Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Wednesday 3 June 2009


၂၀၀၉ ခုနှစ် ဇွန်လ၂ရက် အင်္ဂါနေ့မှစပြီး ဗမာပြည်သူလူထု၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးရက် ဇွန် ၁၉ ရက်ထိ စံပါယ်ကန်ပိန်း နှင့် အဖြူရောင်ကန်ပိန်းများ ပြုလုပ်ကြပါရန် လူငယ်ထုမှ စတင်လှုံ့ဆော်လိုက်သည်။
>
> တိုင်းပြည်ပေါ်မှာ ဖြူဖြူစင်စင်တန်ဖိုးထားပြီး ပြသနာတွေကို ဖြူစင်စွာဖြေရှင်းဖို့မြန်မာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။ အဲဒီအတွက်= အင်္ကျီ
> အဖြူရောင်ဝတ်ပါ။
>
> မတရားဖိနှိပ်ပြီး စံစားနေတာတွေ ဒီအချိန်မှာမဖြစ်သင့်တော့ဘူး။ မတရားအကျဉ်းကျ ခံစားနေရတာတွေကိုပစ်ပြီး တိုင်းပြည်နဲ့လူထုအကျပ်အတည်းများကိုငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနိုင်းအဖြေရှာပြီးဖြေရှင်းဖို့မြန်မာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
> အဲဒီအတွက်= စံပယ်ပန်းပန်၊ ရင်ဘတ်မှာထိုးပါ။
>
> အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး၊ စံပါယ်ပန်းတွေကိုပန်ကြဖို့စံပါယ်ပန်းတွေကို ဘုရားမှာကပ်လှူပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့ဆုတောင်းပွဲများ ပြုလုပ်ကြရန် လူငယ်ထုမှ တိုက်တွန်းလိုက်သည်။
ပျားအုံခံစားမှု။


Special Thanks to the email sender

No comments: