Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday, 27 July 2009

"တော်လှန်ရေးဆိုတာ လုပ်သင့်သလား ?

သူငယ်ချင်း ဒို့တတွေ ဘဝတခုကို ပိုင်ဆိုင်ရရှိထားသည့်အလျှောက် ရထားတဲ့ဘဝ တွေကို အကျိုးရှိအောင် တန်ဘိုးရှိအောင် အဓိပ္ပါယ်ရှိအောင် လုပ်နိုင်ဖို့တော့ လိုလိမ့်မယ်လို့ ဒို့
ထင်တယ်လေ။ လူ့ဘဝက ရခဲတယ်လို့ ဆိုထားကြတယ်မဟုတ်လား၊ ရခဲတဲ့ လူ့ဘဝကို ဒီလို တန်ဘိုးရှိ အဓိပ္ပါယ်ရှိအောင်လုပ်နိုင် နေနိုင်မှ လူဖြစ်ရကျိုးနပ်ကြမယ်လေ။ အဲသလို လုပ်နိုင်အောင်လဲ လုပ်ပိုင်ခွင့်ဆိုတာကတော့ လူတိုင်းမှာ ရှိကြရမှာပေါ့ကွာ။ ဒါကို လူ့အခွင့်ရေးလို့ ပြောရင် ပြောလို့ရပါတယ်။
အဲဒီလို လုပ်နိုင်ခွင့်တွေ ဒို့တတွေမှာ ရှိကြရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့တော့ လိုလိမ့်
မယ်လေ။ ကိုယ့်ဘဝရဲ့တိုးတက်မှုအတွက် စီးပွား တတ်သိပညာ ဥစ္စာတခုခု ရှာကြတဲ့အခါမှာ အဟန့်အတား အနှောက်အယှက် အတားအဆီး အပိတ်အပင် အစစ်အဆေးတွေ လူတိုင်း မှာ မရှိကြဘူး ဆိုရင်တော့ ဒါ လုပ်ပိုင်ခွင့် အခွင့်ရေးရှိတယ်လို့ ပြောရမှာပေါ့ကွာ။
မင်းတို့မှာ အဲဒီလို အခွင့်ရေးမျိုး ရနေပြီလားလို့ မင်းကိုမင်းရော မင်းနဲ့ နီးစပ်ရာ အသိုင်းဝိုင်းကိုပါ စူးစမ်းကြည့်လေ။ မရကြသေးဘူးဆိုရင်တော့ မင်းတို့ကြားမှာ လူ့ရဲ့အခွင့်ရေး မရှိဘူးလို့ ယူဆ ရမှာပေါ့ကွာ။
ကဲ …မင်းဘယ်လို သဘောရသလဲ?
လူတိုင်းလူတိုင်းမှာ အချိန်ဆိုတာ ကိုယ်စီရှိကြတယ်လေကွာ၊“အချိန်နှင့် ဒီရေသည် လူ
ကို မစောင့်”တဲ့ ကိုယ်ဘာမှ မလုပ်နိုင်တော့တဲ့ အချိန်ကျမှ လုပ်ပိုင်ခွင့်တွေက တန်းစီပြီး ရလာ နေလဲ ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘူးပေါ့ကွာ။ လုပ်ကိုင်နိုင်တဲ့ လက်ရှိအချိန်မှာ လုပ်ပိုင်ခွင့်တွေ ရှိနေရမယ်လေ။
မင်းတို့ ငါတို့တွေရဲ့ အနာဂတ်ဘဝတွေ ဒို့ ညီအကို မောင်နှမ သားစဉ်မြေးဆက်တွေရဲ့
အနာဂတ်ဘဝတွေကို ပြုပြင် ဖန်တီးကြဖို့ တည်ဆောက်ကြဖို့အတွက် တန်ဖိုးရှိရှိ အဓိပ္ပါယ်ရှိရှိ အသုံးချနိုင်ဖို့ အချိန်တွေ လိုတယ်လေကွာ။ အခုတော့ မင်းတို့ ငါတို့တတွေရဲ့ အချိန်တွေကို ရည်ရွယ်ချက်မဲ့ အဓိပ္ပါယ်မဲ့ ကုန်ခန်းလာတာ အနှစ် နှစ်ဆယ်လောက်ရှိနေပြီ။ ဘာတွေတိုး တက်လာသလဲ။ နောင်အနာဂတ်ဘဝတွေအတွက် ဘာတွေ ပြင်ဆင်ပြီးနေပြီလဲ။ ဒါ လုံးဝ စဉ်း
စားရမယ့် အချက်ပဲလေ။
မင်း စဉ်းစားမိအောင် အခြေခံ အနေအထားလေး တခုကို ဒို့ပြောကြည့်မယ်ကွာ၊ တောရွာတွေရော မြို့ဒေသတွေမှာပါ နေလာခဲ့ကြတဲ့ မင်းတို့ ငါတို့တတွေရဲ့ အဘိုးအဖွား အဖေအမေ ဦးကြီး ဦးလေးတွေရော ကိုယ့်ဝန်းကျင်နဲ့ ကိုယ်သွားဖူးတဲ့ ဒေသတွေက သူတွေပါ
ကြည့်လိုက်ရင် တချို့များ လူ့ဘဝကို စွန့်ခွါပြီး သေတာသွားကြတယ် ငယ်ငယ်ထဲက လုပ်လာ
ကြတဲ့ ဒီလက်ငုတ် လုပ်ငန်းလေးတွေနဲ့ပဲ လုံးလည်လိုက်ပြီး အဖက်ဖက်က တိုးတက်မှုမရှိ ဖြစ်နေကြတယ်။ အဆင်မပြေတော့ ကုသိုလ်လဲ လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူးလေ။ ဘယ်ရှိကြမလဲ…..

ကိုယ်လုပ်ကိုင်ထားတဲ့ ဥစ္စာထဲက တောင်သူ လယ်သမားဆိုလဲ စပါးတောင်းသူလာ ပေးလိုက်ရ၊ ပဲ နှမ်း ဂျုံ ပြောင်းတွေ လာတောင်းလဲ ပေးလိုက်ရ၊ တော်ကြာ ဟိုကြေး ဒီကြေး
ဘာကြေး ညာကြေး အကုန် သူတောင်းစားတွေ တောင်းတိုင်း ပေးနေရတာလေ။ မြို့တွေမှာလဲ ဒီအတိုင်းပဲ ပေးနေရတာလေကွာ။ ကိုယ့်လုပ်စာကို မစုနိုင်ကြတော့ဘူး။ ဒီတော့ သူတို့တွေ ဘယ်မှာလာပြီး ကြီးပွားတိုးတက်နိုင်ကြမလဲကွာ။
အဲဒီတော့ ကိုယ်လုပ်တဲ့ ပစ္စည်းကို ဘယ်မှာ ကိုယ် အကုန်စားရလို့လဲ စဉ်းစားကြည့်ပါဦး၊ှ
အဲဒါ ဂုတ်သွေးစုတ်တာ ခေါ်တယ်ကွ။ တချို့ နယ်ကလူတွေက ပြောကြတယ်။ အမလေး သူ့
နိုင်ငံ သူ့အုပ်ချုပ်မှုအောက်မှာ နေတာ သူတို့ကို ပေးရမှာပေါ့တဲ့…ဒို့ ကတော့ အဲဒီလိုပြောကြတဲ့
လူ အတော်များများကို ခင်များတို့ အဲဒါ ကျွန်စိတ်ပဲ ကျွန်စိတ်မပျောက်ကြသေးလို့ ပြောကြတာ
ပဲလို့ နာနာလေး ပြောခဲ့တယ်ကွာ။
ဟုတ်တယ်လေ.. ခင်များ ခေါင်းဆောင်ဖြစ်အောင် ကြိုးစားနိုင်ရင် ခင်များက အုပ်ချုပ် သူပဲ၊ကျုပ် ကြိုးးစားနိုင်ရင် ကျုပ်ကအုပ်ချုပ်သူပဲ၊ မင်းလဲ အုပ်ချုပ်သူဖြစ်နိုင်တာပဲ။ဘယ်သူမဆို ခေါင်းဆောင်နိုင်အောင် ကြိုးစားရင် တိုင်းပြည်ရဲ့အုပ်ချုပ်သူဖြစ်လို့ရတာပဲလေကွာ။ ဒို့ အဲဒီလို
ပြောတော့ သူတို့က လက်ခံပါတယ်။ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေတဲ့။ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ ကိုယ့်ရဲ့လုပ်ရပ်နဲ့ ကြိုးစားမှုအပေါ်မှာ မူတည်တာပဲလေ။ ဒါဟာ လူတိုင်းရဲ့ အခွင့်ရေးပေါ့ကွာ။
ဒီလို စိတ်ဓာတ်မျိုးတွေ ရအောင် သိအောင်လုပ်တာဟာလဲ ကိုယ့်ရဲ့ အညံ့ခံချင်တဲ့ ကျွန်စိတ်ကို တော်လှန်လိုက်တာပဲ လို့ ဒို့တော့ ယူဆတယ်ကွာ။
ပြောလက်စနဲ့ ဆက်ပြောမယ်ကွာ။ ကဲ ဆင်းရဲနွမ်းပါးတဲ့ မိသားစု. ဘွဲ့တွေရ အတန်း ပညာတတ်တွေ မဟုတ်တဲ့ မိသားစုက.. ဆင်းသက် မွေးဖွားလာကြတဲ့ သားသမီးတိုင်းဟာ…..
(ဒီနေရာမှာလဲ ဘွဲ့ရတိုင်းလဲ ပညာတတ် မဟုတ်ဘူးနော်၊ ) ကဲ မချမ်းသာ ရတော့ဘူးတဲ့လား၊
ပညာတွေ မတတ်ရတော့ဘူးတဲ့လား? စဉ်းစားလေကွာ။
အဲဒီလို နွမ်းပါးတဲ့ ပတ်ဝန်းကျင်က မွေးဖွားလာတဲ့ သားသမီးတွေဟာ မိဘ အသိုင်းဝိုင်း
လို မဖြစ်ရအောင် ငါတို့ ချမ်းသာအောင် ကြိုးစားမယ်၊ ပညာတွေတတ်အောင် ကြိုးစား ကြ မယ် ဆိုပြီး ကြိုးစားလုပ်လို့ ချမ်းသာ အောင်မြင်သူတွေဖြစ်လာကြတယ်။ ဒါဟာ ဘာလဲ ဆိုတော့ နွမ်းပါးတယ်ဆိုတဲ့ မကောင်းတဲ့ အစဉ်အလာတွေကို တော်လှန်ပစ်လိုက်တာပေါ့ကွာ။ မဟုတ်ဘူးလား။ ဒီလိုလူတွေ ဒို့ တိုင်းပြည်ထဲမှာရှိပါတယ်။
ဒါ တော်လှန်ရေး ဆိုတာကို လူတိုင်းနာလည်အောင်ပြောတာပါကွာ။ ဒို့ ပြည်သူတွေ အ
များစုက တော်လှန်ရေးလုပ်တယ်ဆိုတာ လက်နက်ကိုင်ပြီး ပုန်ကန်တိုက်ခိုက်ကြတာကိုပဲ တော်လှန်ရေးလို့ ထင်နေကြတာ အတော်ခက်တယ်ကွာ။ ကိုယ် ကိုယ်တိုင်တော်လှန်ရေး လုပ်နေမှန်း ကိုယ့်ဖာသာ မသိကြဘူး ဖြစ်နေကြတာကွ။
အဓိက ကတော့ ကောင်းလဲ မကောင်း မှန်လဲမမှန် နည်းလမ်းလဲမကျ ကြီးပွား တိုးတက်နိုင်မယ့် လမ်းစလဲ မရှိ လွတ်လွတ်လပ်လပ် သွားလာ လုပ်ကိုင် လို့လဲ မရတဲ့ လမ်းစဉ် တွေကို ဖယ်ရှား တိုက်ဖျက်ပြီး-ကောင်း မှန် နည်းလမ်းကျ လွတ်လပ် တိုးတက်နိုင်တဲ့ လမ်းစဉ် ကို ရွေးချယ်ပြီး တိုးတက်အောင် လုပ်ယူတာဟာ တော်လှန်ရေး လုပ်တာပဲလို့ ဒို့ယူဆတယ်။ကျန်းမာရေး စတဲ့ ကျန်တဲ့ကိစ္စရပ်တွေမှာလဲ အတူတူပေါ့ကွာ။
ရှင်းရှင်းပြောရရင်ကွာ ဒို့ ဗုဒ္ဓဘုရား ကိုယ်တိုင်လဲ တော်လှန်ရေးသမားပဲကွ။ သူသာ
တော်လှန်ရေး မလုပ်နိုင်ရင် ဘယ်မှာလာပြီး ဘုရားဖြစ်မလဲ။ စဉ်းစားကြည့်လေကွာ။…

သိဒ္ဓတ္ထမင်းသားဟာ သံသရာ ဝဋ်ဒုက္ခအပေါင်းကနေ လွတ်မြောက်ချင်တဲ့အတွက် လွတ်လပ်ရေးလမ်းစဉ်ကို ရှာဖွေရာမှာ သူ့ရဲ့ပထမဦးဆုံး ဆရာတွေရဲ့လမ်းစဉ်ဟာ သူလိုချင်တဲ့
နေရာကို ရောက်နိုင်မယ့် လမ်းစဉ်မဟုတ်တဲ့အတွက် လက်ရှိဆရာတွေရဲ့ လမ်းစဉ်ကို ပယ်စွန့်
တော်လှန်ပြီး ကိုယ်တိုင် ကြိုးစားလုပ်တော့မှ သူလိုချင်တဲ့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ခဲ့ရ
တာပဲလေ။ ဒါတော်လှန်ရေးလုပ်လို့ပဲ။
နောက် ဘုရားဖြစ်မယ့်အချိန်ထဲကို ဝင်ဆဲကာလနဲ့ ဘုရားဖြစ်ခါစလေးမှာလဲ ဝင်ရောက်
တိုက်ခိုက်လာတဲ့ သူသွားမယ့် လမ်းကြောင်းကို နှောက်ယှက်ဟန့်တား ဖျက်ဆီးလာတဲ့ ရန်သူ
တွေ (မာရ်နတ်အပါဝင် အောင်ခြင်း.၈.ပါး) ကို တိုက်ခိုက်တော်လှန်ခဲ့လို့ လိုရာ ခရီးလမ်းကို
ရောက်ခဲ့ရတာပဲ မဟုတ်လား?...
ဒါကြောင့် ဒို့ကတော့ တော်လှန်ရေးဆိုတာ လုပ်သင့်တယ်လို့ထင်တာပေါ့ကွာ။
ကဲ ..မင်း ဘယ်လိုမြင်လဲ? နိမ့်ပါးနေတဲ့ ဘဝတွေကို မင်း တကယ်လို့ ရင်ဆိုင် နေရမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ ?
ပြုပြင်ပြောင်းလဲလိုပြီး ဖွံ့ဖြိုးကြီးပွား တိုးတက်ချင်တဲ့ စိတ်ဓာတ်နဲ့တော်လှန်ရေးစိတ်ဓာတ်
ဟာ အတူတူပဲလို့ ဒို့တော့ထင်တယ်။ လူဆိုတာ အဲဒီလို ပြုပြင် ပြောင်းလဲလိုပြီး တော်လှန်ရေး
လုပ်လိုတဲ့ စိတ်ဓာတ်မျိုးရှိမှ ကြီးပွားတိုးတက်လိမ့်မယ်လို့လဲ ဒို့ယုံကြည်လက်ခံထားတယ်။ ဒါမှ
မိဘတွေ ဆင်းရဲတိုင်း ဘွဲ့မရကြတိုင်း သားသမီးတွေ ဆင်းရဲကြ ဘွဲ့မရကြ ဖြစ်ရမယ့် အရေးကို
တော်လှန်နိုင်မယ်လေကွာ။ ဒါ လူငယ့်အမြင်ပေါ့ကွာ။
ဒီလိုအနာဂတ်ဘဝတွေအတွက် ဖန်တီးတည်ဆောက်ရာမှာ လုပ်ပိုင်ခွင့်ဆိုတဲ့ အခွင့်ရေး
တွေနဲ့အတူ အဓိပ္ပါယ်ရှိ တန်ဘိုးရှိအောင် နေထိုင် နိုင်ကြဖို့အတွက် ကိုယ့်ဘဝကို ပြုပြင် ဖန်တီး နိုင်စွမ်းမယ့် အသိဥာဏ်ဆိုတာတော့ လုံလုံလောက်လောက် ရှိရလိမ့်မယ်လို့ထင်တယ်ကွာ။
ဒါမှ ကိုယ်လိုချင်တဲ့ ဘဝကို စိတ်တိုင်းကျ ပြုပြင်ဖန်တီးနိုင်မယ်၊ အကောင်းအဆိုး အမှားအမှန်
သဘာဝကျ မကျဆိုတာတွေကို ခွဲခြားသုံးသပ်နိုင်မယ် မဟုတ်လားကွာ။
ဒို့ဆရာတွေက ပြောဖူးတယ် လောကမှာ အသက်သိက္ခာတွေကြီးတိုင်း ဂုဏ်ထူး ဘွဲ့ထူး ရာထူးတွေ အများကြီးရှိတိုင်း လူကြီးလို့ မခေါ်ဘူးတဲ့… အကြောင်းအကျိုး အကောင်း အဆိုး အမှား အမှန် သဘာဝကျ မကျဆိုတာတွေကို နည်းလမ်း မှန်မှန်နဲ့ စဉ်းစား ဝေဖန် ဆုံးဖြတ်
နိုင်တဲ့ အသိဉာဏ်ပညာကြီးတဲ့သူကိုမှ လူကြီးလို့ခေါ်တယ်လို့ပြောဖူးတယ်ကွ၊ အဲဒီလို ပုဂ္ဂိုလ်
မျိုးမှ လေးစားပူဇော်ထိုက်တယ်၊ သူတို့ရဲ့စကားတွေ လုပ်ဆောင်ချက်တွေကိုလဲ လိုက်နာပြီး အတုယူသင့်တယ်လို့ပြောဘူးတယ်ကွ။
ဥပမာ…ဒို့ ဗမာပြည်ရဲ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့လိုပေါ့ကွာ။
သူဟာ အသက်(၂၀)ကျော် (၃၀)ဝန်းကျင်မှာပဲ သူရေးခဲ့တဲ့ စာတွေနဲ့ ပြောခဲ့ လုပ်ခဲ့တာတွေကို ကြည့်ရင် သူ့ရဲ့အတွေးအခေါ်အယူအဆတွေဟာ အရမ်းကို မြင့်မားတာကွ၊ အေးအဲဒီလိုပုဂ္ဂိုလ်
မျိုးတွေကို အတုယူရမှာပေါ့ကွာ။ သဘာဝမကျတာဆိုရင်တော့ ကိုယ့်အသိဉာဏ်နဲ့ ဆုံးဖြတ်
ပြီး ယူသင့်တာယူရမှာပေါ့ကွာ။
အဲဒီမှာ ဒို့ တခု စဉ်းစားမိတယ်ကွ..ဒို့ ဗမာပြည်က လူကြီးမိဘတွေ သုံးနှုံးပြောဆိုကြတဲ့
လူ့တိရစ္ဆာန်လေးတို့ လူ့တိရစ္ဆာန်တွေလို့ ဆိုတဲ့ စကားကိုလေ၊ အဲဒါ တကယ်ရှိနိုင်တယ်ကွ.၊ ဒါဟာ ကိုယ်ပိုင် အသိဉာဏ်မရှိတဲ့ လူစားမျိုးတွေကို ခေါ်လို့ရတာပဲကွ၊။
ဥပမာကွာ…ဒို့ ဒီနိုင်ငံမှာ လက်ရှိဖြစ်ပျက် ကြားရ မြင်နေရတာတွေထဲက ပြောရရင်ကွာ
ကိုယ် ကိုးကွယ်နေတဲ့ ဘုရားစေတီကျောင်းကန်တွေကို ဖျက်ဆီးကြတယ်၊ ဌပနာစိန်ဖူးတွေကို ခိုးတယ်၊ ဘုရားရွှေအစစ်နဲ့ အတုလဲတယ်ကွာ၊ရဟန်းသံဃာတွေကို ရိုက်တယ် သတ်တယ် ခြေ
ထောက်နဲ့ကန်တယ်၊ သာသနာ့အသုံးဆောင်တွေ သာသနာ့အလံတွေကို ခြေထောက်မှာပတ် နင်းခြေ ဖျက်ဆီးတယ်ကွာ၊ နောက် အများပြည်သူတွေ လွတ်မြောက်ချမ်းသာဖို့ အကျိုးရှိမယ့်
အလုပ်တွေ ဘုရားသွားကျောင်းတက် လုပ်တာတွေကို ရိုက်တယ် သတ်တယ် ပိတ်ဆို့ ထောင်
ထဲပို့ကြတယ် ဆိုတာတွေကို စဉ်းစားကြည့်လေကွာ။
ခိုင်းတဲ့လူတွေက အသိဉာဏ် မရှိလို့ ခိုင်းတယ် ထားဦးကွာ လုပ်တဲ့သူတွေက အသိ ဉာဏ်ရှိရင် မလုပ်ပဲ နေလို့ရတာပဲကွ၊ ကိုယ်ပိုင် အသိဉာဏ်နဲ့ လုပ်သင့် မလုပ်သင့် အမှား အမှန်ကို ဆုံးဖြတ်လို့ ရတာပဲကွ၊ အဲဒါ အသိဉာဏ် မရှိကြတော့ သခင်ခိုင်းတိုင်း လုပ်ကြရတဲ့ တိရစ္ဆာန်တွေလိုပဲလို့ ဒို့ စဉ်းစားမိတယ် ဒါကြောင့် လူ့ တိရစ္ဆာန်ဆိုတာ ရှိနိုင်တယ် ရှိနေ တယ် လို့ပြောတာပေါ့ကွာ.။
အဓိက ကတော့ကွာ လူဆိုတာ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ် အကြောင်းနဲ့ အ ကျိုး အမှားနဲ့အမှန် သဘာဝကျမကျ ဆိုတာတွေကို ခွဲခြားသိတတ်တဲ့ဉာဏ်ရှိမှ လူလို့ခေါ်တယ်
လို့ ဒို့မှတ်သားဖူးတယ်ကွ။
လူတိုင်းဟာ လူပီသအောင် လူစင်မီအောင် နေနိုင် စားနိုင်ပြီး ဘဝတွေကို စိတ်တိုင်းကျ ပြု ပြင် ဖန်တီးနိုင်အောင် လက်ရှိအချိန်တွေကို အဓိပ္ဂါယ်ရှိရှိ တန်ဘိုးရှိရှိ အသုံးချနိုင်ကြဖို့အတွက်
မတရားတဲ့ အပိတ်အပင် အတားအဆီး ကန့်သတ်မှုမှန်သမျှကို တော်လှန်ဖယ်ရှား ပစ်ရမယ်လို့
ယုံကြည်ခဲ့ရင်….ဆိုခဲ့တဲ့ တော်လှန်ရေးမျိုးတွေကို လုပ်မှ လူတိုင်း တိုးတက်ကြီးပွား အောင်မြင်
ပြီး အဆင့်အတန်းရှိရှိ နေနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ရင်… ဘဝအတွက် တော်လှန်ရေးဆိုတာ လုပ်သင့်တယ်လို့ ခံယူမိရင်…ဒို့တွေရဲ့ အနာဂတ်ဘဝ တိုက်ပွဲအတွက် တော်လှန်ရေးလုပ်ငန်း
တွေ စတင် လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ မင်း မှန်မှန်ကန်ကန် စဉ်းစားနိုင်ပါစေ။။

မြတ်နိုး
(B.S.R.O)
http://sanghaalliance.blogspot.com/
http://allburmamonksalliance.org/

No comments: