Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday, 13 October 2009

Student Movements Ko Ba Hein to Kyaw Ko Ko by Aung Way Final
Prospect 4 a Democratic Future
Making Enemies
Making Enemies

View Joint Statement on 2010 Election Boycott (English)

Joint Statement on 2010 Election Boycott (English)

Monday, 12 October 2009

သန္တာရွှေ ကလေး သတင်း

Tuesday, September 2, 2008

နေပြည်တော်

ဦးသန်းရွေ သမီး သန္တာရွေရဲ့ ကလေးက အာရပ်ရုပ် လို အနောက်တိုင်း ရုပ်လို လို
ထွက်နေတယ်လို့  အတွင်းလူများကပြောနေကြပါတယ်။ ကလေးက မျက်လုံးပြူး၊
နာခေါင်းချွန် နေပြီး ကုလားရုပ်ထွက်နေတယ် မြန်မာရုပ်လုံးဝမထွက်ဘူးလို့ 
Burma Army Medical Hospital တပ်မတော် စစ်ဆေးရုံက
ကလေးကိုမွေးပေးလိုက်ရတဲ့ ဆရာဝန်များကပြောနေကြပါတယ်။ သန္တာရွေက
နိင်ငံခြားရေးရုံးတာဝန်နဲ့ နိင်ငံခြားမှာ အလုပ်လုပ်ခဲ့ဘူးကြောင်း
့သိရပါတယ်။ ထူးခြားတာကတော့ကလေးမွေးနေ့ ပွဲတွေဘာတွေကိုလုပ်မပေးပဲ
သန္တာရွေကလည်း ကလေးကို ကြည့် ပြီးငူငူငေါင်ငေါင်ဖြစ်နေပါတယ်။ သန္တာရွှေ
ခင်ပွန်း ဗိုလ်မှုး ဇော်ဖြိုးဝင်းကတော့ ကလေးကို ကြည့် ပြီး စိတ်ပျက်လက်
ဖြစ်နေပါတယ်လို့ သိရပါတယ်။
သန်းရွေကတော့ ကလေးကိုကြည့် ပြီးမျက်နာပျက်သွားတယ်။ နဖူးကိုလက်နဲ
့ရိုက်လိုက်ပြီး ဟ- ကလေးကလည်း ကုလားရုပ်ပါလားလို့ ပြောကြောင်းသိရပါတယ်။
ဇော်ဖြိုးဝင်း အဖိုးဖွားတွေဖက်မှာ ဘိုကပြားများပါလားလို
့ဇော်ဖြိုးဝင်းကိုလှည့် ပြီးသန်းရွေကမေးပါတယ်။
ဒေါ်ကြိုင်ကြိုင်ကတော့ကလေးကိုလက်ကမချဘူးလို့ ဗိုလ်ချုပ်ကတော်များက
ပြောဆိုနေကြပါတယ်။ အညာသားမှ မြန်မာစစ်တယ်၊ အညာသားတွေကိုမှာ
တပ်မတော်ထိပ်ပိုင်းရာထူးတွေကိုသာပေးလေ့ရှိတဲ့ သန်းရွေဟာ ဒီတခါတော့
နာခေါင်းကျပွေ့ ထိပြီဟု တပ်မတော် အရာရှိကြီးများကဟာသလုပ်နေကြပါတယ်။
ထိုင်းနိင်ငံ Bumrungrad ဆေးရုံတွင် ကလေး DNA ကိုစစ်ဆေးရန်
စီစဉ်နေကြောင်းသိရပါတယ်။

ဘာပဲဖြစ်ဖြစ်ကလေးမှာတော့အပြစ်မရှိပါဘူး။

by ရဲရင့်(ကနေဒါ)
လိမ်ညာလှည့်စား တတ်ယောင်ကားနှင့် ဗြောင်သမားများ
မောင်ဂဒိုး

ပညာမတတ်တော့ (စာမေးပွဲအောင်တဲ့ အတန်းပညာကိုသာ မဆိုလိုပါ။) ပညာမရှိ၊ အသိဥာဏ်ဆင်ခြင်တုံ တ ရားမဲ့လို့ အမှားအမှန် မခွဲခြားတတ်ဘူး။ အကြောင်းအကျိုး ဆက်စပ်ပတ်သက်နေမှုကိုလည်းမသိတော့ ဖြစ်လာ မယ့်ရလဒ်၊ အကျိုးဆက်ကိုလည်းနားမလည်ဘူး၊ ဒီတော့ အကြောက်အလန့်မရှိ ဆင်ကန်းတောတိုးလုပ်တယ်။ ရက်ရက်စက်စက်လည်း လုပ်တတ်တယ်။ အရှက်မရှိလည်း ပြုမူပြောဆိုတတ်တယ်။ မရှိဘဲနဲ့လည်း ရှိဟန်၊ မ သိဘဲနဲ့လည်း သိဟန်ဆောင်တတ်တယ်။ ဒါ စစ်အစိုးရအဆက်ဆက် ပညာမဲ့အာဏာရှင်တွေ ပြုကျင့်နေကျ စ ရိုက်သဘာဝတွေပါ။ ဒီနည်းနဲ့ လက်အောက်ငယ်သားရဲ့ အထင်ကြီးမှု၊ နာခံမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေ ကြတယ်။

မဆလခေတ်က ဦးနေဝင်းဟာ တတ်ယောင်ကားအလွန်လုပ်တာပေါ့။ အရင်က သူဟာ စာတိုက်ကြီးမှာ စာရေး လို့ ပြောပါတယ်။ ပညာအရည်အချင်းအားဖြင့်တော့ အင်တာလို့ခေါ်တဲ့ ၁၁ တန်း (သို့) ၁၂ တန်းကို ရောက်ခဲ့ တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အင်တာနဲ့တန်တဲ့ အရည်အချင်းမျိုးတော့ မတွေ့ရပါဘူး။ မြန်မာပြည်မှာ ၁၂ တန်း ၁၃ တန်းလောက်ပဲ ကျောင်းတက်ပြီး ပညာကြီးတဲ့ အထင်ကရပုဂ္ဂိုလ်တွေ အမြောက်အမြားရှိပါတယ်။ လောကီ အတန်းပညာ မသင်ခဲ့ရတဲ့ ပညာရှိကြီးတွေလည်းရှိတာပဲ။ သူကတော့ အင်တာအတုကြီးနေမှာပါ။ ဒါကြောင့် သူသိသူတတ်လုပ်လေ့ရှိတယ်။

မြန်မာစကားမှာ ဟိုးအရင်ကတည်းက သုံးစွဲလာခဲ့တဲ့ “လူတော်လူကောင်း” ဆိုတာ ရှိခဲ့ပါတယ်။ အဲဒါကို “လူ ဟာ တော်ပေမယ့် မကောင်းရင် အလကားပဲ၊ ကောင်းဖို့က ပိုအရေးကြီးတယ်၊ ဒါကြောင့် လူကောင်းလူတော် ဆိုတာက ပိုပြီးသင့်လျော်တယ်” ဆိုပြီး ရှေးပညာရှိစကားကိုပြောင်းပြန်လှန်ပစ်တယ်။ ဘာကိုရည်ရွယ်တယ်၊ ဘယ်သူ့ကို ရည်ညွှန်းပြီးပြောတယ်ဆိုတာတော့ လုပ်ငန်းခွင်ဝင်စ ငယ်သေးတဲ့အရွယ်ဆိုတော့ မသိခဲ့ပါဘူး။ အဲ ဒါ အစည်းအဝေးမှာလား၊ ပါတီညီလာခံမိန့်ခွန့်လား၊ တိုင်းပြည်ကို မိန့်ခွန်းပြောတာလား သေချာမမှတ်မိတာ လည်း ခွင့်လွှတ်ပါ။ အဲဒီကစလို့ “လူကောင်းလူတော်” ဆိုတာ ဖြစ်လာခဲ့တာပါပဲ။

သူပြောတာ ကျိုးကြောင်းဆီလျော်မှု ရှိချင်လည်းရှိမှာပါ။ ဒါပေမယ့် ဒါဟာ ပညာရှိတွေရဲ့ အလုပ်ပါ။ အာဏာရှိ သူပြောတာနဲ့ လိုက်လုပ်ရတာဟာ အမှန်တရားကို ပျောက်ကွယ်စေပါတယ်။ လူကောင်းလူတော်က မှန်သ လား၊ လူတော်လူကောင်းက မှန်သလား ယူဆချက်ကွဲလွဲနိုင်ပေမယ့် ဟိုတုန်းက လက်ခံထားခဲ့တာကတော့ လူ တော်လူကောင်းပါ။ ဖဆပလခေတ် ပြည်တော်သာစီမံကိန်းအတွက် ဆရာမြို့မငြိမ်း ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ် ရှိပါတယ်။ အခုထိထင်ရှားဆဲ၊ နာမည်ကြီးဆဲ၊ အကြိမ်ကြိမ် ပြန်ဆိုကြဆဲပါ။ “လူချွန်လူကောင်း” တဲ့။ တော်တာနဲ့ ချွန်တာဟာ အတူတူပါပဲ။

ဆရာကြီးမင်းသုဝဏ်တို့ လက်ထက်တုန်းကလည်း မြန်မာအဘိဓာန်လုပ်ငန်းထဲအထိတောင် ဦးနေဝင်းက နား မလည်ပါးမလည်နဲ့ ဝင်စွက်ခဲ့တာပါ။ မြန်မာစာအသုံးအနှုန်း တခု၊ တကောင်၊ တယောက် ဆိုတာကိုလည်း အခု ရေးနေကြတဲ့အတိုင်း တစ်ခု၊ တစ်ကောင်၊ တစ်ယောက် စသဖြင့် ရေးဖို့လုပ်ခဲ့တာလည်း ဦးနေဝင်းပါပဲ။ စာပေ ဆိုလို့ ရွှေသွေးလောက်သာဖတ်ပြီး ကျမ်းကြီးကျမ်းခိုင်တွေကို သူပိုင်နိုင်တယ်လို့များ ထင်ထားလေသလားမသိ ပါဘူး။ ပိဋကတ်သုံးပုံကိုတောင် လေးပုံလို့မပြောခဲ့တာ ကံကောင်းတယ်လို့ ယူဆမိပါတယ်။

ဦးနေဝင်းလက်ထက်က ပညာရေးဝန်ကြီး ဦးကျော်ငြိမ်း ဆိုတာလည်း ရှိခဲ့ဘူးတယ်။ ၈၀ ခုနှစ်များဆီကပါ။ စစ် အစိုးရအဆက်ဆက် ပညာရေးဝန်ကြီးတွေဟာ မြန်မာပြည်ပညာရေးတိုးတက်အောင်တော့ မဆောင်ရွက်နိုင် ဘူး။ ဒါပေမယ့် နှမ်းဖြူးတော့တတ်တယ်။ အသေးအဖွဲကိစ္စလေးတွေမှာ ဟိုဝင်ဒီစွက်လုပ်တတ်တယ်။ အဲဒီတုန်း က သူငယ်တန်း မြန်မာဖတ်စာထဲမှာ “ဇ ဇရပ်မှာ တည်းခိုပါ” ဆိုတာပါတယ်။ အဲဒီမှာ “မင်းတို့ဟာက သူများ တွေက လပေါ်လူရောက်နေပြီ၊ အင်္ဂါဂြိုလ်ပေါ် လူရောက်နေပြီ … မင်းတို့က ခုထိ ဇ ဇရပ်မှာတည်းခိုတုန်းလား၊ ဘာလား လျှောက်ပြောတော့ “ဇ ဇလပ်ဖြူ သင်းကြူကြူ” ဆိုပြီး ဖြစ်သွားပါလေရောတဲ့။

အဲဒီလိုပြောင်းသွားတာကို မြန်မာစာပါမောက္ခ ဒေါ်စီစီဝင်း သိတော့ “ဒါဘယ်သူလုပ်တာလဲ၊ ဘာကြောင့် ပြောင်းသွားရတာလဲ၊ ဇရပ်မှာ တည်းခိုတယ်ဆိုတာ မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ကောင်း မြတ်တဲ့ စိတ်ထားကို ဖေါ်ပြတာပဲ၊ ဒါကို ဘာဖြစ်လို့ ပြောင်းပစ်တာလဲ” စသဖြင့်ပြောတော့ ဝန်ကြီးကလည်း မ နေသာတော့ဘဲ “အဲဒီလိုမှန်းမသိလို့ပါ ဆရာမကြီးရယ်၊ ကျနော်ပြောခဲ့တာပါ၊ ဆရာမကြီး သဘောပါပဲလို့” ဝန် ခံပြောကြားပြီး လိုက်လျောခဲ့ကြောင်း၊ အတိအကျ မဟုတ်ပေမယ့် အဲဒီသဘောပြောဆိုကြောင်း ကြားခဲ့ရပါ တယ်။ ဆရာမောင်စွမ်းရည်တို့ဆိုရင် ပိုပြီးပြည့်ပြည့်စုံစုံ တိတိကျကျ သိကြမှာပါ။

၁၉၉၀ ပြည့်နှစ်များဆီက နဝတ ခေတ်ထင်ပါရဲ့၊ မီးရထားဝန်ကြီးဌာနမှာ ဝန်ကြီးက ဦးဝင်းစိန်ပါ။ ကဗျာလင်္ကာ ဝါသနာပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရေးတဲ့ ကဗျာဆိုတာတော့ မတွေ့ဘူးပါဘူး။ ရေးလည်းရေးမထင်ပါ ဘူး။ ဒါတွေက အကြောင်းမဟုတ်ပါဘူး။ တခါမှာတော့ သူ့အိမ်မှာ ကဗျာဝပ်ရှော့ဆိုတာ လုပ်တယ်။ ကဗျာ စာ ပေဆိုတာ လူတိုင်းမွေ့လျော်ခွင့်ရှိပါတယ်။ အပြစ်ဆိုစရာ မဟုတ်ပါဘူး။ လူတော်တော်များများလည်း ကဗျာကို ချစ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုကြားတဲ့အချိန်မှာ ကျနော့်စိတ်ထဲဖြစ်လာတဲ့ ခံစားချက်ကတော့ “ကဗျာဝပ် ရှော့နဲ့ မီရထားဝန်ကြီးနဲ့ ဘာဆိုင်လဲ” ဆိုတာပါပဲ။

ဝန်ကြီးဆိုတာ ဝန်ကြီးဌာနတခုရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ လုပ်ငန်းကိစ္စအဝဝ တိုး တက်ဖွံ့ဖြိုးဖို့၊ ကောင်းမွန်ဖို့ဟာ တိုင်းပြည်နဲ့ချီပြီး သူ့မှာ တာဝန်ရှိတာပါ။ စစ်အစိုးရအဆက်ဆက် ဝန်ကြီးဌာန အားလုံးဟာ ဖြစ်ချင်တိုင်းဖြစ်နေကြတာမို့၊ မီရထားဝန်ကြီးဌာနတခုထဲကွက်ပြီး အပြစ်မပြောလိုပါဘူး။ မဆိုင် တဲ့အပေါက် ဂလိုင်နဲ့ခေါက်ဆိုတဲ့ လုပ်ရပ်မျိုးလုပ်တာကိုသာ ပြောလိုတာပါ။ သူ့လက်ထက်ကစလို့ ဖြစ်လာခဲ့ တဲ့၊ မြန်မာ့မီးရထားဝန်ကြီးဌာနရဲ့ အတိုကောက်အသုံးအနှုန်း “မမ” ဆိုတာကြီးကျတော့လည်း ကဗျာလည်းမ ဆန်၊ သုံးလို့စွဲလို့လည်း မဟန်ပါဘူး။ ဘယ်သူမှ မမ နဲ့ ခရီးသွားမယ်၊ မမ ကို စီးမယ်ဆိုတာမျိုး မသုံးကြပါဘူး။

ဦးနေဝင်းကစလို့ သူ့ဝန်ကြီးများ၊ အခုခေတ် ဗိုလ်ချုပ်၊ တိုင်းမှူး၊ ဝန်ကြီးများအထိ နှမ်းဖြူး၊ ဆရာလုပ်၊ ဝင်စွက်၊ လမ်းညွှန်မိန့်ကြား အစရှိသဖြင့် မျိုးစုံအောင်လုပ်နေကြတာပါ။ ဒါတွေဟာ တတ်ယောင်ကား စစ်ဗိုလ်ချုပ်များရဲ့ အကျင့်စရိုက်ဖြစ်နေတာမို့ မထူးဆန်းတော့ပါဘူး။ ရေးလို့လည်းမကုန်နိုင်ပါဘူး။ ဒါပေမယ့် မထူးခြားတာတွေ ထဲက အထူးဆန်းဆုံးတခုကိုတော့ အံ့သြမှုနဲ့အတူ “ဟာသပဲ” လို့ သဘောထားမိရင်းနဲ့ တွေးမိတယ်။ သူများ တွေဘယ်လိုသဘောထားတယ် မပြောတတ်ပေမယ့် ကျနော့်အဖို့တော့ “ရီချင်လိုက်တာ ဖတ်ဖတ်မော၊ ရင် ဘတ်နောက်ကကျော” လို့ ပြောရမလိုပါ။

အဲဒါကတော့ ၁၉၉၅ ခုနှစ်တုန်းက ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည်ဆိုတဲ့ “လောကနီတိ” စာအုပ်က လေးပါ။ မနှစ်တမြန်နှစ်လောက်ကမှ ဒီစာအုပ်ကို တွေ့မိပါတယ်။ လောကနီတိကို ကျနော်တို့ငယ်ငယ် ဘုန်းကြီး ကျောင်းသားဘဝတုန်းက အနည်းအကျဉ်း သင်ခဲ့ရဖူးပါတယ်။ ဒီစာအုပ်ငယ်ကလေးထဲမှာ ဆိုထားတာကတော့ “လောကနီတိသည် လောကအကြောင်းနှင့်စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်း ဖြစ်သည်” လို့ ဆိုထားပါတယ်။ တကယ်တော့ ကြီးပွားတိုးတက်ရန်သာမက၊ လိမ္မာယဉ်ကျေးရန်၊ ရိုသေလေး စားတတ်ရန်၊ ကျေးဇူးသိတတ်ရန်အတွက် ဘုရားဟောကျမ်းဂန်များမှ လောကီရေးရာနှင့်ပတ်သက်သည့် သင့် နိုးရာရာတို့ကို ကောက်နှုတ်ရွေးချယ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနပါမောက္ခ ဒေါ်ခင်ဝင်းကြည်ရဲ့ ဝါရှင်တန်တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ အတွက် တင်ပြတဲ့ Burmese Philosophy Reflected in Caturingabala’s Loka Niti ကျမ်းကို ဒုတိယဗိုလ် ချုပ်ကြီးထွန်းကြည် ဖတ်ရှုမိရာမှ အခြေခံပညာမူလတန်းကျောင်းသားများအတွက် အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ကျစ်လစ်တိကျတဲ့ ကျမ်းငယ်တစောင် လိုအပ်တယ်လို့ ယူဆမိပါသတဲ့ (သူက ပညာရေးဝန်ကြီးလည်းမဟုတ်)။ ဒါကြောင့် ဆရာကြီးဦးတက်တိုးကို တိုက်တွန်းတောင်းပန်ခဲ့ရာကနေ ဒီစာအုပ်ငယ် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါ တယ်။ ဆရာတော်ဦးဗုဒ်ရဲ့ ပါဠိမှ မြန်မာဘာသာပြန်ကို အခြေပြုပြီး မြန်မာနဲ့ အင်္ဂလိပ်ဘာသာပြန်ကို ဆရာကြီး ဦးတက်တိုးက ပြုစုထားပါတယ်။ ဗိုလ်ချုပ်ထွန်းကြည်က အမှာစာတောင်ရေးလို့ ...။

လောကနီတိကျမ်းဟာ လူ့လောက၊ လောကီအကျိုးစီးပွားကို ဆောင်ကြဉ်းစေတာမို့ လေ့လာဆည်းပူးအပ်၊ လက်တွေ့ကျင့်သုံးအပ်သလို၊ လူအများလေ့လာနိုင်အောင် ဆောင်ရွက်တာဟာလည်း ချီးကျူးလေးစားထိုက်ပါ တယ်။ ဒါပေမယ့် လောကနီတိကျမ်းကို ဗိုလ်ချုပ်ထွန်းကြည်က၊ ကမကထပြုပြီး ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေလိုက်တဲ့အတွက် ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည်ရဲ့လုပ်ရပ်တွေဟာ လောကနီတိကျမ်းလာ နဲ့ ကိုက်ညီတယ်လို့များ ယူဆကြရင်ဖြင့် ငါးပါးမက သံဃာစင်ပါ မှောက်ကုန်တော့မှာပဲ။ သာမန်အားဖြင့်ကြည့် ရင် မွန်မြတ်တဲ့ အလုပ်အကိုင်များ လုပ်ကိုင်နေသယောင်၊ ဒေါက်တာဘွဲ့ယူကျမ်းကြီးပဲ ဖတ်နိုင်သယောင်၊ ယုန် ထင်ကြောင်ထင်ဖြစ်အောင် ပြည်သူလူထုကို လိမ်ညာလှည့်စားပြီး၊ တတ်ယောင်ကား လုပ်နေကြတယ်။ ရှင်း ရှင်းရေးရရင် လောကနီတိကျမ်းနဲ့ ဗိုလ်ချုပ်ထွန်းကြည် ဘာဆိုင်လို့လဲ။

လောလောဆယ် နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ နန်းကျရာဇာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်အခါက လည်း ဟိုနေရာပါ ဒီနေရာပါနဲ့ တပြည်လုံး သူ့ခြေသူ့လက်ဆိုသလိုပါပဲ။ အလုပ်တွေသိပ်လုပ်သပေါ့။ ဒါပေမယ့် ကြည့်လိုက်ရင် အဝတ်အစားက မတွန့်မကြေ၊ ကော့ပြန်နေတာပါပဲ။ ခေါင်းက ဆံပင်အမောက်ကို ဖြီးသင်ထား လိုက်တာက ဟိုတုန်းက ရုပ်ရှင်မင်းသား ဇော်ခင်လား၊ တွံတေးသိန်းတန်လား အောက်မေ့ရပါတယ်။ စီးထားတဲ့ ရှူးဖိနပ်က မှန်ကြည့်လို့ရတယ်။ ဒါလားဟဲ့ စစ်သားလို့ မေးရမလိုပါ။ တီဗီထဲမှာ လှလှလေးပါဖို့၊ သတင်းစာထဲ မှာ ရွရွလေးပါဖို့လောက်ကို ကလေးကလားအရေးထားနေတယ်။ ဟန်ပြတွေပေါ့။ ဒါကြောင့်ဘယ်နေရာမှ မတိုး တက်တာဖြစ်တယ်။

ဒီလိုလူကိုပဲ တချို့က ပြုပြင်ပြောင်းလဲရေးလုပ်လိုသူ၊ သဘောထားပျော့ပြောင်းသူ အစရှိသဖြင့် အကောင်းမြင် ပြီး အထင်ကြီးနေကြသေးတယ်။ စစ်အစိုးရအာဏာသိမ်းပြီး မကြာခင်၊ သူအာဏာရှိန်တက်ခါစက “တိုင်းပြည် နဲ့လူမျိုးကို ချစ်တဲ့စိတ်ရှိတာချင်း ပြိုင်ဝံ့ပါတယ်” ဆိုတဲ့ စိန်ခေါ်မှုမျိုး တိုင်းပြည်ကို ပြောခဲ့ဖူးတယ်။ ဒါကြောင့်ပဲ ထင်ရဲ့။ ဟိုတလောက နယ်စပ်အပစ်ရပ်အဖွဲ့တွေကို စေ့စပ်ရေးလုပ်ပေးဖို့ နအဖကချဉ်းကပ်တော့ ထိန်းသိမ်းခံ ထားရတဲ့ သူ့ရဲ့ထောက်လှမ်းရေးက လူ (၃၀၀) ကျော် လွှတ်ပေးမှ လုပ်ပေးမယ်လို့ ပြောတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့လူက ဘာဖြစ်လို့ “တိုင်းပြည်နဲ့ လူမျိုးကောင်းဖို့ ရှေ့ရှုတဲ့လုပ်ရပ်ဖြစ်မှ လုပ်ကိုင်ပေးမယ်” ဆို တဲ့ အသုံးအနှုန်းမျိုး မသုံးရတာလဲ။ သူချစ်တာက သူ့လူ (၃၀၀) ကျော်ကိုပဲလား၊ ရှေ့နောက်လည်း စကားမညီ ပါဘူး။

ဒီလိုလူမျိုးတွေက ကြီးကျယ်တဲ့ လုပ်ရပ်တွေမှာ မတန်မရာဝင်လုပ်ပြီး နေရာယူတတ်တယ်။ မြန်မာနိုင်ငံ ပုံ တောင်ပုံညာဒေသနဲ့ အခြားဒေသများရဲ့ ရှေးနှစ်သန်းပေါင်း (၄-၅၀) ခန့်သက်တမ်းရှိတဲ့ အီယိုဆင်းကျောက် လွှာတွေထဲမှာ လူရဲ့အဦးအစဖြစ်တဲ့ လူတူလူဝံခေါ် ပုံတောင်ပရိုင်းမိတ်များရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရ တဲ့အတွက် “လူသားရဲ့အဦးအစ၊ မြန်မာက၊ မြန်မာလူမျိုးများဟာ ဘယ်နိုင်ငံ၊ ဘယ်ဒေသကမှ ရွှေ့ပြောင်းလာ ခဲ့တာမဟုတ်ဘဲ ကိုယ့်နိုင်ငံအတွင်းမှာပဲ ပေါက်ဖွား ရှင်သန်ပြီး ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ကြတယ်” လို့ မြန်မာဘူမိဗေဒပညာရှင်များက ၁၉၇၀-၈၀ နှစ်များက ဆိုခဲ့ပါတယ်။

နဝတ က အဲဒီ “လူသားအစ၊ မြန်မာက” ဆိုတာကို ဝါဒဖြန့်ဖို့အတွက် ရှေ့တန်းတင်၊ စစ်ထောက်လှမ်းရေးက ကမကထပြု ကွင်းဆင်းလေ့လာပြီး အသားလုပ် ပနာယူမှုတွေပြုခဲ့ပါတယ်။ တက္ကသိုလ်ဆရာများ၊ ပညာရှင်များ ကတော့ နောက်တန်းကပဲ နေရာပေး အသိအမှတ်ပြုခြင်းခံရပါတယ်။ လူ့အခွင့်အရေးကို မတရားသဖြင့် ချိုး ဖောက်၊ ဒီမိုကရေစီဘက်သားနဲ့ တခြားရန်သူလို့ယူဆရတဲ့သူတွေကို လျှို့ဝှက်ထောက်လှမ်းပြီး ရက်ရက်စက် စက်ပြုကျင့်လေ့ရှိတဲ့ စစ်ထောက်လှမ်းရေးနဲ့ အဆင့်မြင့်ပညာရှင်အလုပ်ဖြစ်တဲ့ “လူသားအစ မြန်မာက” ဟာ ပြဒါးတလမ်း သံတလမ်းပါ။ ဒါဟာလည်း ကူလီကူမာ ဉာဏ်ကစားပြီး အသားယူတတ်တဲ့ စစ်အုပ်စုရဲ့အကျင့်စ ရိုက်ပါ။

သူ့ကိုသူ ဘဝရှင်မင်းတရားကြီးစိတ်ပေါက်နေတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး၊ ရွှေမန်း၊ အောင် သောင်းနဲ့ သိန်းစိန်တို့ကတော့ ကြည့်လိုက်ရင်ကိုပဲ ဘာမှမတတ်ဘူးဆိုတာ ထင်ရှားနေတယ်။ ဒါကြောင့်သူတို့ ကတော့ ပေါ်ပေါ်တင်တင် ဗြောင်ကျကျပဲလုပ်တော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ လုပ်ကြံခိုင်း တယ်။ ၂၀၀၇ မှာ ဘုရားသားတော် သံဃာတော်တွေကိုတောင် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တယ်။ ၂၀၀၈ မှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်မယ့် အမေရိကန်နဲ့ ပြင်သစ်၊ အင်္ဂလန်က သင်္ဘောတွေကို အဝင် မခံဗြောင်ငြင်းဆန်တယ်။ ပြည်တွင်းက ကူညီရေးအဖွဲ့တွေကို ရန်ရှာတယ်။ ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံတယ်ဆိုပြီး ဒီဥပဒေအရ စစ်အုပ်စု သက်ဆိုးရှည်စေဖို့ အခုကြိုးစားနေပြန်ပြီ်။ ကိုယ့်ဘက်က ဘာမှပြင်ဆင်လိုက်လျောမှုမရှိဘဲ စီးပွားရေးပိတ်ဆို့မှု တွေ ရုတ်သိမ်းပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကလေးမုန့်တောင်းသလို အရှက်မရှိ ဗြောင်တောင်း ဆိုခဲ့တယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလိုတဲ့အတွက် မရ ရတဲ့နည်းနဲ့ ကြိုးစားဆောင်ရွက်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ကြားထဲက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ထား တာတွေကို ဖယ်ရှားပေးနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်လိုတဲ့အတွက် အရေးယူမှုအခြေအနေကို အသေးစိတ်သိ နိုင်ရန် အီးယူသံတမာန်တွေနဲ့ တွေ့ခွင့်ပြုဖို့ခွင့်တောင်းခဲ့တယ်။ ခွင့်ပြုတဲ့အတွက် အခုလ (၁၀) ရက်နေ့က တွေ့ ကြပါတယ်။ ဒါကိုကြည့်ပြီး ဗြောင်သမားတွေ သဘောထားပြောင်းလာပြီလို့များယူဆရင် ယူဆဖို့ သိပ်စောလွန်း နေသေးတယ်လို့ ထင်ပါတယ်။ အီးယူသံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာလို့ ပိတ်ဆို့မှုရုတ်သိမ်းရင် သူတို့ပဲ အကျိုးရှိမှာကိုး။ စိတ်ရင်းစေတနာရင်းလို့ ယူဆလို့မရသေးပါဘူး။ လောလော ဆယ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို ပယ်ချထားတာပါ။ ကျန်တဲ့ အရေးကြီးတဲ့ တောင်းဆိုမှုအားလုံး ရနိုင်ဖို့ဆိုတာ အဝေးကြီးရှိပါသေးတယ်။

ဒါပေမယ့် ဒီအချိန်အခါမှာ နည်းဗျူဟာမျိုးစုံသုံးပြီး ချဉ်းကပ်လာရမှာက နအဖပါ။ နအဖဟာ စီးပွားရေးပိတ်ဆို့ အရေးယူထားမှုတွေ ရုတ်သိမ်းစေလိုတယ်ဆိုရင် အမှန်တကယ် လိုက်လျောမှုတွေ ပြုလာရမှာဖြစ်ပါတယ်။ အ မေရိကား၊ ကုလသမဂ္ဂ၊ အီးယူနဲ့ နိုင်ငံတကာတို့ကလည်း နအဖကို တောချောက်ပေးနေပါပြီ။ NLD နဲ့ ဒီမိုက ရေစီအင်အားစုများဟာ ယုံကြည်ချက်နဲ့ မိမိတို့ချမှတ်ထားတဲ့ လမ်းစဉ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဖို့ပါတယ်။ ညီ ညီညွတ်ညွတ်နဲ့ ဆက်လက်ချီတက်ရင် တတ်ယောင်ကားနဲ့ ဗြောင်သမား စစ်အာဏာရူးတို့ရဲ့ အရှက်မရှိ အုပ် ချုပ်မှုအောက်က မကြာခင် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်း ...။

မောင်ဂဒိုး

http://drlunswe.blogspot.com/

UBST Open Letter

Ubst Open Letter
Compilation of 2009 NLD Statements

Sunday, 11 October 2009

မးချင်ရာမေး... အဖြေရှိသည်။
>
> ရေးသားသူ ရွှေဘိုသား on Thursday, July 23, 2009 / အကြောင်းအရာကတော့ ဟာသ /
> Comments: (0)
> မေး။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အနိုင်ရလို့တက်လာမယ့်အစိုးရလက်ထက်မှာ
> ခိုးတာ ၀ှက်တာတွေ ရှိဦးမလား?
> ဖြေ။ မရှိတော့ဘူး။
> မေး။ ဘာဖြစ်လို့ပါလဲ။
> ဖြေ။ ၂၀၁၀ မတိုင်ခင်ကတည်းက စစ်အစိုးရခိုးလို့ ကုန်သွားပြီ။
> -----------------------------------------------------------------------
>
> မေး။ သဘာဝနဲ့ ဆန့်ကျင်တဲ့ အချစ် ဘယ်နှစ်မျိုးရှိပါသလဲ?
> ဖြေ။ သုံးမျိုးရှိပါတယ်။ ယောက်ျားက ယောက်ျားကို ချစ်တာ။ မိန်းမက
> မိန်းမကိုချစ်တာ။ မြန်မာပြည်သူက မြန်မာ့တပ်မတော်ကို ချစ်တာ။
>
> -----------------------------------------------------------------------
>
> မေး။ အနာဂတ် မြန်မာနိုင်ငံတော်မှာ ဘာလို့ တပ်မတော် တစ်ခုတည်း
> ထားရှိမှာဖြစ်ပါသလဲ?
> ဖြေ။ တစ်ခုထက်ပိုများရင် မြန်မာပြည်သူတွေက ကျွေးမထားနိုင်လို့ပါ။
>
> ----------------------------------------------------------------------
>
> မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ။
> ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
> မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
> ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။

Thanks to the email sender

Aung San Suu Kyi meets UK Ambassador (09/10/2009)

Foreign Secretary David Miliband welcomed the meeting between Aung San Suu Kyi and Andrew Heyn, the UK Ambassador in Rangoon, on Friday 9 October. He said:

'Daw Aung San Suu Kyi's meeting with our Ambassador in Rangoon this morning, the first in six years, is a small but welcome development. The fact that the Burmese authorities have allowed this meeting, and two meetings with a Government Minister in the last week, gives us some hope that the authorities might finally be ready to start a genuine dialogue which can lead to political reconciliation.

The Burmese people need and deserve change, and we have been clear in our support. We have consistently urged the authorities to respond, making clear the international community’s real concerns, but also our willingness in return to respond to progress.'

Andrew Heyn commented on his meeting with Aung San Suu Kyi during an interview with the BBC Radio 4 Today programme. He said:

'Aung San Suu Kyi was in remarkable form for somebody who's been through what she has been through. She was very, very engaged in the subject (Burma sanctions), very interested in going into the detail of what she wanted to talk about, and she seemed, as ever, very eloquent, and very, very engaged.

She comes across as someone with an immense optimism about her country and the people of her country. And I think the way that she has engaged for so long with her policies and her huge personal commitment, without optimism about the future of Burma I don't really think you can do that. It's an inspirational approach that she takes.'

Letter to Mr Obama

Attn;
Mr.Barack Obama
President
U.S.A.
Date;10/9/09.
Subject; Congradulation for Predient.Barack Obama's Nobble peace price winng.
Excellence sir;
For it, we would like to congradulate seriously President-Barack Obama on Nobble peace price winng in 2009 with our Burma's democratic forces because we shall have to inticipate your endeavors on Burma's Democracy - Human rights-peace-National reconcilation with Daw Aung Sann Su Kyi,Nobble peace price winner and your global democratic human rights ativity on Liberty,Equality,Justic, Fraternity,Peace & united modern developments too.
Thanking you in anticipation;
Best re gard;
yours' sincerely!
(GSC.KoThiHa8888)
Mr.Tint Shwe Thi Ha
Burma's democratic leader together with Daw Aung Sann Su Kyi.
X-vice chairman-2,General Strikes' Comittee(G.S.C, Rgn,Buma.8888)
X-General Sceretary-1, National Politic Front.(N.P.F) Reg.No.120(1988).
X-Joint General Sceretary-1, League of Democratic Alliences of Burma(L.D.A.B)(1989).
X-Political Prisoner for fourteen years at Insein prison & Myaung Mya prison,Burma since 1989 to 2002.
Patron for Burma's Democratic Concern(B.D.C).
Addrss;505,S-Olympia St,#J-4,Kennewick,WA-99336,U.S.A.Ph;(509)5823261.

Saturday, 10 October 2009

မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်

Burma Democratic Concern - BDC မှ online radio Burmese အစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ။ လတ်တလောအစီအစဉ်များအဖြစ် မြန်မာ့နိုင်ငံရေး အာဘော်များ၊ သတင်းများ၊ ဆောင်းပါးများ၊ သီချင်းများအား အလှည့်ကြတင်ဆက်နေပါသည်။
BDC ၏ အထိကရည်ရွယ်ချက်မှာ ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်တွင်းရှိ မြန်မာပြည်သူများလည်း မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများ၊ သတင်းအချက်အလက်များကို နားဆင်သိရှိနိုင်ရေးကို အထူးအရေးပေး ရည်ရွယ်ထားပါသည်။ သောတရှင်များ၏ နိုင်ငံရေးအမြင်များ၊ သတင်းအချက်အလက်များ၊ တေးသီချင်းများ ပေးပို့ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်နိုင်ပါသည်။ စီးပွါးရေးလုပ်ငန်းရှင်များ အတွက်လည်း မိမိကိုယ်ပိုင်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္မဏီလုပ်ငန်းများအား ကြော်ငြာလိုပါက BDC သို့ဆက်သွယ်နိုင်ပါသည်။ ချစ်သူ၊ မိတ်ဆွေ၊ မိသားစုများ အတွက်လည်း တစ်ဦးနှင့်တစ်ဦး မွေးနေ့ဆုတောင်းများ အပြန်အလှန်ပေးပို့ တောင်းဆိုနိုင်ပါသည်။ အသေးစိတ်ကို BDC သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Radio မြန်မာပိုင်း အစီအစဉ် ထုတ်လွင့်ချိန်
Friday-
11:00 to 13:00 (GMT)
16:30 to 18:30 (Myanmar Standard Time)


Saturday-
24:00 to 02:00 and 11:00 to 13:00 (GMT)
05:30 to 07:30 and 16:30 to 18:30 (Myanmar Standard Time)


Sunday-
24:00 to 02:00 (GMT)
05:30 to 07:30 (Myanmar Standard Time)


အထက်ပါ Radio အစီအစဉ် ထုတ်လွင့်ချိန်များအား သောတရှင်ပြည်သူများ ပိုမိုအဆင်ပြေ နားဆင်နိုင်ရန် ထပ်မံတိုးချဲ့ထုတ်လွင့်သွားပါမည်။

Radio နားဆင်ရန် -
၁။ Winamp Player အား Download လုပ်ရပါမည်။ (မှတ်ချက်။ ။သင့်ကွန်ပြူတာတွင် ရှိပြီးသားဖြစ်ပါက Version 2.05 အထက် Version များကိုပြန်လည် Install လုပ်ရန်မလိုပေ။)
၂။ Download လုပ်ထားသော File ကို Double Click နှိပ်ပြီး Install ပြုလုပ်ပါ။
၃။ icyx://uk2-pn.mixstream.net:8156 - ၎င်း URL ကို Play List တွင် Paste ထည့်၍ Play လုပ်ပြီး နားဆင်နိုင်ပါသည်။


လိုအပ်ချက်များရှိပါက အကြံပြုစာများ ရေးသားပေးပို့နိုင်ပါသည်။
ကျေးဇူးတင်ပါသည်-
Burma Democratic Concern

Friday, 9 October 2009

Implement 1990 Elections Result in Burma
All Burma Monks 7.10
Burma and Its 2008 on
U Khin Mg Kyi's Article for September

Thursday, 8 October 2009

On the road to Mandalay (English Song)


Subscribe Free
Add to my Page

Famous Singer Timor dedictaed song for Aung San Suu Kyi

No Time for the Dalai Lama


In nearly nine months in office, President Obama has found time to meet with Hugo Chavez, Daniel Ortega and Vladimir Putin. But this week he won't see the Dalai Lama, a peaceful religious leader who has long been a friend to the U.S. and an advocate of human rights for China's six million Tibetans.

Mr. Obama's slight is the first time a sitting president will not meet with the Dalai Lama during a Washington visit since President George H.W. Bush met with him in 1991. No meeting was ever formally on the agenda for this week, but the exiled Tibetan's trip had been planned for years, and earlier this year he had expressed his hope to meet with the President. Last month, White House aide Valerie Jarrett and Maria Otero, undersecretary of state for democracy and global affairs, traveled to Dharamsala to confer with the Dalai Lama. The next day, the Dalai Lama's office announced that he hoped to meet with Mr. Obama only after November, when Mr. Obama will visit Beijing.

View Full Image

Associated Press
Dalai Lama
As a White House official explained: "Both the Dalai Lama and we agree that a stable and positive U.S.-China relationship will help advance progress on the Tibet issue, and that a meeting after the President's trip would further the likelihood of making progress on Tibetan issues." In other words, not offending Chinese President Hu Jintao is a higher U.S. priority, at least on Tibet. By contrast, Mr. Obama was more than willing to risk offending China by imposing tariffs on Chinese tires last month to please his union supporters.

This is of a piece with Mr. Obama's other human-rights backsteps, in particular his muted support for democracy in Iran. The Dalai Lama has met with the sitting U.S. President a dozen times, as well as with Members of Congress from both sides of the aisle (including a certain Senator Obama in 2005). Although Beijing complained about these meetings, there were no serious costs to the U.S.-China relationship. George W. Bush met with the Dalai Lama in May of 2001, in advance of his first trip to China, and thereafter made clear that meetings with him were nonnegotiable.

These Presidential meetings are important because they affirm the religious and democratic freedoms America stands for, while setting a global precedent. China routinely assails countries whose leaders meet with the Dalai Lama, targeting France and Germany in recent years by cutting off diplomatic exchanges, canceling conferences and the like. Perhaps the Administration is hoping for a return favor from Beijing for snubbing the man Chinese leaders label a "splittist" and a "wolf in sheep's clothing." But rewarding China's bullying only encourages such tactics.

On Wednesday, the Dalai Lama will honor the late Julia Taft, who spoke out against Chinese abuses in Tibet as coordinator on Tibetan issues in the Clinton Administration. He'll also meet with House Speaker Nancy Pelosi, and perhaps he can wave at the White House on his way to Capitol Hill. It's becoming clear that Mr. Obama's definition of "engagement" leaves plenty of room to meet with dictators, but less for those who challenge them.

Tuesday, 6 October 2009

Media Release 2009 en Conference- Toronto
လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊
လက်ကိုင်ဖုန်းတစ်လုံးရဲ့အသုံးဝင်မှုများကို အတော်များများက Camera , FM Radio, Alarm, MP3 music အတွက် လောက်ပဲ သိထားကြတယ်။
အခုတစ်ခါ လက်ကိုင်ဖုန်းတစ်လုံးရဲ့လျို့ ဝှက်ချက်များ၊ အသိနည်းတဲ့အသုံးဝင်မှုများကို စုစည်းတင်ပြလိုက်ပါတယ်။
(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(မြန်မာပြည်ပါ မပါတော့ အသေအချာ မသိပါ။ကမ္ဘာနေရာအတော့်များများမှာတော့ အဆင်ပြေပါတယ်)
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် သင် ဘာလုပ်မလဲ ?။
လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ အဆင်ပြေလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။
တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။
နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။
သင့် ကားတံခါး ပွင့်သွားပါလိမ့်မယ်။
စမ်းကြည့်ရတာ နည်းနည်းတော့စိတ်လှုပ်ရှားစရာ ပါပဲ။ အိမ်ကလူက လာပေးဖို့  မလိုတော့ဘူးပေါ့။ အကွာအဝေးက အဓိက မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။
(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

From forward mail




သံတိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ-၂- *ရေးသူ- မြတ်လေးငုံ*

N.L.D(လူငယ်)နောက်တဦးအနေနဲ့ကိုတိုးလွင်နဲ့စကားလက်ဆုံမေးမြန်းထားခဲ့တာတွေ
ကိုပြန်လည်ဖော်ပြပေးပါမယ်။

ကိုတိုးလွင်နဲ့အရင်မိတ်ဆက်ပေးပါမယ်ရှင်။

မြတ်လေးငုံ။
ကိုတိုးလွင်N.LDပါတီကိုဘယ်အချိန်ကစတင်ဝင်ရောက်ခဲ့ပါသလဲရှင်။

ကိုတိုးလွင်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ NLD ပါတီ စတင်တည်ထောင်ချိန်က စပြီး လူငယ်တစ်ယောက်အနေနဲ့
အဖွဲ့ ၀င်ခဲ့ပါတယ်။

မြတ်လေးငုံ။
NLD ပါတီမှာ အဲဒီအချိန်တုန်းက လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်မျိုးကို ယူခဲ့ရပါသလဲ။ နောက်ပိုင်း ဘာတာဝန်တွေကို ထပ်ပြီး ထမ်းဆောင်ခဲ့ရပါသလဲရှင်။

ကိုတိုးလွင်။
၁၉၈၉နှစ်ဆန်းပိုင်းမှာဘဲဧရာဝတီတိုင်းငပုတောမြို့နယ်ရဲ့လူငယ်တာဝန်ခံအဖြစ်တာဝန်ပေး
အပ်ခြင်းခံခဲ့ရပါတယ်။မြို့နယ်စည်းရုံးရေးကော်မတီအဖွဲ့ဝင် တာဝန်ပါပူးတွဲယူခဲ့ပါတယ်။
၁၉၉၆ခုနှစ်မှာဧရာဝတီတိုင်းလူငယ်တာဝန်ခံ၊ငပုတောမြို့နယ်စည်းရုံးရေးကော်မတီအတွင်းရေးမှူး
တာဝန်တွေကိုထမ်းဆောင်ခဲ့ရပါတယ်။၁၉၉၈ခုနှစ်နှစ်ကုန်ပိုင်းဧရာဝတီတိုင်းလူငယ်လုပ်ငန်းအဖွဲ့
ကပြန်လည်ဖွဲ့စည်းတော့လည်းတိုင်းတာဝန်ခံအဖြစ်ထပ်အရွေးခံခဲ့ရပါတယ်။အဲဒီအချိန်မှာဘဲ
ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီအဖွဲ့ဝင်အဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီ ဋ္ဌာနချုပ် လူငယ်ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံးခြုံရေးတာဝန်များ၊ အမျိုးသားဒီမိုကရေစီ ဋ္ဌာနချုပ် နဲ့
အခမ်းအနားပွဲ လုံခြုံရေးတာဝန်များနှင့်ဗဟိုလူငယ်ပြန်လည်ဖွဲ့စည်းရေးအဖွဲ့ဝင်တာဝန်ကိုထမ်း
ဆောင်ရင်းတိုင်းနှင့်ပြည်နယ်တော်တော်များများမှာမြို့နယ်လူငယ်လုပ်ငန်းအဖွဲ့များကို သွားရောက်
ဖွဲ့စည်းပေးခဲ့ရပါတယ်။

မြတ်လေးငုံ။
ကိုတိုးလွင်အနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာနှစ်အကြာကြီးတာဝန်တွေယူလာခဲ့တော့ဖမ်းဆီး
ထိန်းသိမ်းခံရတာတို့၊ ထောင်ကျခဲ့တာတို့ ရှိပါသလား ရှင်။

ကိုတိုးလွင်။
ကျွန်တော်အနေနဲ့ ၁၉၈၉၊ ၁၉၉၁၊ ၁၉၉၅ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ လတွေနဲချီပြီး ထိန်းသိမ်းခံခဲ့
ရပါတယ်။ ၁၉၉၆နိုဝင်ဘာလမှာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးကြည်မောင်ဦးတင်ဦးတို့ရဲ့ကားတွေ
ကိုရန်ကုန်မြို့စက်မှု(၁)ရှေ့လမ်းနီလေးလမ်းမပေါ်မှာဘဲ ကြံခိုင်ရေးအဖွဲ့ဝင်တွေက အကြမ်းဖက်
်တိုက်ခိုက်ခဲ့ပါတယ်၊ ဒီဥပဒေမဲ့ လုပ်ရပ်ကို အရေးယူဆောင်ရွက်ပေးဖို့ကျွန်တော်တို့ဧရာဝတီတိုင်း
လူငယ်တွေကစစ်အာဏရှင် (ဦးသန်းရွှေ)ဆီကိုစာရေးအကြောင်းကြားခဲ့ပါတယ်။စာထဲမှာပါတဲ့
ဥပဒေမဲ့စကားလုံးကိုအကြောင်းပြုပြီးပုဒ်မ(၅၀၅ခ)နဲ့တိုင်းလူငယ်တာဝန်ခံဖြစ်တဲ့ ကျွန်တော်နဲ့
၂ဦးကိုထောင်ဒဏ်(၂)နှစ်ပုသိမ်အကျဉ်းထောင်မှာအပြစ်ပေး ခံရပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နိုင်ငံလုံးစည်းရုံးရေးခရီးစဉ်တွေမှာသူမရဲ့
အနီးကပ် လုံခြုံရေးတာဝန်ကို ယူပေးရင်းနဲ့ ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးမှာ အာဏာပိုင်အဖွဲ့
အစည်းတွေ၊ ကြံဖွတ်စွမ်းအားရှင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကျွန်တော်တို့အဖွဲ့ဝင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထုတွေခံခဲ့ရပါတယ်။ ကျွန်တော် အပါအ၀င်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ယူတဲ့ လူငယ်(၁၇)ဦး ကို စစ်ကိုင်းတိုင်းခန္တီးအကျဉ်းထောင်မှာ ပုဒ်မ ၅ (ည) နဲ့အရေးယူခဲ့ပါတယ်။ (၆)လ ကျော်ထိန်းသိမ်းပြီးမှကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင် တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မြတ်လေးငုံ။
ထောင်ထဲကစိတ်ခံစားချက်လေးနဲ့ ထောင်ထဲမှာနေစဉ်အတွင်း မမေ့နိုင်ခဲ့တဲ့ အတွေ့အကြုံ
အချို့ကို ပြောပြပေးပါလား။

ကိုတိုးလွင်။
၁၉၉၆ ခုနှစ် ပထမအကြိမ် ထောင်ကျတုန်းက ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
အဖွဲ့ဝင်တွေရယ်၁၉၉၆ဒီဇင်ဘာကျောင်းသားအရေးအခင်းကြောင့်ထောင်ကျလာတဲ့ကျောင်းသား
တွေရယ်ဟာပုသိမ်အကျဉ်းထောင်ထဲမှာ ညီညီညွတ်ညွတ်နဲ့ အတူတကွ အခက်အခဲပေါင်းစုံကို
ဖြတ်ကျော်ခဲ့တာတွေ၊အဖွဲ့အစည်းအစွဲမရှိကျဘဲပျော်ပျော်ရွှင်ရွှင်နေခဲ့တာတွေကိုအရမ်းသတိရမိတယ်။
ယခုလက်ရှိဖြစ်နေသလိုမင်းကအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ မင်းက ၈၈ စတဲ့ အဖွဲ့အစည်း အစွဲတွေလုံးဝမရှိကျပါဘူး။

၁၉၉၁ခုနှစ်ဘိုကလေးအရေးအခင်း(မုန်တိုင်းစစ်ဆင်ရေး)မှာဖမ်းဆီးထိန်းသိမ်းခံရတုန်းကလည်း
ကိုယ့်မျက်စိရှေမှာ ကရင်တိုင်းရင်းသားတွေ ရက်ရက်စက်စက် နှိပ်စက်ခံနေရတာတွေ၊ လူမဆန်တဲ့
အပြုအမူတွေကို မြင်ခဲ့တွေ့ကြုံခဲ့ရတာတွေဟာဘ၀မှာဘယ်လိုမှမေ့လို့မရနိုင်တဲ့အဖြစ်တွေပါဘဲ။
ပြည်တွင်းနိုင်ငံရေးကို(၁၉)နှစ်နီးပါးလုပ်လာခဲ့တဲ့အချိန်မှာစစ်ထောက်လှမ်းရေးတွေရဲ့စစ်ကျောရေး
စခန်းတွေကိုအကြိမ်များစွာရောက်ဘူးခဲ့ပါတယ်။ဒါပေမဲ့၂၀၀၃ခုနှစ်မေလဒီပဲယင်းအရေးအခင်းကြောင့်
ရောက်သွားခဲ့ရတဲ့ခန္တီးအကျဉ်းထောင်စစ်ကျောရေးစခန်းကတော့ဘ၀မှာအဆိုးဝါးဆုံးခံစားလိုက်
ရတဲ့အခြေအနေဆိုးတစ်ခုပါဘဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို တာဝန်ယူပေးခဲ့တဲ့ လူငယ်အဖွဲ့ဝင်တွေက
ဆန္ဒပြကျတဲ့ပြည်သူလူထုတွေကို(လူထုအယောင်ဆောင်ကြံဖွတ်စွမ်းအားရှင်တွေ)စတင်
အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ၎င်း ဒီပဲယင်းအရေးအခင်းကြီး ဖြစ်ခဲ့ရတယ်ဆိုပြီးခန္တီးအကျဉ်းထောင်
ထဲမှာ (၁၄) ရက်လုံးလုံး နည်းပေါင်းစုံနဲ့ နှိပ်စက်ပြီး အတင်းအဓမ္မဥပဒေမဲ့ ၀န်ခံချက်လက်မှတ်တွေကို ယူခဲ့ကျပါတယ်။နှိပ်စက်တာကိုမခံနိုင်တော့တဲ့လူငယ်အများစုကတော့ဝန်ခံလက်မှတ်တွေထိုးပေးခဲ့
ပေမယ့်လည်းကျွန်တော်အပါအ၀င်လူငယ်ခေါင်းဆောင်အချို့ကတော့ လုံးဝမထိုးပေးလို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုတွေကို (၁၄) ရက်လုံးလုံး ခံစားခဲ့ရတာပါ။ ကျွန်တော်အနေနဲ့ ပိုဆိုးတာကတော့ ဒီပဲယင်းအရေးအခင်းမှာ ခေါင်းနဲ့ ကိုယ်ခန္ဒာကို ပြင်းထန်စွာ အရိုက်အနှက်ခံထားရတဲ့ ကြီးမားတဲ့
ဒဏ်ရာတွေရထားတဲ့အချိန်ဖြစ်နေပါတယ်။ဒါပေမဲ့စစ်ထောက်လှမ်းရေးတွေဟာကျွန်တော့
ခေါင်းဒဏ်ရာအပြင်းအထန်ရထားတာကိုသိနေလျှက်နဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုကျွန်တော်အပေါ်
ဆက်လုပ်နေတာပါဘဲ။ဒေါ်အောင်ဆန်းစုကြည်ရဲ့အဲဒီခရီးစဉ်တောက်လျှောက်မှာဒေါ်အောင်ဆန်းစုကြည်
်နဲမြို့နယ်ခေါင်းဆောင်တွေ၊တိုင်းအဆင့်ခေါင်းဆောင်တွေ၊တိုင်းရင်းသားခေါင်းဆောင်တွေတွေ့
ဆုံအစည်းအဝေးလုပ်ကျတိုင်းကျွန်တော်ကဒေါ်အောင်ဆန်းစုကြည်ဘေးမှာအမြဲရှိနေတာကို
ထောင်လှမ်းရေးတွေကသိခဲ့တယ်လေ။ဒီအချက်ကလည်းဘဲသူတို့တွေကျွန်တော်အပေါ်ပိုစစ်ဆေးခွင့်
တွေပိုနှိပ်စက်ညှင်းပန်းခွင့်တွေရသွားခဲ့တာပါဘဲ။ထမင်းစားချိန်ခဏလေးကလွဲပြီးကျန်အချိန်တွေမှာ
(၁၄)ရက်လုံးလုံးလက်နောက်ပြန်လက်ထိပ်ခတ်ထားတာခံခဲ့ရတယ်၊၀မ်းသွားပြီးချိန်တွေမှာလည်း
သန့်ရှင်းရေးဘယ်လိုမှလုပ်လို့မရခဲ့ပါဘူး။ညဘက်တွေမှာပါအိပ်ချိန်တွေမရှိသလောက်ကို
ထောက်လှမ်းရေးတွေဟာတစ်ယောက်ပြီးတစ်ယောက်cellထဲဝင်ပြီးလက်စွမ်းတွေပြတာကိုလည်း အတော်ခံစားခဲ့ရတာပါ။

မြတ်လေးငုံ။
ဒီပဲယင်းခရီးစဉ် ကိုတိုးလွင်တောက်လျှောက်ပါခဲ့စဉ်က အတွေအကြုံလေးများရှိခဲ့မယ်ဆိုရင်ပြောပြ
ပေးစေချင်ပါတယ်ရှင်။

ကိုတိုးလွင်။
ဟုတ်ကဲ့ပါ၊ဒီပဲယင်းခရီးစဉ် ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း
နိုင်ငံတော်လုပ်ကြံမှုအဖြစ်ဆိုးကြီးနဲ့ကျောင်းသားပြည်သူတွေသေဆုံးခဲ့ရတဲ့ဒီအရေးအခင်းအကြောင်း
အရာတွေဟာ ကမ္ဘာသမိုင်းစာမျက်နှာတွေပေါ်နဲ့စာနယ်ဇင်းမျက်နှာစာတွေမှာအပြည့်နေရာ
ယူထားခဲ့တာတွေကြောင့်လူတွေတော်တော်များများသိထားပြီးဖြစ်နေပါတယ်။ဒါပေမဲ့
ကျွန်တော်ပြောချင်တာတစ်ခုကတော့ဒီပဲယင်းအရေးအခင်းမှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
ကိုအသေလုပ်ကြံသတ်ဖြတ်ခဲ့တာပါဘဲ။ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ထောက်လှမ်းရေး
တွေကကယ်ထုတ်သွားခဲ့တာပါနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလုံးဝမသတ်ရဲဘူးဆိုတဲ့သတင်းစကားတွေ
ဟာတကယ်တော့သတင်းအမှားတွေတာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ရဲ့မျက်မြင်ကိုယ်တွေ့အတွေ့
အကြုံအရခိုင်ခိုင်မာမာပြောလို့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်အသက်မသေဘဲလွတ်မြောက်ခဲ့
တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတ်လို့မရတဲ့ကံတရားနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်
်တွေရဲ့အသေခံ သစ္စာတရား ကြောင့်ပါဘဲလို့ ကျွန်တော်ပြောချင်ပါတယ်။

မြတ်လေးငုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ်လုံခြုံရေးယူခဲ့စဉ်ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအရပြတ်သား
တဲ့ဦးဆောင်မှုတွေအပေါ် ကိုတိုးလွင်အမြင်ကိုသိပရစေရှင်။

ကိုတိုးလွင်။
ကျွန်တော် အချက်(၃)ချက်လောက်ကိုဘဲ အတိုချုပ်ပြောချင်ပါတယ်။ ပထမအချက်က ၁၉၉၅ နိုဝင်ဘာ
လထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်းရင်းသားလွှတ်တော်ကိုယ်စား
လှယ်တွေခေါင်းဆောင်တွေကိုအမျိုးသားညီလာခံရဲ့လုပ်ငန်းစဉ်တွေ၊ဆွေးနွေးချက်တွေဟာဒီမိုကရေစီရဲ့
လုပ်ထုံးလုပ်နည်းတွေနဲ့မညီတာကိုစနစ်တကျရှင်းလင်းပြနိုင်ခဲ့တယ်။အားလုံးသောခေါင်းဆောင်တွေရဲ့
ထောက်ခံမှုကိုအရယူနိုင်ခဲ့ပြီး အခက်အခဲတွေကြားကဘဲ ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှုကိုပေးနိုင်ခဲံပြီဲ့း အမျိုးသားညီလာခံကနေထွက်ခွာလာနိုင်ခဲ့ပါတယ်။ဒုတိယအချက်က၁၉၉၈ခုနှစ်စက်တင်ဘာလမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးနီးပါးရဲ့ထောက်ခံမှုကိုအရယူနိုင်ခဲ့တယ်၊အမျိုးသားပြန်လည်
သင့်မြတ်ရေးရဲ့စုစည်းမှုအင်အားအခြေခံအုတ်မြစ်တစ်ခုကိုပထမဆုံးပြန်ချပေးနိုင်ခဲ့တဲ့သမိုင်းဝင်
CRPPကိုရဲဝင့်စွာဖွဲ့စည်းနိုင်ခဲ့တဲ့ပြတ်သားတဲ့နိုင်ငံရေးဦးဆောင်မှုကိုပေးခဲ့တယ်။တတိယအချက်က
(၂၀၀၂)၊(၂၀၀၃)ခုနှစ်ဒေါ်အောင်ဆန်းစုကြည်ဟာလူထုထောက်ခံမှုတွေ၊တိုင်းရင်းသားလူမျိုးစု
တွေရဲ့ထောက်ခံမှုတွေမရှိတော့ဘူးဆိုတဲ့နအဖရဲ့လိမ်ညှာလှည့်ဖြားမှုနဲ့ယုတ်မာမှုတွေအပေါ်လူထုဟာ
အကြောက်တရားနဲ့တွေဝေမှုတွေမဖြစ်လာအောင်တစ်နိုင်ငံလုံးလူထုစည်းရုံးရေးခရီးစဉ်တွေဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားတဲ့ နိုင်ငံရေးဦးဆောင်မှုကိုထောင်သောင်းများစွာ
သော ပြည်သူလူထုထောက်ခံမှုနဲ့အတူ ပြနိုင်ခဲ့ပါတယ်။

မြတ်လေးငုံ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ ရဲ့ ပြည်တွင်းမှာလုပ်ခဲ့ရသောခက်ခဲသည်အတွေ့အကြုံ
လေးတွေကိုပြောပြပေးပါလားရှင်။

ကိုတိုးလွင်။
၂၆.၄.၉၁ မှာထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပဒေ အရ နိုင်ငံရေးပါတီတွေဟာ အဖွဲ့ဝင်အင်အားတွေကို
ထပ်မံတိုးချဲ့ခွင့်မရှိတော့ပါဘူး။ ဒီမတရားတဲ့ ဥပဒေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဆန့်
ကျင်ရဲခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အဆင့်ဆင့်သောစည်းရုံးရေးကော်မတီတွေ၊ အမျိုးသမီးအဖွဲ့တွေကိုဒီဥပဒေကိုဖောက်ဖျက်ပြီးဖွဲ့စည်းပေးတာဟာပြဿနာနည်းခဲ့ပေမဲ့အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တွေကိုပြန်လည်ဖွဲ့စည်းရာမှာတော့အခက်အခဲတွေ
အရင်းအနှီးတွေဟာကြီးခဲ့ပါတယ်။လူငယ်ခေါင်းဆောင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေဟာ ထောင်အကျခံ၊ ဘ၀အပျက်ခံပြီးလူငယ်အဖွဲ့တွေပေါ်ပေါက်လာအောင်အနစ်နာခံဆောင်ရွက်ပြနိုင်ခဲ့ပါတယ်။
ဒီနေ့ဒီမြို့နယ်မှာဒီလူငယ်တွေကိုဖွဲ့ပေးပြီးရင်နောက်တစ်နေ့အဲဒီလူငယ်တွေအားလုံးဟာ
အင်းစိန်ထောင်ထဲရောက်သွားတယ်။နောက်နေ့နောက်မြို့နယ်နောက်လူငယ်တွေဟာလည်းဘဲ ဒီလမ်းကိုလိုက်ကြရပါတယ်။ဒီလိုအခက်အခဲပြဿနာတွေကြီးပေမဲ့လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
်လူငယ်အဖွဲ့ဝင်တွေဟာပြည်သူလူထုအတွက်ရပ်တည်ဆောင်ရွက်လုပ်ပေးနိုင်ခဲ့တာတွေကတော့ အများကြီးပါဘဲ။

မြတ်လေးငုံ။
ကိုတိုးလွင်အနေနဲ့မြန်မာပြည်ရဲ့ပြင်ပကိုရောက်လာခဲ့ပြီးနောက်ပိုင်းဘယ်လိုနိုင်ငံရေးတာဝန်တွေကို
ယူခဲ့ပါသလဲရှင်။

ကိုတိုးလွင်။
၂၀၀၇ ခုနှစ် သြဂုတ်လမှာစတင်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွှတ်မြောက်နယ်မြေ)ကိုဝင်
ရောက်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်ဖေဖော်ဝါရီလမှာဗဟိုစည်းရုံးရေးဋ္ဌာနတာဝန်ခံနဲ့ဗဟိုကော်မတီဝင်
တာဝန်တို့ကိုတာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။

မြတ်လေးငုံ။
ကိုတိုးလွင်အနေနဲ့ ကျမ ကိုဘာများပြောချင်ပါသေးလဲရှင်။

ကိုတိုးလွင်။
ခုလို အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်တဦးအနေနဲ့ ထောင်တွင်းအတွေ့အကြုံတွေက
ိုပြန်ဝေမျှပေးပြီးစစ်အာဏရှင်ကနည်းမျိုးစုံသုံးပြီးနှိပ်စက်ခံခဲ့ရတဲ့လူတွေကိုကိုယ်တိုင်လက်လံမေးမြန်းပေးပြီးဒီအစီစဉ်လေးကိုတင်ပြပေးတဲ့စိတ်ကူးလေးကိုတော့တော်တော်လေးကိုလေးစားမိပါတယ်ခင်ဗျာ။

ကျမမြတ်လေးငုံအားစိတ်ရှည်စွာဖြေကြားပေးတဲ့ကိုတိုးလွင်ကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။

မျှဝေခံစားနိုင်ပါစေ။

-မြတ်လေးငုံ။
http://myatlayngon.blogspot.com/

Monday, 5 October 2009

“ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့်ရချင်လို့….”

Saturday, 03 October 2009 17:36 ဧရာဝတီ



ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊ နိုင်ငံရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာအေးကျော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏ ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။
ဒေါက်တာအေးကျော်

မေး။ ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။ ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ အမြဲတမ်းရှေ့က ပါဝင်ခဲ့တယ်၊ အင်္ဂလိပ် ကိုတော်လှန်တဲ့နေရာမှာရော ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကို လိုချင် လို့ တော်လှန်ရေးမှာ ရှေ့တန်းက ပါရသလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာ သီဟ၊ ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေး လောကက ထိတ်ထိတ်ကြဲတွေပဲပေါ့၊ မြန်မာတနိုင်ငံလုံးအတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။

အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွဲစိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့ အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကို လည်း တွေ့ ရပါမယ်။

ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ ရခိုင်အသိုင်းအ၀ိုင်းမှာရော ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးပါ၊ ဒီကနေ့ မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နေ့ ကို တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ် ထားကြတယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့ ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား (၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိတော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ထဲမှာ လည်း ပါပါတယ်။ မေမြို့ မိုးကြည့်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းများထဲမှာ ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ လေ့လာကြည့်ပါ။

မေး။ ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။ ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပြောခဲ့ပြီးပြီ၊ အဲသလို ဗမာအပါအ၀င် အခြားသော တိုင်းရင်းသားတွေနဲ့ အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင် ရခိုင်တွေဟာ မိမိတို့ ရခိုင်ပြည် ကို ရဖို့ပါပဲ၊ တန်းတူအခွင့်အရေး ရဖို့ ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို့ ပါပဲ၊ ဒါပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက် ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့် လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊ ရခိုင်တွေ မွန်တွေဟာ ဦးနုကို ပြည်နယ်ပေးဖို့ တောင်းဆိုပေ မယ့် ဦးနု ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့ ရည်မှန်းချက်မပြည့်ဝခဲ့ရဘူး၊ ဦးနုဟာ သူ့ ပါတီအကျိုးကိုသာ ကြည့်ခဲ့လို့ တကယ်အရေးပါတဲ့ National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးရှုံး စေခဲ့တယ်။

မေး။ ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ ဖြစ်နေခဲ့ပါသလဲ။

ဖြေ။ ။ ဦးနုရဲ့ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့ ပါတီကြီးနှစ်ခုရှိတယ်၊ ဖဆပလ နဲ့ ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တွေပါ၊ ရတညရဲ့ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင် တို့လည်း နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါတယ်၊ ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင် စတာတွေက ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ (ဖဆပလ)နဲ့ သန့် ရှင်း (ဖဆပလ) ဆိုပြီး ရှိလာတယ်၊ ဒီတော့ သန့် ရှင်းဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဦးနုဟာ တိုင်းပြည်ရဲ့ အကျိုး ထက် သူ့ ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ့ မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို မဲရဖို့ အတွက် မျက်နှာသာပေးတယ်၊ မှတ်ပုံတင် ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်ကို အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။ ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို့ အတွက် မျက်နှာသာပေးတာနဲ့ ဘင်္ဂါလီတွေဟာ နိုင်ငံရေးအဆင့်ထိကို တိုးတက် လုပ်ဆောင်လာတာကို တွေ့ လာရတယ်။ သူတို့ အထဲက စူလတန် မာမွတ်ဆိုတာ ဟာ ထင်ရှား တဲ့သူ တဦး ပါ၊ ရခိုင်တွေရဲ့ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ဆက်လုပ်လာခဲ့တယ်။

မေး။ ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။

ဖြေ။ ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာတယ်၊ အဲဒီမှာ ဦးနုက သူ့ ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီ တွေကို ၀င်ခွင့်ပြုတယ်၊ အဲဒီလို ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံထွက်နေ တဲ့ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။

မေး။ ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ သိပါသလား။

ဖြေ။ ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စူလတန် မာမွတ် ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့် တခါမှ ရိုဟင်ဂျာဆိုတဲ့ စကား ကို သုံးစွဲခဲ့တာ မတွေ့ ရပါဘူး၊ လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာရော ရခိုင်သမိုင်းမှာရော ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီးခါစမှာရော မရှိခဲ့ပါဘူး။

မေး။ ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။

ဖြေ။ ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်းပေအကြောင်း သမိုင်းအကြောင်း တွေကို ဆွေးနွေးတယ်၊ အဲဒီ အခါမှာ ဒီဝေါဟာရကို ဆရာကြီး ဦးသာထွန်းက အခုလို ဆိုပါတယ်။ ရိုဟင်ဂျာ ဆိုတာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာတဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့ အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက သစ်ရွက်တွေကြွေရင် လေထဲ မှာ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုတယ်၊ ဒီ ဘင်္ဂါလီတွေကိုမှ အခုလို ဆိုလိုတာမဟုတ်ပါဘူး၊ ရည် ရွယ်ချက် ဦးတည်ချက်မရှိဘဲ လွင့်နေတဲ့ဘယ်သူ့ ကိုမဆို ရခိုင်ဘာသာစကားနဲ့ လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ့ ဆန်းစစ်ကြည့်ရင်လည်း လွင့်ဂျာကနေ ရိုဟင်ဂျာလို့ ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ် လို့ ကျနော် တက္ကသိုလ် ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဲ့ဖူးတယ်။ ယရလ၀ ဆိုတဲ့ ဗျည်းတွေဟာ အသံပြောင်းလဲတဲ့ သဘောရှိ တယ်။

(ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ ပညာရှိကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင် ပဏ္ဍိတ် (ပညာရှိ) ဘွဲ့ အပ်နှင်းခဲ့ဖူးကြောင်း သိရသည်။ အယ်ဒီတာ)

မေး။ ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင် မကြားချင်လောက် အောင်ဖြစ် နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံတာက မူဂျာဟစ်တွေဖြစ်တယ်။ သူတို့ ဟာ ရခိုင်ပြည်မှာ နေရာရဖို့ မြေရဖို့ သူပုန်ထကြတယ်။ သူတို့ ဟာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို့ နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေပေါများလွန်းလို့ နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားတဲ့ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင် ပြည်နယ် ထူထောင်ဖို့ မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ် ရိုဟင်ဂျာကို တင် သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊ မိမိတိုင်းပြည်ရဲ့ နယ်မြေတွေကိုရော ဘာသာ သာသနာ ကိုပါ အန္တရာယ်ပြုနိုင်တဲ့ ဒီ ရိုဟင်ဂျာဆိုတာကို ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။

မေး။ ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းတရားက ဘာတွေများဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့ ဒီရိုဟင်ဂျာဆိုတာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက“အစ္စလမ်ဝါဒ လွှမ်းမိုး ပြန့်ပွားရေး”ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည် တွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့် လိုအပ်တာတွေကို ထုနဲ့ ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေတာကို တွေ့ ရတယ်၊ အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ ဟာ ရိုဟင်ဂျာအမည်ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို့ အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊မြန်မာတိုင်းရင်းသား လည်းမဟုတ်ဘူး။

မေး။ ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်း မပြုဘူး၊ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေမယ့် ပြည်ပမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများကောင်စီမှာ တိုင်းရင်း သား အခွင့်အရေးရဖို့ ကြိုးစားနေတာတွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက ကန့်ကွက်လို့ အခု အချိန် ထိတော့ အောင်မြင်မှုမရသေးပါဘူး။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့ သလဲ ဆိုတာ ကို သိချင်ပါတယ်။

ဖြေ။ ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသားလူမျိုးများနဲ့ ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို့ ဆရာဒေါက်တာမောင်မောင်ရယ်၊ ဆရာကြီး ဦးစံသာအောင် ရယ်။ ကျနော်တို့ တွေ့ ဆုံဆွေးနွေး ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်က ဥပဒေ ပညာရှင်၊ ကျနော်က သမိုင်း၊ ဦးစံသာအောင်က အဲဒီတုန်း က အထက်တန်းပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။

အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက်ဆိုရင် ဘိုးတော်ဘုရား စစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်လောက်က စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံ တယ်၊ အဲဒီမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လာတဲ့ လူမျိုးတွေ အားလုံးကို ကျကျနန စစ်တမ်းကောက်ထား တာရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့ တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်ပြီးရင် ဆုံးဖြတ်ရင် မကောင်းဘူးလားလို့ ကျနော်က အကြံပေးတယ်။

အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင် သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က စသင့်တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည် ကို အင်္ဂလိပ်တွေစသိမ်းတဲ့ နှစ်ပါ၊ ဒါကို ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီမတိုင်မီက နေထိုင်ခဲ့တဲ့ လူမျိုးတွေကို တိုင်းရင်းသားလူမျိုးများ အဖြစ် သတ်မှတ်တယ်လို့  ဥပဒေ ပြုခဲ့တယ်။ ဒါပေမယ့် ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း မရှိခဲ့ဘူး။


ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)

၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1922:2009-10-03-10-37-47&catid=4:interview&Itemid=10
အရပ်သားအမြင်နဲ့ စစ်သားအထင်
ဦးအောင်ခင်
၉ စက်တင်ဘာ ၂၀၀၉


မြန်မာပြည်မှာ ဒီမိုကရေစီစနစ်တည်ဆောက်ချင်တဲ့ အရပ်သားအဖွဲ့အစည်းတွေနဲ့ စစ်အစိုးရတို့ စေ့စပ်ဆွေးနွေးတဲ့အဆင့်ကို မရောက်နိုင်သေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ အခြေခံအကြောင်းတခုက အရပ်သားရဲ့ သမိုင်းအမြင်နဲ့ စစ်သားရဲ့ သမိုင်းအမြင် ကွဲပြားခြားနားနေလို့ပါပဲ။ စစ်တပ်တိုင်းမှာ သီးခြားအသွင်လက္ခဏာရှိတယ်။ အရပ်သားနဲ့စစ်သားဟာ သမိုင်းအမြင်ချင်း မတူတာများပါတယ်။ စစ်ဗိုလ်ရဲ့ အတွေးအခေါ်ဟာ စစ်တပ်ရဲ့သမိုင်းအမြင်က လွှမ်းမိုးလေ့ရှိတယ်။
အရပ်သားဟာ သူတွေ့ရှိတဲ့ အချက်အလက်ပေါ်မှာမူတည်ပြီး သမိုင်းရေးတယ်။ မိမိတွေ့ရှိတဲ့ အချက်အလက်ကိုလိုက်ပြီး သုံးသပ်မှုနဲ့ အဓိပ္ပာယ်ဖော်မှုလည်း ပြောင်းသွားရပါတယ်။ ကိုယ်ဖြစ်ချင်တာကို ရေးလို့မရဘူး။ ကိုယ်ထင်တာကိုမရေးဘဲ တွေ့တဲ့အတိုင်းရေးတာကို သတ္တိရှိတယ်လို့ ပြောတာပါပဲ။ ဗမာစစ်တပ်က သမိုင်းရေးသလို လိုချင်တာတွေထည့်ပြီး မလိုချင်တာ ကို ဖယ်ထုတ်လို့မရပါဘူး။ လူသတ်တာကို ကယ်တင်တာလို့ ရေးလို့မရပါဘူး။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ စစ်သမိုင်းဆရာတွေဟာ အရပ်သားတွေပါ။ ဗမာပြည်မှာတော့ စစ်ဗိုလ်ကသာ စစ်သမိုင်းကို ရေးခွင့်ရှိသလို ဖြစ်နေတယ်။
စစ်တပ်ကိုအယုံတင်သွင်းရာမှာ သမိုင်းကို ၀ါဒဖြန့်ပစ္စည်းအဖြစ် အသုံးပြုပြီး ပုံကြီးချဲ့လေ့ရှိတယ်။ ဒီလိုပြောပါများလာတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဂျပိုးကိုလိပ်လို့ ယုံကြည်လာတာပါပဲ။ ဒါကို စိတ်ပညာမှာ auto-suggestion လို့ခေါ်တယ်။ ၂၀ ရာစုအစောပိုင်းမှာ ပြင်သစ်စိတ်ပညာရှင်တဦး Emile Coue 1857-1926 တွေ့တဲ့နည်းပါ။ မိမိကိုယ်မိမိ ကယ်တင်ရှင်လို့ အနှစ် (၅၀) နီးပါး ၀ါဒဖြန့်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ဝါဒဖြန့်တာကို သူတို့ကိုယ်တိုင် ပြန်ယုံနေတဲ့အတွက် နေရာတကာ စစ်ဗိုလ်က ဦးဆောင်ခွင့်ရှိကြောင်း ဥပဒေပြုတာဖြစ်တယ်။
ဥပမာ အမေရိကန်နဲ့ အင်္ဂလိပ် စစ်အင်အားကြီးမားလို့ ဂျပန်စစ်ရှုံးရတာ တကမ္ဘာလုံး သိတယ်။ ဂျပန့်လက်အောက်ခံ ဗမာစစ်တပ်က ဂျပန်ကိုတော်လှန်ပြီး အင်္ဂလိပ်နဲ့ အမေရိကန်ဘက်က ကူတိုက်ပေးတယ်။ ဗမာစစ်တပ် မကူလည်း အင်္ဂလိပ်/အမေရိကန်က နိုင်မှာပါပဲ။ ဗမာစစ်တပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးတာမဟုတ်ဘူး။ ဂျပန်ကို တော်လှန်တဲ့အတွက် ဗမာစစ်တပ်သာ အမြတ်ထွက်သွားတယ်။ ဂျပန်နဲ့လက်တွဲပြီး အင်္ဂလိပ်၊ အမေရိကန်တပ်ကို သွားတိုက်မယ်ဆိုရင် ဗမာစစ်တပ်ဟာ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့လို အင်္ဂလိပ်စစ်တပ်ရဲ့ ကူလီဘ၀ကို ရောက်သွားမှာ သေချာတယ်။
ဒီအဖြစ်အမှန်ကိုမထုတ်ဖော်ဘဲ တပ်မတော်ကတော်လှန်လို့သာ ဂျပန်စစ်ရှုံးသလိုလို တပြည်လုံးကို ၀ါဒဖြန့်ထားတာ စစ်တပ်ရဲ့ သမိုင်းအမြင်ပါပဲ။ ဗမာစစ်တပ်တိုက်ယူလို့ လွတ်လပ်ရေးရတာလို့ စစ်ဗိုလ်တွေယူဆထားတာဟာ မှားယွင်းတဲ့သမိုင်းအမြင်ပါ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးဟာ အခန်းကဏ္ဍလေးတခုသာဖြစ်တယ်။ စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှုဟာ နှလုံးရည်တိုက်ပွဲသာဖြစ်တယ်။ အဲဒီအချိန်မှာ ဗမာစစ်တပ်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်နေလို့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်မပါဝင်နိုင်ခဲ့ဘူး။
ခေတ်ပညာတတ် စစ်ဗိုလ်ဆရာဝန် စာရေးဆရာ ဒေါက်တာမောင်မောင်ညို လိုဟာမျိုးကတောင် ဂျပန်တော်လှန်ရေးကို အကြီးအကျယ် အောက်မေ့နေတယ်။ ၁၉၇၃ ခုနှစ်က တိုကျိုမှာ ကျနော် သမိုင်းသုတေသနလုပ်နေတုန်း ဒေါက်တာမောင်မောင်ညိုနဲ့ ခဏဆုံမိတော့ ဂျပန်တော်လှန်ရေးအကြောင်း ဘာတွေရေးထားသလဲလို့ သူကမေးတယ်။ ဂျပန်တော်လှန်ရေးကို အလေးအနက်ထားသူ သိပ်မရှိကြောင်း ပြောပြတော့ ဒေါက်တာမောင်မောင်ညို အတော်မကျေမနပ် ဖြစ်သွားတယ်။ ဂျပန်တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် ကျနော်က တမင်ပြောတဲ့ပုံစံနဲ့ သူ့ခရီးသွားမှတ်တမ်းမှာ ၁၉၇၇ က ရေးထားတယ်။ စစ်ဗိုလ်ဆရာဝန် ဒေါက်တာမောင်မောင်ညိုလည်း စစ်တပ်ဝါဒဖြန့်တာကို ယုံကြည်သူပါပဲ။
အခုတော့ ဂျပန်ကို ဗမာစစ်တပ်က တွန်းလှန်လိုက်တယ်ဆိုတဲ့ စိတ်ကူးယဉ်ချက်ကို အများယုံကြည်လာအောင် ပုံကြီးချဲ့ဝါဒဖြန့်ပြီး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားတယ်။ ဂျပန်ကို တိုက်ထုတ်သူဟာ ဗမာစစ်တပ်ဖြစ်ကြောင်း ပုံကြီးချဲ့တာကိုနားထောင်ပြီး လူငယ်တွေ ကြီးပြင်းလာရတယ်။ ဗမာစစ်တပ်ရဲ့ ပုံကြီးချဲ့ဇာတ်လမ်းအရ အင်္ဂလိပ်စစ်တပ်၊ အမေရိကန်စစ်တပ်၊ တရုတ်၊ ကရင်၊ ကချင်၊ ချင်း၊ နာဂနဲ့ မြန်မာအရပ်သားတွေကတော့ ဂျပန်တော်လှန်ရေးမှာ မပါသလို ဖြစ်နေတယ်။
တကယ်တော့ ဂျပန်တော်လှန်ရေးကို ပထမဆုံး စတင်ဆင်နွှဲသူဟာ ကရင်နဲ့ ချင်းအမျိုးသားတွေပါ။ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ပထမဆုံးသော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ ဦးဆောင်ဆင်နွှဲခဲ့သူ ဗြိတိသျှဗိုလ်မှူး Hugh Paul Seagrim ဖြစ်တယ်။ ကရင်ပြောက်ကျားအဖွဲ့က ဂျပန်စစ်တပ်ကို ပထမဆုံးတော်လှန်တာဖြစ်တယ်။
၁၉၄၂ ခုနှစ် ဆောင်းဦးရာသီမှာ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားတုန်း ကင်းလှည့်တဲ့ ဂျပန်စစ်သားကို ဇိုပြည်သူ့စစ်က ဖြောင်ပစ်တဲ့အတွက် အဲဒီအချိန်ကတည်းက ချင်းတော်လှန်ရေးစတယ်လို့ ဆိုနိုင်ပါတယ်။ ကလေးမြို့အနီးမှာ ဂျပန်တပ်ဖွဲ့တဖွဲ့ အနားယူနေစဉ် ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့မှာ ဇိုပြည်သူ့စစ်က လျှပ်တပြက်ဝင်တိုက်လို့ ဂျပန် (၁၂) ဦး ကျသွားတယ်။ ဒီတိုက်ပွဲသတင်းကို ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ဘီဘီစီအင်္ဂလိပ်ပိုင်းက ကြေညာတယ်။ ဒါဟာ အရပ်သားရေးတဲ့ သမိုင်းပါ။ စစ်တပ်ကို ကယ်တင်ရှင်လို့ ပြည်သူလူထုက မယူဆပါဘူး။
စစ်ခေါင်းဆောင်ကို သစ္စာရှိတဲ့စစ်တပ်ဟာ အဲဒီစစ်ခေါင်းဆောင်အလွဲသုံးစားလုပ်တာကို ခံရတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ သာဓကတွေပဲ။ ဒီကနေ့ စစ်ဗိုလ်တွေလက်ခံတဲ့ နိုင်ငံရေးအယူအဆကို နောက်တနေ့မှာ စစ်ဗိုလ်တွေ မေ့သွားနိုင်တယ်။ ၁၉၆၂ ကစပြီး ဗမာစစ်တပ်တခုလုံးက ယုံကြည်ပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဆိုရှယ်လစ်ဝါဒကို ၁၉၈၈ ရောက်တော့ ယုံကြည်တဲ့စစ်ဗိုလ် တယောက်မှမရှိတော့ဘူး။ ဒါဟာ ဗမာစစ်ဗိုလ်တွေရဲ့ ခံယူချက်လား။
အပြင်လူက မြန်မာပြည်ကို နားလည်ဖို့လိုအပ်သလို မြန်မာတွေကလည်း မိမိကိုယ်မိမိ အကဲဖြတ်ဖို့လိုအပ်ကြောင်း အမေရိကန်သမိုင်းဆရာကြီး ဂွန်ကေဒီ ၁၉၅၇ ခုနှစ်က ပြောဖူးတယ်။ ဗမာစစ်အစိုးရက အနှစ် (၅၀) နီးပါး ကိုယ်ရည်သွေး ၀ါဒဖြန့်ခဲ့တာကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကို သိနိုင်ဖို့ မလွယ်ပါဘူး။ အဖြစ်မှန်ကိုမသိရင် တဘက်နဲ့တဘက် နားလည်ဖို့နဲ့ ပြဿဖြေရှင်းဖို့ ခက်ခဲနိုင်တယ်။
ဥပမာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဟာ တိုင်းရင်းသားလူမျိုးတွေကို စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး မြန်မာပြည်ကို သွေးစုပ်ခြယ်လှယ် တယ်ဆိုတာနဲ့ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲလို့ လွတ်လပ်ရေးရတာဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ယုံကြည်လေလေ တိုင်းရင်းသားပြဿနာ ဖြေရှင်းရတာ ခက်လေလေပါပဲ။ မြန်မာ့ပြဿနာဟာ တိုင်းရင်းသားအရေးမှာ အခြေခံတယ်လို့ဆိုတယ်။ ဗမာလူမျိုး ရောက်မလာမီကတည်းက မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးမျိုးရှိနေတယ်။ တိုင်းရင်းသားတွေဟာ ဗမာမင်းကို သစ္စာခံလိုက်၊ တရုတ်လက်အောက်ရောက်သွားလိုက်၊ ထိုင်းကိုသစ္စာခံလိုက်နဲ့ နောက်ဆုံး အင်္ဂလိပ်လက်ထက်ရောက်တော့မှ သူတို့ဘ၀ဟာ လုံခြုံသွားတဲ့သဘောပါပဲ။ ရှေးကတည်းက ဗမာမင်းနဲ့ တိုင်းရင်းသားတွေ အကွဲကွဲအပြဲပြဲဖြစ်လာတာကို အင်္ဂလိပ်က လိုသလို အသုံးချသွားတာပါပဲ။
ဖက်ဆစ်ဂျပန်စစ်ဗိုလ်ကလည်း သူ့ကိုယ်သူကိုယ် ကယ်တင်ရှင်လို့ ယူဆတာပဲ၊ ၁၉၄၅ မှာ ဂျပန်လက်နက်ချပြီး စစ်တပ်တခုလုံး ဖျက်သိမ်းလိုက်တော့မှ ကယ်တင်ရှင်ဝါဒ နိဂုံးချုပ်သွားတယ်။ စစ်ပြီးခေတ်ဂျပန်မှာ နှစ်ပေါင်းအတော်ကြာ စစ်တပ်မရှိဘူး။ အမေရိကန်စစ်တပ်နဲ့ ဂျပန်အရပ်သားအစိုးရက ပူးတွဲအုပ်ချုပ်ပါတယ်။ စစ်ဗိုလ်တွေကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့အဖြေစ်ကို နာကြည်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ စစ်မှုထမ်းအလုပ်ကို ဂုဏ်ယူစရာလို့ မယူဆကြတော့ဘူး။ စစ်ရှုံးလို့ရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့ ဂျပန်ပြည်မှာ စစ်ဝါဒကွယ်ပျောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာတာပါပဲ။



ရဲဘော်ဖိုးသံချောင်း
၂ အောက်တိုဘာ ၂၀၀၉

ဗမာပြည်ကမီဒီယာတွေကို ဖတ်ကြည့်တဲ့အခါ ဗမာပြည်နိုင်ငံရေးမှာ ရှုပ်ထွေးစရာတွေပေါ်လာမယ့် လက္ခဏာတွေ တော်တော်တွေ့လာနေရပါတယ်။ ဒီကြားထဲ အမေရိကန်နိုင်ငံက ပေါ်လစီပြောင်းမယ်ဆိုတဲ့ သတင်းကလည်းရှိနေတော့ မကြာခင်မှာ အသံတွေပိုစီညံလာဦးမှာ သေချာနေပါတယ်။

ဒါပေမယ့် ဘယ်လိုလေသံတွေပဲဖြစ်နေနေ၊ အဆုံးမှာသတ္တုချလိုက်ရင်တော့ ပြောဆိုနေကြတာဟာ နအဖက ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲကို ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့နှစ်ခုပါပဲ။ ကြားမရှိဘူးလို့တောင် ပြောရင်ရပါတယ်။

ဒီရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းသူတွေထဲမှာ ကိုယ်တိုင်ဝင်မယ့်လူလည်းရှိ၊ ကိုယ်တိုင်မ၀င်ဘဲ ဟောပြောတရားချတာ သက်သက်လုပ်နေသူတွေလည်းရှိ၊ လူအမျိုးအမျိုးပဲဆိုတာ တွေ့ရမှာပါ။ ဒီအထဲက တချို့ကဆိုရင် အိုဘားမားနဲ့ ဒေါ်ကလင်တန်တောင်မှ သူတို့ရဲ့နောက်ကို လိုက်လာတယ်လို့ ပြောချင်ဟန်ရှိပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် တောခြောက်ပေး၊ ဘေးတီးပေးသူတွေအထဲမှာ တချို့က ဒီလိုလုပ်တာဟာ သူတို့ ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကိုမ၀င်ပါဘူးလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ရဲ့အသက်အရွယ်အရ ဖြစ်စေ၊ သူတို့ရဲ့သုညနားကပ်နေတဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရပဲဖြစ်စေ၊ သူတို့ဟာ ရွေးကောက်ပွဲကို ၀င်ချင်လို့လည်း ၀င်လို့မရပါဘူး။ သူတို့ဟာ ဒီနေ့ နအဖရဲ့ အဓိကရန်ဘက်စာရင်းမှာပါနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကပ စတာတွေထဲမှာ ပါဖူးပါတယ်။ လက်နက်လည်းချဖူးကြပါတယ်။ ဒီတော့ “တခါလက်နက်ချဖူးရင် အကြိမ်ကြိမ်လက်နက်ချနေရတယ်” ဆိုတဲ့ လက်နက်ချတို့ရဲ့ အစဉ်အလာအတိုင်း မသေမချင်း တိုင်းပြည်မှာအရေးကြီးတဲ့ ကိစ္စပေါ်လာတိုင်း စစ်အုပ်စုက လိုအပ်တယ်ဆိုရင် ထောက်ခံစာတွေ ရေးပေးနေရတာပါပဲ။ သူတို့ကိုယ်တိုင်ကတော့ လူထုအပေါ်ဘာသြဇာမှမရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က အင်္ဂလိပ်စကားလုံးတွေနဲ့ သဘောတရားတွေထုတ်တတ်တော့ နအဖကိုလည်းဖားချင်၊ ဘာသဘောတရားအကြောင်းပြချက်နဲ့ ဖားရမှန်းမသိ ဖြစ်နေသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။
နောက်ပြီး နအဖကိုဖားချင်လို့ဖြစ်စေ၊ ပညာတတ်ဂိုက် ဖမ်းချင်လို့ဖြစ်စေ သူတို့ရေးတာတွေကို ဖော်ပြပေးနေတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သူတို့ရေးတာ၊ ပြောတာတွေဟာ တချို့လူတွေအတွက်တော့ အသုံး ၀င်တန်ဖိုးရှိတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ပြည်တွင်းက မြို့ပေါ်မှာနေသူတွေဆိုတော့ သူတို့ဟာ သူတို့နဲ့ပြိုင်ငြင်းလို့ မရမှန်းသိထားတဲ့အတိုင်း လူတကာကိုတိုက်ခိုက်တာ ဆွတာတွေလုပ်ကြပါတယ်။ တခါတလေမှာ သက်တော်ရှည် ဆရာ ဒဂုံတာရာကို သေဖော်ညှိတာလည်း လုပ်ကြပါတယ်။ ဆရာ့ခမျာ ဒင်းတို့မို့ပေကိုးဆိုပြီး မသိဟန်ဘဲ ဆောင်နေရဟန် တူပါတယ်။ ဒါပေမယ့် သူတို့ခမျာ ဖားသာဖားရ မျက်မာန်ရှမှာကိုတော့ ကြောက်နေရတဲ့ လက္ခဏာတွေလည်း မြင်နေရပါတယ်။

နောက်တမျိုးက စီးပွားရေးလုပ်ငန်းရှင်၊ ပညာတတ်လို့ ဆိုရမယ့်သူတွေဖြစ်ပါတယ်။ သူတို့က မဝေးလှတဲ့ ကုန်လွန် လေပြီးတဲ့သမိုင်းမှာ ဗိုလ်ခင်ညွန့်နဲ့နီးစပ်၊ ပတ်သက်ဖူးတယ်လို့ နားလည်ရပါတယ်။ သူတို့က ငွေကြေးတတ်နိုင်တော့ ကိုယ်ပိုင်မီဒီယာလည်းရှိတယ်၊ ပြည်ပအဆက်အသွယ်တွေလည်း ရှိပါတယ်။ ကမ္ဘာအနှံ့ရှိ ရှုပ်ထွေးလှတဲ့ အန်ဂျီအိုကွန် ရက်တွေနဲ့လည်း ပတ်သက်နေကြပါတယ်။ သူတို့က ရွေးကောက်ပွဲကို ၀င်မယ့်လက္ခဏာတွေဖော်ပြနေပါတယ်။ ဒါပေမယ့် ငွေကြေးရှင်လည်းဖြစ်၊ ပညာတတ်လည်းဖြစ်ဆိုတော့ သူများလိုပြာပြာသလဲမဖြစ်၊ တည်တည်ငြိမ်ငြိမ်နဲ့ပြောနိုင်၊ လှုပ်ရှား နိုင်ကြပါတယ်။ သူတို့မှာက နအဖစစ်အုပ်စုထဲက ဘယ်ထိပ်သီးနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အရည်အသွေးမျိုး တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ သူတို့ရဲ့စီးပွားရေးတိုးချဲ့မှုဟာ ကင်းမှကင်းရဲ့လားလို့ တချို့က တွေး နေကြပါတယ်။ သူတို့ပြောတဲ့ သဘောတရားတွေမှာ နားယောင်စရာ ရှိကောင်းရှိနိုင်ပေမယ့် သူတို့ဘာကြောင့် ဒီရွေးကောက် ပွဲကို ထောက်ခံပါဝင်ချင်ကြတယ် ဆိုတာကတော့ ရှင်းနေတယ်လို့ ထင်ပါတယ်။

ဒီလိုအမျိုးအစားတွေခွဲပြောပြီဆိုရင် တစညလို တပ်မတော်အရာရှိဟောင်းများကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ သူတို့ကိုချန်လှပ်လို့မရပေမယ့် သူတို့ရဲ့တွေးခေါ်နည်း၊ ပြောကြားချက်စတာတွေကတော့ လူတိုင်းအဖို့ဘာမှမဆန်း၊ ရှုပ်ထွေး စရာလည်းမရှိတာမို့ ဒီဆောင်းပါးထဲမှာ ချန်လှပ်ထားခဲ့ပါမယ်။ တစညပဲ၊ ဒီလိုပဲ ပြောတော့မပေါ့လို့သာ မှတ်ထားလိုက်ကြပါစို့။

ဒါ့အပြင် နောက်တမျိုးကတော့ လူသစ်တန်းလို့ပြောရင် ရမလားပါပဲ၊ သူတို့က ပိုခြေသွက်ပါတယ်။ ပိုပြီး မျက်နှာပြောင်တယ်လို့ ပြောရင်တောင်ရမလားပါပဲ။ တကယ်က သူတို့ထဲက တချို့ဟာ ရှစ်လေးလုံး အရေးတော်ပုံတုန်းက အဖွဲ့အစည်းတချို့မှာ တတိယတန်းခေါင်းဆောင်လောက်လုပ်ဖူးပြီး အခြေအနေဆိုးလာတော့ ထိုင်သွား၊ ငုပ်သွားသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရှစ်လေးလုံးခေါင်းဆောင်တွေအပေါ် အာဃာတတွေထားကြောင်း ဖော်ပြတာလည်း တခါတရံမှာ တွေ့ရပါတယ်။ ဒီအမျိုးအစားထဲမှာ သတိမပြုဘဲမနေနိုင်တဲ့ ဒွေးရောယှက်တင် ဖြစ်နေသူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ကြံ့ဖွံ့လိုဟာ၊ သတင်းပေးလိုဟာတွေပါ ရောပါနေတာဖြစ်ပါတယ်။ အခုဖော်ပြခဲ့သူ အားလုံးထဲမှာ သူတို့ဟာ အပြတ်သားဆုံးလို့ တောင်ဆိုနိုင်ပါတယ်။ သူတို့က ဘာမှမကြောက်ဘူး ဆိုတာမျိုးလည်း ကြုံတိုင်းလိုလို ဖော်ပြကြပါတယ်။ အင်တာနက်မှာလည်းကျက်စား၊ သူတို့ရဲ့ဖုန်းနံပါတ်တွေကိုကြေညာ၊ ကိုယ့်ကိုယ်ကိုယ် အပြတ်ကြော်ငြာနေကြပါတယ်။ ဒါ့အပြင်သူတို့က ပြည်ပမီဒီယာတွေထဲမှာ “စိမ်ခေါ်လို့ကတော့ တိမ်ပေါ်ကိုတောင် တက်ထိုးမယ်” ဆိုတာမျိုးကိုလည်း ပြောကြပါတယ်။ သူတို့ဦးတည်တာက နအဖဆန့်ကျင်သူ အားလုံးကို ဖြစ်ပါတယ်။ ဒီလိုအခါမှာ သူတို့ကို နအဖက
လိုလားဟန်လည်းဖော်ပြနေတော့ သူတို့က ပိုကမ်းတက်တယ်လို့ ပြောနိုင်ပါတယ်။



ဒုက္ခသည်များ ပိုမိုလက်ခံရေး ပြင်ဆင်ထားရန် ထိုင်းကို အစီရင်ခံစာက တိုက်တွန်း
ဘရိုင်ယန်မက်ကာတန်
စနေနေ့၊ အောက်တိုဘာလ 03 ရက် 2009 ခုနှစ် 14 နာရီ 47 မိနစ်
မဇ္ဈိမ။ ။ ၀ါရှင်တန်အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ၏ ယခုတပတ်ထုတ် အစီရင်ခံစာတစောင်က ထိုင်းနိုင်ငံ၏ လက်ရှိ ဒုက္ခသည်မူဝါဒကို ချီးကျူးပြောဆိုလိုက်ပြီး ထပ်မံ၍ အလုံးအရင်းနှင့် ၀င်ရောက်လာနိုင်သည့် ဒုက္ခသည်များအတွက်လည်း တိုးတက်သော မဟာဗျူဟာများထားရှိ၍ ပြင်ဆင်ထားရန်လိုကြောင်း ပြောကြားလိုက်သည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ပါက ပေါ်ပေါက်လာမည့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ အရေးအတွက်လည်း အလားတူ ပြင်ဆင်ထားရန်လိုကြောင်း ပြောဆိုတိုက်တွန်းထားသည်။
ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA နှင့် ကရင်အမျိုးသားအစည်းအရုံး KUN အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက်၎င်း၊ DKBA တပ်ဖွဲ့များက အဆိုပါဒေသကို ထိန်းချုပ်ရန် ကြိုးစားနေသည့်အတွက် ပေါ်ပေါက်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်၎င်း၊ ထိုင်းနိုင်ငံသို့ ဒုက္ခသည် ၄၈၆၂ ဦး ထွက်ပြေးရောက်ရှိလာခဲ့သည်။ ယင်းတို့သည် ထိုင်းနိုင်ငံ နယ်စပ်တလျှောက် ဖွင့်လှစ်ထားရှိသော ဒုက္ခသည်စခန်းများတွင် နဂိုကတည်းက ရောက်ရှိပြီဖြစ်သော သောင်းနှင့်ချီသည့် ဒုက္ခသည်များနှင့် ပူးပေါင်းမိကာ အရေအတွက်များ ထပ်တိုးသွားကြသည်။
ထိုင်းနိုင်ငံတွင်းသို့ ဇွန်လအတွင်းက ထွက်ပြေးရောက်ရှိလာခဲ့သော ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင်းသို့ လုံခြုံစိတ်ချစွာ ဖြတ်ကျော်ခွင့်ပေး၍ ခိုလှုံခွင့်ပေးခဲ့သည့်အတွက် နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ - Refugees International (RI) အဖွဲ့ကြီးက ထိုင်းအရာရှိများကို ချီးကျူးပြောဆိုလိုက်သည်။ အဆိုပါဒုက္ခသည်များကို လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများ ချက်ချင်းပေးအပ်နိုင်အောင် ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည့်အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒေသခံအစိုးရမဟုတ်သည့် အဖွဲ့အစည်းများကိုလည်း အလားတူ ချီးကျူးဂုဏ်ပြုလိုက်သည်။
ယခုနွေရာသီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် စစ်အစိုးရ၏ မူဝါဒဖြစ်သော တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို အသစ်ဖွဲ့စည်းမည့် နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ် အသွင်ပြောင်းပေါင်းစည်းရေး၏ တိုက်ရိုက်အကျိုးသက်ရောက်မှုအဖြစ် ရှုမြင်ကြသည်။ အောက်တိုဘာလတွင် ထိုသို့ ပူးပေါင်းအသွင်ပြောင်းခြင်း မပြုမီ နယ်မြေများများကို ပိုမိုထိန်းချုပ်ထားလိုသည့်အတွက် DKBA က ထိုသို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အစီရင်ခံ ပြောကြားချက်များအရ ယခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၀ ခုနှစ်အထိ ပြန်တွင်းရွှေ့ပြောင်းနေထိုင်ရသူများ IDP နှင့် ဒုက္ခသည်များ ပိုမိုများပြားလာဦးမည်ဟု ဆိုသည်။
အလားတူပင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေးမူဝါဒကြောင့်လည်း ယင်းကို လက်မခံ ဆန့်ကျင်နေကြသည့် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့များနှင့် စစ်အစိုးရကြား တင်းမာမှုများ ဖြစ်ပွားနေသည်။ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ကိုးကန့် လက်နက်ကိုင်များအကြား တိုက်ပွဲများကြောင့်လည်း ဒုက္ခသည်ပေါင်း ၃၇၀၀၀ ခန့် တရုတ်ပြည်သို့ ထွက်ပြေးခဲ့ကြရသည်။ ဒေသတွင်း အဖွဲ့အစည်းများတွင် ကိုးကန့်အဖွဲ့မှာ အင်အားနည်းသော အဖွဲ့ဖြစ်သည့်အတွက် မြောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်သော တိုက်ပွဲများ ထပ်မံဖြစ်ပွားလာခဲ့လျှင် ဒုက္ခသည်အရေအတွက် အမြောက်အမြား ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးရောက်ရှိလာနိုင်ကြပြီး ထောင်နှင့်ချီသော IDP များလည်း ၀င်ရောက်လာနိုင်ကာ နှစ်ပေါင်းများစွာ ဤပြဿနာ တည်ရှိနေနိုင်သည်ဟု ဆိုသည်။
ဇွန်လအတွင်းက ထွက်ပြေးလာခဲ့ကြသော ဒုက္ခသည်အမျာအပြား မိမိတို့အိုးအိမ်များရှိရာသို့ ပြန်လိုကြသော်လည်း RI ၏ အပြောအရ `မိမိတို့နှင့် တွေ့ဆုံစကားပြောခဲ့ရသူ မည်သူမျှ လက်ရှိအခြေအနေများတွင် အိမ်မပြန်လိုကြကြောင်း၊ နေရပ်ရင်း ကျေးရွာများတွင် မိုင်းများ ထောင်ထားခြင်း၊ DKBA တပ်ဖွဲ့များက အတင်းအကျပ် စစ်သားစုဆောင်းခြင်း၊ မြန်မာပြည်တွင်း ဆက်လက်နေထိုင်လိုသူများအပေါ် လူ့အခွင့်အရေးဖောက်ဖျက်မှုများကို ဆက်လက်ကျူးလွန်နေခြင်း စသည်တို့ကြောင့် မပြန်ရဲဖြစ်နေကြသည်´ ဟုဆိုသည်။ မြန်မာပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပါက ယခုထက် ပိုမိုများပြားသော အတိုင်းအတာဖြင့် အလားတူအခြေအနေမျိုး ထပ်မံဖြစ်ပေါ်လာဦးမည်ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်ပြဿနာကို ပိုမိုဆိုးရွားသွားစေသည်မှာ ထိုင်းနိုင်ငံက ကူညီဖြေရှင်း ဆောင်ရွက်ပေးနေသော တတိယနိုင်ငံ အခြေချရေးအစီအစဉ်သည် ၂၀၁၀ ခုနှစ်တွင် ရပ်ဆိုင်းသွားတော့မည့် အရေးပင်ဖြစ်သည်။ ယင်းအစီအစဉ်အရ ယခုထိ ဒုက္ခသည်ပေါင်း ၅၀၀၀၀ ကျော် တတိယနိုင်ငံများတွင် အခြေချနေထိုင်နိုင်ခဲ့ပြီးဖြစ်သည်။ ဤသို့ တတိယနိုင်ငံ အခြေချနေထိုင်ခွင့် ရွေးလမ်းများမရှိတော့ပါက ဒုက္ခသည်အများအပြားသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ရတော့မည်ဖြစ်သည်။ ရွှေ့ပြောင်းအခြေချခွင့်ကို ပိတ်ပစ်တော့မည့် အလားအလာ ရှိနေခြင်းက `ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ၏ အနာဂတ်ကို ကြည့်ရှုရန်နှင့် သူတို့၏ ဆင်းရဲဒုက္ခကို ဖြေရှင်းပေးရန်ကိစ္စ မည်မျှအရေးပါပုံကို မီးမောင်းထိုးပြနေသည်´ ဟု RI က ပြောသည်။
ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရတော့မည့် အဆိုပါ ဒုက္ခသည် အများအပြားအတွက် ထိုင်းနိုင်ငံအနေနှင့် တိုးတက်သော မဟာဗျူဟာများဖြင့် အသင့်ပြင်ဆင်ထားရန် လိုသည်ဟု RI က ပြောသည်။ ဤအဖွဲ့၏ အကြံပေးချက်များတွင် ထိုင်းအစိုးရအနေဖြင့် `ဒုက္ခသည် အရေအတွက် ရာခိုင်နှုန်း အတော်များများကို လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ပြုပြီး မိမိ ခြေထောက်ပေါ် မိမိရပ်တည်နိုင်စေရေး ခြေလှမ်းများကို စဉ်းစားထားသင့်သည်´ ဟု ပြောဆိုထားသည်။
နောက်ထပ် ဒုက္ခသည်များ ထပ်မံဝင်ရောက်လာမည့် အခြေအနေတွင် လက်ရှိဒုက္ခသည် မူဝါဒကို ဆက်လက်၍ ထိန်းသိမ်းထားရှိရန် ထိုင်းအစိုးရကို တက်ကြွစွာ ပြောဆိုအားပေးကြပါရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားအစိုးရများကို ဤအဖွဲ့ကြီးက တောင်းဆိုထားသည်။ ထို့ပြင် ဤအဖွဲ့ကြီးက အဆိုပါ အစိုးရများကို လျင်မြန်စွာ ပြောင်းလဲပေါ်ထွက်လာနေသော ဒုက္ခသည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာသည့် အကူအညီများကိုလည်း ပြောင်းလွယ်ပြင်လွယ် ဆက်လက်ထားရှိကြပါရန်လည်း တိုက်တွန်းထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပါက ဤထောက်ခံတင်ပြချက်များသည် အထူးသဖြင့် အဓိကကျသော အချက်များဖြစ်သည်။ ယခုပင်လျှင် ထိုင်းနိုင်ငံရောက် ရှမ်းပြည်မှ ဒုက္ခသည်အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။ သို့သော် ထိုင်းအစိုးရကမူ သူတို့အတွက် ယခုအထိ နယ်စပ်တွင် ဒုက္ခသည်စခန်းငယ်တခုသာ ဖွင့်လှစ်ခွင့်ပေးထားခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ထွက်ပြေးလာရသူ ဒုက္ခသည်အများစုမှာ ထိုင်းနိုင်ငံရှိ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ဈေးကွက်အတွင်းသို့ တိုးဝင်လုပ်ကိုင်နေကြရသည်။ ရှမ်းလူမျိုးအသိုင်းအ၀ိုင်းမှ အချို့ကမူ ဤသို့ နေထိုင်လုပ်ကိုင်ရသည်မှာ သူတို့အတွက် ပိုလွတ်လပ်မှုရှိသည်ဟု ဆိုသည်။ သို့သော် အခြားသူများကမူ သူတို့အနေနှင့် ဒုက္ခသည်များ ရထိုက်သည့် အခွင့်အရေးများ၊ အကူအညီများ ငြင်းပယ်ခံကြရသည်ဟု ဆိုသည်။
RI ကမူ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ အကူအညီပေးရေး အေဂျင်စီများကို အစိုးရနှင့် ငြိမ်းချမ်းရေး အဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားလာပါက ၀င်ရောက်ခိုလှုံလာမည့် ဒုက္ခသည်များနှင့် IDP အများအပြားကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မဟာဗျူဟာများ ချမှတ်ထားရန် တောင်းဆိုလိုက်သည်။
နိဂုံးချုပ်အနေဖြင့် ဤအဖွဲ့ကြီးက နယ်စပ်ဖြတ်ကျော် ဆောင်ရွက်မှုများကို အားပေးဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များကို နောက်ထပ် အနူးအညွတ်ပန်ကြားလိုက်သည်။ `ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအရေး အကဲဖြတ်ရေး ဆောင်ရွက်နိုင်ရန် တီထွင်ဖန်တီးမှုရှိသည့် နည်းလမ်းများကို ထောက်ခံအားပေးပါရန်´ နှင့် လူသားချင်းစာနာသည့် အကူအညီပေးရေး အေဂျင်စီများအကြား လက်ရှိ ရှိနေသော သတင်းအချက် ဖလှယ်ရေးကို နောက်ထပ် အားဖြည့်ဆောင်ရွက်ပေးပါရန်လည်း တိုက်တွန်းတောင်းဆိုလိုက်သည်။ ဤသို့ ဖလှယ်နိုင်မှသာလျှင် နယ်စပ်တဖက်တချက်ရှိ ဒုက္ခသည်အသိုင်းအ၀ိုင်း တခုလုံးအပေါ် ပိုမိုကောင်းမွန်စွာ အကဲဖြတ်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
The ENC and Fire Ring
.ရှမ်းပြည်နယ်က ကျောင်းသူလေး
********************************


ဆက်သွယ်ရန်လိပ်စာ
ဦးစံဖူး+ဒေါ်အေးခမ်း
အမှတ် (၁၉/365 )၊ အဝေရာလမ်း
ဖုန်း-082-23367

လားရှိုးမြို့။ ။


တောင်ကြီးမြို့ မှ နန်းယမင်းဆိုတဲ့ကောင်မလေး ပျောက်နေလို့ ပါခင်ဗျာ..
ပျောက်သွားတာ ၄ ရက်မြောက်ရှိသွားပြီလို့ သိရပါတယ်
အဆောင်မှာ ဖျားလို့ တယောက်တည်း ကျန်နေရင်းကပျောက်သွားတယ်လို့ လဲသိရပါတယ် ..။
သူငယ်ချင်းတို့အနေနဲ့ ကိုယ်တိုင်မတွေ့ခဲ့ရင်တောင်
နီးစပ်ရာသူငယ်ချင်းတွေကို မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ။

**တစ်ယောက်အားဖြင့် မစွမ်းသော်လည်း ၊ စုပေါင်းအားဖြင့်
အောင်မြင်နိုင်မည်**ဟုမျှော်လင့်မိပါတယ် ။။



-- ကိုငယ်--

Saturday, 3 October 2009

Global Action for Burma (GAB)

တိုက်ပွဲဝင်ပြင်ဆင်ရေး အထူးကြေငြာချက်

နေ့စွဲ အောက်တိုဘာ ၂ ရက်၊ ၂ဝဝ၉

ကျွန်ုပ်တို့ ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားများဖြင့် စုစည်းထားသည့် (ဂျီအေဘီ)အင်အားစုကြီးအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အခိုင်အမာတောင်းဆိုထားသည့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး နှင့်စပ်လျှင်း၍ ကော်မတီတရပ်ကို ဖွဲ့စည်းပေးရန်၊ တွေ့ဆုံဆွေးနွေးရေးကိုအကောင်အထည်ဖေါ်ခြင်းဖြင့် အခက်အခဲများကို ကျော်လွှားရန်၊ ၁၉၉ဝ မေလရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် ပြည်သူ့လွှတ်တော်တရပ်ကို ခေါ်ယူ ဖွဲ့စည်းပေးရန် တောင်းဆိုချက်များအား အပြည့်အဝထောက်ခံသည်။ အနာဂါတ်တွင် တိုင်းရင်းသားပြည်သူ အားလုံးတို့အတွက် အာမခံချက်ရှိစေရန် ဖြစ်သည်ဟုယုံကြည်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လဲ နောက်ထပ် တလက်မမျှ နောက်ဆုတ်ပေးစရာမရှိတော့ဟု အလေးအနက် ယူဆထားသည်။



ကျွန်ုပ်တို့အနေဖြင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး၏ လုပ်ငန်းစဉ်များအောင်မြင်ရေးနှင့် အရှိန်အဟုန်မြှင့်တင်လုပ်ဆောင်နိုင်ရန် တိုင်းရင်းသားငြိမ်းအဖွဲ့များ အနေနှင့်ပါ စတင်ပူးပေါင်းလုပ်ဆောင်နိုင်ရန် ကြိုးပန်းသွားမည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားငြိမ်းအဖွဲ့များအနေဖြင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး လမ်းကြောင်းပေါ်မှ ကျွန်ုပ်တို့နှင့်အတူ ဒုတိယလွတ်လပ်ရေးလှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်လာရန် လေးစားစွာဖိတ်ခေါ်သည်။ ကျွန်ုပ်တို့အားလုံးသည် မှန်ကန်သောသစ္စာဖြင့် အမျိုးသားထုတရပ်လုံး စစ်အုပ်ချုပ်ရေးစနစ်အောက်မှ လုံးဝလွတ်မြောက်ရေးအတွက် နအဖစစ်ခေါင်းဆောင်များ ကြံရွယ်ထားသည့် (၂ဝ၁ဝ) ရွေးကောက်ပွဲမပြုလုပ်နိုင်မှီ ၄င်းတို့၏ စစ်အုပ်ချုပ်ရေး ယန္ဒရားကြီးလုံးဝပြိုကျသွားစေရန် ပြည်သူအားလုံး ပူးပေါင်းပါဝင်လာနိုင်ရေးမှုကို ကိုင်စွဲ၍ ညီညီညွတ်ညွတ် လုပ်ဆောင်သွားမည်။
ကျွန်ုပ်တို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့် စပ်လျှင်း၍ (ဂျီအေဘီ) အင်အားစုကြီး၏ လုပ်ငန်းစဉ်(၇)ရပ်မှ လုပ်ငန်းများဖြစ်သည့့်် သမဂ္ဂများ၊ အစည်းအရုံးများ၊ အဖွဲ့အစည်းများကို တနိုင်ငံလုံး အတိုင်းအတာနှင့် ဖွဲ့စည်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး နှင့် အသစ်ပေါ်ထွက်လာသည့် အဖွဲ့များအားလုံးမှ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားပြည်သူအားလုံး အတူယှဉ်တွဲနေထိုင်ရေး နှင့် တန်းတူညီသည့် အခွင့်အရေးများ ရရှိရေးအတွက် အောင်နိုင်ရေးစိတ်ဓါတ် အခိုင်အမာတည်ဆောက်ရေး၊ တိုင်းပြည်နှင့်အဝှမ်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်နိုင်ရေးအတွက် အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှုကြီး၏ တူညီသည့် လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်။ တချိန်တည်းတွင် တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သား အားလုံးအနေနှင့် တိုင်းပြည်အား အကောင်းဖက်သို့ ဦးတည်ပြောင်းလဲ လာရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးနှင့်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆိုးကြီးအား တွန်းလှန် ဖယ်ရှားကြပါရန် အလေးအနက် အဆက်မပြတ် ဖိတ်ခေါ်သွားမည်။
ကျွန်ုပ်တို့ (ဂျီအေဘီ)အင်အားစုအားလုံးအနေဖြင့် ၂ဝ၁ဝ တွင်ပြုလုပ်မည်ဆိုသည့် နအဖစစ်ကျွန်ဇာတ်သွင်းရန် ကြံစည်ထားသည် ရွေးကောက်ပွဲအားပြတ်သားစွာ ဆန့်ကျင်သည်။ ပြည်သူလူထုအား စစ်ဂိုင်းဂဏအောက် အသွင်ပြောင်းရန် ဝိုင်းဝန်းဆော်အောနေကြသည့် ရွေးကောက်ပွဲဝင်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအား တိုင်းပြည်အားနှောက်ယှက်ဖျက်ဆီးသူများအသွင် ဝါဒဖြန့်နေသည့် ရွေးကောက်ပွဲဝင်ရေးအဖွဲ့များ အမျိုးသားသစ္စာဖေါက်လုပ်ရပ်များအား ရှောင်ရှားကြပါရန် ကျွန်ုပ်တို့မှ အလေးအနက် သတိပေးတိုက်တွန်းသည်။
နအဖစစ်ခေါင်းဆောင်များသည် အဖွဲ့ချုပ်၏ အပြုသဘောဆောင် ကမ်းလှမ်းချက်များအား မျက်ကွယ်ပြုပြီး ထင်ရာစိုင်းနိုင်ငံရေး လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင် လာမည်ဆိုပါက နောက်ဆုံးတွင် နအဖအဖွဲ့ နှင့် စစ်ခေါင်းဆောင်များသည် ပြည်သူအားလုံး ပူးပေါင်းပါဝင်လာမည့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး၏ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲတွင် ကျဆုံးရမည်ဟု ကျွန်ုပ်တို့မှ အခိုင်အမာ ယုံကြည်သည်။
အဖွဲ့ချုပ် အနေဖြင့်လည်း ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုအားလုံး၏ နိုးကြားတက်ကြွသည့်၊ ညီညွတ်သည့်၊ ခိုင်မာသည့် ဘုံသဘောတူညီချက်များအား အမိအရဆုတ်ကိုင်ပါရန် လေးနက်စွာဆန္ဒပြုအပ်ပါသည်။
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အောင်ရမည်။

Friday, 2 October 2009




မဝတီမြို့နယ် ရွှေမြင်းဝန်ဘုရားဝန်းနှင့် ဒီကေဘီအေ ကားများ ၊ မဲဆောက် မြဝတီ နေ့ချင်းပြန် ကူးနေသော တောင်းအေ့ ကားများ နှင့် ကြံခင်း ဘုန်းတော်ကြီး ကျောင်းတဝိုက်တွင် မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ ဆိုသည့် စာသားပါ ငြိမ်းချမ်းရေး ဂျိုးဖြူငှက် စတေကာများ ကို လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ရဲဘော် တချို့မှ လိုက်လံ ကပ်ခဲ့ကြပါတယ်။
ယခု ပြုလုပ်သော လှုပ်ရှားမှု့သည် အမှန်တကယ် မြန်မာပြည် ငြိမ်းချမ်းစေဖို့ နှင့် မြန်မာပြည်ငြိမ်းချမ်းဖို့အတွက် တိုင်းရင်းသား အင်အား စုများ ၊ ပြည်သူများ အား လုံး ပူးပေါင်းပါဝင် လှုပ်ရှားစေချင်းငှါ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု့ကြီး အကောင်အထည်ဖေါ်ဆောင် ခြင်း လည်း ဖြစ်ပါတယ်။
ယခု ပြုလုပ်သော လှုပ်ရှားမှု့ ပို့စကဒ်မှာ ဆရာတော် ဦးသောပါက မှ မေတ္တာဖြင့် မြန်မာပြည် အမှန်တကယ် ငြိမ်းချမ်းစေဖိုရာ ပို့လွှတ်နေခြင်း ဖြစ်ပါတယ်။



Please sread everywhere in and outside of Burma!
D- Democracy
O- Our
V- Victory
E- Enthusiastic or Eager


ဦးဝင်းနိုင်၊ဦးသုဝေ တို့ကဲ့သို့ နအဖ နှင့် ပူးပေါင်းသူ မည်သူ့ကို မဆို၊ရွေးကောက်ပွဲ ဝင်မည့် မည်သူ့ကို မဆို

ပြင်းထန်စွာ ကန့်ကွက်တယ်။ရှုံ့ချတယ်။ အရှက်မရှိရင် ဆက်လုပ် ၊ ဒါမျိုးတွေ ထပ်လာမယ်။

ယခုလို ပြုလုပ်ခြင်းဟာ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု့ကို ၊နအဖ စစ်အာဏာရှင် ကို အလိုမရှိဘူးဆိုတာ ပြသတာ၊စစ်အာဏာရှင် နည်းတူ သံယောင်လိုက်နေသူတွေကို ကန့်ကွက်တာ ၊ ရှုံ့ချတာ၊ဆက်လာအုန်းမယ် လက်ကိုင်ဒုတ်တွေ ၊ ကြံ့ဖွံ့တွေ၊စွမ်းအားရှင်တွေ သတိထားနေကြပါ ။ လူထုက ခတ်မဲ့ ဒါဏ် မင်းတို့ ကြိုတင်ပြင်ဆင်ထားပါ။ သံဃာထုခတ်မဲ့ ဒါဏ် မင်းတို့ ကြိုတင် ပြင်ဆင်ထားပါ။လမ်းမပေါ်က သွေးတွေ ခုထိ မခြောက်သေးဘူးဆိုတာ မင်းတို့ သိထားပါ။

မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

ပုံ

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ