Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 23 December 2008

နအဖ ကို မဟနဆရာတော်ကြီးများ ဟောကြားသင့်သော ဇာတ်တော်တစ်ခု

မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်နေတာဟာ န အ ဖ စစ်အုပ်စု မတရားဖိနှိပ် အုပ် ချုပ်နေတာကြောင့်ဖြစ်ပါတယ်။ န အ ဖ မတရား ဖိနှိပ်အုပ်ချုပ်နေတာကို နိုင်ငံဥသျှောင်ဖြစ်တဲ့ မ ဟ န ဆရာတော်ကြီးတွေက အမှန်တရားကို သိသော်လည်း မဟရဲ မဟောရဲ မပြောရဲ (ဘယာဂတိ) ဖြစ်နေကြပါတယ်။ ဒါကြောင့် မ ဟ န ဆရာ တော်ကြီးတွေက န အ ဖ စစ်အုပ်စုကို ဟောကြားသင့်တဲ့ ဖာတ်တော်တခုကို တင်ပြ လိုက်ပါတယ်။ ဇာတ်တော်မှာပါတဲ့ အဖြစ်အပျက်တွေက ယနေ့မြန်မာပြည်မှာ ဖြစ်ပျက်နေတာ နှင့် ထပ်တူနီးပါးဖြစ်နေတာကြောင့် ဒီဇာတ်တော်ကို တင်ပြလိုက်ရတာပါ။

မဟန ဆရာတော် အချို့က ဘုရားဟောမဟုတ်တာတွေကို မဟောရဘူးဆိုလို့ ဘုရားဟောဇာတ်တော် တစ်ပုဒ်ကို တင်ပြလိုက်တာ ဖြစ်ပါတယ်။


ဂန္ဓတိန္ဒုက ဇာတ်တော်
ရှေးအခါက ကပိလတိုင်း ဥတ္တရပဉ္ဖာလပြည်မှာ ပဉ္ဖာလဆိုတဲ့ မင်းကြီးအုပ်ချုပ်စိုးစံသတဲ့။ ထိုပဉ္ဖာလမင်းဟာ အဂတိတရား လိုက်စားပြီး မင်းကျင့်တရားများကို မေ့လျော့နေပါသတဲ့။
အဂတိတရား ၄-ပါးဆိုတာက
(၁) ဆန္ဒာဂတိ= ချစ်တဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၂)ဒေါသာဂတိ= မုန်းတဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၃) ဘယာဂတိ=ကြောက်တဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်း
(၄)မောဟာဂတိ= မသိတဲ့အတွက် မလုပ်အပ်တာကို လုပ်ခြင်းဖြစ်ပါတယ်။

မင်းဖြစ်သူဟာဤလို ဂတိတရား လိုက်စားပြီး တရားမှန်ကို လက်လွတ်ခဲ့တဲ့အတွက် မင်းမှုထမ်း အားလုံးဟာလည်း တရားမစောင့်ကြတော့ဘူး၊ ကိုယ်ရထားတဲ့ အာဏာအခွင့်အရေးများနှင့် လူထုကို အမျိုးမျိုးနှိပ်စက်ကြတယ်။ အစိုးရလုပ်သူများ တရားပျက်လွန်းတဲ့အတွက် သူခိုးဓားပြများလည်းထကြွကြတယ်။ ဒါကြောင့်လူထုဟာ နေ့အချိန် မင်းနှိပ်စက် ခံကြရပြီး ညဉ့်အချိန်း သူခိုးဓားပြများရဲ့ အနှိပ်စက်ကို ခံနေကြရတယ်။ သို့သော်လည်း ဒီအကြောင်း တွေကို ပဉ္ဖာလမင်းဟာ ဘာမှမသိဘူး ။ သိအောင်လည်းမလေ့လာဘဲ နန်းတော်အတွင်း ဇိမ်ယစ်နေပြီးသာ နေပါသတဲ့။

ထိုစဉ် ဘုရားအလောင်းတော်ဟာ မြို့အ ပြင် တည်ပင်ကြီးမှာ ရုက္ခစိုးနတ်ဖြစ်လို့ နှစ်တိုင်း နှစ်တိုင်း မင်းရဲထံက အဖိုးတစ်ထောင်ထိုက် တဲ့ ပူဇော်သက္ကာရများကိုရပါတယ်။ ရက္ခစိုးနတ်မင်းဟာ ဒီလိုမင်းရဲ့ ပူဇော်မှုကို ရပေမယ့် မင်းအကျင့်ပျက် နေတာ ကိုတော့မကျေနပ်ဘူး၊ ဒီမင်းဟာ တရားမှန် သိအောင်ဘယ်လို လုပ်ရမလဲလို့ အမြဲကြံနေပါတယ်။
တစ်ရက်တော့ ရုက္ခစိုးနတ်မင်းရဲ့ စိတ်ထဲမှာ အကြံဖြစ်ပေါ်လာတယ်၊ “မင်းဖျက်ဆီးလို့ တိုင်းပြည်အလုံးတော့ မီးဟုန်ဟုန်တောက်နေပြီ၊ ဒါပေမယ့် ဒီမင်းယုတ်ဟာ ဘာမှ သတိမထားဘူး၊ သူဟာ ငါ့ကို တစ်နှစ် တစ်ထောင်တန် ပူဇော်ထားတဲ့အတွက် သူ့ကျေးဇူးငါ့မှာရှိနေတယ်၊ သူ့ကျေးဇူးကို ဆပ်တဲ့သဘောထားနှင့် အမြင်မှန်ရအောင် ပြောမှတော်မယ်”လို့ ညဉ့်အခါ မင်းစက်ရာ တိုက်ခန်းဝင်ပြီး ကောင်းကင်က ကိုယ်ရောင်ပြလိုက်တယ်၊ နတ်ရဲ့ ကိုယ်ရောင်ကြောင့် မင်းဟာ အိပ်စက်ရာကနေလန့်နိုးပြီး ကြည်လိုက်တော့ သူ့ခေါင်းပေါ်က နတ်သားကိုမြင်တဲ့အတွက်--.
“အသင် ဘယ်သူလဲ’”လို့ အိပ်ရာကနေ ထယင်းမေးလိုက်တယ်။
“ငါ တည်ပင်စောင့်နတ်ဖြစ်တယ်”
“ဘယ်ကိစ္စ ကြွလာပါသ လဲ နတ်မင်း?
“သင်မင်းကြီးကို ဆုံးမချင်လို့လာချင်ဖြစ်တယ်”
“ဘာများ ဆူံးမချင်ပါသလဲ?
“သင်မင်းကြီးဟာ အဂတိတရား လိုက်စားပြီး မေ့မေ့လျော့လျော့ မင်းလုပ်နေတဲ့အတွက်
ယခုတိုင်း သူပြည်သားတွေ အင်မတန်ဆင်းရဲကုန်ပြီ၊
ဒီအကြောင်းကို အသင်မင်းကြီးသိရဲ့လား?
“မသိပါဘူး၊ အရှင်နတ်မင်း”
“အသင် ဘယ်မှာသိမှာလဲ- ကိုယ်ကျိုးကိုသာ ကြည့်ပြီး သူများအကျိုးတော့ မကြည့်တတ်ဘဲကိုး ၊ မင်းဆိုတာ ဒီလို ကိုကျိုးသာ မကြည့်ရဘူး၊ တိုင်းသူပြည်သား အများချမ်းသာအောင်လည်း မြင်အောင်ကြည့်တတ်ရတယ်၊ ခုတော့ သင်က တိုင်းပြည်ခေါင်းဆောင် လုပ်ပြီး တရားပျက်လေတော့ သင့်လက်အောက်က လခစားအားလုံးဟာလည်း တရားမကပ်ကြတော့ဘူး၊ လက်လှမ်းမီသလောက် လူထုထံက နိုက်ယူနေကြပြီ၊ ငါပြောတာ ဟုတ်,မဟုတ်သိအောင် သင်ကိုယ်တိုင် စုံစမ်းပေတော့”လို့ ရုက္ခစိုးနတ်မင်းဟာ မင်းကို ဆုံးမ ပြောဆိုပြီး နေရာဗိမ္မာန်ကို ပြန်သွားတယ်။

ပဉ္စာ လမင်းလည်း ရုက္ခစိုးနတ်မင်းရဲ့ စကားကိုကြားတော့ အမတန်ထိတ်လန့်ပြီး မိုးလင်းတဲ့အခါ တိုင်းပြည်ကိုမှုးမတ်များထံ အပ်နှံကာ ပုရောဟိတ်နှင့် အတူ မထင်မရှား စနည်းနာထွက်ခဲ့ကြတယ်၊ ရှေးဦးစွာ အရှေ့တံခါးက ထွက်လာလိုက်တာ တစ်ယူဇနာလောက် ရောက်လျင်ပင် လမ်းဘေးမှာ လူအို တစ်ယောက် ဆဲရေးယင်း ခြေဖ၀ါး ဆူးထွင်နေတာကို တွေ့ကြရတယ်၊ “ဆဲရေးပုံကတော့ ငါဆူးစူးခံရသလို ပဉ္စာလမင်းလည်း စစ်မြေပြင်မှာ မြားစူးပါစေ”တဲ့ ဒီစကားဟာ မင်းနှင့် ပုရောဟိတ် ကြားတော့ အနီးချဉ်းကပ်ပြီးပုရောဟိတ်က
“ဘယ်နှယ်--အဖိုးကြီး ခင်ဗျားဟာမျက်စိမွဲလို့ ဆူးနှင်းမိတာကို ဘာကြောင့် မင်းကိုကျိန်ဆဲရလည်းဗျ. မေးတယ်.။ ဒီတော့ အဖိုးအိုက” အလိုပုရောဟိတ်ကြီးတို့ ပါကလား၊ ဒီလိုပါ ။ ခင်ဗျား….က ဒီနယ်သား မဟုတ်ဘူးထင်တယ်၊ ကျုပ်တို့နေမြေမှာ မင်းဖြစ်နေပုံက မင်းက အခွန်ကောက်တောင်းလွန်းတယ်၊ ချောပို့ ၀န်ထမ်းစတဲ့ မင်းကိစ္စတွေကလည်းအင်မတန်များတယ်။
မင်းကတရားမစောင့်တော့ မင်းမှူထမ်းတွေကလည်း မြင်တာကိုဆွဲနေကြတယ်၊ ဒါပေမယ့်သူတို့က ကျုပ်တို့ကိုတော့ ဘာအကာအကွယ်မှမပေးဘူး၊ ည,ည ဆို သူခိုး ဓားမြ နှိပ်စက်လွန်းလို့ ပုန်းအိပ်ကြရတယ်၊ ဒါကြောင့် လူထုဟာ မင်းဘေး သူခိုးဘေး ကြောက်တဲ့အတွက် နည်းနည်းပဲသက်သာ သက်သာဆိုတဲ့ သဘောနှင့် ဆူးခက်တွေယူပြီ ပုန်းအောင်းဖို့ရာ လုပ်ကြတယ်၊ ဒီဆူးခက်တွေက ကျုပ်ကိုစူးတာ ၊ကျုပ်မျက်စိမွဲလို့ မဟုတ်ပါဘူး၊ ဒီတော့ ကျုပ် မင်းကို မကျိန်ဆဲရင် ဘယ်သူ့ ကျိန်ဆဲရဲ ရမှာတုံး ကို ပုရောဟိတ် ကြီးရယ် လို့ပြောလိုက်တယ်။
သူအိုရဲ့ စကားကို ကြားတော့ မင်းက ပုရောဟိတ်ကို ဆွဲခေါ်ပြီး”ဟုတ်ပါရဲ့ ကျိန်ဆဲလည်း ကျိန်ဆဲစရာ ဖြစ်နေပြီ။ ဒီလိုဆို လူတွေဆင်းရဲ ကုန်တာအမှန်ပဲ၊ ကိုင်း နန်းတော်ပြန်ပြီး တရားနှင့်အညီ အုပ်ချုပ် ကြပါစို့ လို့ပြောသတဲ့၊ ပုရောဟိတ်က ’ဒီလောက် ပြောစကားလေးနှင့်မယုံပါနှင့်ဦး အရှင် မင်းကြီး။ ရှေ့ဆက် စုံစမ်းပါစို့ လို့ ဆိုပြီး ဆက်ပြီးလာကြသတဲ့။ မ ကြာမီ သစ်ပင်ပေါ်က လိမ့်ကျတဲ့ မိန်းမအိုတစ်ယောက် နှင့် တွေ့ကြပြန်ရော့၊ မိန့်မအို ဟာ ကျရာက လူးလဲထပြီး။။
‘’အဟီး …….ဟီး ဒီမင်းယုတ်က ဘယ်တော့ သေမှာတဲ့လဲ၊ ဒီ မင်းယုတ်ကြောင်း ကျုပ်သမီး နှစ်ယောက် လင်ရချိန်တောင် လွန်လာပြီ တော်။ သူတို့ဟာသူတို့ အချိန်မီလင်ရလျင် ကျုပ်အပူဘာမျှမရှိဘူး၊ ခုတော့ သူတို့ အပူ ကျုပ်အပူ ဖြစ်နေသတော့ ဟီးဟီး လို့ ငိုလိုက်ပါသတဲ့။ ဒီလို ငိုသံကြားတော့ ပုရောဟိတ်က ‘’ဗျို့ အမယ်ကြီး……..ခင်ဗျား ငိုပုံက ဆန်းလှချည့်လား၊ ခင်ဗျား သမီးနှစ်ယောက် လင်မရတာ ရှင်ဘုရင်နှင့် ဘာဆိုင်သတုံးဗျ။ ဆိုင်ပါသော်ကော ပုရောဟိတ်ရယ်။ ဆိုင်ပုံကို ပြောပါရစေဦး။ ကျွန် မတို့ မင်းဟာ အခွန်အတုတ်တွေကိုတော့ မရ ရတဲ့နည်းနှင့် ကောင်ခံယူတယ်၊ တိုင်းပြည်ကိုတော့ မစောင့်ရှောက်ဘူး၊ ခုအခါ ညဆိုလျင် သူခိုးဓားမြက နှိပ်စက်တယ်၊ နေ့ကို အခွန်တောင်းတဲ့ မင်းချင်းများက နှိပ်စက်တယ်၊ မင်းက တရားမစောင့်တော့ မင်းမှူထမ်းများကလည်း တရားမစောင့်ကြဘူး၊ ဖြစ်တဲ့နည်းနဲ့ လုထုအပေါ် နှိပ်စက်ပြီး လုထုအပေါ် လုယူနေကြပါတယ်၊ မင်းမှူထမ်းများ တရား ပျက်တဲ့ အတွက် လူထုမှာ အသက်မွေးမှု ခဲ့ယဉ်းလာကြတယ်၊ ခုဆိုလျှင် အရွယ်ရောက်တဲ့ ကလေးတွေမှာ ၀မ်းဝအောင် စားလောက်တဲ့ အလုပ် မရှိရှာ ကြတော့ဘူး၊ အလုပ်မရှိတော့ မကျွေးနိင်တော့ မယားမယူ ကြတော့ဘူး၊ ဒါကြောင့် ကျွန်မ သမီးများ လင်မရခြင်းဖြစ်ပါတယ်၊ သမီးများ လင်မရတော့ ကျွန်မ ဆင်းရဲဒုက္ခ ကြုံရပါတယ်၊

မိန်မအိုက ဒီလိုပြောတော့ ဘုရင် က သူပြောတာ ဟုတ်တယ် ပုရောဟိတ်ရေ၊ ရှေ့ဆက်သွားလိုက်ကြဦးစို့ လို ဆိုပြီး ရှေ့ဆက်သွားကြ သတဲ့၊ မကြာခင် လယ်သမားတစ်ဦးရဲ့ ဆဲသံ ကို ကြားကြပြန်သတဲ့ ၊ လယ်သမားရဲ့ နွားကြီးဟာ ထွန်သွားနဲ့ ထိုးမိလို့ လဲကျသွားရာမှာ လယ်သမား ‘ ငါနွားကြီး ထွန်သွားထိုးမိလို့ လဲကျသွားသလို ပဉ္စာလမင်းလည်း စစ်မြေပြင်မှာ လှံထိုးမိလို့ လဲကျပါစေ၊ ကျိန်းသကိုး၊ ဒီတော့ ပုရောဟိတ်က “ဟိတ်… ဟေ့ လယ်သမား……. နွား ထွန်သွားထိုးမိတာနှင့် ဘာကြောင့် မင်းကို ကျိန်ဆဲရသလဲ လို့ မေးသတဲ့ ၊ ဒီတော့လယ်သမားက…
“တိုင်းပြည်ကြီး ပျက်စီးနေတာ ခင်ဗျားမသိဘူးလား၊ နေ့ကို မင်းကနှိပ်စက်၊ ညကို သူခိုးဓားမြက နှိပ်စက်နှင့် လူကောင်းတွေ ဆင်းရဲကုန်ပြီ၊ ကျုပ်မိန်းမကိုလည်း မင်းမှုထမ်းများက ဘယ်ကို ချောပို့ခိုင်းပြန်ပြီလဲ မသိဘူး။၊ ထမင်းပို့ချိန်ရောက်နေပြီ၊ ခုထိ ထမင်းပို့မလာသေးဘူး၊ သူကိုမျှော်ရတာနှင် နွားကို ထိုးမိသွားပြီ၊ ဒီအရေးမှာ ဘယ်သူကိုဆဲရေးရမလဲ၊ မင်းပဲဆဲရမှာပဲ လို့ ပြန်ပြောတော့ မင့်းနှင့် ပုရောဟိတ် လည်း ဟုတ်တယ် ဟုတ်တယ် ပြန်ပြောပြီး လယ်တောက ရွာထဲဝင်ကြပြန်တယ်၊
သူတို့လဲ ရွာကိုရောက်လို့မကြာမီပင် နို့ညှစ်ယောကျာ်း နွားကန်လို့ လိမ့်သွားတာနှင့် ကြုံကြပြန်တယ်၊ နို့ညှစ်ယောကျာ်းက လိမ့်ရာက ထပြီး သူနှင့်အတူ လိမ့်သွားတဲ့ နို့ရည်အိုးကို ကောက်ယူယင်း ငါနှင့် နို့ ရည်အိုး နွားကန်လို့ လိမ့်သလို့ ပဉ္စာလမင်း လည်း စစ်မြေပြင်မှာ ရန်သူရဲ့ သန်လျက်ဖြင့် အခုတ်ခံရလိုသေပါစေ လို့ကျိန်ပြန်သတဲ့ ၊နို့ညှစ်ယောကျာ်း ကျိန်သံကြားတော့ ပုရောဟိတ်က ဟေ့လူ ..မင်းကို နွားကန်တာနှင့်ဘယ့်နှယ်ကြောင့် မင်းကြီး ကိုကျိန်ဆဲးရတာတုံး လို့ မေးပြန်တယ်၊ ဒီတော့ နို့ညှစ်ယောကျာ်းက …. မပြောချင်ပါဘူး ပုရောဟိတ်ကြီးရယ်၊ ကျုပ်တို့မင်းက တရားမစောင့်ဘူး။ သူ့လူ လခစားတွေကလည်း တရားမစောင့်တော့ဘူးဗျ၊ ဟောဒီ နွားမဟာ ကျွန်တော်ညှစ်နေကျ မဟုတ်ပါဘူး၊ လခစား မင်းချင်းများက နွားနို့ ပေးရမယ် ဆင့်လေတော့ ၀ယ်မပေးနိုင်တဲ့အတွက် ညှစ်ရာက ခုလို အကန်ခံရတော့တာပါပဲ၊ ဒါကြောင့် စိတ်ညှစ်ညှစ်နှင့် မင်းကို ကျိန်ဆဲမိတော့တာပါပဲခင်ဗျာ လို့ပြောပါတယ်၊
မင်းနှင့်ပုရောဟိတ်တို့လည်း …… အင်းဟုတ်တယ် ဟုတ်တယ် လို့ခေါင်းညိတ်ပြီး ရှေ့ဆက်လာကြတော့ ဘွတ်အဲ ဘွတ်အဲနဲ့ တွန်အော်နေတဲ့ နွားမကြီးကို ကြည့်ပြီး ‘’ဒီနွားမကြီး သားနှင့် ကင်းပြီး ဆင်းရဲရသလို ပဉ္စာလမင်းကြီးလည်း သားနှင့် ကွေကွင်းပြီး ဆင်းရဲဒုက္ခရောက်ါပါစေ လို ကျိန်ဆဲနေကြတဲ့ လူငယ်တစ်စုနှင့် တွေ့ပြန်တယ်၊ဒီတော့ ပုရောဟိတ်က ………………….မေးတော့..။
ဟေ့လူ နွားမကြီး အော်နေတာ အလကား မဟုတ်ဘူးဗျ၊ သူသားနွားပြောက်ကလေးကို မင်းချင်းများက သန်လျက်အိမ်လုပ်ဖို့ နွားပြောက် သားရေ လိုချင်တယ်ဆိုပြီး သတ်သွားကြတာ၊ မင်းကတရားမစောင့်တော့ သူ့လူတွေကလည်း တရားမစောင့်ကြတော့ဘူး၊ ဒါကြောင့် မင်းကိုကျိန်ဆဲရတာလို့ ပြန်ပြောကြ သတဲ့။ မင်းနှင့် ပုရောဟိတ်ကလည်း “ဟုတ်ပ ဟုတ်ပ၊ ကျိန်သင့်စွ ကျိန်သင့်စွ ဆိုပြီး ဆက်အသွား၊ ခရီးအကြားရေခန်းတဲ့ အိုင်ထဲမှာ ကျီးအထိုးခံနေရတဲ့ ဖားများနှင့် တွေ့ကြပါရော၊ ဖားတွေက ကျီးတွေရဲ့ အထိုးအဆွကို ခံရလေတော့ မခံမရပ်နိုင်ဖြစ်ပြီး၊……….

“ငါတို့ကို ကျီးတွေ ထိုးဆွသလို ပဉ္စာလမင်းနှင့် သူ့ ရဲသားဟာလည်း စစ်ထိုးရာမှာ ကျဆုံးလို့ ကျီးလင်းတ များ ထိုးဆွစားသောက်ခြင်းကို ခံရသည်ဖြစ်ပါစေ”လို့ ကျိန်ဆဲကြသတဲ့၊ ကျိန်ဆဲတဲ့ ဖားရဲ့ စကားအဓိပ္ပာယ်ကို တည်ပင်စောင့် နတ်ရဲ့ အာနုဘော်ကြောင့် မင်းနှင့် ပုရောဟိတ်တို့ နားလည်းကြပါသတဲ့၊ ဒါကြောင့် ပုရောဟိတ်က ဖားများထံ ချဉ်းကပ်ပြီး၊ “သင်တို့ကို ကျီးထိုးတာနှင့် ဘာကြောင့် မင်းကြီးကို ကျိန်ဆဲရတာလဲ”လိုမေးလိုက်ပါတယ်။
ဖားများက “အရှင် ပုရောဟိတ် ………မင်းကြီးတရားစောင့်ပါလျင် ဤတိုင်းပြည်ဟာ စည်ပင်သာယာ ၀ပြောမှာ အမှန်ဖြစ်ပါတယ်၊ တိုင်းပြည် စည်ပင်သာယာဝပြောခဲ့လျှင် အစားစာ ပေါ်များလို့ ကျီးကန်းများလည်း ကျွန်တော်တို့လို ဖားစုတ်တွေရဲ့ အသားကို ထိုးဆွ စားသောက်ကြမှာ မဟုတ်ပါဘူး၊ ခုတော့တိုင်းပြည် အရှင်သခင်ဖြစ်တဲ့ မင်းက တရားမစောင့်တဲ့အတွက် မင်းမှုထမ်းများကလည်း တရားမစောင့်ကြဘူး၊ မင်းမှူထမ်းများ တရားမစောင့်တဲ့အတွက် တိုင်းပြည် လူထုတွေလည်း တရားမစောင့်ကြဘူး၊ အားလုံးပျက်ကြတော့ မိုးလေ၀သက မမှန်ကန်ဘူး၊ မိုးလေ၀သက မမှန်ကန်တော့ ဆန်ရေ စပါးအစားအစာရှားပါးပြီ စားစရာ မရှိတော့ ကျီးတွေဟာ ကျုပ်တို့ကို အစာလုပ်ကြတော့တာပါပဲ၊ ဒါကြောင့် ကျုပ်တိုကို ထိုးဆွတာကကျီး၊ ကျုပ်တို့ကျိန်ဆဲတာက မင်းဖြစ်ပါတယ် “လိုပြန်ပြောပါသတဲ့၊ ဖားရဲ့စကားကြားတော့ မင်းနှင့် ပုရောဟိတ်တို့ဟာ”တောမှာနေတဲ့ ဖားကစပြီး ငါတို့ကို ကျိန်ဆဲကုန်ပြီ၊ တရားနှင့်အညီ မင်းပြုမှတော်ပေမယ်’’ လို့ နန်းတော်ကို ပြန်ပြီ တရားနှင့် အညီမင်းပြုပါသတဲ့……..။
ဒီလောက်ဆိုရင် တိုင်းပြည် ဆင်းရဲတွင်း နက် နေတာ ဟာ န အ ဖ ကြောင့် ဟုတ်၊ မဟူတ်။ ပြည် သူတွေ ငတ်နေတာ န အ ဖ နဲ့ ဆိုင်၊ မဆိုင် ဆိုတာကို သက်ဆိုင်သူတွေ သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဇာတ်တော်က တော့ဒီလောက်ပါပဲ။

Lankaမြေ

သီရိလကာင်္ရောက်မြန်မာကျောင်းသားရဟန်းတော်များ website မှ။

No comments: