Friday, 26 December 2008
နှစ်သစ် လူသစ် စိတ်သစ်
Thursday, 25 December 2008
Merry Christmas

ချစ်စွာသော သန်း ၅၀ ကျော် မြန်မာပြည်သူအပေါင်းနှင့် ချစ်စွာသော မြန်မာဒီမိုကရေစီအရေးကို လိုလားကြကုန်သော လူသားများအားလုံး ကို Burma Democratic Concern အဖွဲ့သားများအားလုံးမှ ၂၀၀၈ခုနှစ် ရဲ့ Merry Christmas ပါလို့....
Tuesday, 23 December 2008
အာဏာမတော်တရော် ညှိုးနွမ်း
မမခင်တယောက် အခုတလော ရေဒီယိုကို ဖွင့်နားထောင်လိုက်တိုင်း ကြားနေရတာက ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်တွေကို မြန်မာနအဖစစ်အစိုးရက ပုဒ်မ (၂၉၅) နဲ့ ထောင်ချနေတဲ့ သတင်းပါပဲ၊ ရေဒီယိုဆိုလို့ စစ်အစိုးရချုပ်ကိုင်ထားတဲ့ ကြပ်ပြေးနေပြည်တော် မြန်မာ့အသံကို ပြောတာမဟုတ်ဘူးနော်။ မမခင်တို့ မျက်စိပိတ် နားပိတ် ဖြစ်နေတဲ့ ပြည်သူတွေရဲ့ နားမျက်စိတွေကို ဆွဲဆွဲဖွင့်ပေးနေတဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေတို့ ဒီဗွီဘီတို့ကိုပြောတာ။ အဲဒီ သတင်းဌာနတွေက လွှင့်ပေးနေတဲ့ သတင်းတွေ၊ တွေ့ဆုံခန်းတွေထဲမှာ ပုဒ်မ(၂၉၅) .. (၂၉၅) နဲ့။
၂၀၀၇ ခုနှစ် ရွှေဝါရောင်လွှမ်းသွားတဲ့ သံဃာတော်များရဲ့ မေတ္တာပို့ဆုတောင်းပွဲကို နအဖစစ်အစိုးရက လက်နက်နဲ့ ဖြိုခွဲမယ်လို့တော့ မထင်မှတ်ခဲ့ပါဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေလဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက မွေးလာတဲ့ ဗုဒ္ဓဘာသာတွေပဲလို့ အောက်မေ့မိခဲ့တယ်။ ဗုဒ္ဓဘာသာမှန်ရင် ဘုရား တရား သံဃာ ရတနာသုံးပါးကိုတော့ အထွဋ်အမြတ်ထားရမယ်ဆိုတာကို သိတတ်ကြလိမ့်မယ်လို့ပဲ ယူဆမိခဲ့ကြတာပါ။ ဒါပေမဲ့ လက်တွေ့မှာ မမခင်တို့ ထင်မြင်သလို မဟုတ်ခဲ့ဘူးရှင်။ ပစ်ခတ်လိုက်တာမှ တဒိုင်းဒိုင်းပါပဲ။ ရိုက်လိုက်နှက်လိုက်တာလဲ တဖုန်းဖုန်းပါပဲ။ ဦးဇင်းတွေခေါင်းမှာဆိုရင် ဒဏ်ရာဒဏ်ချက်တွေချည်းပါပဲ။
ဆရာတော် သံဃာတော်တွေရဲ့ မေတ္တာပို့ သံဃာတန်းကြီး စတင်ကြွချီခဲ့တဲ့ အစောပိုင်းရက်တွေမှာ မမခင်တို့ သူငယ်ချင်းအုပ်စုတွေ ရွှေတိဂုံအရှေ့ဘက်မုခ်ဝ၊ တောင်ဘက်မုခ်ဝ၊ သမ္မတရုံရှေ့၊ ဆူးလေလမ်းမ စသဖြင့် သင့်တော်သလို စောင့်မျှော်ဖူးမြင်ခဲ့ကြတာလေ။ ရှေ့ဆုံးက ကြွချီတော်မူလာတဲ့ အသက် (၈၀) ကျော် ဆရာတော်ဘုရားကို ဖူးမြင်ရတိုင်း သြော် ... တို့သာသနာတော်ကြီးက ကိုယ်တော်တွေဟာ တိုင်းသူပြည်သားတွေ စီးပွားရေးကြပ်တည်းတာ ဆင်းရဲငတ်မွတ်တာကို မကြည့်ရက်နိုင် မမြင်ရက်နိုင်လို့ ပြည်သူတွေကိုယ်စား နအဖစစ်အစိုးရသိအောင် ဆောင်ရွက်တော်မူကြပါပေတယ်။ ကြည်ညိုလိုက်တာ။ ဆရာတော်ဘုရားကြီးတွေ အသက်ရှည်လို့ ကျန်းမာချမ်းသာကြပါစေ။ အမျိုးဘာသာ သာသနာအကျိုး ဆထက်ထမ်းပိုး စွမ်းဆောင်နိုင်ကြပါစေလို့ မေတ္တာပြန်ပို့မိပါတယ်။ ဒါပေမဲ့ မမခင်တို့ဆုတောင်း မပြည်ဝခဲ့ပါဘူး။ ရွှေဝါရောင် မေတ္တာပို့ဆုတောင်းပွဲကြီးကို နအဖစစ်အစိုးရက သူတို့အာဏာ ထိပါးလာမယ်လို့ ထင်မြင်ယူဆပြီး ဖြိုခွင်းခဲ့တော့ မမခင်တို့ ဖူးမြင်ခဲ့ရတဲ့ ရှေ့ဆုံးက သက်တော် (၈၀) ကျော် ကိုယ်တော်ကြီးကို ဖမ်းဆီးသွားတာများ မမြင်ရက်စရာပါပဲ။ မမခင်ဖြင့် မျက်ရည်များတောင် ကျမိခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ ကိုယ့်ကျောင်းမှာကို အေးအေးဆေးဆေး စာပေ ပဋိယတ် ပဋိပတ် လုပ်နေတဲ့ ကိုယ်တော်တွေကိုလဲ ကျောင်းတိုက်တွေထိ ဝင်ရောက်စီးနင်း ရိုက်နှက်ပစ်ခတ် ဖမ်းဆီးခဲ့ကြတာလဲ အများပြည်သူ သိခဲ့ကြတဲ့အတိုင်းပါပဲ။ အဲဒါတွေကို မြင်ရကြားရ သိရပြီးတဲ့နောက် နအဖစစ်အစိုးရတော့ တို့သာသနာတော်ကြီးကို ဖျက်ဆီးနေပြီ၊ စစ်အစိုးရကြောင့် တို့သာသနာတော် ညှိုးနွမ်းရပြီ။ နိုင်ငံရပ်ခြားက တခြားဘာသာဝင်တွေများ မြင်ရကြားရ သိရရင် ရှက်ဖွယ်လိလိပါကလား၊ ကိုယ့်ဘာသာရဲ့ အထွဋ်အမြတ်ကိုတောင် ရက်ရက်စက်စက် လုပ်ရက်ပါလားရယ်လို့ အမြင်စောင်းမှာကို ရင်လေးမိခဲ့ပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော်က သာသနာတော်အပေါ် မဖွယ်မရာပြုမူခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ယခုတော့ မေတ္တာပို့ကြွချီခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေကို သာသနာတော်ညှိုးနွမ်းပုဒ်မနဲ့ တရားစွဲ ထောင်ချနေပါတယ်။ မခက်ပါကလား။ ဘုရားကားအောက် မြောက်ကားအထက် ပြောင်းပြန်တွေဖြစ်ပျက်နေလို့ မမခင်တော့ အံသြမိပါတယ်။ အဲဒီလိုဖြစ်နေတာကို စိတ်ထဲ ကသိကအောက်ဖြစ်လွန်းလို့ သူတို့ ဖမ်းဆီးထောင်ချထားတဲ့ သံဃာတော်တွေကို ဘယ်လိုအချက်တွေကြောင့်များ စွပ်စွဲခံရစရာ အကြောင်းရှိသလဲလို့ ကိုယ်ကိုးကွယ်တဲ့ ထောင်ထဲက ကိုယ်တော်တွေကို လေ့လာကြည့်မိပါတယ်။ ထောင်ထဲက သံဃာတော်တွေ အားလုံးဟာ ထောင်ထဲမှာလည်းပဲ ဝိနည်းတော်နဲ့အညီ နေထိုင်စားသောက်ကြတယ်လို့ သတင်းရပါတယ်။ စစ်အစိုးရက သင်္ကန်းကို ဇွတ်ဆွဲချွတ်ခဲ့ကြလို့ လူဝတ်နဲ့ နေကြထိုင်ကြရပေမဲ့ တပါးတလေမှ သိက္ခာမချဘဲ လူဝတ်ပုဆိုးကိုပဲ သင်းပိုင်လိုဝတ်ပြီး ရဟန်းတို့ကျင့်အပ်တဲ့ သီလသမာဓိနဲ့ နေထိုင်ကြတယ်လို့ ကြားသိခဲ့ရပါတယ်။
မမခင်က စပ်စပ်စုစုမို့ ထောင်ဝင်စာလာလာတွေ့တဲ့ ရဟန်းအမေ၊ ရဟန်းအစ်မ၊ ရဟန်းနှမတွေဆီ ထောင်ထဲက ကိုယ်တော်တွေက ဘာတွေမှာသလဲ၊ ရဟန်းနဲ့ မအပ်စပ်တာတွေများ အမှာရှိကြသလားလို့ ..... စပ်စုကြည့်တာပေါ့။ သူတို့က ပြောပါတယ်၊ သားကြီး ငါးကြီးတောင်မမှာပါဘူး။ ငါးပိကြော်လေး ငါးခြောက်ကြော်လေးပါ။ အထဲကကိုယ်တော်တွေ မဖြစ်မနေ မှာတာကတော့ “ဘုရားဥပဒေတော်ကြီး” ဆိုတဲ့ စာအုပ်ပါပဲ။ အဲဒီ စာအုပ်က မြတ်စွာဘုရား ချမှတ်ခဲ့တဲ့ ဝိနည်းတွေအကြောင်း အသေးစိတ်ရေးသားထားတဲ့ စာအုပ်ပါ။
အဲဒီလို ဝိနည်းတော်တွေကို ထောင်ထဲရောက်နေတာတောင် မပြတ်မလပ်အောင် လေ့လာမှတ်သား ဆည်းပူးနေတဲ့ ဆရာတော်အရှင်သူမြတ်တွေက သာသနာတော်ကို ညှိုးနွမ်းစေမှာလား။ တကယ်တော့ သာသနာတော်ကြီးက ဘုရားသာသနာ၊ သိကြားသာသနာရယ်လို့ သူ့စာရင်းနဲ့သူ ရှိပြီးသားပါ။ သံဃာတော်တွေ လမ်းလျှောက်မေတ္တာပို့ထွက်ရုံနဲ့လဲ သာသနာတော် မညှိုးနွမ်းနိုင်ပါဘူး။
တကယ်တော့ ၂၀၀၇ မေတ္တာပို့ဆုတောင်းပွဲကြီးက သာသနာတော်ကို ညှိုးနွမ်းစေတာမဟုတ်။ မမခင်သိသလောက် ပြောရရင် ဆရာတော် သံဃာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းပွဲကြီးဟာဖြင့် နအဖစစ်အစိုးရရဲ့ အာဏာတော်၊ မဟုတ်ပါဘူးရှင်။ မမခင်မှားသွားလို့ပါ။ အာဏာကို မတော်တရော် သုံးသုံးနေကြလွန်းတဲ့အတွက် အာဏာမတော်တရော် ညှိုးနွမ်းစေတာသာ ဖြစ်ပါကြောင်း။ အဆုံးသတ်မှာ ဘုန်းကြီးတွေကြောင့် သာသနာတော်က မညှိုးနွမ်းပါဘူး။ သူတို့ရဲ့ အာဏာကို မတော်တရော်လုပ်တာတွေပဲ ညှိုးနွမ်းတာဖြစ်ပါတယ်။
မမခင် ၏ December 2008 ထုတ် ဆောင်းပါးအား မျှဝေပါသည်။
နအဖ ကို မဟနဆရာတော်ကြီးများ ဟောကြားသင့်သော ဇာတ်တော်တစ်ခု
မဟန ဆရာတော် အချို့က ဘုရားဟောမဟုတ်တာတွေကို မဟောရဘူးဆိုလို့ ဘုရားဟောဇာတ်တော် တစ်ပုဒ်ကို တင်ပြလိုက်တာ ဖြစ်ပါတယ်။
ဂန္ဓတိန္ဒုက ဇာတ်တော်
ရှေးအခါက ကပိလတိုင်း ဥတ္တရပဉ္ဖာလပြည်မှာ ပဉ္ဖာလဆိုတဲ့ မင်းကြီးအုပ်ချုပ်စိုးစံသတဲ့။ ထိုပဉ္ဖာလမင်းဟာ အဂတိတရား လိုက်စားပြီး မင်းကျင့်တရားများကို မေ့လျော့နေပါသတဲ့။
အဂတိတရား ၄-ပါးဆိုတာက
(၁) ဆန္ဒာဂတိ= ချစ်တဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၂)ဒေါသာဂတိ= မုန်းတဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၃) ဘယာဂတိ=ကြောက်တဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၄)မောဟာဂတိ= မသိတဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်းဖြစ်ပါတယ်။
မင်းဖြစ်သူဟာဤလို ဂတိတရား လိုက်စားပြီး တရားမှန်ကို လက်လွတ်ခဲ့တဲ့အတွက် မင်းမှုထမ်း အားလုံးဟာလည်း တရားမစောင့်ကြတော့ဘူး၊ ကိုယ်ရထားတဲ့ အာဏာအခွင့်အရေးများနှင့် လူထုကို အမျိုးမျိုးနှိပ်စက်ကြတယ်။ အစိုးရလုပ်သူများ တရားပျက်လွန်းတဲ့အတွက် သူခိုးဓားပြများလည်းထကြွကြတယ်။ ဒါကြောင့်လူထုဟာ နေ့အချိန် မင်းနှိပ်စက် ခံကြရပြီး ညဉ့်အချိန်း သူခိုးဓားပြများရဲ့ အနှိပ်စက်ကို ခံနေကြရတယ်။ သို့သော်လည်း ဒီအကြောင်း တွေကို ပဉ္ဖာလမင်းဟာ ဘာမှမသိဘူး ။ သိအောင်လည်းမလေ့လာဘဲ နန်းတော်အတွင်း ဇိမ်ယစ်နေပြီးသာ နေပါသတဲ့။
ထိုစဉ် ဘုရားအလောင်းတော်ဟာ မြို့အ ပြင် တည်ပင်ကြီးမှာ ရုက္ခစိုးနတ်ဖြစ်လို့ နှစ်တိုင်း နှစ်တိုင်း မင်းရဲထံက အဖိုးတစ်ထောင်ထိုက် တဲ့ ပူဇော်သက္ကာရများကိုရပါတယ်။ ရက္ခစိုးနတ်မင်းဟာ ဒီလိုမင်းရဲ့ ပူဇော်မှုကို ရပေမယ့် မင်းအကျင့်ပျက် နေတာ ကိုတော့မကျေနပ်ဘူး၊ ဒီမင်းဟာ တရားမှန် သိအောင်ဘယ်လို လုပ်ရမလဲလို့ အမြဲကြံနေပါတယ်။
တစ်ရက်တော့ ရုက္ခစိုးနတ်မင်းရဲ့ စိတ်ထဲမှာ အကြံဖြစ်ပေါ်လာတယ်၊ “မင်းဖျက်ဆီးလို့ တိုင်းပြည်အလုံးတော့ မီးဟုန်ဟုန်တောက်နေပြီ၊ ဒါပေမယ့် ဒီမင်းယုတ်ဟာ ဘာမှ သတိမထားဘူး၊ သူဟာ ငါ့ကို တစ်နှစ် တစ်ထောင်တန် ပူဇော်ထားတဲ့အတွက် သူ့ကျေးဇူးငါ့မှာရှိနေတယ်၊ သူ့ကျေးဇူးကို ဆပ်တဲ့သဘောထားနှင့် အမြင်မှန်ရအောင် ပြောမှတော်မယ်”လို့ ညဉ့်အခါ မင်းစက်ရာ တိုက်ခန်းဝင်ပြီး ကောင်းကင်က ကိုယ်ရောင်ပြလိုက်တယ်၊ နတ်ရဲ့ ကိုယ်ရောင်ကြောင့် မင်းဟာ အိပ်စက်ရာကနေလန့်နိုးပြီး ကြည်လိုက်တော့ သူ့ခေါင်းပေါ်က နတ်သားကိုမြင်တဲ့အတွက်--.
“အသင် ဘယ်သူလဲ’”လို့ အိပ်ရာကနေ ထယင်းမေးလိုက်တယ်။
“ငါ တည်ပင်စောင့်နတ်ဖြစ်တယ်”
“ဘယ်ကိစ္စ ကြွလာပါသ လဲ နတ်မင်း?
“သင်မင်းကြီးကို ဆုံးမချင်လို့လာချင်ဖြစ်တယ်”
“ဘာများ ဆူံးမချင်ပါသလဲ?
“သင်မင်းကြီးဟာ အဂတိတရား လိုက်စားပြီး မေ့မေ့လျော့လျော့ မင်းလုပ်နေတဲ့အတွက်
ယခုတိုင်း သူပြည်သားတွေ အင်မတန်ဆင်းရဲကုန်ပြီ၊
ဒီအကြောင်းကို အသင်မင်းကြီးသိရဲ့လား?
“မသိပါဘူး၊ အရှင်နတ်မင်း”
“အသင် ဘယ်မှာသိမှာလဲ- ကိုယ်ကျိုးကိုသာ ကြည့်ပြီး သူများအကျိုးတော့ မကြည့်တတ်ဘဲကိုး ၊ မင်းဆိုတာ ဒီလို ကိုကျိုးသာ မကြည့်ရဘူး၊ တိုင်းသူပြည်သား အများချမ်းသာအောင်လည်း မြင်အောင်ကြည့်တတ်ရတယ်၊ ခုတော့ သင်က တိုင်းပြည်ခေါင်းဆောင် လုပ်ပြီး တရားပျက်လေတော့ သင့်လက်အောက်က လခစားအားလုံးဟာလည်း တရားမကပ်ကြတော့ဘူး၊ လက်လှမ်းမီသလောက် လူထုထံက နိုက်ယူနေကြပြီ၊ ငါပြောတာ ဟုတ်,မဟုတ်သိအောင် သင်ကိုယ်တိုင် စုံစမ်းပေတော့”လို့ ရုက္ခစိုးနတ်မင်းဟာ မင်းကို ဆုံးမ ပြောဆိုပြီး နေရာဗိမ္မာန်ကို ပြန်သွားတယ်။
ပဉ္စာ လမင်းလည်း ရုက္ခစိုးနတ်မင်းရဲ့ စကားကိုကြားတော့ အမတန်ထိတ်လန့်ပြီး မိုးလင်းတဲ့အခါ တိုင်းပြည်ကိုမှုးမတ်များထံ အပ်နှံကာ ပုရောဟိတ်နှင့် အတူ မထင်မရှား စနည်းနာထွက်ခဲ့ကြတယ်၊ ရှေးဦးစွာ အရှေ့တံခါးက ထွက်လာလိုက်တာ တစ်ယူဇနာလောက် ရောက်လျင်ပင် လမ်းဘေးမှာ လူအို တစ်ယောက် ဆဲရေးယင်း ခြေဖ၀ါး ဆူးထွင်နေတာကို တွေ့ကြရတယ်၊ “ဆဲရေးပုံကတော့ ငါဆူးစူးခံရသလို ပဉ္စာလမင်းလည်း စစ်မြေပြင်မှာ မြားစူးပါစေ”တဲ့ ဒီစကားဟာ မင်းနှင့် ပုရောဟိတ် ကြားတော့ အနီးချဉ်းကပ်ပြီးပုရောဟိတ်က
“ဘယ်နှယ်--အဖိုးကြီး ခင်ဗျားဟာမျက်စိမွဲလို့ ဆူးနှင်းမိတာကို ဘာကြောင့် မင်းကိုကျိန်ဆဲရလည်းဗျ. မေးတယ်.။ ဒီတော့ အဖိုးအိုက” အလိုပုရောဟိတ်ကြီးတို့ ပါကလား၊ ဒီလိုပါ ။ ခင်ဗျား….က ဒီနယ်သား မဟုတ်ဘူးထင်တယ်၊ ကျုပ်တို့နေမြေမှာ မင်းဖြစ်နေပုံက မင်းက အခွန်ကောက်တောင်းလွန်းတယ်၊ ချောပို့ ၀န်ထမ်းစတဲ့ မင်းကိစ္စတွေကလည်းအင်မတန်များတယ်။
မင်းကတရားမစောင့်တော့ မင်းမှူထမ်းတွေကလည်း မြင်တာကိုဆွဲနေကြတယ်၊ ဒါပေမယ့်သူတို့က ကျုပ်တို့ကိုတော့ ဘာအကာအကွယ်မှမပေးဘူး၊ ည,ည ဆို သူခိုး ဓားမြ နှိပ်စက်လွန်းလို့ ပုန်းအိပ်ကြရတယ်၊ ဒါကြောင့် လူထုဟာ မင်းဘေး သူခိုးဘေး ကြောက်တဲ့အတွက် နည်းနည်းပဲသက်သာ သက်သာဆိုတဲ့ သဘောနှင့် ဆူးခက်တွေယူပြီ ပုန်းအောင်းဖို့ရာ လုပ်ကြတယ်၊ ဒီဆူးခက်တွေက ကျုပ်ကိုစူးတာ ၊ကျုပ်မျက်စိမွဲလို့ မဟုတ်ပါဘူး၊ ဒီတော့ ကျုပ် မင်းကို မကျိန်ဆဲရင် ဘယ်သူ့ ကျိန်ဆဲရဲ ရမှာတုံး ကို ပုရောဟိတ် ကြီးရယ် လို့ပြောလိုက်တယ်။
သူအိုရဲ့ စကားကို ကြားတော့ မင်းက ပုရောဟိတ်ကို ဆွဲခေါ်ပြီး”ဟုတ်ပါရဲ့ ကျိန်ဆဲလည်း ကျိန်ဆဲစရာ ဖြစ်နေပြီ။ ဒီလိုဆို လူတွေဆင်းရဲ ကုန်တာအမှန်ပဲ၊ ကိုင်း နန်းတော်ပြန်ပြီး တရားနှင့်အညီ အုပ်ချုပ် ကြပါစို့ လို့ပြောသတဲ့၊ ပုရောဟိတ်က ’ဒီလောက် ပြောစကားလေးနှင့်မယုံပါနှင့်ဦး အရှင် မင်းကြီး။ ရှေ့ဆက် စုံစမ်းပါစို့ လို့ ဆိုပြီး ဆက်ပြီးလာကြသတဲ့။ မ ကြာမီ သစ်ပင်ပေါ်က လိမ့်ကျတဲ့ မိန်းမအိုတစ်ယောက် နှင့် တွေ့ကြပြန်ရော့၊ မိန့်မအို ဟာ ကျရာက လူးလဲထပြီး။။
‘’အဟီး …….ဟီး ဒီမင်းယုတ်က ဘယ်တော့ သေမှာတဲ့လဲ၊ ဒီ မင်းယုတ်ကြောင်း ကျုပ်သမီး နှစ်ယောက် လင်ရချိန်တောင် လွန်လာပြီ တော်။ သူတို့ဟာသူတို့ အချိန်မီလင်ရလျင် ကျုပ်အပူဘာမျှမရှိဘူး၊ ခုတော့ သူတို့ အပူ ကျုပ်အပူ ဖြစ်နေသတော့ ဟီးဟီး လို့ ငိုလိုက်ပါသတဲ့။ ဒီလို ငိုသံကြားတော့ ပုရောဟိတ်က ‘’ဗျို့ အမယ်ကြီး……..ခင်ဗျား ငိုပုံက ဆန်းလှချည့်လား၊ ခင်ဗျား သမီးနှစ်ယောက် လင်မရတာ ရှင်ဘုရင်နှင့် ဘာဆိုင်သတုံးဗျ။ ဆိုင်ပါသော်ကော ပုရောဟိတ်ရယ်။ ဆိုင်ပုံကို ပြောပါရစေဦး။ ကျွန် မတို့ မင်းဟာ အခွန်အတုတ်တွေကိုတော့ မရ ရတဲ့နည်းနှင့် ကောင်ခံယူတယ်၊ တိုင်းပြည်ကိုတော့ မစောင့်ရှောက်ဘူး၊ ခုအခါ ညဆိုလျင် သူခိုးဓားမြက နှိပ်စက်တယ်၊ နေ့ကို အခွန်တောင်းတဲ့ မင်းချင်းများက နှိပ်စက်တယ်၊ မင်းက တရားမစောင့်တော့ မင်းမှူထမ်းများကလည်း တရားမစောင့်ကြဘူး၊ ဖြစ်တဲ့နည်းနဲ့ လုထုအပေါ် နှိပ်စက်ပြီး လုထုအပေါ် လုယူနေကြပါတယ်၊ မင်းမှူထမ်းများ တရား ပျက်တဲ့ အတွက် လူထုမှာ အသက်မွေးမှု ခဲ့ယဉ်းလာကြတယ်၊ ခုဆိုလျှင် အရွယ်ရောက်တဲ့ ကလေးတွေမှာ ၀မ်းဝအောင် စားလောက်တဲ့ အလုပ် မရှိရှာ ကြတော့ဘူး၊ အလုပ်မရှိတော့ မကျွေးနိင်တော့ မယားမယူ ကြတော့ဘူး၊ ဒါကြောင့် ကျွန်မ သမီးများ လင်မရခြင်းဖြစ်ပါတယ်၊ သမီးများ လင်မရတော့ ကျွန်မ ဆင်းရဲဒုက္ခ ကြုံရပါတယ်၊
မိန်မအိုက ဒီလိုပြောတော့ ဘုရင် က သူပြောတာ ဟုတ်တယ် ပုရောဟိတ်ရေ၊ ရှေ့ဆက်သွားလိုက်ကြဦးစို့ လို ဆိုပြီး ရှေ့ဆက်သွားကြ သတဲ့၊ မကြာခင် လယ်သမားတစ်ဦးရဲ့ ဆဲသံ ကို ကြားကြပြန်သတဲ့ ၊ လယ်သမားရဲ့ နွားကြီးဟာ ထွန်သွားနဲ့ ထိုးမိလို့ လဲကျသွားရာမှာ လယ်သမား ‘ ငါနွားကြီး ထွန်သွားထိုးမိလို့ လဲကျသွားသလို ပဉ္စာလမင်းလည်း စစ်မြေပြင်မှာ လှံထိုးမိလို့ လဲကျပါစေ၊ ကျိန်းသကိုး၊ ဒီတော့ ပုရောဟိတ်က “ဟိတ်… ဟေ့ လယ်သမား……. နွား ထွန်သွားထိုးမိတာနှင့် ဘာကြောင့် မင်းကို ကျိန်ဆဲရသလဲ လို့ မေးသတဲ့ ၊ ဒီတော့လယ်သမားက…
“တိုင်းပြည်ကြီး ပျက်စီးနေတာ ခင်ဗျားမသိဘူးလား၊ နေ့ကို မင်းကနှိပ်စက်၊ ညကို သူခိုးဓားမြက နှိပ်စက်နှင့် လူကောင်းတွေ ဆင်းရဲကုန်ပြီ၊ ကျုပ်မိန်းမကိုလည်း မင်းမှုထမ်းများက ဘယ်ကို ချောပို့ခိုင်းပြန်ပြီလဲ မသိဘူး။၊ ထမင်းပို့ချိန်ရောက်နေပြီ၊ ခုထိ ထမင်းပို့မလာသေးဘူး၊ သူကိုမျှော်ရတာနှင် နွားကို ထိုးမိသွားပြီ၊ ဒီအရေးမှာ ဘယ်သူကိုဆဲရေးရမလဲ၊ မင်းပဲဆဲရမှာပဲ လို့ ပြန်ပြောတော့ မင့်းနှင့် ပုရောဟိတ် လည်း ဟုတ်တယ် ဟုတ်တယ် ပြန်ပြောပြီး လယ်တောက ရွာထဲဝင်ကြပြန်တယ်၊ သူတို့လဲ ရွာကိုရောက်လို့မကြာမီပင် နို့ညှစ်ယောကျာ်း နွားကန်လို့ လိမ့်သွားတာနှင့် ကြုံကြပြန်တယ်၊ နို့ညှစ်ယောကျာ်းက လိမ့်ရာက ထပြီး သူနှင့်အတူ လိမ့်သွားတဲ့ နို့ရည်အိုးကို ကောက်ယူယင်း ငါနှင့် နို့ ရည်အိုး နွားကန်လို့ လိမ့်သလို့ ပဉ္စာလမင်း လည်း စစ်မြေပြင်မှာ ရန်သူရဲ့ သန်လျက်ဖြင့် အခုတ်ခံရလိုသေပါစေ လို့ကျိန်ပြန်သတဲ့ ၊နို့ညှစ်ယောကျာ်း ကျိန်သံကြားတော့ ပုရောဟိတ်က ဟေ့လူ ..မင်းကို နွားကန်တာနှင့်ဘယ့်နှယ်ကြောင့် မင်းကြီး ကိုကျိန်ဆဲးရတာတုံး လို့ မေးပြန်တယ်၊ ဒီတော့ နို့ညှစ်ယောကျာ်းက …. မပြောချင်ပါဘူး ပုရောဟိတ်ကြီးရယ်၊ ကျုပ်တို့မင်းက တရားမစောင့်ဘူး။ သူ့လူ လခစားတွေကလည်း တရားမစောင့်တော့ဘူးဗျ၊ ဟောဒီ နွားမဟာ ကျွန်တော်ညှစ်နေကျ မဟုတ်ပါဘူး၊ လခစား မင်းချင်းများက နွားနို့ ပေးရမယ် ဆင့်လေတော့ ၀ယ်မပေးနိုင်တဲ့အတွက် ညှစ်ရာက ခုလို အကန်ခံရတော့တာပါပဲ၊ ဒါကြောင့် စိတ်ညှစ်ညှစ်နှင့် မင်းကို ကျိန်ဆဲမိတော့တာပါပဲခင်ဗျာ လို့ပြောပါတယ်၊
မင်းနှင့်ပုရောဟိတ်တို့လည်း …… အင်းဟုတ်တယ် ဟုတ်တယ် လို့ခေါင်းညိတ်ပြီး ရှေ့ဆက်လာကြတော့ ဘွတ်အဲ ဘွတ်အဲနဲ့ တွန်အော်နေတဲ့ နွားမကြီးကို ကြည့်ပြီး ‘’ဒီနွားမကြီး သားနှင့် ကင်းပြီး ဆင်းရဲရသလို ပဉ္စာလမင်းကြီးလည်း သားနှင့် ကွေကွင်းပြီး ဆင်းရဲဒုက္ခရောက်ါပါစေ လို ကျိန်ဆဲနေကြတဲ့ လူငယ်တစ်စုနှင့် တွေ့ပြန်တယ်၊ဒီတော့ ပုရောဟိတ်က ………………….မေးတော့..။
ဟေ့လူ နွားမကြီး အော်နေတာ အလကား မဟုတ်ဘူးဗျ၊ သူသားနွားပြောက်ကလေးကို မင်းချင်းများက သန်လျက်အိမ်လုပ်ဖို့ နွားပြောက် သားရေ လိုချင်တယ်ဆိုပြီး သတ်သွားကြတာ၊ မင်းကတရားမစောင့်တော့ သူ့လူတွေကလည်း တရားမစောင့်ကြတော့ဘူး၊ ဒါကြောင့် မင်းကိုကျိန်ဆဲရတာလို့ ပြန်ပြောကြ သတဲ့။ မင်းနှင့် ပုရောဟိတ်ကလည်း “ဟုတ်ပ ဟုတ်ပ၊ ကျိန်သင့်စွ ကျိန်သင့်စွ ဆိုပြီး ဆက်အသွား၊ ခရီးအကြားရေခန်းတဲ့ အိုင်ထဲမှာ ကျီးအထိုးခံနေရတဲ့ ဖားများနှင့် တွေ့ကြပါရော၊ ဖားတွေက ကျီးတွေရဲ့ အထိုးအဆွကို ခံရလေတော့ မခံမရပ်နိုင်ဖြစ်ပြီး၊……….
“ငါတို့ကို ကျီးတွေ ထိုးဆွသလို ပဉ္စာလမင်းနှင့် သူ့ ရဲသားဟာလည်း စစ်ထိုးရာမှာ ကျဆုံးလို့ ကျီးလင်းတ များ ထိုးဆွစားသောက်ခြင်းကို ခံရသည်ဖြစ်ပါစေ”လို့ ကျိန်ဆဲကြသတဲ့၊ ကျိန်ဆဲတဲ့ ဖားရဲ့ စကားအဓိပ္ပာယ်ကို တည်ပင်စောင့် နတ်ရဲ့ အာနုဘော်ကြောင့် မင်းနှင့် ပုရောဟိတ်တို့ နားလည်းကြပါသတဲ့၊ ဒါကြောင့် ပုရောဟိတ်က ဖားများထံ ချဉ်းကပ်ပြီး၊ “သင်တို့ကို ကျီးထိုးတာနှင့် ဘာကြောင့် မင်းကြီးကို ကျိန်ဆဲရတာလဲ”လိုမေးလိုက်ပါတယ်။
ဖားများက “အရှင် ပုရောဟိတ် ………မင်းကြီးတရားစောင့်ပါလျင် ဤတိုင်းပြည်ဟာ စည်ပင်သာယာ ၀ပြောမှာ အမှန်ဖြစ်ပါတယ်၊ တိုင်းပြည် စည်ပင်သာယာဝပြောခဲ့လျှင် အစားစာ ပေါ်များလို့ ကျီးကန်းများလည်း ကျွန်တော်တို့လို ဖားစုတ်တွေရဲ့ အသားကို ထိုးဆွ စားသောက်ကြမှာ မဟုတ်ပါဘူး၊ ခုတော့တိုင်းပြည် အရှင်သခင်ဖြစ်တဲ့ မင်းက တရားမစောင့်တဲ့အတွက် မင်းမှုထမ်းများကလည်း တရားမစောင့်ကြဘူး၊ မင်းမှူထမ်းများ တရားမစောင့်တဲ့အတွက် တိုင်းပြည် လူထုတွေလည်း တရားမစောင့်ကြဘူး၊ အားလုံးပျက်ကြတော့ မိုးလေ၀သက မမှန်ကန်ဘူး၊ မိုးလေ၀သက မမှန်ကန်တော့ ဆန်ရေ စပါးအစားအစာရှားပါးပြီ စားစရာ မရှိတော့ ကျီးတွေဟာ ကျုပ်တို့ကို အစာလုပ်ကြတော့တာပါပဲ၊ ဒါကြောင့် ကျုပ်တိုကို ထိုးဆွတာကကျီး၊ ကျုပ်တို့ကျိန်ဆဲတာက မင်းဖြစ်ပါတယ် “လိုပြန်ပြောပါသတဲ့၊ ဖားရဲ့စကားကြားတော့ မင်းနှင့် ပုရောဟိတ်တို့ဟာ”တောမှာနေတဲ့ ဖားကစပြီး ငါတို့ကို ကျိန်ဆဲကုန်ပြီ၊ တရားနှင့်အညီ မင်းပြုမှတော်ပေမယ်’’ လို့ နန်းတော်ကို ပြန်ပြီ တရားနှင့် အညီမင်းပြုပါသတဲ့……..။ ဒီလောက်ဆိုရင် တိုင်းပြည် ဆင်းရဲတွင်း နက် နေတာ ဟာ န အ ဖ ကြောင့် ဟုတ်၊ မဟူတ်။ ပြည် သူတွေ ငတ်နေတာ န အ ဖ နဲ့ ဆိုင်၊ မဆိုင် ဆိုတာကို သက်ဆိုင်သူတွေ သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဇာတ်တော်က တော့ဒီလောက်ပါပဲ။
သီရိလကာင်္ရောက်မြန်မာကျောင်းသားရဟန်းတော်များ website မှ။
မြန်မာ့စီးပွားရေး ဇင်ဘာဘွေကိန်းဆိုက်နေပြီ ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ သန်းရွှေ
အသက် (၈၀) ကျော် အာဏာရှင် မူဂါဘေးက ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်လျက်နဲ့ အာဏာမလွှဲဘဲ ပေကပ်နေ၏။ အသက် (၈၀) နီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွဲဘဲ ပေကပ်နေ၏။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကြောင့် နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျသလို ဇင်ဘာဘွေ စီးပွားရေးမှာလည်း ကြောက်စရာကောင်းအောင် နာလန်မထူနိုင်ဖြစ်ရ၏။
ဇင်ဘာဘွေမှာ ငွေဖောင်းပွမှုနှုန်းက တရားဝင်ထုတ်ပြန်ချက်အရပင် ရာခိုင်နှုန်း သန်းရာနှင့်ချီ ရှိသည့်အတွက် ကမ္ဘာမှာ ငွေဖောင်းပွမှု စံချိန်အမြင့်ဆုံးနိုင်ငံ ဖြစ်သွား၏ အဆမတန် တန်ဖိုးကျနေသည့် ဇင်ဘာဘွေပြည်တွင်းသုံး ဒေါ်လာတန်ဖိုးမှာ မြန်မာနိုင်ငံ ဂျပန်ခေတ်ငွေစက္ကူထက်ဆိုးနေ၏။ တလောကတင် ဇင်ဘာဘွေမှာ သန်း (၅၀၀) တန် ဇင်ဘာဘွေဒေါ်လာ ထုတ်လိုက်ပြန်၏။ ထို သန်း (၅၀၀) တန်ငွေစက္ကူသည် အမေရိကန်ဒေါ်လာ (၅၀) သို့မဟုတ် မြန်မာငွေ (၆၅,၀၀၀) နှင့်သာ ညီမျှ၏။
၂၀၀၈ နိုဝင်ဘာ (၁၄) ရက်တွင် ဇင်ဘာဘွေ၏ လစဉ် ငွေဖောင်းပွမှုနှုန်းက (၇၉,၆၀၀,၀၀၀,၀၀၀.၀၀) ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ငွေဖောင်းပွမှုနှုန်းက (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်းရှိသည်ဟု Cato Institute က ထုတ်ပြန်ထားသည်မှာ မစဉ်းစားဝံ့အောင် ဖြစ်၏။
ပြည်တွင်းသုံးငွေ တန်ဖိုး အဆမတန်ကျသည့်အတွက် ဇင်ဘာဘွေဒေါ်လာကို လက်မခံတော့ဘဲ တနိုင်ငံလုံး အမေရိကန်ဒေါ်လာနှင့်သာ အရောင်းအ၀ယ်လုပ်ရသည့်အဖြစ် ရောက်၏။ ယင်းသို့ တနိုင်ငံလုံး ပြည်တွင်းသုံးငွေ လက်မခံဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံသုံးစွဲလာသည့်အချက်ကို dollarisation ဟု သုံးနှုန်း၏။
ဇင်ဘာဘွေမှာ မီတာခတွေကို အမေရိကန်ဒေါ်လာနှင့်ပေးရ၏။ ဓာတ်ဆီဆိုင်တွေကလည်း အမေရိကန်ဒေါ်လာကိုသာ လက်ခံ၏။ ဇင်ဘာဘွေမှာ ဘတ်စကားခကားတွေက တနေ့လုပ်ခလောက် ဈေးခုန်တက်နေသည့်အတွက် ကျောင်းတွေပိတ်ထားရ၏။ ဘီယာတပုလင်း ဇင်ဘာဘွေဒေါ်လာ ဘီလီယံ (၁၅၀) ထိ ဖြစ်သွား၏။ အများစုက တနေ့ ထမင်းတနပ်သာ စားနိုင်၏။
ယင်းသို့ ပြည်သူသန်းပေါင်းများစွာ အစာရေစာ ငတ်မွတ်နေသည့်တိုင် တနိုင်ငံလုံးနီးပါး ၀မ်းရောဂါ ကပ်ဆိုးကြီးဆိုက်နေသည့်တိုင် ဇင်ဘာဘွေဟာ ကျုပ်ပိုင်တဲ့နိုင်ငံဆိုပြီး အာဏာရှင် မူဂါဘေးက အတိုက်အခံနှင့် အာဏာခွဲဝေရေး မလုပ်နိုင်ဖြစ်နေ၏။ ဇင်ဘာဘွေအရေးကို ကုလသမဂ္ဂကနေ အရေးယူအောင် တိုးတိုးတိတ်တိတ် လုပ်ပြန်တော့လည်း တရုတ်နှင့်ရုရှက ကန့်ကွက်ပြန်၏။ ဇင်ဘာဘွေ အာဏာရှင်ကို မည်သည့်နိုင်ငံကမှ မဖျောင်းဖျနိုင်သည့်အဆုံး အမေရိကန်သမ္မတသစ် အိုဘားမားကတော့ လုပ်နိုင်ကောင်းရဲဆိုပြီး Times သတင်းစာကြီးက မြှောက်ပေး၏။
ယနေ့ ဇင်ဘာဘွေကြုံနေရသည့် အခြေအနေအရပ်ရပ်သည် မြန်မာနိုင်ငံနှင့် ချွတ်စွပ်တူနေ၏။ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ သန်းချီရှိပါသည်ဟု ၀န်ကြီးချုပ် သိန်းစိန်ကပြောသည့်အချိန်တွင် မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်း အတော်များများ ရပ်ကုန်သည်။ အရောင်းအ၀ယ်တွေ ဆိုင်းကုန်သည်။ နိုင်ငံတကာမှ ၀ယ်သူများ လက်မခံသဖြင့် ဆန်၊ သစ် စသည့် ကုန်စည်တွေ ရန်ကုန် ဆိပ်ကမ်းမှာ ပုံနေသည်။ သို့တိုင် စစ်အစိုးရ အခြေအနေမှာ တိုင်းပြည်တွင်း ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ။
ဒု-ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသည်ဆိုသည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်းသည်ပင် သူပိုင်လုပ်ငန်းများမှ ၀န်ထမ်းများ လျှော့ချနေရသည်။ အခြားကုမ္ပဏီအများအပြားလည်း ၀န်ထမ်းတွေ လျှော့ချနေရသည်။ မြန်မာပြည်သူအများစုမှာလည်း စီးပွားကျပ်ပြီး အတိဒုက္ခရောက်နေသည်။
နာဂစ်မုန်တိုင်းကြောင့် လူတွေ သိန်းသန်းချီသေသည်ကိုပင် မျက်နှာလွှဲခဲပစ်လုပ်ရက်သညိ့ စစ်အစိုးရသည် ကမ္ဘာ့စီးပွားကပ်မုန်တိုင်းကြောင့် မြန်မာပြည်သူတွေ ဒုက္ခရောက်ကုန်၊ သေကုန်လျှင်လည်း လုံထိန်းသတ်လို့သေမည့်အစား စီးပွားသတ်လို့သေတာ ကောင်းသည်ဟုပင် သဘောထားမည့်ကိန်း ရှိနေ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း အာဏာရှင် မူဂါဘေးလို မြန်မာနိုင်ငံကို ဒါကျုပ်ပိုင်တဲ့နိုင်ငံဟု သဘောထား လုပ်ကိုင်နေ၏။
အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခေါင်းမာမှုကြောင့် ကုန်သည်တွေကလည်း မကျေမနပ်ဖြစ်ကုန်၏။ ရဟန်းသံဃာတွေကလည်း မကျေမနပ် ဖြစ်ကုန်၏။ ကျောင်းသားတွေကလည်း အခဲမကျေဖြစ်ကုန်၏။ ပြည်သူတွေကလည်း မကျေမနပ် ဖြစ်၏။ မြန်မာနိုင်ငံ၏ အခြေအနေမှာ တတိုင်းပြည်လုံးက စစ်အစိုးရ ရန်သူဖြစ်လာပြီ။ စစ်အစိုးရသည်လည်း တတိုင်းပြည်လုံး၏ ဘုံရန်သူ ဖြစ်လာပြီ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေစဉ်းစားဖို့ တိုက်တွန်းလိုသည်မှာ ဇင်ဘာဘွေကဲ့သို့ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်မလား၊ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုတဲ့ ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့သဘောထားမျိုးနဲ့ ရွေးကောက်ပွဲသွားမလား၊ လက်ရှိအခြေအနေမှာ ထွက်ပေါက်ရှာမလား ဆိုသည့်အချက်ဖြစ်၏။
မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်း (၈၉,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ရာခိုင်နှုန်း ရောက်ပြီးမှ နိုင်ငံရေးပြုပြင်လျှင် ပြည်သူတွေ၏ ဒေါသကြောင့် တတိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်တာသာ အဖတ်တင်မည်။ မြန်မာနိုင်ငံကို ကျုပ်သာပိုင်တယ်ဆိုသည့် ဇင်ဘာဘွေ အာဏာရှင် မူဂါဘေးရဲ့ သဘောထားမျိုးနှင့် ရွေးကောက်ပွဲသွားလျှင် ဆန့်ကျင်မှုတွေများပြီး သွေးထွက်သံယိုမှုတွေနှင့် ကြုံရမည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသေချာသိထားသင့်သည့်အချက်တော့ မြန်မာနိုင်ငံစီးပွားရေးသည် ဇင်ဘာဘွေအခြေအနေအတိုင်း သိသိသာသာ ထိုးကျနေပြီဖြစ်သည်ဆိုသည့် အချက်ဖြစ်၏။
ဆောင်ပါး-ခေတ်ပြိုင်
EQ လား IQ လား
လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်
ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်
(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။
နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -
(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)
(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိ
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရြှိ
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူြ
သည်နေရာတွင် မိကောင်းဖခင်သားသမီးဆိုသည့်စကား
နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာေ
နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်
ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှ
နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွ
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာေ
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူ
သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်
လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။
ကိုးကား- "ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။
လူသားတိုင်း ဘဝ၏ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ ဆွတ်ခူးရယူပိုင်ဆိုင်နိုင်ကြပါစေ။
Monday, 22 December 2008
သော့အိမ်က ပရွက်ဆိတ်များ
နောက်တမျိုးက အနီရောင်။ အနက်တွေထက် အကောင်သေးတယ်။ လူကို ကိုက်တတ်တယ်။ သွားရင်လာရင် အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေကျတော့ ဟိုကောင်တွေလို မဟုတ်ဘူး၊ မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့။ တော်တော်နဲ့  မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန်ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့  ဖိသတ်ဖျစ်သတ်မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီး ဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့ နံမည်ပေးတယ်ဗျာ။ အရူးတွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီးအကောင်ကြီးတွေ ရှိတယ်ဗျို့။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့ ဘာလုပ်နေတယ်တော့မသိဘူးပေါ့ဗျာ။
ဒီကောင်တွေက တကောင့်တကောင် တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ကတော့ အရူးတွေက ရှောင်တယ်၊ ပြန်မချဘူး။ နောက်ပြီး အရူးတွေက ဖိုက်တာတွေရဲ့  “အိမ်” (ပုရွက်ဆိတ်အုံ)ကို အတင်းဝင်လုပြီး နေပစ်လိုက်တာလည်းမတွေ့ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကို မောင်းထုတ်၊ ပြီးတော့ အတည်ပေါက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာ ကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက် ကြုံးသယ်၊ သူတို့ဘုရင်မကို အသေခံကာကွယ်ပြီး ကယ်ထုတ်၊ အိုးပြစ်အိမ်ပြစ်နဲ့။ အရူးခေါင်းကြီးတွေလည်း ထွက်လာပြီးပြန်တော့ ကိုက်ပါတယ်။ ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေပဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေ ကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့။ ဖိုက်တာတွေက စစ်ပွဲပြီးတာနဲ့ ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့  ဖိုက်တာတွေကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာ ပုံထားလိုက်တာများ ခြေပြတ်လက်ပြတ် ခေါင်းတခြား ကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီး ကျနေတာပဲ။ ဒီ့နောက်တော့ အရူးတွေ အိမ်သစ်ရှာရပြန်ပြီ။ မတွေ့သေးခင်စပ်ကြား လူ့အဝတ်စားတွေ အသုံးအဆောင်တွေကြား ယာယီခိုကပ်ရင်း နေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ်ပြေးဒုက္ခသည်တွေနဲ့ ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်က မခံချင်ဘူး။ တခုခု လုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့သဘာဝကိုး။
တနေ့တော့ ကျုပ်စိတ်ထဲ အတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ်၊ ခြေတံလက်တံလည်း ရှည်တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့ကြိုးဝိုင်းထဲကလို “တည်”ပေးလိုက်ရင် ဘယ်ကောင် နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီအချိန်က ကောင်းတယ်တို့ မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့ လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင်တွေကို မနာမကျင်အောင် အသာလေး တကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး “တည်”ပေးကြည့်တယ်။ နှစ် ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့။ ကျုပ်လည်း ကျုပ်နည်းက မဟန်သေးပါဘူးဆိုပြီး နည်းလမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့မရအောင် ကြိုးဝိုင်းလုပ်ပေးရရင် ကောင်းမလားပေါ့။ နောက်တော့ သွားတွေ့တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆို အသေအလဲကြောက်တာ။ ဒါနဲ့ ကျုပ်လည်း သံမံတလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော် လောက်ကော်၊ ပရုပ်ဆီနဲ့ ကျပ်ဝိုင်းလောက် အဝိုင်းလေးဝိုင်း၊ အရူးနဲ့ ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချလိုက်တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာ အနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေဘာလုပ် မလဲဆိုတာ။
စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့ အရူးက ထွက်ပြေးဖို့လုပ်လိုက်၊ ပရုပ်ဆီ စည်းဝိုင်းကို ဦးမှင်နဲ့ထိလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့ လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ကိုရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့ တိုးလိုက်၊ အရူးကပြေးလိုက်၊ သူကလည်း နောက်ကနေတော့ အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့ နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်း ထပ်ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံဘဲ ရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် တွေ့ရောဆိုပါတော့။ ဖိုက်တာက အရူးကို ဝင်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက်တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ထင်ရတဲ့ နေရာကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့  ခါးသိမ်နေရာကို ပြန်ခဲဖို့လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့ နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့အကိုက်ကို ရုန်းရင်း၊ ဖိုက်တာရဲ့ခါးသိမ်ကို ပြန်ကိုက်တယ်။ နောက် အကောင်ချင်း ကွဲသွားပြန်တယ်။
အဲသလိုနဲ့ တကောင့်တကောင် ခါးသိမ်နေရာကို အမိအရ ကိုက်ဖို့ကြိုးစားရင်း အချိန်က တော်တော်ကုန်သွားတယ်။ ဘယ်ကောင်မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့။ နှစ်ကောင်လုံးလည်း မောနေပြီ။ လှုပ်ရှားမှုတွေ နှေးလာတယ်။ အလစ်မှာ တချက်တချက် နောက်ကနေ ဝင်ကိုက်တာကလွဲလို့ တကောင့်တကောင် အသေလုံးဖို့ မတတ်နိုင်ကြတော့ဘူး။ ပွဲကလည်း အဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုးစမ်းမယ်၊ ဒီကောင်တွေလည်း မောနေပြီဆိုပြီး ကြိုးဝိုင်းထဲက အပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့ အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ကိုယ်သူတို့ ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ် သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့ အဖြေက မရသေးဘူး။
ဒါနဲ့ ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့ အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ကတော့ လက်ရည်ညီလောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲ လုပ်ပေးပြန်တယ်။ ပွဲကစစချင်း လွှတ်လိုက်တာနဲ့ ကြမ်းတော့တာဗျို့ ။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့ နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ်။ အရူးက ထွက်ပြေးဖို့ ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေစုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ ဂုတ်ပိုးနေရာကို ဝင်ခဲတယ်။ အရူးက ဝင်ခဲတဲ့ဖိုက်တာကို ပြန်ကိုက်လို့ အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့ နောက်ခြေထောက်ကိုဆွဲထားတဲ့ ဖိုက်တာက ရုတ်တရက် လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကို ဝင်ကိုက်တယ်။ အရူး တော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟိုကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ ဖိုက်တာကို ပြန်ကိုက်ဖို့ အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင်၊ အရူးခမျာ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ လူးလိမ့်နေတာပဲ။
ဒီ့နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်က ခဲထားရင်း ခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုးရုန်းကန်နေတာပဲ။ အမောပြေသလောက်ရှိတော့ အရူးရဲ့ဖင်ဖုသီးကို ကိုက်ထားတဲ့ ဖိုက်တာက၊ သူ့ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ ခါးသိမ်နေရာကို မိမိရရ ဝင်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့။ ဆတ်ဆတ်ကိုလွန့်နေတာပဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆို ပွဲသိမ်းခဏ်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်ရဲ့ အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီခါးသိမ်လေး ပြတ်သွားရင် သွားပြီ။ ဘာမှ ပြန်မလုပ်နိုင်တော့ဘူး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲရေထည့်မှုတ်ပြီး အကောင်ချင်း ခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီ ပွတ်သပ်ပြီး ထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့်။ ဒါနဲ့ ကျုပ်လည်း သူ့ကို ပုလင်းဖုံးလေးထဲ အချိုလေးပါ နည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။
နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေးနေသေးတယ်။ နောက်တော့ “တည်”ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကို ဝင်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီးမဲကြီး ပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော်ကြာကြာအထိ အပြင်ထွက်ဖို့ အပေါက်ရှာလိုက် ပရုပ်ဆီနံ့ရလိုက်၊ ကွင်းထဲ ပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ဝင်မကူဘူး။ ကျုပ်တောင် ဒီအရူးကိုကြည့်ရင်း ဝင်ကိုက်ပါတော့လား… ဝင်ကိုက်ပါတော့လားနဲ့ ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူးဆိုပြီး နောက်ဆုံးကျတော့မှ ဝင်ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကို ဝင်ကိုက်တာ။ ခါးသိမ်နေရာပဲ။ ကွက်တိပဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲပဲ။ ဖိုက်တာရဲ့ခါးသိမ်လေး ပြတ်ထွက်သွားတယ်။ ကျုပ်တောင် ဆွဲချိန်လွဲချိန် မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ခါးပြတ်သွားတဲ့ ဖိုက်တာကိုတော့ သူ့အိမ်အပေါက်ဝနား အသာပြန်ချပေးလိုက်တယ်။ ခင်ဗျားကတော့ ထင်မှာပဲနော် ကျုပ်ဟာ နှလုံးသားမရှိတဲ့လူ၊ ရက်စက်တဲ့လူလို့။ မတတ်နိုင်ဘူးဗျာ။ ကျုပ်က သိချင်တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါပဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ဒီသုံးပွဲလည်းပြီးရော စိတ်လည်း တော်တော်မောသွားတယ်။ တွေးစရာတွေလည်း တပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့ ခင်ဗျားတို့တတွေလည်း ခုဆို တကွဲတပြားစီ လွင့်စဉ်လို့။ အိုးတကွဲအိမ်တကွဲနဲ့။ ဒါတွေ ဘာ့ကြောင့် ဘယ်လိုဖြစ်ရတယ်ဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ ကျုပ်တွေးမိတယ်။ ကျုပ်တို့တတွေဟာ မဖြစ်မနေ ပရွက်ဆိတ်ဖြစ်ရမယ်ဆိုရင် “ဖိုက်တာပုရွက်ဆိတ်” နဲ့ “အရူးပုရွက်ဆိတ်” ဘယ်ဟာ ဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ်ပုရွက်ဆိတ်ရဲ့ “ဘဝအနေဟာ” လူ့ဘောင်ကောင်းကျိုးကို ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ်မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျာ။ ကျုပ်တော့ ကိုယ့်အခြေအနေကို ပြန်ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့ ပရုပ်ဆီကြိုးဝိုင်းထဲက “ဖိုက်တာ” နဲ့ “အရူး” ပုရွက်ဆိတ်လေးတွေကိုပဲ မြင်မြင်နေမိတယ်။
လူသားကပ်ဘေး ကျရောက်မှု ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်
| နာဂစ်မုန်တိုင်းသင့်ဒေသသို့ အကူအညီ ပေးရန် ရောက်ရှိနေသည့် MSF ၀န်ထမ်းတဦး။ |
အခု MSF နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ရဲ့ စာရင်းထဲမှာ ကမ္ဘာပေါ်က လူသားကပ်ဘေး အဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ အခြား အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ ကွန်ဂို၊ ဆူဒန်၊ အီသီယိုပီးယား နိုင်ငံတွေနဲ့ စစ်မက်ဖြစ်နေတဲ့ အီရတ်နိုင်ငံ တို့နဲ့အတူ ထည့်သွင်းခံထားရတာပါ။ အဓိကအချက်ကတော့ အခုနှစ်ဆန်းပိုင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသမှာ ပြည်တွင်းပြည်ပ အကူအညီတွေ ရပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်ချက်တွေ အများအပြား လိုနေတဲ့ကိစ္စကို ထောက်ပြပါတယ်။
ဒါ့အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတာတွေကြောင့်လည်း အခုလို ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်သွင်းထားတာလို့ ဆိုပါတယ်။ နှစ်ဆန်းပိုင်းက မုန်တိုင်းသင့်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူ မြန်မာပြည်သူ တွေဟာ နိစ္စဓူဝ အကျပ်အတည်းတွေ အခုအချိန်အထိ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ MSF ဒုတိယ ဌာနေတာဝန်ခံ လုခ် အာရန်းဒ် (Luke Arend) ပြောပါတယ်။
အခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် ကြေကွဲစရာ အခြေအနေတွေကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်တဲ့လုပ်ငန်းတွေ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဆောင်ရွက်နေပါတယ်။ အဲဒီမှာရှိနေသူတွေ နေ့စဉ်လိုလို သူတို့ဘ၀အခြေအနေတွေကို ရင်ဆိုင်ဖို့ အားနည်းနေပါတယ်။ အကူအညီပေးရေးအဖွဲ့တွေကလည်း နေ့စဉ်တော့ ကူညီနေပါတယ်။ ဒါပေမယ့်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်တော့ အထောက်အပံ့၊ အကူအညီတွေ အများကြီး လိုအပ်နေတုန်းပါပဲ။”
မြန်မာနိုင်ငံတွင်း လူသားကပ်ဘေး အကျပ်အတည်း ကြုံနေရတဲ့ကိစ္စဆိုတဲ့နေရာမှာ မြစ်ဝကျွန်းပေါ်ဒေသတွေမှာတင် မဟုတ်ဘဲ အခြား မြန်မာနိုင်ငံဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာကြောင့်လည်း ဖြစ်တယ်လို့ လုခ်က အခုလိုပြောပါတယ်။
“MSF အဖွဲ့ရဲ့ စိုးရိမ်ချက်က ဒီ မြစ်ဝကျွန်းပေါ်ဒေသတင် မဟုတ်ဘဲနဲ့ အခြား မြန်မာနိုင်ငံ နေရာ အတော်များများမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေရှိနေတာပါ။ HIV/AIDS ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်အမင်း လိုအပ်နေပါတယ်။ အခြားအသက်အန္တရာယ် ပြုနေတဲ့ ရောဂါတွေကလည်းရှိပါတယ်။ ငှက်ဖျားရောဂါ၊ တီဘီ အဆုတ်ရောဂါတွေ ဖြစ်ပါတယ်။”
MSF အဖွဲ့အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူးအလေးပေး ဆောင်ရွက်နေတာပါ။ မြန်မာနိုင်ငံတွင်း ရောဂါသည် ၈၀% လောက်ကိုလက်ခံပြုစုပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ ကိန်းဂဏန်းအရ အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV/AIDS ကြောင့် သေဆုံးသူဟာ ၂၅,၀၀၀ ၀န်းကျင် အနည်းဆုံးရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံတွင်း ARV ဆေးပြားရရှိဖို့ အခက်အခဲတွေရှိတာကြောင့် ရောဂါသည်တွေဟာ လာမယ့်နှစ်မှာလည်း အလားတူ အရေအတွက်အတိုင်း သေဆုံးဖို့ရှိတယ်လို့ MSF ကပဲ အခု ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလို ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတဲ့အပေါ်မှာ လက်ရှိ မြန်မာအစိုးရကိုချည်း ပြောလို့မဖြစ်ဘဲ နိုင်ငံတကာအသိုင်းအ၀ိုင်းအပေါ်မှာလည်း တာဝန်ရှိတယ်လို့ လုခ်က အပြစ်တင်ခဲ့ပါတယ်။
“တကယ်လို့သာ ဒီလူတွေ ARV အသက်ကယ်ဆေး သုံးစွဲနိုင်မယ်ဆိုရင် အသက်ရှင်နေဦးမှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ရင်းနှီးဆောင်ရွက်မှုက မရှိသလောက်ပါ။ ဒီကိစ္စမှာ အစိုးရကိုချည်း တာဝန်အရှိဆုံးလို့ ပုံချလို့မရပါဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာလည်း တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံကိုပေးတဲ့ နိုင်ငံတကာက အကူအညီ၊ အထောက်အပံ့တွေဟာ ကမ္ဘာပေါ်မှာ အနိမ့်ဆုံးပါ။ ယေဘုယျအားဖြင့်ဆိုရင်
တဦးကို ၃ ဒေါ်လာပဲ ထောက်ပံ့ပေးတယ်လို့ ဆိုနိုင်ပါတယ်။
“ဖွံ့ဖြိုးဆဲနိုင်ငံတွေက HIV/AIDS တိုက်ဖျက်ရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးနေတာ နိုင်ငံတကာ အလှူရှင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလိုမဟုတ်ပါဘူး။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်စီမံကိန်းကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၀ ခုနှစ်တကမ္ဘာလုံးမှာ ARV အသက်ကယ်ဆေးတွေ ရရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်။ဒါက မြန်မာပြည်သူတွေအဖို့တော့ အလှမ်းဝေးနေတုန်းပါ။ ဒီအတွက် ပြည်တွင်းရောပြည်ပကပါ လုပ်စရာတွေ အများကြီးပါ။”
အခြားတဖက်မှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံတကာက ကူညီရေးလုပ်သားတွေကြုံနေရတဲ့ ပြဿနာကတော့ မြန်မာနိုင်ငံတွင်း နေရာအချို့ကို လွတ်လွတ်လပ်လပ်သွားလို့မရတဲ့ ပြဿနာပါ။ MSF ကတော့ သူတို့လုပ်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသကယ်ဆယ်ရေးလုပ်ငန်း အတော်များများအတွက် လွတ်လွတ်လပ်လပ် သွားရောက်ခွင့် အာဏာပိုင်တွေက ခွင့်ပြုပေမယ့် အချို့အဖွဲ့အစည်းမှာတော့ အခြား မြန်မာနိုင်ငံဒေသတွေကို သွားရောက်ဖို့ အကန့်အသတ်တွေ ကြုံနေရတယ်လို့ ၀န်ခံထားပါတယ်။
သတင်း-VOA
အာဏာမြဲရေး ၂၀၁၀ ကစားကွင်း
အစီအစဉ်များက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးသော နိုင်ငံတော် ထူထောင်ရေးဆိုသည့် ရည်မှန်းချက်မဟုတ်။ အာဏာကို ဆက်လက် ဆွဲကိုင်ထားနိုင်ရေးသာလျှင် ဖြစ်တော့သည်။ စီမံချက်အောက်တွင် စစ်အစိုးရ အမာခံများနှင့် လိုလားသူများကိုမူ စည်းရုံးရေးလုပ်ငန်းများ လုပ်နိုင်အောင် မျက်စပစ်ထားသည်။ သို့သော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို မထုတ်ပြန်သေးဘဲ အချိန်ဆိုင်းထားခြင်းဖြင့် ဒီမိုကရေစီလိုလားသူ အတိုက်အခံများကို ပြင်ဆင်ချိန်မရအောင် လုပ်ထားသည်။
၂၀၁၀ ခုနှစ်အပြီး ဖြစ်လာနိုင်စရာ အခြေအနေများကို မှန်းဆကြည့်လျှင် လမ်းသုံးသွယ်ရှိသည်။ နံပါတ်တစ်မှာ နောင်ဖြစ်လာမည့် ပါလီမန်အမတ်နေရာ ၄၄၀ အနက် စစ်ဗိုလ်ချုပ်ကြီးများ၊ အရပ်ဝတ် လဲလိုက်သူများနှင့် သူတို့လုပ်သမျှကို ဗောင်းတော်သိ ခေါင်းညိတ်မည့်သူများကိုသာ ရွေးကောက်ပွဲဝင်ခွင့်ရအောင် သို့မဟုတ် အနိုင်ရအောင် ပြုလုပ်မည့်နည်း။ နံပါတ်နှစ်မှာ စစ်တပ်နှင့် အတိုက်အခံတို့ ညှိနှိုင်းပြီး ပါလီမန်အတွင်း ရောက်အောင် ပြုလုပ်သောနည်းဖြစ်ပြီး၊ တတိယနည်းမှာမူ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်စဉ်ကကဲ့သို့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ လုပ်ဆောင်ထားမှုများအပေါ် သုံးသပ်ရလျှင် ပထမနည်းလမ်းကိုသာလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှူးပြုသော စစ်ဗိုလ်ချုပ်ကြီးများက ရွေးချယ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား ဒီမိုကရေစီလိုလားသူ အတိုက်အခံများကို နေရာမပေးရေး၊ ပြင်ပထုတ်ထားရေးကိုသာ ကျင့်သုံးမည်ဖြစ်သည်။
ထိုအစီအစဉ်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တကွ အကြီးတန်း ဗိုလ်ချုပ်ကြီးများ၊ ၀န်ကြီးများမှာ တပ်အတွင်းနှင့် အမျိုးသားလုံခြုံရေးကောင်စီတွင် ၀င်ရောက် နေရာယူဖွယ်ရှိနေသည်။ လက်ရှိ ၀န်ကြီးအချို့က ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ပြီး ၀န်ကြီးတဖန် ပြန်ဖြစ်လာမည်ဖြစ်သည်။ ပါလီမန်အတွင်း နေရာ ၁၁၀ မှာ စစ်ဖက် ကိုယ်စားလှယ်များဖြစ်ပြီး၊ ၃၃၀ ကို လက်ရှိစစ်ခေါင်းဆောင်များ လက်ခံသူများဖြင့် ဖြည့်တင်းသွားမည်ဖြစ်သည်။ မကြိုက်သော်လည်း အောင့်ကာနမ်းအနေဖြင့် ပိုင်ပိုင်နိုင်နိုင် မဟုတ်သည့် အရပ်သား ကိုယ်စားလှယ်များ ဖြစ်လာလျှင် ၁၀ ရာခိုင်နှုံး အောက်မှာသာ ရရှိစေရေးကို စီမံထားသည်။
အရပ်သားဘ၀ဖြစ်လာမည့် လက်ရှိ ၀န်ကြီးများနှင့် မြို့တော်ဝင်များ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကာ၊ စစ်တိုင်းမှူးအချို့ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ရေး စမ်းသပ်ကွင်းဆင်းနေသည်။
လွတ်လပ်မှု၊ တရားမျှတမှုတို့ လားလားမှ မျှော်မှန်းမရနိုင်သည့် ရွေးကောက်ပွဲအပြီး ပါလီမန်အတွင်းမှနေ၍ ပြုပြင်ပြောင်းလဲမှုကို သွားရန် တွက်ဆသူတို့အတွက် မျှော်လင့်ချက်က မှုန်ပြပြလေးသာ ရှိနေသည်။
သို့သော် စစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြု တရားဝင်မှုကို ယူနီဖောင်း ချွတ်လိုက်ရုံဖြင့် ရမည်ထင်လျှင်တော့ ရူးသွပ်မိုက်မဲမှုပင်ဖြစ်သည်။ ထို့အတူ သတင်းအချက်အလက်များ လွန်စွာမြန်ဆန်လာသည့် ဂလိုဘယ်လိုက်ဇေးရှင်းမှာ အားကောင်းစွာ ပေါ်ထွက်လာပြီး နယ်နိမိတ်များ ပါးရှပ်လာနေသည့် အခါသမယတွင် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ လမ်းစဉ်ဖြစ်သည့် အထီးကျန် နေထိုင်ရေးကို ရွေးချယ်ဖို့လည်း အခြေအနေ မပေးတော့၊ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကာ နောက်ဆုံး အဆုံးသတ် မကောင်းသော ပြိုလဲခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့သော် အပြောင်းအလဲများက သူချည်းသက်သက်တော့ အရှိန်ပြင်းစွာ ဖြစ်လာမည်မဟုတ်။ တိုးတက်ပြောင်းလဲလာသော အခြေအနေအောက်မှ လူ့အခွင့်အရေးကို လေးစားလိုက်နာသော၊ လွတ်လပ်ပွင့်လင်းသော လူ့ဘောင်သို့ သွားရောက်လိုသူများအတွက် ကောင်းမွန်သော ပြင်ဆင်မှုများ စနစ်တကျ လုပ်သင့်ပေပြီ။
မျက်ကန်းမျိုးချစ်များ သို့ ..
အမှန်ကိုပြောရရင်...စစ်အာဏာရှင်ရဲ့ စိုးမိုးသက် ဟာ နှစ် ၄၆ နှစ်တိုင်ခဲ့တာပါ။ ခုထိ ကျနော်တို့  ကိုယ်ကို ကျနော်တို့ မျိုးချစ်တွေ ပြောနေကြ.နာမည်တတ်နေကြ ကျောင်းသားခေါင်းဆောင်တွေ တယောက်ထက် တယောက် ပို အစွမ်းပြနေခဲ့ပေမဲ့ စစ်အာဏာ ရှင်ကို ပြူတ်ကျ တဲ့အထိ မစွမ်းဆောင်နေသေးဘဲ.. ဝေးရာ အရပ်က ဖင်လှန်ပြနေတဲ့အဆင့်ဘဲ ရှိသေးတဲ့အတွက်. အမှန်ကို ကွက်ကွက်ကွင်းကွင်း ကိုယ့် ပေါင် ကိုယ်ထောင်းကြေးပြောရရင် တော့ တော်တဲ့သူ မပေါ်သေးဖူး.ဆိုတာ ၀န်ခံရမှာပါ။
တော်လှန်ရေးနဲ့  တော်လှန်ရေး လှုပ်ရှားနေကြသူတွေကို ကျေးဇူးတင်ပါတယ်။ လေးလည်း လေးစားပါတယ်။ ဒါပေမဲ့ ကျနော်တို့  ကိုယ်ကျိုး စွန့်  ညီညွတ်ဖို့  လိုအပ်တာ ငြင်းမရပါဖူး။ ပိုပြီး အတ္တတွေ စွန့်ပစ်ရဖို့ အချိန်တန်ပါပြီ။ နိုင်အောင်တိုက်ဖို့  အချိန် တန်ပါပြီ.။
မျက်လုံးတွေဖွင့်ကြပါ။ အချိန်သိပ်မကျန်တော့ပါဖူး။ ခေါင်းဆောင်လုပ်ချင်ရင်.. ခေါင်းဆောင်ကောင်း အရည်အသွေးရှိကြောင်းပြကြပါ။
အနူတော ထဲ လူချော သူတောင်းစား ဂိုဏ်းချုပ် ခေါင်းဆောင် အဖြစ် ပန်းပန်ဖို့ အလံလု နေမဲ့အစား မိစ္ဆာဒိဠိတွေကို အရင် ပြုတ်အောင် လုပ်ပြီးမှ ဆက်လုကြပါခင်ဗျာ။ နားလည်ပေးကြပါ. ပြည်သူတွေ ကြေမွနေပါပြီ။ သင်ခေါင်းဆောင် ငါခေါင်းဆောင် ဘာမှ အကျိုးမရှိပါဖူး..
သင်္ကြန် အမြှောက်မျှသာဖြစ်ပါတယ်။ ရှက်ဖွယ်လိလိ.. အဖြစ်မရှိသည့်ခေါင်းဆောင်အဖြစ် ကိုယ့်ကို ကိုယ့်ဂုဏ်ရစ်နေလေလေ. စစ်အာဏာရှင် သက်ဆိုးရှည်လေလေ ဆိုတာ သတိရပေးပါခင်ဗျာ။
အရေး-အာဇာနည်
နေ့စဉ်သတင်းစာ ထုတ်ခွင့်ရပြီဆိုတဲ့ ဂျာနယ်တိုက် ၄ ခု
နအဖ စစ်အစိုးရက ပုဂ္ဂလိက သတင်းဂျာနယ်တိုက် ၄တိုက်ကို မကြာမီ လပိုင်းအတွင်းမှာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ အာမခံ လိုက်တယ်လို့ ရန်ကုန်မြို့က ဂျာနယ်တိုက်ပိုင်ရှင်နဲ့ နီးစပ်တဲ့သူတွေက ပြောဆိုကြပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ဝန်းကျင်အတွင်းမှာ ပုဂ္ဂလိကဂျာနယ်တိုက်ပိုင်ရှင်တွေဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရဖို့ ပြန်ကြားရေး ၀န်ကြီးဌာနကို လျှောက်ထား ကြိုးစားခဲ့ကြတာ အားလုံးသိရှိကြပါတယ်။ ဒါပေမယ့် နအဖ အစိုးရက ခွင့်ပြုဖို့ ၀န်လေးနေခဲ့ပြီး ဂျာနယ်တိုက်ပိုင်တွေက ထုတ်ဝေခွင့်ရနိုးနဲ့ ပြင်ဆင်မျှော်လင့်နေခဲ့ကြတာပါ။အဲဒီမျှော်လင့်ချက်ကို နအဖ ပြန်ကြားရေးဝန်ကြီးဌာနက အခုမှ ဖြည့်ဆည်းတဲ့ ထုတ်ဝေခွင့် ပြု သဘောတူလိုက်တာပါ။
ကွက်ကြားမိုး သတင်းစာ ထုတ်ဝေခွင့်
ဒါပေမယ့်လည်း လျှောက်ထားတဲ့ ပုဂ္ဂလိကဂျာနယ်တိုက်တွေ အားလုံးကို ခွင့်ပြုတာမဟုတ်ပဲ စစ်အစိုးရကို ဆန့်ကျင်ရေးသားခြင်း မရှိတဲ့၊ နအဖ အစိုးရကို မီဒီယာနဲ့ ကူညီပံ့ပိုးပေးနေတဲ့ တိုက်တချို့ကိုသာ ခွင့်ပြုဖို့ သဘောတူလိုက်တာပါ။
ယခု ထပ်မံ သိရှိရတဲ့ အချက်အလက်တွေအရဆိုရင် မြန်မာတိုင်းမ်၊ အီလဲဗင်း မီဒီယာ၊ ပေါ်ပြူလာနဲ့ ရန်ကုန်မီဒီယာဂရုပ်တို့ လို့ဆိုပါတယ်။ အဆိုပါဂျာနယ် တိုက် ၄ ခုအနက် မြန်မာတိုင်းမ်ဟာ သြစတေးလျ နိုင်ငံသား ရော့စ် ဒန်ကလေက စစ်ထောက်လှမ်းရေးနဲ့ တွဲဘက်ထူထောင်ခဲ့ပြီး စစ်ထောက်လှမ်းရေး ချေမှုန်းခံရပြီးနောက် ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်သူ သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးကို ရှယ်ယာဝယ်ယူစေပြီး အစိုးရက နည်းအမျိုးမျိုးနဲ့ ချုပ်ကိုင်ထားတဲ့ ဂျာနယ် တိုက်ပါ။
အီလဲဗင်းမီဒီယာကတော့ စစ်အစိုးရနဲ့ ပေါ်ပေါ်ထင်ထင် ဆက်နွယ်မှု မပြပေမယ့် နအဖ အစိုးရအဖွဲ့ထဲက အာဏာရှိတဲ့ ဗိုလ်မှူးကြီးတစ်ဦးက ရှယ်ယာဝင်ထားပြီး အဆိုပါ အရှိန်အ၀ါနဲ့ စာပေစိစစ်ရေးမှာ အထူးအခွင့်အရေးရလျက်ရှိတယ်လို့ မီဒီယာလောကမှာ နားလည်ထားကြပါတယ်။ တနည်းပြောရရင် နအဖနဲ့ ဆက်နွယ်ရာ ဆက်နွယ်ကြောင်း ယုံကြည်စိတ်ချလို့ ထုတ်ဝေခွင့် ချပေးမယ့် သဘောပါ။
ပေါ်ပြူလာနဲ့ ရန်ကုန်မီဒီယာဂရုပ်မှ စာရေးဆရာ ဟိန်းလတ်နဲ့ ကိုကို(စက်မှု) တို့ကလည်း ပြန်ကြားရေး ၀န်ကြီးဌာနကဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့မှာ အလုပ်အမှုဆောင် ရာထူး အသီးသီး ယူထားကြသူတွေဖြစ်လို့ နအဖအစိုးရက ယုံကြည်စိတ်ချရသူတွေပါ။
ပေါ်ပြူလာကိုတော့ ကစထမှူး လုပ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်းရဲ့ သမီးဖြစ်သူ ပါဝင်ပတ်သက်နေတယ် လို့လည်း အဆိုပါတိုက်နဲ့ နီးစပ်သူများက ပြောပါတယ်။
ပုဂ္ဂလိက မီဒီယာကနေ လူထုကို အခမဲ့ ၀ါဒဖြန့်ဖို့ ကြံစည်
နအဖ အစိုးရအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က စပြီး “မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ် …” ဆိုတဲ့ ကြွေးကြော်ချက်နဲ့ ပုဂ္ဂလိကပိုင်မီဒီယာတွေကို ကိုင်တွယ် အသုံးချခဲ့ပါတယ်။ မကြာခဏ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ အဲဒီသတင်းတွေကို ပုဂ္ဂလိကပိုင်ဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ ရောင်စုံနဲ့ ဖေါ်ပြကြတယ် ဆိုရင် နအဖက သူတို့ရဲ့ အသံ၊ သူတို့ရဲ့ အမြင်တွေကို လူထုရှေ့အခမဲ့နည်းနဲ့ ရောက်စေခဲ့တာပါ။
ကိုယ့်အရင်းအနှီးနဲ့ ထုတ်တဲ့ ပုဂ္ဂလိကဂျာနယ်တိုင်းမှာ အစိုးရရဲ့ ပေါ်လစီ ဆောင်းပါးတွေကို စာမျက်နှာ တမျက်နှာပြည့် အခမဲ့ ထည့်ပေးရပါတယ်။ နောက်ပြီးတော့ အစိုးရက ပြည်တွင်း၊ ပြည်ပ အတိုက်အခံကို ဆန့်ကျင်ရေး ၀ါဒဖြန့်ကင်ပိန်းလုပ်တဲ့အခါ ပုဂ္ဂလိကဂျာနယ်တွေကပါ ကိုယ့်ဘာသာကိုယ် နအဖ အာဘော်အတိုင်း ဆောင်းပါးရေးပြီးထည့်ဖို့ အားပေးပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးခါစမှာ မြတ်ခိုင်ရဲ့ လျှပ်တပြက်ဂျာနယ်က ရေးပေး လုပ်ပေးခဲ့တာမျိုးပါ။
အခု တကြိမ် သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ အာမခံလိုက်တဲ့ သဘောဟာ လာမယ့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ အစိုးရရဲ့ လက်ဝေခံပါတီတွေအတွက် ပုဂ္ဂလိက မီဒီယာကနေ ၀ါဒဖြန့်ဖို့ အကြံအစည်ရှိပုံရတယ်လို့ လေ့လာသူ တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။
ပါတီစုံရွေးကောက်ပွဲ ဆိုတဲ့အတွက် ပါတီတွေက နအဖ အစိုးရရဲ့ သတင်းစာကို တိုက်ရိုက်သုံးစွဲခွင့် ရှိမှာ မဟုတ်ဘဲ နအဖ လက်ဝေခံပါတီများအတွက် မီဒီယာလိုအပ်လာပါတယ်။ ပါတီတွေအနေနဲ့ ကိုယ်ပိုင် ပါတီသတင်းစဉ်လိုမျိုး မထုတ်ဝေနိုင်သေးရင်တောင်မှ နအဖအစိုးရကို ထောက်ခံမယ့် ပုဂ္ဂလိက သတင်းစာတွေကို အသုံးချပြီး လူထုကိုစည်းရုံးမယ်လို့ ရည်ရွယ်ချက် ရှိပုံရတယ် လို့လည်း အဆိုပါ လေ့လာသူက ပြောဆိုပါတယ်။
ကျဆုံးနေတဲ့ နအဖ အစိုးရသတင်းစာများ
နအဖအစိုးရရဲ့ အသံ၊ အာဘော် မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြန်မာ့အလင်း အင်္ဂလိပ်ဘာသာ တို့ဟာ ပြီးခဲ့တဲ့နှစ်များအတွင်း တစောင်ကို ၁၀ ကျပ်မှ ၅၀ ကျပ်သို့ ဈေးမြှင့်ပြီးနောက်ပိုင်း စောင်ရေ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ယခင်က ဈေးသက်သာလွန်းလို့ လစဉ်ယူထားသူအများအပြား ရပ်စဲခဲ့ကြပါတယ်။ ယခုအခါ အစိုးရသတင်းစာရဲ့ စောင်ရေဟာ သိန်းဂဏန်းမရှိတော့ဘဲ သောင်းဂဏန်းမျှသာ ရှိတော့တယ်ဆိုတဲ့ ပြောဆိုမှုများလည်း ကြားသိရပါတယ်။
ဈေးနှုန်းမတက်ခင်က ကြေးမုံသတင်းစာဆိုရင် စောင်ရေ ၂သိန်းဝန်းကျင် ရိုက်နှိပ်ခဲ့တာပါ။ ယခုနောက်ပိုင်း စာဖတ်သူ လူထုက ပုဂ္ဂလိက သတင်းဂျာနယ်တွေကိုသာ မှန်မှန်ဝယ်ဖတ်ကြတော့ပြီး သတင်းစာကို နာရေးနဲ့ ကြော်ငြာ ကြည့်ရုံသာ သဘောထားကြပါတော့တယ်။
အစိုးရသတင်းစာကို ဖတ်ရှုသူ ပိုမိုနည်းသွားစေမယ့် စိုးရိမ်မှုကြောင့် ပုဂ္ဂလိကသတင်းစာကို ခွင့်မပြုလိုပေမယ့် အခြားတဘက်မှာ အစိုးရနဲ့ နီးစပ်သူတွေကို ထုတ်ဝေခွင့်ပေးခြင်းနည်းဖြင့် မီဒီယာကို မီဒီယာနဲ့တိုက်တဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ မဟာဗျူဟာကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။
နေ့စဉ်သတင်းစာကို စာပေစိစစ်ရေးက မရိုက်နှိပ်မီ တစောင်လုံး ကြည့်ရှုစစ်ဆေးနိုင်ဖို့ မလွယ်ကူတာကြောင့် ယခင်တလျှောက်လုံး နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပေးဖို့ကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
ယခုလာမယ့် နေ့စဉ် သတင်းစာတွေကိုတော့ ဘယ်ပုံဘယ်နည်းနဲ့ စိစစ်ချုပ်ကိုင်ထားမယ် ဆိုတာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
လူ့ငနွား များအတွက် ငရဲမရှိတော့ပြီလော
ဆောင်းပါး သရုပ်ဖေါ်
တကယ်တော့လဲ ထို အကြောင်းအရာ သည် လူတိုင်း ကြားရ၊ ဖတ်ရ လွန်းသဖြင့် ရိုးနေ လောက်ပါပြီ။ (၂၀၀၇) ခုနှစ်၊ စက်တင်ဘာ လ အတွင်း မြန်မာ နိုင်ငံ၏ အဓိက မြို့တော်ကြီး ဖြစ်သည့် ရန်ကုန်မြို့ တွင် ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များ အား မြန်မာ စစ် အစိုးရ စစ်တပ် မှ အကြမ်းဖက် နှိမ်နင်း သတ်ဖြတ် ခဲ့မှု အကြောင်း အင်တာနက် စာမျက်နှာ များ မှ တဆင့် တစ်ကမ္ဘာလုံး မမြင်ချင်လဲ မြင်ရ၊ မကြားချင်လဲ ကြားရ ပြီးဖြစ် ပါသည်။ ယခုအခါ မှ ထိုအကြောင်းကို ဆက်ကာ ဆက်ကာ ပြောနေ ခြင်းသည် ချေးခြောက် ရေနှူး သကဲ့သို့ သာ ဖြစ်နေ နိုင်ပါ သည်။ သို့တိုင်အောင် ထိုဖြစ်ရပ် ဆိုးများ ၏ နောက်ကွယ် တွင် လူအများ အသေအချာ မသိနိုင် သေးသော အခြေအနေ အချို့လဲ ရှိနေ နိုင်ပါ သေးသည်။ တကယ်တမ်း တော့ အနော်ရထာ မင်းစော လက်ထက် ကတည်း က ဗုဒ္ဓ သာသနာ သည် မြန်မာနိုင်ငံ တွင် အခိုင်အမာ အမြစ် တွယ်လာ ခဲ့သည်။ အခြားသော ဘာသာရေး ကိုးကွယ်မှုများ ပြန့်နှံ့ ၀င်ရောက် လာသည့် တိုင် နိုင်ငံတော် ဘာသာအဖြစ် အခိုင်အမာ တည်ရှိ နေခဲ့သည်။
ခေတ် နှင့် စနစ်များ အမျိုးမျိုး ပြောင်းလဲသွားသည့်တိုင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွက် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့သလို အစိုးရ အဆက်ဆက်ကလည်း သာသနာပြု မင်းများအဖြစ်နှင့် ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းစေရေး အားကြိုးမာန်တက် ပံ့ပိုးခဲ့ကြသည်။ သို့သော်လည်း စစ်အာဏာရှင် အစိုးရအတွက်တော့ ခြွင်းချက်သာဖြစ်သည်။ ၎င်းတို့အတွက် ဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိပါ။ ၎င်းတို့၏ ကိုးကွယ်ရာသည် အာဏာသာဖြစ်ခဲ့သည်။ မြန်မာ စစ်အစိုးရသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည်ခဲ့ကြသော သံဃာတော်များအား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သလို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြသည်။
သံဃာတော်တို့၏သွေးဖြင့် သံဃာတော်တို့၏ သင်္ကန်းရောင်အား ပိုမိုနီစွေးစေခဲ့သည်။ အပြင်းအထန် ယုတ်မာပက်စက်စွာ အကြမ်းဖက် နှိမ်နင်းမှုများ နောက်တွင်မူ သံဃာတော်များ၏ လှုပ်ရှားမှုမှန်သမျှကိုပါ ထိန်းချုပ်သွားရန် ရည်ရွယ်ဆောင်ရွက်လာခဲ့သည်။ ပထမဦးစွာ ဘုန်းတော်ကြီးများ၏ တရားပွဲများတွင် အစိုးရဆန့်ကျင်ရေး စကားလုံးများ မပါစေရပါဟု ခံဝန်ကတိအား လက်မှတ်ရေးထိုးစေသည်။ ထိုအခြေအနေသည် အလွန်စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောစရာမလိုပါ။ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ရှင်တော်ဗုဒ္ဓ၏ တရားတော်များ မတိမ်ကော၊ မပပျောက်အောင် ဟောပြောခဲ့ကြသည်။ တရားနာ ပရိသတ်ကလည်း ကြည်ညို မြတ်နိုးစွာဖြင့် တလေးတစား နာယူ ခဲ့ကြသည်။
ရဟန်းတော် အရှင်မြတ်များအနေနှင့် ဒကာ၊ဒကာမများ တရားတော်၏အနက်ကို ထဲထဲဝင်ဝင် နားလည်စေရန် ခေတ်အခြေအနေနှင့် ကိုက်ညီသော အဖြစ်အပျက်များ၊ ဥပမာများနှင့် ဝေေ၀ဆာဆာ ဟောပြောခဲ့သည်မှာ အစဉ်အလာဖြစ်သော်လည်း ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် အရှင်မြတ်များ နှလုံးမသာမယာ ဖြစ်ကြရရှာသည်။ ရဟန်းတော်များသည် သူတော်စင်များ ဖြစ်ကြသည့်တိုင် ဗုဒ္ဓ၏ သားတော်များအချင်းချင်း စည်းလုံးမှုကို အခြေခံပြီး စက်တင်ဘာလ အရေးအခင်းအတွက် မြန်မာအစိုးရအပေါ် အမြင်မကြည်မှု ရှိနေမည်မှာ လူတိုင်းလက်ခံနိုင်သည့် အခြေအနေ တစ်ရပ် ပင်ဖြစ်သည်။ မည်မျှအကျင့်ဖြူစင်ပြီး သည်းခံစိတ် မွေးမြူနိုင်သည့် ကိုယ်တော်များ ဖြစ်စေကာမူ ပုထုဇဉ်တို့အနေနှင့် စစ်အစိုးရ ကျူးလွန်ခဲ့သော ယုတ်မာသည့်အမှုအတွက် ဥပက္ခောတရား လက်ကိုင်ပြုကာ မျက်စိမှိတ် နေနိုင်မည် မဟုတ်ပါချေ။
ထို့ကြောင့်လည်း တရားပွဲများတွင် စစ်အစိုးရ၏ လုပ်ရပ်များအား ပညာသားပါပါ ရှုတ်ချဟောပြောခဲ့သဖြင့် အစိုးရမှာ အချို့ဓမ္မကထိက ကိုယ်တော်များအား တရားဟောခွင့် ပိတ်ပင်မှုများပင် ပြုလုပ်ခဲ့ကြသည်။ သံဃာတော်များ ဟောပြောသော တရားတို့သည် နိုင်ငံရေး တိုက်ခိုက်မှုများအတွက် ဦးတည်ထားခြင်း မရှိခဲ့ပါ။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် တရားတော်တို့ကိုသာ အခြေခံပြီး ကိုးကားထားလေ့ရှိပါသည်။ သို့သော်လည်း ဒေ၀ဒတ်နှင့် မာရ်နတ်တို့ နှစ်ဦးပေါင်းလျင်တောင် မလုပ်ဝံ့လောက်သည့် လူမဆန်သော ဗုဒ္ဓဘာသာ ချိုးနှိမ်မှုများ ကျူးလွန်ထားသည့် မိစ္ဆာတစ်ပိုင်း၊ အာဏာရူးတစ်ပိုင်းတို့အတွက်မူ အနာပေါ် တုတ်ကျမျှ ဆတ်ဆတ်ခါကြရသည်။ ထို့နောက်တွင်မူ သံဃာတော်များအား တရားဟောခွင့် ပိတ်ခဲ့ကြလေတော့သည်။ အံ့သြစရာတော့ အလွန် ကောင်းပါ သည်။ ထေရ၀ါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံကြီးတစ်နိုင်ငံတွင် ထေရ၀ါဒ ရဟန်းတော်များ၏ တရားဟောခွင့်အား ထေရ၀ါဒကို စောင့်ရှောက်ပါသည်ဆိုသော သာသနာပြု အစိုးရက တားမြစ်ပါသည်တဲ့။ မည်မျှ တရားကျ သင့်ပါ သနည်း။
နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကိုယ်တော်များကိုလည်း စစ်အစိုးရ အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြသေးသည်။ စစ်အစိုးရနှင့် ရာထူးရာခံ အဆင့်ဆင့်တို့က လေဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာမှ လှူဒါန်းသော အထောက်အပံ့များအား ရသလောက် ခေါင်းပုံဖြတ်နေကြချိန်တွင် သံဃာတော်များက Organize လုပ်ကာ အလှူငွေများ ကောက်ခံစုဆောင်းပြီး လေဘေးသင့် ကျေးရွာများထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြ သည်။ သို့သော်လည်း ထိုလုပ်ရပ်များကို စစ်အစိုးရက မကျေမနပ် ဖြစ်နေတတ်ပြီး သံဃာတော်များ ၏ လုပ်ဆောင်မှု အဆင့်ဆင့်ကို ထောက်လှမ်းနေခဲ့ကြောင်း ဘုန်းတော်ကြီးများက ပြန်လည် မိန့်ကြား ခဲ့ကြသည်။ စက်တင်ဘာလ သံဃာတော်များ ဆန္ဒပြပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော ကျောင်းတိုက်များအနေနှင့်မူ ဆိုဖွယ်ရာပင် မရှိတော့ပါချေ။
ဒကာ၊ ဒကာမများက လှူဒါန်းထားသော သံဃာပိုင်ပစ္စည်းများကို မိုက်ကြေးခွဲ သိမ်းယူသည်။ သံဃာပျိုများကို ဖမ်းဆီးထောင်ချသည်။ လှူဒါန်းထားသည့် ကားအသိမ်းခံရသူ ဆရာတော်တစ်ပါးက ၎င်းအနေနှင့် ခြေထောက်ကို ရိုက်အချိုးခံရသလို ထင်မှတ်မိကြောင်း၊ ဆရာတော်၏ သာသနပြု လုပ်ငန်းများအတွက် ခရီးဝေးသွားလာမှုများ လိုအပ်ချိန်တွင် ကားမရှိမှုက စိတ်သွားတိုင်းကိုယ်မပါ ဖြစ်စေကြောင်း မိန့်တော်မူရှာသည်။ ဆရာတော်တစ်ပါးကမူ နာဂစ်ဒဏ်ခံ ဒေသအတွင်း ဒုက္ခသည်များအား ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့များကြောင့် ကြည်နူးမိကြောင်း၊ သို့သော်လည်း ထိုအသင်းများသည် အခြားသော ဘာသာရေးကို အခြေခံပြီး သာသနပြု လုပ်ငန်းများ ပူးတွဲဆောင်ရွက်ကာ ဒုက္ခသည်များကို သိမ်းသွင်းသွားခဲ့ကြောင်း၊ ထိုသို့သော ဘာသာရေးသိမ်းသွင်းမှုများအား အပြစ်မဆိုချင်သော်လည်း သာသနာ့ ဒါယကာအဖြစ် ခံယူထားသော အစိုးရ၏ ညံ့ဖျင်းမှု ကြောင်း ဗုဒ္ဓသာသနာ၏ အရှိန်အ၀ါ ငြှိုးနွမ်း လာမည်ကို စိုးရိမ်မိကြောင်း ရင်ဖွင့်တော်မူ ခဲ့သည်။
လက်တွေ့တွင်မူ အဆိုပါဆရာတော်အနေနှင့် အစိုးရအား သာသနာတော်၏ ဒါယကာအဖြစ် သတ်မှတ်နေသေးသည်မှာ အံ့သြစရာ အခြေအနေပင် ဖြစ်ပါသည်။ ရဟန်းတော်တွေကို သတ်သည်။ ထောင်ချသည်။ အတင်းအကြပ် လူဝတ်လဲခိုင်းသည်။ သေလျင်တောင် ငရဲကြီးရှစ်ထပ်အနက် မည်သည့်ငရဲတွင် အပြစ်ပေးရမည်ကို ယမမင်းခမျာ အတော်လေး ခေါင်းစားဖွယ်ရှိသော အနှီမသူတော် ဒုစရိုက်၊ ရာဇ၀တ်ကောင် သာသနာဖျက် သန်းရွှေနှင့် အပေါင်းအပါများသည် သာသနာတော်၏ ဒကာတော်များအဖြစ် သတ်မှတ်နိုင်ရေးမှာ အလွန်မအပ်မရာသော အခြေအနေ ပင်ဖြစ်ပါ သည်။ မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းတော်တို့သည် ဘုရားရှင်၏ အဆုံးအမတွင် မွေ့လျော်ကာ တရားတော်နှင့် ငြိမ်းချမ်းမှုကို ရှာဖွေနေခဲ့ကြသူများသာ ဖြစ်ကြပါသည်။ သို့သော်လည်း ကံဆောင်ခြင်းနှင့်အတူ ဒကာ၊ ဒကာမများ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် မေတ္တာလက်နက်ဖြင့် စစ် အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ပါသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပါချေ။ လူသားတို့ အကျိုးနှင့် ငြိမ်းချမ်းရေးကို လိုလားသော အရှင်မြတ်တို့၏သွေးသည် မြန်မာနိုင်ငံ၏ သမိုင်းစဉ်ကို အသရေ ညှိုးနွမ်းစေ ခဲ့ပါပြီ။
စစ်အစိုးရကား မိုက်ရိုင်းမြဲ၊ ယုတ်မာနေဆဲဖြစ်သလို သံဃာတော်များကိုလည်း ပိုမိုဖိနှိပ်လာခဲ့ပါသည်။ ထိုသို့သော လူမသမာများ၊ လူ့အန္ဓများအတွက် ငရဲမရှိတော့ပြီလော မပြောတတ်ပါ။ ဘုရားရှင်၏ ခြေမတော်တွင် အနာဖြစ်စေခဲ့သော ဒေ၀ဒတ်ကိုဖြင့် မဟာပထ၀ီမြေကြီးက ခွင့်မလွှတ်နိုင်ဘဲ ၀ါးမြိုခဲ့ပါပြီ။ ဘုရားရှင်ဟောကြားသော တရားတော်အတိုင်း ကျင့်ကြံအားထုတ်နေကြသည့် ရဟန်းတော်များ၏ မဏိတော်ကို နံပါတ်တုတ်နှင့်ရိုက်၊ သင်္ကန်းမြင်သမျှ သေနတ်နှင့်ပစ်၊ စစ်ဖိနပ်နှင့် ကန်ခဲ့သော ခေတ်သစ် ဒေ၀ဒတ်များကရော။ သူတို့အတွက် မဟာအ၀ီစိမှ ငရဲမီးလျံသည် ထိုက်တန်သော အပူဒဏ်ကို ပေးနိုင်ပါ့မလား။ အကုသိုလ်သမားတို့ သေခါမှ နိမိတ်ထင်မည့် လမ်းစဉ်များအတွက် ပြည်သူတစ်ရပ်လုံး အမုန်းတရားနှင့် မျှော်လင့်နေမည်ကို သန်းရွှေတို့လူစု သိစေချင်ပါတော့သည်။
လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
ထိုကဲ့သို့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး စောင့်ရှောက်မှု ညံ့ဖျင်းသည်ဟု ဆိုရာတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများဖြစ်ကြသော ကွန်ဂို၊ ဆိုမာလီ၊ အီရတ်၊ ဆူဒန်၊ ပါကစ္စတန်နိုင်ငံများနှင့် တန်းတူ မြန်မာနိုင်ငံက လိုက်ပါနေသည်ဟု အမ်အက်စ်အက်ဖ် က ဆိုသည်။
အမ်အက်စ်အက်ဖ်အနေနှင့် ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုအနည်းပါးဆုံး၊ လုံခြုံမှုအကင်းမဲ့ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံကို ၁၉၉၈ ခုနှစ်မှစတင် ကြေညာလာခဲ့ရာ ယခုအခါ ၁၁ ကြိမ်မြောက်ကြေညာခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် တနှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက် အခံရဆုံး ၁၀ နိုင်ငံကို အမ်အက်စ်အက်ဖ်က တနင်္ဂနွေနေ့က ထုတ်ဖော်ကြေညာခဲ့ရာတွင် “မြန်မာနိုင်ငံနဲ့ ဇင်ဘာဘွေလို နိုင်ငံတွေမှာ အစိုးရက ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်ဖို့ ပျက်ကွက်ရုံမကဘူး ကြားဝင်ဆောင်ရွက်ပေးမယ့် အန်ဂျီအိုတွေကိုလည်း မသင်္ကာဘူး။ လူ့အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေမှာလည်း ကန့်သတ်ချက်တွေကြားက လုပ်ဆောင် နေရတာ တွေ့ရတယ်” ဟု ဖော်ပြပါရှိသည်။
မြန်မာပြည်တွင်းရှိ ထောင်ပေါင်းများစွာသော ခုခံအားကျဆင်းသည့် ဝေဒနာ ခံစားနေရသူတို့မှာ ဆေးကုသခွင့် ကင်းမဲ့လျှက် သေဆုံးနေရသော်လည်း စစ်အစိုးရအနေနှင့် ၎င်းဝေဒနာသည်တို့ကို ပါဝင်ကူညီမှု အလွန်ပင် နည်းပါးလျှက်ရှိကြောင်း အမ်အက်စ်အက်ဖ်က ဖြည့်စွက်ပြောကြားသည်။
“ပဋိပက္ခကြောင့်၊ စစ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမခံရတဲ့၊ လျစ်လျှူရှုခံနေရတဲ့၊ တကယ့်ကို အရေးပေါ်လိုအပ်နေတဲ့ သန်းပေါင်းများစွာ သော လူတွေကို ဦးစားပေးကူညီနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာရင်း ထုတ်ပြန်တာပါ” ဟု အပြည်ပြည်ဆိုင်ရာ အမ်အက်စ်အက်ဖ် ဥက္ကဌ ဒေါက်တာ ခရစ္စတိုဖီ ဖိုနီးယားက ပြောသည်။
၎င်းအဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်အတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု ကပ်ဘေး ကြီး ၂ ခုကို ခံစားခဲ့ရသည်ဟုဆိုသည်။ ယင်းကပ်ဘေးကြီး ၂ ခုမှာ လူပေါင်း ၁၃၀၀၀၀ ကျော် ပျောက်ပျက် သေဆုံးရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကပ်ဘေးနှင့် ဆေးကုသမှု ကင်းမဲ့ကာ သေဆုံးနေရသည့် HIV/ AIDS ဝေဒနာ ကပ်ဘေးတို့ ဖြစ်သည်။
“စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စပြီး မြန်မာနိုင်ငံက ပဋိပက္ခပေါင်းများစွာ ကြုံတွေ့ခံစား ခဲ့ရပါတယ်။ အဲဒီထဲကမှ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကတော့ ပြင်ပကမ္ဘာက မေ့လျော့ခံထားရတဲ့ မြန်မာ ပြည်သူ တွေအတွက် နောက်ဆုံးခံရတဲ့ ကပ်ဘေးတခုပါ။ ဝမ်းနည်းစရာကောင်းတာက ဒီဒဏ်တွေကို အားအနည်းဆုံး ဆိုတဲ့ မြန်မာပြည်သူတွေက ခံစားနေရတာပါပဲ” ဟု အမ်အက်စ်အက်ဖ်က ဆိုသည်။
အမ်အက်စ်အက်ဖ်၏ အဆိုအရ မြန်မာနိုင်ငံတွင် အေအာရ်ဗီဆေး အရေးပေါ်လိုအပ်နေသည့် HIV/AIDS ဝေဒနာရှင် ၇ သောင်းခွဲကျော် ရှိနေပြီး ၎င်းတို့ထဲမှာ ၂၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ခံယူခွင့်ရသည်ဟု သိရသည်။
ဘုန်းကြီးကျောင်းပေါ်ပေါက်နိုင်ရေးအတွက် လိုဒ်ရှိုးပွဲကျင်းပရန်ကြိုးပမ်းနေ
ရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
၂ဝဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကိုယ်ပိုင်မြန်မာဘုန်းတော်ကြီးကျောင်း ပေါ်ပေါက်နိုင်ရေးအတွက် ဂျပန်ရောက်မြန်မာများက ပြည်တွင်းမှ နာမည်ကျော် အဆိုတော်များကိုဖိတ်ကြား၍ Live Show ပွဲတခုပြုလုပ်နိုင်ရန် ကြိုးပမ်းအားထုတ်လျှက်ရှိကြောင်းသိရသည်။
၎င်းမှပင် ''ဘုန်းကြီးကျောင်းဝယ်ထားတယ်ဆိုတဲ့သတင်းကြားတယ်ဗျ၊ ကြားတယ်ဆိုတာကလည်း ကျနော်တို့ သူငယ်ချင်းတယောက် ဈာပနအတွက် ရောက်သွားရင်းနဲ့ သိရတာပါ။ သတင်းကြားတော့ ငွေကြေးအခက်ခဲရှိတယ်လည်းကြားတယ်၊ ကျနော်တို့လည်း ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ကျနော်တို့ လည်းနိုင်တဲ့ဝန်ထမ်းမယ်ပေါ့။ ကျနော်တို့မှာလက်ရှိ ငွေမရှိဘူး၊ အကူအညီတောင်းတော့ စိုက်ပေးမဲ့လုပ်ငန်းရှင်တွေရှိပါတယ်။သူတို့အားကိုးနဲ့ကျနော်တို့ ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးအဖွဲ့က လူတွေနဲ့ညှိပါတယ်။ ဒီလိုကျနော်တို့လုပ်ချင်ပါတယ်ပြောတယ်။ သူတို့ကလည်းကောင်းတယ်ပေါ့။ ဒါနဲ့ ကျနော်တို့နိုင်သလောက် ထလုပ်ကြတဲ့သဘောပါ။ နောက်တခုကလည်း ဂျပန်မှာ တခြားဘာသာဝင်တွေရဲ့ကျောင်းတွေရှိနေသလို ကျနော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း မဖြစ်မနေရှိသင့်တယ် ဆိုတဲ့စိတ်လည်းပါတာပေါ့ဗျာ။ အားလုံးကူညီပေးကြပါ...'' ဟု လိုဒ်ရိုးပွဲလုပ်ရန် စီစဉ်ဖြစ်သွားခဲ့ပုံကို ရှင်းပြသည်။
လိုဒ်ရှိုးပွဲကို လာမည့် ၂ဝဝ၉ခု နှစ်ဆန်းပိုင်တွင် တိုကျိုမြို့၊ Ikebukuroအရပ်ရှိ မြန်မာစတိတ်ရိုးပွဲများကျင်းပလေ့ရှိသည့် (Kokaido) ခန်းမတွင် ဇန်နဝါရီလ(၁၂)ရက်၊ ညနေ(၅)နာခွဲတွင် စတင်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် ယန်း ၅,ဝဝဝ သတ်မှတ်ထားကြောင်းသိရသည်။
ပြည်တွင်းမှလာရောက်ဖျော်ဖြေမည့်အဆိုတော်များမှာ စိုးပိုင်၊ ဘိုဘိုဟန်၊ ဟေမာနေဝင်းနှင့် Keyboard တီးခတ်သူအဖြစ် ဥက္ကာဦးသာတို့မှ ဘုန်းကြီးကျောင်းပေါ်ပေါက်ရေး ဓမ္မဒါနအဖြစ် အခမဲ့လာရောက်ဖျော်ဖြေပေးမှာ ဖြစ်ကြောင်းလည်းသိရသည်။
Saturday, 20 December 2008
ပေးစာကြောင့် ထောင်ဒဏ်များချမှတ်ခံရ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုကျော်ကျော်ထွေးခေါ် ကိုမာကီး၏ ညီတော်စပ်သူ ကိုဇော်နိုင်ထွေး ခေါ် ကိုကက်နက်အား ကိုမာကီးကို စာဆက်သွယ်မှုဖြင့် ပုဒ်မ ၄၂ အရ ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။
“သူ့ကို ၁၇ ရက်နေ့က ၉ နှစ် ချလိုက်ပြီးတော့ ထောင်ဝန်ထမ်းတွေကျတော့ ၃ နှစ်စီချလိုက်တယ်တဲ့၊ အခုအင်းစိန် ထောင်မှာပဲရှိတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။
ကိုဇော်နိုင်ထွေးသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ၎င်း၏အစ်ကို ကိုမာကီး အင်းစိန်ထောင်အတွင်း အဖမ်းခံ နေရစဉ် စာလူကြုံပေးမှုနှင့် အရေးယူခံရခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ထောင်ဝန်ထမ်း ၃ ဦးပါ အရေးယူခံရခြင်းဖြစ် ကြောင်း သိရသည်။ စာပါအကြောင်းအရာကိုမူ မသိရှိရပေ။
ကိုဇော်နိုင်ထွေး၏ အစ်ကို ကိုမာကီးအား ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုဌေးကြွယ် အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် အတူ စစ်အစိုးရက ပြီးခဲ့သည့် နိုဝင်ဘာ လ အတွင်း၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ပြီးနောက် မြိတ်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။
အလားတူ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရသူ လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့မှ ကိုသန့်ဇင်မျိုး၏အကို ကိုသန့်ဇင်ဦးကိုလည်း စာဖတ်ပြသည့်အတွက် ပုဒ်မ ၄၂ နှင့် အင်းစိန်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လချမှတ်လိုက်သည်ဟု ကိုသန့်ဇင်ဦး ၏ လုပ်ဖော်ကိုင် ဖက် တဦးကပြောပြသည်။
“နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးလို့ သူ့ညီက ပြောတာနဲ့ပတ်သက်ပြီးတော့ စာတင် တာ၊ ဗိုလ်ချုပ်မှူးကြီးဆီ လိပ်မူပြီးတင်တာ၊ အဲဒီစာကို ထောင်ဝင်စာတွေ့တဲ့ အချိန်မှာ ကိုသန့်ဇင်ဦးက ထောင် ထဲမှာ သူ့ညီ သန့်ဇင်မျိုးကို သွားဖတ်ပြမိတယ်”ဟု ကိုသန့်ဇင်ဦး၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ပြောသည်။
ယင်း ကိုသန့်ဇင်မျိုးကို ဖတ်ပြသည့် စာသည် ၂၀၀၈ ဇန်န၀ါရီ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ တင်သည့်စာဖြစ်ပြီး ယင်းစာသည် သက်ဆိုင်ရာ ထောင်အာဏာပိုင်များသိရှိခွင့်ပြုကြောင်းလည်း ၎င်းက ဆို သည်။
“သန့်ဇင်မျိုးနဲ့ ထောင်ဝင်စာတွေ့အခါမှာ ယူသွားတဲ့ စာကို ဖတ်ပြတယ်၊ အဲဒီလို တွေ့တိုင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက သူတို့ အနီးမှာရှိတယ်၊ သူတို့က အမြဲတမ်း ထက်ချပ်မကွာလိုက်မှတ်ထားလေ့ရှိတယ်၊ အဲဒီ မှာ တယောက်ကို ထပ်ဖတ်ပြမိတယ်၊ စာက လီဂယ်ဆိုက် စာမျက်နှာ ၄ မျက်နှာပါတယ်၊ ကွန်ပျုတာ စီထားတာ၊ ဖတ်တာ ၁၅ မိနစ်လောက်ကြာနိုင်တယ်၊ အဲဒါကို ရပ်ကြည့်နေတာ၊ ဘာမှမတားမြစ်ဘူးတဲ့၊ နောက်တယောက် ကို သန်းဇော်မြင့်ကို သွားဖတ်ပြတော့မှ ဆွဲလားလွဲလားဖြစ်ပြီး အခုလိုအရေးယူတာ”ဟု သူက ဆက်ပြောသည်။
ယင်းစာနှင့်ပတ်သက်ပြီး ထောင်ဝန်ထမ်း တပ်ကြပ် ကျော်ဦးကလည်း ၎င်းကိုယ်တိုင် စာရွက်စာတမ်းများပါသည့် အိတ်ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
ကိုသန့်ဇင်ဦးသည် ကလေးစစ်သားအသုံးပြုနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသူတဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာ လအတွင်းက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)နှင့် သက်ဆိုင်သည့် စာဖြန့်ဝေမှုဖြင့် အာဏာပိုင် များ ၏ ဖမ်းဆီးခံခဲ့ရဖူးကြောင်း၊ ယင်းကိစ္စကို ၁၀ မျက်နှာခန့်ရှိ စာတစောင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံသို့ ရေးတင် ခဲ့ဖူးကြောင်းလည်း သိရှိရသည်။
ထိုကဲ့သို့ စာအဆက်အသွယ်ပြုမှုဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမြင့်သည်လည်း ၁၉၉၇ နှစ်က ထောင် ဒဏ် ၇ နှစ် ချမှတ်ခံရသည်။ ၎င်းက ပဲခူးတိုင်း သာယာဝတီ ထောင်ရှိ မိတ်ဆွေ နိုင်ငံရေးအကျဉ်းသား တဦးထံ စာသွားရောက် ပေးစဉ် ဖမ်းဆီး အပြစ်ပေးခံရခြင်းဖြစ်သည်။
အဆိုပါ ကိုမျိုးမြင့်သည် ၁၉၉၅ ခုနှစ်နှောင်းပိုင်းကလည်း ယခုနှစ် စက်တင်ဘာလအတွင်းက ပြန်လည် လွတ် မြောက်လာသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးခန့်စုပေါင်း၍ ကုလ သမဂ္ဂသို့ စာရေးပို့သည့်အတွက် ထောင်ဒဏ် ၁၂ နှစ် ခန့် ချမှတ်ခံခဲ့ရဖူးသည်။ ယင်းအမှုတွင် ထောင်ဝန်ထမ်း တချို့ပါအရေးယူခံခဲ့ရကြောင်း သိရသည်။
ကိုမျိုးမြင့်နှင့် တချိန်တည်းတွင်ပင် ကျောင်းသား လှုပ်ရှားမှု၌ ပါဝင်ခဲ့သူ ကိုဘထူးမောင်သည်လည်း မန္တလေးတိုင်း မြင်းခြံထောင်မှ မိသားစုထံသို့ ထောင်ဝန်ထမ်း၏ အကူအညီဖြင့် စာပေးပို့သည့်အတွက် ရက်ပေါင်း ၅၀၀ ထပ်မံ အပြစ် ပေးခံခဲ့ရဖူးသည်။
ယင်းသို့ စာအဆက်သွယ်ကြောင့် အပြစ်ပေးခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က“အခုလို အကျဉ်းထောင်တွေထဲကနေ စာတွေပို့တယ်ဆိုတာ အကျဉ်းသားတွေက စစ်အစိုးရရဲ့ ထောင်တွင်းက အခက်အခဲတွေကို ဖော်ပြတာပါ၊ ပြီး တော့ ဒီလို စာအဆက်အသွယ် လုပ်တယ် ဆိုတာကလည်း လူ့သဘာဝတခုပါပဲ၊ ဒါကို မြန်မာစစ်အစိုးရက ရာဇ၀တ်မှု တခုလို အရေးယူနေတာကတော့ အင်မတန် ၀န်းနည်းစရာပါ”ဟု ပြောဆိုသည်။
သတင်း- ဧရာဝတီ
Friday, 19 December 2008
Burmese Lawyer Flees, Speaks Out
A Burmese lawyer now in exile says authorities tortured evidence out of his clients.
Photo: AFP/ Armed security forces march down the streets of Rangoon during a crackdown on anti-government protests, Sept. 27, 2007.
BANGKOK—A Burmese lawyer who fled to Thailand to avoid jail after representing 11 anti-government protesters has said authorities tortured evidence from his clients that was used to convict them in connection with a bombing earlier this year.
“In this case, Yan Shwe, Zaw Zaw Aung, and U Myint Aye were arrested by police, and were mentally and physically tortured to obtain evidence that they had committed the crime,” Saw Kyaw Kyaw Min told reporters in Thailand.
“Evidence obtained in such a manner by the police was then used in court. In that case, I examined five witnesses before I fled the country,” he said, having fled to Thailand after weeks in hiding from the Burmese authorities.
Yan Shwe, Zaw Zaw Aung, and Myint Aye were sentenced last month in Rangoon’s Northern District Court to life in prison for allegedly planting a bomb in the Union Solidarity and Development Association (USDA) office in the city’s Shwe Pyitha township. The device exploded July 1 but no one was killed or injured in the blast.
The USDA is a government-sponsored social welfare group that serves as a civilian proxy for military interests. Members of the opposition say the USDA is often mobilized to put down anti-government protests.
Burma's courts have sentenced more than 200 political and labor activists, bloggers, journalists, and Buddhist monks and nuns to lengthy jail terms in recent months.
Flight to avoid jail
Saw Kyaw Kyaw Min, 28, worked as a lawyer in Rangoon, where he defended 11 members of the opposition National League for Democracy (NLD).
In October, the Hlaing Thaya township court in Rangoon sentenced him to six months in prison for contempt of court after he failed to intervene when his clients turned their backs on the judge to protest the manner in which they were being questioned.
Three of the defendants also sought to call Information Minister Gen. Kyaw Hsan as a witness, Saw Kyaw Kyaw Min said at the time, prompting another call from the judge for the lawyers to control their clients.
Saw Kyaw Kyaw Min and another lawyer, Nyi Nyi Htwe, appeared in court Oct. 23 with their clients, 11 youths who had staged a protest march in Rangoon on May 15 in which they wore t-shirts calling for the release of detained opposition leader Aun San Suu Kyi.
“The main reason I had to flee the country is that the authorities charged me under Penal Code 228,” or contempt of court,” Saw Kyaw Kyaw Min said.
“I was ready to face and defend the charges in court. As a matter of fact, I did go to court Oct. 27 to defend those charges, but they postponed the proceedings until Oct. 30. But then they issued orders and tried to arrest us on Oct. 29,” he said.
“That is why I became convinced that our legal system doesn’t have any trace of justice, and therefore I completely lost faith and trust in the system, and so I fled the country.”
“I can see that handing down long-term sentences to young students like Sithu Maung and Ye Myat Hein is intended to cut short the continuance of the next generation of young politicians. I can also see that giving long-term jail sentences to the 1988 generation of politically active leaders is intended to stop all political activities prior to the 2010 elections, which are to be organized by the government.”
Nyi Nyi Htwe, along with lawyers Aung Thein and Khin Maung Shein, was arrested and sentenced to terms of four to six months in prison on the same charges.
Legal hurdles
In a written statement made available to reporters, Saw Kyaw Kyaw Min described the difficulties facing lawyers who represent political prisoners.
The authorities, he said, often delay approval for lawyers to represent prisoners; keep security officers in the room when lawyers and clients meet; fail to inform lawyers of court dates; direct judges, prosecutors, and prosecution witnesses; and improperly redact court records and transcripts.
New York-based Human Rights Watch, citing Saw Kyaw Kyaw Min’s account, sharply criticized Burma’s legal system and called for high-level intervention by Burma’s neighbors.
“The government locks up peaceful activists, sends them to remote prisons, and then intimidates or imprisons the lawyers who try to represent them," Elaine Pearson, deputy Asia director at Human Rights Watch, said.
"This abuse of the legal system shows the sorry state of the rule of law in Burma."
The New York-based organization, citing the Association of Southeast Asian Nations (ASEAN) Charter which entered into force Dec. 15, urged ASEAN to dispatch “an eminent independent legal team to monitor the trials and conditions of activists held in isolated prisons.”
Burma’s nuclear temptation
ANALYSIS: —Bertil Lintner
All that is certain is that Burma has a nuclear programme. It may be years, if not decades, away from developing nuclear-weapons capability. But the fact that the country’s military leadership is experimenting with nuclear power is cause for concern
Over the past year, Southeast Asia’s diplomatic community has tried to sort fact from fiction in a stream of unconfirmed reports from Burma, the region’s most isolated and secretive country. Burma’s fledgling nuclear programme with Russian assistance and its mysterious connections with North Korea raise concern in the region about its purpose.
According to Burmese exiles in Thailand, the Russians and North Koreans assist the Burmese in developing nuclear capability. But wary of similar reports by Iraqi exiles a few years ago, which turned out to be false, the international community remains sceptical. In a research paper for Griffith University, for example, Australian scholar Andrew Selth dismisses the reports.
Nevertheless, certain facts are not in doubt. Burma first initiated a nuclear research programme as early as 1956, when its then-democratic government set up the Union of Burma Atomic Energy Centre, UBAEC, in then-capital Rangoon. Unrelated to the country’s defence industries, it came to a halt when the military seized power in 1962. New power-holders, led by General Ne Win did not trust UBAEC head Hla Nyunt.
In February 2001, Burma’s present junta, the State Peace and Development Council decided to revitalise the country’s nuclear programme, and Russia’s Atomic Energy Ministry announced plans to build a 10-megawatt nuclear research reactor in central Burma. In July 2001, Burma established a Department of Atomic Energy, believed to be the brainchild of the Minister of Science and Technology, U Thaung, a graduate of Burma’s Defence Services Academy and former ambassador to the United States. US-trained nuclear scientist Thein Po Saw was identified as a leading advocate for nuclear technology in Burma.
At a press conference in Rangoon on January 21, 2002, Vice-Chief of Military Intelligence Major-General Kyaw Win issued a statement: “Myanmar’s consideration of building a nuclear research reactor is based on the peaceful purposes getting modern technologies needed for the country, availability of radioisotopes being used peacefully, training technicians and performing feasibility study for generation of electricity from nuclear power.”
While Burma suffers from chronic power shortages, the need for a research reactor, used mainly for medical purposes, is unclear. Radioisotopes allow imaging of the brain, bones, organs, lungs and blood flow, advanced technology for Burma’s basic health services.
However, observers pointed out the Russian-made nuclear-research reactor that the Burmese authorities sought to acquire is similar to the 5-megawatt research reactor that the then–Soviet Union installed at Yongbyon in North Korea in 1965, from which North Korea later extracted plutonium for a nuclear device. Burma’s military leaders couldn’t help but notice how North Korea stood up to the US, a harsh critic of the Burmese regime, mainly due to its nuclear programme.
Reports have been murky since. In April 2007, days after the restoration of diplomatic ties between Burma and North Korea — broken since North Koreans detonated a bomb in Rangoon in 1983 — a North Korean freighter, the Kang Nam I, docked at Thilawa port. Burmese officials claimed that the ship sought shelter from a storm. But two Burmese reporters working for a Japanese news agency were briefly detained when they went to the port to investigate, indicating possible other, more secret reasons for the visit.
According to the July 2007 issue of the Irrawaddy, a Thailand-based publication by Burmese exiles: “by a strange coincidence, the 2,900-ton North Korean cargo vessel MV Bong Hoafan...sought shelter from a storm and anchored at a Burmese port last November. The Burmese government reported that an on-board inspection had ‘found no suspicious material or military equipment’. But journalists and embassies in Rangoon remained sceptical.”
At about the same time, the South Korean news agency Yonhap reported “a North Korean ship under US surveillance was believed to have unloaded self-propelled artillery at a Myanmar port.”
The deal with Russia was stalled for several years, but in May 2007, Russia’s atomic energy agency, Rosatom, announced construction of the nuclear-research reactor. According to Rosatom, the reactor would use low-enriched uranium, not plutonium. Up to 350 Burmese nationals, most military personnel, trained in Russia under the initial 2001 agreement, and since then several hundred more trained at Russian institutions.
Signatories of the agreement reached in Moscow on May 15, 2007 were U Thaung and Rosatom head Sergey Kiriyenko. According to Rosatom’s press release: “The sides have agreed to cooperate on the establishment of a centre for nuclear studies in the territory of Myanmar (the general contractor will be Atomstroyexport). The centre will comprise a 10-megawatt light water reactor working on 20 per cent-enriched uranium-235, an activation analysis laboratory, a medical isotope production laboratory, silicon doping system, nuclear waste treatment and burial facilities. The centre will be controlled by IAEA.”
Despite that claim, the International Atomic Energy Agency reported on May 17, 2007, that Burma had not reported plans to build a nuclear reactor. As a signatory to the Non-Proliferation Treaty, Burma is required to allow inspections of any nuclear facilities. The agreement does not mention North Korea, but in November 2003, the Norway-based broadcasting station Democratic Voice of Burma, run by Burmese exiles, reported that 80 Burmese military personnel had departed for North Korea to study “nuclear and atomic energy technology”.
The report remains unconfirmed, its source unclear. If Burmese military personnel travelled to North Korea, it’s more likely for training in maintenance of missiles, which Burma then wanted to buy from North Korea but could not yet afford.
Alarm bells rang in August 2008, after India withdrew permission for a North Korean plane to fly over its airspace en route to Iran, just before taking off from Mandalay in Burma where it had made a stopover. The Il-62 carried unidentified cargo, and its destination after the stopover was unclear.
Reports of some cooperation between Burma, Russia, North Korea and Iran have also come from two Burmese nationals, an army officer and a scientist, who recently left the country. According to them, a Russian-supplied 10-megawatt research reactor is being built, at Myaing, north of Pakokku, said to be for peaceful research. But according to the defectors, another facility exists south of the old hill station of Myin Oo Lwin, formerly known as Maymyo. Three Russians supposedly work there while a group of North Koreans are said to engage in tunnelling and constructing a water-cooling system. The defectors also assert that in 2007 an Iranian intelligence officer, identified only as “Mushavi”, visited Burma. Apart from sharing nuclear knowledge, he reportedly provided advice on missile systems using computer components from Milan.
Burma has uranium deposits, and the Ministry of Energy has identified five sources of ore in the country, all low-grade uranium unsuitable for military purposes. But defectors claim that two more uranium mines in Burma are not included in official reports: one near Mohnyin in Kachin State and another in the vicinity of Mogok in Mandalay Division. The ore is supposedly transported to a Thabeikkyin refinery, conveniently located between the two alleged mines.
Until such reports can be verified, or refuted, speculations remain. But a nuclear-powered Burma would be a nightmare for all neighbours and would upset the balance of power in the region. All that is certain is that Burma has a nuclear programme. It may be years, if not decades, away from developing nuclear-weapons capability. But the fact that the country’s military leadership is experimenting with nuclear power is cause for concern. —YaleGlobal
Bertil Lintner is a Swedish journalist based in Thailand and the author of several works on Asia, including Blood Brothers: The Criminal Underworld of Asia and Great Leader, Dear Leader: Demystifying North Korea under the Kim Clan.
