Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 10 January 2009

Windows 7 beta for everyon

Windows 7 beta (၀င်းဒိုးစ် ဆဲဗင်း အစမ်းဗားရှင်း) လာပြီ၊ မြန်မြန်သွားယူ
တင့်လွင်


ဝင်းဒိုးစ် ဗစ်စတာ ထွက်ရှိတာမှ ၂ နှစ် သာသာပဲ ရှိသေးတဲ့အချိန်မှာ မိုက်ကရိုဆော့ဖ် ကုမ္ပဏီက နောက်ထပ် ၀င်းဒိုးစ် ဗားရှင်းအသစ် တခုရဲ့ အစမ်းဗားရှင်းကို ဒီနေ့ (ဇန်န၀ါရီ ၉) မှာ အများပြည်သူ “ဒေါင်းလုပ်” ကူးယူနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံ လတ်စဗေးဂတ်စ်မြို့မှာ ကျင်းပနေတဲ့ သုံးစွဲသူ အီလက်ထရွန်းနစ် ပြပွဲ (Consumer Electronics Show, CES) မှာ မိုက်ကရိုဆော့ဖ်ရဲ့ တာဝန်ခံဖြစ်သူ စတိဗ် ဘောလ်မားက ကြေညာခဲ့တာပါ။

ဒီသတင်းကြောင့် ၀င်းဒိုးစ်စနစ် ကွန်ပျူတာသုံးစွဲသူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ထွက်တာ မကြာသေးဘူးလို့ ထင်ထားတဲ့ ဗစ်စတာတောင် မသုံးဖြစ်သေးဘဲ ၀င်းဒိုးစ်အိတ်စ်ပီ ကိုသာ သုံးနေသေးတဲ့သူတွေရော ဗစ်စတာကို သုံးနေတဲ့သူတွေပါ မိမိသုံးနေတဲ့ ၀င်းဒိုးစ် စနစ်က ဘာဖြစ်လို့ပါလိမ့် ဆိုတဲ့သဘောနဲ့ နားစွင့်လေ့လာမိကြပါတယ်။

ယခု ၀င်းဒိုးစ်ဆဲဗင်းကို လွယ်လွယ်ပြောရမယ် ဆိုရင် ဗစ်စတာကို ပိုမိုလွယ်ကူစွာ သုံးစွဲနိုင်အောင်၊ မြန်ဆန်စွာ သုံးစွဲနိုင်အောင်နဲ့ ဗစ်စတာရဲ့ အားနည်းချက် တခုဖြစ်တဲ့ application အက်ပလီကေးရှင်း အဟောင်းတွေနဲ့ တွဲဘက် အလုပ်မလုပ်နိုင်ခြင်း ဆိုတဲ့အချက် တွေကို ပြန်လည်မွမ်းမံထားတဲ့ ဟာလို့ ဆိုနိုင်ပါတယ်။

လုပ်ဆောင်ချက် အသစ် (new features) များအနေနဲ့ သိပ်ထူးထူးခြားခြားတွေ့မြင်ရမှာ မဟုတ်ဘူးလို့ အိုင်တီလေ့လာ အကဲခတ်သူများက ဆိုပါတယ်။ ၀င်းဒိုးစ် ဗစ်စတာရဲ့ ဟဒ်ဝဲပိုင်း လိုအပ်ချက် များပြားခြင်း၊ မင်မိုရီသုံးစွဲမှုများခြင်း နဲ့ အက်ပလီကေးရှင်း ရွေးခြင်းတို့ကြောင့် ဗစ်စတာဟာ အောင်မြင်သင့်သလောက် မအောင်မြင်တာကို ဈေးကွက်လေ့လာသူများက သတိပြုမိကြပါတယ်။ အထက်ပါ အားနည်းချက်တွေကြောင့် ပြိုင်ဘက် ကုမ္ပဏီတခုဖြစ်တဲ့ Apple ကွန်ပျူတာရဲ့ Mac စနစ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကွန်ပျူတာသုံးစွဲသူများရဲ့ ဈေးကွက် ၁၀% အထိ တိုးတက်ရရှိခဲ့ပါတယ်။ ဈေးကွက်ကို လွှမ်းမိုးထားနိုင်တဲ့ မိုက်ကရိုဆော့ဖ် အတွက်တော့ ဒီအချက်ကြောင့် ဗစ်စတာကို အားနည်းချက်တွေပြုပြင်ထားတဲ့ ကွန်ပျူတာ မောင်းနှင်ရေး စနစ်တခု မြန်မြန်ထုတ်ဖို့ တွန်းအား ဖြစ်လာနိုင်တယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။

ယခု ၀င်းဒိုးစ်ဆဲဗင်းမှာ ထူးခြားတဲ့အချက်ကတော့ ကွန်ပျူတာ ဖွင့်ခြင်းပိတ်ခြင်းမှာ ယခင် XP နဲ့ Vista ထက်ကို သိသိသာသာ မြန်ဆန်လာတဲ့ အချက်ဖြစ်တယ်လို့ မိုက်ကရိုဆော့ဖ် တာဝန်ရှိသူများက မိတ်ဆက်ပွဲမှာ ပြောလိုက်ပါတယ်။

ယမန်နေ့က အီလက်ထရွန်းနစ် ပြပွဲ (Consumer Electronics Show, CES) မြင်ကွင်း

အစမ်းဗားရှင်းကို ဒီနေ့မှာ ဘယ်သူမဆို မိုက်ကရိုဆော့ဖ် ၀က်ဆိုက် http://www.microsoft.com/windows/windows-7/default.aspx ကနေ ဒေါင်းလုတ် လုပ်ယူနိုင်ကြောင်း သိရှိရပါတယ်။ ဒေါင်းလုတ် လုပ်ခွင့် အရေအတွက်ကို ၂သန်းခွဲ သတ်မှတ်ထားတာကြောင့်လည်း စိတ်ဝင်စားသူတွေ စောစောလေးကြွလှမ်းကြဖို့ နှိုးဆော်လိုက်ရပါတယ်။

No comments: