Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday, 4 January 2009

On This Day: Burma Declares Independence from Britain

04 Jan 2009
by findingDulcinea Staff
On Jan. 4, 1948, Burma ended 60 years of colonial rule when it officially declared independence from Britain.
Burma's Struggle for Autonomy
In June 1945, Burmese soldiers fought with the British to expel Japanese invaders from Burma during World War II.

By the war's end, nationalist leader Aung San, whose anti-fascist movement had been prominent in the struggle against Japan, had established a political and military power base from which to negotiate with Great Britain. He took office in the provisional Burmese government that formed in 1946.

Gen. San’s rule was troubled by conflicts between Burma’s rival ethnic groups, but he proved a unifying force for the nationalist movement. In January 1947, he signed an agreement with the British Prime Minister that granted Burma full independence within a year.

Before that plan came to fruition, in July 1947, Aung San and six other members of the cabinet were gunned down. The deaths were mourned throughout the country and for decades after.

The assassinations failed to halt the country’s advance toward political autonomy, which officially arrived on Jan. 4, 1948. “Thousands of Burmans caroused amiably along Rangoon's steamy, tropical waterfront,” wrote Time. “Some still recalled the day in 1885 when Burma's last king, brash Thibaw, sailed into exile and the British took over. Now, British rule was at an end.”
Historical Context: Colonial Burma
The British conquered part of Burma during the Anglo-Burmese war of 1824–26, but they didn’t establish full control of the region until 1886. For a time, Burma was part of British India, but it became a separate colony in 1937.

Japan invaded Burma during World War II and conducted a difficult struggle against British forces for years. For a time, Japan won many victories against the British—and even the support of Aung San's Burmese National Army—but ultimately Japan lost San's support and its hold in Burma. Aung San's supporters rode a wave of nationalism and were positioned to take over British control when the war was over.
Key Player: Gen. Aung San
Many in Burma view Gen. Aung San as the father of the country's independence. It was his ability to unify the people of Burma that helped end colonial rule.

He is also the father of Aung San Suu Kyi, the Nobel Peace Prize winner who many years under house arrest since 1995. Few in Burma today even dare to mention Gen. Aung San's name publicly for fear of angering their military overseers.
Later Developments: Burma since independence
Ethnic discord created problems for Burma’s first independent parliament. A central British administration had controlled Burma's various ethnic groups, which then rose up against the majority ethnic group in the country, the Burmans. Still, democracy survived until Gen. Ne Win led a military coup in 1962. Win's socialist party isolated the country and its economy declined significantly into the 1980s.

Win's socialist party isolated the country and its economy declined significantly into the 1980s. On Aug. 8, 1988, thousands of protesters massed to demand political reform. Monks and students led peaceful demonstrations, which ended when the army opened fire, killing an estimated 3,000 people.

Burma’s ruling military junta—which changed the country’s name to Myanmar in 1989—has drawn sanctions from the United States and the European Union for human rights violations.

In September 2007, in scenes recalling the 1988 demonstrations, Burmese monks led a new series of protests, which were again quashed by the military. Analysts have begun to ask whether nonviolent resistance will ever be effective against a totalitarian state.

Global Action for Burma:Second struggle


Burma Democratic Concern
03 Jan 2009

“Let's unite for Democratic Federal Union of Burma”

4th January, 2009 will mark the 61st anniversary of Independence Day for Burma. Since the fall of Mandalay Kingdom, People of Burma have never given up their fight to regain their independence. Thousands of people have sacrificed their lives. Why? They had only one hope to have a chance for the future generations to enjoy the fruits of independence.

However, People of Burma have not had this chance until now. They have been under the most oppressive and brutal regime in the world. Despite of their liberation from foreign colonization, they have not yet liberated from the dictatorial oppression of their own people. Without genuine liberation, no one can enjoy the fruits of independence. To have a genuine liberation, Burma must be established as a federal union that will guarantee democratic rights to all citizens and political equality for all ethnic nationalities.

Therefore, we call upon the People of Burma and overseas Burmese people around the world to the global action for the second struggle for national independence to establish a Democratic Federal Union of Burma. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.

“Add your voice to a call for Democratic Federal Union of Burma”

Please contact the following persons for detailed information.

Mr. Myo Thein (UK), Tel: +44 208 493 9137,
Email: myothein19@gmail.com

Mr. Yin Aye , Tel: + 1 301 905 7591,
Email: yindbso@gmail.com

Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893,
Email: kokoaung_dfbjp@yahoo.com

Mr. Yin Htwe (Thailand),
Email: yinhtway@gmail.com

Mr. Soe Tun (Singapore),
Email: lunlunn@gmail.com

Mr. Si Thu (Canada),
Email: oneloveoneburma@gmail.com

Ms. Khin Ma Ma Myo, Tel: +44 1224 524 077,
Email: khinmamamyo@gmail.com

(Independence campaign is a results-oriented coalition dedicated to second struggle for national independence)

၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဒို့မမေ့


အင်္ဂလိပ်နယ်ချဲ့လက်မှရယူခဲ့သော မြန်မာပြည်သူများ၏ လွတ်လပ်ရေးသည် ၆၁နှစ်တိုင်သည့်တိုင် ပြည်သူ့လက်ဝယ်သို့ မရောက်ရှိသေးပါ။ သို့တိုင် လက်ရှိစစ်အစိုးရမိစ္ဆာများသည် နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ လွတ်လပ်ရေးမှကင်းဝေးရန် ၂၀၁၀ ရွေးကောက်ပွဲအတုအယောင်ကို ကျင်းပရန် ကြိုးစားနေပေသည်။ ပြည်သူတို့ရရှိသင့်သော လွတ်လပ်၍တရားမျှတသော နိုင်ငံတော်တည်ထောင်ရေးသည် မြန်မာပြည်သူများ၏ သမိုင်းပေးတာဝန်တစ်ရပ်ပင် ဖြစ်နေပေသည်။ သို့ပါ၍ ၂၀၁၀ မတိုင်မှီ မိစ္ဆာအစိုးရ ဖြုတ်ချရေးသည် မြန်မာပြည်သူတစ်ရပ်လုံး၏တာဝန်ပင်ဖြစ်ပါသည် ဟု ၆၁နှစ်မြောက် လွတ်လပ်ရေးနေ့ သန္နိဋ္ဌာန် အဖြစ်တိုက်တွန်းနိုးဆော်အပ်ပါသည်။

မြန်မာ့ လွတ်လပ်ရေးအရေးတော်ပုံ ( ရေးသူ ဗိုလ်ချုပ်အောင်ဆန်း)

U Aung San's Article

ဖွံ့ဖြိုးရေး၏ အခြေခံကို ပုံဖော်ခြင်း

alt

ဆောင်းပါး သရုပ်ဖေါ်

စာဖတ် ပရိသတ်အတွက် ခေတ် ရေစီးကြောင်း ၏ အခြေအနေ (Current Issue) မဟုတ် သော်လည်း ကာလရှည်ကြာ တအုံနွေးနွေး ဖြစ်နေတဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ တနံတလျား ပတ်သက်ရာ ပတ်သက်ကြောင်း တွေကို တစစီ ဆွဲပြီး ချုံငုံမိအောင် မိတ်ဆက် ပေးသွား ချင်ပါ တယ်။ အရှင်း ဆုံးဖြစ်တဲ့ ဖွံ့ဖြိုးရေး ဆိုတဲ့ ဝေါဟာရကပဲ စကြည့် လိုက် ရအောင်။

မဖွံ့ဖြိုးမှု နိမ့်ကျခြင်း (Underdevelopment) ကို တီထွင် ဖန်ဆင်းခြင်း

ဖွံ့ဖြိုးရေး ဆိုတာ မဖွံ့ဖြိုးတာ ရှိနေလို့ လို့ နားလည်နိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန် ဟာ ကမ္ဘာပေါ်မှာ မဟာ အင်အားကြီး ဆူပါ ပါဝါနိုင်ငံ ဖြစ်လာပါတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ သူများနဲ့ မတူတဲ့ တစ်နေရာကို ဖန်တီးဖို့ လိုအပ်လာပြန်တယ်။ ဒီလို အကြောင်း ကမ္မရှာနေတုန်း ၁၉၄၉ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ ဟာရီ အက်စ် ထရူးမန်း (Harry S. Truman) က သူရဲ့ သမ္မတသစ် အဖြစ် ကျမ်းကျိန်တဲ့နေ့ မိန့်ခွန်းထဲမှာ ကမ္ဘာ့ တောင်ဘက်ခြမ်းဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဝန်းကျင်တွေ (Underdevelopment Areas) ဖြစ်တယ်ဆိုပြီး ညွန်ပြ ပြောဆိုလိုက်ပါတယ်။ အဲဒီနေ့မှာပဲ ကမ္ဘာ့တောင်ဘက်ခြမ်းက ၂ ဘီလီယံသော (သန်းနှစ်ထောင်သော) လူတွေဟာ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်သူတွေ ဖြစ်သွားရပြီး "မဖွံ့ဖြိုးသေးသော" ဆိုတဲ့ ကိစ္စဟာ ဒီအချိန်ကမ္ဘာ ဇာတ်ခုံပေါ် တဟုန်ထိုး တက်လာတော့တာပဲ။ ဒါနဲ့ပဲ စာဖတ်သူတို့ ကျနော်တို့ဟာ ဖွံ့ဖြိုးမှု လေ့လာရေး ဆိုတာကို ဘွဲ့ဒီဂရီအတွက် လေ့လာရတဲ့ အခြေအထိ ရောက်ကြရတယ် ဆိုပါတော့။

ကမ္ဘာ့ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရဲ့ အတွင်းရေးမှူးဟောင်း အဖွဲ့ဝင်ဖြစ်ဖူးတဲ့ ဝယ်လ်ဖရက် ဘင်ဆန် (Wilfred Benson) က သမ္မတ ထရူးမန်း ထက် ပိုစောပြီး အဲဒီစကားလုံးကို သုံးဖူးပေမယ့် ကျွမ်းကျင်သူတွေ၊ လူထုတွေကြား ပျံ့နှံ့လောက်တဲ့ အထိ မဖြစ်ခဲ့ပါဘူး။ သမ္မတ ထရူးမန်းက သူ့ပေါ်လစီရဲ့ အသုံးအနှုန်းအဖြစ် ကောက်သုံးလိုက်တော့မှ ပညာရှင်တွေအကြား ပွထ လာတာဖြစ်ပါတယ်။ အဲဒီကစလို့ ဖွံ့ဖြိုးမှု နောက်ကောက်ကျ တာကနေ လွတ်မြောက်ဖို့ရာ "ဖွံ့ဖြိုးရေး"ဆိုတာကို ဆွေးနွေး ပြောဆို လာကြတော့တာပါပဲ။ ဖွံ့ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းနဲ့ စပ်လျဉ်းပြီး မြောက်များစွာသော ယူဆချက်တွေလည်း ပေါ်ပေါက်လာပါတယ်။

နိုင်ရီရီ (Nyerere) ရဲ့ "ဖွံ့ဖြိုးရေး ဆိုတာ ကိုယ်စီ ရည်မှန်းချက်တွေ အတွက် အာရုံညွှတ်တဲ့၊ လူတွေရဲ့ နိုင်ငံရေး တက်ကြွ ထက်သန်မှုပါပဲ" စတဲ့ ယူဆချက်တွေ ပေါ်လာတာပါ။ ဖွံ့ဖြိုးတယ်၊ မဖွံ့ဖြိုးဘူးဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင် တချို့ရဲ့ သိသင့်တဲ့ အယူအဆ တွေကတော့ - ကိုယ့်ရဲ့ ယုံကြည် ပိုင်းဖြတ်မှုပါပဲ သို့မဟုတ် ကိုယ်ထင် ကုတင်ရွှေနန်း ပါပဲ (ရိုဒေါ်လ်ဖို စတာဗင်ဟာဂျင် - Rodolfo Stavenhagen)၊ အောက်ခြေက စပြီး ထိုးထွက် လာသည့် ဖွံ့ဖြိုးရေး သို့မဟုတ် လူဆင်းရဲတွေ အတွက် ထွက်ရပ် လမ်းရှိသည့် ဖွံ့ဖြိုးရေး (ဂျီမို အိုမို-ဖာဒကာ - Jimoh Omo-Fadaka)၊ အားလုံး ပူးပေါင်း ပါဝင်မှုရှိတဲ့ ဖွံ့ဖြိုးရေး သို့မဟုတ် လူစုံတက်စုံ ဖွံ့ဖြိုးရေး (အော်လန်ဒို ဖဲလ်စ် ဘော်ဒါနှင့် အနီဆာ ရာမန် - Orlando Fals Borda and Anisur Rahman) ဒါတွေဟာ နောက်ပိုင်း တွင်ကျယ်လာတဲ့ အယူအဆတွေပေါ့။

ဖွံ့ဖြိုးမှု ရဲ့ ပုံဖမ်းမရသော သမိုင်းနဲ့ ထပ်တူပြု တင်စားချက်

ပထမဆုံး ပြောရရင်တော့ သတ္တလောကရဲ့ ဖွံ့ဖြိုးရေး (Development) ဒါမှ မဟုတ် ပြောင်းလဲ တိုးတက်မှု ဖြစ်စဉ် (Evolution) ဆိုတာ ဇီဝဗေဒ (Biology) မှာ စသုံးတာပါ။ မျိုးဗီဇ အလားအလာများ အောင်မြင်လာတဲ့ အင်္ဂါအစိတ်အပိုင်း (Organism) တွေရဲ့ ဖြစ်စဉ်ကို ရည်ညွှန်း ပြောဆိုတာပါပဲ။ နောက်တော့ ဖွံ့ဖြိုးရေးဟာ မာ့က်စ် (Marx) ရဲ့ သဘောတရား တွေမှာလည်း အထင်ကရ အနေနဲ့ ပါလာပါတယ်။ သဘာဝဓမ္မ (Natural Law) တွေရဲ့ သဘောသဘာဝ လိုအပ်ချက်တွေ အတိုင်း လက္ခဏာပြ နေတဲ့ သမိုင်းဆိုင်ရာ ဖြစ်စဉ်ပါပဲလို့ ကားလ်မာ့က်စ်က ထုတ်ဖော်ခဲ့ပါတယ်။ ရှင်းရှင်း ပြောရရင်တော့ သမိုင်းဖြစ်စဉ် တစ်ပတ်လည် တာပဲလို့ ဆိုလို တာပါပဲ။ တစ်ခုရှိတာက သိပ္ပံနည်းကျ စည်းကမ်းချက် တွေဟာ ဖွံ့ဖြိုးရေးကို ဖွင့်ဆို သရုပ်ပြရာမှာ နေရာယူလာတယ် ဆိုတာကိုပါ။

၂၀ ရာစုဦးမှာ "ဖွံ့ဖြိုးရေး" ဝေါဟာရဟာ တွင်ကျယ်လာတယ်။ ရာစုနှစ် တစ်ခုလုံးမှာ မြို့ပြဖွံ့ဖြိုးရေးနဲ့ ကိုလိုနီ ဖွံ့ဖြိုးရေးဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက်တွေနဲ့ လုံးလည် ချာလည် လိုက်နေတယ်။ ဟက်ကယ် (Haeckel) က "အခု ကာလကစပြီး ဖွံ့ဖြိုးရေးဆိုတာ မှော်ဂါထာလိုပဲ ကျုပ်တို့ ဒုက္ခဝေနေတဲ့ ပြဿနာကို ကုစားနိုင်မယ့်၊ ထွက်ရပ်လမ်းကို ပြနိုင်မယ့် ဟာလိုဖြစ်နေတယ်"လို့ ပြောခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံး ကိုယ်နှိုက်က ရာစုနှစ် နှစ်ခုလောက်ကြာအောင် လူမှုရေးဆိုင်ရာ အနက်ကောက်ယူ ဖော်ပြမှု (ဝါ) လူမှုရေးရာ အဓိပ္ပါယ်သွင်းဖော်ပြမှု (Social Construction) တွေမှာ နက်နက်နဲနဲ အမြစ်တွယ် လာနေတော့တယ် ဆိုတာပါပဲ။

နယ်ချဲ့ ဆန့်ကျင်ရေးဝါဒကို ခြေချခြင်း

လတ်တလော လက်တွေ့ဝါဒီ တချို့ကတော့ ဖွံ့ဖြိုးရေးရဲ့ အတွင်းအပြင် မျက်နှာစာတွေဖြစ်တဲ့ ကုန်သွယ်ရေးရာ၊ မျှတမှုမရှိတဲ့ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေ၊ ကိုယ်ကျိုး ကာကွယ်ရေးဝါဒ (အနောက်နိုင်ငံများ မသိမသာ ကျင့်သုံး)၊ ဈေးကွက် စီးပွားရေးစနစ်ရဲ့ ဟာကွက်တွေ၊ လာဘ်စားမှုတွေ၊ ဒီမိုကရေစီ မရှိတာတွေ၊ စွန့်ဦး တီထွင်မှုစနစ် အကောင်အထည် မပေါ်တာတွေကို အာရုံထားကြပါတယ်။ အဲဒီလို မဆောင်ရွက်နိုင်တာတွေကို အကြောင်းပြုပြီး ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှား တောင်းဆိုမှုတွေလည်း ပေါ်ပေါက် လာပါတယ်။ လက်တင် အမေရိကရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဝါဒီတွေ (Dependency Theorists) နဲ့ လက်ဝဲယိမ်း ပညာတတ် (Leftist Elite) တွေရဲ့ အလိုအရ "အတိတ်ကာလက ကိုလိုနီစနစ်ကြောင့်ရော၊ လက်ရှိကာလ အရင်းရှင်စနစ်နဲ့ ပြည်တွင်းအတိုင်းအတာ၊ နိုင်ငံတကာ အတိုင်းအတာနဲ့ ခေါင်းပုံဖြတ်မှုတွေကြောင့် နောက်ကောက်ကျနေရတာ (Backwardness)၊ ဆင်းရဲတွင်းက မထွက်နိုင်တာ (Poverty) တွေ ဖြစ်ရတယ်၊ "မဖွံ့ဖြိုးဘူး ဆိုတာ ဖွံ့ဖြိုးသွားတာ တွေရဲ့ ဓားစာခံပါပဲ"လို့ ဆိုကြ ပါတယ်။ ( မြန်မာပြည် မှာ ဒီလို သဘောတရားတွေ ထွန်းကားတာ တွေ့နိုင်ပါတယ်။ ကျန်နေတဲ့ သယံဇာတ တွေကို ခေတ်သစ်မှာ ဘယ်သူတွေက ဆွေမျိုးကောင်း စားရေးအတွက် အသုံးချနေသလဲ ဆိုတာလည်း သတိပြုရမှာပါ။)

အယူအဆများ ပွထလာခြင်း

နောက်ပိုင်းမှာ ဖွံ့ဖြိုးရေးဟာ မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ စီးပွားရေးအရ တစ်ဦးချင်းဝင်ငွေ တိုးတက်မှုနဲ့ အဲဒီတိုးတက်မှု ကျဆင်းနေခြင်းဆီ ခြေဦးလှည့် လာပြန်ပါတယ်။ ပေါလ် ဘရန်း (Paul Baran) က တိုးတက်မှု (Growth) သို့မဟုတ် ဖွံ့ဖြိုးမှု (Development) ဟာ တစ်ဦးချင်းဆီရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ထုတ်လုပ်နိုင်မှု တိုးတက်ခြင်းဖြစ်ပြီး၊ တချိန်တည်းမှာပဲ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက အခြေခံ လူမှုဖူလုံရေးတွေ တိုးတက်လာစေဖို့ ကြိုးပမ်းနေတာ လို့ ဖွင့်ဆိုပါတယ်။ နောက်ပိုင်းမှာ စီပွားရေးဖွံ့ဖြိုးမှု (Economics Development) နဲ့ အပြိုင် လူမှုဖွံ့ဖြိုးရေး (Social Development) ကို (အဓိပ္ပါယ် ဝေဝါး နေသေးသော်လည်း) တဖြည်းဖြည်း မိတ်ဆက် တင်ပြလာကြပါတယ်။ ၁၉၆၂ မှာ ကုလသမဂ္ဂ က ဒီဖွံ့ဖြိုးရေး ရှုထောင့် နှစ်ခုကို ပေါင်းစပ်ဖို့ လမ်းကြောင်း ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေရဲ့ ပြဿနာ ဟာ တိုးတက်ရေး (Growth) မဟုတ်ဘူး၊ ဖွံ့ဖြိုးရေး (Development) ဖြစ်တယ်၊ ဖွံ့ဖြိုးရေးဆိုတာ တိုးတက်မှု (Growth) နဲ့ ပြောင်းလဲလာမှု (Change) ကို ပေါင်းစပ်ထား တာဖြစ်တယ်လို့ ဖော်ထုတ် လာပါတယ်။ လူမှုဘဝ အရည်အသွေး တိုးတက်လာမှုလို့ ဖွင့်ဆိုပါတယ်။

Growth + Change = Development
တိုးတက်မှု + ပြောင်းလဲနိုင်စွမ်း = ဖွံ့ဖြိုးမှု

၁၉၇၄ မှာ ကိုကိုယော့ ကြေညာချက် (Declaration of Cocoyoc) က ဖွံ့ဖြိုးရေးရဲ့ ဦးတည်ချက် ဟာ ရုပ်ဝတ္ထု ဖွံ့ဖြိုးရေး မဟုတ်ဘူး၊ သက်ရှိ လူသားတွေရဲ့ ဖွံ့ဖြိုးရေး ဖြစ်သင့် တယ်လို့ ဇောင်းပေး ဖော်ပြ ခဲ့ပါတယ်။ ကိုကိုယော့ ကြေညာ စာတမ်းဆိုတာ ၁၉၇၄ အောက်တိုဘာ မှာ ထွက်ပေါ် လာတဲ့ တတိယ ကမ္ဘာ နိုင်ငံများ ရဲ့ စီးပွားရေး ဆိုင်ရာ အခွင့်အရေး သဘောတူ ညီချက် ဖြစ်ပါ တယ်။ ဒီကြေညာချက် မှာ ဖွံ့ဖြိုးရေး ဆီသို့ ချဉ်းကပ်ရာ မှာ မတူ ကွဲပြား တဲ့ နည်းတွေရဲ့ ချဉ်းကပ်ဖို့ လိုတယ်လို့လည်း ထောက်ပြ ခဲ့ပါတယ်။ ဒီအိုင်ဒီယာ ကနေ လူသားဗဟိုပြု ဖွံ့ဖြိုးရေး (Human-Centered Development) ဆီ ဦးတည် လာတာပါပဲ။ ၁၉၈၀ ဝန်းကျင် ကာလကို ဖွံ့ဖြိုးရေး ပုံပျောက် နေတဲ့ ကာလလို့ ဆိုကြပါတယ်။ ၁၉၉၀ နှစ်များကတော့ ကမ္ဘာ့တောင်နဲ့ မြောက်ခြမ်းမှာ ဖွံ့ဖြိုးရေး လက္ခဏာသစ်တွေ မွေးဖွားတဲ့ ကာလ ဖြစ်ပါတယ်။ အဲဒီနှစ်မျိုး က လားရာ မတူကြပါဘူး။

  • ကမ္ဘာ့မြောက်ခြမ်း (ဖွံ့ ဖြိုးပြီးနိုင်ငံများ) အဖို့က ဖွံ့ဖြိုးရေး ဆိုတာ (ရုပ်ဝတ္ထု) ဖွံ့ဖြိုးမှုအရှိန်ကို ချဖို့၊ သို့မဟုတ် ရပ်ပစ် ဖို့ပါပဲ။ ယခင်ဖွံ့ဖြိုး ခဲ့ပြီး ဖြစ်တဲ့ ဓာတု ဆေးဝါးလုပ်ငန်းတွေ၊ နူကလီးယား စက်ရုံတွေ၊ သံမဏိ လုပ်ငန်းတွေ ကို ဖျက်ဆီးဖို့၊ ဖြုတ်သိမ်းဖို့၊ ပြည်ပ (ဈေးချိုတဲ့ဆီ) မှာ သွားလုပ်ဖို့ နဲ့ အစားထိုး လုပ်ငန်းတွေ နဲ့ လဲလှယ် ဖို့ပါပဲ။
  • ကမ္ဘာ့ တောင်ခြမ်း (ဖွံ့ဖြိုးဆဲ နိုင်ငံများ) ရဲ့ ဖွံ့ဖြိုးရေးကတော့ ၁၉၈၀ နှစ်များ ဆီက ကမ္ဘာ့ တောင်ခြမ်း နိုင်ငံ တွေ ချန်ထား တဲ့ နျူကလီးယား စွန့်ပစ် ပစ္စည်းတွေ၊ စက်ရုံက စွန့်ထုတ်တဲ့ ညစ်ညမ်းမှု တွေ၊ အဆင့်အတန်းမှီ ဈေးကွက်တင် ရောင်းမရတဲ့ တားမြစ် ကုန်ပစ္စည်းတွေ စုပုံနေတာကို ရှင်းပစ်ရေးပဲ ဖြစ်တယ်။

အယူအဆရေး အရရော နိုင်ငံရေးအရပါ ဖွံဖြိုးရေး ပြန်လည် ဦးမော့ဖို့ဆိုတာ သို့မဟုတ် ပြန်လည်ဖွံ့ဖြိုး ရေးဆိုတာ ရေရည် တည်တံ့သော ဖွံ့ဖြိုးရေး (Sustainable Development) ကို ပုံသဏ္ဍာန် ဆောင်လာတာပါ။ ၁၉၉၀ ပြည့်နှစ်တုန်းက UNDP ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီး နောက်ပိုင်း လူသားဖွံ့ဖြိုးမှု (Human Development) ကို လူသားတွေရဲ့ သက်ဆိုင်ရာ ရွေးချယ်မှု အလိုက် ဋီကာချဲ့လာပါတယ်။ အဲဒီ အစီရင်ခံစာ ကနေပဲ လူမှုဖွံ့ဖြိုးရေး ညွှန်းကိန်း (HDI – Human Development Index) ကို ဖော်ထုတ်ခဲ့တာပါ။ ဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ နိုင်ငံပေါင်း ၁၃၀ ကို အခြေခံပြီး လူ့ဘဝသက်တမ်း အသီးအသီး၊ စာတတ်မြောက်မှု နှုန်းနဲ့ တကယ့် တစ်ဦးချင်းစီရဲ့ GNP (စုစုပေါင်း အမျိုးသားထုတ်ကုန်) ကွဲပြားမှု တွေကို ထည့်သွင်း တွက်ချက် ဖော်ပြတဲ့နည်းပါ။

ရှားပါးမှုကို ရမယ် ရှာခြင်း

ဖြစ်ပေါ်နေတဲ့ စီပွားရေး တန်ဖိုးထားမှုတွေဟာ ရှိနှင့်ပြီးသား လူမှုတန်ဖိုးတွေကို ချပစ်နေတယ်။ ကျွမ်းကျင်မှု သီးသန့်စီကို ခေတ်မမီတဲ့ အတတ်တွေ အဖြစ်၊ သဘာဝ ပတ်ဝန်းကျင်ကို အသုံးချ သယံဇာတ အဖြစ်၊ လူသားကို လုပ်အားထုအဖြစ်၊ အစဉ်အလာ တန်ဖိုးတွေကို ဝန်ထုပ်ဝန်ပိုး အဖြစ်ပေါ့။ အစောပိုင်း ဘောဂဗေဒ ပညာရှင်တွေ ဟာ သူတို့ရဲ့ သဘောတရားတွေကို ရှားပါး ပြတ်လတ်မှု (Scarcity) ပေါ်မှာ ခြေကုပ် ယူခဲ့ကြတယ်။ ရှားပါး ပြတ်လပ်မှုဆိုရာမှာ မပြည့်စုံမှု၊ လက်လှမ်းမီဖို့ ခက်မှု၊ အလိုရှိမှု၊ မလုံလောက်မှုအပြင် ချွေတာနေရမှုတွေ ပါဝင်ပါတယ်။ ဘောဂဗေဒ ဆရာတွေရဲ့ ရှားပါးပြတ်လတ်မှု တရားကတော့ "လူတွေ လိုချင်တာကများ၊ သဘာဝ သယံဇာတ ရှိတာ က အတိုင်းအထွာ နဲ့" ဆိုတဲ့ ကိစ္စပါပဲ။ အဖြေရှာရေးကို ဘောဂဗေဒ ဆရာတွေ ဆေးညွှန်း ထုတ်တာကတော့ ဈေးကွက်ကို စီမံရေးပါပဲ။ အများစုသော စီးပွားရေး နိဿယတွေဟာ ခေတ်သစ်လူမှု အသိုင်း အဝိုင်းရဲ့ ဆိုးဆိုး ရွားရွား ကြုံနေရတဲ့ မပြည့်စုံမှု၊ ရှားပါး ပြတ်လပ်မှုကို အခြေတည် ထားတာပါပဲ။

ခြုံငုံ ပြောကြကြေးဆိုရင် စီးပွားရေးမှာ ကျားကွက် ရွှေ့နေသူတွေ၊ စီးပွားရေး ဂုရု တွေဟာ ဖွံ့ဖြိုးရေး အကြပ်အတည်းကို မျက်နှာချင်းဆိုင်ဖို့ အံဝင်ဂွင်ကျ ဖြေရှင်းနည်း မတွေ့ကြပါဘူး။ ဘောဂဗေဒ ဆရာတွေရဲ့ စီပွားရေး သဘောတရား ဆိုတာလည်း ခေတ်သစ်လူမှု အဖွဲ့အစည်းကို စိတ်ဖြေစရာ ဥပဒေသ ချပေးရုံကလွဲပြီး ဘာမှ မဖြစ်မြောက်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေနဲ့ လူမှု အဖွဲ့အစည်းဟာ စီပွားရေး သက်သက် အတွက်ပဲ မဟုတ်လို့ ပါပဲ။ ပြောရရင် အခု ကိုးကား ရေးသားနေတဲ့ ဆောင်းပါး စာတမ်းထဲမှာ ဂတ်စတာဗို အက်စ်တီဗာ က လူတွေကို စီးပွားရေး ဘောင်ထဲက ရှု့မြင်ခံရသူတွေ အဖြစ် ပြောင်းလဲမြင် နေတဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာ တွေ အလုပ်မဖြစ်တော့ဘူး၊ ဒီတော့ကာ အခြေခံ လူတန်းစားသစ် အနေနဲ့ ပေါ်ထွက်လာပြီး နိုင်ငံရေး အက်ရှင်ထဲ အထိဝင်ပြီး ခြေချကြည့် ကြဖို့ လမ်းကြောင်း ပေးတာပါ။

ထပ်ပြောရရင် နိုင်ငံရေး ထိန်းချုပ်မှု ကနေ လူတန်းစားသစ် တစ်ခု ပေါ်ထွက်ရေး၊ လူထုက မျက်မြင် ကိုယ်တွေ့ ပါဝင်ရေး နဲ့ စီးပွားရေး ချည်းပဲ မိုးမွှန် နေတဲ့ ကာလအလွန် လူထုရဲ့ ပြောဆို ဆွေးနွေးလာမှုကို ဖိတ်ခေါ် တာပါပဲ။ ထို့အတူ စီးပွားရေးကဏ္ဍ အကောင်အထည် ပေါ်ရေးအတွက် နိုင်ငံရေးအရ ပါဝင် ဆောက်ရွက်တာမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှု အပေါ် ကျယ်ပြန့်စွာ ဆွေးနွေးရေး၊ သုတေသနပြုကြရေးကို မေတ္တာရပ်ခံ တင်ပြ ထားပါတယ်။ စာတမ်းရှင် က အဆုံးမှာ အမှန်တရား နဲ့ ပစ္စက္ခကို သမင်လည် ပြန်ကြည့်ဖို့၊ သိပ္ပံ သဘောတရား အပြင် ရွေးချယ်စရာ ရှာကြဖို့ တိုက်တွန်း နှိုးဆော် ထားတာကို မှတ်သားရပါတယ်။

သင်ကာ

ကျမ်းကိုး

  • Development by Gustavo Esteva – Development Dicitonary
  • Summary of Development – Summarized by Khet Htan

အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ


သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။

သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။( ဆက်ဖတ်ရန် ) ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။

ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။် လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။ ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။

စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။ ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။

သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။

ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။ ၄င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။

အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။ များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။ ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။

ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။ ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။ မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။

ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။

လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။ တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။

(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)

ဒီနှစ်အတွင်း ငါတို့နိုင်မည်

ဒီနှစ်အတွင်း - ငါတို့နိုင်မည်

ဇန်န၀ါရီ ၃၊ ၂၀၀၈

ပလ္လင်ပေါ် ခွေးတက်လို့

ပြေးရက်ကနီးလာ၊

လက်နက်နဲ့ခြိမ်းခြောက်ကာ၊

ဟိန်းဟောက်တာ ဆယ်နှစ်၊

ခွေးကိုမှ ဆရာတင်၊

ရာဇ၀င်ရိုင်းတဲ့တခေတ်၊

ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊

ပိုင်ဆိုင်တာအမှန်ဖြစ်ပေမဲ့၊ စနစ်ကဗြောင်းပြန်၊

စစ်ဗိုလ်တွေပြုသမျှ၊ နုရတဲ့ဘ၀အမှန်၊

(ခ)သုံးလုံးပုံသဏ္ဌာန်၊ ငုံ့ခံလျှင်ပိုလို့ဆိုးမှာမို့၊

ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊

ဒီနှစ်အတွင်း ငါတို့နိုင်မည်၊ စိတ်သံတိုင်ထူစိုက်စို့လေး။

မောင်နု

[ မူရင်း - တော်လှန်ရေးသတင်းစဉ် အတွဲ ၁၊ အမှတ်စဉ် ၄၊ ၁၉၇၂ ဇူလိုင်လ ]

Wake-up Call

အို … အရှင်တို့ လာလော့

ဇန်န၀ါရီ ၂၊ ၂၀၀၉

ပြောင်းလဲခြင်းအမှုကိုသာ ပေးပါလော့ …

နှစ်လိုဖွယ်ရာ ပြောင်းလဲခြင်းများသာ

ဖြစ်ရပါစေတော့။

နှစ်ဟောင်းတွေရဲ့

သိမ်ဖျင်းပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့

ရက် ရာ ပေါင်းများစွာတို့ဟာ

ငါနဲ့ ငါတို့ရဲ့ြ့ပည်သူတွေပေါ်ကို

ပြိုကျ ဖိထားနေဆဲပါ။

ရုန်းထွက်လို့မရဘူး ၊

ဘယ်လိုမှ ရုန်းထွက်လို့ကို မရနိုင်သေးဘူး။

ဆာလောင်နေတဲ့

အစာအိမ်ခေါင်း သန်းပေါင်းများစွာကလည်း

ကယ်တင်ရှင် ဆိုသူများကို

မရဲတရဲ မျှော်လင့်နေကြဆဲပါ။

ဘယ်မှာလဲ သူတို့ဘယ်မှာလဲ

ကယ်တင်ရှင်တွေက ဘယ်မှာပါလဲ။

ဒီမြေကို ငါနဲ့ ငါ့မိသားစုသာ ပိုင်တယ်ကွ … ဆိုတဲ့

မိစ္ဆာအယူမှား တစုက

ဒီမြေမှာ ရမ်းချင်တိုင် ရမ်း ကြဲချင်တိုင်း ကြဲ

ငါနဲ့ ပြည်သူတွေမှာ ခေါင်း မဖေါ်ဝံ့ဘူး

ကယ်တင်ရှင်တွေ ဘယ်မှာလဲ …

အခုတော့ ကယ်တင်ရှင်တွေ ဘယ်မှာလဲကွယ်။

စပါးတွေ မစိုက်ချင်တော့ဘူး

မောင်းလည်း မထောင်းချင်တော့ဘူး

ကွန် မပစ်ချင်တော့ဘူး

ငှက်လည်း မထောင်ချင်တော့ဘူး

လက်ဖက် မဆွတ်ချင်တော့ဘူး

ဖျင်လည်ဲး ရက်မနေချင်တော့ဘူး

အိုး မခတ်ချင်တော့ဘူး

စာလည်း မတတ်ချင်တော့ဘူး

အဆိုးဆုံးက ရုံး မတက်ချင်တော့တာ။

နယ်စပ်မျဉ်းတွေကို ခွ ကျော်ဖြတ်သန်းရင်း

ပြည်တော်နဲ့ ဝေးသထက် ဝေးရာကို ပြေးရဖို့ပဲ ရှိတော့တာလား

ကယ်တင်ရှင်တွေ ဘယ်မှာလဲ

သူတိုႚ အခု ဘယ်မှာလဲကွယ်။

ဂိုဉာဏ်

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်