Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 24 January 2009

မြန်မာကို ကမ္ဘာသိအောင်လုပ်သည့် နအဖ၏ အစွမ်း

ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသားသီချင်း မှားဖွင့်လို့ အရှက်ရ
သတင်း - ခေတ်ပြိုင်
ဇန်န၀ါရီ (၂၂) ရက်နေ့က ဂျာမနီနိုင်ငံ၌ မြန်မာသံရုံးမှ လွတ်လပ်ရေးနေ့အခမ်းအနားကို ဘာလင်မြို့ ဗီယက်နမ် စားသောက်ဆိုင်တခု၌ ညနေ (၆) နာရီမှ ည (၈) နာရီထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံတော်သီချင်းအစား နာဇီခေတ်ဂျာမန်အမျိုးသားသီချင်းကို မှားဖွင့်ခဲ့သဖြင့် ဂျာမနီနိုင်ငံခြားရေးဌာနထိ တောင်းပန်ခဲ့ရသည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံတော်သီချင်းဖြင့် အဖွင့်အမှာစကားပြောကြားရမည့်အစား နာဇီခေတ် ဂျာမနီနိုင်ငံ၏ အမျိုးသားသီချင်းကို မှားယွင်းဖွင့်မိခဲ့သည့်အတွက် မြန်မာသံရုံးမှတာဝန်ရှိသူများက ဂျာမန်နိုင်ငံခြားရေးဌာနသို့ လိုက်လံတောင်းပန်ခဲ့ရသည်ဟု သိရသည်။

၎င်းတို့ဖွင့်ခဲ့သောသီချင်းသည် နာဇီခေတ်က အဖနိုင်ငံတော်ဟု အမည်ပေးကင်ပွန်းတပ်ထားသော သီချင်းဖြစ်ပြီး ထိုသီချင်းကို မဖွင့်ရန် တားမြစ်ထားသည်ဟု သိရသည်။

အဆိုပါပွဲအပြီးတွင် မြန်မာသံရုံးမှဝန်ထမ်းတဦး မူးယစ်ရမ်းကားသဖြင့် ကျန်ဝန်ထမ်းများနှင့် အနီးရှိ မြန်မာများက ၀င်ရောက်ဖျန်ဖြေပေးခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

voice ဘာလင် မြန်မာသံရုံးဧည့်ခံပွဲမှာ မှားဖွင့်ခဲ့သည့် နာဇီပါတီသီချင်း နားဆင်ရန်

No comments: