Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 4 January 2009

ဒီနှစ်အတွင်း ငါတို့နိုင်မည်

ဒီနှစ်အတွင်း - ငါတို့နိုင်မည်

ဇန်န၀ါရီ ၃၊ ၂၀၀၈

ပလ္လင်ပေါ် ခွေးတက်လို့

ပြေးရက်ကနီးလာ၊

လက်နက်နဲ့ခြိမ်းခြောက်ကာ၊

ဟိန်းဟောက်တာ ဆယ်နှစ်၊

ခွေးကိုမှ ဆရာတင်၊

ရာဇ၀င်ရိုင်းတဲ့တခေတ်၊

ပြည်သူရဲ့အာဏာ၊ ပြည်သူသာအစစ်၊

ပိုင်ဆိုင်တာအမှန်ဖြစ်ပေမဲ့၊ စနစ်ကဗြောင်းပြန်၊

စစ်ဗိုလ်တွေပြုသမျှ၊ နုရတဲ့ဘ၀အမှန်၊

(ခ)သုံးလုံးပုံသဏ္ဌာန်၊ ငုံ့ခံလျှင်ပိုလို့ဆိုးမှာမို့၊

ဦးမကျိုး လက်နက်ကိုင်၊ သူတို့နဲ့ပြိုင်၊

ဒီနှစ်အတွင်း ငါတို့နိုင်မည်၊ စိတ်သံတိုင်ထူစိုက်စို့လေး။

မောင်နု

[ မူရင်း - တော်လှန်ရေးသတင်းစဉ် အတွဲ ၁၊ အမှတ်စဉ် ၄၊ ၁၉၇၂ ဇူလိုင်လ ]

No comments: