Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 24 February 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထောင်စုသို့သွားမည်

စစ်အာဏာရှင်ကြီးသန်းရွှေတယောက် သားမက်ဖြစ်သူ နေစိုးမောင် (ကထိက၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်) ကိုအမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ဘို့စီစဉ်ဆောင်ရွက်နေပါတယ်။ နေစိုးမောင်ဟာစစ်ဆေးရုံမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်မင်းလည်း အတူလိုက်ပါသွားမယ်လို့သိရှိရပါတယ်။
အမေရိကန်ပြည်ထောင်စု ဟားဘတ်(စ်)တက္ကသိုလ်မှာ "သင်ကြားရေးအထောက်အကူပြုလေ့လာရေး"အတွက် အကြောင်းပြပြီး အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားမယ်လို့ သိရှိရပါတယ်။ နေစိုးမောင် ဟာ စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး၊ ကြည်ကြည်ရွှေ (ခေါ်) မသြ ရဲ့ခင်ပွန်းဖြစ်သလို၊ ဆိုးသွမ်းအကြမ်းဖက်လူငယ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ဖခင်ဖြစ်ပါတယ်။ မသြ ဟာခင်ပွန်းဖြစ်သူ နေစိုးမောင်နဲ့ အဆင်မပြေဖြစ်နေတာကြောင့်၊ မသြရဲ့စိတ်ချမ်းသာမှုအတွက် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တေဇ က အစွမ်းကုန်ပြုစု ဂရုစိုက်ပေးလျှက်ရှိနေပါတယ်။ အဲဒီလိုအခြေအနေဖြစ်ရတဲ့ အကြောင်းအရင်းက နေစိုးမောင်ဟာ ယောင်္ကျားကိုယ်နဲ့မိန်းမစိတ် ( မိန်းမလျှာ ) ဖြစ်နေလို့ပါ။ စစ်ဆေးရုံ အသိုင်းဝိုင်းနဲ့ဆေးဘက်ဆိုင်ရာ လောကမှာ သူကိုယ်တိုင်ကြေငြာခဲ့တာပါ။
ဘာဘဲဖြစ်ဖြစ်၊လူ့အခွင့်အရေးအဆက်မပြတ်ချိုးဖောက်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်အစိုးရရဲ့ မိသားစုဝင် တဦးကို၊ အမေရိကန် ပြည်ထောင်စုက ဝင်ခွင့်ပြုမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ၊ ဒီမိုကရေစီအတွက်၊ အသက် ပေးဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို လှည့်စားဘို့ကြိုးစားတဲ့လုပ်ရပ်တခုအဖြစ်သတ်မှတ် ရမှာပါ။
မြန်မာနိုင်ငံရှိ၊ အမေရိကန်သံရုံးက နေစိုးမောင်ရာဇဝင် မသိဘဲတော့မနေပါဘူး။ ဗီဇာထုတ်ပေး၊မပေး စောင့် ကြည့်ရမှာပါ။ သမ္မတသစ် အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒတွေ အပြောင်းအလဲရှိ၊မရှိ ဒီကိစ္စက အသေးငယ်ဆုံး အချက်ပြချက်တခုအဖြစ် ပေါ်ထွက်လာနိုင်စရာရှိပါကြောင်း။

လေးစားစွာဖြင့်
သူရဲကောင်း။ (အာဇာနည် ဗလော့ခ်)

Black Device ကိုသတိထားပါ

Black Deviceသုံး၍ ကွန်ပျူတာကီးဘုတ်မှ ရိုက်နှိပ်သမျှကို မှတ်သားထားနိုင်ဟုဆို -
ကွန်ပျူတာ Keyboard တွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို တရားဝင် ရောင်းချမှု မပြုသေးသည့်တိုင် လူအများကြားတွင် စတင်ပြန့်နှံ့နေပြီဖြစ်ရာ Onlineအသုံးပြုသူများအနေနှင့် အင်တာနက်ဆိုင်များတွင် မိမိအသုံးပြုမည့် ကွန်ပျူတာမှ Keyboardကေဘယ်လ်ကြိုးကို ဦးစွာစစ်ဆေးသင့်ပါသည်။ ထိုကိရိယာဟု ယူဆရဖွယ်ရှိသော အရာတစ်ခုခု တွေ့ရှိပါက ထိုစက်ကို ရှောင်ရှားသင့်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုမှ ကာကွယ်သင့်ပါသည်။ ထိုကိရိယာလေးအား ဒေါ်လာ(၃၀)မျှ ဈေးနှုန်းသတ်မှတ်ပြီး Onlineရောင်းဝယ်ရေး ၀က်ဘ်ဆိုက် Geekတွင် ရောင်းချနေကြောင်း သတင်းရရှိသည်။

ဓာတ်ပုံကို ဤနေရာ တွင်ကြည့်ပါ။

သတင်း - အာဇာနည် ဗလော့ခ်

မြန်မာအမျိုးသမီး တစ်ဦး Dubai တွင် အသတ်ခံရ

Police remove the body of the Myanmarese
woman in Al Nahda, Dubai.
Her body was discovered at 10am on Sunday.

Randolph Barros/Gulf News
By Siham Al Najami, Staff Reporter
Published: February 22, 2009

Dubai: A construction worker discovered the body of a dead Myanmarese woman in a manhole in Al Nahda, Dubai, on Sunday morning.

The labourer, who was one of many at the scene, discovered the body at around 10am.

The Dubai Police were contacted and the Criminal Investigation Department (CID) cordoned off the area. An ambulance later arrived to collect the body.

Eyewitnesses at the scene said the workers who found the body were horrified. Some said the woman was "completely naked".

"I first saw her legs pointing outwards and her head trapped inside. It is horrific & I just can't believe what I saw," one of the workers said.

According to Colonel Khalil Al Mansouri, Director of the CID, the Burmese waitress had been reported missing five days earlier by her roommates and employer, Emirates airline.

"One of her male Indian colleagues, whom she had a relationship with, has been in police custody since the day she was reported missing as it is believed he was the last person to be seen with her. We are still investigating the cause of death," he told Gulf News.

A roommate said the deceased, 30, was "a beautiful, young, petite woman who was kind, loving and friendly - especially to her Myanmarese roommates".

She said they had come to Dubai together in September 2008.

"She told us she befriended a colleague around 15 to 20 days ago and that he proposed to her. I don't know if they were in a relationship. I think she saw him only as a friend," the roommate said.

The woman said she last saw her friend on February 15, while on duty.

Emirates declined to comment, saying it was a police matter.