနေတာ ဖြစ်တယ်။



အာဏာရူးတွေ လုပ်ချင်သလိုလုပ်နေတာကျတော့ ခင်ဗျားတို့လိုကောင်တွေ ပါးစပ်တွေက ပိတ်နေပြီး ပြည်သူအတွက် လုပ်ဆောင်နေတဲ့သူကိုကျတော့ အမျိုးမျိုး နှော့က်ယှက်နေတာ ကောင်းလား…?



အဲ့တော့…ခင်ဗျားရဲ့ ဒီစာပုဒ် အတွက်ပြောချင်တာကတော့ အကြောင်းအရာတခုကို သေသေချာချာ နားမလည်ပဲ အရူးချီးပန်း၊ငါ့စကားနွားရ မရေးနဲ့ မပြောနဲ့။ ခင်ဗျားထက် တတ်သိနားလည်လို့ လူထုထောက်ခံမှု၊ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အလုပ်လုပ် နေတာ။အဲ့ဒါကို ခင်ဗျား နားလည်ထား။



လာဦးမယ်….နောက်ထပ် အချက်အလက် အမှားတွေ အတွက်……။





(မြန်မာ့အရေး)



ပြည်တွင်း အင်တာနက် ကွန်ရက်ကို ထပ်မံ တိုက်ခိုက်မှု ရှိနေ

နိုဝင်ဘာလ ဒုတိယ အပတ်မှ စတင်၍ ပြည်တွင်းရှိ အင်တာနက် ကွန်ယက် များကို ထပ်မံ တိုက်ခိုက်ခြင်း ခံနေ ရကြောင်း ကွန်နက်ရှင် ပြတ်တောက်သည် အထိ ပြင်းထန်မှု မရှိစေရန် ဆောင်ရွက် ထားရှိကြောင်း သတင်း အချက် အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ D.Dos စနစ်ဖြင့် နှောင့်ယှက် တိုက်ခိုက် နေခြင်းဖြစ်ပြီး ကွန်နက်ရှင်များသာမက Hardware အစိတ် အပိုင်းများ ကိုပါ ပျက်စီး စေရန် ရည်ရွယ် လာကြောင်း သိရသည်။ “တိုက်ခိုက်တာက Level သုံးမျိုးလောက်ရှိတယ်။ အရင်ကဆိုရင် Server တွေကို ဦးတည် တိုက်လေ့ရှိတယ်။ အခုတိုက်တဲ့ပုံစံက Server တွေအပြင် Brandwidth တွေကိုပါ တိုက်တယ်။ နောက်ဆုံးအဆင့် Hardware တွေပါ ပျက်စီးစေအောင် ရည်ရွယ်လာတယ်”ဟု ၄င်းကပြောသည်။ ကွန်ရက် တိုက်ခိုက်မှုအား ဖြေရှင်း နိုင်စေရန် ပြည်ပမှ ပညာရှင်များနှင့် စက်ပစ္စည်းများကို ငှားရမ်းထားကြောင်းလည်း သိရသည်။ ယခုအကြိမ် တိုက်ခိုက်မှုသည် ၂၀၁၀ ခုနှစ် အတောအတွင်း လေးကြိမ်မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ တိုက်ခိုက်ခံရသော ဖြစ်စဉ်မှာ အပြင်းထန်ဆုံး ဖြစ်သည်။

၂၇ . ၁၁ . ၂၀၁၀
© Internet ဂျာနယ်

အာဏာပြန်လည် ရရှိရန် ကြိုးပမ်းမှု ၊၀န်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ 

တင်ကျော်ကျော်စိုး ၊ ။ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့် ၀န်ကြီချုပ် ဟောင်း ဖြစ် သူ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အား ရန်ကုန်မြို့  ကမ္ဘာအေး ရှိ နေအိမ် မှ အင်းစိန် အကျဉ်း ထောင်သို့  ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ သတင်းတပ် ဖွဲ့ မှအမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Groupသို့ အတည် ပြုပြောကြားသည်။၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရ ပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ ခြင်းဖြစ် သည်။ စစ်ထောက်လှမ်းရေး အကြီးအကဲ သည် နိုင်ဝင်ဘာလ ၂ ရက်နေ့  တွင် နေအိမ် အကျယ်ချုပ် မှ အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့  ခံရခြင်းဖြစ်သည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့ ပြောင်းရွှေ့ ပြစ်ဒဏ်ပြောင်း လဲ ခံယူရန် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီ ၊ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ၊ သတင်းတပ်ဖွဲ့ မှုး၊ အကျဉ်းဦးစီးဌာ န ညွှန်ကြားရေးမှုး၊ အကျဉ်း ဦးစီး ဌာန အင်းစိန် အကျဉ်းထောင် ထောင်ပိုင် နှင့် အခြား တာဝန် ရှိ သူများ လာရောက် တွေ့ ဆုံ ပြီးနောက် အင်းစိန် အကျဉ်းထောင် သို့ ထိုနေ့ မှာ ပင် ရွှေ့ ပြောင်း ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။





နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခံရသည့်ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့  ပြောင်းရွှေ့  ပြစ်ဒဏ် ခံယူရန် စီစဉ်ရခြင်းသည် ၎င်း ၏ အာဏာ ပြန်လည် ရရှိရန် အားထုတ် ကြိပမ်းမှုများကြောင့် ဖြစ်သည် ဟု ဆိုသည်။အာဏာ ပြန်လည် ရယူရန် ကြိုပမ်းမှု ဖြစ်စဉ် နှင့် ပတ်သက် ၍ ထိုအရာရှိက “သူ့ ကိုဘာမှ အစိုးရက ချုပ်ချယ်မထားဘူး သူ့ လုပ် ဖော် ကိုင်ဖက် တွေ ရဲ့ နာရေး တွေ ၊ ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို ရန်ကုန် တိုင်း ကို သတင်းပို့ ပြီးရင် သွားခွင် ပြုတယ်။ နောက်ပိုင်းမှာ သူက မရိုးမသား လုပ်လာတာတွေရှိတယ်။ သူ့ ထောက်လှမ်းရေး ကွန်ယက်
ကို ပြန်ဖွဲ့ တယ် ။ ရွေးကောက် ပွဲ မတိုင် ခင်မှာ သူ့ ရဲ့ ကွန်ယက်တွေ က ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrateလုပ်လာတာတွေ ရှိတယ်။ နောက်ဆုံး သူ့ ရဲ့  Net Work တွေ ကို အကုန် မိတော့ မှ သူ့ ကို ဖမ်းလိုက်တာ။ အစိုးရကသူ့ ကို တရား ပြန်ဆွဲ မယ် ထင်တယ် ဟု အဆိုပါ အရာရှိ က Freedom News Group သို့ ပြောသည်။

အတည်မပြု နိုင်သည့် သတင်းများ အရ လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ၎င်း ၏ ယောက်ဖ ဖြစ်သူ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက် ပွဲ တွင် ပါဝင်လာစေရန် အတွက်နေပြည်တော် အထိ ခေါ် ယူ တွေ့ ဆုံက ပါးနပ် စွာ အသုံးချ ခဲ့ သည် ဟု သိရှိရသည်။

ယခင် ကကလှမ်း မှ အရာရှိ ဟောင်း တစ်ဦးက မူ “ဒါ သူတို့ သက်သက် မဲ့ စွပ်ဆွဲ တာပါ။ လူထု အုံကြွှမှု ဖြစ် ရင် ဗိုလ်ချုပ်ကဒေါ် စု မလွတ်သေး ဘူး ဆိုရင် ပြည်သူတွေ ရှေ့ မှ သူ့ အမှား ကို ၀န် ခံပြီး ရင် ဦးဆောင် မှု ပေး မယ်ဆိုလို့ လုပ်လိုက်တာ။ဗိုလ်ချုပ် က သူ့ ဆံပင် ကို တောင် သူ့ ဘာသူ တောင် သူ ညှပ်ရတာ ဘယ်လိုလုပ် အာဏာသိမ်းမလဲ ဟု ပြောသည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် သည် ၎င်း ၏ ကွန်ယက် ထူထောင် နိုင်ရေး အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်တော် တွင် တွေ့ ဆုံစဉ် က ၀ တပ်ဖွဲ့  နှင့် ရှမ်းမြောက် အဖွဲ့ များ ကို မတိုက်သေး ရန် အကြံပေး ခဲ့ပြီး ၎င်း က မူ ၀ လူမျိုးထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး ထံ မှ ၎င်း ကွန်ယက် အတွက် ငွေကြေး မြောက် မြား စွာ ရယူ ခဲ့သည်။

စာရေး ဆရာတစ်ဦးလည်း ဖြစ်ပြီးနိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကမူ “ဒေါ်စု လွတ်ပြီ ဆိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကို အပြင် မှာ ဘယ်ထား တော့ မလဲ ရန်ကုန်မှာက လက်ရှိ စစ်အစိုးရ ကို မကြည်တဲ့ figure တွေ ကပိုများလာတာ ကို သူတို့ ပေါ်လစီက တော့ တစ်ယောက် ၀င် ၊တစ်ယောက် ထွက် ပဲ ဟု ပြောကြားသည်။ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ရာထူး မှ ဖယ်ရှားပြီးနောက် စစ်ထောက် လှမ်းရေး အရှိများ အားထောင်ဒဏ် နှစ်၁၀၀ ကျော်ထိ ချမှတ် ခဲ့သည်။ စစ်ထောက်လှမ်းရေး က ပိုင်ဆိုင်သည့်  A 21 ဆပ်ပြာ၊ခိုစိမ်းဖိနပ်၊ စူပါ ဂျာနယ်၊ စေတမန်တေးသံသွင်း၊ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တို့ ကို ယခုဒုတိယ ဗိုလ်ချုပ်ကြီးမြင့် ဆွေ မှ လွှဲပြောင်း ရယူ လိုက်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၏ ကျေးဇူးရှင် ဖြစ်သူ မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီဥက္ကဌ ဟောင်း နှင့်အာဏာရှင် ဟောင်း ဦးနေ၀င်းမှာ ၂၀၀၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ် ခံရပြီး ၂၀၀၂ ခုနှစ် တွင် ကွယ်လွန် ရာဉ် ခေါင်းတလား တွင် နာမည် ပင် ရေး ထိုး ခြင်း ကို စစ်အစိုးရ က ခွင့် ပြု ခဲ့ခြင်း မရှိချေ။ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီး မောင် နှံ တို့ နှစ်ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ၏ ခင်ပွန်း ဖြစ်သူ ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ် ကွယ် လွန် စဉ်က အစောဆုံး ၀မ်းနည်း ကြောင်း သ၀ဏ် လွှာ ကို အင်္ဂလိပ် ၊မြန်မာ နှစ် ဘာသာဖြင့် ရေး သား ပေး ပို့ ခဲ့သူ တစ်ဦး ဖြစ်သည်။၎င်း တို့  ၏ သား နှစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး ဇော်နိုင်ဦး နှင့် Bagan Cyber Tech တည်ထောင်သူ ဒေါက်တာရဲ နိုင်ဝင်းမှာ ထောင်ဒဏ် နှစ် ငါးဆယ် ကျော်စီ အပြစ်ပေးထား ခြင်းခံရသည်။ သမီးဖြစ်သူ သင်းလဲ့လဲ့ဝင်းမှာမိသားစု နှင့် အတူ နေအိမ် တွင် အကျယ်ချုပ် ပြစ်ဒဏ် ခံယူနေရသည်။ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့်  သည် ၎င်း ၏ နေအိမ် တွင် အကျယ်ချုပ် ခံယူပြီးနောက် အင်းစိန် ထောင်သို့  အသွားတွင် ဘုရားရှိ ခိုးပြီး ဇနီး ဖြစ်သူ နှင့် လွယ် အိတ် ကလေး လွယ်ကာ ထွက် ခွာသွားသည်။မြန်မာ စစ်အစိုးရက ထိုဖြစ်စဉ်အား သတင်းစာရှင်းလင်း ပွဲ ပြုလုပ်လိမ့် မည် ဟု သိရှိရသည်။

Freedom News Group

================================================================

http://www.htwd.info/2010/11/ddos.html

အမေစု လုံခြုံရေးအတွက်

www.spyequipmentuk.co.uk/child-and-vip-safet/gps-matriax.html...........လေ့လာကြပါ။

အားလုံးခင်ဗျားကျွန်တော်မွန်မြတ်တဲ့စိတ်နဲ့အောက်ပါအချက်များကို နိုင်ငံတကာက မြန်မာများအားလုံးကို တောင်းဆိုပါတယ်။
အမေစုလုံခြုံရေးအတွက်နိုင်ငံခြားရောက်မြန်မာများ တစ်ယောက်တစ်ဒေါ်လာလောက်စုပေးကြပါ။

Body Lies ဇာတ်ကားထဲကလို စီအိုင်အေ အေးဂျင့်ကို လန်ဂလေ HQ က Tracking လုပ်နိုင်သလို အမေစု ဘယ်သွားသွားလာလာ အားလုံးမျက်စေ့အောက်ကမပျောက်နိုင်အောင် Mobile tracking Server ကို အမေရိကမှာ အားလုံးစုပေါင်းအားနဲ့ထားကြည့်ကြပါ။ဘော်လံတီယာ အိုင်တီအေးဂျင့်တွေထားပေးပါ။ ပြည်တွင်းကလုပ်ပေးရမယ်ဆိုရင် အသက်စွန့်လုပ်ပေးမယ့်သူတွေရှိပါတယ်... အမေစုကိုအဲဒီလိုနည်းပညာနဲ့စောင့်ရှောက်နိုင်ပါတယ် ဥပမာ အမေစု ယာဉ်တန်း အဘဦးလွင်ဇနီးဈာပန ကအပြန်မှာ အထွက်ပေါက်ကို ဘယ်ကလာမှန်းမသိတဲ့ ခေါင်းသယ်ယာဉ်ကြီးတစ်စီးနဲ့ ဘီအမ် ခြောက်စီးလမ်းပိတ်ဆို့ထားတယ် လာပို့တဲ့လူတွေလဲမပါလာဘူး ဒါမျိုးဖြစ်စဉ်ဟာထူးဆန်းတယ်။

ဘယ်သတင်းထောက်မှမသိလိုက်ဘူးစိုးရိမ်ရတဲ့အခြေအနေပါ။ရော်နယ်ရီဂင်ကို AAAA ( US Martial )တွေကြားကပစ်သလိုမျိုး ဖြစ်နိုင်တယ် မီးနစ် ၂၀လောက်ပိတ်နေတာ ကျွန်တော်တို့ဆင်းပြီး မိုက်မိုက်ကန်းကန်းကို မောင်းထုတ်ဖေါက်ထုတ်မှ ရေဝေသချိုင်းအထွက် သစ္စာပန်းလမ်းပေါါ်ကိုပြန်ရောက်တယ် အမေစု ကားနားအထိ ကြံ့ဖွံ့က ဓါတ်ပုံလာကပ်ရိုက်နေတယ် ရိုက်တဲ့ကောင်ကို နံမည်နဲ့တကွသိတယ် ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် HotPersuit ခေါ်ထုတ်သွားရတာပါ။သူ့ကားလေးကို လူ ၁၀၀ယောက်သချိုင်းထဲမှာပိတ်ဆို့ထားနေတယ်ဘေးကလက်ချင်းချိတ်ထားတာက လမ်းလျှောက်တုန်းဘဲကာနိုင်တာ ကားအ၀င်အထွက်တွေမှာဟာနေတာအများကြီးနော် ဘယ်ကလူတွေမှန်းမသိအောင်ပါဘဲ...

ဖြစ်စဉ်ကတိုတိုလေး ဖြစ်ရပ်ကအကြီးကြီး မဖြစ်သင့်တဲ့ မဖြစ်ထိုက်တဲ့နေရာတစ်ခုနော် ကျွန်တော်ဘယ်သူလဲဆိုတာ ဘယ်သူမှမသိဘူး။နောက်လည်းသိခွင့်မရစေရဘူး။အမေစုအနားမှာ အမြဲရှိနေမယ့်သူတွေပါ။ ကိုကျော်သူ ကြီးတောင် ဆို အရမ်းစိတ်ဆိုးပြီးလမ်းပိတ်တဲ့သူတွေကို ကိုယ်တိုင်ဆဲဆိုကြိမ်းမောင်းနေရပါတယ်.. အဲဒီလိုဖြစ်စဉ်အတွက် မက်ဂျဲလန်လို GPS,Germin GPS စနစ်တွေ အမေစုကားပေါ်မှာတပ်ထားနိုင်ရင်သိပ်ကောင်းမယ်လို့တွေးမိပါတယ်။

်မြန်မာပြည်မှာ အရန်မီးသတ်က Walkie Talkie တွေ ပရမ်းပတာကိုင်ခွင့်ရနေချိန်မှာ အမေစုအတွက် ကလေးကစားစရာ အိုင်ကွန်လေးတစ်ခုတောင် ဘယ်သူမှလုပ်ပေး မထားနိုင်ပါဘူး ထိုင်းမှာဆို တံငါ ကအစ ကိုင်နေတာလေ သိတယ်မဟုတ်လား..GPS နဲ့ VIP and Her Security teams ကို VIP Tracking System ထားပေးရမှာလေ.. ဒီပဲရင်းလိုနောက်ထပ်အဖြစ်က လွတ်မြောက်နိုင်မှာပါ။ပညာရှင်လိုရင် ကျွန်တော်တို့အဆင်သင့်ဘဲ။

www.spyequipmentuk.co.uk/child-and-vip-safety/gps-matriax.html

www.futurefleet.com.au/blog/91/ -

အမေစုကိုပြောပေးပါခင်ဗျားဆက်ဆက်နော် မမေ့နဲ့


့(အမေစုအတွက် လုံခြုံရေးကို စိတ်ပူနေမိသူ)

ဆက်သွယ်လိုသူများအောက်ပါ Link သို့ဝင်ရောက် comment ပေးနိုင်ပါတယ်ဗျာ။

http://www.facebook.com/notes/young-burmese-political-media-society/-wwwspyequipmentukcoukchild-and-vip-safetygps-matriaxhtml/104497506288340

Myanmar's pro-democracy leader Aung San Suu Kyi welcomes her son, Kim Aris at Yangon International Airport in Yangon, Myanmar Tuesday, Nov. 23, 2010. Suu Kyi met her son for the first time in 10 years. (AP Photo/Khin Maung Win)

အမေတို့ သားအမိခုလိုပြန်လည်ဆုံတွေ့နိုင်တာ..အမေနဲ့ထပ်တူ သားတို့လည်း အတိုင်းမသိ ၀မ်းသာပျော်ရွှင်မိပါတယ် အမေရယ်...အမေရဲ့ မျက်နှာလေးမှာ ခုလို အပြုံးပန်းလေးတွေ အမြဲပွင့်လန်းနေတာကိုပဲ မြင်ချင်လှပါတယ်ဗျာ။

Welcome to the mother land, Kim Eris ......Wish you and your lovely Mom have a fantastic and pleasure time together !!!!!

အမေ့သားလက်မောင်းမှာ ခွပ်ဒေါင်းပုံပါတဲ့ အဖွဲ့ချုပ် အလံနဲ့ဗျို့


ဝါရင့်နိုင်ငံရေးသမားများကို သက်ကြီးပူဇော်မှု ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကန်တော့နေသူများကို တွေ့ရစဉ်။ အမှတ် ၃ ပါရီမီလမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ သခင်သိန်းဖေနေအိမ်တွင် ပြုလုပ်သော သက်ကြီးပူဇော်ပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အပါအဝင် ထင်ရှားသော နိုင်ငံရေး အဖွဲ့များမှ ၁၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ
================================================================

http://www.myalaynaing.org/2010/11/blog-post_27.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FPuJjb+%28%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%86%E1%80%80%E1%80%B9%E1%80%9E%E1%80%85%E1%80%B9%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%B92010%29

ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးကို ဘယ်လိုကာကွယ်ကြမလဲ

by San Maung on Saturday, November 27, 2010 at 10:23pm

"စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက်အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်နေကြတဲ့ လူတွေလဲ ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို သဘောပေါက်ရမယ်။"

(ဗိုလ်ချုပ်အောင်ဆန်း)

“အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍ လည်းကောင်း၊ မြန်မာနှင့် ကမ္ဘာ့ အခြေခံ အယူအဆများကို ရောင်ပြန်ဟပ်နေ၍ လည်းကောင်း၊ သူမအားနှူတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။”

(ဗားစလဗ်ဟာဗဲလ်)

“အောင်ဆန်းစုကြည်သည် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်၏ အကောင်းဆုံး လက္ခဏာများဟု သူမက ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းလက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်။”

(နိုဘလ်ကော်မတီ ဥက္ကဌ၊ ၁၉၉၁)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ သူမကိုယ် ချစ်ခင်လေးစား အားကိုးကြတဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ အခြားကမ္ဘာ့နိုင်ငံသားတွေကပါ စိုးရိမ်ပူပန်နေတဲ့ အချက်ဖြစ်ပါတယ်။

ဒီပဲယင်းလုပ်ကြံမှုလို ယုတ်မာတဲ့ နောက်ထပ်ဖြစ်ရပ်တခုပေါ်ပေါက်လာနိုင်ပြီး လုပ်ကြံမှုက မအောင်မြင်ခဲ့ရင်တောင်၊ ဒါဟာ ဒေါ်စုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရပါတယ်ဆိုကာ ဒေါ်စုကို ပြန်လည် ချုပ်နှောင်နိုင်တဲ့ အချက်ဖြစ်ပါတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည့် စတင်လွတ်မြောက်လာပြီ နောက်တရက်မှာ စတင်ကာ အရပ်ဝတ်နဲ့ စွမ်း အားရှင်တွေ ဒေါ်အောင်ဆန်းစုကြည် အိမ်ပတ်ဝန်ကျင်မှာ နေရာယူထားမှု ပိုများလာနေတယ်လို့ ကြားသိရပါတယ်။

ဖားမင်းဆွေလို အလိုတော်ရိစားဖားကိုလည်း ကျားကစားသလို ထိုးကျွေးပြီး နိုင်ငံရေးလုပ်ကြံမှုတွေကို ဖန်တီးနေတာသိသာနေပါတယ်။

“အမေ့ခြံနားက ထောက်လှမ်းရေးခြံထဲမှာလည်း လူအင်အားအပြည့်လောက်ရှိတယ်။ ဘယ်လောက်လဲဆိုတာတော့ မခန့်မှန်းတတ်ဘူး။ အရပ်သားအချင်းချင်း ဖြစ်တဲ့ ပြဿနာမျိုး ဖန်တီးလာနိုင်ပါတယ်။ အမေလွတ်ပြီး နောက်ရက်မှာ ဒီ စွမ်းအားရှင်တွေ စရောက်လာတာပါ” အစရှိတဲ့ သတင်းတွေကလည်း အဆက်မပြတ်ထွက်ပေါ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂီရိ မုန်းတိုင်းဒဏ်ခံရတဲ့ ပြည်သူတွေကို အားပေးနုတ်ဆက်ကူညီပေးခြင်း၊ တိုင်းရင်းသားများနဲ့ တွေ့ဆုံဆွေးနွေးခြင်း အစရှိတဲ့ နယ်ခရီးတွေလည်း ထွက်ဖို့ ရှိကောင်းရှိနိုင်တာကြောင့် ဒီပဲယင်းလိုမျိုး စနစ်တကျ အကောက်ကြံ စီစဉ်လုပ်ကြံတိုက်ခိုက်လာရင် အမေစုအနားက ကာကွယ်ပေးနေတဲ့ စေတနာရှင် မျိုးချစ်လူငယ်တွေရဲ့ အင်အားကလည်း Well-trained Professional တွေမဟုတ်ကြတော့ သေချာကာကွယ်နိုင်ပါ့မလားဆိုတာကို ပူပန်နေတဲ့ သူတွေလဲ အမြောက်အများရှိနေကြပါတယ်။

ဒီနေရာမှာ FB user Ryan Pup Chaö ကတော့ “hire private security team!” လို့ သူ့အမြင်ကို အကြံပြုသွားပါတယ်....

နိုင်ငံတကာမှာကတော့ ဒါဟာ ပြည့်စုံကောင်းမွန်တဲ့ အကြံပြုချက်တခုပါပဲဗျာ။ Celebrity တော်တော်များများနဲ့ Business တွေမှာ Private Security တွေကိုပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာကတော့ တကယ်စိတ်ချ အားကိုးရတဲ့ Private security team တွေတကယ်ရှိရဲ့ လား၊ သူတို့ကကော အစိုးရရဲ့ လောင်းရိပ်က ကင်းရဲ့လားဆိုတဲ့ အတွေးတွေလဲ ရှိလာနိုင်ပါတယ်။

ဒါကြောင့် ကျန်တဲ့ Facebook ညီအကိုမောင်နှမတွေရဲ့ အမြင်တွေ အကြံပြုချက်တွေကိုလဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျာ။

မိမိတို့၏ အကြံဥာဏ်များကို ဆွေးနွေးထုတ်ဖော်လိုသော ညီအကိုမောင်နှမများ အားလုံး အောက်ပါ လင့်ကလေးတွင် ၀င်ရောက်ရေးသားနိုင်ပါတယ်ဗျာ။

http://www.facebook.com/home.php?sk=group_102415376498886&ap=1#!/note.php?note_id=177300968949407&id=100001368265940

http://www.facebook.com/?ref=home#!/note.php?note_id=177215515624619&comments¬if_t=note_comment



“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”..........

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”..............

Candidly yours

San Maung

တိုက်ပွဲသတင်း

/ 11/27/2010 05:26:00 PM /

ဆုံဆည်းရာ မှ....

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

Reference: သတင်း

================================================================

သံဝေဂယူကြပါ ကြံ့ဖွတ်နဲ့ စစ်သားတို့

အာဏာရှင်ကို ဘယ်လောက်ပဲအလုပ်အကျွေးပြုပြု တချက်ကလေးစိတ်အခန့်မသင့်ရင် ခင်ညွှန့်နီးတူ ဘ၀နိဂုံးချုပ်ရမယ်။ မျောက်ကို ပလ္လင်ပေါ်မှာတင်ထားပြီး ထိုင်ရှိခိုးနေကြတဲ့ ကြံဖွတ်နဲ့ စစ်သားများ အထူးသဖြင့် သတိပြုကြ သင်ခန်းစာယူကြပါ။

================================================================

http://kanyawpo.blogspot.com/2010/11/blog-post_27.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+KaNyawPo+%28Ka+Nyaw+Po%29

Yangon Airways အား ဦးပိုင် နှင့် ဦးတေဇ စီမံခန့် ခွဲမှု ဖြင့် ဒီဇင်ဘာလ အတွင်း ပြန်စမည်

November 27, 2010 freedom news group


မကြာခင်က စက်ပိုင်း ဆိုင်ရာ ပြုပြင်ရန် လိုအပ် ချက်များ ကြောင့် ခေတ္တရပ်နား မည် ဟု တရားဝင် အသိပေး ခဲ့သည့် Yangon Airways လေကြောင်း လိုင်း ၏ စီမံခန့် ခွဲမှု များ ကို စစ်တပ်ပိုင်မြန်မာ့ စီးပွား ရေး ဦးပိုင် လိမိတက် နှင့် ဦးတေဇ ပိုင် Air Bagan တို့ က စီမံ ခန့် ခွဲပြီး ဒီဇင်ဘာလလည်တွက် ပြန်လည် ပြေးဆွဲ မည် ဟု Freedom News Group မှ သတင်းရရှိသည်။

အဆိုပါ လေကြောင်း လိုင်း ရှမ်းပြည်နယ် ရှိ ၀ လူမျိုး စီးပွားရေး လုပ်ငန်းရှင် များ က ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ FNG က ထို လေကြောင်း လိုင်း အား ပိုင် ဆိုင်မှု ကို ၀ လူမျိုး ပေါက်ယူချန်း နှင့်လော်စစ်ဟန် တို့ က ဆက်လက် ထိန်းချုပ်ထား ခြင်း ရှိမရှိ ကို ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပါသည်။

FNG မှ ထပ်မံသိရှိ ရသည် မှာ စစ်အစိုးရ ၏ အဓိက စီးပွား ရေး လုပ်ငန်း ကြီး တစ်ခု မှာ နိုင်ငံတကာ
တွင် အာမခံ တိုက်ရိုက် တင် ရန် မလွယ် ကူ သဖြင့် Yangon Airways ၏ ပါတနာ စီးပွားရေး တစ်ခု အနေဖြင့်အာ မခံ တင်ခဲ့သည် ဟု သတင်း ရရှိသည်။

စစ်ဗိုလ်ချုပ်ကြီး များ ၏ ပိုင်ဆိုင်မှု တစ်ဝက် ပါဝင်သည့် Air Cambodia လေကြောင်းလိုင်းမှာ လည်းမြန်မာ နိုင်ငံ နှင့် ဒေသတွင်း ခရီး စဉ် အဖြစ် မကြာခင်ပြေးဆွဲ မည် ဖြစ်သည်။

================================================================

http://www.mgpala.com/2010/11/blog-post_28.html

ဂျပန်နိုင်ငံရောက် မြန်မာများသို့

၂၃-၁၁-၂ဝ၁ဝ နေ့က ကျင်းပသော ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို ထောက်ခံပွဲတွင် ပါဝင်ဆင်နွှဲသူတို့က ဒေါ်အောင်ဆန်းစုကြည်ထံ “လူထုအသံ” အမှာစကား ရေးသားခဲ့ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် လာရောက် မရေးသားနိုင်ခဲ့သူများအနေဖြင့် မည်သူမဆို၊ မည်သည့် နိုင်ငံသားမဆို အောက်ပါနေ့ရက်၊ အချိန်နှင့် နေရာတွင် လာရောက် ရေးသားနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

နေ့ရက်............၂၈-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့)
အချိန်..............မွန်းလွဲ (၁) နာရီမှ ညနေ (၅) နာရီထိ

နေရာ..............Ruby Restaurant, Takadanobaba, Shinjuku-ku

ဆက်သွယ်ရန် ဖုန်း........ဆိုင် - 03-3204-5121
လက်ကိုင်ဖုန်း -.............. 080-5888-3925

မှတ်ချက် - ၂၈-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့)တွင် အစည်းအဝေးရှိသည်ဟု ဆက်သွယ်ပြောဆိုထားသော အဖွဲ့အစည်း သုံးဖွဲ့မှ အဖွဲ့ဝင်များအနေဖြင့် မိမိတို့အဖွဲ့၏ အစည်းအဝေး၌ ရေးသားနိုင်အောင် စီစဉ်ထားရှိပြီး ဖြစ်ပါသည်။

ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

================================================================

http://freedomnewsgroup.com/2010/11/27/yangon-airway-%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A5%E1%80%AE%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1/

NLDအတွင်းရေးမှူးရုံးအဖွဲ့ဝင် ဦးဝင်းထိန်နှင့် နအဖ၏ အာဘော်များအထူးရေးသားသော ငါးမင်းဆွေ အားဆက်သွယ်မေးမြန်းချက်အသံဖိုင်(bbc)

ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်။
ဖားမင်းဆွေ ကိစ္စက မတော်တဆလား ကြိုတင်ကြံစည်မှုလား ...

နိုင်ငံရေးမှာ ဘယ်တော့မတော်တဆဆိုတာမရှိဘူးဆိုတဲ့စကားရယ်၊ လက်ရှိလူကြီးမင်းများရဲ့ အတိတ်လမ်းကြောင်းတစ်လျှောက် ပြုခဲ့တာတွေရယ်ကို ထောက်ရှု့ရင် မတော်တဆဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ကောက်ချက်ဆွဲလို့ရမယ်။

ဒါဆို ဘာအတွက်ဖြစ်နိုင်သလဲ။ ဟောလီဝုဒ်ရဲ့ ခေတ်ပေါ် စုံထောက်ကားတွေ စပိုင်ကားတွေ အကြည့်များတဲ့ကျွန်တော်အဖို့ကတော့ ဘာတွေခြေလှမ်းလှမ်းနေသလဲဆိုတာကို အခုလိုမြင်မိပါတယ်၊ ဒါဟာ ရုပ်ရှင်ရူး ကျွန်တော့်ထင်မြင်ချက်သက်သက်ဖြစ်ပြီး မှန်ရမယ်လို့ မဆိုလိုပါ။

ဖားမင်းဆွေဆိုတဲ့လူက သူငယ်နာကောင်းကောင်းမစင်သေးတဲ့သူပါ၊ ဘာလို့သူငယ်နာမစင်သေးသလဲဆိုရင် သူ့ကိုတုံ့ပြန်တဲ့ သည်ဗွိုင့်ဂျာနယ် ကိုပြဿနာရှာကတည်းက ဒီလူဟာ အသက်သာကြီး စိတ်က လမ်းဘေးဂေါ်လီရိုက်တဲ့ အဆင့်ပဲရှိသေးတဲ့ ကလေးစိတ်နဲ့လူဆိုတာ ထင်ရှားပါတယ်၊ လူကြီးစိတ်နဲ့သူဆိုရင် သူ့ရဲ့ချေပဆောင်းပါးကို သည်ဗွိုင့်ကမထည့်ရင် တခြားဂျာနယ် ဒါမှမဟုတ် စာစောင်တစ်ခုခုမှာ ထည့်ပြီး ချေပပေါ့၊ ဒီလိုပဲ ရှေးဆရာကြီးတွေ အပြန်အလှန်ဆောင်းပါးတွေ ဝေဘန်ရေးတွေ ချေပချက်တွေ စွတ်စွဲချက်တွေ မြန်မာ့သတင်းစာသမိုင်းမှာ ရှိခဲ့ကြတာပဲ။

ဒီလိုသူငယ်နာမစင်သေးတဲ့လူက ဒေါ်စုကို သူရေးထားတာတွေ ပြန်တုံ့ပြန်ဖို့ အတင်းတိုက်တွန်းတယ်၊ သူရေးထားတာတွေ ဖတ်ဖို့အတင်းအကျပ်လုပ်တယ်။ ဒေါ်စုအနေနဲ့ တုံ့ပြန်ပြန် မတုံ့ပြန်ပြန် သူနဲ့ဘာဆိုင်လဲ၊ ပြီးတော့ ဒေါ်စုဖတ်တာ မဖတ်တာ သူ့နဲ့ဘာဆိုင်လဲ၊ သူပေးတဲ့စာ ဒေါ်စုအတွင်းရေးမှူးကလက်မခံတာ သူနဲ့ဘာဆိုင်လည်း သူ့ဟာက အိပ်ဖွင့်ပေးစာပဲ၊ အိပ်ဖွင့်ပေးစားရဲ့သဘောကိုက တစ်ဦးတစ်ယောက်ထဲဖတ်ရမဲ့ သင်တစ်ယောက်ထဲသာ ဆိုတဲ့ စာမျိုးမဟုတ်ပဲ ဂျာနယ်တွေ စာစောင်တွေ သတင်းစာတွေထဲ ထည့်တဲ့စာမျိုးပဲ။

ဒီလိုကျပ်မပြည့်တဲ့ ကလေးကြီးတစ်ယောက်ရဲ့လုပ်ရပ်ကို နိုင်ငံတော်သတင်းစာဆိုတဲ့ ကြေးမုံရဲ့ ဝက်ဆိုဒ်မှာ ဖေါ်ပြချီးကျူးထားတယ်ဆိုတာကိုက ခြေလှမ်းတစ်လှမ်းစနေပြီ ဆိုတဲ့သဘောလို့ ကျွန်တော်ယူဆတယ်။

ဘာခြေလှမ်းလည်း။

ဖားမင်းဆွေဟာ မြို့မေတ္တာခံယူမဲ့သားဖြစ်လာမယ်၊ ဒါလိုအခြေနေမျိုးမှာ မူးပဲပေးပေး မတ်ပဲပေးပေး ပေးရင်ဘယ်တော့မှ လက်မရွံ့တဲ့ လက်မရွံ့လူမိုက်အဖွဲ့ စွမ်းအားရှင်ကို အပ်လိုက်ပြီး တစ်ချက်ကွဲလား ၈ချက်ခြုပ်လား အတွင်းလူနာအဖြစ်လား ဒါမှမဟုတ် အသေလား ညွှန်ကြားရင် ညွှန်ကြားသလောက် လက်စွမ်းပြလိုက်မယ်၊ ပြီးရင် အန်အယ်ဒီကို လက်ညိုးထိုးပြ ပုံချလိုက်မယ်၊ အကြမ်းဖက်အဖွဲ့စည်းပေါ့။

ဒီအနေအထားရောက်သွားရင် ရှေ့ဆက်ဖို့လွယ်သွားပါပြီ။

ယက်တောအကွက်ကို ဖားမင်းဆွေထိုးကြွေးပြီး ရွေ့ဖို့စီစဉ်နေပြီ၊ ဒါပေမဲ့ ယက်တော်အကွက်က ဆရာကြီးကိုယ်တိုင် ရွေ့တဲ့အကွက်ဖြစ်ပုံရပြီး ဖားမင်းဆွေအကွက်ကတော့ သူ့ကိုယ်သူ ဒေါက်တာဂျိုးဇက်ဂိုးစဘဲလ် လို့အထင်ရောက်နေတဲ့ ပြန်ကြားရေးဝန်ကြီး (ဗိုလ်မှူးချုပ်) ဦးကျော်ဆန်း ရွေ့တာဖြစ်နိုင်ပါတယ်၊ အကွက်ကတော့ ယက်တောကွက်ကို ပုံတူကူးချထားတာပဲ ဒါပေမဲ့ ဇာတ်ညွှန်းလေးနဲနဲပြောင်းထားတာ ရှိတာပေါ့ ဒါကလည်း မြန်မာတွေ ကျွမ်းတယ်မဟုတ်လား။
MMCPမှ dulldumblazyman အားကျေးဇူးတင်ရှိပါသည်။

================================================================

http://www.lanpyakye.org/2010/11/blog-post_27.html

Saturday, November 27, 2010

ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဗီဂျေးနမ်ဘီးယား လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အိမ်သို့လာရောက်တွေ့ဆုံ

မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တာဝန် ထမ်းဆောင်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်မှာလာရောက်တွေ့ဆုံပါတယ်။

မစ္စတာ ဘီဂျေး နမ်ဘီးယားဟာ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်တဦးဖြစ်ပြီး အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။

စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူးတို့နဲ့အပြင် တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့လည်းဆိုပါတယ်

================================================================

http://www.dawnmanhon.com/2010/11/blog-post_3207.html

စနေနေ့၊ နိုဝင်ဘာလ ၂၇၊ ၂၀၁၀

Apple iPad 2 ကို​ ၂၀၁၁ ခုနှစ်တွင် ဈေးကွက်သို့ ရောက်နိုင်ဖွယ်ရှိ

iPad​ ​ကို​ ဝယ်​ယူရန်​စောင့်​ဆိုင်း​​နေ​စဉ်​ © dailymail

Apple ​၏​ Tablet​ ကွန်​ပျူ​တာ​များ​အ​နက်​ ​ဒု​တိ​ယ​မျိုး​ဆက်​အ​ဖြစ်​ iPad​ 2​​ ကို​ ​လာ​မည့်​နှစ်​အ​တွင်းေ​ဈး​ကွက်​ထဲ​ ​ရောက်​ရှိ​လာ​မည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ကျွမ်း​ကျင်​သူ​ ​တစ်ဦး​က​ ​ပြော​ကြား​ခဲ့​သည်​။

Wall ​ Street​ ​မှ​ ​လေ့​လာ​သူ​ ​တစ်ဦး​ဖြစ်​သည့်​ ​ဘ​ရိုင်​ယန်​မာ​ရှယ်​က​ Apple​သည်ေ​ဈး​ကွက်​လွှမ်း​မိုး​မှု​ကို​ ​ဆက်​လက်​ချုပ်​ကိုင်​ရန်​ ​ဒု​တိ​ယ​မျိုး​ဆက်​ iPad​ ​ကို​ ဧ​ပြီ​လ​ခန့်​တွင်ေ​ဈး​ကွက်​အ​တွင်း​ ​ဖြန့်​ချီ​နိုင်​ကြောင်း​ ​ဟော​ကိန်း​ထုတ်​ခဲ့​သည်​။ Gleacher​ &​ Co.,​မှ​ ​ဘ​ရိုင်​ယန်​က​ iPad​ 2​ ​ထုတ်​လုပ်​မည့်​ ​အ​ချိန်​ကို​ Apple​က​ ​မ​ဟာ​ဗျူ​ဟာ​မြောက်​ ​စီ​မံ​ကိန်း​ဖြင့်​ ​ကြို​တင်​သတ်​မှတ်​ပြီး​ ​ဖြစ်​နိုင်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။ 

ထို့ ​အ​ပြင်​ Apple​​ သည်​ CDMA​စ​နစ်​သုံး​ iPhone​ကို​လည်း​ ​မတ်​လ​အ​တွင်း​ ​ထုတ်​ဝေ​သွား​နိုင်​ပြီး​ ​ထုတ်​ကုန်​နှစ်​ခု​လုံး​မှ​ ​အ​ကျိုး​အ​မြတ်​ ​ဖြစ်​ထွန်း​မှု​ ​ကြီး​ကြီး​မား​မား​ ဖြစ်​လာ​နိုင်​သည်​ဟု​ ​ဘ​ရိုင်​ယန်​က​ဆို​သည်​။ ​က​မ္ဘာ​ပေါ်​တွင်​ ​ရောင်း​အား​အ​ကောင်း​ဆုံး​၊​ ​အ​အောင်​မြင်​ဆုံး​ Tablet​0 comments

Facebook News Feed များ လုံခြုံရေး စိတ်မချရကြောင်း BitDefender ဝေဖန်

BitDefenderက ထုတ်ပြန်လိုက်သော စာရင်းအချက်အလက်များအရ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ကြီးတွင် ပါရှိသော News Feedများ၏ (၂၀)ရာခိုင်နှုန်းသည် Malwareများ ကပ်ညိနေကြောင်း သိရှိရ



Facebook News Feed များ လုံခြုံရေး စိတ်မချရကြောင်း BitDefender ဝေဖန်Facebook ၀က်ဘ်ဆိုက်မှ News Feedများသည် ကြောက်စရာ အကောင်းဆုံး ထောင်ချောက်များသဖွယ် ရှိနေကြောင်း နာမည်ကျော် နည်းပညာ လုံခြုံရေး ကုမ္ပဏီကြီး BitDefenderက ဝေဖန်လိုက်သည်။ BitDefenderက ထုတ်ပြန်လိုက်သော စာရင်းအချက်အလက်များအရ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ကြီးတွင် ပါရှိသော News Feedများ၏ (၂၀)ရာခိုင်နှုန်းသည် Malwareများ ကပ်ညိနေကြောင်း သိရှိရသည်။ BitDefenderက Facebookမှတဆင့် တိုက်ခိုက်ခံရမှု (၆၀)ရာခိုင်နှုန်းသည် 3rd Party Applicationများကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။ BitDefenderသည် Facebookတွင် Malware ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး ၎င်းတို့ကိုယ်ပိုင် SafeGo အမည်ရှိ Applicationဖြင့် Userများ၏ Accountများကို Scanဖတ် စစ်ဆေးကာ Malwareများ ထောင်ချောက်ဆင်ထားသည့် Linkများနှင့် ချိတ်ဆက်နေမှုကို လေ့လာခဲ့သည်။ ရိုမေးနီးယား အခြေစိုက် ကုမ္ပဏီကြီးသည် SafeGoကို ပြီးခဲ့သည့်လက Beta အဆင့်ဖြင့် စတင်ခဲ့ပြီး Facebookရှိ Wall Postများ၊ Mail Boxနှင့် Messageများ၊ Commentများကို Scanပြုလုပ်နိုင်ရန် ဖန်တီးထားသည်။ Register သတင်းဌာန၏ အဆိုအရ အဆိုပါ Applicationကို Download ပြုလုပ်သူ (၁၄၀၀၀)ကျော် ရှိခဲ့ပြီး Facebookမှ Postပေါင်း (၁၇)သန်းကျော်ကို Scanဖတ်ခဲ့ကြောင်း သိရသည်။ Facebookတွင် Malwareများ တွယ်ကပ်မှုသည် ယခင်ကတည်းက ရှိခဲ့သော ပြဿနာဖြစ်ပြီး Koobfaceကဲ့သို့ ဗိုင်းရပ်စ်များကြောင့် Userများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ Registerသတင်းဌာနက BitDefender၏ အချက်အလက်များမှာ လက်တွေ့နှင့် ကိုက်ညီကြောင်း ထောက်ခံဖော်ပြထားသည်။

Google Street View က ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ထိခိုက်လာပြီလော...

Google Street View က ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပါ ထိခိုက်လာပြီလော... နေအိမ်ရှေ့ ခုံတန်းတွင် ကိုယ်လုံးတီး ဖြင့် စာအုပ်ဖတ်နေသူ တစ်ဦးကို Google Street View သုံးသည့် လူပေါင်းများစွာ ကြည့်ရှုနိုင်နေခဲ့

ကိုယ့်ရို့ကားယား နိုင်လှသော ဓါတ်ပုံတစ်ပုံကို Google Street View အသုံးပြုသူများ မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ ဓါတ်ပုံထဲတွင် အမျိုးသားတစ်ဦးက အိမ်ရှေ့ရှိ ခုံတန်းပေါ်တွင် အ၀တ်မဲ့ ကိုယ်လုံးဖြင့် လွတ်လွတ်လပ်လပ် စာအုပ်ဖတ်နေသည်ကို Eagle eye ကွန်ပျူတာ အသုံးပြုများ မြင်တွေ့နိုင်ကြခြင်း ဖြစ်သည်။


ကျေးဇူးတင်စရာ အကောင်းဆုံး တစ်ခုအနေဖြင့် တစ်ကိုယ်လုံး အ၀တ်မပါသော အနေအထား ဖြစ်နေသော်လည်း လက်တစ်ဖက်ကို ပေါင်ပေါ်တင်ထားပြီး စာအုပ်ဖတ်နေသလို အခြား လက်တစ်ဖက်ဖြင့် သူ၏ ဖွါးဖက်တော်လေးကို ကာကွယ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဓါတ်ပုံကို ကနေဒါနိုင်ငံ၊ Quebec ရှိ Saint-Guillaume ၌ Google Street View သုံးစွဲရင်း Capture ရယူထားခြင်း ဖြစ်ကာ ထိုဓါတ်ပုံကို ရယူပြီး ရက်မကြာမှီပင် ဂျာမန်လူမျိုး တစ်ဦးသည်လည်း အ၀တ်မဲ့ကိုယ်ဖြင့် ရှိနေသည်ကို Google Street View တွင် ထပ်မံ မြင်တွေ့ခဲ့ရသေးသည်။

စိတ်ချမ်းသာပျော်ရွှင်နိုင်မည့် အလွယ်နည်းငါးသွယ်

November 29, 2010 — bdcburma

* Posted by ကရင်လေး on November 27, 2010 at 10:01pm

စိတ်ဖိစီးပင်ပန်းမှုကနေ ရုန်းထွက်နိုင်ဖို့ အလွယ်ဆုံးနည်းက
စိတ်ပျော်ရွှင်ရာကို လုပ်ဆောင်လိုက်ဖို့ပါပဲ။ ဒါကြောင့် စိတ်ညစ်တဲ့အခါ
ကြိုးစားလုပ်ဆောင်ကြည့် သင့်တဲ့ နည်းလမ်းငါးသွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လေကောင်းလေသန့် ရှူရှိုက်ပါ
သင် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးစရာကိစ္စက ဘာပဲဖြစ်ဖြစ် ခဏမေ့ထားပြီး သဘာဝ လောကကြီးနဲ့ ထိတွေ့ဆက်သွယ်လိုက်ပါ။ ပန်းခြံ ဒါမှမဟုတ် ဥယျာဉ်ထဲ
လည်ပတ်ပြီးလေကောင်းလေသန့် ရှူရှိုက်ခြင်း၊ တောင်တက်ခြင်း စတာတွေပြုလုပ်ပါ။


၂။ လက်ဖက်ရည်တစ်ခွက် သောက်ပါ
လက်ဖက်ရည်သောက်တာဟာ စိတ်အပန်းပြေစေတဲ့ ရိုးရာအိမ်သုံးနည်း ဖြစ်ပါတယ်။ အင်္ဂလန်သုတေသနအရ လက်ဖက်ရည်သောက်သူတွေဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောပမာဏ
လျော့ကျနေကြကြောင်း သိရပါတယ်။ ကော်တီဆောဟော်မုန်းဟာ အင်ဒရီနယ်ဂလင်းကနေ
ထွက်ရှိပြီး အထူးသဖြင့် ကြောက်ရွံ့မှုနဲ့ စိတ်ပူပင်သောကတို့ကို
တုံ့ပြန်တဲ့အခါ ပိုထွက်လာတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲ
ကော်တီဆောဟော်မုန်း များတာဟာ ခုခံအားစနစ် အားနည်းခြင်းကနေ ဝမ်းဗိုက်အဆီ
ပိုများခြင်းအထိ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။


၃။ ဟာသကား ကြည့်ပါ
စိတ်ရွှင်ပျချင်ရင် သင့်ကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့အရာတွေကို လုပ်လိုက်ပါ။ စိတ်ဓာတ်ကျနေရင် ဟာသကားကြည့်ပြီး ရယ်မောလိုက်ပါ။ မိသားစုတစ်ခုလုံး ကိုယ်ကျန်းမာ
စိတ်ချမ်းသာစေဖို့ အဆီပိုတွေလောင်ကျွမ်းအောင် အောက်ပါတို့ကို အတူတကွ
လုပ်ဆောင်ပေးပါ။ မိနစ် ၆၀ ကြာ ဥယျာဉ်စိုက်ပျိုးခြင်း – ကယ်လိုရီ ၃၀၀
လောင်ကျွမ်းစေတယ်။ မိနစ် ၆၀ ကြာ လမ်းလျှောက်ခြင်း – ကယ်လိုရီ ၂၀၀
လောင်ကျွမ်းစေတယ်။ ၄၅ မိနစ်ကြာ ကခုန်ခြင်း – ကယ်လိုရီ ၄၅၀
လောင်ကျွမ်းစေတယ်။


၎။ စာအုပ်ကောင်းတစ်အုပ် ဖတ်ပါ
သင့်စိတ်ကို ဖမ်းစားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖတ်ပါ။ သင် မတွေးဖူးတဲ့ စိတ်ကူးကောင်းတွေ ထွက်လာပြီး လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။


၅။ ရယ်မောပါ
ရယ်မောလိုက်ရင် စိတ်ထဲက ပူပင်သောကတွေကို အဝေးကို ဖယ်ထုတ်နိုင်မှာပါ။ အင်တာနက်သုံးတဲ့အခါ You Tube.com ကိုကြည့်ပြီး သင်နှစ်သက်တဲ့ လူရွှင်တော်အမည်ကို ရိုက်ထည့်ကာ
ရယ်မောစရာဟာသတွေကို ကြည့်ရှုလိုက်ပါ။

သင် စိတ်ဓာတ်ကျနေလျှင်

November 29, 2010 — bdcburma

* Posted by ကရင်လေး on November 27, 2010 at 10:03pm

သင်စိတ်ဓာတ်ကျနေတဲ့အခါ တချို့ အစားအသောက်တွေကို စားချင်စိတ်ပြင်းပြ
နေတတ်ပါသည်။ ဆားများတဲ့ ပြောင်းဖူး ပေါက်ပေါက်ကို စားချင်စိတ်ပြင်းပြနေရင်
သင်ဟာ စိတ်ဖိစီးမှု ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ အသားတွေကို
စားချင်စိတ်ပြင်းပြနေရင် သင်ဟာ ဒေါသထွက်နေတာ ဖြစ်နိုင်ပါတယ်။ ခေါက်ဆွဲ၊
ထမင်းစတာတွေကို အများကြီးစားချင်စိတ်ပြင်းပြနေရင် အထီးကျန်နေတာ
ဖြစ်နိုင်ပါတယ်။ ရေခဲမုန့်၊ ဒိန်ခဲ စတာတွေကို အလွန်အမင်းစားချင်နေရင်
ဝမ်းနည်းနေတာ ဖြစ်နိုင်ပါတယ်။ စိတ်ခံစားမှုကို အလိုလိုက်ပြီး စားချင်ရာကို
အလွန်အကျွံစားမိလိုက်ရင် ပိုမိုစိတ်ဓာတ် ကျသွားစေနိုင်ပါတယ်။ ဒါကြောင့်
စိတ်ဓာတ်ကျနေချိန်မှာ အောက်ပါအချက်အလက်တွေ ကို သတိထားပေးပါ။

အရက်ရှောင်ပါ
ဝိုင်၊ ဘီယာနဲ့ အရက်ပြင်းတွေဟာ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တယ် ထင်ရပေမယ့် ခဏပါပဲ။ တကယ်တော့ အယ်ကိုဟောဟာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် စားပါ
ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေဟာ ဦးနှောက်ထဲကို အမိုင်နိုအက်စစ် ထရစ်ပတိုဖန် ရောက်ရှိစေပြီး စိတ်ခံစားချက်ကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ် ထွက်ရှိစေပါတယ်။ ဒါကြောင့်
ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဆန်၊ ဂျုံ၊ ကွေကာ၊ အသီးအနှံနဲ့ သစ်သီးဖျော်ရည်တွေကို
စိတ်ရွှင်လန်းစေဖို့ စားပေးပါ။

ကဖင်းဓာတ် လျှော့ချပါ
စိတ်ဓာတ်ကျနေချိန်မှာတော့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာစတာတွေကို တတ်နိုင်သမျှရှောင်ပါ။ သုတေသနတွေအရ ကဖင်းဓာတ်ဟာ ဆီရိုတိုနင်ထုတ်လုပ်မှုကို လျော့ကျစေတဲ့အတွက်
စိတ်ဓာတ်ကျခြင်းနဲ့ ဆက်နွှယ်နေကြောင်း သိရပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်စားပါ
စိတ်ဓာတ်ကျနေသူ အများစုဟာ ဖောလိတ်ဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဖောလိတ်ဓာတ်ဟာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ အများအပြား ပါဝင်နေပါတယ်။ ဒါ့ပြင်
လိမ္မော်ရည်၊ ပဲနီလေး၊ ရေကညွတ်၊ ပဲသီး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေထဲမှာလည်း
ဖောလိတ်ဓာတ်ပါဝင်ပါတယ်။

ငါးစားပါ
ငါးကိုတစ်ပတ်မှာ သုံးကြိမ်နဲ့ အထက်စားပါ။ သုတေသနတွေအရ တစ်ပတ်မှာ ငါးတစ်ကြိမ်ထက်နည်းပြီး စားသူတွေဟာ ငါးများများစားသူတွေထက် စိတ်ဓာတ်ကျခြင်းဖြစ်နိုင်ချေ ၃၁
ရာခိုင်နှုန်းပိုများကြောင်း သိရပါတယ်။ အိုမီဂါသရီးပါဝင်တဲ့ တူနာငါး၊
ဆယ်လမွန်ငါး၊ ဆာဒင်းငါးနဲ့ မက်ကရယ်ငါးတွေဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာ
အားကောင်းစေပြီး စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ထုတ်လုပ်အား
ကောင်းစေပါတယ်။

သကြားရှောင်ပါ
သကြားနဲ့လုပ်ထားတဲ့ မုန့်အချိုတွေကို စားတာများရင် စိတ်ပင်ပန်းလွယ်ပါတယ်။

တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ

November 29, 2010 — bdcburma

By အေးအေးမာ သောကြာ, 26 နိုဝင်ဘာ 2010

ချင်းပြည်နယ် တီးတိန်မြို့မှာ ၂၅ ရက်နေ့ကနေ စတင်ကျင်းပနေတဲ့ ခရစ်ယာန်နှစ်ချင်း သာသနာ နှစ်တရာပြည့်နဲ့ ချင်းစာပေယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ အထိမ်းအမှတ် ရာပြည့်ပွဲတော်ကို လာကြတဲ့ ခရီးသည်တင် ကားတစီး တွန်းဇန်မြို့နဲ့ တီးတိန်မြို့အကြား တောင်ပေါ်လမ်းမှာ ဒီနေ့ မနက် ၁၁ နာရီ ကျော်မှာ တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နှစ်ချင်းခရစ်ယာန်သာသနာပြုခဲ့တဲ့ နှစ်တရာပြည့်တာကြောင့် ချင်းပြည်နယ် တီးတိန်းမြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ချင်းတောင်တန်းသားတွေက ယုဘိလပွဲသဘင်လို့ ခေါ်တဲ့ ရာပြည့်ပွဲတော်ကို ကျင်းပနေကြပါတယ်။ အနယ်နယ်အရပ်ရပ်က သာသနာပြုသူတွေ အများအပြား လာကြပြီး ချင်းပြည

“၁၆ ယောက် သေတယ်။ ပထမ ၁၂ ယောက်က ပွဲချင်းပြီးသေတယ်။ နောက် ၄ ယောက်က ဆေးရုံပေါ်မှာ ထပ်ပြီးသေတယ်။ အားလုံးပေါင်း ၁၆ ယောက်။ တီးတိန်ကနေ ၈ မိုင်အကွာအဝေးလောက်မှာ ဖြစ်တာ။ ကုန်းအတက်ကြီးပေါ့ဗျာ။ မဏိပူမြစ်ဘက်နေ အတက်။ ကားက တက်ရင်းနဲ့ ပြန်လှန်ကျသွားတာ။ ပြန်လှန်ကျပြီးတော့ လမ်းပေါ်ကနေ ချောက်ထဲကို ပေ ၅၀၀ လောက်ကို ကျသွားတာ။ အတက်မှာ အဲဒီနေရာက တော်တော်အခြေအနေဆိုးတယ်။ မက်စောက်ကြီးပေါ့ဗျာ။ အောက်မှာကျရင်လည်း အခုအခံ ဖြစ်မယ့် အပင်တွေမရှိဘူး။ သစ်ပင်ကြီးကြီးတွေ မရှိတော့ဘူး၊ ခုတ်လို့ကုန်သွားပြီ။ သစ်တောပြုန်းတီး နေတယ်။ သစ်တောတွေ ပြုန်းတီးနေတော့ အခုအခံမရှိဘူး။ အဲဒါကြောင့် အခုလို ပေ ၅၀၀ လောက်အထိ ကျသွားတာ။ လူ ၃ ယောက်ပဲ ခုန်ထွက်တယ်။ ကားပေါ်က လွတ်သွားတယ်။”

နောက်ဆုံအခြေအနေအရ ဆေးရုံပေါ်မှာ သတိလစ် မေ့မျောနေသူ ခြေကျိုးလက်ကျိုး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခုဆေးရုံပေါ်မှာ သတိမေ့နေတာ ၃ ယောက်ရှိတယ်။ ခုထိ သတိမရသေးဘူး။ ဒဏ်ရာနဲ့ အားလုံး ၁၁ ယောက်ကျော် ရှိသေးတယ်။ အခြေအနေဆိုးတာ ၃ ယောက်ရှိတယ်။ ကလေး ၁ ယောက်က သတိလစ် နေတယ်။ သူ့အမေကတော့ သေသွားပြီ။ သေတဲ့သူတွေကို ဒိုင်ယာနာကား တစီးနဲ့ ၁၆ ယောက်လုံးကို သူတို့ သက်ဆိုင်ရာ မြို့တွေရွာတွေကို အကုန်လိုက်ပို့နေတယ်။ ညတွင်းချင်းပဲ။ သူ့ရွာအလိုက် သူ့တို့မိသားစုတွေဆီကို ပြန်ပို့နေတယ်။”

တောင်ပေါ်လမ်း ဖြစ်တာကြောင့် ကားသမားတွေက သတိနဲ့မောင်းနှင်ရတဲ့ နေရာလို့လည်း ပြောကြပါတယ်။ ဒါပေမဲ့လည်း လမ်းခရီးက မကောင်းတာကြောင့် အန္တရာယ်ရှိတယ် ဆိုတာကို သိနေရက်နဲ့ သွားလာနေရတာ လို့လည်း ပြောပြပါတယ်။

“နအဖအစိုးရက သူ့ဘာသာသူ လမ်းဘယ်လောက်ပဲဖောက်ဖောက် ပြောဆိုနေတာ။ ဒီလမ်းဆိုရင် မြို့အဆင့် သွားလာတဲ့ ကားလမ်းကြီး။ ၂ နိုင်ငံ အိန္ဒိယနဲ့လည်း ပေါက်တဲ့လမ်းကြီးပေါ်မှာ ရှိတယ်။ ဒါပေမဲ့ ကတ္တရာ လည်း မဟုတ်ဘူး။ မြေနီလမ်း။ ဒုတိယကမ္ဘာစစ်တုန်းက ဖောက်တဲ့လမ်းကို ခုထိသုံးနေတာ။”

ဒီပွဲတော်ကို ဒေသခံအာဏာပိုင်တွေလည်း သွားကြပြီး ချင်းပြည်နယ်က ကျေးရွာအတော်များများက သွားရောက်ကြတာကြောင့် အတော်စည်ကားတဲ့ ပွဲလို့လည်း ပြောပြပါတယ်။ ဒေသခံအားလုံးကတော့ ၀ိုင်းဝန်း ရှာဖွေနေဆဲလို့ ဆိုပါတယ်။

“နှစ်ပေါင်း ၁၀၀ တိတိပေါ့ဗျာ။ ခရစ်ယာန်နှစ်ချင်း နှစ် ၁၀၀ ပြည့် နဲ့ ချင်းစာပေကို အမေရိကန် သာသနာပြုအသင်းက သင်ပေးတာ ဆိုတော့ စာပေကလည်း နှစ် ၁၀၀ ပြည့်ပြီ။ သာသနာကလည်း နှစ် ၁၀၀ ပြည့်တဲ့ ယုဘိလသဘင်ပွဲတော်ကြီး။ နှစ်ချင်း ခရစ်ယာန်သာသနာ ရာပြည့် ယုဘိလပွဲတွေကြီး။ လူကလည်း မြို့ပေါ်မှာ ၃ သောင်းကျော်၊ အားလုံးပေါင်း ၅ သောင်းလောက်ရှိမယ် ထင်တယ်။ ဒီလိုမျိုးကျတော့ လိုက်နိုင်တဲ့သူက ၀ိုင်းလိုက်ကြတယ်။ နယ်မြေခံတပ်လည်း ပါတယ်။ ရဲလည်းပါတယ်။ မယကတို့ ဘာတို့လည်း ပါတယ်။”

အခုကားမှောက်သေဆုံးမူဟာ ချင်းပြည်နယ်မှာ လူအများဆုံး သေဆုံးမူ ဖြစ်တာလို့လည်း ပြောကြပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ကလေး-တီးတိန် ကားလမ်းမှာ ကားမှောက်မူ ဖြစ်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။ အခုတခါမှာတော့ ကားမှောက်ပြီး လွှင့်စင်သွားတာကြောင့် ပျောက်ဆုံးသူတွေလည်း ရှိနေပြီး နောက်ထပ် သေဆုံးသူတွေလည်း ရှိနေနိုင်တယ်လို့ တွက်ဆနေကြပါတယ်။ မိသားစုအတော်များများဟာ ပွဲတော်မှာဖြစ်နေတာကြောင့် ဘယ်သူတွေ ပျောက်ဆုံးနေသလဲဆိုတာကိုလည်း ချက်ချင်းစုံစမ်းဖို့ ခက်ခဲ နေကြဆဲ ဖြစ်ပါတယ်။ ညနေပိုင်း၂၆ ရက်နေ့ ညနေပိုင်းအထိ ချောက်ကပါးထဲကနေ ရှာဖွေတွေ့ရှိသူတွေ ကိုတော့ ဆေးရုံပို့ ကုသနေဆဲဖြစ်ပါတယ်။

http://www.voanews.com/burmese/news/Chin-State-Tetain-11-26-10-110851164.html

ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်

November 29, 2010 — bdcburma


By ဇော်ဝင်းလှိုင် သောကြာ, 26 နိုဝင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ် လည်း ဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။

“အဓိကကတော့ NLD ရဲ့ နိုင်ငံရေးအရ ရပ်တည်သွားမယ့်ကိစ္စရယ်၊ နောက်အရေးကြီးတဲ့ကိစ္စတခုက ဒုတိယ ပင်လုံ ညီလာခံခေါ်ယူရေး ကိစ္စကို အဓိကထားပြီးတော့ အလေးအနက် ဆွေးနွေးကြပါတယ်။”

ဒုတိယပင်လုံညီလာခံခေါ်ရေး ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲန်ကယ်လ်တို့ ဘယ်လို ဆွေးနွေးဖြစ်ခဲ့ပါသလဲခင်ဗျ။ -

“အဓိကကတော့ ကျနော်တို့ အပိုင်း နှစ်ပိုင်းပေါ့နော်။ တပိုင်းကတော့ ဒီနေ့ ဒီ ဒုတိယပင်လုံညီလာခံ ခေါ်ယူ ရတဲ့ ခေါ်ဖို့ကြိုးပမ်းရတဲ့ အကြောင်းပေါ့။ ဒါက ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်တခုမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တကယ့်တကယ် မဖော်ဆောင်နိုင်သေးဘူး။ ပြည်တွင်းစစ်ဟာ အနှစ် ၆၀ ကျော် ကြာတဲ့အထိ မပြီးသတ်နိုင် သေးတာ။ ပြီးတော့ ရှေ့ကို ပြည်တွင်းစစ် ကျယ်ပြန့်လာမယ့် အနေအထားတွေဟာ အလွန်ပဲ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီတော့ ဒုတိယ ပင်လုံညီလာခံလို အားလုံး ပါဝင်တဲ့ညီလာခံတခုက ဆွေးနွေးပြီးတော့ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျင် အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တကယ် အစစ်အမှန် ဖော်ဆောင်နိုင်တယ်လို့ ကျနော်တို့ ယုံကြည့်တယ်။ ဒါကြောင့်လဲ ဒုတိယ ပင်လုံညီလာခံကို ဖော်ဆောင်ဖို့ ခေါ်ယူဖို့အတွက် ကျနော်တို့ ဆုံးဖြတ်တာပါ။”

ဒီညီလာခံကို ဘယ်လို ကျင်းပသွားကြမှာလဲခင်ဗျ။ -

“ဒါက မလုပ်မဖြစ် လုပ်ဖို့လိုအပ်တယ်။ နအဖ အပါအ၀င် တပ်မတော် အင်အားစုတွေပါ ပါဝင်ပြီးတော့ ကျနော်တို့ ကျင်းပလိုတဲ့ဆန္ဒရှိတယ်။ ကျနော်တို့က ဒီတပ်မတော် အင်အားစုတွေ မပါဝင်နိုင်ခဲ့ဘူးဆိုရင်လဲ ကျန်တဲ့အင်အားစုတွေနဲ့ မဖြစ်မနေ ကျနော်တို့က ဆောင်ရွက်မယ်။”

လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရက ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပမယ့်အဖွဲ့ထဲမှာ မပါဝင်ဘူးဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။ -

“ဟုတ်ကဲ့။ ကျနော်တို့ကတော့ ပါလာအောင်အထိ ကြိုးပမ်းမယ်။ ဒါပေမဲ့ မပါနိုင်သေးဘူးဆိုရင်လည်း ကျနော်တို့က ကျန်တဲ့အင်အားစုတွေနဲ့ လုပ်မယ်။ နောက်တဆင့်မှာ ခုနကလို ပါလာအောင်အထိ ဆက်လက် ပြီးတော့ ကြိုးပမ်းမယ်။ အဲဒီလို ပါလာဖို့ဆိုတာအထိ ယုံကြည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု ရှိအောင် ကျနော်တို့က အလျော့အတင်းတွေ အပေးအယူတွေ လုပ်မယ်။ ပြီးတော့ နောက်တခုက ကျနော်တို့ အင်အားစုတွေရဲ့ ညီညွတ်မှုနဲ့ အင်အားပေါ့ဗျာ။ ဒါကိုလည်းပဲ ကျနော်တို့က ဆက်လက်ပြီးတော့ တည်ဆောက်မယ်။ ညီညွတ်မှုရအောင်လုပ်မယ်။ အင်အားကြီးအောင် ကြိုးပမ်းမယ်။ ဒီနှစ်ချက်ကို လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ဟာ နောက်တဆင့်ဖြစ်တဲ့ တပ်မတော်အင်အားစု နအဖ ပါဝင်လာနိုင်ဖို့အတွက် အလားအလာတွေ ကောင်းမယ်လို့ ကျနော်တို့ ပြောချင်တယ်။”

ဒီ ဒုတိယပင်လုံညီလာခံ ခေါ်ရေးကိစ္စကိုရော အချိန်သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။ ဘယ်အချိန် လောက်မှာ ခေါ်ဖြစ်မယ်လို့ စိတ်ကူးပါသလဲ။ -

“ကျနော်တို့ကတော့ ပြည်ထောင်စုနေ့လို နေ့မျိုးမှာ ကျင်းပလိုတယ်။ အဲဒီတော့ ဒီကျင်းပမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ နောက် အစည်းအဝေးတွေမှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားဖို့ရှိပါတယ်။”

CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/Burma-Second-PingLoung-11-26-10-110819439.html

**

အယ်လ်ခိုင်းဒါးအနွယ် ၁၀၀ ကျော် ဆော်ဒီဖမ်းဆီး

November 29, 2010 — bdcburma

သောကြာ, 26 နိုဝင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူ ၁၄၉ ယောက်ကို လွန်ခဲ့တဲ့ ၈ လအတွင်း ဖမ်းဆီးခဲ့ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ပြောဆိုလိုက်ပါတယ်။ စစ်သွေးကြွတွေအဖြစ် သံသယရှိသူတွေဟာ အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သတင်းမီဒီယာကလူတွေကို တိုက်ခိုက်ဖို့ စီစဉ်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက သောကြာနေ့မှာပဲ ပြောဆိုလိုက်တာပါ။ ဒီလူတွေရဲ့ လှုပ်ရှားမှုတွေမှာ သူတို့အဖွဲ့ဝင်တွေကို ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြုနည်းတွေ၊ ရန်ပုံငွေ ရှာဖွေနည်းတွေကို လေ့ကျင့်သင်ကြားပေးတာတွေ ပါဝင်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mansour al-Turki က ပြောပါတယ်။

ဒီအထဲက တချို့ဟာ မူဆလင်တွေရဲ့ နှစ်စဉ် Hajj နဲ့ Umrah ဘုရားဖူး ရာသီတွေမှာ ဆော်ဒီအာရေဗီးယား နိုင်ငံကို လာရောက်သူတွေဆီက ငွေကြေးစုဆောင်းတာတွေ၊ အတွေးအခေါ် အယူအဆတွေကို ဖြန့်ချီတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူတွေအဖြစ် သံသယရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုခဲ့တာပါ။ စစ်သွေးကြွတွေအဖြစ် မသင်္ကာသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စီးနင်းဖမ်းဆီးမှုတွေအတွင်း ဒေါ်လာ ၆ သိန်းလောက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးမိသူတွေဟာ ဆော်ဒီအာရေဗီးယား နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေလည်း ပါဝင်ပြီး အယ်လ်ခိုင်းဒါး လျို့ဝှက်အဖွဲ့ ၁၉ ခုနဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ သံသယရှိသူတွေအနက် ၂၅ ယောက်ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပြီး အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေကသူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

http://www.voanews.com/burmese/news/Al-Qaida-Saudi-11-26-10-110881984.html

ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း

November 29, 2010 — bdcburma

By မိုးဇော် သောကြာ, 26 နိုဝင်ဘာ 2010

ရန်ကုန်မြို့မှာ တကိုယ်တော် ဆန္ဒပြတာကြောင့် ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ်တသက် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးအုံးသန်းကို ဒီကနေ့ ပူတာအိုထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ ဦးအုံးသန်းကို အခုလို မိသားစုနဲ့ ဝေးလံတဲ့ ပူတာအိုထောင်ကို ပို့ဆောင်လိုက်တာကတော့ သူဟာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကြောင်း ထောင်တွင်းမှာ ကြေညာချက် ထုတ်ပြန်တာကြောင့်ဖြစ်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးအုံးသန်းဟာ ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂရုံး၊ အမေရိကန်သံရုံးနဲ့ လူစည်ကားရာနေရာတွေမှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပြည်သူ့အစိုးရ ထူထောင်ရေးဆိုတဲ့ အချက်တွေတောင်းဆိုပြီး တကိုယ်တော် ဆန္ဒပြခဲ့တာကြောင့် ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ်တသက် ကျခံနေရသူ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဦးအုံးသန်းကို မိသားစုနဲ့ဝေးလံတဲ့ ကချင်ပြည်နယ်က ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သားဖြစ်သူ ကိုစိုးကိုကိုက အခုလိုပြောပါတယ်။

“ပူတာအိုကို ပြောင်းသွားတယ်။ ပူတာအိုကိုတော့ ဒီနေ့ လေယာဉ်နဲ့ ပါသွားတယ်လို့ ကြားတယ်။ ပြောင်းတာကတော့ ၁၇ ရက်နေ့လောက်ကပေါ့။ ကလေးကနေ မန္တလေး၊ မန္တလေးကနေ မြစ်ကြီးနား၊ အခု မြစ်ကြီးနားကနေမှ ပူတာအိုကို ထပ်ပြောင်းတာပေါ့နော်။”

ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တာကို မြစ်ကြီးနားက မိတ်ဆွေတွေဆီကနေ တဆင့်သိရတာဖြစ်ပြီး ထောင်အာဏာပိုင်တွေကတော့ တစုံတရာ အကြောင်းကြားတာ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုပြောင်းရွှေ့တာဟာ ဦးအုံးသန်းဟာ ထောင်အတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်တာကြောင့် ဖြစ်တယ်လို့ သိရကြောင်း သားဖြစ်သူက အခုလို ဆက်ပြောပါတယ်။

“ဘာလို့ ပြောင်းလဲဆိုတော့ ဒီရွေးကောက်ပွဲရလဒ်ကို အဖေက အထဲမှာ ဆန့်ကျင်ပြီးတော့ ကြေညာချက်တစောင် ထုတ်တယ်လို့တော့ ပြောတာပဲ။ အဲဒါကြောင့်မို့ ပြောင်းတယ်လို့တော့ ကြားတာပဲ။”

ဦးအုံးသန်းဟာ အရင်က သစ်ထုတ်လုပ်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်လာပြီးတဲ့နောက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူဖြစ်ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိတဲ့ ဦးအုံးသန်းဟာ အရင်က ဆီးလမ်းကြောင်း ကျောက်တည်တဲ့ရောဂါနဲ့ သွေးတိုးရောဂါတွေ ခံစားရတာတွေ ရှိပေမဲ့ အခုအခါမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရကြောင်းနဲ့ ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တာကြောင့် မိသားစုအနေနဲ့ ထောင်ဝင်စာတွေ့ဖို့ ပိုမိုခက်ခဲသွားမှာဖြစ်ကြောင်း သားဖြစ်သူက ပြောပါတယ်။

မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ကတော့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်တို့၊ ဦးခွန်ထွန်းဦးတို့က စတင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အခုလို ဝေးလှံတဲ့ထောင်တွေဆီ ပို့ဆောင်နေတာ ဖြစ်တယ်၊ ဒါဟာ အစိုးရက အကျဉ်းထောင်လက်စွဲ ဥပဒေကို ချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ ကျုးလွန်နေတဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒါကတော့ နိုင်ငံတော်က စနစ်တကျ ကျုးလွန်နေတဲ့ အမှုလို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ဆေထင်တို့ ဦးခွန်ထွန်းဦးတို့၊ အဲဒီကစပြီးတော့ မိသားစုတွေနဲ့ ဝေးနေတဲ့ထောင်တွေကို ပြောင်းတယ်။ နောက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ထောင်ထဲရောက်တော့လည်း ကော့သောင်တို့၊ ဘူးသီးတောင်တို့၊ မိုင်းဆတ်တို့၊ ပူတာအို၊ မြစ်ကြီးနား အဲလိုမျိုးတွေ မိသားစုနဲ့ အဝေးဆုံးမှာ ရှိတဲ့နေရာတွေကို လိုက်ပြောင်းနေတယ်။ တကယ်တော့ အကျဉ်းထောင် လက်စွဲဥပဒေမှာက အကျဉ်းသားတယောက်ကို မိသားစုနဲ့အနီးဆုံးထောင်မှာ ထားရမယ်ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။ ဒါကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီးတော့ အဝေးဆုံးထောင်ကို ရည်ရွယ်ချက်ရှိရှိ ပို့တဲ့ကိစ္စ။ ဒါက နိုင်ငံရေး အကျဥ်းသားတယောက်ကို အဲလို ပို့လိုက်ခြင်းအားဖြင့် ဒီအကျဉ်းသားတင်ပါမကဘဲ မိသားစုတွေပါ ဒုက္ခတွေရောက်တယ်။ ငွေရေးကြေးရေးအရ ဒုက္ခရောက်တယ်။ လူပင်ပန်းတယ်။ အချိန်ကုန်တယ်ဆိုတဲ့ ကိစ္စမျိုးတွေက တောက်လျောက်လိုက်ပါလာတဲ့ ကိစ္စပါ။ အဲဒါက တော်တော်ဆိုးတဲ့ ညှင်းပမ်းနှိပ်စက်မှုလို့ ပြောလို့ရပါတယ်။”

ဒီကနေ့မှာလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကာလမှာ ဖမ်းဆီးပြီး မိသားစုနဲ့ဝေးတဲ့ ဖျာပုံအကျဉ်းထောင်မှ အကျဉ်းကျခံနေရတဲ့ မန္တလေးက ဦးရွှေမောင်ကို မျက်စေ့ဝေဒနာကြောင့် ဆေးကုသခဲ့ရတယ်လို့ သိရပါတယ်။

http://www.voanews.com/burmese/news/U-Ohn-Than-11-26-10-110882754.html

Burma Democratic Concern (BDC): We Stand With Daw Aung San Suu Kyi

November 28, 2010 — bdcburma

26 Nov 2010
Burma Democratic Concern (BDC) is very glad to learn Daw Aung San Suu Kyi’s clear cut policies regarding democratisation of Burma, national reconciliation and her effort restoring human rights and rule of law in Burma.

With reference to some Burmese exile trying to bring junta to ICC, Daw Aung San Suu Kyi said in the interview with the New York Times which is published on 23 November 2010 that “She (Daw Aung San Suu Kyi) said she did not endorse moves among her supporters overseas to try to bring the junta leaders into international court for crimes against humanity.

Daw Aung San Suu Kyi added that “I’ve never said I want them to be brought into the international court,” she said. “I don’t think there is any solid reason for the generals to fear for their safety. We are not after them personally. I certainly do not wish them ill.”

Regarding with the sanctions, Daw Aung San Suu Kyi told reporters in her first news conference after her release that “If the people really want sanctions to be lifted, I will consider it”.

Daw Aung San Suu Kyi said she is willing to have a dialogue with the country’s ruling military junta by saying “I am for national reconciliation, I am for dialogue. Whatever authority I have, I would like to use toward that end. And I hope the people will support me”.

Daw Aung San Suu Kyi also stress that “We must work together in unison to achieve our goal.”

Daw Aung San Suu Kyi said that “If one believes in dialogue, one has to believe in compromise as well.” Burma Democratic Concern (BDC) would like to express our unwavering strong support for Daw Aung San Suu Kyi’s wise leadership.

Burma Democratic Concern (BDC) would like to officially declare that “We stand with Daw Aung San Suu Kyi and whatever position Daw Aung San Suu Kyi takes, we believe that it would be the best interest for the people and the nation.”

Therefore, Burma Democratic Concern (BDC) will follow Daw Aung San Suu Kyi’s leadership and implement her policies accordingly.

For more information please contact

Myo Thein [United Kingdom]
Phone: 00-44-78 7788 2386, 00-44-208 4939 137

U Khin Maung Win [United States]
Phone: 001-941-961-2622

Daw Khin Aye Aye Mar [United States]
Phone: 001 509 586 8309

U Tint Swe Thiha [United States]
Phone: 001-509-582-3261, 001-509-591-8459

http://www.bdcburma.org/NewsDetails.asp?id=747

ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်

November 28, 2010 — bdcburma
2010-11-26

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ မတရား ပြုလုပ်ခဲ့တာတွေကို မှတ်တမ်းတင်တဲ့ အဖွဲ့တဖွဲ့က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲမှာ နိုင်ငံခြားမှ သတင်းသမားများနှင့် စောင့်ကြည့် လေ့လာသူများကို လက်ခံမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့က နေပြည်တော်တွင် ရှင်းလင်း ပြောကြားသည်ကို နားထောင်နေသော နိုင်ငံခြား သံတမန်များ ဖြစ်ပါသည်။ (Photo: AFP)

ထိုင်းမြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေ စုပေါင်းပြီး “ရွေးကောက်ပွဲ ခြေရာခံအဖွဲ့” ဆိုတဲ့အဖွဲ့ ဖွဲ့စည်းပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အခြေအနေတွေကို တင်ပြထားတာပါ။ ဒီအဖွဲ့ရဲ့ လေ့လာ တွေ့ရှိချက်အရ ရွေးကောက်ပွဲ မဲမသမာမှု ၄၅၀ လောက် တွေ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ တွေ့ရှိ တင်ပြချက်တွေကို မြန်မာ့သမိုင်း မှတ်တမ်းတခုအဖြစ် အပြည်ပြည်ဆိုင်ရာက သိရှိအောင် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဖွဲ့ ကဒေါ်ခင်ဥမ္မာက ခုလိုပြောပါတယ်။

ရွေးကောက်ပွဲက ဘယ်လောက်တောင် ပြည်သူ့ရဲ့ သဘောဆန္ဒ မပါဘဲနဲ့ မတရား လုပ်သွားတဲ့ ရွေးကောက်ပွဲလဲ ဆိုတာကို ကျမတို့က ကမ္ဘာကို သိစေချင်တယ်။ ဒါ ကျမတို့နိုင်ငံရဲ့ သမိုင်းပဲ

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ခင်ဥမ္မာက “ရွေးကောက်ပွဲခြေရာခံအဖွဲ့” အကြောင်း တင်ပြခဲ့သလို “ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားနယ်မြေတွေ” အကြောင်းကို နော်ကညော်ဖော က တင်ပြခဲ့ပြီး “ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်း” အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးမိုးဇော်ဦးက တင်ပြသွားပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ နိုင်ငံတကာ သတင်းထောက်တွေ တက်ရောက်ခဲ့ကြပြီး သတင်းစာရှင်းပွဲဟာ ညနေ ၄ နာရီမှာ ပြီးဆုံးသွားပါတယ်။

ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင်က သတင်းပေးပို့ထားပါတယ်။

http://www.rfa.org/burmese/news/exiled_groups_document_election_frauds-11262010104558.html