Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Sunday 20 September 2009

နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များ ပျက်စီးစေနိုင်သည့် မည်သို့သော လုပ်ဆောင်မှုမျိုး ကိုမဆို ပြင်းထန်းစွာ အပြစ်ပေး အရေးယူ သွားမည်

မြန်မာနိုင်ငံသည် ဗုဒ္ဒဘာသာကို အခြေခံကိုးကွယ်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ပြင် နိုင်ငံတစ်ဝန်းတွင်လည်း သာသနိက အဆောက်အအုံများ၊ ဘုရားကျောင်းကန်များ လက်ညှိုးထိုး မလွဲအောင် ရှေးမင်းအဆက်က တည်ထားကိုးကွယ် လာခဲ့ကြပါ သည်။ ယခု မျက်မှောက်ကာလတွင်လည်း အဆိုပါ အဆောက်အအုံများ ရှေးမူမပျက် အဓွန့်ရှည် ကြာစွာ ရှိနေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင်များနှင့် ပြည်သူပြည်သားများ ပူးပေါင်းကာ ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထို့ပြင် သာသနာတော် ထွန်းကားပြန့်ပွားစေရေးအတွက် ဘုရားကျောင်းကန်များကို အသစ်မွမ်းမံ တည်ဆောက်ပေးနေပါသည်။ ထို့ပြင် သာသနာတော်သန့်ရှင်းထွန်းကား ပြန့်ပွား စေရေးအတွက် သံဃာတော်များကသည် ၎င်းတို့တက်စွမ်းသမျှ ဆောင်ရွက်ပေးကာ ပြည်သူများဘ၀ အေးချမ်းအောင်၊ သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့အောင် လုပ်ဆောင်ပေးနေပါသည်။ ရဟန်းသံဃာတော်များ၏ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ မှုများကြောင့် ယခုအချိန်တွင် သာသနာကြီး တည်တံစွာတည်ရှိနေနိုင်ခြင်း ဖြစ်သည်။

သို့သော် ထိုကဲ့သို့ နိုင်ငံတော်ကြီးသည် အေးချမ်းစွာဖြင့် ရှိနေသည်ကို အဖျက် သမားများက သံဃာသင်းကွဲမှုများပြုလုပ်ကာ အတိုက်အခံလုပ်ရပ်များ လုပ်ဆောင် လာကြသည်။ သာသနာကို ညစ်နွမ်းအောင် လုပ်ဆောင်နေကြသည်။ ၎င်းတို့ ဆန္ဒ ရှိသော၊ ၎င်းတို့ဖြစ်စေချင်သော ရွှေဝါရောင် တော်လှန်ရေးဟု အမည်ပေးထားသော ဆူပူမှုများထပ်မံ ဖြစ်ပွားအောင် ပြည်သူများကြားတွင် သွေးထိုးကာ ဆောင်ရွက် နေကြောင်း ပြည်တွင်းတွင် တရားမ၀င် ဖွဲ့စည်းထားသော သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ နှင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ကော်မတီဆိုသည့်အဖွဲ့က (၁၈.၉.၂၀၀၉) ရက်စွဲဖြင့် ထုတ်ပြန်သော “ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကြီး မှ တဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အရေးပေါ် ကြေငြာချက်” က သက်သေ ခံနေသည်။

ပါတီတခု၏ ကြိုးကိုင်မှုကို ခံထားရသော သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံသည် ကြေငြာချက် အမျိုးမျိုးထုတ်၊ အကြောင်းပြချက်အမျိုးမျိုးတက်ကာ သသနာတော်ကြီး ပြိုကွဲအောင် လုပ်ဆောင်နေကြသည်။ သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပြုပြင်ပြောင်းလဲ တည်ဆောက်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်း အလျဉ်းမရှိဘဲ၊ သာသနာ တော်ကို ညှိုးနွမ်းအောင်၊ ကျဆင်းအောင် ကြိုးစားလုပ်ဆောင်နေကြသည်။

ထို့အပြင် (၉.၉.၂၀၀၉) ရက်စွဲဖြင့် တပ်မတော်သားများ နှင့် ၀န်ထမ်းများသို့ အိပ်ဖွင့်ပေးစာ အား ဖြန့်ချီပြီး ပြည်သူနှင့် နိုင်ငံတော် အစိုးရကြားတွင်လည်း နားလည်မှု များ လွဲမှားအောင် လုပ်ဆောင် နေသည့်အပြင် ပြည်သူများအကြား တွင်လည်း အထင်လွဲမှုများဖြစ်ပွားအောင် ထပ်မံ ပြုလုပ်နေကြသည်။ နိုင်ငံတော် အစိုးရသည် အပြစ် ရှိသောသူဖြစ်ပါက မည်သို့သောလူမျိုးကိုမဆို အပြစ်ပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များ ပျက်စီး စေနိုင်သည့် မည်သို့သော လုပ်ဆောင်မှုမျိုးကိုမဆို၊ မည်သို့ သောလူမျိုး များကိုမဆို ပြင်းထန်းစွာ အပြစ်ပေး အရေးယူ သွားမည် ဖြစ်သည်။

No comments: