Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday, 6 June 2009

အမေ.....

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…
ဒီနေ့ ငါ့မွေးနေ့ပဲလေ…

ငါဘာလုပ်ရင်ကောင်းမလဲ
ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်း
ချာတွေကို ငါ့နားမှာ
ရှိစေချင်လိုက်တာ
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့
ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ

အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…

ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့
အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ ဖေဖေရယ်..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
ပြောတယ်.
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့

မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ.
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်.
မေမေက သိပ်တော်တာပဲနော်.
ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့
သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…

၁၉၆၄ ခုနှစ်

ငါပျော်လိုက်တာ…
အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို့
ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.
အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…

အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်.
I believe in you! တဲ့.
ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်.
ဒါပေမယ့် မေမေမငိုခဲ့ဘူး
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှုပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ

တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
ရင်းနှီးခဲ့ရတယ်.
သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…

၁၉၆၉ ခုနှစ်

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ
မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..

၁၉၇၂ ခုနှစ်

မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ့ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…

မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…


၁၉၇၃ ခုနှစ်

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.

ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီ့နေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…

၁၉၇၄ ခုနှစ်

မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့

၁၉၇၇ ခုနှစ်

ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.

၁၉၈၅ ခုနှစ်

ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို
စာတမ်းပြုစုခဲ့တယ်.
ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.

၁၉၈၆ ခုနှစ်

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.
ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..



၁၉၈၇ ခုနှစ်

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက်
London School of Oriental and African Studies မှာ
စာရင်းပေးခဲ့တယ်

၁၉၈၈ ခုနှစ် မတ် ၃၁

တယ်လီဖုန်းသံမြည်လာခဲ့တယ်.
ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…
မှတ်တောင်မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…

ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ပြည့်နှက်နေတယ်
၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…

စက်တင်ဘာ ၁၈ ရက်
စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ်
ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
သူတို့ကို ငါရှက်တယ်.
ငါမပြန်ဘူး
ငါဒီမှာနေမယ်
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
ဟုတ်တယ်
ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
ငါဒီမှာနေမယ်
ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်
ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်
ဒါငါပဲ.

NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ်
စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.
ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့
သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက
ဟေးးးးးးးးးးးးးးးးးးးးးးး
ဆိုပြီး
တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်

မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.
မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.
ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…

ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..

ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်

ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…
အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…

ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…

နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..

သာဓု..သာဓု..သာဓု……



ဤနေရာမှ အချက်အလက်လေးတွေကို အခြေခံပြီး ခံစားရေးဖွဲ့ထားပါတယ်...

Friday, 5 June 2009

Suu Kyi's health improves, ready for verdict

By Aung Hla Tun

YANGON, May 30 (Reuters) - Myanmar opposition leader Aung San Suu Kyi's health has improved and she is ready to face a verdict that could see the Nobel laureate jailed for up to five years, her lawyers said on Saturday.

Suu Kyi, whose trial on charges of violating her house arrest will hear final arguments on Friday, was feeling better after she complained of leg cramps and a lack of sleep, Nyan Win, one of her lawyers, said.

The National League for Democracy (NLD) said on Friday it was "gravely concerned" for its leader's health and demanded urgent care for the 63-year-old, who has been held at a guest house in Yangon's Insein central prison since May 14.

Prison doctors visited Suu Kyi and recommended that she stop taking two medicines, said Nyan Win.

"She now can sleep well," he said after her defence team was allowed to meet her for two hours on Saturday.

"She didn't say what she expects the verdict to be. She is ready to face whatever happens."

Suu Kyi may be jailed for three to five years if found guilty of breaking the terms of her house arrest by allowing an American intruder to stay for two days after he swam to her home on May 4.

She has spent more than 13 of the past 19 years in some form of detention, much of it a virtual prisoner inside her home on Yangon's Inya Lake. Activists fear for her health if she is convicted, as is widely expected.

The West has condemned the "show trial" as a ploy to keep the charismatic opposition leader detained during the military government's promised elections next year.



MORE PRESSURE

In Singapore, U.S. Defence Secretary Robert Gates repeated Washington's call for the release of Suu Kyi and more than 2,000 other political prisoners in the former Burma, where the military has ruled for nearly half a century.

Speaking at an Asian defence conference, he called Myanmar "one of the isolated, desolate exceptions to the growing prosperity and freedom of the region".

"We saw Burma's resistance to accept basic humanitarian aid last year following Cyclone Nargis -- a decision indicative of that country's approach to the rest of the world," he said.

Myanmar's Southeast Asian neighbours have also called for Suu Kyi's release and said the trial threatened the military's government's "honour and credibility".

The regime fired back on Thursday, accusing its critics of meddling in an "internal legal issue", and denying the prosecution of Suu Kyi was a political or human rights issue.

Final arguments in the case had been expected on Monday, but the prison court informed Suu Kyi's lawyers on Friday that the trial would resume on June 5. It gave no reason for the change.

The American intruder, John Yettaw, has told the court that God sent him to warn Suu Kyi that she was going to be assassinated by "terrorists".

Suu Kyi has denied any prior knowledge of his plans and blamed the incident on a security breach, for which no officials have been punished.

She is accused of violating her house arrest under Section 22 of a security law protecting the state from "subversive elements". Her lawyers argue that section is no longer valid because it is based on the 1974 constitution abolished years ago.

Suu Kyi's two female housemates and Yettaw are charged under the same security law. The American is also accused of immigration violations and breaking a municipal law against swimming in Inya Lake. (Writing by Darren Schuettler; Editing by Richard Meares)

900 Miles Long March For Daw Aung San Suu Kyi

900 Miles
Copy from http://arzarni.blogspot.com/

Open letter from Thai Mps

We, women members of the Thai Parliament, welcome the commitment of the Leadership of Myanmar to hold general elections in 2010. This process will be a major and significant development for democracy; and which in turn could bring about national reconciliation in Myanmar.
We urge that the elections be all inclusive and that the release of all political prisoners should be a prerequisite to democratic development and national reconciliation.
As a recipient of the Nobel Peace Prize, and as a long standing democracy advocate, Daw Aung San Suu Kyi has been an inspiration not only for the women MPs in Thailand but also for all adherents and participants of democratic ideals worldwide. We duly regret what has recently happened to Daw Aung San Suu Kyi. We believe her action, if committed, was an act out of mercy and out of her concern for a fellow human being. The incident warrants no trial and detention.
Lastly, ASEAN has entered into a new phase with its Charter. As a result, it is hoped that Myanmar, as a signatory to the ASEAN Charter, ensure its implementation. Therefore, we, the undersigned women members of the Thai Parliament, strongly urged the unconditional release of Daw Aung San Suu Kyi and other political detainees.
Mrs.Anik Amranand Mrs.Onanong Klainok
Miss Chalermluck Kebsup Mrs. Pattana Sungkasub
Mrs.Jermmas Chuenglertsiri Miss Pimphattra Wichaikul
Miss Kanlaya Rungvijitchai Miss Pongsri Tarapoom
Mrs.Kantawan Tanthien kuljanyavivat Mrs.Potjanart Kaewpaluk
Mrs.Nanthaporn Weerakunsunthorn Miss Preechaya Khamjaroen
Miss Narisa Adithepworaphan Mrs.Pusadee Tamthai
Mrs.Nartthaya Benjasiriwan Mrs.Rachadaporn Kaewsanit
Mrs.Nipa Pringsulaka Miss Rachada Dhnadirek
Miss Nirattikarn Srilarp Miss Rangsima Rodrasamee
Miss Onanong Kanjanachusak Miss Supatcharee Tummapetch 25 MAY 2009

Thursday, 4 June 2009

Global Action For Burma Statement

SOSAungSanSuuKyi_TakingConcreteAction_

Global Action for Burma Statement

SOSAungSanSuuKyi_TakingConcreteAction_
အဆက်မပြတ်ထိုးစစ်ဆင်နိုင်ရေး နှင့် အပြီးသတ်ထိုးစစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးရမည့်အချိန် နီးလာ သောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုများ၊ မြန်မာပြည်တွင် စစ်မှန်သောဒီမိုကရေစီ ထွန်းကားရေးကိုလိုလားသော မြင်တွေ့လိုသောနိုင်ငံတကာအသိုင်းအ၀ိုင်းကပါ သူမကိုလွှတ်ပေးရန်တောင်းဆိုသံများ ကျယ်လောင်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးအရှိန်အ၀ါ လွန်စွာကြီးမားသည်ကို ကောင်းစွာသိသော မြန်မာစစ်အာဏာပိုင်များသည် သူမကိုလွှတ်ပေးရမည်ကို ကြောက်ရွံ့စိုးရိမ်နေသည်။ ထို့ကြောင့် သူမအား ဆက်လက်ဖမ်းချုပ်နိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်လာခဲ့သည်။

ထိုအတွက်ပေါ်လာသည့်အကြောင်းတရပ်မှာ အမေရိကန်နိုင်ငံသားတဦးကို နေအိမ်တွင်ခေတ္တခိုလှုံခွင့်ပြုခဲ့သည့် ဒေါ် အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ကန့်သတ်ချက်ကိုချိုးဖောက်သည့်အမှုဖြင့် နအဖစစ်အာဏာပိုင်များက တရားရုံးတင်စစ်ဆေးခြင်းပင်ဖြစ်သည်။

စစ်အာဏာပိုင်များက ထိုသို့ပြုလုပ်လိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် တစိုက်မတ်မတ်တောင်း ဆိုနေသူများ၏အသံ ပိုမိုကျယ်လောင်လာခဲ့သည့်အပြင် တောင်းဆိုမှုအရေအတွက်ပင် ပိုမိုများပြားလာခဲ့သည်။ တနည်း ဆိုရသော် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ဖိအားပေးမှု တိုးတက်လာခဲ့လေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက နိုင်ငံတကာအသိုင်းအ၀ိုင်း၏ဖိအားသည် မြန်မာစစ်အာဏာပိုင်များအပေါ် ယခုလို ပြင်းပြင်းထန်ထန်ကျရောက်ခဲ့ခြင်းမျိုးမရှိခဲ့ပေ။ သို့သော်လက်ရှိအခြေအနေသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် ရေးမျှော်လင့်ချက်များသည် ယခင်ကထက်စာလျှင် ပိုမိုမြင့်မားလာပြီဟု တွက်ဆနိုင်ပေသည်။

ထို့ကြောင့် ယခုအချိန်တွင် ထိုကဲ့သို့သောမြင့်မားလာနေသည့်မျှော်လင့်ချက်များ လက်တွေ့ဖြစ်မြောက်လာရေးအတွက် ပြည်တွင်းပြည်ပအင်အားစုအားလုံး (မြန်မာ့ဒီမိုကရေစီအင်အားစုများရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ) ၀ိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်သည်။

သို့ဆိုလျှင် မည်သို့လုပ်ဆောင်ကြရမည်နည်း ဆိုသည့် မေးခွန်းထွက်ပေါ်လာပေသည်။

ပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် တရားရင်ဆိုင်နေရမှုကို ဥပဒေ ရေးရာရှုထောင့်မှကြည့်ကာ ပြတ်ပြတ်သားသားလုပ်ဆောင်ကြိုးပမ်းရမည်ဖြစ်သည်။ တချိန်တည်းမှာပင် နိုင်ငံရေးပါတီဖြစ် သည့်အတွက် နိုင်ငံရေးနည်းအရလှုပ်ရှားမှုများကို ဆထက်ထမ်းပိုးဆောင်ရွက်ရန် လိုအပ်ပေသည်။ မိမိတို့ပါတီခေါင်း ဆောင်အား မတရားအကွက်ဆင်ကာ ဖမ်းဆီးထောင်ချရန်ကြိုးပမ်းမှုများမှလွတ်မြောက်လာစေရေးအတွက် တောင်းဆို လှုပ်ရှားမှုနှင့် ထိုတောင်းဆိုမှုများကို ပြည်သူလူထုက ထောက်ခံမှုပိုမိုပြုလုပ်လာရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရမည်ဖြစ် သည်။ တနည်းဆိုလျှင် မြန်မာစစ်အာဏာပိုင်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖိအားစတင်ပေးလိုက်ခြင်းပင်ဖြစ် သည်။

အခြားဒီမိုကရေစီရေးအင်အားစုများနှင့် ပြည်သူလူထုတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချ ရန် စစ်အာဏာပိုင်များ၏ကြိုးပမ်းချက်များကို မကျေနပ်ကြောင်း လက်မခံကြောင်းကို ဖမ်းဆီးခြိမ်းခြောက်နှိပ်စက်ခံရမှု အနည်းဆုံးဖြင့် လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ လူထုက ထိုသို့လုပ်ဆောင်နိုင်ရေးကို နိုင်ငံရေးလှုပ်ရှားသူများက အကြမ်း မဖက်သော လူထုလှုပ်ရှားမှုအသွင်ဖြင့် နည်းလမ်းပြဦးဆောင်နိုင်ရမည်ဖြစ်သည်။ ထိုအတွက် နည်းဗျူဟာ၊ လုပ်ငန်းစဉ်၊ ငွေကြေး၊ ဆက်သွယ်ရေး စသည့် လိုအပ်ချက်များကို ပံ့ပိုးပေးရန် စီစဉ်ပေးရမည်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုအသီးသီးကလည်း မိမိတို့ရောက်ရှိရာ နိုင်ငံများတွင် စစ်အာဏာပိုင်များ၏ တရားမဲ့လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရုံမက၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အလွန်အမင်းအလိုရှိကြောင်းကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အာဏာပိုင်များသိရှိစေရန် အင်နှင့်အားနှင့် ဆန္ဒထုတ်ဖော် ရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ရုံဖြင့် မလုံလောက်သေးပါ၊ သက်ဆိုင်ရာအစိုးရအသီးသီးသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် မြန်မာ့အနာဂတ်နိုင်ငံရေး၊ ဒေသတွင်းတည်ငြိမ်ရေး၊ ဒီမိုကရေစီရေး။ လူ့အခွင့်အရေးများ တိုးတက် လာစေရေးအတွက် မည်မျှအကျိုးသက်ရောက်မှုရှိစေသည်ကို ခိုင်ခိုင်မာမာပြောဆိုသုံးသပ်ဆွေးနွေးမှုများပြုလုပ်ကာ စည်းရုံးလှုံ့ဆော်ရန်လိုအပ်ပါသည်။ ထိုမျှမကသေး ပြည်တွင်းရှိ အင်အားစုများ၏ အကြမ်းမဖက်သောအောက်ခြေလူထု လှုပ်ရှားမှုများအတွက် လိုအပ်သော ငွေကြေး၊ နည်းလမ်းနှင့် အခြားအထောက်အကူပြုအရာများပံ့ပိုးပေးနိုင်ရေးကို စနစ် တကျလုပ်ဆောင်ရန်လိုအပ်သည်။ ယခုကဲ့သို့သောအခြေအနေအချိန်အခါမျိုးတွင် မိမိတို့အင်အားစုများအတွင်းနားလည် မှုအပြည့်အ၀ပေးကာ ဟန်ချက်ညီညီလုပ်ဆောင်နိုင်ရေးသည် အထူးအရေးကြီးသောလိုအပ်ချက်တရပ်ဖြစ်ပေသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မိမိတို့၏နိုင်ငံရေးသြဇာအရှိန်အ၀ါ၊ သံတမန်ရေးအဆက်အသွယ်၊စီးပွားရေးလက်နက် စသည်တို့ဖြင့် မြန်မာစစ်အာဏာပိုင်များအပေါ် ဖိအားဆက်တိုက်ပေးနိုင်ရန်လည်းလိုအပ်သည်။ ထို့အပြင် မြန်မာပြည်သို့ လက်နက်မရောင်းချရေးပိတ်ပင်တားမြစ်မှုများကိုလည်း တကမ္ဘာလုံးအတိုင်းအတာဖြင့် ၀ိုင်းဝန်းလုပ်ဆောင်လာရန်ကြိုးပမ်း လှုပ်ရှားနိုင်ရေးသည် အရေးကြီးသည်။ ကြေညာချက်များထုတ်ပြန်နေရုံဖြင့် မြန်မာအာဏာပိုင်များအပေါ် ထိရောက်သော ဖိအား ကျရောက်နိုင်မည်မဟုတ်ပေ။ လက်တွေ့ကျသည့်လုပ်ရပ်များ အထူးလိုအပ်နေသောအချိန်ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသည့်ထိရောက်သောလုပ်ရပ်များကို နိုင်ငံတကာအသိုင်းက မြန်မြန်ဆန်ဆန် ဖော်ဆောင်လာရေးအတွက် ပြည်ပရောက်အင်အားစုများက အချိန်ကိုက် ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။

ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများကို ရင်ဆိုင်နေရသည့် မြန်မာစစ်အာဏာပိုင်များသည် ဒေါ်အောင် ဆန်းစုကြည်အား ဆက်လက်ဖမ်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ချိန်မှစတင်ကာ ပြည်တွင်းပြည်ပ မျက်နှာစာအသီးသီးတွင် ခံစစ် အနေအထားသို့ ရောက်ရှိသွားခဲ့ပေသည်။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့်အချိန်မှစတင်ကာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ဖိနှိပ်အုပ်ချုပ်နေခဲ့သည့်အတွက် မြန်မာပြည်သူလူထုမှာ အကြောက်တရားအောက်တွင် နေထိုင်နေရခဲ့ရသည်။ စစ်အာဏာရှင်များက မြန်မာပြည်တွင်းတွင် စိတ်ထင်တိုင်းချယ်လှယ်နိုင်နေပြီဟု ယူဆချက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်၊။ ထိုယူဆချက်သည် လက်တွေ့ကျ သည့်ယူဆချက်ဖြစ်သည်ကို အငြင်းပွားရန် မလိုအပ်ပေ။ သို့သော် မှန်ကန်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ်သက်သော တရားစီရင်ရေးတွင် ကြားနာချက်များကို အဆုံးသတ်ကာ ဇွန်လ ၅ ရက်နေ့တွင် စီရင်ချက် ချမှတ်မည်ဟု ပထမတကြိမ်ရက်ရွှေ့ခဲ့သည်။ တဖန် နောက်ထပ်သက်သေများကို ကြားနာရန်ငြင်းပယ်ခဲ့ပြီးမှ လက်ခံ သဘောတူခဲ့ခြင်းကြောင့် စီရင်ချက်သည် ဇွန်လ ၅ ရက်နေ့တွင် မဖြစ်နိုင်တော့ဆိုသည်မှာ ခိုင်မာလာခဲ့ပေပြီ။


ယူဆချက်တရပ်မှာ နိုင်ငံတကာ၏ဖိအားသည် မိမိတို့အပေါ်ကျရောက်နေမှု မလျော့ကျသေးသည့်အတွက် မြန်မာစစ် အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်မချရဲသေးခြင်းဖြစ်သည်။ ထိုယူဆချက်အတိုင်း ဆက်လက် စဉ်းစားတွေးတောကြည့်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးတွင် အကျပ်အတည်းပေါင်းစုံ နှင့်ရင်ဆိုင်နေရသည့်ဖိအားများကို ခံနိုင်သည့်အနေအထားတွင် မရှိ ဆိုသည်ကို တွေ့လာရပေသည်။

ထိုအခြေအနေတွင် ပြည်တွင်းပြည်ပအင်အားစုများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအတွက် လုပ်စရာနည်းလမ်းမှာ တခု တည်းပင်ရှိတော့သည်၊ မြန်မာစစ်အာဏာပိုင်များအပေါ် နယ်ပယ်အသီးသီးမှ ဖိအားများဆက်တိုက်ပေးရေးပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထောင်ချရန် အကွက်ချစီစဉ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရေစီ အင်အားစုများအား ထိုးစစ်ဆင်ခဲ့သော်လည်း တန်ပြန်ထိုးစစ်ကြောင့် စစ်အာဏာရှင်နအဖသည် ယခုအခါတွင် တိုက်စစ် အနေအထားမှ ခံစစ်အနေအထားကို ရောက်နေပေသည်။ ထို့ကြောင့် စစ်အာဏာရှင်နအဖအပေါ် ဖိအားဆက်တိုက်ပေး နေပါက အာဏာရှင်များ၏ခံစစ်ကျိုးပေါက်ကာ ပြိုလဲရမည့်အခြေဆိုက်လာနိုင်ပေသည်။

ထို့ကြောင့် စစ်အာဏာရှင်နအဖကို ယခုအခါ အဆက်မပြတ်ထိုးစစ်ဆင်မှုများဖြင့် အပြီးသတ်တိုက်ပွဲကို မည်သို့ဖော် ဆောင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ပြည်တွင်းအင်အားစုများ၊ ပြည်ပနိုင်ငံအသီးသီးရောက် မြန်မာ့ဒီမို ကရေစီအင်အားစုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ အလေးထားစဉ်းစားလုပ်ဆောင်ကြရန် အထူးလိုအပ်နေပြီဖြစ်ပေ သည်။

ကျော်ကျော်စိုး
(ဂျပန်)
ဇွန်လ ၅ ရက်။ ၂၀၀၉ ခုနှစ်


မီးထဲကကြာ ပေး မေတ္တာစာ


မို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီ ဟ။

မောင်လွမ်းဏီ
၂၈-၅-၀၉

Copy from http://aungthange.blogspot.com/search/label/အခြားကဗျာများ

US Urged To Engage More In Burma's Issues

Van Biak Thang
Chinland Guardian
03 June, 2009

Three representatives of the Chin National Front (CNF) met with official from the Department of State and Senior Professional Staff Members of the Senate Relations Committee in a 4-day trip to the US from 29 May to 2 June 2009.

The delegation urged the US government to take a leading role in bringing China, India and ASEAN to support the political dialogue, to keep on pressurizing for the immediate release of Aung San Suu Kyi and other political prisoners, and to provide financial assistance to Burma's democratic movements and ethnic armed resistance groups as they thanked the US government and its people for their supports in Burma' issues.

In a statement issued last week, the team led by CNF Chairman, Mr. Zing Cung, Joint General Secretary-1, Dr. Sui Khar, and Deputy Secretary of External Affairs Department, Salai Thla Hei, said: "Burma’s political crisis is the product of more than just a lack of democracy and human rights. It stems as much from the military regime’s systematic deprivation of the rights of Burma’s ethnic nationalities."

"This fundamental problem has its roots in the failure to implement the 1947 Panglong Agreement, which was the agreed basis for the establishment of the Union of Burma just before the end of British rule. Military rule, brought about by the military coups of 1962 and 1988, has only exacerbated the marginalization of Burma’s ethnic nationalities and led, in more recent years, to their systematic persecution and alienation."

The CNF strongly rejected both the new constitution and 2010 election, saying the constitution will not solve the crisis of Burma, instead will provide legitimacy to the current military dictatorship, and that the 'tripartite dialogue' is crucial to a durable peace in Burma.

The triplet also highlighted the ongoing bamboo-and-rat-related 'food crisis' that has been facing the Chin people since late 2006, making no less than 100,000 people in starvation and in need of further assistance for their survival.

After five decades of systematic human rights violations, with ever increasing conflict, growing narcotics and human trafficking and ongoing persecution of Burma’s ethnic nationalities and opposition groups, the political crisis in Burma is no longer seen just as a domestic issue, but rather as a threat to international peace and security and as a matter of serious concern for both regional states and the international community, the statement added.

The team called on the US government for increasing its efforts to bring Burma issues to the UN Security Council till legal binding resolution is passed.

The delegation also met with Chin Communities and Burmese opposition groups in Washington DC Area to discuss the current political situation and develop action plans.

The Chin National Front was formed on 20 March, 1988, dedicated to securing the self-determination and rights of the Chin people, to restoring democracy, and to establishing federal Union of Burma. CNF, actively working together with Ethnic Nationalities Council (Union of Burma) and a member of Chin National Council, is not only a member of the National Council of Union of Burma but also the National Democratic Front, which has been fighting against the military regime for 33 years. CNF is an only armed group of Chin people and represents the Chin people in international political arena.

မြန်မာပြည်စစ်အာဏာရှင် ကျဆုံးစေဖို့ သံဃာတော်များ ရွတ်ဆိုသောမြတ်စွာဘုရားရှင်၏ အမှန်ကန်ဆုံး ကမ္မ၀ါစာ ဖြစ်ပါတယ်။ သံဃာတော် အရှင်သူမြတ်များနှင့်တက်ကြွလူငယ်များ၊အား အမြန်ဆုံး ဖြန့်ဝေပေးကြပါ။ မြန်မာပြည်တွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အမြန်ဆုံး ရောက်ရှိအောင် ပို့ဆောင်ပေးကြပါ။



ပါဠိဘာသာဖြင့် ရွတ်ဆိုသောကမ္မ၀ါစာ
သုဏာတု မေ ဘန္တေ သံဃော ။ စဏ္ဍာ ရုဒ္ဓါ ရဘသာ ၀ိဟေသကာ အဒယလုကာ မဟာစောရယောဓရာဇာနော မရမ္မရဋ္ဌေ ဘိက္ခူနံ မာရေန္တိ သံဃဉ္စ ဗန္ဓန္တိ ၀ိဟေဌေန္တိ အက္ကောသန္တိ ပရိဘာသန္တိ ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇေယျ ၊ အသမ္ဘောဂံ သံဃေန ကရေယျ ၊ ဧသာ ဉတ္တိ။ ။
သုဏာတု မေ ဘန္တေ သံဃော ။ စဏ္ဍာ ရုဒ္ဓါ ရဘသာ ၀ိဟေသကာ အဒယလုကာ မဟာစောရယောဓရာဇာနော မရမ္မရဋ္ဌေ ဘိက္ခူနံ မာရေန္တိ သံဃဉ္စ ဗန္ဓန္တိ ၀ိဟေဌေန္တိ အက္ကောသန္တိ ပရိဘာသန္တိ ၊ သံဃော စဏ္ဍာနံ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇတိ ၊ အသမ္ဘောဂံ သံဃေန ကရောတိ ၊ ယဿာ ယသ္မတော ခမတိ ၊ စဏ္ဍာနံ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇနာ ၊ အသမ္ဘောဂံ သံဃေန ကရဏံ ၊ သော တုဏှဿ ၊ ယဿ နက္ခမတိ ၊ သော ဘာသေယျ။ ။
နိုက္ကုဇ္ဇိတော သံဃေန ၊ ခမတိ သံဃဿ ၊ တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမိ ။ ။



Wednesday, 3 June 2009

Junta fears Teashop campaign-forcing teashop and restaurant owners to carry out surveillance on their clients who are talking about politics

Wed 03 Jun 2009, Kon Hadae, IMNA
The local authorities in Mudon township are now forcing teashop and restaurant owners to carry out surveillance on their clients who are talking about politics. Failure of shop owners to report instance of political discussion will result in punishment.

Over one week ago, local Burmese State Peace and Development Council (SPDC) authorities from Mon state, Mudon town, called teashop and restaurant owners from the Mudon town and Kamawatt village Mudon township, to a meeting held in a secret location, to initiate their new program of surveillance over people who are talking about politics, according to a resident from Kamawatt village. If shop owners see or hear that people are talking about politics, the shop owners must memorize these people’s names, and then tell these names to the authorities, according to a resident shop owner. This is the first instance of forced government surveillance in the area, and no one is clear why this new program has been put into practice now.

Even though shop owners know the people who are talking about politics, if they refuse or forget to tell the authority, the shopkeepers will be punished. While there is no guarantee of being caught, if a shop owner fails to report political talk, the threat of punishment is there. So far there are no reports of shop owners directly disobeying the order to carry out surveillance against shop clients.

“If we see any one who is talking about politics, we have to tell them [authorities], If we are not going to tell them we will have to be punished, they said in the meeting”, said a shop owner whose name and village have been withheld for security purposes. According to a source close to shop owners, the local authorities forced the shopkeepers to sign an agreement in the meeting. If the news of the meeting spreads beyond the shop owners who collect information, they will have to be punished. The authorities are concerned that if patrons of the teashops and restaurants hear about the forced surveillance efforts, they will not come or be less likely to talk politics there.

“Authorities told them [shop owners] this news is not to be spread to the outside,” said a source close to one of the shop owners. “If this news spreads outside, shop owner who spread information about surveillance will have action taken against them.”

“I also heard about this as a rumor for 8 days in Thanphyuzayet, and when I asked the one of teashop owners, the owner said that it is not truth,” said a villager from Thanphyuzayet. “I think, he is afraid that the authorities will punish him as he promised not to tell anyone”.

The authorities have only called tea and restaurant owners to carry out surveillance. They did not force other shop owners to do this as well. According to another source close to a shop owner, they are being selected because people like to talk about politics in the teashops and restaurants.

http://democracyforburma.wordpress.com/
Shop owners forced to monitor patrons’ political discussions
http://www.monnews-imna.com/newsupdate.php?ID=1426

Aworld Too Mature for war

-ကျော်သိင်္ခ-
မနေ့က အွန်လိုင်းပေါ်မှာ မလေးရှားက မိတ်ဆွေ တစ်ယောက် နှင့် တွေ့လို့
စကားပြောဖြစ်ခဲ့ကြပါသည်။ ဘယ်ဈေးပေါက်နေလဲ ဟုမေးကြည့်ရာ ရောင်းဈေး ၃၀၀၊
ပြန်တက် ၂၂၀၀၀၊ တစ်ဆင့်ပြန်ရောင်း ၄၀၀၀၀ လို့ ဆိုပါတယ်။ ကျနော်တို့ပြောနေကြတာ
ကုန်ပစ္စည်း ဈေးနှုန်းမဟုတ်ပါ။ မလေးရှား နှင့် ထိုင်းနိုင်ငံမှာရှိတဲ့
လူကုန်ကူးမှု ဈေးကွက် (Market of Human Trafficking) မှာ ဗမာတစ်ယောက် ရဲ့
တန်ဖိုး (တစ်နည်းအားဖြင့်) ဗမာတစ်ယောက်၏ ပေါက်ဈေးဖြစ်ပါသည်။
ကျနော့်မိတ်ဆွေမှာ လူပွဲစားတစ်ယောက် မဟုတ်ပါ။ သူက မလေးရှား နိုင်ငံတွင်
နေလာခဲ့သည်မှာ ၁၃ နှစ်ကျော်ပြီ။ မလေးစကားကိုလည်း ကောင်းကောင်းပြောနိုင်သည်။ သူ
နှင့် ကျနော် ကွာလာလမ်ပူရှိ လူမှုရေးအဖွဲ့အစည်း တစ်ခုမှာ အလုပ်လုပ်စဉ်က
သိကျွမ်းခဲ့ကြသည်။ ထိုစဉ်က သူလုပ်နေသော အလုပ် အလုံးစုံ ကို ကျနော်မသိခဲ့ပါ။
နောင်အခါ ကျနော် နေစရာ အခက်အခဲဖြစ်သောအခါတွင် သူ့အိမ်တွင်လိုက်နေမှ
သူလုပ်နေသည့်အလုပ်ကို ကောင်းကောင်းသိခဲ့ရသည်။
(ဤနေရာတွင် မလေးရှား နိုင်ငံရှိ တရားမ၀င် ဗမာအလုပ်သမားများအကြောင်းကို
အကျယ်တ၀င့် ရေးမနေတော့ပါ။ သတင်းဌာန အတော်များ များတွင် အခြားသူများလည်း
ရေးနှင့်ခဲ့ပြီးသောကြောင့်ဖြစ်ပါသည်။)
ကျနော့်မိတ်ဆွေသည် မလေးရှားရှိ သူနှင့် နီးစပ်သော တရားမ၀င်အလုပ်သမားများ
(သို့မဟုတ်) အခြားအလုပ်သမား တစ်ယောက်ယောက် အလုပ်မရှိလျှင် သော်လည်းကောင်း၊
ရဲအဖမ်းခံရလျှင် သော်လည်းကောင်း၊ သူဋ္ဌေး ညစ်လျှင်သော်လည်းကောင်း လိုက်လံပြီး
ဖြေရှင်းပေးပါသည်။ အကယ်၍ အလုပ်သမားတစ်ဦးဦး ထောင်ကျ၍ ထိုင်းနယ်စပ်ရှိ
ပွဲစားများထံ ရောင်းစားခံရသောအခါ၊ ထိုအလုပ်သမားက ဗမာပြည်သို့ မပြန်ဘဲ
ကွာလာလမ်ပူသို့ ပြန်တက် လာချင်သောအခါ ကျနော့်မိတ်ဆွေက သူတတ်စွမ်းသ၍
ကူညီဆောင်ရွက်ပေးသည့် အလုပ်ကို လုပ်ပါသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ Volunteer
အလုပ်ဟု ဆိုရမည်။ တစ်ခါတစ်ရံ ကိုယ့်အိပ်ထဲက စိုက်ကုန်ရသည်များလည်း ရှိသည်။
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားတစ်ယောက်အဖမ်း ခံရသည်ဆိုပါစို့။ ပထမ
ဦးစွာ ရဲက ထိုအလုပ်သမားအား ရဲစခန်းတွင် ထွက်ဆိုချက်ပေးရန် မေးခွန်းများ
စစ်ဆေးမေးမြန်းခြင်းခံရမည်။ အကယ်၍ တရားရုံးတင်၍ စွပ်စွဲ
စစ်ဆေးမေးမြန်းခြင်းခံခဲ့ရလျှင်၊ အဆိုပါ အလုပ်သမားထွက်ဆိုသည့်အရာများကို
သက်သေအဖြစ် ယူဆနိုင်သည်။ အကယ်၍ ထိုအလုပ်သမား အား ရဲက ရက်ပေါင်း (၁၄) ရက်ထက်
ကျော်ပြီး ချုပ်ထားလိုပါက၊ သူတို့သည် တရားရုံး (အောက်ရုံးရှိ) တရားသူကြီးထံမှ
ခွင့်ပြုချက် ရယူရပါမည်။ ရဲစခန်းတွင် ထိမ်းသိမ်းခံနေရစဉ်အတွင်း
ထိုအလုပ်သမားအတွက် ဖြစ်နိုင်ခြေသုံးခုမှာ (ငွေကြေးနှင့်ဖြေရှင်း၍ရလျှင်) ရဲက
လွှတ်ပေးမည်၊ ဒုတိယတစ်ခုမှာ (ငွေကြေးနှင့် ဖြေရှင်း၍ မရလျှင်) တရားရုံးတင်၍
စစ်ဆေးမည်။ နောက်ဆုံးတစ်ခုမှာ လ၀က ထိန်းသိမ်းရေးစခန်း (immigration camp)
ထဲသို့ ပို့မည်။
အကယ်၍ တရားမ၀င်အလုပ်သမား တစ်ဦးအား ရုံးတင်စစ်ဆေးခဲ့သော်……..
တရားရုံး (အောက်ရုံး၌) UNHCR (သို့) လူမှုရေးအဖွဲ့အစည်းတစ်ခုခုသို့
အကြောင်းကြားရမည်။ (မှတ်ချက်။ ။ မြန်မာသံရုံးမပါ။) UNHCR နှင့် အဖမ်းဆီးခံရသူ၏
အသိမိတ်ဆွေအသိုင်းအ၀ိုင်းကို ဆက်သွယ်၍ မရခဲ့လျှင် အောက်တရားသူကြီးရုံးအား UNHCR
ရုံးသို့ ဆက်သွယ်ဖို့ရန် ခွင့်တောင်းရမည်။ မိမိအား ကူညီပေးမည့်
ရှေ့နေတစ်ဦးဦးကို ဥပဒေအကျိုးတော်ဆောင် ဋ္ဌာနတွင် အကူအညီတောင်းခံမည်။ မလေးဘာသာ
စကားကို နားမလည်လျှင် စကားပြန် တစ်ယောက်ကို အကူအညီတောင်းခံမည်။ မိမိသည်
မိသားစုကို ကြည့်ရှုသူဖြစ်ကြောင်း၊ ငွေကြေးအခက်အခဲ နှင့်
ကျန်းမာရေးအခြေအနေများကို တရားသူကြီးထံပြောပြရမည်။ မိမိ၏ ရပိုင်ခွင့်နှင့်
အခွင့်အရေး ကို ကာကွယ်ရန် တရားသူကြီးတွင် တာဝန်ရှိသည်ဆိုသည်ကို သိထားရမည်။
အကယ်၍ တရားရုံးက မိမိသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကြောင်း
စွပ်စွဲခံရလျှင် (မည်သည့်အခြေအနေဖြစ်နေပါစေ) မှားပါသည် ဟု (ထိုကဲ့သို့
အဓိပ္ပါယ်သက်ရောက်စေသည့် စကားဖြင့်) ၀န်မခံသင့်ပါ။ တရားရုံးတွင်
စွဲချက်တင်ခြင်းခံရသည့် အမှုနံပါတ်နှင့် ဖြစ်နိုင်ပါက စွဲချက်မိတ္တူကို
တောင်းယူရမည်။ နောက်ဆုံး စီရင်ချက် ချမှတ်လျှင် ထောင်ဒဏ် (သို့) ငွေဒဏ် (သို့)
ကြိမ်ဒဏ် တစ်ခုခု ဖြစ်နိုင်သည်။ စီရင်ချက်ချ မှတ်လျှင် စီရင်ချက်ကို
အသနားခံရမည်။ ကြိမ်ဒဏ်မပေးရန်တောင်းဆိုရမည်။
အထက်ပါ ဖော်ပြချက်မှာ မလေးရှားနိုင်ငံတွင် အဖမ်းအဆီးခံရသည့် တရားမ၀င်
အလုပ်သမားတစ်ယောက် သိထားရမည့်အချက်များ ဖြစ်ပါသည်။ ထို့နောက် စီရင်ချက်သည်
ထောင်ဒဏ်ဖြစ်သည် ဆိုပါစို့။ ထိုအလုပ်သမားသည် ထောင်ထဲတွင် တစ်လ မှ လေးလ လောက်အထိ
ဖမ်းဆီးထိန်းသိမ်းခံရမည်။ ထိုအတောအတွင်း ထို အလုပ်သမားအား ထောင်အာဏာပိုင်များက
ထိုင်းနယ်စပ်တွင် သွားရောက်စွန့်ပစ်ခံရန် လက်ခံနိုင်၊ လက်မခံနိုင်ကို မေးမည်။
ထိုအခါ ထောင်တွင်းတွင် အစာရေစာ ၀၀ လင်လင် မစားရ၍ သော်လည်းကောင်း၊ ထောင်ထဲရှိ
အခြား နိုင်ငံသားများ (အင်ဒိုနီးရှား နှင့် ဘင်္ဂလား ကုလားများ) ၏ အနိုင်ကျင့်
ထိုးကြိတ်ခြင်းကို မခံနိုင်ကြ၍ သော်လည်းကောင်း၊ စွန့်ပစ်မည့် အစီအစဉ်ကို
လက်ခံကြ သည့်သူများသည် ရောင်းစားခြင်းကို ခံကြရသည်။ တစ်နည်းအားဖြင့် ဆိုသော်
လူကုန်ကူးခြင်းကို ခံကြရသည်။ စွန့်ပစ်ဖို့ လက်မခံသူများသည် ထောင်ထဲတွင် UNHCR
မှ အရာရှိများ လာရောက် ကယ်ထုတ်နိုင်မည့် နေ့ကို စောင့်ရင်း နှစ်ပေါင်းများစွာ
ထောင်ထဲ၌ပင် ဒုက္ခ ဆက်လက်ခံကြရသည်။ ယခင်က UN မှ အရာရှိများက ထောင်သားများကို
လာရောက်ပြီး ကယ်တင်၊ ထုတ်ယူခွင့် ရှိသော်လည်း၊ ယခုတွင် UNHCR အား
မလေးအာဏာပိုင်များက ထောင်းတွင်းသို့ သွားရောက်လည်ပတ်ခွင့် မပေးတော့ပါ။ မိမိတွင်
ထောင်ဝင်စာ လာတွေ့မည့်သူရှိလျှင် အနည်းဆုံး တစ်လ တစ်ခါတော့ အူစို
(ဖွယ်ဖွယ်ရာရာလေး စားကြရသည်) ကြရသည်။
ဗမာ ကျွန် သမိုင်းအစ
၁၉၉၅/၉၆ လောက်ကဖြစ်သည်။ မလေးရှား နိုင်ငံတွင် ဗမာအလုပ်သမားများ
ဗီဇာသက်တမ်းကျော်ပြီး စတင် နေထိုင်စ ကာလ ကဖြစ်သည်။ မလေးအစိုးရက
ဗမာနိုင်ငံသားတွေ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သည့် ကိစ္စနှင့် ပက်သက်၍
ဗမာအစိုးရကို ဆွေးနွေးရာ၊ ဗမာအစိုးရက မလေးရှားနိုင်ငံတွင် တရားမ၀င်
အလုပ်လုပ်နေသော ဗမာများသည် ဗမာပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်နေသော
ပြည်ပြေးများသာဖြစ် ကြောင်း၊ ထို့ကြောင့် ဗမာ အစိုးရတွင် တာဝန်မရှိကြောင်း
ငြင်းလိုက်သည့်အတွက်၊ ထိုအချိန်ကစပြီး မလေးရဲတွေက ဗမာတွေကို ဖမ်းမိသည့်အခါ
ထိုင်း-မလေးရှား နယ်စပ်တွင် သွားလွှင့်ပစ်ပါတော့သည်။ ၉၉/၂၀၀၀ လောက်က စပြီး၊
မလေးရဲတွေက ဖမ်းမိတဲ့ ဗမာတွေကို ထိုင်းရဲလက်ထဲကို အပ်ပါသည်။ ထိုင်းရဲတွေက
တစ်ဆင့် ထို ဗမာများကို ရနောင်း ဘက်တွင် သွားလွှင့်ပစ်ပါသည်။ တရားမ၀င်
ဗမာအလုပ်သမား စွန့်ပစ်ရေးကိစ္စနှင့် ပက်သက်ပြီး မလေးအာဏာပိုင်များ နှင့်
ထိုင်းအာဏာပိုင်တို့အကြား သဘောထား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း
မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ကို သွားပစ်ပါသည်။ အဲဒီ နောက်ပိုင်း ၂၀၀၇
ခုနှစ် နှစ်ဦးပိုင်းက စပြီး မလေးရဲတွေက ဗမာတွေကို ထိုင်းနယ်စပ်ရှိ
ပွဲစားတွေလက်ထဲကို ရောင်းပါတော့သည်။ ထို အချိန်မှ စပြီး၊ ထိုင်း နှင့် မလေး
နယ်စပ်တို့တွင် လူကုန်ကူးမှုသည် တစ်စတစ်ခု ကြီးထွားလာကာ ဗမာကျွန်ရောင်းဝယ်ရေး
စနစ်သည်လည်း အသက်ဝင်လာခဲ့သည်။
မိမိအား ထိုင်း - မလေးရှား နယ်စပ်တွင် စွန့်ပစ်ရန် သဘောတူကြသည့်သူများကို
မလေးရဲက ထိုင်း နယ်စပ်တွင်ရှိသော ထိုင်း ပွဲစားများထံ မလေးရင်းဂစ် ၃၀၀ နှင့်
ရောင်းစားသည်။ ထို ထိုင်းပွဲစားများ လက်အောက်တွင် ဗမာ အပါအ၀င်၊ တိုင်းရင်းသား
ပွဲစားများက ဝေစား၊ မျှစား စနစ်ဖြင့် လူပွဲစားအလုပ်ကို လုပ်ကြသည်။
ထိုပွဲစားများ လက်ထဲသို့ရောက်သွားပါက ရွေးချယ်ရန် လမ်းနှစ်လမ်းထဲမှ တစ်လမ်းကို
ရွေးနိုင်သည်။ ပထမ တစ်ခုမှာ ဗမာပြည်ကို ပြန်မလား၊ သို့မဟုတ်၊ ကွာလာလမ်ပူသို့
ပြန်တက်မလား။ ဗမာပြည်သို့ ပြန်မည်ဆိုလျှင် ပွဲစားလက်ထဲမှ မိမိအား ပြန်ဝယ်ရန်
ဗမာပြည်ရှိ မိမိ၏ မိသားစု (သို့မဟုတ်) ဆွေမျိုးများအား ပွဲစားက
အကြောင်းကြားပေးမည်။ ကွာလာလမ်ပူသို့ ပြန်တက်မည်ဆိုလျှင် မိမိအား ပွဲစားလက်ထဲမှ
ထိုင်းဘတ် ၂၂၀၀၀ နှင့် ၀ယ်ရန် မလေးရှိ မိမိ၏ မိတ်ဆွေ တစ်ဦးဦးအား ပွဲစားက
ဆက်သွယ်ပေးမည်။ ပိုက်ဆံလွှဲရန် ၄င်း၏ ဘဏ်စာရင်း နံပါတ်အားပေးလိုက်မည်။ ၂၂၀၀၀
ရပါက ပွဲစားက မိမိအား အခြားပွဲစား တစ်ဦးဦးလက်သို့ အပ်ကာ ကွာလာလမ်ပူ
အထိအရောက်ပို့ပေးမည်။ ယခင်က ကွာလာလမ်ပူသို့ ပြန်တက်လျှင် ထိုင်းဘတ် ၁၅၀၀၀
ပေးရသော်လည်း၊ ယခုအခါ ဘတ် ၂၂၀၀၀ အထိ ပေးကြရကြောင်း၊ ရောင်းစားခံခဲ့ကြရသော
ဗမာအလုပ်သမားများ ထံမှ သိရသည်။ ထို လမ်းကြောင်း နှစ်ခု ထဲမှ တစ်ခုခုအား
ရွေးချယ်ရန် ပွဲစားက ရက်အနည်းငယ် အချိန်ပေးမည်။ သို့သော် မိမိအား ၄င်းလက်ထဲတွင်
ကြာကြာထားမည်မဟုတ်။ ရက် အကန့်အသက်ဖြင့်သာ။ ထိုရက်ကျော်သွားပါက ထိုင်း
နိုင်ငံတွင်းရှိ ရာဘာခြံတစ်ခုခု သို့ ဗမာတစ်ယောက် ကို ကျွန်အဖြစ် ထိုင်းဘတ်
၄၀၀၀၀ ဖြင့် ရောင်းစားမည်။
ကွာလာလမ်ပူသို့ ပြန်တက်မည့်သူများသည် ထောင်တွင်း၌ရှိနေစဉ်ကတည်းက မိမိအား
စွန့်ပစ်ရန် သဘောတူညီပြီးသော်၊ မိမိမိတ်ဆွေမှ နောက်တစ်ကြိမ်ထောင်ဝင်စာ
လာတွေ့ပါက မိမိအနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက်တွင် မလေးနယ်စပ်သို့စွန့်ပစ်
(ရောင်းစား) ခံရတော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပွဲစားလက်ထဲမှ မိမိအား
ပြန်ဝယ်ပေးပါရန်၊ မိမိမိတ်ဆွေတွင် ငွေကြေးအလုံအလောက်မရှိပါက စုပေါင်း စပ်ပေါင်း
ချေးငှားပြီး မဖြစ်ဖြစ်သည့်နည်းနှင့် ၀ယ်ပေးပါရန် ပြောရတော့သည်။ ထိုအခါ
သူ့အလှည့်၊ ကိုယ့်အလှည့် ဆိုတာ ရှိသည့်အတွက် ကြောင့် အလုပ်လုပ်နေသော
(အဖမ်းဆီးမခံရသေးသော၊ မိမိတို့လည်း တရားမ၀င် အလုပ်လုပ်နေကြရသော) အလုပ်သမားများက
စာနာထောက်ထားစွာ ၀ိုင်းဝန်းကူညီကြသည်။ သို့သော် အချို့က ကူညီချင်သော်လည်း
အလုပ်အကိုင်က အဆင်မပြေ (ယခု အချိန်အခါမျိုးသည် အဆိုးဆုံးအခြေအနေဖြစ်ပါသည်)။
ထိုအခါမျိုးတွင် ရော်ဘာခြံသို့ ဘတ်လေးသောင်း ဖြင့် ရောင်းစားခံကြရသည်။
ရာဘာခြံသို့ရောက်သော် ထိုင်းသူဋ္ဌေးက မျက်နှာသာမပေး။ ရာဘာခြံမှ
ထိုင်းအလုပ်သမားများက မကျေနပ်။ အဘယ်ကြောင့်ဆိုသော် (ရောင်းစားခြင်းမခံရသော)
သာမန် အလုပ်သမားတစ်ယောက် ရာဘာခြံတွင် အလုပ်ရပါက ထိုအနေရာတွင်ပင် အလုပ်အကိုင်
အခြေတကျဖြင့် အချိန်ကြာမြင့်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့်ပင်။
ဝင်ငွေလည်းမှန်သည်။ ထိုအခါ အခြားသူများလည်း အလုပ်လာလျှောက်ချင်ကြသည်။ သို့သော်
ရာဘာခြံတစ်ခြံမှာ ရာဘာခြစ်သည့် အလုပ်ရရန်မှာ မလွယ်ကူပါ။ အလုပ်ရလျှင်လည်း နှစ်
နှင့်ချီပြီး စားပေဦးတော့။ ထိုအခါ ထိုင်းနိုင်ငံတွင် ရာဘာခြံများ၌
ထိုင်းအလုပ်သမားများအကြား၊ ဗမာ အလုပ်သမားများအကြား၊ ထိုင်း နှင့်
ဗမာအလုပ်သမားများအကြား ခြံလုသော ပြဿနာ ကြီးထွားလာသည်။ မိမိရာဘာ ခြစ်သည့်
ခြံအတွင်း ရာဘာစေးခံသည့် ခွက်ထဲ၌ သေနတ်ကျည်တစ်တောင့် လာထည့်ထားသည်ကို တွေ့ပါက
ပြေးပေတော့။ သို့မဟုတ်ပါက မကြာမီ အသတ်ခံရမည်။ ရာဘာခြံ အလုပ်သမားများသည်
ရာဘာခြစ်ရန် မနက် ၂ နာရီ၊ ၃ နာရီ ထပြီး ခြစ်ကြရသည်။ ရာဘာစေး က
အေးသည့်အချိန်တွင် ထွက်သည့်အတွက်ကြောင့်ဖြစ်သည်။ မနက် မိုးလင်းလျှင် ရာဘာစေးက
သိပ်မထွက်တော့။
မနက်စောစောစီးစီး အလင်းရောင်က မလာသေး။ မိမိတွင်ပါလာသော မှိန်ဖျဖျ
မီးအိမ်ကလေးဖြင့် တစ်ယောက်တစ်နေရာတွင် နေရာခွဲပြီး ရာဘာခြစ်ကြရသည်။
တစ်ယောက်မျက်နှာ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရ။ ထိုအချိန်မျိုးတွင် ရာဘာခြံတွင်း
လူသတ်မှု အဖြစ်များသည်။ မနက်မိုးလင်းသော် မိမိအဖော် ပါမလာ၍ ဟိုရှာ၊ သည်ရှာ၊
ရှာတော့မှ အလောင်းကို ချောင်းစပ်၊ မြောင်းစပ်တွင် သွားပစ်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် အခေါက်က ကျနော် ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်ဆီ ထမရတ်ခရိုင်၊
နာဘွန်မြို့က ဗမာအလုပ်သမားများ နေထိုင်ရာ ရာဘာတော သို့ အလည်သွားခဲ့စဉ်က၊ ကျနော်
ထိုနေရာသို့ မရောက်မီ တစ်ပတ်အလိုတွင် အလားတူ လူသတ်မှုတစ်ခု
ဖြစ်ခဲ့သည်ကိုကျနော်နှင့် အတူနေခဲ့သူ ရာဘာခြံအလုပ်သမားတစ်ဦးကပြောပြ၍
သိခဲ့ရသည်။
ထိုအခါ အထက်တွင်ရေးခဲ့သလိုမျိုး ရောင်းစားခံထားရသော ဗမာ အလုပ်သမားတစ်ယောက်
(ဗမာကျွန်တစ်ယောက်)က မိမိအလုပ်လုပ်နေ သော ရာဘာခြံအတွင်း ရာဘာစေးခွက်ထဲ၌
ကျည်ဆန်တစ်တောင့် ကိုတွေ့၍ ထွက်မပြေးခဲ့သော်၊ အသက်အန္တရာယ် အတွက် စိုးရိမ်ရသည်။
ထွက်ပြေးခဲ့သော် ငွေဝယ်ကျွန်ဖြစ်သည့်အတွက် သူဋ္ဌေးက ရန်ရှာမည်။ ရွေးစရာ လမ်းမရှိ၊
ပြေးစရာ မြေမရှိ။ ခေတ်သစ် ကျွန်ပိုင်ရှင်စနစ် မှ ဗမာကျွန်များ၏ ဘ၀က
ဆိုးဝါးလှသည်။
ကျွန် ချင်းတူသော်လည်း တန်ဖိုးချင်းမတူ
အောက်မှာ ဖော်ပြထားတဲ့ သတင်းစာ အပိုင်းအစလေး ကို ဖတ်ကြည့်စေချင်ပါသည်။ ကျနော်
မလေး မှာ ရှိစဉ်တုန်းက ၂၀၀၇ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် New Straits Times
သတင်းစာထဲမှာ ဖော်ပြထားတဲ့ သတင်းလေးတစ်ပုဒ်ပါ။ တစ်နေ့ ဒီဆောင်းပါးကို
ရေးမယ်လို့ စိတ်ကူးထားသည့်အတွက် အဲဒီ သတင်းလေးကို ဖြတ်ပြီး သိမ်းထားခဲ့တာပါ။
အောက်မှာ သတင်းကို ဘာသာပြန်ပေးထားပါတယ်။

ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယို ရဲ့ သူသားချင်း စာနာမှု ပြယုဂ်

ဆော်ဒီ အာရေဗီးယား နိုင်ငံကနေ သေဒဏ်ပေးထားခံရခြင်းမှ လွတ်မြောက်လာသူ ဖိလစ်ပိုင်
အိမ်ဖော် ဆာရာ ဒီမတ်ထရာ (ပုံ - ညာ) ကို ဖိလစ်ပိုင် သမ္မတ ဂလော်ရီယာ အာရိုယိုက
မနေ့က (၁၀.၅.၂၀၀၇) မနီလာရှိ မာလကန်နန် သမ္မတနန်းတော်မှာ ဆော်ဒီ အစိုးရထံမှ
လွှဲပြောင်း လက်ခံယူလိုက်ပါတယ်။ ဆော်ရီအာရေဗီးယား နိုင်ငံတွင် အိမ်ဖော်အဖြစ်
အလုပ်လုပ်နေသူ ဆာရာဟာ ၁၉၉၂ ခုနှစ်က သူမရဲ့ အလုပ်ရှင် သူဋ္ဌေးအမျိုးသမီးကို
တုတ်နဲ့ ရိုက်သတ်ခဲ့တဲ့အတွက် သေဒဏ်ပေးထားခြင်းခံရပြီး၊ ထောင်ထဲမှာလည်း ၁၅
နှစ်ကြာ ချုပ်နှောင်ထားခြင်းခံရပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်မှာ သူမ
(ဒီမတ်ထရာ) မှာ လေးနှစ်အရွယ် သမီးလေးရှိပါတယ်။ ဆော်ဒီ အာရေဗီးယား နိုင်ငံရဲ့
ဥပဒေအရ ကလေးဖြစ်သူ အသက်၁၈ နှစ် မပြည့်ခင်မှာ မိခင်ဖြစ်သူကို သေဒဏ်ပေးခွင့်
မရှိသေးပါဘူး။ အာရိုယိုဟာ ဆော်ဒီ ဘုရင် အဗ္ဗဒူလာ နဲ့ ပြီးခဲ့တဲ့နှစ် (၂၀၀၆)
မေလမှာ တွေ့ဆုံပြီး၊ ဆော်ဒီအာရေဗီးယားနိုင်ငံမှာရှိတဲ့
ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့အရေးကို ဆွေးနွေးခဲ့ပါတယ်။ ထိုဆွေးနွေးမှုဟာ
သေဒဏ်ချထားခြင်းခံရသူ ဒီမတ်ထရာ အတွက် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုတစ်ခု
ဖြစ်ခဲ့ပါတယ်။
အသတ်ခံရသူ သူဋ္ဌေးမ မိသားစုက ဖိလစ်ပိုင်အစိုးရအား တရားခံ ဒီမတ်ထရာ ရဲ့ ပြစ်ဒဏ်ကို
ရုပ်သိမ်းပေးဖို့ဆိုရင် ဖိလစ်ပိုင်ငွေ ပီဆို ၄၈ သန်း (မလေးငွေ ရင်းဂစ် ၃.၎
သန်း) ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရနဲ့
ငွေကြေးလှူဒါန်းမည့်သူအချို့က ထိုအချက်ကို သဘောတူညီပြီး လူ့အသက်တစ်ချောင်း
ကယ်တင်ရေးလှူဒါန်းငွေတစ်ရပ်အနေနဲ့ တရားလို မိသားစုကို ဖိလစ်ပိုင်ငွေ ပီဆို ၄၈
သန်းကို ပေးလိုက်ပါတယ်။ ထို လှူဒါန်းငွေ ၄၈ သန်းထဲက ပီဆို ၈ သန်းကို
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေက စုပေါင်းလှူဒါန်း
တာဖြစ်ပြီး၊ ပီဆို တစ်သန်းကို အရှေ့အလယ်ပိုင်း နိုင်ငံတွေက
လှူဒါန်းတာဖြစ်ပါတယ်။ သမ္မတာ အာရိုယို ရဲ့ ဆော်ဒီ ခရီးစဉ် အပြီးမှာ၊ ဆော်ဒီ
အာရေဗီးယား နိုင်ငံက ဖိလစ်ပိုင်အလုပ်သမား တစ်ထောင်ကို သူတို့ရဲ့အလုပ်ရှင်တွေက
အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာ တွေကြောင့် ဖိလစ်ပိုင် နိုင်ငံကို
ပြန်ပို့ပြီးဖြစ်တယ်လို့ ဖိလစ်ပိုင် အလုပ်သမားဝန်ကြီးဌာန က အတွင်းရေးမှူးဖြစ်သူ
အာတူရို ဘရီယွန် က မကြာသေးမီက ပြောပြခဲ့ပါတယ်။
အထက်ဖော်ပြပါ သတင်းကို ဖတ်ကြည့်လျှင် တိုင်းပြည်အုပ်ချုပ်သူရဲ့ မိမိ
လူမျိုးအပေါ် (အိမ်ဖော်ပင် ဖြစ်လင့်ကစား) လူလူချင်း တန်ဖိုးထားတယ် ဆိုတာ
ပေါ်လွင်နေပါတယ်။ နောက်ပြီး ဖိလစ်ပိုင်လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုလည်း
တွေ့ရမှာပါ။ ဒီမတ်ထရာ ဆိုသူ အိမ်ဖော်ရဲ့ တန်ဖိုး နဲ့ ထိုင်း - မလေးနယ်စပ်မှာ
ရောင်းစားခံနေရတဲ့ ဗမာကျွန်တွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ
အခြေအနေနှစ်ရပ်နဲ့ နှိုင်းယှဉ်ပြခဲ့ပါပြီ။
ကျွန် ဆိုရာ၌ စိတ်ပိုင်းဆိုင်ရာ ကျွန် နှင့် အခြေအနေအရ ကျွန်ဟူ၍ နှစ်မျိုး
နှစ်စား ခွဲပြီးပြောချင်ပါသည်။ အထက်ဖော်ပြပါ ကျွန်အမျိုးအစားမှာ မိမိ ၏
စားဝတ်နေရေးအခြေအနေအရ သူများထံတွင် ကျွန်ခံပြီး အလုပ်လုပ်နေရသော သူများသာ
ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကျွန်ဆိုသည်မှာ မိမိလူမျိုးအချင်းချင်း ဖိနှိပ်၊
ညှဉ်းဆဲသူ။ လွတ်မြောက်နိုင်သည့် လမ်းကြောင်း ကို မရှာဖွေချင်သူ။ မရှာဖွေသူ။
တစ်နေရာထဲတွင် မှီခိုကာ လွတ်မြောက်ရေးလမ်းကို မရှာဖွေသူသည်လည်း
စိတ်ဓာတ်ရေးရာအားဖြင့် ကျွန်စိတ်ဓာတ်ဟု ဆိုချင်ပါသည်။ ရှင်းရှင်း ဆိုရသော်
လွတ်လမ်းမရှာဘဲ မှီခိုချင်သည့် စိတ်ဓာတ်သည် ကျွန်စိတ်ဓာတ်သာလျှင်ဖြစ်သည်။ ဗမာ
ကျွန်ရှိနေသ၍၊ ကိုယ်သည် ဗမာတစ်ယောက် (ဗမာနိုင်ငံဖွား) တစ်ယောက် ဖြစ်နေသ၍
ကိုယ်လည်းဘဲ ကျွန်မျိုး၊ ကျွန်နွယ်ဝင်ဖြစ်နေမည်။ ထို့ကြောင့်
မိမိလူမျိုးအချင်းချင်း စာနာထောက်ထား၍၊ အားလုံးဝိုင်းဝန်း၍ ဗမာကျွန်စနစ်
ပပျောက်သွားအောင် ၀ိုင်းဝန်းကြိုးပမ်းကြမှသာ ဗမာကျွန် ဟူသော
စကားလည်းပပျောက်သွားမည်ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။
ကျော်သိင်္ခ
တစ်လက်စ တည်း ကဗျာ ဆရာ ကောင်းကင်ကို ရဲ့ ကျွန် ကဗျာလေးကိုလည်း
ဖတ်သွားစေချင်ပါသည်။ ရင်ကို ကိုင်လှုပ်သော ကဗျာတွေထဲက တစ်ပုဒ်ပါ။
ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။
(ကောင်းကင်ကို)
-ဗသြ-
နအဖဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဒီပဲယင်း လူသတ်ပွဲကြီးကို လုပ်ကြံခဲ့ရာ မှာ ဘာမှ အမှုမဖွင့်၊ ဘယ်သူ့ကိုမှ မစစ်ဆေး အရေးမယူတဲ့အပြင် မသေကောင်း မပျောက်ကောင်း ရှင်ကျန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ချုပ် နှောင်ခဲ့ပါတယ်။ တရားလိုကို တရားခံလုပ်ပစ်တဲ့ ဖြစ်ရပ်ပါ။ အခုလည်းပဲ အိမ် ဖောက်ထွင်းတဲ့ကိစ္စမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ဘာမှအရေးမယူဘဲ ဖောက်ထွင်းခံရတဲ့အိမ်ရှင်ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်င့ရေးရဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခုလို့ဆိုရင် မမှားပါဘူး။
ဒီအမှုအပေါ် လူအားလုံးက သံသယဖြစ်ရတဲ့ အကြောင်းရင်းပေါင်းများစွာ ထဲမှာ အချက်တချက်ကတော့ အမှုကို ထူးထူးခြားခြား တက်သုတ်ရိုက် စစ်ဆေး နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အမှုကို ဒီလိုစိတ်ဝင်တစား စောင့်ကြည့်နေ တုန်းမှာပဲ အားလုံးကို အံ့သြသွားစေတဲ့ကိစ္စရပ်တရပ် ပေါ်လာခဲ့ပါတယ်။ အဲဒါ ကတော့ နှစ်ဖက်သက်သေတွေကို စစ်ပြီးတယ်ဆိုတာနဲ့ နအဖရဲ့ အစီအစဉ်တခုလုံး တန့်သွားတာပါပဲ။ စီရင်ချက်ချမယ့်ရက်ကို နောက်ရွှေ့လိုက်တာဟာ သာမန်ကိစ္စ မဟုတ်မှန်း လူတိုင်း သတိထားမိပါတယ်။ နအဖရဲ့တရားရုံးဟာ အကြောင်းပြချက် မခိုင်လုံဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက တယောက်ထဲကိုသာ အစစ်ခံခွင့်ပေးတယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါ တောင်မှပဲ နအဖရဲ့တရားရုံးဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောအပါ နှစ်ဖက်သက်သေများရဲ့ ထွက်ချက်ဟာ သူတို့ကို ကြိုတင်ချမှတ်ခိုင်းထားတဲ့ အပြစ် ဒဏ်နဲ့ ပဋိပက္ခဖြစ်နေလို့ နောက်တလှမ်းဆုတ်သွားခဲ့ပါတယ်။ သူတို့ချင်း ပြန်ပြီး လက်ဝါးရိုက်ကြဦးမယ့်သဘောပါပဲ။ နောက်တနည်း ပြန်စဉ်းစားကြည့်လိုက်တော့ လက်ရှိထွက်ချက်တွေနဲ့ဆိုရင် သူ့တပ်ထဲကလူတွေ၊ သူတို့ထိပ်ပိုင်းက လူတွေ တောင် လက်ခံမှာမဟုတ်ဘူးလို့ သဘောပေါက်လာကြလို့လား၊ ဒါမှမဟုတ် လက်တွေ့ကိုပဲ တပ်ထဲနဲ့ခေါင်းဆောင်အပိုင်းထဲမှာ ဆန့်ကျင်ပြောဆိုမှုတွေ ရှိနေလို့ လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
အခုတော့ ဒီအမှုတခုလုံးကိုက ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ တိုက် ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီတခါ အမှုဆင်ပုံဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ်။
ဒေါက်တာတင်မျိုးဝင်းကို တရားရုံးအရိပ်နားတောင် မသီနိုင်အောင် နအဖ က ဘယ်လိုပဲ ဖိနှိပ်ထား၊ ခြိမ်းခြောက်ထားပေမယ့် ဂျွန်ယက်တောကို နအဖ က တမင်သွင်းလွှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ ထင်ရှားသထက် ထင်ရှားလာပါ တယ်။ ဒီအမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာ
ဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီအစိုးရက ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိရ စေပါတယ်။ အဲဒီတုန်းက ဦးစောလိုလူရဲ့လက်ထဲကို ဒီလို လက်နက်တွေ အမြောက်အများ ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံရေးပါး နည်းနည်းလေး ဝသူတောင် သိပါတယ်။ အဲဒီခေတ် အဲဒီအခါက အနေအထားနဲ့ဆိုရင် ပြည် တွင်းစစ်တောင် ထဖြစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ပါ။ ဒါကို ကိုလိုနီပါး အင်မတန်ဝတဲ့ အင်္ဂလိပ်အစိုးရက အသိဆုံးဖြစ်ပါတယ်။ (ဆရာစံတို့ဟာ ဓါး၊ လှံ၊ အလွန်ဆုံး တူမီးလောက်နဲ့ ပုန်ကန်ခြားနားခဲ့ကြတာပါ။) အခုလည်းပဲ အင်္ဂလိပ်တွေလုပ်ခဲ့သလို ဂျွန်ယက်တောနဲ့ ဘိန်းပစ်ဖမ်းတယ်ဆိုတာ ပိုပိုထင်ရှား လာနေပါတယ်။ နအဖ က ဒီအမှုကို စဖော်တုန်းကတော့ ဂျွန်ယက်တောဟာ ရေကူးလာတယ်ဆိုပြီး ရေသန့်ဗူးခွံတွေ၊ ဘဲခြေထောက်တွေကို ဓါတ်ပုံရိုက်ပြပြီး ကမ္ဘာကို ဝါဒဖြန့်ခဲ့ပါတယ်။ အခုတော့ ဂျွန်ယက်တောဟာ နအဖရဲ့ အစောင့် တွေနဲ့တောင် စကားစမြည်ပြောပြီး သဲဖြူခင်း ရာဇမတ်ကာလို့ မပြောရုံတမယ် လမ်းပေါ်က မားမားလျှောက်လာတာ ဖြစ်နေပါတယ်။
အင်္ဂလိပ်တွေဟာ ဘယ်လောက်တောင် နိုင်ငံရေးပါးဝလိုက်သလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံပြီးတဲ့နောက် ဗမာပြည်တွင်းမှာ သူတို့ဆက်လုပ်ပုံ ကို ကြည့်ရင် ထင်ရှားပါတယ်။ အဲဒီတုန်းက ကွန်မြူနစ်ပါတီက အာဇာနည်တွေကို သတ်တာဟာ ဗြိတိသျှအစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထု ထဲမှာလည်း တအုံနွေးနွေးနဲ့ ပေါက်ကွဲလုလု ဖြစ်နေပါတယ်။ ဝမ်းနည်းမှုကနေ ဒေါသပေါက်ကွဲတော့မယ့်အခြေအနေဖြစ်ပါတယ်။ ဒီတော့ ဘုရင်ခံဟာ သခင်နုကို ခေါ်ပြီး ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီအကြပ်အတည်း ကြီးကို ကျော်လွှားသွားနိုင်ပါတယ်။ အခု ဒီ နအဖ အစိုးရဟာ ဗြိတိသျှတွေလို ပါးနပ်လိမ္မာမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ် ချမှတ်တာရဲ့ အကျိုးဆက်တွေကို သူတို့ မစဉ်းစား မပြင်ဆင်လို့ မဖြစ်ပါဘူး။
ဒီအခြေအနေတွေကနေ ဆက်ပြီးဖြစ်လာတာကတော့ ဗမာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးတံခါးကို နအဖ က အပြီးအပိုင် ပိတ်ပစ်လိုက်ပြီဆိုတဲ့ကိစ္စပါပဲ။
အာဏာနိုင်ငံရေးသာသိတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ တံခါးကို တင်းတင်းပိတ်ထားရင် သူတို့အတွက် လုံခြုံမယ်လို့ ယူဆနေကြပါတယ်။ တနည်း - အာဏာမြဲမယ်လို့ ယူဆနေကြတယ်။ နားပိတ်ထား၊ မျက်စိပိတ်ထားလို့ မကြားရ၊ မမြင်ရရင် ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာမျိုး စဉ်းစားနေကြပါတယ်။ တကယ်က ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပါလို့ ပြောနေတာဟာ ပြည်တွင်းရေးကို စွက်ဖက်ချင်တဲ့ တခြားနိုင်ငံ တွေက ပြောနေတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းထဲက အလိုလိုထွက်လာတာလည်း မဟုတ်ပါဘူး။ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့
လိုလားချက် ဖြစ်ပါတယ်။ အဲဒီလိုလားချက်ကို သူတို့က ထင်ဟပ်ကြတာပါ။
ဗိုလ်သန်းရွှေလိုပဲ အာဏာဂုဏ်နဲ့ မောက်မာလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးရေး မျက်လှည့်ပြပြီးတဲ့နောက် ဘယ်သူနဲ့မှ စကားမပြော တော့ဘူး။ အပြတ်ပဲ ချတော့မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒါပေမယ့် ၁၉၆၀-၇၀ ကနေ ၁၉၇၆ ခုနှစ်အထိ လူထုဆန္ဒပြပွဲတွေ အမျိုးမျိုးဆက်ဖြစ်လာတော့ ဗိုလ်နေဝင်း ပိုင်လှပါတယ်ဆိုတဲ့ တပ်ထဲမှာ သူ့ကိုမကျေနပ်တာတွေ ပေါ်လာတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စလို သူ့ကိုသတ်မယ့်ကိစ္စတောင် ပေါ်လာတာပဲမဟုတ်လား။ နောက်တော့ ၁၉၈၀ ခုနှစ်မှာ ဗကပ၊ ကေအိုင်အေတို့နဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ ရပါတယ်။ အဲဒီကနေ ဆက်ပြီး ရှစ်လေးလုံးလှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာတာ၊ ဗိုလ်နေဝင်း မျက်ရည်ကျရတာ၊ နန်းပေါ်က ဆင်းပေးရတာ၊ မဆလ ပါတီကို ဖျက်သိမ်းပေးရတာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးရတာ စတာတွေဟာ တံခါးဖွင့်ပေးရရုံ ကလို့လား။
အခုလည်း တွေ့ဆုံဆွေးနွေးပွဲကို တံခါး ဘယ်နှစ်ထပ်ပဲ ပိတ်ထား ပိတ်ထား၊ လူထုက ဖွင့်ရင် မုချ ပွင့်လာမှာပါ။ တွန်းဖွင့်လို့မရရင် ဆောင့်ဖွင့်တန် ဖွင့်ရပါမယ်။ ဆောင့်ဖွင့်လို့မရရင် ဖောက်ခွဲဖွင့်ရပါမယ်။ လူထုဟာ အခြေအနေတွေကို အကဲခတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။
တနေ့ကပဲ လူတယောက်က ဦးဝင်းတင်ကို… နအဖ က အလျှော့ပေးမှာ မဟုတ်တော့ဘူး၊ အံတုမနေနဲ့တော့၊ ရင်မဆိုင်နဲ့တော့၊ ရွေးကောက်ပွဲသာ ဝင်ပေ တော့ ဆိုတဲ့အဓိပ္ပါယ်မျိုးပြောတာ ကြားလိုက်ရပါတယ်။ ဒါဟာ နအဖ က တံခါးကြီး ကို ဖွင့်မပေးဘဲ တင်းခံထားတဲ့အတွက် သူဖွင့်ပေးထားတဲ့ ခွေးတိုးပေါက်က ဝင်ရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ခြင်္သေ့ဟာ မြက်မစားဘူးဆိုတာ အဲဒီလူ မသိလို့ပါ။
တချို့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာ ဘာရှိသလဲ၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ သိရအောင် တမင်ပဲ ဆွနေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဒါမျိုးတွေကို “စကားဝိုင်း”တွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ တကယ်ကျတော့ အဲဒီလို ဆွတဲ့လူတွေဟာ နအဖ အလိုကျလုပ်တာ မဟုတ်ဘူးဆိုရင် နိုင်ငံရေးအပါးမဝသေးတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ ဖက်ဆစ်လုပ်ဟန်ကြောင့် ဗမာပြည်နိုင်ငံရေး၊ နောက်ပြီး စာပေအနုပညာလောကမှာ ခေတ်စားလာနေတဲ့ လုပ်ဟန်တခု ဖြစ် ပါတယ်။ အဲဒါက သခင်အားကိုးနဲ့ သဘောထားမတူသူတွေကို ဆွတာ၊ ရန်တိုက် တာတွေ လုပ်တာပဲဖြစ်တယ်။ သတ္တိကောင်းလှသူတွေလို့ ဆိုနိုင်သပေါ့။
ဒါပေမယ့် ပြန်စဉ်းစားသင့်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါကျတော့ သန်းဂဏန်း စာရင်းပြထားတဲ့ မဆလ ပါတီဝင်တွေ ဘာဖြစ်သွားတယ်ဆိုတာပါပဲ။ ။
၊ဗသြ၊
ပျားအုံခံစားမှု။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။

လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။

ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။

ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။

ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။

ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။

ဒီအချိန်မှာ
အင်းစိန်ထောင်ဟာ ငါတို့ အိမ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံး ပိတ်လှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင် ချုပ်နှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ် မြေမြှုပ်ခံရတော့မယ်။

သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။

ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကို ဆက်ပစ်နေရမယ်။

ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်းကို ခံရမယ်။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(အောင်ဝေး - မေ ၂၅ ၊ ၂၀၀၉


၂၀၀၉ ခုနှစ် ဇွန်လ၂ရက် အင်္ဂါနေ့မှစပြီး ဗမာပြည်သူလူထု၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးရက် ဇွန် ၁၉ ရက်ထိ စံပါယ်ကန်ပိန်း နှင့် အဖြူရောင်ကန်ပိန်းများ ပြုလုပ်ကြပါရန် လူငယ်ထုမှ စတင်လှုံ့ဆော်လိုက်သည်။
>
> တိုင်းပြည်ပေါ်မှာ ဖြူဖြူစင်စင်တန်ဖိုးထားပြီး ပြသနာတွေကို ဖြူစင်စွာဖြေရှင်းဖို့မြန်မာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။ အဲဒီအတွက်= အင်္ကျီ
> အဖြူရောင်ဝတ်ပါ။
>
> မတရားဖိနှိပ်ပြီး စံစားနေတာတွေ ဒီအချိန်မှာမဖြစ်သင့်တော့ဘူး။ မတရားအကျဉ်းကျ ခံစားနေရတာတွေကိုပစ်ပြီး တိုင်းပြည်နဲ့လူထုအကျပ်အတည်းများကိုငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနိုင်းအဖြေရှာပြီးဖြေရှင်းဖို့မြန်မာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
> အဲဒီအတွက်= စံပယ်ပန်းပန်၊ ရင်ဘတ်မှာထိုးပါ။
>
> အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး၊ စံပါယ်ပန်းတွေကိုပန်ကြဖို့စံပါယ်ပန်းတွေကို ဘုရားမှာကပ်လှူပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ဆုတောင်းပွဲများ ပြုလုပ်ကြရန် လူငယ်ထုမှ တိုက်တွန်းလိုက်သည်။
ပျားအုံခံစားမှု။


Special Thanks to the email sender

Tuesday, 2 June 2009

Courage and Group power Win!!!!

Monday, 1 June 2009

Little Burmese girl from Burma

E Bulletin 5 2009
အခြေအနေများ

Artist Moethway
Produced by Generation Wave


စာသင်တဲ့ကျောင်းခေါင်းလောင်းလည်းကွဲအက်ပြီ ပညာအဆင့်ကလက်နှိုက်မမီ
ဘွဲ့လက်မှတ်က အီးကုန်းလို့ရသည်
ကျောင်းကားမလောက်လို့ အားကိုးရှာကာ ရုံးခန်းသွားပြောသည်
ကျောင်းသား ၅ယောက် jail ထဲပို့လိုက်ပြီ

ပြည်သူတွေလုံးရင်းပါးရင်းအမွှေးကျွတ်ကုန်ပြီ တနေ့လုပ်တနေ့ငတ်သည်
ဘုန်းဘုန်းအတွက်တော့ ဆွမ်းလေးအမြဲကပ်သည်
ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးရင်း အတွေးထဲမြင် မျိုမကျတော့စဉ်းစားပြီ
ပရိတ်ထွက်ရွတ်တော့တုတ်နဲ့ရိုက်သတ်သည်
ပရိတ်ထွက်ရွတ်တော့ သေနတ်နဲ့ပစ်သတ်သည်

ဒါမြန်မာပြည်မှာတကယ်ကိုဖြစ်ခဲ့သည်
အာဇာနည်တွေမြင်ရင် ရှက်လိမ့်မည်
ငါတို့တခုခုတော့လုပ်မှဖြစ်တော့မည်

အာဏာရှင်ကို အမြစ်မဖြတ်နိုင်ရင် လူတွေ ဥပုသ်စောင့်ရမည်
တခေါက်တော့ ထပ်လို့လမ်းမထွက်မှဖြစ်မည်
လူညီရင်ပွဲပြတ်နိုင်သည် ပြိုင်တူတွန်းကြရွေ့ရမည်
ကုလသမဂ္ဂစောက်ဂရုမစိုက်တော့ပြီ

မုန်တိုင်းကြီးရုတ်တရက်တိုက်ခတ်မွှေသည် အလောင်းများသိန်းသန်းချီ
road map အစုတ်အပြတ် အလုပ်မပျက်ရှေ့ဆက်သည်
အကူအညီတွေပေးဖို့ အဝေးကတကူးတကလာသူမောင်းထုတ်ပစ်လိုက်သည်
အားလုံးလက်မြှောက်အရှုံးပေးလိုက်ရသည်

Letter from Oxford

20090527174540897

ဟင်း ဟင်း ဟင်း ... တချက်နှိပ်လိုက်ရုံပဲ







Sunday, 31 May 2009



အမေ ...

အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့

အမေ

ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု ...
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ဒါပေမယ့် အမေ

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ

ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ

အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ ...

(မောင်ပွတ်)






ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…

ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…

မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့

မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…

တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို

ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ

ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်

ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။

ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။




ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည
Japanese Foreign Ministers' Telophone Conversation With Myamar
Burma's Last Chance, Burmese, PDF
To Our Burmese Activists
JC-17AEMM