Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 25 October 2010

သတင်းမှန် မထုတ် ပြန်မှု ကြောင့် ကျောက်ဖြူ မြို့ တွင် သေကြေ ပျက်စီးမှု များပြား

ဘင်္ဂလား ပင်လယ်အော်တွင်း လေဖိအားနည်း ရပ်ဝန်း မှ မုန်တိုင်း အဖြစ် သို့  အသွင် ကူးပြောင်းခဲ့သည့်ဂီရိ မုန်တိုင်း မြန်မာ နိုင်ငံ စစ်တွေ နှင့် ကျောက် ဖြူမြို့ သို့ တိုက်ခတ် ခြင်း မပြုမှီ မြန်မာ စစ်အစိုးရ မှမုန်တိုင်း နှင့် ပတ် သက်သည့် သတင်းမှန် မထုတ် ပြန်မှု ကြောင့် အိုးအိမ် အဆောက်အဦ များ ပျက်စီးဆုံး ရှုံးပြီး လူ နှစ်ဆယ် ခန့် သေဆုံးက ၆၀ ကျော်ပျောက် ဆုံးနေသည် ဟု သိရသည်။

မြန်မာ စစ်အစိုးရ က ထုန်ပြန်သည့် မုန်တိုင်း သတိပေးချက် ဖြစ်သည့် တစ်နာရီ လျှင် မိုင် ၅၀ ခန့် ရှိမည်ဆိုသည် မှာ ရခိုင် ကမ်းရိုးတန်းများ တွင် သာမန်လေ တိုက်ခတ် လျှင် ပင် ထို မိုင်နှုန်း ခန့် ရှိသည် ဟု သံတွဲမြို့ တွင် ဖွားမြင် တော် မူခဲ့သည့် ဆရာတော် ဦးခေမာစာရ က Freedom News Group သို့ မိန့် တော်မူသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပွားစဉ် က လည်း ထိုကဲ့သို့ သတင်း မှန် မထုတ်ပြန် မှုကြောင့် ဧရာဝတီတိုင်းနှင့် ရန် ကုန် တိုင်း တွင် လူ တစ်သိန်းခွဲ ကျော် သေကြေပျက် စီးခဲ့သည်။

တစ်နာရီ လျှင် မိုင် ၁၂၀ နှုန်း အထိ ရှိသည့် ဂီရိ မုန်တိုင်း တိုက်ခတ် မှု ကြောင့် ကျောက်ဖြူ တစ်မြို့ လုံး နီးပါးပျက်စီးဆုံးရှုံး ခဲ့ပြီး စာသင် ကျောင်း ၊ဆေးပေး ခန်း နှင့် ဆေးရုံများ ပါ ပျက်စီးခဲ့သည်။ မုန်တိုင်း ဒဏ်ခံရသည့်ပြည်သူများ အတွက် စစ်အစိုးရ က ယခုအချိန် ထိ ထိရောက်စွာ ကူညီမှု မရှိ သေး ဟု ရန်ကုန်မြို့ ရှိ စစ်တွေအသင်း မှ အမှု ဆောင် တစ်ဦး က ပြောသည်။

မုန်တိုင်း ဒဏ်ခံရသည့် ကျောက်ဖြူ မြို့ တွင် ပြည်သူများ မှာ သောက်သုံး ရေပင် ပြတ်လတ် နေသည် ဟု သိရသည်။မုန်တိုင်း ကြောင့် လူ အနည်း ဆုံး လူခုနှစ် ထောင်ခန့်  အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား ခဲ့ရသည်။

http://freedomnewsgroup.com/2010/10/25/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%94%E1%80%B9-%E1%80%99%E1%80%91%E1%80%AF%E1%80%90%E1%80%B9-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%82%88-%E1%80%B1/

No comments: