Wednesday, 19 November 2008
Statement by the Press Secretary on Burma
အငိုဒုက္ခ တိုင်းပြည်
လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။
တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။
ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။
သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။
ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။
အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။
သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။
ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။
ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
ကောင်းကင်ကို
ထိမိတဲ့စာသားတွေဖြင့် ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင် နေသော ကောင်းကင်ကို အားကျေးဇူးအထူးတင်ရှိပါသည်။
Tuesday, 18 November 2008
ဒီမိုကရေစီ တိုက်ပွဲကို အရှိန်မြှင့်တိုက်ကြ ရတော့မည်
တက်ကြွလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသော်လည်း စစ်အစိုးရအနေဖြင့် အနိုင်ရသွားခြင်း မဟုတ်ကြောင်း နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယုံကြည်ကြသည်။
ယနေ့ကျရောက်သည့် ၆၉ နှစ်မြောက် နိုင်ငံတကာ ကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် မြို့တော် နယူးဒေလီတွင် ကျင်းပသည့် အခမ်းအနား၌ သူတို့က တညီတညွတ်တည်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"အခု လုပ်နေတာက မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ် အကျဉ်းချနေတာ။ အဲဒါ အဓမ္မ။ မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်ဖို့ လိုအပ်တယ်။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲက မပြီးဆုံးသေးပါဘူး။ တိုက်ပွဲကို ပြီးဆုံးသည့်တိုင်အောင် စည်းလုံးညီညွတ်မှုနဲ့အတူ တိုက်ပွဲဝင်သွားမယ်" ဟု အရှင် ဦးပညာသီရိက အခမ်းအနားတွင် မိန့်ကြားသည်။
ဦးပညာသီရိသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ လင်တန် ရဲဘက်စခန်းမှ အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်လာသူ အကျဉ်းကျခံခဲ့ရသည့် သံဃာတော်တပါး ဖြစ်သည်။
''ပြည်သူတရပ်လုံး လွတ်မြောက်နိုင်ဖို့အတွက် ရှေ့တန်းက သွေးချောင်းစီးတဲ့ တိုက်ပွဲတွေကို ဦးဆောင်နေတာက ထုထည်ကြီးမားတဲ့ ကျောင်းသားလူငယ်တွေဖြစ်တယ်။ အာဏာရှင်တွေက ဘယ်လိုပဲ နှိမ်နင်းနေပါစေ တော်လှန်ရေး၊ ဒီမိုကရေစီရေးအတွက် ပေါင်းကူးတံတားအဖြစ် ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြအုံးမှာ ဖြစ်တယ်'' ဟု ရခိုင်အမျိုးသားကောင်စီ (ANC) မှ တွဲဖက်အတွင်းရေးမှူး (၂) ကိုမောင်လူကြီးက ပြောသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး လှုပ်ရှားမှုအပြီး စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလာခဲ့သည့် ၈၈ ကျောင်းသားများ အများအပြားဖြင့် ၁၉၉၄ ခုနှစ် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) မှ ဥက္ကဌဖြစ်သူ ကိုကျော်သန်းကလည်း ပြည်တွင်းရှိ ကျောင်းသားထုသည် စစ်အာဏာရှင်စနစ်အား ဖိနှိပ်မှုကြားကပင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုသာ ယုံကြည်ကြောင်း ပြောသည်။
"ကျောင်းသားတွေကို ဒီမိုကရေစီ တောင်းရုံနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်တယ်။ ကမ္ဘာမှာ မကြုံဖူးတဲ့ ဖိနှိပ်မှုတွေ ခံနေရတယ်။ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ၆၅ နှစ် နှစ်ရှည်ထောင်ဒဏ် ချလိုက်တဲ့ အပေါ်မှာ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းဇေယျာက '၆၅ နှစ်တဲ့လားကွာ' ဆိုတဲ့ စိန်ခေါ်တဲ့ စကားတွေက ကျောင်းသားထုတွေထဲမှာ ဗမာကျောင်းသားထုရဲ့ သတ္တိနဲ့ ပိုင်းဖြတ်မှုတွေကို ကိုယ်စားပြုတဲ့ သဘော ရှိတယ်" ဟု ကိုကျော်သန်းက ပြောသည်။
နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် ပေါ်ပေါက်လာပုံမှာ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နာဇီဖက်ဆစ်များက ချက်ကိုစလို ဗက်ကီးယားနိုင်ငံအား သိမ်းပိုက်မှုနှင့် ဖက်ဆစ်ဝါဒကို ပရာဂ် (Prague) တက္ကသိုလ်မှ ကျောင်းသားများက ရဲဝံ့စွာ အာခံခဲ့ကြရာ ကျောင်းသားတဦး ကျဆုံးခဲ့ပြီး ကျောင်းသား ၁၂ ဦးအား ခုံရုံးမှ အပြစ်ပေး ကွပ်မျက်ခဲ့သလို၊ ထောင်ပေါင်းများစွာသော ကျောင်းသားများအား ဖိနှိပ်ရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရမှုမှ စတင်ခဲ့သည်။ ထိုစဉ်က နိုင်ငံတ၀ှမ်းရှိ တက္ကသိုလ် ကောလိပ်များကိုလည်း ပိတ်ပစ်ခံခဲ့ရသည်။
၁၉၄၁ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပသော နိုင်ငံတကာ ကျောင်းသားများ ကောင်စီမှ နိုဝင်ဘာလ ၁၇ ရက်နေ့ကို နိုင်ငံတကာ ကျောင်းသားများနေ့အဖြစ် သတ်မှတ်ကာ အာဏာရှင်နှင့် ဖိနှိပ်မှု၊ သွေးစုတ်မှုများအား ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတ၀ှမ်းရှိ ကျောင်းသားအဖွဲ့အစည်းများက အခမ်းအနားများ ကျင်းပခဲ့ကြသည်။ နိုင်ငံပေါင်း ၁၂၀ ခန့်မှ ကျောင်းသားအဖွဲ့အစည်း ၁၆၀ ခန့် ပါဝင်ဖွဲ့စည်းထားသည့် International Union of Students ၊ International Union of Sodalist Youth နှင့် World Federation of Democratic youth က အခမ်းအနားများကို ဦးစီးကာ ပိုစတာများ၊ လက်ကမ်းစာစောင့်များ ထုတ်ဝေဖြန့်ဝေကာ နှစ်စဉ် ကျင်းပလာခဲ့ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအ၀င် ခေါင်းဆောင် ၂၁ ဦးထက်မနည်း ထောင်ဒဏ် ၆၅ နှစ်အထိ မြန်မာစစ်အစိုးရက ပြစ်ဒဏ်ချခဲ့သလို၊ အခြားသော ကုန်ဈေးနှုန်းကျဆင်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သူ အန်အယ်ဒီ ပါတီဝင်များ၊ သံဃာတော်များနှင့် လူ့အခွင့်အရေးသမားများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ဓားစားခံဘဝ
မွေးရပ်ဋ္ဌာနှီ ဇာတိမြေကို
နင်းချင်သော်လည်း တစ်မြေထဲမွေး
လူသားချင်းတောင် သွေးခွဲချယ်လှည်
လူမျိုးဘာသာ နှိပ်ကွပ်စော်ကား
လူ့အခွင့်အရေး ချိုးဖောက်မှူ၏
ဓားစားခံဘဝ နာကျည်းမူများ
ရင်ဝယ်ပိုက်၍ အမိမြေမှ
မျက်ရည်စက်လက် ထွက်ခွါခဲ့သော
ထိုသူများ၏ ကြွေးကြော်သံများ......
အမှန်တရား၏ ခါးသက်သက်
တရုပ်ဆင်းရဲတုန်းက တရုပ်ဘိန်းစား တရုပ်ပေါက်ဖော်တဲ့
တရုပ်ချမ်းသာတော့ တရုပ်အားကိုး ကပ်ဖားကြတယ်။
ကုလားဆီကယူခဲ့တဲ့ဘုရားနဲ့သာသနာကို ဦးချ
ကုလားကိုတော့နှိမ်ချတယ်။
အနောက်တိုင်းတွေကို မုန်းတီးရေးလုပ်
သူတို့ကောင်းစားရေး အနောက်တိုင်း ပညာသင်ကြဟေ့တဲ့။
ကပ္ပလီ အာဖရိကန်ကို အပြင်ရုပ်နံကြည့်ပြီး အထင်သေး
၂၀၀၇ အရေးမှာ ကပ္ပလီပဲ လာညှိနှိုင်းပေးရတယ်။
ဪ........လူတွေများ မာနမချမခြင်း ဒုက္ခပင်လယ်တွင် တဝဲဝဲလည်။
အမှန်တရားဆိုတာခါးတတ်တယ်။ အခါးကုန်သွားပြီးရင် အချိုကျန်ခဲ့မယ်။
စစ်မှန်တဲ့ဒီမိုကရေစီ မြန်မြန်ရပါစေ။
(Mei Mei)
ကဗျာပို့ပေးသူ မမီးမီး အားကျေးဇူးအထူးတင်ရှိပါသည်။
Demostration in front of Brutal Regime's Embassy in London

There was a protest held in front of Brutal Regime's embassy in London, to reveal their inhuman and disgraceful long-terms imprisonment to student leaders, political activists, honourable monks and innocent civilians who
devote there lives to their country and people of Burma.

Last week many political activists were sentenced for 65 years, 14 years and 12 years variously.
Monday, 17 November 2008
မောင်တို့ ကြားကြ ကုန်လော့။ မယ်တို့ ကြားကြ ကုန်လော့။
ကျုပ်လည်း ငယ်ရွယ် နုပျိုစဉ်ကတော့ မိုးကိုချည်း ဒူးနဲ့  တိုက်ခဲ့ တာကလား။ တိုက်ခဲ့  သမှ မိုးနဲ့ ဒူးနဲ့  တိုက်သံ တိန်တိန် နဲ့  စိန်ဗေဒါကြီး လက်သံ လိုတောင်နေ သေး။ အရွယ်လေး ရလာတော့ ဒူးကိုအနားပေး မဂ်တရား ဖိုလ်တရားလေးနဲ့ နေမယ် ကြံပါတယ် ၊ နေလို့ မရ ဘူးဗျာ ။ တခါတခါ စိတ်ထဲ မှာ.... ဟယ်လို ..ဟယ်လို.. ဘင်လာဒင် ၊အိုင်အမ် မင်းဒင် ၊အိုင်နိ ယူဝါ ဟဲ့လ်ပ၊ တောင် ရွတ်မိတဲ့  အထိ ။
....................................
ကျုပ်တယောက်တည်း နေမရတာ မဟုတ်ဘူး ဗျ။ မြန်မာလူမျိုး လူစိတ်ရှိတဲ့ သူတိုင်း ကိုနေ မရအောင်ဖြစ်နေတာ ။ ကျုပ်အသိ ရှိရှိသမျှ ပညာတတ်တွေကော ကူလီတွေ ပါ သေနတ် ရှိလား လှမ်းလှမ်းမေးနေပြီ။တကယ့်ကို လူယဉ်ကျေး ပညာတတ် အင်္ဂလန်က ကျုပ်မိတ်ဆွေ တယောက် ဆို မခံသာလွန်းလို့ ထင်ပါ့ ။ စစ်အစိုးရ ဆိုတဲ့ ကောင်တွေ ကုလားထိုင် သွားထိလို့ ကတော့  ဘုန်းတော်ကြီး တွေ ပါမကျန်အောင် ရိုက်သတ်၊ သူ့ နှမ ဟဝှာပြု မိတာထက်ဆိုး တယ် ဆိုတဲ့  ခပ်ရိုင်းရိုင်း စကားတွေတောင် ပါလာသဗျာ။
ဘယ်နေလို့ ရကြပါ့ မလဲ ဗျ။ မြန်မာမင်းများ ရက်စက်ပုံ ကမ်းကုန်လွန်းလို့ ။အစိုးရမင်းများက ရုံးပိတ်ရက်တောင် မနားပဲ တက်တက်ကြွကြွ ကို ထောင်ချပွဲကြီး ဝှဲချီးကျင်းပနေတုန်းပဲဗျို့  ။ ၆၅ နှစ် စီးရီးက မပြီးသေးဘူးဗျ။ မင်းကိုနိုင်၊ ကိုကိုကြီး ၊ကိုဌေးကြွယ် အပါအဝင် နောက်ထပ် ကိုးဦးကိုလည်း ရဲဘော်များနဲ့ သာတူညီမျှ ၆၅ နှစ်ပါပဲတဲ့ ။ ဒါလည်း ပုဒ်မတွေက ကမ္ဘာကုန် ကျယ်သရွေ့  ကျန်နေသေးသတဲ့  ဗျာ။ ကျန်တဲ့ အယောက်လေးဆယ် နီးပါးလည်း အသီးသီး အဿက အဿက ထောင်ဒါဏ်တွေ ရနေကြတုန်း ဗျာ။ မြန်မာပြည်ကြီး တိုးတက်ကြီး ပွား စေချင်တဲ့ ပုဂ္ဂိုလ်မှန်သမျှ ထောင်ထဲဝင်နေကြ ဆိုတဲ့  ပေါ်လစီ ပါလားဗျာ။
....................................
မပြောချင်လို့  ရေငုံနေတာ ဗျ။
တိုင်းပြည်ကသာ ဖြူကာဖျာကာ ကျနေတာ ၊ အစိုးရမင်းများက နန်းတော်ကြီး တွေထဲမှာ တနေ့  ဟင်းဆယ့်ခြောက်မျိုးနဲ့ စားနေတာ ကျုပ်က သိနေတယ်။ ဖြီးတယ် မထင်နဲ့ ။ အတိအကျပြောတာ ။ ကျုပ်မိတ်ဆွေ ဗိုလ်မှူးဟောင်းတယောက် လွန်ခဲ့တဲ့  နှစ်လကပဲ မြန်မာပြည်ရဲ့ ဒုတိယ အကြီးဆုံး ခေါင်းဆောင်အိမ်ကို ရောက်ခဲ့သေးတယ် ဗျ။
နေပြည်တော် အဝင်လမ်းမကြီး ရဲ့  ညာဖက်ခြမ်းက ဝန်ကြီးဌာန ရုံးတွေ ၊ဘယ်ဘက်ခြမ်း က အစိုးရမင်းများ ရဲ့ စံနန်းတော်တွေတဲ့ ၊နန်းတော်တွေ အဝင် လမ်း အဝမှာ လက္မတစ်ရာ ဧရာမ တီဗွီတွေ တပ်ထားပြီး ရုပ်ကော အသံပါ ဖမ်းထားသတဲ့ ။ စီးလာတဲ့ ကားတွေ အပြင်မှာ ထားခဲ့ ရတယ်။ ဂေါက်ကွင်းမှာ သုံးတဲ့  ကားသေးလေး(GOLF BUGGY)တွေနဲ့  လာကြိုတာ လိုက်သွားရသတဲ့ ။
ဆွေစဉ်မျိုးဆက်ချမ်းသာလာတဲ့  ကျုပ်မိတ်ဆွေတောင် နန်းတော်ကြီးကို ကြည့်ပြီး မှင်တက်မိ သွားသတဲ့ ။ သူပါ အဲဒီနန်းတော်မှာ ထမင်းတနပ်စားခဲ့တာ ဟင်း ဆယ့်ခြောက်မျိုးဆိုပဲ၊ ကျုပ်ကိုလည်း တရားဟောသွားလေရဲ့ ။ ကိုမင်းဒင် စိတ်သာချ ။ ဒီလို နန်းတော်မျိုးက ထွက်တော်မူ၊ ဖယ်ခွာပေးဘို့ ဆိုတာ အိပ်မက်တောင် မမက်ပါနဲ့ တော့ တဲ့ ။
............................................
ကျုပ်လည်း စိတ်ထဲ ခပ်ချဉ်ချဉ် ရှိတာနဲ့ .... ဦးရွှေအောင်.. ရေးတဲ့ ၁၉၄၄ ခုနှစ် ထုတ် မဏိဇောတ ဘာသာရေး မဂ္ဂဇင်း အတွဲ (၁)၊ အမှတ်(၂) ၊ ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း (၂) ထဲက စာသား တချို့  လှန်ပြလိုက်မိတယ်၊ အဲဒီ စာပိုဒ်မှာ .... ။
... လောက၌ အမြဲထာဝရ အခိုင်အမာ အနေဖြင့် တစုံတခု ရှိသည်ဟု ယူခြင်းသည် အမြင်မှား ဖြစ်၏။ ထိုအမြင်မှားသည် ဘဝခရီး၌ သံသရာ၏ ဆွဲအား ဖြစ်၏။ ဆိုဆွဲအား ကို ဖယ်ရှားအပ်၏။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လောက၌ အခိုင်အမာ အမြဲထာဝရ တည်ရှိနေသော တစ်စုံတခု ဟူသည် မရှိဟု ပြောဆိုသူ များပါ၏။သို့ ရာတွင် ပြောဆို သည့်အတိုင်း ယုံကြည်သူကား နည်းပါးလေ၏။ ထို့ ကြောင့် မိမိတို့ ၏ ဘဝမှတ်တမ်းကို ကမ္ဘာတည်သရွေ့  တည်အောင်ဟူသော ရည်ရွယ် ချက်ဖြင့် အားထုတ်ခြင်း ဖြစ်၏။ မတည်ပဲ ပျက်ကာမှ ပျက်ရော ၊ကမ္ဘာတည်သရွေ့ တည်အောင် ဟူသော ရည်ရွယ်ချက်ဖြင့် အားထုတ်သည်ကတော့  အမှန်၊
ထိုသို့  ကမ္ဘာတည်သရွေ့ တည်အောင် ဟူသော ရည်ရွယ်ချက်ဖြင့် အားထုတ်ခြင်းကာ ဘဝ တဏှာသာ ဖြစ်၏။ ဘဝတဏှာသည် သဿတ ဒိဋ္ဌိ နှင့် ယှဉ်၏။ ထို့ ကြောင့် ယင်းကို အမြင်မှား ဟူ၍ ဆိုရ၏။
အမှန်အားဖြင့် ဤလောက၌ ကာလမှ လွတ်သော တစုံတရာ ဟူ၍ မရှိ။ ကာလမှ လွတ်သော အရာဟူ၍ နိဗ္ဗာန်သာ ရှိ၏။ နိဗ္ဗာန်သာ ကာလ၏ အရှိန်အဝါမှ လွတ်၏။ ထို့  ကြောင့် နိဗ္ဗာန်သာ အစဉ်အမြဲ တည်ရှိနိုင်၏။ နိဗ္ဗာန်မှတပါး ကာလမှ အလွတ် တစ်စုံတစ်ရာ ဟူ၍ မရှိကောင်းသောကြောင့် အရာဝတ္ထု ဟူသမျှတို့ သည် သက်ရှိဖြစ်စေ၊ သက်မဲ့ ဖြစ်စေ၊ တစ်ခုသော အချိန်တွင် ဖြစ်၍ တစ်ခုသော အချိန်တွင် ပျက်ရမည်ကား ဓမ္မတာ ဖြစ်၏။...
လို့ ရေးထားသဗျာ။
.....................................
မြန်မာပြည်ကြီး ဖြစ်ချင်ရာဖြစ် ငါ့ဘာမှ မဖြစ်သရွေ့ ၊ အေးအေးနေမယ် ဆိုတဲ့  ပုဂ္ဂိုလ်တွေ အတွက် လည်း တရားလက်ဆောင်ပါးချင်သေးတယ် ဗျာ။ စောစော က ဆရာဦးရွှေအောင်
ရဲ့  ဆောင်းးပါး ပါပဲဗျာ။
လောကတွင် အတ္တဟိတ လည်း ရှိ၏။ ပရဟိတ လည်း ရှိ၏၊။ အတ္တဟိတ သက်သက်ကို ဆောင်ရွက်သူလည်း ရှိ၏။အစွန်းရောက် ဖြစ်၏။ ပရဟိတ ကိုဆောင်ရွက်သူသည်လည်း အစွန်းရောက် ဖြစ်၏ ။
အမှန်အားဖြင့် လူဟူသည် အတ္တဟိတကိုလည်း ဆောင်ရွက်ရ၏။ ပရဟိတ ကိုလည်း ဆောင်ရွက် ရ၏။ မြတ်စွာဘုရားသည် အတ္တဟိတ နှင့် ပရဟိတ္တ နှစ်မျိုးစလုံးကို ဆောင်ရွက် သူ ဖြစ်၏။ မြတ်စွာဘုရား၏ ကျင့်စဉ်မှာလည်း အတ္တဟိတ နှင့် ပရဟိတ နှစ်မျိုးလုံးကို ဆောင်ရွက်ခြင်း ဖြစ်၏။ နှစ်မျိုးလုံးကို ဆောင်ရွက်မှ မဇ္ဈိမ ပဋိပဒါ ကျလေ၏ ... တဲ့  ။
..............................
ဓမ္မကြောင်းကို နားမဝင်နိုင်သူများ ကိုထိုက်ဘလော့ ဂ် မှာ တင်ဘူးတဲ့ ပုံပြင်လေး ကို ဖတ်စေ့ချင်သဗျာ..
.........................
ကြွက်ထောင်ချောက်.... တဲ့ ။
ကြွက်ဟာ အက်ကွဲနေတဲ့  အုတ်နံရံကြားကနေ လယ်သမား လင်မယား အထုပ်တထုပ် ဖြေ နေတာ ကို စိတ်ဝင်တစား ကြည့်နေလေရဲ့ ။ အထဲမှာ ဘာမုန့် များပါမလဲ လို့  မျှော်တလင့် လင့် နဲ့  ကြည့်နေတယ်။ ဒါပေမဲ့  စိတ်ပျက်စွာ တွေ့ လိုက်ရတာက ကြွက်ထောင်ချောက်တခု ။ လယ်သမားကြီးဟာ တစ်နေရာမှာ သွားချထားလိုက်တယ်။ ဒါကို မြင်လိုက်တဲ့  ကြွက်ဟာ အသားကုန်အော်ပြီး လယ်ကွင်းထဲကို ပြေးထွက်သွားတယ်။ အားလုံးသိစေချင်လို့  အသိပေး တဲ့  သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့ ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ် ဗျို့ ။
မြေကြီးကို ခြေထောက်နဲ့  ယက်ပြီး အစာရှာနေတဲ့  ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့  လေသံနဲ့ ပြောလိုက်တယ်။ အော် .. ကိုကြွက်ရယ် ။ မင်းအတွက်တော့  သေတွင်းပဲလို့ ငါပြောလို့  ရတယ်။ ဒါပေမဲ့  ငါ့အတွက်တော့ အလကားပါ။ဘာမှ မဟုတ်တဲ့ ကိစ္စ ခေါင်းလာ မရှုပ်ပါနဲ့ ကွာ။
ကြွက် က ဝက်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ် ဗျ လို့  ပြောလိုက်တယ်။ ဝက်က ကရုဏာသက်တဲ့  မျက်နှာပေးနဲ့  ကြည့်ပြီး ပြောလိုက်တာက .. အတော်လေးကို စိတ်မကောင်းပါဘူး ဗျာ။ တကယ့်တော့ ကျနော့် အနေနဲ့  ခင်ဗျားကို ဆုတောင်းပေးရုံ ကလွဲလို့  ဘာမှ မတတ်နိုင်ပါဘူး။ သေချာတာတခု ကတော့  ခင်ဗျား အတွက် ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက်ကို လှည်ြ့ပီး အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတဲ့  အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ..... ဝိုး ဝိုး... ။ဝမ်းနည်းပါတယ်ဗျာ။ ဒါပေမဲ့  ကျနော့်  နှာခေါင်း ကိုတော့  ညှပ်စရာအကြောင်းမရှိဘူးလေ လို့ ပြန်ပြောလိုက်တယ်။
.................................
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက် ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ "ဗြောင်း" ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင် ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။ အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံ လိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။
အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီး ဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။
ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။ နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွား ရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။.....
ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
.............................................................................
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက
တစ်ယောက်ယောက် ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီးဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန်ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေ အတွက်ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။
"မတရားမှုတခုမှာ သင်ဟာ ကြား(ဂျား) နေတယ်ဆိုရင် ... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
...................
ကဲ ...။ သဘောတူကြပါသလား ဗျာ..
...................
ကျုပ်ဟာ လူဆိုးလူမိုက် ပေါင်းစုံနဲ့  ပေါင်းခဲ့ဘူးသူပါ။ မိုက်တာ၊ ဆိုးတာကို ကျုပ် လက်ခံနိုင်တယ် ။ ပက်စက်၊ ယုတ်မာတာ ကို ခွင့်မလွှတ်နိုင်ဘူးဗျာ ။တွေ့ ဆုံဆွေးနွေးရေး ဆိုတာကို ကြည့် ၊ ဦးအောင်ကြည် ကို ဆက်ဆံရေးဝန်ကြီးခန့် တယ်။ တတိုင်းပြည် လုံးမွဲသမျှ ကျမ အပြစ်ပါရှင် ဆိုပြီး အနိုင်ကျင့် ဝန်ခံခိုင်းတယ်။ ကျုပ်လိုကောင်ကတော့  နားအေးပြီးရော ငြိမ့်ချင်ငြိမ့် မပေါ့ ။ သီလသမာဓိ၊ ကိုယ့်ကျင့်တရား၊ ခံယူချက်နဲ့  ဒေါ်အောင်ဆန်း စုကြည်က သူ့ အဖေ ဂုဏ်ပျက် အောင် အရူးတွေ ပြောတိုင်း ဘယ်ခေါင်းငြိမ့် ပါ့မလဲ ဗျ။
...............................................
ဘယ်ပြဿနာ မဆို လူလို ရှင်းရင် အလွယ်လေးပါဗျာ။
လိုလျှင်ကြံဆ နည်းလမ်းရသတဲ့  ဗျာ့ ။ ကျုပ် ကိုယ်တွေ့ လေး ပြောပါရစေ ။ ကျုပ်မှာလည်း နှမလေး တယောက်ရှိပါတယ် ။ ကျုပ်တို့  မွေးချင်းရှစ်ယောက်မှာ အမတယောက် ညီမတယောက် သာပါတော့  ဝိုင်းချစ်ကြတာပေါ့ ဗျာ။ မောင်ဖွား တွေ ဆိုတော့  နှမလေးကို မတော် တရော် မဖြစ်ရအောင် ထိန်းရသပေါ့ဗျာ။
ကျုပ်က အိမ်မှာ အထိုက်အလျောက် သြဇာလေး ရှိတော့  နှမလေးကို သူများထက်ပို ဆိုမိ ပြောမိသဗျ။ ဒါကို ကျုပ်နှမက ကျုပ်ရှိလို့ သူအိမ် မှာ မနေ ပါဘူး ဆိုသဗျာ၊ အိမ်ကနေထွက် ထွက်သွားတယ် ။ ယောက်ျားနောက် လိုက်တာတော့ မဟုတ်ရှာပါဘူး ။ သူ ခင်ရာ သူငယ် ချင်းတွေ အိမ် ထွက်ထွက် သွားတာ၊ သူ တခါ တခါ ထွက်သွားပြီ ဆိုရင် ကျုပ်မှာ ခေါင်းမီးကို တောက်လို့ ။အရွယ်ကလည်း နှစ်ဆယ်ဝန်းကျင် ဆိုတော့ ကျုပ်လည်း လိုက်ရှာ ၊ ပြန်ထိန်း ၊ ဆူရ ပူရ ၊ တခါတခါ လည်း လက်ပါ ရသပေါ့။
နှစ်ခါသုံးခါ ဖြစ်လာတော့  ဒီလိုတော့ ဆက်ဖြစ်လို့  မသင့်ချေဘူး ဆိုပြီး နည်းလမ်းရှာရတော့ တာပေါ့ ဗျာ။
..........................................
တကယ်တော့ ကျုပ်က ကျုပ်နှမလေးကို ချစ်လွန်းလို့  တင်းကြပ်နေတာဗျ။ မုန်းလို့  မဟုတ်ဘူး ။ သူနားလည်မဲ့ နည်းကို ကျုပ်စဉ်းစားမိတာနဲ့  သူ့ ကို လိုက်ခေါ်လာပြီးတဲ့ တနေ့  မှာ နှမလေးကို ဘာမှ ဆူတာပူတာ မလုပ်ပဲ ခုံမှာ အသာလေး ထိုင်ခိုင်းထားတယ်၊ ပြီးတော့ ကျုပ်က လေအေးလေးနဲ့  ငါ့ညီမ .... ။ ကိုကြီး က ငါ့ညီမ ကို မုန်းလို့  နှိပ်စက်တယ် လို့  များ ထင်နေရော့ သလား ။ ကျုပ်က အိမ်တိုင် ကို လက်နဲ့ ဖက်ပေးလိုက်တယ်။ နောက် ကျုပ် အောက်က ညီကို ခေါ်ပြီး မင်းငါ့ကို ကြိုးခုန်တဲ့  ကြိုးနဲ့  မညှာမတာသာ ရိုက်စမ်းကွာ ဆိုပြီး ခပ်ထန်ထန် အမိန့် ပေးလိုက်တယ်။
.........................
ကျုပ်ညီက လည်း ကျုပ်ကို ကြောက်ရသူဆိုတော့  ရုတ်တရက်တော့  ကျုပ်ကို မရိုက်ရဲ ရှာ ဘူး ။ သုံးကြိမ်လောက် ခပ်ထန်ထန် ပြောမှ အသားကုန် သုံးချက်စွတ်ရိုက်ပြီး မျက်ရည် စက်လက်နဲ့  ထွက်သွားသဗျာ ။
ကျုပ်လား ။ ကျောမှာ စုတ်ပြတ်ပြီး သွေးတစက်စက် ကျလာတော့ တာပဲ ၊ နာတော့ နာ တယ် ၊ ကျုပ် ဝမ်းမနည်းဘူး ၊ ဒီမှာတင် ကျုပ် နှမလေးလည်း ငိုလိုက်တာ ကြူကြူကို ပါ လို့  ၊ နောက် ဆို အိမ် က ထွက်ဘို့  လေသံတောင် မဟ တော့ ဘူးဗျာ။ ကျုပ် တခွန်းပြောလိုက် တာနဲ့  ငြိမ် ပဲ။ ဟော .. ။အခု ကျုပ် အသက် ငါးဆယ် ဝန်းကျင် ကျုပ်နှမလေးကလေးဆယ် ဝန်းကျင် သံယောဇဉ် ကြီးကြတုန်း ပါဗျာ၊
ပြဿနာ အေးဘို့ ဆိုတာ အားကြီးသူက စ ပြီး လျော့ ရတာ ဗျ။
လက်ရှိ အစိုးရမင်းများ လုပ်ပုံဆို ကျုပ်နှမလေးကို ပုဒ်မ ၁၀(က) နဲ့  အိမ်ထဲပိတ်ထား ။ ခဏ အပြင်ထွက် ဆိုပြီး လူမိုက်ငှား ရိုက်သတ် ရမလို ဖြစ်မနေ ဘူးလား၊
.........................
လူစိတ်မမွေး လို့ ကတော့ အစဉ်အလာ မကောင်းနိုင်ဘူးဗျ။
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့  အစိုးရမင်းများရဲ့  အစဉ်အလာ ဟာဘယ်တုံးက မှမကောင်းခဲ့ပါဘူး။
ခုခေတ်လူငယ်တွေ့ ကြားဘူးသာရုံသာ ရှိပြီး မကြုံဘူးလိုက်တဲ့ ဦးနေဝင်းဆိုတာ နေမဝင် အာဏာရှင် စာရင်းဝင်ခဲ့တာဗျ။ အခုလက်ရှိ အာဏာ အရှိဆုံး ဆို တဲ့  ပုဂ္ဂိုလ်တောင် ဦးနေဝင်းရှေ့ မှာ ကုတ်ကုတ်လေး နေရသတဲ့ ဗျာ။ ကျုပ် ရမ်းသမ်းပြော တာမဟုတ်ရပါဘူး။ ကျုပ်မိတ်ဆွေ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးမြတ်နိုး ဆိုတဲ့  ပုဂ္ဂိုလ် ပြန်ပြောပြတာပါ။ သူမြင်ခဲ့ တာက ထောက်လှမ်းရေး အကြီးအကဲ ဟောင်း မျက်မှန် တင်ဦး အသုဘမှာတဲ့ ။ ဗိုလ်ချုပ်မှူးကြီး ဆိုတာ ဦးနေဝင်းရှေ့ မှာ ကြောင်ရှေ့ ရောက်တဲ့  ကြွက်လို ကုပ်ကုပ် ကလေး ဆိုပဲ။ဟော..။ အဲဒီ နေမဝင် အာဏာရှင် ဦးနေဝင်း သေ တော့ အသုဘ လိုက်ပို့ တာ ဆယ့်ခွန် နှစ်ယောက်ပဲ ရှိသတဲ့ ။မသေခင် လည်း သူ့ မြေးတွေ သေဒါဏ် အမိန့် ပေးခံရတာကို ကြုံသွားရသေးဗျာ။
............................................
သူ့ နောက် မှာ ကလေးလူကြီး မကျန် မဲမဲမြင် စွတ်ပစ်ခိုင်း(I SAVE BURMA) ဆိုပြီး အာဏာသိမ်းခဲ့ တဲ့  မောင် ၊ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့  ရာထူးကို စထွင်ပြီး ပုခုံးပေါ် စထွင်ပြီး တပ်ခဲ့တဲ့  ဦးစောမောင် လည်း စိတ်မနှံ့ ဘူး အပြောခံရပြီး ပြုတ်သွားရှာတာပဲ ဗျာ။ပြုတ်ပြီး မကြာခင် လူမသိသူမသိ သေရရှာ သဗျာ၊ သူ့  ကိုယ်ရံတော် မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း ကျုပ်နဲ့ သောက်ဖော် သောက်ဖက် ဖြစ်ခဲ့ဘူး တဲ့  ဗိုလ်ကြီးတင်အေး ပြောတာ တော့  ရူးတာမဟုတ်ဘူး၊ဟသာင်္ကိုးသောင်းဇာတ် ဆိုပဲ ။
ကိုတင်အေးတို့  ကိုမြတ်နိုး တို့ လည်း အပင်လဲ အကိုင်းထင်းဖြစ် ဇာတ်ပဲပေါ့ ဗျာ။
..............................................
ဒါတင် ဘယ်ကမလဲ မောင်ရယ်။ ကျုပ်တို့ ခေတ်က လျှမ်းလျှမ်းတောက် တန်ခိုးထွား ခဲ့ ကြ တဲ့ သမတကြီးတွေဖြစ်တဲ့ ဦးစန်းယု ၊ဒေါက်တာမောင်မောင် ၊ဦးစိန်လွင်၊ ကာကွယ်ရေး ဦးစီး ချုပ်အဖြစ်တာဝန်ယူသွားတဲ့ သူရ ကျော်ထင်၊ ဝန်ကြီးချုပ် ဦးမောင်မောင်ခ ..ခမျာတို့  မှာ လည်း ဘယ်လို အလောင်း မြေကျသွားကြ မှန်းတောင် မသိလိုက်ရပါဘူး။
..............................................
ထောက်လှမ်းရေး မှူးချုပ် ၊ဝန်ကြီးချုပ် ဆိုတဲ့  မောင်ကော အခု ဘာဖြစ်သွားသလဲ။ တီဗွီ မင်းသား လို့ အခေါ်ခံခဲ့ ရတဲ့ သူ့ ခမျာလည်း စိတ်ထောင်း ကိုယ်ကြေ မုတ်ဆိတ်ကျင်စွယ် ဗလပွေနဲ့ ရွှေတိဂုံ ဘုရားပေါ် ပုတီး တက်စိပ် ချင်တာ တောင် ခွင့်ပြုမိန့် နဲ့  အစောင့်အကြပ် နဲ့  ဆိုပဲဗျာ။
ထာဝရအာဏာ လိုချင်သူတွေရဲ့ အစဉ်အလာဆိုးကြီး ဟာ လယ်ပြင်က ဆင်ခြေရာပဲဗျာ။
.........................................
စစ်ဝါဒ မြန်မာပြည်မှာ ချုပ်ငြိမ်း သွားဘို့ စစ်ဝတ်စုံ ဝတ်ပြီး အုပ်ချုပ်ရေး ယန္တရား မှာ လူတွင်ကျယ် ဝင်လုပ်နေတဲ့  စံနစ်ကြီး ပျောက်သွားဘို့  မြန်မာပြည် သားတိုင်း အပ္ပမာဒေန ၊သမ္မာဒေထ မှ ဖြစ်တော့ မဗျို့ ။
ကျုပ်တို့ လက်ရှိ မြန်မာမင်းများ အသက်သွင်းဘို့  ကြိုးစားနေဆဲ ကမ္ဘာပေါ်မှာ ခေတ်မစားတော့ တဲ့  နာဇီစစ်ဝါဒဟာ နယ်ဆင်မင်ဒဲလား သမတ ဖြစ်သွား ခဲ့တဲ့  ခေတ်ကြီး မှာ မလွဲမသွေ ကျဆုံးရမယ် ဆိုတာတော့ ယုံစေချင်သဗျာ။ ဒါမှ မဟုတ်ရင်လည်း သံဃာတောင် မချန်တဲ့  မောင်တွေ နတ်ပြည်နိဗ္ဗာန် ရောက်တယ် လို့ သာ ယုံစရာလမ်း ရှိတော့ သဗျ။
မြန်မာပြည်ကြီး လွတ်မြောက်ဘို့  ၊ဒီမိုကရေစီ ရဘို့ ဆိုတာ ဝေဘူဆရာတော်ကြီးဟောတဲ့  တရားရှာနည်း အတိုင်းသာ ကျင့်နိုင်ရင် အလွယ်လေး ပါဗျာ။ ဝေဘူဆရာတော်ကြီး က တရားဘယ်လို ရှာခိုင်းတယ် ဆိုတာ ဖတ်သာကြည့်ပေတော့ ဗျို့ ။
ဝေဘူဆရာတော်(မေး)။ ။ အခုဒကာ၊ ဒကာမကြီးများဟာ အခုလို တဆက်တည်း ပါအောင် အချိန်တိုင်း အချိန်တိုင်း လုပ်ကြရဲ့ လား။
ဒကာ၊ဒကာမ(ဖြေ)။ ။ အချိန်တိုင်း အချိန်တိုင်း ပါအောင် လုပ်ကြပါပြီ ဘုရား။
မေး။ ။ ဘယ်နေရာမှ မလပ်ဘူးလား။
ဖြေ။ ။ လပ်တဲ့ နေရာလည်း ရှိပါလိမ့် မယ် ဘုရား။
မေး။ ။ ဘယ်လောက်များလိုနေပါလိမ့်။
ဖြေ။ ။ လိုနေတာကတော့ ဖြင့် အများကြီး ထင်ပါရဲ့ ဘုရား။
မေး။ ။ အခုလုပ်ကြပြီ ဆိုပြီးတော့ လိုနေတာ အများကြီး ဆိုပြန်ပြီ။ ကဲဗျာ။ တပိဿာမှာ ဘယ်လောက်လိုနေ သလဲ ။
ဖြေ။ ။ တပိဿာမှာ တပိဿာပဲ လိုနေပါတယ် ဘုရား။
မေး။ ။ ဒါဖြင့်  နည်းနည်းပဲ လိုပါတော့လား။
ဖြေ။ ။ တပည့်တော် တို့ က ပါးစပ်ကသာ လုပ်နေကြတာပါ ဘုရား။
ဝေဘူဆရာတော်။ ။ လုပ်ကြဗျာ့ ။ ဘယ်ကစ လုပ်ရမလဲဆိုရင် ကိုယ့်အိမ်က စပြီးလုပ်ကြ။ အိမ်နီးနားချင်း မပါချင်နေပေ့စေ။ ကိုယ့်အိမ်က စပြီး လုပ်ကြ။ ဟုတ်ရဲ့ လား။
..............................................
ကဲ တွေ့  လား။ ဒီနည်းအတိုင်းသာ ကျုပ်တို့ အားလုံးလုပ်နိုင်ကြရင် ဒီမိုကရေစီ ဆိုတာတင်မကဘူး။ မဟာပထဝီ မြေကြီးပါ အိုးထိန်းစက်လို လည်သွား ပါလိမ့် မယ်ဗျာ။
စင်္ကြာဝဠာတိုက်တသောင်းက အက်ကွဲ မည်ဟည်း သံတွေ ပေါ်ထွက်လာပါလိမ့်မယ် ဗျာ။
ကိုမင်းဒင် blog မှရယူပါသည်။ လေးစားလျှက်ပါ ကိုမင်းဒင်။
ထောင် ၆၅ နှစ်ချပြီးတာတောင် ကြောက်စိတ် မကုန်သေးတဲ့ နအဖ(နွားအဖွဲ့)
ယနေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဥာဏ်လင်းနှင့် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်တို့အား ရန်ကုန် အင်းစိန်ထောင်မှ ကရင်ပြည်နယ် ဘားအံထောင်သို့ ပြောင်းရွှေ့လိုက်သည်။
"ကျနော် ခုနမှ အင်းစိန်ကို သွားပြီး မေးတယ်။ တာဝန်ရှိတဲ့လူက ဘားအံကို ပြောင်းလိုက်ပါတယ်လို့ ပြောတယ်၊ နေဘုန်းလတ်ရော။ ဘယ်အချိန် ပို့လိုက်တယ်ဆိုတာက အသေးစိတ်မသိဘူး" ကိုဥာဏ်လင်း၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။
ကိုနေဘုန်းလတ်ကိုလည်း ဘားအံသို့ ပို့ဆောင်သည်ဟု ကြားသိရကြောင်းနှင့် လာမည့် ကြာသပတေးနေ့တွင် ထောင်ဝင်စာ သွားတွေ့မည်ဟု မိခင်ဖြစ်သူ ဒေါ်အေးသန်းက ပြောသည်။
ကိုဥာဏ်လင်း၏ မိသားစုဝင်က " သူတို့ကို ထောင်ဒဏ် ၆၅ နှစ် ချလိုက်တော့ ပေါင်းလိုက်ရင် နှစ် ၁၀၀ ကျော်နေပြီ။ ဆိုတော့ လူ့သက်တန်း ကုန်နေပြီ။ ဒီကြားထဲမှာ ထောင်ထဲမှာ ဘာမှ တုံ့ပြန်၊ စိုးရိမ်စရာ မရှိတော့တဲ့ ဘ၀ကို အေးအေးဆေးဆေး နေထိုင်ခွင့်လေးတောင် ပေးသင့်တယ်လို့ ယူဆတယ်လေ။ အဲဒီ နေထိုင်ခွင့်လေးတောင် မပေးဘူးဆိုတဲ့ သဘော သက်ရောက်နေတယ်လို့ မြင်တယ်" ဟု ပြောသည်။
ယမန်နေ့ကလည်း ထောင်ဒဏ် ၆၅ နှစ် ချမှတ်ထားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးအား ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်သည်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှပင် ကိုအောင်သူအား ကချင်ပြင်နယ် ပူတာအို၊ ကိုလှမျိုးနောင်အား မြစ်ကြီးနား၊ ကိုမြအေးအား ကယားပြည်နယ် လွိုင်ကော်၊ ကိုဌေးကြွယ်အား ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကိုပြုံးချိုအား တနင်္သာရီ ကော့သောင်းသို့ ပို့လိုက်သည်။
"လိုရင်းပြောမယ်ဆိုရင် ပြစ်ဒဏ်ချလိုက်တဲ့ လူတွေကို နောက်ထပ် ပြစ်ဒဏ် ထပ်ချလိုက်တယ်လေ။ အကုန်လုံး စိတ်ဆင်းရဲ၊ လူဆင်းရဲ၊ ကာယကံရှင်ရော မိသားစုတွေရော၊ နောက်ထပ် ပြစ်ဒဏ် ထပ်ချတယ်လို့ပဲ မြင်ပါတယ်" ဟု အတိုက်အခံ နိုင်ငံရေး ပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် အတိုက်အခံများဘက်မှ လိုက်လံကူညီပေးနေသည့် ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းအား ပုသိမ်အကျဉ်းထောင်နှင့် ရှေ့နေ ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့ ရွှေ့ပစ်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကဗျာဖြင့် "အာဏာရူး" ဟု ခေါ်ဝေါ်ခဲ့သော ကဗျာဆရာ ကိုစောဝေအား ရမည်းသင်းထောင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးအား မန္တလေးထောင်တို့ ပို့ဆောင်လိုက်သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဆိုအရ ၈၈ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ အန်အယ်လ်ဒီ ပါတီဝင်များ အပါအ၀င် စုစုပေါင်း ၂၁ ဦးအား နယ်ထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုသည်။
ကျောင်းသားခေါင်းဆောင် ၉ ယောက်ကို ထောင်ဒဏ် ၆၅ နှစ်ချမှတ်
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုညဏ်လင်း၊ ကိုပြုံးချို (ခ)ကိုဌေးဝင်းအောင်နှင့် ကိုအောင်နိုင်တို့ကို နိုဝင်ဘာလ ၁၁ ရက်နေ့က မအူပင်ထောင်တွင်း တံခါးပိတ်ခုံရုံးတွင် ရုံးထုတ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
စစ်အစိုးရက တရားဆိုင်များအတွက် ခုခံလျောက်လှဲပေးမည့် ရှေ့နေများ ထားခွင့်မပြုတော့ဘဲ မတရားအသင်း ဖွဲ့ခြင်းနှင့် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်ခြင်းတို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော အမှု ၂၀ ခန့်အတွက် ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ယနေ့တွင် သူတို့ကို ရန်ကုန် အင်းစိန်ထောင်သို့ ပြန်လည် ခေါ်ဆောင်လာရာ နံနက် ၈ နာရီခန့်တွင် အင်းစိန်ထောင်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်ဟု မိသားစုဝင်များက မဇ္ဈိမသို့ ပြောပြသည်။
"ဒီနေ့ စနေနေ့ ခေါ်တာ မိသားစုဝင်များ မနက်အစောကြီး သွားကြတာ။ လမ်းမှာ ကားချင်း တွေ့ကြတယ်၊ ရဲကား၂စီး ညှပ်ထားတယ်။ ထောင်ကား လှမ်းအော်သွားတာတော့ တွေ့လိုက်တော့ ကိုယ့်လူမှန်း မသိလိုက်ဘူး။… အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဆိုတာနဲ့ အင်းစိန်ကို ပြန်လိုက်လာတယ်"ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ပြောသည်။
မိသားစုဝင်များနှင့် နာရီဝက်ခန့်ကြာ အင်းစိန်ထောင်တွင်းတွင် တွေ့ဆုံ စကားပြောခွင့် ရခဲ့ကြသည်။
ယမန်နှစ် သြဂုတ်လအတွင်းက စစ်အစိုးရက ခွဲတမ်းဖြင့် ပေးနေသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့များကို ရုတ်တရက် ငါးဆအထိ မြင့်တင်လိုက်ရာ ပြန်လည်လျော့ချရန် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒပြ လမ်းလျှောက်မှု ပြုခဲ့ပြီးနောက် အဖမ်းခံခဲ့ရသည်။
ထို့နောက် ဆက်လက်၍ သံဃာတော်များ ဦးဆောင်သော "ရွှေဝါရောင် တော်လှန်ရေး" ဟု ခေါ်တွင်လာသည့် အနှစ် ၂၀ အတွင်း အကြီးမားဆုံးသော အစိုးရဆန့်ကျင့်သည့် လူထုအုံကြွမှု ပေါ်ပေါက်လာခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းရာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်။
ထောင်ဒဏ်ချခံ ကျောင်းသားခေါင်းဆောင်များအား နောက်ရက်များတွင် ထောင်ပြောင်းရန် အစီအစဉ်များ ရှိသည်ဟု ထောင်အာဏာပိုင်များမှတဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် အမှုကြားနာနေစဉ် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်း ၉ဦးမှာ တရားရုံးကို မထီမဲ့မြင် ပြုသည်ဟုဆိုကာ ထောင်ဒဏ် ၆လစီ ချမှတ်လိုက်ပြီး နောက် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
မအူပင်ထောင်တွင်းတွင် နေ့စဉ်ပင် တရားရုံးသို့ ခြေချင်းများ၊ လက်ထိပ်များဖြင့် ရုံးထုတ်ခဲ့သည်။
ထို့နောက်တွင်တော့ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်ချမှတ်သည့် လျို့ဝှက်ခုံရုံးများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
အခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့လည်း ထောင်ဒဏ် ၆၅ နှစ် ကျခံရန် အင်းစိန်ထောင်တွင်း ချမှတ်ခဲ့သည်။
၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပွားစဉ်က ကျောင်းသားခေါင်းဆောင်များ ဖြစ်ခဲ့ကြပြီး သြဇာရှိ ဦးဆောင်မှုပေးခဲ့သော ယခု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်များမှာ ယခင်ကလည်း ထောင်ဒဏ် ၇နှစ်မှ ၂၀နှစ် ထိ ချုပ်နှောင်ခံခဲ့ရသူများ ဖြစ်သည်။
Saturday, 15 November 2008
White Campaign
Burma need your helps to change 50 millions of people's will, so why are you waiting for, while you have a good chance to do so?In October 2006, 88-Generation Students launched the 'White Expression Campaign" and "Multi-faith prayer campaign", calling for the Burmese people to show their support by wearing white clothes and praying for national reconciliation and release of all political prisoners.
In April 2007, 88-Generation Students launched the "Sunday White Campaign," calling for the release of all political prisoners and encouraged Burmese people to show their support by wearing whiteclothes on Sunday.
Now they are in prisons. It is our duty to keep up the flame alight in order to restore democracy in Burma.
As Daw Aung San Suu Kyi once said that "Everyone can play their parts in democratisation process of Burma. When you see injustice, do not sit tight and just look. Do not ignore unjust to let it happen. When you see injustice, try your best to stand by with justice. Do something and voice for justice".
Burma Democratic Concern (BDC) call for people around the world; men and women, journalists and musicians, students and government employees, lay men and religious leaders, to wear white every Saturdays starting on Burmese National Day, 22nd November 2008 (Saturday) until 27th December 2008 (Saturday), as the expression of solidarity with everyone who are working to restore justice, human rights and democracy in Burma.
For Buddhist monks, soldiers, policemen and fire brigade members, we would like to urge to hold white small towel.
Who
All People Who Love Justice
What
To Wear White
When
Starting On Burmese National Day 22nd November 2008, 29th Nov 2008,
6th Dec 2008, 13th Dec 2008, 20th Dec 2008, Until 27th Dec 2008
Where
Everywhere, Pagodas, Temples, Churches, Mosques
Why
To Show Solidarity With Everyone Who Sacrifice Their Lives For Freedom Of Burma
How
Six Saturdays Until 27th Dec 2008
We would like to encourage everyone to promote and coordinate people around the world both inside and outside Burma.
ပြန်လာမှာပါ …..
ခုခေတ်မှာ လူငယ်အများစုက အမျိုးမျိုးသော အကြောင်းတရားတို့နဲ့ နိုင်ငံခြားကို ထွက်ကြပါတယ်...
နိုင်ငံရပ်ခြားရောက်လို့ တိုးတက်သင့်သလောက် တိုးတက်သွားတဲ့ လူတွေရှိသလို အဆင်မပြေတဲ့ လူတွေလည်း ရှိကြပါတယ်....
ဒါပေမယ့် သေချာတာတစ်ခုကတော့ အများစုက မပျော်ကြပါဘူး... အခြေအနေပေးရင် အမိမြန်မာပြည်ကို ပြန်ချင်ကြတဲ့လူတွေချည်းပါ... မြန်မာပြည်ဟာ ကျွန်တော်/ကျွန်မတို့ ရဲ့အိမ်ပါ … သေချာပါတယ်... တစ်နေ့နေ့တော့ ပြန်လာကြမှာပါ..
အစ်ကို ရေ…
အစ်ကိုလည်း ဆီမီနာတွေ၊ ၂၀၀၉ အတွက်အစီအစဉ်သစ်တွေနဲ့ အလုပ်တွေများနေပါရောလား။ စာကောင်းလေးတွေတွေ့ထားရင်ပြောစမ်းပါဗျာဆိုပြီး သတိပေးထားတဲ့ အစ်ကို့အတွက် ဆောင်းပါးတစ်ပုဒ်ကို ညွှန်းချင်ပါတယ်ဗျာ။
ပြီးခဲ့တဲ့ တနလာင်္နေ့တုန်းက ဦးစိန်ဝင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ဖတ်လိုက်ရတယ်။ ကောင်းလွန်တယ်ဗျာ။ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားမိတယ်။ တစ်ဆက်တည်းမှာပဲ အခုတလော မြင်နေတွေ့နေရတဲ့ ဆောင်းပါးတွေထဲမှာ မောင်စူးစမ်းဆောင်းပါးတစ်ချို့ရယ်၊ ဦးစိန်ဝင်းဆောင်းပါးတစ်ချို့ရယ်၊ ကျော်စောမင်း(ကြည်မင်း)ရဲ့ ဆောင်းပါးတစ်ချို့ရယ်တွေက အရမ်းကိုသက်ရောက်မှုရှိလွန်းနေတာ သတိထားမိတယ်ဗျ။ သူတို့တွေရဲ့အဆိုကို ကျွန်တော့်အနေနဲ့လည်း စောဒဂတက်ကန့်ကွက်စရာမရှိအောင်
စိမ့်ဝင်ကူးယူခံစားမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်ပါတယ်။
ဒီလိုဗျာ။ ဦးစိန်ဝင်းဆောင်းပါးက "သူတို့ပြန်လာကြမှာပါ"တဲ့။ ဆောင်းပါးကိုတွဲတင်ပေးပါမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အငြင်းအခုန်အတော်များများကို ကျွန်တော်လုပ်ခဲ့ဖူးတယ်ဗျ။ သွားနေတဲ့လူတွေသိပ်များတယ်။ သူတို့ဆီက ကျွန်တော်တို့ဘာတွေအကျိုးပြုနိုင်မလဲဆိုတာတွေ။ ဆရာကတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောထားပုံရပါတယ်။ ကျွန်တော်ကတော့ ရာခိုင်နှုန်းပြည့်ယုံကြည်ပေးဖို့ရာ ခက်ခဲနေပါတယ်။ ကြား၊သိ နေရာတာတွေကြောင့်ပဲ ဆိုပါတော့ဗျာ။ အစ်ကိုလည်း သိမှာပေါ့လေ။
ဒီလိုပြောလို့ နိုင်ငံခြားရောက်နေတဲ့သူတိုင်း ဒီစိတ်တွေရှိနေကြတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။
တစ်ချို့တလေ( အတော်တောင်များလာပြီလိုဆိုရမယ်။) အတွက်ပေါ့ဗျာ။ တစ်ချို့တွေများဆို အပြင်ကနေပြီး အတွင်းမှာရှိနေတဲ့လူတွေကို ပျင်းလိုက်တာ၊ ဖျင်းလိုက်တာ၊ အဆင့်မရှိလိုက်တာ၊ ဒီလောက်လေးတောင်မတတ်ဘူးလား၊ မသိဘူးလား၊ တစ်ကယ်တုံးတဲ့ကောင်တွေပဲ၊ စလို့ စလို့ ပေါ့လေ၊ ခိုင်းနှိုင်းပြောဆိုလာတာတွေရှိလာတာကိုတော့ လက်သင့်ခံစရာမရှိပါဘူး။
မကြာသေးခင်က ရှရွတ်ခန်းပါတဲ့ My Country ဆိုတဲ့ဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျ။ သာမန်ဇာတ်လမ်းကလေးတစ်ခုဖြစ်ပေမယ့် အဲဒီကားထဲက ဇာတ်ကောင် ရှရွတ်ခန်ရဲ့ သူ့တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်ကလေးကျွန်တော်တို့လူငယ်တွေအားလုံးမှာ ရှိနေကြရင်ဖြင့် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိတယ်။ အတ္တကိုတော့ အရောင်တင်ခဲ့ကြတာပါပဲဗျာ။ အရောင်တင်တဲ့အတ္တတွေက တန်ဖိုးတစ်ခုထွက်လာဖို့ လိုအပ်တယ်ဆိုတာပါ။
ခေတ်ကြောင့်ပါမယ်။ စနစ်ကြောင့်ပါမယ်။ ဒီကျောက်တုံးကို တွန်းလို့မရသေးရင် အောက်ပြန်မလိမ့်အောင် ဘယ်လိုလုပ်ကြမလဲ။ လုပ်လို့မရဘူးဆိုတာ မရှိဘူး။ ထိရောက်ပြီး အမှန်တကယ်အကျိုးသက်ရောက်မှုရှိတဲ့အရာတွေ မလုပ်နိုင်ကြသေးတာပဲ။ကိုယ်ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ပေးလို့ရမလဲ၊ လုပ်နိုင်သလောက်လုပ်ပေးကြဖို့သာ အရေးကြီးတယ်။
အစ်ကိုရေ၊ ပြည်တွင်းမှာတင် နိုင်ငံခြားသွားလို့ရပေမယ့် မသွားပဲ၊ ကျားကုတ်ကျားခဲ ရုန်းကန်လှုပ်ရှား နေတဲ့ လူငယ်တွေကို အားပေးသင့်တယ်၊ အပြစ်မမြင်သင့်ဘူး၊ လိုတာတွေကို ၀ိုင်းကူပေးရမယ်လို့ ကျွန်တော်ပြောခဲ့တုန်းက အစ်ကိုတောင်ပြုံးနေခဲ့သေးတယ်မဟုတ်လား။ ဒါပါပဲဗျာ။
"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ"
ဗန်းမော်တင်အောင် ပြောခဲ့ဖူးတဲ့စကားလေး တစ်ခွန်းပါအစ်ကိုရေ။ အစ်ကိုရော ဘာတွေလုပ်နေသလဲ၊ ကျွန်တော်ရော ဘာတွေလုပ်နေသလဲ၊ သူတို့တွေရော ဘာတွေလုပ်နေသလဲ။
ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတဲ့ စကားအရဆို ကျွန်တော်တို့တွေဟာ ပြိုင်တူတွန်းနိုင်စွမ်း မရှိသေးဘူးလို့ပဲ ၀န်ခံရမှာပါခင်ဗျာ။ ကျွန်တော်လည်း ညံ့ဖျင်းနေဆဲပါပဲ အစ်ကို။
ရေးသူ- လူထုစိန်ဝင်း
'ဘရိန်းဒရိန်း'လို့ လူတိုင်းပြောဆိုနေကြတဲ့ 'ဦးနှောက်ယိုစီးမှု"ကိစ္စနဲ့ပတ်သက်ပြီး ဂျာနယ်တစ်စောင်က လူငယ်လေးတစ်ဦးရောက်လာပြီး ဆွေးနွေးမေးမြန်းပါတယ်။ ဒီနှစ် နှစ်၊သုံးနှစ်အတွင်း ပန်းဆိုးတန်းပတ်စပို့ ရုံးရှေ့မှာ နေ့စဉ်နေ့တိုင်း လူတွေစည်ကားနေတာကိုမြင်ပြီး စိတ်ပူပုံရပါတယ်။
စိတ်ပူလို့ တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်တဲ့အခါမှာ အဲဒီခေတ်မတိုင်မီက နိုင်ငံခြားထွက်သွား ခဲ့ကြတဲ့ တရုတ်လူမျိုးပညာတတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတစ်ဖွဲဖွဲနဲပြန်ရောက်လာကြသလို၊ မြန်မာတွေပြန်လာကြပါ့မလားလို့လည်း သူကမေးပါတယ်။
ဒါအပြင် သူကသူ့ပတ်ဝန်းကျင်ကသွားသမျ လူငယ်အများစုဟာ ပြန်မလာကြ တော့ဘူးလို့ လည်းပြောပြီး အပြစ်တင်ပါတယ်။မျိုးချစ်စိတ်ရှိတဲ့ ဒီလူငယ်ရဲ့ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။
ကိုယ်တိုင် ၁၉၈၀ ပြည့်နှစ်လောက်က အင်္ဂလိပ်စကားပြောသင်တန်းလေးတစ်ခု စတင်ဖွင့်လှစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်၊ အစိတ်နီးပါးသင်ကြားပေးခဲ့လေတော့ ဒီအကြောင်းကိုကောင်းကောင်းကြီးသိပါတယ်။ သင်တန်းလာ တက်ကြသူအားလုံးဟာ လူငယ်ပညာတတ်ကလေးတွေချည့်ပါ။
ဆရာဝန်နဲ့ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ အင်ဂျင်နီယာနဲ့ စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေက အများစုဖြစ်တယ်။အားလုံးရဲ့ရည်ရွယ်ချက်က တစ်နည်းနည်းနဲ့နိုင်ငံခြားကိုထွက်ကြဖို့ဖြစ်တယ်။
ဟုမ်းဆွိဟုမ်း(Home Sweet Home)
--------------------------------------------
အဲဒီအချိန်က အခုလို မလေးရှားတို့၊ စင်ကာပူတို့ ခေတ်မစားသေးဘူး။ ဂျပန်၊ အမေရိကန်နဲ့ထိုင်ဝမ်တို့ ခေတ်စားတဲ့အချိန်။ခုလောက်လည်း ပတ်စပို့တို့ဗီဇာတို့ရဖို့ မလွယ်တာတောင်၊တစ်လ ကို သုံး၊ လေးခေါက်တော့တပည့်တွေလိုက်ပို့ဖို့ လေဆိပ်ကိုရောက်နေရတယ်။အဲဒီအချိန်ကကိုယ်တိုင်လည်း စိတ်ပူခဲ့တာပေါ့။
ဒါကြောင့် သင်တန်းမှာ There is no Place like home. Home Sweet Home အစချီတဲ့ကဗျာလေးကို အမြဲသင်ပေးပြီးထွက်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတိုင်းကိုလည်း Home Sweet Home လို့ စာတန်းထိုးထားတဲ့ ကောက်ရိုးပန်းချီကားချပ်လေးတွေ အမှတ်တရလက်ဆောင်ထည့် ပေးလေ့ရှိတယ်။
ဘရိန်းဒရိုင်းတောင်ဖြစ်နိုင်
----------------------------------
သူများတွေက 'ဘရိန်းဒရိန်း' Brain Drain လို့ပဲပြောကြတာ။ကိုယ်ကဖြင့် ဒါထက်တောင်မက 'ဘရိန်းဒရိုင်း' Brain Dry ဦးနှောက်ခြောက်ခန်းမှုဖြစ်မှာတောင် စိုးရိမ်တဲ့အကြောင်း သုံးလေးကြိမ်မက ရေးဖူးသေးတယ်။ အခုတလောတော့ အဲဒီဂျာနယ်ကလူငယ်သာမက ရန်ကုန်က လုပ်ငန်းရှင်တပည့်ဟောင်းတွေ ရောက်လာတဲ့ အခါမှာလည်းအလုပ်သမားရှားပါးမှုအကြောင်း ပြောရာကနေပြီး နောက်ဆုံး အဲဒီ'ဘရိန်းဒရိန်း'အကြောင်း ရောက်သွားလေ့ရှိတယ်။ကိုယ့်ရပ်၊ ကိုယ့်ရွာအညာက ဆွေမျိုးမိတ်သင်္ဂဟတွေလာကြတဲ့ အခါမှာလည်း လယ်ယာလုပ်သားရှားပါးတဲ့ကိစ္စပြောရင်းက အဲဒီ 'ဘရိန်းဒရိန်း'ရောက်သွားပြန်တာပဲ။
ဒါပေမယ့် ဂျာနယ်သမားလူငယ်စိတ်ပူသလို 'သူတို့ပြန်လာကြပါ့မလား'လို့တော့ ကိုယ်ကစိတ်မပူဘူး။ တစ်နေ့နေ့မှာသူတို့ ပြန်လာကြမှာပါလို့ စိတ်ချလက်ချယုံကြည်တယ်။
-----------------
ဖြစ်စေချင်တဲ့ ဆန္ဒစွဲ wishful kinking နဲ့ပြောတာမဟုတ်ပါဘူး။ နှစ်ပေါင်းနှစ်ဆယ်အစိတ်နိုင်ငံခြား ထွက်ချင်တဲ့ ထွက်ကြတဲ့ လူငယ်၊လုံမငယ်တွေနဲ့ လက်ပွန်းတတီးနေလာခဲ့တဲ့အတွေ့အကြုံကြောင့် ပြော တာဖြစ်တယ်။
ဒီနေ့အထိလည်း သူတို့တတွေနဲ့ ဖုန်းနဲ့၊အီးမေးနဲ့၊လူကြုံနဲ့ အဆက်အသွယ်မပြတ် ရှိနေတာကြောင့် နိုင်ငံခြားရောက်သူတို့ဘ၀၊ သူတို့စိတ်ဓာတ်တွေကိုကောင်းကောင်းကြီးသိနေပါတယ်။ မြန်မာလူမျိုး ၁၀၀ မှာ ၉၀ လောက်ဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေရောက်နေ မြန်မာစိတ်ဓာတ်မပျောက်ဘူးဆိုတာ ပြောရဲတယ်။
ဘာကြောင့်လဲဆိုတော့ There is no Place like home, home Sweet home ဆိုတဲ့အတိုင်း မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့နေရာ (ပဋိရူပဒေသ) ကမ္ဘာပေါ်မှာ ဘယ်မှမရှိဘူးဆိုတာသူတို့အား လုံးသိနေကြလို့ပါပဲ။တပည့်တော်တော်များများကတော့ သူတို့ ရောက်နေတဲ့နိုင်ငံများဟာ မြန်မာ နိုင်ငံနဲ့ယှဉ်လိုက်ရင် 'ပစ္စန္တရာဇ်' အရပ်တွေပါပဲလို့တောင် လွမ်းဆွတ်တသစွာနဲ့ ပြောကြတယ်။
ငတ်လို့ထွက်တာမဟုတ်ဘူး
-------------------------------------
နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ တခြားအာရှနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ မတူတာတစ်ချက်လည်းရှိသေးတယ်။ တခြား နိုင်ငံသားတွေက အများအားဖြင့် ပညာမတတ်တဲ့လူတွေ၊ နေရင်းနိုင်ငံမှာ 'ပါးရှား'လွန်းလို့ ထွက်သွားကြတာ။မြန်မာနိုင်ငံကထွက်ကြသူ အများစုက အနည်းဆုံး ၁၀ တန်း
ပညာလောက်တော့တတ်ထားကြသူတွေဖြစ်တယ်။ပြီးတော့ 'ငတ်လို့'ထွက်ကြတာမဟုတ်ဘူး။ မြန်မာပြည်မှာ စားနိုင်သောက်နိုင်ရုံတော့ဘယ်သူမဆိုရှာနိုင်ကြတယ်။
ပညာသင်ချင်လို့ဆိုတဲ့အကြောင်းနဲ့ မိဘတွေကိုကောင်းကောင်းကျေးဇူးဆပ်ချင်လို့ ဆိုတဲ့အကြောင်း ဖြစ်တယ်။ အဲဒါကြောင့် လူငယ်တွေကို အပြစ်မတင်ချင်တာဖြစ်တယ်။ ပညာသင်ချင်တာနဲ့မိဘကျေးဇူး ဆပ်ချင်တာဟာ မွန်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးလား။
မပူနဲ့စိတ်ချနေ
---------------------
ဂျာနယ်တိုက်က လူငယ်လေးကိုလည်း ပြောလိုက်ပါတယ်။ ဘာမှစိတ်မပူနဲ့၊သူတို့ပြန်လာကြမှာပါလို့။ နိုင်ငံခြားထွက်တဲ့ လူငယ်အများစုက ပညာသင်ချင်လို့၊ မိဘလုပ်ကျွေးချင်လို့ ထွက်ကြတာပဲ။တစ်နေ့မှာ သူတို့ 'အမေ့အိမ်'ကို အ သေအချာပြန်လာကြမှာပါ။ မယုံမရှိပါနဲ့။သံသယဖြစ်ရင် ခုလောလောဆယ်ကို သူများနိုင်ငံတွေပေးတဲ့လုပ်ခမျိုး၊ တစ်နာရီကို (၇) ဒေါ်လာ၊ (၈)ဒေါ်လာပေးပြီး ခိုင်းကြည့်ပါလား။
'ကဆုန်စိုင်း' ပြန်ပြေးလာကြမှာသေချာပါတယ်။
ပြန်လာမှာပါ … တစ်နေ့နေ့တော့ ပြန်လာကြမှာပါ …
------------------------------------------------------------------
အထင်သေးတတ်တဲ့သူတွေကတော့ နေရာတကာမှာ ရှိနေပါတယ် …
လူဆိုတာကတော့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုခံရတဲ့ နေရာမှာ ပိုပျော်တတ်တာ သဘာဝပါပဲ …။
ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး အဆင့်အတန်းကို လှောင်ပြောင်ကြတဲ့သူတွေလည်း ဒီမှာ အများကြီးပါ …၊
ဒါပေမယ့် … ကျောင်းမှာ လေး၊ငါးနှစ် စာအုပ်ထူထူကြီးတွေကို ကျက်ခဲ့ရတဲ့ သူတွေအတွက် internet ကောင်းကောင်းရှိရုံနဲ့ ဒီက အလုပ်တွေနဲ့ ပတ်သက်တာတွေကို ခဏလေး adapt လုပ်နိုင်ပါတယ် … ပညာရေးဆိုတာကို ကျောင်းမှာသင်ပေးတာ တစ်ခုတည်းလို့ ထင်နေကြတဲ့ သူတွေကတော့ … မြန်မာပြည်မှာ… လူတော်တွေဘယ်လောက်များလည်း မသိသေးလို့ပါ …။
တောကျောင်းဆရာ အနေနဲ့လည်း … အပြင်ရောက်နေတဲ့ သူတွေကို သွားလေသူကြီးတွေ…ပြန်မလာတော့ဘူးလို့ မထင်လိုက်ပါနဲ့ … အများစုက ငွေ၊ပညာ၊အောင်မြင်မှုတွေ လာရှာတာပါ … အပြီးနေမယ်လို့ ပြောတဲ့သူတွေ သူငယ်ချင်းတွေထဲမှာတော့ တစ်ယောက်မှ မရှိသေးဘူး …။ အချိန်တန်ရင် အိမ်ပြန်လာမှာပါ ….။ ဘာအတွက်မှန်းမသိတဲ့ အခွန်တွေ တနင့်တပိုးဆောင်နေရတာတောင် မြန်မာပြည်ပြန်ချင်လို့ Citizen မခံတဲ့သူတွေ … Singapore မှာတော့ အများကြီးပါ … ။
ဆရာစိန်ဝင်းရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ် …။
ဆရာကောင်းတစ်ယောက် ပီသတဲ့ ယုံကြည်မှုလို့မြင်မိပါတယ် …။
ဆရာရေ … နိုင်ငံထဲမှာလည်း လူတော်တွေ ထင်တာထက် များနေပါသေးတယ် …။
အပြင်ရောက်နေတဲ့သူတွေ တစ်လတစ်လပို့နေတဲ့ Dollars တွေကို စုပြီးတွက်လိုက်ရင် … brain drain ဖိုးကျေလောက်ပါတယ် … ။ အပြင်ရောက်နေတဲ့ Technicians တွေကြောင့် ပြည်းတွင်းက Technicians တွေလည်း အများကြီး အထောက်အကူ ရပါတယ် … ။ ဒါတွေကို ပြန်မကြည့်ရင်တော့ Brain Drain … ပဲ အော်နေရတော့မှာပေါ့ .. India ကခေါင်းဆောင် တစ်ယောက်ပြောတာ ကြားဖူးတယ် … Brain drain is better than Brain in the drain… တဲ့..
ကျွန်တော်တောင် အခုတစ်လော လတိုင်း ထီထိုးနေတယ်…၂.၂ သန်းဆုပေါက်တာ နဲ့ ..နောက်နေ့ပြန်လာခဲ့မယ် … ပြီးတော့ … GTC တစ်ခုခုမှာ … ဒါမှမဟုတ် … University of Computer Science မှာ … Lecturer လုပ်မယ် … ။
Internet connection မကောင်း၊ခြင်ကိုက်ပြီး၊မီးပြတ်ပေမယ့် … မြန်မာပြည်ဟာ ကျွန်တော်တို့ ရဲ့အိမ်ပါ … ။
Home-sick ဆိုတဲ့ခြင်တစ်မျိုးက အပြင်ရောက်နေသူတိုင်းကို ကိုက်ခဲနေတာပါ …. နေ့တိုင်းပါပဲ … ဒီကမြန်မာတွေကတော့ … အဆင်ပြေတဲ့နေ့မှာ … အိမ်ပြန်ဖို့ အမြဲ အသင့်ဖြစ်နေတာပါ …. ။
ကျွန်တော်တို့ ပြန်လာမှာပါ …..
သိပ်ကို သေချာတာပေါ့ ဆရာ … ။ ။
တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 21:03 - မြန်မာစံတော်ချိန်
Friday, 14 November 2008
သတင်းထောက် အိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်
သောကြာနေ့၊ နိုဝင်ဘာလ ၁၄ ၂၀၀၈
နယူးဒေလီ။ ။ လှုပ်ရှားတက်ကြွသူများအား စဉ်ဆက်မပြတ် ပြစ်ဒဏ်စီရင်ချက် နောက်ဆက်တွဲအဖြစ် နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူခဲ့သူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။
အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားရာမှ တရားဆိုင်ဘက်မှ ရှေ့နေ တက်ရောက်ခွင့် မရှိသော တရားခွင်တွင် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။
"ဒီနေ့ နေ့လယ်မှာ ၂ နှစ် အမိန့်ချလိုက်တယ်။ သူ့ကို အမှုလိုက်တဲ့ ရှေ့နေ့ ဦးမောင်မောင်ဝင်းက လိုက်တယ်။ ဒီနေ့ အမှုလိုက် ရှေ့နေတယောက်မှ မရှိဘဲ တရားသူကြီး ဒေါ်သန်းသန်းကနေ အမှုကို စီရင်လိုက်တာ။ သူတို့ကို ထောင်ကို ပြန်ခေါ်တဲ့အချိန်မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရတယ်" ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။
ကိုကျော်ကျော်သန့်က ဆူပူအောင် လှုံ့ဆော်မှုအပြင် နိုင်ငံရပ်ခြားသို့ တရားမ၀င် သွားလာမှု ပုဒ်မ ၁၃ (က) ဖြင့် ၅ နှစ်ပါ ထည့်ပေါင်း၍ စုစုပေါင်း ၇ နှစ် ကျခံခဲ့ရသည်။
မအိမ့်ခိုင်ဦးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။
ယနေ့တွင် စစ်အစိုးရက သဘောကွဲလွဲသူ အနည်းဆုံး ၁၅ ဦးကို ထောင်ဒဏ်စီရင်ချက်များ ချမှတ်ခဲ့သည်။ မဇ္ဈိမအနေဖြင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။
မဇ္ဈိမ မှ ရယူပါသည်။
တက်ကြွလှုပ်ရှားသူ ၁၅ ဦး ထောင်ဒဏ်များ ကျခံရ
ချင်းမိုင်။ ။ တရားဆိုင်နေရသည့် တက်ကြွလှုပ်ရှားသူများကို စီရင်ချက်များ ချမှတ်နေမှု၏ နောက်ဆက်တွဲအနေဖြင့် ယနေ့တွင် အနည်းဆုံး ၁၅ ဦးထက်မနည်း ထောင်ဒဏ် ၁၁ နှစ်အထိ ရှည်လျားသော ပြစ်ဒဏ်များ ချမှတ်လိုက်သည်။
ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ရွှေဝါရောင်တွင် ပါဝင်သဖြင့် အဖမ်းခံရသည့် လှိုင်သာယာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင် ဦးတင်ယု၊ ကိုသန်းနိုင်၊ ကိုစိုးမင်းမင်း၊ မလှလှမော်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ဦးဝင်းမြင့်၊ ကိုအောင်မင်းနိုင်၊ ကိုမျိုးကျော်ဇင်နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)တို့အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုအပါအ၀င် ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်များတွင် ထောင်ဒဏ် ၇ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောဆိုသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အဖမ်းခံရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးလည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုဖြင့် ယနေ့တွင်ပင် ထောင်ဒဏ် ၂ နှစ်စီနှင့် ယခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အဖမ်းခံရသူ ကဗျာဆရာ မင်းဟန်လည်း နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေရန် လှုံ့ဆော်မှု၊ အခြား ပုဒ်မ ၄ ခုဖြင့် အင်းစိန်ထောင်၌ပင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံလိုက်ရသည်။
ကိုမင်းဟန်နှင့် နီးစပ်သူ ၈၈ ကျောင်းသားများအဖွဲ့ဝင်တဦးက "ကိုမင်းဟန်ကို ၈၈ ကျောင်းသားများအဖွဲ့နဲ့ ၂၀၀၇ ခုမှာ ပေါ်ပေါက်လာတဲ့ ဗကသ ကို အင်တိုက်အားတိုက် ကူညီခဲ့သူ၊ ကဗျာဆရာများ သမဂ္ဂမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူအဖြစ် ပြောနိုင်ပါတယ်" ဟု ပြောသည်။
အလားတူ ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ ဆန္ဒပြပွဲကို ဦးဆောင်သူဟု စွပ်စွဲခံထားရသူ အသက် ၂၁ နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် မဟန်နီဦး (ဥပဒေနောက်ဆုံးနှစ်) ကို တာမွေမြို့နယ် တရားရုံးက ယနေ့၌ပင် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်သည်။
ဖခင်ဖြစ်သူ ဦးထွန်းဦးက ''ကျနော့်သမီး သိပ်နစ်နာသွားတယ်။ အရင် သူ့နောင်တော်တွေတောင် ၆၅ နှစ် ချနေတာကို ကျနော့်သမီးအတွက် ဂရုမစိုက်တော့ဘူး။ ရှေ့ဆက်တက်ရင်လည်း ထူးလာမှာ မဟုတ်ပါဘူး။ ဒီအတွက် အခွင့်အရေး မရှိတော့ပါဘူး။ ဒါကြောင့် အယူခံဖို့ မလုပ်တော့ပါဘူးလေ'' ဟု ပြောသည်။
မဟန်နီဦးသည် သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသူ တရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းကို တရားရုံးအား မထီမဲ့မြင်ပြုမှု - ပုဒ်မ ၃ ဖြင့် အာဏာပိုင်များက စွဲချက်တင်ကာ ယခုလ ၇ ရက်နေ့က ထောင်ဒဏ် ၄ လ မျက်ကွယ်စီရင်ချက် ချပြီးနောက် ၅ ရက်အကြာတွင် ယခုလို ထောင်ဒဏ်ချခံရခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP ၏ စားရင်းများအရ ယခုလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ အန်အယ်ဒီအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး လှုပ်ရှားသူများအား ပြစ်ဒဏ်ချနေရာ စုစုပေါင်း ၅၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ယခုလို ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ''အန်ကယ့်အနေနဲ့ သုံးသပ်တာက နိုင်ငံရေးအရ ဖိနှိပ်တယ်။ နိုင်ငံရေးဆိုတာ လက်ရှိ အခြေအနေနဲ့ သွားချင်တယ်။ ပြည်သူတွေ မကြိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ပြီး ရွေးကောက်ပွဲ သွားမယ်။ ဒီဟာတွေအတွက် ပြည်သူလူထု အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို ပိုမိုပြီးတော့ ဖိအားပေးတယ်၊ ပြစ်ဒဏ် ပေးနေတယ်လို့ပဲ ယူဆပါတယ်" ဟု သုံးသပ် ပြောဆိုလိုက်သည်။
မဇ္ဈိမ မှရယူတင်ဆက်ပါသည်။
သူဒို့ ကတော့ ပြင်ဆင်နေကြပြီ ကျုပ်ဒို့ ဘက်ကလုပ်ကြဖို့ပဲ လိုတော့တယ်!!
ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား
မင်းနိုင်သူ
စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့အင်အားနည်းသည့် နေရာများတွင် အရန်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရန်ရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရန်ရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ်ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြားပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည် ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။
“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပါတ်(၁) မြို့နယ်အတွင်းမှာ အရန်ရဲတွေ အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဋ္ဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေ အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့် ပေးလိုက်တယ်” ဟု မြို့ခံတဦးက ပြောသည်။
အဆိုပါ အရန်ရဲများအား သင်တန်းပြီးဆုံးပါက အရန်ရဲကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်းယူခွင့်များပါ ပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်း အချက်အလက် စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ရန် ဖြစ်သည်။
"အဲဒီအရန်ရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး။ သူတို့ကို လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်။ နောက် လက်ထိတ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ်၊ နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု မြို့ခံက ဆက်ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးကပြောကြားသည်။
သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။
“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးကမိန့်ကြားသည်။
ကို ယ်ကျိုးရှာ မှု တွေကို ဖေါ် ထုတ် ကြ
ဒီမိုကရေစီ ရဲ ရန်သူထဲမှာ လပ်စားမှုလည်းပါတယ် ။ ထိုင်းနိင်ငံ ဒီမိုကရေစီ နလံမထူနိင်တဲ့အထဲမှာ လပ်စားမှုကြီး က နာတာရှည်ရောဂါ တခုလို ဖြစ်နေတယ်။ ဒီမိုကရက် ပါတီဟာ ထိုင်းနိင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မှာ အရေးပါတဲ့အခန်း နေရာက ရှိခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရက်ပါတီ အတွင်းမှာလည်း လပ်စားမှုတွေက မကြာခဏဆိုသလို ကြားနေရတယ်။ ထိုင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေ ဒီနေ နေ့ လည် ၁ နာရီမှာ အစည်းဝေးထိုင်ကြမယ်။ ဘန်ကောက်မြို့ တော်ဝန် မစ္စတာ အပီရာခ် ( Apirak ) ကို လပ်စားမှု နဲ့ တရားစွဲဆိုခံထားရလို့ ဖြစ်တယ်။ သူက ဘန်ကောက် မြို့ တော် မီးသတ်ဌာန အတွက် လိုအပ်တဲ့ မီးသတ်ကားနဲ့  မီးသတ်မော်တော်ဘုတ်တွေကို သြစတီးယားနိင်ငံက ၀ယ်ယူ ဖို့ အတွက် စီမံချက်က ငွေပမဏာ ထိုင်းဘတ် ငွေ ပမဏ ၆ ဘီလီယံခန့်  ကိုလပ်စားခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ ပြည်မှာလည်း သန်းရွေ မိသားစု၊ မောင်အေး ၊ ရွေမန်းတို့ ရဲ့  လပ်စား မှု သတင်းတွေက မဖုံးနိင်မဖိနိင် ပေါ်ခဲ့ပေမဲ့  ဒီမိုကရေစီလှုပ်ရှားမှု အတွင်းမှာလည်း သတင်းတွေက ဟိုတစဒီတစ ပေါ်ထွက် လျက်ရှိနေတယ်။ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားတဲ့သံဃာတွေနဲ့  လူထု တွေရဲ့  အရိုးပုံပေါ်မှာ ကိုယ်ကျိုးရှာသူတွေ ကို ကျနော်တို့ ကြားရ မြင်ရတွေ့ နေရပြီ။
ထိုင်းနိင်ငံမှာလို သတင်းဌာနတွေ တာဝန်သိသိ ဖေါ်ထုတ်ပေးကြတော့ ပြည်သူလူထု က လပ်စားမှုတွေကို ဖေါ်ထုတ်အရေးယူနိင်ကြတယ်။ မြန်မာ ပြည်မှာကတော့ နအဖလက်အောက်က မီဒီယာတွေက ဖေါ်ထုတ်ခွင့်မရကြဘူး။ နယ်စပ်အခြေပြုမီဒီယာတွေကြတော့ တော်လှန်ရေးကို ငဲညာပြီး မပြော နိင်ခဲ့ကြပြန်ဘူး ။ ဒါကြောင့်လည်း ဒီမိုကရေစီလှုပ်ရှားမှု က နှောင့်နှေး ခဲ့ရတာဖြစ်တယ်။ ဒီမိုကရေစီလှုပ်ရှားမှု အတွင်းက မီဒီယာတွေ မြန်မာ့ လွတ်လပ်ရေးကြိုးပန်းမှု ခေတ်က ဆရာကြီးသခင်ကိုယ်တောမှိုင်းတို့  လို သတင်းစာဆရာမျိုးတွေ မဟုတ်ကြဘူး။ ဆရာကြီး က လွတ်လပ်ရေးကာလမှာမတရားမှုတွေကိုဖေါ်ထုတ်ခဲ့သလို လပ်စားမှု တွေကိုလည်း ကလောင်စွမ်းနဲ့ ဖေါ်ပြခဲ့တယ်။ ဒီနေ့ လည်း လူငယ် ဘလောက်ဂါတွေက ဖေါ် ပြကြဖို့ လိုတယ်။ ဘလောက်ဂါတွေက မြန်မာ ပြည်သူလူထုကို မျက်စိဖွင့်ပေးမဲ့ တခုတည်းသော အသံ တွေပဲ။ တခုတည်းသောလက်နက်ပဲ။ နအဖ ဖက်မှာ ရော ဒီမိုကရေစီလှုပ်ရှားမှု အတွင်းထဲက မတရားမှု တွေမှန်သမျှ ဖေါ်ထုတ်ကြဖို့ အချိန်တန်ပြီ။ ပြုပြင်ပြောင်းလဲကြပါစို့ ။
ကိုမိုးသီး မှရရှိပါသည်။
Harsh and Cruel Sentences to Democracy Activists
Information from Assistant Association for Political Prisoners (Burma)
The special courts held inside the Insein Prison Compound are rushing to complete the court hearing against Burmese democracy activists and Buddhist Monks, who were arrested one year ago during and after the peaceful protests in August and September 2007, and delivering harsh sentences everyday. Family members are not allowed to attend the hearing and not informed by the authorities before and after the sentencing. Three lawyers, who defended these activists, were arrested and imprisoned earlier under the charge of contempt of court and therefore, no defense lawyers were present during the sentencing.
On November 11, 2008 alone, over 30 detained activists and Monks were sentenced. Details are as follows:
65 Years for 14 Members of the 88 Generation Students, more sentences will be added soon;
14 members of the 88 Generation Students group were sentenced 65-year imprisonment each with hard labor by Rangoon Northern District Court and Rangoon Southern District Court, held inside the Insein Prison Compound, today. They are Min Zeya, Jimmy (aka) Kyaw Min Yu, Ant Bwe Kyaw, Panneik Tun, Nilar Thein (Female), Mie Mie (aka) Thin Thin Aye (Female), Kyaw Kyaw Htwe (aka) Marki, Zaw Zaw Min, Thet Zaw (aka) Zaukhto, Than Tin (aka) Kyee Than, Sandar Min (aka) Shwee (Female), Thet Thet Aung (Female), and Mar Mar Oo (Female). They were sentenced today only for five counts of indictment, 15-year each for four counts of indictment under the Section 33 (A) of the Electronic Transactions Law and 5-year imprisonment for one count under the Section 6 of the Law Relating to Forming of Organization.
They will receive more and more sentences as their trials continue under another 16 counts of indictment. They all are a part of the 35 members of the 88 Generation Students group, led by Min Ko Naing, who all were arrested since August 21, 2008. They all were charged with altogether 21 counts of indictment and are on trials since August 2008. Two more defendants were added into their cases, when Mar Mar Oo and Nilar Thein were arrested in August and September 2008.
Nine of them, Min Ko Naing, Ko Ko Gyi, Mya Aye, Pyone Choe (aka) Htay Win Aung, Aung Thu, Hla Myo Naung, Aung Naing, and Nyan Lin were sentenced six-month imprisonment under the charge of contempt of court and transferred to Ma-ubin Prison in the delta region in the end of October. Their cases are now being heard by Ma-ubin District Court, without defense lawyers. They are expected to be sentenced soon.
Since Min Ko Naing and the eight were transferred to Ma-ubin, the authorities formed the rest of the group remained in Insein Prison into two groups, with 14 members each, for continued trials. Today, the first group of 14 members was convicted and sentenced for five counts of indictment. Another group of 14 members will be sentenced soon.
Su Su Nway and Bo Bo Win Hlaing Imprisoned
Labour activist Su Su Nway and her colleague Bo Bo Win Hlaing were sentenced by a special court, held inside the Insein Prison Compound today. Su Su Nway received 12 and a half year imprisonment under Section 130 (B), 152 and 505 (B) of the Penal Code and Bo Bo Win Hlaing received 8-year imprisonment under Section 124 (A) of the Penal Code. They both were arrested on November 13, 2007.
Five Buddhist Monks from Ngwe Kyar Yan Monastery Imprisoned
A summary court held inside the Insein Prison Compound delivered six and a half year imprisonment each with hard labor to the five Buddhist Monks, arrested since September 2007. They are U Zar Nay Ya, U Agga Dhama, U Vila Thetka, U Nanda and U Eithariya, from Ngwe Kyar Yan Monastery from South Okkalapa, and arrested after the security forces brutally raided the monastery. They all were forcibly disrobed since their arrest, detained in Insein Prison and sent before South Okkalapa Township Court for trail, under the charges of the Section 143, 145, 147 and 505 (B) of the Penal Code. However, their sentences were delivered by a court held inside the Insein Prison Compound.
Nine Activists from Bogalay Imprisoned
Nine young activists from Bogalay Township, arrested since September 2007 and detained in Insein Prison, received harsh sentences today from a special court, held inside Insein Prison Compound.
Pyae Phyo Hlaing was sentenced 24-year imprisonment under the charges of Section 13 (1) of the Immigration Act, Section 17 (1) of the Unlawful Association Act, Section 17/20 of the Printers and Publishers Registration Act and Section 505 (B) of the Penal Code.
Nay Lin Aung (aka) Lin Lin was sentenced 22-year imprisonment under the charges of the same charges.
Aung Myo Paing (aka) Ahyoe, Thiha Aung (aka) Aung Aung, Phyo Maung Maung Soe (aka) Phyo Gyi, Myat Lin Htut (aka) Pyaung Gyi, Pyae Phyo Aung (aka) Hnan Mue, were sentenced 10-year imprisonment each with the same charges except Section 17/20.
Thein Zaw and Thiha Thet Zin were sentenced 8-year imprisonment each with the same charges except Sections 17/20 and 505 (B). Thiha Thet Zin is a sole survivor in his family as his parents, his wife and children were killed by the Cyclone Nargis while he was in prison.
Musician Win Maw and Group Sentenced
Mingalar Taungnyunt Township Court in Rangoon delivered sentences to three activists, including Burma’s famous musician and former political prisoner Win Maw today. Win Maw received seven-year imprisonment for his leading role in video recording the bloody events of the Saffron Revolution and distribution of DVDs, contained the brutal crackdown of the junta’s security forces against peaceful protesting monks. His colleague Than Naing, an active campaigner to prevent spread of HIV/AIDS, received six and a half year imprisonment and Thein Aye, former political prisoner, received two-year imprisonment.
Cyclone Survivor Imprisoned
Dala Township Court delivered a sentence to Ni Ni Mar (Female), a cyclone survivor from Dala Township, today. Ni Ni Mar, a NLD organizer from Dala Township, was arrested in October when she made a complaint that the relief items she received from the authorities were different with the items that the authorities officially announced. The authorities received relief supplies from an international NGO, called AMI, for cyclone survivors. However, they kept the original relief supplies and sold them out in the black market. They replaced with low-quality items and issued them to the cyclone survivors. When Ni Ni Mar complained about the difference, she was arrested and charged with Section 353 of the Penal Code, an offence of disturbing an official duty. Today, Dala Township Court sentenced her two-year imprisonment.
Blogger Nay Phone Latt Received Harsh Sentence
Nay Phone Latt, a NLD member, Internet Café owner and blogger, was sentenced to 20 years and six month imprisonment by Judge Daw Soe Nyan of the Rangoon Western District Court, held inside the Insein Prison Compound on Nov 10, 2008. He was sentenced 2 years under the Section 505 (B) of the Penal Code, three years and six month under the Section 32 and 26 of the Television and Video Law and 15 years under the Section 33 and 38 of the Electronic Communications Law.
His co-defendant Thin July Kyaw received two and a half year imprisonment from the same judge. They were arrested since January 2008 and detained in Insein Prison.
Poet Saw Wai Sentenced
A famous poet Saw Wai was sentenced to two-year imprisonment by a special court held inside the Insein Prison Compound on Nov 10, 2008. He was arrested since January 2008 for his poem, which was insulting the junta’s paramount leader Than Shwe as power-thirsty and foolish general. He was charged with the Section 505 (B) of the Penal Code and detained in Insein Prison.
One Monk and One Activist Imprisoned
On Nov 7, 2008, Judge U Sein Hla Oo of the Rangoon Eastern District Court, held inside the Insein Prison Compound, delivered 19-year imprisonment each to a monk and an activist. U Thaddama from Garna Puli Monastery in Twantay Township was arrested in September 2007 for his participation in the Saffron Revolution. He was released in a few days, but rearrested again in January 2008 and detained in Insein Prison. Tun Tun Naing, who lives in Insein Township, was also arrested in October 2007 and detained in Insein Prison. They both were changed with Section 33 and 38 of the Electronic Transactions Law, Sections 295 (A) and 505 (B) of the Penal Code.
Thursday, 13 November 2008
ခေတ်ဆန်းချိန် ရောက်လုနီးပါပြီ။
ကိုယ့်ကိုယ်ကို ဝေဖန်တယ် ဆိုလို့  ကြက်မွှေးနဲ့  သပ်ချ သလို တော့ မလုပ်ကြေးပေါ့ဗျာ။ ကျုပ်ကတော့ ရံဖန်ရံခါ ဆိုသလို သံဘရှပ်နဲ့  တိုက်သလို ကိုယ့်ကိုယ်ကို ဝေဖန်ရေး လုပ် မိ ပါရဲ့ ။တောင်စပ်စပ် မြောက်စပ်စပ်မှာ သာမန်ထက်လိုလို ထူးချွန်လိုလို ထင်ရပေမဲ့  တကယ့် နိုင်ငံချစ်စိတ် ဆိုတဲ့  ခေါင်းစဉ်အောက်မှာတော့ .... အရိုင်းမျက်နှာ ကိုယ့်ရုပ်လွှာက နုပ်ပါလှ ခပ်မွဲမွဲ ပင် ဆိုတဲ့  အတိုင်းပါပဲ ဗျာ။ ဒီရက်ပိုင်း ဆို ပိုတောင် ဆိုးသေး။
..............................................
ကျုပ် ဒီကနေ့  အပြင်ကနေပြန်ရောက်လို့ ကွန်ပြူတာရှေ့  လည်း ထိုင်လိုက်ရော ..... ငါးဆက်မြောက် မြန်မာနိုင်ငံတော် ထူထောင်ရေး အတွက် လုံးပန်းနေတဲ့  ရဲရည်တက်တွေ ကို သိက္ခာထပ်လိုက် တဲ့  သတင်းကို တွေ့ လိုက်ရသဗျာ။ရှစ်လေးလုံး မျိုးဆက်ကျောင်း သား ခေါင်းဆောင်တွေကို စစ်အစိုးရက ထောင်ဒါဏ် ၆၅ နှစ် စီ ချမှတ်လိုက်သတဲ့ ။ ဟုတ်ပါ့ ဗျာ ။ ဓာတ်ဆီဈေးတက်တာလေး ထောက်ပြ၊ အစိုးရမင်းများ လုပ်ပုံကိုင်ပုံ အချိုး မပြေဘူး ပြောမိလို့  မြင့်မြတ်သော သူရဲကောင်း ဘဝကိုရောက်သွားတဲ့ သူ တွေက တော့
ကိုမင်းဇေယျ
ကိုဂျင်မီ
ကိုဇော်ဇော်မင်း
ကိုသန်းတင်
ကိုဇေယျ (လူ့ ဘောင်သစ်)
ကိုအံ့ဘွယ်ကျော်
ကိုကျော်ကျော်ထွေး
ကိုပဏ္ဍိတ်ထွန်း
ကိုသက်ဇော်
မသင်းသင်းအေး(ခေါ်) မမီးမီး
မမာမာဦး
မနီလာသိန်း
မစန္ဒာမင်း
မသက်သက်အောင် ... တဲ့ ။
ကိုမင်းဇေယျကတော့  ၆၅ နှစ်ထဲလားကွာ လို့  ထီမထင်ခွန်းတုန့် သတဲ့ ။ မမီးမီး ကလည်း ဘယ်တော့မှ မကြောက်ဘူး၊ ဗမာပြည် လွတ်မြောက်ပါစေ။ အရေးတော်ပုံ အောင်ပါစေ လို့  ကြွေးကြော်သွားသေးသတဲ့ ဗျာ။ဖျတ်ကနဲ့ စဉ်းစားမိတာက ထောင်ချမိန့် ပေးတဲ့  မောင်မင်းကြီးသားက နောက်ထပ် ခြောက်ဆယ့် ငါး ရက် လူ့ ပြည်နေရမဲ့  သေချာပေါက်နေရမယ်လို့ ကော သေချာရဲ့  လား။
မြရိပ်ညို ဟိုတယ် ရှေ့ မှာ အစိုးရမင်းများ ဂုဏ်ပုဒ်ကို လူတကာမြင်အောင် စာဆွဲမိတဲ့  မစုစုနွေးက ဆယ့်နှစ်နှစ် တဲ့ ၊ ကိုမင်းကိုနိုင် ၊ ကိုကိုကြီး နဲ့  ကိုဌေးကြွယ် တို့ တော့  ဘယ်လောက်ချသလဲ မသိရသေးဘူး တဲ့ ။ ထောင်ဒါဏ် အသင်္ချေလိုက် ချမလို့ တသင်္ချေမှာ သုညဘယ်နှစ်လုံး ရှိသလဲ တွက်နေ တုန်း ထင်ပါ့ဗျာ။ လွန်ခဲ့တဲ့  တရက်လောက်ကလည်း ဘလော့ဂါ နေဘုန်းလတ် ဆိုတဲ့  လူငယ် ဟာ ထောင်ဒါဏ် အနှစ်နှစ်ဆယ် အပြင် ခြောက်လပါ အဆစ်ရသေးသတဲ့  ဗျား ။
အေးလေ။ သူတို့ နဲ့  နှိုင်းယှဉ်လိုက်ရင် ကျုပ်နိုင်ငံချစ်တယ် ဆိုတာ ပါမွှား စာရင်းတောင် မဝင် ဘူးလေ။
.............................................
သူတို့ တင်မကပါဘူး ဗျာ။ ကျုပ်လိုက်မမှီတဲ့  သူတွေအများကြီးပါ။ မြန်မာ့ သူရဲကောင်း စာရင်းကို အကုန်အစင် ရေးချပြဘို့  ကတော့  ကျုပ်ဘလော့ဂ် ထပ်ချဲ့  ရအောင် ကို ဂူဂယ်နဲ့  လှမ်းညှိ ရအုံး မယ်ထင် ပါရဲ့ ။
တကယ်ပြောတာ ဗျ။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့  ခေါင်းဆောင်အမည် ပြောပြန် တော့ ဒေါ်ဝင်းမြမြ။ ဒေါ်နော်အုန်းလှ အပါအဝင် လူသိပ် မသိတဲ့  သူတွေ ကျန်ခဲ့  မယ်။အရှင် ဂမ္ဘီရ၊ ကိုအောင်ကျော်ကျော်၊ ဦးဝင်းတင် ၊ဦးမြင့်အေး ၊ရှေ့ နေ ဦးအေးမြင့် တို့  အကြောင်း ဆိုလည်း ဒီလိုပဲ ၊ ဒေါက်တာ ဇော်မြင့်မောင် ၊ မတ္တရာ ဦးသန်းလွင် ၊ကိုထင်ကျော် ၊ ဦးတင်ယု၊ ကိုမင်းအောင် ၊ကိုစိုးမြင့်ထိန် ..... တို့  နာမည်တွေ ကျန်အုံးမယ်၊ တကယ်တမ်းသာ နံမည် အပြည့်အစုံ ချရေးရရင် ဂူဂဲယ် ကိုချဲ့ ကို ချဲ့ မှ ဖြစ်မှာ ။ အစိုးရမင်း များကို မချစ်မနှစ်သက်တာက သန်းခြောက်ဆယ်နီးပါးကိုး။
နှစ်ရှည်ထောင်ဒါဏ်တွေ ချီးမြှင့်ခံရတဲ့  ရဲရည်တက်တွေ ရဲ့  ဂုဏ်ဒြပ်ကတော့  ဗျာ။
မစင်တွေ ရွှံ့ ပေနေတဲ့ ဝက်က သူ့ ကိုယ်လုံးနဲ့ ပတ္တမြားတုံးကို ပွတ်သလို ပွတ်လေပြောင်လေ လို့ သာ ဆိုချင်သဗျာ။
........................................
နေစိမ့်  နိုင်သူတချို့  ကတော့  ဒီလူတွေ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးမနေကြဘူး ဆိုချင်ဆိုကြ မယ်ဗျ။ နိုင်ငံတော် ပြည့်အရေးလည်း တချက် လောက်ငဲ့  ကြည်ပါဦးလေ။
ရွေးကောက်ပွဲ လုပ်တယ်။ အာဏာမလွှဲဘူး။
အော့ကြောလန် လူမိုက်အုပ်စုကို အရာတော်ပေး၊ ဟန်းဖုန်းလို ဆုတော်လာဘ်တော် ချပြီး နာဠာဂီရိ ဇာတ်ခင်းသတဲ့ ။
စည်းရုံးရေး ခရီး ဆင်းတာ ဒီပယင်းမှာ ချောင်းပြီး လုပ်ကြံသတ်ဖြတ်တယ်၊့  တရားခံ မမိဘူး ။မသေလို့  လွတ်လာတဲ့ သူတွေ ထောင်ကျတယ်။
မေတ္တာပို့  မိတဲ့  ဘုန်းတော်ကြီး၊ မယ်သီလရှင် ၊ ပါမကျန် သီတင်းသုံးတဲ့  ကျောင်းတိုက်ပါ မြေလှန်တယ်။ ထောင်ချတယ်။ လမ်းဘေးက သောက်ရေ ကပ်မိတဲ့  ဒကာဒကာမ ကိုလည်း ထောင်ချ တယ်။
အမွဲဆုံး တိုင်းပြည် ရဲ့ ခေါင်းဆောင် သမီး မင်္ဂလာဆောင်မှာ ထုတ်ဝတ်လိုက်တဲ့ စိန်တွေက အချမ်းသာဆုံး နိုင်ငံက သူဌေးတွေ လန့် ကုန်တယ်။
ဆုတောင်းပွဲက ပြန်အလာစောင့်ပြီး သံလက်သီးနဲ့  မျက်လုံးကန်းအောင် ထိုးတယ်။ ထိုးတဲ့  သူမမိဘူး ၊ အထိုးခံရတဲ့  သူထောင်ကျတယ်။
လူသိန်းချီ သေတဲ့  မုန်တိုင်း တိုက်လို့  အလောင်းတောင် မကောက်နိုင်သေးဘူး ။ ကယ်ဆယ်ရေး လုပ်ငန်း ပြီးပြီ ကြေငြာတယ်။ နိုင်ငံတကာက မကြည့်ရက်လို့  လှူပါရစေ ဝိုင်း ပြောတာလည်း သဘောင်္တွေ ဝင်မလာနဲ့ တဲ့ ။ ကုလသမဂ္ဂ က သူကြီးမင်း ကိုယ်တိုင် ဖုန်း ဆက်တာလည်း ဖုန်းမကိုင် ဘူးတဲ့ ၊နိုင်ငံတကာ အလှူပစ္စည်းတွေ က ဒုက္ခသည်တွေ လက်မရောက်ခင် မှောင်ခိုတန်း ရောက် ကုန် သတဲ့ ။ ဒုက္ခသည်တွေ ဆီသွားတဲ့  ကား တွေကို လမ်းတဝက်က လှည့်ပြန်ခိုင်း သတဲ့ ။ လှူမဲ့  ပစ္စည်း ထားခဲ့  လို့  အေးဓားပြ တိုက်သတဲ့ ။ တတိုင်းတပြည်လုံး သရောကြီးခိုင်းနေတာ ကို ချက်ကောင်းပဲ ဟေ့ ဆိုပြီး အဓမ္မဆန္ဒခံယူပွဲ လုပ်တယ်။ မဲတောင် ရေမပြီးလောက်သေးဘူး။ နာဒို့  နိုင်တယ် ။ ထ ကြော်ငြာ တယ် ၊ ပြန့် ကျဲနေတဲ့  အလောင်းတွေ လိုက်ကောက်ပြီး မြေမြှုပ်ပေးတဲ့  သူတွေကို ဖမ်းတယ်။ ကယ်ဆယ်ရေးလုပ်မိသူတွေ ထောင်ကျတယ်။
တိုင်းစည်းရုံးရေး တာဝန်ယူမိတဲ့  ဒေါ်ဝင်းမြမြ ရဲ့  မန္တလေး ဈေးချိုထဲက အထည်ဆိုင်ကို သိမ်းသတဲ့ ။
လု့  အခွင့်အရေး အကြောင်း ဟောပြောသူက ဗုံးခွဲပါတယ် ဆိုပြီး ဝန်ခံခိုင်းသတဲ့ ၊ တရားရုံးမှာ စစ်ဆေးနေတုန်း မိသားစုလာပြီး နားထောင်တာ၊အစားကျွေး ရေတိုက် တာ ကို ပိတ်စေ စမြောင် တဲ့ ။ တရားရုံးကို မယုံတော့ ဘူး လို့ အမှု သည်ပြောတာကို ရေးတင်မိတဲ့  ရှေ့  နေတွေ ကိုပါ ထောင်ချပစ် သတဲ့ ။
ကမ်းလွန်ရေနံ တူးတာ သူ့ နယ်မြေကျူးကျော်ပါတယ်ဆိုပြီး ဘင်္ဂလာဒေ့ရှ် က ကန့် ကွက်တော့ တချက်တည်း ဖင်ပိတ် အမြီးကုပ် ပြီး ဆုတ်ခွာလာ
သတဲ့။ သတင်းထုတ်ပြန်ချက်တွေကလည်း တောင်တခွန်းမြောက်တခွန်းနဲ့ ။ ဖတ်တဲ့သူ မပြောနဲ့ ၊ ရေးတဲ့သူတောင် နားမှ လည်ပါလေစ ဆိုတဲ့ သတင်း တွေ။
.......................................
.......................................
.......................................
.......................................
ကြားလိုက် ဖတ်လိုက်ရသမျှတော့ အဆိုးတကာ့ထိပ်ခေါင်။ အမိုက်တကာ့ ခေါင်ချုပ် ။ယိုသူမရှက် မြင်သူရှက် ဆိုတာချည်းပဲ ဗျာ။ အမေရိကန်နဲ့  တရုတ် က စင်ထိုးစင်ဖန် ဖြစ်နေတာကို မြန်မာ အစိုးရမင်းများက တရုတ်ကို ကပ်ပြီး အမေရိကန် လှမ်းမာန်ဖီနေသေး။ စွန့် လွှတ်စွန့် စား တတ် ပါပေ့ ဗျာ။ တော်ပါပေ့ ဗျား ။ တကယ့်တကယ် အနိုင်ကြဲရမဲ့  နေရာ ကျတော့  ကျုပ်အမေပြောဘူးတဲ့  လူပါးရင်နောက်ဆုတ် ခွေးပါးရင် အမြီးကုပ် ဆိုတဲ့  သြဝါဒ နဲ့  လာညီနေတယ်။ စစ်ဘုရင်များ အပါးလွန်တာ သြချလောက်ပါရဲ့ ။
ကျုပ်ကလည်း သတင်းဖတ်ပြီး အကုန်ယုံတယ်တော့  မထင်လေနဲ့  ဗျ။ အဲဒီ သတင်း မျိုး က တပုဒ်မှန်ရင်တောင် အစိုးရတဖွဲ့ လုံး ဖျာလိပ်သင့်တာ ။ အကုန်သာမှန်ရင်တော့  ရှက် တတ်ရင် ကိုယ့်တွင်း ကိုယ်ယက်ပေတော့ ပဲ ။ တူးနေရင် ပေါက်တူးဖိုး နှမြောစရာဖြစ်မယ်၊ လူ့ တန်ဖိုးနဲ့ တိုင်းခဲ့ရင် ပြော ပါတယ်။
......................................
မြန်မာပြည် ကြီး က အဆင်ခြင်မဲ့  လုပ်ရပ်တွေ သတင်းတွေ ကြားရတိုင်း ၊ ဖတ်ရတိုင်း ကျနော်တော့ ယောက်ျားတန်မဲ့  မျက်ရည်စို့ မိတာပါပဲ။ ကြောက်တာ မဟုတ်ဘူးဗျ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ရှက်လွန်းလို့ ၊ဝမ်းနည်းလွန်းလို့ ၊ဒါပေမဲ့  ထူးဆန်း တာက မျက်ရည် က ကျမလာဘူး ဗျ။ရင်ထဲက မျက်ရည်ဟာ ဦးနှောက် ကို မကျော်ဖြတ်နိုင်ဘူး ထင်ပါရဲ့ ။ ဆိုင်တာမဆိုင်တာ အသာထား အဲဒီအချိန်မျိုးမှာ ကျုပ်က မိုဟာမက် အလီ ကို သတိရလို့  မျက်ရည်မကျတာ လည်း ဖြစ်နိုင် သဗျာ။
မိုဟာမက် အလီ ကိုလူတိုင်းသိမှာပါ။
သူက အမေရိကန် နိုင်ငံ မက်ဆီဒင် စကွဲယား လက်ဝှေ့ ရုံကြီးမှာ ဆန်နီလစ္စတန် ဆိုတဲ့  လူ့  ဘီလူးကြီး နဲ့  ကမ္ဘာ့  ဟဲဗီးဝိတ် ချန်ပီယံလုပွဲ အဖြစ် ရင်ဆိုင်တွေ့ ခဲ့  ကြဘူးတယ် ဗျ။ လက်ဝှေ့ ပွဲ အကဲခတ်တွေ က ဆန်နီလစ္စတန်ကို အလီ နိုင်ဘို့ ဆိုတာ ဆယ့်ခြောက်လေး တလေး လောက်သာ ရှိ သတဲ့ ။
အဲဒီဗိုလ်လုပွဲ ခြောက်ချီမြောက်မှာ အလီမျက်နှာဟာ ရစရာ မရှိအောင် ဒါဏ်ရာတွေ ပြည့်နေတယ်။ သွေးတွေ လည်း ယိုစီးနေပြီ။ အလီက သူ့ ဆရာ ဒန်လိုဂျီ ကို သူ့  လက်အိတ်တွေ ဖြုတ်ပေး ပါတော့ လို့  တောင်းပန်နေတဲ့  အခြေအနေ။ ဒါပေမဲ့  ဆရာလုပ်သူက မင်းပဲ ကမ္ဘာ့ ချန်ပီယံ ဖြစ်ချင်လှချည်ရဲ့  ဆို ၊ ငါတော့  ဖြုတ်မပေးနိုင်ဘူး။ မင်းဖာသာ ဖြုတ်ချင်ဖြုတ်လို့  ငြင်း တယ်။
ဒါနဲ့  ခုနှစ်ချီမြောက်ကို အလီ ပြန်တက်သွားတယ်။ သွေးအလိမ်းလိမ်းနဲ့  ဖူးယောင်နေတဲ့  မျက်နှာနဲ့  ဆက်ထိုးတယ်။ ခုနှစ်ချီနားတော့  အလီက ကြိုးဝိုင်း ထဲမှာ သေချင်သေပေ့စေ တော့ ဆိုတဲ့  စိတ်နဲ့  ရှစ်ချီမြောက်ထိုးဘို့  ကြိုးဝိုင်းထဲကို ပြန်တက်သွားတယ်။ အဲဒီ အချိန်မှာ လူ့ ဘီလူးကြီး ဆန်နီလစ္စတန် ကြိုးဝိုင်းပေါ်တက် မလာနိုင်တော့ ဘူးတဲ့ ၊ သူ့  က လူ့ ဘီလူးလို အားသန်တယ် ဆိုပြီး အလီကို အားကုန်ထိုးတာတဲ့  ဒါဏ်ချက်တွေ ထဲက မထိ တဲ့  အချက်တွေကြောင့် သူ့ လက်မောင်းကြောတွေ ပြတ်ကုန်ပြီး ဆက်မထိုးနိုင်တာတဲ့  ဗျာ။ ဒီမှာတင် ဘယ်သူမှ ထင်မထားတဲ့  ထင်မထား တဲ့  အလီ ဟာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ် လာတော့ တာပဲ ။ ကမ္ဘာ့ ဟဲဗီးဝိတ် ရာဇဝင်မှာ အကြီးကျယ်ဆုံးသော ကမ္ဗည်း ကို ထိုးခဲ့  သူပေါ့  ဗျာ။
ဘာဆိုင်လို့  လည်း ဟုတ်လား ။ ဆိုင်ပါသော်ကော ဗျာ။ ဒီလောက် စိတ်ထင်တိုင်း ဟောသွမ်းနေတဲ့  အစိုးရမင်းများရဲ့  လက်မောင်းကြော တွေ နဲ့ တူတဲ့  ပြည်သူလူထုက အော့နှလုံးနာနေ တာ ဟာ မကြာခင် စခန်းကော ပွဲကော သိမ်းတော့ ပဲ လက္ခဏ ဗျ ။ ကျုပ်ယုံတာ ကျုပ်ပြောတာပါ ။ လိုက်ယုံ ဘို့  တော့  မပြောလို ပါဘူး။ စစ်အစိုးရမင်းများ နေမဝင်ဘူး ထင်သူများလည်း သဘောတော် အတိုင်းပါ ဗျာ။
........................................
နောက် ကျုပ်တခါ ပြောဘူးတဲ့  ဘီစီ ၄၈၀ မှာ ပါရှားဘုရင် ဇပ်ဇီး(စ်) စစ်သည် နှစ်သိန်း ကျော် စစ်သဘောင်္ တစ်ထောင်ကျော် နဲ့  ဂရိကို လာတိုက်တာ စပါတာ ဘက်က လီယွန်နီဒတ်(စ်) ခေါင်းဆောင်တဲ့ စစ်သူရဲ သုံးရာ အသေခံတိုက်တာ မကြာဘူး စပါတာပြည်သူတွေ ရဲ့  တွန်းလှန်မှုနဲ့  ရင်ဆိုင်ရပြီး ထွက်ပြေးရတာပါ ပဲဗျာ။
အခု ကျုပ်တို့ မြန်မာပြည်မှာ ထရီနီဒတ်(စ်)တွေ ။ ဦးဝင်းတင်တွေ ၊ဒေါ်အောင်ဆန်း စုကြည်တွေ ၊မင်းကိုနိုင်တွေ ။နီလာသိန်းတွေ ၊ တပြုံကြီးရှိတဲ့  တိုင်းပြည်ပါဗျာ။ မယုံဘူးလား ဗျာ။ ဒီရက်ပိုင်းမှာတောင် သူရဲကောင်းမှတ်တမ်းဝင်နေတာ တရာဝန်းကျင် ရှိရော့မယ် ။
......................................
အစိုးရမင်းများ အခုလို မတော်တရော် ရုပ်ပျက်ဆင်းပျက် အလုပ်တွေ စွတ်လုပ်နေတာ တကယ့်တော့  အကြောက်လွန်နေတာ ဗျ ။ သူ တို့ ရှုံးနေတာ ကို သူတို့ သိနေလို့  ဆိုတာ အသေအချာပဲ ။
ကျုပ်ဘဝမှာ ဝမ်းဘိုင်ဝမ်း ဖိုင်တင် ပွဲတွေ နွှဲခဲ့ဘူးတယ်။ ခံလည်းခံခဲ့ ဘူးတယ်။ နိုင်လည်း နိုင် ခဲ့ဘူးတယ်။ ဖိုက်တင်ပွဲတွေမှာ ကျနော် နိုင်တဲ့ အခါ ဆက်ဖိထိုးရင် ပရိသတ်က လက်မခံဘူး ဗျ။ ကျနော်ကိုယ်တိုင်လည်း ဆက်ထိုးချင်စိတ် မရှိဘူး ။ နိုင်တာသေချာ ရင် တဘက်လူ နောက်ကောက် ကျ တာကို ကြည့်နေရရင် အာသာပြေပြီ၊ ကျနော့်  ရှုံးတဲ့  အကြိမ်တွေလည်း တဘက်လူက ထို့ နည်းလည်းကောင်းပါပဲ၊ နိုင်ရက်နဲ့  ဆက်ထိုး တဲ့  သူတွေ လည်း ကြုံခဲ့ ဘူး ပါသဗျာ။ နောက်ပိုင်း သူများသတ်လို့ သေတာချည်းပဲ ။
............................................
ဒီတသက်တော့  မြန်မာပြည်မှာ ဒီမိုကရေစီ ဆိုတာ ရမှာ မဟုတ်တော့ ပါဘူး ဗျာလို့  ခို ဘိုးအေ ငြီးသလို ငြီးနေတဲ့ မောင်တွေ မြောက်များစွာသော ကိုယ်ကျိုး စွန့် လွှတ်သူတွေ ကို အားနာစေချင် သဗျာ။ ဘော်ကြော့နေ စားခွက်လုနေကြတဲ့ မောင်တွေလည်း ၆၅ နှစ် ကျခံသွားတဲ့  ရဲရည်တက်တွေ
ရဲ့ မျက်နှာကို တချက်ကလေး စောင်းငဲ့ ကြည့်ကြဦး ဗျ။
တကယ်ဆို ကျုပ်တို့  တမျိုးသားလုံးက ဒီသတင်းမျိုး ကြားတာနဲ့  ငိုလည်းငို ရီလည်း ရီရမှာ ။ သုဝဏ္ဏသျှံ ဇာတ်တော် ထဲကလို ပေါ့။ ငိုတာက ဝမ်းနည်း လို့ ၊ ရီတာက အလုပ်အကျွေးပြု ခွင့်  ရတော့ မှာမို့ လေ။
ဒီနေ့ ခေတ်ကြီးဟာ ဟိုတချိန်က သူ့ ဘိုးဘွားတွေ သံခြေကျင်းတွေခတ်။ ဈေးထဲမှာ လေလံတင်ရောင်းခံရတဲ့  အိုဘားမားတောင် စင်္ကြဝဠေးမင်း ဖြစ်လာ နေတဲ့  အချိန်ပါ ။
ဘာလင်တံတိုင်းပြိုတာ၊ ဆိုဗီယက်ယူနီယံကြီးပြိုကွဲတာ မဖြစ်ခင် တနေ့ ကတော့ ဘယ်သူမှ ယုံကြတာမှ မဟုတ်တာ။
စောင့်သာကြည့်ပါလေ။ စစ်ဝါဒ စုပ်ကနဲ မြုပ်သွားဘို့ ဆိုတာ မနက်ဖြန်လည်း ဖြစ်နိုင်တဲ့  အရာပဲ ဗျ။ မူမမှန်ပုံမမှန်တာတွေ ဟာ ဒီနည်းနဲ့  ချုပ်ငြိမ်း ခဲ့ကြ ရတာချည်းပဲလေ။ အဲဒီနေ့  ကျမှ ကျုပ်ကို သွေးထွက်အောင်မှန်တဲ့ ရှေ့ ဖြစ်ဟော ဆရာလို့ မထင်ကြလေနဲ့ ။
.............................................
စာသား အကုန်အစင်တော့  ကိုက်ညီအပ်စပ်လှတယ် မဟုတ်ပါဘူး ဗျာ။ သီချင်းခေါင်းစဉ်က ကျုပ်ယုံကြည်ချက်နဲ့  အံကိုက်နေတာမို့  ခင်ညွန့် ရည် ဆိုထားတဲ့ ခေတ်ဆန်းချိန် ဆိုတဲ့  သီချင်းလေး ကို ကျုပ်လွှတ်သဘောကျသဗျာ။
အခန်းထဲ အောင်းပြီး စာတိုပေစလေး ရေးလိုက် ၊ မြန်မာပြည်လွတ်မြောက်ရေးအတွက် ဘယ်သူခိုင်းခိုင်း ၊ ခိုင်းတာ လုပ်မဟဲ့  စိတ်ကလေး မွေးလိုက် ၊ငါလုပ်နေလည်း အပိုပါပဲ ဆိုတဲ့  ခပ်ညံ့ညံ့အတွေးတွေ ဝင် လာတဲ့ အခါ မြန်မာ့သူရဲကောင်း တွေ မျက်နှာကို ပြေးမြင်ပြီး ခေတ်ဆန်းချိန်ကို ဖွင့်ဖွင့် နားထောင်လိုက်မိ တာပါပဲ ဗျာ။