Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday, 6 February 2009

မြန်မာသမိုင်းတွင် ရိုဟင်ဂျာ များသည်တိုင်းရင်းသားလူမျိုးစုတခုအဖြစ်ရပ်တည်ခဲ့

...:: စကားဦး ::...

လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights - (လူ့အခွင့်အရေး) ကိုတန်ဖိုးထားရာ ရောက်ပါမည်၊ Human Rights သည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် အဓိကအခြေခံကြသော မရှိမဖြစ်အချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် Human Rights ကို လေ့ကျင့်မှု၊ တန်ဖိုးထားမှု အားနည်းသော စစ်အစိုးရလက်အောက်ရှိ ကျနော်တို့ မြန်မာလူမျိုးများသည်လည်း အနဲနှင့်အများ Human Rights ၏ တန်ဖိုးကို အပြည့်အဝနားမလည်ကြပါ။ ယ္ခုအချိန်သည် မြန်မာလူမျိုးများ အားလုံးအတွက် မျက်စိဖွင့် နားပွင့်၍ လူမျိုးဘာသာမရွေး အတူလက်တွဲရတော့မည့် အချိန်ဖြစ်ပါသည် သို့မဟုတ်ပါက စစ်အစိုးရ၏ သွေးခွဲ၊ မှိုင်းတိုက်၊ သွတ်သွင်းခြင်း၌ ဆက်လက်၍ ဝဋ်ခံနေရဦးပေမည်။

နောက် အဓိကအချက်တစ်ရပ်သည် ဘာသာရေးသွေးခွဲမှုဖြစ်ပေသည်။ နအဖ၏ နိုင်ငံတော်မတည်ငြိမ်အောင်ဖန်တည်းရေးမူတွင် ထိုအချက်သည် အရေးအပါဆုံးနှင့်အထိရောက်ဆုံး လက်နှက်ဖြစ်ပေသည်။ ယ္ခု ထိုလက်နှက်ကို နအဖ မှ အပူတပြင်းအသုံးပြုနေပါသည်။ အထူးသတိပြုကြပါ။ ဘာသာရေးအဓိကရုဏ်းကို ဖော်ဆောင်နေပါသည်။ အထူးသဖြင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်များ နှင့် မွတ်ဆလင်ဘာသာဝင်များ အတွက်ဖြစ် အထူးသတိရှိကြပြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်မှုရယူ၍ ဘာသာရေးအစွန်းမရောက် ကြစေလိုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်များအတွက်လည်း အထူးတိုက်တွန်းလိုသည်မှာ မြတ်ဗုဒ္ဓဘုရားသည် မေတ္တာတရားနှင့်သာ လူသားများကိုကယ်တင်ခဲ့ပါသည် တခြားဘာသာကို မုန်းတီးပါဟု မဟောကြားခဲ့ပါ။ ယ္ခုအချိန်သည် နအဖစစ်အစိုးရကိုသာ အဓိကထားတိုက်ခိုက်ကြပါ၊ တိုင်းရင်းသားအချင်းချင်း ဘာသာအချင်းချင်း လူမျိုးအချင်းချင်း တိုက်ခိုက်ရမည့်အချိန်မဟုတ်ပါ။ ကျတော်တို့စည်းလုံးမှ အောင်ပွဲရပါမည်။ စည်းလုံးကြပါ။ ညီညွတ်ကြပါ။

အမြင်မရှင်းသည်များရှိပါက ရှင်းလင်းမှုရှိစေရန်ရည်ရွယ်၍ အောက်ပါသတင်းအချက်အလက်များကို သတင်း ရက်စွဲ အတိအကြဖြင့်ဖော်ပြထားသော ခွပ်ဒေါင်းသွေး မှ ရယူ၍ ထက်မံမျှဝေလိုက်ရပါသည်။

မြန်မာစစ် အစိုးရ သည် ယခုကာလအတွင်းဖြစ်ပေါ်ခဲ့သော ရိုဟင်ဂျာ ဒုက္ခသည်များ အရေးနှင့်ပါတ်သက်၍ ရိုဟင်ဂျာလူမျိုးတို့သည်မြန်မာတိုင်းရင်းသားလူမျိုးစုမဟုတ်ပါ ၊ ရိုဟင်ဂျာ များ သည် မြန်မာပြည် နှင့်မသက်ဆိုင် ကြောင်း ကို နိုင်ငံပိုင်မီဒီယာများမှ ခါးခါးသီးသီး ငြင်းဆန် ခဲ့သော်လည်း မြန်မာနိုင်ငံ သမိုင်းအဆက်ဆက်တွင် ရိုဟင်ဂျာ များအားမြန်မာအစိုးရတို့  က တိုင်းရင်သား လူမျိုးစုတခု အဖြစ် အသိ အမှတ်ပြုခဲ့သည်များ ရှိခဲ့ပါသည်…။


>

မြန်မာပြည်အတွင်းတွင် ဘိုးတော်ဘုရား လက်ထက်ကပင် အခြချနေထိုင်လာခဲ့သော ရိုဟင်ဂျာ လူမျိုး တို့ သည် ရခိုင်ပြည်လူဦးရေ၏ ထက်ဝက်နီးပါးရှိသည်။ ထို့အပြင် ( ၁၉၄၇-၁၉၇၄ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အရလည်းကောင်း ၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသားဖြစ်တည်မှု့ ဥပဒေ နှင့်  ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသား ဥပဒေများအရ ရိုဟင်ဂျာလူမျိုးများသည် ၁၈၂၃ ခုနှစ်မတိုင်မီကပင် မြန်မာနိုင်ငံအတွင်းပင်မနိုင်ငံအဖြစ် အခြေချနေထိုင်ခဲ့သော လူမျိုးစု များဖြစ်ခဲ့သည်ကို အတည်ပြု ပြောဆိုနိုင်ပါသည်…။ နိုင်ငံသား ၊ တိုင်းရင်းသားလူမျိုးစု ဖြစ်ခြင်းသည် ကိုးကွယ်မှု့  ၊ ယုံကြည်မှု့  ၊ ဘာသာစကား ၊ အရုပ်သဏ္ဍန် ၊ အမျိုးအနွယ်တို့နှင့် မသက်ဆိုင်ပဲ ရှေးအစဉ်အဆက် အခြေချနေထိုင်ခဲ့သော နိုင်ငံတခုအတွင်းရှိဒေသ နှင့်  သာသက်ဆိုင် သည်ဟု သမိုင်းစာအုပ်အချို့တွင်ဖော်ပြထားပါသည် ။

ကိုလိုနီနယ်ချဲ့ ခေတ်တွင် ရိုဟင်ဂျာ များအား အစိုးရပြန်တမ်းများတွင် မွတ်စလင် ၊ မဟာမေဒင် အစရှိသည်ဖြင့်ဖော်ပြခဲ့သည် ။ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် စည်းရုံးရေးခရီးစဉ်အဖြစ် ၁၉၄၆ ခုနှစ် မတ်လ တွင် စစ်တွေမြို့သို့ရောက်ရှိခဲ့ရာ ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် တွေ့ ဆုံ ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအခွင့်အရေးများအပြည့်အ၀ပေးမည်ဟုကတိက၀တ်ပြုခဲ့သည်များရှိခဲ့သည်။

မြန်မာ့တော်လှန်ရေးသမိုင်းများတွင်လည်း တော်လှန်ရေးကာတလျှောက် လက်တွဲပါဝင်ခဲ့သူ ရိုဟင်ဂျာ လူမျိုးတော်လှန်ရေးသမားတဦးဖြစ်သည့် ရွှေဓါး ကာဇီ (ခ) မင်းပြား သည် ချင်းပျံ နှင့် အတူ လက်တွဲ ကာတော်လှန်ခဲ့သည် ။ စစ်တွေမြို့တွင်လည်း ရိုဟင်ဂျာ အမျိုးသားဆရာကြီး ဦးဇိုင်နဒိန် က ဦးဆောင်ပြီး အမျိုးသားကျောင်းတကျောင်းဖွင့်လှစ်ကာ နယ်ချဲ့တော်လှန်ရေးအတွက် အမျိုးသားရေးစိတ် နိုးဆွပေးခဲ့သော အမျိုးသားကျောင်း တကျောင်း တည်ထောင်ခဲ့သည် ။

သို့သော်လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းတွင် ရိုဟင်ဂျာ များအား နိုင်ငံရေး ၊ လူမှု့ရေး ၊ စီးပွားရေး တို့ တွင် နိုင်ငံတော်မှ လစ်လျှုရှု့ ခံထားံရမှု့ကြောင့် ( မူဂျာရစ် ) သူပုန်များအမည်ခံကာ ( ဗ-က-ပ ) ( ကရင် ) တို့ နှင့် မရှေးမနှောင်းမှာပင်သူပုန်ထကြွခဲ့ပါသည်။နောက်ပိုင်းတွင် နိုင်ငံခေါင်းဆောင်များက ရိုဟင်ဂျာ များအား အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့် အရေးများပေး မည်ဆိုသော ကတိက၀တ်ကြောင့် ( ၁၉၆၁ ) တွင်တယောက်မကျန်လက်နက်ချကာ ပြည်ထောင်စုအပေါ် သစ္စာရှိခဲ့ကြသည် ။

ထိုအပြင် ဒိုင်အာခီခေတ်မှမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်အထိ ခေတ်အဆက်ဆက်တွင် ပါလီမန် နှင့်ပြည်သူ့လွှတ်တော်များတွင်ကိုယ်စားပြုခွင့်  ရခဲ့သည် ။ ပ-ထ-စ ခေတ် တွင် ဘူးသီးတောင် မဲဆန္ဒနယ်မှာ တင်မြှောက်လိုက်သော ကိုယ်စားလှယ်တဦးသည် ၀န်ကြီးရာထုး အထိရခဲ့ဘူးသည် ။ ရိုဟင်ဂျာ အမျိုးသားများထဲမှ လည်း ပါလီမန်အတွင်းဝန်များအထိရှိခဲ့ ဘူးသည်ဟု မှတ်တမ်းများ အရ သိရှိခဲ့ရပါသည်။

ထိုအပြင် ပြည်ထောင်စုနေ့  အခန်း အနားများတွင် ရိုဟင်ဂျာရိုးရာပွဲများ ခင်းကျင်ပြသခွင့် ရခဲ့ပြီး

( ၁၉၆၀ )ပြည့်နှစ်ပြည်ထောင်စုနေ့ အခန်းအနားကို အောင်ဆန်းအားကစားပြိုင်ဝင်း အတွင်းပြုလုပ်ခဲ့ရာ ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှု့ ပြပွဲပြိုင်ပွဲတခုဖြစ်သော ကျင်ပွဲ ကို ကျင်းပပြုလုပ်ခွင့် ရခဲ့ပါသည် ။ ၎င်း ကျင်ပွဲတွင်ပါဝင်ခဲ့သော ကျင်သန်များမှာ-

( ၁) ကျင်သန် ဦးဟာကိမ်အလီ

မှတ်ပုံတင်အမှတ် - AK - ၀၄၂၉၅၇

ဇင်ပိုင်ညှာရွာ ၊ မောင်းတောမြို့  ။

( ၂ ) ကျင်သန် ဦးမာမတ် ဟူဆင်

လောင်းဒုံ ၊ အလယ်သံကျော် ကျေးရွာ ၊မောင်းတောမြို့ တို့ဖြစ်ကြပါသည် ။




ထို့နောက် မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ရိုဟင်ဂျာ ဘာသာ စကားကို နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ( ၅ ) နှစ်တိုင်တိုင် အသံလွှင့်ခွင့်ပြုခဲ့သည် ။

မြန်မာအသံမှ ရိုဟင်ဂျာ ဘာသာစကားထုတ်လွှင့်မှု့  ကို ( ၁၉၆၁ ) ခုနှစ် မေလ ( ၁၅ ) ရက်နေ့  ညနေ ( ၅း ၃၀ ) မှစတင်ကာ လှိုင်းတိုမီတာ ၆၂ .၆၇ နှင့် ၂၆ . ၁၇ တို့ မှ ရိုဟင်ဂျာဘာသာဖြင့် တိုင်းရင်းသားအသံလွှင့်အစီစဉ်များတွင် တပါတ်လျှင် သုံးကြိမ် ထုတ်လွှင့် ခဲ့ပါသည် ။




>

၁၉၅၉-၆၀ နှင့် ၁၉၆၀-၆၁ ပညာသင်နှစ်များတွင် ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူများအသင်းကို တက္ကသိုလ်အာဏာပိုင်များက ဖွဲ့ စည်းခွင့် ပြုခဲ့ပြန် သည် ကိုပုံပါအတိုင်းတွေ မြင်နိုင်ပါသည် ။


>

ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ (၁၉၇၈) -ခုနှစ်ထုတ်မြန်မာနိုင်ငံ ပထ၀ီဝင် အထက်တန်းကျောင်းသုံးပြဌာန်းစာအုပ် ၊ စာမျက်နှာ ( ၈၆ ) ရှိ တိုင်းရင်းသားလူမျိုးများပြန့် နှံနေထိုင်ပုံပြ မြေပုံတွင် လည်း ရိုဟင်ဂျာ လူမျိုးတို့ ၏နေထိုင်ရာဒေသ ကိုလည်းထည့်သွင်းဖော်ပြခဲ့သည် ကိုမြင်တွေ့ နိုင်ပါသည် ။




အထက်ပါ သမိုင်းအချက်အလက်များ လေ့လာကြည့်ရှု့ခြင်းအားဖြင့်  လက်ရှိ စစ်အစိုးရ သည် ၎င်းတို့ အားထိပါးလာမည့်ပြသနာများအတွက်ဆိုပါမူ လူတဦးတယောက်ကို မဆိုထားနှင့်  လူမျိုးစု တစုလုံး ကို ပါ ဥပဒေမဲ့ မျက်ကွယ် ပြုမူတတ်သည် ကို မျက်ဝါးထင်ထင် တွေ့ မြင်နိုင်ပါပြီ ။ ပြည်သူတို့၏ အသက်အိုးအိမ်စည် ကို ကာကွယ်နိုင်စွမ်း လုံးဝမရှိသည့် အစိုးရဖြစ်ပါသည် ။ ထို့ ကြောင့်  မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးစုများ နှင့် ပြည်သူများသည် လက်ရှိပြုလုပ်နေသော စစ်အစိုးရ ၏ အာဏာတည်မြဲရေး အတွက် စည်းရုံးသွေးဆောင်နေမှု့ များကို လက်မခံပဲ လွတ်လပ်ပြီးတရားမျှတသော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာစေရေးအတွက် စည်းစည်း လုံးလုံး သိုက်သိုက် ၀န်းဝန်း ဖြင့် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့  ဟူ၍တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။

Wednesday, 4 February 2009

Special Message from B.D.C to U.S President

....:::....
Represent by Ma Moe Hnin Phyu - Burma Democratic Concern

Special Message from B.D.C to British Prime Minister

....:::....
Presented by Ma Zin Zin Myo Thant - Burma Democratic Concern

ယုံချင်ယုံ မယုံချင်နေ

အာဏာရူးကြီး သန်းရွှေ ၂၀၀၉ (၁၀) လပိုင်းမတိုင်ခင် သေမယ်
(ဆောင်းပါး)

ပညာကျော် / ၄ ဖေဖော်ဝါရီ ၂၀၀၉

စာရေးသူသည် ဗေဒင်ဆရာတယောက်တော့မဟုတ်ပါ။ သို့သော် ဗေဒင်ပညာကို လေ့လာဖူးသူ တယောက်ဖြစ်ပါသည်။ စစ်အစိုးရသည် ဗေဒင်ကို အားကိုးကာ အာဏာတည်မြဲရေးကို ကြိုးစားနေသည်ဟု မြန်မာ့နိုင်ရေးအသိုင်းအဝန်းများက သတ်မှတ်ပြောဆိုနေကြသလို သူတို့၏ အသိုင်းအဝန်းထဲမှလည်း ပြောဆိုနေကြပါသည်။

တကယ်တော့ ဗုဒ္ဓဘာသာတွင် ကံကံ၏အကျိုးကိုသာ ယုံကြည်ရေးအဖြစ် ပြောဆိုလိုက်နာကြသော်လည်း ဗေဒင်အယူဝါဒသည်ကား ကြီးစိုးနေဆဲသာဖြစ်ပါသည်။ ဗုဒ္ဓအလောင်းအလျာကို မွေးဖွားပြီးချိန်တွင် ဗေဒင်ပညာရှင်ကောဏ္ဍညပုဏ္ဏားက ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု လက်ညှိုးထောင် ဟောခဲ့သည့် စကားကများ ဗုဒ္ဓဘာသာဝင်များကို ဗေဒင်ကြီးစိုးစေသလားဆိုသည်ကို စာရေးသူ စဉ်းစားမိပါသည်။

ပုဂံခေတ်တွင် အနော်ရထာမင်းကြီးက ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်စေခဲ့ပြီးချိန်မှစတင်ကာ မြန်မာတို့ကို ဗေဒင်ကြီးစိုးလာခဲ့သည်ဟု စာရေးသူ ယူဆမိပါသည်။ အဘယ်ကြောင့်ဆိုသော် အနော်ရထာမင်းကြီး၏ရှေ့တွင် မင်းခန်းသဘင်ကျင်းပရာတို့ ၌ ဗေဒင်အယူဝါဒဆိုင်ရာများကို မတွေ့ရပါ။ သို့သော် မွန်သထုံဘုရင်တို့နှင့် ရခိုင်ဘုရင်တို့၏ ဘိသိက်မင်္ဂလာကျင်းပရာတို့တွင်တော့ ဗေဒင်အယူများ အသုံးပြုခဲ့ပုံများကို တွေ့ရပါသည်။ ထို့အတူ ယိုးဒယားမင်းများနှင့် အိန္ဒိယဘုရင်များသည်လည်း ဗေဒင်ကိုအသုံးပြုခဲ့ကြပါသည်။ မြန်မာတို့၏ မင်းတိုင်ပင်ခံပညာရှိ အမတ်တို့မှာ အထူးသဖြင့် လောကဓာတ်ခေါ် ဗေဒင်ပညာကို တက်သိကြသူများသာ ဖြစ်ပါသည်။ စာရေးသူက သုသေတီတဦး မဟုတ်ပါသဖြင့် လွဲမှားပါလျှင် ခွင့်လွှတ်စေချင်ပါသည်။ စာရေးသူလေ့လာမိသမျှကို အကျဉ်းချုံးဖော်ပြခြင်းသာဖြစ်ပါသည်။

ရှေးမြန်မာတို့က ဗေဒင်ပညာကို ယုံကြည်မှုများခဲ့ကြသဖြင့် ရှေးဆရာတော်များပင်လျှင် ဗေဒင်မတတ်သူမရှိ ဖြစ်ခဲ့ရပါသေးသည်။ ဗေဒင်တတ်မှ လူရာဝင်ခဲ့သည်။ ဘုန်းကြီးကျောင်းများတွင် ဗေဒင်သင်ကြသည်။ ယနေ့ လက်ကိုင်ပြုနေကြသော ဗေဒင်ကျမ်းများကို ကြည့်ပါလျှင်လည်း ရှေးဆရာတော်ကြီးများ ရေးခဲ့သည်ကိုသာ တွေ့ရသည်။ မြန်မာဘုရင်တို့၏ အထူးအလေးပေးကြည်ညှိုခြင်းကို ခံရသည့် ကျီးသေးဆရာတော်ပင် ဗေဒင်ကျမ်းကို ပြုစုခဲ့သည်ကို တွေ့ ရသည်။ မုန်ရွေးဆရာတော်၊ သဲအင်းဆရာတော် စသူတို့နှင့် ဗေဒင်ကျမ်းကို ပြုစုသူအများစုမှာ လူပြန်ကြီးများသာဖြစ်ပါသည်။

မျက်မှောက်ခေတ်တွင် ဗေဒင်ယုံကြည်သူအများစုကို လေ့လာကြည့်လျှင် အစိုးရဝန်ထမ်းများနှင့် သူဌေးများဖြစ်ကြသည်ကို တွေ့ ရပါသည်။ အစိုးရဝန်ထမ်းများက ရာထူးတိုးရေးအတွက် ဗေဒင်ကို ကိုးကွယ်လာကြကာ သူဌေးများကလည်း စီးပွားရေးအောင်မြင်ရေးအတွက် ဗေဒင်ကိုအလေးပေးကြပါသည်။

တကယ်တော့ ဗေဒင်ပညာဆိုတာ မယုံလည်းခက် ယုံလည်းခက်တဲ့ ပညာရပ်တခုလို့ အများက သုံးသပ်ခဲ့ကြသော်လည်း ဗေဒင်နဲ့တော့ ကင်းခဲ့သူမရှိပါလေ။ ကုသိုလ် အကုသိုလ်ကို အရင်းတည်ပြီး ကံ၊ ကံ၏အကျိုးသာ အဓိကပါဟု လက်တွေ့ကျသော ဝိပဿနာကိုသာ ကျင့်တဲ့ဆရာတော်ကြီးများပင် မကင်းခဲ့ဘဲ ဖြစ်ခဲ့သည်ကိုလည်း တွေ့ကြရပါသည်။

တကယ်တော့ ဗေဒင်ပညာကို တဖက်ကမ်းခတ် တက်မြောက်ခဲ့သူ ကောဏ္ဍညပုဏ္ဏားက ဘုရားလောင်းကို ဧကန်စင်စစ် ဘုရားဖြစ်ပါမည်ဟု လက်ညှိုးတချောင်းကို ထောင်ပြီး တခွန်းတည်းသော စကားကို ပြောခဲ့သော်လည်း၊ ဘုရားလောင်း ဒုက္ကရစရိယအကျင့်ကို ကျင့်နေစဉ်မှာ ဒီတသက်ဘုရားဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ အလောင်းတော် အနားမှ သူကိုယ်တိုင်ရှောင်ခွာခဲ့သလို၊ ဘုရားဖြစ်ပြီဟု မြတ်ဘုရားကပြောခဲ့စဉ်မှာလည်း သူမယုံကြည် ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် ဗေဒင်ပညာသည် တတ်သူကို ယုံကြည်မှု နည်းဘိသကဲ့သို့ မသိသူကသာ ယုံကြည်သော ပညာရပ်တခုဟုလိုလည်း ဆိုရပေမည်။ များသောအားဖြင့် မျက်မှောက်ခေတ်တွင် ဗေဒင်ပညာကို ဆည်းကပ်သူများမှာ တကယ့်တွေးခေါ်မှု နည်းပါးသူများသာဖြစ်သည်ဟု ဆိုရပါမည်။

ကျနော် တခါက တွေ့ခဲ့ပုံတခုကို ပြောပြပါမည်။ လူတယောက်က တခြားတယောက်၏ကားကို အငှားမောင်းပြီး သူ့နာမည်ဖြင့် လိုင်စင်လုပ်ကာ သူပိုင်ဆိုင်ကြောင်းပြောပြီး ပိုင်ရှင်ကို ပိုင်ရှင်ကြေးမပေးဘဲ တရားရင်ဆိုင်ပါသည်။ ရုံးတော်တွင် တရားနိုင်ရေးအတွက် ဗေဒင်ဆရာကြီးတဦးကိုငှားပြီး ယတြာဓာတ်ဆင်များ လုပ်ပါလေတော့သည်။ ပိုင်ရှင်စစ်က သူဤသို့လုပ်တာကို သိပြီး ကျနော့်ကို လာပြောပါသည်။ သူရဲ့ကား ဆုံးရှုံးမှာကိုလည်း သူက ကြောက်နေသည်။

ကျနော်က သူ့ကိုပြောပါသည်။ သူများပစ္စည်းကို ယတြာနဲ့ ကိုယ်ပိုင်ဖြစ်အောင်သာ လုပ်လို့ရနိုင်ကောင်းတယ် ဆိုရင် လုပ်ပါစေဗျာ၊ ခင်ဗျားမကြောက်ပါနဲ့။ ခင်ဗျားပိုင်မှန်း လူတိုင်း သိပါတယ်ဟု ပြောပြီး ရုံးတော်မှာ တကယ်စစ်တော့ အတုမှာရှုံးပြီး အစစ်က နိုင်ခဲ့ပါသည်။

ဆယ်တန်းအောင်မြင်ရေးအတွက် ယတြာချေပြီး အောင်ခဲ့တဲ့သူမရှိခဲ့ပါဘူး။ စာရပြီး ကြိုးစားနေတဲ့ ကျောင်းသားကို ပန်းတင်မီးထွန်းခိုင်းပြီး သူတို့ကြောင့်ပဲ ဂုဏ်ထူးထွက်သလိုလို လုပ်ပြီး နာမည်ကောင်းယူတက်တာ ဗေဒင်သမားတွေပါ။ တကယ်တော့ ကောက်ညှင်းပေါင်းမှာ နှမ်းဖြူးပြီး၊ နွားနို့ မှာ ဆားထည့်တဲ့ သဘောတွေပါပဲ။

ဗိုလ်ချုပ်ခင်ညွန့်ဟာ သူ့ရဲ့ သြဇာတည်မြဲရေးအတွက် ကျောက်တော်ကြီးဘုရားကို တည်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်းက မင်းဓမ္မကုန်းတော်မှာပါ။ ထိုဘုရားကို ဘာကြောင့် တည်ရသလဲဆိုတာ အရင်းခံကို ဆရာတော်ကြီးတပါး၏ သုံးသပ်မှုကို အရင်းခံပြီး ကျနော်လေ့လာခဲ့ပါတယ်။ ဒီဘုရားကိုတည်တာဟာ ဗိုလ်ခင်ညွန့်ရဲ့ ကိုးကွယ်တဲ့ဆရာတော်နဲ့ ဗေဒင်ကြောင့်ပါပဲ။ သူ့ရဲ့ဆရာတော်ပြောစကားအရ ခင်ညွန့်ဟာ တချိန်က ရခိုင်ဘုရင် ဘစောဖြူမင်း ဖြစ်ခဲ့ပါတယ်တဲ့။ ဘစောဖြူမင်းဟာ ရခိုင်သမိုင်းမှာ တန်ခိုးထွားခဲ့တဲ့ မင်းပါပဲ။ ဆင်ဖြူတောင် ပိုင်ခဲ့ပါသေးတယ်။

ခင်ညွန့်ဟာလည်း တန်ခိုးကထွားလာတယ်။ အသက်ကလည်း လေးဆယ်ကျော်ပြီး ငါးဆယ်ပြည့်တော့မှာ ဆိုတော့ ဗေဒင်သဘောအရ တနင်္လာသားခင်ညွန့်ဟာ စနေဂြိုဟ်ကထွက်ခါနီးပြီး ကြာသပတေးသို့ ဝင်တော့မှာ ဆိုတော့ ရာဇဂုဏ်အပျက်ကို ရောက်လာတယ်။ ဒီတော့ သူ့ဆရာက သူ့ကို သောကကင်းဖို့ ရန်ကုန်မြို့ရဲ့ သောကြာအရပ်ဖြစ်တဲ့ မြောက်ဘက်စော်ဘွားကြီးကုန်းကို၊ သမိုင်းကိုပြောင်းပြန်လုပ်ကာ မင်းဓမ္မကုန်းအဖြစ် ပြောင်းကာ ဘုရားတည်ပါလေတော့သည်။

ဗေဒင်အလို စနေကိုနိုင်ဖို့ စနေကို ထိုင်ရန်အတွက် (မင်းဓမ္မကုန်း) တဲ့။ ဒီမှာဗေဒင်အရ (မင်း+ကုန်း) (၅+၂) ဆိုတော့ (၇) ခုနှစ်ဆိုတာ စနေပါပဲ။ ရာဇဂုဏ်ထွားရေးကို အဓိကထားပြီး ရုပ်ပွားတော် ထုလုပ်ရန်အတွက် ကျောက်ကို တနင်္ဂနွေအရပ်စစ်ကိုင်းမှာ ကျောက်တလုံးဖြူကို ရှာခဲ့ပါသည်။ ကျောက်တလုံးဖြူ (ကျောက်+ဖြူ) (၂+၅) ဆိုတော့လည်း ခုနှစ်ဖြစ်နေတာက သူ့ ကို သောကပေးမယ့် စနေကို လူအများကိုးကွယ်ပြီး သြဇာ လွှမ်းမိုးစေခြင်း သဘောပါပဲ။ တနင်္ဂနွေ အရပ်စစ်ကိုင်းမှာ ကျောက်ကိုယူတာက တနင်္လာရဲ့ ရန်သူ သောကြာနံကို မိတ်လုပ်တာပါ။ (တနင်္ဂနွေ+စစ်+ကိုင်း) (၁+၃+၂) ဆိုတော့ သောကြာလေ။ ဘုရားကိုလည်း တနင်္လာအရပ် အရှေ့ဘက်ကို မျက်နှာမူစေပြီး မျက်လုံးကို ပိတ်ထားလိုက်ပါသည်။

တနင်္လာအရပ်အရှေ့ကို မျက်နှာမူစေသည်မှာ သူမှတပါး အခြားမရှိဆိုသောအယူကို အခြေခံပြီး မျက်စိမှိတ်ထားသည်မှာ သူ့ ရဲ့လုပ်ရပ်များအပေါ် ဘယ်သူမှ မသိမမြင်စေရေးဝါဒကို ယူပြီး မြန်မာတမျိုးလုံးကို ကျွန်ပြုခြင်းသာ ဖြစ်ပါသည်။ ပြီးလျှင် သူ့ဆရာမြောက်ပေးတဲ့ ဘိသိက်ကို သူကျင်းပနိုင်ဖို့ ဆင်ဖြူလိုလာသဖြင့် လိုက်ရှာတဲ့အခါ အိန္ဒိယတွင် သစ်ဆွဲနေသည့် ရှမ်းပြည်က ကျွဲလောက်မှမဖြူသော ဆင်ကို ပိုင်ရှင်ဆီက မဝယ်ဘဲ ခိုးယူလာပါတော့သည်။

အိန္ဒိယမှဆင်ကို ရခိုင်ပြည် ရသေ့တောင်မြို့ကိုအရောက် မောင်းပြီး ဆင်ဖြူတော်ပေါ်လာကြောင်း ကြေညာပါလေတော့သည်။ မသိရင်တော့ သိကြားဖန်ဆင်းသလိုပေါ့။ သူလိုတာက ဆင်ဖြူကို မင်းဓမ္မကုန်းမှာ ဘုရားနဲ့ အတူထားပြီး ဘိသိက်ခံရေးသာဖြစ်သည်။ ရာဟုအရပ်မှ ဆင်ဝင်သဖြင့် တပူပေါ်တပူဆင့်ကာရာထူးပြုတ် ဒုက္ခရောက်မည်ကို မတွက်နိုင်ခဲ့ခြင်းသာဖြစ်သည်။ ရာဟုဂြိုဟ်၏ သင်္ကေတမှာ ဟိုင်းဆင်ဖြစ်သဖြင့် ဆင်ဆိုသည်မှာ ဗုဒ္ဓဟူးကို ညွှန်းသလို ရာဟုလည်းဖြစ်ပါသည်။ ရခိုင်သည် ရန်ကုန်မှကြည့်လျှင် ရာဟုအရပ်ဖြစ်သဖြင့် ဆင်ကိုသယ်လိုက်ခြင်းမှာ ရာဟုနှစ်ခါထပ်ဖြစ်သွားပြီး တပူပေါ်နှစ်ပူဆင့်ကာလုပ်သမျှပျက် ကြံသမျှပျောက် ဖြစ်ရပါသည်။ နောက်ဆုံးတွင် ခင်ညွန့်မှာလည်း ဘိသိက်မသွင်းနိုင်ဘဲ ဖိသိပ်ခံရကာ ဗေဒင်အကျိုးတန်ခိုးက တစစီဖြစ်ကာ အကျဉ်းစံခဲ့ရသည်။

ခုလည်း သန်းရွှေနှင့်မောင်အေးလုပ်လာသည်မှာ နေပြည်တော်တွင် ဥပ္ပါတသန္တိစေတီကို တည်ပါတော့သည်။ စေတီကို မပြောခင် လောလောလတ်လတ် သန်းရွှေနဲ့မောင်အေးတို့၏ နှစ်မြွှာတစ်ရွက်မြို့ တည်တာလေးကို ပြောချင်ပါတယ်။ “ရွှေပြည်အေး” မြို့ကို တည်တာလေ။ သန်းရွှေရဲ့ ရွှေနဲ့ မောင်းအေးရဲ့ အေးကို ပေါင်းပြီးတည်တာပါ။ ဟုမ္မလင်းမြို့မှာတည်တာဆိုတော့ ဗေဒင်ကပြောတဲ့ စကားပါပဲလေ။ ၂၀၀၈ က ရွေးကောက်ပွဲကို ပြန်ကြည့်လျှင် သိနိုင်ပါတယ်။ သန်းရွှေကို ဂဏန်းဖွဲ့ လျှင် (သန်း+ရွှေ) ၆+၄ = ၁၀ ဖြစ်သလို၊ ၂၀၀၈ ကလည်း (၁၀)။ မေလ(၁၀) ရက်မှာ သန်းရွှေက (၁၀) သုံးလုံးနဲ့ ဝှိက်သွားတာပါပဲ။

တကယ်တော့ ရှေးလူကြီးများပြောခဲ့တဲ့ “အောင်မြင်လိုက ဆယ်ရှောင်ကြ” ဆိုတာကို သန်းရွှေက ကတ်ကိန်းရိုက်ပြီး (၁၀) ကို ထပ်ပေါင်းပြီး တစ်ယူသွားတာပါပဲ။ သန်းရွှေရဲ့ ဆရာများ တော်ပါတယ်။ ခုလည်း သူ့ဆရာများက ၂၀၀၈ ကအောင်ပွဲကို သဘောကျပြီး ဟုမ္မလင်း (ဟုမ်း+လင်း) ၆+၄ = ၁၀ မှာ ရွှေပြည်အေးကို တည်တာပါ။ ရွှေပြည်အေးမှာ သန်းရွှေကို ဦးစားပေးပြီး ရှေ့ကထားသလို (ရွှေပြည်အေး) ကို ပေါင်းပါလျှင် (၄+၅+၁) ဆိုတော့လည်း (၁၀) ပါပဲလေ။

သန်းရွှေဟာသူ့ အတွက် စနေဂြိုဟ်အထွက်ကို နေပြည်တော်ကိုပြောင်းပြီး ရန်ကုန်မှတည်သောကြာအရပ် မြောက်ဘက်ကို ဦးတည်ရွှေ့လိုက်တာပါပဲ။ ဒါတောင်မှ စနေက ဒုက္ခပေးလို့ ဆေးရုံတက် လိုက်ရသေးတာကို။ နေပြည်တော်ကို ပေါင်းကြည့်လျှင်လည်း (နေ+ပြည်+တော်) ဆိုတော့ (၇+၅+၇)=၁၉ ဖြစ်သည့်အတွက် (၁၉) ကို ထပ်ပေါင်းသော် (၁+၉)=၁၀ ဆိုတာကို တွေ့ ရသည့်အတွက် သန်းရွှေဟာဓာတ်တူနံတူ ဆေးဖက်ယူဆိုသည့် မြန်မာ့နည်းကို သုံးပြီး စီမံနေတာပါပဲ။

ဒါပေမယ့် သန်းရွှေရဲ့ ဆရာများ ဘယ်လောက်ပဲ စီမံမှု ကောင်းကောင်း သူတို့မသိနိုင်တဲ့ လျှို့ဝှက်သောဗေဒင်ပညာရပ်ရဲ့ အတိတ်နိမိတ်ဆိုတာက သန်းရွှေနဲ့ သူ့ဆရာများကို ပညာပေးနေပါတော့သည်။ ၂၀၀၈ မှာ သန်းရွှေက (၁၀) ကို သုံးပြီး အောင်ပွဲခံမယ်လုပ်တော့ “နာဂစ်” (နာ+ဂစ်) (၇+၂) = ၉ က ဝင်မွှေတော့ သန်းရွှေတို့ ထင်သလောက် မဖြစ်ခဲ့သလို အရှက်တောင် ရခဲ့ရပါသေးတယ်။ ဒါပေမယ့် နာဂစ်ကို သူတို့ သတိထားပုံမပေါ်ပါဘူး။

ရွှေပြည်အေးမြို့သစ်ကိုတည်ပြီး နေပြည်တော်မှာ ဥပ္ပါတသန္တိစေတီတော်ကို လာမည့်တပေါင်းလပြည့်နေ့မှာ ထီးတင်တော့မယ်ဆိုပါလား။ ဘုရားတည်တာ ကုသိုလ်ပါ ထီးတင်တော့ ကောင်းမှုဖြစ်တယ်ဆိုပေမယ့် သန်းရွှေအတွက်တော့ ၂၀၀၉ မှာ အသက်သုဉ်းလို့ သေဆုံးကိန်းကို ဆိုက်နေပါပြီပေါ့။ ၂၀၀၉ ခုနှစ်ရဲ့ (၁၀) လပိုင်းကိုသာ ကျော်လွန်ပြီး အသက်ရှည်ရင် သန်းရွှေကို ဘုရားလုပ်ပြီးတောင် ကိုးကွယ်ပါ့မယ်ဟု ပြောချင်ပါသေးတယ်။

တိုက်ဆိုင်မှုလို့ပဲဆိုကြအုံးမလား?

စကားဦး - ယ္ခုပို့စ် မျှဝေတင်ပြရခြင်းသည် မြန်မာနိုင်ငံအတွင်း မွေးဖွားကြီးပြင်းကြသော မြန်မာ(ဘာသာမရွေး လူမျိုးမရွေး)လူမျိုးများ၏ Human Rights ကို ရည်စူးပါသည်။ ကျတော်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါသည် ဘာသာရေးသည် လူတစ်ယောက်၏ ယုံကြည်ရာ၊ မျိုးစဉ်ဆက်ကိုးကွယ်ရာ၊ နီးစပ်ကြီးပြင်းရာ တို့နှင့် သက်ဆိုင်သောကြောင့် မည်သည့်ဘာသာသည် အကောင်းဆုံးဟု အငြင်းမပွါးလိုပါ၊ လူသားတစ်ယောက်၏ လွတ်လပ်စွာယုံကြည် ကိုးကွယ်နိုင်ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် European နိုင်ငံများနှင့် Human Rights ကို တန်ဖိုးထားကျင့်သုံးသော နိုင်ငံများတွင် Freedom of conscience -လွတ်လပ်စွာယုံကြည် ကိုးကွယ်နိုင်ခြင်း ကို လူသားတိုင်း၏ ယုံကြည်မှုအဖြစ် တန်ဖိုးထား ကာကွယ်ပေးထားပါသည်။ ထိုဥပဒေ တစ်ရပ်တည်းနှင့်ပင် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ လူမျိုး ဘာသာမရွေးအား ၎င်းတို့၏ နိုင်ငံများတွင် ခိုလုံခွင့်များပေး၍ ကာကွယ်စောင့်ရှောက်ထားသည်မှာ လက်တွေ့ဖြစ်ပါသည်။

စစ်အစိုးရလက်အောက်မှအနှိပ်စက်ခံမြန်မာလူမျိုးဘဝ

  • ဒီရက်ပိုင်းတွေမှာ ရိုဟင်ဂျာလှေစီးပြဿနာဖြစ်တဲ့ အချိန်၊
  • ကမ္ဘာ့သတင်းမီဒီယာများမှာ ထိပ်တန်းသတင်း အဖြစ်လူတွေစိတ်ဝင်စားလာတဲ့ အချိန်၊
  • အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ အားစော်ကားထားသော အီးမေးများ online တွင်ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာတဲ့ အချိန်၊
  • ရိုဟင်ဂျာပြဿနာကို အခြေခံပြီး အစိုးရ ဘလောက်ဟု ယူစရသော ဘလောက်များတွင် ရိုဟင်ဂျာဆန့်ကျင်ရေးမှစပြီး အစ္စလာမ်ဆန့်ကျင်ရေး အထိရေးသားလာခြင်း၊
  • အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား အထင်အမြင်လွှဲမှားစေသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြလာခြင်း၊

ဤသည်တို့ သည်အားလုံးတိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာလား?

သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိ ချိန်ကိုက်ပြီးလုပ်ဆောင်နေတာလား?

ဒီပြဿနာမဖြစ်ခင် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ် တို့ ရေပိုင်နက်ပြဿနာဖြစ်ပွားခဲ့တာ အခုထိမပြေလည်သေးပါ။

ရွှေဝါရောင်တော်လှန်ရေးတွင် တိုင်းရင်းသားမြန်မာမွတ်စလင်မ်များ လည်း အခြားသော ဘာသာဝင်များနှင့်လက်တွဲပြီး ဆရာတော်ကြီးများနှင့် လက်တွဲပါဝင်ခဲ့မှုအား စိုးရိမ်လျက်ရှိသော နအဖအစိုးရအနေဖြင့် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် သွေးခွဲမှုများပြုလုပ်ရန် plan များနှင့် အစဉ်ကြိုးပမ်း နေချိန်တို့တွင် နောက်ဆုံး သတင်းရရှိချက်အရ နအဖ အစိုးရအနေဖြင့် ပြည်တွင်း၌ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတခု ဖန်တီးရန်ရှိကြောင်း ကြားသိရပါသည်။

အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ ကိုစော်ကားထားသော အီးမေးများ၊ ထိုစော်ကားသူ၏ နောက်ထပ်အီးမေးတစောင် တို့အပြင် အစ္စလာမ်ဆန့် ကျင်ရေးဖော်ပြလာသော စစ်အစိုး ရ လိုလားသည့် ဘလောက်ဆောင်းပါးများကိုအောက်ပါ link များတွင် ကြည့်နိုင်ပါသည်

padaukmyay.blog
kyeesaytaman.blog

kyeesaytaman.blog

kyeesaytaman.blog

ywetwar.blog (သူကတော့ ဘာသာရေးဆွေးနွေးတဲ့ forum တွေမှာ အစ္စလာမ်အကြောင်းဝေဖန်ရေးသားပြီး အစ္စလာမ် blog အတော်များများမှာ သူ့  blog address ပေးထားခဲ့ပါတယ်။ သူသည် ရုရှနိုင်ငံတွင်ပညာသင်ယူနေသော မြန်မာ့စစ်တပ်မှ ကျောင်းသားတစ်ယောက် ဖြစ်ပါသည်။ )

(မြန်မာပြည်တွင် ဗုဒ္ဓဘာသာ ခရစ်ယာန် မွတ်စလင်တို့ဆိုသည်မှာ အနည်းနဲ့အများ ပတ်ပြီး အမျိုး တော်နေကြတာတွေရှိပါတယ်။ မွတ်စလင်တွေဟာ ရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက မြန်မာပြည်မှာ နေထိုင်လာခဲ့သည်၊ ဘုရင်တွေဆီမှာ အမှုတော်ထမ်းခဲ့တာတွေ သမိုင်းမှာရှိပါတယ်၊ ဦးကုလား မဟာရာဇ၀င်တို့၊ မှန်နန်းရာဇ၀င်တို့မှာပါတယ်၊ နယ်ချဲ့အင်္ဂလိပ်ဝင်တုံးကလည်း ဘုရင့်တပ်ကမွတ်စလင်တွေ ခုခံကာကွယ်ခဲ့ ကြတယ်လို့ဖတ်ဖူးပါတယ်။ လွတ်လပ်ရေးတိုက်ပွဲမှာလည်း မွတ်စလင်တွေပါကြတယ်။ မြန်မာလူမျိုးအချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ စည်း ရုံးရမဲ့အစား သတ်ဖြတ်ဖို့မီးမွေးတာ မကောင်းပါကြောင်း.....)

၎င်းစစ်အစိုးရ၏ အာဏာတည်တန့်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုး မျက်နှာပျက်ခဲ့သည်များကို ပြည်သူများမေ့ပြောက်သွားစေရန် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများဖြစ်စေရန် တစ်မြေထည်းမွေး မြန်မာပြည်သူအချင်းချင်းကိုသွေးခွဲရန် ရည်ရွယ်ထားပါသည်။ မြန်မာတိုင်းရင်းသားတိုင်း၊ ဘာသာတိုင်းသတိနှင့်နေကြပါရန်...။

မြန်မာညီအကိုမောင်နှမများ ကိုယ့်သွေး၊ ကိုယ့်အသက်၊ ကိုယ့်မိသားစုနှင့် အိုးအိမ်များမဆုံးရှုံးကြအောင် စစ်အစိုးရ၏ ပရိယာယ်မှမငြိတွယ်စေရနှ်ဝေးဝေးရှောင်ကြပါ။

Tuesday, 3 February 2009

တော်လှန်ရေး အကြောင်း

"တော်လှန်ရေးကြီး ဘာကြောင့် မအောင်မြင်ရသေးသလဲ" ဆိုတဲ့ စကားမှာပဲ တော်လှန်ရေး မပြီးဆုံးသေး ဘူးလို့ အဓိပ္ပာယ် ပါဝင်နေပြီး ဖြစ်ပါတယ်။ ဒါကြောင့် မပြီးသေးတဲ့ တော်လှန်ရေးမှာ အဆုံးသပ် ပွဲပြီးတဲ့ အရှုံးအနိုင်ကို ကြိုပြောလို့ မရနိုင်သေးပါဘူး။ ဒါပေမယ့် “မအောင်မြင်သေး” ဆိုတဲ့ စကားအရ တော်လှန်ရေးရဲ့ ဖြစ်စဉ်တခုခုကို စမ်းကြည့်ခဲ့ဖူးတယ် ဆိုတာကတော့ ထင်ရှားနေပါတယ်။

တော်လှန်ရေး ဖြစ်လာအောင် လူတွေက ရည်ရွယ်ချက်နဲ့ လုပ်ပုံလုပ်နည်းကို ပေါင်းစပ်ယူလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှုတခုခုကို ရယူချင်လို့ ဖြစ်ပြီး လုပ်ပုံလုပ်နည်းမှာတော့ အဆင့်ဆင့် အကြိမ်ကြိမ် လုပ်ယူရတာမျိုး ဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်ပြီး ပြောင်းလဲယူမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း တော်လှန်ရေး ဆိုတာ ရှိပါတယ်။ သေနတ်တချက်မှ ပစ်ဖောက်တာ မရှိပါဘူး။ မိသားစုထဲမှာ တော်လှန်တာ ကအစ နိုင်ငံတခုအတွင်းမှာ တော်လှန်တာထိ တော်လှန်ရေးပေါင်းစုံ ရှိပါတယ်။ ဒီ့ထက်တောင်ရှိတာက ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးတွေမှာ ဖြစ်ပါတယ်။

ကွန်မြူနစ်စနစ်ကို ကမ္ဘာပေါ်မှာ ပြန့်နှံ့သွားအောင် တချိန်ကကြိုးပမ်းတာတွေဟာ တော်လှန်ရေးတရပ်ပါ။ ကမ္ဘာ့အင်အားကြီး ဆိုဗီယက်က ဦးဆောင်ပြီး လုပ်တာတောင် မအောင်မြင်နိုင်ခဲ့တဲ့ သက်သေတွေ အများကြီး ရှိနေပါတယ်။

ကနေ့ခေတ်မှာလည်း ဒီမိုကရေစီစနစ်ကို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးလာရအောင် ဝိုင်းဝန်းကြိုးပမ်း နေကြပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ လုပ်ကြတာဟာလည်း တော်လှန်ရေး တရပ်ပါပဲ။ ခုအချိန်မှာတော့ အဆုံးသပ်အောင်ပွဲကို မရသေးပါဘူး။ ကမ္ဘာ့နိုင်ငံများအားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့နေ့ဟာ ဒီမိုကရေစီတော်လှန်ရေး ပြီးဆုံးတဲ့နေ့ ပါပဲ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ်မရတော့တဲ့ မှတ်တမ်းတခုမှာ ကမ္ဘာ့နိုင်ငံအားလုံးအနက် (၃)နိုင်ငံက လွဲပြီး မိမိတို့နိုင်ငံဟာ “ဒီမိုကရေစီပါ။ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့အညီ ဖြစ်ပါတယ်” လို့ ကြေညာထား ကြတာကို အင်္ဂလိပ်လို ဖတ်မိပါတယ်။ ဗဟုသုတအနေနဲ့ပြောရရင် အဲဒီ (၃)နိုင်ငံကတော့ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ကျနော်တို့ရဲ့ရွှေမြန်မာ နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။

ဒီအတိုင်းဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ရွှေမြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးပါဘူး။

ကိစ္စတခုဟာ အများအကျိုးအတွက် တကယ်တမ်း ထိုက်တန်တဲ့ တန်ဖိုးတခုကို ပေးဆောင်နိုင်တယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးသေးရင် ပြီးအောင် လုပ်ရမှာက တာဝန်တရပ်ပါပဲ။

  • ဘယ်သူတွေ တာဝန်ယူမလဲ။
  • တာဝန်ယူသူတွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ။
  • ဘာတာဝန်တွေ ယူကြမှာလဲ။
  • တာဝန်တွေကို ဘယ်လို ခွဲဝေထားကြမလဲ။
  • ဒီတာဝန်တွေလုပ်ဖို့ အရည်အချင်းတွေ ဘယ်လို မြှင့်တင်ပေးမလဲ။
  • အရည်အချင်းရှိသူတွေ ရလာပြီဆိုရင် ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်စေမလဲ။

ဒီမှာတင်ပဲ မေးခွန်းတွေက များလာပြီ။ လေးလေးနက်နက်တွေးလေ၊ ပိုပြီး နက်ရှိုင်းလေ၊ လုပ်စရာတွေ များလေ ဖြစ်နေပါပြီ။

ကြီးကြီးကျယ်ကျယ် ဆိုပေမယ့် စနစ်ကျအောင် လုပ်နိုင်ရင် ကောင်းတာမို့ “မဟာဗျူဟာ” ဆိုတာ ရှိရပါ တော့မယ်။ ဒါဆိုရင် မဟာဗျူဟာ ရေးမယ့်သူတွေ၊ အကောင်အထည်ဖော်မယ့်သူတွေ လိုအပ်လာပါပြီ။ တဆက်တည်းမှာပဲ “နည်းဗျူဟာ”တွေ ပါလာတော့မယ်။ လေ့ကျင့်ရတော့မယ်။ လေ့ကျင့်ဖို့ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မှန်းရလွယ်သလောက်၊ ထားရလွယ်သလောက် လက်တွေ့မှာ လုပ်ရတဲ့ နည်းလမ်းနဲ့ အားထုတ်ပုံတွေက အများကြီး ပိုခက်ရုံမက ပိုပြီးကြန့်ကြာတတ်ပါတယ်။

အားမလို အားမရ ဖြစ်လွန်းလို့ အချိန်မတန်ပဲ ထလုပ်လိုက်ရင် ဟိုအရင် မြန်မာဘုရင်ခေတ်တွေက အစည်းပြေနေတဲ့ ဝါးတချောင်းချင်းနဲ့ အင်္ဂလိပ်နယ်ချဲ့ကို လိုက်ရိုက်နေသလို ဖြစ်နေမှာပါပဲ။

တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ အင်မတန်ကောင်းတဲ့ သမိုင်း အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒါကို မငြင်းနိုင်အောင် ရှိပေမယ့် တော်လှန်ရေးနဲ့ဆိုင်တဲ့ တန်ဖိုးတခုခု အမြတ်မထွက်ပဲ ပေးဆပ်လိုက်ရတာ တော်လှန်ရေးအတွက် နစ်နာဆုံးရှုံးမှုတခုလည်း ဖြစ်နေပြန်ပါတယ်။

မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ဆိုတာက ကမ္ဘာ့ဒီမိုကရေစီ တော်လှန်ရေးနဲ့ တဆက်တည်း တစပ်တည်း ဖြစ်လို့ ကမ္ဘာ့ရေစီးကြောင်းနဲ့အတူ လိုက်သွားဖို့လည်း ရှိပါတယ်။ စံနမူနာတောင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။

တော်လှန်ရေးတရပ် ဖြစ်ပေါ်လာနိုင်ဖို့ မခံမရပ်နိုင်တဲ့ အကြောင်းရင်းတခု ရှိနေရပါမယ်။ ပြီးရင် အဆင့် (၄)ခုနဲ့ ဖြတ်သန်းရပါတယ်။ အဓိကအကျဆုံး အချက်ကတော့ လူထုက ပါဝင် ထောက်ခံ အားပေးတာ ရှိနေရပါတယ်။

လူထု ဆိုတာ အာဏာနဲ့ နောက်ထပ် အမိန့်ပေးတာ မခံရတော့တဲ့ ခေါင်းဆောင်နဲ့ သူ့အလိုကိုလိုက်ပြီး လုပ်ပေးနေကြတဲ့ လူတစုကလွဲ၍ ကျန်နေသူအားလုံးကို ခေါ်ပါတယ်။ ဒါကြောင့် အစိုးရဝန်ထမ်းတွေနဲ့တကွ တပ်မတော်သားတွေ၊ ရဲတွေလည်း လူထု ဖြစ်ပါတယ်။

အကြောင်းရင်းတွေမှာ အဓိကအချက်က မတရားတာကို သီးမခံနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ အမျိုး-ဘာသာ- သာသနာကို ထိခိုက်စော်ကားတာကို လက်မခံနိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစိုးရကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။

ဘယ်လိုပဲ အကြောင်းရင်းပဲဖြစ်ဖြစ် ပထမဦးဆုံးအဆင့်မှာ သဘောမကျ ဆန့်ကျင်သူတွေ တဦးချင်းကနေ၊ တဖြည်းဖြည်းနဲ့ လူစုလူဝေး ပုံစံမျိုးအထိ ထွက်ပေါ်လာကြပါတယ်။ သူတို့ဟာ တက်ကြွလှုပ်ရှားသူတွေပါပဲ။

လူစုလူဝေးက တညီတညာတည်း ကန့်ကွက်တောင်းဆိုတာတွေ ဖြစ်လာရင် ပုံမှန် လှုပ်ရှားနေတာတွေဟာ ထူးခြားတဲ့ အရှိန်တခုနဲ့ အလျင်အမြန် ပြောင်းလဲသွားရုံမက ငြိမ်နေတာတွေလည်း နိုးကြားလာပါတယ်။ လူထုထောက်ခံမှုကို တဖြည်းဖြည်း စရလာပါတယ်။ အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေလည်း ပါဝင်လာကြပါတယ်။

အဲဒီလိုဖြစ်တာတွေ များလာရင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အားပေးထောက်ခံတဲ့ လူထုဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ကိစ္စတွေကို အဖျက်ခံပြီး အရှိန်ကောင်းသထက်ကောင်းအောင် ကြိုးပမ်းလာ တာကြောင့် အစိုးရယန္တယားဟာ ထိန်းမနိုင် သိမ်းမရနဲ့ စပျက်လာပါတော့တယ်။

အစိုးရလို့ခေါ်တဲ့ လူတွေကလည်း ဒါကို မဖြစ်ဖြစ်အောင် ဖြိုခွဲနှိပ်ကွပ်တတ်ကြပါတယ်။

အဲဒီလို ဖြိုခွဲနှိပ်ကွပ်နေတာတောင် တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုဘက်မှာ အင်အား၊ စိတ်ဓါတ်၊ နည်းပညာအပြင် အခြားပံ့ပိုးမှုတွေ အလုံအလောက် ရှိနေသေးတယ် ဆိုရင် တော်လှန်ရေး တရပ်ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပဲ လူထုကြားထဲကနေ မွေးဖွားပေးလိုက်နိုင်ပါတော့တယ်။

ဒါက လူထုနဲ့ လူထုမကြိုက်တဲ့ အစိုးရအကြား တော်လှန်ရေးတရပ် ပေါ်ပေါက်လာပုံပါ။

လွင်အောင်စိုး (၂-၂-၂ဝဝ၉)


Online သူငယ်ချင်းတစ်ယောက် Email မှပို့ပေးသော သံချပ်သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းခေါင်းစဉ်နှင့် သီဆိုသူများ၏ အမည်ကိုတော့ မသိပါ၊ ၄င်းတို့၏ ထိမိသော စာသားများကို ကြိုက်နှစ်သက်သောကြောင့် မျှဝေခံစားနိုင်ရန် ဝေငှခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။ သီချင်းခေါင်းစဉ်နှင့် သီဆိုသူများ၏ အမည်များသိရှိပါက C-box သို့ Comment တွင် ရေးသားအကြံပေးနိုင်ပါသည်။

Monday, 2 February 2009

“နိုင်ငံရေးတိုးတက်မှု မရှိဘဲ ဘန်ကီမွန်း မလာသင့်” ဒေါ်စုတိုက်တွန်း

NLD CECs are seen during their meeting with UN Special envoy to Myanmar Ibrahim Gambari, second from left, at the government guesthouse in Yangon, Myanmar, Monday, Feb. 2, 2009.AP
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်န်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင်များနှင့် မစ္စတာဂမ်ဘာရီတို့အား ဆွေးနွေးပွဲတွင် တွေ့ရစဉ်။ ဖေဖော်ဝါရီ ၂၊ ၂၀၀၉။


ဦးအောင်လွင်ဦး၏ အစီအစဉ်ကို နားဆင်ရန်
.................................................
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေရှိမှ မြန်မာနိုင်ငံဆီ လာသင့်တယ်၊ မြန်မာစစ်အစိုးရဘက်က အနည်းဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း အန်န်အယ်လ်ဒီပါတီက ပြောပြပါတယ်။ အလားတူပဲ မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ဆိုတဲ့ သဘောထားကို ပြောခဲ့ပါတယ်။ အကြောင်းစုံကို အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ တွေ့ဆုံကြတဲ့နေရာမှာ နိုင်ငံရေးအရ အခြေခံကျကျ တိုးတက်မှုတွေ လိုနေသေးတဲ့အကြောင်း အတိုက်အခံဘက်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်လည်း လာဖို့ရှိနေတဲ့နေရာမှာ နိုင်ငံရေးအရ လက်ဆုပ်လက်ကိုင် တိုးတက်မှုရှိတယ်ဆိုတာကို ပြနိုင်ဖို့လိုတဲ့အကြောင်း ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာတခုမှာ ၁ နာရီခွဲလောက်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အန်န်အယ်လ်ပါတီက ပြောခဲ့တာပါ။ ကိုယ်တိုင်လည်း နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က အနိမ့်ဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လို ထင်သာမြင်သာရှိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေရှိဖို့ ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကိုလာမယ်၊ လာချင်တယ်။ အဲဒီလိုလာတဲ့အခါ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တစုံတရာရှိရင် လာမှာ။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးရပ်တည်ချက် ၄ ချက်ထဲက ၄ ချက်စလုံး၊ ဒါမှမဟုတ် ၃ ချက်၊ ၂ ချက်၊ ၁ ချက်ပေါ့လေ၊ အဲဒီလို တခုခုအပေါ်မှာ မူတည်ပြီးတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုဆိုပြီး ယူဆနိုင်စရာ ဘယ်ဟာရှိမလဲဆိုပြီး မေးပါတယ်။ အဲဒီလိုမေးတဲ့အခါ ကျနော်တို့အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကော်မတီ ဖွဲ့စည်းရေး၊ ပြည်သူ့လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေး။ ဒီအချက် ၄ ချက်ထဲက ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဆောင်ရွက်ခဲ့ရင် ဒါဟာ သိသာထင်ရှားတဲ့၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုလို့ ယူဆနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။”

ဒီလိုပဲ နိုင်ငံရေးအရ တိုးတက်မှုတွေ ပြဖို့လိုတယ်လို့ ဆိုလိုက်တာကတော့ အခုတခေါက် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ တွေ့ဆုံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တချို့ပါ ဖမ်းဆီးခံထားရတဲ့ SNLD ပါတီ ဗဟိုကော်မတီဝင်တချို့နဲ့ မစ္စတာဂမ်ဘာရီတို့ ဒီကနေ့ မိနစ်ပိုင်းလောက် တွေ့ခွင့်ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ဖို့ စတာတွေ လိုတဲ့အကြောင်း ပြောခဲ့တာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဒုတိယတချက်က နအဖစစ်အစိုးရ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်အောင် ဆောင်ရွက်ပေးဖို့၊ တခါ ဒီတွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ချက်အတိုင်း တဖက်သတ် ဆောင်ရွက်သွားမယ်ဆိုရင် တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်တဲ့ နိုင်ငံရေးပြေလည်မှုမျိုး လုံးဝရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေး မလုပ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို SNLD အနေနဲ့ စဉ်းစားခြင်းမပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးတယ်။”

ဒီလို အန်န်အယ်လ်ဒီပြီးရင် ဒုတိယအကြီးဆုံး အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ SNLD ပါတီနဲ့ မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တဲ့အပြင် အန်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ၅ ဦးတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေးခွင့်ရခဲ့တာ၊ အထူးကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင်တွေ အတူတကွ ဆွေးနွေးခွင့်ရခဲ့တာတွေ ရှိခဲ့တာမို့ အရင်အခေါက်တွေနဲ့မတူတဲ့ ထူးခြားမှုတချို့အဖြစ် အန်န်အယ်လ်ဒီပါတီကတော့ ရှုမြင်ခဲ့တာပါ။

“ကျနော်တို့ စီအီးစီကတော့ တော်တော်ကျေနပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခွင့်လည်းရတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ကိုယ်တိုင်မြင်တွေ့ရတော့ အတော်လေးကျေနပ်ပါတယ်။ နောက်တခုက ဒီနေ့တွေ့ဆုံတဲ့ အခင်းအကျင်းနဲ့ ပတ်သက်ရင် တိုးတက်မှု၊ ဒါမှမဟုတ်ရင်လည်း ပြောင်းလဲမှုလို့ ပြောနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒါက ခုနပြောသလို စီအီးစီအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မစ္စတာဂမ်ဘာရီနဲ့ ဆွေးနွေးခွင့်၊ တွေ့ဆုံခွင့်ရတယ်။ အဲဒီလို မတွေ့ဆုံခင်မှာလည်း အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးခွင့်ရတယ်။ ဒါတွေက အခင်းအကျင်း ပြောင်းလဲမှုရှိနေတယ်လို့ မြင်ပါတယ်။”

SNLD ပါတီကတော့ အထူးကိုယ်စားလှယ် လာတဲ့အခါတိုင်း အစိုးရနဲ့နီးစပ်တဲ့ ဒါမှမဟုတ်ရင်လည်း အစိုးရကို လိုလားတယ်ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့သာ တွေ့ဆုံလေ့ရှိတာမို့လည်း အခုတကြိမ်ကြမှသာ တွေ့ခွင့်ရတဲ့အပေါ် ကျေနပ်အားရစရာအဖြစ် အပြည့်အ၀တော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။

“အထူးကျေနပ် အားရလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာဂမ်ဘာရီကလည်း ကျနော်တို့ SNLD ရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို သူ့အနေနဲ့ မှတ်သားပြီးတော့မှ မစ္စတာဘန်ကီမွန်းကိုလည်း တင်ပြမယ်၊ နောက်တခါ နအဖ ဗိုလ်ချုပ်မှူးကြီးထံကိုလည်း တင်ပြဆွေးနွေးမယ်။ သူ့အနေနဲ့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိစကားတခုတော့ ပြောသွားပါတယ်။ အဲဒီအပေါ်တော့ မျှော်လင့်ချက်ထားလို့ ရပါတယ်။”

SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ပြောပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်တချို့နဲ့လည်း တွေ့ဆုံတာတွေရှိခဲ့သလို အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရုံးက ပြောပါတယ်။ မနက်ဖြန်မှာတော့ မစ္စတာဂမ်ဘာရီဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပြီးတော့ သူ့ရဲ့ ၄ ရက်ကြာခရီးစဉ် အဆုံးမသတ်မီ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးတာတွေ လုပ်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

သတင်း - VOA

Great Job !!! - but shouldn't missed

A protester has thrown a shoe at Chinese Premier Wen Jiabao - but missed
The shoe landed on the stage about a metre from Mr Wen, who was delivering a speech on the global economy at Cambridge University.

The protester, who was held by university security guards, shouted "how can the university prostrate itself with this dictator?" and "how can you listen to this unchallenged?", according to witnesses.

A police spokeswoman said the man is being held in custody and questioned on suspicion of committing a public order offence.
"The shoe thrown in protest is removed by a security guard"
The shoe attack was reminiscent of events in Baghdad in December last year, when Iraqi journalist Muntazer al-Zaidi hurled both his shoes at George W Bush.
Unlike Mr Wen, the then-US President was forced to duck to avoid the flying footwear.

The Chinese Premier, who earlier met Prime Minister Gordon Brown for economic talks, described the incident as "despicable".

The first two days of Mr Wen's visit were marred by noisy protests over human rights abuses in China and Tibet.

Five men were arrested for public order offences outside the Chinese Embassy near London's Regent Park on Sunday.

Mr Brown said a £400 billion fiscal stimulus announced by Beijing will create huge opportunities for British exports to China.He added: "The strength of the relationship between China and Britain will be a pivotal force in helping us through the downturn and a powerful driving force behind our future growth and prosperity."

Burma Democratic Concern's discussion on 2010 Election

Burma Democratic Concern မှ မမိုးနှင်းဖြူ၏ ၂၀၁၀ ရွေးကောက်ပွဲအမြင်နှင့် မည်သည့်မည်ပုံ တွန်းလှန်တိုက်ခိုက်သင့်သည်များကို ရှင်းလင်းတင်ပြထားပါသည်။

ကုလသို့ပေးပိုမည့်ဝါရင့်နိုင်ငံရေးသမားများ၏သဘောထားရပ်တည်ချက်

Sunday, 1 February 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက် (အမှတ် ၂/၀၁/၀၉)







...............................................................


UN envoy meets Suu Kyi liaison: Myanmar govt

YANGON (AFP) – The UN's top envoy to Myanmar on Sunday met the minister tasked with liaising with detained democracy leader Aung San Suu Kyi, in the latest talks aimed at nudging the junta toward reform.

Ibrahim Gambari's last trip to the military-ruled nation in August 2008 ended in deadlock, with Aung San Suu Kyi refusing to meet the Nigerian diplomat and her party dismissing the visit as "a waste of time."

On this four-day trip which began Saturday, the United Nations has said Gambari wants "meaningful discussions with all concerned on all the points raised during his last visit."

But Gambari is not expected to be granted a meeting with the reclusive head of state Senior General Than Shwe, and it is not yet clear whether Aung San Suu Kyi will consent to meet with the UN negotiator.

On Sunday morning, Gambari met officials including Information Minister Kyaw Hsan and Foreign Minister Nyan Win in the commercial hub Yangon.

"He also met with relations minister Aung Kyi," said a government official who did not want to be named as he was not authorised to speak to the media. He refused to reveal what was discussed.

ခုနှစ်ကြိမ်မြောက် မြန်မာပြည်ရောက် မစ္စတာဂမ်ဘာရီ


VOA - 01 February 2009

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး ကြားဝင် ညှိနှိုင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  အထူးကိုယ်စားလှယ် အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ ၄ ရက်ကြာ ခရီးစဉ်အတွက် မြန်မာနိုင်ငံ ရောက်ရှိနေပါတယ်။

မစ္စတာ ဂမ်ဘာရီ ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ရန်ကုန်မြို့မှာ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ကုလသမဂ္ဂ ၀န်ထမ်းတွေနဲ့လည်း မစ္စတာ ဂမ်ဘာရီ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂရုံး သတင်းနဲ့ပြန်ကြားရေး အရာရှိက ဗွီအိုအေ ကို ပြောပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေကို ပြန်ပြီးဆက်နိုင်ဖို့ စစ်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို နောက်ဆုံးသွားခဲ့စဉ်က အဆိုပြုခဲ့တဲ့ အချက်တွေအားလုံးကို သူ့ခရီးစဉ်အတွင်း ဆွေးနွေးနိုင်ဖို့ကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki Moon) က မျှော်လင့်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ နောက်ဆုံးသွားခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ သူ့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေမှာ ထင်သာမြင်သာတဲ့ရလာဒ်တွေ မရခဲ့လို့ စိတ်ပျက်တယ်လို့ အဲဒီခရီးစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

အခုတခေါက်ခရီးစဉ်အတွင်းမှာလည်း မစ္စတာ ဂမ်ဘာရီ အနေနဲ့  စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရ-မရဆိုတာကတော့ ခုချိန်ထိ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့တခေါက် မစ္စတာဂမ်ဘာရီ ရဲ့ ခရီးစဉ်တုန်းကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်မရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း အတွေ့မခံခဲ့ပါဘူး။ အဲန်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ အဖွဲ့ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံညှိနှိုင်းမှုရှိမှ သူ့ခရီးစဉ်က အောင်မြင်မှုရမယ်လို့ ဗွီအိုအေ ကို ပြောကြားခဲ့ပါတယ်။

Saturday, 31 January 2009

Burma Democratic Concern's statement on Mr Gambari's visit to Burma

UN Special Envoy Mission Must Be Time Bound & Must Have Bench Marks
Ma Zin Zin Myo Thant from Burma Democratic Concern(BDC)

Mr Gambari will visit Burma on Jan 31 which will be his seventh visit after previous unsuccessful trips since he began his assignment in mid-2006. Mr Gambari reconfirmed that the good offices were a process that required time, patience, persistence and a comprehensive approach when he reported to Security Council on 13 November 2007.

"I would like to ask Mr Gambari that if the good offices were a process that required time- how much time do you need and I dare not hope that it would take 14 years like Burmese junta took to draft sham constitution. Good offices must be the time bound and must have the bench mark otherwise it will be endless process", said Myo Thein, Director at the Burma Democratic Concern (BDC) in United Kingdom.

"Talking about patience, looking back from 1988 when current military regime came to power, we have been under brutal military dictatorship for 21 years now. How much patience do we have to solve Burma crisis? Thousands of peaceful demonstrators were gunned down, thousands of political prisoners are languish in the prisons some are serving more than 100 years and Aung San Suu Kyi is still under house arrest. Elections were held in 1990 and National League for Democracy led by Aung San Suu Kyi won landslide victory-still regime ignore to honour it. We have been patience for more than two decades and we don't effort to be patience anymore. Special advisors had changed one after another and Burma situation still unchanged", added Myo Thein.

If the good offices were persistence, they must always press Burmese military regime to respect 1990 elections results. General Assembly of the United Nations has accepted the notion that the will of the people has been expressed in the 1990 General Elections. International community strongly condemned the junta for refusing to allow elected representatives to meet as a People's Assembly and for failing to honour the results of the elections and hand over power. UN General Assembly has since 1991 passed successive annual Resolutions calling on Burma "to restore democracy and implement the results of the 1990 elections".

"When we look at the persistence, the quality of continuing steadily despite problems or difficulties, do we really see any quality of persisting in handling of the Burma crisis by UN Special Envoys? In order to be persistence, UN envoy must always press Burmese junta to implement the results of the 1990 elections in the first place", said Khin Maung Win, Director at the Burma Democratic Concern (BDC) in United States. Mr Gambari's visit to Burma should come out of tangible results, with reference to a presidential statement in October 2007 which had called for the creation of the necessary conditions for a dialogue with Aung San Suu Kyi and others to achieve, among other things, national reconciliation with direct support of the United Nations.

"When we look at the approach of the good offices mission as they said comprehensive, but in reality it is an incomprehensive one. Good offices mission must have clear vision, plan and evaluation in order to solve Burma crisis to be comprehensive. What are the anticipated plans? For the time being, good offices mission is applying carrot and carrot policy on Burmese military junta. Gambari has not been able to break the ice and even once said that "We don't force implementation. To be comprehensive, all the options should wide open including carrot and stick policy. Stick must be included as well if regime fails to respond positively to substantive political progress- by posing universal arms embargo and economic sanctions", said Kyaw Lin Oo, Director at the Burma Democratic Concern (BDC) in Thailand.

The objectives of UN special envoy entire mission should be –

1. To press Burmese military junta to recognise 1990 elections results for first instance and allow the elected MPs of 1990 elections to convene people's parliament

2. To reject junta's 2008 sham constitutions which is adopted unilaterally in sham referendum

3. To reject 2010 elections game plan which will be legitimizing military rule in Burma

4. To press Burmese military junta to release all political prisoners unconditionally and immediately

5. To press Burmese military junta to do genuine time-bound dialogue-with bench marks, between democratic forces led by Aung San Suu Kyi and military regime led by Senior General Than Shwe

6. To assign the United Nations Secretary General liaison office in Burma in order to facilitate the dialogue process and progress

We don't want any more political games. We don't afford to live under military rule for another 20 years. Burmese Democratic Forces and Burmese People are of one voice; recognise 1990 elections results in first instance and release all political prisoners immediately.

For more information please contact on

Myo Thein
00 44 787 788 2386
[United Kingdom]

Khin Maung Win
00 194196126 22
[United States]

Kyaw Lin Oo
00 6684107 9352
[Thailand]

Friday, 30 January 2009

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူတရပ်လုံးအတွက် "ထောင်ချောက်"

Burma Democratic Concern(UK) မှ ကိုမောင်ကောင်း နှင့် မဇင်ဇင်မျိုးသန့် တို့၏ ၂၀၁၀ ရွေးကောက်ပွဲအမြင်

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူအားလုံးတို့အတွက် အကြီးမားဆုံးသော ပရိယာယ်ထောင်ချောက် ဖြစ်ကြောင်းကို ကမ္ဘာတဝှမ်းလုံးရှိ ပြည်သူများအားလုံးအား သိရှိစေရန် နိုးဆော်တင်ပြထားပြီး လက်ရှိစစ်အာဏာရှင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံရေးသည် မည်သို့မျှ ပြောင်းလွဲ ကောင်းမွန်လာဖွယ်ရာ မရှိပုံများကို မီးမောင်းထိုး ရှင်းလင်းတင်ပြထားပါသည်။

A mission to Burma


THE UNITED NATIONS special envoy for Burma, Ibrahim Gambari, is now en route for his seventh visit to that country, which has become a virtual prison camp under its military junta. Gambari's UN mandate is to gain the release of Nobel Peace Prize laureate Aung San Suu Kyi, along with all other political prisoners, and to persuade the junta to include her National League for Democracy in an effort toward political reconciliation.

In his previous visits, Gambari failed to move the regime toward dialogue with the league, an opposition party that won over 80 percent of parliamentary seats in Burma's last free election in 1990 - a result the junta refused to honor. Worse yet, during his last visit Gambari foolishly asked the league to participate in the sham election that dictator General Than Shwe wants to stage in 2010. Under a rigged 2008 constitution, Suu Kyi would be prohibited from even voting, and 25 percent of Parliament seats would go to the military.

On this trip, Gambari should stick to his orders, demanding Suu Kyi's freedom and dialogue with her party. And if he is granted permission to meet with her, he should insist that she be allowed to confer first with party leaders who are not in prison.

In June, on the occasion of Suu Kyi's 63d birthday, Barack Obama saluted her, saying: "She has sacrificed family and ultimately her freedom to remain true to her people and the cause of liberty. And she has done so using the tools of nonviolent resistance in the great tradition of Mahatma Gandhi, Nelson Mandela, and Martin Luther King." Obama would be acting within that tradition if he aligned America with Burma's democrats and pressed Gambari not to deviate from his democratizing mission.

ဒေါ်စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ NLD တိုက်တွန်း

ဒေါ်စုလွတ်မြောက်ရေး
လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တိုက်တွန်း
လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ (ဦးဝင်းတင်)
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။

လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။

၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။

voice(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အန်အယ်ဒီ၏ လူထုပန်ကြားချက်ကိစ္စနှင့် ပတ်သက်ပြီး အန်အယ်ဒီ ဦးဝင်းတင်နှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်)

လက်ခုပ်တီးမလား၊ ဒါမှမဟုတ် လက်ဖျောက်တီးမလား

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဟာ နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဆိုပြီး နအဖစစ်အစိုးရနဲ့ အကျိုးရှိရှိ တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုတာ၊ ကမ်းလှမ်းတာ၊ တိုက်တွန်းတာ၊ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချပေးတာ စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပမှာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့ကြပါတယ်။

ဒါကိုကြည့်လိုက်ရင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ရှိသူတွေ သက်ဆိုင်သူတွေအားလုံးမှာ တွေ့ဆုံဆွေးနွေးဖို့လမ်းကလွဲပြီး အခြားမရှိဘူး။ ဒါမှ မဟုတ် အဆင်သင့်မဖြစ်သေးဘူး ဆိုတာ အတိအလင်း ဖော်ပြနေပါတယ်။

ဘယ်လိုပဲ ကြိုးပမ်းနေခဲ့ပေမယ့်လည်း အခုအချိန်ထိ မအောင်မြင်ရသေးတာကတော့ “နအဖ”လို့ အမည်တပ်ထားတဲ့ စစ်အာဏာရှင်လူတစုကြောင့် ဖြစ်တယ်လို့ ရာနှုန်းပြည့် လက်ညှိုးထိုးလို့ရတဲ့အထိ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။

တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တန်ဖိုးရှိလှတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ တောင့်တတဲ့ ဒီမိုကရေစီကို ခံစားနိုင်ဖို့အရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူတို့ရဲ့ အသက်၊ သွေး၊ ချွေးနဲ့ အချိန်ကို အဆမတန် ရင်းနှီးပေးဆပ်ရင်း နေလာခဲ့ကြရတာက အနည်းဆုံး ၁၉၉ဝ ရွေးကောက်ပွဲ ပြီးကတည်းကပါ။

အဲဒီအရင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကတည်းက ပြတ်ပြတ်သားသား ရှိခဲ့တဲ့ လူထုရည်မှန်းချက်ကတော့ ဒီမိုကရေရစီ ရရှိရေး ဖြစ်ပါတယ်။ အဲဒီနောက် ရွှေဝါရောင်တော်လှန်ရေးကလည်း ထိုနည်းတူပါပဲ။

လက်ရှိနိုင်ငံရေးအခြေအနေဟာ အဲဒီမူလရည်မှန်းချက်ကနေ တဆင့်လျှော့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ရည်မှန်းချက်ကို မျှော်လင့်ချက်နည်းနည်းနဲ့ လုပ်နေရပြီလို့ ယူဆရပါတယ်။

ဒီမိုကရေစီ ရရှိဖို့ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံရမယ်ဆိုတဲ့ ရေရှည်အကျိုးကိုကြည့်ပြီး အကောင်းဘက်က တွေးခဲ့ကြတဲ့အတိုင်း မူလရည်မှန်းချက်ကို တဆင့်လျှော့ခဲ့ကြတယ်လို့ သုံးသပ်စရာဖြစ်လာပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လမ်းစရှာမတွေ့နိုင်အောင် ချုပ်ကိုင်ထားတဲ့ နအဖဟာ ဘာတွေ လုပ်ထားနိုင်လို့ သူတို့ရပ်တည်ချက်ကို ပြောင်းလဲမသွားသလဲဆိုတာ သုံးသပ်ခန့်မှန်းရပါမယ်။ တကယ်လို့ သုံးသပ်ခန့်မှန်းနိုင်ပြီဆိုရင် တစုံတရာ အကျိုးရှိချင်ရှိနိုင်ပါမယ်။

မြန်မာနိုင်ငံတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက်နဲ့ မားမားမတ်မတ် ရပ်တည်ဟစ်ကြွေးနေသူ တဦးမှမရှိပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုမျိုး အကျိုးယုတ်စေမယ့် လမ်းညွှန်တိုက်တွန်းချက်တွေကို လုပ်ဆောင်နေခဲ့တာ မရှိပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အသံတိတ် ဆန့်ကျင်ကန့်ကွက်နေတာကတော့ နအဖ စစ်အာဏာရှင် အစိုးရနဲ့ သူ့ကိုမှီပြီး စီးပွားဖြစ်နေကြတဲ့ ပြည်တွင်းပြည်ပ ကိုယ်ကျိုးရှာသူတွေ၊ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

နအဖက စစ်အာဏာရှင်ပီပီ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိမှ အာဏာကို ဆက်လက် ချုပ်ကိုင်လို့ရမယ် ဆိုတဲ့ သီအိုရီကနေ လုံးဝအလျှော့မပေးခဲ့ပါဘူး။ ဒါဟာ အရင် တော်လှန်ရေးကောင်စီနဲ့ မဆလမှာ ဉက္ကဌလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးနေဝင်းရဲ့ သဘောတရားတွေအတိုင်း ဖြစ်တယ်လို့ ဆိုနိုင်စရာရှိပါမယ်။

အာဏာရှင်နဲ့ပေါင်းပြီး ကြီးပွားနေကြတဲ့ ပြည်တွင်းပြည်ပ ကိုယ်ကျိုးရှာသူတွေ၊ နိုင်ငံတွေကလည်း အစားရချောင်နေတာကို အထိအခိုက် မခံနိုင်တဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရေငုံနှုတ်ပိတ် နေခဲ့ကြပါတယ်။

နအဖစစ်အာဏာရှင်ဟာ သူ့ရဲ့သီအိုရီကို ကာကွယ်လိုတဲ့အတွက် သူတို့အာဏာ ဆက်ကိုင်နိုင်အောင် လမ်းဖွင့်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ “အမျိုးသားညီလာခံအား ထိခိုက်ပျက်ပြားစေတဲ့ ဥပဒေ ၅ / ၉၆” ကို တချက်လွှတ်အမိန့်နဲ့ ပြဌာန်းလိုက်ပါတယ်။

ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး မလုပ်ဆောင်နိုင်အောင် သူတို့ စစ်အာဏာရှင်အဖွဲ့ကို သဘောထားတင်းမာတဲ့ ဘောင်အတွင်းမှာ ထိန်းလိုက်ရုံသာမက တတိုင်းပြည်လုံး၊ တကမ္ဘာလုံးက တောင်းဆိုနေတာတွေကိုလည်း ပြတ်ပြတ်သားသား ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီတချက်လွှတ်အမိန့် ၅ / ၉၆ ကို မဖျက်သိမ်းသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

အဲဒီတချက်လွှတ်အမိန့် ၅ / ၉၆ ကို ဖျက်သိမ်းနိုင်ဖို့ နအဖဟာ အရင်က ပြဌာန်းခဲ့တဲ့ တချက်လွှတ်အမိန့်တွေ ထဲက တခုချင်းကို ပယ်ဖျက်ရုပ်သိမ်းပေးကြောင်း ကြေညာပေးရပါမယ်။

ဥပမာ နဝတ ကြေညာချက် ၁ / ၉ဝ အပိုဒ် ၁၉ (က) ဖြစ်ပါတယ်။ ဒီလိုမျိုး တစတစ ဖျက်သိမ်းလာပြီဆိုရင် အမျိုးသားညီလာခံအား ထိခိုက် ပျက်ပြားစေတဲ့ ဥပဒေ ၅ / ၉၆ ကို ဖျက်သိမ်းဖို့အတွက် လမ်းခင်းပေးလာတာလို့ ဆိုနိုင်ပါလိမ့်မယ်။

အဲဒီတော့မှ ယနေ့ထိတိုင် တောင်းဆိုနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့နဲ့တကွ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာနိုင်မှာ ဖြစ်ပါတယ်။

တချက်လွှတ် အမိန့် ၅ / ၉၆ ကို မဖျက်သိမ်းပဲ နိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးလိုက်ရင် နအဖဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေ သူတို့ကိုယ်တိုင် ခြေနဲ့ပြန်နင်းသလို ဖြစ်နေမယ့်ကိစ္စကို လုပ်မှာမဟုတ်ဘူးလို့ ထင်ရပါတယ်။

ဒါကြောင့် အစကနဦးမှာ နအဖရဲ့ အခြား တချက်လွှတ်အမိန့်တွေကို အရင်ဖျက်သိမ်းပစ်ဖို့က အဓိက အချက် ဖြစ်ရပါမယ်။

အခြားဖြစ်နိုင်စရာ လမ်းကြောင်းခွဲတခုကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်။ ဒါပေမယ့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရင် အကျဉ်းထောင် လူလျှော့တာမျိုးမဟုတ်ပဲ နိုင်ငံရေးအကျဉ်းသမား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုနိုင်ငံရေးအရိပ်အရောင်ကိုမြင်ရမှ မြန်မာ့နိုင်ငံရေး တိုးတက်အောင် စစ်အာဏာရှင်တွေဘက်က စလုပ်ပြီ လို့ ပိုင်ပိုင်နိုင်နိုင်ပြောလို့ရပါမယ်။ စစ်အာဏာရှင်တွေဘက်က စလုပ်လာမှလည်း ပိတ်ဆို့ခံနေရတဲ့ တရားဝင် နိုင်ငံရေးပါတီတွေက တုန့်ပြန်ပေးလို့ ရနိုင်ပါမယ်။

လက်ခုပ်နှစ်ဘက်တီးမှ အသံထွက်တဲ့ အမှန်တရား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ နိုင်ငံရေး အတိုက်အခံအင်အားစုတွေနဲ့ အတူလက်တွဲနိုင်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေး ဆိုတာ ဖြစ်လာပါလိမ့်မယ်။

စစ်အာဏာရှင်တွေရော၊ နိုင်ငံရေးပါတီတွေ နှစ်ဘက်စလုံးက သဘောတူတာမရှိပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ပါဘူး။ အရင့်အရင်အချိန်တွေမှာ အများစဟာလည်း ဒီအမှန်တရားကိုအခြေခံပြီး ချဉ်းကပ်ကြိုးစားနေခဲ့ကြတာ ဖြစ်ပါတယ်။

အကယ်၍ စောစောက နိုင်ငံရေးအရိပ်အရောင်ကို မမြင်ရသေးလို့ မြင်ဖို့လမ်းစ မရှိနိုင်တော့ဘူးလို့ အသေအချာ တွက်ချက်ဆုံးဖြတ်လိုက်ပြီ ဆိုပါတော့။ ဒါဆိုရင် ဒီမိုကရေစီအင်အားစုတွေဟာ လက်တဘက် လှုပ်ရှားရုံနဲ့ အသံမြည်နိုင်မယ့် နည်းလမ်းကို ရှာဖွေအသုံးချရဖို့ပဲ ကျန်နေပါတော့တယ်။ ဒီနည်းလမ်းကတော့ လက်ဖျောက်တီးတာပဲ ဖြစ်ပါတယ်။

လက်ခုပ်တီးကြမလား။ ဒါမှမဟုတ် လက်ဖျောက်တီးမလား။ တခုခုကို ရွေးရပါတော့မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ပြောင်းလဲသွားစေမယ့် လမ်းဆုံလမ်းခွ (Crossroads) ရောက်နေပါပြီ။

ဒါမှမဟုတ် လမ်းဆုံလမ်းခွမှာ နိုင်ငံရေးပရိယာယ် ကြွယ်ဝစွာ လုပ်နိုင်မယ့် အခြားလမ်းခွဲတခု ရှိပါတယ်။ အဲဒါကတော့ လက်ခုပ်တီးဟန်ဆောင်ပြီး လက်ဖျောက်တီးဖို့ အားယူနေတာပဲ ဖြစ်ပါတယ်။

လက်ခုပ်တီးတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ရှိသူ သက်ဆိုင်သူ အားလုံးတို့က နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာ ဖြစ်ပါတယ်။

လက်ဖျောက်တီးတာကတော့ တာဝန်ရှိသူ သက်ဆိုင်သူအားလုံးတို့က နိုင်ငံရေးကို လူထုနည်းနဲ့ အကြမ်းမဖက် ဖြေရှင်းတာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ သဘောတူလိုက်လျောလာမယ့်အချိန်ကို စောင့်မနေတော့ပဲ သူတို့က နောက်ဆုံးမှာ မဖြစ်မနေ သဘောတူ လိုက်လျောလာရမယ့် နိုင်ငံရေးအခြေအနေကို ဒီမိုကရေစီ အင်အားစုတွေက လူထုနည်းနဲ့ ဖန်တီးတာပဲ ဖြစ်ပါတယ်။

တနည်းအားဖြင့်ဆိုရင် မိမိတို့ပန်းတိုင်အတွက် လိုအပ်မယ့် နိုင်ငံရေး အခြေအနေကို မိမိတို့ကိုယ်တိုင် ရယူဖန်တီးလိုက်တာပါပဲ။

ကိုယ့်အားကိုယ်ကိုးပါ (Self-reliance)လို့ တိုက်တွန်းအားပေးတဲ့စကားသံတွေ ကြားရတာ အားရှိလှပါတယ်။ မိမိတို့နိုင်ငံရေးရည်မှန်းချက်အတွက် အခြားသူတွေကို အားမကိုးပါနဲ့၊ သူတို့ အကူအညီကို စောင့်မနေပါနဲ့၊ သူတို့သဘောတူခွင့်ပြုလာတဲ့အထိကို စောင့်မနေပါနဲ့လို့လည်း အဓိပ္ပာယ်ကောက်ရပါတယ်။

လက်ဖျောက်တီးသံကို နားစွင့်နေမယ့် ပြည်သူတွေ အဆင်သင့်ရှိနေမယ့်အချိန် ရောက်လာပါပြီ။ လက်ဖျောက်တီးမယ့်အချိန်မှာ နိုင်ငံရေးကို လူထုနည်းနဲ့ အကြမ်းမဖက် ဖြေရှင်းနိုင်ဖို့ မဟာဗျူဟာနဲ့ နည်း ဗျူဟာတွေကို အထိုက်အလျောက် ရေးဆွဲပြင်ဆင် လေ့ကျင့်ပြီးဖြစ်ရပါမယ်။

ဒါနဲ့မှမရရင်တော့ ရတဲ့နည်းနဲ့ ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ပြည်သူတရပ်လုံး၊ ပြည်တွင်းအတိုက်အခံပါတီများ နှင့် ပြည်ပအတိုက်အခံများ အားလုံးအသင့်အနေအထားရှိနေကြရပါမည်။

***အာဏာရှင်စနစ် ကျဆုံးမှ တစ်တိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်***

Thursday, 29 January 2009

(၂၀၀၉)၊ ဂမ်ဘာရီနှင့် အနာဂါတ် ဒီမိုကရေစီ

လူထုအသံ
alt

ဆောင်းပါးသရုပ်ဖေါ်

(၂၀၀၉) ခုနှစ်အတွင်း ချဉ်းနင်း ၀င်ရောက် လာသည်မှာတလပင် ပြည့်လုလု ရှိပြီ။ မြန်မာ ပြည်သူများ အနေနှင့်လောကငရဲ ကို ကျခံ နေရသည့် ကာလမှ လည်း (၂၀၀၈) ခုနှစ်မှ နောက်ထပ် တနှစ် တိုးလာခဲ့ပြီ ဖြစ်သည်။

စစ်အာဏာရှင် တို့၏ နိုင်ငံတော် အာဏာ ကို အာသာ ငမ်းငမ်း ဆုပ်ကိုင် ရယူထားမှု၊ နိုင်ငံရေး အကျဉ်းသားများ အား ဖမ်းဆီး ချုပ်နှောင်ပြီး မတရား ထောင်ဒါဏ်များ ချမှတ် နေမှုတို့သည် မမြင်ချင်၊ မကြားချင်မှ အဆုံး ဆက်လက် အရှိန်ကောင်း နေဆဲသာ ဖြစ်သည်။

ထိုအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီး မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ အား မြန်မာနိုင်ငံသို့ စေလွှတ်ဦးမည်ဟု ဆိုလာ ပြန်ချေသည်။ ဂမ်ဘာရီသည် မြန်မာနိုင်ငံအရေး အတွက် ခပ်ရှင်းရှင်း ပြောရလျှင် ဘာမှ သုံးမရသည့် ပုဂ္ဂိုလ်တဦးမှန်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် သိရှိပြီးဖြစ်သော်လည်း နောက်တကြိမ် မြန်မာနိုင်ငံသို့ စေလွှတ်မှုသည် နှစ်သစ်အတွက် ထားရှိသော မြန်မာတို့၏ နိုင်ငံရေး မျှော်လင့်ချက်သစ် အတွက် ဆိုးရွားသော တုန့်ပြန်မှု တခုသာ ဖြစ်လာပါတော့သည်။

(၂၀၀၉)သည် ကမ္ဘာ့သမိုင်းအတွက် စကတည်းက ယဉ်သကိုဟု မော်ကွန်းရေးထိုးရမည့် ကာလလည်း ဖြစ်လာခဲ့သည်။ နှစ်သစ်ကူးတွင် အရှေ့အလယ်ပိုင်းဒေသ သေနတ်သံ၊ ဗုံးသံများက ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ ပြည်သူများ ဟစ်ကြွေးခဲ့သော "Happy New Year" ဆိုသည့် ပျော်ရွှင် အော်ဟစ်သံများထက် များစွာ ကျယ်လောင်နေခဲ့သည်။ လူတွေ သောက်သောက်လဲ သေကြေနေသည့် အစ္စရေး-ဟားမတ်အရေးကို မျက်ကွယ်ပြုပြီး ဥရောပဘက် မျက်စပစ်ကြည့်ပြန်တော့ ရေခဲမှတ်အောက် ဒီဂရီများစွာ ကျဆင်းနေသည့် အေးခဲသော ဆောင်းရာသီတွင် လောင်စာ မလုံလောက်သဖြင့် ကလေးငယ်များ၏ စာသင်ကျောင်းများကိုပင် ပိတ်ထားရသည့် စိတ်ညစ်ညူးဖွယ် ရုရှား-ယူကရိန်း ဓာတ်ငွေ့ အရေးအခင်းကို ကြုံရပြန်သည်။ ထိုအခြေအနေ များကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ကမ္ဘာက မျက်စိဒေါက်ထောက် ကြည့်နေသော အာရုံဝင်စားမှုသည် ကမ္ဘာ့အရေးများသို့ လမ်းကြောင်း ပြောင်းသွားခဲ့ရသည်။

ယခုတော့ ကုလသမဂ္ဂ အနေနှင့် အရှေ့တောင် အာရှဒေသ၏ အထီးကျန်ဆုံး နိုင်ငံဆီသို့ ပြန်လည် ဦးလှည့်ကာ ပြုပြင်မှုများ ပြုလုပ်ရန် ပြင်ဆင်လာခဲ့ပြီ ဖြစ်သည်။ (၂၀၀၉) ခုနှစ်အတွင်း အိုဘားမား အမေရိကန် သမတအဖြစ် ကျမ်းကျိန်မှုဆီ စိတ်ဝင်စားခဲ့ကြသည့် ကမ္ဘာ့နိုင်ငံ အသီးသီး တို့သည် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်ဆီသို့ သမင်လည်ပြန် ငေးမော လာခဲ့ကြပြန်သည်။ တကယ်တော့ မြန်မာနိုင်ငံသည် ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကဲ့သို့ ကမ္ဘာတလွှားမှ လေးစားကြည်ညိုရသည့် နိုင်ငံရေး ခေါင်းဆောင်များ ပေါ်ထွက်ခဲ့သော အစဉ်အလာကောင်းနှင့် ရပ်တည်နေသော နိုင်ငံတခုဖြစ်သည်။ သို့သော်လည်း ၀မ်းနည်းဖွယ် ကောင်းသည်က လက်ရှိ အချိန်တွင်မူ ကမ္ဘာပေါ်တွင် နိုင်ငံရေးသမားများကို အဆိုးရွားဆုံး နှိပ်ကွပ်နေသည့် အာဏာရှင် အစိုးရ လက်အောက် ကျရောက်နေခြင်းပင် ဖြစ်နေတော့သည်။

ယခုတခေါက် လာရောက်မည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အကျဉ်းသားများကို စစ်အစိုးရက (၁၀၄) နှစ်ထိ သက်တမ်းရှိသော ထောင်ဒါဏ်များ မတရား ချမှတ်နေမှုအား စစ်ဆေးရန် လာရောက်ခြင်း ဖြစ်ဖွယ်ရှိသည်။ ထိုကိစ္စသည် ကမ္ဘာသိ လုပ်ရပ်ကြီးဖြစ်ပြီး မြန်မာစစ်အစိုးရက ပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့သော အဓမ္မ စီရင်မှုများ ဖြစ်သည်။ နည်းမှန်လမ်းမှန်ဖြင့် စစ်ဆေးမည်ဆိုလျှင် မြန်မာစစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများ ဘူးပေါ်သလို ဘွားကနဲ ပေါ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။ သို့သော်လည်း ထိုနေရာတွင် မေးစရာ မေးခွန်းတခု ရှိလာခဲ့ပြီ ဖြစ်သည်။ အကယ်၍သာ မြန်မာ စစ်အစိုးရ၏ လုပ်ရပ်များတွင် ပြစ်မှုထင်ရှားကြောင်း သေချာခဲ့မည် ဆိုလျှင် ကုလသမဂ္ဂ အနေနှင့် တရားမျှတသော အရေးယူ ဆောင်ရွက်ချက်မျိုး ပြုလုပ်နိုင်မည်လား ? ဆိုသည်မှာ စဉ်းစားစရာ အခြေအနေတခု အဖြစ် သတ်မှတ်လာရမည် ဖြစ်သည်။

အစ္စရေးနိုင်ငံက ဂါဇာဒေသသို့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေချိန်တွင် ကုလသမဂ္ဂလောက် အသံကျယ်ကျယ် ကန့်ကွက်သည့် အသင်းအဖွဲ့ မရှိခဲ့ပေ။ သို့သော်လည်း အစ္စရေးသည် (၂၂) ရက်ကြာ တိုက်ပွဲကြီးကို စိတ်ကြိုက်ဆင်နွှဲပြီး ပါလက်စတိုင်း (၇၀၀၀) ကျော်ကို သုတ်သင်သွားသည်။ စစ်ပွဲ ပြီးချိန်အထိ ကုလသမဂ္ဂ အနေနှင့် အစ္စရေးအား ထိုက်တန်သော အရေးယူမှု တစုံတရာ မလုပ်ဆောင်နိုင်ခဲ့ပေ။ ဂါဇာစစ်ပွဲကြောင့် ကုလသမဂ္ဂ အနေနှင့် သိက္ခာကျခဲ့သလို ထိုအဖွဲ့ အစည်းတခုလုံးသည် အမေရိကန်၊ တရုတ်နှင့် ရုရှားစသော ထိပ်တန်းအင်အားကြီး နိုင်ငံများ၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ကြောင်း ပေါ်လွင်လာခဲ့သည်။ ယခုလည်း မြန်မာအစိုးရ၏ လုပ်ရပ်များသည် တရားမဲ့ ယုတ်မာမှုများ ဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့်တိုင် တရုတ်နှင့် ရုရှားတို့က မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံ ပြုလုပ်လာမည်ဆိုလျှင် အဘယ်သို့ ရှိမည်နည်း။ သေချာပါသည်။ ဒုံရင်းက ဒုံရင်းသာ ဖြစ်ပါတော့မည်။

ပြီးခဲ့သော နှစ်အတွင်းက မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တော် အဖြစ် မစ္စတာဂမ်ဘာရီ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်က မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် မရခဲ့သလို အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံတွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။ ထိုဖြစ်ရပ်သည် ဂမ်ဘာရီ၏ အဆင့်ကို ပေါ်လွင်သွားစေခဲ့သလို မြန်မာ စစ်အစိုးရရော၊ ဒီမိုကရေစီ လိုလားသူ NLD ပါတီကပါ ကုလသမဂ္ဂ၏ စွမ်းဆောင်မှုကို တန်ဖိုးမထားကြောင်း သိသာစေခဲ့သည်။ အာဏာရ အစိုးရတခု အနေနှင့် နိုင်ငံတကာ အဖွဲ့ကြီးဖြစ်သော ကုလသမဂ္ဂကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခဲ့ခြင်း ဖြစ်သလို NLD ပါတီကလည်း ဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေး၊ လူ့အခွင့်အရေး ဖော်ဆောင်ရေးတို့ အတွက် လူမှန်နေရာမှန် ပုဂ္ဂိုလ်ဟု မယုံကြည်ကြောင်း အတိအလင်း ကြေငြာခဲ့သည်။ ထိုကဲ့သို့ နှစ်ဖက်စလုံးမှ တန်ဖိုးထား လေးစားမှုမရှိသော ကိုယ်စားလှယ်တော်ကြီးသည် မြန်မာနိုင်ငံသို့ နောက်တကြိမ် လာရောက်ပေဦးမည်။

တကယ်တော့ မြန်မာနိုင်ငံသည် တရားမျှတမှု ကင်းမဲ့ပြီး လူမွေးလူရောင် မပြောင်တော့အောင် စုတ်ပြတ်နုံချာသည့် အခြေအနေမျိုးကို စစ်အစိုးရ လက်ထက်တွင် ကာလရှည်ကြာစွာ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ လူသားတိုင်းသည် လွတ်လပ်မှုကို မြတ်နိုးသော စိတ်အခံ ရှိသည့်အတိုင်း မတရား ဖိနှိပ်အုပ်ချုပ်နေသော စစ်အစိုးရကို တော်လှန်လိုသော ခံစားချက်သည် မြန်မာလူမျိုးတိုင်း၏ စိတ်နှလုံးတွင် စွဲမြဲထင်ဟပ်လျှက် ရှိသည်။ သို့သော်လည်း လက်နက်အားကိုးဖြင့် ရက်စက် ရမ်းကားသော စစ်ဘီလူးများ၏ သွေးဆာသော လူသတ်မှု များကြောင့် အားမတန်၍ မာန်လျော့နေခဲ့ရသည်။ နိုင်ငံရေး နယ်ပယ်အတွင်းမှ ကြိုးပမ်းခဲ့ ပြန်သော်လည်း ရှေ့နေပင် ငှားရမ်းခွင့်မရှိသော တရားခွင် နှင့် နိုင်လိုမင်းထက် ဥပဒေသများတွင် သေဒါဏ်ထက် ဆိုးသော နှစ်ရှည်ထောင်ဒါဏ်များ ချမှတ် ခံရပြန်သည်။ မြန်မာ့ နိုင်ငံရေးသမားများသည် ဆုပ်လဲစူး၊ စားလဲရူး အခြေအနေထဲတွင် တနှစ်ပြီးတနှစ် အလူးအလိမ့် ဖြတ်သန်းရင်း မျှော်လင့်ချက် အလင်းရောင်ကို မွတ်သိပ်စွာ မျှော်လင့် နေခဲ့ကြရသည်။

ယခုတော့ တနှစ်ပြောင်းခဲ့ ပြန်ချေပြီ။ နှစ်သစ်ကူးပြီး တလပြည့်လု အချိန်ထိ မြန်မာ့အရေး အတွက် ထူးခြားသော ပြောင်းလဲမှုကို အရိပ်အယောင်မျှ မမြင်ရသေး။ လမ်းပျောက်နေဆဲ အခြေအနေ အောက်တွင် မြန်မာအစိုးရသည် ပဒေသရာဇ် ခေတ်ဆီသို့ နောက်ပြန်ဆွဲပြီး အာဏာရှင်စနစ်ကို အသက်သွင်း နေသမျှကိုလည်း မဟန့်တားနိုင်သေး။ တိုးတက်မှုသည် မြန်မာ့နိုင်ငံရေးတွင် မသိသာသော်လည်း မြန်မာနိုင်ငံ၏ အကျဉ်းထောင် များတွင်မူ သိသာလာခဲ့သည်။ နိုင်ငံရေး အကျဉ်းသား (၂၁၀၀) တိုးလာသည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးနှင့် (၂၀၀၇) ခုနှစ် ရွှေအိုရောင် တော်လှန်ရေးကြီးအတွင်း လှုပ်ရှား ခဲ့ကြသူများသည် အဆိုပါ အကျဉ်းသားများ၏ အများစုအဖြစ် ပါဝင်နေခဲ့သည်။ သို့သော်လည်း မြန်မာ စစ်အစိုးရ က ၎င်းတို့ နိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား မရှိပါဟု လက်ပါးစေ မီဒီယာများမှ တဆင့် အသံကောင်း ဟစ်လို့ ကောင်းနေဆဲပင်။

မြန်မာ စစ်အစိုးရသည် ခေတ်မီ နိုင်ငံတော်ကြီး တည်ဆောက်သွားမည့် ဥပဒေမူကြမ်းကို (၂၀၁၀) တွင် အတည်ပြုတော့မည် ဖြစ်သည်။ ပြည်သူများ၏ သောင်းသောင်းဖြဖြ ထောက်ခံမှုကြောင့် ဒီမိုကရေစီ ခေတ်သစ်ကြီး ဆီသို့ အရောက် လှမ်းနိုင်တော့မည်ဟု အစိုးရက အသံကောင်း ဟစ်နေဆဲပင်။ အခြေအနေသည် ကောက်ရိုးတမျှင်လောက်မှ မျှော်လင့်ချက် မရှိတော့ဟု သိနေသည့်တိုင် NLD အပါအ၀င် မြန်မာ့နိုင်ငံရေး ပါတီများသည် သွေးရူးသွေးတန်းနှင့် ယုံကြည်ချက်ကို ဆုပ်ကိုင်ထားကြဆဲပင်။ မြန်မာအစိုးရသည် NLD ၏ အင်အားကို နည်းလမ်း မျိုးစုံနှင့် ဖြိုခွဲပြီးနောက် ၎င်းတို့ အလိုရှိသည့်အရာကို အရယူဖို့ အပြုံးမပျက် ခရီးဆက် နေဆဲပင်။

တနှစ်တော့ ကူးခဲ့ပြန်ပါပြီ။ ထို့အတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး မျှော်လင့်ချက်သည်လည်း အင်အား ပိုမိုချိနဲ့လာပြီ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် မစ္စတာ ဂမ်ဘာရီ ကတော့ လာပါဦးမည်။ ပြီးတော့ ပြန်သွားပါဦးမည်။ နိုင်ငံတကာသို့ မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများသည် ထင်သလောက် မလွယ်ကြောင်း အာပေါင် အာရင်းသန်သန် ရှင်းပြဦးမည်။ မြန်မာ စစ်အစိုးရကလည်း ထင်တိုင်း ကြဲဦးမည်။ NLD ကလည်း ဂမ်ဘာရီနှင့် ဘာဆိုဘာမျှ ဖြစ်လာမည် မဟုတ်ဘူးဟု အပြစ်တင်ဦးမည်။ အရာအားလုံးသည် ပုံမှန်အတိုင်း လည်ပတ် သွားမည်သာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်များက သုံးသပ်ထားသည်။ (၂၀၀၉) ကို ၀င်ရောက်ခဲ့သည်မှာ တလပင် တင်းတင်းပြည့် ပေတော့မည်။ နှစ်သစ်တခု အတွက် ဖြစ်လာရန် ခဲယဉ်းသော မျှော်လင့်ခွင့် အသစ်အတွက် မြန်မာပြည်သူများ သွေးရူးသွေးတန်း မျှော်လင့်နေသော်လည်း ဂမ်ဘာရီတယောက် ထိုမျှော်လင့်ချက်များ အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုသည်ကတော့ အတော်လေး ဖြစ်နိုင်ချေ နည်းသေးကြောင်း လက်ခံရမည်သာ ဖြစ်သည်။

သို့ပါ၍ လက်ရှိစစ်အစိုးရအား တိုက်ခိုက်တွန်းလှန်ပြောင်းလဲရန်အတွက် မြန်မာလူမျိုးသားတိုင်းတွင် အဓိကတာဝန်ရှိနေပါသည်။ မိမိလူမျိုးစု၏ ဘာသာ၊ သာသနာ နှင့် လွတ်လပ်တရားမျှတသော အချုပ်အချာ အာဏာဖြစ်မြောက်ရေးအတွက် ကိုယ့်အားကိုယ်ကိုး၍ စည်းစည်းလုံးလုံးဖြင့် မတရားမှုမှန်သမျှကို ခေါင်းငုံမခံပဲ ဒီမိုကရေစီကို လိုလားချစ်မြတ်နိုးသူများပီပီ ဒီမိုကရေစီနည်းလမ်းကျကျ သတ္တိရှိရှိ ဇွဲရှိရှိဖြင့် မကြောက်မရွှံနောက်မတွန့်ပဲ အပြီးသတ်တိုက်ပွဲကို ပါဝင်ဆင်နွှဲကြပါ ဟုရေးသားတိုက်တွန်းလိုက်ပါသည်။


Six million Burmese need food

By Jonathan Head
Burmese plant peas in a field near Mandalay, Burma
Some rural areas of Burma have been plagued by rats
The United Nations has warned of acute food shortages in parts of Burma, despite a better than expected rice harvest over the past year.

Its World Food Programme has issued a report warning that six million people in Burma are now in need of food aid.

They include a million in the Irrawaddy Delta, hit by Cyclone Nargis last year.

But the WFP says it cannot get enough food aid to the western Rohingya and Chin areas, because of restrictions imposed by the military government.

When Cyclone Nargis wiped out Burma's rice-bowl, the Irrawaddy Delta, last year, it was widely assumed that the country would face severe food shortages.

And the UN's World Food Programme says that is what has happened - but not because Burma is growing any less rice.

Military restrictions

Production has dropped by half in the Irrawaddy Delta - but in other regions, yields have been much higher, so that there is actually a healthy surplus available for export.


Chin woman, refugee camp, Malaysia 2007

But the number of Burmese who cannot grow or buy enough to eat has risen sharply to six million, says the WFP.

The UN wants to increase food aid - but cannot, because the government inexplicably stopped it from buying rice locally last year, and because the military restricts access to the worst-hit areas along the western border.

These are where ethnic Rohingya and Chin people live; their plight is reported to be desperate, with Chin state hit by a huge plague of rats.

The UN is hoping its appeal will persuade the Burmese government to lift these restrictions.

The dire conditions in which most Rohingyas live is one of the factors driving so many of them to Thailand, where they claim to have been subjected to brutal treatment at the hands of the Thai military in recent weeks.

Wednesday, 28 January 2009

ဘင်္ဂလားဒေ့ရှ်သတင်း အဓမ္မဖော်ပြခိုင်း


(NEJ) - စစ်အစိုးရ စာပေစိစစ်ရေးဌာနက ၎င်းတို့ကိုယ်တိုင်ရေးသားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို ယခုတပတ်ထုတ် ဂျာနယ်များတွင် မထည့်မနေရ အတင်းအကျပ်ဖော်ပြခိုင်းခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပုဂ္ဂလိက သတင်းဂျာနယ် အယ်ဒီတာများက ပြောပြကြသည်။

ဖော်ပြခိုင်းခဲ့သည့် သတင်းခေါင်းစဉ်မှာ “မြန်မာဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးသံမှူးနှင့် တွေ့ဆုံ” ဖြစ်သည်။ အဆိုပါသတင်းကို ဇန်နဝါရီ (၂၇) ရက်နေ့ထုတ် ဖလားဝါးနယူးဂျာနယ် အတွဲ (၅) အမှတ် (၄) စာမျက်နှာ-၁၈၊ ဇန်နဝါရီလ (၂၆) ရက်နေ့ထုတ် သည်ဗွိုက်စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၄) စာမျက်နှာ-၂၈၊ ဇန်နဝါရီလ (၂၉) ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် အတွဲ (၄) အမှတ် (၂၄) နှင့် အခြားဂျာနယ်များတွင် ဖော်ပြခဲ့ကြရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျာနယ်အယ်ဒီတာတဦးက “ကျနော်တို့ကို ဂျာနယ်စာမျက်နှာ တမျက်နှာလောက်ရှိတဲ့ ပေါ်လစီဆောင်းပါးတပုဒ် ဖော်ပြခိုင်းပြီးပြီပဲ။ ဒီလောက်ဆို တော်သင့်ပါပြီ၊ ဒါပေမယ့် ခု ဘင်္ဂလားဒေ့ရှ် သတင်းကိုပါ ဖော်ပြခိုင်းတယ်။ ကျနော်တို့ရဲ့ သတင်းတွေနဲ့ ရောပြီး သူတို့ရေးပေးတဲ့ သူတို့ အာဘော်ကို ဖော်ပြစေချင်တဲ့သဘော၊ ကျနော်တို့ကတော့ ကျနော်တို့ သတင်းတွေနဲ့ မရောအောင် ပေါ်လစီဆောင်းပါးစာမျက်နှာမှာပဲ ဖော်ပြပေးလိုက်တယ်” ဟု ပြောသည်။

အဆိုပါသတင်းတွင် ဖော်ပြထားသည်မှာ ပြီးခဲသည့် ဇန်နဝါရီ (၁၃) ရက်နေ့က ရန်ကုန် ကုန်သွယ်မှုဦးစီးဌာန တိုင်းရုံးမှာ မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများက စီးပွားရေးသံမှူး အချို့နှင့် တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးသံမှူးနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ၎င်းက ခုလို တွေ့ဆုံဆွေးနွေးပွဲ လုပ်တာဟာ ကောင်းမွန်ကြောင်း၊ ဒါကာမှာလည်း ၎င်းတို့ အစိုးရအဖွဲ့သစ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကိစ္စများကို လေ့လာသုံးသပ်နေကြောင်း၊ မကြာမီ နှစ်နိုင်ငံကုန်သွယ်မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားကြောင်း စသဖြင့် ဖြေကြားထားသည်ဟု ရေးသားထားသည့် သတင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဘာသာပြန်အယ်ဒီတာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့်နှစ် သဘာဝဓာတ်ငွေ့ရှာဖွေမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြဿနာဖြစ်ခဲ့ရာမှာ အလျော့ပေးခဲ့ရမှုကို ဖုံးကွယ်ရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပုံမှန်ပဲ ရှိနေသယောင် ရေးသားသည့်သတင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဝါရင့်သတင်းစာဆရာကြီးတဦးကမူ နအဖ စစ်အစိုးရသည် သတင်းရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး တားမြစ်ပိတ်ပင်မှု အများအပြား လုပ်ရုံသာမက၊ ပေါ်လစီဆောင်းပါးများကိုလည်း အတင်းအကျပ် မထည့်မနေရ ဖော်ပြခိုင်းခြင်းများကို တောက်လျှောက်လုပ်ခဲ့ကြောင်း၊ ယခု ဤမျှနှင့် မရပ်သေးဘဲ သူတို့ ဖော်ပြစေချင်သည့် သတင်းများကို ပုဂ္ဂလိက ဂျာနယ်စာမျက်နှာများတွင် အဆိုပါဂျာနယ်များက ရေးသည့် သတင်းများ ဖြစ်သယောင် လိမ်လည်ဖော်ပြခိုင်းခြင်းမျိုး လုပ်လာတာဖြစ်ကြောင်း၊ နောင် စစ်အစိုးရက ပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် ယခုကဲ့သို့ ဆက်လက် ပြုမူလုပ်ကိုင်လာနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သတင်းရေးသား ဖော်ပြခွင့်နှင့်ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြုမူလာသည့်အပေါ် ပြည်သူများနှင့် နိုင်ငံတကာက သိအောင် ဖော်ထုတ်ဖွင့်ချရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်

(မဇ္ဈိမ)။ ။ အကျယ်ချုပ်နှင့် ပတ်သက်ပြီး လျှောက်လှဲချက်အပေါ် ဆွေးနွေးလိုပါသည်ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကို နေပြည်တော်က ဆင့်ခေါ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးရန်အတွက် နေပြည်တော်ရှိ ရှေ့နေချုပ်ရုံးသို့ အင်္ဂါနေ့တွင် လာရောက်ပါရန် ရန်ကုန် သတင်းရဲတပ်ဖွဲ့က ဦးကြည်ဝင်းကို လွန်ခဲ့သည့် စနေနေ့တွင် အကြောင်းကြားခဲ့သည်။

နေထိုင်မကောင်းဖြစ်နေသော ဦးကြည်ဝင်းမှာ သွားရောက်နိုင်ခြင်း မရှိသည့်အတွက် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်ကို ကိုယ်စားလွှတ်ရန် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့သည်။ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ဦးလှမျိုးမြင့်က ခရီးထွက်ရန် ဘူတာရုံသို့ အဆင်းတွင် အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သတင်းရဲတပ်ဖွဲ့ အရာရှိများက အကြောင်းကြားခဲ့သည်။

"တင်္နလာနေ့မှာ (ဦး) လှမျိုးမြင့်က နေပြည်တော်သွားဖို့ ရထားပေါ် တက်မလို့ လုပ်တုံး အက်စ်ဘီအရာရှိတွေ ရောက်လာပြီး မသွားတော့ဖို့ တားတယ်" ဟု ဦးကြည်ဝင်းက ပြောသည်။

"အက်စ်ဘီအပြောအရတော့ လျောက်လှဲချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့တဲ့" ဟု ဦးကြည်ဝင်းက ပြောရင်း အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်တွင် အကျယ်ချုပ်ချထားသည်။

တည်ဆဲဥပဒေအရပင် ရက်လွန်ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း ဒေါ်စုဘက်က စောဒက တက်ထားသည်။ ဥပဒေအရ အများဆုံး တဆက်တည်း ၅ နှစ်သာ ရုံးမတင်ဘဲ ချုပ်နှောင်ထားခွင့် ရှိသည်ဟု ဆိုသည်။

နအဖအစိုးရက အတိုက်အခံခေါင်းဆောင်၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို ယမန်နှစ် မေလ က နောက်ဆုံးအကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။ စစ်အစိုးရ၏ ဥပဒေ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ လူတဦးကို ၆ နှစ်အထိ ချုပ်နှောင်ထားခွင့် ရှိသည် ဟု ဆိုသည်။

ဤသို့ သက်တမ်းတိုးမြှင့်ခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု သူမ၏ပါတီက စစ်အစိုးရကို ကန့်ကွက်နေသည့်အကြားမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဆွေးနွေးတာလို့လည်း ပြောတယ်" ဟု ၀ါရင့်ရှေ့နေကြီးက ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် အောက်တိုဘာလအတွင်း သူမ၏ ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ချုပ်နှောင်ထားမှုနှင့် ပတ်သက်ပြီး လျှောက်လှဲမှု ပြုခဲ့သည်။ သို့သော်လည်း စစ်အစိုးရက တစုံတရာ တုံ့ပြန်မှုမပြုသည့်အပြင် ဦးကြည်ဝင်းကိုလည်း ဒေါ်စုနှင့် တွေ့ဆုံခွင့် ပိတ်ပင်ခဲ့သည်။

ဦးကြည်ဝင်းက သူ၏ အမှုသည်နှင့် တွေ့ဆုံခွင်ပြုရန် ၀န်ကြီးချုပ်ရုံးသို့ နှစ်ကြိမ်တိုင်တိုင် လျောက်ထားခဲ့သော်လည်း လစ်လျူရှုခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်မှာ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် အချုပ်အနှောင်ဖြင့် နေခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း

Burma's Economic Hardships

ရင်နာလွန်းလို့

hart hart