
Wednesday, 15 October 2008
Demonstration infront UN offices on 24th October
As 2008 is drawing near to an end, we have only ONE year before 2010 when military Generals are planning to hold another elections in which they have set everything to make sure to win the election and it would not be free and fair.If we cannot stop their game plan of 2010 elections, Burma would be under military rule forever and ever and ever.
Photo Opportunities1)There will be a display of Big Golden Kamauk (Kamauk is a wide-brimmed farmers hat, made of Bamboo & which became the symbol of NLD as a silent protest )
3)Impersonating Daw Aung San Suu Kyi, who had been sacrificing for freedom of 50 millions Burmese people.4)Impersonating Buddhist monk, who will represent as the whole Burmese Buddhist monks.
Tuesday, 14 October 2008
သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )
ဪ..... လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်မြတ်၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင် ... ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။
သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။
*** အဘိဓမ္မာ အခါတော်နေ့ လက်ဆောင်လေးပို့ပေးတဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ပါတယ်။
Monday, 13 October 2008
ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ
အောက်တိုဘာ ၁၃၊ ၂၀၀၈မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။
GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။
GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။ ရန်ကုန် ဗုံးပေါက်ကွဲမှုနောက်ဆုံးသတင်း
ပေါက်ကွဲမှုတစ်ခုဖြစ်ပွါး

Sunday, 12 October 2008
ယှဉ်ပြိုင်သူမရှိတဲ့ရွေးကောက်ပွဲ
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၁)
ဒီခရီးစဉ်မှာ ကျနော်တို့ ထနီး၊ မအူပင်၊ သံပရာချောင်း၊ ရွှေလောင်း၊ ကျုံမငေး စတဲ့ မြို့တွေ ရွာတွေကို ဖြတ်လာခဲ့ကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက ‘စည်းကမ်းရှိ၊ ညီညွတ်ပြီး၊ အမှန်တရားနဲ့ ကိုက်ညီတဲ့အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်’ ဆိုတဲ့စကားက ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတွေကြားမှာ စိမ့်ဝင် ပျံ့နှံ့နေတဲ့အချိန်။
Saturday, 11 October 2008
လွတ်မြောက်မှုအတွက် ပေးဆပ်သူများ
ကြည်ဝေ သြဂုတ် ၊ ၂၀၀၈
မမင်းမင်းထက်တို့လို မိသားစုဝင်များအနေနှင့် ဖခင်အိမ်ပြန်ရောက်လာပြီဆိုသော်လည်း ဘယ်နေ့ပြန်လာခေါ်ဦးမလဲ ဆိုတာ ကိုပင် အမြဲပူပန်နေရကာ စစ်ထောက်လှမ်းရေးများ လာခေါ်ပါက အဆင်သင့်ထည့်ပေးလိုက်နိုင်ရန် အတွက် ကော်ဖီမစ် ထုတ်များ၊ သောက်နေကြဆေးများ၊ ခေါက်ဆွဲခြောက်ထုတ်များစသည်တို့နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို အိတ်တလုံး ထဲတွင် စုထည့်ပြီး အမြဲအဆင်သင့်ဆောင်ထားခဲ့ရကြောင်း ၄င်းမိသားစုဝင်များ၏ ပြောပြချက်များအရ သိရှိရသည်။ "သူတို့က လူခြေတိတ်တဲ့ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုရင် အိမ်ရှေ့မှာ တံခါးလာခေါက်ပြီ၊ သူတို့ တံခါး ခေါက်သံက သူများတွေရဲ့ တံခါးခေါက်သံနဲ့ မတူတော့ ကြားရင် သူတို့ပဲ ဆိုတာ သိတယ်၊ ဒါဆို အမေက ဖေဖေ့ အတွက် ပြင်ဆင်ထား တဲ့ အိတ်ကလေးကို ဆွဲထုတ်လာတော့တာပဲ" ဟု မမင်းမင်းထက်က ဆိုသည်။Friday, 10 October 2008
"ခွပ်ဒေါင်းအားမာန်"

Appeal against Daw Aung San Suu Kyi's Detention handed at Nyaypyidaw
9 Oct 2008Wednesday, 8 October 2008
အင်တာနက်ဆိုင်တွင် အင်တာနက်သုံးသူများ လွှတ်လပ်မှုနှင့်လုံခြုံမှုမရှိ
“ကီးဘုတ်နဲ့ တပေလောက်ခွာလိုက်ပါ၊ မော်နီတာနဲ့ တပေလောက် ခွာလိုက်ပါ၊ လောလောဆယ်သုံးထားတဲ့ ဝက်ဘ်ဆိုက် တွေကို ဘာမှမလုပ်ပါနဲ့ … ထိုင်ခုံတွေကို အနောက်ဆုတ်ထိုင်ကြပါလို့အော်ပြီး ရဲတွေ ၀င်လာတော့တာပဲ” ဟု ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အင်တာနက်ကဖေး တခုအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင် ၀င်ရောက် စစ်ဆေးပုံကို ကြုံတွေ့ခဲ့သူတဦးက ရှင်းပြသည်။
လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တာမွေမြို့နယ်အတွင်းရှိ တခြားအင်တာနက်ဆိုင်တချို့ကို ရဲက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။
“ပထမ ယူနီဖောင်းနဲ့ ရဲတပ်သားတွေဝင်လာတယ် … နောက်တော့ ၃ ပွင့်နဲ့တယောက်ဝင်လာတယ် … သူနဲ့အတူ အရပ်သား တယောက်ပါလာတယ်။ သူက ကွန်ပျူတာပညာ နိုင်နင်းတဲ့သူ ဖြစ်မယ်ထင်တယ်။ ဘယ်ဝက်ဘ်ဆိုက် တွေကြည့်တယ်၊ ဘာ တွေသုံးနေတယ်ဆိုတာ အဲဒီအရပ်သားက လိုက်ပြီးကြည့်တယ်။ တကယ်လို့ ကြည့်နေတာတွေထဲက နိုင်ငံရေး ဝက်ဘ်ဆိုက် ကြည့်တာမျိုးရှိရင် ဖမ်းတာဆီးတာတွေ ဖြစ်ချင်ဖြစ်လာနိုင်တယ်၊ ဖမ်းတာဆီးတာတော့ မတွေ့ရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးငြိစွန်းသည့် အင်တာနက်ဝက်ဘ်ဆိုက်များကို စစ်ဆေးသည့်အပြင် ၎င်းတို့မသင်္ကာသူများကိုလည်း စစ်ဆေးမေး မြန်းမှုများရှိကြောင်း သိရသည်။
“အန်တီကြီးတယောက် စင်ကာပူက သူ့ယောက်ျားနဲ့ အင်တာနက်မှာ စကားပြောနေတာကို ခင်ဗျားယောက်ျားဟုတ်ရဲ့လား ဆိုပြီးမေးတော့ အဲဒီအန်တီလည်း စိတ်ဆိုးသွားပြီး ငါ့ယောက်ျားငါ ဖုန်းမဆက်ရဘူးလားလို့ ပြန်ပြောတယ် … အင်ဂျင်နီယာ ကျောင်းသားတယောက်ဆိုလည်း သင်္ဘောတည်ဆောက်ပုံတွေလေ့လာနေတာ အဲဒီသင်္ဘောကြီးက ဘာလုပ်ဖို့လဲဆိုပြီး မေးတာမျိုး …” ဟု ကိုယ်တွေ့ကြုံခဲ့သူက ပြောသည်။
ရန်ကုန်ရှိ ကွန်ပျူတာပညာရှင်တဦးက စစ်အစိုးရသည် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုမှုများကို နည်းပညာပိုင်းအရ ထိန်းချုပ်ထားခဲ့ပြီးနောက် ယခုတဖန် အင်တာနက်သုံးစွဲမှုကို အင်အားသုံးကာ ထိန်းချုပ်လာခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
“ကလေးတွေလည်း အင်တာနက်ဆိုင်တွေ သွားကြတာပဲ၊ ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်ရတာပဲ။ ကလေးတွေဆို အင်မတန် သွက်တယ်။ ဒါပေမယ့် တချို့က မသိဘဲဝင်ကြည့်မိတာမျိုးရှိတယ် … တဖြည်းဖြည်း ပိုကျပ်လာနိုင်ပါတယ်” ဟု ကွန်ပျူတာ ပညာရှင်က ပြောသည်။
စစ်အစိုးရက ၎င်းတို့၏ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တင်ပြကြသည့် အင်တာနက်ဝက်ဘ်ဆိုက် များနှင့် ဒီမိုကရေစီအတိုက်အခံများ၏ အင်တာနက် ဝက်ဘ်ဆိုက်များကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ ၀င်ရောက်ကြည့် ခွင့်မရအောင် ပိတ်ပင်ထားသည်။ ၎င်းအပြင် မည်သူမဆို အခမဲ့အသုံးပြုနိုင်သည့် ဂျီမေးလ် (www.gmail.com) အပါအ၀င် messenger ဝက်ဘ်ဆိုက်များကိုလည်း အများပြည်သူ အသုံးပြုခွင့်မရအောင် နည်းပညာဖြင့် ပိတ်ပင်ထားသည်။
လတ်တလောကြုံတွေ့နေရသော ရှောင်တခင် စစ်ဆေးမှုများနှင့်ပတ်သက်၍ “အင်တာနက်သုံးရတာ မပြေတပြေပဲဗျို့၊ သူတို့ (အာဏာပိုင်) က နိုင်ငံရေးသမားတွေကိုပဲဖမ်းချင်တာ … အခြေအနေက မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့ဗျာ” ဟု အန်အယ်လ်ဒီပါတီဝင် လူငယ်တဦးက ပြောသည်။
ရန်ကုန်မြို့ခံတဦးကလည်း “အခြေအနေ သိပ်မကောင်းဘူး။ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) က တချိန်လုံးစောင့်ကြည့် နေတယ်။ အင်တာနက်သုံးတဲ့ လူကတော့ များနေတုန်းပါ” ဟု ပြောသည်။ရှောင်တခင် စစ်ဆေးခံရသည့် တာမွေမြို့နယ်မှ အင်တာနက်ဆိုင်တချို့ အပိတ်ခံရသည်ဟူသည့်သတင်းများ ယခုတပတ် အတွင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါဆိုင်များ ယနေ့နံနက်ပိုင်းအထိ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။
Tuesday, 7 October 2008
One Year Anniversary Of ''Saffron Revolution''
This doesnt mean that wait for one more year to celebrate!!
This is telling our Burmese people that dont forget what they have done on our motherland!!
ဗမာမှန်ရင် ဒီတသက် မပြောနဲ့ နောင်ဆယ်သက်မမေ့သင့်ဘူး!!!
ဘာကြောင့် မြန်မာ ဝန်ကြီးချုပ်များ သူတို့လိုအရှက် မရှိကြပါသလဲ?
ထိုင်းနိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချောဝ်ဝလစ် ယုံဂျယုဒ် သည် ရာထူးမှ နှုတ်ထွက်ကြောင်းစာကို ယနေ့နံနက်တွင် ၀န်ကြီးချုပ်ရုံးသို့ တင်လိုက်သည်။ ရဲများက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများကို မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်နှိမ်နင်းခဲ့ အင်္ဂါနေ့ နံနက်က ဖြစ်ပွားခဲ့ပြီးနောက် တာဝန်ခံသည့် အနေဖြင့် ရာထူးမှ နှုတ်ထွက်ရခြင်း ဖြစ်သည်ဟု ချာဗလစ်၏ နှုတ်ထွက်စာတွင် ရေးသားထားသည်။ထိုင်းလူမှုအဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သော်လည်း ထိခိုက် ပျက်စီးမှုများအတွက် သူ့တွင် တစိတ်တဒေသ တာဝန်ရှိပါသည်ဟု ချာဗလစ်က နှုတ်ထွက်စာတွင် ရေးသားထားကြောင်း ထိုင်းနိုင်ငံထုတ် နေ့စဉ် သတင်းစာကြီးဖြစ်သော ဘန်ကောက်ပို့စ်၏ အင်တာနက် ၀ဘ်ဆိုဒ်တွင် ရေးသားထားသည်။ပါလီမန် အဆောက်အဦရှေ့ ဆန္ဒပြသူများကို အဓိကရုဏ်း နှိမ်နှင်းရေး ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းရာ ဒဏ်ရာရရှိသူ ၇၀ ဦးကျော် ရှိသည်ဟု သတင်းများက ဖော်ပြကြသည်။အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ဦးဆောင်နေသည့် ဒီမိုကရေစီအတွက် ပြည်သူ့ မဟာမိတ်များအဖွဲ့ (ပီအေဒီ) အဖွဲ့ဝင် ခေါင်းဆောင်တဦး ဖြစ်သည့် ဆွမ်ဆခ် ခိုးဆိုင်ဆွခ် Somsak Kohsaisuk က အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကို လာရောက် ပူးပေါင်းရန် နှိုးဆော်သည်။ ဖမ်းဝရမ်း ထုတ်ထား ခံရသူ ပီအေဒီ ခေါင်းဆောင် ကိုးဦးအနက် နှစ်ဦးဖြစ်သည့် ချိုင်ဝတ် ဆင်ဆူဝုန်း Chaiwat Sinsuwong နှင့် ဂျမ်းလောင်း ဆီမိန်း Chamlong Srimuang တို့ကို ရဲများက ပြီးခဲ့သည် သောကြာနေ့နှင့် တနင်္ဂနွေနေ့က အသီးသီး ဖမ်းဆီးပြီးသည့်နောက် ပီအေဒီ၏ လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာခဲ့သည်။
မဇ္ဈိမသတင်းဌာန မှ ကိုးကားသည်။
Monday, 6 October 2008
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ

ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက်သည့် သြဂုတ်လ၏ နေ့တနေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲစတင်သည်။ တရားဥပဒေနှင့် မညီညွတ်ဘဲ စစ်အစိုးရက မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝန်းထဲမှနေ၍ တရားမျှတမှုအတွက် တကိုယ်တော် တိုက်ပွဲတခုကို စတင်လိုက်သည်။
စစ်အစိုးရထံမှ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည်များကဖြင့် နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးအတွက် ရှေ့နေနှင့် တွေ့ခွင့်ပေးရေး၊ သဘောတူ ကတိပြုထားချက်အတိုင်း (၁) လတကြိမ် ပုံမှန် မိသားစုဆရာဝင်နှင့် ကျန်းမာရေး ဆေးစစ်ခွင့်ပေးရေး၊ မူလချမှတ်ထားသည့် တားဆီးမိန့်နှင့် မသက်ဆိုင်ဘဲ ပိတ်ပင်ခံထားရသည့် ကိုယ်ပိုင်အခွင့်ရေးများ ရရှိရေး၊ ၎င်းနှင့် အတူနေထိုင်သည့် ဒေါ်ခင်ခင်ဝင်းတို့သားအမိအား ထောက်လှမ်းရေးက လိုက်လံနှောင့်ယှက်ခြင်းမရှိဘဲလွတ်လပ်စွာ သွားလာခွင့်ပြုရေးတို့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် သြဂုတ်လ (၈)ရက်နေ့တွင် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်ကာလ (၅) နှစ်ကျော် အတွင်း ပထမဆုံးအကြိမ် စတင်တွေ့ခွင့်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်များကို ရှေ့နေကြီး ဦးကြည်ဝင်းက အာဏာပိုင်များနှင့် ညှိနှိုင်းပေးမှုများ ပြုလုပ်ခဲ့ရသည်။
ရှေ့နေ ဦးကြည်ဝင်းက “သား (၂) ယောက်ဆီက စာတွေဘာတွေလည်း သူ့ဆီမရောက်ဘူးတဲ့။ ဆင်ဆာလုပ်တဲ့ ဟာကို သူလက်ခံတယ်။ လုပ်ပါတဲ့။ လုပ်ပြီးရင်တော့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သူ့ဆီပို့ရမယ်တဲ့။ ဒုတိယက မဂ္ဂဇင်း Time မဂ္ဂဇင်း၊ Newsweek မဂ္ဂဇင်း ဖတ်ပိုင်ခွင့်ရှိတယ်။ ပိုင်ခွင့်တရပ်အနေနဲ့ ပေးရမယ်၊ ဒါပဲ။ အဲဒါလည်း ကျနော် ပြန်ကြည့်ပြီးပြီ၊ ကန့်သတ်တဲ့အထဲ မပါဘူးဗျ။ မပါဘဲနဲ့ မပေးရင်တော့ သက်သက်မဲ့ ဥပဒေကို လိုက်နာခြင်း မရှိဘူးလို့ ပြောရမှာပေါ့နော်။ အဲဒါလေးတွေ အရေးဆိုပေးရဦးမယ်။ နောက် ဒေါ်ခင်ခင်ဝင်းဆိုလို့ရင်လည်း ပင်စင်သွားမထုတ် ရဘူး။ အပြင်လည်း မထွက်ရဘူး။ အဲဒါမျိုးလေးတွေပေါ့ဗျာ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အချို့ကို ခေတ်ပြိုင်သို့ ပြန်ပြောပြသည်။
မူလကန့်သတ်ထားသည့် နေအိမ်အကျယ်ချုပ်ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီနှင့် ဆက်သွယ်ခွင့်၊ သံတမန်တို့နှင့် ဆက်သွယ်ခွင့်နှင့် ခြံအပြင်ထွက်ခွင့်တို့မှအပ ကျန်သည့် ကိုယ်ပိုင်အခွင့်အရေးများ အားလုံးကို ခံစား ပိုင်ခွင့်ရှိသည်ဟုလည်း ဦးကြည်ဝင်းက ဖြည့်စွက်ပြောသည်။
သြဂုတ်လ (၁၇) ရက်နေ့ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာအီဘရာဟင်ဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခါနီး (၁) ရက်အလို၌ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ ဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့် ပေးလိုက်ပြီး တရက်တည်း၌ပင် ယခုနှစ် ဇန်နရီလကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဆီသို့ သွားခွင့် မရတော့သည့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကိုလည်း ကျန်းမာရေးစစ်ဆေးခွင့်ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူ၏တောင်ဆိုချက်များအနက် မိသားစု ရှေ့နေ၊ ဆရာဝန်တို့နှင့်တွေ့ဆုံခွင့်တို့ ရခဲ့သော် လည်း ကျန်ရှိသည့် အခြားအခွင့်အရေးများရရှိအောင် ဆက်လက်တောင်းဆိုနေစဉ်အတွင်း ရှေ့နေဦးကြည်ဝင်းမှလွဲ၍ ကျန်သည့် ပြင်ပအဆက်အသွယ်များကို လက်မခံတော့ဘဲ ဖြတ်တောက်ပစ်ခဲ့သည်။ သြဂုတ်လ (၂၀) ရက်နှင့် (၂၂) ရက်တို့တွင် မစ္စတာ ဂမ်ဘာရီက တွေ့ဆုံရန် စောင့်ဆိုင်းနေခြင်းနှင့် အာဏာပိုင်တို့က အသံချဲ့စက်ဖြင့် ခြံဝမှ လာရောက်အော်ခေါ်ခြင်းတို့ ပြုလုပ်ခဲ့သည့်တိုင် လက်ခံတွေ့ဆုံခဲ့ခြင်းမရှိခဲ့ချေ။
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် ပြင်ပမှ စားသောက်ဖွယ်ရာများ နေ့စဉ်ဝယ်ယူပေးနေသည့် အ၀ယ်တော် ကိုမြင့်စိုး ထံမှ ဈေးခြင်းကိုမယူဘဲ ငြင်းဆန်လိုက်ပြီး အစာငတ်ခံ ဆန္ဒပြနေသည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အစာငတ်ခံ ဆန္ဒပြနေခြင်းမဟုတ်ဟု အန်အယ်လ်ဒီပါတီကရော၊ စစ်အစိုးရကပါ တုံ့ပြန်ခဲ့သည်။ တဆက် တည်းလိုပင် စက်တင်ဘာ (၁) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးကြည်ဝင်းကိုသာ တတိယအကြိမ် တွေ့ဆုံခဲ့ပြီး ဆရာဝန်နှင့် မတွေ့ဆုံတော့ခြင်း၊ စက်တင်ဘာ (၂) ရက်၌ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို မတွေ့ဆုံခြင်းတို့ ဆက်တိုက်ပြုလုပ်ကာ ရပိုင်ခွင့်များအတွက် ဆက်လက်တောင်းဆိုခဲ့သည်။
စက်တင်ဘာ (၁၁) ရက်၌ ရှေ့နေဦးကြည်ဝင်း စတုတ္ထအကြိမ်သွားရောက်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုများကို နအဖ စစ်အစိုးရက လိုက်လျောခဲ့ရသည်။ မိသားစုပေးစာများ၊ မဂ္ဂဇင်းများ၊ အိမ်သုံး အီလက် ထရောနစ်ပစ္စည်းများနှင့် တကိုယ်ရေသုံးပစ္စည်းများ သွင်းယူခွင့်၊ ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မနက် (၆) နာရီမှ ညနေ (၆) နာရီိထိ ၀င်ထွက်သွားလာခွင့်တို့ရရှိခဲ့သည်။
တောင်းဆိုချက်အချို့ရပြီးနောက် စက်တင်ဘာ (၁၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်း၏ ဆေးကုသမှုခံယူခဲ့ပြီး နောက်တနေ့တွင် အ၀ယ်တော်၏ ပြင်ပမှဈေးခြင်းတောင်းကို ပြန်လက်ခံယူခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်၏ တောင်းဆိုချက်များ အားလုံးနည်းပါးကို စစ်အစိုးရက လိုက်လျောလိုက်ပြီဖြစ်ကြောင်း၊ နေအိမ် အကျယ်ချုပ် တားဆီးမိန့် အယူခံဝင်ရန်သာ ကျန်တော့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အယူခံဝင်ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့်ချထားခြင်းသည် တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် အယူခံဝင်ခြင်းလား သို့တည်းမဟုတ် တားဆီးမိန့် သက်တမ်း (၅) နှစ်ကျော်နေသဖြင့် ဥပဒေအရ ဖမ်းဆီးခွင့် မရှိ တော့ဟု ယူဆသဖြင့် အယူခံခြင်းလားဟု မေးမြန်းစရာရှိသည်။ အန်အယ်လ်ဒီပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကမူ (၂) မျိုးလုံးအတွက် အယူခံဝင်မည်ဟု အဖြေပေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံဝင်ရေးကိစ္စကို အန်အယ်လ်ဒီက ယမန်နှစ်ကတည်းက စတင် ကြိုးပမ်းနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ (၂၇) ရက်နေ့၌ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ်ထပ်တိုးလိုက်ချိန်၌ တားဆီးမိန့်နှင့် ပတ်သက်၍ တရား ဥပဒေအရ စိန်ခေါ်မှုများ အသံပိုမို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ယေဘုယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခု မေလ (၃၀) ရက်နေ့ ဒီပဲယင်းလုပ်ကြံမှုတွင် ဖမ်းဆီးခံ ရသဖြင့် ၂၀၀၈ ခု မေလတွင် ဖမ်းဆီးခံနေရသည့် အချိန်ကာလ (၅) နှစ်ပြည့်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဥပဒေက ခွင့်ပြုထားသည်မှာ သက်တမ်းအများဆုံး (၅) နှစ်သာရှိသဖြင့် ဆက်လက်ဖမ်းဆီးခွင့်မရှိတော့ဟု အန်အယ်လ်ဒီက ပြောသည်။ သို့သော် စစ်အစိုးရက (၆) နှစ်ထိ ဖမ်းဆီးထားနိုင်သည်ဟု ယူဆထားပုံရသည်။
ဦးဉာဏ်ဝင်းက “အယူခံက တားဆီးမိန့်ချထားတာဟာ တရားမ၀င်ဘူးဆိုတာရယ်။ ကန့်သတ်ခွင့် သက်တမ်း (၅) နှစ် ထက် ကျော်နေတာရယ် (၂) ခုလုံးပါတယ်။ အဓိကက (၅) နှစ်နဲ့ (၆) နှစ် နှစ်ဘက် အငြင်းပွားစရာ ပြဿနာကတော့ ရှိတာပေါ့။ ပိုပြီးတော့ အရေးကြီးတာက ပုဒ်မ (၇) မှာ အချုပ်အခြာအာဏာကို ထိပါးခြင်းနဲ့ အေးချမ်းသာယာရေးကို ထိပါးခြင်း ဒီ (၂) ခုအပေါ်မှာ အရေးယူတာ။ ပြောရရင် ဒီ (၂) ခုစလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ခြင်း မရှိဘူး။ ဒါကြောင့် ဒီလိုအရေးယူပြီး ထိန်းသိမ်းထားတာ မှားတယ်လို့ ဥပဒေ အမြင်အရပြောမှာပါ” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားရာတွင် ၁၉၇၅ ခု ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၃) အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူထားသည်ကို တွေ့ရမည်ဖြစ်သည်။
ထို ဥပဒေ အခန်း (၃ ) ပုဒ်မ (၇ ) ၌ “နိုင်ငံသားတဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှု တခုခုကို ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလအခွင့်အရေး တရပ်ရပ်ကို လိုအပ်သလိုကန့် သတ်မိန့် ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထိုအချက်နှင့်ငြိစွန်းသည်ဟု နအဖစစ်အစိုးရက စွပ်စွဲပြီး တားဆီးမိန့် ထုတ်ကာ နေအိမ် အကျယ်ချုပ်ချထားခြင်းဖြစ်သည်။
မူလ ၁၉၇၅ ခု ဥပဒေသတ်မှတ်ချက်အရ အရေးယူခံရသူအား ဗဟိုအဖွဲ့ က (၁) နှစ်အထိတားဆီးမှု ပြုလုပ်နိုင်ကြောင်း၊ ထိုကာလထက် ကျော်လွန်၍ ဆက်လက်တားဆီးမှုပြုလုပ်ရန်လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုချက် ရယူရ မည်ဖြစ်ကြောင်း၊ ၀န်ကြီးအဖွဲ့က ခွင့်ပြုချက်ပေးရာတွင် တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းချက်၌ရှိသည်။ ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဦးဆောင်ပြီး နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင်ဖြစ်သည်။ ၀န်ကြီးအဖွဲ့ကို ၀န်ကြီးချုပ်က ဦးဆောင်သည်။
အဆိုပါ ၁၉၇၅ ဥပဒေ ပြဋ္ဌာန်းချက်ကို ၁၉၉၁ ခု သြဂုတ်လ (၉) ရက်၌ န၀တ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး စောမောင်အမိန့်ဖြင့် ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ကို “တကြိမ်လျှင် ရက်ပေါင်း (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ” အစား “တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ” ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ သည်။
ယင်းဥပဒေပြဋ္ဌာန်းချက်ပေါ်လိုက်၍ ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅)နှစ် စုစုပေါင်း (၆) နှစ်ချမှတ်နိုင်ကြောင်း နအဖစစ်အစိုးရက အဓိပ္ပာယ်ကောက်ယူပြီး အန်လယ်လ်ဒီပါတီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားသဖြင့် ဗဟိုအဖွဲ့နှင့် ၀န်ကြီးအဖွဲ့ပေါင်း၍ စုစုပေါင်း (၅) နှစ်ဟု အဓိပ္ပာယ် ကောက် ယူကြောင်း ပြောသည်။
မည်သို့ အဓိပ္ပာယ်ကောက်ယူသည်ဖြစ်စေ တားဆီးမိန့်ဖြင့် အရေးယူခံထားရသူတဦးကို ကန့်သတ်ရာ၌ အချိန်ကာလ အပိုင်းအခြားအားဖြင့် အတိုတောင်းဆုံး ဖြစ်စေရမည်ဟု ပြဋ္ဌာန်းချက်မျိုး ဥပဒေ၌ ပါရှိသလို အရေးယူခြင်းခံနေရသည့် ကာလအတွင်း အယူခံဝင်ခွင့်ရှိသည်ဟုလည်း ပါရှိသည်။ သို့သော် ချမှတ်ထားသည့် တားဆီးမိန့်အား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းတို့ကို ၁၉၇၅ခု ဥပဒေ၌ ပြည်သူ့တရားသူကြီးအဖွဲ့ ကိုရော၊ ၀န်ကြီးအဖွဲ့ကိုပါ လုပ်ပိုင်ခွင့်ပေးထားရာမှ ၁၉၉၁ ခု သြဂုတ်လက ဥပဒေပြင်ဆင်ရာတွင် ပြည်သူ့ တရားသူကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်ကို စစ်အစိုးရက လုံးဝပယ်ဖျက်ခဲ့သည်။
သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ထားသည့် တားဆီးမိန့်အား လိုအပ်သလိုပြင်ဆင်ပယ်ဖျက်ခွင့် ရှိသည့် အာဏာသည် ၀န်ကြီးအဖွဲ့၌သာရှိပြီး ၀န်ကြီးအဖွဲ့ကလည်း ၎င်းတို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ချမှတ်ထားသည့် တားဆီး မိန့်အား ပြန်ပယ်ဖျက်၍ အယူခံဝင်လာမှုကို လက်ခံစဉ်းစားရန်မှာ ဖြစ်နိုင်ခြေမရှိဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ဗဟိုတရားရုံးရှေ့နေတဦးက ယူဆသည်။
အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းကလည်း “ ဒီဥပဒေမှာ ၀န်ကြီးအဖွဲ့က တားဆီးမိန့်သက်တမ်း တိုးချဲ့ ဖို့ကို ဥပဒေအရ အခွင့်အာဏာရှိတယ်။ အခုကျနော်တို့ကလည်း ၀န်ကြီးအဖွဲ့ကိုတင်ရမယ်။ ဥပဒေရဲ့ ချို့ယွင်းချက် တော့ ဒီမှာဖြစ်နေတာအမှန်ပဲ။ မိမိချမှတ်ထားတဲ့ အမိန့်ကို မိမိထံမှာ အယူခံဝင်တဲ့သဘော။ ဒါဟာ ဥပဒေ လုပ်ထုံး လုပ်နည်းအရ ဆိုရိုးစကားတွေအရ ဒါဟာ ဘယ်တော့မှမဖြစ်ရဘူး။ ဒါဥပဒေရဲ့ မှားယွင်းချက်ပေါ့” ဟု ပြောသည်။
လက်တွေ့အခြေအနေ၌ အယူခံဝင်ရေးကိစ္စသည် ဥပဒေကြောင်းအရ အခက်အခဲအတားအဆီးများ ရှိနေသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အားလည်း မည်သည့်နေ့ရက်မှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်ဆို သည်မှာလည်း စစ်အစိုးရထံမှ တားဆီးမိန့် မိတ္တူမရရှိသေးဘဲဖြစ်နေသဖြင့် နေအိမ်အကျယ်ချုပ်ကျခံ နေရသည့် ကာလတွက်ချက်မှုက အမျိုးမျိုးဖြစ်နေဆဲဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အများဆုံးထိန်းသိမ်းနိုင်သည့်ကာလသည် ပြည်ထဲရေးဝန်ကြီးက (၁)နှစ် ၊ ၀န်ကြီးအဖွဲ့က (၅)နှစ်စုစုပေါင်း (၆) နှစ်ဖြစ်ကြောင်း၊ ယင်း (၆) နှစ်ကာလသည် လာမည့်နှစ်ဝက်ခန့်တွင် ပြည့် တော့မည်ဟု ပြီးခဲ့သည့် ဇူလိုင်လ စင်ကာပူနိုင်ငံတွင်ကျင်းပသည့် အာဆီယံ ၀န်ကြီးများအစည်းအဝေးပွဲတွင် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောကြားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျရိုးက ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားပြီးနောက်မှ တခါပြန်၍ နားလည်မှုလွဲမှားသွားခြင်းဖြစ်ကြောင်း၊ တကယ်တမ်းတွင် ၂၀၀၉ ခု မေလမှာ (နောက်ထပ် (၆) လအကြာတွင်မှ) ထိန်းသိမ်းထားသည့် အကျယ်ချုပ်သက်တမ်း (၆) နှစ်ပြည့်မည်ဟု မြန်မာဘက်က ပြန်ရှင်းပြခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖြေရှင်းချက်ထပ်မံထုတ်ပြန်ခဲ့သည်။
ထိုပြောဆိုချက်ကို ထောက်ရှု၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်း ၂၀၀၉ နိုဝင်ဘာ တွင်ပြည့်မည်ဟုယူဆနိုင်ပြီး ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလုပ်ကြံမှုအပြီး နိုဝင်ဘာလတွင်မှ ပုဒ်မ ၁၀ (ခ) ဖြင့် စအရေးယူခြင်းဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။ ၂၀၀၃ မေလမှ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အင်းစိန်ထောင်၊ အာရှတော်ဝင်ဆေးရုံနှင့် နေအိမ်တို့၌ တလှည့်စီနေခဲ့ရသည်။ ထိုကာလအတွင်း မည်သည့်ပုဒ်မဖြင့် အရေးယူထားသနည်းဟု စစ်အစိုးရအား မေးခွန်းထုတ်ရန်လိုသည်။
နေအိမ်အကျယ်ချုပ်သက်တမ်းတွက်ချက်မှု မည်သို့ပင်ဖြစ်နေစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် ဒီပဲယင်း အကြမ်းဖက်မှု၌ ပြစ်မှုကျူးလွန်သူမဟုတ်ဘဲ ပြစ်မှုကျူးလွန်ခြင်းခံခဲ့ရသူဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် စကတည်းက ဥပဒေကြောင်းအရ မှားယွင်းနေသည်ဟု မြန်မာနိုင်ငံရှေ့နေများ ကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကလည်း သူ့အမြင်ကိုပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အယူခံဝင်သည့်ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းတယောက်တည်းအတွက်သာမက မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုရှိရေးနှင့် တရားဥပဒေကို လေးစားလိုက်နာမှုရှိလာစေရေး ရည်ရွယ်လုပ်ဆောင်သည့် ဆောက်ရွက်ချက်ဖြစ်သည်ဟု ပြောကြားသည်။
ဦးဉာဏ်ဝင်းက “ရိုးရိုးလေးပဲပြောချင်ပါတယ်။ ခုကျနော်တို့အယူခံဝင်တယ်။ ဥပဒေနဲ့အညီဖြစ်အောင် ကြိုးစားဆောင် ရွက်တယ်။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ ကျနော်တို့လုပ်တာ။ သို့သော် ဒီရဲ့အကျိုးရလဒ်ဟာ ဒေါ်အောင် ဆန်းစုကြည် တယောက်အတွက်မဟုတ်ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးအတွက်၊ တရားဥပဒေအတိုင်း ဆောင် ရွက်ကြပါ။ တရားဥပဒေဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်။ အဲ့တော့ အထူး သဖြင့် တရားဥပဒေ စိုးမိုးရေးကို တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျနော်တို့ဟာ တရား ဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်၏အယူခံကို စစ်အစိုးရကလက်ခံစဉ်းစားမည်လား၊ အယူခံ အနိုင်ရမည်လား၊ ရှုံးနိမ့် သွားမည်လား သို့တည်းမဟုတ် စစ်အစိုးရ ယူဆထားသည့်အတိုင်း လာမည့်နှစ် နိုဝင်ဘာလကုန်နေအိမ် အကျယ်ချုပ် သက်တမ်း (၆) နှစ်ကုန်ပါက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာမည်လား။ ပြန်မလွှတ်ပေးဘဲ နောက်ဥပဒေ တမျိုးနှင့် ထပ်ဖမ်းဆီးဦးမည်လား။ အကယ်၍ ပြန်လွတ်လာမည်ဆိုပါကလည်း နအဖကြံစည်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲကို ရိုက်ခတ်မှု မည်သို့ရှိလာမည်နည်းဆိုသည်မှာ စဉ်းစားဖွယ်ရာများဖြစ်သည်။
တဖက်ကပြန်ကြည့်လျှင် တရားဥပဒေ မလေးစားသည့် မြန်မာစစ်အစိုးရလက်ထက်တွင် အမှန်တကယ်လွတ်မြောက်ဖို့ ခက်ခဲမှန်း ဒေါ်အောင်ဆန်းစုကြည် မသိမဟုတ်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲသည် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရေးထက် ဒီမိုကရေစီတိုက်ပွဲဝင်ရာတွင် စစ်အစိုးရ၏ မတရားချုပ်နှောင်မှုကို အကျဉ်းခံဘ၀မှ စိန်ခေါ်သည့်ပွဲဖြစ်သည်။ တရားဥပဒေ မလေးစားသည့် စစ်အစိုးရကို တရားဥပဒေဘောင်တွင်းက တိုက်ပွဲဝင်ခြင်းဖြင့် အနိုင်အရှုံးထက် ခေါင်းဆောင်တဦး၏ စိတ်ဓာတ်ခိုင်မာမှုကို မှတ်ကျောက်တင်သည့် တိုက်ပွဲဖြစ် သည်။ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေကြောင်း ကမ္ဘာကသိအောင် လက်ခမောင်းခတ်သည့် တိုက်ပွဲဖြစ် သည်။
မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မတရားသဖြင့် ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားမှု၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေဘောင်အတွင်းမှ အယူခံဝင်ရန်ကြိုးပမ်းမှုနှင့် အကျဉ်းသားတဦး၏ ရပိုင်ခွင့်အခွင့်အရေးများ ပြန်လည်ရရှိအောင် တောင်းဆိုတိုက်ပွဲဝင်မှုတို့သည် အနာဂတ် မြန်မာနိုင်ငံ၏ တရားစီရင် ရေးနှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှတ်တမ်းတွင် စံနမူနာယူစရာပြရုပ်တခု အဖြစ် ကျန်ရှိနေမှာ သေချာ သည်။
Sunday, 5 October 2008
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၀)
စက်တင်ဘာ၊ ၂၀၀၈
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
ကျနော်တို့သင်္ဘော ကျုံမငေးဆိပ်ကမ်းကို ၀င်လာပြီ ဆိုကတည်းက ကျုံမငေးမြို့ လူထုကြီးရဲ့ ကမ်းလုံးညွတ် ကြွေးကြော်နေတဲ့ အသံတွေကို ကျနော်တို့ ကြားလိုက်ကြရပါပြီ။
ကျုံမငေးကို ၀င်လာတဲ့ အချိန်ကတော့ မနက်ပိုင်း ဖြစ်ပါတယ်။ ရွှေလောင်းဟာ ၀ါးခယ်မမြို့နယ် အပိုင်ပါ။ အခု ကျနော်တို့ရောက်လာတဲ့ ကျုံမငေးကလည်း ၀ါးခယ်မမြို့နယ်အပိုင်ပါပဲ။
ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ်ဝဲယာ လမ်းနှစ်ဖက် ပြည့်ညပ် တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်း ဖြဖြ ကြိုဆိုနေကြပါတယ်။ ကျုံမငေးမြို့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းတွေ၊ ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင် ပေးအပ်ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တဖက်က ပန်းစည်းတွေကိုပိုက်လို့၊ ကျန်တဖက်နဲ့ လူထုကို ဝှေ့ယမ်း နှုတ်ဆက်ပြီး လျှောက်လာပါတယ်။
ကျနော်နဲ့ ဗိုလ်ကြီးဝင်းထိန်တို့က ရှေ့ဆုံးကပါ။
အဲဒီမှာပဲ ကျနော်တို့ရဲ့ရှေ့မှာ ကြီးစွာသော အဟန့်အတားတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့တာပါပဲ။
စစ်သားအယောက် လေးငါးဆယ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းလာတဲ့ လမ်းမ အလယ်ကောင်မှာ မုဆိုးဒူးထောက်၊ သုံးလေးတန်းဆင့်ပြီး သေနတ်တွေနဲ့ ကျနော်တို့ကို ချိန်ရွယ်လို့ ထားပါတော့တယ်။
ကျနော် ရှေ့ကိုလျှောက်သွားရင်း အမိန့်ပေးနေတဲ့ စစ်သား ဆရာကြီးကို ဒေါ်အောင်ဆန်းစုကြည် စွယ်တော်ဘုရား သွားဖူးမယ် ဆိုတဲ့အကြောင်း တင်ပြပြီး လမ်းကြောင်း တောင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ စစ်သားဆရာကြီးက ‘ဟေ့လူ ခင်ဗျား ရှေ့တိုးမလာနဲ့၊ ဟေ့လူ လုံးဝ ရှေ့တိုးမလာနဲ့’ ဆိုပြီး ကျနော့်ကို လှမ်းပြောပါတယ်။ ကျနော်လည်း ဟန်ကိုယ့်ဖို့ပဲ ဆိုပြီး ရှေ့ကို နောက်ထပ် နှစ်လမ်းသုံးလမ်း တိုးလိုက်တဲ့အချိန်မှာတော့...
‘ကျည်ထိုး၊ အသင့်ပြင်’ ဆိုတဲ့ အမိန့်သံနဲပအတူ သေနတ်မောင်းတွေ တဖြောင်းဖြောင်း ဆွဲတင်လိုက်ကြတဲ့ အသံတွေ မြည်ဟိန်း ထွက်ပေါ်လာပါတော့တယ်။
ရှေ့မှာတယောက်တည်း ကျွံထွက်နေတဲ့ ကျနော်လည်း ပထမတော့ နည်းနည်းကြောက်သွားပါတယ်။ နောက်တော့ ဣနြေ္ဒရရပဲကိုယ်ရှိန်သတ်လိုက်ပါတယ်။ အခုအမိန့်ပေးနေတဲ့သူက လက်မောင်းမှာ နှစ်ရစ်နဲ့ တပ်ကြပ်အဆင့်ပါ။
ဦးဝင်းထိန် အမိန့်ပေးအော်ဟစ်နေတဲ့ တပ်ကြပ်စစ်သားကြီးကို ကျနော်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့က တာဝန်ရှိတဲ့ အထက်အရာရှိနဲ့ တွေ့ဆုံပြီး ဆွေးနွေးလိုကြောင်းပြောတဲ့အခါမှာတော့ အဲဒီ တပ်ကြပ်က ‘မလိုချင်ဘူး၊ ခင်ဗျားတို့ ထပ်ပြီး ရှေ့တိုးမလာပါနဲ့’ ဆိုပြီး သေနတ်တွေ ကျည်ထိုး မောင်းထိုး ဖြောင်းဒိုင်း ဖြောင်းဒိုင်း လုပ်ပြန်ပါရောပဲ။ အဲဒီအချိန်မှာပဲ ကျနော်တို့နောက်ကနေ ဖုန်းဖုန်း ဖုန်းဖုန်းနဲ့ စစ်ဗိုလ်တယောက် ဒရောသောပါး ပြေးလာပြီး သူ့လူတပ်ကြပ်ကို ‘ဆရာကြီး မလုပ်နဲ့၊ မလုပ်နဲ့’ လို့ ၀င်တားပါတော့တယ်။ သူကတော့ ၀ါးခယ်မမြို့နယ် မ၀တ ဥက္ကဋ္ဌ ဗိုလ်မှူးခင်အောင်လို့ ထင်ပါတယ်။ ဗိုလ်မှူးခင်အောင်နဲ့ ကျနော်တို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် စွယ်တော် ဘုရားဖူးဖို့၊ NLD တိုက်နယ်ရုံးမှာ ဒီမိုကရေစီလူထုနဲ့ တွေ့ဆုံဖို့ကိစ္စတွေ အားလုံး အဆင်ပြေလို့ သွားပါပြီ။
စစ်တပ်က ကျနော်တို့အဖွဲ့ကို အထူး မေတ္တာရပ်ခံတာကတော့ မြို့လူထု အနေနဲ့ ဆူဆူပူပူ လုပ်ပြီး အကြမ်းမဖက်ဖို့ပါပဲ တဲ့။ မြို့လူထု အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ချစ်တဲ့စိတ်၊ ထောက်ခံတဲ့စိတ်နဲ့ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’လို့ ကြွေးကြော် ဆုတောင်း မေတ္တာပို့သနေကြတာပါ။ လူထုဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ အဲဒီနေ့က ကျုံမငေးမှာ စစ်တပ်အခြံအရံနဲ့ စွယ်တော် ဖူးခဲ့ရတယ်။ စစ်တပ်အခြံအရံနဲ့ NLD ရုံးမှာ လူထုနဲ့ တွေ့ဆုံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း ပြောနေတဲ့ အချိန်မှာ စစ်သားတွေဟာ သေနတ် အောက်စိုက်ပြီး နားစွင့်နေကြတာပဲ မဟုတ်လား။ ကျနော်တို့ လပွတ္တာကို ရှေ့ခရီးဆက်ဖို့ သင်္ဘောဆိပ်ကို ပြန်ဆင်းလာတဲ့ လမ်းမှာတော့ စစ်တပ်က ဘယ်လိုမှ ထိန်းလို့မရတော့တဲ့ လူအုပ်ကြီးကို ဖြိုခွဲဖို့ ကျနော်တို့ကို ဟန့်တားခဲ့တဲ့ တပ်ကြပ်ကပဲ ကျနော့်ဘေးကနေ သေနတ်သံ လေးငါးဆယ်ချက် မိုးပေါ်ထောင်ဖောက်လိုက်ပါတော့တယ်။ ဒါဟာလည်း လူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်ကြောက်နဲ့ ဂုဏ်ပြုလိုက်တဲ့ သေနတ်သံတွေလို့ပဲ ကျနော်တို့ အားလုံး မှတ်ယူလိုက်ကြတယ်လေ။ ကျုံမငေးမြို့သူ မြို့သားများ ကျန်းမာ ချမ်းသာ ဘေးရန်ကင်းဝေးကြပါစေ။
*မိုးမခ မှ ရယူတင်ဆက်ပါသည်။ (မူရင်း - Radio Free Asia, Burmese Service)
Thursday, 2 October 2008
Implement 1990 Elections Result in Burma
Burma is located in South-East Asia and shares the border with China, Laos, Thailand, Bangladesh, and India. The military has dominated government since General Ne Win led a coup in 1962 to 1988. In 1988, students led the mass uprising and eventually managed to topple the one party rule led by General Ne Win. Another military regime came to power on 18 September 1988 and gunned down more than 3000 peaceful protesters. Due to the increase domestic and international pressure, junta promised to hold the election in 1990 and National League for Democracy (NLD) led by Aung San Suu Kyi won the landslide victory. The ruling junta refused to hand over power and instead put Aung San Suu Kyi under house arrest and imprisoned thousands of political dissidents. "If this country is to achieve genuine democracy, the result of the elections of 1990 must be recognized. It must be recognized by the military regime, as it has been recognized by the people, and by the world at large. It is through this recognition that we will be able to make genuine progress in Burma. The results of the 1990 General Elections must be implemented is a resolution already taken by the United Nations. We already know that the General Assembly of the United Nations has accepted the notion that the will of the people has been expressed in the 1990 General Elections. This is something we cannot abandon. It will be to the detriment of our country if after an election has been held the results are not honoured and we do not resist attempts to trivialise it", once Aung San Suu Kyi insisted. We cannot ignore the lives of people scarified in 1988 mass uprising when more than 3000 people were gunned down, we cannot forget 2007 Saffron revolution when soldiers and riot police beaten and opened fire on Buddhist monks and peaceful demonstrators and we cannot close the eyes to the suffering of the heroes of Burma who are now in prisons and who were in prisons sacrifice their lives, faced torture and brutal treatment in order to show their aspiration for democracy. A tremendous responsibility rests upon the United Nations Organisation to a far better end, and we are looking for a more positive and bolder lead of the United Nations as military regime is trying to nullify the results of the 1990 elections result by planning to hold another election in 2010. Burmese people show their destiny, their will and sacrifice their lives already. United Nations must step up further in order to solve Burma crisis and actions needed to be taken practically focusing on to implement 1990 Elections result. The solution for the crisis of Burma is to recognize 1990 election result to restore democracy and rule of law where everyone can enjoy the freedom of speech, press, beliefs and assembly that emphasizes the protection of individual rights. This is time to take actions and not words. Military government bought the time for 20 years and we should not let it happen anymore. United Nations must set out the dead lines to transfer power to Aung San Suu Kyi’s party National League for Democracy (NLD) by 2010. We don't want any more waiting games. General Assembly of the United Nations has accepted the notion that the will of the people has been expressed in the 1990 General Elections. International community strongly condemned the junta for refusing to allow elected representatives to meet as a People's Assembly and for failing to honour the results of the elections and hand over power. UN General Assembly has since 1991 passed successive annual Resolutions calling on Burma "to restore democracy and implement the results of the 1990 elections". Burma Democratic concern from United Kingdom launched the global online petition to implement 1990 Elections result so as to restore peace, stability and national reconciliation in Burma.Everyone can sign this petition to support the freedom of Burma.
Wednesday, 1 October 2008
Sittwe monks demand release of detained monk

Members of the Sittwe monks' union have called for the release of U Eitthriya, who was sentenced to seven and a half years in prison for his involvement in public demonstrations last year.The monks made their demand on 28 September and also called for the release of all political prisoners, including monks, arrested in connection with last year's Saffron Revolution.
Burma Democratic Concern
Tuesday, 30 September 2008
Are GambAre Gambari and Ban Ki Moon impartial in Burma crisis?
Burma has been ruled by military junta for half the century and people have been suffering very dearly. People of Burma had voted overwhelmingly in 1990 elections to National League for Democracy led by Aung San Suu Kyi- proofing that they support her party and they have confidence in her leadership. They showed their support already and the next step should be implementing the result of the elections. Since then, military junta ignores to honour the result of 1990 elections and political persecution intensified, oppressing political dissidents, imprisoning activists and suppressing NLD itself.Gambari doesn’t have clear cut policy on Burma and he doesn’t know what he is doing. United Nations’ special adviser and secretary general Ban Ki Moon must know that people of Burma. UN should not be the one which takes side with the illegitimate regime.
"We would like to give the very clear message to the United Nations that we do not recognize junta's seven steps road map or 2010 election plan. This is the true desire of Burmese people coming from the bottom of our hearts and the results of the 1990 General Elections must be implemented accordingly."
“The solution of the current crisis of Burma is to implement 1990 elections result and transfer the power to democratically elected leader and party. Whosoever is going to Burma if he/she cannot bring about tangible outcome from the visit, it will be the same old story and waste of time,” said Myo Thein, Director of Burma Democratic Concern (BDC).
Special Adviser Ibrahim Gambari must say junta’s 2010 Elections plan and seven-step road map are no longer relevant. His visits to Burma should come out tangible results; to take place genuine time-bound dialogue between democratic forces led by Aung San Suu Kyi and junta leaders led by Senior General Than Shwe in 2008. If Burmese regime is willing to see national reconciliation, they must come to discussion table and must release all political prisoners unconditionally. This is the first step forward and they must prove it by doing so.
Aung San Suu Kyi said that "I am ready to cooperate with the government in order to make (the) process of dialogue a success."
United Nations must enforce military Junta to honour the 1990 election result now, not another junta’s election in 2010. A tremendous responsibility rests upon the United Nations Organisation to a far better end, and we are looking for a more positive and bolder lead of the United Nations. The military regime is clearly ignoring the results of the 1990 elections and now it is questionable that United Nations is following their footstep. United Nations must enforce the military regime to recognize the 1990 election results and take action on it now.
Aung San Suu Kyi said very crystal clearly that “If this country is to achieve genuine democracy, the result of the elections of 1990 must be recognized.”
We cannot ignore the lives scarified in 1988 mass uprising when more than 3000 people were gunned down, we cannot forget 2007 Saffron revolution when soldiers and riot police beaten and opened fire on Buddhist monks and peaceful demonstrators and we cannot close the eyes to the suffering of the heroes of Burma who are now in prisons and who were in prisons sacrifice their lives, faced torture and brutal treatment in order to show their aspiration for democracy.
"To ignore the result of the 1990 elections is to have total disrespect for the people and is also an insult to the people”, Aung San Suu Kyi again said very firmly.General Assembly of the United Nations has accepted the notion that the will of the people has been expressed in the 1990 General Elections. International community strongly condemned the junta for refusing to allow elected representatives to meet as a People's Assembly and for failing to honour the results of the elections and hand over power. UN General Assembly has since 1991 passed successive annual Resolutions calling on Burma "to restore democracy and implement the results of the 1990 elections".
United Nations must not desert people of Burma by falling into the junta’s seven step road map and 2010 Election plan. This is time to take actions and not words. Military government bought the time for 20 years and we should not let it happen anymore. United Nations must set out the dead line to transfer power to National League for Democracy by 2010.
UN must force military regime to do genuine time bound dialogue in 2008 with democratic forces led by Aung San Suu Kyi, 2009 should be transitional period and 2010 should be actually transferring power to National League for Democracy. We don’t want any more waiting games. If military regime doesn’t understand carrot and then, it is time to use stick. United Nations must step up further in order to solve Burma crisis and actions needed to be taken practically focus on to implement 1990 Elections result.
00 44 787 788 2386[United Kingdom]
00 44 798 346 0124 [United Kingdom]
001 941 961 2622[United States]
00 66 4107 9352 [Thailand]
Thursday, 25 September 2008
Needed to take Action on Burma
This is where you going to end up, if you are a person,who respect for Human Rights in Burma.
Friday, 15 August 2008
8.8.08 Event in United Kingdom
8.8.08 Joint protest organized by Burma Democratic Concern,Zimbabwe vigil and the tibet society in the UK
In front of the Chinese Embassy in London on 8th August 2008, we commemorated the 20th Anniversary of 8.8.88 massacre in Burma as Global Burma Day. More than 500 people turned up and it went very well.
A lot of international media came and we can send the very strong and powerful message to the Chinese government that they must stop supporting military regime in Burma. We were joined by Tibet, Zinbabwe and Sudan democratic activists who are all victims of Chinese government use of VETO, supression and supporting dictators.
There was a black coffin in display to exhibit the lives of lost heroes in the freedom struggle. We also laid flower weaths and flowers as well. Almost all of the people wore black clothing as the sign of sadness. There was a person wearing like the Chinese holding the sign of VETO on the Chines fan at one hand and at the another hand holding three chains attached to three people impersonating as Burmese, Zinbabwe and Sudan dictators. Participants hold the placards saying Chinese government supporting military regime in Burma and Chinese government stop abusing VETO power. Activist also shouted the slogans of
China Gain-Burma Pain
China-Don't abuse VETO power
China-Stop supporting injustice in Burma
China-Stop supporting illegitimate regime in Burma
Wednesday, 18 June 2008
Burma stakeholders meeting

Today Burma Democratic Concern attended the Burma stakeholders meeting in United Kingdom.
Friday, 6 June 2008
Burma Democratic Concern believes that the solution for the crisis of Burma is restoring democracy and rule of law. Burma Democratic Concern is embarking on flourishing democracy in Burma where everyone can enjoy the freedom of speech, press, beliefs, assembly and rule of law that emphasizes the protection of individual rights.
Burma Democratic Concern is equipped with participants who had political background and in depth knowledge of Burma issues. They had experiences in the past and engaging in current activities. They have the firm determination to carry on doing until the democracy restore in Burma.
The work is largely inspired by their experiences and the appalling conditions they encountered inside Burma. Burma Democratic Concern members are human rights activists and student activists consistently attempting to defend the human rights abuses in Burma.
Our Patrons;
Venerable U Uttara, Dr. Salai Tun Than, Dr. Win Naing, U Tint Swe Thiha, Dr. Khin Wynn Nwe, U Tun Aung Kyaw, U Moe Thee Zun, Dr. Khin Sein, Daw Khin Aye Aye Mar, U Zar Ni(88 Generation Student-Exile), Du Wa M Zaw Aung, U Zaw Win Thint, U Soe Mo.
| ..::APPLY MEMBERSHIP ONLINE::.. |
If you are not a member yet, please fill up under the following form and apply membership online for free. We are organizing the new members who are interested in freedom of Burma and take part in our a part of organization. |
|
..::Burma Democratic Concern::..
(Registered Office)
2nd Floor, 145-157 St. John Street, EC1V 4PY
London, United Kingdom
Tel: +44 208 4939 137, +44 78 7788 2386
Fax: +44 208 6269 045
.........................
415 - S Vancouver St
#B Kennewick Washington State
WA - 99336
USA
Tel: 001- 941-961-2622
..........................
Thailand
Tel: 00-66-410-79352
...........................


