Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday, 21 January 2009

စာရေးဆရာဦးသန့် (သို့မဟုတ်) ငြိမ်းချမ်းရေးကိုချစ်သူ

(၁၉၀၉-၂၀၀၉ ဦးသန့်နှစ်(၁၀၀)ပြည့်အမှတ်တရ...)

၂၀၀၉ ခုနှစ် ဇန်ဝါရီလ ၂၂ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ နှစ်(၁၀၀)ပြည့်မြောက်သောနေ့ ဖြစ်ပေသည်။

ဦးသန့်သည် အာရှနိုင်ငံများမှ ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တတိယမြောက် ခန့်ထားခြင်းခံရသော မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည်။ ဦးသန့်ရှေ့မှ ပထမဆုံးအတွင်းရေးမှူးချုပ်မှာ ထရစ်ဗီလီး (နော်ဝေနိုင်ငံသား)ဖြစ်ပြီး ဒုတိယမြောက်အတွင်းရေးမှူးချုပ်မှာ ဒက်ခ်ဟမ္မားရှိုးလ် (ဆွီဒင် နိုင်ငံသား)ဖြစ်သည်။


မြန်မာနိုင်ငံမှ ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာခြင်းအတွက် ကမ္ဘာ့နိုင်ငံများအားလုံးက မြန်မာနိုင်ငံကို အသိအမှတ်ပြု လေးစားလာကြသည်။ အဓိက ဦးသန့်၏ ကမ္ဘာ့နိုင်ငံရေးပြဿနာများ၊ ကမ္ဘာ့လူသားအားလုံး၏ ငြိမ်းချမ်းရေးကိစ္စများတွင် ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အပင်ပန်းခံကာ ကြိုးစားဆောင်ရွက်မှုကြောင့်လည်းကောင်း၊ ဥာဏ်ပညာအမြော်အမြင်နှင့် စိတ်ထားမွန်မြတ်မှု၊ သဘောထားကြီးမှု၊ မေတ္တာကရုဏာတရားနှင့် ကိုယ်ချင်းစာနာမှု စသည့် အခြေခံလူ့ကျင့်သိက္ခာ၊ စာရိတ္တကောင်းများနှင့် ပြည့်စုံမှုကြောင့်လည်းကောင်း၊ ဦးသန့် ကို ကမ္ဘာ့နိုင်ငံများက ချစ်ခင်လေးစား ကြသည်။

ဦးသန့်သည် ကမ္ဘာတွင် မြန်မာနိုင်ငံ၏ ထူးချွန်ထက်မြက်သော သားကောင်းရတနာတစ်ဦးဖြစ်သကဲ့သို့ ဦးသန့်ကြောင့် ကမ္ဘာတွင် မြန်မာဟေ့လို့ မြန်မာနိုင်ငံ ဂုဏ်ရှိန်တက်ခဲ့ရသည်။

ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန် န၀ါရီလ ၂၂ ရက်နေ့က မွေးဖွားခဲ့သည်။ မွေးချင်းလေး ဦးအနက် အကိုအကြီးဆုံးဖြစ်သည်။ ဦးသန့်အောက်တွင် ဦးခန့်၊ ဦးသောင်း၊ ဦးတင်မောင် ညီငယ်သုံးဦးရှိသည်။ ဦးသန့်မှာ ငယ်စဉ်က ပန်းတနော်မြို့ အမျိုးသား ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ် (ယခင်က ယူနီဗာစီတီကောလိပ်) တွင် ဆက်လက်ပညာ သင်ကြားခဲ့ရာ ၁၉၂၈ ခုနှစ်တွင် ဥပစာတန်းစာမေးပွဲအောင်မြင်ခဲ့သည်။ ၎င်းနောက် ပန်းတနော်အမျိုးသား အထက်တန်း ကျောင်း၌ပင် အထက်တန်းပြဆရာဝင်လုပ်ခဲ့သည်။

အသက် ၂၆ နှစ်တွင် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ရာ သမီးကြီး အေးအေးသန့်နှင့် သားငယ် တင်မောင်သန့်တို့နှစ်ဦး မွေးဖွားခဲ့သည်။ သားငယ်တင်မောင်သန့်မှာ ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးတွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျ၍ သေဆုံးခဲ့သည်။ ဦးသန့်သည် ကျောင်းဆရာဘ၀မှထွက်ပြီး ရန်ကုန်သို့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ပြောင်းရွှေ့လာခဲ့သည်။ ဦးသန့်၏ အဓိကရည်ရွယ်ချက်မှာ စာရေးဆရာ၊ သတင်းစာဆရာ ဘ၀များနှင့် မဂ္ဂဇင်းထုတ်ဝေရန် ရည်ရွယ်ချက်ရှိခဲ့သည်။ မဂ္ဂဇင်းထုတ်ဝေရန် သူငယ်ချင်းဖြစ်သူ ဦးနု(၀န်ကြီးချုပ်)နှင့် တိုင်ပင်သောအခါ ဦးနုက ကန့်ကွက်ခဲ့ပြီး ၎င်း၏ အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ပါဝင်ရန် အလိုရှိနေခဲ့သည်။ ဦးသန့်မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ရေးဖတ်ပြောဆိုနိုင်သူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ဦးသန့်မှာ မိမိဖြစ်လိုသော စာနယ်ဇင်းဆရာဘ၀ကို စွန့်လွှတ်ကာ မမျှော်လင့်ဘဲ ဦးနု၏နိုင်ငံရေးနယ်ပယ်တွင်းသို့ ရောက်ရှိသွားတော့သည်။

ဦးသန့်သည် မြန်မာ့နိုင်ငံရေးလောက၌ ၀န်ကြီးချုပ် ဦးနုလက်ထက်တွင် လည်းကောင်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရလက်ထက်တွင် လည်းကောင်း၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သဖြင့် ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်ထားခြင်းခံရပြီး နောက်ဆုံးတွင် ကမ္ဘာ့ အဆင့်အမြင့်ဆုံးရာထူးဖြစ်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကိုပါ ကမ္ဘာ့နိုင်ငံများက ကန့်ကွက်မဲမရှိ ပေးအပ်ခန့်ထားခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံ ပြည်တွင်းတွင်...
- ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးပြန်လည်စု စည်းမှု၌ အတွင်းရေးမှူးတာဝန်၊
- ၁၉၄၇ ခုနှစ်တွင် သတင်းနှင့်စာနယ်ဇင်းညွှန်ကြားရေး မှူးတာဝန်၊
- ၁၉၄၈ ခုနှစ်တွင် ပြန်ကြားရေးဌာန၊ ညွှန်ကြားရေးဝန်၊
- ၁၉၅၁ ခုနှစ်တွင် သမိုင်းကော်မရှင်နှင့် ဘာသာပြန်စာ ပေအသင်း၊
- ၁၉၅၂ ခုနှစ်တွင် ရုပ်ရှင်အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည် တော်သာရှစ်နှစ်စီမံကိန်းရေးဆွဲရေးတာဝန်၊
- ၁၉၅၃ ခုနှစ်တွင် ၀န်ကြီးချုပ်ရုံး စီမံကိန်းအတွင်းဝန်၊
- ၁၉၅၅ ခုနှစ်တွင် ၀န်ကြီးချုပ်ဦးနု၏ အတွင်းဝန်ရာထူး နှင့်စီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့အတွင်းဝန်

မြန်မာနိုင်ငံ၏ပြင်ပတွင်...၊
- ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး၊
- ၁၉၆၀ ပြည့်နှစ်တွင် ကုလသမဂ္ဂရန်ပုံငွေ တိုးပွားရေး အဖွဲ့၏ ဥက္ကဋ္ဌ၊
- ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၃ရက်နေ့၌ ရုတ်တရက် ကွယ်လွန်သွားသော ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ခ်ဟမ္မားရှိုးလ်၏ ကျန်ရစ်သောသက်တမ်း အတွက် ယာယီအတွင်းရေးမှူးချုပ်တာဝန်၊
- ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရားဝင် အမြဲတမ်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို တတိယမြောက် ခန့်ထားခြင်းခံရပြီး ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးသန့် အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့စဉ်က အဓိက ဖြေရှင်းခဲ့ရသော ပြဿနာများမှာ ကျူးဘားပြဿနာ၊ ဆိုက်ပရပ်(စ်)ပြဿနာ၊ အင်ဒိုနီးရှားနှင့် အီရီယံကျွန်း ပြဿနာနှင့် ဗီယက်နမ်အရေးအခင်းတို့ဖြစ်သည်။ ၎င်းပြဿနာများကိုလည်း အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ယုံကြည်လေးစားခြင်းကို ခံခဲ့ရသည်။

ဦးသန့်သည် မြန်မာနိုင်ငံတွင်းမှ ၁၉၄၉ ခုနှစ် တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီဘွဲ့၊ ၁၉၅၇ ခုနှစ်တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေ စည်သူဘွဲ့များရရှိခဲ့သည်။

ပြည်ပကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ် ၂၅ ခုမှ အယ်လ်အယ်လ်ဒီဘွဲ့များနှင့် ပါရဂူဒေါက်တာဘွဲ့ငါးခုကိုလည်း ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ နေရူးဆုကိုလည်းရရှိခဲ့သည်။

စာရေးဆရာဘ၀နှင့် သတင်းစာဆရာဘ၀ကို ခုံမင်မြတ်နိုးသောဦးသန့်သည် ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီးစာအုပ်ကိုလည်းကောင်း၊ ပြည်တော်သာခရီး စာအုပ်ကိုလည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။ ဦးသန့်၏ ပြည်တော်သာခရီးစာအုပ်မှာ သုံးတွဲရှိသည်။ ၎င်းစာအုပ်တွင် လွတ်လပ်ရေးဆုံးရှုံးမှုနှင့်ပတ်သက်၍ မျိုးချစ်မြန်မာတို့ ဦးဆွေးဆံမြည့်တော်လှန်ခုခံခဲ့ကြပုံ၊ လှေခွက်ချည်းကျန်အလံမလှဲစေရဆိုသော အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ညွှန်းထားသည်ကိုတွေ့ရသည်။ ဥပမာ .. “တစ်ခါက တော်လှန်ရေးမြန်မာသူရဲကောင်းတို့အား တိုက်ခိုက်ရန် မေဂျာဂျင်နရယ်နှစ်ဦး၊ ဗရီးဂေးရီးယားဂျင်နရယ် ခြောက်ဦးတို့၊ ကွပ်ကဲအုပ်ချုပ်သော စစ်သားသုံးသောင်းနှစ်ထောင်ပါ တပ်ကြီးများကိုပင် စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။ ထိုတပ်ကိုရင်ဆိုင်ရန်အတွက် ရင်မြေကတုတ်လုပ်၍ အရိုးကြေကြေ၊ အရေစုတ်စုတ် အနိုင်မခံ အရှုံးမပေးသော တော်လှန်ရေးကာလတွင် ဗိုလ်မင်းရောင်အစရှိသည့် တော်လှန်ရေးခေါင်းဆောင်များ ထင်ရှားကျော်ကြားလာခဲ့ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဗြိတိသျှတပ်များသည် ဗိုလ်မင်းရောင်၏အမည်ကို ကြောက်ရွံ့ခဲ့ကြလေသည်”
(စာ-၁၄၉၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့်၊ စာရေး သူ တက္ကသိုလ်စိန်တင်စာအုပ်မှ)

၎င်းင်းနောက် ဂျပန်များ မြန်မာနိုင်ငံသို့ ၀င်လာပြီး မြန်မာများကို လိမ်လည်လှည့်ဖြားခဲ့ပုံကိုလည်း ဤသို့ ရေးသားထားပြန်သည်။
“ဂျပန်စစ်အာဏာပိုင်တို့ကား လုံးဝလွတ်လပ်ရေးပေးရန် လာရောက်ကြသည်မဟုတ်၊ မိမိတို့လက်သုံး ကြွေးကြော်သံဖြစ်သော (အာရှ သာတူညီမျှစနစ်) ဟူသော စကားလုံးဖြင့် လှည့်စားလျက်ရှိသည်ကို တွေ့ရပေသည်။ ဗြိတိသျှတို့၏ အာဏာစက်သည် မြန်မာနိုင်ငံမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဖက်ဆစ်ဂျပန်တို့၏ အာဏာစက်တို့ကို အစားထိုးရန် ကြံစည်ခဲ့သည်မှာ ထင်ရှားစွာ ပေါ်ပေါက် လာတော့၏”
(စာ-၁၅၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာဦးသန့်၊ စာ ရေးသူတက္ကသိုလ်စိန် တင်၏စာအုပ်မှ)

ဦးသန့်သည် နိုင်ငံရေးစာပေ၊ ဘာသာပြန်စာပေ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာစာပေ၊ ဝေဖန်ရေးစာပေများ စသည့် စကားပြေဆောင်ပါးများကို ထိုခေတ်က ထုတ်ဝေခဲ့ သော သတင်းစာများ၊ ဂန္ထလောက မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်သာမက “သီလ၀”အမည်နှင့် ကဗျာ များကိုလည်း ရေးသားခဲ့သည်ကိုတွေ့ရသည်။ ၁၂၉၆ ခုနှစ် နယုန်လထုတ် ဂန္ထလောကအတွဲ-၁၉၊ အမှတ်-၁၁၃ တွင် ပါရှိသော ဦးသန့်(သီလ၀)၏ ကဗျာကို ကြည့်ရအောင်-

မငိုနဲ့ကွယ်
အိုအေအေ အမေချော့လို့
တိတ်ပါတော့ မယ့်သည်းချာ
ခိုပြာခိုဖြူနဲ့
တကူကူ ဂျိုးတွေရောက်ပါလို့
မိတ္ထီလာ ကန်တော်အောက်ဆီက
ဘားကောက်ဘို့အမေမှာ။ ။
အေအိုအို ကြောင်ကြီးက
အမြီးခတ်တိုတို
မေ့သားကို လာ၍ကိုက်ပါလိမ့်
မေရိုက်မယ် မောင်မငိုနဲ့
ဒီကြောင်အို အဆီစားပါလို့
အသားကို သူမျိုတတ်တယ်ကွဲ့
ရပ်တော့အသာ။ ။
အိုအေအေ ပါးပြင်နုမှာလေ
ပုလဲဥမျက်ရည်ယို
သည်တိုင်းသာ အငိုဆက်ရင်ဖြင့်
ခက်လေပြီ သည်တမိမှာတော့
ကလေးဘေ ဘယ်မှာရှိလေဘိ
သိချင်လှ စိတ်မကြည်
ဘယ်ဆီမှ မရှာအား။ ။
အိုအေအေ အသာပိုက်ပါလို့
ရွှေနို့ချို အမေတိုက်မယ်ကွဲ့
ငိုရှိုက်ကာ မောင်မနေနဲ့
ကလေးဘေ ပြန်လာရောက်ခါမှ
စားသောက်ရန် ချိုချဉ်လှိုင်၍
နှစ်ယောက်ပြိုင် အတူချော့မယ်ကွယ်
တိတ်တော့မေ့သား။ ။

(မူရင်းစကားလုံးအတိုင်း ဖော်ပြထားပါသည်)

မိခင်တစ်ဦး၏ သားချော့ကဗျာလေးကို ဦးသန့်သည် လှပချစ်စဖွယ် ရှုမြင်တင်ပြထားပုံမှာ ကဗျာ၏ အသက်ပင်ဖြစ်ပါသည်။

ဦးသန့်သည် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးများတွင် အထူးကြီးမားသော တာဝန်များကို ထမ်းဆောင်ခဲ့ရလင့်ကစား၊ တစ်ဖက်မှ မိမိဝါသနာပါသော စာပေရေးသားခြင်းများကိုလည်း ၀ါသနာထုံခဲ့သူဖြစ်ပါသည်။ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှ အငြိမ်းစားယူပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သိန်းတင်နှင့် သမီးအေးအေးသန့်တို့ ကျန်ရစ်ခဲ့သည်။

ဦးသန့်၏ ရုပ်အလောင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ သယ်ဆောင်လာပြီး ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ဂူဗိမာန်၊ မိဖုရား စုဖုရားလတ်ဂူဗိမာန်တို့နှင့်အတူ ယှဉ်တွဲလျက် ဦးသန့်ဂူဗိမာန်ကို တည်ဆောက်ထားသည်။

ဦးသန့်သည် ကမ္ဘာ့နိုင်ငံများအလယ်တွင် မြန်မာ့သတ္တိ၊ မြန်မာ့ဇာတိမာန်၊ မြန်မာတို့၏ ဖြူစင်ရိုးဖြောင့်သော စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများကို ဖော်ပြနိုင်စွမ်းသော မြန်မာ့သားကောင်းရတနာ အာဇာနည်တစ်ဦးဖြစ်သကဲ့သို့ ကျွန်တော်တို့နှင့်တကွ နောင်လာ နောက်သား မျိုးဆက်သစ်များ အတုယူကြိုးစားရမည့် လူကြီးလူကောင်းပီသသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် ဂုဏ်ယူရမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။ ။

ကိုဂြိုး

ဦးသန့် ဈာပန အရေးတော်ပုံ

Tuesday, 20 January 2009

ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း

Sydney Morning Herald
ဇန်န၀ါရီ ၂၀၊ ၂၀၀၉


 သြစတေးလျနိုင်ငံ၊ ရုပ်မြင်သံကြားသတင်းအစီအစဉ်တခုတွင် တွေ့ရသော မြန်မာပြည်သား ငါးဖမ်းလှေလုပ်သား ၂ ဦး။
(ဓာတ်ပုံ-ကေအေ၀ိုင်)

ပင်လယ်အတွင်း ၂၅ ရက်ကြာ မျောပါနေခဲ့သော မြန်မာလူငယ် ၂ဦးက ၎င်းတို့၏ သေကံမရောက် သက်မပျောက်သည့် အတွေ့အကြုံအချို့ကို ရှင်းပြခဲ့သည်။

ထို ၂ ဦးမှာ ကိုကိုဦး (အသက် ၂၂ နှစ်)၊ သောင်းထိုက် (အသက် ၂၄ နှစ်) တို့ ဖြစ်သည်။

ကိုကိုဦးက “ပထမ ဆယ်ရက်က ဘာမှ စားစရာမရှိဘူး” ဟု Thursday Island ဆေးရုံတွင်ရှိနေစဉ် စကားပြန်မှတဆင့် ရှင်းပြသည်။ “နောက်တော့ ပင်လယ်ငှက် အကြီးကြီး ၂ကောင် ရောက်လာပြီး ငါးအသေးလေးတွေကို အန်ထုတ်တယ်။ ၇ ကောင် ၈ ကောင်လောက်ရှိမယ်။ စားခဲ့ရတာ အဲဒါတွေပဲ။” ဟု ဆိုသည်။

ရေခဲကန်ထဲမှ ငါးများကို စားသုံးပြီး ရှင်သန်ခဲ့ရသည်ဟု အများက ယူဆထားခဲ့ခြင်းဖြစ်သည်။ ဆေးရုံမှ ယနေ့ ညနေ ၃ နာရီတွင် ဆင်းလာသော ၎င်းတို့နှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိများထံသို့ အပ်နှံလိုက်သည်ဟု ဆိုသည်။ အာဏာပိုင်တို့ ၎င်းတို့ကို Horn Island ရှိ ဟိုတယ်တခုတွင် စစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။

၎င်းတို့အား ပင်လယ်တွင်းမှ ကယ်ဆယ်ခဲ့သူများက ၎င်းတို့သည် အမှန်တကယ် လှေမှောက်ပြီး ဒုက္ခရောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း ဒေသခံအချို့က ၎င်းတို့ကို သံသယ ရှိနေကြသည်။

ကိုကိုဦးက ထိုင်းငါးဖမ်းလှေတွင် သြဂုတ်လမှစပြီး အလုပ်ဝင်ခဲ့သည်ဟု ဆိုသည်။ “မင်း ဒီမှာ မလုပ်ဘူးဆိုရင် မင်းကို သတ်ပစ်မယ်၊ သေနတ်နဲ့ပစ်မယ်” ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

ငါးဖမ်းလှေသည် လှိုင်းဒဏ်ကြောင့် ပျက်စီး နစ်မြှုပ်ခဲ့ရကြောင်း ရှင်းပြသည်။

ပေါက်သွားသည့် လှေဝမ်းကို ဖာထေးရန် ကြိုးပမ်းခဲ့ကြသေးသည်ဟု ဆိုသည်။ “လှိုင်းက သိပ်ကြီးတယ်။ လှေက ကွဲသွားတော့တာပဲ။ လူတိုင်း ကြောက်နေကြတယ်။ ရေထဲ ခုန်ချကြတာပဲ” ဟု ဆိုသည်။

ကိုကိုဦးက ရေခဲသေတ္တာကြီးကို လှေပေါ်မှ တွန်းချပြီး လိုက်ပါခဲ့သည်ဟု ဆိုသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကို ခေါ်ယူခဲ့သော်လည်း ရေလှိုင်းများကြောင့် လူစုကွဲသွားသည်ဟု ပြောပြသည်။

တော့ရက်စ် ပင်လယ်အော် ကို အံတုခဲ့ တဲ့  မြန်မာနိုင်ငံသား နှစ်ဦး

တော့ရက်စ် ပင်လယ်အော် ရေလက်ကြား မှာရေခဲပုံးထဲမှာမျော်ပါလာတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်
ဇန္န၀ါရီလ ၁ရ ရက်နေ့ က တွေ့ရစဉ် ( ပုံ- သြစတေးလီးယား အကောက်အခွန်ဌာန)

-၀င်းအောင်-
ကင်ဘာရာ၊ သြစတေးလီးယား

သြစတေးလီးယားနိုင်ငံပိုင်ပင်လယ်ထဲမှာ ရေခဲပုံးထဲမှာ မျော်ပါနေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂ဦးကို သြစတေးလီးယား အာဏာပိုင်တွေက တွေ့ရှိ ပြီး ကယ်ဆယ်ခဲ့ရတယ်လို့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။ သူတို့ဟာ ၁၈ ယောက် စီးလာတဲ့ သူတို့ ငါးဖမ်းသင်္ဘောလှေ နစ်မြုပ်သွားပြီးနောက် ပင်လယ်ထဲမှာ ၂၅ ရက်ကြာမျော်နေခဲ့ကြတာ ဖြစ်ပါတယ်။

ကယ်ဆယ်ခံခဲ့ကြရတဲ့ သူ ၂ ဦးဟာ အသက် ၂၂ နှစ် နဲ့ ၂၄ နှစ် ရှိ မြန်မာနိုင်ငံသား တွေဖြစ်ကြပြီး၊ သူတို့ ကို ရဟတ်ယာဉ် ဖြင့် တော့ရက်စ် ရေလက်ကြား ( Torres Strait )ကနေ ကယ်ဆယ်ခဲ့ကြပြီး၊ ကွင်းလန်းပြည်နယ် (Queensland state) ကမ်းခြေရှိ ဆေးရုံတရုံသို့ သယ်ဆောင်လာခဲ့ကြတယ်လို့ သြစတေးလီးယား ကမ်းခြေစောင့် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီး ထရေစီဂျဂင်စ်က အတည်ပြုပြောကြားခဲ့ပါတယ်။

သူတို့ဟာ ပင်လယ်ထဲမှာ ခါးလောက်မြင့်တဲ့ ပန်းရောင် ရေခဲပုံးထဲမှာ လှိုင်းနဲ့အတူမျော်ပါနေတာကို ကမ်းခြေ ရဟတ်ယာဉ်တွေနဲ့ ထိမ်းသိမ်း စောင့်ရှောက်နေကြတဲ့ နယ်စပ် အကောက်အခွန်တာဝန်ရှိ အမှုထမ်းတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ပြောပြချက်အရ ပေ ၃၀ သစ်သားနဲ့ပြုလုပ်ထားတဲ့ ငါးဖမ်းလှေဟာ ဒီဇင်ဘာ ၂၃ ရက်နေ့က နစ်မြုပ်ခဲ့ပြီး၊ လှေထဲမှာ စုစုပေါင်း ငါးဖမ်း သင်္ဘောသား ယောက် ၂၀ ပါလာခဲ့ကြတယ်။ သူတို့ဟာ မြန်မာနဲ့ ထိုင်းနိုင်ငံ ကဖြစ်ကြတယ်။ သူတို့ဟာ ပေါလောပေါ်နိုင်တဲ့ ရေခဲပုံးနဲ့အတူ မျော်ပါလာ ခဲ့ကြတယ်။ သူတို့ မျောနေတဲ့အချိန်မှာ ဘာတွေ စားသောက်ခဲ့ကြတယ်ဆိုတာ မသိခဲ့ရသေးပါဘူလို့ သြစတေးလီးယား ကမ်းခြေလုံခြုံရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီး ထရေစီဂျဂင်စ်က ဆိုတယ်။

သူတို့ကို ကယ်ဆယ်ခဲ့တဲ့ လေယာဉ်မှူးတဦးကတော့ သူတို့ဟာ ရဟတ်ယာဥိပေါ်မှာ ဂါလံဝက်လောက်ရှိတဲ့ ရေ ကို ၄ စက္ကန့်အတွင်း ကုန်အောင်သောက်ခဲ့ကြတယ်လို့ ဆဲဗင်းရုပ်မြင်သံကြားနဲ့တွေ့ဆုံဆွေးနွေးခန်းမှာ သတင်းထောက်တွေကို ပြောကြားသွားတယ်။ သူတို့ရဲ့ ကျမ်းမာရေးကို ကုသပေးနေတဲ့ ဆေးရုံက ဆရာဝန် ဒေါက်တာ သြစကာ ၀ိုက်ဟတ်ဒ် က အစားအစာနဲ့ ရေ ပြတ်လက်ခဲ့တာကြောင့် မောပန်းနွမ်းနယ်တာက လွှဲလို့ ကျမ်းမာရေးအခြေအနေဟာ တနေ့ထက်တနေ့ ကောင်းမွန်နေပါတယ်လို့ဆိုတယ်။

သြစတေးလီးယား လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးအကဲ ဆန်ဒီလိုဂန်ကတော့ သူတို့ကို ကမ်းခြေရှိ သြစတေးလီးယား လူဝင်မှုကြီးကြပ်ရေးဌာနကစောင့်ကြည့်နေတဲ့ တည်းခိုခန်းမှာ ထိမ်းသိမ်းစောင့်ရှောက် ထားပြီး၊ သူတို့ရဲ့ မွေးရပ်ဇာတိနဲ့ သက်သေခံ ကပ်ပြားတွေနဲ့ ပက်သက်တဲ့ မေးခွန်းတွေကို မေးမြန်းစုံစမ်းမှု တွေပြူလုပ်နေပါတယ်။ ဒါပေမဲ့လည်း သူတို့ ၂ ယောက် စလုံးမှာ သက်သေခံကပ်ပြားတွေ မရှိကြဘူး လို့ပြော ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးအကဲ ဆန်ဒီလိုဂန်ကတော့ သူတို့ကို ဘယ်လောက်ကြာကြာ ထိမ်းသိမ်းစောင့်ရှောက်ထားမယ်ဆိုတာကိုတော့ သူမ မသိရှိပါဘူးလို့ ပြောပါတယ်။

ကင်ဘာရာ ရှိ မြန်မာသံရုံးကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာ ဆက်သွယ်မှု မှ မပြုလုပ်သလို၊ ဘာတခုမှ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိဘူလို့ ဆိုတယ်။

သြစတေးလီးယား တာဝန်ရှိသူတွေကတော့ သူတို့ စီးလာတဲ့ ငါးဖမ်းလှေ ဘာကြောင့်နစ်မြုပ်ခဲ့ တယ်ဆိုတာ အတိအကျ မသိရပေမဲ့ ၊ သင်္ဘောဟာ ရေအောက် မနစ် မြုပ်ခင် ၊ အချိန်တောတော ကြာအောင် ပေါ်နေခဲ့တယ်လို့ဆိုတယ်။ သူတို့ ၂ ဦး အဆိုအရ နစ်မြုပ်စဉ် ကျန်တဲ့သူတွေဆီမှာ ရေခဲပုံးလို ပေါ်စေနိုင် အရာ (သို့ ) ဘာ အသက်ကယ် ပစ္စည်းမှ မရှိခဲ့ကြဘူးလို့ပြောဆိုခဲ့တာကြောင့် ကျန်တဲ့သူတွေ အတွက် တော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်။ ရေခဲပုံးလို ပေါ်စေနိုင် အရာ (သို့ ) အသက်ကယ် ပစ္စည်း မရှိဘဲ၊ ဘယ်သူမှ ပင်လယ်ထဲမှာ ၂၅ ရက်ကြာ အသက်ရှင်နေနိုင်မှာမဟုတ်ဘူးလို့ သြစတေးလီးယား တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါသည်။

သြစတေးလီးယား ရောက် မြန်မာများ အနေနဲ့ ဒုက္ခရောက်လာကြတဲ့ သူတို့ ၂ ယောက်ကို အားပေးမှုတွေ၊ လိုအပ်တဲ့ အကူအညီတွေကို ပေးနိုင်ကြဘို့ ကျနော်တို့ အသိပေးအပ်ပါတယ်။

ကိုမိုးသီး blog မှ ကူးယူတင်ပြသည်

Monday, 19 January 2009

အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ်

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။

အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေအားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန်ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။

အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့ သူတွေလည်း ရှိပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမိုကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။

ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့်ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲတွေအားလုံးဟာ တစိတ်တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထုလူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင်ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။

အဲဒီ ကျောင်းသားနဲ့ အလုပ်သမား တိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ်ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့ အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။

ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲအပေါ် သုံးသပ်အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ်ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ်အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရအောင် အစိုးရဆန့်ကျင်သူ မှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။

သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော်ထုတ်ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှား ဖြစ်နေပါပြီ။ တဖက်ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အတည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့ နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။

အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရတရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေအနေအရ ပြည်တွင်းက ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ်အစိုးရကို အောင်ပွဲရအောင် တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံ မျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေးအပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ်ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။

ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ်ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ်မှာဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေ၊ အသင်းအဖွဲ့နဲ့ ပါတီ တခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ် ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုးသားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင်တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့ တော့ လိုအပ်ပါလိမ့်မယ်။

လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာမှုတွေ များပြားလာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ လူမျိုး အဆုံးစွန် ပျက်သုန်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး။

အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ်အာဏာရှင်တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ်ကြဖို့ လိုအပ်ပါတယ်။
စိုးနေလင်း

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ

ကိုယ်ဝန်ဆောင်တောင် မရှောင်နိုင်တဲ့ နအဖ..တရားဥပဒေဆိုတာ ဘယ်မလဲ???
ယုတ်မာမှု့က တရိစ္ဆာန်တွေထက် အောက်တန်းကျတယ်

Sunday, January 18, 2009
ရေးသူ..တင်ကျော်ကျော်စိုး

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် မကေသီအောင်မှာ ဒီဇင်ဘာလ ၂၉ ရက် နေ့က ကိုယ်ဝန်ခြောက်လအရွယ်တွင် သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည် ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်က စစ်ကြောရေးမှ နှိပ်စက်မေးမြန်းသည့်ဒဏ်၊ ထောင်ဝင်စာတွေ့ခွင့် (ဒီဇင်ဘာလက) မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်း မွန်ခြင်း တို့ကြောင့် ဒီဇင်ဘာလထဲတွင် ထောင်ဒဏ်ချမှတ်ခံရပြီးသည့်နောက် သွေးအားနည်းပြီး မူးမေ့ လဲကျရာမှ ကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

ယခုအခါတွင် ဆေးဝါးအလုံအလောက်မရှိသည့် အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု သိရသော်လည်း မကေသီအောင်၏ လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ် ပါစိုးရိမ်ရကြောင်း မန္တလေး အိုးဘို ထောင်နှင့် နီးစပ်သောအသိုင်းအ၀ိုင်းက Freedom News Group သို့ပြောပြသည် ခင်ပွန်းဖြစ်သူ အထက်ဗမာပြည် ဗကသအဖွဲ့ဝင် ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် ကိုထွန်းထွန်းကို ငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီး တံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက် ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကို ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထောင်ဒဏ်၂၆ နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ မကေသီအောင်မှာ ဖမ်းဆီးခံရ သည့်အချိန်ကအသက် ၂၂နှစ်သာရှိသေးသည်။

မြန်မာပြည်အကျဉ်းထောင်များတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံရသည့် အမျိုးသမီး များမှာ အကျဉ်းထောင်တွင်း ဆင်းရဲကျပ်တည်းစွာနေရသည်။ ၁၉၉၈ခုနှစ် ပြည့်သူ့လွှတ်တော်ပေါ်ပေါက် ရေးအတွက် ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူ မဇင်မာအောင်မှာ လည်း နှလုံးရောဂါနှင့် အာရုံကြောအားနည်းခြင်း ဝေဒနာကိုကာလကြာရှည်စွာ ခံစားနေရကြောင်း သိရသည်။

ကြေကွဲ အလွမ်းများနဲ့ ချစ်ပုံပြင်

Media Campaign where everyone can participate

Burma Democratic ConcernBurma crisis is international crisis as everyone is bond in humanity.

BURMA DEMOCRATIC CONCERN (BDC) values everyone's participation and welcome anyone who love justice, freedom and human rights. We are doing the media campaign as part of our strategy for 2009.

We are compiling videos clips (3-5 minutes each) from Burma’s supporters from around the world who are talking about words of support for Burmese people. You can speak with your own languages or in English, French, Italian, Spanish, Portuguese, Russian, Chinese, Japanese, Arabic, German, Dutch or Burmese. But if you use other languages, please provide us with English translated script so as to publish in our web.

You can talk about words of support for Aung San Suu Kyi and Burmese people that we are with them, demanding United Nations Security Council to adopt binding resolution on Burma so as to take practical actions on Burma, demanding respective governments to pressure Burmese military junta to respect people’s will, to honour 1990 elections results in which people voted for Aung San Suu Kyi as their leader but regime still ignore to honour it, demanding to release all political prisoners, and demanding respective governments not to endorse junta’s 2010 elections game plan.

Your messages will be vitamins for Burmese people and it can also raise awareness about Burma crisis which has been happening for nearly half century. It is like forgotten crisis and Burmese people are suffering very tremendously. It will also send the message to United Nations that they must take practical action to solve Burma crisis and the governments around the world.

Together we can restore the democracy in Burma and build the better world.

You can send the video files which can be efficient with you tube to

myothein19@gmail.com
shinminoo@gmail.com
bdcburma@yahoo.com
Thank you very much in advance.

Sunday, 18 January 2009

အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေဆိုးရွားနေ

သံဃာ့သူရဲကောင်း အရှင်ဂမ္ဘီရ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်နေ

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ထောင်အတွင်း အစာငတ်ခံဆန္ဒပြနေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။

မန္တလေး၊ အိုးဘိုထောင်တွင်း၌ ယခုလ (၁၃) ရက်နေ့မှစတင်ကာ မည်သည့်အစားအသောက်ကိုမျှ လက်ခံခြင်းမရှိဘဲ အစာငတ်ခံ ဆန္ဒပြနေသည့်အတွက် အိပ်ယာထဲမှ မထနိုင်ဖြစ်နေကာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကျမတို့သိရတာ ဒီနေ့ပဲ၊ မန္တလေးက မိတ်ဆွေဆီက ဖုန်းဝင်လာလို့သိတာ၊ ဘာကျွေးကျွေး မစားဘူးလို့ပြောတယ်၊ (၁၃) ရက်နေ့က စတာ၊ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးတယ်လို့ ပြောတယ်၊ အိပ်ယာထဲမှာ ပက်လက်ဖြစ်နေတယ်၊ ရေလဲမချိုး၊ ရေတောင်မသောက်ဘူးလို့ ပြောတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်နေ့တွင် ထောင်ဝင်စာ တကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ယခုလ (၁၄ )ရက်နေ့က ဦးဇင်း၏မယ်တော်ဖြစ်သူက ထောင်ဝင်စာသွားတွေ့ရာတွင် တွေ့ခွင့်မရခဲ့သည့်အပြင် ပါဆယ်ပို့ခွင့်ကိုပါ ပိတ်ထားလိုက်ကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဘာကြောင့်လဲဆိုတာတော့ မသိသေးဘူး၊ မိသားစုနဲ့ တွေ့ခွင့်မရတာဘဲလား၊ ဒါမှမဟုတ် ဒီထက်ပိုကြီးတဲ့ ကိစ္စတွေကြောင့်လားတော့မသိဘူး၊ (၁၄) ရက်နေ့မတိုင်ခင်တုန်းကတော့ နေပြည်တော်က လူကြီးတွေလာတယ်လို့ ပြောတယ်၊ အဲဒါတွေနဲ့များ ပတ်သက်နေသလားတော့ မသိဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ အရှင်ဂမ္ဘီရ၏ အခြေအနေသေးစိတ်ကို သိရှိရန်အတွက် မယ်တော်ဖြစ်သူက လာမည့်တနင်္လာနေ့တွင် ထောင်ဝင်စာတွေ့ရန် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာတပါးဖြစ်ပြီး ပြီးခဲ့သည့်နှစ်၊ နိုင်ဝင်ဘာလအတွင်းက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရ

အပြစ်မဲ့ရှေ့နေကို စစ်ခွေးအဆွဲခံရ

နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူကို နယ်မြေခံအာဏာပိုင်များက ရုံးချိန်းအပြန်တွင် ဖမ်းဆီးလိုက်သည်။

ယခုလ (၁၅) ရက်နေ့ ရုံးချိန်းအပြီး ရန်ကုန်သို့ပြန်ရန် အောင်လံမြို့မှအထွက် ကားပေါ်တွင် နယ်မြေခံ (မယက)အာဏာပိုင်များနှင့် (SB)အဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့အမှုကို သက်သေထွက်ပြီး ရန်ကုန်ကိုအပြန်မှာ မကွေးကနေ ကားစီးရမှာ မလုံခြုံလို့ အောင်လံကနေ ကားကိုသွားစောင့်ပြီး စီးတာ၊ အဲဒီမှာ ကားပေါ်မှာပဲ ဖမ်းလိုက်တာ၊ မနေ့က နေ့လည် (၁၂) နာရီခွဲလောက်မှာ ကားနဲ့ မကွေးကိုခေါ်သွားတာ တွေ့လိုက်တယ်” ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ရှေ့နေကိုဖိုးဖြူသည် စစ်တပ်လယ်မြေသိမ်းယူသည့် ကိစ္စကို (ILO) သို့ တိုင်ကြားခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးနှင့် နက်မောက်မြို့မှ ဦးလှစိုးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့က စစ်တပ်လယ်မြေသိမ်းတဲ့ ကိစ္စကို (ILO) ကို တိုင်တာကို အာဏာပိုင်တွေက စစ်လက်နက်ပစ္စည်း သိုလှောင်တာကို ဓါတ်ပုံရိုက်တယ်ဆိုပြီး မတရားအမှုဆင်ဖမ်းတာကို သက်သေထွက်ဆိုပေးတာ၊ အဲဒါက မတရားသက်သက် အမှုဆင်တာကို ဖော်ထုတ်တော့ အာဏာပိုင်တွေက အခုလိုလုပ်တာ” ဟု ဆက်ပြောသည်။

ကိုဇော်ဌေးနှင့် ကိုခင်စိုးတို့ကို အာဏာပိုင်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး မကွေး အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်လုံခြုံရေးထိခိုက်အောင် လုပ်ဆောင်မှု ပုဒ်မ ၃၁(က)၊ ၃၁(ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားသည်ဟု ပြောသည်။

နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ကိုဖိုးဖြူအား ယခုကဲ့သို့ ဖမ်းဆီးလိုက်သည့်အပေါ် “ကိုဖိုးဖြူကို ဒီလိုလုပ်တဲ့အတွက် လူတွေကတော့ အရမ်းကို မကျေမနပ်ဖြစ်နေကြတယ်၊ တကယ်တော်တဲ့သူတယောက်ကို သက်သက်မဲ့လုပ်လိုက်တာလို့ လူတွေက ပြောနေကြတယ်” ဟု အဆိုပါ အမည်မဖော်လိုသူက ဆက်လက်ပြောဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းရုပ်ရှင် ကမ္ဘာကိုဖြန့်ဖို့စီစဉ်


မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲတွေအကြောင်း ပြည်တွင်းမှာရှိတဲ့ DVB သတင်းထောက်တွေ ရိုက်ကူးထားတဲ့ Burma VJ အမည်ရှိ မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ၂၄ နာရီ ရုပ်ရှင် ရုပ်မြင်သံကြားလိုင်းတခုဖြစ်တဲ့ HBO က၀ယ်ယူပြသတော့မှာ ဖြစ်ပါတယ်။

VJ မှတ်တမ်းရုပ်ရှင်ဟာ မကြာသေးခင်က ပြီးသွားတဲ့ နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ အပြည်ပြည်ဆိုင်ရာ မှတ်တမ်း ရုပ်ရှင်ပွဲတော်နဲ့ CPH ရုပ်ရှင်ပွဲတော်တို့မှာ ထိပ်တန်းဆုတွေ ရရှိထားတာကို RFAက ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်မှာ ပြုလုပ်နေတဲ့ ဆန်းဒန့်စ် ရုပ်ရှင်ပွဲတော်မှာ ပြသပြီးသွားတဲ့အခါ၊ ရုပ်သံလှိုင်းကနေ တကမ္ဘာလုံးကို ဖြန့်ချိ ပြသဖို့ HBO ကုမ္မဏီက စီစဉ်နေပါတယ်။(rfa)

Saturday, 17 January 2009

ပြည်တော်ပြန်မြန်မာများကိုလေဆိပ်ကပစ္စည်းသိမ်း

သူတောင်းစားဇာတ် က နေကြသော မြန်မာရဲ နှင့် လဝကများ

ရေးသူ..တင်ကျော်ကျော်စိုး


အသက်၃၅နှစ်အရွယ်ရှိ စင်္ကာပူနိုင်ငံမှပြန်လာသူ ကိုတင်ထွန်းအောင်၏ ပြောပြချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လ၀ကမှနိုင်ငံရပ်ခြားမှ စီးပွားပျက်ကပ်ကြောင့်အလုပ်ပြုတ်၍ ပြန်လာသူများကိုလေဆိပ်တွင်သေချာစွာစိစစ်၍ ရှာဖွေမှုများပြုလုပ်ကြောင်း သိရသည်။

စင်္ကာပူတွင် ၅နှစ်ကြာအလုပ်လုပ်ခဲ့၍ ဇန်န၀ါရီလ ၈ ရက်နေ့ ကရန်ကုန်မြို့သို့ပြန်လာခဲ့သူများကို လေဆိပ်လ၀ကနှင့်ရဲများက ပါလာသည့်ပစ္စည်းများကိုမွှေနှောက်ရှာဖွေ၍ ဟန်းဆက်၊ လပ်တောပ်အစရှိသည့်ပစ္စည်းမျာကို သိမ်းယူခဲ့ကြောင်းစုံစမ်း သိရှိရသည်။ “ကျွန်မကိုင်နေကြ လပ်တောပ်အဟောင်းလေးနဲ့ ပြန်ကါနီး ဂျူရောင်းကနေ ၀ယ်ခဲ့တဲ့အသစ်လေးတစ်လုံးပါတယ်။ လေဆိပ်ရောက်တော့ ရဲကော လ၀ကကောက အကောက်ခွန်ဥပဒေနဲ့ငြိတယ်၊ လူပါဖမ်းလို့ရတယ်ဆိုပြီး သိမ်းသွားတယ်၊ သွားပြောတော့ရံပုံငွေတစ်သိန်းထည့်ခဲ့ပါ လို့ပြောလို့ထည့်ခဲ့ရတယ်” လို့စင်္ကာပူတွင် စာရင်းကိုင်လုပ်ခဲ့သည့် မနီနီဦးက Freedom News Group သို့ပြောပြသည်။

“ကျွန်တော်ဆီကတော့ Sony Ericcson ဟန်းဆက်တစ်လုံးသိမ်းသွားတယ်။ ကြားတာတော့ သူတို့လူကြီးကိုတိုင်ကိုက နိုင်ငံခြားမှာ ကျွန်သွားခံပြီး အခြေမလှမှ ပြန်လာတဲ့သူတွေ တစ်ခုထက်ပိုရင် အကုန်သိမ်းဖို့ညွှန်ကြားထားတယ်” လို့တာဝန်ကျ အောက်ခြေ ၀န်ထမ်းတစ်ဦးဆီမှ သူကြားခဲ့ရကြောင်း ကိုတင်ထွန်းအောင်က ပြောသည်။

စစ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် မြန်မာနိုင်ငံသား ၁၀ သန်းကျော်မှာ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေရပြီး ထိုလူများကိုအခွန်ကောက်ရုံမှလွဲ၍ မြန်မာအစိုးရက မည်သည့်အာမခံမှုမှမပေးချေ။

ဘလောက်ဂါဆိုဒ်ကိုဝင်မရအောင်တားပြီ

ရေးသူ..ညွန့်သက်ထားဦး(Freedom News Group)

၂၀၀၇ခုနှစ်ကုန်ပိုင်းထဲကBlogger ဆိုသည့် ဘလောက်ပို(စ်)များတင်၍ရသည့်ဆိုတ်ကို တားမြစ်ထားသော်လည်း ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် မြန်မာဘလောက်ပို(စ်) တင်သူများလှည့်ဝင်၍ရသည့် https://www2.blogger.com ကိုပါပိတ်ချလိုက်သည် ဟုရန်ကုန်အခြေစိုက် ဘလောက်ဂါတစ် ဦးထံမှကြားရသည်။
၁၄ ရက်နေ့တွင် ထူးဆန်းအံ့သြဖွယ်ရာ www.blogger.com မှပြန်တင်၍ရသည်အထိ ဆိုက်ကိုပိတ်ဆို့ထားခြင်းများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၂၄နာရီအတွင်းမှာပင် မည်သည့်ပရောက်စီနှင့်မှ ကြည့်ရှု၍မရအောင် ပြန်လည်ပိတ်ဆို့လိုက်သည်ဟုသိရသည်။
မည်သူ့ဆီက ပို့မှန်းမသိသော အီမေးတစ်ခုမှနေ၍လည်း ပြည်တွင်းအခြေစိုက် ဘလောက်ဂါတစ်ချို့ထံ ဘလောက်ကို ပိတ်ပစ်ရန်ခြိမ်းခြောက်သောစာများပို့ခဲ့သည်ဟု ကြားသိရသည်။
ဘလောက်ဂါတစ်ဦးလည်းဖြစ်ပရိုဂရမ်မာတစ်ဦးလည်းဖြစ်သည့်ကိုကျော်ကျော်(နာမည်ရင်းမဟုတ်ပါ) က “ကြားရတာတော့ ဘလောက်စစ်ဆင်ရေးလုပ်မယ်၊ သူတို့အခုလုပ်နေတဲ့ပုံက IP တွေကိုစောင့်ဖမ်း တဲ့ ပုံစံလုပ်နေတာ”ဟုရှင်းပြသွားသည်။
www.blogger.com သည်မြန်မာနိုင်ငံတွင်အသုံးအများဆုံးဘလောက်ဆိုတ်တစ်ခုဖြစ်ကာမြန်မာ ဘလောက်ဂါများ၏ ၈၀ရာခိုင်နှန်းကသုံးကြသည်ဟု သိရသည်။

ဆိုင်းဘုတ်များနှင့် တို့တိုင်းဌာနေ

သတင်းသမားမို့ ခရီးမကြာခဏ ထွက်ဖြစ်သည်။ မြန်မာပြည်အနှံ့ မြို့တော်တော်များများ ရောက်ခဲ့ဖူးပြီ။ ရောက်ခဲ့သည့် မြို့တွေအ၀င်တိုင်း အရောင်တူ အဓိပ္ပာယ်တူ ဆိုင်းဘုတ်တခုက စိတ်အနှောက်အယှက်ပေးမြဲ။ စိတ်ဆိုးဒေါသ ထွက်ရသလို ရယ်စရာကောင်းသည့် ဟာသတခု ဖတ်ရသလို ကြိတ်ရယ်ခဲ့ရမြဲ။ မတူကွဲပြားသည့် ရသနှစ်ခုပေးစွမ်းသည့် အစိမ်းရောင်အောက်ခံအပေါ် အဖြူရောင်စာလုံးများဖြင့် ရေးသားထားသော ဆောင်ပုဒ်တခု ဖြစ်သည်။ ထိုဆောင်ပုဒ်မှာ လွန်ခဲ့သော ၁၅နှစ်ကျော်လောက်ကတည်းက ပေါ်ခဲ့သော ဆောင်ပုဒ်ဖြစ်မည်ဟု သူထင်သည်။ ဘယ်ပညာရှိက ဖော်ထုတ်ပြီး အဆိုပါ ဆောင်ပုဒ် ရေးထားသော ဆိုင်းဘုတ်ကို မြို့တိုင်းမစိုက်မနေရ စိုက်ထူစေခဲ့သော ဆိုင်းဘုတ်မှန်းတော့မသိ။ သတင်းထောက်ဖြစ်ပြီး ဒီဆိုင်းဘုတ် အကြောင်း မသိသည်ကတော့ ညံ့ရာကျမှန်း ကိုယ့်ဘာသာ ၀န်ခံရပေမည်။

မြန်မာပြည်အ၀ှမ်းမြို့တိုင်းတွင်တွေ့ကြရသည့်ထိုဆိုင်းဘုတ်ကား…..

"မြို့ရွာများ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရမည်"ဟု ကြွေးကျော်ထားသော ဆိုင်းဘုတ်တော်ကြီးပင် ဖြစ်ပါသည်။ မြို့တမြို့ တမြို့ဖြတ်တိုင်း ရောက်တိုင်း အဆိုပါ ဆိုင်းဘုတ်ရှိမရှိ မရှာကြည့်ဘဲလဲ မနေနိုင်။ မြို့အ၀င်တွင် မတွေ့လျှင် မြို့လယ်တွင် တွေ့မည်။ မြို့လယ်တွင် မရှိလျှင်မြို့အထွက်မှာ တွေ့ရနိုင်သည်။ လုံးဝမတွေ့မှာ မပူရ မတွေ့ချင် မမြင်ချင်လည်း တွေ့ရမည်ပင်။

သူရောက်ခဲ့ဖူးသည့် မြို့များကို လအတန်ကြာ အချို့နှစ်ပေါက်မှ ပြန်ရောက်ဖြစ်သည်များ ရှိသည်။ အမြန် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ဆိုင်းဘုတ်များ ကြွားကြွားဝင့်ဝင့် ထောင်ထားသည့် အနှီမြို့ရွာများမှာ ဘာမှ မပြောင်းလဲပါ။ လွန်ခဲ့သော မိမိရောက်ခဲ့ဖူးချိန်က အတိုင်းပင်။ သကောင့်သား ဆိုင်းဘုတ်ကတော့ အမြဲသစ်လွင်နေမြဲ တွေ့ရပါသည်။ မြို့လေးတွေ ဖွံ့ဖြိုးတိုးတက်ချင်း မရှိသော်လည်း အဆိုပါ ဆိုင်းဘုတ်အသစ် ပြန်ရေးထောင်ရတိုင်း ယင်းမြို့လေးများ၏ စည်ပင်သာယာရေး ဦးစီးဌာန အရာရှိများမှာ

အမှန်ပင် ဆူဖြိုးတိုးတက်သွားမည် ထင်ပေသည်။ ဆိုင်းဘုတ် ပြန်လည်ပြုပြင်ရခ၊ ဆိုင်းဘုတ်ရေးခ၊ ရေးဆွဲရသော ဆေးဖိုး ဘာခညာခများက သူတို့ တင်ချင်းတိုင်းတင်ပေရော့။

စစ်သားတွေ တိုင်းပြည်တက်အုပ်ချုပ်သော ခေတ်ရောက်လာမှပင် မြန်မာပြည်တွင် ဆောင်ပုဒ်မျိုးစုံ ကြားရမှတ်ရ တွေ့ရပေတော့သည်။ မြန်မာပြည်အနှံ့က မြို့ရွာများတွင် သူတို့ လက်သုံး ဆောင်ပုဒ်များ ရေးပြီးထောင်ထားသော ဆိုင်းဘုတ် မရှိသော ဒေသဟူ၍ မတွေ့နိုင်ပါ။ မြို့ရွာတိုင်းတမြို့လုံးတရွာလုံးအနှံ့ဆိုင်းဘုတ်များမြင်တွေ့ရနိုင်ပါသည်။

နောက်ပေါက်သည့် ရွှေကြာပင် ကောင်းစားဆိုသလိုပင် ရှေးရှေးပဝေသဏီထဲက ရှိနှင့်နေသော မြို့ရွာများထက် အလျင်အမြန် ကောင်းစားလာသည်ကတော့ နှစ်နှစ်သား သက်တမ်းရှိလာပြီဖြစ်သည့် ကြပ်ပြေးဒေသ နေပြည်တော်ကတော့ အမှန်ပင်

ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်မှာ မြန်လှပါပေသည်။ အဆိုပါ ကြပ်ပြေးနေပြည်တော် ဒေသတွင်လည်း ဆောင်ပုဒ်အသီးသီး ရေးထားသော ဆိုင်းဘုတ်များနှင့် မလွတ်ပြန်ပါ။ မြို့ရွာပေါင်း ရာထောင်ချီရှိသည့် မြန်မာပြည်တွင် သကောင့်သား နေပြည်တော် ဒေသတခုသာ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက် လာပါသေးသည်။ ကျန်တိုင်းနှင့် ပြည်နယ်အနှံ့ မြို့ရွာများကား ကောင်းစားဖို့ ကံမပါလာရော့ထင့်။ တိုင်းမှူးတယကဥက္ကဌမှ စကာ ခယက၊ မယက၊ ရယက၊ ကယက ဥက္ကများအလည် အစိုးရဌာနဆိုင်ရာ လူကြီးမင်းများအဆုံး တယောက်တက် တယောက်ဆင်းကာ ကြီးပွားတိုးတက် ချမ်းသာသွားကြပါလေသော်လည်း ထိုသူတို့ အုပ်ချုပ်ခဲ့သည့် မြို့ရွာများမှာကား ဖွတ်ဖွတ်ကြေ မွဲတေနေမြဲပင်။

အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရမည် ဆိုသည့် မြို့ရွာများကား အာဏာရှင် စစ်အုပ်ချုပ်ရေး အောက်ရှိနေသေးသ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရန် အကြောင်းမမြင်ပါပေ။

"မြို့ရွာများ အမြန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရမည်" ဆိုသည်မှာ ဆိုင်းဘုတ်ပေါ်တွင်သာ ရှိနေပါဦးမည်။

မင်းအောင်နိုင်

Thursday, 15 January 2009

နတ်မြတ် နတ်ကောင်းတွေကပါ နမိတ်ပြနေကြပြီ

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်အာဏာနဲ့ ဖျက်လို့မပျက်နိုင်


လာမယ့် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို နအဖက ကျင်းပလို့ပြီးသွားရင်၊ ဒါမှမဟုတ် သူတို့ဖြစ်စေချင်သလို အောင်မြင်သွားရင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ပျက်ပြားသွားမှာလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခန်း ဘယ်လိုဖြစ်သွားမှာလဲ။ တလောက တယောက်ကမေးလာပါတယ်။ သူက လေးလေးနက်နက်နဲ့ တကယ်ကိုသိချင်လို့မေးတာပါ။ ဒီအတွက် သူပူပင်နေတယ်ဆိုတာ သေချာပါတယ်။ နောက်တော့ ဒီလိုတွေးတောပူပင်မှုဟာ သူတယောက်တည်းမှာသာ ရှိတာမဟုတ်ဘူး။ တချို့လူတွေမှာလည်း ရှိတယ်ဆိုတာ သတိထားမိလာပါတယ်။

ပြဿနာက အခြေခံစဉ်းစားနည်းဖြစ်တယ်လို့ ထင်ပါတယ်။ တခုက ဒီနေ့ နအဖလက်ထက်မှာ ဖြစ်ပျက်တည်ရှိတာတွေဟာ တရားဝင်တယ် မဝင်ဘူး၊ တရားဥပဒေနဲ့ညီတယ်၊ မညီဘူး စသ ဖြင့် ငြင်းခုန်နေကြတာတွေကို ကြားဖူးကြမှာပါ။ တကယ်ကတော့ နအဖလက်ထက် ဗမာ ပြည်မှာ ဒီဟာတွေအားလုံးဟာ နှိုင်းယှဉ်ချက်ချည်းဖြစ်ပါတယ်။ ဒီနေ့အခါမှာ လူသတ်တာ မှန်သလား မှားသလား၊ သူများပစ္စည်းခိုးတာ မှန်သလား မှားသလား၊ ဒီလိုအင်မတန် စင်းတဲ့ကိစ္စလေးတွေကိုပဲ ငြင်းစရာ၊ ပြောစရာတွေ ရှိနေတယ်မဟုတ်ပါလား။ သူ့ဘက်က ပြောရင်တမျိုး၊ ပြည်သူတွေဘက်က ပြောရင်တမျိုး ဖြစ်နေတာတွေဟာ များပြားလှပါတယ်။ သူ့ဘက်က ပြောရင် သံဃာတော်တွေကို သတ်တာကတောင်မှ တရားတယ်၊ မှန်ကန်တယ် ဖြစ်နေပါတယ်။

ဒီလိုပဲ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်သွားသလား၊ ပျက်မသွားဘူးလား ဆိုတာဟာလည်း နအဖပြောတာကတမျိုး၊ ပြည်သူတွေ ပြောတာကတမျိုးပဲဖြစ်ပါတယ်။ တကယ်က ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ အဲဒီကရလဒ်တွေ တည်ရှိမှုကို ဘယ်သူမှ ဖျက်လို့မရပါဘူး။ သမိုင်းရဲ့ တကယ့်ဖြစ်ရပ်တိုင်းလိုပဲ ဒီကိစ္စကို နအဖလည်း မဖျက်နိုင်၊ ဒီချုပ်လည်း မဖျက်နိုင်ပါဘူး။ လူ့ဆန္ဒနဲ့ကင်းစွာ တည်ရှိနေတာတွေပါ။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို အသိအမှတ်ပြုတယ်၊ အကောင်အထည်ဖော်တယ်ဆိုတာ ကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ဆန္ဒအရပဲဖြစ်ပါတယ်။ ဒီနှစ်ချက်ရဲ့ မတူခြားနားချက်ကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုပါတယ်။ တိုင်းပြည်မှာ အာဏာရထားတဲ့ နအဖ အစိုးရက အသိအမှတ်မပြုဘူး၊ အကောင်အထည်မဖော်ဘူးဆိုတာနဲ့ ကိစ္စတွေအားလုံးပြီးပြတ်၊ ပျောက် ကွယ်သွားတာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ ဟုတ်တယ်၊ အကောင်အထည်ဖော်လို့ မရတာရှိပါတယ်။ ဒါပေမယ့် ဒါဟာ ထာဝရအကောင်အထည် ဖော်မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အကောင်အထည် ဖော်မယ့်လူတွေရှိနေ သရွေ့ အလားအလာဟာတည်ရှိမြဲ တည်ရှိနေတာဖြစ်ပါတယ်။

အလွယ်ဆုံးပြောရရင် နအဖစစ်အာဏာပိုင်တွေရဲ့ ခေါင်းထဲမှာ ဗကသ၊ တကသ စတဲ့အဖွဲ့အစည်းတွေဟာ ဒီကမ္ဘာပေါ်မှာ မတည်ရှိတော့ပါဘူး။ ဒါပေမယ့် ပြည်သူတွေနဲ့ ကျောင်းသားတွေရဲ့ခေါင်းထဲမှာတော့ ဒီအဖွဲ့အစည်းတွေဟာ ဆက်လက် တည်ရှိနေပါတယ်။ အနည်းဆုံး မြေအောက် သဏ္ဌာန်နဲ့ တည်ရှိနေပါတယ်။ ရှိတာမှခေါင်းထဲမှာ သညာတခုအနေနဲ့ တည်ရှိတာ မဟုတ်ပါဘူး။ တကယ်အသက်ဝင် လှုပ်ရှားနေတဲ့ အစိုင်အခဲတခုအနေနဲ့ကို တည်ရှိနေတာပါ။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲဟာ သာမာန်အဖြစ်အပျက်တခုမဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့်၊ စံကျတဲ့ ကိုယ်စားပြု အမှတ်အသားတခုဖြစ်ပါတယ်။ ဗမာတပြည်လုံးက ပြည်သူတွေရဲ့ သမိုင်းဝင်ဂုဏ်ယူစရာရလဒ်တခုဖြစ်ပါတယ်။ ဒီနေ့ ဗမာပြည်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လိမ်ညာမှုတွေ၊ အားလုံးဟာ ဒီအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲတွေဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ဗမာပြည်က စစ်အုပ်စုတွေအတွက် သေရာအထိ ပါမယ့် ကျိန်စာတမျိုးသာ ဖြစ်ပါတယ်။

သမိုင်းလက္ခဏာဆောင်တဲ့ အရေးတော်ပုံတရပ်ဟာ လူတဦး၊ အဖွဲ့တဖွဲ့၊ အစိုးရတရပ်က ပျောက်စေ၊ ဒါမှမဟုတ် ပျောက်သွားပြီလို့ဆိုတာနဲ့ ပျောက်ပျက်သွားတာ မဟုတ်သလို အရေးတော်ပုံရဲ့သမိုင်း၊ အသီးအပွင့်နဲ့ရလဒ်တွေကိုလည်း ဘယ်သူ့အမိန့်၊ ဘယ်သူ့ အာဏာနဲ့မှ ပျောက်ကွယ်အောင် လုပ်လို့မရပါဘူး။ သမိုင်းအရ ဒီအရေးတော်ပုံ ကြီးရဲ့ အခန်းပြီးဆုံးသွားမှသာ အားလုံးပြီး၊ ပျောက်၊ ပြယ်သွားမှာဖြစ်ပါတယ်။

နောက်အရေးကြီးအချက်တချက် ထည့်ပြောရမှာက ဗမာပြည်ပြည်သူလူထုရဲ့အခန်းပါ။ ပြည်သူလူထုဟာ လက်မလျှော့သေးပါဘူး။ လူထုကြီးက လက်မလျှော့သမျှ အရေးတော်ပုံဟာ ရှင်သန်နေဆဲဖြစ်ပါတယ်။ တော်လှန်ရေးတွေ၊ တိုက်ပွဲတွေမှာ ခေါင်းဆောင်ဆိုသူတွေ၊ နိုင်ငံရေးသမားဆိုသူတွေက လက်မြှောက်အရှုံးပေးသွားပေမယ့် လူထုက အရှုံးမပေးဘဲ ဆက်တိုက်တယ်ဆိုတဲ့ အဖြစ်အပျက်တွေ ကမ္ဘာ့သမိုင်းမှာ မရေမတွက်နိုင်အောင်ရှိပါတယ်။ တော်လှန်ရေးတရပ်၊ အရေးတော်ပုံတရပ်ကိုအမှီပြုပြီး အမြတ်ထုတ်တယ်ဆိုတာကို လူထုက မလုပ်နိုင်ပါဘူး။ ခေါင်းဆောင်လို့ အမည်ခံတဲ့လူတွေသာ လုပ်ချင်ရင်လုပ်လို့ရပါတယ်။ လူထုကြီး အဖို့ကတော့ အောင်ပွဲအပြီး အပိုင်ရမှသာ အကျိုးခံစားရတာပါ။ ဒီတော့ သူတို့အနေနဲ့ အဖက်ဖက်၊ အရပ်ရပ်ကို စောင့်ကြည့်၊ အကဲခပ်၊ သုံးသပ်ပြီးမှ ဆုံးဖြတ် ပါဝင်ကြတာ ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးလုပ်ရတဲ့အလုပ်ဟာ လူထုကို နားလည်အောင် လုပ်ရေးဖြစ်ပါတယ်။ လူထုရဲ့စီးပွားရေးဘဝကိုသာမက သမိုင်း၊ အနီးသမိုင်း၊ အဝေးသမိုင်း၊ လူထုရဲ့လက်ရှိစိတ်ဓာတ်နဲ့ စဉ်းစားနည်းတွေကို နားလည်အောင် မုချလုပ်ရပါမယ်။ လူနာအခြေအနေမသိဘဲ ဆေးအမျိုးမျိုးပေးနေလို့ မဖြစ်ပါဘူး။

ပြန်ချုပ်လိုက်ရင် ဒီနေ့အခါမှာ ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲရလဒ် ပျက်ပြယ်လား၊ တည်ရှိနေသေးလားဆိုတဲ့ ပြဿနာမရှိပါဘူး။ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ပြီးသွားလို့လည်း ဒီပြဿနာမရှိပါဘူး။ ပြည်သူလူထုက ထိုးထားတဲ့မော်ကွန်းတခုဟာ ပြည်သူလူထုကိုယ်တိုင်က သူ့အခန်းကုန်ပြီလို့ ဆုံးဖြတ်မှသာ တကယ်တမ်း ကုန်ဆုံးသွားမှာဖြစ်ပါတယ်။ တဆက်တည်းမှာ ပြောဖြစ်အောင် ပြောရမှာက ၁၉၉ဝ ရွေးကောက်ပွဲပျက်ပြားတာပဲဖြစ်စေ၊ ဒါမှမဟုတ်တည်ရှိနေတဲ့အတွက်ဖြစ်စေ ပြည်သူလူထုရဲ့တိုက်ပွဲဟာ အနှစ်သာရ အရရော၊ သဏ္ဌာန်အရပါ ခြားနားမှု၊ ပြောင်းလဲမှု မရှိပါဘူး။

ဒါကိုပြည်သူလူထုက နည်းနည်းမှ မျက်စိမလည်ပါဘူး။ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်စေ၊ နအဖရွေးကောက်ပွဲက တင်မြှောက်လိုက်သူတွေပဲဖြစ်ပစေ အားလုံးဟာ မဆလအစိုးရနဲ့ မဆလဖွဲ့စည်းပုံ ဇာတ်သိမ်းပုံအတိုင်း ဇာတ်သိမ်းသွားမယ်ဆိုတာ သူတို့ ကောင်းကောင်းနားလည်ပါတယ်။ အခုအခါမှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးသွားရင် ၁၉၉ဝ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားမယ်လို့ ပြောနေတာဟာ နအဖရယ်၊ သူ့လူတွေရယ်၊ နောက်ပြီး တမင်အတွေးအခေါ်ရှုပ်အောင် ဖန်တီးနေသူတွေရယ်တို့သာ ဖြစ်ပါတယ်။


ရဲဘော် ဖိုးသံချောင်း

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်

ဘယ်လိုစကားလုံးတွေသုံးပြီး ဒီမိစ္ဆာတို့ရဲ့လုပ်ရပ်တွေကို ချေပရမလဲဆိုတာတောင် စဉ်းစားရ ကျပ်လောက်အောင် မိုက်ရိုင်းမှု့က ကမ်းကုန်လွန်းလို့ "ကြားလို့မှကောင်းကြသေးရဲ့လား" လို့သာ အော်ပြစ်လိုက်မိတယ်ဗျာ!!


14 January 2009
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။

ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”

ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။

“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။

“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။

မြန်မာအာဏာပိုင်တွေ ကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေ ကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အလားအလာ နည်းပါး လှတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။

ညီအကို နှစ်ဦး အဖမ်းခံရ

လူစိတ်မဲ့ နအဖ နဲ့ ၎င်းတို့ရဲ့နောက်လိုက်ခွေးတွေကတော့ အပြစ်မဲ့ပြည်သူတွေကို အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးမှု့တွေကို ဆထက်တဖိုး တိုး၍ကျူးလွန်နေကြပါသည်။ ထိုကဲ့သို့ အမှုမျိုးတွေကို ရပ်တမ်းမှရပ်ရန် ပြည်သူအားလုံး ညီညီညွတ်ညွတ်ဖြင့် တိုက်ပွဲဝင်ကြပါလို့ နိုးဆော်လိုက်ပါတယ်။


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇန်နဝါရီလ 13 2009 19:18 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒလမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ညီအကို နှစ်ဦးအား ရဲများက ဇန်န၀ါရီ ၁၁ ရက်နေ့ညက နေအိမ်၌ လာရောက် ဖမ်းဆီးသွားခဲ့သည်။

လူငယ်တာဝန်ခံ ( ၁ ) ထက်စိုးလင်းနှင့် ကိုသက်ပိုင်မင်း တို့ကို မြို့နယ် ရဲများနှင့် အက်စ်ဘီ ရဲ ၂၀ ခန့်က လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။

" အိမ်မှာ ရှာဖွေရေးတွေ ဘာတွေ လုပ်ပြီးတော့ ပါသွားတယ်။ ရှာဖွေတာကတော့ ဘာမှ မတွေ့ဘူး။ ဒါပေမဲ့လို့ အိမ်ရှေ့ ခြံဝန်းအပြင် သစ်ပင်အောက်မှာ မင်္သကာဖွယ် ပစ္စည်းတွေ တွေ့တယ် ဆိုပြီးတော့ လက်မှတ်ထိုးခိုင်း သွားတယ်" ဟု ပြောသည်။

မပန်းဝါသို့

ပေးပို့သူ ကိုဥာဏ်လင်း(မလေးရှား)အား အထူးကျေးဇူးတင်ရှိပါသည်။

Wednesday, 14 January 2009

စင်္ကာပူနိုင်ငံသားနှစ်ဦး (ဗွီဒီယိုသတင်း)


by choonhiong ၊ ပေးပို့ - ဂျစ်တူး (မုံရွာ)

Singaporeans arrested for protest in support of Burmese Activists from choonhiong on Vimeo.

Monday, 12 January 2009

မကွေးရေနံမြေ ညမထွက်ရအမိန့် ထုတ်ထား

ဇာနည်
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အလယ်ပိုင်း ရေနံထွက်ရာ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ဒေသတခုတွင် ပုဂ္ဂလိက ရေနံကုမ္ပဏီတခုနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားမှုကြောင့် အာဏာပိုင်များက ၀င်ရောက် ထိန်းသိမ်းခဲ့ပြီး ယခုအခါ ရေနံမှော်အတွင်း ညမထွက်ရအမိန့် ထုတ်ထားလိုက်သည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုရှိ နှောပင်ရေနံမှော်ရှိ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီနှင့် ရေနံတူးဖော်သူ ဒေသခံများအကြား ရေနံ အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားကြရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဒေသတွင်းအခြေစိုက် ခလရ ခြေလျင်တပ်ရင်း ၂၅၇ က ယခုအမိန့်ကို ထုတ်လိုက်ခြင်း ဖြစ်သည်။

"အခု ည ၇ နာရီကျော်ရင် အပြင်မထွက်ရဘူး။ ညမထွက်ရ လုပ်ထားတယ်။ အခု ပခုက္ကူခရိုင်က ခရိုင်ရဲမှူး ရောက်နေတယ်။ နောက် ရဲတွေက မှော်ထဲမှာ ဟိုလူစစ်၊ ဒီလူစစ် လုပ်နေတယ်။ မြိုင်က မယက ဥက္ကဋ္ဌကလည်း တတဲဝင်၊ တတဲထွက်လုပ်ပြီး ရေနံကို ကုမ္ပဏီကိုပဲ ရောင်းရမယ်လို့ လိုက်စည်းရုံးနေတယ်" ဟု ရေနံတွင်းပိုင် တဦးက မဇ္ဈိမကို ပြောသည်။

မြိုင်မြို့နယ် ဗဟင်းကျေးရွာအုပ်စုတွင် ဒေသခံများက တနိုင် လက်ယက်တွင်းများဖြင့် ရေနံတူးနေကြပြီး၊ ကောင်းဇော်ဟိန်း ကုမ္ပဏီမှ ရေနံလုပ်ငန်းများ လာရောက် လုပ်ကိုင်ချိန်တွင် ဒေသခံ ရေနံတွင်းပိုင်များအပေါ် အမြတ်ကြီးစား ခေါင်းပုံဖြတ်မှုများကို မကျေနပ်မှုများ ကြီးထွားလာရသည်ဟု ဆိုသည်။

"သူတို့က အခွန်မတရားကောက်တာ၊ ဈေးနှိမ်တာ၊ သူတို့ကိုပဲ ရောင်းရမယ်ဆိုပြီးလုပ်တော့ မကျေနပ်တော့ ဒီကလူတွေ စုပြီးတော့ သွားပြောတာ။ သူတို့က မလုပ်ပေးနိုင်ဘူးဆိုပြီး ပြောကြငြင်းကြနဲ့ စကားများကြတာ။ နောက် လူများလာပြီး ကုမ္ပဏီတဲကို မီးရှို့တာ။ ကုမ္ပဏီက ကား ၂ စီးလည်း ပါတယ်။ ခလရ ၂၅၇ က သေနတ်တွေနဲ့ ခြိမ်းခြောက်တော့ ရှမ်းတုံးက လှည်းသမားရဲ့ အမျိုးသမီး မ၀င်းမာ ပေါင်ကို ရှပ်မှန်သွားတယ်" ဟု ရေနံမှော်မှ မျက်မြင်တဦးက ပြောပြသည်။

ဒေသခံ ရေနံလုပ်ငန်းရှင်များ အနေဖြင့် ယခင်က နယ်မြေဖွံ့ဖြိုးရေးအတွက်ဟု ဆိုကာ ခရိုင်ရုံးသို့ ရေနံ တပေပါလျှင် ၂၀၀၀ ကျပ်နှုန်း ပေးရသည်။ ယခု ကုမ္ပဏီဝင်လာချိန်တွင်မူ ကုမ္ပဏီကို ရေနံတပေပါလျှင် ၈၅၀၀ နှုန်း ပေးဆောင်ရမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရသည်။

"အခွန်ဆိုပြီး သူတို့ကို ပေးရတာ။ မပေးရင် မှော်ထဲကနေ မထုတ်ရဘူး။ နောက် သူတို့ကိုပဲ ရောင်းခိုင်းတယ်။ အပြင်မှာက တပေပါကို ၅ သောင်းခွဲ ပေါက်တာကို သူတို့က ၂ သောင်းခွဲ၊ ၃ သောင်းပဲ နှိမ်ပြီးပေးတယ်။ အဲဒါတွေကို မလုပ်ဖို့ သွားတောင်းဆိုကြတာပေါ့" ဟု သူက ဆက်ပြောသည်။

အခင်းဖြစ်ပွားမှုတွင် ဦးဆောင်ပါဝင်သူ ရေနံမှော်မှ ဒေသခံ ရေနံလုပ်သားများကို သက်ဆိုင်ရာမှ လိုက်လံ ဖမ်းဆီးရာ ထွက်ပြေး လွတ်မြောက်နေသူများ ရှိပြီး လတ်တလောတွင် ဦးရေ ၂၀ ကျော် ထိန်းသိမ်းခံနေရသည်ဟု ဒေသခံများက ဆိုသည်။

ကနဦးက သူတို့ကို ဗဟင်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယခုတွင်မူ မြိုင်သို့ ခေါ်သွားသည်ဟုသာ သိရပြီး၊ မည်သည့်နေရာတွင် ထားသည်ကိုမူ အတိအကျ စုံစမ်းမရဖြစ်နေကြောင်း ရေနံတွင်းပိုင်တဦးက ပြောသည်။

ထို့အတူ သေနတ်ကျည်ဆန် ပေါင်တွင် ရှပ်မှန်ခဲ့သော မ၀င်းမာ၏ အခြေနေနှင့် ပတ်သက်၍ သူက ဆက်ပြီး "မ၀င်းမာကိုလည်း ဖြစ်ဖြစ်ချင်းတုန်းက ဆေးရုံမတင်ပေးဘူး။ ဒါက သေနတ်မှန်တာ မဟုတ်ပါဘူး၊ သူ့ဘာသာသူ ပြေးရင်းနဲ့ ၀ါးတွေဘာတွေနဲ့ ထိုးမိတာနေမှာပါ ဆိုပြီးလည်း ပြောသေးတယ်။ နောက်နေ့ကျမှ မြိုင်ကို ပို့မယ်ဆိုပြီးတော့ပဲ ခေါ်သွားတယ်။ အခု ဘယ်ရောက်နေလဲ မသိဘူး" ဟု ပြောပြသည်။

လတ်တလော အခြေအနေများ တင်းမာမှုများကြောင့် ဒေသခံ ရေနံလုပ်ငန်းလုပ်သူများ အနေဖြင့် ရေနံတူးယူရန် ခက်ခဲနေပြီး၊ ရေနံမှော်အတွင်းမှ ရေနံတပုလင်းမျှပင် ထုတ်ယူခွင့်မရ ဖြစ်နေသည်။

သူက ဆက်ပြီး "သူတို့က အဲဒီ အခွန်တွေပေးရင်ပေး။ မပေးရင် မလုပ်နဲ့ပေါ့။ အဲလိုဖြစ်နေတာ။ နောက် အခုလို လုံခြုံရေးတွေ ချထားတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူးပေါ့။ အခုက အခြေအနေကိုပဲ စောင့်ကြည့်နေကြရတယ်လေ။ ဘယ်သူကမှတော့ မကျေနပ်ကြဘူးပေါ့" ဟု ဆိုသည်။

ရေနံထွက်နှုန်းကောင်းပါက ဒေသခံ ရေနံတွင်းပိုင်များအဖို့ တရက်လျှင် ရေနံတပေပါနှုန်း အနည်းဆုံး ရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြိုင်မြို့နယ် မယက ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း သက်ဆိုင်ရာမှ အဆိုပါ ဖြစ်ရပ်ကို လုံးဝ မသိကြောင်းသာ ပြန်လည်ဖြေကြားပြီး ဖုန်းချသွားသည်။

ဗဟင်းရဲစခန်းနှင့် မြိုင်မြို့မှ ရဲစခန်းသို့လည်း ယခု သတင်းတင်ပြချိန်အထိ ဆက်သွယ်မရ ဖြစ်နေသည

ကူညီပေးကြပါ

နိုင်ငံရေးအကျဉ်းသားတွေကို သေကြောင်းကြံဖို့ နအဖ ကြံစီနေပြီ

ယုတ်မာမှု့ အပေါင်းသဖူဆောင်းတဲ့ နအဖ ထပ်ဆင့် ယုတ်ကန်းတော့မည့်အကြံတစ်ခုကို ကြားသိထားရပါတယ်။ နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံရသော ၈၈ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ ကို ရဲဘက်စခန်းသို့ပို့ပြီး မတော်တဆ ထိခိုက်၍ သေဆုံး သွားသော ပုံစံမျိုးနဲ့ သေကြောင်းကြံစည်ရန် စိုင်းပြင်းနေပါသည်။ ပြည်သူများခင်ဗျား အပစ်မဲ့ ထောင်ဒဏ် ချမှတ်ခံရသော နိုင်ငံရေးအကျဉ်းသားကို နီးစပ်ရာ ကူညီပေးကျပါခင်ဗျား။

နီးစပ်ရာဘလော့များတွင်ဖော်ပြပေးကြပါ။

ဗိုလ်ချုပ်ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င် မုခ်ဦး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ

မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့၏ အကြီးဆုံးမုခ်ဦးကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖြိုချဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောသည်။

၎င်းက “ညွှန်ကြားချက်ကို ကျနော် တိုက်ရိုက်ရတာတော့ မဟုတ်ပါဘူး။ ကျနော့်အထက်အရာရှိတွေ ပြောပြတာက

ဇန်နဝါရီလဆန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရန်ကုန်ရောက်တယ်။ လေဆိပ်ကအထွက် အဲဒီမုခ်ဦးကို မြင်တော့ သူ့လုံခြုံရေး တပ်ဖွဲ့ကိုမေးတယ်။ ဒီမုခ်ဦးဟာ လုံခြုံရေးအရ ပြဿနာ ရှိနိုင်သလားပေါ့။ ဒါနဲ့ သူ့လုံခြုံရေးအဖွဲ့တွေက နောက်တနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြတယ်။ ဒါဟာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က တည်ဆောက်ထားတာ၊ ထုထည် အလွန်ကြီးတယ်။ ထု (၁ဝ) ပေနီးပါး ရှိပြီး ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထားတယ်။ မုခ်ဦးပေါ်မှာ လူ (၃-၄) ယောက်လောက် ရိက္ခာအပြည့်အစုံနဲ့ဆို (၅) ရက်ကနေ တပတ်လောက်အထိ ခိုအောင်းပြီး လေဆိပ်က ထွက်လာတဲ့။ ဒါမှ မဟုတ် လေဆိပ်ကိုသွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မယ်ဆို လုပ်လို့ရတယ်။ လုံခြုံရေးအရ အဲဒီလို အန္တရာယ် ရှိတယ်ဆိုပြီး တင်ပြတယ်။ တယောက်ကတော့ ဗိုလ်ချုပ်ခင်ညွန့် ဗေဒင်ယတြာ သဘောနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်ဆိုပြီး တင်ပြတယ်” ဟု ပြောသည်။

ယင်းသို့ တင်ပြသည့် နေရာတွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ဆိုပြီး တန်းအမိန့်ပေးသည့်အတွက် ချက်ချင်း ယန္တရားကြီးများကို ခေါ်ပြီး တရက်ထဲဖြင့် အပြီးဖျက်ခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ မုခ်ဦးကြီးသည် လေဆိပ်အဝင်လမ်းနှင့် ဥက္ကလာလမ်းထိပ် မြို့တွင်းဘက် ပြည်လမ်းပေါ်၌ တည်ရှိသည်။ (၁ဝ) မိုင်ဈေးနှင့်လည်း နီးပြီး မြို့တွင်းဘက်အလာ ပြည်လမ်းပေါ်မှာ တည်ရှိသည်။ ပြည်လမ်းကို ခွပြီး တည်ဆောက်ထားသည့် အဆိုပါ မုခ်ဦးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်း ရေးထိုးထားသည်။

ရန်ကုန်မှ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာသူများသည် ခေတ်မီသည့် နိုင်ငံများဆီသို့ သွားကြမှာ ဖြစ်သည့်အတွက် အဆိုပါ မုခ်ဦးမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်းကို ဖတ်ရတိုင်း ပြုံးစေ့စေ့ ဖြစ်ကြပြီး မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ် ရောက်လာသည့်အချိန်တွင် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် စာတမ်းဖတ်ရတိုင်း ဆင်းရဲသည့် နိုင်ငံပြန်ရောက်ပြီ ညည်းတွားလေ့ရှိကြောင်း ခရီးသွားတဦးက ပြောသည်။

အဆိုပါ မုခ်ဦးဖြိုချနေသည်ကို မြင်တွေ့ရသည့် ပြည်လမ်းပေါ်နေသူတဦးက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရဟန်းရှင်လူ တိုင်းသူပြည်သားများ၏ အသက်ကို တန်ဖိုးမထားဘဲ ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေး စေခိုင်းတတ်သော်လည်း သူ့ အသက်ကိုမူ အလွန်စိုးရိမ်တတ်သူဖြစ်တာ၊ သေမှာ ကြောက်သူဖြစ်တာ ပေါ်လွင်နေကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတဦးကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ ဖြုတ်ထုတ်၊ ထောင်ချ လုပ်ထားသည့် ယခင်စစ်ထောက်လှမ်းရေးအဟောင်းများကို ကြောက်လန့်နေတုန်းပဲဟု မှတ်ချက်ပေးခဲ့သည်။

တန်ဖိုးရှိသောလူ

တန်ဖိုးရှိတဲ့  လူသားတယောက် အဖြစ်ရပ်တည်ပြီး အမှန်တရားကို အမှန်အတိုင်း သတ္တိရှိစွာ အများအကျိုး အတွက် အတ္တ မပါဘဲ ရှင်သန် ဖြတ်သန်းရသော ဘ၀သာ သိပ်ကို မြတ်နိုးစရာကောင်းလှပါတယ်။ အောက်ပါပုံ မှာ စစ်အကြမ်းဖက် လူတစုမှ မကြာမှီက လွှတ်ပေးလိုက်တဲ့  သတင်းစာဆရာကြီး ဦးဝင်းတင် အား အပုပ်ချဝေဖန်ထားသော (သာကီနွယ် ဘလော့မှ) ပုံအား ပြန်လည်တင်ပြချင်ပါတယ် ။ အမှန်ကိုတင်ပြဝေဖန် ထောက်ပြမိ လို့  ထောင်နှစ်ရှည်ကျခဲ့  ပေမယ့်  လည်း အပြုံးမပျက် ရင်ကော့ပြီး မိမိခံယူချက်ကို စွဲကိုင်ကာ မျှော်လင့်ချက် အလံကိုရင်မှာ လွှင့်လို့  နေ့ စဉ်ချီတက်နေတဲ့  ဆရာကြီး ဦးဝင်းတင်ရဲ့  တည်ငြိမ်တဲ့ အိမ်အပြန် ခြေလှမ်းများ ဟာ အဖေါ် မပါပေမယ့်  တကမ္ဘာလုံး က စောင့်ကြည့် အားပေးနေကြမယ် ဆိုတာယုံကြည်မိပါတယ်။


အခုဆက်လက်ဖေါ်ပြမယ့်ပုံကတော့ လူ့ ဘ၀ဖြစ်တည်ရာသက်တန်းတလျှောက်လုံး လူသတ် မုဒိန်းကျင့် ပြီး အ သက်ရှင်ကြီးထွားလာခဲ့  တဲ့  လူသဏ္ဍာန်ပေါက်နေတဲ့  တိရိစ္ဆာန်သာသာ ကိုယ့်အတ္တကိုယ် ယက်နေခဲ့ တဲ့ လူ့ တိရစ္ဆာန် တယောက် ပုံအကြောင်းဘဲဖြစ်ပါတယ်။

တသက်လုံးပြုမိခဲ့ တဲ့ မကောင်းမှုတွေကြောင့်  ဘယ်နေရာ သွား သွား တယောက်တည်း သတ္တိရှိရှိ မသွားရဲတဲ့  ၊ ကိုယ့် အရိပ်ကိုတောင် ကိုယ် ပြန်ကြောက်နေရှာ တဲ့ မုဒိန်းကောင် အောက်တန်းကျလူသတ်သမား ၊သံဃာ သတ်သမား သန်းရွှေ ဘဲဖြစ်ပါတယ် ။ အနူတောကြား လူချော ဆိုသလို ဘာရုပ်မှ မပေါက်သော အုပ်စု အခြံအရံကြားမှ ချိနဲ့  စွာလျှောက်ရင်းဆင်းလာသော သေခါနီး သန်းရွှေ ဘဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ မကောင်းမှုနာမည်နှင့်သာ မထင်မရှား နာမည်ကြီးနေခဲ့ ပြီး ကမ္ဘာ့ သမိုင်းတလျှောက် မကောင်းမှုဒုစရိုက် နာမည် နှင့်သာ ထင်ကျန်နေမယ့်  သန်းရွှေ နှင့် တဇလုံတည်းစား အုပ်စု ပုံအား မျှဝေတင်ပြ လိုက်ပါတယ် ။


တစ်ကောင်ထဲမသွားရဲတဲ့ သန်းရွှေ

လွတ်လပ်ရေးကို ဦးတည်လျက်
ဒေါင်းတမာန်

Sunday, 11 January 2009

ခက်တယ်ဗျာ ခက်တယ်

"အလုပ်ကလေးကလည်း နဲနဲအား၊ လူကလည်း လပ်ရားလပ်ရားဆိုတော့ အင်တာနက်မှာ ဟိုကြည့် ဒီကြည့်ပေါ့ဗျာ (သတင်းတို့ ဘလော့တို့နော် တစ်မျိုးမထင်ပါနဲ့ လူကသန့်သန့်လေးပါ နာမည်ကသာ ဆိုးနေတာ) . . . "

ထူးထူးခြားခြား သွားတွေ့လေရဲ့ သန်းခေါင်စာရင်း အသစ်ကောက်ဖို့ ဖောင်လေးကို တွေ့လိုက်ရပြီး အသေအချာ ဖတ်ကြည့်လိုက်တော့ ထူးမခြားနားပတ်ပျိုးပါပဲ။ အဲအောက်ပိုင်းနားရောက်တော့မှ မြတ်စွာဘုရားလို့ တမိလေရဲ့။ အခြားဟာတွေလည်း စာရင်းကောက်ထားလေရဲ့။ မော်တော်ယာဉ်တဲ့လိုင်းကားတောင် အသက်သာဆုံးကား တိုးစီးနေတော့ ကိုယ်နဲ့လားလားမှ မဆိုင်ပေါ့။အနှေးယာဉ်တဲ့ ကိုယ့်မှာက ခြေထောက်ပဲရှိတယ် လမ်းလျှောက်ရတာ ညောင်းလွန်းလို့မိုက်မိုက်အနှေးယာဉ်ကတော့ ခြေထောက်ပေါ့။ စလောင်းတဲ့ နဲနဲတော့ တွေသွားတယ် အိမ်မှာက သုံးခုရှိတယ်လေ။ ဟိုတလောကမှ ဒယ်အိုးအသစ်ဝယ်ထားတာ ဆိုတော့ အရင်အဟောင်းတွေနဲ့ ပေါင်းရင် သုံးခုလေ။

ကွန်ပျူတာတဲ့ ပျက်နေတာ တနှစ်လောက်ရှိနေတဲ့ တစ်သိန်းလောက် ကုန်မယ်ဆိုလို့ မပြင်ပဲ ပြစ်ထားတာလေးကိုကော စာရင်းပေးရမလားပေါ့ တွေးမိတယ်။ အင်တာနက်တဲ့ ဖုန်းလိုင်းတောင်မရှိမှတော့ မပူပေါင်ပေါ့။ အီးမေးလ်တဲ့ ဘာလဲဟပေါ့ ဖွင့်ထားတာ ဂျီတော့တင် 3 ကောင့်ရှိတယ်၊ ရာဟူးတို့ ဟော့မေးလ်တို့နဲ့ ပေါင်းရင် 7 ခုလောက်။ သူငယ်ချင်းတွေကို နောက်ချင်လို့ မိန်းကလေးနာမည် လှလှလေးနဲ့ ဖွင့်ထားတာက ၄ ခု၊ စာရွက်တောင် ဆန့်ပါ့မလားပေါ့။ သူငယ်ချင်း တစ်ယောက်ဆို ယောက်ျားလေးနာမည်
ခပ်မိုက်မိုက်နဲ့ဖွင့် ချက်တယ်။ ဘလော့ခံရရင် နောက်တစ်ကောင့်ပေါ့၊ ချက်ခြင်းကို ဖွင့်တာ။ တစ်ခါတစ်လေ တစ်နေ့တည်း ၃ ခါလောက် ဖွင့်ရတယ်။ သူဆို အီးမေးလ်လိပ်စာ သန်းကောင်စာရင်း လုပ်တဲ့ရုံးမှာတင် ကွန်ပျူတာ အင်တာနက် သုံးရမယ်ထင်တယ်။


ဖုန်းတဲ့ အားပါး။ ဈေးသက်သာတဲ့ ပရော်ပရီကဒ်လေး ၀ယ်သုံးမလို့ လူအထင်ကြီးအောင် ခါးချိတ်ထားမယ်ပေါ့ စဉ်းစားနေတာ ဦးနှောက်ခြောက်သွားတယ်။ ဟုတ်တယ်လေ 10 တန်က 15 ရက် 20 တန်က တစ်လလေ။ ကဒ်ကုန်သွားလို့ အသစ်ထပ်ဝယ်ရင် နံပါတ်ကပြောင်းဦးမှာ။ မိုက်မိုက်တို့က ချွေတာရေးသမားဆိုတော့ 10
တန်ပဲဝယ်ကိုင်မှာ။ အဲ့လိုဆို 15 ရက်တစ်ခါလောက်က သန်းကောင်စာရင်းရုံးကို သွားသွားပြီး အသိပေးရမှာ ဟန်မငေး ရှုပ်လိုက်မဲ့ အလုပ်။ တော်ပြီ မကိုင်တော့ဘူးလို့ တစ်ခါတည်း ဆန်ရှင်ချလိုက်တယ်။ အဲ... အဲ့စနစ်က တစ်ခုတော့ ကောင်းတယ်ဗျ သောက်ငြင်ကပ်တဲ့သူကို 15 ရက်တစ်ခါ ပိုက်ဆံ စီ 10 ပေးလိုက်ရင် ပြီးရော သကောင့်သား 15 ရက်တစ်ခါ သွားသွားပြီး ဟိုကပို့သတဲ့မေတ္တာတွေကို မျက်နှာအငယ်သားလေးနဲ့ ခံယူရင်း
ဆောင့်ဆောင့် အောင့်အောင့်နဲ့ ဆူဆူပုတ်ပုတ် လုပ်ပေးတာတွေ၊ တိုက်လိုက်ရတဲ့ လက္ဖရည်တွေ ဟီး.. ဟီး.. တွေးကြည့်တာတောင် ပျော်လာတယ်။ မမိုက်ဘူးလား မိုက်မိုက်အကြံ........

ပေးပို့သူ ကိုမိုက်ကို ကျေးဇူးပါ။

Saturday, 10 January 2009

Mr Creator ရဲ့ လက်ရာ


တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် (၂)

တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် (၂)

မင်းဒင် ရေးသည်။

ကီရီနီးယား ဆိုက်ပရပ် (အေပီ သတင်းဖော်ပြချက်)
အရှေ့ အလယ်ပိုင်း သဲကန္တာရ သူရဲကောင်းဖြစ်သော ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်ကျွန်းသို့  တိုးတိုးတိတ်တိတ် ရောက်လာ၏။ ဗိုလ်ချုပ်ကြီး ထရေဗာ ရောက်လာခြင်းသည် ဆိုက်ပရပ်ကျွန်း၏ အုပ်ချုပ်မှုအာဏာကို လက်ပြောင်းယူခြင်းဟု အားလုံးက ခန့် မှန်းနေ ကြ၏။ သူရောက်လာခြင်းသည် အိပ်ဇိုးဒပ် အရေးအခင်းအတွက် မူပြောင်းခြင်းဖြစ်ချင်ဖြစ်မည် ၊ သို့ တည်းမဟုတ် ဆိုက်ပရပ် အုပ်ချုပ်ရေး အတွက် လူ ပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်ဟု အကဲခတ်သမားများက ယူဆနေကြ ပါသည်။

မတ်သည် သဘောင်္ပေါ်ရောက်သည်နှင့် ကာရင်ကလီမင့်ကို တွေ့ လို၍ ခဏခေါ်ပေးရန် အယ်ရီကို ပြောလိုက်၏။
သဘောင်္ပေါ်ရှိကလေးများ အခြေအနေမှာ သိပ်မကောင်းပါ။သူတို့ တစ်တွေသည် ကျဉ်းကျပ်စွာ နေရခြင်း ၊ ရေမချိုးရခြင်းနှင့် တခြားသော အကြောင်း အကြောင်း များကြောင့် ညှိုးချုံးလျက် ရှိလေသည်။ အယ်ရီကမူ ဘာမှ မထူးခြားသော အသွင်ကို ဆောင်လျက် ။
" အပြင်ဘက်က အခြေအနေကို ပြောပါဦး မတ် "

"သိပ် အပြောင်းအလဲ မရှိဘူး ၊ ထရေဗာ ဘရောင်းနင်း ဝင်လာပေမဲ့  ဘာမှမထူးခြားဘူး ၊ သတင်းကတော့ တစ်နေ့ တခြား ပိုကြီးလာပါတယ် ၊ ခင်ဗျား အတွက်ရော ကျုပ်အတွက်ပါ အကျိုးရှိပါတယ် ၊ ကျုပ်ကလည်း သတင်းကောင်းတစ်ပုဒ် ရတယ် ၊ ခင်ဗျားတို့ လည်း ဗြိတိသျှတွေရဲ့  အရှိုက်ကို ဆော် နိုင်ခဲ့တယ်ပေါ့ ၊ ဒါပေမဲ့  ကြားရသလောက်ကတော့ ဗြိတိသျှတွေက လျှော့ပေးမယ် မထင်ဘူး "
"ဒီတော့ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ မတ် "
"သြော် .... ကျုပ်ပြောချင်တာက အခုအခြေအနေမှာ အင်္ဂလိပ်တွေထက် လူစိတ်ရှိတယ် ဆိုပြီး ကမ်းးကိုကပ်ပေးလိုက်ရင် ကျုပ်တို့ သတင်းတွေ ကလည်း အကြီးဆုံး ဖော်ပြနိုင်မယ် ၊ ကမ္ဘာတစ်ဝှန်းးလုံးရဲ သနားခြင်းလည်း ခံရမယ် "
"နေပါဦး ၊ ခင်ဗျားကို ကစ်တီက လွှတ်လိုက်တာလား မတ်"
"အို .. မဆိုင်တာတွေ ပြောမနေစမ်းပါနဲ့ ၊ ကြည့်စမ်းပါဦး ၊ ကလေးတွေရဲ့  အခြေအနေတွေကို လူရုပ်တောင် မပီတော့ဘူး "
"သူတို့ ဘာလုပ်နေတယ်ဆိုတာ သူတို့  ဘာသာသိပါတယ် "
"နောက်တစ်ခု ရှိသေးတယ်နော် အယ်ရီ ၊ အခုနေတော့  ကျုပ်တို့ သတင်းက သတင်းကြီး မျက်နှာဖုံး သတင်းပါပဲ၊ ဒါပေမဲ့  ဘယ်သူက ဘယ်လိုပြောနိုင် မှာလဲ ၊ နက်ဖြန်ပဲ ဖရင့်ဆင့် နာစထရာက ဘယ်သတင်းစာသမားကို လက်သီးနဲ့  ထိုးလိုက်တာနဲ့  မျက်နှာဖုံးသတင်းက ပြုတ်သွားမှာ "
ထိုအချိန်၌ ကာရင်သည် အခန်းထဲဝင်လာ၏။
"ဟယ်လို ... မစ္စတာ ပါကား "
ကာရင်သည် မတ်ပေးလိုက်သော ကစ်တီ၏ စာကိုယူ၍ လက်ဆောင်ထုပ်ကိုတော့ ငြင်းလိုက်သည်။ တခြားအလျင်က လက်ဆောင်များကိုလည်း ကာရင်ငြင်းခဲ့သည်ပဲ ဖြစ်ပါသည်။ မတ်က ..
"'ဒုက္ခပါပဲ ၊ မင်းက မယူတာက အရေးမကြီးဘူး ၊ ကျုပ်က ကမ်းပေါ်ရောက်ရင် ကစ်တီကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး ၊ ဒီမှာ အယ်ရီ ၊ ဒီကလေးမကို ကြည့်စမ်း ၊ သူ့  မျက်လုံး မျက်ခွံတွေ ညိုပြီး အကွင်းလိုက်ကြီး ဖြစ်နေတာ တွေ့ ရဲ့ လား ၊ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ခင်ဗျား သဘောင်္ပေါ်မှာ ပြဿနာ ဖြစ်လာတော့ မှာပဲ "
အယ်ရီကမူ တိကျပြတ်သားစွာဖြင့် ..
"ကျု့ပ်တို့ ဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့  စိတ်ဝင်စားမှုကိုံယူနေတာ အဓိက မဟုတ်လား ၊ ဒီမှာ တစ်ခုတော့ ရှင်းရှင်းသိဖို့ လိုတယ် မစ္စတာ ပါကား ၊ ကျုပ်တို့ ဟာ ဘယ်နည်းနဲ့ မှ ကာရောင်လို စခန်းကို မပြန်ဘူး၊ ကျုပ်တို့ တိုက်ပွဲကို ဥရောပမှာ ရှိနေတဲ့  ဂျူးဒုက္ခသည် တစ်သန်းလောက် စောင့်ကြည့် နေကြတာ ၊ ဒီတိုက်ပွဲဟာ သူတို့ အတွက် အဖြေပဲ ၊ ဒီမယ် မတ် ၊ သေသေချာချာမှတ်ပြီး သတင်းသာ ရေးပေတော့ ၊ နက်ဖြန်ခါ ကစပြီး ကျုပ်တို့ ကို မလွှတ်ရင် သဘောင်္တစ်စင်းလုံး အစာငတ်ခံမယ် ၊ ကျု့ပ်တို့ အထဲက ကလေးတစ်ယောက်ယောက်ဖြစ်ဖြစ် ၊ လူကြီးတစ်ယောက်ယောက်ပဲဖြစ်ဖြစ် မေ့မြောသွားရင် သူတို့ ကြောင့်ဆိုတာ ဗြိတိသျှတွေ သိရအောင် သဘောင်္ ကုန်းပတ်ပေါ်မှာ တင်ပြမယ်ဗျာ ၊ ဒါပဲ "
"ခင်ဗျား ရက်စက်လှချည့်လားဗျား ၊ ရက်စက်လှချည်လား ၊ လူမှဟုတ်သေးရဲ့  လား "
"ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့ ၊ ကျုပ်က ဒုက္ခသည် မိဘမဲ့ ကလေးတွေနဲ့  ပြန်တိုက်နေရတာကို သဘောကျတယ်လို့ များ အောက် မေ့နေသေးလား ဟင် ၊ တခြားလက်နက်တို့  တပ်တို့  မရှိတော့လို့  တင့်ကားတွေကို ဘာနဲ့ မှ ပစ်စရာ မရှိလို့ ပဲ ၊ စစ်သဘောင်္ကြီးတွေကို ဘာနဲ့  ခုခံရမှာ လဲ ၊ ကျုပ်တို့ မှာ လက်နက်ဆိုလို့ ကျုပ်တို့  ယုံကြည်ချေက်ပဲ ရှိတော့တယ် ၊ နှစ်ပေါင်းနှစ်ထောင်ကျော်က အတိုက်ထုတ်ခံခဲ့ ရတဲ့ ကျုပ်တို့ တစ်တွေဟာ အခုပြန်တိုက်ရမယ် ၊ ဒီတိုက်ပွဲမှာ ကျုပ်တို့ နိုင်မှကို ဖြစ်မယ်"
.............................................




အိပ်ဇိုးဒပ်၏ တိုက်ပွဲခေါ်သံ
ကလေးများ အစာငတ်ခံကြပြီ ။
ကလေးများသည် ကာရောင်လို စခန်းသို့ ပြန်မည့်အစား အစာငတ်ခံရန် ဆုံးဖြတ်လိုက်ကြခြင်း။
ထိုသတင်းသည် ကမ္ဘာ့သတင်းစာအားလုံး၏ မျက်နှာဖုံးသတင်းဖြစ်သွားလေသည်။
အိပ်ဇိုးဒပ်ခေါင်းဆောင် အယ်ရီဘင်ကင်နင်သည် ခုခံရေးစစ်ပွဲမှ မမျှော်လင့်ဘဲ တန်ပြန် ထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ ယခုအခါ အပြန်အလှန် စောင့်ကြည့်နေသည့်  အခြေအနေမှ တိုက်ပွဲခေါ်သံကို ကလေးများ အစာငတ်ခံခြင်းဖြင့် စလိုက်ပေပြီ ။ အိပ်ဇိုးဒပ် သဘောင်္နံဘေးတွင် အင်္ဂလိပ်၊ ပြင်သစ် ၊ ဟီဘရူးဘာသာဖြင့် ဆိုင်းဘုတ်ကြီးများ တင်လိုက်ကြ၏။
ဆိုင်းဘုတ်မှာ ..
အစာငတ်ခံတိုက်ပွဲ တစ်နာရီရှိပြီ ... ။
အစာငတ်ခံတိုက်ပွဲ ဆယ့်နှစ်နာရီရှိပြီ ..။
ဆယ်နှစ်အရွယ် ၊ ဆယ့်နှစ်နှစ်အရွယ် ၊ တစ်ဆယ့်ငါးနှစ်အရွယ်ရှိ ယောက်ျားကလေး နှစ်ယောက် ၊ မိန်းကလေး တစ်ယောက်တို့ သည် အားပြတ်လဲကျ သွား သဖြင့် အများပြည်သူ မြင်နိုင်စေရန် သဘောင်္ကုန်းပတ်ပေါ်သို့  တင်လိုက်၏။
အစာငတ်ခံတိုက်ပွဲ နာရီ နှစ်ဆယ်ရှိုပြီ ... ။
နောက်ထပ်ကလေးဆယ်ယောက် ကုန်းပတ်ပေါ်ရောက်လာပြန်လေ၏။
.......................................
"ဒုက္ခပါပဲ ကစ်တီရယ် ၊ ထိုင်နေစမ်းပါဦး ၊ လမ်းလျှောက်လိုက် .. ထလိုက် ... ထိုင်လိုက်နဲ့  ၊ ကစ်တီ ကြည့်ရတာ မောလိုက်တာ"
"ဘယ့်နှယ် လုပ်ပြီး ထိုင်နိုင်မှာလည်း မတ်ရယ် ၊ ဒီ အယ်ရီဆိုတဲ့ လူက ကလေးတွေကို ဘယ်လောက်ကြာကြာ အစာငတ်ခံခိုင်းမှာလဲ ၊ အားလုံးသေ ကုန် ကြလိမ့်မယ် ၊ ကစ်တီ သဘောင်္ကို လှမ်းမကြည့်ရဲတော့ဘူး ၊ ကာရင်များ ကုန်းပတ်ပေါ်ရောက်နေပြီလား မသိဘူး "
"ကာရင် မပါပါဘူးလို့  ကိုယ်ပြောနေတာ ဆယ်ကြိမ်မကတော့ဘူး "
"ကလေးတွေက နဂိုကမှ သန်သန်မာမာတွေ မဟုတ်ရတဲ့ အထဲမှာ သဘောင်္ပေါ်မှာ ကျပ်တည်းကျပ်တပ်နဲ့  ရက်နှစ်ပါတ်နေခဲ့ ရပြီးပြီ ၊ အခုတစ်ခါ အစာ ငတ်ခံရပြန်တယ် ဆိုတော့  ကစ်တီဖြင့် တွေးတောင် မတွေးရဲဘူး ၊ ဒီ အယ်ရီဆိုတဲ့ လူဟာ လူမှ ဟုတ်ရဲ့ လား မသိဘူး ၊ လူစိတ်မှ ရှိရဲ့ လား မသိဘူး "
"ကိုယ်လည်း ဒါကို တွေးနေတာပဲ ၊ ကိုယ်တို့  ဂျူးတွေကို နားမှလည်ရဲ့  လားလို့ ၊ သူတို့  ဒီလောက်မက်မက်မောမော သွားချင်နေတယ် ဆိုတဲ့  ပါလက်စတိုင်းဟာ ဘာမှ ရှိတာမဟုတ်ဘူး ၊ နေပူကျဲကျဲနဲ့  သဲတွေပဲ ရှိတဲ့ ကန္တာရကြီး ကစ်တီ ၊ ဘာကြောင့်များ အသက်စွန့် ပြီး ကန္တရကြီးထဲ ရောက်ဖို့  တိုက်ပွဲဝင်နေကြပါလိမ့် "
"အို ... သူတို့ ဘက်က ကာကွယ်မနေစမ်းပါနဲ့ မတ်ရယ် "
"ကာကွယ်နေတာ မဟုတ်ဘူး ကစ်တီ ၊ အခြေအနေအားလုံးကို ပြန်ဆန်းစစ်ကြည့်နေတာ ၊ အခုအစာငတ်ခံတယ် ဆိုတာ အယ်ရီ ဘင်ကင်နင် တစ်ယောက်တည်း သဘောနဲ့ လုပ်လို့  ရတာ မဟုတ်ဘူး ၊ ကာယကံရှင် ကလေးတွေကိုယ်တိုင်ပါမှ ဖြစ်တာ ၊ အခုဟာ ကလေးတွေက ရာခိုင်နှုံးပြည့် သူ့ နောက်က ထောက်ခံနေကြတယ် ကစ်တီ"
" အဲဒါ ကစ်တီ ရင်နာတာပေါ့ ၊ သူတို့ တစ်တွေဟာ ဘာကြောင့်များ ဒီလောက် သစ္စာ ကြီးနေကြပါလိမ့် "
ထိုအချိန်တွင် တယ်လီဖုန်းက မြည်လာသည်။ မတ်သည် ကောက်ယူနားထောင်ပြီး ပြန်ချလိုက်၏။ ကစ်တီက ..
"ဘာတဲ့ လဲဟင် ... ဘာတဲ့လဲ "
"ကုန်းပတ်ပေါ်ကို နောက်ထပ်ကလေးတွေ တင်လိုက်ရသတဲ့ "
"ဟုတ်လား .. ဘုရားဘုရား ၊ ကာရင်များ ပါနေမလား မသိဘူး"
"မသိဘူးလေ ၊ အခုစုံစမ်းပေးပါ့မယ် "
" မတ် "
"ဟင် ... "
"ကစ်တီ အိပ်ဇိုးဒပ်ပေါ် သွားချင်တယ် မတ် ရယ် "
"အို ...မဖြစ်နိုင်တာပဲ "
"ကစ်တီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး "
"မဟုတ်သေးဘူး ကစ်တီ ၊ ကစ်တီ သဘောင်္ပေါ်တက်ကြည့်ရင် ဇာတ်လမ်းက တစ်ခါတည်း ဆက်သွားတော့မှာ ၊ ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူး"
" မဟုတ်ပါဘူး မတ် ရယ် ၊ ကာရင် အသက်ရှင်နေတယ်ဆိုတာ ကိုယ်တိုင်သိရရင် ကစ်တီ ကျေနပ်ပါပြီ ၊ ကာရင်က သဘောင်္ပေါ်မှာ ဒုက္ခခံစားနေရတဲ့  အချိန်မှာ ကစ်တီက ဒီဟိုတယ်မှာ ငုတ်တုတ်ကြီး ထိုင်မနေနိုင်ဘူး ၊ စီစဉ်ပေးပါဦး နော် ... နော်"
မတ် သည် သက်ပြင်းချလိုက်၏ ။
" ကိုယ် ကြိုးစားပါ့မယ် ကစ်တီ ရယ် "
.........................................



အစာငတ်ခံတိုက်ပွဲ ၃၅ နာရီရှိပြီ ..... ။
ရောမနှင့် ပဲရစ်မြို့ တွင် ဒေါသဖြစ်နေသော လူအုပ်ကြီးက ဗြိတိသျှ သံရုံးကို သွားဝိုင်းပြီး ဆန္ဒပြနေကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်မည့်အတွက် ရဲနှင့် ထိန်းသိမ်း ရသည့် အခြေအနေ သို့  ရောက်လာ၏။ ကိုပင်ဟေဂင်မြို့ ၊ စတော့ဟုမ်းမြို့ များတွင် ဆန္ဒပြပွဲများ ဖြစ်နေကြပြီ ။
အစာငတ်ခံတိုက်ပွဲ ၃၈ နာရီရှိပြီ ... ။
ဆိုက်ပရပ်ကျွန်းမှာပင် ဗြိတိသျှများကို မကျေမနပ်နှင့် ဆန္ဒပြပွဲများ လုပ်နေကြရာ ပွဲလမ်းသဘင်များ၊ ဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ ပိတ်လိုက်ရလေ၏။ ဆိုက်ပရပ်ကျွန်း တစ်ခုလုံးမှာလည်း တစပြင်လို ဖြစ်လာ၏။
အစာငတ်ခံတိုက်ပွဲ ၄၀ နာရီရှိပြီ ... ။
အယ်ရီ ဘင်ကင်နင်သည် သူ့ အားဝိုင်းကြည့်နေကြသော သူ့ ရဲဘော်များကို ကြည့်လိုက်၏။ ဇက် က စတင်၍ ....
" ကျုပ် စစ်သားပါဗျာ ၊ တိုက်ရဲပါတယ် ၊ သေရဲပါတယ် ၊ ဒါပေမဲ့  ဒီကလေးတွေ အစာငတ်ခံပြီး တစိမ့်စိမ့်သေကုန်မှာတော့ မကြည့်ရက်ဘူး "
အယ်ရီက ...
" ပါလက်စတိုင်းမှာ ဆိုရင် ဒီအရွယ်ကလေးတွေဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင် နေကြတာပဲဟာ "
" လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်တာက တစ်မျိုးပဲ ၊ အခုဟာက အစာငတ်ခံပြီး အသေခံနေတာက တစ်မျိုးပဲဟာ "
" ဟုတ်တယ်လေ ၊ ဒါလည်း တိုက်ပွဲပုံစံ တစ်မျိုးပေါ့ "
ဂျော့ ယာကိုနီ သည် ဒုတိယ ကမ္ဘာစစ်ကြီး တစ်လျှောက်လုံးတွင် အယ်ရီနှင့်  ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင်လာခဲ့သူ ဖြစ်သည်။ သူသည် သက်ပြင်းချ လိုက် ပြီး ...
"ကျွန်တော့် အနေနဲ့  ခင်ဗျားကို တစ်ခါမှ မဆန့် ကျင်ဖူးပါဘူး အယ်ရီ ၊ ဒါပေမဲ့  ဒီကလေးတွေထဲက တစ်ယောက်ယောက် သေဆုံးသွားတာနဲ့  လူတွေက ကျုပ်တို့ ကို အပြစ်တင်ကြတော့ မှာပဲ ထင်တယ် "
အယ်ရီက သဘောင်္ကပ္ပတိန် ဘင့်ရှောဘတ် ကို ကြည့်လိုက်၏။
ဘင့် ရှောဘတ်က ..
" ခင်ဗျားက ခေါင်းဆောင်ပဲ အယ်ရီ ၊ ခင်ဗျားကြိုက်သလို ဆုံးဖြတ် တိုက်ပွဲဝင်နိုင်ပါတယ် ၊ ဒါပေမဲ့  သဘောင်္သားတွေကတော့  စိတ်လှုပ်ရှားနေကြပြီလေ ၊ သူတို့ က ဒီပုံစံနဲ့ တိုက်ပွဲဝင် ရမယ်လို့ မှ ကြိုမသိခဲ့ရတာ"
" ဒါဖြင့် ခင်ဗျားက အရှုံးပေးချင်ပြီလား "
ဘင့် ရှောဘတ် သည် သူကိုယ်တိုင် ပါးစပ်မှ အရှုံးပေးရန်လည်း ပြောမထွက် ၊ သူတို့ ၏ တိတ်ဆိတ်မှုမှာ အရှုံပေးချင်သည့် အတွက် မဲပေးနေသည့် အလား ။ အယ်ရီသည် ဒေးဗစ်အား ...
" ကဲ ... ဒေးဗစ် ဆိုပါဦး ၊ မင်းရဲ့ ထင်မြင်ချက်လည်း မကြားရသေးပါလား "
ဒေးဗစ်သည် ပညာတတ်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်သည်။ အားလုံးရဲဘော်များသည် သူ့ လောက် ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ယောက်မှ မရှိ ။
သူသည် ကျိုးကြောင်းမြော်မြင်တတ်သူလည်း ဖြစ်သည်။ ဒေးဗစ်က ...
" နာဇီ ဟစ်တလာရဲ့  လက်ချက်နဲ့  ကျုပ်တို့ ဂျူးလူမျိုး ၆ သန်းကျော်လောက်ဟာ ဘာ့ကြောင့်မှန်း မသိကြဘဲ အဆိပ်ငွေ့ ခန်းထဲမှာ သေခဲ့ကြတယ် ၊ ကျုပ်တို့  အိပ်ဇိုးဒပ်ပေါ်က လူသုံးရာသေသွားရင် ဘာ့ကြောင့် သေရတယ်ဆိုတာ ကျုပ်တို့  ကိုယ်တိုင်က သိတယ် ၊ တစ်ကမ္ဘာလုံးက သိတယ် ၊ ဟို လွန်ခဲ့တဲ့  နှစ်ပေါင်းနှစ်ထောင် ကျော်ကျော်က ကျုပ်တို့ ဂျူးလူမျိုးတွေဟာ ကိုယ့်ထီးကိုယ့်နန်း ၊ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့  ရှိနေတုန်းက ရောမအင်ပါယာ ၊ ဂရိအင်ပါယာရှင်တွေကို တစ်ယောက်မကျန် ခုခံခဲ့တဲ့  အစဉ်အလာ ရှိပါတယ် ၊ ဘာဆဲလားမြို့ ၊ ဂျေရုဆလင်မြို့ တွေမှာ အသေခံတိုက်ခဲ့ကြ တာပဲ ၊ မာဆာဒါမြို့ မှာ ဆိုရင် ကျုပ်တို့ ဂျူးတွေဟာ ရောမတပ်သားတွေကို လေးနှစ်လုံးလုံး ခုခံနိုင်ခဲ့တယ် ၊ နောက်ဆုံး ရောမတွေ နိုင်လို့ မြို့ ထဲ ရောက်တဲ့ အခါ ကျတော့လည်း ကျုပ်တို့  ဂျူးလူမျိုးတွေကို တစ်ယောက်မှ အသက်နဲ့ မတွေ့ ရတော့ဘူး ၊ အလောင်းတွေပဲ တွေ့ ရတော့ တယ် ။ ဝါဆောဂက်တို စခန်း မှာလည်း ကျုပ်တို့ ဂျူးလူမျိုးတွေရဲ့  မျိုးရိုး အစဉ်အလာအတိုင်း တစ်ယောက်မကျန် တိုက်ပွဲဝင် အသေခံသွားခဲ့ကြတာပဲ မဟုတ်လား ၊ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့  ဂျူးလူမျိုးတွေလောက် လွတ်မြောက်ရေးတိုက်ပွဲအတွက် အသေခံ တိုက်ရတဲ့ လူမျိုး တစ်ခုမှ မရှိဘူး ၊ တကယ်လို့  ကျုပ်တို့ အနေနဲ့ အခု အနေ အထားမှာ အရှုံးပေးပြီး သံဆူကြိုးဝင်းထဲ ပြန်ဝင်သွားကြမယ် ဆိုရင် ဂျူးလူမျိုးတွေရဲ့  အစဉ်အလာ ပျက်သွားမှာပေါ့ "
အားလုံးသည် ဘာမှ စကားမပြောနိုင်ကြတော့ ဘဲ ငြိမ်သွားကြလေ၏။
အယ်ရီက ...
" ကဲ ... ဘာပြေစရာ ရှိကြသေးလဲ "
အားလုံးဘာမှ မပြောတော့ ။
အစာငတ်ခံခြင်း ၄၂နာရီ ရှိပြီ ... ။
အစာငတ်ခံခြင်း ၄၅ နာရီရှိပြီ ... ။
တစ်ကမ္ဘာလုံးမှ နိုင်ငံအသီးသီးသည် ကလေးများအတွက် ဆန္ဒပြခြင်း ၊ ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်နေ၏။
အစာငတ်ခံခြင်း ၄၇နာရီရှိပြီ ... ။
သတင်းသည် နာရီနှင့်အမျှ ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်လာ၏။
................................................



ကစ်တီသည် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့ တက်ခွင့် ရသည်နှင့် ချက်ချင်း သဘောင်္ပေါ် ရောက်လာ၏။ သေဘာၤတစ္ခုလံုးမွာ လွဳပ္ရွားမွဳ သိပ္မရွိႀက။ ကလေးအားလုံးသည် အားမရှိတော့ သဖြင့် နေရာတွင်ပင် ခွေလျက်သား လဲနေကြ၏။
ကစ်တီက အနားရှိ ဒေးဗစ်အား ....

" ကျွန်မ မေ့မြောသွားတဲ့  ကလေးတွေကို အရင် ကြည့်ချင်တယ် "
ဒေးဗစ်သည် ကစ်တီအား မေ့မြောနေသော ကလေးများထံ ခေါ်သွားလေသည်။ မေ့မြော နေသော ကလေးပေါင်းမှာ ခြောက်ဆယ်တိတိ ရှိသည်။ ကစ်တီသည် ကလေးများကို တစ်ယောက်ပြီး တစ်ယောက် သွေးတိုးစမ်းလိုက် ၊ မျက်ခွံကိုလှန်ပြီး မျက်သားမျက်ဆန် များကို ကြည့်လိုက်နှင့် အခြေ အနေ ကို အကဲခတ်နေ၏။ တစ်ချိန်လုံး သူမကိုယ်တိုင်ပင် မေ့မြောသွား သည်ဟု မှတ်ထင်သွားလေသည်။ ထောင့်တစ်နေရာတွင် ကာရင်ကို တွေ့ ရသည်။ သူမ နံဘေးတွင် ဒပ် သည် အိပ်ပျော်နေ၏။ ကစ်တီသည် ရင်ခုန်ရပ်သွားသလို ခံစားရ၏။ ကာရင့်အနား တိုးကပ်သွားကာ တိုးတိုးကလေး ....
" ကာရင် ၊ ကာရင် .. သတိရသလားဟင် ၊ ကစ်တီ ပါ "
ကာရင်၏ မျက်လုံးများမှာ ပွင့်လာ၏။
" ကစ်တီ "
" ဟုတ်ပါတယ် ကာရင် ၊ ကစ်တီ ပါ "
ကာရင်သည် သူ၏ အားမရှိတော့သော လက်များဖြင့် ကစ်တီကို မီသမျှ လှမ်းဖက်လိုက်၏။
" ကာရင့်ကို မထားခဲ့ပါနဲ့ နော် ကစ်တီ ၊ ကာရင် ကြောက်လွန်းလို့ ပါ "
" အေးပါ ကလေးရယ် ၊ ကစ်တီ အနားမှာ အမြဲရှိနေပါ့မယ် "
ကာရင် ပြန်မှိန်းသွားသည်နှင့် ကစ်တီသည် အပြေးအလွှား ဆေးပစ္စည်းများ ထားရာ စတိုခန်းသို့ ဒေးဗစ်နှင့်အတူ သွားလေသည်။ ဆေးပစ္စည်းများမှာလည်း အနည်းအကျဉ်းသာ ရှိ၏။
ကစ်တီက ...
"ဆေးဝါးကလည်း နည်းနည်းပဲ ရှိပါလား ၊ ကဲပါလေ ၊ ကလေးတွေ အတတ်နိုင်ဆုံး နေသာထိုင်သာ ရှိအောင်တော့ လုပ်ပေးရမှာပေါ့ ၊ အဲဒါ ဒေးဗစ်နဲ့  ဂျော့တို့ က ကူလုပ်ပေးမှ ရမယ် "
" ရပါတယ် ၊ ကစ်တီက ခိုင်းစရာရှိတာသာ ခိုင်းပါ "
"တချို့ ကလေးတွေက စိုးရိမ်ရတယ် ၊ အဖျားဝင်လာမှာ စိုးရတယ် ၊ ရေဖတ်တိုက်ပြီး အဖျားချပေးရမယ် ၊ ကုန်းပတ်ပေါ် ကျတော့လည်း လေသိပ်တိုက် တယ် ၊ ဒါကြောင့် ကုန်းပတ်ပေါ်က ကလေးတွေကို ခြုံစရာခြုံပေးထားရမယ် ၊ နောက်ပြီး လှုပ်ရှားနိုင်တဲ့ ကလေးကြီးတွေနဲ့  လူကြီးတွေက သဘောင်္တစ်ခုလုံးကို သန့် ရှင်းရေး လုပ်မှ ဖြစ်မယ် "
ကစ်တီ သည် ပါးစပ်ကလည်းပြော ၊ လက်ကလည်း ဇယ်ဆက်သလို အလုပ်များကို တွန်းလုပ်လေရာ ဒေးဗစ် ၊ ဂျော့ နှင့် လှုပ်ရှားနိုင်သူတို့ သည် ကစ်တီခိုင်းသမျှ လုပ်ပေး နေရတော့၏။ သို့ သော် အခြေအနေက မကောင်းပေ။ ပင်လယ်ရေကို ခွက်နှင့်ခပ်ပစ်ရသလို တစ်ယောက်ကို ပြုစု၍ မဆုံးမီ သုံးလေးယောက်က လဲပြန်သည်။ ဆေးဝါးက မပြည့်စုံ ၊ ရေကလည်း နည်း ၊ တခြားပစ္စည်း ပစ္စယ ကလည်း မရှိ ။ နောက်ပြီး အရေးကြီးဆုံး လက်နက်ဖြစ်သည့် အစာကိုလည်း သုံးခွင့်မရှိ ။
အစာငတ်ခံခြင်း ၈၁ နာရီ ရှိပြီ ...။
မေ့မြောသွားသော ကလေးမှာ ဆယ်ယောက်တိုးလာပြီး ၊ ခုနှစ်ဆယ်ဖြစ်သွား၏။ သဘောင်္ကို စောင့်ကြည့်နေကြသော ပရိသတ်မှာ ဗြိတိသျှများကို အော်ဟစ်ကျိန်ဆဲ နေကြ၏။
ဗြိတိသျှစစ်သား အချို့ မှာ သူတို့ ကိုယ်တိုင်ပင် ကလေးများ၏ ဒုက္ခကို မကြည့်ရက်တော့ဘဲ ဤတာဝန်မှ တခြားသို့  ပြောင်းပေးပါဟု တောင်းဆိုခြင်းများ ဖြစ်လာကြ၏။
အစာငတ်ခံခြင်း ၈၂နာရီ ရှိပြီ .... ။
ကာရင်သည် မေ့မြောသွားရာ ကုန်းပတ်ပေါ်ပို့ လိုက်ရ၏။
အစာငတ်ခံခြင်း ၈၃နာရီ ရှိပြီ ... ။
ကစ်တီ သည် ကုလားထိုင် တစ်လုံးပေါ်သို့ ပစ်လှဲချလိုက်၏။ ကစ်တီသည် ၃၅နာရီလုံးလုံး မနားဘဲ အလုပ်လုပ်နေခဲ့ သဖြင့် တစ်ကိုယ်လုံးမှာ နွမ်းပြီး ပျော့နေသည်။ အယ်ရီသည် ဘရမ်ဒီတစ်ခွက်ငဲ့လိုက်ပြီး ကစ်တီအားလှမ်းပေးလိုက်၏။
" ကဲ ... ခင်ဗျားက ဆန္ဒပြတဲ့ အထဲမှာ မပါဘဲဗျာ ၊ ဒါလေးတော့ သောက်လိုက်ပါဦး "
ကစ်တီသည် ပေးလာသော ခွက်ကို တခါတည်း မော့ပစ်လိုက်၏။ လည်ချောင်းထဲ ပူဆင်းသွား၏ ။ နောက်တခွက် ထပ်ထည့်ပေးသည်ကို ယူသောက် လိုက်မှ လူသည် လန်းလာ၏။ ကစ်တီသည် အယ်ရီ ဘင်ကင်နင်ကို စိုက်ကြည့်လိုက်၏။
အယ်ရီသည် သန်မာထွားကျိုင်းလှသူ ဖြစ်သည်။ အစာငတ်ခံတိုက်ပွဲ၏ ဒဏ်မှာ သူ့ ကို မည်သို့ မှ မထိခိုက်သလိုပင်။ ကစ်တီသည် အယ်ရီ၏ အေးစက် သော မျက်လုံးများကို ကြည့်ပြီး အယ်ရီ၏ ဦးနှောက်ထဲတွင် နောက်ထပ် ဘာတွေကြံစည်နေမည်ကို ကစ်တီ မသိနိုင်။ သည် အယ်ရီ ဆိုသောလူတွင် ကြောက်လန့် သောစိတ် ၊ ဝမ်းနည်းသောစိတ် ခံစားမှုများ ရှိမှ ရှိပါ့မလားဟု သံသယ ဝင်လာ၏။
အယ်ရီက ...
" ခင်ဗျား ကျုပ်ဆီကို လာတွေ့ မယ်ဆိုတာ ကျုပ်က မျှော်လင့်ပြီးသားပါ "
" ကျွန်မ ရှင့်ကို ဘယ်တော့မှ မတောင်းပန်ဘူး အယ်ရီ ဘင်ကင်နင် ၊ တောင်းပန်လို့ မရဘူး ဆိုတာ သိပြီးသား ၊ မေ့မြောနေတဲ့  ကလေးတွေ ထဲမှာ ဆယ့်လေးငါးယောက်ဟာ အခုပုံ အတိုင်းဆိုရင် မကြာခင် သေကုန်ကြတော့မယ် ဆိုတဲ့ အကြောင်း အဖြစ်မှန်ကို ရှင့်ထံမှာ လာတင်ပြတာ ၊ ရှင့် ရင်ထဲမှာ ဘယ်လိုများ သဘောရသလဲ ဟင်"
"ကျုပ်ကို စော်ကားစွပ်စွဲတာတွေ ခံရဖန်များလွန်းလို့ ကျုပ်အရေထူနေပါပြီ ၊ ခင်ဗျားကရော ကလေးအားလုံးအတွက် လူစိတ်ရှိနေတာလား ၊ တစ်ယောက်တည်း အတွက်လား "
" ကျွန်မ ရှင့်ကို ဘာမှ ရှင်းပြစရာ မလိုဘူး "
" ခင်ဗျားက မိန်းကလေးတစ်ယောက်အတွက် တောင်းပန်နေတဲ့ လူ ၊ ကျုပ်က တိုင်းပြည်မဲ့  ဖြစ်နေတဲ့  ဂျူးလူမျိုးတွေ အားလုံးအတွက် တောင်းပန်နေတဲ့  လူဗျာ့"
" တော်ပြီ .. တော်ပြီ ။ ကျွန်မ ဘာသာ လုပ်စရာရှိတာကို သွားလုပ်တော့မယ် ၊ ဒါထက် ရှင်က ကျွန်မကို ဘာဖြစ်လို့  အိပ်ဇိုးဒပ် သဘောင်္ပေါ်တက်ခွင့် ပေးရတာလဲ ဟင် "
အယ်ရီသည် ပြတင်းပေါက်မှ စစ်သဘောင်္များကို လှမ်းကြည့်လိုက်၏။ ပြီးမှ နောက်လှည့်မကြည့်ဘဲ ...
" ကစ်တီကို ကျုပ်ကိုယ်တိုင်က တွေ့ ချင်နေလို့ လားမှ မသိဘဲ"
အစာငတ်ခံခြင်း ၈၅နာရီ ရှိပြီ ... ။
....................................



ဗြိတိသျှအာဏာာပိုင်များမှာလည်း ခေါင်းချင်းရိုက်နေကြပါ၏။ သည်ပြဿနာ သူတို့ ထင်တာ ထက် ပိုပြီး ကြီးထွားလာသည်ကို ဘယ်ပုံတားဆီး ရမည် မသိ။ ယခုအချိန်မှ အလျော့ပေးရန် ကလည်း သိက္ခာကျပေတော့မည်။ ထိုစဉ် ထောက်လှမ်းရေးတပ်မှူး မေဂျာ အဲလစ်စတာ အခန်းထဲ ဝင်လာပြီး ဘရောင်းနင်းအား သတင်းတစ်ခုပေးလိုက်၏။ ထရေဗာ သည် စာကို ဖတ်ပြီး ...
" ဘုရားရေ ၊ ခုမှ ဒုက္ခပဲဟေ့"
စာကို ဗိုလ်ချုပ် ဆပ်သာလင်ကို ပေးလိုက်၏။ စာမှာ ...
အရေးတကြီး
အိပ်ဇိုးဒပ်သဘောင်္မှ တာဝန်ခံဖြစ်သည့် အယ်ရီ ဘင်ကင်နင်က နက်ဖြန်နေ့ လည် ဆယ့်နှစ် နာရီ အချိန်မှ အစပြုပြီး တစ်နေ့ တစ်နေ့ တွင် ကလေး ဆယ် ယောက်သည် သူတို့ ကိုယ် သူတို့  သတ်သေကြမည် ဖြစ်ကြောင်း၊ ဗြိတိသျှ အစိုးရက အိပ်ဇိုးဒပ်သဘောင်္ကို ပါလက်စတိုင်းသို့ ထွက်ခွာခွင့်မပြုမချင်း တစ်နေ့ ဆယ်ယောက်တိတိဖြင့် သဘောင်္ပေါ်မှ လူကုန်သည်အထိ သတ်သေကြရန် ဆုံးဖြတ်ထားကြကြောင်း ။လန်ဒန်ဌာနချုပ်တွင်လည်း ထိုသတင်းကြောင့်ပင် ဘရက်ရှော ၊ ကရော့ဖို့ အစရှိသော အာဏာပိုင်များသည် ခေါင်းချင်းရိုက်နေကြ၏။ အချိန်မှာ ဆယ့်လေးနာရီပဲ လိုတော့သည်။ အမြန်ဆုံးနည်းနှင့် ကမ္ဘာအရပ်ရပ်ရှိ ဂျူးခေါင်းဆောင်များထံ ဤကိစ္စ ကြားဝင်၍ ဖျန်ဖြေပေးရန် ကြေးနန်း ရိုက်လိုက်၏။ ကမ္ဘာ့ဂျူးခေါင်းဆောင်များ၏ ဖျန်ဖြေခြင်းကို အယ်ရီ ဘင်ကင်နင် ကျေနပ်တန် ကောင်းပါရဲ့ ဟူသော မျှော်လင့်ချက်နှင့်။ခြောက်နာရီအတွင်း ကြေးနန်းများက ပြန်လာ သည်။ ကမ္ဘာအရပ်ရပ်မှ ဂျူးခေါင်းဆောင်များက တညီတညွတ်တည်း အဖြေပေးကြ၏။

" သူတို့ ဖျန်ဖြေမပေးနိုင် " ဟူ၏။


ဘရက်ရှောသည် ဆိုက်ပရပ်ရောက်နေသော ထရေဗာနှင့် ချက်ချင်းဆက်သွယ်ပြီး အိပ်ဇိုးဒပ် ထံသွားပါ ၊ ဗြိတိသျှအာဏာပိုင်တို့ နှင့်ဆွေးနွေးရန် စီစဉ်နေပါသည်၊ ရာဇသံကို နောက်ထပ် နှစ်ဆယ့်လေးနာရီ ရွေ့ ပါ ဟူ၍ ။

ထရေဗာ ဘရောင်းနင်းသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရာ အယ်ရီ ဘင်ကင်နင်၏ အဖြေရသည်နှင့် လန်ဒန်ကို အကြောင်းကြားရပြန်၏။
အရေးတကြီး
ဘင်ကင်နင်က ဘာမှ ဆွေးနွေးစရာ မရှိဟု အကြောင်းပြန်ပါသည်။ သူ့ အနေနှင့် အိပ်ဇိုးဒပ်ကို ထွက်ခွင့်ပြုခြင်းနှင့် မပြုခြင်း နှစ်လမ်းသာ ရှိသည် ဆိုပါသည်။ လိုလားချက်မှာ သူတို့ တစ်ဖွဲ့ လုံး ပါလက်စတိုင်းသို့ လွတ်လပ်စွာ သွားခွင့်ပြုခြင်းပင် ဖြစ်သည်။ ဘင်ကင်နင်က သမ္မာကျမ်းစာမှ စာကို ထပ်မံကိုးကားပါသည်။
" ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ "

ထရေဗာ ဘရောင်းနင်း
......................................
စီစီ ဘရက်ရှောမှာ အိပ်မပျော်တော့ ။ အိပ်ဇိုးဒပ်မှ ပေးထားသော ရာဇသံ ခြောက်နာရီသာ လိုတော့သည်။ သူ့ အနေနှင့် ဝန်ကြီးအဖွဲ့ အစည်းအဝေးကို တင်ပြရန် သုံးနာရီပဲ အချိန်ရသည်။ ဖျန်ဖြေဆွေးနွေးဖို့  အချိန်မရှိတော့။
သူသည် အရူးတစ်ယောက်နှင့် တိုက်ခိုက်နေရပြီလား ။ဒီ အယ်ရီ ဘင်ကင်နင်ဆိုသူမှာ အသည်းနှလုံးမရှိသောလူ၊ သူ့ ကို ဒုက္ခရောက်သည်ထက် ရောက်အောင် နှိပ်စက်နေသည့် လူလား ။
" ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ"
ဘရက်ရှောသည် အိပ်ခန်းထဲမှ မီးကို ပိတ်လိုက်လေ၏။
အရေးတကြီး
နက်ဖြန် နေ့ မွန်းတည့်ချိန်မှ အစပြုပြီး တစ်နေ့ ဆယ်ယောက်တိတိ သတ်သေကြမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ကြေညာချက်ကို အယ်ရီ ဘင်ကင်နင်က ထုတ်ပြန်လိုက် ကြောင်း။
......................................
သတ်သေကြမည် ... ။ သတ်သေကြမည်။
ဤအတွေးသည် သူ့ အား တစ္ဆေလို ခြောက်လှန့် လျက်ရှိလေသည်။
ဘရက်ရှောသည် တွေဝေ ရှုပ်ထွေးစပြုလာ၏။ ပြီးခဲ့သော သုံးလေးရက်မှာ သူ့ အတွက် လောကငရဲလို ဖြစ်နေ၏။ အနှစ်သုံးဆယ်လုံးလုံး အရှေ့ အလယ်ပိုင်း ပြဿနာများနှင့် ပေါ်လစီများကို နိုင်နင်းစွာ ကိုင်တွယ်လာခဲ့သူ တစ်ဦးက ဒီပွဲတွင်မှ နှပ်ပစ်ခံရမည့်ကိန်း ပေါ်နေသည်။ သူ့ တွင် စစ်တပ်တစ်ခုလုံးနှင့် ရေတပ်တစ်ခုလုံး ရှိသည်။ အိပ်ဇိုးဒပ်လို သဘောင်္မဆိုထား နှင့် ၊ ဂျူးလူမျိုးများ ခိုးဝင်သူအားလုံးကို တားနိုင်သည့်အားရှိ၏။ ယခုပြဿနာက တစ်မျိုး ။
နောက်ဆုံး ကရော့ဖို့ ကို အော်ခေါ်လိုက်၏။
ပြီးနောက် ...

" ဆိုက်ပရပ်က ထရေဗာကို အကြောင်းကြားလိုက် ၊ အိပ်ဇိုးဒပ်ကို ပါလက်စတိုင်း သွားခွင့်ပြုလိုက်တော့လို့ "
.....................................
ပုံတူကူးချဖို့ တော့ ဘယ်ဟုတ်မလဲဗျ။ ကျုပ်ဟာသွေးဆာနေသူ တစ်ယောက်တော့ မဟုတ်ရပါဘူးဗျာ။ မဂ်တရား ဖိုလ်တရားဆိုတာလည်း အထိုက်အလျောက် နားလည် ထားတဲ့သူပါ ။
..................................
ဒါပေမဲ့ဗျာ ....ဒီအခြေအနေဟာ ကျုပ်သာ အမိန့် ပေးနိုင်သူဖြစ်ခဲ့ရင် တိုက်ပွဲအဆုံးအဖြတ် အတွက် ဘယ်အရာကိုမဆို ချပြီးရင်းပစ်လိုက်မဲ့  အချိန်မျိုးပဲ ဗျာ။ ရူးတယ်လို့  ဆိုချင်ဆို အလွယ် ဆုံးကတော့ ....
နီးရာစစ်ဝါဒီ၊ပြည်သူ့ ရန်သူကို ရရာလက်နက်နဲ့ သုတ်သင်တဲ့ နည်းပဲဗျ။ အထူးသဖြင့် အရိုးအရင်းကိုက်ပြီး မတရားတာကို သိသိကြီးနဲ့  ခြေကန် ဘက်လိုက် နေတဲ့ အသားထဲက မောင်တွေကို စပြီး ပညာပေးရမယ်။ အိမ်တိုင်းမှာ ဓားမတိုတော့ ရှိကြပါတယ်။ မြန်မာပြည်လူဦးရေ သန်း၆၀ နီးပါးမှာ ဓားကိုင်နိုင်သူ ၁၀ သန်းတော့ ကျော်လောက်ပါရဲ့ ။ တကယ့်စစ်သားစိတ်ရှိပြီး ။ လူထုဖက်ကရပ်တည်မဲ့  စစ်သားတွေကို ဖယ်လိုက်ရင် ၊ တွေ့ ရာ သချိုင်း ဓားမဆိုင်းရှင်းရမဲ့  မိစ္ဆာကောင်အရေ အတွက် က သောင်းဂဏန်းထက်မပိုပါဘူး ဗျာ။
.....................................
ယ ရက် ..... ။ န နာရီ .....လား ။
မကြာပါဘူးဗျာ ။ အသေအချာကို ရောက်လာတော့မှာပါ ။ ၂၀၁၀ ခုနှစ်ဆိုတာ တင်ပါးနားကပ်နေပြီလေ။ အရူးတစ်ယောက်တောင်သိနေတဲ့ လိမ်ပွဲကြီးကို ဆက်ကိုဆက်အုံးမဲ့ အချိန် ... ။
အရူးတစ်ယောက် သတင်းစာမှာရေးသလို ပစ်တိုင်းထောင်ဆိုတဲ့ ဗမာပြည်မှာ ဘက်ပေါင်းစုံက အကျပ်ရိုက်နေတဲ့ ဇာတ်လမ်းက စနေပါပြီ ။ လက်လုပ်လက်စားတွေလည်း ခွက်ပျောက်၊ သူဌေးဆိုတဲ့ မောင်တွေလည်း လှေမှောက်ကုန်ပြီ ။ လယ်သမားတွေလည်း ပြေးလို့ ရှောင်လို့ မလွတ်ဘူး ။ ခရီးသွားလာရေးလုပ်ငန်းဆိုတာလည်း တစပြင်လို ဖြစ်ကုန်ပြီ ။ ပေါက်ဖော်ကြီးအားကိုးနဲ့  ကိုယ်ပိုင်လက်နက်စက်ရုံထောင်ပြီး တထီးတနန်း စံမြန်းဖို့ ပြင် နေကြတဲ့ ဝလူမျိုးတွေရဲ့ ပြဿနာဟာ လိမ်ပွဲကြီး ကန့် လန့် ကာတောင် မဖွင့်ရသေးဘူး၊ သခွတ်ပင်က မီးတကျည်ကျည် တင်မက မီးပွားကြီးတွေပါ စလွင့်ပါပြီဗျာ။
...........................................
အာဏာမြဲရင်ပြီးရော ဆိုတဲ့  စစ်မင်းများရဲ့ အားကိုးရာ ၊လဲလျောင်းရာ ပါပါကြီးရဲ့  စိန့်  တိုင်းကြီး လည်း လှုပ်စပြုနေပါပြီ ။နိုင်ငံတကာစီးပွားပျက်ကပ်ရဲ့  ဂယက်ဟာ ပေါက်ဖော်ကြီးကို ကောင်းကောင်း ဒုက္ခစပေးနေပါပြီ ။ တရုတ်အစိုးရမင်းများကို တရုတ် ဥပဒေ ပညာရှင်က ငွေစာရင်းပြန်စစ်နေပါပြီ တဲ့ ဗျာ။ အလုပ်လက်မဲ့  ပြဿနာ၊ စီးပွားပျက်ကပ် နောက်ဆက်တွဲ အရှုပ်မျိုးစုံ၊ ဒီမိုကရေစီ တောင်းဆိုမှုတွေ စကြုံနေပြီလေ။
..........................................
ပြည်ပကို ရောက်နေတဲ့ မဟာမြန်မာ ၃သန်းနီးပါး ထဲက နှစ်သိန်းလောက် တပြိုင်နက်တည်း ရေလမ်းကုန်းလမ်း ၊ဝေဟင်ယံက လေယာဉ်ပျံနဲ့ ပါမကျန် တံခါးပေါက် ပေါင်းစုံကဝင် လိုက်ကြရမဲ့ အချိန်ကို ရောက်လာပါ တော့မယ်။ ဓားမတိုမှာ သွေးအလိမ်းလိမ်းကပ်နေလို့  ရေစိမ်ခွာရမဲ့  အချိန်လည်း နီးးပါပြီ ။ဒီတော့မှသာ အိပ်ဇိုးဒပ်ထဲက တော်လှန်ရေး ခေါင်းဆောင် အယ်ရီဘင်ကင်နင်လိုသာ ပြတ်သားကြပါစေဗျာ။ လူငယ်တွေကိုတော့ ကျုပ်ယုံပြီးသားဗျ။
.......................................
တကယ်တော့ သန်းကောင်ထက်နက်တဲ့ ညဥ့်ဆိုတာ အာရုဏ်ဦးမဟုတ်ဘူးလားဗျာ ။ ဝက်အသားနီလန်၊ ကြက်ဆီပြန်၊ မအီအောင် ချည်ပေါင်ခံလို့  ထွဋ်မြတ်တဲ့  စံဌာနီ။ လွတ်လပ်တဲ့ မြန်မာပြည်၊ မချွတ်အစဉ် လွတ်သဘင်ဆင်နွဲ ၊ သဘင်သဲ ပွဲညံစီရအောင် ၊ နိုင်ငံတခုပြန်လည်မွေးဖွားနိုင်ဖို့ အတွက် ဓားမတိုပဲ ကိုင်ရ ကိုင်ရ ၊ ဖိနပ်ပဲထမ်းရ ၊ ထမ်းရ ၊ တရေးနိုး လာခေါ်လည်း ကျုပ်ဖက်ကတော့  အဆင်သင့်ပဲ ဗျို့ ။
....................................
မှတ်ချက်။ ။ ရုပ်ပုံများကို ဂူဂဲလ်မှ ရယူထားပါသည်။