Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday, 26 January 2009

အာဏာပိုင်များ တာဝန်ယူဖြေရှင်းသင့်

Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ
အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို့ လာလို့ ။ ကျွန်တော့် သူငယ်ချင်း က သူ့ အစ်မ ရင်ဆိုင် ကြုံတွေ့ ခဲ့တာတွေကိုကျွန်တော့ ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို့ ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။
ဖြစ်ပုံက ဒီလို........တဲ့
ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့ ဒီလိုပြောပါတယ်.. သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်ပြီးတော့ forum တွေမှာတင် ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆိုတခြားလူတွေပါ မျှတတ်တဲ့အကျင့် ဖုန်းထဲမှာပုံတွေထည့်ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး၊ ပုံတွေကို share လုပ်ကြပုံတွေကြည့်ပြီးပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းကဆရာဝန်ဖြစ်မယ့်သူ အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထားဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေးဈေးခေါ်တာ ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေမြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ။ ခင်ဗျားတို့ညီမ အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး၊ ခင်ဗျားတို့ မိန်းမ၊ ခင်ဗျားတို့ သမီး၊ အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး။

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကောဘာကြောင့် လူမဆန်တာလဲခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက ခင်ဗျားတို့ကို ၁ ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး။
ကျွန်တော် ထပ်ပြောမယ် !!
ခင်ဗျားတို့ ကောင်မလေး၊ ခင်ဗျားတို့ မိန်းမ၊ ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ...?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ...?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။ ကျွန်တော်သိတယ် မပြောချင်ဘူးပြောလို့လည်းမကောင်းဘူး။ နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရားမျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ။

အစ်မတွေ ညီမတွေ က လည်းအင်္ကျီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါအဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့ မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ်။

အစ်မကမေးတယ်ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်အစ်မလည်း ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ဘာလုပ်လို့ရမှာလဲ။
ဒါကြောင့် ငါလည်း ဒီစာလေးကို နိုင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်း ရေးသားနိုင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို့ လိုက်တယ်ကွာ။ မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊ မိမိတို့ ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊ သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေးနှိုးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ့ မှူ့ ဆိုတဲ့ ကျွန်တော်တို့  မြန်မာမိန်းကလေးများရဲ့ချစ်မြတ်နိုးစရာ စရိုက်လေးတွေနဲ့ ကမ္ဘာပေါ်မှာ ပြိုင်စံရှား အရမ်းကို အရှက်အကြောက် ကြီးမားတတ်ကြတဲ့မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ့ သိက္ခာတို့ ကို လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲမျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို့ တတ်အားသ၍ ၀ိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်းကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်းကိုယ့်အန္တာရာယ်ကိုကိုယ် ဂရုတစိုက်နဲ့ သတိထားရင်း ဈေးဝယ်ထွက်ကြပါ လို့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်။
သီရိ(SG)ပေးပို့သောအီးမေးလ်သတင်းတပုဒ်ဖြစ်သည်။ပေးပို့သည့်အတိုင်းဖေါ်ပြရ၍(ခင်ဗျားတို့......) (ခင်ဗျားတို့......)ဆိုသည့်အရေးအသားကိုတော့နားလည်ပေးကြပါရန်။

Eleven families to resettle in UK

Monday, 26 January 2009

Teknaf, Bangladesh: Eight families from Nayapara refugee camp (the bigger of the two authorised camps for Burmese refugees in Bangladesh's south-eastern Cox's Bazar district) and three families from Kutupalong camp have been selected for resettlement in the United Kingdom (UK) on January 20, a refugee from Nayapara camp said.

The families who left were: eight families comprising 39 people from Nayapara camp and three families comprising 15 people from Kutupalon camp, he added.

The refugees had to stay in Cox's Bazaar for 10 days for training to acquaint them about the culture of UK.

After training at Cox's Bazar, 11 members of two families will come back to Nayapara camp and 15 members of three families will come back to Kutupalong camp for they want more training.

The first batch of 28 refugees will fly to UK in the last week of this month. The remaining 26 members will also fly to UK in the third week of February as part of a second batch. In total 54 refugees will be settled in UK, said a refugee committee member from Nayapara camp who declined to be named.

The refugees will stay in Dhaka and then fly to UK, but the exact date of their departure is not known. This is the second batch to be resettled in UK. The first batch of 34 refugees was resettled in UK on December 7, 2008.
.
The resettlement programme was started in 2006 and Canada was the first country to accept Rohingya refugees from Bangladesh. There are about 42 Rohingya refugees in Canada who went there between 2006 -2007.

လန်ဒန် ဆန္ဒပြပွဲ



Burmese Rohingya Organisation UK (BROUK) နှင့် Burmese Muslim Association UK (BMA) တို့မှ ဦးဆောင်၍ ထိုင်း နှင့် မြန်မာ စစ်အစိုးရတို့ ၏ လူသားခြင်းစာနာမှုကင်းမဲ့စွာ ရိုဟင်ဂျာများအား ဆက်ဆံမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြပွဲများ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ ထိုင်းသံရုံးနှင့် မြန်မာသံရုံးများရှေ့တွင် ကျင်းပခဲ့ကြပါသည်။ ထိုဆန္ဒပြပွဲများကို Burma Democratic Concern(BDC) ၊ ကချင်တိုင်းရင်းသားများအစည်းအရုံး၊ B.D.M.A၊ B.C UK နှင့် ကျောင်းသားလူငယ်များတက်ရောက်၍ စည်းလုံးစွာ ဆန္ဒပြခဲ့ကြပါသည်။

Saturday, 24 January 2009

ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ တီထွင်သူများကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

alt

သတင်းထောက်ကူပြ ဓါတ်ပုံ - ဂူးဂဲလ်(ကွန်ပြူတာ တီထွင်သူတဦး ဖြစ်သော Eckert )

ကမ္ဘာ့ ပထမဆုံးသော ခေတ်မီ ကွန်ပြူတာတလုံးကို လွန်ခဲ့သည့် နှစ်ပေါင်း (၆၀)ကျော်က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ သုတေသန စမ်းသပ်ခန်း တခုတွင် အောင်မြင်စွာ တပ်ဆင် နိုင်ခဲ့သည်။

ပထမဆုံးသော Memory မှတ်ဥာဏ်စနစ် ပါရှိလာသည့် အဆိုပါ ကွန်ပြူတာသည် Program တခုကို သိမ်းဆည်း ထားနိုင်သည့် အယင် ဦးဆုံး အောင်မြင်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 128bytes ပမာဏရှိသော Memory ကို တပ်ဆင်ထားပြီး အလေးချိန် တတန်ရှိသော ကွန်ပြူတာသည် ညွှန်ကြားချက် တခုကို အောင်မြင်စွာ Run နိုင်ခဲ့သည်။ ထိုနေ့ကား ကွန်ပြူတာ သမိုင်းအတွက် အထင်ကရ နေ့တနေ့ပင် ဖြစ်ပြီး (၁၉၄၈)ခုနှစ်၊ ဇွန်လ(၂၁)ရက် နေ့တွင် Baby ဟု အမည်ပေး ထားသည့် ကမ္ဘာ့ပထမဆုံး ကွန်ပြူတာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။

BBC သတင်းဌာနက အောက်မေ့ဖွယ် ထိုအောင်ပွဲအတွက် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင် တဦးဖြစ်သော ဂေါ့ဖ်တူးတီးလ်ကို သွားရောက် မေးမြန်းခဲ့ရာ ထိုအချိန်က ခံစားမှုသည် ပြောမပြ နိုင်လောက်အောင် ပျော်ရွှင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ၀န်ခံခဲ့သည်။ ဂုဏ်ယူစိတ်နှင့် အတူ စားသောက်ဆိုင်သို့ သွားကာ နေ့လည်စာကို ပျော်ပျော်ပါးပါး စားသောက် ခဲ့ကြကြောင်း တူးတီးလ်က သတိတရ ပြန်လည် ပြောပြခဲ့သည်။

ယခုအခါတွင် တူးတီးလ်နှင့် အသက်ရှင် ကျန်ရှိနေဆဲဖြစ်သည့် အခြားသော ပညာရှင်(၃)ဦးကို မန်ချက်စတာမြို့ရှိ ဗြိတိန် ကွန်ပြူတာ အဖွဲ့အစည်းများက အခမ်းအနား တရပ်ဖြင့် ဂုဏ်ထူးဆောင်ဆု ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ယခုတော့လည်း Baby ၏ မျိုးဆက်သစ် ကွန်ပြူတာများသည် ကမ္ဘာအရပ်ရပ်ရှိ လုပ်ငန်းဆောင်တာ တိုင်းအတွက် မရှိမဖြစ်ဟု ဆိုနိုင်လောက်သော စက်ကိရိယာများအဖြစ် သတ်မှတ် ခံနေရပေပြီ။ တူးတီးလ်က လက်ရှိကွန်ပျူတာ စနစ်များကို တွေ့မြင်ရတိုင်း Baby အတွက် ကြည်နူးမိကြောင်း ပြောကြားသွားသည်။ ယခုအခါတွင် Baby ကို မန်ချက်စတာရှိ သိပ္ပံ မော်ကွန်းပြတိုက် အတွင်း ခမ်းနားစွာ ပြသထားကြောင်း သတင်းရရှိသည်။

မြန်မာကို ကမ္ဘာသိအောင်လုပ်သည့် နအဖ၏ အစွမ်း

ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသားသီချင်း မှားဖွင့်လို့ အရှက်ရ
သတင်း - ခေတ်ပြိုင်
ဇန်န၀ါရီ (၂၂) ရက်နေ့က ဂျာမနီနိုင်ငံ၌ မြန်မာသံရုံးမှ လွတ်လပ်ရေးနေ့အခမ်းအနားကို ဘာလင်မြို့ ဗီယက်နမ် စားသောက်ဆိုင်တခု၌ ညနေ (၆) နာရီမှ ည (၈) နာရီထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်သီချင်းအစား နာဇီခေတ်ဂျာမန်အမျိုးသားသီချင်းကို မှားဖွင့်ခဲ့သဖြင့် ဂျာမနီနိုင်ငံခြားရေးဌာနထိ တောင်းပန်ခဲ့ရသည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံတော်သီချင်းဖြင့် အဖွင့်အမှာစကားပြောကြားရမည့်အစား နာဇီခေတ် ဂျာမနီနိုင်ငံ၏ အမျိုးသားသီချင်းကို မှားယွင်းဖွင့်မိခဲ့သည့်အတွက် မြန်မာသံရုံးမှတာဝန်ရှိသူများက ဂျာမန်နိုင်ငံခြားရေးဌာနသို့ လိုက်လံတောင်းပန်ခဲ့ရသည်ဟု သိရသည်။

၎င်းတို့ဖွင့်ခဲ့သောသီချင်းသည် နာဇီခေတ်က အဖနိုင်ငံတော်ဟု အမည်ပေးကင်ပွန်းတပ်ထားသော သီချင်းဖြစ်ပြီး ထိုသီချင်းကို မဖွင့်ရန် တားမြစ်ထားသည်ဟု သိရသည်။

အဆိုပါပွဲအပြီးတွင် မြန်မာသံရုံးမှဝန်ထမ်းတဦး မူးယစ်ရမ်းကားသဖြင့် ကျန်ဝန်ထမ်းများနှင့် အနီးရှိ မြန်မာများက ၀င်ရောက်ဖျန်ဖြေပေးခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

voice ဘာလင် မြန်မာသံရုံးဧည့်ခံပွဲမှာ မှားဖွင့်ခဲ့သည့် နာဇီပါတီသီချင်း နားဆင်ရန်

ဂမ်ဘာရီ ပြန်လာမည်

သုံးသပ်ချက် - မြလူ

ဇန်န၀ါရီလကုန်တွင် ဂမ်ဘာရီ မြန်မာနိုင်ငံ လာနိုင်စရာရှိသည်ဆိုပြီး ရန်ကုန် သံတမန်တဦးကို ကိုးကား၍ ရန်ကုန် အေပီသတင်းထောက်က ရေးသည်။ စင်စစ် ယခုလကုန် ဂမ်ဘာရီလာမည်ဆိုသည့် သတင်းကို ရန်ကုန် သံတမန်လောကတခုလုံး သိနေကြပြီဖြစ်သည်။ မြန်မာစစ်အစိုးရဘက်မှ တိတိကျကျ မထုတ်ပြန် သေးသည့်အတွက် ကုလသမဂ္ဂဘက်က မကြေညာသေးသည့် သဘောသာရှိသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခုနောက်ဆုံး မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း တွေ့ခွင့်မပေးခဲ့ပေ။ ၎င်းခရီးစဉ်အပြီးတွင် ဂမ်ဘာရီနှင့် ပတ်သက်ပြီး ပြင်းထန်သည့် ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ၂၀၀၈ ခု ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသွားမည့် ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း၏ ခရီးစဉ်လည်း မဖြစ်မြောက်ခဲ့။ နိုင်ငံတကာ ခေါင်းဆောင်များက တိုက်တွန်းသည့်တိုင် ကုလသမဂ္ဂမှ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရဘက်က သိသိသာသာ လိုက်လျောဖို့အလားအလာရှိမှ၊ ပြင်ဆင်ပြီးမှ မြန်မာနိုင်ငံသွားနိုင်မည်ဆိုသည့်သဘော ဘန်ကီမွန်းက ပြောခဲ့သည်။

၂၀၀၈ ခု ဒီဇင်ဘာလကုန်ပိုင်းတွင်မူ ဂမ်ဘာရီက မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘန်ကီမွန်းထံ လျှို့ဝှက်အစီရင်ခံစာတစောင် တင်ပြန်၏။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား၏ အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဟုဆို၏။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြုသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ထို့ကြောင့် ဂမ်ဘာရီ ဇန်န၀ါရီလကုန်လာမည့် ခရီးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်ရဖို့ သေချာသည့်အတွက်များလားဟု တွက်စရာရှိသည်။ သည်တခေါက် ဂမ်ဘာရီလာလျှင် မက်လုံးဆို၍ နအဖကို ငွေနှင့်ဖြားယောင်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအောင် တောင်းဆိုမည့်အချက်သာရှိသည်။

သို့သော် မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။ ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထား သည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီ များများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည် ဟုလည်း အစီရင်ခံစာ၌ အဆိုပြုထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့်နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ ခု မတ်လ ခရီးစဉ်၌ မစ္စတာ ဂမ်ဘာရီ တင်ပြချက် (၅ ) ချက်နှင့် ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက မတ်လ (၇) ရက်၌ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ရိပ်သာတွင် မစ္စတာဂမ်ဘာရီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး တချက်ချင်း ထောက်ပြငြင်းပယ်ခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံ ရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည်အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသည်။

၂၀၀၈ မတ်လခရီးစဉ်၌ မစ္စတာဂမ်ဘာရီ၏ ၀န်ထမ်းတဦး ရန်ကုန်မှာ ရုံးဖွင့်ခွင့်ရရေးကိစ္စနှင့် ပတ်သက်၍မူ ရန်ကုန်၌ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း အများအပြားရုံးစိုက်ပြီး ဌာနေ ကိုယ်စားလှယ်များ ခန့်ထားပြီးဖြစ်၍ မလိုအပ်ဟု ပြန်ကြားရေးဝန်ကြီးက တုံ့ပြန်ခဲ့သည်။ အဆိုပါ မတ်လခရီးစဉ်၌ပင် ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် အားလုံးပါဝင်ရန်ကိစ္စသည်လည်း ရေးဆွဲပြီးဖြစ်သဖြင့် မဖြစ်နိုင်တော့ဟု ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြတ်ပြတ်သားသားပြောသည်။

ထိုသို့ နအဖဘက်က ယတိပြတ် ပြောထားသည့်တိုင် ယခုတခေါက်လာမည့် ဂမ်ဘာရီ၏ ခရီးစဉ်သည် ငွေနှင့်ဖြားယောင်းသည့် သံတမန်နည်းကို နအဖဘက်က မျက်စိကျသွားသည်ဟု အတတ်ပြော၍ မရပေ။

ဂမ်ဘာရီလာချိန်သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရဘက်က ပြင်ပြင်ဆင်ဆင် လုပ်နေချိန် ဖြစ်သည့်အတွက် ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေးကိစ္စ၊ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂဘက်က ကြီးကြပ်ရေးကိစ္စ စသည်တို့ကိုသာ နအဖခေါင်းဆောင်ပိုင်းက အလေးထား ဆွေးနွေးမည့်သဘောရှိသည်။

နအဖအခြေခံဥပဒေကို ပြန်သုံးသပ်ရေး၊ လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရအား ပေးထားသည့် ရာဇသံကာလ (၆) လ မပြည့်ခင် ဂမ်ဘာရီလာသည့်အတွက် ထိုကိစ္စကို ဂမ်ဘာရီဆောင်ရွက်ပေးနိုင်မည့် အတိုင်းအတာမှာ စစ်အစိုးရ၏ တင်းမာသည့်သဘောထားနှင့် အန်အယ်လ်ဒီနှင့် တွေခွင့်ရမရဆိုသည့် အချက်တွေပေါ် မူတည်၏။

ထို့ကြောင့် ယခုနှစ်ဆန်း ဂမ်ဘာရီလာလျှင် နိုင်ငံရေး တိုးတက်ဖို့ မသေချာသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ယခင်အခေါက်များကဲ့သို့ နအဖဘက်က စော်ကားမော်ကား လုပ်ရပ်များ လုပ်မှာကတော့ သေချာသည်ဟု ရန်ကုန် နိုင်ငံရေးလောကမှာ ပြောဆိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုနှစ်ဆန်းမှစ၍ “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ်သားသား ဆောင်ရွက်ကြ” ဆိုသည့် စာတန်းကို ခြံထဲမှာ ကပ်ထားသည်။

Thursday, 22 January 2009

ဦးသန့် ရာပြည့်ဂုဏ်ပြုပွဲ

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် ၏ ရာပြည့်အထိမ်းအမှတ်အား မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ရှိ NLD လွတ်မြောက်နယ်မြေရုံးခန်းတွင် သံဃာတော်အရှင်မြတ်တို့အား ပင့်ဖိတ် လှုဒါန်း တရားတော်များနာကြား၍ အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။






ပေးပို့သူ- ကိုဥာဏ်လင်း (NLD လွတ်မြောက်နယ်မြေ - မလေးရှား)

လူတူမရှား

လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမဲ့ အိုဘားမားနဲ့တူ တဲ့အတွက် သာမန် လူတယောက်ကနေ ချက်ခြင်းလက်ငင်း တီဗွီ စတားဖြစ်လာတာကတော့ အင်ဒိုနီးရှား
နိင်ငံက အသက်၃၄ နစ်ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နဲ့ စီပွားရေးလုပ်ငန်းတွေကို ကြေညာရိုက်ပေးနေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့ မအားနိင်အောင်ဖြစ်နေတယ်လို့ ဆိုတယ်။ မလေးရှားလေဆိပ် ရောက်တုံးက လူတယောက်က သူကို ခင်ဗျား အိုဘားမားလား လို့ လာမေးတာကိုတောင်ခံရဘူးတယ်လို့ ဆိုတယ်။ မဂဇင်းတစောင်အတွက် လည်း ၀တ်စုံ ၀တ် အမေရိကန်အလံကိုနောက်ခံထားပြီးဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ်ရှိပေမဲ့ ခုတော့ သူဟာ ဘုရားပေးတဲ့ဆုပဲလို့ ဆိုပါတယ်။ အိုဘားမားရဲ့  ကျော်ကြား အောင်မြင်မှုက သူနဲ့ တူတဲ့သူကိုတောင် ကောင်းကျိုးပြုနေတာကတော့ ကျေနပ်စရာကောင်းပါတယ်။

သူကံကောင်းတာကတော့ သန်းရွှေနဲ့ သွားမတူခြင်းဖြစ်ပါတယ်။ သန်းရွှေ၊ မောင်အေး၊ ရွှေမန်း နဲ့ တေဇ တို့ နဲ့ တူနေတဲ့သူဆိုရင်တော့ သတိထားပါ ချောင်းအရိုက်ခံရနိင်ဘွယ်ရှိတဲ့အတွက် လိုရမယ်ရသံခမောက် တလုံးကို အမြဲတမ်းဆောင်းထားသင့်ပါကြောင်း။ သူတို့ လိုမျက်နာရှိတဲ့သူတွေကလည်း စွဲဆောင်မှု နဲ့ နစ်လိုဖွယ် တစက်မှမရှိတော့ မစွန်ပဲ စိတ်ကျဝေဒနာ ( Depression) လည်းရလာနိင်ပါကြောင်း။

-၀င်းဇော် -

အမြစ်

လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်းတဲ့

အတွေးပူဖောင်း တွေထဲမှာ

ပေါ်လီယာနာကိုထည့်

မြေပြင်မှာ ပျံဝဲဖို့ လွှတ်လိုက်တာပဲ။


သည်းခံခြင်းတရားကိုပန်

ကစားသူတိုင်း နိုင်စေမယ့် ဂိမ်းသီအိုရီကျမ်းကြီးကိုလှန်ပြီး

ပိတ်ထားတဲ့ နံရံတွေကို မမြင်ချင်ယောင်ဆောင်

ဝဲလာတဲ့ ပုဒ်မတွေကို ဟိုရှောင်ဒီရှောင်နဲ့ 

လက်တွေကို တတ်နိုင်သမျှဆန့် တန်း

ဖယောင်းတိုင်တွေ လိုက်ကမ်းကြည့်မိတယ်။


ဒွါရတစ်ပေါက်မှ မရှိတဲ့ ခန္ဓာကိုယ်ကြီးထဲ

လွှတ်လိုက်တဲ့ ပူဖောင်းတွေသာကွဲ

ပေါ်လီယာနာလေးသာ သွေးတွေရွှဲသွားတော့တယ်။

ရင်ထဲက ထိုးခွဲထွက်လာတဲ့ ရထားဟာ

ဒီဘူတာပဲ ပြန်ဆိုက်တော့တာပဲ။


ကောင်းကင်ကို

ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့်

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ်လက်ခံထားသည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလသာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့အမိန့်က (၂၉) ရက် မေဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ်ပြည့်ပြီ။ ဒါ…သူတို့တွက်ကိန်းနဲ့သူတို့ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်းကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါကအငြင်းပွားစရာဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လိုဟာမျိုးလည်း မရှိဘူးဗျ။ ဆိုတော့ (၆) နှစ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် နအဖအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်းအရေးယူခဲ့သည်။ ထိုဥပဒေသည် ၁၉၇၅ ခုနှစ် ဥပဒေသတ်မှတ်ချက်အရ (၁) နှစ်အထိ တားဆီးမှုပြုလုပ်နိုင်ကာ ဆက်လက်တားဆီးလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် ရက် (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၎င်းနောက် ၁၉၉၁ ခုနှစ် န၀တလက်ထက်တွင် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ နအဖက ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅) နှစ် စုစုပေါင်း (၆) နှစ်ချမှတ်ခွင့်ရှိကြောင်း ကိုင်စွဲထားကာ အန်အယ်လ်ဒီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားချက်ကို ထောက်ပြသည်။

“အခုလို အငြင်းပွားစရာတွေဖြစ်လာပြီဆိုတော့ အယူခံလျှောက်လဲရတာပေါ့။ လျှောက်လဲတယ်ဆိုတာကိုက အမှန်တရားကိုသိချင်လို့။ ကျနော်တို့ကလည်း တင်ပြမယ်။ တဖက်ကလည်း ကျနော်ထင်တယ်။ ဗဟိုအဖွဲ့အတွက် များသောအားဖြင့်တော့ ရှေ့နေချုပ်ရုံးက လုပ်ပေးတာ။ အဲတော့ ကျနော်တို့ နှစ်ဦးပြိုင်ပြောတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေါ့။ အခုဟာကတော့ အချိန်ဆွဲနေလို့ပဲ လေးလကျန်တော့တယ်” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ (၁၂) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့ တွေ့ခွင့်ရခဲ့သည်ဟူသော သတင်းများပေါ်ထွက်ခဲ့ရာ မဟုတ်ပါကြောင်း ဦးကြည်ဝင်းက ငြင်းဆိုသည်။ သို့ရာတွင် တွေ့ဆုံနိုင်ရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာတစောင် ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ ဇန်န၀ါရီ (၂၀) ရက်နေ့ကမှ ဒေါ်စုနဲ့တွေ့ခွင့်ရဖို့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။ သတင်းတပ်ဖွဲ့ကိုတင်ပြတော့ သူတို့မှာ ခွင့်ပြုနိုင်ခြင်းမရှိပါဘူးဆိုတော့ ၀န်ကြီးချုပ်ဆီကိုပဲ တင်လိုက်တယ်။ တွေ့ခွင့်ပြုဖို့တင်ထားတဲ့ ရက်ကိုတော့ ထုတ်မပြောတော့ဘူးဗျ” ဟု ဦးကြည်ဝင်းက ပြောသည်။

ရွှေဝါရောင်တော်လှန်ရေးမှသည်...

A New Government for Burma

Exiled democrats are planning a better future

By SEIN WIN | From today's Wall Street Journal Asia

DUBLIN

The Burmese junta's disgraceful nonresponse to Cyclone Nargis last year called international attention to the direct human consequences of repressive rule in the Southeast Asian country. Since then, Burma's economic plight has only worsened. It is time for the political opposition abroad to present a broader, more coherent alternative for the Burmese people.

To this end, the legitimately elected representatives of the people of Burma -- the Members of Parliament from the 1990 elections -- are meeting in Dublin over the next few days to elect a new government-in-exile. The convention delegates are motivated by a sense that change in the culture of Burma's exiled opposition is needed. All are aware that the plight of Burma's people can no longer be tolerated; the status quo cannot be continued.

This move is a huge step forward for the multiethnic, multicultural Burmese people, who have never enjoyed a government that gave all groups an equal voice. A new government-in-exile should also provide comfort to Burma's neighbors, who worry about civil unrest when the junta falls.

We sketched out our core beliefs in this month's edition of the Far Eastern Economic Review, a sister publication of this newspaper. In Dublin, we call for an inclusive process that will lead to an interim constitution, taking into account the interests of all stakeholders in Burma. We also call for the release of all political prisoners; for the lifting of restrictions on liberties such as free speech and free association; and for an agreement on a realistic timetable for free and fair elections in Burma.

We have a vision of a nation-building process for Burma that will create a federal union with an appropriate relationship between the central government and the states and regions, ensuring, for example, the equitable distribution of revenue from natural resources. We support free trade.

We will also be good regional and global citizens. Our Asian partners need to become involved in solving Burma's myriad problems by urgently and effectively pushing for increased dialogue and national reconciliation. We look to the United Nations to forge a path by which such a dialogue can take place.

We call on the U.N. Secretary-General to conduct a goals-oriented tour of Burma as soon as the Burmese generals are prepared to compromise. We suggest enacting a regional strategy to democratize Burma perhaps through the Association of South East Asian Nations, overseen by the United Nations.

Burma desperately needs a liberal, open regime. Even before the global economic crisis landed, the Burmese economy was being run into the ground by the current regime's mismanagement and corruption.

Now, the global financial crisis is making a bad situation even worse. Natural gas revenues -- which account for around 40% of Burma's total export income -- fell 28.5% in the first nine months of 2008, compared to the same period last year. Tourism has slowed to a trickle. Unemployment is spiking.

This isn't just a problem for our country, but for our neighbors, too. Burma is Asia's second largest opium producer -- behind Afghanistan -- and a major exporter of synthetic drugs such as amphetamines. Our refugees -- who are fleeing in droves -- are carrying HIV, drug-resistant tuberculosis and malaria abroad. Today, over 3.5 million Burmese are displaced with some 10% of the population currently living overseas, one of the highest proportions in the world.

Our country needs major economic and social reforms that only a government with popular support can deliver. Yet the national elections scheduled for 2010 will be a parody of democracy. The tricks and thuggery of the military were instrumental in the passage of the 2008 constitution that legitimizes military rule in Burma. The same constitution, which mandates that 75% of the parliament will be civilian -- with the remainder reserved for the military -- will also ensure a rigged outcome of the elections in 2010.

The nominally civilian Union Solidarity and Development Association and the Swan-ah-Shin -- pseudo-independent political groups backed by the government -- are already working behind the scenes to fill the civilian seats with military lackeys. The resulting government will have little inclination to address the political or economic concerns of the Burmese people.

The Burmese government-in-exile has already initiated steps to enable clusters of Burmese, as well as foreign experts in political, economic, and other fields, to work on a blueprint for a transition to democracy in Burma. This presents better, clearer, options for the Burmese people. The interests of the military are included in this blueprint as well. We do not want the military to be what stands in the way of Burma's progress.

We look forward to working together in an inclusive new government to show that Burma can have a better future for its people. And when we return home, we'll show the international community what Burma should be: engaged abroad, prosperous and free.

Sein Win is prime minister of the National Coalition Government of the Union of Burma, based in Washington D.C., and a delegate to the Dublin convention.

Cover Letter for Concept

Cover Letter for Concept Paper 21 Jan 2009

Concept Paper for NUP & NUG

Concept Paper for NUP & NUG Approved Draft Bur 21 Jan 2009

Wednesday, 21 January 2009

စာရေးဆရာဦးသန့် (သို့မဟုတ်) ငြိမ်းချမ်းရေးကိုချစ်သူ

(၁၉၀၉-၂၀၀၉ ဦးသန့်နှစ်(၁၀၀)ပြည့်အမှတ်တရ...)

၂၀၀၉ ခုနှစ် ဇန်ဝါရီလ ၂၂ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ နှစ်(၁၀၀)ပြည့်မြောက်သောနေ့ ဖြစ်ပေသည်။

ဦးသန့်သည် အာရှနိုင်ငံများမှ ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယမြောက် ခန့်ထားခြင်းခံရသော မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ ဦးသန့်ရှေ့မှ ပထမဆုံးအတွင်းရေးမှူးချုပ်မှာ ထရစ်ဗီလီး (နော်ဝေနိုင်ငံသား)ဖြစ်ပြီး ဒုတိယမြောက်အတွင်းရေးမှူးချုပ်မှာ ဒက်ခ်ဟမ္မားရှိုးလ် (ဆွီဒင် နိုင်ငံသား)ဖြစ်သည်။


မြန်မာနိုင်ငံမှ ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခြင်းအတွက် ကမ္ဘာ့နိုင်ငံများအားလုံးက မြန်မာနိုင်ငံကို အသိအမှတ်ပြု လေးစားလာကြသည်။ အဓိက ဦးသန့်၏ ကမ္ဘာ့နိုင်ငံရေးပြဿနာများ၊ ကမ္ဘာ့လူသားအားလုံး၏ ငြိမ်းချမ်းရေးကိစ္စများတွင် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အပင်ပန်းခံကာ ကြိုးစားဆောင်ရွက်မှုကြောင့်လည်းကောင်း၊ ဥာဏ်ပညာအမြော်အမြင်နှင့် စိတ်ထားမွန်မြတ်မှု၊ သဘောထားကြီးမှု၊ မေတ္တာကရုဏာတရားနှင့် ကိုယ်ချင်းစာနာမှု စသည့် အခြေခံလူ့ကျင့်သိက္ခာ၊ စာရိတ္တကောင်းများနှင့် ပြည့်စုံမှုကြောင့်လည်းကောင်း၊ ဦးသန့် ကို ကမ္ဘာ့နိုင်ငံများက ချစ်ခင်လေးစား ကြသည်။

ဦးသန့်သည် ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ထူးချွန်ထက်မြက်သော သားကောင်းရတနာတစ်ဦးဖြစ်သကဲ့သို့ ဦးသန့်ကြောင့် ကမ္ဘာတွင် မြန်မာဟေ့လို့ မြန်မာနိုင်ငံ ဂုဏ်ရှိန်တက်ခဲ့ရသည်။

ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန် န၀ါရီလ ၂၂ ရက်နေ့က မွေးဖွားခဲ့သည်။ မွေးချင်းလေး ဦးအနက် အကိုအကြီးဆုံးဖြစ်သည်။ ဦးသန့်အောက်တွင် ဦးခန့်၊ ဦးသောင်း၊ ဦးတင်မောင် ညီငယ်သုံးဦးရှိသည်။ ဦးသန့်မှာ ငယ်စဉ်က ပန်းတနော်မြို့ အမျိုးသား ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ် (ယခင်က ယူနီဗာစီတီကောလိပ်) တွင် ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၂၈ ခုနှစ်တွင် ဥပစာတန်းစာမေးပွဲအောင်မြင်ခဲ့သည်။ ၎င်းနောက် ပန်းတနော်အမျိုးသား အထက်တန်း ကျောင်း၌ပင် အထက်တန်းပြဆရာဝင်လုပ်ခဲ့သည်။

အသက် ၂၆ နှစ်တွင် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ရာ သမီးကြီး အေးအေးသန့်နှင့် သားငယ် တင်မောင်သန့်တို့နှစ်ဦး မွေးဖွားခဲ့သည်။ သားငယ်တင်မောင်သန့်မှာ ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးတွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျ၍ သေဆုံးခဲ့သည်။ ဦးသန့်သည် ကျောင်းဆရာဘ၀မှထွက်ပြီး ရန်ကုန်သို့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ပြောင်းရွှေ့လာခဲ့သည်။ ဦးသန့်၏ အဓိကရည်ရွယ်ချက်မှာ စာရေးဆရာ၊ သတင်းစာဆရာ ဘ၀များနှင့် မဂ္ဂဇင်းထုတ်ဝေရန် ရည်ရွယ်ချက်ရှိခဲ့သည်။ မဂ္ဂဇင်းထုတ်ဝေရန် သူငယ်ချင်းဖြစ်သူ ဦးနု(၀န်ကြီးချုပ်)နှင့် တိုင်ပင်သောအခါ ဦးနုက ကန့်ကွက်ခဲ့ပြီး ၎င်း၏ အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ပါဝင်ရန် အလိုရှိနေခဲ့သည်။ ဦးသန့်မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ရေးဖတ်ပြောဆိုနိုင်သူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ဦးသန့်မှာ မိမိဖြစ်လိုသော စာနယ်ဇင်းဆရာဘ၀ကို စွန့်လွှတ်ကာ မမျှော်လင့်ဘဲ ဦးနု၏နိုင်ငံရေးနယ်ပယ်တွင်းသို့ ရောက်ရှိသွားတော့သည်။

ဦးသန့်သည် မြန်မာ့နိုင်ငံရေးလောက၌ ၀န်ကြီးချုပ် ဦးနုလက်ထက်တွင် လည်းကောင်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရလက်ထက်တွင် လည်းကောင်း၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သဖြင့် ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်ထားခြင်းခံရပြီး နောက်ဆုံးတွင် ကမ္ဘာ့ အဆင့်အမြင့်ဆုံးရာထူးဖြစ်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကိုပါ ကမ္ဘာ့နိုင်ငံများက ကန့်ကွက်မဲမရှိ ပေးအပ်ခန့်ထားခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံ ပြည်တွင်းတွင်...
- ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးပြန်လည်စု စည်းမှု၌ အတွင်းရေးမှူးတာဝန်၊
- ၁၉၄၇ ခုနှစ်တွင် သတင်းနှင့်စာနယ်ဇင်းညွှန်ကြားရေး မှူးတာဝန်၊
- ၁၉၄၈ ခုနှစ်တွင် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးဝန်၊
- ၁၉၅၁ ခုနှစ်တွင် သမိုင်းကော်မရှင်နှင့် ဘာသာပြန်စာ ပေအသင်း၊
- ၁၉၅၂ ခုနှစ်တွင် ရုပ်ရှင်အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည် တော်သာရှစ်နှစ်စီမံကိန်းရေးဆွဲရေးတာဝန်၊
- ၁၉၅၃ ခုနှစ်တွင် ၀န်ကြီးချုပ်ရုံး စီမံကိန်းအတွင်းဝန်၊
- ၁၉၅၅ ခုနှစ်တွင် ၀န်ကြီးချုပ်ဦးနု၏ အတွင်းဝန်ရာထူး နှင့်စီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့အတွင်းဝန်

မြန်မာနိုင်ငံ၏ပြင်ပတွင်...၊
- ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး၊
- ၁၉၆၀ ပြည့်နှစ်တွင် ကုလသမဂ္ဂရန်ပုံငွေ တိုးပွားရေး အဖွဲ့၏ ဥက္ကဋ္ဌ၊
- ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၃ရက်နေ့၌ ရုတ်တရက် ကွယ်လွန်သွားသော ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ခ်ဟမ္မားရှိုးလ်၏ ကျန်ရစ်သောသက်တမ်း အတွက် ယာယီအတွင်းရေးမှူးချုပ်တာဝန်၊
- ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရားဝင် အမြဲတမ်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို တတိယမြောက် ခန့်ထားခြင်းခံရပြီး ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးသန့် အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့စဉ်က အဓိက ဖြေရှင်းခဲ့ရသော ပြဿနာများမှာ ကျူးဘားပြဿနာ၊ ဆိုက်ပရပ်(စ်)ပြဿနာ၊ အင်ဒိုနီးရှားနှင့် အီရီယံကျွန်း ပြဿနာနှင့် ဗီယက်နမ်အရေးအခင်းတို့ဖြစ်သည်။ ၎င်းပြဿနာများကိုလည်း အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ယုံကြည်လေးစားခြင်းကို ခံခဲ့ရသည်။

ဦးသန့်သည် မြန်မာနိုင်ငံတွင်းမှ ၁၉၄၉ ခုနှစ် တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေ စည်သူဘွဲ့များရရှိခဲ့သည်။

ပြည်ပကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ် ၂၅ ခုမှ အယ်လ်အယ်လ်ဒီဘွဲ့များနှင့် ပါရဂူဒေါက်တာဘွဲ့ငါးခုကိုလည်း ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ နေရူးဆုကိုလည်းရရှိခဲ့သည်။

စာရေးဆရာဘ၀နှင့် သတင်းစာဆရာဘ၀ကို ခုံမင်မြတ်နိုးသောဦးသန့်သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီးစာအုပ်ကိုလည်းကောင်း၊ ပြည်တော်သာခရီး စာအုပ်ကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။ ဦးသန့်၏ ပြည်တော်သာခရီးစာအုပ်မှာ သုံးတွဲရှိသည်။ ၎င်းစာအုပ်တွင် လွတ်လပ်ရေးဆုံးရှုံးမှုနှင့်ပတ်သက်၍ မျိုးချစ်မြန်မာတို့ ဦးဆွေးဆံမြည့်တော်လှန်ခုခံခဲ့ကြပုံ၊ လှေခွက်ချည်းကျန်အလံမလှဲစေရဆိုသော အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ညွှန်းထားသည်ကိုတွေ့ရသည်။ ဥပမာ .. “တစ်ခါက တော်လှန်ရေးမြန်မာသူရဲကောင်းတို့အား တိုက်ခိုက်ရန် မေဂျာဂျင်နရယ်နှစ်ဦး၊ ဗရီးဂေးရီးယားဂျင်နရယ် ခြောက်ဦးတို့၊ ကွပ်ကဲအုပ်ချုပ်သော စစ်သားသုံးသောင်းနှစ်ထောင်ပါ တပ်ကြီးများကိုပင် စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ ထိုတပ်ကိုရင်ဆိုင်ရန်အတွက် ရင်မြေကတုတ်လုပ်၍ အရိုးကြေကြေ၊ အရေစုတ်စုတ် အနိုင်မခံ အရှုံးမပေးသော တော်လှန်ရေးကာလတွင် ဗိုလ်မင်းရောင်အစရှိသည့် တော်လှန်ရေးခေါင်းဆောင်များ ထင်ရှားကျော်ကြားလာခဲ့ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဗြိတိသျှတပ်များသည် ဗိုလ်မင်းရောင်၏အမည်ကို ကြောက်ရွံ့ခဲ့ကြလေသည်”
(စာ-၁၄၉၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့်၊ စာရေး သူ တက္ကသိုလ်စိန်တင်စာအုပ်မှ)

၎င်းင်းနောက် ဂျပန်များ မြန်မာနိုင်ငံသို့ ၀င်လာပြီး မြန်မာများကို လိမ်လည်လှည့်ဖြားခဲ့ပုံကိုလည်း ဤသို့ ရေးသားထားပြန်သည်။
“ဂျပန်စစ်အာဏာပိုင်တို့ကား လုံးဝလွတ်လပ်ရေးပေးရန် လာရောက်ကြသည်မဟုတ်၊ မိမိတို့လက်သုံး ကြွေးကြော်သံဖြစ်သော (အာရှ သာတူညီမျှစနစ်) ဟူသော စကားလုံးဖြင့် လှည့်စားလျက်ရှိသည်ကို တွေ့ရပေသည်။ ဗြိတိသျှတို့၏ အာဏာစက်သည် မြန်မာနိုင်ငံမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဖက်ဆစ်ဂျပန်တို့၏ အာဏာစက်တို့ကို အစားထိုးရန် ကြံစည်ခဲ့သည်မှာ ထင်ရှားစွာ ပေါ်ပေါက် လာတော့၏”
(စာ-၁၅၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာဦးသန့်၊ စာ ရေးသူတက္ကသိုလ်စိန် တင်၏စာအုပ်မှ)

ဦးသန့်သည် နိုင်ငံရေးစာပေ၊ ဘာသာပြန်စာပေ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာစာပေ၊ ဝေဖန်ရေးစာပေများ စသည့် စကားပြေဆောင်ပါးများကို ထိုခေတ်က ထုတ်ဝေခဲ့ သော သတင်းစာများ၊ ဂန္ထလောက မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်သာမက “သီလ၀”အမည်နှင့် ကဗျာ များကိုလည်း ရေးသားခဲ့သည်ကိုတွေ့ရသည်။ ၁၂၉၆ ခုနှစ် နယုန်လထုတ် ဂန္ထလောကအတွဲ-၁၉၊ အမှတ်-၁၁၃ တွင် ပါရှိသော ဦးသန့်(သီလ၀)၏ ကဗျာကို ကြည့်ရအောင်-

မငိုနဲ့ကွယ်
အိုအေအေ အမေချော့လို့
တိတ်ပါတော့ မယ့်သည်းချာ
ခိုပြာခိုဖြူနဲ့
တကူကူ ဂျိုးတွေရောက်ပါလို့
မိတ္ထီလာ ကန်တော်အောက်ဆီက
ဘားကောက်ဘို့အမေမှာ။ ။
အေအိုအို ကြောင်ကြီးက
အမြီးခတ်တိုတို
မေ့သားကို လာ၍ကိုက်ပါလိမ့်
မေရိုက်မယ် မောင်မငိုနဲ့
ဒီကြောင်အို အဆီစားပါလို့
အသားကို သူမျိုတတ်တယ်ကွဲ့
ရပ်တော့အသာ။ ။
အိုအေအေ ပါးပြင်နုမှာလေ
ပုလဲဥမျက်ရည်ယို
သည်တိုင်းသာ အငိုဆက်ရင်ဖြင့်
ခက်လေပြီ သည်တမိမှာတော့
ကလေးဘေ ဘယ်မှာရှိလေဘိ
သိချင်လှ စိတ်မကြည်
ဘယ်ဆီမှ မရှာအား။ ။
အိုအေအေ အသာပိုက်ပါလို့
ရွှေနို့ချို အမေတိုက်မယ်ကွဲ့
ငိုရှိုက်ကာ မောင်မနေနဲ့
ကလေးဘေ ပြန်လာရောက်ခါမှ
စားသောက်ရန် ချိုချဉ်လှိုင်၍
နှစ်ယောက်ပြိုင် အတူချော့မယ်ကွယ်
တိတ်တော့မေ့သား။ ။

(မူရင်းစကားလုံးအတိုင်း ဖော်ပြထားပါသည်)

မိခင်တစ်ဦး၏ သားချော့ကဗျာလေးကို ဦးသန့်သည် လှပချစ်စဖွယ် ရှုမြင်တင်ပြထားပုံမှာ ကဗျာ၏ အသက်ပင်ဖြစ်ပါသည်။

ဦးသန့်သည် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးများတွင် အထူးကြီးမားသော တာဝန်များကို ထမ်းဆောင်ခဲ့ရလင့်ကစား၊ တစ်ဖက်မှ မိမိဝါသနာပါသော စာပေရေးသားခြင်းများကိုလည်း ၀ါသနာထုံခဲ့သူဖြစ်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှ အငြိမ်းစားယူပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သိန်းတင်နှင့် သမီးအေးအေးသန့်တို့ ကျန်ရစ်ခဲ့သည်။

ဦးသန့်၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ သယ်ဆောင်လာပြီး ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ဂူဗိမာန်၊ မိဖုရား စုဖုရားလတ်ဂူဗိမာန်တို့နှင့်အတူ ယှဉ်တွဲလျက် ဦးသန့်ဂူဗိမာန်ကို တည်ဆောက်ထားသည်။

ဦးသန့်သည် ကမ္ဘာ့နိုင်ငံများအလယ်တွင် မြန်မာ့သတ္တိ၊ မြန်မာ့ဇာတိမာန်၊ မြန်မာတို့၏ ဖြူစင်ရိုးဖြောင့်သော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများကို ဖော်ပြနိုင်စွမ်းသော မြန်မာ့သားကောင်းရတနာ အာဇာနည်တစ်ဦးဖြစ်သကဲ့သို့ ကျွန်တော်တို့နှင့်တကွ နောင်လာ နောက်သား မျိုးဆက်သစ်များ အတုယူကြိုးစားရမည့် လူကြီးလူကောင်းပီသသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ ။

ကိုဂြိုး

ဦးသန့် ဈာပန အရေးတော်ပုံ

Tuesday, 20 January 2009

ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း

Sydney Morning Herald
ဇန်န၀ါရီ ၂၀၊ ၂၀၀၉


 သြစတေးလျနိုင်ငံ၊ ရုပ်မြင်သံကြားသတင်းအစီအစဉ်တခုတွင် တွေ့ရသော မြန်မာပြည်သား ငါးဖမ်းလှေလုပ်သား ၂ ဦး။
(ဓာတ်ပုံ-ကေအေ၀ိုင်)

ပင်လယ်အတွင်း ၂၅ ရက်ကြာ မျောပါနေခဲ့သော မြန်မာလူငယ် ၂ဦးက ၎င်းတို့၏ သေကံမရောက် သက်မပျောက်သည့် အတွေ့အကြုံအချို့ကို ရှင်းပြခဲ့သည်။

ထို ၂ ဦးမှာ ကိုကိုဦး (အသက် ၂၂ နှစ်)၊ သောင်းထိုက် (အသက် ၂၄ နှစ်) တို့ ဖြစ်သည်။

ကိုကိုဦးက “ပထမ ဆယ်ရက်က ဘာမှ စားစရာမရှိဘူး” ဟု Thursday Island ဆေးရုံတွင်ရှိနေစဉ် စကားပြန်မှတဆင့် ရှင်းပြသည်။ “နောက်တော့ ပင်လယ်ငှက် အကြီးကြီး ၂ကောင် ရောက်လာပြီး ငါးအသေးလေးတွေကို အန်ထုတ်တယ်။ ၇ ကောင် ၈ ကောင်လောက်ရှိမယ်။ စားခဲ့ရတာ အဲဒါတွေပဲ။” ဟု ဆိုသည်။

ရေခဲကန်ထဲမှ ငါးများကို စားသုံးပြီး ရှင်သန်ခဲ့ရသည်ဟု အများက ယူဆထားခဲ့ခြင်းဖြစ်သည်။ ဆေးရုံမှ ယနေ့ ညနေ ၃ နာရီတွင် ဆင်းလာသော ၎င်းတို့နှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိများထံသို့ အပ်နှံလိုက်သည်ဟု ဆိုသည်။ အာဏာပိုင်တို့ ၎င်းတို့ကို Horn Island ရှိ ဟိုတယ်တခုတွင် စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။

၎င်းတို့အား ပင်လယ်တွင်းမှ ကယ်ဆယ်ခဲ့သူများက ၎င်းတို့သည် အမှန်တကယ် လှေမှောက်ပြီး ဒုက္ခရောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း ဒေသခံအချို့က ၎င်းတို့ကို သံသယ ရှိနေကြသည်။

ကိုကိုဦးက ထိုင်းငါးဖမ်းလှေတွင် သြဂုတ်လမှစပြီး အလုပ်ဝင်ခဲ့သည်ဟု ဆိုသည်။ “မင်း ဒီမှာ မလုပ်ဘူးဆိုရင် မင်းကို သတ်ပစ်မယ်၊ သေနတ်နဲ့ပစ်မယ်” ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

ငါးဖမ်းလှေသည် လှိုင်းဒဏ်ကြောင့် ပျက်စီး နစ်မြှုပ်ခဲ့ရကြောင်း ရှင်းပြသည်။

ပေါက်သွားသည့် လှေဝမ်းကို ဖာထေးရန် ကြိုးပမ်းခဲ့ကြသေးသည်ဟု ဆိုသည်။ “လှိုင်းက သိပ်ကြီးတယ်။ လှေက ကွဲသွားတော့တာပဲ။ လူတိုင်း ကြောက်နေကြတယ်။ ရေထဲ ခုန်ချကြတာပဲ” ဟု ဆိုသည်။

ကိုကိုဦးက ရေခဲသေတ္တာကြီးကို လှေပေါ်မှ တွန်းချပြီး လိုက်ပါခဲ့သည်ဟု ဆိုသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ခေါ်ယူခဲ့သော်လည်း ရေလှိုင်းများကြောင့် လူစုကွဲသွားသည်ဟု ပြောပြသည်။

တော့ရက်စ် ပင်လယ်အော် ကို အံတုခဲ့ တဲ့  မြန်မာနိုင်ငံသား နှစ်ဦး

တော့ရက်စ် ပင်လယ်အော် ရေလက်ကြား မှာရေခဲပုံးထဲမှာမျော်ပါလာတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်
ဇန္န၀ါရီလ ၁ရ ရက်နေ့ က တွေ့ရစဉ် ( ပုံ- သြစတေးလီးယား အကောက်အခွန်ဌာန)

-၀င်းအောင်-
ကင်ဘာရာ၊ သြစတေးလီးယား

သြစတေးလီးယားနိုင်ငံပိုင်ပင်လယ်ထဲမှာ ရေခဲပုံးထဲမှာ မျော်ပါနေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂ဦးကို သြစတေးလီးယား အာဏာပိုင်တွေက တွေ့ရှိ ပြီး ကယ်ဆယ်ခဲ့ရတယ်လို့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ၁၈ ယောက် စီးလာတဲ့ သူတို့ ငါးဖမ်းသင်္ဘောလှေ နစ်မြုပ်သွားပြီးနောက် ပင်လယ်ထဲမှာ ၂၅ ရက်ကြာမျော်နေခဲ့ကြတာ ဖြစ်ပါတယ်။

ကယ်ဆယ်ခံခဲ့ကြရတဲ့ သူ ၂ ဦးဟာ အသက် ၂၂ နှစ် နဲ့ ၂၄ နှစ် ရှိ မြန်မာနိုင်ငံသား တွေဖြစ်ကြပြီး၊ သူတို့ ကို ရဟတ်ယာဉ် ဖြင့် တော့ရက်စ် ရေလက်ကြား ( Torres Strait )ကနေ ကယ်ဆယ်ခဲ့ကြပြီး၊ ကွင်းလန်းပြည်နယ် (Queensland state) ကမ်းခြေရှိ ဆေးရုံတရုံသို့ သယ်ဆောင်လာခဲ့ကြတယ်လို့ သြစတေးလီးယား ကမ်းခြေစောင့် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီး ထရေစီဂျဂင်စ်က အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့ဟာ ပင်လယ်ထဲမှာ ခါးလောက်မြင့်တဲ့ ပန်းရောင် ရေခဲပုံးထဲမှာ လှိုင်းနဲ့အတူမျော်ပါနေတာကို ကမ်းခြေ ရဟတ်ယာဉ်တွေနဲ့ ထိမ်းသိမ်း စောင့်ရှောက်နေကြတဲ့ နယ်စပ် အကောက်အခွန်တာဝန်ရှိ အမှုထမ်းတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပြောပြချက်အရ ပေ ၃၀ သစ်သားနဲ့ပြုလုပ်ထားတဲ့ ငါးဖမ်းလှေဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က နစ်မြုပ်ခဲ့ပြီး၊ လှေထဲမှာ စုစုပေါင်း ငါးဖမ်း သင်္ဘောသား ယောက် ၂၀ ပါလာခဲ့ကြတယ်။ သူတို့ဟာ မြန်မာနဲ့ ထိုင်းနိုင်ငံ ကဖြစ်ကြတယ်။ သူတို့ဟာ ပေါလောပေါ်နိုင်တဲ့ ရေခဲပုံးနဲ့အတူ မျော်ပါလာ ခဲ့ကြတယ်။ သူတို့ မျောနေတဲ့အချိန်မှာ ဘာတွေ စားသောက်ခဲ့ကြတယ်ဆိုတာ မသိခဲ့ရသေးပါဘူလို့ သြစတေးလီးယား ကမ်းခြေလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီး ထရေစီဂျဂင်စ်က ဆိုတယ်။

သူတို့ကို ကယ်ဆယ်ခဲ့တဲ့ လေယာဉ်မှူးတဦးကတော့ သူတို့ဟာ ရဟတ်ယာဥိပေါ်မှာ ဂါလံဝက်လောက်ရှိတဲ့ ရေ ကို ၄ စက္ကန့်အတွင်း ကုန်အောင်သောက်ခဲ့ကြတယ်လို့ ဆဲဗင်းရုပ်မြင်သံကြားနဲ့တွေ့ဆုံဆွေးနွေးခန်းမှာ သတင်းထောက်တွေကို ပြောကြားသွားတယ်။ သူတို့ရဲ့ ကျမ်းမာရေးကို ကုသပေးနေတဲ့ ဆေးရုံက ဆရာဝန် ဒေါက်တာ သြစကာ ၀ိုက်ဟတ်ဒ် က အစားအစာနဲ့ ရေ ပြတ်လက်ခဲ့တာကြောင့် မောပန်းနွမ်းနယ်တာက လွှဲလို့ ကျမ်းမာရေးအခြေအနေဟာ တနေ့ထက်တနေ့ ကောင်းမွန်နေပါတယ်လို့ဆိုတယ်။

သြစတေးလီးယား လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးအကဲ ဆန်ဒီလိုဂန်ကတော့ သူတို့ကို ကမ်းခြေရှိ သြစတေးလီးယား လူဝင်မှုကြီးကြပ်ရေးဌာနကစောင့်ကြည့်နေတဲ့ တည်းခိုခန်းမှာ ထိမ်းသိမ်းစောင့်ရှောက် ထားပြီး၊ သူတို့ရဲ့ မွေးရပ်ဇာတိနဲ့ သက်သေခံ ကပ်ပြားတွေနဲ့ ပက်သက်တဲ့ မေးခွန်းတွေကို မေးမြန်းစုံစမ်းမှု တွေပြူလုပ်နေပါတယ်။ ဒါပေမဲ့လည်း သူတို့ ၂ ယောက် စလုံးမှာ သက်သေခံကပ်ပြားတွေ မရှိကြဘူး လို့ပြော ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးအကဲ ဆန်ဒီလိုဂန်ကတော့ သူတို့ကို ဘယ်လောက်ကြာကြာ ထိမ်းသိမ်းစောင့်ရှောက်ထားမယ်ဆိုတာကိုတော့ သူမ မသိရှိပါဘူးလို့ ပြောပါတယ်။

ကင်ဘာရာ ရှိ မြန်မာသံရုံးကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာ ဆက်သွယ်မှု မှ မပြုလုပ်သလို၊ ဘာတခုမှ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိဘူလို့ ဆိုတယ်။

သြစတေးလီးယား တာဝန်ရှိသူတွေကတော့ သူတို့ စီးလာတဲ့ ငါးဖမ်းလှေ ဘာကြောင့်နစ်မြုပ်ခဲ့ တယ်ဆိုတာ အတိအကျ မသိရပေမဲ့ ၊ သင်္ဘောဟာ ရေအောက် မနစ် မြုပ်ခင် ၊ အချိန်တောတော ကြာအောင် ပေါ်နေခဲ့တယ်လို့ဆိုတယ်။ သူတို့ ၂ ဦး အဆိုအရ နစ်မြုပ်စဉ် ကျန်တဲ့သူတွေဆီမှာ ရေခဲပုံးလို ပေါ်စေနိုင် အရာ (သို့ ) ဘာ အသက်ကယ် ပစ္စည်းမှ မရှိခဲ့ကြဘူးလို့ပြောဆိုခဲ့တာကြောင့် ကျန်တဲ့သူတွေ အတွက် တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်။ ရေခဲပုံးလို ပေါ်စေနိုင် အရာ (သို့ ) အသက်ကယ် ပစ္စည်း မရှိဘဲ၊ ဘယ်သူမှ ပင်လယ်ထဲမှာ ၂၅ ရက်ကြာ အသက်ရှင်နေနိုင်မှာမဟုတ်ဘူးလို့ သြစတေးလီးယား တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါသည်။

သြစတေးလီးယား ရောက် မြန်မာများ အနေနဲ့ ဒုက္ခရောက်လာကြတဲ့ သူတို့ ၂ ယောက်ကို အားပေးမှုတွေ၊ လိုအပ်တဲ့ အကူအညီတွေကို ပေးနိုင်ကြဘို့ ကျနော်တို့ အသိပေးအပ်ပါတယ်။

ကိုမိုးသီး blog မှ ကူးယူတင်ပြသည်

Monday, 19 January 2009

အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ်

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။

အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေအားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန်ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။

အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့ သူတွေလည်း ရှိပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမိုကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။

ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့်ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲတွေအားလုံးဟာ တစိတ်တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထုလူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင်ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။

အဲဒီ ကျောင်းသားနဲ့ အလုပ်သမား တိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ်ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့ အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။

ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲအပေါ် သုံးသပ်အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ်ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ်အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရအောင် အစိုးရဆန့်ကျင်သူ မှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။

သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော်ထုတ်ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှား ဖြစ်နေပါပြီ။ တဖက်ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အတည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့ နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။

အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရတရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေအနေအရ ပြည်တွင်းက ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ်အစိုးရကို အောင်ပွဲရအောင် တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံ မျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေးအပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ်ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။

ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ်ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ်မှာဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေ၊ အသင်းအဖွဲ့နဲ့ ပါတီ တခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ် ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုးသားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင်တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့ တော့ လိုအပ်ပါလိမ့်မယ်။

လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာမှုတွေ များပြားလာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ လူမျိုး အဆုံးစွန် ပျက်သုန်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး။

အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ်အာဏာရှင်တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ်ကြဖို့ လိုအပ်ပါတယ်။
စိုးနေလင်း

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

ကိုယ်ဝန်ဆောင်တောင် မရှောင်နိုင်တဲ့ နအဖ..တရားဥပဒေဆိုတာ ဘယ်မလဲ???
ယုတ်မာမှု့က တရိစ္ဆာန်တွေထက် အောက်တန်းကျတယ်

Sunday, January 18, 2009
ရေးသူ..တင်ကျော်ကျော်စိုး

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မကေသီအောင်မှာ ဒီဇင်ဘာလ ၂၉ ရက် နေ့က ကိုယ်ဝန်ခြောက်လအရွယ်တွင် သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည် ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်က စစ်ကြောရေးမှ နှိပ်စက်မေးမြန်းသည့်ဒဏ်၊ ထောင်ဝင်စာတွေ့ခွင့် (ဒီဇင်ဘာလက) မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်း မွန်ခြင်း တို့ကြောင့် ဒီဇင်ဘာလထဲတွင် ထောင်ဒဏ်ချမှတ်ခံရပြီးသည့်နောက် သွေးအားနည်းပြီး မူးမေ့ လဲကျရာမှ ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ယခုအခါတွင် ဆေးဝါးအလုံအလောက်မရှိသည့် အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု သိရသော်လည်း မကေသီအောင်၏ လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ် ပါစိုးရိမ်ရကြောင်း မန္တလေး အိုးဘို ထောင်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းက Freedom News Group သို့ပြောပြသည် ခင်ပွန်းဖြစ်သူ အထက်ဗမာပြည် ဗကသအဖွဲ့ဝင် ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် ကိုထွန်းထွန်းကို ငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီး တံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက် ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကို ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထောင်ဒဏ်၂၆ နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ မကေသီအောင်မှာ ဖမ်းဆီးခံရ သည့်အချိန်ကအသက် ၂၂နှစ်သာရှိသေးသည်။

မြန်မာပြည်အကျဉ်းထောင်များတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံရသည့် အမျိုးသမီး များမှာ အကျဉ်းထောင်တွင်း ဆင်းရဲကျပ်တည်းစွာနေရသည်။ ၁၉၉၈ခုနှစ် ပြည့်သူ့လွှတ်တော်ပေါ်ပေါက် ရေးအတွက် ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူ မဇင်မာအောင်မှာ လည်း နှလုံးရောဂါနှင့် အာရုံကြောအားနည်းခြင်း ဝေဒနာကိုကာလကြာရှည်စွာ ခံစားနေရကြောင်း သိရသည်။

ကြေကွဲ အလွမ်းများနဲ့ ချစ်ပုံပြင်

Media Campaign where everyone can participate

Burma Democratic ConcernBurma crisis is international crisis as everyone is bond in humanity.

BURMA DEMOCRATIC CONCERN (BDC) values everyone's participation and welcome anyone who love justice, freedom and human rights. We are doing the media campaign as part of our strategy for 2009.

We are compiling videos clips (3-5 minutes each) from Burma’s supporters from around the world who are talking about words of support for Burmese people. You can speak with your own languages or in English, French, Italian, Spanish, Portuguese, Russian, Chinese, Japanese, Arabic, German, Dutch or Burmese. But if you use other languages, please provide us with English translated script so as to publish in our web.

You can talk about words of support for Aung San Suu Kyi and Burmese people that we are with them, demanding United Nations Security Council to adopt binding resolution on Burma so as to take practical actions on Burma, demanding respective governments to pressure Burmese military junta to respect people’s will, to honour 1990 elections results in which people voted for Aung San Suu Kyi as their leader but regime still ignore to honour it, demanding to release all political prisoners, and demanding respective governments not to endorse junta’s 2010 elections game plan.

Your messages will be vitamins for Burmese people and it can also raise awareness about Burma crisis which has been happening for nearly half century. It is like forgotten crisis and Burmese people are suffering very tremendously. It will also send the message to United Nations that they must take practical action to solve Burma crisis and the governments around the world.

Together we can restore the democracy in Burma and build the better world.

You can send the video files which can be efficient with you tube to

myothein19@gmail.com
shinminoo@gmail.com
bdcburma@yahoo.com
Thank you very much in advance.

Sunday, 18 January 2009

အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

သံဃာ့သူရဲကောင်း အရှင်ဂမ္ဘီရ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေ

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ထောင်အတွင်း အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။

မန္တလေး၊ အိုးဘိုထောင်တွင်း၌ ယခုလ (၁၃) ရက်နေ့မှစတင်ကာ မည်သည့်အစားအသောက်ကိုမျှ လက်ခံခြင်းမရှိဘဲ အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် အိပ်ယာထဲမှ မထနိုင်ဖြစ်နေကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကျမတို့သိရတာ ဒီနေ့ပဲ၊ မန္တလေးက မိတ်ဆွေဆီက ဖုန်းဝင်လာလို့သိတာ၊ ဘာကျွေးကျွေး မစားဘူးလို့ပြောတယ်၊ (၁၃) ရက်နေ့က စတာ၊ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်၊ အိပ်ယာထဲမှာ ပက်လက်ဖြစ်နေတယ်၊ ရေလဲမချိုး၊ ရေတောင်မသောက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ထောင်ဝင်စာ တကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ယခုလ (၁၄ )ရက်နေ့က ဦးဇင်း၏မယ်တော်ဖြစ်သူက ထောင်ဝင်စာသွားတွေ့ရာတွင် တွေ့ခွင့်မရခဲ့သည့်အပြင် ပါဆယ်ပို့ခွင့်ကိုပါ ပိတ်ထားလိုက်ကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဘာကြောင့်လဲဆိုတာတော့ မသိသေးဘူး၊ မိသားစုနဲ့ တွေ့ခွင့်မရတာဘဲလား၊ ဒါမှမဟုတ် ဒီထက်ပိုကြီးတဲ့ ကိစ္စတွေကြောင့်လားတော့မသိဘူး၊ (၁၄) ရက်နေ့မတိုင်ခင်တုန်းကတော့ နေပြည်တော်က လူကြီးတွေလာတယ်လို့ ပြောတယ်၊ အဲဒါတွေနဲ့များ ပတ်သက်နေသလားတော့ မသိဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ အရှင်ဂမ္ဘီရ၏ အခြေအနေသေးစိတ်ကို သိရှိရန်အတွက် မယ်တော်ဖြစ်သူက လာမည့်တနင်္လာနေ့တွင် ထောင်ဝင်စာတွေ့ရန် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာတပါးဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊ နိုင်ဝင်ဘာလအတွင်းက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရ

အပြစ်မဲ့ရှေ့နေကို စစ်ခွေးအဆွဲခံရ

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူကို နယ်မြေခံအာဏာပိုင်များက ရုံးချိန်းအပြန်တွင် ဖမ်းဆီးလိုက်သည်။

ယခုလ (၁၅) ရက်နေ့ ရုံးချိန်းအပြီး ရန်ကုန်သို့ပြန်ရန် အောင်လံမြို့မှအထွက် ကားပေါ်တွင် နယ်မြေခံ (မယက)အာဏာပိုင်များနှင့် (SB)အဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့အမှုကို သက်သေထွက်ပြီး ရန်ကုန်ကိုအပြန်မှာ မကွေးကနေ ကားစီးရမှာ မလုံခြုံလို့ အောင်လံကနေ ကားကိုသွားစောင့်ပြီး စီးတာ၊ အဲဒီမှာ ကားပေါ်မှာပဲ ဖမ်းလိုက်တာ၊ မနေ့က နေ့လည် (၁၂) နာရီခွဲလောက်မှာ ကားနဲ့ မကွေးကိုခေါ်သွားတာ တွေ့လိုက်တယ်” ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ရှေ့နေကိုဖိုးဖြူသည် စစ်တပ်လယ်မြေသိမ်းယူသည့် ကိစ္စကို (ILO) သို့ တိုင်ကြားခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးနှင့် နက်မောက်မြို့မှ ဦးလှစိုးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့က စစ်တပ်လယ်မြေသိမ်းတဲ့ ကိစ္စကို (ILO) ကို တိုင်တာကို အာဏာပိုင်တွေက စစ်လက်နက်ပစ္စည်း သိုလှောင်တာကို ဓါတ်ပုံရိုက်တယ်ဆိုပြီး မတရားအမှုဆင်ဖမ်းတာကို သက်သေထွက်ဆိုပေးတာ၊ အဲဒါက မတရားသက်သက် အမှုဆင်တာကို ဖော်ထုတ်တော့ အာဏာပိုင်တွေက အခုလိုလုပ်တာ” ဟု ဆက်ပြောသည်။

ကိုဇော်ဌေးနှင့် ကိုခင်စိုးတို့ကို အာဏာပိုင်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး မကွေး အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်လုံခြုံရေးထိခိုက်အောင် လုပ်ဆောင်မှု ပုဒ်မ ၃၁(က)၊ ၃၁(ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားသည်ဟု ပြောသည်။

နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ကိုဖိုးဖြူအား ယခုကဲ့သို့ ဖမ်းဆီးလိုက်သည့်အပေါ် “ကိုဖိုးဖြူကို ဒီလိုလုပ်တဲ့အတွက် လူတွေကတော့ အရမ်းကို မကျေမနပ်ဖြစ်နေကြတယ်၊ တကယ်တော်တဲ့သူတယောက်ကို သက်သက်မဲ့လုပ်လိုက်တာလို့ လူတွေက ပြောနေကြတယ်” ဟု အဆိုပါ အမည်မဖော်လိုသူက ဆက်လက်ပြောဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်


မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။

VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့ HBO ကုမ္မဏီက စီစဉ်နေပါတယ်။(rfa)

Saturday, 17 January 2009

ပြည်တော်ပြန်မြန်မာများကိုလေဆိပ်ကပစ္စည်းသိမ်း

သူတောင်းစားဇာတ် က နေကြသော မြန်မာရဲ နှင့် လဝကများ

ရေးသူ..တင်ကျော်ကျော်စိုး


အသက်၃၅နှစ်အရွယ်ရှိ စင်္ကာပူနိုင်ငံမှပြန်လာသူ ကိုတင်ထွန်းအောင်၏ ပြောပြချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လ၀ကမှနိုင်ငံရပ်ခြားမှ စီးပွားပျက်ကပ်ကြောင့်အလုပ်ပြုတ်၍ ပြန်လာသူများကိုလေဆိပ်တွင်သေချာစွာစိစစ်၍ ရှာဖွေမှုများပြုလုပ်ကြောင်း သိရသည်။

စင်္ကာပူတွင် ၅နှစ်ကြာအလုပ်လုပ်ခဲ့၍ ဇန်န၀ါရီလ ၈ ရက်နေ့ ကရန်ကုန်မြို့သို့ပြန်လာခဲ့သူများကို လေဆိပ်လ၀ကနှင့်ရဲများက ပါလာသည့်ပစ္စည်းများကိုမွှေနှောက်ရှာဖွေ၍ ဟန်းဆက်၊ လပ်တောပ်အစရှိသည့်ပစ္စည်းမျာကို သိမ်းယူခဲ့ကြောင်းစုံစမ်း သိရှိရသည်။ “ကျွန်မကိုင်နေကြ လပ်တောပ်အဟောင်းလေးနဲ့ ပြန်ကါနီး ဂျူရောင်းကနေ ၀ယ်ခဲ့တဲ့အသစ်လေးတစ်လုံးပါတယ်။ လေဆိပ်ရောက်တော့ ရဲကော လ၀ကကောက အကောက်ခွန်ဥပဒေနဲ့ငြိတယ်၊ လူပါဖမ်းလို့ရတယ်ဆိုပြီး သိမ်းသွားတယ်၊ သွားပြောတော့ရံပုံငွေတစ်သိန်းထည့်ခဲ့ပါ လို့ပြောလို့ထည့်ခဲ့ရတယ်” လို့စင်္ကာပူတွင် စာရင်းကိုင်လုပ်ခဲ့သည့် မနီနီဦးက Freedom News Group သို့ပြောပြသည်။

“ကျွန်တော်ဆီကတော့ Sony Ericcson ဟန်းဆက်တစ်လုံးသိမ်းသွားတယ်။ ကြားတာတော့ သူတို့လူကြီးကိုတိုင်ကိုက နိုင်ငံခြားမှာ ကျွန်သွားခံပြီး အခြေမလှမှ ပြန်လာတဲ့သူတွေ တစ်ခုထက်ပိုရင် အကုန်သိမ်းဖို့ညွှန်ကြားထားတယ်” လို့တာဝန်ကျ အောက်ခြေ ၀န်ထမ်းတစ်ဦးဆီမှ သူကြားခဲ့ရကြောင်း ကိုတင်ထွန်းအောင်က ပြောသည်။

စစ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် မြန်မာနိုင်ငံသား ၁၀ သန်းကျော်မှာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေရပြီး ထိုလူများကိုအခွန်ကောက်ရုံမှလွဲ၍ မြန်မာအစိုးရက မည်သည့်အာမခံမှုမှမပေးချေ။