Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 October 2010

သတင်းမှန် မထုတ် ပြန်မှု ကြောင့် ကျောက်ဖြူ မြို့ တွင် သေကြေ ပျက်စီးမှု များပြား

ဘင်္ဂလား ပင်လယ်အော်တွင်း လေဖိအားနည်း ရပ်ဝန်း မှ မုန်တိုင်း အဖြစ် သို့  အသွင် ကူးပြောင်းခဲ့သည့်ဂီရိ မုန်တိုင်း မြန်မာ နိုင်ငံ စစ်တွေ နှင့် ကျောက် ဖြူမြို့ သို့ တိုက်ခတ် ခြင်း မပြုမှီ မြန်မာ စစ်အစိုးရ မှမုန်တိုင်း နှင့် ပတ် သက်သည့် သတင်းမှန် မထုတ် ပြန်မှု ကြောင့် အိုးအိမ် အဆောက်အဦ များ ပျက်စီးဆုံး ရှုံးပြီး လူ နှစ်ဆယ် ခန့် သေဆုံးက ၆၀ ကျော်ပျောက် ဆုံးနေသည် ဟု သိရသည်။

မြန်မာ စစ်အစိုးရ က ထုန်ပြန်သည့် မုန်တိုင်း သတိပေးချက် ဖြစ်သည့် တစ်နာရီ လျှင် မိုင် ၅၀ ခန့် ရှိမည်ဆိုသည် မှာ ရခိုင် ကမ်းရိုးတန်းများ တွင် သာမန်လေ တိုက်ခတ် လျှင် ပင် ထို မိုင်နှုန်း ခန့် ရှိသည် ဟု သံတွဲမြို့ တွင် ဖွားမြင် တော် မူခဲ့သည့် ဆရာတော် ဦးခေမာစာရ က Freedom News Group သို့ မိန့် တော်မူသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပွားစဉ် က လည်း ထိုကဲ့သို့ သတင်း မှန် မထုတ်ပြန် မှုကြောင့် ဧရာဝတီတိုင်းနှင့် ရန် ကုန် တိုင်း တွင် လူ တစ်သိန်းခွဲ ကျော် သေကြေပျက် စီးခဲ့သည်။

တစ်နာရီ လျှင် မိုင် ၁၂၀ နှုန်း အထိ ရှိသည့် ဂီရိ မုန်တိုင်း တိုက်ခတ် မှု ကြောင့် ကျောက်ဖြူ တစ်မြို့ လုံး နီးပါးပျက်စီးဆုံးရှုံး ခဲ့ပြီး စာသင် ကျောင်း ၊ဆေးပေး ခန်း နှင့် ဆေးရုံများ ပါ ပျက်စီးခဲ့သည်။ မုန်တိုင်း ဒဏ်ခံရသည့်ပြည်သူများ အတွက် စစ်အစိုးရ က ယခုအချိန် ထိ ထိရောက်စွာ ကူညီမှု မရှိ သေး ဟု ရန်ကုန်မြို့ ရှိ စစ်တွေအသင်း မှ အမှု ဆောင် တစ်ဦး က ပြောသည်။

မုန်တိုင်း ဒဏ်ခံရသည့် ကျောက်ဖြူ မြို့ တွင် ပြည်သူများ မှာ သောက်သုံး ရေပင် ပြတ်လတ် နေသည် ဟု သိရသည်။မုန်တိုင်း ကြောင့် လူ အနည်း ဆုံး လူခုနှစ် ထောင်ခန့်  အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား ခဲ့ရသည်။

http://freedomnewsgroup.com/2010/10/25/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%94%E1%80%B9-%E1%80%99%E1%80%91%E1%80%AF%E1%80%90%E1%80%B9-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%82%88-%E1%80%B1/

မုန်တိုင်းပြီးစ ကျောက်ဖြူမြို့ အခြေအနေ

တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၂၄၊ ၂၀၁၀

http://www.dawnmanhon.com/2010/10/blog-post_7592.html

မုန်တိုင်းပြီးခါစ ကျောက်ဖြူမြို့ အပျက်အစီး တော်တော်များများ ရှိကြောင်း လက်ရှိ ဖုန်းသတင်းများအရ သိရှိရသည်။ မုန်တိုင်း မိုင်နှုန်းရာကျော် ဖြင့်တိုက်ခတ်ခဲ့သောကြောင့် သစ်ပင်များ ပြိုလဲပျက်စီးခြင်း ၊ နေအိမ် အဆောက်အဦးများ အမိုးလန် ခြင်းဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ ရွာများဖြစ်ကြောင်း သိရှိရသည်။ ၄င်းနေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ် အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း သိရှိရသည်။

မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများသည် ယခုအခါ ကျောက်ဖြူမြို့ ရှိ သာသနာ့ ဗိမာန် ကျောင်းနဲ့ အခြား ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြပြီး ၄င်းသူတို့၏ စားဝတ်နေရေးအတွက် ကျောက်ဖြူမြို့ ပေါ်ရှိ လူများက ၀ိုင်းဝန်းကျွေးမွေးကာ အခက်အခဲကို တတ်နိုင်သမျှ အင်တိုက်အားတိုက် ဖြေရှင်းနေကြ ကြောင်းသိရှိရသည်။

ယခု ည (၁၀)နာရီ ၂၃ ၊ အောက်တိုဘာ ၊ ၂၀၁၀ ကျောက်ဖြူမှ ဖုန်းသတင်းအရ ကျောက်ဖြူမြို့ အနီးရှိ ရပ်ကွက်ကျေးရွာ များမှ ရေဘေး ဒုက္ခသည် စာရင်းမှာ-

* ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း(အထက(၂) )တွင် ဒုက္ခသယ်၁၃၇၅ ဦး
* သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်
* မူလာဒွါ ဘုန်းကြီးကျောင်းတွင်၁၀၀နီးပါး
* သန်ပန်ချောင်းကျောင်း(အထက(၄)) တွင်၁၀၀ ကျော်
* စိန်ပန်းဘုန်းကြီးကျောင်တွင် ၂၀၀

စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲရှိနေကြောင်း သိရှိရသည်။ ဆန် များမှာလဲ ၀ယ်ယူမရပါသဖြင့် မုန်းတိုင်း အခံရနည်းသော ရမ်းဗြဲ မှ မနက်ဖြန် တွင် ဆန် ကျောက်ဖြူ ကိုေ၇ာက်ရှိရန်အတွက် ဆန်စက်မှ စပါးများကြိုက်ခွဲ နေကြောင်းသိရပါသည်။ ရန်ကုန် ရခိုင်သဟာယ အသင်းမှလည်း ဆန်ရရှိ နိုင်ရန်အတွက် ပေါက်တောမြို့နယ်မှ ဆန်များ အမြန်ေ၇ာက်ရှိ နိုင်ရေအတွက် ကြိုးပမ်း လျှက်ရှိကြောင်းသိရပါသည်။ ကျောက်ဖြူတွင် လူ၂၈၀၀ ကျော်အတွက် ကျန်းမာရေး ကာကွယ် အတွက်လည်း မြို့ပေါ်နေ ပြည်သူများက ကယ်ဆယ်ရေး စခန်းများတွင် အိမ်သာများ မနက်ဖြန်တွင် အပြီး ဆောက်လုပ်ပြီးစီးရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။ သောက်သုံးရေ များကိုလည်း ရောဂါ ကာကွယ်ရေးဆေးများ ထည့်ပြီးမှ သောက်သုံးနိုင်ရန် အတွက်လည်း မြို့ပေါ် ပြည်သူများက ဆောင်ရွက်နေကြပါ ကြောင်း သိရှိရသည်။

ကျောက်ဖြူ အနီးရွာများမှ သတင်းရရှိသော သတင်းမှာ မြို့ပြင်ဝန်းကျေးရွာတွင် လူ၅ဦးခန့် သေဆုံးကြောင်း နေအိမ်များမှာ တရွာလုံးနီးပါးပျက်စီးသွားကြောင်း ၊ ကျွန်းသာယာ ကျေးရွာ တွင် အဆိုးရွားဆုံးဖြစ်ပြီး လူအသေအပျောက်စာရင်းမရရှိနိုင်သေးကြောင်း သိရှိရသည်။ ကျောက်ဖြူ ရေတပ်ဗျူဟာမှ ကျွန်းသာယာတွင် စခန်းချထားကြောင်း နှင့် ရေတပ်ဗျူဟာမှ စားနပ်ရိက္ခာ အပြည့်နှင့် စက်လှေများ ကျွန်းသာယာကျေးရွာလို့ ယနေ့ ထွက်သွားကြောင်းသိရှိရသည်။

င/ပသုန်ကျေးရွာ ကိုတော့ ဆက်သွယ်မေးမြန် မရသေးပါ။ ရရှိပါက ဆက်လက် ဖေါ်ပြပေးပါမည်။

နောက်ဆက်တွဲ သတင်းများအရ ဆန်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ငါးဖမ်းသဘောင်္များမှ ဒုက္ခသည် များအတွက် ငါးများလှုဒါန်းခဲ့ကြောင်း ၊ သို့သော်လည်း ငါးများကို ထိန်းသိမ်းထားရန် အအေးခန်း များလိုအပ်ကြောင်း ၊ လက်ရှိ မည်သည့်အအေးခန်းကမှ စကားကမ်းလှမ်းမှု မရှိသေးကြောင်း သိရှိရသည်။

hooligansgroup.co.nr/

လိုင်ဇာဈေးမီးလောင်၍ သိန်းထောင်နှင့်ချီ ဆုံးရှုံး

ယနေ့ မနက်ပိုင်းက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ဈေးအတွင်းမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းများနှင့် နေအိမ်အချို့ မီးထဲပါသွားပြီး ကျပ်သိန်း (၉ဝဝဝ) ဝန်းကျင် ဆုံးရှုံးသွားသည်ဟု သိရသည်။

နံနက် (၁) နာရီကျော်မှ စတင်လောင်ခဲ့သည့် မီးကြောင့် လိုင်ဇာဈေးရှိ ဆိုင်ခန်း (၁၁၉) ခန်းနှင့် အိမ် (၉) လုံး မီးလောင်ပြာကျခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးအား ပဏာမ ခန့်မှန်းတွက်ချက်ထားမှုအရ ကျပ်သိန်း (၉ဝဝဝ) ရှိခဲ့သည်ဟု ကေအိုင်အို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “တရုတ်ငွေနဲ့ ဗမာငွေ လဲတဲ့ဆိုင်တို့၊ ငွေလွှဲဌာနတွေပါ ပါသွားတယ်။ တရုတ်ငွေချည်းပဲ ယွမ် (၃၅) သိန်း ကျော်တယ်။ ဗမာငွေနဲ့တွက်ရင် သိန်း (၅ဝဝဝ) ကျော်ရှိတယ်။ ဆိုင်ခန်းနဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ကျပ်သိန်း (၃၄ဝဝ) ကျော်ရှိတယ်၊ အားလုံးစုစုပေါင်း သိန်း (၉ဝဝဝ) လောက်ရှိသွားတယ်” ဟု ပြောသည်။

ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ကြာအင်းဆိပ်ကြီးတွင် ဆန့်ကျင်မှုဆန္ဒပြ


ကဲကဲလေး (BDC ဝိုင်းတော်သား)
၂၅ အောက်တိုဘာ

ယနေ့ နံနက်က ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် လူအင်အား ၅၀၀ ကျော်သည် အခု နိုဝင်ဘာလတွင် အာဏာရှင်စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်မှုဆန္ဒပြကြကြောင်းယနေ့ BDC (သတင်းဌာန) မှကြားသိရသည်။

အာဏာပိုင်များဘက်မှ တစုံတရာနှောက်ယုက်မှု မရှိသေးသော်လည်း ၊ မကြာခင် စုံစမ်းမေးမြန်းမူ့များရှိလာနိုင်သည့် ယနေ့ ဆန့်ကျင်မှုဆန္ဒပြပွဲသည် မနေ့က ကြာအင်းဆိပ်ကြီးတွင်လူအင်အား ၇၀၀ခန့် ဆန္ဒပြမှုဖြစ်ခဲ့ သည့် ပွဲ၏ အဆက် အာဏာရှင်စစ်အစိုးရက နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ သည် စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်အသက်သွင်းမည့် အရပ်သားအသွင်ပြောင်းထားတဲ့ ကြံ့ခိုင်ဖွင့်ဖြိုးရေးပါတီ (သို့) လူအများစုအခေါ် ကြံ့ဖွတ်ပါတီအား အနိုင်ရစေမည့် ပွဲဖြစ်သောကြောင့် ရွေးကောက်ပွဲအား လုံးဝမထောက်ခံ ကြောင်းကြားသိရသည်။

မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့ရှိ ပြည်သူ့စစ်စခန်းတခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။

မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။


၎င်းက “မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်” ဟု ပြောသည်။

အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌ ဒေသခံလူထုကို ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံး ဟောပြောပွဲတခု ပြုလုပ်ရန်ရှိနေရာ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူထုစည်းဝေးပွဲလည်း ပျက်သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ပြီးခဲ့သည့်အောက်တိုဘာ (၂၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိကြောင့် မုန်တိုင်းဖြတ်သွားသော ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးများ အမြန်လိုအပ်နေသည်။

မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ တမြို့လုံး ပျက်စီးကာ မြေပုံမြို့နှင့် ယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ လူဦးရေပေါင်း သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။

“ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်တွေတောင် ရေကမကျသေးဘူး။ သေတာလည်းရှိတယ်။ စာရင်းအရတော့ တိတိကျကျ မသိရသေးဘူး။ အစိုးရကတော့ သေတာလည်း မထုတ်ပြန်ရဘူး ပြောနေတယ်။ ကျနော် သိသလောက်က လောလောဆယ် သေသူစာရင်းက (၃၀) လောက် ရှိပါပြီ။ မြို့ပေါ်နဲ့ ရွာတွေက စာရင်းအရပါ” ဟု ကျောက်ဖြူမြို့ စေတီကွင်းရပ်ကွက်သား တဦးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ကျောက်ဖြူမြို့၊ မြေပုံမြို့တို့ကို အများဆုံး တိုက်ခတ်ခဲ့သောကြောင့် ယင်းမြို့နယ်များမှ ကျေးရွာပေါင်း ရာဂဏန်းခန့် ပျက်စီးကာ သေကျေမှုများလည်း ရှိကြောင်း စစ်တွေမြို့မှ လူမှုဝန်ထမ်း အရာထမ်းတဦးက ပြောသည်။

ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်

မနက်ဖြန် အောက်တိုဘာ (၂၆) ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး (၃) ခုတို့ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးပို့ဆောင်မှုတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်း၊ တားဆီးပေးသွားရန် စာရေးသားပေးပို့မည်ဟု သိရှိရသည်။

ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC) နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး တိုက်တွန်းရန်နှင့် အနာဂတ်ကာလ ရွှေ့ပြောင်းအလုပ်သမားအရေး မူဝါဒများတွင် တိုးတက်မှုများရှိလာစေရန်တို့ ပါဝင်သော တောင်းဆိုချက်များ ပါဝင်သည်။

နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော

ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်” ဟု ပြောသည်။

လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။

“မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဒုတိယပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ

Khitpyaing update 25/10/2010

စစ်အစိုးရ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေးအတွက် တိုးတက်ဖြစ်ထွန်းမည့် အပြောင်းအလဲ ဖြစ်လာမည် မဟုတ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များက သဘောတူညီမှု ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။


မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရန် အတိုက်အခံ ခေါင်းဆောင်တို့က ယခုကဲ့သို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က “ကြေညာစာတမ်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တန်းတူရေးတို့အတွက် အခု ရွေးကောက်ပွဲက ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လိုလားသူတွေ အားလုံး ပါဝင်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ကျနော်တို့က လက်မှတ်ရေးထိုးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

Khitpyaing update 20/10/2010

ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဟု ဆိုကာ တရားမ၀င် ထိုင်းပစ္စည်းများ ခိုးသွင်းနေသည့် လှေဆိပ် (၂၀) ခန့်ကို မြ၀တီခရိုင်အာဏာပိုင်များက လုံးဝပိတ်လိုက်ပြီး လှေဆိပ်တိုင်းတွင် ယနေ့မှစ၍ လက်နက်ကိုင်စစ်သားများ တိုးမြှင့်ချထားလိုက်သည်ဟု ကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီးတဦးက “ဒီမနက်က စပြီး ခိုးဂိတ်တွေအားလုံး ပိတ်လိုက်ပြီ။ ရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့ လူကြီးတွေက ပြောတယ်။ ဂိတ်တိုင်းမှာ စစ်သားတွေ ချထားတော့ ထိုင်းပစ္စည်းတွေ မြ၀တီထဲ လုံးဝ ၀င်လို့ရတော့မှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ ထိုင်းလူသုံးကုန် စားသုံးကုန်ဈေးတွေ မတန်တဆ ဈေးတက်ပြီး ဂယက်ရိုက်မှုတွေဖြစ်မှာ သေချာတယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် ဘေးဝဲယာရှိ လှေဆိပ် (၂၀) ခန့်ကို လွန်ခဲ့သည့် ဇူလိုင် (၁၈) ရက်နေ့မှ စတင် ပိတ်ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြော ရပ်တန့်ခဲ့ရသည်။

မြန်မာဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း ကုန်သည်များက မြန်မာအာဏာပိုင်များနှင့် နားလည်မှုယူ၍ ထိုင်းကုန်ပစ္စည်းများကို ညဘက်၌ တင်သွင်းကြပြီး မြန်မာနိုင်ငံအတွင်းပိုင်းသို့ သယ်ယူကြသည်ဟု ကုန်သည်များက ပြောသည်။

http://www.khitpyaing.org

ပြည်သူ (၂၀၀၀) ကျော် ဆန်ပြတ်လပ်နေ

Khitpyaing update 20/10/2010

မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အတွင်း မှီခိုနေထိုင်နေကြသူ လူဦးရေ (၂၀၀၀) ကျော်တို့သည် ယခုအခါ ဆန်ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

၎င်းတို့အား အကူအညီပေးနေသော မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူး နိုင်ဗညားအိန်က “အဲဒီမှာ ဖွင့်လှစ်ပေးထားတဲ့ ပြန်လည်ထူထောင်ရေးစခန်း (၆) ခုက ပြည်သူ အယောက် (၂၀၀၀) နဲ့ ရွာပုန်းရွာရှောင် (၆) ရွာက အခြားပြည်သူတွေ စားသောက်ဖို့ ဆန်ပြတ်လပ်နေတယ်။ မိုးတွင်းရာသီမှာဆိုတော့ ဆန်တွေကို သွားပို့ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူတို့တွေ ဆန်ပြုတ်စားနေရတဲ့အခြေအနေပါ။ ဒီ့အတွက် အလှူရှင်တွေနဲ့ ညှိနှိုင်းမှု လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုခရိုင်သို့ ရိက္ခာပို့ဆောင်ရာ လမ်းကြောင်းပေါ်ရှိ ဒေသခံ စစ်အစိုးရ တပ်ဖွဲ့တို့က ဆန်ပို့ဆောင်ရန် ကန့်သတ်ပိတ်ပင်မှုများ ရှိကြောင်း၊ ယခုအခါ မိုးတွင်းကာလဖြစ်၍ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သွားလာရေး အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း နိုင်ဗညားအိန်က ဆက်လက် ရှင်းပြသည်။