Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 10 January 2009

တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် (၂)

တိုက်တတ်ရင် အောင်ပွဲဖြစ်တယ် (၂)

မင်းဒင် ရေးသည်။

ကီရီနီးယား ဆိုက်ပရပ် (အေပီ သတင်းဖော်ပြချက်)
အရှေ့ အလယ်ပိုင်း သဲကန္တာရ သူရဲကောင်းဖြစ်သော ဗိုလ်ချုပ်ကြီး ဆာကလာရင့် ထရေဗာ ဘရောင်းနင်းသည် ဆိုက်ပရပ်ကျွန်းသို့  တိုးတိုးတိတ်တိတ် ရောက်လာ၏။ ဗိုလ်ချုပ်ကြီး ထရေဗာ ရောက်လာခြင်းသည် ဆိုက်ပရပ်ကျွန်း၏ အုပ်ချုပ်မှုအာဏာကို လက်ပြောင်းယူခြင်းဟု အားလုံးက ခန့် မှန်းနေ ကြ၏။ သူရောက်လာခြင်းသည် အိပ်ဇိုးဒပ် အရေးအခင်းအတွက် မူပြောင်းခြင်းဖြစ်ချင်ဖြစ်မည် ၊ သို့ တည်းမဟုတ် ဆိုက်ပရပ် အုပ်ချုပ်ရေး အတွက် လူ ပြောင်းခြင်း ဖြစ်ချင်ဖြစ်မည်ဟု အကဲခတ်သမားများက ယူဆနေကြ ပါသည်။

မတ်သည် သဘောင်္ပေါ်ရောက်သည်နှင့် ကာရင်ကလီမင့်ကို တွေ့ လို၍ ခဏခေါ်ပေးရန် အယ်ရီကို ပြောလိုက်၏။
သဘောင်္ပေါ်ရှိကလေးများ အခြေအနေမှာ သိပ်မကောင်းပါ။သူတို့ တစ်တွေသည် ကျဉ်းကျပ်စွာ နေရခြင်း ၊ ရေမချိုးရခြင်းနှင့် တခြားသော အကြောင်း အကြောင်း များကြောင့် ညှိုးချုံးလျက် ရှိလေသည်။ အယ်ရီကမူ ဘာမှ မထူးခြားသော အသွင်ကို ဆောင်လျက် ။
" အပြင်ဘက်က အခြေအနေကို ပြောပါဦး မတ် "

"သိပ် အပြောင်းအလဲ မရှိဘူး ၊ ထရေဗာ ဘရောင်းနင်း ဝင်လာပေမဲ့  ဘာမှမထူးခြားဘူး ၊ သတင်းကတော့ တစ်နေ့ တခြား ပိုကြီးလာပါတယ် ၊ ခင်ဗျား အတွက်ရော ကျုပ်အတွက်ပါ အကျိုးရှိပါတယ် ၊ ကျုပ်ကလည်း သတင်းကောင်းတစ်ပုဒ် ရတယ် ၊ ခင်ဗျားတို့ လည်း ဗြိတိသျှတွေရဲ့  အရှိုက်ကို ဆော် နိုင်ခဲ့တယ်ပေါ့ ၊ ဒါပေမဲ့  ကြားရသလောက်ကတော့ ဗြိတိသျှတွေက လျှော့ပေးမယ် မထင်ဘူး "
"ဒီတော့ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ မတ် "
"သြော် .... ကျုပ်ပြောချင်တာက အခုအခြေအနေမှာ အင်္ဂလိပ်တွေထက် လူစိတ်ရှိတယ် ဆိုပြီး ကမ်းးကိုကပ်ပေးလိုက်ရင် ကျုပ်တို့ သတင်းတွေ ကလည်း အကြီးဆုံး ဖော်ပြနိုင်မယ် ၊ ကမ္ဘာတစ်ဝှန်းးလုံးရဲ သနားခြင်းလည်း ခံရမယ် "
"နေပါဦး ၊ ခင်ဗျားကို ကစ်တီက လွှတ်လိုက်တာလား မတ်"
"အို .. မဆိုင်တာတွေ ပြောမနေစမ်းပါနဲ့ ၊ ကြည့်စမ်းပါဦး ၊ ကလေးတွေရဲ့  အခြေအနေတွေကို လူရုပ်တောင် မပီတော့ဘူး "
"သူတို့ ဘာလုပ်နေတယ်ဆိုတာ သူတို့  ဘာသာသိပါတယ် "
"နောက်တစ်ခု ရှိသေးတယ်နော် အယ်ရီ ၊ အခုနေတော့  ကျုပ်တို့ သတင်းက သတင်းကြီး မျက်နှာဖုံး သတင်းပါပဲ၊ ဒါပေမဲ့  ဘယ်သူက ဘယ်လိုပြောနိုင် မှာလဲ ၊ နက်ဖြန်ပဲ ဖရင့်ဆင့် နာစထရာက ဘယ်သတင်းစာသမားကို လက်သီးနဲ့  ထိုးလိုက်တာနဲ့  မျက်နှာဖုံးသတင်းက ပြုတ်သွားမှာ "
ထိုအချိန်၌ ကာရင်သည် အခန်းထဲဝင်လာ၏။
"ဟယ်လို ... မစ္စတာ ပါကား "
ကာရင်သည် မတ်ပေးလိုက်သော ကစ်တီ၏ စာကိုယူ၍ လက်ဆောင်ထုပ်ကိုတော့ ငြင်းလိုက်သည်။ တခြားအလျင်က လက်ဆောင်များကိုလည်း ကာရင်ငြင်းခဲ့သည်ပဲ ဖြစ်ပါသည်။ မတ်က ..
"'ဒုက္ခပါပဲ ၊ မင်းက မယူတာက အရေးမကြီးဘူး ၊ ကျုပ်က ကမ်းပေါ်ရောက်ရင် ကစ်တီကို ဘယ်လို ပြောရမှန်းကို မသိတော့ဘူး ၊ ဒီမှာ အယ်ရီ ၊ ဒီကလေးမကို ကြည့်စမ်း ၊ သူ့  မျက်လုံး မျက်ခွံတွေ ညိုပြီး အကွင်းလိုက်ကြီး ဖြစ်နေတာ တွေ့ ရဲ့ လား ၊ နောက်ထပ် နှစ်ရက် သုံးရက်ဆိုရင် ခင်ဗျား သဘောင်္ပေါ်မှာ ပြဿနာ ဖြစ်လာတော့ မှာပဲ "
အယ်ရီကမူ တိကျပြတ်သားစွာဖြင့် ..
"ကျု့ပ်တို့ ဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေရဲ့  စိတ်ဝင်စားမှုကိုံယူနေတာ အဓိက မဟုတ်လား ၊ ဒီမှာ တစ်ခုတော့ ရှင်းရှင်းသိဖို့ လိုတယ် မစ္စတာ ပါကား ၊ ကျုပ်တို့ ဟာ ဘယ်နည်းနဲ့ မှ ကာရောင်လို စခန်းကို မပြန်ဘူး၊ ကျုပ်တို့ တိုက်ပွဲကို ဥရောပမှာ ရှိနေတဲ့  ဂျူးဒုက္ခသည် တစ်သန်းလောက် စောင့်ကြည့် နေကြတာ ၊ ဒီတိုက်ပွဲဟာ သူတို့ အတွက် အဖြေပဲ ၊ ဒီမယ် မတ် ၊ သေသေချာချာမှတ်ပြီး သတင်းသာ ရေးပေတော့ ၊ နက်ဖြန်ခါ ကစပြီး ကျုပ်တို့ ကို မလွှတ်ရင် သဘောင်္တစ်စင်းလုံး အစာငတ်ခံမယ် ၊ ကျု့ပ်တို့ အထဲက ကလေးတစ်ယောက်ယောက်ဖြစ်ဖြစ် ၊ လူကြီးတစ်ယောက်ယောက်ပဲဖြစ်ဖြစ် မေ့မြောသွားရင် သူတို့ ကြောင့်ဆိုတာ ဗြိတိသျှတွေ သိရအောင် သဘောင်္ ကုန်းပတ်ပေါ်မှာ တင်ပြမယ်ဗျာ ၊ ဒါပဲ "
"ခင်ဗျား ရက်စက်လှချည့်လားဗျား ၊ ရက်စက်လှချည်လား ၊ လူမှဟုတ်သေးရဲ့  လား "
"ကျုပ်ကို ခင်ဗျား ခေါ်ချင်သလိုသာခေါ်ပေတော့ ၊ ကျုပ်က ဒုက္ခသည် မိဘမဲ့ ကလေးတွေနဲ့  ပြန်တိုက်နေရတာကို သဘောကျတယ်လို့ များ အောက် မေ့နေသေးလား ဟင် ၊ တခြားလက်နက်တို့  တပ်တို့  မရှိတော့လို့  တင့်ကားတွေကို ဘာနဲ့ မှ ပစ်စရာ မရှိလို့ ပဲ ၊ စစ်သဘောင်္ကြီးတွေကို ဘာနဲ့  ခုခံရမှာ လဲ ၊ ကျုပ်တို့ မှာ လက်နက်ဆိုလို့ ကျုပ်တို့  ယုံကြည်ချေက်ပဲ ရှိတော့တယ် ၊ နှစ်ပေါင်းနှစ်ထောင်ကျော်က အတိုက်ထုတ်ခံခဲ့ ရတဲ့ ကျုပ်တို့ တစ်တွေဟာ အခုပြန်တိုက်ရမယ် ၊ ဒီတိုက်ပွဲမှာ ကျုပ်တို့ နိုင်မှကို ဖြစ်မယ်"
.............................................




အိပ်ဇိုးဒပ်၏ တိုက်ပွဲခေါ်သံ
ကလေးများ အစာငတ်ခံကြပြီ ။
ကလေးများသည် ကာရောင်လို စခန်းသို့ ပြန်မည့်အစား အစာငတ်ခံရန် ဆုံးဖြတ်လိုက်ကြခြင်း။
ထိုသတင်းသည် ကမ္ဘာ့သတင်းစာအားလုံး၏ မျက်နှာဖုံးသတင်းဖြစ်သွားလေသည်။
အိပ်ဇိုးဒပ်ခေါင်းဆောင် အယ်ရီဘင်ကင်နင်သည် ခုခံရေးစစ်ပွဲမှ မမျှော်လင့်ဘဲ တန်ပြန် ထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပေသည်။ ယခုအခါ အပြန်အလှန် စောင့်ကြည့်နေသည့်  အခြေအနေမှ တိုက်ပွဲခေါ်သံကို ကလေးများ အစာငတ်ခံခြင်းဖြင့် စလိုက်ပေပြီ ။ အိပ်ဇိုးဒပ် သဘောင်္နံဘေးတွင် အင်္ဂလိပ်၊ ပြင်သစ် ၊ ဟီဘရူးဘာသာဖြင့် ဆိုင်းဘုတ်ကြီးများ တင်လိုက်ကြ၏။
ဆိုင်းဘုတ်မှာ ..
အစာငတ်ခံတိုက်ပွဲ တစ်နာရီရှိပြီ ... ။
အစာငတ်ခံတိုက်ပွဲ ဆယ့်နှစ်နာရီရှိပြီ ..။
ဆယ်နှစ်အရွယ် ၊ ဆယ့်နှစ်နှစ်အရွယ် ၊ တစ်ဆယ့်ငါးနှစ်အရွယ်ရှိ ယောက်ျားကလေး နှစ်ယောက် ၊ မိန်းကလေး တစ်ယောက်တို့ သည် အားပြတ်လဲကျ သွား သဖြင့် အများပြည်သူ မြင်နိုင်စေရန် သဘောင်္ကုန်းပတ်ပေါ်သို့  တင်လိုက်၏။
အစာငတ်ခံတိုက်ပွဲ နာရီ နှစ်ဆယ်ရှိုပြီ ... ။
နောက်ထပ်ကလေးဆယ်ယောက် ကုန်းပတ်ပေါ်ရောက်လာပြန်လေ၏။
.......................................
"ဒုက္ခပါပဲ ကစ်တီရယ် ၊ ထိုင်နေစမ်းပါဦး ၊ လမ်းလျှောက်လိုက် .. ထလိုက် ... ထိုင်လိုက်နဲ့  ၊ ကစ်တီ ကြည့်ရတာ မောလိုက်တာ"
"ဘယ့်နှယ် လုပ်ပြီး ထိုင်နိုင်မှာလည်း မတ်ရယ် ၊ ဒီ အယ်ရီဆိုတဲ့ လူက ကလေးတွေကို ဘယ်လောက်ကြာကြာ အစာငတ်ခံခိုင်းမှာလဲ ၊ အားလုံးသေ ကုန် ကြလိမ့်မယ် ၊ ကစ်တီ သဘောင်္ကို လှမ်းမကြည့်ရဲတော့ဘူး ၊ ကာရင်များ ကုန်းပတ်ပေါ်ရောက်နေပြီလား မသိဘူး "
"ကာရင် မပါပါဘူးလို့  ကိုယ်ပြောနေတာ ဆယ်ကြိမ်မကတော့ဘူး "
"ကလေးတွေက နဂိုကမှ သန်သန်မာမာတွေ မဟုတ်ရတဲ့ အထဲမှာ သဘောင်္ပေါ်မှာ ကျပ်တည်းကျပ်တပ်နဲ့  ရက်နှစ်ပါတ်နေခဲ့ ရပြီးပြီ ၊ အခုတစ်ခါ အစာ ငတ်ခံရပြန်တယ် ဆိုတော့  ကစ်တီဖြင့် တွေးတောင် မတွေးရဲဘူး ၊ ဒီ အယ်ရီဆိုတဲ့ လူဟာ လူမှ ဟုတ်ရဲ့ လား မသိဘူး ၊ လူစိတ်မှ ရှိရဲ့ လား မသိဘူး "
"ကိုယ်လည်း ဒါကို တွေးနေတာပဲ ၊ ကိုယ်တို့  ဂျူးတွေကို နားမှလည်ရဲ့  လားလို့ ၊ သူတို့  ဒီလောက်မက်မက်မောမော သွားချင်နေတယ် ဆိုတဲ့  ပါလက်စတိုင်းဟာ ဘာမှ ရှိတာမဟုတ်ဘူး ၊ နေပူကျဲကျဲနဲ့  သဲတွေပဲ ရှိတဲ့ ကန္တာရကြီး ကစ်တီ ၊ ဘာကြောင့်များ အသက်စွန့် ပြီး ကန္တရကြီးထဲ ရောက်ဖို့  တိုက်ပွဲဝင်နေကြပါလိမ့် "
"အို ... သူတို့ ဘက်က ကာကွယ်မနေစမ်းပါနဲ့ မတ်ရယ် "
"ကာကွယ်နေတာ မဟုတ်ဘူး ကစ်တီ ၊ အခြေအနေအားလုံးကို ပြန်ဆန်းစစ်ကြည့်နေတာ ၊ အခုအစာငတ်ခံတယ် ဆိုတာ အယ်ရီ ဘင်ကင်နင် တစ်ယောက်တည်း သဘောနဲ့ လုပ်လို့  ရတာ မဟုတ်ဘူး ၊ ကာယကံရှင် ကလေးတွေကိုယ်တိုင်ပါမှ ဖြစ်တာ ၊ အခုဟာ ကလေးတွေက ရာခိုင်နှုံးပြည့် သူ့ နောက်က ထောက်ခံနေကြတယ် ကစ်တီ"
" အဲဒါ ကစ်တီ ရင်နာတာပေါ့ ၊ သူတို့ တစ်တွေဟာ ဘာကြောင့်များ ဒီလောက် သစ္စာ ကြီးနေကြပါလိမ့် "
ထိုအချိန်တွင် တယ်လီဖုန်းက မြည်လာသည်။ မတ်သည် ကောက်ယူနားထောင်ပြီး ပြန်ချလိုက်၏။ ကစ်တီက ..
"ဘာတဲ့ လဲဟင် ... ဘာတဲ့လဲ "
"ကုန်းပတ်ပေါ်ကို နောက်ထပ်ကလေးတွေ တင်လိုက်ရသတဲ့ "
"ဟုတ်လား .. ဘုရားဘုရား ၊ ကာရင်များ ပါနေမလား မသိဘူး"
"မသိဘူးလေ ၊ အခုစုံစမ်းပေးပါ့မယ် "
" မတ် "
"ဟင် ... "
"ကစ်တီ အိပ်ဇိုးဒပ်ပေါ် သွားချင်တယ် မတ် ရယ် "
"အို ...မဖြစ်နိုင်တာပဲ "
"ကစ်တီ ဆက်ပြီး သည်းမခံနိုင်တော့ဘူး "
"မဟုတ်သေးဘူး ကစ်တီ ၊ ကစ်တီ သဘောင်္ပေါ်တက်ကြည့်ရင် ဇာတ်လမ်းက တစ်ခါတည်း ဆက်သွားတော့မှာ ၊ ဘယ်တော့မှ ပြီးမှာ မဟုတ်တော့ဘူး"
" မဟုတ်ပါဘူး မတ် ရယ် ၊ ကာရင် အသက်ရှင်နေတယ်ဆိုတာ ကိုယ်တိုင်သိရရင် ကစ်တီ ကျေနပ်ပါပြီ ၊ ကာရင်က သဘောင်္ပေါ်မှာ ဒုက္ခခံစားနေရတဲ့  အချိန်မှာ ကစ်တီက ဒီဟိုတယ်မှာ ငုတ်တုတ်ကြီး ထိုင်မနေနိုင်ဘူး ၊ စီစဉ်ပေးပါဦး နော် ... နော်"
မတ် သည် သက်ပြင်းချလိုက်၏ ။
" ကိုယ် ကြိုးစားပါ့မယ် ကစ်တီ ရယ် "
.........................................



အစာငတ်ခံတိုက်ပွဲ ၃၅ နာရီရှိပြီ ..... ။
ရောမနှင့် ပဲရစ်မြို့ တွင် ဒေါသဖြစ်နေသော လူအုပ်ကြီးက ဗြိတိသျှ သံရုံးကို သွားဝိုင်းပြီး ဆန္ဒပြနေကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်မည့်အတွက် ရဲနှင့် ထိန်းသိမ်း ရသည့် အခြေအနေ သို့  ရောက်လာ၏။ ကိုပင်ဟေဂင်မြို့ ၊ စတော့ဟုမ်းမြို့ များတွင် ဆန္ဒပြပွဲများ ဖြစ်နေကြပြီ ။
အစာငတ်ခံတိုက်ပွဲ ၃၈ နာရီရှိပြီ ... ။
ဆိုက်ပရပ်ကျွန်းမှာပင် ဗြိတိသျှများကို မကျေမနပ်နှင့် ဆန္ဒပြပွဲများ လုပ်နေကြရာ ပွဲလမ်းသဘင်များ၊ ဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ ပိတ်လိုက်ရလေ၏။ ဆိုက်ပရပ်ကျွန်း တစ်ခုလုံးမှာလည်း တစပြင်လို ဖြစ်လာ၏။
အစာငတ်ခံတိုက်ပွဲ ၄၀ နာရီရှိပြီ ... ။
အယ်ရီ ဘင်ကင်နင်သည် သူ့ အားဝိုင်းကြည့်နေကြသော သူ့ ရဲဘော်များကို ကြည့်လိုက်၏။ ဇက် က စတင်၍ ....
" ကျုပ် စစ်သားပါဗျာ ၊ တိုက်ရဲပါတယ် ၊ သေရဲပါတယ် ၊ ဒါပေမဲ့  ဒီကလေးတွေ အစာငတ်ခံပြီး တစိမ့်စိမ့်သေကုန်မှာတော့ မကြည့်ရက်ဘူး "
အယ်ရီက ...
" ပါလက်စတိုင်းမှာ ဆိုရင် ဒီအရွယ်ကလေးတွေဟာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင် နေကြတာပဲဟာ "
" လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်တာက တစ်မျိုးပဲ ၊ အခုဟာက အစာငတ်ခံပြီး အသေခံနေတာက တစ်မျိုးပဲဟာ "
" ဟုတ်တယ်လေ ၊ ဒါလည်း တိုက်ပွဲပုံစံ တစ်မျိုးပေါ့ "
ဂျော့ ယာကိုနီ သည် ဒုတိယ ကမ္ဘာစစ်ကြီး တစ်လျှောက်လုံးတွင် အယ်ရီနှင့်  ပုခုံးချင်းယှဉ်၍ တိုက်ပွဲဝင်လာခဲ့သူ ဖြစ်သည်။ သူသည် သက်ပြင်းချ လိုက် ပြီး ...
"ကျွန်တော့် အနေနဲ့  ခင်ဗျားကို တစ်ခါမှ မဆန့် ကျင်ဖူးပါဘူး အယ်ရီ ၊ ဒါပေမဲ့  ဒီကလေးတွေထဲက တစ်ယောက်ယောက် သေဆုံးသွားတာနဲ့  လူတွေက ကျုပ်တို့ ကို အပြစ်တင်ကြတော့ မှာပဲ ထင်တယ် "
အယ်ရီက သဘောင်္ကပ္ပတိန် ဘင့်ရှောဘတ် ကို ကြည့်လိုက်၏။
ဘင့် ရှောဘတ်က ..
" ခင်ဗျားက ခေါင်းဆောင်ပဲ အယ်ရီ ၊ ခင်ဗျားကြိုက်သလို ဆုံးဖြတ် တိုက်ပွဲဝင်နိုင်ပါတယ် ၊ ဒါပေမဲ့  သဘောင်္သားတွေကတော့  စိတ်လှုပ်ရှားနေကြပြီလေ ၊ သူတို့ က ဒီပုံစံနဲ့ တိုက်ပွဲဝင် ရမယ်လို့ မှ ကြိုမသိခဲ့ရတာ"
" ဒါဖြင့် ခင်ဗျားက အရှုံးပေးချင်ပြီလား "
ဘင့် ရှောဘတ် သည် သူကိုယ်တိုင် ပါးစပ်မှ အရှုံးပေးရန်လည်း ပြောမထွက် ၊ သူတို့ ၏ တိတ်ဆိတ်မှုမှာ အရှုံပေးချင်သည့် အတွက် မဲပေးနေသည့် အလား ။ အယ်ရီသည် ဒေးဗစ်အား ...
" ကဲ ... ဒေးဗစ် ဆိုပါဦး ၊ မင်းရဲ့ ထင်မြင်ချက်လည်း မကြားရသေးပါလား "
ဒေးဗစ်သည် ပညာတတ်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်သည်။ အားလုံးရဲဘော်များသည် သူ့ လောက် ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ယောက်မှ မရှိ ။
သူသည် ကျိုးကြောင်းမြော်မြင်တတ်သူလည်း ဖြစ်သည်။ ဒေးဗစ်က ...
" နာဇီ ဟစ်တလာရဲ့  လက်ချက်နဲ့  ကျုပ်တို့ ဂျူးလူမျိုး ၆ သန်းကျော်လောက်ဟာ ဘာ့ကြောင့်မှန်း မသိကြဘဲ အဆိပ်ငွေ့ ခန်းထဲမှာ သေခဲ့ကြတယ် ၊ ကျုပ်တို့  အိပ်ဇိုးဒပ်ပေါ်က လူသုံးရာသေသွားရင် ဘာ့ကြောင့် သေရတယ်ဆိုတာ ကျုပ်တို့  ကိုယ်တိုင်က သိတယ် ၊ တစ်ကမ္ဘာလုံးက သိတယ် ၊ ဟို လွန်ခဲ့တဲ့  နှစ်ပေါင်းနှစ်ထောင် ကျော်ကျော်က ကျုပ်တို့ ဂျူးလူမျိုးတွေဟာ ကိုယ့်ထီးကိုယ့်နန်း ၊ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့  ရှိနေတုန်းက ရောမအင်ပါယာ ၊ ဂရိအင်ပါယာရှင်တွေကို တစ်ယောက်မကျန် ခုခံခဲ့တဲ့  အစဉ်အလာ ရှိပါတယ် ၊ ဘာဆဲလားမြို့ ၊ ဂျေရုဆလင်မြို့ တွေမှာ အသေခံတိုက်ခဲ့ကြ တာပဲ ၊ မာဆာဒါမြို့ မှာ ဆိုရင် ကျုပ်တို့ ဂျူးတွေဟာ ရောမတပ်သားတွေကို လေးနှစ်လုံးလုံး ခုခံနိုင်ခဲ့တယ် ၊ နောက်ဆုံး ရောမတွေ နိုင်လို့ မြို့ ထဲ ရောက်တဲ့ အခါ ကျတော့လည်း ကျုပ်တို့  ဂျူးလူမျိုးတွေကို တစ်ယောက်မှ အသက်နဲ့ မတွေ့ ရတော့ဘူး ၊ အလောင်းတွေပဲ တွေ့ ရတော့ တယ် ။ ဝါဆောဂက်တို စခန်း မှာလည်း ကျုပ်တို့ ဂျူးလူမျိုးတွေရဲ့  မျိုးရိုး အစဉ်အလာအတိုင်း တစ်ယောက်မကျန် တိုက်ပွဲဝင် အသေခံသွားခဲ့ကြတာပဲ မဟုတ်လား ၊ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့  ဂျူးလူမျိုးတွေလောက် လွတ်မြောက်ရေးတိုက်ပွဲအတွက် အသေခံ တိုက်ရတဲ့ လူမျိုး တစ်ခုမှ မရှိဘူး ၊ တကယ်လို့  ကျုပ်တို့ အနေနဲ့ အခု အနေ အထားမှာ အရှုံးပေးပြီး သံဆူကြိုးဝင်းထဲ ပြန်ဝင်သွားကြမယ် ဆိုရင် ဂျူးလူမျိုးတွေရဲ့  အစဉ်အလာ ပျက်သွားမှာပေါ့ "
အားလုံးသည် ဘာမှ စကားမပြောနိုင်ကြတော့ ဘဲ ငြိမ်သွားကြလေ၏။
အယ်ရီက ...
" ကဲ ... ဘာပြေစရာ ရှိကြသေးလဲ "
အားလုံးဘာမှ မပြောတော့ ။
အစာငတ်ခံခြင်း ၄၂နာရီ ရှိပြီ ... ။
အစာငတ်ခံခြင်း ၄၅ နာရီရှိပြီ ... ။
တစ်ကမ္ဘာလုံးမှ နိုင်ငံအသီးသီးသည် ကလေးများအတွက် ဆန္ဒပြခြင်း ၊ ဆုမွန်ကောင်းတောင်းခြင်းများ ပြုလုပ်နေ၏။
အစာငတ်ခံခြင်း ၄၇နာရီရှိပြီ ... ။
သတင်းသည် နာရီနှင့်အမျှ ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်လာ၏။
................................................



ကစ်တီသည် အိပ်ဇိုးဒပ်သဘောင်္ပေါ်သို့ တက်ခွင့် ရသည်နှင့် ချက်ချင်း သဘောင်္ပေါ် ရောက်လာ၏။ သေဘာၤတစ္ခုလံုးမွာ လွဳပ္ရွားမွဳ သိပ္မရွိႀက။ ကလေးအားလုံးသည် အားမရှိတော့ သဖြင့် နေရာတွင်ပင် ခွေလျက်သား လဲနေကြ၏။
ကစ်တီက အနားရှိ ဒေးဗစ်အား ....

" ကျွန်မ မေ့မြောသွားတဲ့  ကလေးတွေကို အရင် ကြည့်ချင်တယ် "
ဒေးဗစ်သည် ကစ်တီအား မေ့မြောနေသော ကလေးများထံ ခေါ်သွားလေသည်။ မေ့မြော နေသော ကလေးပေါင်းမှာ ခြောက်ဆယ်တိတိ ရှိသည်။ ကစ်တီသည် ကလေးများကို တစ်ယောက်ပြီး တစ်ယောက် သွေးတိုးစမ်းလိုက် ၊ မျက်ခွံကိုလှန်ပြီး မျက်သားမျက်ဆန် များကို ကြည့်လိုက်နှင့် အခြေ အနေ ကို အကဲခတ်နေ၏။ တစ်ချိန်လုံး သူမကိုယ်တိုင်ပင် မေ့မြောသွား သည်ဟု မှတ်ထင်သွားလေသည်။ ထောင့်တစ်နေရာတွင် ကာရင်ကို တွေ့ ရသည်။ သူမ နံဘေးတွင် ဒပ် သည် အိပ်ပျော်နေ၏။ ကစ်တီသည် ရင်ခုန်ရပ်သွားသလို ခံစားရ၏။ ကာရင့်အနား တိုးကပ်သွားကာ တိုးတိုးကလေး ....
" ကာရင် ၊ ကာရင် .. သတိရသလားဟင် ၊ ကစ်တီ ပါ "
ကာရင်၏ မျက်လုံးများမှာ ပွင့်လာ၏။
" ကစ်တီ "
" ဟုတ်ပါတယ် ကာရင် ၊ ကစ်တီ ပါ "
ကာရင်သည် သူ၏ အားမရှိတော့သော လက်များဖြင့် ကစ်တီကို မီသမျှ လှမ်းဖက်လိုက်၏။
" ကာရင့်ကို မထားခဲ့ပါနဲ့ နော် ကစ်တီ ၊ ကာရင် ကြောက်လွန်းလို့ ပါ "
" အေးပါ ကလေးရယ် ၊ ကစ်တီ အနားမှာ အမြဲရှိနေပါ့မယ် "
ကာရင် ပြန်မှိန်းသွားသည်နှင့် ကစ်တီသည် အပြေးအလွှား ဆေးပစ္စည်းများ ထားရာ စတိုခန်းသို့ ဒေးဗစ်နှင့်အတူ သွားလေသည်။ ဆေးပစ္စည်းများမှာလည်း အနည်းအကျဉ်းသာ ရှိ၏။
ကစ်တီက ...
"ဆေးဝါးကလည်း နည်းနည်းပဲ ရှိပါလား ၊ ကဲပါလေ ၊ ကလေးတွေ အတတ်နိုင်ဆုံး နေသာထိုင်သာ ရှိအောင်တော့ လုပ်ပေးရမှာပေါ့ ၊ အဲဒါ ဒေးဗစ်နဲ့  ဂျော့တို့ က ကူလုပ်ပေးမှ ရမယ် "
" ရပါတယ် ၊ ကစ်တီက ခိုင်းစရာရှိတာသာ ခိုင်းပါ "
"တချို့ ကလေးတွေက စိုးရိမ်ရတယ် ၊ အဖျားဝင်လာမှာ စိုးရတယ် ၊ ရေဖတ်တိုက်ပြီး အဖျားချပေးရမယ် ၊ ကုန်းပတ်ပေါ် ကျတော့လည်း လေသိပ်တိုက် တယ် ၊ ဒါကြောင့် ကုန်းပတ်ပေါ်က ကလေးတွေကို ခြုံစရာခြုံပေးထားရမယ် ၊ နောက်ပြီး လှုပ်ရှားနိုင်တဲ့ ကလေးကြီးတွေနဲ့  လူကြီးတွေက သဘောင်္တစ်ခုလုံးကို သန့် ရှင်းရေး လုပ်မှ ဖြစ်မယ် "
ကစ်တီ သည် ပါးစပ်ကလည်းပြော ၊ လက်ကလည်း ဇယ်ဆက်သလို အလုပ်များကို တွန်းလုပ်လေရာ ဒေးဗစ် ၊ ဂျော့ နှင့် လှုပ်ရှားနိုင်သူတို့ သည် ကစ်တီခိုင်းသမျှ လုပ်ပေး နေရတော့၏။ သို့ သော် အခြေအနေက မကောင်းပေ။ ပင်လယ်ရေကို ခွက်နှင့်ခပ်ပစ်ရသလို တစ်ယောက်ကို ပြုစု၍ မဆုံးမီ သုံးလေးယောက်က လဲပြန်သည်။ ဆေးဝါးက မပြည့်စုံ ၊ ရေကလည်း နည်း ၊ တခြားပစ္စည်း ပစ္စယ ကလည်း မရှိ ။ နောက်ပြီး အရေးကြီးဆုံး လက်နက်ဖြစ်သည့် အစာကိုလည်း သုံးခွင့်မရှိ ။
အစာငတ်ခံခြင်း ၈၁ နာရီ ရှိပြီ ...။
မေ့မြောသွားသော ကလေးမှာ ဆယ်ယောက်တိုးလာပြီး ၊ ခုနှစ်ဆယ်ဖြစ်သွား၏။ သဘောင်္ကို စောင့်ကြည့်နေကြသော ပရိသတ်မှာ ဗြိတိသျှများကို အော်ဟစ်ကျိန်ဆဲ နေကြ၏။
ဗြိတိသျှစစ်သား အချို့ မှာ သူတို့ ကိုယ်တိုင်ပင် ကလေးများ၏ ဒုက္ခကို မကြည့်ရက်တော့ဘဲ ဤတာဝန်မှ တခြားသို့  ပြောင်းပေးပါဟု တောင်းဆိုခြင်းများ ဖြစ်လာကြ၏။
အစာငတ်ခံခြင်း ၈၂နာရီ ရှိပြီ .... ။
ကာရင်သည် မေ့မြောသွားရာ ကုန်းပတ်ပေါ်ပို့ လိုက်ရ၏။
အစာငတ်ခံခြင်း ၈၃နာရီ ရှိပြီ ... ။
ကစ်တီ သည် ကုလားထိုင် တစ်လုံးပေါ်သို့ ပစ်လှဲချလိုက်၏။ ကစ်တီသည် ၃၅နာရီလုံးလုံး မနားဘဲ အလုပ်လုပ်နေခဲ့ သဖြင့် တစ်ကိုယ်လုံးမှာ နွမ်းပြီး ပျော့နေသည်။ အယ်ရီသည် ဘရမ်ဒီတစ်ခွက်ငဲ့လိုက်ပြီး ကစ်တီအားလှမ်းပေးလိုက်၏။
" ကဲ ... ခင်ဗျားက ဆန္ဒပြတဲ့ အထဲမှာ မပါဘဲဗျာ ၊ ဒါလေးတော့ သောက်လိုက်ပါဦး "
ကစ်တီသည် ပေးလာသော ခွက်ကို တခါတည်း မော့ပစ်လိုက်၏။ လည်ချောင်းထဲ ပူဆင်းသွား၏ ။ နောက်တခွက် ထပ်ထည့်ပေးသည်ကို ယူသောက် လိုက်မှ လူသည် လန်းလာ၏။ ကစ်တီသည် အယ်ရီ ဘင်ကင်နင်ကို စိုက်ကြည့်လိုက်၏။
အယ်ရီသည် သန်မာထွားကျိုင်းလှသူ ဖြစ်သည်။ အစာငတ်ခံတိုက်ပွဲ၏ ဒဏ်မှာ သူ့ ကို မည်သို့ မှ မထိခိုက်သလိုပင်။ ကစ်တီသည် အယ်ရီ၏ အေးစက် သော မျက်လုံးများကို ကြည့်ပြီး အယ်ရီ၏ ဦးနှောက်ထဲတွင် နောက်ထပ် ဘာတွေကြံစည်နေမည်ကို ကစ်တီ မသိနိုင်။ သည် အယ်ရီ ဆိုသောလူတွင် ကြောက်လန့် သောစိတ် ၊ ဝမ်းနည်းသောစိတ် ခံစားမှုများ ရှိမှ ရှိပါ့မလားဟု သံသယ ဝင်လာ၏။
အယ်ရီက ...
" ခင်ဗျား ကျုပ်ဆီကို လာတွေ့ မယ်ဆိုတာ ကျုပ်က မျှော်လင့်ပြီးသားပါ "
" ကျွန်မ ရှင့်ကို ဘယ်တော့မှ မတောင်းပန်ဘူး အယ်ရီ ဘင်ကင်နင် ၊ တောင်းပန်လို့ မရဘူး ဆိုတာ သိပြီးသား ၊ မေ့မြောနေတဲ့  ကလေးတွေ ထဲမှာ ဆယ့်လေးငါးယောက်ဟာ အခုပုံ အတိုင်းဆိုရင် မကြာခင် သေကုန်ကြတော့မယ် ဆိုတဲ့ အကြောင်း အဖြစ်မှန်ကို ရှင့်ထံမှာ လာတင်ပြတာ ၊ ရှင့် ရင်ထဲမှာ ဘယ်လိုများ သဘောရသလဲ ဟင်"
"ကျုပ်ကို စော်ကားစွပ်စွဲတာတွေ ခံရဖန်များလွန်းလို့ ကျုပ်အရေထူနေပါပြီ ၊ ခင်ဗျားကရော ကလေးအားလုံးအတွက် လူစိတ်ရှိနေတာလား ၊ တစ်ယောက်တည်း အတွက်လား "
" ကျွန်မ ရှင့်ကို ဘာမှ ရှင်းပြစရာ မလိုဘူး "
" ခင်ဗျားက မိန်းကလေးတစ်ယောက်အတွက် တောင်းပန်နေတဲ့ လူ ၊ ကျုပ်က တိုင်းပြည်မဲ့  ဖြစ်နေတဲ့  ဂျူးလူမျိုးတွေ အားလုံးအတွက် တောင်းပန်နေတဲ့  လူဗျာ့"
" တော်ပြီ .. တော်ပြီ ။ ကျွန်မ ဘာသာ လုပ်စရာရှိတာကို သွားလုပ်တော့မယ် ၊ ဒါထက် ရှင်က ကျွန်မကို ဘာဖြစ်လို့  အိပ်ဇိုးဒပ် သဘောင်္ပေါ်တက်ခွင့် ပေးရတာလဲ ဟင် "
အယ်ရီသည် ပြတင်းပေါက်မှ စစ်သဘောင်္များကို လှမ်းကြည့်လိုက်၏။ ပြီးမှ နောက်လှည့်မကြည့်ဘဲ ...
" ကစ်တီကို ကျုပ်ကိုယ်တိုင်က တွေ့ ချင်နေလို့ လားမှ မသိဘဲ"
အစာငတ်ခံခြင်း ၈၅နာရီ ရှိပြီ ... ။
....................................



ဗြိတိသျှအာဏာာပိုင်များမှာလည်း ခေါင်းချင်းရိုက်နေကြပါ၏။ သည်ပြဿနာ သူတို့ ထင်တာ ထက် ပိုပြီး ကြီးထွားလာသည်ကို ဘယ်ပုံတားဆီး ရမည် မသိ။ ယခုအချိန်မှ အလျော့ပေးရန် ကလည်း သိက္ခာကျပေတော့မည်။ ထိုစဉ် ထောက်လှမ်းရေးတပ်မှူး မေဂျာ အဲလစ်စတာ အခန်းထဲ ဝင်လာပြီး ဘရောင်းနင်းအား သတင်းတစ်ခုပေးလိုက်၏။ ထရေဗာ သည် စာကို ဖတ်ပြီး ...
" ဘုရားရေ ၊ ခုမှ ဒုက္ခပဲဟေ့"
စာကို ဗိုလ်ချုပ် ဆပ်သာလင်ကို ပေးလိုက်၏။ စာမှာ ...
အရေးတကြီး
အိပ်ဇိုးဒပ်သဘောင်္မှ တာဝန်ခံဖြစ်သည့် အယ်ရီ ဘင်ကင်နင်က နက်ဖြန်နေ့ လည် ဆယ့်နှစ် နာရီ အချိန်မှ အစပြုပြီး တစ်နေ့ တစ်နေ့ တွင် ကလေး ဆယ် ယောက်သည် သူတို့ ကိုယ် သူတို့  သတ်သေကြမည် ဖြစ်ကြောင်း၊ ဗြိတိသျှ အစိုးရက အိပ်ဇိုးဒပ်သဘောင်္ကို ပါလက်စတိုင်းသို့ ထွက်ခွာခွင့်မပြုမချင်း တစ်နေ့ ဆယ်ယောက်တိတိဖြင့် သဘောင်္ပေါ်မှ လူကုန်သည်အထိ သတ်သေကြရန် ဆုံးဖြတ်ထားကြကြောင်း ။လန်ဒန်ဌာနချုပ်တွင်လည်း ထိုသတင်းကြောင့်ပင် ဘရက်ရှော ၊ ကရော့ဖို့ အစရှိသော အာဏာပိုင်များသည် ခေါင်းချင်းရိုက်နေကြ၏။ အချိန်မှာ ဆယ့်လေးနာရီပဲ လိုတော့သည်။ အမြန်ဆုံးနည်းနှင့် ကမ္ဘာအရပ်ရပ်ရှိ ဂျူးခေါင်းဆောင်များထံ ဤကိစ္စ ကြားဝင်၍ ဖျန်ဖြေပေးရန် ကြေးနန်း ရိုက်လိုက်၏။ ကမ္ဘာ့ဂျူးခေါင်းဆောင်များ၏ ဖျန်ဖြေခြင်းကို အယ်ရီ ဘင်ကင်နင် ကျေနပ်တန် ကောင်းပါရဲ့ ဟူသော မျှော်လင့်ချက်နှင့်။ခြောက်နာရီအတွင်း ကြေးနန်းများက ပြန်လာ သည်။ ကမ္ဘာအရပ်ရပ်မှ ဂျူးခေါင်းဆောင်များက တညီတညွတ်တည်း အဖြေပေးကြ၏။

" သူတို့ ဖျန်ဖြေမပေးနိုင် " ဟူ၏။


ဘရက်ရှောသည် ဆိုက်ပရပ်ရောက်နေသော ထရေဗာနှင့် ချက်ချင်းဆက်သွယ်ပြီး အိပ်ဇိုးဒပ် ထံသွားပါ ၊ ဗြိတိသျှအာဏာပိုင်တို့ နှင့်ဆွေးနွေးရန် စီစဉ်နေပါသည်၊ ရာဇသံကို နောက်ထပ် နှစ်ဆယ့်လေးနာရီ ရွေ့ ပါ ဟူ၍ ။

ထရေဗာ ဘရောင်းနင်းသည် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရာ အယ်ရီ ဘင်ကင်နင်၏ အဖြေရသည်နှင့် လန်ဒန်ကို အကြောင်းကြားရပြန်၏။
အရေးတကြီး
ဘင်ကင်နင်က ဘာမှ ဆွေးနွေးစရာ မရှိဟု အကြောင်းပြန်ပါသည်။ သူ့ အနေနှင့် အိပ်ဇိုးဒပ်ကို ထွက်ခွင့်ပြုခြင်းနှင့် မပြုခြင်း နှစ်လမ်းသာ ရှိသည် ဆိုပါသည်။ လိုလားချက်မှာ သူတို့ တစ်ဖွဲ့ လုံး ပါလက်စတိုင်းသို့ လွတ်လပ်စွာ သွားခွင့်ပြုခြင်းပင် ဖြစ်သည်။ ဘင်ကင်နင်က သမ္မာကျမ်းစာမှ စာကို ထပ်မံကိုးကားပါသည်။
" ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ "

ထရေဗာ ဘရောင်းနင်း
......................................
စီစီ ဘရက်ရှောမှာ အိပ်မပျော်တော့ ။ အိပ်ဇိုးဒပ်မှ ပေးထားသော ရာဇသံ ခြောက်နာရီသာ လိုတော့သည်။ သူ့ အနေနှင့် ဝန်ကြီးအဖွဲ့ အစည်းအဝေးကို တင်ပြရန် သုံးနာရီပဲ အချိန်ရသည်။ ဖျန်ဖြေဆွေးနွေးဖို့  အချိန်မရှိတော့။
သူသည် အရူးတစ်ယောက်နှင့် တိုက်ခိုက်နေရပြီလား ။ဒီ အယ်ရီ ဘင်ကင်နင်ဆိုသူမှာ အသည်းနှလုံးမရှိသောလူ၊ သူ့ ကို ဒုက္ခရောက်သည်ထက် ရောက်အောင် နှိပ်စက်နေသည့် လူလား ။
" ကျုပ်ရဲ့ လူမျိုးတွေကို လွှတ်လိုက်ပါ"
ဘရက်ရှောသည် အိပ်ခန်းထဲမှ မီးကို ပိတ်လိုက်လေ၏။
အရေးတကြီး
နက်ဖြန် နေ့ မွန်းတည့်ချိန်မှ အစပြုပြီး တစ်နေ့ ဆယ်ယောက်တိတိ သတ်သေကြမည် ဖြစ်ကြောင်း ထပ်မံအတည်ပြု ကြေညာချက်ကို အယ်ရီ ဘင်ကင်နင်က ထုတ်ပြန်လိုက် ကြောင်း။
......................................
သတ်သေကြမည် ... ။ သတ်သေကြမည်။
ဤအတွေးသည် သူ့ အား တစ္ဆေလို ခြောက်လှန့် လျက်ရှိလေသည်။
ဘရက်ရှောသည် တွေဝေ ရှုပ်ထွေးစပြုလာ၏။ ပြီးခဲ့သော သုံးလေးရက်မှာ သူ့ အတွက် လောကငရဲလို ဖြစ်နေ၏။ အနှစ်သုံးဆယ်လုံးလုံး အရှေ့ အလယ်ပိုင်း ပြဿနာများနှင့် ပေါ်လစီများကို နိုင်နင်းစွာ ကိုင်တွယ်လာခဲ့သူ တစ်ဦးက ဒီပွဲတွင်မှ နှပ်ပစ်ခံရမည့်ကိန်း ပေါ်နေသည်။ သူ့ တွင် စစ်တပ်တစ်ခုလုံးနှင့် ရေတပ်တစ်ခုလုံး ရှိသည်။ အိပ်ဇိုးဒပ်လို သဘောင်္မဆိုထား နှင့် ၊ ဂျူးလူမျိုးများ ခိုးဝင်သူအားလုံးကို တားနိုင်သည့်အားရှိ၏။ ယခုပြဿနာက တစ်မျိုး ။
နောက်ဆုံး ကရော့ဖို့ ကို အော်ခေါ်လိုက်၏။
ပြီးနောက် ...

" ဆိုက်ပရပ်က ထရေဗာကို အကြောင်းကြားလိုက် ၊ အိပ်ဇိုးဒပ်ကို ပါလက်စတိုင်း သွားခွင့်ပြုလိုက်တော့လို့ "
.....................................
ပုံတူကူးချဖို့ တော့ ဘယ်ဟုတ်မလဲဗျ။ ကျုပ်ဟာသွေးဆာနေသူ တစ်ယောက်တော့ မဟုတ်ရပါဘူးဗျာ။ မဂ်တရား ဖိုလ်တရားဆိုတာလည်း အထိုက်အလျောက် နားလည် ထားတဲ့သူပါ ။
..................................
ဒါပေမဲ့ဗျာ ....ဒီအခြေအနေဟာ ကျုပ်သာ အမိန့် ပေးနိုင်သူဖြစ်ခဲ့ရင် တိုက်ပွဲအဆုံးအဖြတ် အတွက် ဘယ်အရာကိုမဆို ချပြီးရင်းပစ်လိုက်မဲ့  အချိန်မျိုးပဲ ဗျာ။ ရူးတယ်လို့  ဆိုချင်ဆို အလွယ် ဆုံးကတော့ ....
နီးရာစစ်ဝါဒီ၊ပြည်သူ့ ရန်သူကို ရရာလက်နက်နဲ့ သုတ်သင်တဲ့ နည်းပဲဗျ။ အထူးသဖြင့် အရိုးအရင်းကိုက်ပြီး မတရားတာကို သိသိကြီးနဲ့  ခြေကန် ဘက်လိုက် နေတဲ့ အသားထဲက မောင်တွေကို စပြီး ပညာပေးရမယ်။ အိမ်တိုင်းမှာ ဓားမတိုတော့ ရှိကြပါတယ်။ မြန်မာပြည်လူဦးရေ သန်း၆၀ နီးပါးမှာ ဓားကိုင်နိုင်သူ ၁၀ သန်းတော့ ကျော်လောက်ပါရဲ့ ။ တကယ့်စစ်သားစိတ်ရှိပြီး ။ လူထုဖက်ကရပ်တည်မဲ့  စစ်သားတွေကို ဖယ်လိုက်ရင် ၊ တွေ့ ရာ သချိုင်း ဓားမဆိုင်းရှင်းရမဲ့  မိစ္ဆာကောင်အရေ အတွက် က သောင်းဂဏန်းထက်မပိုပါဘူး ဗျာ။
.....................................
ယ ရက် ..... ။ န နာရီ .....လား ။
မကြာပါဘူးဗျာ ။ အသေအချာကို ရောက်လာတော့မှာပါ ။ ၂၀၁၀ ခုနှစ်ဆိုတာ တင်ပါးနားကပ်နေပြီလေ။ အရူးတစ်ယောက်တောင်သိနေတဲ့ လိမ်ပွဲကြီးကို ဆက်ကိုဆက်အုံးမဲ့ အချိန် ... ။
အရူးတစ်ယောက် သတင်းစာမှာရေးသလို ပစ်တိုင်းထောင်ဆိုတဲ့ ဗမာပြည်မှာ ဘက်ပေါင်းစုံက အကျပ်ရိုက်နေတဲ့ ဇာတ်လမ်းက စနေပါပြီ ။ လက်လုပ်လက်စားတွေလည်း ခွက်ပျောက်၊ သူဌေးဆိုတဲ့ မောင်တွေလည်း လှေမှောက်ကုန်ပြီ ။ လယ်သမားတွေလည်း ပြေးလို့ ရှောင်လို့ မလွတ်ဘူး ။ ခရီးသွားလာရေးလုပ်ငန်းဆိုတာလည်း တစပြင်လို ဖြစ်ကုန်ပြီ ။ ပေါက်ဖော်ကြီးအားကိုးနဲ့  ကိုယ်ပိုင်လက်နက်စက်ရုံထောင်ပြီး တထီးတနန်း စံမြန်းဖို့ ပြင် နေကြတဲ့ ဝလူမျိုးတွေရဲ့ ပြဿနာဟာ လိမ်ပွဲကြီး ကန့် လန့် ကာတောင် မဖွင့်ရသေးဘူး၊ သခွတ်ပင်က မီးတကျည်ကျည် တင်မက မီးပွားကြီးတွေပါ စလွင့်ပါပြီဗျာ။
...........................................
အာဏာမြဲရင်ပြီးရော ဆိုတဲ့  စစ်မင်းများရဲ့ အားကိုးရာ ၊လဲလျောင်းရာ ပါပါကြီးရဲ့  စိန့်  တိုင်းကြီး လည်း လှုပ်စပြုနေပါပြီ ။နိုင်ငံတကာစီးပွားပျက်ကပ်ရဲ့  ဂယက်ဟာ ပေါက်ဖော်ကြီးကို ကောင်းကောင်း ဒုက္ခစပေးနေပါပြီ ။ တရုတ်အစိုးရမင်းများကို တရုတ် ဥပဒေ ပညာရှင်က ငွေစာရင်းပြန်စစ်နေပါပြီ တဲ့ ဗျာ။ အလုပ်လက်မဲ့  ပြဿနာ၊ စီးပွားပျက်ကပ် နောက်ဆက်တွဲ အရှုပ်မျိုးစုံ၊ ဒီမိုကရေစီ တောင်းဆိုမှုတွေ စကြုံနေပြီလေ။
..........................................
ပြည်ပကို ရောက်နေတဲ့ မဟာမြန်မာ ၃သန်းနီးပါး ထဲက နှစ်သိန်းလောက် တပြိုင်နက်တည်း ရေလမ်းကုန်းလမ်း ၊ဝေဟင်ယံက လေယာဉ်ပျံနဲ့ ပါမကျန် တံခါးပေါက် ပေါင်းစုံကဝင် လိုက်ကြရမဲ့ အချိန်ကို ရောက်လာပါ တော့မယ်။ ဓားမတိုမှာ သွေးအလိမ်းလိမ်းကပ်နေလို့  ရေစိမ်ခွာရမဲ့  အချိန်လည်း နီးးပါပြီ ။ဒီတော့မှသာ အိပ်ဇိုးဒပ်ထဲက တော်လှန်ရေး ခေါင်းဆောင် အယ်ရီဘင်ကင်နင်လိုသာ ပြတ်သားကြပါစေဗျာ။ လူငယ်တွေကိုတော့ ကျုပ်ယုံပြီးသားဗျ။
.......................................
တကယ်တော့ သန်းကောင်ထက်နက်တဲ့ ညဥ့်ဆိုတာ အာရုဏ်ဦးမဟုတ်ဘူးလားဗျာ ။ ဝက်အသားနီလန်၊ ကြက်ဆီပြန်၊ မအီအောင် ချည်ပေါင်ခံလို့  ထွဋ်မြတ်တဲ့  စံဌာနီ။ လွတ်လပ်တဲ့ မြန်မာပြည်၊ မချွတ်အစဉ် လွတ်သဘင်ဆင်နွဲ ၊ သဘင်သဲ ပွဲညံစီရအောင် ၊ နိုင်ငံတခုပြန်လည်မွေးဖွားနိုင်ဖို့ အတွက် ဓားမတိုပဲ ကိုင်ရ ကိုင်ရ ၊ ဖိနပ်ပဲထမ်းရ ၊ ထမ်းရ ၊ တရေးနိုး လာခေါ်လည်း ကျုပ်ဖက်ကတော့  အဆင်သင့်ပဲ ဗျို့ ။
....................................
မှတ်ချက်။ ။ ရုပ်ပုံများကို ဂူဂဲလ်မှ ရယူထားပါသည်။

No comments: