Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday, 15 November 2008

White Campaign

Burma need your helps to change 50 millions of people's will, so why are you waiting for, while you have a good chance to do so?

In October 2006, 88-Generation Students launched the 'White Expression Campaign" and "Multi-faith prayer campaign", calling for the Burmese people to show their support by wearing white clothes and praying for national reconciliation and release of all political prisoners.

In April 2007, 88-Generation Students launched the "Sunday White Campaign," calling for the release of all political prisoners and encouraged Burmese people to show their support by wearing whiteclothes on Sunday.

Now they are in prisons. It is our duty to keep up the flame alight in order to restore democracy in Burma.

As Daw Aung San Suu Kyi once said that "Everyone can play their parts in democratisation process of Burma. When you see injustice, do not sit tight and just look. Do not ignore unjust to let it happen. When you see injustice, try your best to stand by with justice. Do something and voice for justice".

Burma Democratic Concern (BDC) call for people around the world; men and women, journalists and musicians, students and government employees, lay men and religious leaders, to wear white every Saturdays starting on Burmese National Day, 22nd November 2008 (Saturday) until 27th December 2008 (Saturday), as the expression of solidarity with everyone who are working to restore justice, human rights and democracy in Burma.
For Buddhist monks, soldiers, policemen and fire brigade members, we would like to urge to hold white small towel.
Who
All People Who Love Justice
What
To Wear White
When
Starting On Burmese National Day 22nd November 2008, 29th Nov 2008,
6th Dec 2008, 13th Dec 2008, 20th Dec 2008, Until 27th Dec 2008
Where
Everywhere, Pagodas, Temples, Churches, Mosques
Why

To Show Solidarity With Everyone Who Sacrifice Their Lives For Freedom Of Burma
How
Six Saturdays Until 27th Dec 2008

We would like to encourage everyone to promote and coordinate people around the world both inside and outside Burma.

ပြန်လာမှာပါ …..

ဆောင်းပါးကောင်းလေး တစ်ပုဒ်ကို သူငယ်ချင်းတစ်ယောက်က forward လုပ်ပေးတာနဲ့ မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက် ပြန်ပြီး share လိုက်ပါတယ်...
ခုခေတ်မှာ လူငယ်အများစုက အမျိုးမျိုးသော အကြောင်းတရားတို့နဲ့ နိုင်ငံခြားကို ထွက်ကြပါတယ်...
နိုင်ငံရပ်ခြားရောက်လို့ တိုးတက်သင့်သလောက် တိုးတက်သွားတဲ့ လူတွေရှိသလို အဆင်မပြေတဲ့ လူတွေလည်း ရှိကြပါတယ်....
ဒါပေမယ့် သေချာတာတစ်ခုကတော့ အများစုက မပျော်ကြပါဘူး... အခြေအနေပေးရင် အမိမြန်မာပြည်ကို ပြန်ချင်ကြတဲ့လူတွေချည်းပါ... မြန်မာပြည်ဟာ ကျွန်တော်/ကျွန်မတို့ ရဲ့အိမ်ပါ … သေချာပါတယ်... တစ်နေ့နေ့တော့ ပြန်လာကြမှာပါ..

အစ်ကို ရေ…

အစ်ကိုလည်း ဆီမီနာတွေ၊ ၂၀၀၉ အတွက်အစီအစဉ်သစ်တွေနဲ့ အလုပ်တွေများနေပါရောလား။ စာကောင်းလေးတွေတွေ့ထားရင်ပြောစမ်းပါဗျာဆိုပြီး သတိပေးထားတဲ့ အစ်ကို့အတွက် ဆောင်းပါးတစ်ပုဒ်ကို ညွှန်းချင်ပါတယ်ဗျာ။

ပြီးခဲ့တဲ့ တနလာင်္နေ့တုန်းက ဦးစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ဖတ်လိုက်ရတယ်။ ကောင်းလွန်တယ်ဗျာ။ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားမိတယ်။ တစ်ဆက်တည်းမှာပဲ အခုတလော မြင်နေတွေ့နေရတဲ့ ဆောင်းပါးတွေထဲမှာ မောင်စူးစမ်းဆောင်းပါးတစ်ချို့ရယ်၊ ဦးစိန်ဝင်းဆောင်းပါးတစ်ချို့ရယ်၊ ကျော်စောမင်း(ကြည်မင်း)ရဲ့ ဆောင်းပါးတစ်ချို့ရယ်တွေက အရမ်းကိုသက်ရောက်မှုရှိလွန်းနေတာ သတိထားမိတယ်ဗျ။ သူတို့တွေရဲ့အဆိုကို ကျွန်တော့်အနေနဲ့လည်း စောဒဂတက်ကန့်ကွက်စရာမရှိအောင်
စိမ့်ဝင်ကူးယူခံစားမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်ပါတယ်။

ဒီလိုဗျာ။ ဦးစိန်ဝင်းဆောင်းပါးက "သူတို့ပြန်လာကြမှာပါ"တဲ့။ ဆောင်းပါးကိုတွဲတင်ပေးပါမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းအခုန်အတော်များများကို ကျွန်တော်လုပ်ခဲ့ဖူးတယ်ဗျ။ သွားနေတဲ့လူတွေသိပ်များတယ်။ သူတို့ဆီက ကျွန်တော်တို့ဘာတွေအကျိုးပြုနိုင်မလဲဆိုတာတွေ။ ဆရာကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောထားပုံရပါတယ်။ ကျွန်တော်ကတော့ ရာခိုင်နှုန်းပြည့်ယုံကြည်ပေးဖို့ရာ ခက်ခဲနေပါတယ်။ ကြား၊သိ နေရာတာတွေကြောင့်ပဲ ဆိုပါတော့ဗျာ။ အစ်ကိုလည်း သိမှာပေါ့လေ။

ဒီလိုပြောလို့ နိုင်ငံခြားရောက်နေတဲ့သူတိုင်း ဒီစိတ်တွေရှိနေကြတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။
တစ်ချို့တလေ( အတော်တောင်များလာပြီလိုဆိုရမယ်။) အတွက်ပေါ့ဗျာ။ တစ်ချို့တွေများဆို အပြင်ကနေပြီး အတွင်းမှာရှိနေတဲ့လူတွေကို ပျင်းလိုက်တာ၊ ဖျင်းလိုက်တာ၊ အဆင့်မရှိလိုက်တာ၊ ဒီလောက်လေးတောင်မတတ်ဘူးလား၊ မသိဘူးလား၊ တစ်ကယ်တုံးတဲ့ကောင်တွေပဲ၊ စလို့ စလို့ ပေါ့လေ၊ ခိုင်းနှိုင်းပြောဆိုလာတာတွေရှိလာတာကိုတော့ လက်သင့်ခံစရာမရှိပါဘူး။
ဒါကြောင့်ပဲ ဦးစိန်ဝင်းကိုယ်တိုင်က"နိုင်ငံရပ်ခြားရောက် ပြည်တွင်းဖြစ်ကိုရွှေဗမာများသို့"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးတာ တွေ့ရတယ်လေ။ အခုလိုပြောနေလို့ မင်းက ဘာကောင်မို့ ဒီလို ပြောသလဲဆိုတာတွေ ပြောကြမယ်။ အဆုံးဗျာ၊ ဆဲရေးတိုင်းထွာကြမယ်။ ရှိပါစေတော့။

မကြာသေးခင်က ရှရွတ်ခန်းပါတဲ့ My Country ဆိုတဲ့ဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျ။ သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ရှရွတ်ခန်ရဲ့ သူ့တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်ကလေးကျွန်တော်တို့လူငယ်တွေအားလုံးမှာ ရှိနေကြရင်ဖြင့် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိတယ်။ အတ္တကိုတော့ အရောင်တင်ခဲ့ကြတာပါပဲဗျာ။ အရောင်တင်တဲ့အတ္တတွေက တန်ဖိုးတစ်ခုထွက်လာဖို့ လိုအပ်တယ်ဆိုတာပါ။

ခေတ်ကြောင့်ပါမယ်။ စနစ်ကြောင့်ပါမယ်။ ဒီကျောက်တုံးကို တွန်းလို့မရသေးရင် အောက်ပြန်မလိမ့်အောင် ဘယ်လိုလုပ်ကြမလဲ။ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ ထိရောက်ပြီး အမှန်တကယ်အကျိုးသက်ရောက်မှုရှိတဲ့အရာတွေ မလုပ်နိုင်ကြသေးတာပဲ။ကိုယ်ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ပေးလို့ရမလဲ၊ လုပ်နိုင်သလောက်လုပ်ပေးကြဖို့သာ အရေးကြီးတယ်။

အစ်ကိုရေ၊ ပြည်တွင်းမှာတင် နိုင်ငံခြားသွားလို့ရပေမယ့် မသွားပဲ၊ ကျားကုတ်ကျားခဲ ရုန်းကန်လှုပ်ရှား နေတဲ့ လူငယ်တွေကို အားပေးသင့်တယ်၊ အပြစ်မမြင်သင့်ဘူး၊ လိုတာတွေကို ၀ိုင်းကူပေးရမယ်လို့ ကျွန်တော်ပြောခဲ့တုန်းက အစ်ကိုတောင်ပြုံးနေခဲ့သေးတယ်မဟုတ်လား။ ဒါပါပဲဗျာ။

"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ"

ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါအစ်ကိုရေ။ အစ်ကိုရော ဘာတွေလုပ်နေသလဲ၊ ကျွန်တော်ရော ဘာတွေလုပ်နေသလဲ၊ သူတို့တွေရော ဘာတွေလုပ်နေသလဲ။

ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတဲ့ စကားအရဆို ကျွန်တော်တို့တွေဟာ ပြိုင်တူတွန်းနိုင်စွမ်း မရှိသေးဘူးလို့ပဲ ၀န်ခံရမှာပါခင်ဗျာ။ ကျွန်တော်လည်း ညံ့ဖျင်းနေဆဲပါပဲ အစ်ကို။
===============================================
သူတို့ပြန်လာကြမှာပါ

ရေးသူ- လူထုစိန်ဝင်း

'ဘရိန်းဒရိန်း'လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်း လူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။

စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွား ခဲ့ကြတဲ့ တရုတ်လူမျိုးပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတစ်ဖွဲဖွဲနဲပြန်ရောက်လာကြသလို၊ မြန်မာတွေပြန်လာကြပါ့မလားလို့လည်း သူကမေးပါတယ်။
ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ ပြန်မလာကြ တော့ဘူးလို့ လည်းပြောပြီး အပြစ်တင်ပါတယ်။မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။

ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခု စတင်ဖွင့်လှစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါးသင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာ လူငယ်ပညာတတ်ကလေးတွေချည့်ပါ။

ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေက အများစုဖြစ်တယ်။အားလုံးရဲ့ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။

ဟုမ်းဆွိဟုမ်း(Home Sweet Home)
--------------------------------------------
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ခုလောက်လည်း ပတ်စပို့တို့ဗီဇာတို့ရဖို့ မလွယ်တာတောင်၊တစ်လ ကို သုံး၊ လေးခေါက်တော့တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကိုရောက်နေရတယ်။အဲဒီအချိန်ကကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။
ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ကဗျာလေးကို အမြဲသင်ပေးပြီးထွက်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့ စာတန်းထိုးထားတဲ့ ကောက်ရိုးပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။

ဘရိန်းဒရိုင်းတောင်ဖြစ်နိုင်
----------------------------------
သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။ကိုယ်ကဖြင့် ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်ကလူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်းအလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီ'ဘရိန်းဒရိန်း'အကြောင်း ရောက်သွားလေ့ရှိတယ်။ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့ အခါမှာလည်း လယ်ယာလုပ်သားရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။

ဒါပေမယ့် ဂျာနယ်သမားလူငယ်စိတ်ပူသလို 'သူတို့ပြန်လာကြပါ့မလား'လို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။
ပဋိရူပဒေသ
-----------------
ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့အတွေ့အကြုံကြောင့် ပြော တာဖြစ်တယ်။
ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။

ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်း မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာသူတို့အား လုံးသိနေကြလို့ပါပဲ။တပည့်တော်တော်များများကတော့ သူတို့ ရောက်နေတဲ့နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင် 'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင် လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။

ငတ်လို့ထွက်တာမဟုတ်ဘူး
-------------------------------------
နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်းရှိသေးတယ်။ တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ 'ပါးရှား'လွန်းလို့ ထွက်သွားကြတာ။မြန်မာနိုင်ငံကထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်း
ပညာလောက်တော့တတ်ထားကြသူတွေဖြစ်တယ်။ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ဘယ်သူမဆိုရှာနိုင်ကြတယ်။
ကျောင်းသားလူငယ်တွေနဲ့ လက် ပွန်းတတီးအရှိဆုံးသူတစ်ယောက်အနေနဲ့ပြောရရင် အကြောင်းနှစ်ခုနဲ့ သူတို့ထွက်ချင်ကြတာဖြစ်တယ်။

ပညာသင်ချင်လို့ဆိုတဲ့အကြောင်းနဲ့ မိဘတွေကိုကောင်းကောင်းကျေးဇူးဆပ်ချင်လို့ ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာဖြစ်တယ်။ ပညာသင်ချင်တာနဲ့မိဘကျေးဇူး ဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးလား။

မပူနဲ့စိတ်ချနေ
---------------------
ဂျာနယ်တိုက်က လူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။ ဘာမှစိတ်မပူနဲ့၊သူတို့ပြန်လာကြမှာပါလို့။ နိုင်ငံခြားထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အ သေအချာပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့လုပ်ခမျိုး၊ တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။
'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။
တကယ်ပါ။ မပူပါနဲ့။ တစ်နေ့သူတို့ပြန်လာကြမှာပါ။ ။
=================================

ပြန်လာမှာပါ … တစ်နေ့နေ့တော့ ပြန်လာကြမှာပါ …
------------------------------------------------------------------
အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် …
လူဆိုတာကတော့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာ ပိုပျော်တတ်တာ သဘာဝပါပဲ …။

ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို လှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ အများကြီးပါ …၊
ဒါပေမယ့် … ကျောင်းမှာ လေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကို ကျက်ခဲ့ရတဲ့ သူတွေအတွက် internet ကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို ခဏလေး adapt လုပ်နိုင်ပါတယ် … ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်းလို့ ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ… လူတော်တွေဘယ်လောက်များလည်း မသိသေးလို့ပါ …။

တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ…ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ … အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေ လာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့ တစ်ယောက်မှ မရှိသေးဘူး …။ အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေ တနင့်တပိုးဆောင်နေရတာတောင် မြန်မာပြည်ပြန်ချင်လို့ Citizen မခံတဲ့သူတွေ … Singapore မှာတော့ အများကြီးပါ … ။

ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။
ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။
ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက် များနေပါသေးတယ် …။

အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကို စုပြီးတွက်လိုက်ရင် … brain drain ဖိုးကျေလောက်ပါတယ် … ။ အပြင်ရောက်နေတဲ့ Technicians တွေကြောင့် ပြည်းတွင်းက Technicians တွေလည်း အများကြီး အထောက်အကူ ရပါတယ် … ။ ဒါတွေကို ပြန်မကြည့်ရင်တော့ Brain Drain … ပဲ အော်နေရတော့မှာပေါ့ .. India ကခေါင်းဆောင် တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is better than Brain in the drain… တဲ့..

ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ်…၂.၂ သန်းဆုပေါက်တာ နဲ့ ..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTC တစ်ခုခုမှာ … ဒါမှမဟုတ် … University of Computer Science မှာ … Lecturer လုပ်မယ် … ။
Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ ကျွန်တော်တို့ ရဲ့အိမ်ပါ … ။
Home-sick ဆိုတဲ့ခြင်တစ်မျိုးက အပြင်ရောက်နေသူတိုင်းကို ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ … ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ … အိမ်ပြန်ဖို့ အမြဲ အသင့်ဖြစ်နေတာပါ …. ။

ကျွန်တော်တို့ ပြန်လာမှာပါ …..
သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။
မှတ်ချက်....ဆောင်းပါးပါ တစ်ချို့အကြောင်းအရာများသည် လက်တွေ့နှင့်အနည်းငယ်ကွာခြားနေသော်လည်း မူရင်း မပြောက်ပျက်စေလို၍ ထည့်သွင်းဖော်ပြထားပါသည်။
မကြာတော့ပါဘူး "ကျတော်တို့ ပြန်ကြရမှာပါ"

တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်

သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 21:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အများစုအပါအ၀င် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ယနေ့တွင် တရားရုံးအသီးသီးက ၁၆ နှစ်အထိ ရှည်လျားသော ထောင်ချမှုများ ပြုလုပ်လိုက်ပြန်သည်။တံခါးပိတ်ကျင်းပသည့် ကျောက်တံတားမြို့နယ် တရားရုံးက ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပြီး မောင်ကျော်ကျော်လင်းကို ၁၃ နှစ်၊ မကြည်ကြည်ဝါကို ၁၁ နှစ်နှင့် ကိုနေဇာမျိုးဝင်း (ဒေါပုံ)၊ ကိုအောင်ဇော်ဦး (တောင်ကြီး) တို့အား ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက လှိုင်သာယာမြို့နယ်မှ ပါတီဝင်လူငယ် ကိုသန်းဇော်မြင့်၊ ကိုစန်းဝင်း ၊ ကိုသန့်ဇင်မျိုး တို့ကို ၉ နှစ်ခွဲနှင့် ဒေါ်ငယ်မ၊ ကိုကျော်စိုးဝင်း ၊ ကိုသိုက်မင်းတို့အား ၇ နှစ်ခွဲစီ ထောင်ဒဏ်ချမှတ်သည်။ "အဖမ်းခံရသူ မိသားစုတွေက လာပြီးတော့ ထောင်အ၀မှာ စောင့်နားထောင်တယ်လေ… ဒီကနေ ထောင်အရာရှိတဦးကို ဖုန်းဆက်ပြီး မေးခိုင်းကြည့်တယ်။ သူတို့ကို နှစ် ဘယ်လောက် ချလိုက်တယ်ပေါ့။ အဲဒါကြောင့် သူတို့ သိခဲ့ရတာ" ဟု ထောင်ချခံရသူတဦး၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ကိုနေဇာမျိုးဝင်း၏ ဖခင်က "သားသမီး အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ ၀မ်းနည်းခြင်းတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့ ယုံကြည်ချက်နဲ့ သူတို့ ရွေးချယ်ရာ လမ်းပေါ့ဗျ။ သူတို့ ဒီလမ်းကို လျှောက်တဲ့ ကိစ္စဖြစ်လို့ ဒီလိုဖြစ်တာပါပဲ" ဟု ပြောသည်။

ထို့အပြင် အင်းစိန် အထူးတရားရုံးမှ မန္တလေးတိုင်း အန်အယ်ဒီ ပါတီဝင်များဖြစ်သည့် ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ကိုဇော်ဝင်းတို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် တဦးလျှင် ၄ နှစ်စီ ချမှတ်သည်။ သူတို့ အကုန်လုံးပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြပြီး ယမန်နှစ်က ဖြစ်ပွားခဲ့သော စီတန်းလှည့်လည် မေတ္တာပို့သော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံရသူခြင်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး ဆုတောင်းပွဲများတွင် ပါဝင်၍ အဖမ်းခံရခြင်း ဖြစ်သည်။

ထို့အပြင် ဒဂုံမြို့နယ်မှ ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့အား တောင်ဒဂုံတရားရုံးတွင် ယနေ့ ညနေ ၃ နာရီခန့်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။ကိုတင်ဝင်းနှင့် ကိုညီညီမင်းတို့သည် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက စစ်အစိုးရက မေလအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့်အနေဖြင့် NO အကျီဝတ်ဆင်ကာ သင်္ကြန်တွင် လည်ပတ်သည့်အတွက် ဖမ်းဆီးခံရသူများ ဖြစ်သည်။

ယနေ့ စီရင်ချက် ချသူများထဲမှ ကိုစန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်းတို့သည် ယမန်နေ့ကလည်း စွဲဆိုထားသော အမှုအချို့ဖြင့် စီရင်ချက် ချခံရသူများဖြစ်ပြီး ယနေ့တွင်လည်း အမှုတွဲများဖြင့် ထောင်ဒဏ် တိုးခံရသူများ ဖြစ်သည်။

Friday, 14 November 2008

X X X X X စစ်သည်တော်ဟောင်းများ အထူးတပ်ဖွဲ့ ဖွဲ့စည်း X X X X X


***ရဲဘော်တို့ ခင်ဗျား
ကျနော်တို့ ၏ xwarriors အကြောင်းကို စစ်အာဏာရှင်များ နှင့်နောက်လိုက်နောက်ပါများ သိအောင် လိုအပ်သလို ဖော်ပြပေးစေချင် ပါသည်။

လေးစားလျက်

နောင်ရိုး

သတင်းထောက် အိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်

မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ ၁၄ ၂၀၀၈


နယူးဒေလီ။ ။ လှုပ်ရှားတက်ကြွသူများအား စဉ်ဆက်မပြတ် ပြစ်ဒဏ်စီရင်ချက် နောက်ဆက်တွဲအဖြစ် နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူခဲ့သူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။

အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားရာမှ တရားဆိုင်ဘက်မှ ရှေ့နေ တက်ရောက်ခွင့် မရှိသော တရားခွင်တွင် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ နေ့လယ်မှာ ၂ နှစ် အမိန့်ချလိုက်တယ်။ သူ့ကို အမှုလိုက်တဲ့ ရှေ့နေ့ ဦးမောင်မောင်ဝင်းက လိုက်တယ်။ ဒီနေ့ အမှုလိုက် ရှေ့နေတယောက်မှ မရှိဘဲ တရားသူကြီး ဒေါ်သန်းသန်းကနေ အမှုကို စီရင်လိုက်တာ။ သူတို့ကို ထောင်ကို ပြန်ခေါ်တဲ့အချိန်မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရတယ်" ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုကျော်ကျော်သန့်က ဆူပူအောင် လှုံ့ဆော်မှုအပြင် နိုင်ငံရပ်ခြားသို့ တရားမ၀င် သွားလာမှု ပုဒ်မ ၁၃ (က) ဖြင့် ၅ နှစ်ပါ ထည့်ပေါင်း၍ စုစုပေါင်း ၇ နှစ် ကျခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။

ယနေ့တွင် စစ်အစိုးရက သဘောကွဲလွဲသူ အနည်းဆုံး ၁၅ ဦးကို ထောင်ဒဏ်စီရင်ချက်များ ချမှတ်ခဲ့သည်။ မဇ္ဈိမအနေဖြင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။


မဇ္ဈိမ မှ ရယူပါသည်။

တက်ကြွလှုပ်ရှားသူ ၁၅ ဦး ထောင်ဒဏ်များ ကျခံရ

ဖနိဒါ
ချင်းမိုင်
။ ။ တရားဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်များ ချမှတ်နေမှု၏ နောက်ဆက်တွဲအနေဖြင့် ယနေ့တွင် အနည်းဆုံး ၁၅ ဦးထက်မနည်း ထောင်ဒဏ် ၁၁ နှစ်အထိ ရှည်လျားသော ပြစ်ဒဏ်များ ချမှတ်လိုက်သည်။

ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ရွှေဝါရောင်တွင် ပါဝင်သဖြင့် အဖမ်းခံရသည့် လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင် ဦးတင်ယု၊ ကိုသန်းနိုင်၊ ကိုစိုးမင်းမင်း၊ မလှလှမော်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ဦးဝင်းမြင့်၊ ကိုအောင်မင်းနိုင်၊ ကိုမျိုးကျော်ဇင်နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)တို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုအပါအ၀င် ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်များတွင် ထောင်ဒဏ် ၇ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အဖမ်းခံရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးလည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုဖြင့် ယနေ့တွင်ပင် ထောင်ဒဏ် ၂ နှစ်စီနှင့် ယခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အဖမ်းခံရသူ ကဗျာဆရာ မင်းဟန်လည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှု၊ အခြား ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်၌ပင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံလိုက်ရသည်။

ကိုမင်းဟန်နှင့် နီးစပ်သူ ၈၈ ကျောင်းသားများအဖွဲ့ဝင်တဦးက "ကိုမင်းဟန်ကို ၈၈ ကျောင်းသားများအဖွဲ့နဲ့ ၂၀၀၇ ခုမှာ ပေါ်ပေါက်လာတဲ့ ဗကသ ကို အင်တိုက်အားတိုက် ကူညီခဲ့သူ၊ ကဗျာဆရာများ သမဂ္ဂမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူအဖြစ် ပြောနိုင်ပါတယ်" ဟု ပြောသည်။

အလားတူ ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ ဆန္ဒပြပွဲကို ဦးဆောင်သူဟု စွပ်စွဲခံထားရသူ အသက် ၂၁ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် မဟန်နီဦး (ဥပဒေနောက်ဆုံးနှစ်) ကို တာမွေမြို့နယ် တရားရုံးက ယနေ့၌ပင် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်သည်။

ဖခင်ဖြစ်သူ ဦးထွန်းဦးက ''ကျနော့်သမီး သိပ်နစ်နာသွားတယ်။ အရင် သူ့နောင်တော်တွေတောင် ၆၅ နှစ် ချနေတာကို ကျနော့်သမီးအတွက် ဂရုမစိုက်တော့ဘူး။ ရှေ့ဆက်တက်ရင်လည်း ထူးလာမှာ မဟုတ်ပါဘူး။ ဒီအတွက် အခွင့်အရေး မရှိတော့ပါဘူး။ ဒါကြောင့် အယူခံဖို့ မလုပ်တော့ပါဘူးလေ'' ဟု ပြောသည်။

မဟန်နီဦးသည် သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသူ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းကို တရားရုံးအား မထီမဲ့မြင်ပြုမှု - ပုဒ်မ ၃ ဖြင့် အာဏာပိုင်များက စွဲချက်တင်ကာ ယခုလ ၇ ရက်နေ့က ထောင်ဒဏ် ၄ လ မျက်ကွယ်စီရင်ချက် ချပြီးနောက် ၅ ရက်အကြာတွင် ယခုလို ထောင်ဒဏ်ချခံရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP ၏ စားရင်းများအရ ယခုလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ အန်အယ်ဒီအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား ပြစ်ဒဏ်ချနေရာ စုစုပေါင်း ၅၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယခုလို ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ''အန်ကယ့်အနေနဲ့ သုံးသပ်တာက နိုင်ငံရေးအရ ဖိနှိပ်တယ်။ နိုင်ငံရေးဆိုတာ လက်ရှိ အခြေအနေနဲ့ သွားချင်တယ်။ ပြည်သူတွေ မကြိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီး ရွေးကောက်ပွဲ သွားမယ်။ ဒီဟာတွေအတွက် ပြည်သူလူထု အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို ပိုမိုပြီးတော့ ဖိအားပေးတယ်၊ ပြစ်ဒဏ် ပေးနေတယ်လို့ပဲ ယူဆပါတယ်" ဟု သုံးသပ် ပြောဆိုလိုက်သည်။

မဇ္ဈိမ မှရယူတင်ဆက်ပါသည်။

အမေ့အတွက် နှစ်သစ်ကူး ဆုတောင်း

New Year Wish for Mother
Get your own at Scribd or explore others: Politics Asian

သူဒို့ ကတော့ ပြင်ဆင်နေကြပြီ ကျုပ်ဒို့ ဘက်ကလုပ်ကြဖို့ပဲ လိုတော့တယ်!!

အဓိကရုဏ်းနှိမ်နင်းရန် ရန်ကုန်မှာ အရန်ရဲတပ်ဖွဲ့များ စတင်ဖွဲ့စည်း
ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား

မင်းနိုင်သူ

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့အင်အားနည်းသည့် နေရာများတွင် အရန်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရန်ရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရန်ရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ်ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြားပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည် ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပါတ်(၁) မြို့နယ်အတွင်းမှာ အရန်ရဲတွေ အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဋ္ဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေ အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့် ပေးလိုက်တယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါ အရန်ရဲများအား သင်တန်းပြီးဆုံးပါက အရန်ရဲကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်းယူခွင့်များပါ ပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်း အချက်အလက် စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ရန် ဖြစ်သည်။

"အဲဒီအရန်ရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး။ သူတို့ကို လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်။ နောက် လက်ထိတ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ်၊ နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးကပြောကြားသည်။

သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။

“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးကမိန့်ကြားသည်။

ကို ယ်ကျိုးရှာ မှု တွေကို ဖေါ် ထုတ် ကြ

ဒီမိုကရေစီ ရဲ ရန်သူထဲမှာ လပ်စားမှုလည်းပါတယ် ။ ထိုင်းနိင်ငံ ဒီမိုကရေစီ နလံမထူနိင်တဲ့အထဲမှာ လပ်စားမှုကြီး က နာတာရှည်ရောဂါ တခုလို ဖြစ်နေတယ်။ ဒီမိုကရက် ပါတီဟာ ထိုင်းနိင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မှာ အရေးပါတဲ့အခန်း နေရာက ရှိခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရက်ပါတီ အတွင်းမှာလည်း လပ်စားမှုတွေက မကြာခဏဆိုသလို ကြားနေရတယ်။ ထိုင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေ ဒီနေ နေ့ လည် ၁ နာရီမှာ အစည်းဝေးထိုင်ကြမယ်။ ဘန်ကောက်မြို့ တော်ဝန် မစ္စတာ အပီရာခ် ( Apirak ) ကို လပ်စားမှု နဲ့ တရားစွဲဆိုခံထားရလို့ ဖြစ်တယ်။ သူက ဘန်ကောက် မြို့ တော် မီးသတ်ဌာန အတွက် လိုအပ်တဲ့ မီးသတ်ကားနဲ့  မီးသတ်မော်တော်ဘုတ်တွေကို သြစတီးယားနိင်ငံက ၀ယ်ယူ ဖို့ အတွက် စီမံချက်က ငွေပမဏာ ထိုင်းဘတ် ငွေ ပမဏ ၆ ဘီလီယံခန့်  ကိုလပ်စားခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ ပြည်မှာလည်း သန်းရွေ မိသားစု၊ မောင်အေး ၊ ရွေမန်းတို့ ရဲ့  လပ်စား မှု သတင်းတွေက မဖုံးနိင်မဖိနိင် ပေါ်ခဲ့ပေမဲ့  ဒီမိုကရေစီလှုပ်ရှားမှု အတွင်းမှာလည်း သတင်းတွေက ဟိုတစဒီတစ ပေါ်ထွက် လျက်ရှိနေတယ်။ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့သံဃာတွေနဲ့  လူထု တွေရဲ့  အရိုးပုံပေါ်မှာ ကိုယ်ကျိုးရှာသူတွေ ကို ကျနော်တို့ ကြားရ မြင်ရတွေ့ နေရပြီ။

ထိုင်းနိင်ငံမှာလို သတင်းဌာနတွေ တာဝန်သိသိ ဖေါ်ထုတ်ပေးကြတော့ ပြည်သူလူထု က လပ်စားမှုတွေကို ဖေါ်ထုတ်အရေးယူနိင်ကြတယ်။ မြန်မာ ပြည်မှာကတော့ နအဖလက်အောက်က မီဒီယာတွေက ဖေါ်ထုတ်ခွင့်မရကြဘူး။ နယ်စပ်အခြေပြုမီဒီယာတွေကြတော့ တော်လှန်ရေးကို ငဲညာပြီး မပြော နိင်ခဲ့ကြပြန်ဘူး ။ ဒါကြောင့်လည်း ဒီမိုကရေစီလှုပ်ရှားမှု က နှောင့်နှေး ခဲ့ရတာဖြစ်တယ်။ ဒီမိုကရေစီလှုပ်ရှားမှု အတွင်းက မီဒီယာတွေ မြန်မာ့ လွတ်လပ်ရေးကြိုးပန်းမှု ခေတ်က ဆရာကြီးသခင်ကိုယ်တောမှိုင်းတို့  လို သတင်းစာဆရာမျိုးတွေ မဟုတ်ကြဘူး။ ဆရာကြီး က လွတ်လပ်ရေးကာလမှာမတရားမှုတွေကိုဖေါ်ထုတ်ခဲ့သလို လပ်စားမှု တွေကိုလည်း ကလောင်စွမ်းနဲ့ ဖေါ်ပြခဲ့တယ်။ ဒီနေ့ လည်း လူငယ် ဘလောက်ဂါတွေက ဖေါ် ပြကြဖို့ လိုတယ်။ ဘလောက်ဂါတွေက မြန်မာ ပြည်သူလူထုကို မျက်စိဖွင့်ပေးမဲ့ တခုတည်းသော အသံ တွေပဲ။ တခုတည်းသောလက်နက်ပဲ။ နအဖ ဖက်မှာ ရော ဒီမိုကရေစီလှုပ်ရှားမှု အတွင်းထဲက မတရားမှု တွေမှန်သမျှ ဖေါ်ထုတ်ကြဖို့ အချိန်တန်ပြီ။ ပြုပြင်ပြောင်းလဲကြပါစို့ ။


ကိုမိုးသီး မှရရှိပါသည်။


Harsh and Cruel Sentences to Democracy Activists

Information from Assistant Association for Political Prisoners (Burma)

The special courts held inside the Insein Prison Compound are rushing to complete the court hearing against Burmese democracy activists and Buddhist Monks, who were arrested one year ago during and after the peaceful protests in August and September 2007, and delivering harsh sentences everyday. Family members are not allowed to attend the hearing and not informed by the authorities before and after the sentencing. Three lawyers, who defended these activists, were arrested and imprisoned earlier under the charge of contempt of court and therefore, no defense lawyers were present during the sentencing.

On November 11, 2008 alone, over 30 detained activists and Monks were sentenced. Details are as follows:

65 Years for 14 Members of the 88 Generation Students, more sentences will be added soon;

14 members of the 88 Generation Students group were sentenced 65-year imprisonment each with hard labor by Rangoon Northern District Court and Rangoon Southern District Court, held inside the Insein Prison Compound, today. They are Min Zeya, Jimmy (aka) Kyaw Min Yu, Ant Bwe Kyaw, Panneik Tun, Nilar Thein (Female), Mie Mie (aka) Thin Thin Aye (Female), Kyaw Kyaw Htwe (aka) Marki, Zaw Zaw Min, Thet Zaw (aka) Zaukhto, Than Tin (aka) Kyee Than, Sandar Min (aka) Shwee (Female), Thet Thet Aung (Female), and Mar Mar Oo (Female). They were sentenced today only for five counts of indictment, 15-year each for four counts of indictment under the Section 33 (A) of the Electronic Transactions Law and 5-year imprisonment for one count under the Section 6 of the Law Relating to Forming of Organization.

They will receive more and more sentences as their trials continue under another 16 counts of indictment. They all are a part of the 35 members of the 88 Generation Students group, led by Min Ko Naing, who all were arrested since August 21, 2008. They all were charged with altogether 21 counts of indictment and are on trials since August 2008. Two more defendants were added into their cases, when Mar Mar Oo and Nilar Thein were arrested in August and September 2008.

Nine of them, Min Ko Naing, Ko Ko Gyi, Mya Aye, Pyone Choe (aka) Htay Win Aung, Aung Thu, Hla Myo Naung, Aung Naing, and Nyan Lin were sentenced six-month imprisonment under the charge of contempt of court and transferred to Ma-ubin Prison in the delta region in the end of October. Their cases are now being heard by Ma-ubin District Court, without defense lawyers. They are expected to be sentenced soon.

Since Min Ko Naing and the eight were transferred to Ma-ubin, the authorities formed the rest of the group remained in Insein Prison into two groups, with 14 members each, for continued trials. Today, the first group of 14 members was convicted and sentenced for five counts of indictment. Another group of 14 members will be sentenced soon.

Su Su Nway and Bo Bo Win Hlaing Imprisoned

Labour activist Su Su Nway and her colleague Bo Bo Win Hlaing were sentenced by a special court, held inside the Insein Prison Compound today. Su Su Nway received 12 and a half year imprisonment under Section 130 (B), 152 and 505 (B) of the Penal Code and Bo Bo Win Hlaing received 8-year imprisonment under Section 124 (A) of the Penal Code. They both were arrested on November 13, 2007.

Five Buddhist Monks from Ngwe Kyar Yan Monastery Imprisoned

A summary court held inside the Insein Prison Compound delivered six and a half year imprisonment each with hard labor to the five Buddhist Monks, arrested since September 2007. They are U Zar Nay Ya, U Agga Dhama, U Vila Thetka, U Nanda and U Eithariya, from Ngwe Kyar Yan Monastery from South Okkalapa, and arrested after the security forces brutally raided the monastery. They all were forcibly disrobed since their arrest, detained in Insein Prison and sent before South Okkalapa Township Court for trail, under the charges of the Section 143, 145, 147 and 505 (B) of the Penal Code. However, their sentences were delivered by a court held inside the Insein Prison Compound.

Nine Activists from Bogalay Imprisoned

Nine young activists from Bogalay Township, arrested since September 2007 and detained in Insein Prison, received harsh sentences today from a special court, held inside Insein Prison Compound.

Pyae Phyo Hlaing was sentenced 24-year imprisonment under the charges of Section 13 (1) of the Immigration Act, Section 17 (1) of the Unlawful Association Act, Section 17/20 of the Printers and Publishers Registration Act and Section 505 (B) of the Penal Code.

Nay Lin Aung (aka) Lin Lin was sentenced 22-year imprisonment under the charges of the same charges.

Aung Myo Paing (aka) Ahyoe, Thiha Aung (aka) Aung Aung, Phyo Maung Maung Soe (aka) Phyo Gyi, Myat Lin Htut (aka) Pyaung Gyi, Pyae Phyo Aung (aka) Hnan Mue, were sentenced 10-year imprisonment each with the same charges except Section 17/20.

Thein Zaw and Thiha Thet Zin were sentenced 8-year imprisonment each with the same charges except Sections 17/20 and 505 (B). Thiha Thet Zin is a sole survivor in his family as his parents, his wife and children were killed by the Cyclone Nargis while he was in prison.

Musician Win Maw and Group Sentenced

Mingalar Taungnyunt Township Court in Rangoon delivered sentences to three activists, including Burma’s famous musician and former political prisoner Win Maw today. Win Maw received seven-year imprisonment for his leading role in video recording the bloody events of the Saffron Revolution and distribution of DVDs, contained the brutal crackdown of the junta’s security forces against peaceful protesting monks. His colleague Than Naing, an active campaigner to prevent spread of HIV/AIDS, received six and a half year imprisonment and Thein Aye, former political prisoner, received two-year imprisonment.

Cyclone Survivor Imprisoned

Dala Township Court delivered a sentence to Ni Ni Mar (Female), a cyclone survivor from Dala Township, today. Ni Ni Mar, a NLD organizer from Dala Township, was arrested in October when she made a complaint that the relief items she received from the authorities were different with the items that the authorities officially announced. The authorities received relief supplies from an international NGO, called AMI, for cyclone survivors. However, they kept the original relief supplies and sold them out in the black market. They replaced with low-quality items and issued them to the cyclone survivors. When Ni Ni Mar complained about the difference, she was arrested and charged with Section 353 of the Penal Code, an offence of disturbing an official duty. Today, Dala Township Court sentenced her two-year imprisonment.

Blogger Nay Phone Latt Received Harsh Sentence

Nay Phone Latt, a NLD member, Internet Café owner and blogger, was sentenced to 20 years and six month imprisonment by Judge Daw Soe Nyan of the Rangoon Western District Court, held inside the Insein Prison Compound on Nov 10, 2008. He was sentenced 2 years under the Section 505 (B) of the Penal Code, three years and six month under the Section 32 and 26 of the Television and Video Law and 15 years under the Section 33 and 38 of the Electronic Communications Law.

His co-defendant Thin July Kyaw received two and a half year imprisonment from the same judge. They were arrested since January 2008 and detained in Insein Prison.

Poet Saw Wai Sentenced

A famous poet Saw Wai was sentenced to two-year imprisonment by a special court held inside the Insein Prison Compound on Nov 10, 2008. He was arrested since January 2008 for his poem, which was insulting the junta’s paramount leader Than Shwe as power-thirsty and foolish general. He was charged with the Section 505 (B) of the Penal Code and detained in Insein Prison.

One Monk and One Activist Imprisoned

On Nov 7, 2008, Judge U Sein Hla Oo of the Rangoon Eastern District Court, held inside the Insein Prison Compound, delivered 19-year imprisonment each to a monk and an activist. U Thaddama from Garna Puli Monastery in Twantay Township was arrested in September 2007 for his participation in the Saffron Revolution. He was released in a few days, but rearrested again in January 2008 and detained in Insein Prison. Tun Tun Naing, who lives in Insein Township, was also arrested in October 2007 and detained in Insein Prison. They both were changed with Section 33 and 38 of the Electronic Transactions Law, Sections 295 (A) and 505 (B) of the Penal Code.

Thursday, 13 November 2008

ခေတ်ဆန်းချိန် ရောက်လုနီးပါပြီ။


(မင်းဒင် ရေးသည်)

ကိုယ့်ကိုယ်ကို ဝေဖန်တယ် ဆိုလို့  ကြက်မွှေးနဲ့  သပ်ချ သလို တော့ မလုပ်ကြေးပေါ့ဗျာ။ ကျုပ်ကတော့ ရံဖန်ရံခါ ဆိုသလို သံဘရှပ်နဲ့  တိုက်သလို ကိုယ့်ကိုယ်ကို ဝေဖန်ရေး လုပ် မိ ပါရဲ့ ။တောင်စပ်စပ် မြောက်စပ်စပ်မှာ သာမန်ထက်လိုလို ထူးချွန်လိုလို ထင်ရပေမဲ့  တကယ့် နိုင်ငံချစ်စိတ် ဆိုတဲ့  ခေါင်းစဉ်အောက်မှာတော့ .... အရိုင်းမျက်နှာ ကိုယ့်ရုပ်လွှာက နုပ်ပါလှ ခပ်မွဲမွဲ ပင် ဆိုတဲ့  အတိုင်းပါပဲ ဗျာ။ ဒီရက်ပိုင်း ဆို ပိုတောင် ဆိုးသေး။
..............................................

ကျုပ် ဒီကနေ့  အပြင်ကနေပြန်ရောက်လို့ ကွန်ပြူတာရှေ့  လည်း ထိုင်လိုက်ရော ..... ငါးဆက်မြောက် မြန်မာနိုင်ငံတော် ထူထောင်ရေး အတွက် လုံးပန်းနေတဲ့  ရဲရည်တက်တွေ ကို သိက္ခာထပ်လိုက် တဲ့  သတင်းကို တွေ့ လိုက်ရသဗျာ။ရှစ်လေးလုံး မျိုးဆက်ကျောင်း သား ခေါင်းဆောင်တွေကို စစ်အစိုးရက ထောင်ဒါဏ် ၆၅ နှစ် စီ ချမှတ်လိုက်သတဲ့ ။ ဟုတ်ပါ့ ဗျာ ။ ဓာတ်ဆီဈေးတက်တာလေး ထောက်ပြ၊ အစိုးရမင်းများ လုပ်ပုံကိုင်ပုံ အချိုး မပြေဘူး ပြောမိလို့  မြင့်မြတ်သော သူရဲကောင်း ဘဝကိုရောက်သွားတဲ့ သူ တွေက တော့

ကိုမင်းဇေယျ
ကိုဂျင်မီ
ကိုဇော်ဇော်မင်း
ကိုသန်းတင်
ကိုဇေယျ (လူ့ ဘောင်သစ်)
ကိုအံ့ဘွယ်ကျော်
ကိုကျော်ကျော်ထွေး
ကိုပဏ္ဍိတ်ထွန်း
ကိုသက်ဇော်
မသင်းသင်းအေး(ခေါ်) မမီးမီး
မမာမာဦး
မနီလာသိန်း
မစန္ဒာမင်း
မသက်သက်အောင် ... တဲ့ ။

ကိုမင်းဇေယျကတော့  ၆၅ နှစ်ထဲလားကွာ လို့  ထီမထင်ခွန်းတုန့် သတဲ့ ။ မမီးမီး ကလည်း ဘယ်တော့မှ မကြောက်ဘူး၊ ဗမာပြည် လွတ်မြောက်ပါစေ။ အရေးတော်ပုံ အောင်ပါစေ လို့  ကြွေးကြော်သွားသေးသတဲ့ ဗျာ။ဖျတ်ကနဲ့ စဉ်းစားမိတာက ထောင်ချမိန့် ပေးတဲ့  မောင်မင်းကြီးသားက နောက်ထပ် ခြောက်ဆယ့် ငါး ရက် လူ့ ပြည်နေရမဲ့  သေချာပေါက်နေရမယ်လို့ ကော သေချာရဲ့  လား။
မြရိပ်ညို ဟိုတယ် ရှေ့ မှာ အစိုးရမင်းများ ဂုဏ်ပုဒ်ကို လူတကာမြင်အောင် စာဆွဲမိတဲ့  မစုစုနွေးက ဆယ့်နှစ်နှစ် တဲ့ ၊ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး နဲ့  ကိုဌေးကြွယ် တို့ တော့  ဘယ်လောက်ချသလဲ မသိရသေးဘူး တဲ့ ။ ထောင်ဒါဏ် အသင်္ချေလိုက် ချမလို့ တသင်္ချေမှာ သုညဘယ်နှစ်လုံး ရှိသလဲ တွက်နေ တုန်း ထင်ပါ့ဗျာ။ လွန်ခဲ့တဲ့  တရက်လောက်ကလည်း ဘလော့ဂါ နေဘုန်းလတ် ဆိုတဲ့  လူငယ် ဟာ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြင် ခြောက်လပါ အဆစ်ရသေးသတဲ့  ဗျား ။
အေးလေ။ သူတို့ နဲ့  နှိုင်းယှဉ်လိုက်ရင် ကျုပ်နိုင်ငံချစ်တယ် ဆိုတာ ပါမွှား စာရင်းတောင် မဝင် ဘူးလေ။
.............................................
သူတို့ တင်မကပါဘူး ဗျာ။ ကျုပ်လိုက်မမှီတဲ့  သူတွေအများကြီးပါ။ မြန်မာ့ သူရဲကောင်း စာရင်းကို အကုန်အစင် ရေးချပြဘို့  ကတော့  ကျုပ်ဘလော့ဂ် ထပ်ချဲ့  ရအောင် ကို ဂူဂယ်နဲ့  လှမ်းညှိ ရအုံး မယ်ထင် ပါရဲ့ ။
တကယ်ပြောတာ ဗျ။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့  ခေါင်းဆောင်အမည် ပြောပြန် တော့ ဒေါ်ဝင်းမြမြ။ ဒေါ်နော်အုန်းလှ အပါအဝင် လူသိပ် မသိတဲ့  သူတွေ ကျန်ခဲ့  မယ်။အရှင် ဂမ္ဘီရ၊ ကိုအောင်ကျော်ကျော်၊ ဦးဝင်းတင် ၊ဦးမြင့်အေး ၊ရှေ့ နေ ဦးအေးမြင့် တို့  အကြောင်း ဆိုလည်း ဒီလိုပဲ ၊ ဒေါက်တာ ဇော်မြင့်မောင် ၊ မတ္တရာ ဦးသန်းလွင် ၊ကိုထင်ကျော် ၊ ဦးတင်ယု၊ ကိုမင်းအောင် ၊ကိုစိုးမြင့်ထိန် ..... တို့  နာမည်တွေ ကျန်အုံးမယ်၊ တကယ်တမ်းသာ နံမည် အပြည့်အစုံ ချရေးရရင် ဂူဂဲယ် ကိုချဲ့ ကို ချဲ့ မှ ဖြစ်မှာ ။ အစိုးရမင်း များကို မချစ်မနှစ်သက်တာက သန်းခြောက်ဆယ်နီးပါးကိုး။
နှစ်ရှည်ထောင်ဒါဏ်တွေ ချီးမြှင့်ခံရတဲ့  ရဲရည်တက်တွေ ရဲ့  ဂုဏ်ဒြပ်ကတော့  ဗျာ။
မစင်တွေ ရွှံ့ ပေနေတဲ့ ဝက်က သူ့ ကိုယ်လုံးနဲ့ ပတ္တမြားတုံးကို ပွတ်သလို ပွတ်လေပြောင်လေ လို့ သာ ဆိုချင်သဗျာ။
........................................

နေစိမ့်  နိုင်သူတချို့  ကတော့  ဒီလူတွေ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးမနေကြဘူး ဆိုချင်ဆိုကြ မယ်ဗျ။ နိုင်ငံတော် ပြည့်အရေးလည်း တချက် လောက်ငဲ့  ကြည်ပါဦးလေ။

ရွေးကောက်ပွဲ လုပ်တယ်။ အာဏာမလွှဲဘူး။

အော့ကြောလန် လူမိုက်အုပ်စုကို အရာတော်ပေး၊ ဟန်းဖုန်းလို ဆုတော်လာဘ်တော် ချပြီး နာဠာဂီရိ ဇာတ်ခင်းသတဲ့ ။

စည်းရုံးရေး ခရီး ဆင်းတာ ဒီပယင်းမှာ ချောင်းပြီး လုပ်ကြံသတ်ဖြတ်တယ်၊့  တရားခံ မမိဘူး ။မသေလို့  လွတ်လာတဲ့ သူတွေ ထောင်ကျတယ်။

မေတ္တာပို့  မိတဲ့  ဘုန်းတော်ကြီး၊ မယ်သီလရှင် ၊ ပါမကျန် သီတင်းသုံးတဲ့  ကျောင်းတိုက်ပါ မြေလှန်တယ်။ ထောင်ချတယ်။ လမ်းဘေးက သောက်ရေ ကပ်မိတဲ့  ဒကာဒကာမ ကိုလည်း ထောင်ချ တယ်။

အမွဲဆုံး တိုင်းပြည် ရဲ့ ခေါင်းဆောင် သမီး မင်္ဂလာဆောင်မှာ ထုတ်ဝတ်လိုက်တဲ့ စိန်တွေက အချမ်းသာဆုံး နိုင်ငံက သူဌေးတွေ လန့် ကုန်တယ်။

ဆုတောင်းပွဲက ပြန်အလာစောင့်ပြီး သံလက်သီးနဲ့  မျက်လုံးကန်းအောင် ထိုးတယ်။ ထိုးတဲ့  သူမမိဘူး ၊ အထိုးခံရတဲ့  သူထောင်ကျတယ်။

လူသိန်းချီ သေတဲ့  မုန်တိုင်း တိုက်လို့  အလောင်းတောင် မကောက်နိုင်သေးဘူး ။ ကယ်ဆယ်ရေး လုပ်ငန်း ပြီးပြီ ကြေငြာတယ်။ နိုင်ငံတကာက မကြည့်ရက်လို့  လှူပါရစေ ဝိုင်း ပြောတာလည်း သဘောင်္တွေ ဝင်မလာနဲ့ တဲ့ ။ ကုလသမဂ္ဂ က သူကြီးမင်း ကိုယ်တိုင် ဖုန်း ဆက်တာလည်း ဖုန်းမကိုင် ဘူးတဲ့ ၊နိုင်ငံတကာ အလှူပစ္စည်းတွေ က ဒုက္ခသည်တွေ လက်မရောက်ခင် မှောင်ခိုတန်း ရောက် ကုန် သတဲ့ ။ ဒုက္ခသည်တွေ ဆီသွားတဲ့  ကား တွေကို လမ်းတဝက်က လှည့်ပြန်ခိုင်း သတဲ့ ။ လှူမဲ့  ပစ္စည်း ထားခဲ့  လို့  အေးဓားပြ တိုက်သတဲ့ ။ တတိုင်းတပြည်လုံး သရောကြီးခိုင်းနေတာ ကို ချက်ကောင်းပဲ ဟေ့ ဆိုပြီး အဓမ္မဆန္ဒခံယူပွဲ လုပ်တယ်။ မဲတောင် ရေမပြီးလောက်သေးဘူး။ နာဒို့  နိုင်တယ် ။ ထ ကြော်ငြာ တယ် ၊ ပြန့် ကျဲနေတဲ့  အလောင်းတွေ လိုက်ကောက်ပြီး မြေမြှုပ်ပေးတဲ့  သူတွေကို ဖမ်းတယ်။ ကယ်ဆယ်ရေးလုပ်မိသူတွေ ထောင်ကျတယ်။

တိုင်းစည်းရုံးရေး တာဝန်ယူမိတဲ့  ဒေါ်ဝင်းမြမြ ရဲ့  မန္တလေး ဈေးချိုထဲက အထည်ဆိုင်ကို သိမ်းသတဲ့ ။

လု့  အခွင့်အရေး အကြောင်း ဟောပြောသူက ဗုံးခွဲပါတယ် ဆိုပြီး ဝန်ခံခိုင်းသတဲ့ ၊ တရားရုံးမှာ စစ်ဆေးနေတုန်း မိသားစုလာပြီး နားထောင်တာ၊အစားကျွေး ရေတိုက် တာ ကို ပိတ်စေ စမြောင် တဲ့ ။ တရားရုံးကို မယုံတော့ ဘူး လို့ အမှု သည်ပြောတာကို ရေးတင်မိတဲ့  ရှေ့  နေတွေ ကိုပါ ထောင်ချပစ် သတဲ့ ။

ကမ်းလွန်ရေနံ တူးတာ သူ့ နယ်မြေကျူးကျော်ပါတယ်ဆိုပြီး ဘင်္ဂလာဒေ့ရှ် က ကန့် ကွက်တော့ တချက်တည်း ဖင်ပိတ် အမြီးကုပ် ပြီး ဆုတ်ခွာလာ
သတဲ့။ သတင်းထုတ်ပြန်ချက်တွေကလည်း တောင်တခွန်းမြောက်တခွန်းနဲ့ ။ ဖတ်တဲ့သူ မပြောနဲ့ ၊ ရေးတဲ့သူတောင် နားမှ လည်ပါလေစ ဆိုတဲ့ သတင်း တွေ။
.......................................
.......................................
.......................................
.......................................
ကြားလိုက် ဖတ်လိုက်ရသမျှတော့ အဆိုးတကာ့ထိပ်ခေါင်။ အမိုက်တကာ့ ခေါင်ချုပ် ။ယိုသူမရှက် မြင်သူရှက် ဆိုတာချည်းပဲ ဗျာ။ အမေရိကန်နဲ့  တရုတ် က စင်ထိုးစင်ဖန် ဖြစ်နေတာကို မြန်မာ အစိုးရမင်းများက တရုတ်ကို ကပ်ပြီး အမေရိကန် လှမ်းမာန်ဖီနေသေး။ စွန့် လွှတ်စွန့် စား တတ် ပါပေ့ ဗျာ။ တော်ပါပေ့ ဗျား ။ တကယ့်တကယ် အနိုင်ကြဲရမဲ့  နေရာ ကျတော့  ကျုပ်အမေပြောဘူးတဲ့  လူပါးရင်နောက်ဆုတ် ခွေးပါးရင် အမြီးကုပ် ဆိုတဲ့  သြဝါဒ နဲ့  လာညီနေတယ်။ စစ်ဘုရင်များ အပါးလွန်တာ သြချလောက်ပါရဲ့ ။

ကျုပ်ကလည်း သတင်းဖတ်ပြီး အကုန်ယုံတယ်တော့  မထင်လေနဲ့  ဗျ။ အဲဒီ သတင်း မျိုး က တပုဒ်မှန်ရင်တောင် အစိုးရတဖွဲ့ လုံး ဖျာလိပ်သင့်တာ ။ အကုန်သာမှန်ရင်တော့  ရှက် တတ်ရင် ကိုယ့်တွင်း ကိုယ်ယက်ပေတော့ ပဲ ။ တူးနေရင် ပေါက်တူးဖိုး နှမြောစရာဖြစ်မယ်၊ လူ့ တန်ဖိုးနဲ့ တိုင်းခဲ့ရင် ပြော ပါတယ်။
......................................

မြန်မာပြည် ကြီး က အဆင်ခြင်မဲ့  လုပ်ရပ်တွေ သတင်းတွေ ကြားရတိုင်း ၊ ဖတ်ရတိုင်း ကျနော်တော့ ယောက်ျားတန်မဲ့  မျက်ရည်စို့ မိတာပါပဲ။ ကြောက်တာ မဟုတ်ဘူးဗျ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ရှက်လွန်းလို့ ၊ဝမ်းနည်းလွန်းလို့ ၊ဒါပေမဲ့  ထူးဆန်း တာက မျက်ရည် က ကျမလာဘူး ဗျ။ရင်ထဲက မျက်ရည်ဟာ ဦးနှောက် ကို မကျော်ဖြတ်နိုင်ဘူး ထင်ပါရဲ့ ။ ဆိုင်တာမဆိုင်တာ အသာထား အဲဒီအချိန်မျိုးမှာ ကျုပ်က မိုဟာမက် အလီ ကို သတိရလို့  မျက်ရည်မကျတာ လည်း ဖြစ်နိုင် သဗျာ။
မိုဟာမက် အလီ ကိုလူတိုင်းသိမှာပါ။
သူက အမေရိကန် နိုင်ငံ မက်ဆီဒင် စကွဲယား လက်ဝှေ့ ရုံကြီးမှာ ဆန်နီလစ္စတန် ဆိုတဲ့  လူ့  ဘီလူးကြီး နဲ့  ကမ္ဘာ့  ဟဲဗီးဝိတ် ချန်ပီယံလုပွဲ အဖြစ် ရင်ဆိုင်တွေ့ ခဲ့  ကြဘူးတယ် ဗျ။ လက်ဝှေ့ ပွဲ အကဲခတ်တွေ က ဆန်နီလစ္စတန်ကို အလီ နိုင်ဘို့ ဆိုတာ ဆယ့်ခြောက်လေး တလေး လောက်သာ ရှိ သတဲ့ ။
အဲဒီဗိုလ်လုပွဲ ခြောက်ချီမြောက်မှာ အလီမျက်နှာဟာ ရစရာ မရှိအောင် ဒါဏ်ရာတွေ ပြည့်နေတယ်။ သွေးတွေ လည်း ယိုစီးနေပြီ။ အလီက သူ့ ဆရာ ဒန်လိုဂျီ ကို သူ့  လက်အိတ်တွေ ဖြုတ်ပေး ပါတော့ လို့  တောင်းပန်နေတဲ့  အခြေအနေ။ ဒါပေမဲ့  ဆရာလုပ်သူက မင်းပဲ ကမ္ဘာ့ ချန်ပီယံ ဖြစ်ချင်လှချည်ရဲ့  ဆို ၊ ငါတော့  ဖြုတ်မပေးနိုင်ဘူး။ မင်းဖာသာ ဖြုတ်ချင်ဖြုတ်လို့  ငြင်း တယ်။
ဒါနဲ့  ခုနှစ်ချီမြောက်ကို အလီ ပြန်တက်သွားတယ်။ သွေးအလိမ်းလိမ်းနဲ့  ဖူးယောင်နေတဲ့  မျက်နှာနဲ့  ဆက်ထိုးတယ်။ ခုနှစ်ချီနားတော့  အလီက ကြိုးဝိုင်း ထဲမှာ သေချင်သေပေ့စေ တော့ ဆိုတဲ့  စိတ်နဲ့  ရှစ်ချီမြောက်ထိုးဘို့  ကြိုးဝိုင်းထဲကို ပြန်တက်သွားတယ်။ အဲဒီ အချိန်မှာ လူ့ ဘီလူးကြီး ဆန်နီလစ္စတန် ကြိုးဝိုင်းပေါ်တက် မလာနိုင်တော့ ဘူးတဲ့ ၊ သူ့  က လူ့ ဘီလူးလို အားသန်တယ် ဆိုပြီး အလီကို အားကုန်ထိုးတာတဲ့  ဒါဏ်ချက်တွေ ထဲက မထိ တဲ့  အချက်တွေကြောင့် သူ့ လက်မောင်းကြောတွေ ပြတ်ကုန်ပြီး ဆက်မထိုးနိုင်တာတဲ့  ဗျာ။ ဒီမှာတင် ဘယ်သူမှ ထင်မထားတဲ့  ထင်မထား တဲ့  အလီ ဟာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ် လာတော့ တာပဲ ။ ကမ္ဘာ့ ဟဲဗီးဝိတ် ရာဇဝင်မှာ အကြီးကျယ်ဆုံးသော ကမ္ဗည်း ကို ထိုးခဲ့  သူပေါ့  ဗျာ။
ဘာဆိုင်လို့  လည်း ဟုတ်လား ။ ဆိုင်ပါသော်ကော ဗျာ။ ဒီလောက် စိတ်ထင်တိုင်း ဟောသွမ်းနေတဲ့  အစိုးရမင်းများရဲ့  လက်မောင်းကြော တွေ နဲ့ တူတဲ့  ပြည်သူလူထုက အော့နှလုံးနာနေ တာ ဟာ မကြာခင် စခန်းကော ပွဲကော သိမ်းတော့ ပဲ လက္ခဏ ဗျ ။ ကျုပ်ယုံတာ ကျုပ်ပြောတာပါ ။ လိုက်ယုံ ဘို့  တော့  မပြောလို ပါဘူး။ စစ်အစိုးရမင်းများ နေမဝင်ဘူး ထင်သူများလည်း သဘောတော် အတိုင်းပါ ဗျာ။
........................................
နောက် ကျုပ်တခါ ပြောဘူးတဲ့  ဘီစီ ၄၈၀ မှာ ပါရှားဘုရင် ဇပ်ဇီး(စ်) စစ်သည် နှစ်သိန်း ကျော် စစ်သဘောင်္ တစ်ထောင်ကျော် နဲ့  ဂရိကို လာတိုက်တာ စပါတာ ဘက်က လီယွန်နီဒတ်(စ်) ခေါင်းဆောင်တဲ့ စစ်သူရဲ သုံးရာ အသေခံတိုက်တာ မကြာဘူး စပါတာပြည်သူတွေ ရဲ့  တွန်းလှန်မှုနဲ့  ရင်ဆိုင်ရပြီး ထွက်ပြေးရတာပါ ပဲဗျာ။
အခု ကျုပ်တို့ မြန်မာပြည်မှာ ထရီနီဒတ်(စ်)တွေ ။ ဦးဝင်းတင်တွေ ၊ဒေါ်အောင်ဆန်း စုကြည်တွေ ၊မင်းကိုနိုင်တွေ ။နီလာသိန်းတွေ ၊ တပြုံကြီးရှိတဲ့  တိုင်းပြည်ပါဗျာ။ မယုံဘူးလား ဗျာ။ ဒီရက်ပိုင်းမှာတောင် သူရဲကောင်းမှတ်တမ်းဝင်နေတာ တရာဝန်းကျင် ရှိရော့မယ် ။
......................................
အစိုးရမင်းများ အခုလို မတော်တရော် ရုပ်ပျက်ဆင်းပျက် အလုပ်တွေ စွတ်လုပ်နေတာ တကယ့်တော့  အကြောက်လွန်နေတာ ဗျ ။ သူ တို့ ရှုံးနေတာ ကို သူတို့ သိနေလို့  ဆိုတာ အသေအချာပဲ ။
ကျုပ်ဘဝမှာ ဝမ်းဘိုင်ဝမ်း ဖိုင်တင် ပွဲတွေ နွှဲခဲ့ဘူးတယ်။ ခံလည်းခံခဲ့ ဘူးတယ်။ နိုင်လည်း နိုင် ခဲ့ဘူးတယ်။ ဖိုက်တင်ပွဲတွေမှာ ကျနော် နိုင်တဲ့ အခါ ဆက်ဖိထိုးရင် ပရိသတ်က လက်မခံဘူး ဗျ။ ကျနော်ကိုယ်တိုင်လည်း ဆက်ထိုးချင်စိတ် မရှိဘူး ။ နိုင်တာသေချာ ရင် တဘက်လူ နောက်ကောက် ကျ တာကို ကြည့်နေရရင် အာသာပြေပြီ၊ ကျနော့်  ရှုံးတဲ့  အကြိမ်တွေလည်း တဘက်လူက ထို့ နည်းလည်းကောင်းပါပဲ၊ နိုင်ရက်နဲ့  ဆက်ထိုး တဲ့  သူတွေ လည်း ကြုံခဲ့ ဘူး ပါသဗျာ။ နောက်ပိုင်း သူများသတ်လို့ သေတာချည်းပဲ ။
............................................
ဒီတသက်တော့  မြန်မာပြည်မှာ ဒီမိုကရေစီ ဆိုတာ ရမှာ မဟုတ်တော့ ပါဘူး ဗျာလို့  ခို ဘိုးအေ ငြီးသလို ငြီးနေတဲ့ မောင်တွေ မြောက်များစွာသော ကိုယ်ကျိုး စွန့် လွှတ်သူတွေ ကို အားနာစေချင် သဗျာ။ ဘော်ကြော့နေ စားခွက်လုနေကြတဲ့ မောင်တွေလည်း ၆၅ နှစ် ကျခံသွားတဲ့  ရဲရည်တက်တွေ
ရဲ့ မျက်နှာကို တချက်ကလေး စောင်းငဲ့ ကြည့်ကြဦး ဗျ။
တကယ်ဆို ကျုပ်တို့  တမျိုးသားလုံးက ဒီသတင်းမျိုး ကြားတာနဲ့  ငိုလည်းငို ရီလည်း ရီရမှာ ။ သုဝဏ္ဏသျှံ ဇာတ်တော် ထဲကလို ပေါ့။ ငိုတာက ဝမ်းနည်း လို့ ၊ ရီတာက အလုပ်အကျွေးပြု ခွင့်  ရတော့ မှာမို့ လေ။
ဒီနေ့ ခေတ်ကြီးဟာ ဟိုတချိန်က သူ့ ဘိုးဘွားတွေ သံခြေကျင်းတွေခတ်။ ဈေးထဲမှာ လေလံတင်ရောင်းခံရတဲ့  အိုဘားမားတောင် စင်္ကြဝဠေးမင်း ဖြစ်လာ နေတဲ့  အချိန်ပါ ။
ဘာလင်တံတိုင်းပြိုတာ၊ ဆိုဗီယက်ယူနီယံကြီးပြိုကွဲတာ မဖြစ်ခင် တနေ့ ကတော့ ဘယ်သူမှ ယုံကြတာမှ မဟုတ်တာ။
စောင့်သာကြည့်ပါလေ။ စစ်ဝါဒ စုပ်ကနဲ မြုပ်သွားဘို့ ဆိုတာ မနက်ဖြန်လည်း ဖြစ်နိုင်တဲ့  အရာပဲ ဗျ။ မူမမှန်ပုံမမှန်တာတွေ ဟာ ဒီနည်းနဲ့  ချုပ်ငြိမ်း ခဲ့ကြ ရတာချည်းပဲလေ။ အဲဒီနေ့  ကျမှ ကျုပ်ကို သွေးထွက်အောင်မှန်တဲ့ ရှေ့ ဖြစ်ဟော ဆရာလို့ မထင်ကြလေနဲ့ ။
.............................................
စာသား အကုန်အစင်တော့  ကိုက်ညီအပ်စပ်လှတယ် မဟုတ်ပါဘူး ဗျာ။ သီချင်းခေါင်းစဉ်က ကျုပ်ယုံကြည်ချက်နဲ့  အံကိုက်နေတာမို့  ခင်ညွန့် ရည် ဆိုထားတဲ့ ခေတ်ဆန်းချိန် ဆိုတဲ့  သီချင်းလေး ကို ကျုပ်လွှတ်သဘောကျသဗျာ။
အခန်းထဲ အောင်းပြီး စာတိုပေစလေး ရေးလိုက် ၊ မြန်မာပြည်လွတ်မြောက်ရေးအတွက် ဘယ်သူခိုင်းခိုင်း ၊ ခိုင်းတာ လုပ်မဟဲ့  စိတ်ကလေး မွေးလိုက် ၊ငါလုပ်နေလည်း အပိုပါပဲ ဆိုတဲ့  ခပ်ညံ့ညံ့အတွေးတွေ ဝင် လာတဲ့ အခါ မြန်မာ့သူရဲကောင်း တွေ မျက်နှာကို ပြေးမြင်ပြီး ခေတ်ဆန်းချိန်ကို ဖွင့်ဖွင့် နားထောင်လိုက်မိ တာပါပဲ ဗျာ။


Tuesday, 11 November 2008

အမေရိကန်သမ္မတဘုရှ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်တဦး လျာထား

Agencies/ ၁၁ နိုဝင်ဘာ ၂၀၀၈

pakisအမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ယခင် အာရှဆိုင်ရာထိပ်တန်းအကြံပေးဖြစ်သူ မိုက်ကယ်ဂရင်း (Michael Green) ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာမှူးအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြောင်း သမ္မတအိမ်ဖြူတော်က ယမန်နေ့တွင် ကြေညာခဲ့သည်။

“အမေရိကန်အထက်လွှတ်တော်က အတည်ပြုပြီးပါက မြန်မာနိုင်ငံသားတွေကို ကျနော်တို့ရဲ့ ကူညီမှုတွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ မစ္စတာဂရင်းဟာ ကျနော်တို့ရဲ့ အဓိက ကိုယ်စားလှယ်ဖြစ်လာမှာပါ” ဟု ကုလလုံခြုံရေးကောင်စီဆိုင်ရာ အမေရိကန်ပြောခွင့်ရသူ ဂေါ်ဒန် ဂျွန်ဒရိုးက ပြောသည်။

သမ္မတဘုရှ်၏ အမျိုးသားလုံခြုံရေးကောင်စီအတွက် အာရှအရေးဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူ မစ္စတာဂရင်းသည် လက်ရှိတွင် ဂျော့တောင်းတက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သည်။ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရအား ပိုမိုဖိအားပေးနိုင်ရန် ရည်ရွယ်၍ အမေရိကန်ကွန်ဂရက်က ယခုနေရာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံရှိ ဒီမိုကရေစီရေးထောက်ခံသူများ၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ အန်ဂျီအိုများနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းမှ မဟာဗျူဟာများ ချမှတ်ရာတွင်လည်း အဆိုပါကိုယ်စားလှယ်အနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နှင့် အာဆီယံ (AEAN) နိုင်ငံများ၊ ဥရောပသမဂ္ဂတို့နှင့်လည်း ညှိနှိုင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

သတင်း--ခေတ်ပြိုင်

မင်းတို့ မိုးကောင်းတုန်း ဝအောင်ရွာထားကြဦးပေါ့!!!

၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီချ

စစ်အစိုးရက အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီ ယနေ့ ချမှတ်လိုက်ကြောင်း ထောင်ဒဏ်ချမှတ်ခြင်းခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြော သည်။

အမိန့်ချမှတ်ခြင်းကို တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း ယုံကြည်စိတ်ချရသည့် အဆက်အသွယ်များမှတဆင့် သိရခြင်းဖြစ်သည်ဟု ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ယနေ့ ထောင်ဒဏ်ချမှတ်ခံရသူ (၁၄) ဦးမှာ ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ဖြစ်ကြောင်း သိရသည်။

ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူ ကိုပဏ္ဍိတ်ထွန်းအား ပြီးခဲ့သည့် (၉) ရက်နေ့က နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့် လက္ခဏာတစုံတရာ ကြိုတင်မသိရှိရကြောင်း ပြောသည်။

ဒေါ်ညွန့်ညွန့်ဦးက “ကြိုပြီးမသိရဘူး၊ ဒိပြင့်လူတွေဆိုရင် ဘယ်နေ့စီရင်ချက်ချမယ်။ ရက်စွဲမဟုတ်တောင်မှ ရှေ့အပတ်ထဲ စီရင်ချက်ချမယ်၊ အဲဒီလိုမျိုး။ ကျမတို့က ဘာမှမသိရဘူး” ဟု ပြောသည်။

ယခင်လ (၂၉) ရက်ကလည်း ရန်ကုန်အင်းစိန်ထောင်အတွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ (၉) ဦးကို တရားရုံးအား မထီမဲ့မြင်ပြုသည်ဆိုကာ အာဏာပိုင်များက ပုဒ်မ (၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးတို့သည် တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ် ဆန္ဒပြသည့် အနေဖြင့် ရှေ့နေများ၏ မေးမြန်းချက်များအား ပြန်ဖြေခြင်းမပြုပဲ နေခဲ့ကြခြင်းဖြစ်သည်။


သတင်း---ခေတ်ပြိုင်

လူကို ခွေးဆွဲခံရပြန်ပြီ

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံရ


လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မစုစုနွေးကို ယနေ့တွင် ထောင်တွင်းတရားရုံးတခုက ထောင်ဒဏ် ၁၂ နှစ်နှင့် ၆ လ ချမှတ်လိုက်သည်။

အင်းစိန် ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခြင်းကို ထောင်ဝန်ထမ်းတဦးမှ စုံစမ်းသိရှိရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ သူမ၏ မိတ်ဆွေတဦးက ပြောပြသည်။

"မစုစုနွေးနဲ့ မတွေ့ခဲ့ရဘူး။ သူမှာတာတွေကို ဒီအတိုင်း တခြား ထောင်ဝင်စာ တွေ့တဲ့သူတွေနဲ့ ထည့်ပေးလိုက်ရတာ။ အဲဒီက ၀န်ထမ်းပြောလို့ပဲ သိရတာ" ဟု သူက ပြောသည်။

နှလုံးရောဂါ အခံရှိသည့် သူ့ကျန်းမာရေးမှာ ကောင်းမွန်နေပြီး လောလောဆယ်တွင် အင်းစိန်ထောင်၌သာ ထားရှိသည်။ သို့သော် အမှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညိုဟိုတယ်ရှေ့တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခဲ့သည့် မစုစုနွေးအား ရဲက ဖမ်းဆီးခဲ့သည်။

သူ့ကို ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)၊ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။

ထိန်းသိမ်းခံရစဉ်အတွင်း မိသားစုနှင့် တွေ့ခွင့်မရသောကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အစာငတ်ခံ ဆန္ဒပြခဲ့သေးသည်။ အလားတူပင် မစုစုနွေးနှင့်အတူ အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲသူ ကိုဘိုဘိုဝင်းလှိုင်ကိုလည်း ယနေ့တွင် ထောင်တွင်း တရားရုံးကပင် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်သည်။

လူ့အခွင့်အရေး တောင်းဆို တိုက်ပွဲဝင်ခဲ့သည့် ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးကို ကနေဒါ အခြေစိုက် "လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ" အဖွဲ့မှ ချီးမြှင့်သည့် ၂ဝဝ၆ ခုနှစ် ဂျွန်ဟမ်ဖရေး လွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့သလို၊ အထိန်းသိမ်း ခံနေရစဉ်အတွင်း ချက်သမတ နိုင်ငံအခြေစိုက် the People-in-Need အဖွဲ့မှ ချီးမြှင့်ခဲ့သည့် 'Homo Homini Award' ဆုကို ၈၈ မျိုးဆက်ကျောင်သူ မနီလာသိန်း၊ HIV/AIDS ဝေဒနာရှင်များအား ကူညီ စောင့်ရှောက်နေသူ မဖြူဖြူသင်းတို့နှင့်အတူ ရရှိခဲ့သည်။


သတင်း ---မဇ္ဈိမ

Burma Democratic Concern (BDC) call for UN to take practical action on Burma


Burma Democratic Concern (BDC) call for United Nations Security Council to take practical action on Burma
11 Nov 2008

Burma Democratic Concern (BDC) today again called for United Nations Security Council to take practical action on Burma because WORDS alone are not enough to restore JUSTICE in Burma.

International Community has been calling for military regime to release all political prisoners as the sign of progress for many years. But, Aung San Suu Kyi is still under house arrest and the
results of the 1990 elections are not honoured yet. Suppressing on democracy activists intensified more than before and passed down long term prison sentences including their defence counsels.

Recently, fourteen well-known democracy activists have been sentenced to 65 years imprisonment due to their leading role in the 2007 Saffron Revolution.

Burma crisis is now in CRITICAL situation. Military regime is fully geared up to crush down all democratic forces in order to silent the public to instigate fear and to pave the way to hold illegitimate
elections in 2010 in which they are set to win to perpetuate military rule in Burma before implementing the results of 1990 elections in which Aung San Suu Kyi's party won landslide victory.

Burmese military might think that they are in final stage of legitimizing military rule in Burma and they will use ultimate forces to extinguish all the democratic forces.

"Without the United Nations Security Council's practical intervention, there will be more loodshed and more lives will be lost in order to defend Justice and human rights in Burma. I would like to call for United Nations Security Council to stand by with justice in Burma by
taking practical action", said Zayar Linn, Campaign Officer at the Burma Democratic Concern (BDC) in United Kingdom.


For more information please contact:

Zayar Lin

Campaign Officer
Burma Democratic Concern (BDC)
in United Kingdom.
00-44-78 8369 2755
00-44-75 0029 8464

http://www.bdcburma.org
http://www.activebdc.org
http://bdc-burma.blogspot.com

ကရင်အမျိုးသားသွေးစည်းညီညွတ်ရေးအင်အားစု Karen Natioanal Solidarity

Forum for Karen Natioanal Solidarity 02
Get your own at Scribd or explore others:

Monday, 10 November 2008

ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့၏ သတင်းအပြည့်အစုံ

လူငယ် ဘလော့ဂါ နေဘုန်းလတ်နှင့် ကဗျာဆရာ စောဝေတို့ကို ထောင်ဒဏ်များ ချမှတ်
ဧရာဝတီ ကိုစိုး | နိုဝင်ဘာ ၁၀၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်အား ထောင်ဒဏ် အနှစ် ၂၀ ၊ ၆ လ နှင့် ကဗျာ ဆရာ စောဝေ ကို ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

ကဗျာဆရာ စောဝေ ဘလော့ဂါ နေဘုန်းလတ်

ရန်ကုန် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဘလော့ဂါ ကိုနေဘုန်းလတ်အား ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ကို ယနေ့ နေ့လယ် ပိုင်းက ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ် ၏ မိခင် ဒေါ်အေးသန်း ကပြောသည်။

“၁၀ နှစ် ကျော်လောက်ပဲ ချလိမ့်မယ်လို့ မှန်းထားတာ၊ အခု အနှစ် ၂၀ ကျော်ချလိုက်တော့ မိခင်တယောက် အနေနဲ့ စိတ်မကောင်းပါဘူး၊ မတရားလုပ်တယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော် ကို ယခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် အာဏာပိုင်များ က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ပြီး ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုကာ ၆ လ အကြာ ဇူလိုင်လအတွင်းတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်ပြီး ၎င်းအား ဖမ်းဆီးစဉ် အာဏာပိုင်များက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးပြီး ၉ လ အကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ကိုနေဘုန်းလတ်နှင့် အတူဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်လိုက်ကြောင်းလည်းသိရသည်။

ထို့အတူ ယမန်နှစ် ဇန်န၀ါရီလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဝေဖန်ထားသည့် “အာနာရူးကြီး မှူးကြီး သန်းရွှေ” စာသားများပါသော “ဖေဖော်ဝါရီ ဆယ့်လေး”အမည်ရှိ ကဗျာ ရေးသားသည့်အတွက် ဖမ်းဆီးထားသော ကဗျာ ဆရာစောဝေ ကိုလည်း ယနေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီ လအတွင်းတွင် မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသော သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် ကိုနေဘုန်းလတ်နှင့် ကိုစောဝေတို့ကို ဖမ်းဆီးထားခြင်းအား ရှုတ်ချလိုက်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆိုထားသည်။

မကြာသေးခင် ရက်ပိုင်းကပင် စစ်အစိုးရက ဖမ်းဆီးထားသည့် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် နယူးစ် ၀ပ်ခ်ျ သတင်း ဂျာနယ်မှ အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် ကိုထွန်းထွန်းသိန်းတို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် လည်း မြန်မာသတင်း သမဂ္ဂ (BMA)နှင့် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)တို့က နိုဝင်ဘာ ၈ ရက်နေ့တွင် တောင်းဆိုချက် ထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ယင်းသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ၏ အမှုများအား အကျိုးဆောင်ပေး နေသော ရှေ့နေများကို စစ်အာဏာပိုင်များက တားဆီးပိတ်ပင်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရ သည်။

၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို လိုက်ပါအကျိုးဆောင်ပေးနေသော ၎င်း အပါအ၀င် ရှေ့နေများဖြစ် သည့် ဦးမောင်မောင်လတ်၊ ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ယခုလဆန်း ၅ ရက်နေ့မှ စတင်၍ အကြောင်းပြချက် မရှိဘဲနှင့် တရားရုံးက ၀င်ခွင့်မပြု ခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

“ကျနော်တို့ကို ဘာကြောင့် ၀င်ခွင့်မပြုဘူးဆိုတာလည်း အကြောင်းပြချက်မရှိဘူး၊ ဘာမှ အကြောင်းမပြဘူး၊ ကျနော်က ထောင်မှူး တယောက်ကို မေးတယ်၊ အကြောင်းပြချက်မရှိဘူးတဲ့ အထက်က အမိန့်တဲ့”ဟု ဦးကျော်ဟိုး က ပြောပြသည်။

အာဏာပိုင်များက ၎င်းတို့၏ အမှုသည်များအား ရှေ့နေမပါဘဲ နေ့စဉ် ရုံးထုတ်အမှုစစ်ခြင်းများကို ဆက်လက် ပြုလုပ်နေ သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အကျိုးဆောင်ရှေ့နေများ ဖြစ်သော ဦးမြင့်သောင်း နှင့် ဒေါ်ခင်ဌေးကြွယ်တို့ကလည်း တရားရုံးက တရားမျှတမှုမရှိသောကြောင့် လွန်ခဲ့သည့်အပတ် အတွင်းက ရှေ့နေပါဝါ ရုပ်သိမ်းခဲ့ကြောင်း မစုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်ကလည်း ပြောသည်။

မစုစုနွေးသည် ၎င်း၏ အကျိုးဆောင်ရှေ့နေပါဝါကို ကိုယ်တိုင်လက်မှတ်ထိုးရုပ်သိမ်း လိုက်ကြောင်းနှင့် အာဏာပိုင်များက ၎င်းအား ပုဒ်မ ၆ ခု တိုးခဲ့ကြောင်း သိရသည်။

မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့တွင် အာဏာပိုင်များက ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်ဟု မဌေးဌေးကြည်က ပြော သည်။

“မစုစုနွေးကို မနက်ဖြန် အင်္ဂါနေ့ အမိန့်ချမယ် ၊ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ရှေ့နေသွားတော့ မတွေ့ခဲ့ရ ဘူး၊ ရှေ့နေပါဝါကို မစုစုနွေးက ရုပ်သိမ်းလိုက်လို့ ၊ အဲဒါ နောက်တိုးတဲ့ ပုဒ်မ အမှု ၆ မှုကို အသေအချာ မသိခဲ့ရ ဘူး၊ မစုစုနွေးက သူ့ဟာသူပဲ အမှုရင်ဆိုင်တော့မယ်ဆိုပြီး ပါဝါ ရုပ်သိမ်းဖို့ သူကိုယ်တိုင် လက်မှတ်ထိုးပေးလိုက် တာ၊ ရှေ့မှာလည်း ရှေ့နေ တွေကို မဆင်မခြင် ထောင်ချနေတာတွေလည်း ရှိနေတယ် မဟုတ်လား”ဟု မဌေးဌေးကြည် က ပြောဆိုသည်။

မစုစုနွေးအား ပထမ ဦး စွာပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅(ခ)/၃၄များဖြင့် စွဲဆိုကြောင်း၊ ၎င်းနောက် ပုဒ်မ ၁၂၄(က)အား နိုင်ငံတော်က ဖြုတ်လိုက်ကြောင်း နှင့် ၎င်းနောက်ပုဒ်မ ၁၅၂၊ ၁၃၀(ခ)၊ ၅၀၅(ခ) များဖြင့်ထပ်မံ စွဲဆိုခဲ့ရာရှေ့နေများက ကန့်ကွက်ထားကြောင်း သိရသည်။

မစုစုနွေးကို ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့် ခဲ့ဖူးသည်။

လွန်ခဲ့သော ၂ ပတ်ခန့်အတွင်း စစ်အာဏာပိုင်များက တရားရုံးကို မထီမဲ့မြင်ပြုမှု၊ တရားစီရင်ရေးကို နှောင့်ယှက် မှုများဖြင့် ရှေ့နေကိုညီညီထွေးကို ထောင် ၆ လ ချမှတ်ခဲ့ပြီး ရှေ့နေကြီး ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင် ၄ လ စီ ချမှတ်ခဲ့သည်။ တခြားသော ရှေ့နေ ကိုစောကျော်ကျော်မင်း မှာလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးအရေးယူမှုများနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်အစိုးရအား နိုင်ငံရေး လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံနေရသူများ၏ အမှုများအား အကျိုးဆောင်ပေးနေသော ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ကိုညီညီထွေးတို့ကို တရားရုံးအား မထီမဲ့မြင်မှုဖြင့် စွဲဆို၍ ဖမ်းဆီးထောင်ချ နေခြင်းကို ပြစ်တင်ရှုတ်ချ လိုက်ပြီး ၎င်းတို့ကိုအမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း နိုဝင်ဘာ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ယခုကဲ့သို့အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နေသောလုပ်ရပ်သည် နိုင်ငံတကာက စံထားသည့် လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည့်အတွက် ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ အင်အား စုများ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် ယခုအချိန်မှစတင်၍ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို တိုက်တွန်းထားသည်။

မတရားတဲ့ စွဲချက်တွေနဲ့  ချလိုက်ပြီ

ဒီလိုမတရားမှု့တွေကို ကျနော်တို့ ဘယ်လောက်ကြာကြာခါးစည်းခံကြဦးမှာလဲ?

နေဘုန်းလတ် အား ပုဒ်မ ၅၀၅ က ၂ နှစ် ၊

၃၂ ခ ...က ၃ နှစ် နဲ့ ခြောက်လ၊ အီလတ်ထရော နှစ် က ၁၅ နှစ်

စုစုပေါင်း နှစ် ၂၀ နဲ့ ခြောက်လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အလားတူ ငွေကြာရံ ကျောင်းတိုက်မှ

ဘုန်းကြီးများကိုလည်း ဆယ့်ကိုးနှစ်စီအသီးသီးချမှတ်လိုက်ပြီး၊

ကဗျာဆရာ ကိုစောဝေကိုတော့ ငါးနှစ် ချလိုက်တယ်လို့

ကြားသိရပါတယ် ။


မြန်မာ့သတင်းသမားများအတွက် လုံခြုံမှု

တရားရုံးဝန်ထမ်းများလာဘ်မစားသင့်သည့် သတင်း ဖော်ပြမှုကြောင့် စောင့်ကြည့်ဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက် အဖမ်းခံရ
ဧရာဝတီမဂ္ဂဇင်း

ပြည်တွင်း အပတ်စဉ်သတင်းဂျာနယ် စောင့်ကြည့် (News Watch) ၏ အယ်ဒီတာတဦးနှင့် သတင်းထောက် တဦးကို ဗဟန်း တရားရုံးတွင် မျက်ကွယ်အမိန့် ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ် ချမှတ်ကာ ဖမ်းဆီးသွား ကြောင်း ၎င်းဂျာနယ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

လွန်ခဲ့သည့် ၁ လဝန်းကျင်က စောင့်ကြည့်ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သော တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ် ယူသည့်သတင်း ရေးသားမှုဖြင့် ယခုကဲ့သို့ ဖမ်းဆီးခဲ့သည်ဟု ထင်ကြောင်း သတင်း ဂျာနယ်အသိုင်းအဝန်းမှ သုံးသပ်သည်။

၎င်းသတင်းကို သတင်းထောက် ကိုထွန်းထွန်းသိန်းက ရေးသားခဲ့ပြီး အယ်ဒီတာ ဦးခင်မောင်အေးက ထည့်သွင်း ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

“ဘယ်နေ့က ဘယ်လို အမိန့်ချလိုက်လဲမသိဘူး။ ၅ ရက်နေ့ ည ၇ နာရီလောက်က လာဖမ်းသွားတာပဲ။ ဖမ်းတဲ့အချိန်မှာ ဘာလို့မှန်းတောင် မသိရဘူး။ ခုအင်းစိန်ထောင်ကို ပို့လိုက်ပြီ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် သတင်းတပုဒ် ဖြစ်သောကြောင့် မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက ခွင့်ပြုထားပြီး ဖြစ်ရာ ယခုကဲ့သို့ လက်လွတ်စပယ် ဖမ်းဆီးသည့်အနေအထား မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။

အယ်ဒီတာတဦးနှင့် သတင်းထောက်တဦး ဖမ်းဆီးခံရခြင်း ဟုတ်၊ မဟုတ် ဧရာဝတီမဂ္ဂဇင်းက စောင့်ကြည့် ဂျာနယ်သို့ ဖုန်းဆက်မေးမြန်းရာ ၎င်းဂျာနယ်မှ တာဝန်ရှိသူတဦးက ဟုတ်မှန်ကြောင်း ပြော၍ ဖုန်းချသွား ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းကတည်းက စ၍ ရေတွက်လျှင် စာနယ်ဇင်းနှင့် ဆက်စပ်သည့် အသိုင်းအဝန်းမှ ဖမ်းဆီး ခံရသူဦးရေ အနည်းဆုံး ၁၁ ဦးခန့်ရှိပြီဖြစ်သည်။ ထိုအထဲတွင် “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပာယ် ထွက်သည့် ကဗျာ ရေးသားကာ အချစ်ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည့် ကဗျာဆရာစောဝေလည်း တဦးအပါအဝင် ဖြစ်သည်။

ဖေဖော်ဝါရီလကလည်း မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာ ကိုသက်ဇင်နှင့် ထုတ်လုပ်မှုမန်နေဂျာ ဦးစိန်ဝင်းမောင် တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဆက်လက်၍ ဂျာနယ်လစ် တဦးဖြစ်သူ ကိုဇော်သက်ထွေးနှင့် ၎င်း၏ အပေါင်းအပါ ၂ ဦး၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များကို ကူညီရာတွင် အားတက်သရောပါဝင်ခဲ့သည့် အီကိုဗစ်ရှင်းဂျာနယ်မှ မအိမ့်ခိုင်ဦးတို့ အဖမ်းခံရပြန်သည်။

စက်တင်ဘာလအတွင်းက ဖလားဝါးနယူးစ် ဂျာနယ်၏ သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို ပြည်ပ မီဒီယာ ဧရာဝတီ အား သတင်းပေးသည်ဟူသော စွပ်စွဲချက်ဖြင့် ထိန်းသိမ်းခဲ့ပြီး ၂ လခန့်အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။
“ဒီတိုင်းဆို ကျနော်တို့ သတင်းသမားတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ ထစ်ခနဲရှိဖမ်း။ ထစ်ခနဲရှိဖမ်းနဲ့။ ဒီကိစ္စဆိုရင် စာပေ စိစစ်ရေးမှာလည်း တာဝန်ရှိတယ်ဗျ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

Sunday, 9 November 2008

PARTY!!! PARTY!!! PARTY!!!




New Year’s Eve Dinner

Dancefor the Australian Anglo Burmese Society

December 31st 2008

7pm - Late

$25 per person includes dinner

BYO drinks

Band “Men In Black”

plus

DJ Ben

at

Somerset Street

East Victoria Park



For Tickets contact


Connie- 0439901421

Colin- 0412524372

Olive- 0414877449

Glen- 0439846806

Doug- 0414973964

Caroline- 0416620023

John- 0400441028

Carron & Douglas- 0419929095


Saturday, 8 November 2008

အားလုံးမှာတာဝန်ရှိသည်

ဒီနေ့မနက်မှာပဲ ဒီနေ့ရက်စွဲနဲ့ ကျနော်ဆီ email တစ်ခုရောက်ရှိခဲ့ပါတယ်။ email ပေးပို့သူရဲ့ details ကို ဖော်ပြမထားပဲ လက်ရေးမူနဲ့ attach file လေးတွေပဲပါရှိပါတယ်။ စိတ်ဝင်းစားလို့ဖတ်ကြည့်မိခဲ့ရာ သူ့စာအဆုံးမှာတော့ သူဘယ်သူလဲဆိုတာအမည်မှလွဲ၍ မသိခဲ့ရပြန်ပေမဲ့ သူဟာဘယ်လိုစိတ်ဓာတ်မျိုးပိုင်ဆိုင်သူ ဆိုတာသိရှိခဲ့ရပါတယ်။ ကျနော်စိတ်မှလည်း ပေးပို့သူကို လေးစားချီးကျူးမိပါသည်။ မြန်မာလူမျိုးတိုင်းရှိသင့်သော အမျိုးသားရေး စိတ်ဓာတ်မို့ စာဖတ်သူများကိုမျှဝေပေးရင်း email ပေးပို့သူကို ဤ post ဖြင့် ဂုဏ်ပြုလိုက်ပါသည်။



ကျေးဇူးတင်ရှိစွာဖြင့်
BDC