Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 11 January 2011

မဟာရန်ကုန်မှ ကရင်နှစ်သစ်ကူး


ကြည်ဝေ, 06 January 2011 ဆောင်းပါး
နောက်ခံ ပိတ်ကားပေါ်တွင် ခရမ်းပြာရောင် နောက်ခံ၌ လိမ္မော်ရောင် နေဝန်းထွက်ပေါ် လာသည့် သရုပ်ဖော်ပုံနှင့် “ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော်” ဟု မြန်မာဘာသာ၊ ကရင်ဘာသာ စကားတို့ဖြင့် ရေးဆွဲထားသော စင်မြင့်ပေါ်သို့ ရိုးရာဝတ်စုံဖြင့် ကရင်အမျိုးသား အမျိုးသမီး ၁၂ ဦးခန့်တက်လာကြပြီး ကရင်အမျိုးသားသီချင်းကို စတင်သီဆိုနေကြသည်။

karen_new_year_2011_02ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားကျောင်းဝင်းနှင့် ကျမ်းစာကျောင်းအတွင်း ကျင်းပသည့် ၂၇၅၀ ပြည့် ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်သို့ လာရောက်ကြသည့် ထောင်နှင့်ချီသော လူအုပ်ကြီးက တိတ်ဆိတ်စွာ အမျိုးသားသီချင်းကို နားထောင်နေကြသည်။

သီချင်း ပြီးဆုံးသွားသည်နှင့် အသက် ၅၀ ကျော်အရွယ် ကရင်အမျိုးသားကြီးက “ဒီအချိန်မှာ ကရင်လူမျိုးတွေ စည်းလုံးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြပါ။ ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ပြောကာ ဦးညွတ်လိုက်သည်။
ကွင်းထဲမှ လက်ခုပ်သံ တဖြောင်းဖြောင်း မြည်ဟည်း ထွက်ပေါ်လာကြသော်လည်း ကရင်တိုင်းရင်းသားများ၏ မျက်နှာမှာမူ မကောင်းလှချေ။

“နယ်စပ်မှာ ကိုယ့်လူမျိုး ကရင်တွေ တိုက်ပွဲဖြစ်နေတဲ့ အချိန်ဆိုတော့ အားလုံးပဲ စိတ်ထိခိုက်ကြတာပေါ့နော်။ အမျိုးသားသီးချင်ဆိုတော့ ပိုပြီးစိတ်ထိခိုက်ကြတာပေါ့” ဟု ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) အဖွဲ့ဝင် ကရင်တိုင်းရင်းသူတဦးက ပြောသည်။ကရင်ပြည်နယ် ဘားအံဇာတိ ဖြစ်သော အသက် ၃၀ ခန့်ရှိ အဆိုပါ ကရင်တိုင်းရင်းသူသည် အဖြူရောင် စကောကရင်ဝတ်စုံကို ဝတ်ထားပြီး အဖြူရောင် ပုဝါကို ခေါင်းတွင် စည်းထားသည်။“တိုက်ပွဲဖြစ်တော့ ကရင်လူမျိုးတွေလည်း ဒုက္ခရောက်တယ်။ ဒါပေမယ့် မတရားတာကို မခုခံဘဲနေရင် ကြာရင် ပိုဆိုးကုန်မှာပဲ။ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် မတရားတာကိုတော့ ငြိမ်မခံသင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။ရန်ကုန်ရောက်သည်မှာ ၄ နှစ်ကျော်ပြီ ဖြစ်သော်လည်း မှတ်ပုံတင် အခက်အခဲနှင့် အိမ်ထောင်စုဇယား အခက်အခဲတို့ကြောင့် ရွေးကောက်ပွဲကာလတွင် ဘားအံသို့ပြန်ပြီး မဲပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်မှာတော့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက အမတ်နေရာ တော်တော်များများကို နိုင်လိုက်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့ လိုချင်သလောက်တော့ မရဘူးပေါ့နော်။ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ကိုယ့်ပြည်နယ်အတွက် လုပ်ပေးချင်ပေမယ့် အစိုးရက ခွင့်ပြုမှ လုပ်လို့ရမယ့် အနေအထားပဲ ဖြစ်ဦးမယ်လို့ ထင်တယ်” ဟု သူက ပြောသည်။ကရင် အမျိုးသားနှစ်ကူး ပွဲတော်တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ နတ်စားခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ကြပြီး ယဉ်ကျေးမှုကပွဲ၊ ကရင်ယဉ်ကျေးမှု ပြခန်းများ၊ ပွဲဈေးတန်းများလည်း ပါဝင်သည်။ပွဲဈေးတလျှောက်တွင် ကရင်ဝတ်စုံဝတ် အမျိုးသား၊ အမျိုးသမီး၊ ကလေးများအပြင် တခြားတိုင်းရင်းသား လူမျိုးများနှင့် နိုင်ငံခြားသားတချို့ကိုလည်း တွေ့မြင်ရသည်။

ကရင်ရိုးရာဝတ်စုံများကို ဒီဇိုင်းအမျိုးအမျိုး၊ အရောင်အမျိုးမျိုးဖြင့် ချုပ်လုပ်ရောင်းချသည့် ကရင်ဖက်ရှင်ဆိုင်တွင် အမျိုးသမီးများ တိုးဝှေ့နေကြသည်။ ထိုဆိုင်နှင့်ကပ်လျက် ရှိသည့် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ စာအုပ်ဆိုင်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ ပြသထားပြီး ကရင့်ကြေးမုံ မဂ္ဂဇင်းအပါအဝင် စာအုပ်များကို ရောင်းချပေးသည်။ အဆိုပါအရောင်းဆိုင်မှ အနီရောင်ဝတ်စုံဖြင့် ကရင်အမျိုးသမီးငယ်တဦးက “ဒီနှစ်ကတော့ အရောင်းတော်တော်ကို ပါးတယ်။ မနေ့ကလည်း သိပ်မရောင်းရဘူး။ လူတွေ စီးပွားရေး ကျပ်တည်းကြတာကြောင့် အရောင်းပါးကုန်တယ်။ ၀င်တော့ ၀င်ကြည့်ကြတယ်၊ နည်းနည်းပါးပါးပဲ ၀ယ်နိုင်ကြတယ်” ဟု ပြောပြသည်။အရောင်းဆိုင်များတွင် ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသော်လည်း ပြခန်းများတွင်မူ လူဝင်လူထွက် နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။
karen_new_year_2011_01ယဉ်ကျေးမှုပြခန်းတွင် ကရင်လူမျိုးတို့၏ သမိုင်းကြောင်းကို ခင်းကျင်း ဖော်ပြထား သော်လည်း အပြည့်အစုံ ဖော်ပြခွင့်မရှိဘဲ သက်ဆိုင်ရာက ခွင့်ပြုသလောက်ကိုသာ ပြသရကြောင်း၊ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံနှင့် ကိုယ်ရေး ရာဇ၀င်များကို ပြသခွင့်မပြုကြောင်း၊ ယခုနှစ်ပြခန်းတွင်လည်း ယခင်နှစ်ကကဲ့သို့ ပြည်ထဲရေးဌာနမှ စစ်ဆေးရေးဝင်ကာ ဖြုတ်ချခိုင်းခြင်းများလည်းရှိကြောင်း သိရသည်။

ယဉ်ကျေးမှုပြခန်းမှ ပိုးကရင်တိုင်းရင်းသား တဦးက “နှစ်တိုင်းလုပ်နေသလိုပါပဲ၊ ဟိုဟာဖြုတ်ဦး၊ ဒါလည်း ဖြုတ်ဦးဆိုပြီး ဖြုတ်ခိုင်းတာတွေ ရှိတာပေါ့။ အဲဒီလိုတွေ ဖြုတ်ရတော့ ဘာမှ သိပ်မကျန်တော့ဘူး။ လူတွေလည်း စိတ်ဝင်စားမှု နည်းကုန်တာပေါ့” ဟု ပြောသည်။

ကရင်တိုင်းရင်းသား တယောက်အနေဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲနေ့ကို စိတ်တိုင်းကျ ပြုလုပ်ကျင်းပခွင့်ရသော ကရင့်နေ့အဖြစ်ကို ကြုံဖူးချင်သေးကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမည့် နေ့ကိုလည်း မျှော်လင့်မိကြောင်း အဆိုပါ ပိုးကရင် အမျိုးသားက ဆိုသည်။ယခုနှစ် ၂၇၅၀ ပြည့်နှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို ရန်ကုန်တိုင်းတွင် အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊အလုံ၊ မရမ်းကုန်းစသည့် မြို့နယ်များရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာနေရာများတွင် ဇန်န၀ါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပြုလုပ်ကျင်းပကြောင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) က ပြောသည်။

တိုင်းရင်းသားပါတီများနှင့် ချင်းပါတီ မဟာမိတ်ဖွဲ့မည်

စိုင်းဇွမ်ဆိုင်း 06 January 2011
၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ချင်းအမျိုးသားပါတီ (CNP) သည် ပါတီညီလာခံတရပ် ကျင်းပနေပြီး တခြား တိုင်းရင်းသား ပါတီများနှင့် မဟာမိတ်ဖွဲ့စည်းရေးကို ဦးစားပေး အကောင်အထည် ဖော်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပနေသော ပါတီညီလာခံသို့ ပါတီကိုယ်စားလှယ်နှင့် ပါတီဝင် ၆၀ ခန့် တက်ရောက်ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှစ၍ ၃ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အပါအဝင် တခြား တိုင်းရင်းသားပါတီများနဲ့ မဟာမိတ်ဖွဲ့ပြီး အတူတကွ အလုပ်လုပ်နိုင်ရေးကို ကျနော်တို့ ပါတီညီလာခံမှာ အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခုက ညီလာခံကို စတင်ကျင်းပတဲ့ရက် ဖြစ်နေတော့ ဘာဆုံးဖြတ်ချက်မှတော့ မပြုလုပ်ရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။ CNP ကို ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၉ ဦး အနိုင်ရရှိထားသည်။

မဟာမိတ်ဖွဲ့ရေးနှင့် ပတ်သက်၍ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဧရာဝတီက သဘောထား မေးမြန်းခဲ့ရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးစိုင်းလှကျော်က ၎င်းတို့ပါတီသည် တခြားနိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့မည် မဟုတ်ကြောင်း ပြောသည်။
ဦးစိုင်းလှကျော် က “မဟာမိတ်ဖွဲ့မယ်ဆိုရင် သဘောတူညီချက်တွေ၊ စည်းမျဉ်း စည်းကမ်းတွေမှာ လက်မှတ်ရေးထိုး ကြရမယ်။ အဲဒီလိုလုပ်ပြီးမှ တဦးတယောက်ကပဲ ဖြစ်ဖြစ်၊ နှစ်ဦးစလုံးကပဲ ဖြစ်ဖြစ် မလိုက်နာနိုင်ဘူးဆိုရင် ပြောစရာ၊ လက်ညှိုး ထိုးစရာတွေ ဖြစ်ကုန်ရင် ရှိနေတဲ့ ဆက်ဆံရေးကိုပါ ကျနော်တို့ ဆုံးရှုံးရမယ်။ အဲဒါကြောင့် ကျနော်တို့ပါတီက မဟာမိတ် ဖွဲ့ရေးကိစ္စတွေမှာ မပါဝင်ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

ကျားဖြူပါတီက မဟာမိတ်ပါတီတခုအဖြစ် ရပ်တည်မည် မဟုတ်သော်လည်း ပူးတွဲပါတီအနေဖြင့်မူ လုပ်ငန်းစဉ်များကို အတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပူးတွဲကြေညာချက်များကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးစိုင်းလှကျော်က ဆက်လက်ပြောသည်။ ပါတီ ရန်ပုံငွေအတွက် ကျားဖြူအမည်ဖြင့် ကုမ္ပဏီတခု ထူထောင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပါတီညီလာခံ ပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြကြောင်း၊ ကုမ္ပဏီအစုရှယ်ယာ ၁ သန်း လျာထားကြောင်း၊ အစုရှယ်ယာ တစုလျှင် ၁ သောင်းနှုန်းဖြင့် ရောင်းချမည် ဖြစ်ပြီး ပါတီဝင်များကိုသာ ရောင်းချပေးမည် ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးရေး၊ သတ္ထုတွင်းနှင့် သစ်လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရရှိလာသည့် ကုန်ပစ္စည်းများကို တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ကုမ္ပဏီ ဒါရိုက်တာ ရာထူးကို အစုရှယ်ယာ အများဆုံး ဝယ်ယူသူအား ပေးအပ်မည် ဖြစ်ကြောင်း၊ အစုရှယ်ယာများကို ခန့်ခွဲရန်အတွက်လည်း မကြာမီတွင် အလုပ်ရုံ ဆွေးနွေးပွဲတရပ် ကျင်းပပြီး ကော်မတီတရပ် ဖွဲ့စည်းမည် ဖြစ်ကြောင်းလည်း ဦးစိုင်းလှကျော်က ပြောသည်။ကျားဖြူပါတီသည့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၅၇ ဦး အနိုင်ရခဲ့သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစိုးကလည်း မဟာမိတ်ဖွဲ့ရေးနှင့် ပတ်သက်၍ “ကျနော်တို့ ပါတီအနေနဲ့လည်း မဟာမိတ်ဖွဲ့ဖို့အထိကို မမျှော်မှန်းထားပါဘူး။ ဦးဇိုဇမ်တို့၊ ရှမ်းပါတီက ဦးစိုင်းအိုက်ပေါင်းတို့နဲ့ ကျနော်တို့ပါတီလည်း ရင်းရင်းနှီးနှီး ဆက်ဆံမှုတွေ ရှိပါတယ်။ ဒါပေမယ့် မဟာမိတ် ဆိုတာထက် တပါတီ နဲ့ တပါတီ နားလည်မှုတွေရှိမယ်၊ အလုပ်အတူတူ ပူးတွဲ လုပ်ကြတယ် ဆိုတာမျိုးကို ပိုလိုချင်ပါတယ်” ဟု ပြောသည်။

မကြာမီတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲတခုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဖိတ်ခေါ်ကျင်းပရန် အစီအစဉ်ရှိကြောင်း၊ ထိုဆွေးနွေးပွဲတွင် အတူလက်တွဲနိုင်မည့် လုပ်ငန်းများကို ညှိနှိုင်းပြီး သဘောထားထုတ်ပြန်မည် ဖြစ်ကြောင်း ဦးလှစိုးက ပြောသည်။မြန်မာ့ နိုင်ငံရေးလောကတွင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါကြောင်း၊ မဟာမိတ်ဖွဲ့စည်းရေး ကြိုးပမ်းမှုသည် အပြုသဘောဆောင်သည်ဟု မြင်ကြောင်းလည်း ဦးလှစိုးက ဆက်လက်ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၅ ဦး အနိုင်ရရှိသည်။ရွေးကောက်ပွဲ အပြီးတွင် မဲမသမာမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသားပါတီများအပါအဝင် တခြားသော နိုင်ငံရေးပါတီများ အပြန်အလှန် တရားစွဲဆိုနေမှုများ ပေါ်ပေါက်ခဲ့သည်။ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရ ခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်ကြေညာထားသည်။

TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်


ဧရာဝတီ , 06 January 2011
ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။
Refugee-Children-11

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ။ (ဓာတ်ပုံ - Reuters)
TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။

လျှော့ချ ဖြတ်တောက်မှုများတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာအတွက် အထောက်အကူပြု ပစ္စည်းများအပြင် စိုက်ပျိုးရေးနှင့် တခြား သက်မွေးဝမ်းကြောင်းဆိုင်ရာ ကဏ္ဍများရှိ အထူးအသုံးစရိတ်များ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၇၀၀၀ ခန့် ထွက်ပြေးခဲ့ကြပြီး မကြာသေးမီက ဖလူးနှင့် ဝေါ်လေ ဒေသဘက်မှ ထွက်ပြေးလာကြသော ဒုက္ခသည်များသည် ထိုင်းအာဏာပိုင်များ၏ ရွှေ့ပြောင်းနေရာချထားမှုများ၊ ပြန်ပို့မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း TBBC ၏ သတင်းလွှာတွင် ရေးသားထားသည်။

ရန်ပုံငွေ လျှော့ချခံရခြင်းနှင့် ပတ်သက်၍ TBBC ၏ လက်ထောက် ညွှန်ကြားရေးမှူး ဆယ်လီ သွန်ပဆန်က “အလှူရှင်တွေ ရှိသည့်တိုင် အရှည်သဖြင့် ဆက်ပြီး ထောက်ပံ့နိုင်မလားဆိုတာ စိုးရိမ်မိပါတယ်။ ရေရှည်မှာ ထိုင်းဘက်ကို ရောက်နေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ခက်လာနိုင်ပါတယ်” ဟု ပြောကြားသည်။မယ်လအုန်း ဒုက္ခသည်စခန်းမှ အိမ်ရှင်မတဦးက ဒုက္ခသည်စခန်းတွင် ဝါး၊ သစ်နှင့် သက်ငယ် ဓနိများ ယခုနှစ်အတွက် လုံလောက်စွာ မရသဖြင့် နေအိမ်ကို မပြင်ဆင်နိုင်ကြောင်း ပြောသည်။TBBC အနေဖြင့် အကန့်အသတ်ဖြင့် ပေးဝေမည့် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို အလွန်အမင်း အကူအညီလိုအပ်နေသည့် ဒုက္ခသည်များထံ ရောက်ရှိရေးအတွက် ကြပ်မတ်ဖြန့်ဝေမည်ဟုလည်း သတင်းလွှာတွင် ဖော်ပြထားသည်။

လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

အောင်သက်ဝိုင်း , 06 January 2011
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် အတွင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုကာ လယ်မြေများ သိမ်းယူခဲ့သည့် အတွက် တောင်သူ လယ်သမား ၂၀၀ ကျော်တို့က သင်္ဃန်းကျွန်း မြို့နယ်ရှိ အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပြီး လယ်မြေများ ပြန်လည်ပေးအပ်ရန် တောင်းဆို ကြသည်။၂၀၀၈ ခုနှစ်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်များ အတွင်းရှိ ရွာပေါင်း ၇ ရွာ ကျော်မှ လယ်ယာမြေ ဧက ၅၅၀၀ ကျော်ကို စီးပွားရေးကုမ္ပဏီကြီး ၁၁ ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်ရမည်ဟု စစ်အစိုးရ ခေါင်းဆောင်များက အမိန့် ပေးခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမားများက စီးပွားရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကန်ထရိုက် စပါးစိုက်ပျိုးရေး လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ကြောင်း၊ သို့သော်လည်း ကုမ္ပဏီများက လယ်တဧကအတွက် ကျပ် ၅ သောင်းမှ ၁ သိန်း ထုတ်ပေးကာ လယ်ယာမြေများ ပြုပြင်မည်ဟုဆို၍ လယ်မြေများကို သိမ်းယူပြီး ဒေသခံ တောင်သူဦးကြီး များကို လယ်လုပ်ခွင့် မပေးတော့ကြောင်း သိရသည်။

“ကန်ထရိုက်လယ်ယာစနစ်နဲ့ လယ်လုပ်ရမယ်၊ လယ်တဧကကို စပါးတင်း ၁၀၀ ထွက်အောင် စိုက်ရမယ်။ လိုအပ်တဲ့ လယ်ထွန်စက်တို့ ဘာတို့ ပံ့ပိုးမယ်၊ ပြီးတော့ စိုက်ပျိုးစရိတ်အတွက် ၂ ကျပ်တိုးနဲ့ ငွေချေးပေးမယ် ဆိုပြီးပြောတယ်။ထွက်တဲ့ ဆန်စပါးကို ၆၀ ရာခိုင်နှုန်းကို ကုမ္ပဏီက ယူမယ်၊ ၄၀ ရာခိုင်နှုန်းကို လယ်သမားက ရမယ်ပေါ့။ ဒါပေမယ့် အမှန်တကယ်ကျတော့ လယ်သမားတွေကို ငွေပေးပြီး လယ်လုပ်ခွင့်မပေးတော့ဘူး။ ကျနော်တို့ လယ်သမားတွေက လယ်လုပ်ခွင့်မရတာ ၂ နှစ်ကျော်သွားပြီ။ ဒါကြောင့် ဆန္ဒပြတာပါ’’ ဟု ဆန္ဒပြတောင်သူတဦးက ပြောသည်။ကန်ထရိုက် လယ်ယာစနစ် အကောင်အထည်ဖော်မည်ဟု အကြောင်းပြ၍ လယ်မြေ သိမ်းယူသည့် စီးပွားရေး ကုမ္ပဏီများ ထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) လွှတ်တော် အမတ်များဖြစ်ကြသည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရွှေနဂါးမင်း ကုမ္ပဏီ၊ ဒေါက်တာခင်ရွှေ၏ ဇေကမ္ဘာကုမ္ပဏီ၊ဆန်ကုန်သည် ဦးအောင်သန်းဦး၏ ပင်လယ်ကိုးသွယ် ကုမ္ပဏီတို့ အပြင် ဦးတေဇ၏ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီ၊ ရွှေဟိန်းထက်ကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ၀န်းရံခ ကုမ္ပဏီ၊ ဂွတ်ဘရားသား ကုမ္ပဏီ၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပါဝင်ပြီး လယ်မြေ အသိမ်းခံခဲ့ရသော ကျေးရွာများထဲတွင် ညောင်ပင်ရွာ၊ လေးထောင့်ကန်၊ သုံးခွ၊ ရေကျော်၊ ထောင်ဗလုပ်၊ ဆစ်ပင်၊ အထက်ရွာ၊ အောက်ရွာ၊ တောင်သုံးလုံးတို့ ပါဝင်ကြောင်း သိရှိရသည်။

တချို့ လယ်ယာမြေများတွင် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည် ဖော်သော်လည်း လယ်သမားများ အရှုံး ပေါ်နေကြောင်း တောင်သူများက ပြောသည်။အရှေ့ပိုင်း ခရိုင်ရုံးရှေ့တွင် ဆန္ဒပြနေသော လယ်သမားများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်း ဖြစ်ပြီး အသိမ်းခံ လယ်မြေများ ပြန်လည်ရရှိရန် ဥပဒေ လမ်းကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဖိုးဖြူနှင့်အတူ လယ်သမားများ အရေး လိုက်ပါဆောင်ရွက်နေသူ တဦးက ဆိုသည်။“၁၉၇၅ ခုနှစ် လယ်ယာဥပဒေနဲ့ ကျနော်တို့ ဆောင်ရွက်မယ်။ ဥပဒေ ဘောင်ထဲက လုပ်သွားမယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စာတင်မယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနဲ့ မြေစာရင်းဌာနတွေကို စာတင်မယ်’’ ဟု လယ်သမားအရေး လိုက်ပါကူညီနေသူက ရှင်းပြသည်။ဆန္ဒပြ လယ်သမားတဦးက မိသားစု စားဝတ်နေရေးအတွက် လယ်သမားများ လယ်မြေ မဖြစ်မနေ ပြန်လည် ရရှိရန် လိုအပ်ကြောင်း ပြောသည်။“ဒီလယ်မြေမှာ လယ်လုပ်ခွင့်မရရင် ကျနော်တို့ မိသားစုငတ်ပြီ။ သူတို့ ကုမ္ပဏီတွေက ပေးထားတဲ့ ငွေပြန်ပေးမယ်။ ကျနော်တို့ လယ်ကို ကျနော်တို့ကို ပြန်ပေးပါ’’ ဟု ညောင်ပင်ရွာမှ အဆိုပါ လယ်သမားက ဆိုသည်။နံနက် ၁၀ နာရီကတည်းက သင်္ဃန်းကျွန်း အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လယ်သမားများထံသို့ နေ့လယ် ၁၂ နာရီခန့်တွင် သက်ဆိုင်ရာ အာဏာပိုင်များ ရောက်ရှိလာပြီး ပြဿနာကို ပြေလည်မှု ရရှိသည်အထိ ဖြေရှင်း ပေးမည်ဟု ဆိုကာ လူစုခွဲခိုင်းကြောင်း သိရှိရသည်။

ပြည်ပပို့ မြန်မာဆန် မကြာခဏ ပြန်ပို့ခံရ

မျိုးမောင် , 06 January 2011
ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် ယခု နှစ်ကုန်ပိုင်းတွင် တင်ပို့သည့်ဆန်များမှာ မကြာခဏပြန် ပို့ ခံရခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ပြောသည်။
Botahtaung-port

ဗိုလ်တထောင် ဆိပ်ကမ်းမှ ဆန် ကုန်တင်ကုန်ချ အလုပ်သမားများ။ (ဓာတ်ပုံ - AP)
အာဖရိကရှိ အိုင်ဗရီကို့စ် နိုင်ငံသို့တင်ပို့သော၂၅ မှတ်ဆန်(ကျိုးကြေသော ရာခိုင်နှုန်း၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်)တင် သင်္ဘော တစီးသည် အရည်အသွေးမမီသောကြောင့် ကမ်းကပ်ခွင့်မပေးသဖြင့် ဒီဇင်ဘာလ အတွင်းက ပြန်လှည့်ခဲ့ရကြောင်း ရန်ကုန်မြို့ဘုရင့်နောင် ဆန်ကုန်သည် တဦးက ပြောဆိုသည်။နိုဝင်ဘာလ အတွင်းကလည်း အရှေ့အလယ်ပိုင်း နိုင်ငံတနိုင်ငံသို့ တင်ပို့သော ၂၅ မှတ် ဆန် တန်ချိန် ၆၀၀၀ မှာ အရည်အသွေးမမီသခြင့် ၀ယ်ယူခြင်းမပြုခဲ့ကြောင်း ရန်ကုန်မှ တခြားသော ဆန်ကုန်သည် တဦးကလည်း ပြောသည်။

“အာရပ်ကိုသွားတဲ့ ဆန်ကတော့ ပြန်ညှိလို့ရသွားတယ်လို့ ကြားတယ်။ နောက်ပိုင်း ဒီလိုမျိုးဖြစ်တာတွေ များလာတယ်”ဟု ၎င်းက ဆိုသည်။ပြည်ပသို့ တင်ပို့သော မြန်မာဆန် အများစုမှာ ၂၅ မှတ်ဆန် ဖြစ်ကြောင်း သိရသည်။ပြည်တွင်း ဆန်ဈေးကွက်ကိုသာ အဓိက ရောင်းဝယ်သော ရန်ကုန်ဆန်ကုန်သည် တဦးကလည်း ပြည်ပပို့ ဆန်ကုန်သည်များမှာ ပြည်တွင်း ဆန်ပေါက်ဈေးကြောင့် ဈေးမကိုက်သဖြင့် ဆန်ကို အရောအနှောထည့်သွင်းမှု ပြုလုပ်ခြင်းများပြားလာရာမှာ တဆင့် ထိုသို့ဖြစ်လာဖွယ်ရှိကြောင်း ပြောဆိုသည်။

“အခုက ပို့ဖို့အတွက် ဆန်အဟောင်းကို ၀ယ်တယ်။ ပြီးရင် အကျိုးရောရင် ဆန်အသစ်နဲ့ ရောတယ်။ ဒီတော့ အစိုဓာတ်က မတူ တော့ဘူး။ ဒါကို သင်္ဘောတင်တဲ့ အချိန်ကျတော့ လမ်းမှာ မှိုတက်ရော”ဟု မြန်မာ ဆန်စပါးဈေးကွက်တွင် ရိတ်သိမ်းချိန်လွန် ပညာနှင့် ပတ်သက်၍ အထူးပြုလေ့လာနေသူ တဦးက ပြောသည်။ပြည်တွင်း ဆန်ဈေးမှာ ဘုရင့်နောင် ဈေးကွက်၌ ဆန်သစ်မပေါ်မီ၂၅ မှတ် ဆန် တတန် လျင် ကျပ် ၂ သိန်း ၉ သောင်း ရှိပြီး ဆန်သစ် ပေါ်ပြီး ယမန်နေ့ကဈေးမှာ ကျပ်၂ သိန်း ၇ သောင်းရှိကြောင်း၊ Export (ပြည်ပပို့) ဆန် ဈေး တတန်ကို ဒေါ်လာ ၃၉၀ ၀န်းကျင် (ကျပ် ၃ သန်း ၉ သောင်းခန့်)ရှိကြောင်း သိရသည်။

ပြည်ပ တင်ပို့မည့် ဆန်ကို အရည်အသွေးစစ်ဆေးနိုင်သော လက်မှတ်ရ ကုမ္ပဏီများတွင် စစ်ဆေးတင်ပြ ထောက်ခံချက် ရယူပြီးမှ တင်ပို့ရခြင်းဖြစ်ကြောင်း၊ မြန်မာ ပို့ကုန် ဆန်များကို ဆွန်ဇာလန်နိုင်ငံ အခြေစိုက် အရည်အသွေး စိစစ်ရေးအဖွဲ့ SGS က အများဆုံး စစ်ဆေးပေးခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ ထိုသို့ တင်ပို့ရသော်လည်း တနည်းနည်းဖြင့် အရည်အသွေးမီ ကြောင်း ထောက်ခံချက်ရရှိရန် ကြိုးစားကြလေ့ ရှိကြောင်းလည်း သိရသည်။“ဒီက ကုန်သည်တွေက ပူးပေါင်းတာကို အင်မတန်ကျွမ်းကျင်တာကိုး။ အဓိက အရည်အသွေးညံ့လို့ ပြဿနာဖြစ်နေတာ”ဟု ၀ါရင့် ဆန်ကုန်သည် တဦးက ဆိုသည်။၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဂါနာနိုင်ငံသို့ တင်ပို့သော၂၅ မှတ်ဆန် တန်ချိန် ၁၅၀၀၀ ကျော်မှာ အရည်အသွေး မမီ ဟု ဆိုကာ ငြင်းပယ်ခံခဲ့ရပြီး တရားစွဲဆို ရင်ဆိုင်ရန် အထိဖြစ်ခဲ့သေးသည်။

ယခုနှစ်တွင် စပါးရိတ်သိမ်းချိန်၌ မြန်မာနိုင်ငံအနှံ့ အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်း၊ နှင်းများ လွန်စွာကျဆင်းခဲ့ခြင်းများကြောင့် စပါး အလေအလွင့်များနိုင်ပြီး စပါးထွက်နှုန်း ကျဆင်းနိုင်ကြောင်း ပြည်တွင်း ဆန်စပါး သုတေသီတဦးက ခန့်မှန်းသည်။ဆန်တင်ပို့မှုနည်းပါးခြင်း၊ ဆန်အသစ်များ ဈေးကွက်အတွင်း ၀င်ရောက်လာခြင်းတို့ကြောင့် ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်ကြမ်း ဈေးနှုန်းမှာ လတ်တလေကျဆင်းနေကြောင်း ဆန်ကုန်သည်များက ဆိုကြသည်။၂၀၁၀ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလ အကြား ဆန်တန်ချိန် ၃ သိန်းနီးပါး တင်ပိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နအဖ စစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ်

ခင်ဦးသာ , 06 January 2011
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ စစ်တပ်တို့ ဇန်န၀ါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ စစ်တပ်မှ ၄ ဦးကျဆုံးခဲ့ပြီး ALA မှ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝ မြို့နယ်၌ အခြေစိုက်ကာ နယ်စပ် တလျောက်လှုပ်ရှားနေသော နအဖ၏ ခလရ ၅၅ တပ် မှတပ်သားအင်အား ၃၀ ၀န်းကျင်နှင့် ALA တပ်သားအင်အား ၄၀ ၀န်းကျင်တို့သည် ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အပြန်အလှန်ပစ်ခတ်ခဲ့ ကြကြောင်း၊ ALA က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ALA အဖွဲ့ဝင် တဦးကပြောသည်။၁ နာရီနီးပါး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နအဖ ဘက်မှ တပ်အင်အားများ တိုးချဲ့ကာ ထိုးစစ်ဆင် တိုက်ခိုက်လာ၍ ALA က နောက်ဆုတ် လိုက်ရကြောင်း၊ နအဖ၏ စစ်စခန်း အားလုံးနီးပါး ပျက်စီးသွားပြီး ALA ဘက်ကလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်သည် နေ့ခင်းဘက်ဖြစ်၍ နအဖ စစ်တပ်ဘက်မှ သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၂ ဦး ဆိုသည်ကို အတိအကျ ပြောဆိုနိုင်ခြင်းဖြစ်ကြောင်း၊ ALA တပ်မှ သေဆုံးသွားသူ ရဲဘော်မှာ ခိုင်မြ၀င်း ဖြစ်ကြောင်း ALA ဗဟို အဖွဲ့ဝင် တဦးဖြစ်သူ ကိုသုခက ဧရာဝတီကို ပြောသည်။“ဒီနှစ်အတွင်းမှာ တိုက်ခိုက်မှုတွေကို ပြောက်ကျားစနစ်နဲ့ အရှိန်မြှင့် လုပ်ဆောင်သွားမှာပါ။ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေး ရတဲ့အချိန်ထိပေါ့” ဟု ကိုသုခက ပြောဆိုသည်။ရခိုင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင် စနစ် ပပျောက်ရေး၊ ကိုယ်ပိုင်လွတ်လပ်ရေး၊ တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။ဇန်န၀ါရီလ ၃ ရက်နေ့တွင် တိုက်ခိုက်ရခြင်းမှာ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးသည် စစ်အစိုးရ အတွက်သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေးမရသေး၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုတိုက်ပွဲသည် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) နှင့်နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ပထမဆုံးဖြစ်ပွားသော တိုက်ပွဲ တခုဖြစ်ပြီး တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ALA အဖွဲ့ဝင်က ဆိုသည်။၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း နအဖ တပ်ဖွဲ့နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ALA အား ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။နအဖ စစ်အစိုးရတပ်များနှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ခိုက်မှု သည် ၂၀၁၀ ခုနှစ် နှောင်း ပိုင်းတွင် ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။ နအဖ စစ်တပ်နှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA တပ်ဖွဲ့တို့ အကြား တိုက်ခတ်မှု သည် ဆက်တိုက် ဖြစ်ပွား နေပြီး ယခု ရက်ပိုင်းတွင် ပိုမို ပြင်းထန်လျက် ရှိသည်။

၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

လွင်ကို , 06 January 2011
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ချပေးထားသော ကျပ် ၅ သိန်းတန် CDMA ဖုန်းများကို အင်တာနက်ပါ အသုံးပြုနိုင်ရန် လာမည့် ၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပြင်ဦးလွင် ICT ပြပွဲ၌ SIM ကတ်များအား လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Showing-how-McWill-connect-to-Internet-Eleven-Media-Group

၅ သိန်းတန် CDMA ဖုန်းဖြင့် အင်တာနက် အသုံးပြုပုံ သရုပ်ပြနေစဉ် (ဓာတ်ပုံ - Eleven Media)
လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ CDMA 800 MHz၊ 450 MHz စနစ်များ ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်မည့် McWill ဖုန်းမှာ CDMA 400 Mhz ဖြစ်ကြောင်း၊ အဆိုပါ ဖုန်း စတင်ရောင်းချသည့် ဇန်နဝါရီလ ၈ ရက်နေ့တွင်ပင် အင်တာနက် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အင်တာနက်ပါ သုံးချင်တဲ့သူက SIM ကတ် လဲဖို့ လိုမယ်။ ကျပ် ၃ သောင်းလောက် ထပ်သွင်းရမယ်။ ပြင်ဦးလွင် IT ပွဲမှာ စလဲပေးမယ်” ဟု ကျပ် ၅ သိန်းတန်ဖုန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ရောင်းချနေသည့် ဦးတေဇ၏ E-lite Tech ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

SIM ကတ်အစား အင်တာနက်အသုံးပြုနိုင်ရန် UID ကတ် လဲလှယ်ရမည်ဟု အင်တာနက် ဂျာနယ်တွင် ရေးသားထားသည်။ အဆိုပါ ကတ်များကို ကျပ် ၅ သိန်းတန် ဖုန်း သုံးသူများအတွက် အကန့်အသတ်မရှိ လဲပေးသွားမည်ဟုလည်း သိရသည်။
နဝမ အကြိမ်မြောက် ကျင်းပမည့် မြန်မာ ICT ပြပွဲတွင် အင်တာနက်ပါ အသုံးပြုနိုင်မည့် McWill မိုဘိုင်းဖုန်းများကို ပွဲတော်ရက်အတွင်း ရောင်းချပေးမည့် သတင်းကြောင့် တခြားမြို့ကြီးများမှ သွားရောက်ဝယ်ယူရန် စိတ်ဝင်စားသူ များပြားလျက် ရှိနေသည်။

400 MHz စနစ်ဖြင့် အသုံးပြုနိုင်မည့် 3.5 G အမျိုးအစား McWill မိုဘိုင်းဖုန်းများကို ပြင်ဦးလွင်မြို့ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် ICT ပွဲတော်၌ အလုံးရေ ၆၀၀၀ စတင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ McWill စီမံကိန်း မန်နေဂျာက ပြောသည်။
McWill ဖုန်းအတွက် ဟန်းဆက်မှာ လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသော 800 Mhz, 450 MHz ဖုန်းများ ကဲ့သို့ပင် တရုတ်ပြည်မှ ထုတ်လုပ်သည့် ဟန်းဆက်ဖြစ်ပြီး ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အင်တာနက် သုံးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဟန်းဆက်ကို USB ကဲ့သို့ အသုံးပြု တပ်ဆင် ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

“သူ့ ဟန်းဆက်မှာက Screen မပါပါဘူး။ ဖုန်းမှာ အင်တာနက် သုံးလို့ မရဘူးပေါ့။ ကွန်ပျူတာမှာ USB ပုံစံ တပ်ပြီး သုံးရမှာပါ” ဟု သူက ရှင်းပြသည်။အင်တာနက်မြန်နှုန်း အနေဖြင့် 128KB, 256KB, 512KB နှင့် 1M ဟူ၍ ၄ မျိုး ခွဲခြားပေးထားကာ ဈေးနှုန်းကွာခြားမည် ဖြစ်သည်။McWill ဖုန်းများကို မိုဘိုင်းဖုန်းအဖြစ်သာ သီးသန့်အသုံးပြုမည်ဆိုပါက ကျပ် ၄၅၀၀၀၀ သာ ပေးသွင်းရမည်ဖြစ်ပြီး အင်တာနက်ပါ အသုံးပြုမည်ဆိုပါက ကျပ် ၅ သိန်း ပေးသွင်းရမည်ဟု Eleven media တွင် ရေးသားထားသည်။အင်တာနက် အသုံးပြုခ အနေဖြင့် 128KB အတွက် တနာရီ ကျပ် ၁၂၀၊ 256KB အတွက် တနာရီ ကျပ် ၁၈၀၊ 512KB အတွက် တနာရီ ကျပ် ၃၆၀၊ 1M အတွက် တနာရီ ကျပ် ၄၈၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။“ရောင်းမှာကတော့ အလုံး ၆၀၀၀ ပဲ။ ဒါပေမယ့် ဖုန်းဆိုင်တွေ၊ ပွဲစားတွေ၊ အဆက်အသွယ် ရှိတဲ့သူတွေ ဒီပွဲ သွားမှာဆိုတော့ တကယ် သုံးမယ့်လူ လက်ထဲ အမှန်တကယ် မရောက်နိုင်ဘူး” ဟု McWill စီမံကိန်းမန်နေဂျာက ဆိုသည်။

McWill ဖုန်းအတွက် Prepaid ကတ်များကို ကျပ် ၁ သောင်း၊ ကျပ် ၂ သောင်း၊ ကျပ် ၃ သောင်း၊ FEC 20၊ FEC 50 ဟူ၍ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ခေါ်ဆိုမှုအတွက် FEC ၂၀ တန်၊ ၅၀ တန် Prepaid ကတ်များ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ယခုလက်ရှိတွင် ကျပ် ၅ သိန်းဖုန်းများထဲ၌ CDMA 800MHz, CDMA 450MHz ဟူ၍ ကွဲပြားနေပြီး ယခုအခါ 400 MHz တမျိုး ထပ်မံ ရောင်းချလျှင် အမျိုးအစား ၃ မျိုး ရှိလာမည်ဖြစ်သည်။ ဟန်းဆက် တခုတည်းကို CDMA 800MHz နှင့် CDMA 450MHz အမျိုးအစား SIM ကတ်များ လဲလှယ်သုံးစွဲပါက SIM ကတ် ကြောင်သည့် ပြဿနာများ ဖြစ်တတ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များတွင် ရေးသားထားသည်ကို တွေ့ရသည်။

“ဖုန်းလိုင်းတွေက အမျိုးမျိုးပေါ်နေတာ။ အခု ကျမကိုင်ထားတဲ့ GSM က အရင်လတွေတုန်းက အင်တာနက်သုံးလို့ ရတော့မယ်လိုလို ဘာလိုလိုနဲ့၊ အခု မရတော့ပြန်ဘူး။ ၅ သိန်းဖုန်းတွေက အင်တာနက် သုံးလို့ ရမယ်ဆိုတော့ G ဈေးတွေ ကျပ် ၈ သိန်းအောက် ကျဖို့ရှိနေတယ်” ဟု GSM အသုံးပြုနေသော ရန်ကုန်မြိုခံ တဦးကဆိုသည်။
ကျပ် ၅ သိန်းတန် ဖုန်းများကဲ့သို့ပင် GSM ဖုန်းများကိုလည်း အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း၊ မကြာခင် ရလာမည်ဟု မျှော်လင့်ရကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ တာဝန်ရှိသူကပြောသည်။ပြင်ဦးလွင် ရတနာပုံ ဆိုက်ဘာစီးတီးတွင် ကျင်းပမည့် ICT ပြပွဲ၌ အင်တာနက် သုံးနိုင်ရန် ယခင် ရောင်းချပေးထားသော ကျပ် ၅ သိန်းတန် ဖုန်းများကို SIM Card များလဲလှယ်ပေးမည်ဆိုခြင်း၊ McWill ဖုန်းများစတင်ရောင်ချမည့် ဆိုခြင်းတို့ကြောင့် လူအများ စိတ်ဝင်တစား လာရောက်ကြည့်ရှုနိုင်ကြောင်း IT ပညာရှင် တဦးက ဆိုသည်။

“၂၀၀၈ က ဒီမှာ ICT ပွဲ စလုပ်တယ်။ ၂၀၀၉ ကျတော့ လူအ၀င်နည်းတယ်။ ဒီနှစ်တော့ လူစည်ကားအောင် ထူးထူး ခြားခြားလေးတွေ လုပ်တာပါ” ဟု ၎င်းကပြောသည်။
McWill ဖုန်းနံပါတ်များမှာ ရန်ကုန်တိုင်းအတွက် ၀၁၀၂၊ ၀၁၀၃ စသဖြင့် အစပြုမည်ဖြစ်ပြီး မန္တလေးတိုင်းအတွက် ၀၁၀၄၊ ၀၁၀၅ စသော နံပါတ်များဖြင့် အစပြုချထား ပေးမည် ဖြစ်ကြောင်း သိရသည်။ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ မြန်မာပြည်တွင် မိုဘိုင်းဖုန်းစနစ် အနေဖြင့် GSM နှင့် CDMA ဟူ၍ နှစ်မျိုးကွဲပြားနေပြီး လတ်တလော CDMA ဖုန်းများမှာ ဈေးနှုန်း ပိုမိုသက်သာသောကြောင့် လူကြိုက်များလျက်ရှိသည်။ သို့ရာတွင် CDMA ဖုန်းမှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟန်းဆက် တမျိုးတည်းဖြင့်သာ အသုံးပြုနိုင်သောကြောင့် ငွေကြေးတတ်နိုင်သူများက ကမ္ဘာ အရပ်ရပ်တွင် အသုံးပြုနေသည့် GSM စနစ်ကိုသာ သုံးကြသည်။

ရေဘဲလေးတို့ ပျော်စံရာ -


“မင်းအဖေကဘာအလုပ် လုပ်သလဲ”
“ရေတပ်ကပါ ဆရာမ”
“ဒါဆိုရင် မင်းတို့မိသားစု ထောမှာပေါ့။ ဆရာမတို့လမ်း ထဲက ရေတပ်မိသားစုဆို ပိုက်ဆံတွေအရမ်းရတာ”
“ဒါပေမယ့် ကျနော့အဖေက…”
“ဆရာမ သိပါတယ်ကွာ လျှိုမနေပါနဲ့ ဆရာမပြောတဲ့ မိသားစုဆို သူ့ယောက်ျားသဘောင်္ဝင်လာရင် ပစ္စည်း တွေဝယ်လိုက် ခြမ်းလိုက်တာ စုံနေတာပဲ။ မင်းကျတော့ လည်း ခပ်နွမ်းနွမ်းရယ်။ အိမ်ကဝယ်မပေးဘူးလား။ ဒါမှ မဟုတ်မင်းအဖေက လောင်းကစားလုပ်လို့ရတဲ့ ပိုက်ဆံ တွေကုန်သွားတာလား”
ကျနော့်သားလေး ကျောင်းမှာကြုံတွေ့ရတဲ့ အဖြစ်အပျက်ကလေးကို သူပြန်ပြောလို့ သိရတော့ ကျနော် ပြုံးမိပါတယ်။ ဒီ လို အထင်အမြင်တွေ အပြောအဆိုမျိုးတွေကို မကြာခဏကြုံတွေ့ဖူးလို့ပါ။ အရပ်ထဲကလူတွေ မပြောနဲ့ စစ်သားအချင်း ချင်းတောင် ရေတပ်ကလူတွေကို အထင်ကြီးတတ်ပါတယ်။ ကြည်းတပ်သင်တန်းကျောင်းတွေမှာ သင်တန်းသွားတက် ရတဲ့အခါ သင်တန်းဆရာအများစုက ကျနော်တို့ကို တလေးတစား ဆက်ဆံကြပါတယ်။

“ကိုရေ”
“ရေဆရာ”တဲ့။
အဲဒီအသုံးအနှုန်းရဲ့နောက်ကွယ်မှာ ကပ်ပါလာတဲ့ အဓိပ္ပါယ်တရပ်ကတော့ “သင်တန်းကို ရေ (ငွေ) ဘယ်လောက်ပါ လာသလဲ” ဆိုတဲ့ သဘောပါ။
ဂျိုးဖြူ၊ တိုင်းဗဟိုလေ့ကျင့်ရေး ကျောင်းမှာအကြပ်ကြီးသင်တန်း တက်ပြီးပြန်လာတဲ့ သူငယ်ချင်းတယောက် ပြောတာ က “စစ်သင်တန်း မဟုတ်ဘူးကွ လုပ်အားပေးသင်တန်း ဝါးခုတ်ရတယ်။ ထင်းခုတ်ရတယ်။ သီဟိုဠ်စေ့ကောက်ပေးရ တယ်။ ရေမပါလို့ကတော့ အသေနာပြီမှတ်” တဲ့။ပိုက်ဆံမရှိတဲ့ သူဆိုရင် သင်တန်းဆရာက “ရေဘဲ” လို့ခေါ်တယ်။ “ကိုရေ” အခေါ်မခံရမှာစိုးလို့ အကြွေးတင်ခံပြီး သင် တန်းသွားတက်တဲ့ လူတွေလည်းရှိတယ်။ ရေတပ်သားတို့ရဲ့ တလွဲမာနလို့ပြောရမှာပေါ့။
ဒီနေရာမှာအခွင့်ကြုံလို့ ရေတပ်ထောက်လှမ်းရေးတပ်က ဒုတပ်ကြပ်တဦးရဲ့ သင်တန်းကုန်ကျစရိတ်အကြောင်း နည်း နည်းလောက် ပြောပြချင်ပါတယ်။ သူက မင်္ဂလာဒုံဗဟိုထောက်လှမ်းရေးတပ် (ဗထလ) မှာ တိုက်ပွဲထောက်လှမ်းရေးအ ကြပ် သင်တန်းတက်ခဲ့တာ။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သင်တန်းပါပဲ။ သူသင်တန်းသွားကာနီးတော့ သူ့တပ်မှူး ကပြောတယ်၊

“မင်းသင်တန်းမှာ စံပြကျောင်းသားဆုရအောင် ယူနိုင်ရင် မင်းကိုလက်ရှိခွင်မှာ ခြောက်လဆက်ပြီးထားမယ်။ ငါပြောတဲ့ အတိုင်းမဖြစ်ရင်တော့ မင်းထိုက်နဲ့မင်းကံပဲ” တဲ့။
သူကလည်း သူ့တပ်မှူးမျက်နှာရအောင် ကြိုးစားပေး ခဲ့ပါတယ်။ သုံးလကြာတဲ့သင်တန်းကို ငွေသိန်း (၃ဝ) လောက် ရင်း လိုက်ရတယ်။ ဒါပေမယ့် သူတာဝန်ကျတဲ့ ခွင်က တလကို သူ့အတွက်သိန်း (၆ဝ) လောက်ရတယ်ဆိုပဲ။ သူကိုယ် တိုင် ပြောပြတာ။ ဒီလိုဆိုတော့လည်း ရေတပ်သားတွေကို အထင်ကြီးကြတာသိပ်မဆန်းဘူးလို့ ထင်မိတယ်။
တတ်နိုင်သူတွေက အဲဒီလိုဖြုန်းသွားတော့ နောက်လူတွေအခက်ကြုံတွေ့ ကြရတယ်။ အရာရှိသင်တန်းတွေမှာလည်း ဒီ လိုပါပဲ။ တပ်ခွဲမှူးသင်တန်း၊ တပ်းရင်းမှူးသင်တန်း၊ ဥစတသင်တန်းတွေမှာ ဒုမှူးကြီး မိုးအောင်နဲ့ ဗိုလ်မှူးပြည်အောင်တို့ ညီအစ်ကို ဖြုန်းသွားချက်က အာမီအရာရှိတွေတောင် လက်ဖျားခါရတယ်။ ရေတပ်မှာလည်း မိုးအောင်၊ ပြည်အောင် တို့ခေတ်ဆိုတာ ခုကတည်းက လူပြောများနေတော့ သူတို့ညီအစ်ကိုသာ ရေတပ်ကိုဦး ဆောင်သွားရင် ဘယ်လိုဖြစ် လာမလဲ တွေးကြည့်မိတယ်။

ရေတပ်မှာဝင်ငွေဖြောင့်ပြီး အဆင်ပြေနေတဲ့ အရာရှိငယ်တွေနဲ့ အခြားအဆင့်မိသားစု တွေရှိပါတယ်။ အရာရှိကြီးတွေ ကိုတော့ ကျနော်မပြောလိုပါ။ သူတို့အဆင့်မှာက ရိုးသားပါတယ်ဆိုသော သူများပင် သူ့အကြောင်းနဲ့ သူ ဆင်ပိန်ကျွဲ လောက် တော့ရှိနေတတ်ကြပါတယ်။ စစ်သည်တွေအတွက်ကတော့ လစာနဲ့ရိက္ခာ (တချို့တပ်တွေဌာနတွေမှာ သီး ခြားထောက်ပံ့ မှုတွေရှိပါတယ်) ကလွဲပြီး အပိုဝင်ငွေရတယ်ဆိုတာက အနည်းစုအတွက် အခွင့်အရေးပါ။ စက်သုံးဆီ တာဝန်ခံတွေ၊ ရိက္ခာ တာဝန်ခံတွေ၊ အခြားစတိုတာဝန်ခံတွေ အဆင်ပြေကြတာများးပါတယ်။ အခြားနည်းအခြားဟန်နဲ့ အဆင်ပြေသူအချို့ လည်း ရှိပါတယ်။ တလောက ကျနော့ လုပ်ဖော်ကိုင်ဖက်တဦး ထောက်ပြသလို တပ်သားသစ် စု ဆောင်းရေးတာဝန်ခံ Hand Phone ကိုင်နိုင်တာမျိုးပေါ့။ သူတို့ကတပ်မှူးနဲ့ ရဲဘော်သစ်ကြားမှာ လုပ်စားကြတာလေ။

ဒါပေမယ့် ပြည်သူလူထုအကြားမှာ ရေပန်းစားနာမည်ကြီးနေတာက စစ်သင်္ဘောတွေ ပုဂ္ဂလိက လှေ၊ သင်္ဘောများထံမှ စက်သုံးဆီနဲ့၊ ငွေတောင်းခံနေခြင်း ကိစ္စ။ ဒီအကြောင်း တွေရေးသားတင်ပြဖို့ ကျနော်စဉ်းစားခဲ့ တာကြာပါပြီ။ ရေတပ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ အကြားရဆုံးကလည်း ဒီကိစ္စပဲမဟုတ်လား။တကယ်တော့ ရေတပ်စစ်သင်္ဘောတွေ ဆီတောင်းတယ်ဆိုတဲ့ ကိစ္စခေတ်စားလာတာ ဆယ်နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ဒါကလည်း စစ်အစိုးရရဲ့ပုံမကျ ပန်းမကျ ဈေးကွက်စီးပွားရေး စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောရင်ရပါ တယ်။ အရင်တုန်းက စစ်သင်္ဘောတွေက စက်မောင်းလို့ပိုတဲ့ ဆီကိုရောက်ရာဒေသမှာ ကြက်သား၊ ဝက်သား၊ အသီး အရွက်စတဲ့ စားစရာတွေနဲ့ လဲလှယ်ကြပါတယ်။ ကိုကွန်းကျွန်းရောက်ရင် အုန်းသီး၊ ပျားရည်၊ ဒေသထွက် အသုံးအ ဆောင် ပစ္စည်းတွေ နဲ့ လဲလှယ်ပါတယ်။ ကမ်းရိုးတန်းတလျှောက်မှာ နေတဲ့ပြည်သူတွေသိပါတယ်။

မဆလ ခေတ်က ရေတပ်သားတွေဝင်ငွေဖြောင့်တယ်ဆိုတာ မှောင်ခိုစက်လှေတွေ၊ ထိုင်းငါးခိုးလှေတွေ ဖမ်းလို့ရတာ ပါ။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်စီးပွားရေး လီမီတက်မှာ ရေတပ်ကဖမ်းဆီးပေးထားတဲ့ ထိုင်းငါးဖမ်း လှေ အစီးပေါင်း (၃ဝဝ) ထက်မနည်းရှိပါတယ်။ စစ်သင်္ဘောနဲ့ ဆန်မှောင်ခိုသယ်လို့ ထောင်ကျသွားတဲ့စစ်ရေယာဉ်မှူး အချို့ လည်း ရှိပါတယ်။ (ဥပမာ- ၉ဝ၁ စစ်ရေယာဉ်မှူး ဗိုလ်မှူးဖုန်းမြင့်) မဆလခေတ်မှာဆန်ကို ကန့်သတ်ကုန်ပစ္စည်း သတ်မှတ်လိုက်တော့ သူကစစ်သည် တွေရှယ်ယာထည့်စေပြီး တနေရာမှတနေရာ ဆန်သယ်ရောင်းတုန်း ထောက် လှမ်းရေးက ဖမ်းလိုက်တာ။ မှောင်ခိုလှေဖမ်းတဲ့ ကိစ္စမှာသင်္ဘောတစီးလုံး၊ စခန်းတခုလုံး ပြုတ်တဲ့ ကိစ္စတွေလည်း ရှိခဲ့ ဖူးပါတယ်။ (ဥပမာ-တောင်ပင်လယ်ပြဿနာ၊ စစ်ရေယာဉ်-၄၂၂ ပြဿနာ)။

နဝတ ခေတ်ရောက်လာတော့ ဈေးကွက်စီးပွားရေး စနစ်ကိုအကောင်အထည်ဖော်ရင်း ပြည်တွင်းပြည်ပ ရေလုပ်ငန်းရှင် တွေ လုပ်ခွင့်ရလာတယ်။ စစ်ခေါင်းဆောင်ကြီးတွေနဲ့နီးစပ် သူတွေရေလုပ်ငန်း လုပ်ကိုင်လာကြတယ်။ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကိုရောက်လာတဲ့အခါ စစ်သင်္ဘောတွေနဲ့ ထိတွေ့ဆက်ဆံရတယ်။ ရေလုပ်ငန်းဥပဒေအရ အကျိုစီးပွား ညှိ တာတွေလည်းရှိလာတယ်။ ရေလုပ်ငန်း ကုမ္ပဏီတိုင်းက စစ်သင်္ဘောတွေကို အရေးတယူဆက်ဆံတာတော့ မဟုတ်ပါ ဘူး။ (အဏ္ဏဝါလွှမ်း ကုမ္ပဏီိ၊ ယုဇနကုမ္ပဏီပိုင်လှေတွေကို စစ်ရေယာဉ်တွေက သတိထားဆက်ဆံတယ်။ တရုတ်ပိုင် ယန်း ဘရားသားကုမ္ပဏီဆိုရင် မစစ်ဆေးဝံ့ဘူး)။ ဒီဘက်ခေတ်မှာ ပီနံဘုတ်လို့ခေါ်တဲ့မှောင်ခို စက်လှေတွေကို သိပ်မဖမ်းကြ တော့ဘူး။ ဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သက်နေတာများလို့။ ပြောရမယ်ဆိုရင်တော့အများကြီးပဲ။ ဦးဝင်းဖေ တို့၊ ဒေါ်မာမာအေး တို့ အရှုံးပေးလောက်တယ်။

စစ်ရေယာဉ်တွေ ဆီတောင်းတယ်ဆိုတာက ဆီးဈေးကောင်းလို့ ဆီရောင်စားဖို့ စိတ်ဝင်စားတာ သက်သက်မဟုတ်ပါ ဘူး။ စစ်ရေယာဉ်ပြင်ဆင်စရိတ်နဲ့ အခြားစရိတ်တွေကြောင့်လည်းပါပါတယ်။ နှစ်စဉ်စစ်ရေယာဉ် ပြင်ဆင်စရိတ်ဟာ စစ် ရုံးက ခွင့်ပြုချမှတ်ငွေနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ပြင်ဆင်စရိတ်ရဲ့ တဆယ်ရာခိုင်နှုန်းလောက်ပဲ စစ်ရုံးကသတ် မှတ်ပေးတာပါ။ ဒါကြောင့်မို့ ရေယာဉ်ပြင်ဆင်ချိန်နီးရင် “ဒေါက်ကြေး” ရှာဖို့ စစ်ဆင်ရေးထွက်မိန့်ကို ကက (ရေ) က ခွင့်ပြုပေးပါ တယ်။ တခါကတော့ စစ်ရေယာဉ်- ၅၅၆ နဲ့ ၅၅၇ တပ်တော်ဝင်အခမ်းအနား ကုန်ကျစရိတ်အတွက်ဆိုပြီး စစ်ဆင်ရေး ထွက်သွားတဲ့ စစ်ရေယာဉ် တစီးကို ကြုံရဖူးပါတယ်။ ပုံမှန်စစ်ဆင်ရေး တာဝန်တွေကတော့ ရေနံစင်လုံခြုံ ရေးများနဲ့ ပင်လယ်ရေပိုင်နက်လုံခြုံရေးပါပဲ။

စစ်ရေယာဉ်တွေ ပင်လယ်ထွက်ရတဲ့အခါ စစ်သည်တွေပျော်ပါတယ်။ ကိုယ့်အတွက်အနည်းနဲ့ အများဆိုသလို ပိုက်ဆံရ မှာမို့ပါ။ ပင်လယ်ပြင်ရောက်တဲ့ အခါစက်ရှိန်ကောင်းတဲ့ သင်္ဘောတွေက ဆီတောင်းတာအပြင် ထိုင်းငါခိုးလှေဖမ်းဖို့ ကြိုးစားကြပါတယ်။ စက်သိပ်မကောင်းတဲ့ သင်္ဘောတွေကတော့ “စစ်တောင်း” လုပ်ဖို့ပဲ စိတ်ဝင်စားရပါတယ်။ “စစ် တောင်း” လုပ်ရာမှာ ငါးလှေလုပ်သားတွေနဲ့ အပြန်အလှန် အပေးအယူ လုပ်သူရှိသလို အနိုင်ကျင့်ဗိုလ်ကျသူတွေ လည်း ရှိပါတယ်။ အပေးအယူဆိုတာက ငါးမဖမ်းရ သတ်မှတ်ထားတဲ့နေရာတွေ မှာဖမ်းခွင့်ပြုဖို့ ညှိနှိုင်းတာပါ။ ပင် လယ်ပြင်ရောက် စစ်သင်္ဘောအများစုက ဝါးလတ်၊ ဝါးတန်း စတဲ့ ငါးဖမ်းလှေကြီးတွေကိုသာ ဆီတောင်းပြီး အများအား ဖြင့် ပိုက်ကြီးလှေလို့ခေါ်တဲ့ လှေငယ်တွေကို ဆီတောင်းလေ့မရှိပါ။ တောရိုင်းဥပဒေလိုပဲ ပင်လယ်ပြင်ရဲ့ ဥပဒေဆိုတာ ကလည်း တော်တော်ရှုပ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေ ပိုသိပါလိမ့်မယ်။

ရေတပ်စစ်သည်တွေဟာ အတန်းပညာအရည်အချင်းအလိုက် Group A,B,C သုံးခုရှိပြီး ရေတပ်နဲ့ဆိုင်တဲ့ ပညာရပ်အ လိုက်အုပ်စု (၅ဝ) ကျော်ရှိပါတယ်။ အဲဒီအထဲမှာမှ သင်္ဘောဆင်းလို့ရတဲ့အုပ်စုက အနည်းအကျဉ်းပဲရှိတာပါ။ ဒါကြာင့် ရေတပ်မှာ တာဝန်ထမ်းဆောင်တိုင်း ပင်လယ်ပြင်အတွေ့အကြုံရှိတာ မဟုတ်ပါဘူး။ နောက်ပြီး စစ်ရေယာဉ်မှူးတိုင်း လည်း ဆီတောင်းစားသူတွေ မဟုတ်ပါဘူး။ စစ်သည်တွေ နားပူနားဆာလုပ်လွန်းလို့ စစ်သည်တွေ့ရဲ့ ဆန္ဒကို လိုက် လျောလုပ် ကိုင်ပေးရင်း ပြဿနာဖြစ် ထောင်ကျသွားတဲ့ စစ်ရေယာဉ်မှူးအချို့ ရှိပါတယ်။ (ဥပမာ-စစ်ရေယာဉ် “ဓူဝံ” စစ်ရေယာဉ်မှူး၊ ဒုဗိုလ်မှူးကြီး မျိုးသန့်)။ စစ်သည်တွေကတော့ မပြေလည်တဲ့ မိသားစုအတွက်...
အပြည့် အစုံ သို့ 

ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁) မိန့်ခွန်းအပြည့်အစုံ


ကျွန်မတို့ရဲ့ လွတ်လပ်ရေးပွဲတော်ကို လာပြီးတော့အားပေးချီးမြှင့်သူအားလုံးကို ကျေးဇူးတင်ပါ တယ်။ ကြိုဆိုပါတယ်။ လွတ်လပ်ရေးနေ့ဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ်ပြီးတော့ နှလုံးသွင်းဖို့လိုမယ်လို့ထင်ပါတယ်။ လူတွေက ဘာဖြစ်လို့ လွတ်လပ်ရေးကို လိုချင် ကြတာလဲလို့ စဉ်းစားဆင်ခြင်လို့ရှိရင် အနှောင်အဖွဲ့တွေက ကင်းဝေချင်တယ်၊ ဖိစီးမှုတွေကနေ လွတ်မြောက်ချင်တယ်။ အဲဒါက လွတ်လပ်ရေးပဲ။ ဒါပေမဲ့ ကိုယ်တယောက်တည်း အနှောင်အဖွဲ့ တွေက လွတ်မြောက်ဖို့မဟုတ်ဘူး။ကိုယ်တယောက်တည်းဖိစီးမှုတွေက ကင်းရှင်းသွားဖို့မဟုတ် ဘူး။ အခြားသူတွေအတွက်လည်း ကျွန်မတို့က အတူတူလုပ်ရမယ်။ ကိုယ်တယောက်တည်း လွတ်လပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်ရဲ့အသိုင်းအ၀ိုင်းပါ လွတ်လပ်ရမယ်။ ကိုယ်တယောက်တည်း အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီးတော့ ကျန်တဲ့သူတွေက မလွတ်မြောက်ဖူးဆိုရင် အဲဒါက စစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူး။

အဲဒီတော့ ကျွန်မတို့က လွတ်လပ်ရေးနေ့ရောက်တိုင်း ကျွန်မတို့နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်များ၊အာဇာနည်များ၊ အမျိုးသား ခေါင်းဆောင်များ၊ အမျိုးသားအာဇာနည်များဟာ ဘာတွေကို မျှော်မှန်းပြီးတော့ ဒီလိုကြိုးပမ်းခဲ့ သလဲဆိုတာစဉ်းစားရပါ့မယ်။စောစောက ကျွန်မတို့ပြောခဲ့သလိုပေါ့ ဖိစီးမှုတွေ မလိုချင်ဘူး၊ အနှောင်အဖွဲ့တွေ မလိုချင်ဘူး။ အနှောင်အဖွဲ့တို့၊ ဖိစီးမှုတို့ဆိုတာဟာ အတွင်းလဲဖြစ်နိုင်သလို၊ အပြင်လည်းဖြစ်နိုင်တယ်။ အတွင်းဖိစီးမှု၊အနှောင်အဖွဲ့ဆိုတာက ဒါကျွန်မ လောကီအရ ပြောတာ ပါ၊ လောကုတ္တရာအရ ပြောတာမဟုတ်ပါဘူး။ စိုးရိမ်ကြောင့်ကြမှုဆိုတာက အတွင်းဖိစီးမှုပဲ။အဲဒါကြောင့် လွတ်မြောက်ဖို့ဆိုတာ ကိုယ့်ဟာကိုယ်ကြိုးစားရမယ်။ကိုယ့်ဟာကိုယ် ကိုယ့်အတွက်လည်းကြိုး စားရမယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း ကြိုးစားရမယ်။ကိုယ်ကနေပြီးတော့ စိုးရိမ်ကြောင့် ကြမှုတွေက လွတ်ကင်းမှုမရှိဘူးဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို ဘယ်လိုလုပ်ကျွန်မတို့ လုပ်မလဲ။ ကျွန်မတို့ရဲ့ နိုင်ငံ၊ ကျွန်မတို့ရဲ့ပြည်သူ တကယ်စစ်မှန်တဲ့လွတ်လပ်မှုရအောင် ဘယ် လိုလုပ်မလဲ။ အဲဒါကြောင့်မို့ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ် ရှားပါ။

ကျွန်မတို့ရဲ့နိုင်ငံ၊ ကျွန်မတို့ရဲ့ပြည်သူတွေ ရဲ့ မလွတ်လပ်တဲ့အနေအထားကို ဖယ်ရှားဖို့ ၀ိုင်းပြီးကြိုးစားပါ။ ဒီလိုလွတ်လပ်ရေးနေ့အချိန်အခါမှာ ဆိုလို့ရှိရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရနေရုံတင်မကဘူး၊ အခုလောလောဆယ်မှာ မိမိတို့ရဲ့ ယုံကြည်ချက်အတွက် တကယ်ကို စစ်မှန်ပြီးတော့ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတခု အတွက် ကြိုးပမ်းဆောင်ရွက်ရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ အားလုံး သတိရဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလွတ်လပ်ရေးနေ့မှာဆိုရင် နိုင်ငံရေးအကျဉ်းသားများကိုမမေ့စတမ်း၊ အမြဲသတိရစတမ်းဆိုပြီးတော့ အစီအစဉ်လေးတခုလုပ်ထားပါတယ်။ အဲဒီဟာကို နောက်ကျမှ သက်ဆိုင်တဲ့လူကရှင်းပြပါလိမ့်မယ်။(အဆိုပါအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသား နာမည်များကို မဲနှိုက်စေပြီး မဲပေါက်သောသူက အကျဉ်းကျနေသူ၏မိသားစုကို သွားရောက် ဆွေးနွေးခြင်း၊ ကူညီခြင်း များပြုလုပ်ရန်ဖြစ်သည်)။

ကျွန်မတို့အားလုံးက ညီညွတ်မှုအားနဲ့ပဲ အောင်မြင်နိုင်မယ်ဆိုတာ ထူးထူးခြားခြားပြောဖို့မလိုပါ ဘူး။ ၁၉၄၈ ခုနှစ်တုန်းက ရခဲ့တဲ့လွတ်လပ်ရေးဆိုတာကလည်း ညီညွတ်မှုအင်အားနဲ့ပဲရခဲ့တာပဲ။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး၊ တိုင်းရင်းသားတွေထဲမှာဗမာတွေလည်းပါတယ်။ ဗမာတွေကတော့ လူများစုတိုင်းရင်းသားပေါ့။ ကျွန်မတို့အားလုံးက ဒီနိုင်ငံကို မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေပါ။ ဒီတိုင်းရင်းသားတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မှ စစ်မှန်တဲ့ လွတ်လပ်ရေးကို ရမှာပါ။ စစ်မှန်တဲ့ လွတ်လပ်ရေးရမှ၊ စစ်မှန်တဲ့ လွတ်လပ်ရေးဆိုတာ စစ်မှန်တဲ့ လူ့အခွင့်အရေးတွေပေါ်မှာ အခြေခံပါတယ်။

ဒီလိုစစ်မှန်တဲ့လူ့အခွင့်အရေးတွေကို အခြေခံတဲ့ လွတ်လပ်ရေးရမှ ကျွန်မတို့နိုင်ငံက တိုးတက်နိုင်မှာပါ။ တိုးတက်နိုင်မှ ကျွန်မတို့ကစီးပွားရေးဖိစီး မှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေကနေ လွတ်မြောက်နိုင်မှာပါ။ အဲဒီတော့ နိုင်ငံရေးလွတ်လပ် ရေး၊ စီးပွားရေးလွတ်လပ်ရေး၊ လူမှုရေးလွတ်လပ်ရေးဆိုတာ အားလုံးဆက်နွယ်နေပါတယ်။ ဒီလို လွတ်လပ်ရေးတွေကို အားလုံးရဖို့ဆိုတာဟာ ကျွန်မတို့ ညီညွတ်ဖို့လိုပါတယ်။ ဒါ တကယ်တော့ လည်းထူးထူးထွေထွေရှင်းပြဖို့ လိုတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့အနေနဲ့ မကြာခဏ သတိပေးရပါတယ်။ လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုလို့ရှိရင် ကိုယ်ကနေစပြီးတော့ ကြိုးစားရမယ်၊ အခြားလူတွေ ဘာလုပ်နေလဲဆိုတာကို မကြည့်ပါနဲ့။ကျွန်မ ထပ်တလဲ လဲပြောနေရတဲ့ကိစ္စပါ။

ကိုယ်ဘာလုပ်နေလဲဆိုတာကိုပဲ ပြန်ပြီးတော့ ဆင်ခြင်ပါ။ အဲဒီတော့ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံကို လွတ်လပ်အောင် ဆောင်ရွက်ပေးခဲ့တဲ့၊ဦးဆောင်ပေးခဲ့တဲ့ ကျွန်မ တို့ရဲ့ ခေါင်းဆောင်ကြီးများ၊ အာဇာနည်ကြီးများကို ကျေးဇူးတင်သောအားဖြင့် ကျွန်မတို့ရဲ့ ခေတ် မှာ စစ်မှန်တဲ့ ပြည်သူလူထုအခွင့်အေ၇းတွေကို အခြေခံတဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး ရအောင် လို့ ကြိုးစားပါမယ်လို့ သိန္နိဌာန်ချပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ရေဘဲလေးတို့ ပျော်စံရာ -
ရေးသူ-တပ်ကြပ်ကြီး – နေမင်းသူ

ကြွက်နှင့် ဂီရီဘေး ချင်းအမျိုးသားပါတီ ဆွေးနွေးမည်

ကိုဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ကြွက်ဘေးနှင့် ဂီရိမုန်တိုင်းဘေးအတွက် အကူအညီပေးရေးကို လာမည့်လွှတ်တော်၌ တင်သွင်း မသွင်းကို ဦးစားပေးတခုအဖြစ် ချင်းအမျိုးသားပါတီ CNP က ပါတီတွင်း ဆွေးနွေးမည်ဟု သိရသည်။ဗဟိုကော်မတီ၊ မြို့နယ်ကော်မတီများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအကြား ပထမဆုံးအကြိမ် “မျက်နှာစုံညီ အစည်းအဝေး” ကို ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ယနေ့မှစ၍ ၃ ရက်ကြာ ကျင်းပနေခြင်း ဖြစ်သည်။“အရေးပေါ် ဖြစ်နေတဲ့ ကြွက်ဘေးပြဿနာနဲ့ ဂီရိမုန်တိုင်းဒဏ်ခံရတဲ့ ချင်းတွေ တောင်ပိုင်းမှာ ရှိတယ်လေ။ အဲဒါကို ပြည်နယ်လွှတ်တော်ကနေ ကူညီဖို့ လိုတာကိုး။ အရေးပေါ်အဖြစ် လွှတ်တော်ထဲမှာ ပြောသွားမယ်ပေါ့” ဟု CNP အထွေထွေအတွင်းရေးမှူး ကျဲအိုဗစ်ထောင်း-Ceu Bik Thawng က မဇ္ဈိမကို ပြောသည်။ရေရှည် ဦးစားပေးအနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့နှင့် လက်တွဲနိုင်မည့် နည်းလမ်းများကိုလည်း မနက်ဖြန်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

“လောလောဆယ်တော့ ရှမ်းနဲ့ ရခိုင်ပါတီအတွင်းရေးမှူးနဲ့ ကျနော်ပေါ့။ ဆွေးနွေးဖြစ်သေးတယ်။ ဒီလထဲမှာ တွေ့ဆုံပွဲလုပ်ဖို့ သဘောတူတယ်ပေါ့။ ဖလုံစဝေါ်ပါတီနဲ့ မွန်ကိုလည်း ရွေးကောက်ပွဲမတိုင်ခင်က ဒီကိစ္စ ပြောပြီးသွားပြီ” ဟု ကျဲအိုဗစ်ထောင်းက ပြောသည်။စုစုပေါင်း ၂၁ ဦး ဝင်ပြိုင်ရာမှ ရွေးကောက်ခံရသည့် အမတ် ၉ ဦးမှ ၈ ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၃၂ ဦး တက်ရောက်သည့် ယနေ့အစည်းအဝေးတွင်မူ ပါတီတွင်း ငွေကြေးအစီရင်ခံစာနှင့် ရွေးကောက်ပွဲ သုံးသပ်ချက်အချို့ကိုသာ တင်ပြဆွေးနွေးကြသည်ဟု အထွေထွေအတွင်းရေးမှူးက ဆိုသည်။မဖြစ်မနေလုပ်ရမည့် ရေရှည်ကိစ္စရပ်အဖြစ် ပညာရေး၊ မိခင်ဘာသာစကား သင်ကြားရေး၊ လမ်းပမ်းဆက်သွယ်ရေး ကိစ္စများကို အခြားတိုင်းရင်းသားပါတီများဖြင့် စုပေါင်း၍ ဥပဒေမူကြမ်း တင်သွင်းရေးအတွက်လည်း တိုင်ပင်ကြမည်ဖြစ်သည်။

“ကျနော်တို့ပါတီအနေနဲ့တော့ မူကြမ်းရေးဆွဲရေး ကော်မတီတခုဖွဲ့ဖို့ ရှိတယ်။ သူတို့က လေ့လာရေးတွေ လုပ်ပြီးတော့။ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဆွဲဖို့ပေါ့နော်။ ရေရှည်ဖြစ်လို့ အလောတကြီးနဲ့ ဒီမှာ တခါထဲနဲ့ ဆုံးဖြတ်မှာတော့ မဟုတ်သေးဘူးပေါ့” ဟု ကျဲအိုဗစ်ထောင်းက ပြောသည်။ထို့ပြင် ရေတိုလုပ်ငန်းအနေဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပါတီမှ လူငယ်များအား တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး၊ မြန်မာနှင့် နိုင်ငံတကာ နိုင်ငံရေးသမိုင်းများကို ဆွေးနွေးပို့ချသွားပြီး ချင်းပြည်နယ် မြို့နယ်တိုင်း၌ ပါတီကေဒါများ ဖွဲ့စည်းနိုင်ရေး နည်းဗျူဟာကိစ္စကို ဆွေးနွေးကြမည်ဟု သိရသည်။ချင်းအမျိုးသားပါတီကို ရွေးကောက်ပွဲမတိုင်မီတွင် အချိန်အကန့်အသတ်ကြောင့် ယာယီကော်မတီ ၁၅ ဦးဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်တွင် အလုပ်အမှုဆောင်ကော်မတီ CEC ကို တိုးချဲ့ဖွဲ့စည်းမည်။

မြို့နယ်ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတိုင်းကို CEC တွင် ထည့်ပေါင်းပြီး၊ ဒုဥက္ကဋ္ဌနေရာကို ပြန်လည် ရွေးချယ်ရန်ရှိပြီး၊ မကြာမီက အနားယူသွားသော အတွင်းရေးမှူး ၂ နေရာကိုမူ အစည်းဝေးတက်ရောက်သူများ၏ သဘောထားပေါ်မူတည်၍ ဆက်လက်ထားမထား ဆုံးဖြတ်မည်ဟု သိရသည်။ထို့ပြင် ပါတီအနေဖြင့် ပြည်နယ်အတွင်းရှိ အလတ်စားနှင့် အသေးစား စီးပွားရေးသမားများကို အကာကွယ်ပေးနိုင်ရန် အများပိုင် ကုမ္ပဏီတခု ထူထောင်မထောင်ကိုလည်း ဆွေးနွေးကြမည်ဖြစ်ပြီး၊ ကနဦးအနေဖြင့် အမြတ်ငွေမှ ပါတီအတွက် “အနည်းငယ်” သာ ယူမည်ဟု ဆိုသည်။ မနက်ဖြန်တွင် ကုမ္ပဏီထောင်သင့် မထောင်သင့် လေ့လာရေးကော်မတီတခု ဖွဲ့နိုင်မည်ဟုလည်း ထွေထွေအတွင်းရေးမှူးက မျှော်လင့်ထားသည်။“ဒီကော်မတီက ပြည်သူလူထုဆီမှာလည်း အကြံဥာဏ်တောင်းမှာကိုး။ နို့မို့ရင် ပြည်သူက ဒီပါတီတွေ စီးပွားရေးပဲ လုပ်တယ် ဆိုတဲ့ဟာတွေလည်း ဖြစ်နိုင်တာကိုး၊ အမြင်လွဲနိုင်တာကိုး” ဟု သူက ပြောသည်။ယနေ့စတင်သော “မျက်နှာစုံညီ အစည်းအဝေး” သို့ မင်းတပ်၊ ဟားခါး၊ ကန်ပက်လက်၊ ထန်တလန်း၊ တီးတိန်၊ ဖလန်း မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁) မိန့်ခွန်းအပြည့်အစုံ

မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော

ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္စျိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ၏ အစီရင်ခံစာက ဆိုသည်။ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နှင့် ကချင်ပြည်နယ် စသည့် တိုင်း/ပြည်နယ် ၆ ခုရှိ ၄၂ မြို့နယ်မှ HRDP အဖွဲ့ဝင်များ အပါအဝင် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ ၁ဝဝဝ ကျော်က လူ ၃ သောင်းခန့်ကို တနှစ်ကြာ စစ်တမ်းကောက်ခဲ့ပြီးနောက် ယမန်နေ့တွင် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။“မဲပေးပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကို အချိုးဖောက်ခံရတာကို အဓိက တွေ့ရပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ မဲမပေးရတဲ့ကိစ္စ၊ မဲပေးပိုင်ခွင့်ရှိပြီးတော့ မဲပေးရပေမယ့်လည်း မဲပေးသူရဲ့ စစ်မှန်ဆန္ဒသဘောထားကို မရရှိခဲ့ဘူး။ ခြိမ်းခြောက်မှုတွေ၊ အကျပ်ကိုင်မှုတွေ၊ မက်လုံးပေးမှုတွေ စသည်ဖြင့် ကောက်ခံရတဲ့ စစ်တမ်း ၃ သောင်းကျော်ကနေ အများဆုံး တွေ့ရှိရပါတယ်” ဟု HRDP ကို ဦးဆောင်နေသူ ဦးမောင်မောင်လေးက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှုဆိုင်ရာ စောင့်ကြည့်ခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲမသမာမှု အပါအဝင် ကြိုတင်မဲကောက်ခံခြင်းနှင့် ရွေးကောက်ပွဲလွန်ကာလ စသဖြင့် ကာလရှည်ကြာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။ဧရာဝတီတိုင်း ပုသိမ်မြို့ မှန်စက်ရုံ ဝန်ထမ်းများနှင့် ပညာရေးကောလိပ်ရှိ သဲကုန်းမြို့ အပါအဝင် ကျေးရွာ ၂၇ ရွာတွင် တရွာလျှင် ကြိုတင်မဲပေါင်း ၁၅ဝ ကို သက်ဆိုင်ရာ အာဏာပိုင်များက ကောက်ခံခဲ့ခြင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သူနာပြု တက္ကသိုလ် ကျောင်းသူကျောင်းသားများထံမှ တဦးလျှင် ၂ သောင်းကျပ်ပေး၍ ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီတို့က ကြိုတင်လက်မှတ် ဝယ်ယူခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။
မဲရေတွက်ရာ၌လည်း တသီးပုဂ္ဂလ အမတ်လောင်းများ၊ ပါတီအမတ်လောင်းများ၏ မဲရုံ ကိုယ်စားလှယ်များ ကိုယ်တိုင် မဲရေတွက်သည့်အချိန် ကြည့်ရှုခွင့်မရခြင်း၊ မဲရုံပိတ်လိုက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မဲရုံပေါင်း ၅ဝဝ ခန့်ကို စောင့်ကြည့်ခဲ့ရာမှ တွေ့ရသည်ဟု ဆိုသည်။

၂ဝဝ၂ ခုနှစ်စ၍ HRDP ကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးမြင့်အေး အပါအဝင် ကွန်ယက်ဝင် ၂၆ ဦးမှာ အကျဉ်းကျခံရဆဲ ဖြစ်သည်။ ဦးမြင့်အေးသည် ထောင်ဒဏ်တသက်တကျွန်းနှင့် ၈ နှစ် ပြစ်ဒဏ်ချခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ထောင်တွင် အကျဉ်းကျခံနေရကာ၊ အခြားအဖွဲ့ဝင်များမှာ အနည်းဆုံး ၈ နှစ်မှ ၂၈ နှစ်အထိ ထောင်ဒဏ် ကျခံနေကြရသည်။နိုင်ငံသားများ၏ အခြေခံ ရပိုင်ခွင့်များဖြစ်သည့် မဲပေးပိုင်ခွင့်များ၏ မဲပေးသည့် နေရာတွင် လူထု၏ စိတ်ဆန္ဒအမှန်ကို မတွေ့ရှိရကြောင်းနှင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို အခြေခံ လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပေးသည့် ရည်ရွယ်ချက်ဖြင့် ယခုအစီရင်ခံစာ ထုတ်ပြန်ရကြောင်း ဦးမောင်မောင်လေးက ပြောဆိုသည်။Human Right Watch ၊ Freedom House ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ် ကင်တားနား၊ လူ့အခွင့်အရေးကော်မရှင် မဟာမင်းကြီး အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများထံ အစီရင်ခံစာကို တင်ပြသွားမည်ဖြစ်သည်။

“လူ့အခွင့်အရေးဆိုတာက လူတွေရဲ့ မွေးရာပါ ဖြစ်ပါတယ်။ အခြေခံ အခွင့်အရေးတွေကို ကန့်သတ်တာတို့၊ ထိန်းချုပ်တာတို့၊ မလုပ်ကြဖို့ သက်ဆိုင်ရာ တည်ဆဲအစိုးရကိုရော၊ နိုင်ငံတကာကိုရော မေတ္တာရပ်ခံချင်ပါတယ်။ ကိုယ့်အိတ်ကပ်ထဲက စိုက်ပေးရတာ မဟုတ်ပါဘူး၊ လူတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ပေးလိုက်ပါ” ဟု ဦးခင်မောင်လေးက ဆိုသည်။ HRDP ကဲ့သို့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများ သုံးသပ်ချက် မူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ ထိုမူကြမ်းတွင် ကြိုတင်မဲ ကောက်ခံမှုနှင့် မဲလိမ်လည်မှုများ အများအားဖြင့် ပါဝင်နေသည်။

“အများဆုံးက ကြိုတင်မဲ များတယ်။ တယောက်ထဲ မဲအများကြီး ထည့်သွားတာ၊ လျှို့ဝှက်မဲမဟုတ်ဘဲ ထည့်ရတာတို့ များတယ်။ တကယ်တမ်းကျရင် ရွေးကောက်ပွဲက တရားမဝင်ဘူး။ လွှတ်တော်အမတ်တွေလည်း တယောက်မှ တရားမဝင်ဘူး။ ပျက်ပြယ်သော ရွေးကောက်ပွဲပဲ။ စာချုပ်တခုက နှစ်ဦးသဘောတူဖြစ်ရမှာ။ အဓမ္မခေါ်လို့ ခြိမ်းခြောက်၊ ခြောက်လှန့်ပြီးတော့ ပေးတဲ့ မဲဖြစ်တဲ့အတွက် တရားမဝင်ဘူးလို့ ပြောတာ” ဟု မူကြမ်းရေးဆွဲရာတွင် ပါဝင်သူ ပါတီဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးကြည်ဝင်းက မဇ္စျိမကို ပြောသည်။ဝန်ထမ်းများကို ကြိုတင်မဲပေးရန် ညွှန်ကြားထားပြီး ကြိုတင်မဲများနှင့် ပတ်သက်သည့် တိုင်း/ပြည်နယ်များမှ ကြံ့ဖွံ့ပါတီကို မဲထည့်ရန် စာထုတ်ပြန်သည့် အထောက်အထားများ အပါအဝင် ပါတီအချို့နှင့် တသီးပုဂ္ဂလ အမတ်လောင်းများ၏ တိုင်တန်းချက် အထောက်အထားများ ပါဝင်သည့် မူကြမ်းအရ တရားမဝင်ဟု ပြောဆိုရကြောင်း သူက ပြောဆိုလိုက်သည်။

ရွှေ့ပြောင်းများထံ ငွေကောက်မည့် ထိုင်းအစီအစဉ် တနှစ်ဆိုင်း

အောင်မြတ်စိုး | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
(မဇ္ဈိမ) ။ ။ တရားမဝင် နိုင်ငံခြားသား လုပ်သားများ နေရပ်ပြန်ပို့ရေး ရန်ပုံငွေအဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ၃ နိုင်ငံမှ တရားဝင် ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ငွေကောက်မည့် အစီအစဉ်ကို ၂ဝ၁၂ မတ်လ ၁ ရက်ကျမှသာ စတင်ကောက်ခံရန် ထိုင်းအစိုးရက ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။တဦးလျှင် ဘတ် ၄ဝဝ နှုန်းဖြင့် မြန်မာ၊ လာအို၊ ဘတ် ၃၅ဝ ဖြင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ၁ ရက်နေ့မှစ၍ ၆ လကြာ ငွေကောက်ရေးကို ရွှေ့ဆိုင်းရန် ယခုလ ၄ ရက်နေ့လုပ် ထိုင်းဝန်ကြီး အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ “၄ဝဝ သာ ပေးရတယ်ဆိုပေမယ့် သွားပေးမယ့် စရိတ်နဲ့၊ အလုပ်ပျက်ဦးမှာနဲ့၊ အလုပ်ရှင်က ညည်းညူမှာနဲ့၊ တချို့ဆို အလုပ်ရှင်ပွဲစားဆိုရင် သူတို့က လိုက်လုပ်ပေးမှာ မဟုတ်သလို သူတို့အကျိုးရှိမှ လုပ်ပေးမှာကိုး။ အနည်းဆုံး ၅ဝဝ လောက် ပေးရမယ်။ ဒီလိုဖြစ်သွားတာ အရမ်းပျော်ရွှင်မိတယ်” ဟု ဘန်ကောက်မြို့ရှိ တရားဝင် မြန်မာအလုပ်သမား ကိုကျော်ကိုကိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားသား အလုပ်သမား ဥပဒေ အခန်း ၂၊ အပိုဒ်ခွဲ ၃ဝ နှင့် ၃၁ တွင် အဆိုပါ ရန်ပုံငွေကို လုပ်ငန်းရှင်များက မိမိလုပ်ငန်းခွင်ရှိ တရားဝင် နိုင်ငံခြားသား အလုပ်သမားများထံမှ ကောက်ရမည်ဖြစ်ကာ၊ ယင်းငွေကို တရားမဝင် အလုပ်သမားများ ပြန်ပို့ရာတွင် ယခင် အစိုးရဘတ်ဂျက်မှ အသုံးပြုနေသော ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ နေရာတွင် အစားထိုး အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်။ယင်း ဥပဒေအရ ရန်ပုံငွေ ကောက်ခံရေး မူလအစီအစဉ်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး၊ မြန်မာနှင့် လာအိုများအတွက် တလ ဘတ် ၄ဝဝ နှုန်းဖြင့် ၆ လစာ ၂၄ဝဝ ဘတ်၊ ကမ္ဘောဒီးယား များအတွက် တလလျှင် ဘတ်ငွေ ၃၅ဝ နှုန်းဖြင့် ၂၁ဝဝ ကောက်ခံရမည်ဟု လျာထားခဲ့သည်။

သို့သော် ဥပဒေထဲတွင် တရားဝင်လုပ်သားများ နိုင်ငံရင်းသို့ အပြီးပြန်သောအခါ မည်သို့ပြန်ထုတ်ပေးမည်ကို တိကျစွာ ပြဋ္ဌာန်းမထားသဖြင့် အလုပ်သမားရေးရာအဖွဲ့များက တောင်းဆိုကန့်ကွက်ခဲ့သလို၊ တရားဝင်များထံမှ ကောက်ခံပြီး တရားမဝင်များ ပြန်ပို့ရာတွင် အသုံးပြုမည်ကို လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင်လည်း အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် အလုပ်သမားဝန်ကြီး ခွန်နာယ်ချလမ်ချား စီအော်န်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ စက်မှုလုပ်ငန်းရှင်များ၊ ကူးသန်းရောင်းဝယ်ရေးအသင်းနှင့် အစည်းအဝေး၌ ယင်းဥပေဒနှင့်ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသဖြင့် စတင်ကောက်ခံမည့် ရက်ကို ရွှေ့ဆိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းသတင်း မသီချွန်က ဖော်ပြခဲ့သေးသည်။

ထိုင်းတွင် ယခု ၃ နိုင်ငံမှ တရားဝင် လုပ်သား တသန်းကျော်ရှိပြီး မြန်မာက ၈၁၂,၉၈၄ ဦးအထိ ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ IOM ၏ ပြီးခဲ့သည့် နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားများ အပါအဝင် တရားမဝင် လုပ်ကိုင်သူပေါင်း ၂ သန်းကျော်ရှိကြောင်း နယူးဇီလန်အခြေစိုက် ပင်လယ်ရပ်ခြား အလုပ်သမား ကူညီရေးအဖွဲ့ UnionAID ကလည်း ထုတ်ပြန်ထားသည်။“အလုပ်အဆင်ပြေတဲ့ လူတွေမှာတော့ အရေးမကြီးဘူးဆိုပေမယ့် တချို့အလုပ်သမားတွေအတွက်က တအားအခက်အခဲ ရှိတယ်လေ။ ဒီကြားထဲ မြန်မာပြည်က မိသားစုအတွက်က မပို့မဖြစ်တဲ့ အခြေအနေတွေက အများကြီးပါ။ ၂ဝ၁၂ ကို ပြောင်းလိုက်တယ်ဆိုရင်၊ သူတို့အတွက် တလ ၄ဝဝ ဆိုရင်ပဲ မိသားစုနည်းတဲ့ လူတွေအတွက် ထောက်ပံပေးလို့ ရပြီပေါ့” ဟု ထိုင်းတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမ မမိုးသူဇာက မဇ္ဈိမကို ပြောသည်။

အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်

ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “ဒီလိုတိုင်စာတွေ တက်လာတာ ကိုယ့်ဘက်က အားနည်းချက်တွေ ရှိလို့သာလျှင် ပစ်စာနဲ့ တိုင်စာတွေ တက်တာ။ ဒါတွေကို ဖော်ထုတ်အရေးယူမယ်။ ပြီးလို့ရှိရင် ပါတီကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားမယ်ပေါ့ဗျာ၊ ဒီလိုတော့ ပါတယ်” ဟု အစည်းအဝေး တက်ခဲ့သူ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ ယခုအစည်းအဝေးက လွှတ်တော်တွင် တင်ပြရန် လိုအပ်သည့် အချက်အလက်များကို ကြိုတင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အရက်ကြိုက်လျှင် မိမိနေအိမ်၌သာ ဝယ်ယူသုံးစွဲရန်နှင့် အနှိပ်ခန်းသွားခြင်း၊ စားသောက်ဆိုင်တွင် ပျော်ပါးသောက်စားခြင်း၊ ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်း၊ ငွေကြေးအရှုပ်အရှင်း အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီ အမတ်များနှင့် ပါတီဝင်များကို မြို့ခံလူထုက တိုင်စာနှင့် ပစ်စာများဖြင့် အများဆုံး တိုင်တန်းခံရကာ၊ စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ၌ ပျော်ပါးသည့် အကြောင်းများ ပါရှိကြောင်း ရန်ကုန်တိုင်း ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ “ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီအမတ်တွေက အနှိပ်ခန်းမှာ၊ KTV မှာ ငွေသုံးတယ်၊ ပျော်ပါးတယ်ဆိုပြီး ရပ်ကွက်ထဲက နာမည်နဲ့တကွ တိုင်စာမျိုးတွေ တက်တယ်။ တချို့ကလည်း နာမည်မပါဘဲနဲ့ ပြည်ချစ်သားတို့၊ မြို့စောင့်နတ်တို့လို နာမည်တွေနဲ့ တက်လာတာတွေ ရှိတယ်” ဟု သူက ဆိုသည်။ ကြံ့ဖွံ့ပါတီဝင်များသည် သာမန်လူများထက် အာဏာပါဝါရှိပြီး ငွေကြေးသုံးစွဲပျော်ပါးခွင့်များ ရှိနေသည်ဟု ရန်ကုန်ရှိ ကားပွဲစားတဦးက ပြောသည်။

“ဒီမှာက သူတို့က ဘုရင်ပဲ။ ကန်တော်ကြီးစောင်းက ပါဝါလိုက် စားသောက်ဆိုင် သီးသန့်ခန်းတွေမှာ လာလာထိုင်ပြီး ပန်းကုံးတွေ စွပ်တယ်။ တခြားဧည့်သည်တွေနဲ့ကို ၇-၈ သိန်းဖိုး အပြိုင်စွပ်ကြတာတွေ ရှိတယ်” ဟု သူက ဆိုသည်။လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။ ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်

ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “ဒီလိုတိုင်စာတွေ တက်လာတာ ကိုယ့်ဘက်က အားနည်းချက်တွေ ရှိလို့သာလျှင် ပစ်စာနဲ့ တိုင်စာတွေ တက်တာ။ ဒါတွေကို ဖော်ထုတ်အရေးယူမယ်။ ပြီးလို့ရှိရင် ပါတီကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားမယ်ပေါ့ဗျာ၊ ဒီလိုတော့ ပါတယ်” ဟု အစည်းအဝေး တက်ခဲ့သူ ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ ယခုအစည်းအဝေးက လွှတ်တော်တွင် တင်ပြရန် လိုအပ်သည့် အချက်အလက်များကို ကြိုတင်ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အရက်ကြိုက်လျှင် မိမိနေအိမ်၌သာ ဝယ်ယူသုံးစွဲရန်နှင့် အနှိပ်ခန်းသွားခြင်း၊ စားသောက်ဆိုင်တွင် ပျော်ပါးသောက်စားခြင်း၊ ညစ်ညမ်းဗီဒီယို ကြည့်ရှုခြင်း၊ ငွေကြေးအရှုပ်အရှင်း အဂတိလိုက်စားခြင်းများကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ပါတီ အမတ်များနှင့် ပါတီဝင်များကို မြို့ခံလူထုက တိုင်စာနှင့် ပစ်စာများဖြင့် အများဆုံး တိုင်တန်းခံရကာ၊ စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ၌ ပျော်ပါးသည့် အကြောင်းများ ပါရှိကြောင်း ရန်ကုန်တိုင်း ပါတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ “ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီအမတ်တွေက အနှိပ်ခန်းမှာ၊ KTV မှာ ငွေသုံးတယ်၊ ပျော်ပါးတယ်ဆိုပြီး ရပ်ကွက်ထဲက နာမည်နဲ့တကွ တိုင်စာမျိုးတွေ တက်တယ်။ တချို့ကလည်း နာမည်မပါဘဲနဲ့ ပြည်ချစ်သားတို့၊ မြို့စောင့်နတ်တို့လို နာမည်တွေနဲ့ တက်လာတာတွေ ရှိတယ်” ဟု သူက ဆိုသည်။ ကြံ့ဖွံ့ပါတီဝင်များသည် သာမန်လူများထက် အာဏာပါဝါရှိပြီး ငွေကြေးသုံးစွဲပျော်ပါးခွင့်များ ရှိနေသည်ဟု ရန်ကုန်ရှိ ကားပွဲစားတဦးက ပြောသည်။

“ဒီမှာက သူတို့က ဘုရင်ပဲ။ ကန်တော်ကြီးစောင်းက ပါဝါလိုက် စားသောက်ဆိုင် သီးသန့်ခန်းတွေမှာ လာလာထိုင်ပြီး ပန်းကုံးတွေ စွပ်တယ်။ တခြားဧည့်သည်တွေနဲ့ကို ၇-၈ သိန်းဖိုး အပြိုင်စွပ်ကြတာတွေ ရှိတယ်” ဟု သူက ဆိုသည်။လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။ ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်ခင် ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁
နယူးဒေလီ(မဇ္ဈိမ) ။ ။ စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။

ဤသည်မှာ ယမန်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၌Buddha-f ဗုဒ္ဓသာသနာပြု ဆရာတော် သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ် ဆက်ကပ်ချီးမြှင့်သည့် အမိန့်ကြေညာစာ အမှတ် ၁/၂ဝ၁၁ အပေါ် ဦးပညာဇောတက တုံ့ပြန်ဝေဖန်ခြင်းလည်း ဖြစ်သည်။ ကြေညာစာတွင် ဘာသာရေးအရ အမြင့်ဆုံး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို မန္တလေး သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်တိုက် ဆရာတော် ဒေါက်တာကုမာရာဘိဝံသနှင့် မဟာဝိဇိတာရုံဆရာတော် ဥုးဝိစာရိန္ဒာဘိဝံသ (ရွှေကျင်) တို့ကို ဆပ်ကပ်ချီးမြှင့်ကြောင်း ပါရှိသည်။

“ဆရာတော်ကြီးတွေကို သံဃာထုက လေးစားမှုရှိပါတယ်။ ဥုးဝိစာရိန္ဒာဘိဝံသက ရွှေကျင်သာသနာမှာ အလေးအမြတ်ပြုရတဲ့ ဆရာတော်ကြီး၊ ဦးကုမာရာဘိဝံသက ဂိုဏ်းပေါင်းစုံဘက်မှာ အလေးထားရတဲ့ ဆရာတော်ကြီးလေ။ ဆိုတော့ ဒီအချိန်မှာ ဆွဲသုံးတာ သူတို့ ၂ဝဝ၇ က ကျသွားတဲ့ သြဇာကို ပြန်ကောက်တင်တဲ့ သဘောပေါ့” ဟု ဦးပညာဇောတက မိန့်သည်။ ဆရာတော်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် အိန္ဒိယသို့ တိမ်းရှောင်လာကာ သီတင်းသုံးနေသူ ဖြစ်သည်။

သံဃာတော်များတွင် အမြင့်ဆုံးဖြစ်သည့် အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့မှာ ဖဆပလခေတ် ဆဋ္ဌသင်္ဂါယနာ မတင်မီအချိန်မှစ၍ တီထွင်ဆက်ကပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ကိုလိုနီခေတ် ၁၉၁ဝ ကျော်ကစကာ ဆရာတော်များနှင့် လူပြန်တော် ပညာရှိများကို မန္တလေးသုဓမ္မာဇရပ်တွင် ဒုတိယဘုရင်ခံက ဆက်ကပ်ခဲ့သည်။ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ပိဋကတ်ဘာသာပြန် ဆရာမြို့၊ ရန်ကုန်တက္ကသိုလ် မြန်မာစာနည်းပြ ဒေါက်တာဆရာလင်း စသည့် ထင်ရှားသော ဆရာတော်များ၊ လူပုဂ္ဂိုလ်များ ရရှိခဲ့ဖူးသည်။လွတ်လပ်ရေးရပြီးနောက် အမရပူရ မဟာဂန္ဓာရုံဆရာတော် ဥုးဇနကာဘိဝံသမှစပြီး ဆက်လက်ချီးမြှင့်ခဲ့ရာ ၁၉၆၂ ခုနှစ် အာဏာရှင်ဟောင်း ဦးနေဝင်း နိုင်ငံတော်အာဏာ သိမ်းသည်အထိဖြစ်သည်။

စစ်အာဏာသိမ်း အစိုးရခေတ်တွင် ဦးနု၏ ဘာသာရေးရှေ့တန်းတင်မှုကို ဆန့်ကျင်သည့်အနေဖြင့် နှစ်အတော်ကြာ ဘွဲ့တံဆိပ်မပေးခဲ့ဘဲ ၁၉၈ဝ ရောက်မှ ဂိုဏ်းပေါင်းစုံ သံဃာ့ညီညွတ်ရေးဆိုကာ သံဃာ့မဟာနာယကအဖွဲ့ ဖွဲ့စည်း၍ သံဃာထုကို ထိန်းချုပ်ပြီးနောက်မှ ပြန်လည်ချီးမြှင့်ခဲ့သည်။ ၁၉၉ဝ ခုနှစ်ကျော် နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်တွင် ဘွဲ့တံဆိပ်များ တိုးချဲ့ကာ သာသနာပြုများ၊ တရားပြ ဆရာများ၊ ကုသိုလ်ရှင်များကိုပါ ချီးမြှင့်ခဲ့သည်။ ရှေးမြန်မာမင်းများ၏ ဘုရင်နှင့် သာသနာအကြား အပြန်အလှန်ချီးမြှင့် အသိအမှတ်ပြုသည့်သဘော၊ ရာဇဂုရုဘွဲ့များ ဆက်ကပ်ခဲ့သည့် အစဉ်အလာကို ဆက်ခံကျင့်သုံးသည့် အသွင်ယူခဲ့သည်။ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စများမကင်းဟု ပြောဆိုခံရသည်မှာ ကိုလိုနီခေတ် ကတည်းက ဖြစ်သလို ဘာသာပေါင်းစုံ ကိုးကွယ်သည့် တိုင်းပြည်တွင် ဗုဒ္ဓဘာသာတခုတည်းကို အစိုးရက ဘွဲ့နှင်းချီးမြှင့်နေသည်မှာ မမျှတဟု ဝေဖန်မှုများလည်း ရှိသည်။

“သူတို့ ဒီဆရာတော်ကြီးတွေကို အခုလို ပေးခြင်းအားဖြင့် ဦးဇင်းတို့ သာသနာအတွက် အားကိုးရမလားရယ်လို့တော့ အလားအလာ မရှိဘူးလို့ ထင်တယ်။ ဒါ သာသနာတော်ရဲ့ လုံခြုံမှုပိုင်း၊ သံဃာငယ်တွေရဲ့ လုံခြုံမှုပိုင်းကို အာမခံပေးနိုင်မယ်လို့ မထင်ပါဘူး” ဟု ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက ဆိုသည်။
ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များနှင့် အခြားဘွဲ့များ ပေးအပ်သည့် ကြေညာစာကို ယမန်နေ့ထုတ် သတင်းစာတွင် ထုတ်ပြန်ခဲ့သော်လည်း အစိုးရဝက်ဆိုက်များ၌ မတွေ့ရသေးပေ။အမိန့်ကြေညာချက်ထဲတွင် အခြားဘွဲ့များအဖြစ် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ကို မေမြို့စာပန်းအိမ် ဘော်ဒါမှ ဒေါက်တာကျော်စောနှင့် ကံ့ကော်ရွှေပြည်မှ ဒေါက်တာသန်းထွန်း၊ သုဓမ္မသိင်္ဂီဘွဲ့ကို မန္တလေးမှ မျက်စိအထူးကု ဒေါက်တာကိုလေး၏ သမီး ဒေါ်စံပယ်ကိုလေးကို ပေးကြောင်း ပါရှိသည်။
ပြီးခဲ့သည့်နှစ်တွင် ဖဆပလခေတ် ဘွဲ့ဟောင်းများကို ပြန်လည်ချီးမြှင့်စဉ်က ဦးတေဇ၊ ဦးဇော်ဇော် စသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တိုင်းမှူးများကို သီရိပျံချီဘွဲ့များ ပေးခဲ့သည်ကို စစ်အစိုးရဝဘ်ဆိုဒ်က ခြွင်းချန်ထားခဲ့သည်။ (မျိုးသိဏ်း တည်းဖြတ်သည်။)

ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်းပြောဆိုသည်။“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ၇ ရက်ဆိုရင် အမျိုးသားလွှတ်တော်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။

ဦးခင်ရွှေသည် အငြင်းပွားဖွယ် နိုဝင်ဘာ ရွေးကောက်ပွဲ၌ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် ၃ ခု ပါ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၉ မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ခေတ်သစ် ပြည်သူ့ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ကို မဲ ၁၇၃၂ဝ၈ ဖြင့် နိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။
“နိုင်ငံတော်” က တာဝန်ပေးသဖြင့် ဝင်အရွေးခံရသည်ဟု ဆိုခဲ့သည့် ဦးခင်ရွှေက အစိုးရဖွဲ့မည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းမှသာ သက်ဆိုင်ရာဒေသများ ဖွံ့ဖြိုးနိုင်မည်ဟုလည်း ပြောဆိုခဲ့သူ ဖြစ်သည်။ အသစ်တက်လာမည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း သူ၏ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်း စီမံကိန်းအနေဖြင့် သူ၏ မဲဆန္ဒနယ် မြို့နယ် ၃ ခု အပါအဝင် ဒလ၊ ဒေးဒရဲ မြို့နယ်များသို့ ရန်ကုန်နှင့် ဆက်သွယ်ထားသော လက်ရှိ ကားလမ်းကို နှစ်လမ်းသွားအဖြစ် ပြုပြင်ဖောက်လုပ်ရန်လည်း လုပ်ငန်းများ စတင်နေပြီဟု သူက ပြောသည်။

စစ်အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခင် တာဝန်ပေးထားသော Crown Wire ကုမ္ပဏီထံမှ လုပ်ငန်းများကို လွှဲပြောင်းယူမည်ဖြစ်ပြီး၊ လတ်တလော ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ယန္တယားနှင့် ပစ္စည်းများ စုဆောင်းနေသည်ဟု ဆိုသည်။“လောလောဆယ် စာချုပ်ချုပ်ပြီး မုပ္ပလင်ကျောက်တွေ သယ်နေပြီ။ ကတ္တရာတွေ သယ်ပြီ။ ယန္တယားတွေမှာဖို့ လုပ်နေပါပြီ။ လမ်းက အပေါက်တွေကို ဖာမယ်။ ဘေးကို တဖက်ကို ၃ ပေ၊ ၄ ပေလောက် ချဲ့မယ်။ အခုက တစီးသွားရင် တစီးက စောင့်နေရတယ်။ မိုးမရောက်ခင်မှာတော့ အပြီး လမ်းချောအောင် လုပ်ရမယ်” ဟု သူက ပြောသည်။ ယင်းလမ်းပြင်ဆင် ဖောက်လုပ်မှုအတွက် ကျပ်သိန်း တသောင်းနှင့် နှစ်သောင်းအကြား ကုန်မည်ဟု ခန့်မှန်းထားပြီး လမ်းပြင်ဆင်နေစဉ် လမ်းခွန်ကောက်မည် မဟုတ်ပဲ လမ်းပြီးစီးသွားမှသာ သတ်မှတ်နှုန်းအတိုင်း “နှစ်ပေါင်းများစွာ” ကောက်မည်ဟုလည်း ဆိုသည်။

၎င်းတို့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အတွင်းရေးမှူး စိုက်ပျိုးရေးဝန်ကြီး ဦးဋ္ဌေးဦးတို့က နိုင်ငံတဝှန်းရှိ အနိုင်ရ ကြံ့ဖွံ့ကိုယ်စားလှယ်များကို ပြီးခဲ့သည့်လ ၂၁-၂၂ ရက်နေ့များ၌ နေပြည်တော်သို့ ခေါ်ယူ၍ ပါတီ ပိုမို ကျစ်လစ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များအကြား အပြန်အလှန် တရားစွဲဆိုမှုများက သက်သေပြနေသည်။ဦးခင်ရွှေက ပြည်သူ့လွှတ်တော်ကို ယခုလလယ်ပိုင်းတွင် ခေါ်ယူဖွယ်ရှိသည်ဟု ဆိုသော်လည်း ဒုတိယ အမတ်နေရာ အများဆုံး အနိုင်ရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကမူ ယခုလ တတိယ သို့မဟုတ် စတုတ္တပတ်လောက်ကို ခန့်မှန်းထားကြောင်း ပြီးခဲ့သည့် လအတွင်းက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

အမေ့ကျေးဇူး&ဘွဲ့တံဆိပ်ဖြင့် နအဖဘာသာရေး သြဇာယူ&အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ & ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့(၄-၁-၂၀၁၁)

၁.၁.၂၀၁၁ ရက်နေ့ က အမေဒေါ်အောင်ဆန်းစုကြည်ရေးဆွဲပေးသွားသည့်ဆီဆေးပန်းချီကားကို ယနေ့ တိုင်ခံစားကြည့်ရှုရင်းနှင့်ပေါ်ပေါက်လာသော ကျွန်တော်ရဲ့ နှလုံးသားထဲမှစကားလုံးများ......( ကျော်သူ )

1. ကြွက်နှင့် ဂီရီဘေး ချင်းအမျိုးသားပါတီ ဆွေးနွေးမည်
2. မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော
3. အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
4. ရွှေ့ပြောင်းများထံ ငွေကောက်မည့် ထိုင်းအစီအစဉ် တနှစ်ဆိုင်း
5. ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော
6. ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော
7. ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ
8. အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
9. ရှေ့နေကွန်ယက်ဖွဲ့ရေး မုံရွာရှေ့နေများ သဘောတူ
10. ဥပဒေဖြင့် ကြပ်မတ်သင့်ဟု သဘာဝ ပတ်ဝန်းကျင် ပညာရှင် ပြော
11. မြန်မာလုပ်သားများ ဆန္ဒပြ၊ ထိုင်းအလုပ်ရှင် လိုက်လျော
12. ကြံ့ဖွံ့ ထိပ်တန်းအစည်းအဝေး ကျင်းပမည်
13. အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို
14. ၉ လေးလုံး ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ

Monday, 10 January 2011

Dear Friends,

Happy New Year to you all. We would like to inform you that "National Youth Network" is Founded in Burma under "The Guidance and Leadership of People's Leader Daw Aung San Suu Kyi".

Please see the National Youth Network's statement in full in English below.

National Youth Network

Statement 1/2011

Youths, from civil society organizations, political parties, ethnic youths, worker youths, farmer youths have all decided to form a nationwide network, having met with Daw Aung San Suu Kyi on the 28th December 2010 . And thus, National Youth Network, which represents all youths in Myanmar, was formed in accordance with the Leadership and guide line of Daw Aung San Suu Kyi.

National Youth Network, formed under the guidance and leadership of Democratic Leader and people leader Daw Aung San Suu Kyi, will work for flourishing of Democracy and Development as instructed and guided by Daw Aung San Suu Kyi, National Youth Network will enthusiastically take part in the state building process by doing social, development, environmental and humanitarian works.

Any youth or any organization who accepts the guidance and leadership of people leader and democratic leader Daw Aung San Suu Kyi is automatically regarded as a member of National Youth Network. National Youth Network will work with the best of our ability for National Reconciliation as Daw Aung San Suu Kyi had set National reconciliation as a national mission.

National youth network was conceived on the 1st of January 2011, put into form on the 4th of January 2011 and came into life on 6th of January 2011. To celebrate the birthday of National Youth Network, youths in Yan gon division, Mandalay division, pegu division, Magway Division, Shan State, Rakhine State and Kayin Stae distributed foods to street children, books and stationary to poor students, nursed the aged and do plantation as an action of environmental awareness.

National Youth Network

We had formed

Face book Page- National Youth Network
http://www.facebook.com/pages/National-Youth-Network/145688318819169

Face book Group-National Youth Network
http://www.facebook.com/home.php?sk=group_120388354697897

Contact Mail- nationalyouthnetwork.Burma@gmail.com

Myo Yan Naung Thein's Profile http://www.facebook.com/profile.php?id=100001552318666&sk=wall

Please join at National Youth Network PAGE here athttp://www.facebook.com/pages/National-Youth-Network/145688318819169

and

Please join National Youth Network Face book GROUP here at
http://www.facebook.com/home.php?sk=group_120388354697897

Thank you very much for your unwavering support for the freedom in Burma.

Yours faithfully,

BDC Burma
Burma Democratic Concern (BDC)

PS: They are working inside Burma operating practically on the ground. Please show your utmost support by all means.

Thursday, 6 January 2011

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား
ရန်ပိုင် Thursday, 06 January 2011 19:35
E-mail Print
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

mm-MAI-11MAI လေကြောင်းလိုင်းကို အစိုးရထံမှ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
TBBC က ဒုက္ခသည် ထောက်ပံ့မှု လျှော့ချမည်
ဧရာဝတီ Thursday, 06 January 2011 15:29
E-mail Print
ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) သည် ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာ ဒုက္ခသည်များကို ပေးနေသည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လုပ်ငန်းဆိုင်ရာ စရိတ်စကများကို ယခုနှစ်တွင် လျှော့ချ ဖြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

Refugee-Children-11

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်း တခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ။ (ဓာတ်ပုံ - Reuters)
TBBC သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁ သိန်းခွဲခန့်ကို စားနပ်ရိက္ခာနှင့် လိုအပ်သည်များ ထောက်ပံ့နေသည့် လူမှုရေးအဖွဲ့များကို စုစည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သည်။

ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးလဲလှယ်မှု နှုန်းများ ပြောင်းလဲခြင်း၊ ရန်ပုံငွေ ဖြတ်တောက်ခံရခြင်းနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်ပါ တာဝန်ယူရခြင်းတို့ကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို လျှော့ချ ဖြတ်တောက်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော TBBC ၏ သတင်းလွှာ၌ ဖော်ပြထားသည်။


ရန်ကုန်တွင် လယ်သမား ၂၀၀ ကျော် ဆန္ဒပြ
ဧရာဝတီ Thursday, 06 January 2011 13:52 သတင်းတိုများ
E-mail Print
ရန်ကုန် အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များရှိ ရွာပေါင်း ၇ ရွာခန့်မှ လယ်မြေ ဧက ၅၅၀၀ ခန့်ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သော ကန်ထရိုက် လယ်ယာစနစ် အကောင်အထည် ဖော်မည်ဟု ဆိုကာ မတရားသိမ်းယူခဲ့သောကြောင့် လယ်သမား၂၀၀ ကျော် အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ငြိမ်း ချမ်းစွာ ဆန္ဒပြကြောင်း သတင်းရသည်။ ဆန္ဒပြသူများကို ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခြင်းဖြစ်ပြီး သိမ်းထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် တရားဥပဒေကြောင်းအရ တောင်းဆိုလျက်ရှိသည်။ နေ့လယ် ၁၂ နာရီတွင် ဒေသဆိုင်ရာ အာဏာပိုင်များ ရောက်လာပြီး ပြေလည်ရန် ဖြေရှင်းပေးမည်ဟုဆိုကာ ဆန္ဒပြနေသော လယ်သမားများကို လူစုခွဲခိုင်းကြောင်းလည်း သိရသည်။
စစ်အစိုးရက DKBA နှင့် အပစ်ရပ်ရေး ဆွေးနွေးမည်
ဧရာဝတီ Thursday, 06 January 2011 12:04 သတင်းတိုများ
E-mail Print
ထိုင်း-မြန်မာ နယ်စပ်နှင့် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများ အပစ်ရပ်ရေး အတွက် နအဖ ဘက်က ဇန်န၀ါရီ ၇ ရက်တွင် လာရောက် ဆွေးနွေးရန် ရှိကြောင်း DKBA နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ပြောသည်။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသ၌ DKBA တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်ချုပ် စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) နှင့် နအဖဘက်က လာရောက် ဆွေးနွေးမည် ဖြစ်သည်ဟု DKBA နှင့် ပူးတွဲ စစ်ရေး လှုပ်ရှားနေသည့် KNLA ဒု တပ်ရင်းမှူး တဦးက ပြောပြသည်။

http://bur.irrawaddy.org/

2011-01-06
ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး
2011-01-06

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က စစ်အစိုးရအပေါ် တရားစွဲဆိုထားတာကို ဗဟိုတရာရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး အယူခံတင်ဖို့ အသင့်ဖြစ်ပြီလို့ NLD ပါတီရဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီက ပါတီ ဗဟို ဥပဒေ အထောက်ကူပြု အဖွဲ့ဝင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေများဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် စစ်အစိုးရကို တရားဆွဲခဲ့တာကို ဗဟိုတရားရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ပြန်လည်တင်ဖို့ အတွက် ဥပဒေ အထောက် အကူပြုအဖွဲ့ က ပြုစုထားတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ ဆွေးနွေးတာဖြစ်ပါတယ်။
2011-01-05
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား

လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

http://www.rfa.org/burmese/
လယ်သမား ၃၀၀ မြေဧက ၅,၅၀၀ ကျော် ဆုံးရှုံးမှု ဆန္ဒပြ၊ အာဏာပိုင် ညှိနှိုင်းပေးလို့ ဧက ၁၀၀ ကျော် ပြန်လုပ်ခွင့်ရ

By မအေးအေးမာ ကြာသပတေး, 06 ဇန်နဝါရီ 2011

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းက ဒဂုံဆပ်ကမ်းမှာရှိတဲ့ ညောင်ပင်ရွာ၊ သရက်ပင်ချောင်း၊ သုံးခွရွာ၊ ထောင်တလုပ်ရွာ၊ စစ်ပင်ရွာ၊ ရွာသာကြီးရွာ၊ ရှမ်တိန်ကြီး အရှေ့ရွာ၊ ကျည်စုရွာ စတဲ့ရွာတွေက ဒေသခံ လယ်သမား ၃၀၀ ကျော်ဟာ ယုဇန၊ ထူး၊ နဂါးကိုးသွယ်၊ ဒဂုံစင်ထရယ် အပါအ၀င် ကုမ္ပဏီ ၁၁ ခုက သိမ်းယူထားတဲ့ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ရဖို့ ရန်ကုန် သင်္ကန်းကျွန်းမြို့နယ် အရှေ့ပိုင်းခရိုင် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးကို သွားရောက်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါကြောင့် အသိမ်းခံထားတဲ့ လယ်မြေစုစုပေါင်း ဧက ၅,၅၀၀ ကျော်ထဲက လယ်ဧက ၁၀၀ ကို ထွန်ယက်စိုက်ပျိုးခွင့် လယ်သမားတွေဘက်က ပြန်ရခဲ့ပါတယ်။

လယ်သမားတွေ တဦးချင်းအလိုက်ရော၊ လယ်သမားအင်အား အနည်းငယ် စုပေါင်းပြီး လုပ်ဆောင်မှုတွေ လုပ်ခဲ့ပေမဲ့ ထိရောက်မှု မရတဲ့အတွက် အခုလို တောင်းဆိုတာ ဖြစ်ကြောင်းကိုလည်း ပြောသွားပါတယ်။ လယ်သမားတွေ ဆန္ဒပြ ထုတ်ဖော်မှုကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူမှုကို သတင်းတပ်ဖွဲ့က လုပ်ခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က ကြီးမားတဲ့ အနှောင့်အယှက် ပေးမှုတွေတော့ မရှိဘူးလို့လည်း ပြောသွားပါတယ်။

http://www.voanews.com/burmese/news/
မဲပေးခွင့် အချိုးဖောက်ခံရဆုံးဟု HRDP ပြော
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဟု ပြည်တွင်းအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDP ၏ အစီရင်ခံစာက ဆိုသည်။

ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်း၊ ရခိုင်နှင့် ကချင်ပြည်နယ် စသည့် တိုင်း/ပြည်နယ် ၆ ခုရှိ ၄၂ မြို့နယ်မှ HRDP အဖွဲ့ဝင်များ အပါအဝင် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ ၁ဝဝဝ ကျော်က လူ ၃ သောင်းခန့်ကို တနှစ်ကြာ စစ်တမ်းကောက်ခဲ့ပြီးနောက် ယမန်နေ့တွင် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။
HRDP ကဲ့သို့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများ သုံးသပ်ချက် မူကြမ်းကို ရေးဆွဲပြီးဖြစ်ရာ ထိုမူကြမ်းတွင် ကြိုတင်မဲ ကောက်ခံမှုနှင့် မဲလိမ်လည်မှုများ အများအားဖြင့် ပါဝင်နေသည်။
အမတ်များ အဂတိလိုက်စားလျှင် အရေးယူရန် ကြံ့ဖွံ့ ဆုံးဖြတ်
ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ်များ အဂတိ လိုက်စားမှု၊ အပျော်အပါး လိုက်စားမှု ရှိလျှင် အရေးယူရန် ယခုလ ၂-၃ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပါတီထိပ်တန်းခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

ကြံ့ဖွံ့အမတ်များ အဂတိ လိုက်စားမှုနှင့် အပျော်အပါး လိုက်စားမှု ရှိနေကြောင်း တိုင်စာများ ရရှိပြီးနောက် ပါတီဗဟိုက ၎င်းတို့ကို စိစစ်ကာ ဟုတ်မှန်လျှင် အရေးယူရန် ဗဟိုအလုပ်အမှုဆောင်ဝင်များနှင့် အမတ်များ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်သုံးရပ်ပေါင်းတွင် မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် ကြံ့ဖွံ့က အနိုင်ရခဲ့သည်။ သို့သော် ယခုထိ မဲမသမာမှုများ ရှိနေသဖြင့် ပြိုင်ဘက်ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လက်ရှိအာဏာရ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသည့် ကြံ့ဖွံ့ပါတီသည် ယင်းသို့ မဲပြဿနာများ ရှိနေသော်လည်း ဥပဒေကို ဂရုမစိုက်ဘဲ ကျော်ဖြတ်သွားဖွယ်ရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံရေး အကဲခတ်များက ယူဆနေထားသည်။

http://mizzimaburmese.com/

တကယ့်လွတ်လပ်ရေး ရအောင်လုပ်ကြစို့

နိုင်ငံရေးလေ့လာသူတဦး

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ လွန်ခဲ့တဲ့ (၆၃) နှစ်က ဗမာပြည် လွတ်လပ်ရေးရခဲ့တာ လူတိုင်းအသိ။ လွတ်လပ်ရေးနေ့လို့ အမည်တပ်ကာ နေ့ထူးနေ့မြတ်အဖြစ် အစဉ်အဆက် ကျင်းပခဲ့ပါတယ်။ အမှန်မှာ အဲဒီနေ့ ဟာ အင်္ဂလိပ်နယ်ချဲ့လက်အောက်က စတင်လွတ်မြောက်တဲ့နေ့ပါ။ လွတ်လပ်ရေးနေ့လို့ အမည်ပေးခဲ့တာ မှားနေသလို။

တကယ့်လွတ်လပ်ရေးဆိုတာ တိုင်းတပါးလက်အောက်မှ လွတ်မြောက်ခြင်းတခုတည်းကို ဆိုလိုတာမဟုတ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေမှသာ လွတ် လပ်တယ်လို့ ဆိုသင့်ပါတယ်။

http://drlunswe.blogspot.com/

“၂၀၁၁” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)

Myo+Yan+Naung+Thein+on+Implementing+The+Youth%27s+Ne

video_player_embed_code_text

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး

ကျွန်ူပ်တို့ အဘိုးအဘွားတို့ တိုင်းပြည်ကောင်းစားရေး စိတ်ထားများ ဖြင့် သူတို့၏ အသွေးအသားတို့အား လွတ်လပ်ရေး ယဇ်ပလ္လင်ထက်တွင် မကြောက်မရွံ့ နောက်မတွန့်ဘဲ စတေးခံသွားခဲ့ကြသည့် အကြောင်းများကို ဖတ်ရှုရသူ အပေါင်း နှစ်ထောင်းအားရ စိတ်ဓါတ်များဖြင့် အာဇာနည်ဟု ကြွေးကြော် ၊ သူတို့ကို ဦးခိုက် ပူဇော်ထိုက်ပါတယ်လို့ ချီးမွမ်း စကားသံတွေမှာ သူတို့တွေ ပျော်ရွှင်နေမယ်လို့ မိတ်ဆွေ ယုံကြည်ပါသလား ။ လွတ်လပ်၍ အချုပ်အချာ အာဏာကို ပိုင်ဆိုင်ခွင့်ရကာ လူ့အခွင့်အရေး အပြည့်ဝေ ရရှိနိုင်သည် ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်ရန် အတွက် လွတ်လပ်ရေး ပန်းတိုင် ဖမ်းဆုပ်ကိုင်နိုင်ရန် အားသွန်ခွန်စိုက် တကြောင်းတည်းသော လမ်းစဉ်ကို လမ်းပြချီတက်ခဲ့သည့် လွတ်လပ်ရေး ဖခင်ကြီးကကော ယနေ့ ( ၆၃ ) နှစ်မြောက် လွတ်လပ်ရေး နေ့ အတွက် ပျော်ရွှင်နေမည်ဟု သင်ယုံကြည်ပါသလား ..။



ကျွန်ူပ်၏ အမြင်အရ ဆိုလျှင် သူတို့တွေ ပျော်ရွှင်နေမည့် အစား တမျိုးသားလုံး အတွက် ဦးတည်လုပ်ဆောင်ခဲ့သော အလုပ်များသည် လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေးသာ ဖြစ်သွားခဲ့သည် အပြင် အခြားလူများမှာ ကျေးကျွန်များ သဖွယ် ဒုက္ခကို ပွေ့ဖက်၍ မျက်ရည်ရွှဲကာ အံကြိတ်ခေါင်းငုံ့၍ သီးခံနေကြသော ပြည်သူလူထု၏ ပုံရိပ်စစ်များသည် သူတို့ နှလုံးသားကို ပူလောင် ပြင်းပြစေရုံသာမက မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာလားလို့ ဟစ်ကြွေးပေလိမ့်မယ် ။ လွတ်လပ်၍ တရားမျှတသော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော နိုင်ငံတနိုင်ငံမှ နိုင်ငံသားများသည် လွတ်လပ်ရေး နေ့ကို မလွတ်လပ်စွာ ဆင်ယင် ကျင်းပခဲ့ရသည်မှာ နှစ်ပေါင်း ( ၆၃ ) နှစ် တိုင်ခဲ့ပေပြီဟု ကြွေးကြော်ညည်းတွားလိုက်လျှင် လွတ်လပ်ရေး ဖခင်ကြီးက တမလွန် ဘုံဘ၀မှ ထကြည့်၍ ငါတို့ အသွေးအသားတွေကို မင်းတို့တွေ ညည်းတွားဖို့ ပေးဆပ်ခဲ့တာ မဟုတ်ပါဘူးလို့ အားမလို အားမရ မိန့်ကြားပေလိမ့်မည်...။



အပွင့်လင်းဆုံး နဲ့ အရိုးသားဆုံး ဝေဖန်ပြရရင် မြန်မာနိုင်ငံသား တော်တော်များများက အမေစုကို ချစ်ခင်လေးစားကြတယ်လို့ ၀န်ခံထားပေမယ့် တဖက်က မသိစိတ်မှာ သံသယတွေက ကြားခံနေတော့ တကယ့်လက်တွေ့ကျတဲ့ ၀န်းရံမှု အဖြစ်ကို မရောက်နိုင်သေးတာပါ ။ ဒီလို သံသယတွေ ဘာကြောင့် ဖြစ်လာရတဲ့ အကြောင်းအရင်းကလည်း ၂၂ နှစ်လုံးလုံး ဘာမှ မဖြစ်ခဲ့ပါဘူး ဆိုတဲ့ အာဏာရှင် ဘက်တော်သားတွေရဲ့ သွေးထိုးစကားကို ခင်ဗျာတို့ မသိစိတ်က လွဲမှားစွာ သိမ်းပိုက်ထားလို့ပါဘဲ ။ လူထုခေါင်းဆောင်က တိုင်းပြည်အရေး နဲ့ ပုဂ္ဂိုလ်ရေးရာ အားပြိုင်လာတဲ့ အချိန်မှာ ပြည်သူလူထု အကျိုးစီးပွား အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေ့ထားခဲ့တာတွေ ကို အားလုံးသိနေပါလျှက် နဲ့ ဒီလို စကားမျိုးတွေကို နားယောင်နေကြတာဟာ အာဏာရှင် အစိုးရကို တဖတ်တလမ်းက အားပေးနေတယ် ဆိုတာ မေ့မထားစေချင်ပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့လို့ လေးစားတာလား ၊ လွတ်လပ်ရေး အတွက် ကိုယ်ကျိုး မဖက် တိုင်းပြည် အတွက် လုပ်ဆောင်ပေးခဲ့တဲ့ စိတ်ဓါတ်ကို လေးစားတာလား ဆိုတဲ့ စကားကို ကွဲကွဲပြားပြား သာ သိကြမယ် ဆိုရင် ခင်ဗျာတို့ အမေစုကို ထင်နေတဲက ယုံမှားသံသယဆိုတာ အကုန်ကွယ်ပျောက် ကုန်ပါလိမ့်မယ် ။



ခေါင်းဆောင် ရှိလျှင် နောက်လိုက်ကောင်း ဖြစ်အောင်ကြိုးစား ၊ ခေါင်းဆောင် မရှိလျှင် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်အောင် ကျင့်ကြံ သည်မှာ လူသားတို့၏ အကျင့်မှန်ပင် ဖြစ်လေသည် ။ လူပီသသော လူသားတစ်ယောက် သည် ခေါင်းဆောင်ကို ချစ်မြတ်နိုးသလို နောက်လိုက်များကိုလည်း လေးစားလေ့ရှိသည်မှာ သဘာဝ ဟု ဆိုပါလျှင် ကျွန်ူပ်တို့ လူပီသ ကြရဲ့လား စဉ်းစားကြည့်သင့်ပါတယ် ။ ထမင်း နပ်မှန်ဖို့တောင် မနည်း ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေက နိုင်ငံရေး သဘောတရား တွေကို သင်ကြားဖို့ အချိန်မရှိပါဟု ပြောကြသည့်လူများ တဖြည်းဖြည်း များပြားလာပါသည် ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတနိုင်ငံတွင် ၀မ်းရေး အတွက် ခက်ခဲစွာ ရှာဖွေစားသောက်ရခြင်းတို့မှ အစဉ် လွတ်မြောက်နေပါတယ် ဆိုတာကို မမေ့ကြပါနဲ့ ။ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ အဖြစ်ရောက် အောင် ချီတက်နိုင်ရင် ၀မ်းရေး ဆိုတာ လွယ်ကူစွာ ဖြေရှင်းနိုင်မှာ အသေအချာပါဘဲ ။ လူဖြစ်ရတဲ့ ခဏတာ အချိန်လေးမှာ ထမင်းနပ်မှန်ရေး အတွက် ကြိုးစားပြီး ထမင်း၀၀လေး စားနေရတာ လူ့ဘ၀ ရဲ့ အနှစ်သာရလို့ ယူဆနေကြတာလား ။



အမေစုရဲ့ တိုင်းပြည်အပေါ်ကို ထားရှိတဲ့ စေတနာ ၊ မွန်မြတ်တဲ့ စိတ်ထား ၊ သန့်ရှင်းတဲ့ ကိုယ်ကျင့်တရား ၊ လေးနက်တဲ့ အသိဥာဏ် ၊ ပြည်သူလူထု အပေါ်ကို ပေးဆပ်နေတဲ့ လုပ်ရပ်တွေကို အဓိကထားပြီး မဆုံးဖြတ်ဘဲ အောင်မြင်မှု ၊ ရှုံးနိမ့်မှု ဆိုတာတွေ ကို နောက်ကို သံယောင်လိုက်ပြီး လိုက်နေကြရင် ခင်ဗျာတို့လည်း အာဏာရှင်ရဲ့ ဘက်တော်သား အဖြစ် ရောက်မှန်းမသိ ရောက်နေကြပြီ လို့ သတိပေး စကား ပြောကြားချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းကို မြင့်မြတ်လွန်းတဲ့ သူရဲကောင်းပါလို့ အခုချိန်မှာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ အသိဥာဏ်မှာ မော်ကွန်းရေးထိုးခြင်း ခံနေရတဲ့ လူတစ်ယောက်ကို အဲဒီခေတ်က လူတချို့က မလိုတမာ စိတ်ယုတ်မာတွေ နဲ့ အမျိုးမျိုး ချောက်တွန်း ၊ သူသွားရာ လမ်းမှာ ခြေထိုးခံ ၊ နောက်ဆုံး မတတ်နိုင်လို့ လုပ်ကြံခံခဲ့ကြတာ ပုံပြင် မဟုတ်ဘူးဗျ ။ အခုလည်း အမေစုရဲ့ အောင်မြင်ကျော်ကြားမှု ကို မနာလို မရှုစိမ့် ၊ ကိုယ်ကျိုး အတ္တအလွန်ကြီးမားတဲ့ လူတွေက အမေစုရဲ့ အားနည်းချက်တွေပါလို့ ထောက်ပြ ပြောဆိုနေတာကို ခင်ဗျာတို့ မသိစိတ်က လက်ခံထားရင် ခင်ဗျာတို့လည်း အဲဒီလူတွေနဲ့ သိပ်မထူးခြားပါဘူး ။ ကိုယ်တိုင်ကလည်း သိပ်နားမလည်တော့ သူတပါးစကားကို ယုံမှားကြတာ ပုထုဇဉ် လူသားတွေရဲ့ သဘာဝကို ပြစ်တင်ပြောဆိုချင်လို့ မဟုတ်ပါဘူး ။ စဉ်းစားစေချင်လို့ အသိပေးနေတဲ့ စေတနာ စကားတွေကို အမုန်းခံပြီး ပြောကြားနေတာပါ ။



အာဏာရှင် စနစ်ဆိုး၏ ယုတ်မာ ပက်စက်မှု ကြောင့် တိုင်းပြည် ပြိုကျ ပျက်စီး နေပါသည့် အယူအဆကို ပြည်သူလူထု အားလုံးက လက်ခံထားကြသည် ။ ထိုသို့ အာဏာရှင် စနစ်ဆိုး ကို တိုက်ထုတ်၍ ဒီမိုကရေစီ ကြွေးကြော်သံများ ဖြင့် လုပ်ရှားနေသူများကို ပြည်သူလူထုက သဘောကျ နှစ်ခြိုက်လေ့ ရှိကြသည် ။ ထိုအခါ တဆင့်တက်၍ ကျနော်တို့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်း တိုက်ထုတ်သင့်သည်ဟု အဆိုပြု တင်သွင်းလိုက်လျှင် အနည်းငယ်မျှ စဉ်းစား ပြီးသည်နှင့် တပြိုင်နက် ငြင်းဆန်ခြင်း မရှိဘဲ သဘောတူ လက်ခံလေ့ ရှိကြပြန်သည် ။ ထိုအခါ နောက် တဆင့်တက်၍ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းအောင် အဓိက လုပ်ဆောင် နိုင်သူများမှာ ပြည်သူလူထု သာ ဖြစ်သော ကြောင့် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာ တာဝန်ကို ယူ၍ လက်တွေ့ကျကျ လုပ်ဆောင်သင့်ကြောင်း တင်ပြလိုက်သည့် အချိန်တွင်မူ တွေဝေသွား ကြသူ များလွန်း လှသော ယနေ့ ချိန်ခါ သမယတွင် တကယ် လက်တွေ့ ထိရောက်စွာ ကြိုးစားနေသော လူများမှာ အဏာရှင် တို့၏ တဖက်သိပ် ဖိနှိပ်မှုကို ခါးသီးရင်နင့် စဖွယ် ခံနေကြရကာ မြန်မာပြည်ကြီး ၏ ဆုတ်ယုတ်သထက် ပိုမို ဆုတ်လာရခြင်း၏ အဓိက အကြောင်းအရင်း တရပ် ဖြစ်သည်ဟု ထင်မြင် ယူဆမိလေသည် ။



စစ်အာဏာရှင်တို့၏ ဆိုးရွားလှသော ယုတ်မာပက်စက်မှု ကို ခေါင်းငုံ့ခံနေလိုက်၍ အာဏာရှင် စနစ်ဆိုးအောက်မှ ဘယ်တော့မှ လွတ်မြောက်မည် မဟုတ်ကို လူတိုင်းသိ၏ ။ ပြည်သူလူထုက ခေါင်းငုံ့သီးခံလိုက်၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက် သည့် နိုင်ငံဟူ၍ အတိတ်သမိုင်းတွင် မရှိခဲ့သလို ပစ္စပ္ပုန်နှင့် အနာဂတ်တွင်လည်း ဘယ်ခါမှ ရှိလိမ့်မဟုတ်။ ထိုသို့ ခေါင်းငုံ့ခံနေသမျှ သူတို့၏ ဖိနှိပ်မှု က ပိုမို ဆိုးရွားလာပေသည် ကို လည်း လူတိုင်း လက်တွေ့ကျကျ ခံစားခဲ့ရသလို အခု ချိန်ထိလည်း ခံစားနေရခြင်းဆဲ ပင် ဖြစ်ကြောင်း သိနေပါလျှက် အဘယ်ကြောင့် ဆန့်ကျင်မှု မပြု လိုကြပါသနည်း ဟု မေးခွန်းကို ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဘဲ အားမနာတမ်း လက်တွေ့ကျကျ စဉ်စားသင့်ကာ ဖြေကြည့်သင့်ပါသည် ။



ထိုသို့ အာဏာရှင် စနစ်မှ လွတ်မြောက်ရေး အတွက် ကြိုးစား ဆောင်ရွက်နေသူများတွင် အကြမ်း နှင့် အနု လမ်းစဉ် နှစ်ခု ကွဲပြားသွားကြပြန်သည် ။ ဘယ်လို နည်းလမ်းကိုသုံးသုံး ဦးတည်ချက် နှင့် စစ်မှန်သော တိုင်းပြည် ချစ်စိတ် အပေါ်ကိုအခြေခံ ထားကြဖို့သာ လိုအပ်ပေသည် ။ ဖက်ဆစ်ကို တိုက်ထုတ် အပြီး ၊ အင်္ဂလိပ်က ပြန်ဝင်လာသည့် အချိန် ၊ လွတ်လပ်ရေးကိစ္စ အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက် အရေး ဆိုသည့် အချိန်တွင် အောင်မြင်လျှင် ညောင်ရေမှာ ပန်းထိုးမယ် ၊ မအောင်မြင်လျှင် တောင်ခြေမှ ယမ်းအိုးတည် ကြ ဟု ၍ ဗိုလ်ချုပ်က မသွားခင် ပြည်သူလူထု အား မှာကြားသွားခဲ့ပါသည် ။ ယခုချိန်တွင် ထိုကဲ့သို့ပင် တွေ့ဆုံဆွေးနွေးရေးကို အမေစုက တောင်းဆိုထားသည်ကို အားလုံး အသိ ။ စစ်အာဏာရှင်တို့ဘက်က လက်မခံခဲ့လျှင် ပြည်သူလူထုက လုပ်သင့်လုပ်ထိုက်တာကို ဆက်လက် လုပ်ဆောင်ရပေမည် ။ ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရေး လမ်းစဉ်မှာ ပြည်သူလူထု၏ သွေးများ မြေသို့ကျ မကျ ဆိုသည်မှာ လက်ရှိ အာဏာသိမ်း စစ်အစိုးရ၏ သဘောထားပေါ်တွင်သာ မူတည်နေပါသည် ။



တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ၊ တိုင်းပြည်ကို တကယ်ချစ်တယ် ဆိုပါလျှင် တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလည်း ဆိုသည့် အခြေခံကြသည့် မေးခွန်းလေးများက ရိုးစင်းလွန်းလှပေသည် ။ သို့သော် ထွက်လာသည့် အဖြေများက ၀ိုးတ၀ါး နိုင်လွန်း လှပေသည် ။ အာဏာရှင် စနစ်ကြောင့် တိုင်းပြည်ပျက်နေ ပါသည် ဆိုသည့် အချက်ကို လက်ခံလျှင် အာဏာရှင် စနစ်ကို ဖြုတ်ချမှ တိုင်းပြည် ပြည်လည် အေးချမ်းသာယာကာ ခေတ်မှီဖွံ့ဖြိုးတိုးတက် နိုင်မည် ဆိုသည့် ယုံကြည်ချက်ကို ကိုင်စွဲ၍ မိမိတို့ တတ်နိုင်သည့် တာဝန်ကို ယူနိုင်ပါမှ တိုင်းပြည်ကို တကယ်ချစ်ရာ ရောက်သည် ဟု ကျွန်ူပ် လေးနက်စွာ ယုံကြည်မိပါသည် ။ ထိုကြောင့် နောင်လာမည့် ( ၆၄ ) လွတ်လပ်ရေး နေ့အခမ်းအနားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရယူပိုင်ဆိုင်ကာ လွတ်လပ်ရေးနေ့ကို လွတ်လပ်စွာ ဆင်နွှဲနိုင်သည့် နိုင်ငံသားတို့ ဘ၀ ကို ရောက်ရှိနိုင်အောင် ဒီမိုကရေစီ စနစ်ကို အမြန်ဆုံးတည်ဆောက်ကြရအောင်လို့ လေးစားစွာ တိုက်တွန်း နိုးဆော်ရင်း ဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး သမိုင်းမှ သူရဲကောင်းများ ၊ ဒီမိုကရေစီခေါ် လူ့အခွင့်အရေး တိုက်ပွဲကြီးတွင် ကျဆုံးခဲ့သော သူရဲကောင်းများကို လေးစားစွာ ဦးညွတ် ဂါဝရ ပြုလိုက်ပါတယ် .......။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး ပြောစရာ ရှိခဲ့ရင် ဒီနေရာလေးမှာ လာရောက် ရင်ဖွင့်ပြောဆို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဂန္တာ၀င်မြောက်တဲ့ မွေးနေ့ပွဲမှ အနုပညာပန်းခင်း

ဂန္တာ၀င်မြောက်တဲ့ မွေးနေ့ပွဲမှ အနုပညာပန်းခင်း

ရုပ်ရှင်ရိုက်တာ တမျိုးတည်းကို အနုပညာလို့ ယူဆပြီး လုပ်ပိုင်ခွင့်တွေ ပိတ်ထားလို့ ၀င်ငွေအားဖြင့် ကျဆင်းသွားပေမယ့် ပြင်းပြတဲ့ စိတ်ထားနဲ့ စစ်မှန်တဲ့ အနုပညာ ကို မြတ်နိုးတဲ့ စိတ်ကို ပေါင်းစပ်ထားတဲ့ လူတစ်ယောက် စည်းဝါးလိုက်ရင်တောင် ဂန္တာ၀င်မြောက်တယ် တဲ့ အနေအထားမှာ ပန်းဆယ်မျိုးတွင် တခု အပါအ၀င် ဖြစ်သော ပန်းချီဆွဲခြင်း အနုပညာတွင် ဈာန်ဝင်စားလိုက်တဲ့ အခါ မှော်ဝင်နေတဲ့ ပန်းချီကားချပ်တွေက အာဏာရှင်တွေ အသသတ်တဲ့ ကြားက ပွင့်လန်းလာတဲ့ ပန်းပွင့်တွေပါဆိုရင် ဒီအနုပညာပြပွဲလေးဟာ အာဏာရှင် လူတသိုက်ကို လှောင်ပြောင်ပြနေတဲ့ ပန်းခင်းကြီးပမာလို့ တခါတခါ တွေးမိ ထင်မြင် ယူဆမိတာ အမှန်ပါလို့ ၀န်ခံပါရစေ...

အမှန်တရားကို ချစ်မြတ်နိုးသူ၊ ပြည်သူလုထု အကျိုးစီးပွားကို လိုလားပြီး မြင့်မြတ်တဲ့ စိတ်နေစိတ်ထား တူနေကြတဲ့ လူတွေရဲ့ ကြားမှာ ကွဲပြားခြင်း မရှိဘူးဆိုတာကို သက်သေပြဖို့ သားတော်မောင် တစ်ယောက်ကို အားပေးချီးမြှောက် လိုတဲ့ အမေတစ်ယောက်ရဲ့ ဆန္ဒ ၊ သားမောင်ရဲ့ အနုပညာ ပန်းခင်းကြားမှာ ဂုဏ်ယူစွာဖြင့် လှည့်လည်ကြည့်ရှုနေတဲ့ ပြည်ထောင် စုရဲ့ မိခင် ၊
တကမ္ဘာလုံးက လေးစားချစ်ခင်တဲ့ အမေက သူ့အနုပညာကို ချီးမွမ်းတဲ့ အကြည့်များမှာ ပျော်မြူးနေတဲ့ သားလိမ္မာ ...ဒါတွေကို ကြည့်ရှုရင်း ပျော်ရွှင်နေတဲ့ ပရိတ်သတ် ၊ မိမိတစ်ယောက်ထဲ ပျော်ရွှင်မှု မဟုတ်ဘဲ တနိုင်ငံလုံး ပျော်ရွှင်မှု ရအောင် ဖန်တီး လုပ်ဆေင် နိုင်တာကို ဂုဏ်ယူ ၀မ်းမြောက်စွာ ကြည်နူးနေတဲ့ မွေးနေရှင် .....

ဒီလိုမြင်ကွင်းတွေကို ပေါင်းစပ်လိုက်ရင် ရှုမငြီးတဲ့ ချစ်ဇနီးရဲ့ မွေးနေ့ပွဲလေး ကို ကျင်းပ တဲ့ ဒီနေ့လေးဟာ ကိုကျော်သူရဲ့ အနုပညာမှတ်တမ်းမှာ ဟန်ဆောင် မှု မပါ စစ်မှန်တဲ့ ခံစားချက်တွေနဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်တဲ့နေ့ တနေ့ ဖြစ်သလို စစ်မှန်တဲ့ အနုပညာ ဆိုတာ ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူးဆိုတာကို အခြားသော အနုပညာရှင် မောင်နှမများကိုအသိပေးလိုက်တဲ့နေ့တနေ့အဖြစ် ဂန္တာ၀င်မြောက်စွာ အားလုံးရဲ့ နုလုံးသားမှာ ထာဝဇဉ် မှတ်တမ်းတင်နေမှာပါ.......


ဒုက္ခဆိုးတွေ ကြား သောကတွေကို ပွေ့ဖက် ၊ မလှန်နိုင်လို့ မျက်ရည်ရွှဲလဲ ဖြင့် အံကြိတ်ပြီး ခေါင်းငုံသီးခံနေရတဲ့ ပြည်သူလူထုရဲ့ နှလုံးသားမှ စိတ်ကြည်နူးမှုတွေကြောင့် ရွှန်းလဲ့တောက်ပနေတဲ့ သူတို့ မျက်ဝန်းတွေမှာ မုဒိတာတွေ ဖုံးလွှမ်းပြီး အပြုံးပန်းတွေ ဝေဆာစွာ ပွင့်လန်းခဲ့တာတွေကို တွေးထောက်ကြည့်ရင် ဒီလူသားနှစ်ယောက်ရဲ့ မေတ္တာဟာ ဘယ်လောက် ထိရောက်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားနိုင်တာ အသေအချာပါဘဲဗျာ ပြောဆိုရင် အမှန်တရားကို ချစ်မြတ်နိုးသူ တိုင်းအား လေးစားစွာ ဂါဝရ ပြုလျှက် ...........။

ဗမာ့သွေး

http://www.facebook.com/notes/friday-kaung-kaung/-/154231537960404?ref=notif&notif_t=note_tag#!/photo.php?fbid=190402630970076&set=t.100000010222133

အထက်ပါ ဆောင်းပါးနှင့် ပက်သက်၍ ပြောစရာ များ ရှိခဲ့တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက် ပြောဆို ဆွေးနွေး အကြံပြုတင်ပြ နိုင်ပါတယ်ခင်ဗျာ.

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်

နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်
ရန်ပိုင် Wednesday, 05 January 2011 18:40
E-mail Print
နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။

Naypyidaw_Air_Port2

နေပြည်တော် နိုင်ငံတကာ လေဆိပ် နမူနာ ပုံစံ။ (ဓာတ်ပုံ - Great Myanmar)
ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCC) နှင့် စစ်အစိုးရတို့ နေပြည်တော် လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားထားသည်။

နေပြည်တော် လေဆိပ် တိုးချဲ့တည်ဆောက်ရေးအတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထားသေးကြောင်း ပြည်တွင်း စီးပွားရေးသမားတဦးက ပြောသည်။
စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ သုတေသီ မစ္စတာ ပါဗင် ချာချာဗယ်ပုံပွန်က တရုတ်နှင့် မြန်မာ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာသော်လည်း သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “တရုတ်ကနေပြီး အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံနေတာကို မြန်မာ အစိုးရက အမြဲ ကြိုဆိုနေသည့်တိုင် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို တခါတလေမှာ သံသယတွေနဲ့ လက်ခံရတာ ဖြစ်ပါတယ်” ဟု အဆိုပါ South China Morning Post သတင်းစာသို့ ပြောထားသည်။

လေဆိပ်အသစ် တည်ဆောက်ရေးအပြင် တရုတ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီ Sinohydro ကလည်း မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေ သန်း ၉၀.၈ တန်ဖိုးရှိသည့် ကီလိုဝပ် ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတခု တည်ဆောက်မည်ဟု သိရသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။
အခွန်စနစ်သစ်တရပ် စတင်
ဧရာဝတီ Wednesday, 05 January 2011 14:50
E-mail Print
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း သိရသည်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ၀င်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်သည်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
ရန်ကုန်မြို့အခြေစိုက် စီးပွားရေးသမားကြီးတဦးက အခွန်ဆောင်ခြင်း၏ နောက်ကွယ်တွင် လုံခြုံမှုနှင့် တန်းတူအခွင့်အရေး ရရှမှု၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘ၀လုံ ခြုံရေးအာမခံချက်များ ပါဝင်ကြောင်း ရှင်းပြသည်။

အဆိုပါစီးပွားရေးသမားကြီးက “နိုင်ငံတော်ကို အခွန်ဆောင်မယ်ဆိုရင် နိုင်ငံတော်ကလည်း အခွန်ဆောင်တဲ့သူ၊ နိုင်ငံသား တွေအပေါ်မှာ တန်းတူ အခွင့်အလမ်းတွေ ပေးရမယ်။ ဘ၀အာမခံချက်ပေးရမယ်။ အခွန်ဆောင်တော့ ကိုယ်၊ အခွင့်အရေးရတော့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ အဲဒီလို ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက ရတယ်။ Monopoly စီးပွားရေးပုံစံနဲ့တော့ ဘယ်သူမှ အခွန်မဆောင်ဘူး” ဟု ပြောသည်။

ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းမြင့်တို့ကဲ့သို့သော စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် စီးပွားရေးသမားကြီးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်များကို လက်ဆောင်ပဏ္ဍာ ဆက်သခြင်း၊ ဆေးရုံဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်း တံတား တည်ဆောက်ပေးခြင်း အပါအ၀င် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အခွန်ကင်းလွတ်ခွင့်များ ရရှိကြောင်း သိရှိရသည်။
ကြံ့ဖွံ့လူငယ် ဝက်ဘ်ဆိုဒ်ကို ဟက်ကာများ ထိန်းချုပ်
ဧရာဝတီ Wednesday, 05 January 2011 12:13 သတင်းတိုများ
E-mail Print
ကြံ့ဖွံ့လက်အောက်ခံ လူငယ်များ ဦးစီးလုပ်ကိုင်သည်ဟု လူသိများသော ဝါဒဖြန့်ချိရေး ခေတ်လူငယ် ဝက်ဘ်ဆိုဒ် (www.khitlunge.net.mm) ကို မြန်မာ လူငယ်များ ဖြစ်သည့် ဘလင့်ခ် ဟက်ကာ အဖွဲ့က ဟက်ထားကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့မှစ၍ DDoS ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး ယခုရက်များတွင် ယင်းဝက်ဘ်ဆိုဒ်ကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင့် ဘလင့်ခ် အဖွဲ့က ကြေညာထားသည်။

http://www.bur.irrawaddy.org/

2011-01-05
ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ
2011-01-05

ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့ ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-01-05
ပြည်ထောင်စုစိတ်ဓာတ် ပိုအရေးကြီးကြောင်း CRPP အတွင်းရေးမှူးပြောကြား

ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ အမျိုးသားရေး-အမျိုးသားစိတ်ဓာတ်ကို မွေးခဲ့ရပေမဲ့ လွတ်လပ်ရေးရဖို့ ပြည်ထောင်စုရေး-ပြည်ထောင်စုစိတ်ဓာတ်ကို ပျိုးထောင်ခဲ့ရတယ်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
2011-01-05
ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ်

မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) အမှတ် ၁၅ ကနေ လယ်ယာမြေတွေ သိမ်းယူထားတာကို အိုင်အယ်အိုကို တိုင်တန်းခဲ့တာကြောင့် လက်တုံ့ပြန် အရေး ယူတဲ့ အနေနဲ လယ်မြေတွေပေါ်က သီးနှံတွေကို စစ်တပ်က ရိတ်သိမ်းခွင့် မပြုဘူးလို့သတင်း ရရှိပါတယ်။
2011-01-05
စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ

တနင်္သာရီတိုင်း ရေးမြို့အခြေစိုက် ခမရ (၅၈၆) က တပ်သား ဝင်းရန်နိုင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ဒီကေဘီအေ တပ်မဟာ ၅ ထံ လက်နက်ချ ခဲ့တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/
မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်

By မအေးအေးမာ ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူးလေး ရွာအနီးမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ရပ်နားခဲ့ကြရပါတယ်။ ညဘက်မှာ ဖြစ်တာကြောင့် ပြေးလွှားချိန် မရဘဲ အိမ်အောက်က ဗုံးခိုကျင်းတွေမှာ နေထိုင်နေခဲ့ကြရပြီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ရာနဲ့ချီရှိတဲ့ အပြာရောင် ၀တ်ထားတဲ့ အရပ်သား ပေါ်တာတွေကို ၅ ယောက်စီ ကြိုးနဲ့ချည်ပြီး လက်နက်ခဲယမ်း အပါအ၀င် စစ်ပစ္စည်းတွေကို ထမ်းခိုင်းနေတာ မြင်ရတယ်လို့ DKBA နဲ့ ဒေသခံတွေက ပြောပြပါတယ်။
ပင်လုံစိတ်ဓာတ် ကင်းမဲ့မှု တိုင်းရင်းသား ခေါင်းဆောင်တွေ ဝေဖန်

By မသင်းသီရိ အင်္ဂါ, 04 ဇန်နဝါရီ 2011


လွန်ခဲ့တဲ့ ၆၃ နှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက အခုချိန်ထိ နှစ်တွေ ကြာလာခဲ့ပေမဲ့ စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံကို မတည်ထောင်နိုင်ခဲ့ဘူးလို့ ပြည်တွင်းက နိုင်ငံရေးသမား တချို့က သုံးသပ်ကြပါတယ်။ လွတ်လပ်ရေး ရပြီးကတည်းက အဆင့်ဆင့် ပြောင်းလဲလာတဲ့ အစိုးရလက်ထက် တလျှောက်လုံးမှာ ပင်လုံစိတ်ဓာတ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်တာ မရှိသေးသလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း အပြောသာရှိခဲ့ပြီး လက်တွေ့လုပ်ဆောင်ခြင်း မရှိဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက သုံးသပ်ကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ဖြစ်လာဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတာဖြစ်ပြီး ဒါကိုလည်း တိုင်းရင်းသား အဖွဲ့တွေက ကြိုဆို ထောက်ခံထားပါတယ်။
ဖြိုးဝေအောင်အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ALRC ကုလကို တိုက်တွန်း

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်အတွင်း ဗုံးကွဲမှုနဲ့ ဆက်စပ်လို့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို အာဏာပိုင်တွေဘက်က နှိပ်စက်ညှဉ်းပန်းပြီး ဖြောင့်ချက် အတင်းပေးခိုင်းခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရသူတွေအပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ ကိစ္စ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ အာရှဒေသ ဥပဒေရေးရာ အဖွဲ့တဖွဲ့ကနေ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ဒီအကျဉ်းထောင်တွေ အတွင်းမှာ ရဲအရာရှိတွေက သော်လည်းကောင်း၊ သတင်းတပ်ဖွဲ့က သော်လည်းကောင်း၊ အကျဉ်းဌာန ဦးစီးအရာရှိတွေက သော်လည်းကောင်း၊ နှိပ်စက်ညှဉ်းပန်းတဲ့ ကိစ္စရပ်တွေက အတော်အသင့် ရပ်ဆိုင်းသွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က နေပြီးတော့ ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးတဲ့ ကိစ္စရပ်တွေ၊ မေးမြန်းတဲ့ ကိစ္စရပ်တွေ ပေါ်လာလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကျဉ်းထောင်တွင်း အခြေအနေတွေကလည်း တစုံတရာ ပြောင်းလဲလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တဲ့အတွက် ကျနော်တို့ အခုလို ပေးပို့ရခြင်း ဖြစ်ပါတယ်။”
သုံးရောင်ခြယ် အလံသစ်အပေါ် ပြည်သူတွေ စိတ်ဝင်စားမှု နည်းပါး

By ဦးမိုးဇော် ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011


၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ အသစ်ပြဋ္ဌာန်းလိုက်တဲ့ သုံးရောင်ခြယ် အလံတော်သစ်ကို ပြည်သူအများစုက စိတ်မ၀င်စားတာကြောင့် မနေ့က ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နေအိမ်တွေမှာ လွှင့်ထူတာ အတော်ကို နည်းပါးနေပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ အစိုးရရုံး၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ ရုံးနဲ့ ဘတ်စ်ကားတွေမှာသာ အနည်းအကျဉ်း လွှင့်ထူထားတာ တွေ့ရပေမဲ့ အိမ်ခြေ ၁၀၀ မှာ ၈၀ လောက်က မလွှင့်ကြဘူးလို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုကြပါတယ်။

နိုင်ငံရေးပါတီ တချို့ကတော့ စစ်အစိုးရက ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် အသစ်ပြောင်းလဲလိုက်တဲ့ အလံကိုလည်း အသိအမှတ် မပြုကြဘူးလို့ သိရပါတယ်။

http://www.voanews.com/burmese/news/

http://burmese.dvb.no/
ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော
ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်းပြောဆိုသည်။

“ဒီလ ၁၄ ရက်နေ့လောက် ပြည်သူ့လွှတ်တော် စမှာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ စပြီးရင် ၇ ရက်ဆိုရင် အမျိုးသားလွှတ်တော်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်” ဟု ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်သူ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပြည်သူ့လွှတ်တော် စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟုလည်း ပါရှိသည်။

ကြံဖွံ့ပါတီက တနိုင်ငံလုံးတွင် ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရပြီး အစိုးရဖွဲ့မည်ဟု ဦးခင်ရွှေက ပြောဆိုနေသော်လည်း ရွေးကောက်ပွဲ၌ မဲမသာမှုများ ရှိနေကြောင်း လတ်တလော ကြံ့ဖွံ့ပါတီနှင့် ပြိုင်ဘက် အမတ်များအကြား အပြန်အလှန် တရားစွဲဆိုမှုများက သက်သေပြနေသည်။
ဘွဲ့တံဆိပ်ဖြင့် နအဖ ဘာသာရေး သြဇာယူ
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ(မဇ္ဈိမ) ။ ။ စစ်အစိုးရက သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်နေခြင်းမှာ နိုင်ငံရေးအရ အကျိုးအမြတ် ရှာနေခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက မိန့်ကြားလိုက်သည်။

အထူးသဖြင့် သံဃာ့အသိုင်းအဝိုင်းတွင် သြဇာကြီးသည့် ဆရာတော်များကို ယင်းသို့ ဘွဲ့တံဆိပ်ချီးမြင့်ခြင်းသည် ၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းတွင် ကျရှုံးခဲ့သည့် ဘာသာရေးသြဇာကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။
ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် လိုသည်” ဟု စာရေးဆရာကြီး ဒဂုန်တာရာက ရန်ကုန်တွင် ယမန်နေ့ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာများနှင့် မိတ်ဆုံစားပွဲ၌ ပြောဆိုခဲ့ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ပြောပြသည်။

ပန်းဆိုးတန်းလမ်းရှိ နန်းယု စားသောက်ဆိုင်၌ ညနေပိုင်းတွင် ၂ဝ၁၁ နှစ်သစ်ကူးပွဲနှင့် လွတ်လပ်ရေး မိတ်ဆုံစားပွဲအဖြစ် စာရေးဆရာများ စီစဉ်ပြုလုပ်သည့် ယင်းပွဲသို့ ဒဂုန်တာရာ၊ ပါရဂူ၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ အံ့မောင် စသည့် စာရေးဆရာကြီးများအပါအဝင် ကဗျာဆရာနှင့် စာရေးဆရာ ၄ဝ ခန့် တက်ရောက်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

http://mizzimaburmese.com/
“၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက်)