Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday, 10 May 2009

၂ဝ၁ဝ စိန်ခေါ်မှုများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

မိုးမခ သတင်း

“- - သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ် - - ”

၂ဝဝ၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့ တိုက်စားလို့ ခရစ်နှစ် ၂ဝ၁ဝ ဆိုတာကို ချဉ်းကပ်လို့နေပါပြီ၊ မြန်မာ့နိုင်ငံရေး ၂ဝ၁ဝ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင်ဖြစ်လို့လာနေပါပြီ၊ အချို့ နိုင်ငံရေး အကဲခပ်သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက်လာတော့မယ်၊ နိုင်ငံရေးပါတီများ အတွက် ပြောရေး ဆိုခွင့်တွေ ပိုမို ရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမယ့် နိုင်ငံရေးစနစ်သစ်ဟာ မြန်မာပြည်အတွက် စစ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းတဲ့ စနစ်ပါလို့ ဆိုကြ ပြန်ပါတယ်။ ဒီတော့ ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအသစ်က ယူဆောင်လာနိုင်တဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ပတ်သက်လို့ Scenario လေးတစ်ခု ဖန်တီးပြီး တွေးကြည့်ကြရအောင်။

Xxx - - - - xxX

၂ဝ၁ဝ ပြည်ထောင်စုလွှတ်တော်

၂ဝ၁ဝပြည့်နှစ်အလွန်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စု လွှတ်တော်ထဲက မြင်ကွင်း တစ်ခုပေါ့၊ ပြည်ထောင်စု လွှတ်တော်နာယကရဲ့ ရှေ့မှောက်မှာ ရွေးကောက် တင်မြောက်ခံ လွှတ်တော် အမတ်တစ်ဦးက ပြည်ထောင်စုအစိုးရ တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို အတည်ပြုပေးရမယ့် ကိစ္စအတွက် အရေးပါတဲ့ အစီရင်ခံစာ တစ်ခုကို တင်သွင်းနေပါတယ်၊ လွှတ်တော်အတွင်းက လူထု ကိုယ်စားလှယ်၊ တပ်မတော် ကိုယ်စားလှယ်များလည်း နားအစွင့်သားနဲ့ စိတ်ဝင်တစား နားထောင်နေကြပါတယ်။ အစီရင်ခံစာ တင်သွင်းတဲ့ ကိုယ်စားလှယ်က ဘာတွေ တင်ပြနေသလဲ ဆိုတော့ -

- “လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း အစိုးရ အသုံးစရိတ်များကို လေ့လာတဲ့အခါမှာ ကာကွယ်ရေးကဏ္ဍ အတွက် အသုံးစရိတ်ဟာ နှစ်စဉ် အစိုးရ အသုံးစရိတ် စုစုပေါင်းရဲ့ ၄ဝ% မှ ၅ဝ% အတွင်း ရှိနေတာကို လေ့လာ တွေ့ရှိရပါတယ်၊

- ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂ဝ ကာလတလျှောက်လုံး ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရရဲ့ နှစ်စဉ် အသုံးစရိတ် သတ်မှတ်မှုဟာ အစိုးရအသုံးစရိတ် စုစုပေါင်းရဲ့ ၁% မှ ၂% အတွင်းသာ ရှိခဲ့ ပါတယ်၊

- အဲဒီ အသုံးစရိတ်ဟာ ကျန်းမာရေးကဏ္ဍမှာ အသုံးပြုရမယ့် ပမာဏရဲ့ ၁ဝ% မှ ၁၈% နဲ့သာ ညီမျှခဲ့ပြီး အသုံးပြုမှုကို လေ့လာတဲ့ အခါမှာလည်း ဆေးရုံ/ ဆေးခန်းများ ဆောက်လုပ်ခြင်း စတဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး အပိုင်းမှာ အားလုံး နီးပါး သုံးခဲ့တာ ဖြစ်ကြောင်း ထပ်တွေ့ရပါတယ်၊

- ဒါကြောင့် လိုအပ်နေတဲ့ ၈၂% မှ ၉ဝ%သော ကျန်းမာရေးကဏ္ဍ အသုံးစရိတ်တွေ အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အဖွဲ့ အစည်းများနဲ့ လူထုရဲ့ ကိုယ်ပိုင် စုဆောင်းငွေများ အပေါ်မှာသာ အမှီပြု ဆောင်ရွက်ခဲ့ရတာ တွေ့ရပါတယ်၊

- ဒီငွေများနဲ့ လိုအပ်နေတဲ့ ဆေးရုံ ဆေးခန်းများအတွက် လူထု ကျန်းမာရေး ကုသမှု အသုံးစရိတ်၊ ကာကွယ်ဆေးထိုးလုပ်ငန်းလို လူထု ကျန်းမာရေး မြင့်တင်မှုလုပ်ငန်းများ အတွက် အသုံးစရိတ်၊ HIV/ AIDS နဲ့ တီဘီရောဂါ စီမံချက်များလို ရောဂါဘေး ကာကွယ် တားဆီးမှု လုပ်ငန်းများ အသုံးစရိတ်၊ ဆေးသုတေသန လုပ်ငန်းများအတွက် အသုံးစရိတ်နဲ့ လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ အသုံးစရိတ်များကို အထောက်အပံ့ ပေးနေခဲ့ရပါတယ်၊

- ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ ပြည်ပ အထောက်အပံ့ကို အထူး မှီခိုနေခဲ့ရတဲ့အတွက် ပြည်သူ့ ကျန်းမာရေး လုပ်ငန်းတွေလို လုပ်ငန်းတွေမှာ ဆောင်ရွက်သင့်သလောက် မဆောင်ရွက်နိုင်တဲ့အပြင် ၂ဝဝ၅ခုနှစ် မှာ Global Fund အဖွဲ့ရဲ့ ထောက်ပံ့မှုဖြတ်တောက်ခံရစဉ်က ပြည်သူ့ကျန်းမာရေးမှာ အဓိကပြဿနာ ကြီး (၃)ခုဖြစ်တဲ့ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် အထူး စိုးရိမ်စရာ အခြေအနေများ ကြုံတွေခဲ့ရတာ အားလုံးသိကြမှာ ဖြစ်ပါတယ်၊

- ယခု ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်းကို လေ့လာကြည့်တဲ့ရာမှာ ယခင် အနှစ် (၂ဝ)ကာလရဲ့ လျာထားသုံးစွဲမှုပုံစံအတိုင်း ဖြစ်နေပြန်တာ တွေ့ရပါတယ်၊

- ကျန်းမာရေးဟာ လူထုအတွက် အခြေခံလိုအပ်ချက် တစ်ခု ဖြစ်တာကြောင့် ယခု ပြည်ထောင်စု အစိုးရရဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်းမှာ ကာကွယ်ရေးကဏ္ဍ အသုံးစရိတ် သတ်မှတ်မှုကို နဲနဲလျော့ကာ ၃ဝ% သာ ထားပြီး ကျန်းမာရေးကဏ္ဍအတွက် ၁ဝ% သတ်မှတ်မယ်ဆိုရင် လက်ရှိ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ အတွက် အတော် ပြည့်စုံသွားစေမှာဖြစ်ပါတယ်၊

- ဒါကြောင့် ပြည်ပ အထောက်အပံ့များကို ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးဖို့ အတွက် လိုအပ်တဲ့ နေရာများမှာ ရယူ အသုံးချသွားနိုင်ကြောင်း၊ ကျန်းမာတဲ့ မိသားစုဘဝကို ပိုမို ပိုင်ဆိုင်လာကြတဲ့ နိုင်ငံသားများ အနေနဲ့ မိသားစု စုဆောင်းငွေ ပိုရှိလာကြမယ်၊ စုဆောင်းငွေကို အခြား လိုအပ်တဲ့ကဏ္ဍတွေမှာ ပိုသုံးလာနိုင် ကြမယ်ဆိုရင် တိုင်းပြည်လည်း ပိုမို ဖွံ့ဖြိုးတိုးတက် လာစေမှာဖြစ်ပါတယ်” စသည်ဖြင့် ကျန်းမာရေး ကဏ္ဍနဲ့ တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆက်စပ်ကာတင်ပြရင်း ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် ပိုမိုလျာထားဖို့ စည်းရုံးပြောဆိုသွားပါတယ်။

ဒီတင်ပြမှုအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယကမှ အထွေထွေဆွေးနွေးဖို့ သတ်မှတ်ထားတဲ့ အစီအစဉ် အတိုင်း လမ်းဖွင့်ပေးလိုက်ပါတယ်။ ထောက်ခံဆွေးနွေးသူ အတော်များပါတယ်၊ ကြည့်လိုက်တော့လည်း လူထုက ရွေးကောက် တင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတာကို တွေ့ရပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် စေလွှတ်ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကတော့ -

“လူထုရဲ့ ကျန်းမာရေး အခြေအနေ ပိုမို တိုးတက်ကောင်းမွန်လာစေဖို့၊ နိုင်ငံတော် ပိုမို ဖွံ့ဖြိုးတိုးတက် လာစေဖို့ တင်ပြဆွေးနွေးသွားတာ ဖြစ်လို့ ဂုဏ်ယူပါကြောင်း၊ လေးစားပါကြောင်း၊ ဒါပေမယ့် ကိုယ်စား လှယ်ကြီးများကို အသိပေးလိုတဲ့ အချက်တစ်ခု ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၁)၊ ပုဒ်မ (၂ဝ) အပိုဒ်(ခ)မှာ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည် လို့ ဖေါ်ပြထားကြောင်း၊ ယခုကိုယ်စားလှယ်ကြီး တင်ပြလာတဲ့ ကိစ္စဟာ ဒီအချက် နဲ့ ငြိနေကြောင်း၊ ဝိုင်းဝန်း စဉ်းစားကြဖို့ လိုကြောင်း” စသည်ဖြင့် ဆွေးနွေးသွားပြန်ပါတယ်။

တပ်မတော် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များမှ နှစ်ဦးကလည်း ဒီအချက်ကို ထောက်ခံဆွေးနွေး သွားပြန်ပါတယ်။ ကျန်တဲ့ တပ်မတော် ကိုယ်စားလှယ်များကတော့ ငြိမ်ချက်သား ကောင်းနေကြပါတယ်။ စီးပွားရေး လုပ်ငန်းတွေ နောက်ခံရှိကြတဲ့ လုပ်ငန်းရှင် လွှတ်တော် ကိုယ်စားလှယ်ကြီးများကတော့ တပ်မတော် ကိုယ်စားလှယ်ကြီးများနဲ့ ထိပ်တိုက် မတွေ့လိုတဲ့သဘော ရေငုံနှုတ်ပိတ်ကာ ဘာမှတ်ချက်မှ မပေးကြပါဘူး။ ဆွေးနွေးချိန်သာ ကုန်သွားပါတယ်၊ နိုင်ငံတော် သမ္မတက တဆင့် ပြည်ထောင်စု အစိုးရက တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို ဆုံးဖြတ်ပေးနိုင်ဖို့အရေး တိကျတဲ့ အဖြေတစ်ခု ထွက်မလာတဲ့အတွက် အဆုံးမှာတော့ ပြည်ထောင်စု လွှတ်တော် နာယကကြီးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၄)၊ ပုဒ်မ ၈၆ (က)ပါ အချက်အရ ပြည်ထောင်စု လွှတ်တော်မှာ ဆန္ဒမဲပေး ဆုံးဖြတ်ကြဖို့ ကြေညာလိုက်ပါတော့တယ်။

“ - - - လုပ်ငန်းရှင် လွှတ်တော် ကိုယ်စားလှယ်ကြီးများကတော့ တပ်မတော် ကိုယ်စားလှယ်ကြီးများနဲ့ ထိပ်တိုက် မတွေ့လိုတဲ့သဘော ရေငုံနှုတ်ပိတ်ကာ ဘာမှတ်ချက်မှ မပေးကြပါဘူး - - ”

လူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (၄၉၈)ဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ရွေးချယ် စေလွှတ်ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် (၁၆၆)ဦး၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် (၆၆၄)ဦး ရှိတဲ့၊ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာ အရာမှာ အမြင့်ဆုံး အဆင့် ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကြီးက အခြေခံဥပဒေ အခန်း (၄)၊ အပိုဒ် ၁ဝ၃ (င) မှာ ဖေါ်ပြ ပေးအပ်ထားတဲ့ အခွင့်အာဏာကို အသုံးပြုပြီး ပြည်ထောင်စုအစိုးရရဲ့ နှစ်စဉ် အရအသုံး ခန်းမှန်းခြေ ငွေစာရင်းမှာ ကျန်းမာရေး အသုံးစရိတ်ကို နဂိုတင်ပြစဉ်အတိုင်း ၂% ထားမှာလား၊ ကာကွယ်ရေး အသုံးစရိတ်ကို လျော့ပြီး ကျန်းမာရေးစရိတ်ကို ၁ဝ% ထားမှာလား ဆိုတာ မဲခွဲဆုံးဖြတ် လိုက်တဲ့ အခါမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၈%က ကျန်းမာရေးစရိတ်ကို ၁ဝ% ထားဖို့ သဘောတူတဲ့ အဖြေ တစ်ခု ထွက်လာပါတော့တယ်။ ပေါ်ထွက်လာတဲ့ ထောက်ခံမှု ရာခိုင်နှုန်းကို ကြည့်ရင် တပ်မတော် ကိုယ်စားလှယ် အချို့လည်း ထောက်ခံမှုမှာ ပါဝင်ကြောင်း အထင်အရှား သိနိုင်တာမို့ လူထုက ရွေးချယ် တင်မြောက်ပေးလိုက်တဲ့ ကိုယ်စားလှယ်များ အတွင်းမှာ အထူးကို ဝမ်းသာကြေနပ် ပီတိဖြစ်နေကြတာပေါ့။

Defult ခလုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်

အဲဒီ ပီတိတွေ ကြာကြာမခံလိုက်ပါဘူး၊ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက် ရေးသား ပြင်ဆင်နေချိန်မှာ ကာကွယ်ရေး ဦးစီးချုပ်ထံမှ လွှတ်တော် နာယကကြီးထံ စာတစ်စောင် ဝင်လာပါတယ်။ ယခုအတည်ပြုချက် တောင်းခံထားတဲ့ အစိုးရရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ ကာကွယ်ရေးကဏ္ဍ အသုံးစရိတ်ကို လျှော့လိုက်ရင် တပ်မတော်အတွက် စီစဉ် ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် လုပ်ငန်းများမှာ ထိခိုက် နှောင့်နှေးသွားစေမှာ ဖြစ်ပြီး အခြေခံဥပဒေရဲ့ အခန်း(၁)၊ ပုဒ်မ (၂ဝ) အပိုဒ်(ခ)တွင် ဖေါ်ပြထားချက်နဲ့လည်း မကိုက်ညီရာလည်း ရောက်ကြောင်း၊ ဒီအတွက်ကြောင့် ကာကွယ်ရေး ကဏ္ဍအသုံးစရိတ် လျော့ချခြင်းကို လက်မခံနိုင်ပါကြောင်းနဲ့ ကျန်းမာရေးကဏ္ဍ အတွက် လိုအပ်ချက်ကို အခြားနည်းလမ်းများနဲ့ လွှတ်တော်မှာ အဖြေရှာကြရန် ရေးသားထားပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ ပြည်ထောင်စု လွှတ်တော် နာယကကြီးထံ ကာကွယ်ရေး ဦးစီးချုပ်ထံမှ စာတစ်စောင် ထပ်ဝင်လာပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် စေလွှတ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အနက်မှ (၁ဝ)ဦးကို ပြောင်းလဲ တာဝန်ပေးအပ်တဲ့ အကြောင်းပါ။

Xxx - - - - xxX

ဇာတ်လမ်းကတော့ ဒီမျှသာ ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ပြီးတဲ့နောက် မြင်ယောင်မိတဲ့ အတွေး မြင်ကွင်းတစ်ခုပါ။ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တစ်ခုကို ဆွဲထုတ်လို့ တွေးမိတာ ဖြစ်ပါတယ်၊ အင်မတန် အရေးကြီးတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းအရာတွေသာ တွေးမိရင် ဒီ Scenario ထဲမှာ မအောင်မြင်တဲ့ အဆိုပြုမှုတွေ၊ အဆိုပြုမှုအောင်မြင်သော်လည်း ရှုံးနိမ့်သွားတဲ့ မဲခွဲဆုံးဖြတ်မှုတွေ၊ မဲခွဲ ဆုံးဖြတ်မှုအောင်မြင်သော်လည်း အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ လူထုဆန္ဒခံယူပွဲတွေ၊ လူထုဆန္ဒခံယူပွဲ အောင်မြင်သော်လည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အာဏာသိမ်းမှုတွေနဲ့ စာမျက်နှာ အတော်စားသွားပါလိမ့်မယ်။ ထူးခြားတာ တစ်ခုတော့ မြင်သာထင်သာ ဖြစ်လာပါလိမ့်မယ်၊ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ အာဏာတည်ပြီးတဲ့နောက်ပိုင်း စစ်တပ်က အာဏာသိမ်းမှုများဟာ အခြေခံဥပဒေပါ အခွင့်အာဏာအရ လုပ်တဲ့ အာဏာသိမ်းမှုများ ဖြစ်လာမှာကြောင့် ယနေ့ခေတ် နဝတ၊ နအဖ တို့လို ကြုံတွေ့နေရတဲ့ တရားဝင်မှု Legitimacy ပြဿနာမျိုး အဲဒီခေတ် စစ်အစိုးရတွေ ရင်ဆိုင်စရာ မရှိနိုင်တော့ပါ။ ဒီအတွက်ကြောင့် အတိုက်အခံများက စင်ပြိုင်အစိုးရဖွဲ့စည်းတာ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကန့်ကွက်ဖယ်ရှားဖို့ ကြိုးစားတာတွေဟာ နောင်လာမည့် နိုင်ငံရေးစင်မြင့်မှာ မြင်တွေ့စရာ မရှိတော့ပါဘူး။

“ - - စစ်တပ်က အာဏာသိမ်းမှုများဟာ အခြေခံဥပဒေပါ အခွင့်အာဏာအရ လုပ်တဲ့ အာဏာသိမ်းမှုများ ဖြစ်လာမှာကြောင့် ယနေ့ခေတ် နဝတ၊ နအဖ တို့လို ကြုံတွေ့နေရတဲ့ တရားဝင်မှု Legitimacy ပြဿနာမျိုး အဲဒီခေတ် စစ်အစိုးရတွေ ရင်ဆိုင်စရာ မရှိနိုင်တော့ပါ - -”

ဒီအတွေးထဲက ရလိုက်တဲ့ သင်ခန်းစာက အဲဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကာကွယ်ရေးဦးစီးချုပ် အတွက် Defult ခလုပ်ကလေးတွေ တပ်ထားတာ တွေ့လိုက်ရပါတယ်။ ကွန်ပြူတာသုံးနေရင်းနဲ့ setting တွေ မကြိုက်တော့ ဘူးဆိုရင် နဂို စက်ရုံထုတ် setting အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးတဲ့ ခလုပ်လေး တွေလိုပေါ့။

ရင်နင့်စရာ ဖြတ်သန်းမှုတစ်ခု

တကယ်တော့ အဲဒီ Default ခလုပ်များ၊ တနည်းအားဖြင့် လူထိုယ်စားလှယ်များရဲ့ဆန္ဒ မည်သို့ပင်ဖြစ်စေ ကာကွယ်ရေီးးစီးချုပ်ဆိုသူ လူတစ်ဦးရဲ့ ဆန္ဒအတိုင်း ဖြစ်စေဖို့ စီမံထားတဲ့ ဖွဲ့စည်းပုံဥပဒေပါ ချက်များကို အတိုက် အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံးက သတိပြုမိကြလို့ ၂ဝဝ၈ လူထု ဆန္ဒခံယူပွဲမှာ ဆန္ဒမဲ သွားမပေးကြဖို့၊ ကန့်ကွက်မဲ ပေးကြဖို့ ဆော်သြ ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဖွဲ့စည်းပုံဥပေဒနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၂ဝဝ၈ခုနှစ်၊ မတ်လအတွင်းမှာ အချက်(၅) ချက်ပါတဲ့ အဆိုပြုချက် တစ်ရပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ အထူးသံတမန် ဂမ်ဘာရီအတွက် မြန်မာပြည်မှာ ရုံးစိုက် ဆောင်ရွက်ခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့၊ တိတိကျကျ ဖေါ်ပြထားတဲ့ အချိန် ဘောင်တစ်ခုအတွင်းမှာ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့၊ အခြေခံဥပဒေမူကြမ်း ရေးဆွဲမှုကို NLD အပါအဝင် ၂ဝဝ၄ခုနှစ် အမျိုးသားညီလာခံမှာ မပါဝင်နိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များနဲ့အတူ ပြန်လည်သုံးသပ် ရေးဆွဲဖို့၊ စီးပွားရေး၊ လူမှုရေးနဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ဆွေးနွေး နိုင်ရေးအတွက် အမျိုးသား စီးပွားရေး ဖိုရမ်တစ်ခု တည်ထောင်ဖို့ စတဲ့ အချက်(၅)ချက် ဖြစ်ပါတယ်။ နအဖ က ဒီ အဆိုပြုချက်များ အားလုံးကို လက်မခံခဲ့ပါဘူး၊ လူထုဆန္ဒခံယူပွဲကို နည်းမျိုးစုံနဲ့ အထမြောက်အောင် လုပ်ခဲ့ပြီး ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုဖြစ်သွားအောင် ဆောင်ရွက်ခဲ့တာ အားလုံး သိပြီးဖြစ်ပါတယ်။

NLD ဟာ နအဖက အခြေခံဥပဒေရေးဆွဲဖို့ စီစဉ်ပေးခဲ့တဲ့ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှာ ပူးပေါင်း ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၆ ခုနှစ် ဆဋ္ဌမ အကြိမ်မြောက် အစည်းအဝေးမှာတော့ ဒီညီလာခံရဲ့ ဆောင်ရွက်မှုများဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူး၊ ဖွဲ့စည်းပုံရေးဆွဲမှုမှာ နအဖ အလိုကျ ရေးဆွဲနေရပြီး ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို လစ်လှူရှုနေတယ်။ ဒီတော့ အမျိုးသားညီလာခံက ပြဌာန်းပေးမယ့် အခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ်ပေးမယ့် အရာတစ်ခု ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုပြီး ထောက်ပြခဲ့ပါတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ဖွဲ့စည်းပုံ ဥပဒေရဲ့ သမိုင်းတရားခံ ဖြစ်တော့မှာမို့ နအဖက ညှိနိုင်း ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မရတဲ့အဆုံး ညီလာခံကို မတက်ရောက်ဘဲ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် နအဖကလည်း ညှိနိုင်းဖို့ မကြိုးစားဘဲ ညီလာခံ (၂)ရက် ပျက်ကွက်ရင် ညီလာခံက ရာသက်ပန် ထုတ်ပယ်ပြီးသား ဖြစ်တယ်လို့ အဲဒီအချိန်က ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွန့်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၂ဝဝ၄ခုနှစ် ညီလာခံပြန်စတော့လည်း ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်တန်းတော့ NLD လိုပဲ တိုင်းရင်းသား ပါတီများကလည်း ဒီအချက်များကို ညွန်ပြ ထောက်ပြခဲ့ကြပြီးသားပါ။ ဘယ်လိုမှ လုပ်မရတဲ့အဆုံးသပ် ရလဒ်ကတော့ ဒီနေ့မြင်တွေ့နေရတဲ့ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။

နည်းလမ်းရှာဖို့ လိုအပ်

မည်သို့ပင်ဖြစ်စေ ၉၂%ထောက်ခံနဲ့ အတည်ပြုထားပါပြီဆိုတဲ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးက ကျနော်တို့ ရှေ့မှာ ရောက်နေပါပြီ၊ ဒီဖွဲ့စည်းပုံအရ ဆောင်ရွက်မယ့် အထွေထွေ ရွေးကောက်ပွဲဆိုတာလည်း ၂ဝ၁ဝမှာ ကြုံတွေ့ရ ပါတော့မယ်။ ရှောင်လွဲလို့တော့ မရနိုင်တဲ့အရာ၊ မဖြစ်မနေ ဖြတ်သန်းရမယ့် အရာတစ်ခု ဖြစ်လာနေပါပြီ။ ယခုလက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီဆောင်းပါးအစပိုင်းက Scenario အတိုင်း မြင်တွေ့လာရဖို့ကတော့ ဧကန်မုချ ဖြစ်နေပါတယ်။

လက်ရှိအခြေအနေက အပြောင်းအလဲ တစ်ခု ဖန်တီးနိုင်ဖို့ NLD က ကြိုးစားချက်တစ်ခုကို မကြာမှီက ပေါ်ထွက်လာခဲ့ပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ။

- အဖွဲ့ချုပ် ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရင်၊

- ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များ ကို ပြင်ဆင်ပေးရင်၊

- အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုရင်

၂ဝ၁ဝရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရည်ရွယ်ကြောင်း ဖေါ်ပြထား ပါတယ်။ အဓိက အကျဆုံးဖြစ်တဲ့ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့အတွက်လည်း နအဖအတွက် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ အခြေအနေ တစ်ရပ် ဖန်တီးပေးထားတာ တွေ့ရပါတယ်။

တွေ့ဆုံဆွေးနွေးရေး

NLD က အဆိုပြု ထားတဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ် (၄)ချက်ကို ကြည့်ရင် ၂ဝဝ၈ခုနှစ် အခြေခံဥပဒေမှာ ပြင်ဆင်လိုသည့် အချက်များနဲ့ ပတ်သက်လို့ အပြန်အလှန် လေးစားမှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှုကို အခြေခံ ထားကာ အဆုံးအဖြတ်ပေးနိုင်သူများအကြား ညှိညှိနိုင်းနိုင်း ဆွေးနွေး သုံးသပ် ပြင်ဆင်ကြမယ်။ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမယ့် ရလဒ်တွေကို ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့ လွှတ်တော်မှာ အတည်ပြုချက် ရယူကြမယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နအဖအနေနဲ့ မိမိရေးဆွဲထားတဲ့ ဥပဒေကို လေးစားလိုက်နာကြပြီး ဆောင်ရွက်ပေးရန် ကျန်ရှိတဲ့ တာဝန်တစ်ရပ်လည်း ပြီးစီးသွားစေမှာ ဖြစ်ပါတယ်။ ဒီနောက် ပြည်သူ့လွှတ်တော်က အတည်ပြု သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေး လမ်းကြောင်းအတိုင်း သက်ဆိုင်သူများ အားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက် ဖော်ဆောင်သွားဖို့ အဆိုပြုထားပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာနဲ့ လုပ်နေတာဆိုရင် နအဖ အနေနဲ့ ဒီအဆိုပြုချက်တွေအပေါ် မလိုက်လျောနိုင်တဲ့ အချက် တစ်ခုမှ မတွေ့မိပါဘူး။ ဒီတင်ပြချက်ဟာ နအဖရဲ့ လမ်းပြမြေပုံ (၇)ချက်ကို အတိမ်းအစောင်း မဖြစ်စေပဲ ဥပဒေအရ သူလုပ်ပေးဖို့ ကျန်နေတဲ့ တာဝန်များကို လမ်းပြမြေပုံ အဆင့် (၄)ဖြစ်တဲ့ လူထုဆန္ဒခံယူပွဲနဲ့ အဆင့်(၅) အထွေထွေ ရွေးကောက်ပွဲ အကြားမှာ ဆောင်ရွက်ဖြစ် သွားအောင်၊ လက်ရှိ ဖွဲ့စည်းပုံဥပဒေကိုလည်း ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဖွဲ့စည်းပုံ ဥပဒေ တစ်ခု ဖြစ်အောင်၊ လူထု အတွက် လိုအပ်နေတဲ့ အပြောင်းအလဲတစ်ခုကို နအဖက သိက္ခာရှိရှိ၊ အချိန်မှီမှီ ဆောင်ရွက်ပေးနိုင်အောင် လမ်းစ ဖွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

“- - သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ် - - ”

NLD အတွက် စိမ်ခေါ်ချက်များ

ယနေ့ နိုင်ငံရေးအကြပ်အတည်းကို ပြပါဆိုရင် ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေညာ စာတမ်းရဲ့ အချက်အခြာ အကျဆုံးက တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်(၄)ချက်က ဒီ အကြပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးပမ်း အားထုတ်မှုတစ်ခုလို သတ်မှတ်နိုင်ပါတယ်။ ဆွေးနွေးကြဖို့ အစဉ်တစိုက်တောင်းဆိုနေတဲ့ NLD ရဲ့ ထပ်မံ ကြိုးပမ်းမှုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလို ကြိုးပမ်းအားထုတ်မှုများကို စိမ်ခေါ် နေတဲ့အချက်များ ရှိနေပါတယ်။

ပထမဆုံးစိမ်ခေါ်မှုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆွေးနွေးပွဲ ကြိုတင် သတ်မှတ်ချက် (၃)ခုပါ။ တွေ့ဆုံ ဆွေးနွေးဖို့ ကိစ္စကို အမြဲ လစ်လျှုရှုနေတဲ့ နအဖ ခေါင်းဆောင်ကြီးက ၂ဝဝ၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုများ ခံစားလာရတဲ့အခါမှာတော့ ကုလသံတမန် ဂမ်ဘာရီကို

- ဒေါ်စုသည် ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံ ပျက်သုဉ်းရေး ဆောင်ရွက်ခြင်း၊

- မြန်မာနိုင်ငံအပေါ် ပိတ်ပင်တားဆီးမှုများကို အားပေးထောက်ခံခြင်းများကို

မလုပ်တော့ဘူးပြောရင် တွေ့ဆုံမယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့ တားဆီးမှုများကို ဒေါ်စုက အားပေး ထောက်ခံတာ အားလုံးသိပါတယ်။ ထိပ်တိုက် ရင်ဆိုင်ရေးနဲ့ အလုံးစုံ ပျက်သုဉ်းရေးဆိုတဲ့ ကိစ္စများ မှာတော့ ဝိဝါဒ ကွဲစရာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို အသာထားလို့ ကြိုတင်သတ်မှတ်ချက်များကို ပြန်စဉ်းစားမယ်ဆိုရင် မဆွေးနွေးချင်လို့ ညစ်ထားတဲ့ ကိစ္စတစ်ခုလို အထင်အရှား မြင်နိုင်ပါတယ်။ လက်တွေ့ စဉ်းစားကြည့်ရင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကျိုးရှိစေမယ့်ရလဒ်တစ်ခု ထွက်လာတာနဲ့ တပြိုင်နက် ဒီအချက်(၃) ချက်ဟာ ဘယ်ဖက် ကမှ စဉ်းစားစရာ မလိုတော့တဲ့ အရာများပင်ဖြစ်ပါတယ်။ NLD ရဲ့ ကြိုတင် သတ်မှတ်ချက် ဘာမှမရှိတဲ့ ဆွေးနွေးပွဲ စတင်ဖို့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဆွေးနွေးပွဲ ကြိုတင် သတ်မှတ်ချက်တို့ ထိပ်တိုက်တွေ့မှုကို ညှိပေးမယ့် ကြားခံ ကောင်းကောင်း တစ်ယောက် လိုပါလိမ့်မယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေကို သြဇာညောင်းတဲ့သူ တစ်ဦး/တစ်ဖွဲ့ပေါ့။

ဒုတိယ စိမ်ခေါ်မှုက ယုံကြည်မှု ပေါ်ပေါက်ရေးပါ။ ပြောချင်တာက ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့နောက်လိုက်များရဲ့ နိုင်ငံရေး ပါတီများနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် အပေါ် ယုံကြည်မှုကို ဆိုလိုပါတယ်။ သူတို့တစ်သိုက်ရဲ့ ယုံကြည်မှု ကင်းမဲ့နေကြပုံကို အနီးစပ်ဆုံး ဥပမာပြရရင်တော့ (၆၄)ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် မိန့်ခွန်း ဖြစ်ပါတယ်။ YMBA, BCBA နဲ့ ဒို့ဗမာ အစည်းအရုံးကစ ပြည်သူ့ရဲ့ဘော်၊ ဗမာပြည်ကွန်နစ်ပါတီအလယ်၊ ဖဆပလနဲ့ ပထစအဆုံး အကွဲအပြဲများနဲ့သာ အပြည့် ဖြစ်ကြောင်း အစချီလို့ နိုင်ငံရေးပါတီများကို အယုံအကြည် မရှိဖို့၊ အထင်မကြီးဖို့နဲ့ နိုင်ငံ့အရေးဆိုတာ တပ်မတော်သားတွေကသာ လုပ်ပေးနိုင်တဲ့အရာ ဖြစ်တယ် ဆိုပြီး တပ်မတော်သားတွေကို စည်းရုံး လှုံ့ဆော်တဲ့ မိန့်ခွန်းတစ်ခု ဖြစ်ပါတယ်။

သူ မယုံကြည်ရုံတင်မက တပ်မတော် တစ်ခုလုံးကပါ အယုံ အကြည် မရှိအောင် လုပ်နေတာကတော့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ရင်လေးစရာ အပြည့်ပဲ ဖြစ်ပါတယ်။ ဆွေးနွေးရေးကို လက်မခံတာ၊ အခြေခံဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်က ထိန်းချုပ်နိုင်တဲ့ ခလုပ်တွေ အဆင့်တိုင်းမှာ ထည့်ထားတာတွေဟာ သူ့ရဲ့ မယုံကြည်မှုတွေကို ပြသနေတာပဲ ဖြစ်ပါတယ်။ ယုံကြည်မှု မပေါ်ပေါက်သရွေ့ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။

ဗိုလ်ချုပ်မှူးကြီး သဘောပေါက် ယုံကြည်ရမှာက ဒီနေ့ ဒီအခါလောက် ကောင်းတဲ့ အခွင့်ရေး မရှိဘူး ဆိုတာပါ။ ဆိုလိုတာက သူ တပ်ကိုပိုင်သလို ဒေါ်စုနောက်မှာ လူထုကြီး ရှိပါတယ်။ သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်း ဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ်၊ နိုင်ငံ ဖွံ့ဖြိုးရေးကို အစွမ်းရှိသလောက် လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ လူထုက မျှော်မှန်း တမ်းတနေတာလည်း ဒီအချက်ပဲ ဖြစ်ပါတယ်။

“- - - ယုံကြည်မှု ကင်းမဲ့နေကြပုံကို အနီးစပ်ဆုံး ဥပမာပြရရင်တော့ (၆၄)ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် မိန့်ခွန်း ဖြစ်ပါတယ်။ - - - - - နိုင်ငံရေးပါတီများကို အယုံအကြည် မရှိဖို့၊ အထင်မကြီးဖို့နဲ့ နိုင်ငံ့အရေးဆိုတာ တပ်မတော်သားတွေကသာ လုပ်ပေးနိုင်တဲ့အရာဖြစ်တယ်ဆိုပြီး တပ်မတော်သား တွေကို စည်းရုံးလှုံဆော်တဲ့ မိန့်ခွန်းတစ်ခု ဖြစ်ပါတယ် - - ”

တတိယ စိမ်ခေါ်မှုက NLD နဲ့ လူထုအကြား ဆက်သွယ် ဆက်ဆံရေးကဏ္ဍ ဖြစ်ပါတယ်။ ယနေ့ နအဖက NLD ကို ခြေဖြတ်၊ လက်ဖြတ် လုပ်ထားတဲ့အပြင် ပါးစပ်ကိုပါ အဝတ်နဲ့ ဆို့ထားတာ အားလုံး သိကြပါတယ်။ ဒါပေမယ့် ယခုလာတော့မယ့် အချိန်ကာလတွေမှာတော့ NLD နဲ့ လူထုအကြား ဆက်သွယ် ဆက်ဆံရေး လမ်းကြောင်းတွေ၊ မီဒီယာတွေ ယခု အခြေအနေထက် အများကြီး ကောင်းဖို့ လိုပါလိမ့်မယ်။ အနှစ် (၂ဝ) ကျော်ကြာလာတဲ့ တိုက်ပွဲအတွင်း လူထုအတွင်းမှာ အားမလို အားမရမှုတွေ ရှိနေတဲ့အပြင် ခေါင်းဆောင် မဲ့နေသလို ခံစားနေကြရသူတွေ ရှိနေပါတယ်။ အခက်အခဲတွေ ကြားက အကောင်းဆုံးဖြစ်မယ့် ဆက်သွယ် ဆက်ဆံရေး နည်းလမ်းများ တီထွင် ကြံဆရပါမယ်။ NLD လူထုထံ ချပြစရာတွေ၊ ချပြသင့်တာတွေကို လူထုထံ အရောက်ပို့နိုင်ဖို့ လိုပါလိမ့်မယ်။

စတုတ္ထ စိမ်ခေါ်မှုက အချိန်ပါ။ ၂ဝ၁ဝဆိုတာ ခဏလေးနဲ့ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ယခုတည်းက NLD တောင်းဆိုချက်များအတွက် ဖြစ်လာနိုင်ခြေ အားလုံး တွက်ဆပြီး Contingency plan များ ရေးဆွဲ ချမှတ်ထားမှ နအဖရဲ့ လှုပ်ရှားမှုများနဲ့ ထပ်ချပ်မကွာ လိုက်နိုင်မှာ ဖြစ်ပါတယ်။ နအဖက ဒီမိုကရေစီရေး လုပ်ငန်းတိုင်းမှာ အချိန် ဇယားကို ရည်ရွယ်ချက် ရှိရှိနဲ့ ဖျောက်ထားပြီး အလုပ်လုပ်နေတာပါ။ ၂ဝဝ၈ဆန္ဒခံယူပွဲတုန်းက ဖွဲ့စည်းပုံဥပဒေကို လေ့လာချိန် ကောင်းကောင်းမရနိုင်အောင် ဆောင်ရွက်ခဲ့တာလည်း သတိချပ်ဖို့လိုပါမယ်။ ယခုလည်း NLD ကို ပြင်ဆင်ချိန် မရနိုင်အောင် အချိန်တွေကို ကစားပါဦးမယ်။

“ - - - နအဖက ဒီမိုကရေစီရေး လုပ်ငန်းတိုင်းမှာ အချိန် ဇယားကို ရည်ရွယ်ချက် ရှိရှိနဲ့

ဖျောက်ထားပြီး အလုပ်လုပ်နေတာပါ - - - - ”

ပဉ္စမ နဲ့ နောက်ဆုံးစိမ်ခေါ်ချက်ကတော့ နအဖရဲ့ မရိုးသားမှု ဖြစ်ပါတယ်။ ကိုယ်ထုတ်ပြန်ခဲ့တဲ့ ဥပဒေမှ ကိုယ်ပြန်မလိုက်နာ၊ ကိုယ်ထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ကိုယ်ပြန်မေ့၊ လူ သိန်းသောင်းချီ သေဆုံးကြရတဲ့ အရေးတောင် မငဲ့ကွက် ကိုယ်လိုချင်တဲ့ ရလဒ် အတင်း ယူခဲ့သူတစ်ဦးက ဒီနေ့ကျမှ NLD ရဲ့ တောင်းဆိုချက်ကို လိုက်လျောဖို့ ဆိုတာ အိမ်မက်တောင် မမက်ရဲတဲ့ အခြေအနေ ရှိပါတယ်။ ဒီအတွက် ကောင်းဆုံးကို မျှော်လင့်ပေမယ့် အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ ထင်မြင်မိပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်

နိဂုံးချုပ်ရရင် NLD က ရှေ့ဆက်ရမယ့် ခရီးကို စိမ်ခေါ်မှု အပြည့်နဲ့ ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နအဖ ခေါင်းဆောင်ကြီးများရဲ့ အပြုအမူနဲ့ အကျင့်အကြံတွေ နေ့ခြင်းညခြင်း ပြောင်းလဲသွားဖို့က NLD ရဲ့ ကြိုးပမ်း အားထုတ်မှု တစ်ခုတည်းနဲ့ ဖြစ်ပေါ်လာဖို့ အလွန် ခဲယဉ်းပါတယ်။ ဒါပေမယ့် ယခုစဉ်းစားခဲ့တာ နအဖနဲ့ NLD နှစ်ဦးကိုသာ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်

- နအဖနဲ့ အခြား နိုင်ငံရေးပါတီများ၊

- နအဖနဲ့ ငြိမ်းချမ်းရေး အဖွဲ့များ၊

- နအဖနဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊

- နအဖနဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံ၊ အီးယူနဲ့ ပြည်ပအစိုးရများ၊

- နအဖနဲ့ သူ့စီးပွားရေး၊

- နအဖနဲ့ သူ့လူမှုရေးအသိုင်းအဝန်း၊

- နအဖနဲ့ တရုပ်အစိုးရ၊ ရုရှအစိုးရ၊ ထိုင်းအစိုးရ

စတဲ့ နအဖရဲ့ အခြားမျက်နှာစာများကို ထည့်သွင်းစဉ်းစားရပါဦးမယ်။ အဲဒီမျက်နှာစာများမှာလည်း နအဖကို လက်ရှိ အပြုအမူ အကျင့်အကြံတွေ ပြောင်းလဲ သွားစေဖို့ တူညီတဲ့ ဦးတည်ချက်တစ်ခုအပေါ် သင့်လျော်တဲ့ ချဉ်းကပ်မှု အမျိုးမျိုးနဲ့ ဆောင်ရွက်ကြမယ်ဆိုရင်၊ တပ်မတော် အတွင်းမှာလည်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများဟာ တို့လိုပဲ လူထုအတွက်၊ တိုင်းပြည်အတွက် လုပ်နေကြသူတွေပါလား ဆိုတာ သိမြင် လက်ခံလာကြမယ်ဆိုရင် ဒီဆောင်းပါးအစမှာ စဉ်းစားခဲ့တဲ့ Scenario ကို အသစ် ပြန်ပြင်ရေးရတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံးတွေကို စဉ်းစား ဆုံးဖြတ်ရာ၊ အပေးအယူ မျှမျှတတနဲ့ ကမ္ဘာအလယ်မှာ မျက်နှာမငယ်ရတဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ် ဖြစ်လာမှာ ဧကန်မုချလို့ ထင်မြင်မိပါကြောင်း။

မောင်ရွှေ

၂ဝဝ၉ခုနှစ်၊ မေလ (၉)ရက်၊ စနေနေ့

Saturday, 9 May 2009

VOB709KK

Fifty three Human rights groups and organization's statement

(1)Overseas Burmese Patriots (OBP)
(2)All Burma Students League (ABSL)
(3)Burma Political Prisoners’ Union (BPPU)
(4)Arakan League for Democracy (Exile-Japan) ALD (Exile- Japan)
アラカン民主連盟(亡命/日本)
(5)Burma Democratic Action Group (BDA Group)
ビルマ民主アクショングループ
(6)Chin National Community (CNC)
チン民族コミュニティー
(7)Democratic Federation of Burma (DFB)
ビルマ民主連合
(8)Federation of Workers Union of the Burmese Citizen in Japan (FWUBC)
在日ビルマ市民労働組合
(9)Kachin National Organization, Japan (KNO-JP)
カチン民族機構
(10)Kachin State National Congress Party for Democracy (Liberated Area-Japan Branch)
KNCD (LA-JB)
カチン州国民民主コングレス党(解放地区-日本支部
(11)Karen National League (KNL)
カレン民族連盟(日本)
(12)League for Democracy in Burma (LDB)
ビルマ民主化同盟
(13)Naga National Society (NNS)
ナガ民族社会
(14)National Democratic Front (Burma) (NDF-B), Representative for Japan
民族民主戦線(日本支部)
(15)Palaung National Society (PNS)
パラゥン民族社会
(16)Punnyagari Mon National Society (PMNS)
ポンニャガリモン民族社会
(17)Shan Nationalities for Democracy (Japan) SND (Japan)
在日シャン民族民主主議会
(18)Shan State Nationalities for democracy (Japan) SSND (Japan)
シャン州民族民主化 (日本)
(19)Confederation of National Youth for Burma (CNUB)
(20)Burma Democratic Concern (BDC)
(21)Union of Human Right Council (UHRC)
(22)Danu National Council
(23)Akha Public Army (APA)
(24)Maingtha Youth Group(MYG)
(25)Lahu Human Right Group (L.H.R.G)
(26)Kokant Human Right Group (K.H.R.G)
(27)Khamti Women Action Group(KWA)
(29)Kokant Youth Affairs Committee - KYAC
(30)Maw Shan Public Army (M.S.P.A)
(31)Khamti Public Army- KPA
(32)Kokant Women Action Group
(33)P.H.R.G
(35)Palaung Women Action Group
(36)Danu Youth Affairs Committee (D.Y.A.C)
(37)Akha Liberty Army
(38)Danu Women Group
(39)Akha Human Right Action Group
(40)Akha Youth Affairs Committee
(41)Danu Public Army – D.P.A
(42)Maingtha Public Army
(44)Akha Women Action Group
(45)Palaung Youth Society - PYS
(46)Pa-oh Human Right Action Group
(47)Danu Youth Affairs Committee
(50)Pa-oh Public Army
(51)International Burmese Monks Organization (Canada Branch)
(52)Lahu Youth Society - Thailand
(53)NLD(LA) CANADA
(54)Burmese Students' Democratic Organization
(55)Burmese Muslim Association (Canada)
(56)Patriotism, Liberation, Dignity
Patriotic Karen Association
(57)8888
New Blood Comrades (Union of Burma)
(58)Karen Canadian Community (KCC)
(59)F R E E BU RMA F ED E R A T ION ( F B F )

Contact person

1. KO THAN SWE
BDA
PHONE: 090-4964-9718
Email: thanswe@gol.com
2. KO KYAW KYAW SOE
LDB
PHONE: 090-6031-4394
Email: sayarkway@yahoo.com
3. KO MAI KYAW OO
NDF-J
PHONE: 090-9831-7192
Email: maikyawoo@yahoo.com
4. KO KO AUNG
DFB/FBF
PHONE: 090-1506-2893
Email: kokoaung_dfbjp@yahoo.com
5. KO HLA AYE MAUNG
ALD
PHONE: 090-2525-1966
Email: danya_thurein@yahoo.com
6. KO SHWE SIN HTUN
FBF
PHONE: 1-301-523-9292
Email: shwesinhtun88@gmail.com
7. KO SOE TUN
Overseas Burmese Patriots
PHONE: 9487 4413
Email: lunlunn@gmail.com or soetun_sg@yahoo.com
8. Ko Kyaw Than
All Burma Students League (ABSL)
PHONE: +91-9810601506
Email: dawnstar88@gmail.com
9. Ko Zaw Nyein Latt (Chairperson)
BPPU (Burma Political Prisoner Union)
PHONE: 0860024605
Email: pp_union@yahoo.com
10. Myo Thein
Director
Burma Democratic Concern (BDC)
PHONE: +44 208 493 9137
+44 787 788 2386
Email: myothein19@gmail.com
myothein@bdcburma.org
11. Khin Maung Win
Burma Democratic Concern (BDC) [United States]
PHONE: 00 194196126 22
Email: kmwin05@gmail.com
12. KO PYOEZIN
The Best Manure
Email: pyoezin@gmail.com
13. KO KYAW KYAW
The Best Manure
Email: tbmmanure@gmail.com
14. DR.SOE MYINT
UHRC
PHONE: 0835823490
Email: uhrc.ad@gmail.com
15. DR. SAI SIN SAI
Danu National Council (DNC)
Email: dnc.ad1@gmail.com
16. NAN THIDAR AYE
Danu Women Group
PHONE: 0827581156
Email: ntda.dwg@gmail.com
17. Maj.SAI SHEAN
Akha Liberty Army (A.L.A)
Email: majss.ala@gmail.com
18. KHUN THAN MYINT
Maingtha Public Army
Email: ktm.mparmy@gmail.com
19. SAI BO NI
Lahu Public Army
Email: saibn.lpa@gmail.com
20. SAI LON TIT
Pa-oh Public Army
Email: Sailt.ppa@gmail.com
21. U AR YAR
Pa-oh Youth Society
Email: aryar.pys@gmail.com
22. NAN NEW YIN SOE
Palaung Women Action Group (PWAG)
Email: nws.pwag@gmail.com
23. KO AIK NAUNG
Kokant Human Right Group (K.H.R.G)
Email: kan_khrg@yahoo.com
24. NAN AYE NEW
Kokant Women Action Group (K.W.A.G)
Email: nan.kwag@gmail.com
25. KO WIN MYAT
Kokant Youth Affairs Committee – KYAC
Email: kwm.kyac@gmail.com
26. MAJ.KYAWT LON
Maw Shan Public Army
Email: majkl.ad@gmail.com
27. SAI TUN OO
Maw Shan Youth Society (MSYS)
Email: sto.msys@gmail.com
28. KO SAI MYINT NAING
Intha Youth Affairs Committee (IYAC)
Email: smn.iyac@gmail.com
29. MA MOE THU
Khamti Women Action Group – K.W.A.G
Email: mmt.kwag@ymail.com
30. KO THAUNG HTIKE
Khamti Youth Affairs Committee ( KYAC)
Email: thaunghtike.ad@gmail.com
32. KYAW MYA HTOO
New Blood Comrades (Union of Burma)
PHONE: 01. 301-300-3167
Email: union_burma8888@yahoo.com
33. MAUNG MAUNG OO
Burmese Students' Democratic Organization
PHONE: 416 605 8765
Email: sanchaunggwin@yahoo.com
34. ASHIN KAWWIDA
Chairman
IBMO (Canada)
PHONE: 1 416 747 7879
35. U AUNG TIN
NLD(LA) Canada
PHONE: 647 343 7871
Email: uaungtin@yahoo.com
36. KO WIN MAUNG
Burmese Muslim Association (Canada)
PHONE: 647 343 2837
Email: wmaung4@yahoo.com
37. MAHN KYAW SWE
Karen Canadian Community (KCC)
PHONE: 519 434 0139
Email: burmaforum2000@yahoo.ca
38. KO MAW GYI
Patriotic Karen Association
1570 Conway Street
Saint Paul MN -55106
U.S.A
PHONE: (651)207-8893
Email: kanyawpoeoffice@gmail.com
pkaoffice@yahoo.com
sawmorrison@yahoo.com
The Last International Campaign - GAB

Friday, 8 May 2009

Will Daw Aung San Suu Kyi be Free?


As I was doing my Burmese broadcast, pheonixradio.net, I was interrupted by news Aung San Suu Kyi would soon be free. At that time I was contacted by sources within Burma and they verified the existence of a multitude of news reporters near and around Aung San Suu Kyi’s residence. But the verification came with reservations.
The immediate concerns were for Aung San Suu Kyi since assassination came immediately to mind with my Burmese constituents. Though this would be construed as a joyous event to the free world, to the people of Burma they look with apprehension. “Is this just a propaganda ploy to justify or cover up an assassination”, was the top of the list of worries. I would like to think Gen. Than Shwe wanted to be a part of Burma’s positive history rather than the “Great Oppressor” of the contemporary era. Only time will tell at this juncture. The death of Aung San Suu Kyi would be the doom of all who invested in tyranny.
It is advisable that Daw Aung San Suu Kyi remain in the public’s eye, just in case this was a ploy. It would only be obvious this were not a ploy if Aung San Suu Kyi were to establish a working dialogue with Gen. Than Shwe. Then change would be spontaneous, all encompassing and the world would know it was genuine. One can only pray.
From this vantage point, it’s is all speculation. I am eager to read the feeds that lay before me at this time.
Your Devil’s Advocate
Buffalohair

၂ဝဝ၈-ခုနှစ၊်၊ မေလ (၁)ရက်၊၊ နံနက် (၁ဝ)နာရီ

ဦးထွန်းလွင်၏မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ်နီမြန်းနေသည်။ နောက် (၁ဝ) နာရီဆိုလျှင် ဧရာဝတီတိုင်း၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန်နေပေမဲ့ စိတ်ကို ရှည်ရှည်ထားပြီး တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။

ဒု-တပ်ချုပ်ကြီးကိုလည်း အကြောင်းစုံ ဆွေးနွေးတင်ပြသော်လည်း ဆုံးဖြတ်ချက်မပေးနိုင်ဘဲ ပေါ့ပျက်ပျက်နိုင်လှသော စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ လူပေါင်းသန်းနှင့် ချီသော ကံကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီကျင်းပတော့ မည့် လူထုဆန္ဒခံယူပွဲတွင် မသမာသောနည်းဖြင့် အနိုင်ရရှိရေးကိုသာ အာရုံရောက်နေသည်။ ခုဘဲကြည့်လေ နေ့လည် ကြောင်တောင်ကြီးမှာတောင် စကားပြောလိုက်တိုင်း အနံ့ဆိုးအရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်းထုတ်လိုက်သေးသည်။

‘သေချာရဲ့လား မုန်တိုင်းသတင်းက။ ဒီအချိန်မှာ ပြည်သူလူထုတွေကို စိတ်မခြောက်ခြားစေချင်ဘူး။ ခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော်အတွက် အရေးပါဆုံးအချိန်ဘဲကွ။ ခင်ဗျားတင်ပြတဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ ဆိုတာဟာ တပ်ချုပ်ကြီးနဲ့ဘဲ ဆိုင်တယ်။ သူ့ကို သွား ဆွေးနွေး တင်ပြလိုက်ပါ’

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးထွန်းလွင်တယောက် လေးလံသောခြေလှမ်းများဖြင့် ဒုတပ်ချုပ်မှူးကြီး မောင်အေးအိမ်မှထွက်လာပြီး တပ်ချုပ်ကြီး အိမ်ဘက်သို့ ခြေဦး လှည့်လိုက်သည်။ အိမ်တအိမ်နှင့် တအိမ်အကွာအဝေးမှာ တမိုင်ကျော်ကွာဝေးနေပြီး နေအိမ်နှစ်လုံးကြားတွင်လည်း စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံး ဂိတ်အရောက်တွင်လည်း ငါးမိနစ်ခန့် ကားကိုရပ်တန့်ပေးရပြီး လာရင်းကိစ္စ၊ အဆင့်ရာထူးများကိုပါ မေးမြန်းစစ်ဆေး ခြင်းခံနေရသည်။

ကွန်မန်ဒိုတပ်ခွဲငါးခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီးအိမ်ရောက်တော့ ဧည့်ဆောင်၌ တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။ တနာရီတိတိ ကြာသည်ထိ တပ်ချုပ်ကြီး ထွက်ပေါ် မလာခဲ့ပေ။ ဘုရားဝတ်ပြုခန်းတွင် ရှိနေခြင်း မဟုတ်ဘဲ မည်သူမျှ အကြောင်းကြား ပိုင်ခွင့်မရှိသော ကိုယ်ပိုင်သီးသန့်ခန်းတွင် အနားယူနေကြောင်းသိရှိရ၍ လက်မြှောက် အရှုံးပေးကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။ မိမိအနေဖြင့် အသိပေးတင်ပြခြင်းကို တရားဝင်ဖြစ် အောင်တော့လုပ်ရမည်ဟူသောစိတ်ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌရုံးသို့ နောက်ဆုံး ဝင်ရောက် အကြောင်းကြားရာ တပ်မှူးကြီးရွှေမန်း၊ တပ်မှူးကြီး မြင့်ဆွေတို့ကိုတွေ့ရ၍ အားတက်မိသွားသည်။ တပ်ချုပ်ကြီးကို တင်ပြခွင့်မရခဲ့ပေမဲ့ မပြေးသော်လည်းကန်ရာရှိဆိုသလို တပ်မှူးနှစ်ဦးအားအစီရင်ခံတင်ပြရာတွင် အိန္ဒိယ မိုးလေဝသ သတင်းဌာန၏ အရေးပေါ်သတိပေးချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် အစပျိုး ဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်းလာပြီး အရှေ့မြောက်ဘက်သို့ ရွေ့ရှားနေကြောင်း၊ လေတိုက်နှုန်း မိုင်(၈ဝ)မှ (၁ဝဝ) အကြားတွင်ရှိပြီး လှိုင်းကြီးရုံတင်မက ဒီရေပါ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လွှမ်းနိုင်ကြောင်း၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြီး ပြင်ဆင်ထားနိုင်လျှင် (၁ဝ)နာရီခန့် အချိန်မှီသေးကြောင်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ် (ဧရခ) မှလည်း မုန်တိုင်းတိုက်ခတ်မည့် လက္ခဏာများရှိနေ၍ မိုးလေဝသဌာနသို့ တနာရီတကြိမ် ပုံမှန် သတင်းပေးပို့နေကြောင်းတို့ကို တပ်မှူးကြီး နှစ်ဦးအား ရှင်းလင်းတင်ပြပြီး အရေးပေါ်ကြေညာချက် ထုတ်ပြန်နိုင်ဖို့အတွက် တပ်ချုပ်ကြီးကို ထပ်ဆင့် အကြောင်းကြားရန် စစ်ကူတောင်းခံခဲ့သည်။

မေလ (၂)ရက်နေ့

မြန်မာ့သဘာဝဘေးဆိုးများတွင် အဆိုးဆုံးသော မုန်တိုင်းဒဏ်ကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ခံစားလိုက်ရသည်။ မုန်တိုင်းသတင်းများကို ပြည်ပ အသံလွှင့် ဌာနများတွင် အကျယ်တဝင့် ကြိုတင်ကြေညာထားသော်လည်း မိမိတို့ မိုးလေဝသဌာနမှ အမှန်အတိုင်း ထုတ်ပြန်ချင်သော်ငြားလည်း နေပြည်တော်မှ ပိတ်ဆို့မှုများကြောင့် သိက္ခာကျ ဆင်းခဲ့ရသည်။ မိုးလေဝသဌာနသုံး ရဟတ်ယာဉ် တစီးကတော့ မင်္ဂလာဒုံကွင်းထဲတွင် အထီးကျန်စွာဖြင့် ရပ်တန့် နေရှာသည်။ အခြားသော လေယာဉ်များ အထူးသဖြင့် တပ်ချုပ်ကြီးနှင့် စီးပွားရေးသာမက လူမှုရေးများတွင် ပါဝင်ပတ် သက်နေသူ မောင်တေဇပိုင် လေယာဉ်များမှာ ထူးထူးခြားခြားမတွေ့ရပေ။

နောက်မှသိရှိရသည်မှာ မိမိနေပြည်တော်မှအပြန် ညနေခင်းကတည်းက မန္တလေးသို့ ပြောင်းရွှေ့သွားမှန်းသိခဲ့ရသည်။ အရေးပေါ်ကြေညာချက်ကြိုတင်ထုတ်ပြန်ဖို့ သွားရောက် စောင့်ဆိုင်းနေစဉ် လုံးဝထွက်အတွေ့မခံဘဲ လေယာဉ်များ ရွေ့ပြောင်းရေးအတွက်ကိုတော့ တပ်ချုပ်ကြီးအမိန့်ပေးခဲ့သည်မှာ ယုတ္တိလုံးဝမရှိချေ။

မုန်တိုင်း စတင်တိုက်ခတ်ကတည်းက မိမိဌာနနှင့် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ အဆက်အသွယ် လုံးဝမပြတ်ခဲ့ချေ။ ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးသိန်း ကိုယ်တိုင် ဆက်သွယ်ရေး စက်မှတိုက်ရိုက် မိမိနှင့်အဆက်အသွယ်ရနေပြီး မုန်တိုင်းအခြေအနေကို တနာရီတကြိမ် ပေးပို့နေသောကြောင့် နေပြည်တော်ကိုလည်း ထပ်မံအစီရင်ခံနေရသည်။ ဗိုလ်ချုပ်စိုးသိန်းမှာ ဗိုလ်ကြီးအဆင့်ဖြင့် ဥရောပတွင် ရေတပ်ဆိုင်ရာ စစ်ပညာကို လေ့လာသင်ယူနေစဉ် မိမိနှင့် သိကျွမ်းခဲ့ရသည်။ ထိုစဉ်က မိမိမှာလည်း မိုးလေဝသဆိုင်ရာ လေ့လာဆည်းပူးဖို့ရန် နိုင်ငံတော်စရိတ်ဖြင့် ဥရောပတခွင် ရောက်ရှိနေချိန် ဖြစ်သည်။

‘ခင်ဗျားဌာနနဲ့ ကျနော့်တို့ရေတပ်က လင်မယားလိုဘဲနော်၊ နောက်များလည်း မကြာမကြာ တွေ့ကြရဦးမယ်။’ သတ္တုသံ ပါသောအသံ၊ နှုတ်ဆက်ဖော်ရွေခြင်းနှင့် ခန့်ညားသော ဥပဓိရုပ်ပိုင်ရှင် ဗိုလ်ကြီးစိုးသိန်းကို မိမိဥရောပတွင် စတင်ခင်မင် ခဲ့ရသည်။ အထူးသဖြင့် မိမိ ကြည့်မရသောစစ်သားများထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီးစိုးသိန်းမှာ ခင်မင်စရာ ကောင်းနေသည်။

ဗိုလ်ကြီးစိုးသိန်းမှာ ယခုတော့ ကာကွယ်ရေးဦးစီးချုပ် (ရေ)ရာထူးကြီးရနေသလို မိမိမှာလည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေရသည်။ အမြဲတမ်းလိုလို တာဝန်အရဆက်ဆံနေရပြီး ယခုမုန်တိုင်း ကာလတွင် တိုက်ရိုက်ဆက်သွယ်စကားပြောနေရသည်။ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ တပ်ချုပ်ကြီးကို သွားလျှောက် ဖို့လည်း ဗိုလ်စိုးသိန်းက အကြံဥာဏ်ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီးက ထွက်မတွေ့ သောကြောင့် မုန်တိုင်းကို အန်တု စောင့်ကြည့်နေရုံသာရှိကြောင်း နှစ်ဦးသားတိုင်ပင်ကြသည်။

မုန်တိုင်းလွန်သော်

‘ကျနော့် (ပ-တ-ခ) ရေတပ်တော့ပျက်ပြီ။… စာရင်းချုပ်အရ စစ်သင်္ဘောကြီးငယ် (၃၆)စီး မြုပ်သွားတယ်။ ကိုစိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) တရုတ်သွားတုန်းက ဟိုကမီးရထားတွဲ (၁၅ဝ)ကျော်လက်ဆောင်ပေးလိုက်တယ်။ ကျနော့်ကို တော့ ရေယာဉ်ကြီး (၄)စီးပေးတယ်။ နှစ်စီးကတော့ ကိုကိုးကျွန်းမှာ ကပ်ထားလို့ မုန်တိုင်းဒဏ်က လွတ်သွားတယ်။ ဟိုင်းကြီးကျွန်းက နှစ်စီးကတော့ နစ်တဲ့ထဲပါသွားပြီ။ ပြည်သူကိုကယ်ဖို့မဆိုထားနဲ့ ကိုယ့်ဟာကိုယ်တောင် မဆယ်နိုင် ဘူးဗျာ။’

ဗိုလ်စိုးသိန်းမျက်နှာမှာ နှမြောစိတ်ကြောင့် မကောင်းလှပေ။ မိမိမှာလည်း နေပြည်တော်သို့ အမြန်ဆုံးလာဖို့ ဆင့်ဆိုထား သောကြောင့် လာမဲ့ဘေး ပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်မှ မှားယွင်းမှု မရှိအောင် ပြင်ဆင်ထားဖို့လည်း သူငယ်ချင်းဗိုလ်စိုးသိန်းက သတိပေးရှာသည်။

တပ်ချုပ်ကြီး၏ဟန်ဆောင်ပူပန်ခြင်း

‘ဒီလောက်ထိကြီးဖြစ်လိမ့်မယ်လို့ လုံးဝကျနော်မမျှော်လင့်ဘူးဗျာ။ အဓိက မိုးလေဝသဌာနမှာ တာဝန်အရှိဆုံးပါ။ ညွှန်မှူး ထွန်းလွင်ကို တာဝန်ရှိသလိုသာ ဆက်လုပ်လိုက်ပါ။ လောလောဆယ် နာဂစ်ဒေသကို သိန်းစိန်နဲ့လွှတ်ထားလိုက်ပါ။’

အချိန်မှီသတိပေးပျက်ကွက်မှုကြောင့် ညွှန်မှူးထွန်းလွင်ကိုဖြုတ်ရန် တပ်မှူးကြီးသူရရွှေမန်းနှင့် တွဲဖက်တပ်မှူးမြင့်ဆွေ တို့ကိုမှာကြားပြီး တပ်ချုပ်ကြီးတယောက် ဥက္ကဌရုံးမှ ထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သော တပ်မှူးနှစ်ဦး တယောက် မျက်နှာ တယောက်ကြည့်ကာ ခေါင်းကိုက်ခဲ သွားလေတော့သည်။ တကယ်တော့ ညွှန်မှူးထွန်းလွင်ကြိုတင်၍ အစီရင် ခံခဲ့သည်။ မိမိတို့ကိုလည်း သေချာရှင်းလင်းတင်ပြခဲ့ပါသည်။ ထွက်မတွေ့ဘဲ အခန်းအောင်းနေသူက တပ်ချုပ်ကြီး ဖြစ်ကြောင်း သဘောပေါက်သည်။ မည်သူ့တွင် တာဝန်ရှိသည်ကို မေးနေစရာမလိုပါ။ တပ်မှူးနှစ်ဦးစလုံး တစုံတခုကို ဆုံးဖြတ်ချက်ချလိုက်သည်။

မတည်မြဲသော ရာထူးသင်္ခါရ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးရာထူးကို ဦးထွန်းလွင်တယောက် မဆုံးရှုံးခဲ့ပါ။ သူငယ်ချင်းဖြစ်သူ ရေတပ်ချုပ် ကြီးမှာ ရာထူးနှစ်ဆင့်ကျကာ စက်မှု (၂)ဝန်ကြီး ရာထူးသို့ လျှောကျသွားသည်။ အံ့သြစိတ်ကြောင့်လည်း သူငယ်ချင်း၏ ရင်ဖွင့်သံကို မျှဝေခံစားပေးနေရသည်။

‘ပထမတော့ကျနော်လည်း သူတို့စစ်သဘောင်္တွေရောက်လာလို့ စိတ်နည်းနည်းတိုသွားတယ်။ နောက်မှ သူတို့ဘက်က ရှင်းပြတယ်၊ ထိုင်းနဲ့လုပ်မယ့် (Cobra) စစ်ရေး လေ့ကျင့်တာကို ရွေ့ဆိုင်းလိုက်ပြီး နာဂစ်အတွက်လာတာတဲ့၊ ရေယာဉ် ပေါ်မှာ လက်နက်မပါဘဲ ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာတယ်ဆိုတာကို တက်ပြီးစစ်ဆေးဖို့လည်း ဖိတ်တယ်လေ။ ခင်ဗျားဘဲစဉ်းစားကြည့်ပါဗျာ။ ခုနေချိန်မျိုးမှာ ကိုယ်က ပြည်သူတွေကိုကယ်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ် တောင် မကယ်နိုင်ဘဲ ဒုက္ခဖြစ်နေတာဘဲလေ။ အကူအညီမှန်သမျှ များများနဲ့မြန်မြန် လက်ခံရမှာဘဲဗျ။ ကျနော်တင် မကဘူး။ ရေတပ်စခန်း တခုလုံးက သူတို့ သင်္ဘောတွေ လာကပ်တာကို ဝမ်းသာနေကြတယ်။’

ရေတပ်ချုပ်ကြီး၏ စိတ်ဓာတ်ကို ချီးကျူးလေးစားမိသည်။ အနောက်တိုင်းတခွင် ပညာ သင်ခဲ့ဖူးတာကြောင့် ခေတ်မှီ စိတ်ထားနှင့် ပကတိ အခြေအနေတွင်လည်း အမှန်ဘက်တွင် ရပ်တည်ခြင်းဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် စိတ်ထားရှင် နေပြည်တော်တပ်ချုပ်ကြီးက ရေတပ်ချုပ်ကြီးသည် အမေရိကန်စစ်သဘောင်္များကို ဆိုက်ကပ်ခွင့်ပေးခြင်း၊ စစ်သဘောင်္များနှင့် နေ့စဉ်ဆက်သွယ်စကားပြောခြင်း၊ အမေရိကန် ရေတပ်ဦးစီးချုပ်အား မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကြိုဆိုစဉ်က မိမိအား လူစိတ် မရှိသယောင် ပုံစံမျိုးပြောဆိုသွားခြင်း စသော ပြစ်ချက်များ သတ်မှတ်ကာ ကာကွယ်ရေး ဦးစီးချုပ် (ရေ)ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မတတ်နိုင်လွန်း၍ ကျန်ရေတပ်ကေဒါများ ပူညံပူညံ လုပ်မည်စိုး၍ စက်မှု (၂)ဝန်ကြီးရာထူးပေးကာ ချွေးသိပ်ခဲ့သည်။

အတိတ်ပုံရိပ် အိမ်မက်ခြင်း

စံအိမ်တော်ဘေးတွင်စိုက်ထားသောထင်းရှူးပင်မှာ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းမဟုတ်ဘဲ အပင်ကြီးကို ကရိန်း ဖြင့်ဆွဲနှုတ်ကာ ကျင်းတူး၍စိုက်ပျိုးထားခြင်းကြောင့် အရွက်များမှာ အချိန်တိုအတွင်းခြောက်သွေ့နေသည်။ လေတိုက် လိုက်တိုင်းသစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး၏စိတ်ကို ခြောက်ခြားစေသလိုဖြစ်နေသည်။ ယခုလည်း စံအိမ်တော်မှာ ကိုးကွယ်ပူဇော်နေသော သထုံမြို့မှ အလံတရာဆရာတော်ရောက်ရှိနေသည်။ ယခင်ရွှေဝါရောင် လူသတ်ပွဲအပြီးတွင်လည်း စိတ်ခြောက်ခြားနေ၍ ဆရာတော်ကို ပင့်ဖိတ်၍ တရား ရေအေး တိုက်ကျွေးခိုင်းဖူးသည်။ ခုတော့ သက်သာမည်မထင်ပါ၊ တသက်လုံးဖုံးခဲ့သမျှသည် ဘူးပေါ်သလိုပေါ်နေပြီ။

မိမိ၏ သမီးတော်လေး ကိုယ်ဝန်နှင့်မင်္ဂလာဆောင်စဉ်က ဗီဒီယိုခွေမှာ လက်ကျန် ထောက်လှမ်းရေးများ လက်ဆော့ လိုက်သဖြင့် ကမ္ဘာပျံ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကိုက်နေချိန်တွင် လူဆိုးကြီးဆက်ဒမ်ဟူစိန်ကို ကြိုးပေးသတ်လိုက်တော့ နှလုံးရောဂါပါဖြစ်ပြီး စကာင်္ပူဆေးရုံသို့လစ်ရတော့သည်။ စင်္ကာပူဆေးတန်ခိုးကြောင့် ရောဂါ သက်သာခဲ့ပေမဲ့ ယခုအချိန်မှာ နာဂစ်အကျိုးဆက်ကြောင့် မိမိအပေါ် တကမ္ဘာလုံး အော့နှလုံးနာဖြစ်နေသည့် ရောဂါကို ဘယ်ဆေးဝါးမျိုးနှင့်မျှ သက်သာမည်မထင်ပါ။ အခံရအခက်ဆုံးမှာ မိမိ မွေးထားသော တပ်မှူးနှစ်ဦးက မိမိအမိန့်ကို အာခံကာ ညွှန်မှူးထွန်းလွင်ကို ဖြုတ်ချခြင်းမပြုဘဲ ထွန်းလွင်အစီရင်ခံစာကို ကဗျည်းထိုး မှတ်တမ်းတင် ထားသည်။ ရေခြားမြေခြား ရောက်နေသော ထောက်လှမ်းရေး အောင်လင်းထွဋ်ကလည်း ဖုံးကွယ်ထားခဲ့သော လူသတ်ပွဲကို အစပျိုး ဖော်ထုတ်နေလေပြီ။ တခြားသူ တဦးတယောက်ဆိုတော်ပါသေးသည်၊ ခုတော့ တရားခံပြသက်သေအဖြစ် ကမ္ဘာကိုကြေညာနေပြီ။

ဂြိုလ်မွှေသည့် မေလ

ဒီလဒီကာလရောက်လေတိုင်း စိတ်သောကရောက်ရစမြဲဖြစ်သည်။ ၁၉၉ဝ-ခုနှစ်ကတည်းက မိမိတို့ကို အလဲထိုး အနိုင်ယူခဲ့သော ရွေးကောက်ပွဲအောင်ပွဲက ခုထိခြောက် လှန့်နေသည်။ မိမိ၏ လက်စွဲတော် လူမိုက်များက လိုသည်ထက် ပိုမို၍ လက်လွန်သွားသော ဒီပဲယင်း ရိုက်သတ်ပွဲကြောင့် ကမ္ဘာက အယုံအကြည် ကင်းမဲ့ခဲ့ရသည်။

(၉ဝ)ရွေးကောက်ပွဲကို ချေဖျက်နိုင်ဖို့ အင်တိုက်အားတိုက်လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိမသေသပ်မှုကြောင့် အရှက်ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလက တိုက်ခတ်သော နာဂစ်ကြောင့်လည်း အကြင်နာ တရားကင်းမဲ့သည့် ကမ္ဘာ့ အဆိုးဝါးဆုံး ပုဂ္ဂိုလ်ဘွဲ့ကိုရရှိစေခဲ့သည်။

မကြာမီရင်ဆိုင်ရမည့်စိန်ခေါ်မှုမှာ လွတ်ရက်စေ့၍ပြန်လွှတ်ပေးရတော့မည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အကျယ် ချုပ်ပြဿနာဖြစ်သည်။ လွှတ်ပေးလိုက်ရရင်လည်း ကြွတက်လာမည့် လူထုလှိုင်းသည် မိမိတို့ကို ရိုက်ခတ်သွားနိုင်သည်။ ဆက်လက် ထိန်းထားလျှင်လည်း အကျယ်ချုပ် လက်နက်ထိပ်တုံးကို မိမိကိုယ်တိုင် ထမ်းပိုးရတော့မည်။ ထို့ပြင် ကလော်တုတ်ဆဲဆိုကြမည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ညှိးများကိုလည်း အန်မတုဝံ့ပေ။ အဆိုးဝါးဆုံးမှာ မိမိ မွေးထားခဲ့သော တပည့်ကျော်များကလည်း ယုံကြည် စိတ်မချရသေး၊ မိမိသာ အာဏာမဲ့သွားလျှင် ဆရာကြီး ဦးနေဝင်းကဲ့သို့ ဖြစ်သွားနိုင်သည်။ အာဏာကိုဆက်ဆုပ်ကိုင်ထားသောကြောင့်လည်း မိမိရုပ်မှာ ဘီလူးကဲ့သို့လား ထင်မှတ်နေရသည်။

သောကကင်းငြိမ်းဖို့ရာ ဗုဒ္ဓတရား ရေအေးတိုက်ကျွေးဖို့ ခေါ်ထားသော သထုံ အလံတရာ ဆရာတော်ကလည်း ပင့်ဖိတ်လို့ မရ။ နောက်ဆုံး အားကိုးရာဖြစ်သော ကြင်သူသက်ထား မကြိုင်ကြိုင်က ဘေးနားမှနေ၍ မေတ္တာသုတ်ကို ရွတ်ဖတ် ပေးနေရှာသည်။ မေတ္တာသုတ်ကို နားစွင့်ရင်း ဘုရားအာရုံပြုလိုက်သောအခါ မနောစိတ်တွင်ဘုရားပေါ်မလာဘဲ ရွှေဝါရောင် ကာလက ရိုက်သတ်ခဲ့သော မေတ္တာသုတ်ပိုင်ရှင် သံဃာတော်များ၏ ပုံရိပ်ကသာ မင်းမူနေပါတော့သတည်း။


မင်းလွင် (ရှမ်းပြည်)

http://www.facebook.com/note.php?note_id=78066551228&ref=nf

မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့

န.အ.ဖ စစ်တပ်ပြစ်သက်လို့ ဇီဝိန်ကြွေ

သံဃာတွေသေကြေကြ

ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့

ဒို့ တတွေခေါင်းငုံ့ မခံ

တွန်းလှန်မယ်ဆိုပြီး

ဘုရားပေးတဲ့ကမ္မဝါ

ပတ္တနိက္ကုဇ္ဖနာကို

စုပေါင်းခါရွတ်ဆိုကြ

သပိတ်မှောက်ခဲ့ကြပေါ့

ဒါပေမဲ့မျိုးယုတ်န.အ.ဖ

သံဃာကိုပစ်ကာသက်

တိပိဋကပါမကျန်လပ်ခံရ

ဆရာတော်တွေထောင်ထဲစံရပေါ့


ဒုတိယအကြိမ်

2007စက်တင်ဘာကာလ

သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့

တို့ တတွေလုံးဝလက်မခံတွန်းလှန်မယ်ဆိုပြီး

သပိတ်မှောက်ကမ္မဝါပတ္တနိက္ကုဇ္ဇနာကို

စုပေါင်းကာရွတ်ဖတ်ကြ

မေတ္တာပို့ ချီတက်ဆန္ဒပြကြပေါ့

ဒါပေမဲ့န.အ.ဖ ဘယ်သူ့ ကိုမှမခ

မာန်မာနတွေထောင်ကာကြွပြီး

သေနက်နဲ့ ပစ်သတ်ရက်ရက်စက်စက်

ညှင်းပန်းနှိပ်စက်ယုတ်မာနေကြ

သံဃာသွေးတွေကျောင်းသားပြည်သူသွေးတွေ

မြေမှာခကြရပေါ့....


ဒီလိုသာတသက်လုံးခံခဲ့ကြရင်

ဒို့ သာသနာဒို့ ပြည်ရွာကို

မိစ္ဆာတွေလက်ဝကွက်အပ်ရလိမ့်မယ်

လာမည့်စက်တင်ဘာ၁၇ရက်နေ့ 

ဒါဟာ န.အ.ဖ ကိုပေးမဲ့မန့်ဒိတ်

ဖန်းဆီးထားသံဃာများကိုချွင်းချက်မရှိ

ချက်ချင်းလွှတ်

မိမိမှားယွင်းကြောင်းပြန်တောင်းပန်

ဒီနှစ်တန်ဒင်းတို့ လက်မခံက

လာမည့်စက်တင်ဘာ၁၈ရက်နေ့

တတိယအကြိမ်သပိတ်

အဆုံးသတ်တိုက်ပွဲ

ဒို့ ဆင်နွှဲကြမယ်

ရဟန်းသံဃာကျောင်းသားပြည်သူ

အားလုံးအသင့်ပြင်ထားကြ….

မင်းသုည ကွမ်းခြံကုန်း

Economic Sanctions

Economic Sanctions by Khin Ma Ma Myo

Thursday, 7 May 2009

Censorship Reigns in Burma


The paranoid regime of Burma has affectively eliminated all forms of free press within the country including the Internet. The New Light of Myanmar is nothing more then an Orwellian propaganda publication laced with lies and half truths. Prisons teem with journalists, entertainers, scholars and political prisoners as well as Cyclone Nargis volunteers. It is of no surprise Than Shwe escalated his efforts to hide the truth from both the enslaved people of Burma and the world. The latest round of censorship includes facts and figures from the *fishing industry, **rice production and all reports dealing with ***Cyclone Nargis. Other freedoms and civil liberties are quietly being quashed by the influx of more government security forces in the cities.
Corrupt and divisive businessmen have been recruited into the ranks of spies and informants by the government. Thinly veiled orders to identify anyone opposed to the 2010 election linger ominously. Unscrupulous businessmen have already waged vendetta against competition as well as innocent people to gain favor and rewards from the military junta. Silently people are disappearing from the face of the Earth as Than Shwe’s plague of deception reigns terror on an already shell shocked society.
Already, the junta is making preparations for ****armed ethnic cease fire groups to be assigned to the border and become the new “Border Guard Force”. They will be assigned the grizzly task of killing the villagers who are fleeing for their lives. Rape and barbaric torture will continue for those who are captured. Ironically they will be murdered by their fellow countrymen who’ve joined the junta. The prisons will be filled to capacity and the jungle will be full of unmarked graves. It is all too obvious Than Shwe does not plan to relinquish power. It’s obvious the elections results have already been determined since he is making plans for after the election.
Burma’s kangaroo court system denied the release of Aung San Suu Kyi on May 1st in accordance to the law said a junta official. Under the news constitution, the government can do anything they want and add regulations as they deem necessary or convenient. The sham constitution has laid out guidelines that completely circumvent democracy and humanity. Under the terms of this bogus document absolute power is placed on the lap of the military. Driven by the fear of defeat there is no question Than Shwe is going to order more arrests of the opposition on trumped up charges. Than Shwe is determined to make this election appear legal and he will kill anyone who stands in his way of his democracy.
Than Shwe’s inner circle is under increased suspicion and scrutiny as general’s whisper in his ear betraying one another. There is going to be more shuffling of his inner circle as more people are excluded from royalty. This is a recipe for disaster and since Than Shwe has cancer the plot thickens. It’s only a matter of time before he is dead and his empire, built on human suffering, comes crumbling down. Like rats abandoning a sinking ship his generals will concoct alibis pointing accusing fingers at each other about the atrocities that occurred during their tenure. Another casualty from Than Shwe’s death will be the western interests who’ve financed genocide and profiteered from death.
Deep divisions within the Burmese Army itself are festering on all levels. Corruption breeds corruption and throughout Than Shwe’s cadre it’s a code of conduct. Some upper echelon generals make comparisons of themselves and the fictional characters in the “Godfather” movies. Than Shwe is the glue that bonds the jackals together. Once he is gone the jackals will consume each other as old rivalries come back into focus. It may be a general who pulls the trigger proverbial on Than Shwe’s family. Than Shwe’s family with be the scapegoats who will bare the brunt of humanities wrath when this cycle comes to a close.
The political roadmap will come full circle and so will the bloody path the military junta has taken the people of Burma. Than Shwe looks to China to back his criminally repugnant regime but China also waits and watches. Than Shwe and his regime are pariahs in the eyes of legitimate business concerns in Asia and the world. Still, there are a few who take advantage of Shwe’s bustling black market and the countless bags of “cash money”. Doing business with Than Shwe’s Burma is a money laundering operation unto itself and its all tax free. Small wonder the vast majority of Cyclone Nargis victims are still drinking putrid water and living under leaves. After all Naypyidaw is not quite done, the Peace Pagoda can use another coat of gold leaf and Uncle Than wants to build an international airport.
One thing is for sure, censorship combined with bold faced lies is standard operating procedures for the regime. The tentacles of corruption have touched absolutely every facet of Burmese life including international aid. Now the public stands in deafening silence as the junta arrests and criminalizes more opposition before the 2010 election. In Burma’s paranoid regime, “Big Brother” is listening.
* http://www.mizzima.com/news/inside-burma/2051-fishery-department-introduces-media-censorship.html
** http://www.irrawaddy.org/highlight.php?art_id=15596
*** http://www.irrawaddy.org/article.php?art_id=15580
**** http://www.irrawaddy.org/article.php?art_id=15583
Your Devil’s Advocate
Buffalohair

Wednesday, 6 May 2009

အစည်းဝေးပြီးလို့ ရွှေဂုံတိုင် ကြေညာစာတမ်း ထွက်လာတော့ ပြည်သူတွေ သက်ပြင်းချနိုင်ကြပါတယ်။ တကွေ့တော့ ကျော်သွားပြီပေါ့။ ဒါပေမယ့် နအဖက မုချမကျေနပ်မှာကို စဉ်းစားမိပြီးတော့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် စိုးရိမ်မှုတွေ မပေါ်ဘဲ မနေနိုင်ကြပါဘူး။ တကယ်တော့ အခက်အခဲ တွေက အခုမှအစပဲ ရှိပါသေးတယ်။ ရွေးကောက်ပွဲနဲ့ နီးလာလေ နအဖက ပေးလာ နိုင်တဲ့ အန္တရာယ်ဂယက်ဟာ ကြီးလာလေဖြစ်မှာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “ရွေးကောက်ပွဲဝင်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ပြန်ပြင် ပေးရမယ်၊ နိုင်ငံတကာကြီးကြပ်မှုနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရမယ်” ဆိုတဲ့ နအဖကလိုက်လျောရမယ့် အချက်သုံးချက် တင်လိုက်တာကို အာဏာရှင်ဗိုလ်ချုပ်တွေ မုချပဲ ဒေါပွကြမှာပါ။ အာဏာရှင် တွေဟာ သူတို့ ကသာ အထက်စီးကနေ သူများတွေအပေါ် တင်ကြို သတ်မှတ်ချက် တွေနဲ့ တောင်းဆို ချင်ကြ တာပါ။ ထောင်ကလွှတ်ရင်တောင် အချက်အလက်တွေ လက်မှတ်ထိုးခိုင်း တတ်တယ် မဟုတ် ပါလား။ ဒါပေမယ့် သူများက သူတို့အပေါ် ဒီလိုတောင်းဆိုတာကိုတော့ နည်းနည်းမှ သည်းမခံ နိုင်ပါဘူး။ ဒီတော့နအဖ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်။ ပြောင်ကြီး၊ တိုက်ရိုက် တုံ့ပြန်တာတော့ လုပ်ကောင်းမှ လုပ်ပါ လိမ့်မယ်။ ဒါပေမယ့် ငြိမ်နေမှာတော့မဟုတ်ပါဘူး။

ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီတောင်းဆိုချက်တွေကို မလိုက်လျောဘဲ နေလိုက် ရင် ပြီးရော မဟုတ်လားလို့ မေးစရာရှိပါတယ်။ မပြီးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီအစည်းအဝေးဟာ နအဖ အတွက် ကြည့်နေလို့ မဖြစ်တဲ့ကိစ္စလို့ သဘောထားမှာ သေချာ ပါတယ်။ နောက်ပြီး ဒီလိုကြေညာချက် ထွက်လာတာကို လက်ပိုက်ကြည့်နေတယ်ဆိုတဲ့ အဖြစ်မျိုး လည်း ဗိုလ်ချုပ်တွေက အရောက်ခံမှာမဟုတ်ပါဘူး။
တကယ်တော့ နဂါးမျက်စောင်း အကြောင်းသုံးပါး မရွေးဘူးဆိုတာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ မသိတာ မဟုတ်ပါဘူး။ အထူးသဖြင့် ဗိုလ်သန်းရွှေ ပါးစပ်ကထွက်သမျှ ဥပဒေဖြစ်နေတဲ့ ဒီကာလကြီးမှာ သူတို့အနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင် ထားပါမှ တော်ရုံရှိမှာပါ။ နအဖစစ်အစိုးရတွေဟာ နောက်ဆုံးမှာ ကျားပွဲကိုမနိုင်ရင် ကျားခုံကို မှောက်ပစ်တယ် ဆိုတာလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ညစ်ညစ် ပတ်ပတ် လုပ်လာ နိုင်တယ်ဆိုတာအထိ တွက်ထားပြင်ဆင်ထားကြရမှာပါ။

ဒီတခါ အထူးအစည်းအဝေး ကျင်းပ နိုင်လိုက်တဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီကနေ့ နောက်ဆုံး အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး လမ်းစဉ် တရပ် ရသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်တုန်း က ဘယ်လိုပြောခဲ့တယ်လို့ အဟောင်းကို ပြန်ကိုးကားပြီး လုပ်နေရတာထက် ပိုမိုတိကျတဲ့ လုပ်ငန်း လမ်းညွှန်တရပ် ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပထမခြေလှမ်းပဲဖြစ်ရပါမယ်။ ဒါကိုထုတ်ပြန်လိုက်တာနဲ့ တို့တာဝန် ကျေသွားပြီလို့ ဆိုနေလို့ မဖြစ်ပါဘူး။ လမ်းစဉ်တရပ်၊ လုပ်ငန်းစဉ် တရပ်ဟာ ဘယ်လောက်ပဲမှန်မှန်၊ အကောင်အထည် ဖော်မယ့်လူ မရှိရင် စာရွက်ပေါ်မှာပဲ တင်ကျန်ရစ်မှာပါ။ လူတွေက အကောင်အထည်ဖော် တော့မှ အင်အားကြီး တရပ်ဖြစ်လာ ပါမယ်။ ဒါကြောင့် နောက်တလှမ်းဟာ လက်တွေ့ပိုင်း ဖြစ်ပါတယ်။ စစ်အစိုးရက တကယ့် အမြောက်တွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထုနေချိန် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သင်္ကြန်အမြောက် လောက်နဲ့ တုံ့ပြန်ဖို့ မစဉ်းစားဘူးလို့ ယုံကြည်ပါတယ်။

ဆိုလိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီတည်ဆောက်ရေး လုပ်ငန်း၊ ပါတီတွင်း စည်းရုံးရေး လုပ်ငန်းကို သေချာလုပ်ရပါတော့မယ်။ ဒီရွှေဂုံတိုင်ကြေညာစာတမ်းကို လူထုဆီကို သယ်သွားမယ်၊ လက်တွေ့ အကောင်အထည် ဖော်မယ့်တပ်ဖွဲ့ကို ပြင်ဆင်ရပါတော့မယ်။ ပြင်ဆင်တယ် ဆိုရာမှာ ကိုယ့်တပ်ဖွဲ့ကို ဖြစ်နိုင်တဲ့အခြေအနေ အဆင့်ဆင့် အတွက် သေသေ ချာချာ စဉ်းစားပြီး ပြင်ဆင်ရပါမယ်။ “ခဲ့သော်” ၊ “ ခဲ့သော်” တွေအတွက်ပါ ပြင်ရမယ်။ တဗိုလ်ကျ တဗိုလ်တက် ဆိုတာအထိ စဉ်းစားပြီး ပြင်ဆင်သင့် ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ နအဖအစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေ အဆက်ဖြတ်ထားတာကြာပါပြီ။ ခေါင်းပိုင်းကို ထောင်ထဲ၊ အိမ်ချုပ်ထဲထည့်ထားပြီး ဒုတိယအဆင့်ခေါင်းဆောင်ပိုင်း ကိုလည်း အမျိုးမျိုး ခြိမ်းခြောက်ထားတာပါ။ ဒါကြောင့် အဖွဲ့ချုပ် အတွင်းမှာ အမြင်မကြည်လင်မှုတွေ ရှင်းရခက်နေ တယ်ဆိုတာကို သတိထားမိပါတယ်။ ဒါတွေကို ကျော်လွှားဖို့ တခုတည်းသောနည်းကတော့ လူထုနဲ့လက်တွဲ၊ လက်တွေ့ လုပ်ငန်းထဲမှာ ဝင်ပါရင်း အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ကြရမှာဖြစ်ပါတယ်။

နအဖက အဆက်ဖြတ်ဖို့ ကြိုးစားတဲ့ နောက်တဆင့်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူလူထုနဲ့ မဆက်မိအောင် လုပ်တာပါပဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ချည်းလှုပ်ရှားတဲ့ လုပ်ငန်းဆိုရင် သူတို့က သိပ်မပြောပေမယ့် လူထုနဲ့တွဲလုပ်တဲ့ လုပ်ငန်း ဆိုရင်တော့ နည်းနည်းမှ သည်းမခံပါတူး။ အခု ဒီကြေညာစာတမ်း ထွက်ပြီးပြီဆိုတော့ လူထု လက်ထဲ ဘယ်လိုပို့မလဲ၊ လူထုကို ဘယ်လိုအကောင်အထည်ဖော်စေမလဲ ဆိုတာတွေ စဉ်းစား ပြင်ဆင် ရပါတော့မယ်။ နအဖဟာ ဆုံးဖြတ်ချက် ချတာထက် ကြေညာချက်ထုတ်တာကို ပိုမကြိုက်ပါဘူး။ ဒါ့အပြင် ကြေညာချက် ထုတ်တာထက် လက်တွေ့အကောင်အထည်ဖော်တာကို ပိုမကြိုက်ဘူးဆိုတာ အားလုံး သိထားပြီးသားပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီအထူးအစည်းအဝေးကျင်းပတာနဲ့ တနေ့ တည်းမှာ နအဖက ငြိမ်းအဖွဲ့တွေကို တဖွဲ့ချင်းခေါ်တွေ့ခဲ့တာကို သတိထား မိကြပါမယ်။ ဒါဟာ ရွေးကောက်ပွဲ မတိုင်မီအထိ ငြိမ်းအဖွဲ့တွေရဲ့ အနေအထား ကို သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ငြိမ်းအဖွဲ့ တွေရဲ့ကိစ္စကို ယာယီ ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလှည့် ရောက်ပြီ ဆိုတဲ့ အဓိပ္ပာယ်လား တွေးစရာဖြစ်လာပါပြီ။ ဘာပဲပြောပြော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နအဖဖိအားပေးတိုင်း အလျှော့ပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကို ဒီတပွဲမှာ တွေ့လိုက်ကြရပါပြီ။

ဗမာပြည်ရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အုပ်စိုးတဲ့လူက ပေါ်စေဆိုရင် ပေါ်လာပြီး ပျောက်စေ ဆိုရင် ပျောက်သွားတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ တကယ်ပဲမနည်းပါဘူး။ (လာမယ့် ရွေးကောက်ပွဲ အတွက် တာစူနေတဲ့ ပါတီတွေအထဲ မှာ အဲဒီလိုပါတီ ဘယ်နှခုပါမယ်ဆိုတာ စောင့်ကြည့် ရပါမယ်။) တကယ်တော့ နိုင်ငံရေးပါတီဆိုတာဟာ ဆရာဗန်းမော် တင်အောင် ပြောသလိုပဲ သူ့ခေတ်၊ သူ့ပြည်သူကပေးတဲ့ တာဝန်ကို ကျေပွန်ရပါမယ်။ အဲဒီလိုတာဝန်ကို မကျေပွန်ဘဲ၊ မပြီးမြောက်ဘဲ ပါတီ ပျောက်ကွယ်သွားတယ် ဆိုရင် စစ်တိုက်နေတုန်း တပ်ပြေးတဲ့ သဘောမျိုး ဖြစ်သွားမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လို ပြည်သူလူထုတရပ်လုံးက ယုံကြည် အားကိုးစွာနဲ့ မဲတွေ ပုံအောပေးခံထားရတဲ့ အဖွဲ့အစည်းဆိုရင် လူထုကပိုပြီး မြင့်မြင့်မားမား တောင် တောင်းဆိုပါတယ်။ ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့တာဝန်ဟာ ကြီးမားလှ ပါတယ်။


Burma a priority, says foreign office


The government has insisted that the welfare of the people of Burma is a "priority" on the first anniversary of Cyclone Nargis which killed 140,000 people.

At the time, the government of Burma was criticised for being slow to let in international aid into the country. Eventually, a recovery package was agreed by the government with the ten-member Association of South East Asian Nations.

The Foreign Office has called on the government of Burma to continue to work on reconciliation and political progress in the country and warned against its "flawed roadmap process" which it fears will further entrench military rule.

Foreign Office minister Bill Rammell said: "The Burmese people have suffered from poverty and poor governance for too long. They deserve a better future. We are determined to help them achieve it."

The government added that it would continue to work with the EU and the US to urge the government to implement a "more fundamental process of peaceful change" in its internal politics.

Last week, Oxfam warned that hundreds of thousands of people in the country were still trapped by poverty and renewed calls for aid to the country.

© Adfero Ltd
http://www.viewlondon.co.uk/news/burma-a-priority-says-foreign-office-19151879.html
The Home Office Announces the Names of "Hate Promoters" Banned From the U.K.
By Madeleine Gruen

The Home Office announced today the names of sixteen out of twenty-two individuals who are banned from entering the U.K. The Home Office deemed these individuals a threat to public security because of their record of promoting hate.

Six of the twenty-two were not mentioned in the announcement because it is "considered not in the public interest to disclose their names."


Yunis Al-Astal

While the Home Office should be commended for taking a stand against the purveyors of hate, even if symbolically, the list itself is puzzling. Some named are certainly influential radicalizing agents who are able to incite acts of violence. For example, Yunis Al-Astal, whose name is one of the first on the Home Office list, is a cleric and a Hamas member of the Palestinian Parliament. Al-Astal refers to Jews as the "brothers of apes and pigs" who should "taste the bitterness of death." He has said that it is the duty of women to die as suicide bombers.

Abdul Alim Musa, the American Islamist extremist leader of As-Sabiqun, is also worthy of a spot on the list. (For more information about Abdul Alim Musa and As-Sabiqun, see article by Madeleine Gruen & Frank Hyland, originally published on the Counterterrorism Blog).

Several other Americans were included, such as Don Black, the former Grand Wizard of the Ku Klux Klan, who runs the white supremacist web site "Stormfront" from his home in Florida. Black's efforts concentrate on establishing white supremacy in the United States. Fellow supremacist Eric Gliebe is also named, as is Michael Savage, the ultra-conservative host of Talk Radio Network's program "Savage Nation."

Kansas-based hate preacher Fred Phelps and his daughter, Shirley, appear on the list. The Phelps' demonstrations against homosexuals draw a handful of participants and could be described as side-show circus acts.


Fred Phelps


Others named on the list, without much supporting description of their background, affiliations, or offenses, are:

Abdullah Qadri Al Ahdal

"Preacher. Considered to be engaging in unacceptable behaviour by seeking to foment, justify or glorify terrorist violence in furtherance of particular beliefs and fostering hatred which might lead to inter-community violence."

Wadgy Abd El Hamied Mohamed Ghoneim

"A prolific speaker and writer. Considered to be engaging in unacceptable behaviour by seeking to foment, justify or glory terrorist violence in furtherance of particular beliefs and to provoke others to commit terrorist acts."

Mike Guzovsky

"Leader of a violent group and actively involved with military training camps. Considered to be engaging in unacceptable behaviour by seeking to foment, justify or glorify terrorist violence in furtherance of particular beliefs and to provoke others to terrorist acts."

Safwat Hijazi

"Television preacher. Considered to be engaging in unacceptable behaviour by glorifying terrorist violence."

Nasr Javed

"Considered to be engaging in unacceptable behaviour by seeking to foment, justify or glorify terrorist violence in furtherance of particular beliefs."

Samir Al Quntar

"Spent three decades in prison for killing four soldiers and a four-year-old girl. Considered to be engaging in unacceptable behaviour by seeking to foment, justify or glorify terrorist violence in furtherance of particular beliefs and to provoke others to terrorist acts.

Artur Ryno and Pavel Skachevsky

"Leaders of a violent gang that beat migrants and posted films of their attacks on the internet. Considered to be engaging in unacceptable behaviour by fomenting serious criminal activity and seeking to provoke others to serious criminal acts."


Conspicuously absent from the Home Office's list are the spiritual figures who support Al Qaeda, such as Anwar al-Awlaki. Or, the international leaders of Hizb ut-Tahrir, who use London as a home base for generating propaganda that promotes anti-British and anti-American sentiment and threatens to overthrow non-Islamic regimes worldwide.

Again, the Home Office should be commended for taking a stand against hatred, however, many of those selected for inclusion on this first published list do not pack much punch. The credibility they are given by appearing on the list may outweigh the potential damage they could cause to the U.K.

May 5, 2009 11:59 AM Print
Gents and Ladies:

Now it is at the open but we need to get the message through for those people at front arguing with the UN, USA. UK officials etc. We are asking what the junta hasn’t got in their jails and if we do not change our tactics we will continue trapped because the junta are playing with “wordings”…

Police ordered not to charge politicians in political cases

5/5/2009

Sittwe: The police department in Arakan state has strict orders from the military junta authorities in Naypyidaw not to sue any politician on political cases (lawsuit) even if they are arrested on political grounds, said a police official.

“This is intended to send a message to the international community by the junta that Burma has no political prisoners, only criminals. This is the reason authorities do not want to bring political lawsuits against politicians.”

The junta has been persistent in its denial that Burma has no political prisoners whenever right groups and the international community have alleged that Burma has many political prisoners detained by the military regime.

“Recently we arrested some politicians and democracy activists in Arakan state for involvement in anti-junta activities but we charged them on other grounds like immigration cases, not political ones due to the order from higher ups,” he said.

The regime authorities arrested some activists including Ko Mrat Tun and Ko San Lwin recently in Arakan but they were charged under the immigration law even though they were involved in political activities.

After charging them under the immigration law, the courts sentenced them to five years in prison each.

Many Arakanese activists were arrested after the saffron revolution but they were charged with criminal cases, not for political activity.

This is the reason, many political prisoners are not being provided with political prisoner status and therefore deprived of the living standard in prison meant for politicians.

By the Narinjara - http://www.narinjara.com/details.asp?id=2158

ဘောကျိ


တလောကပေါ့ လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။ လုပ်ငန်းကလဲရပ် အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာ ပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ တော်တော် သောက်သုံးမကျတဲ့ ကောင်ဆိုပြီး စိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်။ ခံနိုင်ရည်က မဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး ဖြစ်နေပြန်တယ်။ ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . .

တနေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက် သွားရအောင်တဲ့ သွားလေဆိုပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့ အဖေက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ ဘာညာပေါ့။ ကျွန်တော်လဲ ပျင်းတာနဲ့ အပင်အရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ် ဘေးနားကနေ ကလေးတစ်ယောက်က လာခေါ်တယ် ရုတ်တရက် နားမလည်ဘူး သူခေါ်လိုက်တဲ့ အသံကို ဘာတဲ့ “ဘောကျိ” တဲ့ ကျွန်တော်လဲ ပြန်မေးလိုက်တယ် ဘာလဲဆိုတော့ ဘေးက အဖေ့သူငယ်ချင်းက ရှင်းပြတယ် “ဘောစိ (Boss)” လို့ခေါ်တာတဲ့။ သြော်ဒါနဲ့ ပြုံးမိတယ်။ ဘာတုန်းဆိုတော့ “အနော်ကားဆေးပေးမယ်နော်တဲ့” လူက လေးနှစ်သာသာလောက်ရှိဦးမယ်။ ကျွန်တော် ဘာမှ မပြောပဲ ကြည့်နေလိုက်တယ်။ အဖေ့သူငယ်ချင်း မေးတယ် “မင်းကားဆေးမှာက ဟုတ်ပါပြီ ပြီးရင် မုန့်ဖိုးတောင်းမှာလားတဲ့” ဟိုကလေးက “ဟီး ဟီး အနော်က ခင်လို့ ဆေးပေးမှာပါတဲ့” ဒါနဲ့ ဟိုက ဆက်ပြောတယ် “မင်းထမင်းစားပြီးပြီလားဆိုတော့” ကိုယ့်ဆရာက ဗိုက်ကလေးပွတ်ပြီး မစားရသေးဘူးတဲ့ ကျွန်တော် နာရီကြည့်လိုက်တော့ ညနေ ၃ နာရီလောက် ရှိတော့မယ် ဒီအချိန်ထိ ဒီကလေး ထမင်းမစားရသေးဘူးဆိုတော့ ရင်ထဲ ချိသွားတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို လှမ်းခေါ်ပြီး မုန့်တစ်ပွဲမှာလိုက်တယ်။ လာပို့သွားတယ် ဟိုကလေးကတော့ ကားဘီးတွေကို ရေဆေးနေတယ်။ ကျွန်တော် ကြည့်နေရင်းက သူ့ကိုလှမ်းခေါ်လိုက်တယ်။
“ဘောကျိ ဘာခိုင်းမလို့လဲ”
“မခိုင်းပါဘူးကွာ မင်းကို မုန့်စားခိုင်းမလို့”
“ဒါတွေ စားရမှာလား”
“အေး စားလိုက် မင်းဖို့ မှာထားတာ” ချာတိတ်က ချက်ခြင်းမစားသေးဘူး အဖေ့ သူငယ်ချင်းကို လှမ်းကြည့်တယ်။ ဟိုက စားလေကွာဆိုတော့ စားတယ်။ စားလိုက်တာ အကုန်ပဲ ဆာနေမှာပေါ့လေ။ စားပြီးတော့
“အား . . . ဗိုက်ဝသွားတာပဲ” ကျွန်တော်ပြုံးမိတယ်။ ပြီးတော့ ကားဘီးတွေ သွားဆေးနေတယ်။ ကားလေးဘီးလုံးကို သူ့အရွယ် ငယ်ငယ်လေးနဲ့ လိုက်ဆေးနေတယ်။ ကျွန်တော် မနေနိုင်တော့ဘူး ထားလိုက်တော့ ပြီးပြီ တော်တော် သန့်သွားပြီဆိုပြီး ပြောလိုက်တော့ ရတယ် ဘောကျိ ရတယ်ဆိုပြီး လုပ်နေတယ်။ ခနနေတော့ ကျွန်တော် ချက်ခြင်း ရပ်ခိုင်းလိုက်တယ် ပြီးတော့ မုန့်ဖိုး ၁၀၀၀ ထပ်ပေးလိုက်တယ်။ အဖေ့သူငယ်ချင်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို မေးလိုက်တယ်။ ဒီကလေး ဘယ်ကလဲဆိုတော့။
“ဒီလိုပဲကွ ဒီမှာလာပြီး ရေသန့်ပုလင်းတွေ ကောက်တဲ့ မိသားစုထဲက”
“အင်း . . . ”
“အဲဒီ့ ကလေးက တနေ့ကို ပိုက်ဆံ ၅၀၀ ရအောင် ရှာရတယ် မရရင် မပြန်ရဘူးကွ”
“ဗျာ . . .”
“ဟုတ်တယ် ဒီကောင် တခါ ညနေ ၇ နာရီကျော်နေလို့ မပြန်သေးလို့ မေးကြည့်တာ ၄၀၀ ပဲရသေးလို့ ဆက်နေရတယ်တဲ့ အဲဒါ လိုတဲ့ ပိုက်ဆံကို ချက်ခြင်းပေးပြီး သူ့မိသားစုပါ ခေါ်ပြောလိုက်ရသေးတယ်”
“ဟာ ဗျာ . . . ”
“မဟာနဲ့ဦးဟေ့ တခါတလေ ဒီကောင်က လက်ဘက်ရည်ဆိုင်မှာ ခုံလေးတွေ ဆက်ပြီး အိပ်တာ”
“ဟူး . . . မောတယ်ဗျာ ကြားရတာ”
“သူ့အသက်က ၄ နှစ်သာသာပဲ ရှိဦးမယ် ဒီအရွယ်လေးနဲ့ လောကဓံကို ခံနေရပြီ”
“အဲဒီ့ ကလေးတွေကို စောင့်ရှောက်ဖို့လိုတယ် ဦးလေး ကျွန်တော် ဒါမျိုးတွေတွေ့ရင် မခံစားနိုင်ဘူး”
“အေးပေါ့ကွာ ငါတို့လဲ အဲဒါကြောင့် ထမင်းစားလဲ ခေါ်ကျွေး ပိုက်ဆံဆိုလဲ ပေးပေါ့ ဒီလိုပဲ နေနေရတာပဲ သိပ်လဲ မပေးရဲဘူး အကျင့်တွေ ပျက်ကုန်မှာစိုးတယ် အလကားမပေးတာကို ပြောတာ ခိုင်းချင်လို့ ခိုင်းနေတာ မဟုတ်ဘူး ငွေတန်ဖိုးနားလည်အောင် အလုပ်ကလေးသိအောင် ခိုင်းတာ ဘယ်ခိုင်းရက်ပါ့မလဲကွာ ဒီအရွယ်လေး ဒါကြောင့် သူနဲ့ တန်တဲ့ ရေသန့်ဗူးလေး ဝယ်ခိုင်းတာ ဘာညာပဲ ခိုင်းတယ်။ ပိုက်ဆံ ဒီအတိုင်းပေးရင် သူတောင်းစား ဖြစ်သွားမှာစိုးလို့ ငွေကို တောင်းတိုင်းရရင် သူတောင်းစားဖြစ်သွားမှာစိုးတယ် ငါ့တူရ အဲဒါကြောင့်”
“ဟုတ်ပါတယ် ကျွန်တော် ဒါကို လက်ခံတယ်။ ဒါပေမယ့်ဗျာ သူ့ဘဝကို ကြည့်ရတာ အဆင်မပြေဘူး စိတ်ထဲ မကောင်းလိုက်တာ”
“ဒါကတော့ ငါ့တူရယ် ဒီလိုပဲ သူ့လို ကလေးမျိုး တို့နိုင်ငံမှာ အများကြီးပဲ မင်းသိတဲ့အတိုင်းပဲ”
“အင်း . . .”
ကျွန်တော် ဘာမှ ဆက်မပြောဖြစ်တော့ဘူး။ ခနနေတော့ ညနေစောင်းသွားပြီး ဟိုကလေးကတော့ ကျွန်တော့်နားမှာ ဆော့နေတယ် ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ “ဘောကျိ နက်ဖန် လာဦးမှာလားတဲ့” အေးကွာလို့ တိုတိုတုတ်တုတ်ဖြေပြီး သူ့ခေါင်းလေးကို ပွတ်ပြီး နှုတ်ဆက်လိုက်တယ်။ လူက စွပ်ကျယ်အကြီးကြီးဝတ်ထားတယ် နှပ်ချီးကတွဲလောင်းနဲ့ ဒါနဲ့ ကားထဲက တစ်ရှူးထုတ်ပြီး နှပ်သုတ်ပေးလိုက်တယ်။ ပြီးတော့ ကားပေါ်မှာပါတဲ့ အရုပ်ကလေးတစ်ရုပ်ပေးဖြစ်လိုက်တယ်။ အဖေကတော့ ဘာမှ မပြောဘူး ကျွန်တော့်ကိုပဲ ကြည့်နေတယ်။ သားအဖနှစ်ယောက်လမ်းပေါ်မှာ စကားမပြောဖြစ်ဘူး။ အိမ်ပြန်ရောက်ပြီး သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်တော့ လာခဲ့လေဆိုပြီး ပြောလိုက်တယ်။ သူငယ်ချင်းတွေ ရောက်လာတော့ ဟိုပြောဒီပြောနဲ့ ဘီယာဆိုင်ရောက်သွားတယ်။ စမ်းချောင်းက ယူနန်ပေါ့ ထုံးစံအတိုင်းပေါ့။ စိတ်ကညစ်နေတော့ သောက်ပြီးရင်သောက်လေ့ရှိတာကိုး။ ကားပါကင် အထဲမှာ မရတော့အပြင်မှာ ရပ်လိုက်တယ်။ ကားပေါ်က ဆင်းတော့ “ဘောကျိ” ဆိုပြီး ခေါ်သံကြားလို့ ကြည့်လိုက်တာ လားလားလား ညနေက ဆရာသမားဖြစ်နေတယ်။ “ဟေ့ကောင် မပြန်သေးဘူးလား ဆိုတော့” ပြန်မှာတဲ့ သူ့အမေကို စောင့်နေတာတဲ့။ ခပ်လှမ်းလှမ်းမှာ ရေသန့်ဗူးတွေ ကောက်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော့်ကို ငေးနေတယ်။ ပြီးတော့ ချာတိတ်ထွက်သွားတယ်။ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်လာတယ်။ ဆိုင်ထဲမှာထိုင်နေရင်းနဲ့ ဘီယာမှာတယ် သောက်မယ်ပေါ့။ သူငယ်ချင်းက မေးတယ်။ ကျွန်တော် ပြောပြလိုက်တယ် ညနေက အဖြစ်အပျက်ကို အကုန်လုံး တိတ်သွားတယ် ဆက်မပြောတော့ဘူး။ ဘီယာ လာချပေးတယ်။ ကျွန်တော် သူငယ်ချင်းတွေကို ပြောလိုက်တယ်။
“ငါတို့သောက်တာ တိုက်ဂါး တစ်လုံး ၁၃၀၀ ပေးရတယ် တနေ့ကို တစ်ယောက် ၅ လုံးလောက်သောက်တယ်။ စဉ်းစားကြည့်ရင် ဟိုကလေးအနေနဲ့ဆို ဘယ်နှစ်ရက်သုံးလို့ရမလဲ” အဲဒီ့လိုလဲ ပြောလိုက်ရော ဘယ်ကောင်မှ မလှုပ်တော့ဘူး ကျွန်တော်ကိုယ်တိုင်လဲ မြိုမကျတော့ဘူး အဲဒီ့နေ့က ဘီယာ တစ်ခွက်စီလောက်ပဲသောက်တယ် တိုင်ပင်စရာ မလိုဘူး ပြန်မယ်ဆိုပြီး ထပြန်တယ်။ စိတ်ထဲမှာလဲ တနေ့ကို ငါးရာ ရှာရတယ်ဆိုတဲ့ ဟိုချာတိတ်ကိုပဲ မြင်နေမိတယ်။

ကျွန်တော်တို့ တနေ့ကို ငွေဘယ်လောက် ဖြုန်းတီးမိပြီလဲ ကျွန်တော်တို့ ဖြုန်းတဲ့ငွေတွေနဲ့ ကျွန်တော်တို့ လူတွေ ဘယ်လောက်ကယ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့် အသက်က ၄ နှစ်ကျော်ကျော် တနေ့ ငါးရာ တဲ့ စဉ်းစားစမ်းဗျာ။ ကျွန်တော် ကိုယ့်ဘာသာစိတ်ဓါတ်ကျတာလဲ ပျောက်သွားတယ်။ အဲဒီ့ကလေးရဲ့ အားမာန်တွေ ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ သူနေတတ်တယ် နေပျော်အောင်နေတယ်။ အရွယ်နဲ့သောကမမျှဘူး ဒါပေမယ့် လောကဓံကို ခံနိုင်တယ်။ ကျွန်တော်တို့ ဘာလို့ မခံနိုင်ရမှာလဲ နောက်တစ်ခု ကျွန်တော် ငွေကို ပိုရှာဖို့ လိုလာတယ်။ ဟုတ်တယ် ပိုက်ဆံရှိရင် ခုနကလို ကလေးတွေကို အများကြီး ပြုစုစောင့်ရှောက်လို့ရမယ်။ ကဲ စဉ်းစား။ ခင်ဗျား တစ်နေ့ ဘယ်လောက်သုံးနေသလဲ ဘယ်လောက်ဖြုန်းနေလဲ ခင်ဗျား စိတ်ဓါတ်ကျစရာက ဘယ်လောက်ကြီးသလဲ စဉ်းစား။ ကျွန်တော်တော့ စဉ်းစားလို့ပြီးပြီ ကျန်တဲ့သူတွေ ဆက်စဉ်းစားစေချင်တယ်။ ဒါပါပဲဗျာ အခုလို ပြန်ပြောရတာတောင် မောလှပြီ။ နားထဲမှာ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း “ဘောကျိ” ဆိုတဲ့ သူ့အသံပဲ ကြားကြားနေတယ်။

Email မှပေးပို့ပေးသူ သူငယ်ချင်းအား ကျေးဇူးတင်ရှိပါသည်။

ကောင်းသောအလုပ်ပုံစံမျိုးဖြင့် ဘရိန်းဝပ်ခ်ျ ပြုလုပ်ပြီး မှိုင်းတိုက်ရိုက်သွင်းထားစေကာမူ လက်နက်တကားကား ဒေါသများဖြင့်ကုန်လွန်ကြရသော ထိုသူတို့၏ဘ၀မှာ အဆိုးသံသရာသို့ ဦးတည်နေသဖြင့် မည်သည့်မည်းနဲ့မျှ ကောင်းသောဘ၀ မဖြစ်နှိုင်ပေ။ သနားစရာကောင်းလှပေသည်။ လူ့ဘ၀ကိုရခြင်းသည် အရမတော်လေစွ။

မည်သည့်ရှုထောင့်ကနေပြီးကြည့်ကြည့် လက်နက်ကိုင်ပြီး အသက်မွေး ၀မ်းကျောင်းပြုနေရသူတို့မှာ ပင်ကိုယ်အားဖြင့်ပင် မြတ်စွာဘုရား၏ သာသနာတော်နဲ့ မြတ်စွာဘုရား၏ စကားတော်များကို တိုက်ရိုက်ဆန့်ကျင်စော်ကားနေပြီး သူတို့၏ အကုသိုလ်ထုထယ်ကြီးကို ကြီးသထက်ကြီးအောင် အကုသိုလ်ဝဋ် ပေးဆပ်နေရသူတွေမို့ သူတို့အတွက် ရှေးဆက်မည့် ဘ၀သံသရာခရီးကြီးကား မတွေးရဲစရာပင်။

မိမိတို့၏ မိတ်ဟောင်းဆွေဟောင်း အစ်ကိုအစ်မ ညီငယ်ညီမငယ်များ အားလုံး ဘ၀သံသရာတလျှောက်လုံး ထိုထိုသောသော ဘ၀ဆိုးများမှ အစဉ်ထာဝရ ကင်းလွတ်ကြပါစေ။
---------- Forwarded message ----------
From: zayarnyo
Date: 2009/5/1
Subject: စစ်ဗိုလ် ကို မှ အထင်ကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးများဖတ်ရန်
To:







ရုရှားက စစ်ခွေးတွေဆီကိုလည်း forword လုပ်ပေးကြပါ




အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင်တဘက်ကမ်း။
အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

"အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်"
"အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်"
"ဘာ----"

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ "အမယ်လေး၊ ကိုသောင်းမင်းရယ်"လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။
"သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့"
လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။

"သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ"

"ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့"
"သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်"

(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။
နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

"သမီး၊ ဆုံးဖြတ်ပြီးပြီလား"
မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

"မေမေကသဘောမတူလို့လားဟင်"
"မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး"
"ဘာဖြစ်လို့လဲမေမေ"
"မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်"
"သိပါတယ်မေမေ"
"မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး"

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

"လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး"

"မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး"
"တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ"

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)

၂၀၀၇ ခုနှစ်၊ မတ်လ။
တပ်ရင်း ( ) အရာရှိအိမ်ယာ။

"မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ"
"အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို"
"ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ"
"ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့"
"မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား"

"ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ"
"မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား"
"ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား"
"စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး"

"တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့"

"မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ"
"ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့"

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။

"မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း"

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

"မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား"

"လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ"
"ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်"
"အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ"
"ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး"
"အန်တီက ကျွန်တော့်ကို စော်ကားနေတာလား"
"မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ"

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

"ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့"
"မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်းရှင်းပါရစေ"

"ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့"

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။
သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။

"ဒေါ်ကြီးစိန်ရေ။"

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေးသည်။

"ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ"
"ဟေ"
သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။

"ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့"
"အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်"

" အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ"
"ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ"

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။
"အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား"

(၅)

(၂၀၀၇) အောက်တိုဘာလ။
စင်ကာပူနိုင်ငံ။
မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။

"သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ"
သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ ရောက်သွားတော့သည်။

"တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား"
သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

"မေမေရယ်။ သူ-"
ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ"
"မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----"
သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

"အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်"

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက
"မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး" ဟူသတည်း။

-----------------
ဖြစ်ရပ်မှန်ဝတ္ထုလေးပါ။
ထက်ရည်လင်း



Monday, 4 May 2009

nld
Statement 1 2009 Eng
မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊
ဂွေးသီးချဉ်စပ်၊

ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ်

ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာ

မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။

ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက် သဘာဝနဲ့

နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး

စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထားရတာ။ ဘာနဲ့ သေလို့

သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က

ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင်

သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး

ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့

သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊

အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။

မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။

ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့

လက်နှီးစုတ်မှန်း မသိဘူး။ ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး

ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။ ရလား စင်္ကာပူမှာ။

ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊

လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ်

ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။

နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း ပလုံဆို

ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင် ဂျီးဗလပွနဲ့

လက်နှီးစုတ်ကို သုတ်တယ်။ ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေးနော်။ ဒါမှ

စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။

ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။ လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက်

ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း
နောက်ဆက်တွဲတွေ

မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။ အိမ်ပြန်တဲ့အခါလည်း
လမ်းလျှောက်ပြန်ဖို့တော့

မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ ထိနေမယ်။

လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ
လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့

ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။ အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့်

ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။

သောက်ကောင်းတာပဲ။ သေကာမှ သေရော။ ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့

ငုံထားပါ ဆိုလား ဘာလား။ ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။ အိမ်မှာနေလဲ

မီးပျက်နေမှာပဲ။ မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး
အချိန်ဖြုန်းလိုက်။

တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင်

ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။ ဒီတော့ ဝက်နံကင်လေး၊

ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က

တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ ဘာအရေးလဲ။

ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့
ပြောမလို့။ ကဲ

အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး
ဝါးချင်ဝါးလို့

ရသေးတယ်။ အောင်မလေး ဆိုးဆေးတွေ စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။

တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ ဒီလိုပဲ ဘာမှ

မသိသေးတော့ သေရိုးသေစဉ်ပေါ့။ မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး

ထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ

တောင့်လို့ ကော့လို့။ အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို
နိုင်ချင်နိုင်ဦးမှာပ။ ဘာအရေးလဲ။

ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။ နိုင်ငံခြားမှာ

အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား ခင်ဗျားတို့

စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင် ဈေးသွားပြီး
ဝယ်ကြည့်လိုက်ဦး။

Wet Market ဆိုတာကို ဗွက်မားကတ်လို့ နာမည်တော့ တလွဲတွေ လာမပေးကြနဲ့။

သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး အောင့်တတ်ရင်

ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ် အကုန်ရတယ်။

ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။ မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ ဆက်ရေးချင်ပေမယ့်

မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။ ဒါလေးဖတ်ပြီး မြန်မာပြည်
ပြန်လာချင်စိတ်တွေ

ပေါက်သွားရင် ချက်ချင်းသာ ပြန်လာခဲ့။ သတင်းစာထဲမှာ ဖတ်လိုက်ရတာ ရှိပါတယ်။ ဘာတဲ့

မြန်မာပြည်မှာ အလုပ်အကိုင်အတွက် မပူနဲ့တဲ့။ အင်း နာဂစ်မှာ သေသွားတဲ့ လယ်သမားတွေ

အများကြီးပဲ။ ဆီလီကွန်ဗဲလီက အလုပ်ပြုတ်လာလို့ပဲ ဖြစ်ဖြစ်၊ စင်္ကာပူ ကနေ

အပြီးပြန်လာလို့ပဲဖြစ်ဖြစ် လယ်ထဲဆင်းပြီး ကောက်စိုက်လို့ ရနေသေးတာပဲ။ အလုပ်ဟူသမျှ

ဂုဏ်ရှိစွတဲ့။ ဒါတွေလည်း အလုပ်ပဲလေ။ အဲအဲ တစ်ခုပဲ ဝင်လာရင်တော့ 10% လေး ဆောင်ဖို့သာ

ရှာလာခဲ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမှုပတ်နေမယ်။ ဒါက ကွိုင်ရှိတယ်လေ ဟုတ်တယ်ဟုတ်။ :D



--
---------------------------
Thanks to the email sender

Sunday, 3 May 2009

Shwegondaing Declaration’s Quandary of Responses


Quietly Burma’s government has responded to the National League for De3mocracy’s *Shwegondaing Declaration. Armed security forces have been taking positions around the city of Rangoon and other areas within Burma. Some people are critical of the NLD response to Than Shwe’s election plans, most notably Burmese political analyst Aung Naing Oo was quoted as saying;

“If the NLD considers itself a revolutionary group, then they should clearly reject the junta’s elections on grounds that it would be manipulated, but if they consider themselves a political party, it would be wise for them to contest the elections.”

I approached Myo Thein, Director of Burma Democratic Concern and posed the question about the uncertainty of the National League for Democracy’s stance. I also addressed the concerns of complacency by the NLD. Myo Thein issued a clarification in this statement.

The position of the National League for Democracy:

(a) Release of All the Political Prisoners

(b) Review of the Draft Constitution (2008) which are not in accord with democratic principles.

This is referring to the cases such as military is taking 25% of the seats, military commander is in absolute authority and military can dissolve the parliament any time, etc. Here, NLD is meant to amend such things. (Undemocratic)

(c) NLD’s offices should be reopened immediately together with those of the parties of ethnic nationalities.

NLD is demanding that the junta to reopen all party offices.

(d) Recognition of the result of the 1990 Election

Here what NLD means is to reconvene the people’s parliament based on 1990 elections result which can be translated as the recognition of 1990 elections results.

(e) Political Dialogue

Agenda of the dialogue envisaged by the League is as follows:

(1) Dialogue by the decision makers (Aung San Suu Kyi and Senior General Than Shwe).

(2) Dialogues issues

equal opportunities for the ethnic nationalities:

release of all political prisoners :

review of the 2008 Constitution;

recognition of the People’s Parliament which is the result of 1990 election (the next step of the election is to allow to convene people’s parliament to election wining party);

issues of the elections of the future:

development of the living condition of the people

(3) To arrange to recognize the result of the 1990 elections

Here NLD meant to say that allow us the convene parliament which can be translated as recognizing 1990 election result. At the parliament, we will approve the outcomes of the dialogue.

(4) All the stake holders to follow unitedly the political course for the future delineated by the agreements of the dialogue as adopted by the People’s Parliament.

Here NLD meant to say that we are ready to cooperate with you.

(f) Attitude towards the Possible Future Elections

The following are the NLD’s minimum conditions required to determine whether or not to participate in the 2010 election. Areas of concern are;

IF the military junta unilaterally conducts the proposed elections under the conditions prescribe by their own plan.

And;

IF:

(1) All the political prisoners unconditionally released,

(2) The provisions of the (2008) Constitution were amended,

(3) All inclusive free and fair general election were held under international supervision:

Then it intends to participate in the elections only after gravely considering as a special case and after studying the coming Party Registration Act and the Laws relating to the Elections.

Myo Thein

Director

Burma Democratic Concern

Clearly Gen Than Shwe was using extortion tactics in forcing the hand of the NLD and to a major extent they needed to issue a response. After reading Myo Thein’s response to my query it is obvious the NLD is still holding fast the core tenets of their position.

With security forces moving into position at this juncture I question the junta’s motives since strong arm tactics have always been the rule of thumb in dealing with any form of opposition.

The stage is set for a test of wills and hopefully the junta will choose the mature and progressive route in resolving the issue of reconciliation. Bloodshed only led Burma down the path of social and economic ruin. It is far cry from the gem of the Orient she once was. With the world watching the outcome is yet to be determined.

* http://www.mizzima.com/news/election-2010/2044-nld-sets-pre-conditions-for-role-in-elections.html

Your Devil’s Advocate

Buffalohair

အမေ နဲ့  ပန်းတစ်ပွင့်

၂၀၀၈ မေလ ၃ရက်...
တိတိကျကျပြောရရင် ၂၀၀၈ မေလ၂ရက်နေ့ ညနဲ့  ၃ရက်နေ့ မနက်ပေါ့...
ဒီလိုပြောရင် ခင်ဗျားတို့ တော်တော်များများ မှတ်မိကြမယ်လို့ ထင်ပါတယ်...
'ပန်းနဲ့ ပေါက်တာ မနာပါဘူး' ဆိုတဲ့စကားနဲ့ လုံးဝဆန့် ကျင်ဘက်... 'အလွန်လှပသောပန်း' လို့  အဓိပ္ပာယ်ရတဲ့ ပန်းတစ်ပွင့်ကြောင့် ကံဆိုးမိုးမှောင်ကျခဲ့တဲ့နေ့ ...
satellite ကရိုက်ထားတဲ့ အဖြူရောင်ပန်းတစ်ပွင့် ငွားငွားစွင့်စွင့်ပွင့်အာနေသလိုမျိုးပုံရိပ်က ကျွန်တော်တို့ အားလုံးရဲ့ မျက်ရည်တွေကိုလဲ ချူသွားနိုင်လောက်အောင်ကို ရက်ရက်စက်စက်လှလွန်းပါတယ်...

ပန်းတစ်ပွင့်ရဲ့ အထုပ္ပတ္တိလို့ ဆိုနိုင်လောက်အောင်ပဲ ပန်းတစ်ပွင့်က စခဲ့တဲ့ဂယက်တွေကတော့ တကယ့်ကို အုန်းအုန်းကျွတ်ကျွတ်ပါပဲ...
တစ်နေ့ တစ်နေ့  အင်တာနက်စာမျက်နှာပေါ်တွေကနေမြင်နေတွေ့ နေရတဲ့ ဆန်ပြုတ်တစ်ခွက်ရဖို့  တဆာဆာအော်နေတဲ့ အသံတွေ၊ ကလေးမုန့် လုစားတဲ့ဖြစ်ရပ်တွေ၊ တိရစ္တာန်လောက်မှ စာနာစိတ်မရှိတဲ့ 'လူ'အမည်ခံ သတ္တ၀ါတွေ၊ အမှန်ခြစ်အမှားခြစ်ကိစ္စတွေ၊ ရေထဲမှာမျှောနေတဲ့ ခွေးသေပုတ်သာသာ လူ့ အလောင်းကောင်တွေ...
ဒီမြင်ကွင်းတွေ ဒီပုံရိပ်တွေကိုပဲ (ကိုယ့်စိတ်ကိုယ်နှိပ်စက်တယ်ပဲဆိုဆို) တစ်နေ့ တစ်နေ့ ထိုင်ကြည့်ပြီး အရူးတစ်ယောက်လို အံတွေကြိတ် မျက်ရည်တွေကျခဲ့ရတဲ့ညတွေ...
ကျွန်တော့်ဘ၀အတွက်တော့ တကယ့်ကို အိပ်မက်ဆိုးပါပဲ...
စားလဲဒီစိတ်၊ သွားလဲဒီစိတ်ဆိုသလိုပဲ ဖြေခါနီးစာမေးပွဲတွေကို စိတ်မရောက်နိုင်တော့လောက်အောင် လွန်ခဲ့တဲ့၃လလောက်ထဲကကြိုဝယ်ထားပြီးသား မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ်ကိုပဲ အားမလိုအားမရကြည့်ရင်း ၁၆ရက်လောက်ပဲလိုတဲ့အချိန်တွေကို ရေတွက်ရတဲ့နေ့ တွေလောက် ရင်ပူရတာမျိုး ကျွန်တော်မကြုံခဲ့ဖူးပါဘူး...

မပြန်ခင်ထဲက ကြိုတင်စီစဉ်ထားတဲ့အတိုင်း အိမ်ပြန်ရောက်ရောက်ချင်း ကျွန်တော်ပထမဦးဆုံးအားထုတ်ခဲ့တာကတော့ ဒီခရီးစဉ်တွေကိစ္စပါပဲ...
လက်လှမ်းမီသလောက်နေရာတွေသွားရင်း တကယ်တမ်း မျက်ဝါးထင်ထင်တွေ့ လိုက်ရတဲ့အခါမှာတော့ ကျွန်တော့်လို over-passionate ဖြစ်တဲ့သူအဖို့  မျက်ရည်မဆယ်နိုင်လောက်အောင်ပါပဲ...
ဆန်တစ်ထုတ်ရဖို့  ကြုံ့ ကြုံ့ လေးတန်းစီထိုင်နေတဲ့ တောင်သူဦးကြီးမြန်မာလူမျိုးတွေ အရင်က ခင်ဗျားမြင်ဖူးလား...
ကားပေါ်ကပစ်ချပေးတဲ့ အ၀တ်တွေကို ကားကြိတ်မှာမကြောက်မလန့်  အော်ဟစ်ပြေးလွှားလုယူနေတဲ့ မြန်မာလူမျိုးတွေ အရင်က ခင်ဗျားကြုံဖူးလား...
မနက်ဖြန်အသက်ရှင်ဖို့  လမ်းမတလျှောက် မျှော်လင့်ချက်ရောင်ခြည်အပြည့်နဲ့  ငုတ်တုတ်ထိုင်စောင့်နေရတဲ့ မြန်မာလူမျိုးတွေ အရင်က ခင်ဗျားတွေ့ ဖူးလား...

အခုဆိုရင် ပန်းတစ်ပွင့်ရဲ့ ကျိန်စာကို ကျွန်တော်တို့ တွေ ခါးစည်းခံခဲ့ရတာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ...
ဒီနေ့  ကျွန်တော့်စိတ်ထဲမှာ မေးခွန်းတွေနဲ့ ပြည့်နှက်နေတယ်...
ကျွန်တော်တို့  ဘာတွေ ထိထိရောက်ရောက်လုပ်ပေးခဲ့ပြီးပြီလဲ...
ဘာတွေလုပ်ပေးဖို့ လိုသေးလဲ...
ဘာတွေလုပ်ပေးနိုင်ဦးမလဲ...
ကျွန်တော်တို့ တွေ တကယ်ပဲ ဒီကျိန်စာကနေ လွတ်မြောက်ခဲ့ပြီလား...
မြင်အောင်ကြည့်ပါ... ကြားအောင်နားထောင်ပါ... လေ့လာသုံးသပ်ပါ...
ကျွန်တော်တို့ ကမ်းပေးမဲ့လက်တွေကို မျှော်လင့်နေတဲ့မျက်ဝန်းတွေ သိန်းနဲ့ ချီရှိသေးတယ်...
ကျွန်တော်တို့ ကိုကူညီဖို့ အော်ခေါ်နေတဲ့အသံတွေ နားနဲ့ မဆံ့အောင်ကျန်သေးတယ်...
ကျွန်တော်တို့ လက်လမ်းမမီသလောက် ကယ်တင်ပေးရမဲ့ သွေးချင်းမောင်နှမရဲ့ ဘ၀တွေ အများကြီးရှိနေပါသေးတယ်...
ကျွန်တော်တို့ ကြုံခံရတဲ့ တစ်ညတာ ကျိန်စာဟာ ယနေ့  တစ်နှစ်တင်းတင်းပြည့်တာတောင် မပြယ်သေးပါဘူးလို့ ပြောရင်း...

"ဘယ်သူတွေဘယ်လောက်ပဲ အကျည်းတန်တယ်ပြောကြပါစေ... ကျွန်တော့်အတွက်တော့ အမေဟာ အမြဲတမ်းကျက်သရေအရှိဆုံးပါပဲ အမေ....."

မေတ္တာဖြင့်...
ပုံကြီး...

http://www.facebook.com/note.php?note_id=75793981628&ref=nf

LIKELY OUT COME OF BURMA'S 2010 ELECTIONS

The endgame scenario, from the point of Burmese military junta, will be the monopolisation of political decision-making power through its self-created political parties like USDA or NUP ally, plus 25% seat of the military without having to enter election, as prescribed by its self-drawn constitution.

With the voice for dropping various sanctions getting louder with the day, encouraged by the Obama's overture of sending one senior diplomat to Naypyidaw lately after so many years, the timing of the junta's complete control of the electoral outcome would be welcomed by most states for two simply reasons. One is none other than acknowledging the junta supremacy, even if it is known to be a sham and stage-managed election. The motto of "If can’t beat them join them" has been there for nothing. And the other is the growing fatigue for having to endure the never-ending people’s struggle against the junta, without ever reaching the climax. And as such, any kind of ending is desirable, provided it comes to an end, at least from the point of international stakeholders.

As it is, the concerned, international stakeholders would applaud the 2010 election and normalcy or relation with the West will be restored, making everyone happy, except, of course, the oppressed people of Burma.

Shan Herald-http://www.shanland.org/

Junta leaders trying to win people with phones

Civil servants in Mong Yang, Eastern Shan State, have been promised with cheap mobile phones, in order to secure their support, according to sources from the “Sino-Burma border.

“The generals said they would provide 200 telephones to persuade local people to vote for the party,” a civil servant told SHAN.

The report came following a visit made by Prime Minister General Thein Sein, accompanied by Shan State-Kayah State Commander, Lieutenant General Min Aung Hlaing, on 25 April, and held a meeting with local authorities and village headmen to talk about the planned 2010 elections.

People in Mong Yang are using Chinese mobile phone which are cheap and easy to use. They are not interested in junta’s offer, said another.

Currently, the retail price is 2.3 million Kyat ($ 2,300) for a line phone and 1.9 million Kyat ($ 1,900) for a GSM. The overall official price for each handset will be 1 million but it eventually will cost the same price. “The telephone provided by the junta is only for civil servants and businessmen. After civil servants get the telephone, they will sell it again to the local people at market price,” said a source from Tachilek.

“The gist of the speech of the (PM) Thein Sein was that we should not vote for any party that is not supported by the junta, that we should vote for only the Burmese Socialist Program Party which is now called the National Unity Party (NUP) or other parties formed by the Union Solidarity and Development Association (USDA),” said a civil servant from Keng Tung.

According to another source from Keng Tung who recently returned from Rangoon, the USDA has been given a free hand to collect fund, to be used in canvassing support from the people. “The USDA may be divided into three separate parties,” he added.

According to The National from United Arab Emirates, 6 April issue, Thein Sein is of the opium that “We cannot afford to lose this election. Otherwise, we have wasted the last 20 years for nothing.”

SHAN HERALD-www.shandland.org