Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 1 January 2009

အမိမြေသို့

အမိမြေသို့
မာမာအေး

အို … အမိမြေ
လွမ်းနေသူ မယ့်အား၊ ခွင့်သနားတာဖြင့်
လျှောက်ကြားသည့်အရေး၊ နားလည်ပေးနော်။

ထွန်းပေါ်နေထွက်၊ ရေတက်ဖွားမှာ
ကျောသား ရင်သား၊ မခြား ကြည်ဖြူ
တေးကြူချိုအေး၊ ငြိမ်းချမ်းရေး ချစ်၊
ပြည်သူ့ ချစ်ခဲ့။

ရှင်ချစ်သာသနာ၊ ယဉ်ကျေးရာနှင့်
စာပေမြှင့်တိုး၊ ထမ်းပိုးလက်ကမ်း
ကိုယ်စွမ်းသလောက်၊ လမ်းဖောက်ပါလည်း
ငရဲလမ်းပြ၊ လူ့အန္ဓတို့
ပိတ်ကြ တားကြ၊ ပညာပြလို့
ပြန်ရသေးဘူး …
ကျေးဇူးသစ္စာ၊ အမိမြန်မာကို
စောင့်မှာစိတ်ချ ဒေါင်းမမ။

No comments: