ကျနော်သည် နိုင်ငံကို ချစ်သော၊ ပြည်သူ ကို မထိခိုက်စေလိုသော၊ ဧရာဝတီကို
မြန်မာ့မြေပုံပေါ်တွင် ထာဝရတည်ရှိစေလိုသော သာမန်ပြည်သူတစ်ယောက်သာဖြစ်ပါသည်။
၈/၈/၂၀၁၁ နေ့ တွင် ကျနော့် အသိအမြင်ကို အခြေခံ၍ ' ကာကွယ်ခြင်းသည် ကုသခြင်းထက်
ပို၍အရေးကြီးသည် ' အမည်ရှိ ကဗျာတစ်ပုဒ်ကို ရေးဖွဲ့ ခဲ့ပါသည်။ကျနော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်မဟုတ်ပါ။ ဆည်တည်ဆောာက်ရေး
ကျွမ်းကျင်သူ ပညာရှင်မဟုတ်ပါ။ မိုးလေ၀သ ပညာရှင်မဟုတ်ပါ။ ထို့ အတူ
လျှပ်စစ်စွမ်းအားထုတ်လုပ်...ရေး နားလည်တတ်ကျွမ်းသူ ပညာရှင်လည်း မဟုတ်ပါ။
ထို့ ကြောင့် ဧရာဝတီမြစ်ဆုံဒေသတွင် ဆည်များတည်ဆောက်ခြင်း၏ အကျိုး အပြစ်နှင့်အတူ
ပြည်သူတို့ ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ပိုမိုသိရှိလိုသော ဆန္ဒဖြင့် "
ဧရာဝတီ "အမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။
ကျနော်နှင့်တကွ သိရှိလိုသော ပြည်သူတို့ ၏ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်သော
ပညာရှင်များအား ဖိတ်ခေါ်ခြင်းဖြစ်သည့် အတွက် နိုင်ငံပိုင်သတင်းစာများတွင်
ရေးသားသော ဆောင်းပါးရှင်များအပါအ၀င် အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့်
တက်ရောက်ဆွေးနွေးပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လိုပါက- ၀င်းချို ၊ ဖုန်း ၀၁-၃၉၃၁၅၅ လိုင်းခွဲ ၂၆၄၊ ၀၉-၈၀-၃၃၅၅၄
Time
18 August · 09:00 - 12:00
------------------------------
Location
ဗေဒါ သင်တန်းကျောင်း
အမှတ်(၄၅၃) သုမနလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
[scribd id=61523070 key=key-ebvxiqr440jk9winvtw mode=list]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment