Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 30 October 2010

"ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီ ကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး"

မျိုးမျိုး

အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဦးလှမြင့်ဦးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယှဉ်ပြိုင် ဘက်ပါတီများအပေါ် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကြောင်းပြောသည်။

"ကျွန်တော်တို့ပါတီအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြင့် ထမ်းဆောင်ကြမယ့် နိုင်ငံရေး ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက တွေအားလုံးကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပါတယ်။ ဒီအတိုင်း ဆက်ဆံသွား ပါမယ်။ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီကို အဓိကယှဉ်ပြိုင်ဘက်လို့ မပြောလိုပါဘူး"ဟု ဦးလှမြင့်ဦးက ဆိုသည်။

အဆိုပါမြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ရှစ်ဦး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီမှ ရှစ်ဦး၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလနှစ်ဦး စုစုပေါင်း ၁၉ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးလှမြင့်ဦးသည် တပ်မတော်တွင် ၁၇ နှစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နှစ် ၂၀၊ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့တွင် ၁၂ နှစ်ဖြင့် နိုင်ငံ့တာဝန်ကို ၄၉ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်သည်။

တခြားပါတီများထက် အားသာချက်ရှိစေရန် ပြင်ဆင်ထားမှုနှင့်ပတ်သက်ပြီး ၎င်း၏မွေးရပ်ဇာတိမြေဖြစ်သည့်အတွက် ဒေသခံများနှင့် ထိတွေ့မှုရှိခဲ့ပြီး ရွေးကောက် ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံသည့်အခါတွင်ဒေသခံများနှင့် ပိုမိုထိတွေ့မှုရယူပြီး ပါတီ၏မူဝါဒ၊ ရည်မှန်းချက်၊ ယုံကြည်ချက်နှင့် လုပ်ငန်းစဉ်တို့ကို ပြောပြကာ စည်းရုံးမှုများဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

No comments: